← Chapters

အခန်း (၃၈၈-၃၉၀)

Vol. 26 Ch. 388-390

အခန်း (၃၈၈-၃၉၀)

Vol. 26 Ch. 388-390

အပိုင်း ( 388 )

နှောင်းပိုင်း တတိယအဆင့် ၂

ကမ္ဘာနှစ်ခုကြားရှိ စစ်ပွဲမစတင်ခင် အချိန်တွင် ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုနှင့် သိုင်းပညာရှင်များကြားရှိ သတ်ဖြတ်မှုများသည် ကြယ်ပြာဂြိုဟ်နှင့် ပြုလုပ်နေသည့် တိုက်ပွဲများထပ် ပိုမိုရက်စက်ကြမ်းကြုတ်သည်ဟု ဆိုကြသည်။

ဆယ်စုနှစ်တစ်ခုပြည့်သည့် အချိန်တိုင်း၌ ကမ္ဘာ့ကြယ် သိုင်းပညာရှင်များနှင့် သားရဲမျိုးနွယ်စုများကြားတွင် ကြီးမားသော စစ်ပွဲကြီးတစ်ခု ဖြစ်ပွားလေ့ရှိပြီး၊ ကြောက်မက်ဖွယ်ကောင်းသည့် သတ်ဖြတ်မှုများ ဖြစ်ပွားလေ့ရှိသည်။

လ၏ မူမမှန်သော အခြေအနေများကြောင့် စကြဝဠာနှစ်ခု ထိတွေ့သည့် အချိန်မှစ၍ ထိုအခြေအနေသည် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

သို့ရာ၌ ကမ္ဘာနှစ်ခု၏ စစ်ပွဲ စတင်ခဲ့ပြီးသည့်နောက်တွင် သားရဲမျိုးနွယ်စုသည် ကမ္ဘာ့ကြယ်သား သိုင်းပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘဲ၊ ၎င်းတို့ဘာသာ ကိုယ်ပိုင်စစ်မျက်နှာပြင်တစ်ခု ဖွင့်လှစ်ခဲ့သည်။

ကွမ်ဟန်ဘက်တွင်ကား တောင်ပိုင်းစစ်မြေပြင်သည် သားရဲမျိုးနွယ်စု၏ စားကျက်မြေဖြစ်သည်။

ဝူခဲ့လုံမှ ပြောလာခဲ့သည် “ သားရဲမျိုးနွယ်စုဘက်မှာလည်း အရင်တုန်းက အတိုင်းပဲ ရှိနေပါတယ်၊ သူတို့က ကြယ်ပြာဂြိုဟ် သားရဲမျိုးနွယ်စုတွေနဲ့ တိုက်ခိုက်နေပါတယ်။ တကယ်လို့ ကျွန်တော်တို့ လူသားမျိုးနွယ်စုက သူတို့ကို မစော်ကားဘူးဆိုရင်၊ သူတို့ကလည်း ကျွန်တော်တို့ ပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်လာမှာ မဟုတ်ပါဘူး “

အကြီးအကဲချန်း မျက်မှောင်ကြုတ်သွားတော့သည် “ ဒါပင်မဲ့ တောင်ပိုင်းစစ်မြေပြင်က ငါတို့ပိုင်နက်ပဲလေ၊ အခုဆိုရင် ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုက ကျူးကျော်သိမ်းပိုက်ထားခဲ့ပြီးပြီ၊ ဒါပင်မဲ့ ငါတို့ဘက်က သားရဲမျိုးနွယ်စုတွေက သူတို့ကို တိုက်ခိုက်မည့် အရိပ်အယောင်တွေ ခုထိ မမြင်ရသေးဘူး “

၎င်းကိုပြောရသောအခါတွင် ဝူခဲ့လုံသည် အနည်းငယ် စိတ်ဓာတ်ကျသွားခဲ့သည် “ ကျွန်တော့်ဘက်က သားရဲမျိုးနွယ်စုက ဒီလိုအချိန်တွေမှာ ပြဿနာ ထမရှာတာကပဲ တော်တော်လေးကို ကောင်းနေပါပြီဗျာ။ သူတို့က တိုက်ခိုက်ဖို့ဆိုတာကတော့ ……… မထင်မိပါဘူးဗျာ။ ပြီးတော့ မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေထဲမှာ ရှိတဲ့ အတွင်းပိုင်းတိုက်ပွဲတွေက ပြင်းထန်နေပါတယ်၊ တောင်ပိုင်းစစ်မြေပြင်က လုံးဝ အသိမ်းမခံလိုက်ရသရွေ့တော့ သူတို့က ဂရုစိုက်ကြမှာ မဟုတ်ဘူး “

သူသည် အမှန်စိတ်ဓာတ်ကျနေခဲ့ခြင်း ဖြစ်သည်။

ယခုတွင် ကမ္ဘာနှစ်ခုကြားရှိ တိုက်ပွဲသည် အလွန်တရာ ပြင်းထန်နေပြီး၊ ကြယ်ပြာဂြိုဟ်ဘက်မှ သားရဲမျိုးနွယ်စုသည် မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေထဲတွင်သာ အတွင်းပိုင်းတိုက်ပွဲများ ဆင်နွှဲနေကြသည်မှာ နားလည်ပေး၍ မရသော ကိစ္စတစ်ခုဖြစ်သည်။

သားရဲမျိုးနွယ်စု၏ အတွင်းပိုင်းတိုက်ပွဲများက ရှေးခေတ်ကတည်းက ရှိနေခဲ့ခြင်းဖြစ်သော်လည်း၊ မျိုးစိတ်အရေအတွက် အလွန်များပြားနေသောကြောင့် မည်သူက လက်အောက်ခံ မဖြစ်လိုကြပေ။

သို့သော် ယခုတွင်ကား ရန်သူသည် သူတို့၏ အိမ်ရှေ့အထိ ရောက်နေပြီဖြစ်သော်လည်း၊ သူတို့သည် အတွင်းပိုင်းတိုက်ပွဲများကိုသာ ဆင်နွှဲနေကြစဲပင်။

သို့သော် ထိုနယ်ပယ်တွင်မူ လူသားမျိုးနွယ်စုမှာလည်း ထို့အတိုင်းပင် ဖြစ်နေခဲ့သည်။ နတ်သိုင်းဌာနှင့် အစစ်အမှန် သိုင်းပညာဌာနတို့သည် ယခင်က ပြင်းပြင်းထန်ထန် ယှဥ်ပြိုင်တိုက်ခိုက်နေခဲ့ကြသည်။

ဝူခဲ့လုံမှ သက်ပြင်းချ၍ ပြောလာခဲ့သည် “ အစစ်အမှန် နတ်သားရဲတွေက တော်တော်ကြီး စွမ်းနေတာကိုပဲ အပြစ်တင်ရမယ်၊ သူတို့က ကမ္ဘာ့ကြယ်ရဲ့ သားရဲမျိုးနွယ်စုတွေကို တိုက်ဖို့တန်တယ်လို့ မထင်ကြဘူး “

ထိုစကားကိုကြားလိုက်ရသောအခါတွင် အကြီးအကဲချန်းမှာလည်း သဘောတူညီစွာဖြင့် ခေါင်းငြိမ့်ပြလာခဲ့သည်။

ကြယ်ပြာဂြိုဟ်ပေါ်ရှိ အစစ်အမှန် နတ်သားရဲများသည် အမှန်ပင် အစွမ်းထက်လွန်းနေခဲ့သည်။ မည်မျှအစွမ်းထက်လဲဟု မေးလာခဲ့မည်ဆိုပါက အဆင့်တူတွင် ပြိုင်ဘက်ကင်းသည့် အစစ်အမှန် သိုင်းပညာဌာနမှ ပညာရှင်များကပင် ၎င်းတို့ကို အနိုင်ယူနိုင်မည် မဟုတ်ဘူးဟု ပြောရမည် ဖြစ်သည်။

တစ်နည်းဆိုရသော် ကြယ်ပြာဂြိုဟ်ပေါ်ရှိ သိုင်းပညာရှင်တော်တော်များများသည် အစစ်အမှန် နတ်သားရဲများကို ယှဥ်နိုင်မည် မဟုတ်ပေ။

၎င်းတို့သည် အလွန်မောက်မာလေ့ရှိပြီး၊ သက်ရှိအားလုံးထပ် မြင့်မြတ်သည်ဟု ခံယူထားကြကာ ကြယ်ပြာဂြိုဟ်တစ်ခုလုံးကို တစ်ကိုယ်တည်း ဖိနှိပ်ထားခဲ့သည်။

ထို့ကြောင့်ပင် ၎င်းတို့က ကွမ်ဟန်တွင် ဖြစ်နေသည့် စစ်ပွဲများကို အာရုံမစိုက်ကြခြင်း ဖြစ်သည်။

ကြယ်ပြာဂြိုဟ်၏ အစစ်အမှန် နတ်သားရဲများသည် ကမ္ဘာ့ကြယ်ဘက်တွင် ရှေးရိုးစွဲအုပ်စုများ ရှိနေရသည့် အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်သည်။ သူတို့သည် ၎င်းတို့ကို အတော်လေး ရှိန်ကြသည်၊ သို့သော် ၎င်းမှာ အစစ်အမှန် နတ်သားရဲများနှင့်သာ သက်ဆိုင်ပေသည်။

အဆင့်မြင့် နတ်သားရဲနှင့် အလယ်အလတ်အဆင့် နတ်သားရဲများကမူ ကမ္ဘာ့ကြယ်ကို အလွန်သတိထားနေကြစဲဖြစ်သည်။ ထိုအချိန်က လူသားမျိုးနွယ်စုနှင့် သဘောတူစာချုပ်ချုပ်ဆိုခဲ့ခြင်းမှာ အဆင့်မြင့် နတ်သားရဲများက ဦးစီးဦးဆောင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အစစ်အမှန် နတ်သားရဲများကမူ ၎င်းကို အသိအမှတ် မပြုကြပေ။

“ တကယ်လို့ အစစ်အမှန် နတ်သားရဲတွေသာ ဝင်ပါလာမယ်ဆိုရင်၊ အခြေအနေတွေက ဒီလောက်အထိ ကြပ်တည်းနေမှာ မဟုတ်ဘူး “

အကြီးအကဲချန်းသည် ခေါင်းတခါခါဖြင့် သက်ပြင်းချနေတော့သည်။

ဝူခဲ့လုံမှ ပြောလာခဲ့သည် “ လူသားမျိုးနွယ်စုရဲ့ ကံကြမ္မာကို တစ်ခြားမျိုးစိတ်တွေရဲ့ လက်ထဲကို ထည့်လိုက်လို့ မဖြစ်ပါဘူးဗျာ၊ တကယ်လို့ အစစ်အမှန် နတ်သားရဲတွေက ကူညီဖို့ ဆန္ဒရှိနေမယ်ဆိုရင် ကျွန်တော်တို့ လူသားတွေက သားရဲမျိုးနွယ်စုရဲ့ ကျွန်တွေ ဖြစ်လာလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ခွန်အားအပေါ် မှီခိုတာကမှ စစ်မှန်တဲ့ လမ်းကြောင်းပါ “

“ လူသားမျိုးနွယ်စုကို ကျွန်ပြုစေနိုင်တဲ့ တစ်ခုတည်းသော မျိုးနွယ်စုက လူသားတွေပါပဲ “

…

နေ့တစ်ဝက်ကြာခဲ့ပြီးသည့်နောက်တွင်

ရှုကျိုးသည် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်သို့ ပြန်ရောက်လာခဲ့သည်။

ကျောင်းသို့ ပြန်ရောက်လာသည်နှင့်တစ်ပြိုင်နက် ဝုချင်းရှန်သည် သူ့ကို စကားပြောလာခဲ့သည် “ ရှုကျိုး၊ ဒီကွမ်ဟန် ခရီးစဥ်ပြီးသွားတဲ့နောက်မှာ ရန်ပြည်ထောင် အစိုးရက ဆုလာဘ်တွေ အများကြီး ပေးလိမ့်မယ်၊ အားလုံးကို အကျိုးပြုအမှတ်တွေအဖြစ် ပေးမှာမို့လို့ တွက်ချက်ကြည့်ဖို့ မမေ့နဲ့ “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည် “ ကျွန်တော် နားလည်ပါတယ် “

သူ၏ စိတ်မှာလည်း အနည်းငယ် လှုပ်ခတ်သွားခဲ့သည်၊ ကွမ်ဟန်စစ်တပ်အပြင် နိုင်ငံတော် အစိုးရကပါ သူ့ကို ဆုချီးမြှင့်လာလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

မကြာခင်မှာပင် ဝုချင်းရှန် ထွက်ခွာသွားတော့သည်။

ရှုကျိုးသည် ဝန်ဆောင်မှုခန်းမဆီသို့ တိုက်ရိုက်ဦးတည်သွားတော့သည်။

သူသည် ကောင်တာသို့ သွားကာ ဝူဟွေ့နှင့် စိတ်ဝိညာဥ် ဆေးပင်များ လဲလှယ်နေတော့သည်။

ထို့နောက်တွင် သူသည် တစ်ခဏခန့် တွေးတောစဥ်းစားကာ မေးမြန်းလိုက်သည် “ ဆရာ၊ ဓာတ်ကြီးငါးပါး စိတ်ဝိညာဥ် ပစ္စည်းတွေ ရှိလားဗျ? “

ဝူဟွေ့မှ ပြန်မေးလာခဲ့သည် “ ဓာတ်ကြီးငါးပါး စိတ်ဝိညာဥ်ပစ္စည်းတွေကို ဘာအတွက် လိုအပ်တာလဲ? “

ရှုကျိုးမှ ပြန်ဖြေလိုက်သည် “ နောက်ဆုံးတစ်ခေါက်တုန်းက ဝယ်သွားတဲ့ မီးဝိညာဥ်ပစ္စည်းက ကုန်သွားပြီလေ၊ ကျန်တဲ့ နတ်ဝိညာဥ်လေးမျိုးရဲ့ ပစ္စည်းတွေ ရှိသေးလားဗျာ? “

“ မင်းက ဓာတ်ကြီးငါးပါး နတ်နည်းစနစ်ကို လေ့ကျင့်ဖို့ ကြံနေတာလား? “ ဝူဟွေ့မှ သတိပေးလာခဲ့သည် “ ရှုကျိုး၊ မင်းဆီမှာ ပါရမီကြီးကြီးမားမား ရှိတာကို ငါသိတယ်၊ ဒါပင်မဲ့ ရည်မှန်းချက်ကို အရမ်းမြင့်မြင့်ကြီးမထားထားဖို့ ငါသတိပေးရမယ်၊ မင်းက မင်းရဲ့ ပထမဦးဆုံး နတ်စွမ်းရည်ကိုတောင် မဖွဲ့စည်းရသေးဘူးလေ၊ နောက်ဟာတွေက စိတ်ကူးနေတာက ………. “

“ ဝှစ် !!! “

သူ၏ စကားမဆုံးခင် အချိန်မှာပင် သူသည် ရှုကျိုး၏ လက်ချောင်းများ ထိပ်တွင် ပေါ်လာသည့် မီးတောက်တစ်ခုကို မြင်တွေ့သွားခဲ့သည်။

“ … “

ဝူဟွေ့၏ မျက်လုံးများသည် အံ့ဩတကြီးဖြင့် ပြူးကျယ်သွားခဲ့သည်။

ငါအမြင်မှားနေတာတော့ မဟုတ်ဘူးမလား?

ရှုကျိုးက နတ်စွမ်းရည် ဖွဲ့စည်းပြီးပြီလား??

“ ဆရာ၊ အခုရော ကျွန်တော်က ဒုတိယမြောက် နတ်စွမ်းရည်ကို ဖွဲ့စည်းလို့ ရပြီလား? “ ဟု ရှုကျိုးမှ မေးမြန်းလိုက်သည်။

“ အဟွတ် အဟွတ် “

ဝူဟွေ့သည် ချောင်းတဟွတ်ဟွတ်ဖြင့် မျက်နှာကြီး နီရဲသွားတော့သည် “ ရတယ်၊ အခုပဲ ငါသွားယူလိုက်မယ် “

ထိုစကားနှင့်အတူ သူလှည့်ထွက်သွားတော့သည်။

သူသည် ဓာတ်ကြီးငါးပါး နတ်နည်းစနစ်နှင့် ပတ်သက်၍ မည်သည့်အရာမှ ထပ်မပြောလာတော့ပေ။

အလယ်အလတ် တတိယအဆင့်မှာပင် နတ်စွမ်းရည် ဖွဲ့စည်းနိုင်ခြင်းကိုပင် မြင်တွေ့နေရသောကြောင့် မဖြစ်နိုင်သော အရာဆိုသည်မှာ ရှိနိုင်တော့မည် မဟုတ်ပေ။

…

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် ရှုကျိုး စိတ်ဝိညာဥ်ပစ္စည်းလေးမျိုးဖြင့် စံအိမ်သို့ ပြန်ရောက်လာခဲ့သည်။

ရှုကျိုးသည် သူရလာခဲ့သည့် ပစ္စည်းများကို မြေပြင်ပေါ်သို့ ချကာ ရေရွတ်ပြောဆိုနေတော့သည် “ ဒီတစ်ခေါက် ကွမ်ဟန် ခရီးစဥ်က တော်တော်ကြီးကို အကျိုးရှိတာပဲ၊ ဘယ်အချိန်မှာ ထပ်သွားနိုင်မလဲဆိုတာကို ငါသိချင်မိတယ် “

သူဆုရခဲ့သည့် ထိပ်တန်းအဆင့် စိတ်ဝိညာဥ် စုစည်းရေး ပုလဲလုံးနှင့် နတ်လက်နက်တို့ကို မဆိုထားနှင့်၊ ဘိုးဘေးနဂါးခြင်ဆီသွေး ထပ်မံ၍ ပေါ်ပေါက်လာခြင်းကပင် အံ့ဩဖွယ်ကောင်းနေခဲ့ပြီ ဖြစ်သည်။

ရှုကျိုးသည် သူသတ်ဖြတ်ခဲ့သည့် စတုတ္ထအဆင့် ပညာရှင် တစ်ဒါဇင်ကျော်နှင့် တတိယအဆင့် ပညာရှင် အယောက် ၂၀၀၀ကျော်၏ အသက်ဓာတ်များကို စုပ်ယူဝါးမြိုခဲ့သည်။

၎င်းတို့သည် ကြီးမားသော ဘိုးဘေးနဂါးခြင်ဆီသွေးအဖြစ် ပြောင်းလဲသွားခဲ့သည်။

ဤဘိုးဘေးနဂါး ခြင်ဆီသွေးသည် ရှုကျိုးအတွက် နတ်စွမ်းရည်များ ဖွဲ့တည်နိုင်ရန် အလွန်အရေးပါနေခဲ့သည်။

တိုးတောင်းလှသော ဤကွမ်ဟန်ခရီးစဥ်တွင် သူ၏ စွမ်းအားက ဆယ်ဆအထိ မြင့်တက်လာသည်ဟုပင် ပြောဆိုနိုင်ပေသည်။

အကျိုးအမြတ်အားလုံးကို အပြည့်အဝ ချေဖျက်ပြီးသည်နှင့်တစ်ပြိုင်နက် သူ၏စွမ်းအားသည် ထပ်မံ၍ ထောင်တက်လာဦးမည်ဖြစ်သည်။

“ ဒါပင်မဲ့ ကွမ်ဟန်ကို ထပ်သွားမယ်ဆိုရင် အဆင့်၅ ပညာရှင်၊ ဒါမှမဟုတ် အဆင့်၆ ပညာရှင် လိုက်ဖမ်းတာကို ခံရနိုင်တယ်၊ ပြီးတော့ အဲ့ဒီလန်ယုလည်း ရှိသေးတယ် “

ရှုကျိုး၏ မျက်လုံးများထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ယခုတွင် ကမ္ဘာ့ကြယ်ဘက်မှ လူတော်တော်များများက သူ၏အထောက်အထားကို သိသွားကြပြီ ဖြစ်သည်။

သူက ကွမ်ဟန်သို့ ခြေထပ်ချသည်နှင့်တစ်ပြိုင်နက် ကမ္ဘာ့ကြယ်သည် သူ့ကို သတ်ဖြတ်ရန်အတွက် အဆင့်မြင့် ပညာရှင်များကို စေလွှတ်မည်မဟုတ်သော်လည်း ဆဌမအဆင့် ပညာရှင်မှာ သေချာပေါက် ရောက်လာမည် ဖြစ်သည်။

ကမ္ဘာ့ကြယ်သည် ကမ္ဘာနှစ်ခုစစ်ပွဲကို လျစ်လျူရှုကာ သူ့ကိုသတ်ဖြတ်ရန်အတွက် အဆင့်မြင့် ပညာရှင်များကိုပင် စေလွှတ်လာနိုင်သည်။

ရှေးဧကရာဇ်၏ ဆက်ခံသူဆိုသည့် အထောက်အထားမှာ အလွန်အံ့ဖွယ်ကောင်းနေခဲ့ပြီး၊ သူက အမြင့်ပိုင်း အဆင့်များသို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် လူသားဧကရာဇ် စည်းတံဆိပ်မှာလည်း လိုက်ပါ၍ တိုးတက်လာမည် ဖြစ်ကာ ၎င်းသည် ကမ္ဘာ့ကြယ်ဘက်မှ အဆင့်မြင့် ပညာရှင်တို့၏ တိုက်ခိုက်ရေး စွမ်းအားကို ချက်ချင်း ပျောက်ကွယ်သွားစေမည် ဖြစ်သည်။

ကမ္ဘာ့ကြယ်သည် ဤမျှကြောက်စရာကောင်းသည့် ရန်သူတစ်ဦးကို ရှင်သန်ခွင့်ပေးမည် မဟုတ်ပေ။

“ မြန်မြန်ဆန်ဆန် သန်မာလာရမယ် “

ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းကာ စိတ်ပိုင်းဖြတ်လိုက်သည် “ အဆင့်၆ကို မရောက်ခင် အချိန်အထိတော့ ကွမ်ဟန်ကို မသွားဘူး။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် သေချာပေါက် အသတ်ခံရနိုင်တယ် “

ဆဌမအဆင့်ဆိုသည်မှာ အလှမ်းဝေးလှသော အကွာအဝေးဖြစ်သည်။ ယခု၌ သူသည် အလယ်အလတ် တတိယအဆင့်တွင်သာ ရှိနေသေးသည်။

ရှုကျိုးသည် ထိပ်တန်းအဆင့် စိတ်ဝိညာဥ် စုစည်းရေး ပုလဲလုံးကို ထုတ်ယူကာ ရေရွတ်ပြောဆိုနေတော့သည် “ အခုအချိန်ကနေစပြီးတော့ အစွမ်းကုန် ကြိုးစားမှ ဖြစ်မယ် “

သူသည် ပါးစပ်ကိုဟကာ ၎င်းကို တိုက်ရိုက်မျိုချလိုက်သည်။

တစ်ချိန်တည်းမှာပင် သူ၏လက်များကို ဝေ့ယမ်းလိုက်ရာ စိတ်ဝိညာဥ်ဆေးပင်များသည် လေပေါ်တွင် လွင့်မျောလာတော့သည်၊ မီးတောက်တစ်ခု ပေါ်လာခဲ့ကာ အဆိုပါ ဆေးပင်များကို ဖြာချ၍ မြစိမ်းရောင်ရေအိုင်ငယ်လေးတစ်ခုအဖြစ် ပြောင်းလဲသွားစေခဲ့သည်။

ရှုကျိုးသည် ဦးခေါင်းကိုလှုပ်ရှားကာ အဆိုပါ မြစိမ်းရောင် အရည်များကိုပါ မျိုချလိုက်သည်။

စိတ်ဝိညာဥ်ဆေးရည်နှင့် စိတ်ဝိညာဥ် စုစည်းရေး ပုလဲလုံးတို့ ပေါင်းစည်းသွားကာ အားကောင်းသော စွမ်းအင်တစ်ခုကို ချက်ချင်း ထုတ်လွှတ်လာခဲ့ပြီး၊ ရှုကျိုး၏ ကိုယ်တွင်းအဂ်ါများဆီသို့ တိုးဝင်သွားကြသည်။

တစ်ချိန်တည်းမှာပင် ရှုကျိုးသည် တင်ပျဥ်ခွေထိုင်ကာ သူ၏ကျင့်ကြံရေးနည်းစနစ်ကို စတင်၍ လည်ပတ်လိုက်သည်။

ကြာဖူးအပေါ်တွင် နတ်တံတား အရိပ်တစ်ခု ပေါ်လာခဲ့သည်။

စွမ်းအင်စီးကြောင်းများသည် နတ်တံတားဆီသို့ တိုးဝင်လာခဲ့ရာ၊ နတ်တံတားသည် တဝီဝီအော်မြည်သံများနှင့်အတူ လင်းလက်တောက်ပလာခဲ့သည်။

ထိုစဥ် ပုံရိပ်မှာလည်း လျင်မြန်စွာ ပြန့်ကားလာခဲ့သည်။

ထပ်၊ ထပ်၊ ထပ် ~~~

မမြင်တွေ့ရသည့် အတားအဆီးများ ထိုးဖောက်ခံလိုက်ရသကဲ့သို့ပင် နတ်တံတားသည် ကြီးမားပြန့်ကားလာခဲ့သည်။

နတ်တံတား၏ အဆုံးမှတ်သည် ကိုယ်တွင်းအဂ်ါများဖြစ်သည်။

သို့သော် ၎င်းတို့နှင့် သွေးကြောမှတ်များကြားတွင် ထူထဲသော အကာအရံများ တည်ရှိနေခဲ့သည်။

အလယ်အလတ် တတိယအဆင့်နယ်ပယ်သည် အဆိုပါ အတားအဆီးများကို ချိုးဖျက်ကာ နတ်တံတားအား ကိုယ်တွင်းအဂ်ါများဆီသို့ ဝင်ရောက်ခွင့်ပေး၍ ကိုယ်တွင်းအဂ်ါများနှင့် သွေးကြောမှတ်များကြားတွင် ချိတ်ဆက်မှု ဖြစ်ပေါ်လာအောင် ပြုလုပ်ရခြင်းပင် ဖြစ်သည်။

စိတ်ဝိညာဥ် ပုလဲလုံးနှင့် စိတ်ဝိညာဥ်အရည်တို့ အကျိုးသက်ရောက်မှုများအောက်တွင် နတ်တံတားသည် ဆက်တိုက်ကြီးမားလာခဲ့ပြီး၊ တဖြည်းဖြည်းဖြင့် နောက်ဆုံး အကာအရံအထိ ထိုးဖောက်သွားခဲ့သည်။

“ ဝုန်းးးး !! “

နတ်တံတားသည် တစ်ဖက်ကမ်းသို့ ရောက်ရှိကာ ကိုယ်တွင်းအဂ်ါများဆီသို့ တိုးဝင်သွားတော့သည်။

“ ဘုမ်းးး !!! “

နတ်တံတား၏ တည်ရှိမှုကို ခံစားမိသွားသောအခါတွင် ကိုယ်တွင်း အဂ်ါတံခါးပေါက်များသည် တစ်ခုပြီးတစ်ခု ပွင့်လာခဲ့ကာ၊ သွေးကြောမှတ်တို့၏ အဆုံးမှတ် လျှို့ဝှက်စွမ်းအားများသည် နတ်တံတားဆီသို့ ချီတက်လာခဲ့သည်။

နတ်တံတားသည် ပြင်းပြင်းထန်ထန် လှုပ်ခါသွားခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် နတ်တံတားသည် ထင်သာမြင်သာရှိသော အမြန်နှုန်းဖြင့် အစိုင်အခဲအဖြစ် ပုံသဏ္ဍာန်ပေါ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ရှုကျိုး၏ အရှိန်အဝါမှာလည်း တဖြည်းဖြည်းမြင့်တက်လာခဲ့သည်။

“ ဝုန်းးး ဝုန်းးး ဝုန်းးး “

အားကောင်းသော စွမ်းအင်များသည် ရှုကျိုး၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲလျှံထွက်လာခဲ့သည်။

ထိုအချိန်တွင် နတ်တံတားသည် ကိုယ်တွင်းအဂ်ါ ဟင်းလင်းပြင်ထဲသို့ ကျဆင်းသွားကာ၊ သူ၏နယ်ပယ်မှာလည်း နှောင်းပိုင်း တတိယအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ယခုတွင် နတ်တံတား၏ ပုံရိပ်သည် တဖြည်းဖြည်း ပုံပေါ်လာခဲ့ပြီဖြစ်သည်။

နတ်တံတား၏ ပုံရိပ်က အပြည့်အဝ ဖြစ်တည်လာခဲ့ကာ စစ်မှန်သော တကယ့်နတ်တံတားအဖြစ် ပြောင်းလဲသွားသည့် အချိန်တွင် တတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားမည် ဖြစ်သည်။

သို့ရာတွင် နတ်တံတား ဖွဲ့စည်းခြင်း ဖြစ်စဥ်မှာ အနည်းမျှသာ လိုတော့သည့် အချိန်တွင် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

“ ဟူးးးးး “

ရှုကျိုးသည် နောင်တရနေသာ အမူအရာဖြင့် မျက်လုံးများ ဖွင့်လာခဲ့သည် “ နည်းနည်းလေးပဲ လိုတော့တာကွာ၊ ငါက အဆင့်၃ အထွတ်အထိပ်ကို ရောက်သွားတော့မှာ “

“ လောဖို့ မလိုပါဘူးလေ၊ ငါအဆင့်တက်တာက တော်တော်ကြီးကို မြန်လွန်းနေတယ်၊ ငါက ထိပ်တန်းအဆင့် နတ်တံတားကို ဖွဲ့စည်းနိုင်ခဲ့တယ်၊ အရှိန်လျှော့ထားတာက ပုံမှန်ပါပဲ “

ရှုကျိုးမှ သူ၏ခန္ဓာကိုယ်အတွင်းပိုင်းသို့ ပြန်၍ စစ်ဆေးကြည့်လိုက်ရာ နတ်တံတား၏ မျက်နှာပြင်ပေါ်တွင် သက်တံ့ရောင် ရောင်ခြည်များ တည်ရှိနေသည်ကို မြင်တွေ့သွားခဲ့သည်။

၎င်းသည် ထိပ်တန်းအဆင့် နတ်တံတား၏ လက္ခဏာရပ်ပင် ဖြစ်သည်။

နတ်တံတားက အပြည့်အဝ ပုံပေါ်လာခဲ့ကာ၊ အစစ်အမှန် နတ်တံတားအဖြစ် ပြောင်းလဲသွားသည်နှင့်တစ်ပြိုင်နက် ရှုကျိုးသည် တတိယအဆင့် အထွတ်အထိပ်နယ်ပယ်တွင် ပြိုင်ဘက်ကင်းသွားမည် ဖြစ်သည်။

…………………………………………………………………………………………………………………………………

အပိုင်း ( 389 )

မျိုးနွယ်စုတစ်သောင်း၏ အာဏာပြိုင်ပွဲ

“ ပြီးတော့ နတ်စွမ်းရည်တွေ စုစည်းရမယ် “

ရှုကျိုး၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားနေသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။

ကွမ်ဟန်ခရီးစဥတွင် သူရရှိခဲ့သည့် အကြီးမားဆုံးသော အကျိုးအမြတ်မှာ ထိပ်တန်းအဆင့် စိတ်ဝိညာဥ် စုစည်းရေး ပုလဲလုံး မဟုတ်သကဲ့သို့ နတ်လက်နက်လည်း မဟုတ်ပေ။ သူ့ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် ဘိုးဘေးနဂါး ခြင်ဆီသွေးသာလျှင် ဖြစ်သည်။

ရှုကျိုးမှ အတွင်းပိုင်း စစ်ဆေးမှု ပြုလုပ်လိုက်ရာ၊ ကြာဖူးအပေါ်ဘက်တွင် အလွှာပေါင်း ရာနှင့်ချီသော ရွှေရောင်အတားအဆီးများဖြင့် ဖွဲ့စည်းထားသည့် ရွှေရောင်ကုဗတုံးတစ်ခုကို မြင်တွေ့သွားခဲ့သည်။

၎င်းသည် ယခင်ရက်များအတွင်းက သူရရှိခဲ့သည့် ဘိုးဘေးနဂါး ခြင်ဆီသွေးပင် ဖြစ်သည်။

၎င်းက အလွန်များပြားနေသောကြောင့် ကုဗတုံးအဖြစ် ဖွဲ့စည်းသွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဘိုးဘေးနဂါးခြင်ဆီသွေးသည် သူနတ်စွမ်းရည်များ ဖွဲ့တည်နိုင်ရန်အတွက် မရှိမဖြစ် လိုအပ်သော အရာတစ်ခုဖြစ်သည်။

ရှုကျိုးမှ လက်ဝေ့ယမ်းလိုက်ရာ ကမ္ဘာ့ကြယ် သလင်းကျောက်တစ်ပုံသည် သူ၏ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ်ထဲမှ ခုန်ထွက်လာခဲ့သည်။

ကမ္ဘာ့ကြယ် သလင်းကျောက်များစွာ ပေါ်ထွက်လာခဲ့ကာ၊ တောက်ပသည့် တောင်ပို့လေးတစ်ခုအဖြစ် ‌ပြောင်းလဲသွားခဲ့သည်။

“ တကယ်လို့ လနတ်ဘုရားဂိုဏ်းကသာ ဒါကို တွေ့သွားမယ်ဆိုရင် ငါ့ကို သူတို့ခေါင်းဆောင်အဖြစ် ပူဇော်လောက်မလားပဲ? “

ရှုကျိုးသည် ရုတ်တရက် ရယ်မောနေတော့သည်။

လနတ်ဘုရားဂိုဏ်းတွင် ကမ္ဘာ့ကြယ်သလင်းကျောက်သည် အလွန်ရှားပါးလွန်းနေခဲ့ပြီး၊ ဆယ်နှစ်မှ တစ်ကြိမ်သာ မြင်တွေ့ရလေ့ရှိသည်။

လနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ကပင် ထိုမျှ များပြားသော ကမ္ဘာ့ကြယ် သလင်းကျောက်များကို ထုတ်ပေးနိုင်မည် မဟုတ်ပေ။

“ ဒါပင်မဲ့ လနတ်ဘုရားဂိုဏ်းက လနတ်ဘုရားကို ဆင့်ခေါ်တဲ့နေရာမှာ သုံးတဲ့ ကမ္ဘာ့ကြယ် သလင်းကျောက်က ငါရထားတာတွေနဲ့ မတူဘူး၊ အဲ့တာက ပိုပြီးတော့ အဆင့်မြင့်နေတဲ့ပုံပဲ “

“ အဆင့်၄ ပညာရှင်ဆီကနေ ရခဲ့တဲ့ ကမ္ဘာ့ကြယ် သလင်းကျောက်ကတောင် လနတ်ဘုရားဂိုဏ်းက တစ်ခုနဲ့ ယှဥ်လို့မရဘူး “

ရှုကျိုးသည် လနတ်ဘုရားဂိုဏ်းထံမှ ရရှိခဲ့သည့် ကမ္ဘာ့ကြယ် သလင်းကျောက် အဆင့်မြင့် ကမ္ဘာ့ကြယ်သား ပညာရှင်(သို့) အထွတ်အထိပ်အဆင့် ပညာရှင်တစ်ဦးထံမှ ရရှိလာခြင်း ဖြစ်နေမည်ဟု မှန်းဆနေခဲ့သည်။

၎င်းမှာ အတော်လေး ကြောက်စရာကောင်းသော အတွေးတစ်ခုဖြစ်ပြီး၊ လနတ်ဘုရားဂိုဏ်းက ကမ္ဘာ့ကြယ်သား အဆင့်မြင့် ပညာရှင်တစ်ဦးနှင့် ပတ်သက်နေသည်ဟု မီးမောင်းထိုးပြနေခြင်းပင် ဖြစ်သည်။

“ အဲ့တာတွေက အခုလက်ရှိငါက တွေးပူနေရမဲ့ ကိစ္စတွေ မဟုတ်ပါဘူး “

ရှုကျိုးသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည် “ အခုကစပြီးတော့ ငါက ကိုယ့်ကိုကိုယ် မြန်မြန်ဆန်ဆန် တိုးတက်အောင်လုပ်ဖို့ပဲ အာရုံစိုက်ရမယ် “

သူသည် အသက်ကိုပြင်းပြင်းရှရှ ရှူသွင်းကာ လျှို့ဝှက်နည်းစနစ်ကို အသက်သွင်း၍ သူ့ရှေ့ရှိ ကမ္ဘာ့ကြယ် သလင်းကျောက်များကို စတင်၍ စုပ်ယူနေတော့သည်။

ဝှစ် !!

ချက်ချင်းဆိုသလိုပင် ဖရိုဖရဲချီများသည် သလင်းကျောက်များထံမှ မျောလွင့်လာခဲ့ကာ ရှုကျိုး၏ ချွေးပေါက်များမှတစ်ဆင့် သူ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားတော့သည်။

များပြားလှသော ဖရိုဖရဲချီများ၏ တိုက်စားမှုအောက်တွင် ဘိုးဘေးနဂါး ခြင်ဆီသွေးသည် ဖြည်းညှင်းစွာ အရည်ပျော်လာခဲ့ပြီး၊ ရွှေရောင်အရည်များအဖြစ် ပြောင်းလဲသွားကာ သွေးကြောမှတ် လည်ပတ်မှုထံသို့ တိုးဝင်သွားကြသည်။

အဆိုပါ ရွှေရောင်အရည်များသည် သွေးကြောမှတ် လည်ပတ်မှုမှတစ်ဆင့် အတွင်းပိုင်း ကိုယ်တွင်းအဂ်ါ ဟင်းလင်းပြင်ထဲသို့ စီးဆင်းလာခဲ့သည်။ ရှုကျိုး၏ ထိန်းချုပ်မှုအောက်တွင် ၎င်းသည် သရက်ရွက်၏ ဂိတ်တံခါးပေါက်ထဲသို့ ဝင်ရောက်သွားသည်။

ထိုအချိန်၌ သရက်ရွက် အတွင်းပိုင်းတွင် မီးခိုးရောင် မျိုးစေ့တစ်ခု၏ ပုံရိပ်တစ်ခု ဖြစ်တည်လာခဲ့သည်။

၎င်းသည် ရှုကျိုး၏ ဒုတိယမြောက် နတ်စွမ်းရည်၏ ရှေ့ပြေးပုံစံဖြစ်သည်။

ရွှေရောင်အရည်များက မီးခိုးရောင် မျိုးစေ့နှင့် ပေါင်းစပ်သွားလေလေ၊ အဆိုပါ ပုံရိပ်က တဖြည်းဖြည်း ပုံပေါ်လာလေလေ ဖြစ်သည်။

“ စိတ်ဝိညာဥ် ပစ္စည်းနဲ့ ပေါင်းစပ်ဖို့ အချိန်ကျပြီ “

ရှုကျိုးသည် မြေစိတ်ဝိညာဥ် ပစ္စည်းဖြစ်သည့် အညိုရောင် ကျောက်ပြားကို ထုတ်ယူလိုက်သည်၊ ၎င်းသည် ကြယ်ပြာဂြိုဟ်ပေါ်ရှိ ရှေးအကျဆုံးနှင့် အတောင့်တင်းဆုံး ယန်ချီတောင်မှ ဆင်းသက်လာသည့် ကျောက်ဘီလူး စိတ်ဝိညာဥ်ဖြစ်သည်။

အဆိုပါတောင်တည်ရှိခဲ့သည်မှာ နှစ်သောင်းနှင့်ချီနေခဲ့ပြီဖြစ်ပြီး၊ ၎င်းအား ဖရိုဖရဲချီများဖြင့် အားဖြည့်ပေးထားကာ၊ ၎င်းသည် ပတ်ပတ်လည်ရှိ မိုင်ပေါင်းများစွာသော မြေထုကို ထိန်းချုပ်နိုင်သည်ဟု ဒဏ္ဍာရီများထဲတွင် ဖော်ပြထားခဲ့သည်။

ဤကျောက်ဘီလူး စိတ်ဝိညာဥ်သည် ယန်ချီတောင်၏ အဓိကနယ်မြေထံမှ ရရှိထားခဲ့ခြင်း ဖြစ်သည်။

“ ဓာတ်ကြီးငါးပါး စိတ်ဝိညာဥ် ပစ္စည်းတွေက တော်တော်ကြီးကို ဈေးကြီးတာပဲ။ ဒီမြေစိတ်ဝိညာဥ် ပစ္စည်းတစ်ခုတည်းနဲ့ အကျိုးပြုအမှတ် ၅ထောင် ကုန်သွားတယ်။ တော်သေးတာပေါ့ ငါ့ဆီမှာ အမှတ်အများကြီး ရှိနေလို့ “

ရှုကျိုးသည် တိတ်တဆိတ် တွေးတောစဥ်းစားနေတော့သည်။

ကွမ်ဟန်မှ ပြန်ရောက်လာခဲ့ပြီးသည့်နောက်တွင် သူ၏အကောင့်ထဲသို့ အကျိုးပြုအမှတ် ၅သောင်း ရုတ်တရက် ရောက်လာခဲ့သည်။

၎င်းမှာ ရန်ပြည်ထောင်အစိုးရနှင့် ကျောင်းမှ ပေးသော ဆုလဒ်များပင် ဖြစ်သည်။

ဤတစ်ကြိမ် ခရီးစဥ်၏ ချန်ပီယံတစ်ယောက်အနေဖြင့် ရှုကျိုးသည် သိုင်းပညာ တက္ကသိုလ်အတွက်သာလျှင် မဟုတ်ဘဲ၊ ရန်ပြည်ထောင်အတွက်ပါ ဂုဏ်ထူးဆောင်ပေးခဲ့သည်၊ ထို့ကြောင့် ဆုလဒ်များက သေးငယ်နေမည် မဟုတ်ပေ။

ထိုအချိန်၌ ရှုကျိုး၏ လက်ချောင်းထိပ်တွင် နတ်စွမ်းရည်မီးတောက် ပေါ်လာခဲ့ပြီး၊ ကျောက်ဘီလူးစိတ်ဝိညာဥ်ကို ဖုံးလွှမ်းသွားတော့သည်။

နတ်စွမ်းရည် မီးတောက်၏လောင်ကျွမ်းမှုအောက်တွင် ကျောက်ဘီလူး စိတ်ဝိညာဥ်သည် မကြာခင်မှာပင် အညိုရောင် ရေအိုင်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ရှုကျိုးသည် လက်နှစ်ဖက်စလုံးဖြင့် စည်းတံဆိပ်များ ရေးဆွဲကာ အဆိုပါ အရည်များကို စုပ်ယူနေတော့သည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် အဆိုပါ အညိုရောင် အရည်များသည် သရက်ရွက်တံခါးပေါက်ထဲသို့ ဝင်လာခဲ့ကာ၊ နတ်စွမ်းရည် မျိုးစေ့နှင့် ပေါင်းစည်းသွားခဲ့သည်။

“ ဗွီ !! “

ချက်ချင်းဆိုသလိုပင် နတ်စွမ်းရည် မျိုးစေ့သည် အညိုရောင်တောက်လာခဲ့ကာ၊ အားကောင်းသည့် ရှေးဟောင်း အငွေ့အသက်တစ်ခုကို ထုတ်လွှင့်လာခဲ့သည်။

မြေစိတ်ဝိညာဥ်ပစ္စည်းသည် နတ်စွမ်းရည်မျိုးစေ့အား မြေကမ္ဘာ ဂုဏ်သတ္တိကို ရရှိသွားစေရုံတင်မဟုတ်ဘဲ၊ ၎င်း၏ အစိုင်အခဲဖြစ်လာခြင်း ဖြစ်စဥ်ကိုပါ အရှိန်မြှင့်တင်ပေးနေခဲ့သည်။

“ ထပ် !! “

မိနစ်ပိုင်းအတွင်းမှာပင် နတ်စွမ်းရည်မျိုးစေ့သည် အရိပ်အခြေအနေမှတစ်ဆင့် အစိုင်အခဲအခြေအနေသို့ ပြောင်းလဲလာခဲ့ပြီး၊ ၎င်း၏ မျက်နှာပြင်ပေါ်တွင် အညိုရောင် တောက်နေခဲ့သည်။

၎င်းသည် မြေကမ္ဘာနတ်စွမ်းရည် မျိုးစေ့ပင် ဖြစ်သည်။

နောင်အနာဂတ်တွင် ၎င်းက အစစ်အမှန် နတ်စွမ်းရည်အဖြစ် ဖွဲ့တည်သွားသည့် အချိန်တွင် မြေစွမ်းရည်အဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။

ချက်ကျလက်ကျ ပြောရမည်ဆိုပါက နတ်စွမ်းရည် မျိုးစေ့ဖွဲ့တည်ခြင်း ဖြစ်စဥ်သည် အတော်လေးကြာရှည်ပြီး၊ လမှစ၍ နှစ်နှင့်ချီသည်အထိ အချိန်ယူရလေ့ရှိသည်။

သို့သော် ဘိုးဘေးနဂါးခြင်ဆီသွေးကြောင့် အဆိုပါ ဖြစ်စဥ်သည် များစွာတိုတောင်းသွားခဲ့သည်။

ရှုကျိုးသည် အလောတကြီး မဖြစ်ဘဲ၊ မြေကမ္ဘာ နတ်စွမ်းရည်မျိုးစေ့ ဖွဲ့တည်လာမည့် အချိန်ကို တိတ်တဆိတ် စောင့်ဆိုင်းနေတော့သည်။

“ ဒါဆိုရင်၊ ကျန်နေတဲ့ နတ်စွမ်းရည်မျိုးစေ့ သုံးခုကို ဘာလို့ အရင်မစုစည်းလိုက်ရမှာလဲ? “

ရှုကျိုး၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်၊ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် အဆုတ်တံခါးပေါက်၊ ကျောက်ကပ်တံခါးပေါက်နှင့် အသည်းတံခါးပေါက်တို့သည် တစ်ပြိုင်နက် ပွင့်ဟလာခဲ့သည်။

သန့်စင်သော ဘိုးဘေးနဂါးခြင်ဆီသွေးသည် အဆိုပါ တံခါးပေါက်သုံးခုထဲသို့ တိုးဝင်လာခဲ့ကာ လျှို့ဝှက်စွမ်းအားနှင့် ပေါင်းစည်းသွားတော့သည်။

တဖြည်းဖြည်းဖြင့် အဆိုပါ တံခါးပေါက် သုံးခုထဲတွင် နတ်စွမ်းရည်မျိုစေ့၏ အရိပ်သုံးခု စတင်၍ ပေါ်ပေါက်လာခဲ့သည်။

ရှုကျိုးမှ လက်ဝေ့ယမ်းလိုက်ရာ စိတ်ဝိညာဥ် ပစ္စည်းသုံးခုသည် သူ့အရှေ့သို့ မျောလွင့်လာခဲ့သည်။

“ ရွှေစိတ်ဝိညာဥ် ပစ္စည်း - ကြယ်ပျက်ရဲ့ ရွှေအကြေးခွံ “

“ ရေစိတ်ဝိညာဥ် ပစ္စည်း - ပုံရိပ်ယောင် ပင်လယ်စိတ်ဝိညာဥ် ငါးမန်း “

“ သစ်သားစိတ်ဝိညာဥ် ပစ္စည်း - ရှေးဟောင်းသစ်မြစ်စိတ်ဝိညာဥ် ဘိုးဘေး “

ရှုကျိုးသည် ယခင်က ဖြစ်စဥ်အတိုင်းသာ လုပ်ဆောင်ခဲ့သည်၊ နတ်စွမ်းရည် မီးတောက်ကို အသုံးပြုကာ အဆိုပါ ပစ္စည်းသုံးခုကို အရည်ဖျော်လိုက်ပြီး၊ ထို့နောက်တွင် ၎င်းတို့အား သူ၏ခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်သည်။

ထို့နောက်တွင် ၎င်းတို့အား သက်ဆိုင်ရာ တံခါးပေါက်များဆီသို့ စေလွှတ်လိုက်သည်။

ကိုယ်တွင်းအဂ်ါငါးခုသည် ဓာတ်ကြီးငါးပါးနှင့် ဆက်စပ်နေခဲ့သည်။

နှလုံးသည် မီး၊ သရက်ရွက်မှာ မြေ၊ အဆုတ်များက သတ္ထု၊ ကျောက်ကပ်များက ရေနှင့် အသည်းက သစ်သား စသည်ဖြင့် အသီးသီး အစိုးရကြသည်။

၎င်းတို့ကို သက်ဆိုင်ရာ စိတ်ဝိညာဥ်ပစ္စည်းများနှင့် ပေါင်းစပ်နိုင်သရွေ့၊ ရှုကျိုး၏ ကိုယ်တွင်း အဂ်ါငါးခုသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ ဓာတ်ကြီးငါးပါးသကဲ့သို့ ဖြစ်သွားမည် ဖြစ်သည်။

အဆိုပါ နတ်စွမ်းရည်မျိုးစေ့ အကုန်လုံးက အစစ်အမှန် နတ်စွမ်းရည်များအဖြစ် ပြောင်းလဲသွားမည့် အချိန်တွင် ၎င်းတို့အားလုံး စုစည်းသွားမည် ဖြစ်သည်။

ထိုကဲ့သို့ လုပ်နိုင်သည်နှင့်တစ်ပြိုင်နက် ဒဏ္ဍာရီလာ ဓာတ်ကြီးငါးပါး နတ်နည်းစနစ် မွေးဖွားလာမည် ဖြစ်သည်။

…

ရှုကျိုးက အရူးအမူးလေ့ကျင့်နေသည့် အချိန်

မသေမျိုး နတ်နဂါးသားရဲကြီးသည် မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေထဲတွင် နေ့ရောညပါ လှည့်လည်သွားလာနေခဲ့သည်။ နေ့ရက်ပေါင်းများစွာ ကြာခဲ့ပြီးသည့်နောက်တွင် ၎င်းသည် မျိုးနွယ်စုတစ်သောင်း တိုက်ပွဲနယ်မြေဆီသို့ ရောက်ရှိလာခဲ့သည်။

ဤနေရာသို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် ၎င်းသည် ၎င်း၏ မျက်လုံးများရှေ့တွင် မြင်တွေ့နေရသည့် အရိုင်းဆန်သော ရှေးဦးမြင်ကွင်းများကို မြင်တွေ့သွားကာ အံ့ဩတကြီးဖြစ်သွားခဲ့သည်။

………………………………………………………………………………………………………………………………………

အပိုင်း ( 390 )

မျိုးနွယ်စုတစ်သောင်း၏ အာဏာပြိုင်ပွဲ ၂

အရှေ့ဘက်၌ အပေါက်များဖြင့် ပြည့်နှက်နေသည့် ကြက်သွေးရောင် မြေပြင်တစ်ခု ရှိနေခဲ့သည်။

မျိုးနွယ်စုတစ်သောင်း တိုက်ပွဲနယ်မြေသည် ကွမ်ဟန်ရှိ စစ်မြေပြင်နှင့် ကွဲပြားနေခဲ့သည်။ ၎င်းသည် ကြီးမားကျယ်ဝန်းသော လွင်ပြင်ကြီးတစ်ခု ဟုတ်မနေခဲ့ပေ၊ ထို့အစား မြေမျက်နှာသွင်ပြင် အနေအထားသည် အလွန်ရှုပ်ထွေး ကွဲပြားနေခဲ့သည်။

ဤအခိုက်အတန့်တွင် နတ်နဂါးသားရဲကြီးသည် တောင်ထိပ်ပေါ်တွင် မတ်တပ်ရပ်ကာ အရှေ့သို့ ငေးကြည့်နေခဲ့သည်။

“ ထူးဆန်းတယ်၊ ဒီနယ်မြေထဲမှာ သားရဲတွေရဲ့ အရိပ်အယောင်ကိုလည်း မမြင်ရဘူး “

နတ်နဂါး သားရဲကြီး၏ မျက်နှာပေါ်တွင် ဇဝေဇဝါ ဖြစ်သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည် “ နေ့မအား ညမအား တိုက်ခိုက်မှုတွေဆိုတာက ဘယ်မှာလဲ? “

“ ငါက နက်နက်ရှိုင်းရှိုင်း မဝင်ရသေးလို့များလား? “

နတ်နဂါးသားရဲကြီးသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီး၊ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် မျိုးနွယ်စုတစ်သောင်း တိုက်ပွဲနယ်မြေ၏ အတွင်းပိုင်းသို့ ပျံသန်းဝင်ရောက်သွားတော့သည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် ရွှေပုလ္လင် နတ်ဖီးနစ်တစ်ကောင်သည် နတ်နဂါးသားရဲကြီး ရပ်နေခဲ့သည့် တောင်ထိပ်ပေါ်သို့ ဆင်းသက်လာခဲ့သည်။

သူမ၏နောက်တွင် ဖီးနစ်မျိုးနွယ်ဝင်များ ရှိနေခဲ့ပြီး၊ ၎င်းတို့သည် သူမ၏ အခိုင်းအစေများဖြစ်ပုံရသည်။

“ မျိုးနွယ်စုတစ်သောင်း တိုက်ပွဲနယ်မြေရေ ……….. ငါပြန်လာပြီ “

ရွှေပုလ္လင် နတ်ဖီးနစ်သည် အရှေ့သို့ ကြည့်ကာ ရေရွတ်ပြောဆိုလာခဲ့သည် “ ဒီတစ်ခါတော့ ငါက အဆင့်၄နယ်ပယ်ကို ရောက်ခဲ့ပြီ၊ မျိုးနွယ်စုထဲက ငါ့နေရာကို ခိုင်မာအောင် လုပ်ဖို့အတွက် ထိပ်ဆုံး၁၀နေရာထဲက တစ်နေရာရာကို ရမှဖြစ်မယ် “

ထိုအချိန် သူမသည် အနံ့တစ်ခုကို ရှုရှူမိသွားသည် “ သွေးနှောကောင်လား? စိတ်ဝင်စားစရာပဲ မျိုးနွယ်စုတစ်သောင်း တိုက်ပွဲနယ်မြေထဲကို တစ်ယောက်တည်း လာရဲတယ်လား? သေမှာကို မကြောက်တဲ့ပုံပဲ “

မီးခိုးဖြူရောင် ဖီးနစ်မှာလည်း တဟားဟားရယ်မောနေတော့သည် “ သွေးနှောက်မျိုးဆက်ကောင်က တစ်ယောက်တည်း ဖြစ်နေတယ်ပေါ့၊ ပင်မမျိုးနွယ်စုနဲ့ ကွဲသွားတာထင်တယ် “

တစ်ခြားသော အဖြူရောင်ဖီးနစ်တစ်ကောင်မှာလည်း ဝင်ရောက်စကားပြောလာခဲ့သည် “ မမလေးဂျင်၊ ကျွန်တော်တို့က အမဲလိုက်လိုက်ရမလား? “

ရွှေပုလ္လင် နတ်ဖီးနစ်မှ ပြန်ပြောလာခဲ့သည် “ သွေးနှောကောင်လေးပါပဲ၊ သတ်ရတာ အဓိပ္ပါယ်မရှိဘူး၊ လစ်လျူရှုထားလိုက် ”

“ နားလည်ပါပြီ “

ရွှေပုလ္လင် နတ်ဖီးနစ်သည် ၎င်းကို ဂရုမစိုက်ပေ။ ထိုကဲ့သို့သော သွေးနှောသားရဲကောင်သည် နေ့တစ်ဝက်မျှသာ တောင့်ခံနိုင်မည်ဖြစ်သည်။

ကျယ်လောင်စွာ တွန်မြည်၍ သူမသည် ဆန့်ကျင်ဘက်အရပ်သို့ ဦးတည်သွားတော့သည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် ကျယ်လောင်သော နဂါးဟိန်းသံတစ်သံ ပေါ်ထွက်လာခဲ့ပြီး၊ ထို့နောက်တွင် လက်သည်းငါးခု ရွှေနဂါးသည် အဖြူရောင် နဂါးမျိုးနွယ်ဝင်များဖြင့် တောင်ထိပ်ပေါ်သို့ ဆင်းသက်လာခဲ့သည်။

“ ဒါက အဲ့ဒီမိန်းမ ရွှေပုလ္လင်ရဲ့ အငွေ့အသက်ပဲ “

လက်သည်းငါးခု ရွှေနဂါး၏ မျက်လုံးများ မှေးကျဥ်းသွားကာ အန္တရာယ်ရှိသည့် လေထုကို ထုတ်လွှင့်လာခဲ့သည် “ သူမနဲ့ ဒီလောက်မြန်မြန်ဆန်ဆန်ကြီး တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ စိတ်ဝင်စားစရာပဲ “

မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေထဲတွင် နဂါးနှင့် ဖီးနစ်မျိုးနွယ်စုများသည် အနိုင်ရရန် အမြဲလိုလို ရေပန်းစားလေ့ရှိသည့် မျိုးနွယ်စုများဖြစ်သည်။

၎င်းတို့ကဲ့သို့ နဂါးနှင့် ဖီးနစ်မျိုးနွယ်စုများအတွင်းမှာပင် မျိုးနွယ်စုအခွဲပေါင်းများစွာ တည်ရှိနေခဲ့သည်၊ သို့သော် လက်သည်းငါးခု ရွှေနဂါးနှင့် ရွှေပုလ္လင် မျိုးနွယ်စုတို့သည် နဂါးနှင့်ဖီးနစ်မျိုးနွယ်စုထဲတွင် အလယ်ပိုင်း အထက်အဆင့် နေရာတွင် ရပ်တည်နေခဲ့သည်။

( အလယ်အလတ်ကိုမှ အဆင့်ထပ်ခွဲထားတာမျိုးပါ၊ အလယ်အလတ် အဆင့်နိမ့်၊ အလယ်အလတ် အထက်အဆင့်စသည်ဖြင့်ပေါ့ )

သူတို့၏ တူညီသော အဆင့်အတန်းကြောင့်ပင် ဤမျိုးနွယ်စုနှစ်ခုကြားရှိ တိုက်ပွဲများသည် အလွန်တရာ ပြင်းထန်နေခဲ့သည်။

လက်သည်းငါးခု ရွှေနဂါးနောက်ရှိ အဖြူရောင် နဂါးတစ်ကောင်မှ စကားဝင်ပြောလာခဲ့သည် “ သူဌေး ကျုပ်တို့က သူမနောက်ကို လိုက်ကြမလား? “

“ မလိုပါဘူး “ လက်သည်းငါးခု ရွှေနဂါး အောင်းဖီမှ ခေါင်းခါပြလာခဲ့သည် “ တိုက်ပွဲက အခုမှစတာလေ၊ သူမကို ရင်ဆိုင်ဖို့ မလောကြနဲ့ဦး၊ အားနည်းတဲ့ကောင်လေးတွေကို အမဲလိုက်ပြီး အရင်ပျော်ကြတာပေါ့ “

ထိုစကားကို ပြောခဲ့ပြီးသည့်နောက်တွင် အောင်းဖီသည် အဖြူရောင် နဂါးများကို ဦးဆောင်ကာ တစ်ခြားတစ်ဘက်သို့ ပျံသန်းသွားတော့သည်။

…

ထိုအချိန်တွင် ရှုကျိုး၏ ကိုယ်ပွားဖြစ်သည့် နတ်နဂါးသားရဲကြီးကမူ မိုင်ရာနှင့်ချီ၍ ဝေးသော နေရာဆီသို့ ပျံသန်းလာခဲ့ပြီးပြီ ဖြစ်သည်။

အရှေ့တွင် မေပယ်တောအုပ်တစ်ခု ပေါ်လာခဲ့သည်။

“ ဟမ်?? “

နတ်နဂါးသားရဲကြီးသည် အဆိုပါ မေပယ်တောအုပ်နှင့် ပတ်သက်၍ တစ်ခုခု မှားယွင်းနေသည်ကို အာရုံခံမိသွားကာ တစ်ခဏခန့် ရပ်တန့်သွားတော့သည်။

“ ဝေါင်းးးး !!! “

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ဟိန်းဟောက်သံတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး၊ ကြီးမားသော သားရဲကြီးတစ်ကောင်သည် မေပယ်တောအုပ်ထဲမှ ပြေးထွက်လာခဲ့ကာ၊ နတ်နဂါးသားရဲကြီးကို တိုက်ခိုက်လာခဲ့သည်။

နတ်နဂါးသားရဲကြီးသည် အချိန်မှီ ရှောင်ရှားလိုက်သည်။

အနီးကပ် မြင်လိုက်ရသောအခါတွင် ၎င်းသည် ဆယ်မီတာ မြင့်သည့် အဖြူရောင် မျောက်ဝံကြီးတစ်ကောင် ဖြစ်နေခဲ့ပြီး၊ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် သံမဏိအပ်ကဲ့သို့သော အနီအနက် အမွှေးများ ဖုံးလွှမ်းနေလျက်ရှိကာ၊ ၎င်း၏ဦးခေါင်းထိပ်တွင် ငွေဖြူရောင် အစက်သုံးစက် ရှိနေခဲ့ပြီး၊ ဆံပင်ကို နောက်ပြန်လှန်တင်ထားသကဲ့သို့ ပုံပေါ်သွားစေခဲ့သည်။

“ အနောက်ခေါင်း နတ်မျောက်ဝံ “

နတ်နဂါးသားရဲကြီး၏ မျက်နှာပေါ်တွင် တအံ့တဩဖြစ်သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်၊ တစ်ဖက်လူသည် မျောက်ဝံမျိုးနွယ်စုများကြားတွင် ကျော်ကြားသည့် တည်ရှိမှုတစ်ခုဖြစ်သည်.

၎င်းက အဆင့်မြင့် နတ်သားရဲမဟုတ်သော်လည်း၊ ၎င်းသည် အလယ်အလတ်အဆင့် နတ်သားရဲများကြားထဲတွင် ထိပ်ဆုံးနေရာ၌ ရပ်တည်နေပြီး၊ ၎င်း၏ စွမ်းအားသည် တစ်ချို့သော အဆင့်မြင့် နတ်သားရဲများထပ်ပင် သာလွန်နေခဲ့သည်။

၎င်းမှာ အနောက်ခေါင်း မျောက်ဝံတို့၏ ပေါက်ကွဲတတ်သော သဘာဝကြောင့်ဖြစ်ပြီး၊ တစ်ကြိမ် ဒေါသထွက်သွားသည်နှင့်တစ်ပြိုင်နက် ၎င်းသည် ရူးသွပ်သော အခြေအနေထဲသို့ ရောက်ရှိသွားကာ ၎င်း၏ စွမ်းအားမှာလည်း ငါးဆကျော်အထိ မြင့်တက်သွားလေ့ရှိသည်။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် တစ်ချို့သော အဆင့်မြင့် နတ်သားရဲများကပင် ၎င်းကိုရှောင်ရှားလေ့ရှိတတ်သည်။

“ ဝေါင်းးးး ~~~ “

အနောက်ခေါင်း နတ်မျောက်ဝံကြီးသည် ပိုင်နက်ကျူးကျော်လာသည့် ရန်သူတစ်ဦးကို မြင်တွေ့နေရသကဲ့သို့ နီရဲနေသော မျက်လုံးများဖြင့် ဟိန်းဟောက်လာခဲ့သည်။

နတ်နဂါးသားရဲကြီးကမူ အသာအယာ ပြုံးနေတော့သည်။

“ စိတ်ဝင်စားစရာပဲ၊ မျိုးနွယ်စုတစ်သောင်း တိုက်ပွဲနယ်မြေက မျှော်လင့်ထားတဲ့အတိုင်းပဲ၊ စရောက်လာတာနဲ့ ဒီလိုသားရဲမျိုးနဲ့ တွေ့နေရတယ် “

“ သတ် !!! “

နတ်နဂါးသားရဲကြီးသည် ကြုံးဝါးက အရှေ့သို့ ပြေးတက်လာတော့သည်၊ ၎င်း၏ တောင်ပံများသည် ကြီးမားသော လက်သီးများအဖြစ် ပြောင်းလဲသွားကာ အနောက်ခေါင်း နတ်မျောက်ဝံကို ထိုးချလိုက်သည်။

“ သေချင်နေတာပဲ !! “

အနောက်ခေါင်း နတ်မျောက်ဝံကြီးမှ နှာမှုတ်လာခဲ့သည်၊ သွေးနှောကောင်လေးတစ်ကောင်က ငါ့ကို တိုက်ရဲနေတာလား?

ကောင်းကင်နဲ့ မြေပြင်ရဲ့ အတိမ်အနက်ကို မသိဘူး။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ၎င်းသည် အရှေ့သို့ အကြောက်အလန့်မရှိ ပြေးတက်လာခဲ့ကာ၊ နတ်နဂါးသားရဲကြီးကို တိုက်ခိုက်လာခဲ့သည်။

“ ဘမ်း !!! “

လက်သီးနှစ်ခု တိုက်မိသွားခဲ့သည်၊ အောက်ဘက်ရှိ မြေပြင်သည် ကျယ်လောင်သော အသံတစ်သံနှင့်အတူ ပေါက်ကွဲထွက်သွားခဲ့ပြီး၊ အားကောင်းသည့် တုန်ခါမှုလေလှိုင်းလုံးများကို အရပ်မျက်နှာ ရှစ်ခုလုံးဆီသို့ ပျံ့နှံ့သွားစေခဲ့သည်။

အနောက်ခေါင်း နတ်မျောက်ဝံကြီးသည် အနောက်သို့ လွင့်ထွက်သွားခဲ့သည်။

နတ်နဂါးသားရဲကြီးကမူ သူ၏နေရာတွင်သာ မားမားမတ်မတ်ရပ်တည်နေစဲဖြစ်ပြီး၊ သူ၏မျက်လုံးများထဲတွင် နားလည်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည် “ အဆင့်၄ကို ခုမှ ရောက်ထားတာလား? အားနည်းလွန်းတယ် “

သူသည် နှောင်းပိုင်း တတိယအဆင့်တွင် ရှိနေခဲ့သည့် အချိန်ကပင် စတုတ္ထတစ်ပိုင်းအဆင့် မြစ်နဂါးကို သတ်ဖြတ်လုနီးပါး စွမ်းဆောင်နိုင်ခဲ့သည်။

ထို့အပြင် အဆိုပါ မြစ်နဂါးမှာ အဆင့်မြင့် နတ်သားရဲတစ်ကောင် ဖြစ်သည်။

ယခုဤနတ်မျောက်ဝံသည် အလယ်အလတ် နတ်သားရဲများကြားတွင် ထိပ်ဆုံးနေရာ၌ ရပ်တည်နေနိုင်ခဲ့သော်လည်း၊ အဆင့်မြင့် နတ်သားရဲ ဟုတ်မနေခဲ့ပေ။

ယခုတွင် နတ်နဂါးသားရဲကြီးသည် စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ စတုတ္ထအဆင့်သို့ ယခုမှ ရောက်ရှိထားသည့် ပြိုင်ဘက်များကို အလွယ်တကူ ဖိနှိပ်နေနိုင်ပြီ ဖြစ်သည်။

“ ဝေါင်းးးး !!! “

ထိုအချိန်တွင် နတ်မျောက်ဝံကြီးသည် ကောင်းကင်ထက်သို့ ခုန်တက်လာခဲ့ကာ ကျောက်တုံးကြီးများကဲ့သို့ ဖြစ်နေသည့် လက်မောင်းကြီးများကို မြှောက်ကာ ရင်ဘတ်စည်တီးနေတော့သည်။

“ ဘုမ်း ဘုမ်း !!! “ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံများ ပေါ်ထွက်လာခဲ့သည်။

ထို့နောက်တွင် အရိုင်းဆန်သော အရှိန်အဝါတစ်ခုသည် ကောင်းကင်ထက်သို့ ထောင်တက်လာခဲ့သည်။

“ ရူးသွားပြီလားဟ? “ နတ်နဂါးသားရဲကြီးသည် ချက်ချင်း သဘောပေါက်သွားခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်းပင် အနောက်ခေါင်း နတ်မျောက်ဝံကြီးသည် သံရှည်ဆွဲ၍ ဟိန်းဟောက်လာခဲ့သည်၊ ၎င်း၏ အရှိန်အဝါမှာလည်း လျင်မြန်စွာအားကောင်းလာခဲ့သည် …….. ထို့နောက်တွင် ၎င်းသည် တစ်ချက်ပင် လှည့်မကြည့်ဘဲ အဝေးသို့ ထွက်ပြေးသွားတော့သည်။

ထိုမြင်ကွင်းသည် နတ်နဂါးသားရဲကြီးကို ကြောင်အမ်းအမ်း ဖြစ်သွားစေခဲ့သည်။

သူသည် အဆိုပါ မျောက်ဝံကြီးက သေသည်အထိ တိုက်ခိုက်လာမည်ဟု ထင်နေခဲ့ခြင်းဖြစ်သည်၊ ရူးသွပ်တဲ့ အခြေအနေနဲ့ လှည့်ပြေးသွားတာလားဟ?

စိတ်ကြမ်းကိုယ်ကြမ်းကောင်ကြီးဆိုတဲ့ ဂုဏ်သတင်းကရော ဘယ်ရောက်သွားပြီတုန်းဟ?

အနောက်ခေါင်း နတ်မျောက်ဝံကြီးက ကြမ်းကြမ်းတမ်းတမ်း ပြုမူလေ့ရှိသော်လည်း အသက်ဆုံးရှုံးရနိုင်သည့် အရာများကိုမူ လျစ်လျူမရှုထားခဲ့ပေ။

နတ်နဂါးသားရဲကြီးနှင့် အနည်းငယ်မျှ ထိတွေ့ရင်ဆိုင်ခဲ့ပြီးသည့်နောက်တွင် ၎င်းသည် သူက တစ်ဖက်လူ၏ ပြိုင်ဘက်မဖြစ်နိုင်ဘူးဆိုသည်ကို သိရှိသွားခဲ့သည်။

ထို့ကြောင့် ကနဦး ထိတွေ့ရင်ဆိုင်ခဲ့ပြီးသည့်နောက်တွင် ၎င်းသည် ရူးသွပ်သော အခြေအနေကို အသက်သွင်းကာ ချက်ချင်း လှည့်ပြေးသွားတော့သည်။

၎င်းသည် မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေအတွင်းတွင် ရှင်သန်နေထိုင်ရန်အတွက် သံမဏိ စည်းမျဥ်းတစ်ခုဖြစ်သည်။

အကယ်၍ မနိုင်ဘဲ ရူးရူးမူးမူး ဆက်တိုက်နေမည်ဆိုပါက သေချာပေါက် သေဆုံးသွားရမည် ဖြစ်သည်။

အနောက်ခေါင်းနတ်မျောက်ဝံကြီးသည် နောက်သို့ လှည့်ကြည့်နေရင်းဖြင့် ဒေါသတကြီး ပြောဆိုနေတော့သည် “ သောက်ကျိုးနည်း ငပါးကောင်ကွာ၊ မစော်ကားသင့်ဘူးဆိုတာကို သိခဲ့သင့်တယ် “

၎င်း၏အမြင်တွင် နတ်နဂါးသားရဲကြီးသည် သွေးနှောသားရဲကောင်အဖြစ် ရုပ်ဖျက်ထားသည့် အဆင့်မြင့် နတ်သားရဲတစ်ကောင်ပင် ဖြစ်သည်။

ထိုကဲ့သို့သေ ကိစ္စမျိုးသည် မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေထဲတွင် ထူးဆန်းသည့် ကိစ္စ မဟုတ်ပေ။

သွေးနှောသားရဲကောင်များအဖြစ် ဟန်ဆောင်ခြင်းသည် ပြိုင်ဘက်များ၏ သတိကို လျော့ကျသွားစေသည်၊ အထူးသဖြင့် အစစ်အမှန် နတ်သားရဲတို့၏ အာရုံစိုက်မှုများကို ရှောင်ကွင်းနိုင်ပေသည်။

အဆိုပါ နတ်သားရဲများသည် အလွန်မာနကြီးလေ့ရှိပြီး၊ သွေးနှောသားရဲများကို ကိုင်တွယ်ရလောက်သည်အထိ သူတို့၏ အဆင့်အတန်းများကို နှိမ့်ချလိုက်မည် မဟုတ်ပေ။

အနောက်ခေါင်း မျောက်ဝံကြီး၏ မျက်လုံးများထဲတွင် နတ်နဂါးသားရဲကြီးသည် ထိုကဲ့သို့ ပါးနပ်သော သားရဲကောင်ပင် ဖြစ်သည်။

ရှုကျိုးကမူ ထွက်ပြေးသွားသည့း အနောက်ခေါင်း မျောက်ဝံကြီးကို အေးဆေးတည်ငြိမ်သော အမူအရာမျိုးဖြင့် ငေးကြည့်နေခဲ့သည် “ သနားစရာပဲ၊ သာမန်အချိန်တွေမှာဆိုရင်တော့ မင်းကိုငါ လိုက်ဖမ်းမှာ မဟုတ်ဘူး၊ ဒါပင်မဲ့ အခုကတော့ ……… “

ယခုတွင် သူသည် အလွန်ပင် ဆာလောင်နေလျက်ရှိသည်။

လွန်ခဲ့သော ရက်ပိုင်းအတွင်းက နတ်နဂါးသားရဲကြီးသည် သွားရင်းလာရင်းဖြင့်သာ အလုပ်များနေခဲ့ပြီး မည်သည့်အစာကိုမှ မစားခဲ့ရပေ။

ယခုတွင် စတုတ္ထအဆင့် သားရဲကောင်က သူ့ကိုယ်သူ လာရောက်ဆက်သနေခဲ့သည်၊ သူက ထိုကဲ့သို့သော အခွင့်အရေးမျိုးကို မည်ကဲ့သို့ လက်လွှတ်ခံနိုင်မည်နည်း??

“ ဝုန်းးး !! “

နတ်နဂါးသားရဲကြီး၏ ပုံရိပ် လှုပ်ခတ်သွားကာ နေရာမှ ပျောက်ကွယ်သွားတော့သည်။

ဟင်းလင်းပြင် စွမ်းရည်၊ တည်နေရာ ကူးပြောင်းခြင်း !!!

စတုတ္ထအဆင့်သို့ ထိုးဖောက်နိုင်ခဲ့ပြီးသည့်နောက်တွင် အဆိုပါ စွမ်းရည်မှာလည်း သိသိသာသာ တိုးတက်လာခဲ့ပြီး၊ ၎င်းကို တစ်ခါမျှ အသုံးပြုဖြင့် ဆယ်မိုင်အထိ သွားလာနေနိုင်ပြီဖြစ်သည်။

အကြိမ်ပေါင်းများစွာ တည်နေရာ ကူးပြောင်းခဲ့ပြီးသည့်နောက်တွင် နတ်နဂါးသားရဲကြီးသည် အနောက်ခေါင်း နတ်မျောက်ဝံကို လိုက်မှီလာခဲ့ကာ လက်သီးကဲ့သို့ ဖြစ်နေသည့် တောင်ပံဖြင့် ထိုးချလိုက်သည်။

“ တော်တော်မြန်တယ်!!! “

နတ်မျောက်ဝံကြီးသည် အထိတ်တလန့်ဖြစ်သွားခဲ့သည်၊ ရူးသွပ်မှု အခြေအနေကို အသက်သွင်းထားတောင်မှ ငါ့ကို အမှီလိုက်နေနိုင်တုန်းပဲလားဟ??

၎င်းသည် နတ်နဂါးသားရဲကြီးက အဆင့်မြင့် နတ်သားရဲဖြစ်နေမည်ဆိုသည်ကို ပို၍သေချာသွားတော့သည် “ ဒီကောင်က သူတို့တွေထဲမှာတောင်မှ ထိပ်သီးအင်အားကြီးကောင်ပဲ ဖြစ်ရမယ် !!! “

ထိုအချိန်တွင် နတ်မျောက်ဝံကြီးသည် ဒေါသတကြီး ဟိန်းဟောက်၍ အနောက်သို့ လှည့်ကာ လက်သီးထိုးချက်တစ်ခု ပစ်သွင်းလာခဲ့သည်။

သူတို့သည် ထပ်မံ၍ ထိတွေ့သွားပြီး၊ ဤတစ်ကြိမ်မှာလည်း နတ်မျောက်ဝံကြီးကသာ အနောက်သို့ လွင့်ထွက်သွားခဲ့သည်။

နတ်နဂါးသားရဲကြီးသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ၊ နတ်ဆိုးစွမ်းအင်ကို ထုတ်လွှင့်လိုက်သည်၊ ၎င်းသည် မီတာ ၁၀၀ရှည်လျားသည့် ဓားအလင်းတန်းအဖြစ် ပြောင်းလဲသွားကာ နတ်မျောက်ဝံကြီးကို ခုတ်ပိုင်းလာတော့သည်။

နတ်ဆိုးစွမ်းအင်ကို ကျင့်ကြံခဲ့ပြီးသည့်နောက်တွင် နတ်နဂါးသားရဲကြီးသည် မူလကိုယ် တတ်မြောက်ထားသည့် တိုက်ခိုက်ရေး နည်းစနစ်များကိုပါ အသက်သွင်းနေနိုင်ပြီ ဖြစ်သည်။

“ ထပ် !!! “

တလက်လက်တောက်ပကာ အလွန်ဖြူဖွေးနေသည့် ဓားအလင်းတန်းသည် ကောင်းကင်ဘုံ၏ ပြစ်ဒဏ်ကဲ့သို့ အလွန်မြန်ဆန်သော အမြန်နှုန်းဖြင့် ဆင်းသက်လာခဲ့သည်။

ဆွပ်ရှ်ဟူသော အသံနှင့်အတူ ၎င်းသည် မျောက်ဝံကြီး၏ ခန္ဓာကိုယ်ကို ချက်ချင်း ထိုးဖောက်သွားခဲ့သည်။

မျောက်ဝံ၏ ဦးခေါင်းသည် ကောင်းကင်ထက်သို့ ပျံတက်လာခဲ့သည်။

စတုတ္ထအဆင့် အနောက်ခေါင်း နတ်မျောက်ဝံမှာ ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။

All Chapters