← Chapters

မကြုံတွေ့ခဲ့ရဖူးသော ကြောက်မက်ဖွယ်ကောင်းသည့် တိုးတက်မှု အမြန်နှုန်း ၃

Vol. 17 Ch. 255

မကြုံတွေ့ခဲ့ရဖူးသော ကြောက်မက်ဖွယ်ကောင်းသည့် တိုးတက်မှု အမြန်နှုန်း ၃

Vol. 17 Ch. 255

သို့သော် အဆုံး၌ သူသည် အောက်စည်းသို့ ရောက်ကာ ရှုံးနိမ့်နေခဲ့သည်။

“ ဘုတ် ဘုတ် ဘုတ် !!! “

ရွှေရောင်မျောက်ဝံကြီးသည် ၎င်း၏ရင်ဘတ်ကို ကြမ်းကြမ်းတမ်းတမ်း ထုကာ ဟိန်းဟောက်၍ အရှေ့ဘက်သို့ လက်သီးတစ်လုံး ပစ်သွင်းလာခဲ့သည်။

အဆိုပါ လက်သီးသည် ရွှေရောင်တောက်ပနေခဲ့သည်၊ လက်သီးချက်ထွက်လာသည့် အချိန်တွင် ၎င်းသည် ပတ်ပတ်လည်ရှိ လေထုကိုပင် တွန့်ခေါက်သွားစေခဲ့သည်။

“ သတ် !! “

ရွှေရောင်လူဝံကြီးမှ ဟိန်းဟောက်လာခဲ့ပြီး၊ မသေမျိုးနတ်နဂါးသားရဲကြီးကို လက်သီးဖြင့် ထိုးလာခဲ့သည်။

ဤတစ်ကြိမ်၌ နတ်နဂါးသားရဲကြီးသည် ထိပ်တိုက် မရင်ဆိုင်လိုက်ဘဲ၊ အနီးနားရှိ ဟင်းလင်းပြင်ကို ဆုတ်ဖြဲလိုက်ရာ နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် ၎င်းသည် ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။

ဟင်းလင်းပြင် စွမ်းရည် - တည်နေရာ ကူးပြောင်းခြင်း !!

ဒုတိယအဆင့်သို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် မသေမျိုးနတ်နဂါးသားရဲကြီး၏ ဟင်းလင်းပြင်စွမ်းရည်သည် သိသိသာသာ တိုးတက်လာခဲ့ပြီး၊ တည်နေရာ ကူးပြောင်းခြင်း စွမ်းရည်ကိုပင် ဖမ်းဆုပ်တတ်မြောက်သွားခဲ့သည်။

တည်နေရာ ပြောင်းရွှေ့နိုင်သည့် အကွာအဝေးကမူ မီတာ ၅၀၀အတွင်း၌သာ ဖြစ်ပြီး၊ ထို့ထပ်ဝေးသော နေရာများဆီသို့ မသွားနိုင်သေးပေ။

တိုက်ခိုက်နေစဥ်အချိန်တွင် အဆိုပါစွမ်းရည်သည် ရေထဲမှ ငါးတစ်ကောင်ကဲ့သို့ ဖြစ်နေပေလိမ့်မည်။

“ ဝှစ် !! “

မသေမျိုးနတ်နဂါးသားရဲကြီးသည် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

အဆိုပါ မြင်ကွင်းသည် ရွှေရောင်လူဝံကြီးကို ကြောင်အသွားစေခဲ့သည်။

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် နတ်နဂါးသားရဲကြီးသည် ၎င်း၏ အနောက်ဘက်တွင် ပြန်ပေါ်လာခဲ့ပြီး၊ တောင်ပံများဖြင့် ရိုက်ချလာခဲ့သည်။

“ ဘမ်းးး !!! ”

“ ဝေါင်းးးး !! “

ရွှေရောင်လူဝံကြီးမှ နာကျင်စွာ အော်ဟစ်လာခဲ့ပြီး၊ ချက်ချင်းဆိုသလိုပင် နောက်သို့ လွင့်ထွက်သွားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုသည် အတော်လေး ရုတ်တရက်ဆန်နေခဲ့သည်၊ ထို့ကြောင့် ၎င်းသည် မည်သို့မျှ မခုခံမကာကွယ်နိုင်ခဲ့ပေ။

တစ်ချက်တည်းဖြင့် ရွှေရောင်လူဝံကြီး၏ ကျောပြင် ပွင့်ထွက်သွားခဲ့ပြီး၊ သွေးများ နေရာအနှံ့ပြန့်ကျဲသွားခဲ့သည်။

“ ဝေါင်းးး ~~ “

ရွှေရောင်လူဝံကြီးမှ ဒေါကြီးမောကြီး ဟိန်းဟောက်လာခဲ့သည်။

၎င်းသည် ထပ်မံ၍ ရှေ့တက်လာခဲ့ပြီး၊ နီရဲနေသော မျက်လုံးများဖြင့် ရှုကျိုးကို ကြည့်ကာ လက်သီးဖြင့် ထပ်ထိုးလာခဲ့သည်။

“ ဝှစ် !! “

သို့သော် နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် နတ်နဂါးသားရဲကြီးသည် ယခင်ကအတိုင်းသာ ထပ်မံ၍ ပြုလုပ်ခဲ့ပြီး မူလနေရာမှ ထပ်မံ၍ ပျောက်ကွယ်သွားပြန်သည်။

ဘမ်းးး !!

ထို့နောက်၌ ချက်ချင်းဆိုသလိုပင် မသေမျိုးနတ်နဂါးသားရဲကြီးသည် ရွှေရောင်လူဝံကြီး၏ နောက်ဘက်တွင် ပြန်ပေါ်လာခဲ့ပြီး၊ ၎င်း၏ လက်ဝါးကြီးဖြင့် ရိုက်ချလာခဲ့သည်။

ထပ်ဟူသော အသံနှင့်အတူ ရွှေရောင်မျောက်ဝံကြီးသည် အနောက်ဘက်သို့ ထပ်မံ၍ လွင့်ထွက်သွားခဲ့ပြန်သည်။

နောက်ဆက်တွဲ တိုက်ပွဲမှာ တစ်ဖက်သတ်အခြေအနေသာ ဖြစ်နေခဲ့သည်။

ဟင်းလင်းပြင် စွမ်းရည်နှင့် ရင်ဆိုင်ရသောအခါတွင် ရွှေရောင်မျောက်ဝံကြီး၏ ကြီးမားသော ခွန်အားသည် ဝါဂွမ်းကို တိုက်ခိုက်နေသကဲ့သို့သာ ဖြစ်နေခဲ့ပြီး၊ ၎င်းအား စိတ်ရှုပ်ထွေးမှုနှင့် နာကျင်မှုများကိုသာ ခံစားသွားရစေခဲ့ပြီး၊ ရူးသွပ်သွားစေတော့သည်။

ထိုကဲ့သို့ပင် မသေမျိုးနတ်နဂါးသားရဲကြီးသည် တိုက်ခိုက်မှုများ တစ်ခုပြီးတစ်ခု ပြုလုပ်နေခဲ့ပြီး၊ ရွှေရောင်မျောက်ဝံကြီး၏ ဒဏ်ရာများကို ပိုပို၍ ကြီးမားသွားစေခဲ့သည်။

နာရီဝက်ကြာခဲ့ပြီးသည့်နောက်၌

“ အဆုံးသတ်ဖို့ အချိန်ကျပြီ “

မသေမျိုးနတ်နဂါးသားရဲကြီး၏ မျက်လုံးများ အေးစက်သွားခဲ့သည်၊ ၎င်း၏တောင်ပံများ တွန့်ကွေးသွားခဲ့ပြီး၊ ရွှေရောင်တောက်ပနေသည့် ကြီးမားသော လက်သီးကြီးများအဖြစ် ပြောင်းလဲသွားကာ ရွှေရောင်မျောက်ဝံကြီးကို ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်လာခဲ့သည်။

ဘန်းး !!

ကျယ်လောင်သော အသံတစ်သံနှင့်အတူ မျောက်ဝံကြီး၏ ရင်ဘတ် ပွင့်ထွက်သွားခဲ့ပြီး၊ သွေးပန်းများ ပွင့်လာခဲ့ကာ ကောင်းကင်ဘုံပင် နီရဲသွားခဲ့သည်။

ခရက်ဟူသော အသံနှင့်အတူ ရင်ဘတ်ရိုး ကျိုးပဲ့သွားခဲ့သည်၊ မသေမျိုးနတ်နဂါးသားရဲကြီးသည် ၎င်း၏ ရင်ဘတ်ထဲတွင် ရှိနေသည့် သားရဲနှလုံးကို ဆွဲထုတ်လိုက်သည်။

ဖေရှန်းရှောင်းတိ ပျောက်ကွယ်သွားတော့သည်။

ရွှေရောင်လူဝံကြီးသည် ဘုတ်ဟူသောအသံနှင့်အတူ မြေပြင်ပေါ်သို့ လဲပြိုသွားခဲ့ပြီး၊ မိကျောင်းသားရဲ မျိုးနွယ်စု၏ ပိုင်ရှင်မှာလည်း ထပ်မံ၍ ပြောင်းလဲသွားရပြန်သည်။

“ အူ အူ အအားးး ဝူးး !!! “

မြေပြင်ပေါ်ရှိ မွှေးနီမျောက်များသည် သူတို့ခေါင်းဆောင်ကြီးက တိုက်ပွဲတွင် ကျဆုံးသွားသည်ကို မြင်တွေ့လိုက်ရသောအခါတွင် ဒေါသနှင့် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသော မျက်လုံးတို့ဖြင့် မသေမျိုးနတ်နဂါးသားရဲကြီးကို စိုက်ကြည့်လာကြသည်။

ထို့နောက်၌ တစ်ဖက်သတ် သတ်ဖြတ်ပွဲတစ်ခု ပေါ်ပေါက်လာတော့လေသည်။

…

၁၀မိနစ်ကြာခဲ့ပြီးသည့်နောက်၌

မသေမျိုးနတ်နဂါးသားရဲကြီးသည် ၎င်း၏ ခြေထောက်အောက်တွင် ရှိနေသည့် နောက်ဆုံးသော မျောက်တစ်ကောင်၏ ဦးခေါင်းကို ချေမွလိုက်ပြီး၊ စိတ်သက်သာရာရသွားသည့် အမူအရာဖြင့် မိကျောင်းသားရဲကြီး၏ ပိုင်နက်ထဲတွင် မတ်တပ်ရပ်နေလျက်ရှိသည်။

“ ငါ့မှာ ဟင်းလင်းပြင်စွမ်းရည်ရှိနေတာ ကံကောင်းတယ်၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ဒီတိုက်ပွဲက ဒီလောက်ကြီး လွယ်နေခဲ့မှာ မဟုတ်ဘူး “

ဤဒုတိယအဆင့် အဆင့်၃ ရွှေရောင်မျောက်ဝံကြီးထံတွင် နတ်သားရဲသွေးမျိုးဆက် ရှိနေမည်မှာ သေချာလှပေသည်။

၎င်းအား ၎င်း၏ မွေးရာပါစွမ်းရည်ကို ကြည့်ခြင်းအားဖြင့် မြင်တွေ့နိုင်ပေသည်။

နတ်သားရဲသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် ဗီဇပြောင်းသားရဲများကသာလျှင် ထိုကဲ့သို့သော အစွမ်းထက် မွေးရာပါစွမ်းရည်ကို ထုတ်သုံးနိုင်လေသည်။

နတ်သားရဲသွေးမျိုးဆက်မျာကိုလည်း သန့်စင်သော သွေးမျိုးဆက်၊ အဆင့်မြင့် သွေးမျိုးဆက်၊ အဆင့်နိမ့် သွေးမျိုးဆက်နှင့် သွေးနှောမျိုးဆက် စသည်ဖြင့် အမြင့်မှ အနိမ့်အထိ အဆင့်များ ခွဲခြားထားခဲ့သည်။

အကယ်၍ ရှုကျိုး၏ ထင်မြင်ယူဆချက်သာ မှန်ကန်နေမည်ဆိုပါက ဤရွှေရောင်လူဝံကြီးထံတွင် အဆင့်နိမ့်သွေးမျိုးဆက် ရှိနေသင့်ပေသည်။

တစ်နည်းဆိုရသော် ၎င်း၏သွေးမျိုးဆက် အဆင့်မှာ မသေမျိုးနတ်နဂါးသားရဲကြီး၏ သွေးမျိုးဆက်နှင့် များစွာကွာခြားမနေပေ။

အကယ်၍ မသေမျိုးနတ်နဂါးသားရဲကြီးထံတွင် ဟင်းလင်းပြင်စွမ်းရည် ရှိမနေခဲ့ဘူးဆိုပါက၊ ၎င်းသည် အဆိုပါမျောက်ကြီးကို သတ်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။

“ အတွင်းပိုင်းနယ်မြေထဲကို ဝင်လာတဲ့အချိန်မှာပဲ ဒီလိုအစွမ်းထက် သားရဲနဲ့ တွေ့ရလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “ မသေမျိုးနတ်နဂါးသားရဲကြီးသည် တိတ်တဆိတ် သက်ပြင်းချနေတော့သည်။

ကြည့်ရတာတော့ အတွင်းပိုင်းနယ်မြေက အရင်တုန်းကနဲ့ မတူတော့တဲ့ပုံပဲ။

သို့သော် မကြာခင်မှာပင် ရှုကျိုးသည် အတွေးများနေခြင်းကို ရပ်ဆိုင်းလိုက်သည်။

မသေမျိုးနတ်နဂါးသားရဲကြီးသည် အလောင်းများ ပြည့်နှက်နေသည့် မြေပြင်ကိုကြည့်ကာ မျက်လုံးများ တောက်ပသွားခဲ့သည် “ နတ်သားရဲသွေးမျိုးဆက်ရှိသည့် ဒုတိယအဆင့် သားရဲကောင်က သာမန်တတိယအဆင့် သားရဲထပ်တောင် ပိုပြီးတော့ တန်ဖိုးရှိတယ် “

“ ဒါကို စားပြီးတဲ့နောက်မှာ ငါ့ရဲ့စွမ်းအားက သိသိသာသာ တိုးလာမှာပဲ “

နတ်နဂါးသားရဲကြီးသည် ရွှေရောင်မျောက်ဝံကြီးဆီသို့ လျှောက်လှမ်းသွားပြီး၊ တစ်နေ့တာ စားသောက်မှုကို စတင်နေတော့သည်။

“ ဇွစ် !! “

၎င်းသည် မျောက်ဝံကြီး၏ ပေါင်ခြံကို ဆွဲဖြုတ်လိုက်ပြီး၊ ထို့နောက်တွင် ကြီးမားသော ၎င်း၏ မေးရိုးကြီးကို ဖွင့်ကာ ခြေထောက်တစ်ချောင်းလုံးကို ကိုက်ဝါးနေတော့သည်။

ဂျွတ်ဟူသောအသံနှင့်အတူ ချွန်မြိသော သွားများအောက်တွင် အရိုးများ ကျိုးပဲ့ပျက်စီးသွားပြီး၊ သားရဲသွေးများသည် ၎င်း၏ ပါးစပ်ထောင့်များမှတစ်ဆင့် စီးကျလာခဲ့သည်။

“ ဂလု “

မသေမျိုးနတ်နဂါးသားကြီးသည် အားရပါးရ စားသောက်နေပြီး၊ မျောက်ဝံ၏ ခြေထောက်ကို မျိုချလိုက်သည်။

ခြေတစ်ဖက်ကို စားသောက်ခဲ့ပြီးသည့်နောက်တွင် ၎င်းသည် နောက်တစ်ဖက်ကို ထပ်ဖြုတ်ကာ ဆက်လက်၍ စားသောက်နေတော့သည်။

“ အူးဝူးးး “

နတ်နဂါးသားရဲကြီးသည် စိတ်ကျေနပ်စွာဖြင့် ဟစ်ကြွေးလာခဲ့သည်၊ ၎င်းသည် ဤမျှအရသာရှိသော အစားအသောက်ကို မစားသောက်ခဲ့ရသည်မှာ အချိန်အတော်ကြာနေခဲ့ပြီဖြစ်သောကြောင့် ယခုတွင် အားပါးတရ စားသောက်နေတော့သည်။

နာရီဝက်မျှကြာခဲ့ပြီးသည့်နောက်၌

“ အေ့ ~~ “

မသေမျိုးနတ်နဂါးသားရဲကြီးသည် မျောက်ဝံကြီး၏ ကိုယ်တစ်ခြမ်းကို စားသောက်ခဲ့ပြီးသည့်နောက်တွင် စိတ်ကျေနပ်စွာဖြင့် လေချဥ်တက်လာခဲ့ကာ တစ်နေ့တာ စားသောက်မှု ပြီးဆုံးသွားခဲ့ပြီဖြစ်ကြောင်း ကြေညာလာခဲ့သည်။

[ အဆင့် + ၂၅% ]

အဆင့် : ဒုတိယအဆင့် အဆင့်၁ ( ၄၀% )

အသားတင် အလေးချိန် : ၁၀၁၂၈.၅ ကီလိုဂရမ်

“ ဟမ်? “

စနစ်၏မျက်နှာပြင်ကို မြင်လိုက်ရသောအခါတွင် ရှုကျိုးသည် အနည်းငယ် အံ့ဩသွားခဲ့သည်။

အဆင့်က ၂၅%တောင် တိုးတက်လာတာလား?

ဘာလို့ ဒီလောက်တောင် များနေရတာလဲ?

ယခုတွင် နတ်နဂါးသားရဲကြီးသည် နေ့စဥ်နေ့တိုင်း ၃၀၀ ကီလိုဂရမ်အထိ ကြီးထွားနေခဲ့ပြီဖြစ်ပြီး၊ အဆင့်တိုးတက်မှုမှာလည်း ၁၀%နီးပါး ရှိနေခဲ့ပြီဖြစ်သည်။

သို့သော် ဤတစ်ကြိမ်၌ ၂၅%အထိ တိုးတက်လာခဲ့သည်။

“ ဆင့်ကဲပြောင်းလဲမှုပြီးသွားတဲ့နောက်မှာ အစာချေဖျက်နိုင်တဲ့စွမ်းရည်ပါ အဆင့်မြင့်သွားခဲ့တာလား? “

ရှုကျိုးသည် တစ်ကိုယ်တည်း တွေးတောစဥ်းစားနေတော့သည် “ အစာထဲမှာ အာဟာရပါဝင်မှု များလေလေ၊ အဆင့်တိုးတက်မှုက ပိုများလေလေလား? “

အကယ်၍ ထိုကဲ့သို့သာ ဖြစ်နေမည်ဆိုပါက ၎င်းသည် သူ့အတွက် မထင်မှတ်ထားဖွယ်ကောင်းလှသည့် သတင်းကောင်းတစ်ခု ဖြစ်နေလိမ့်မည် ဖြစ်သည်။

ယခင်က ကီလိုဂရမ် ၃၀၀တိုးတက်ခဲ့သည့် အချိန်တိုင်းတွင် အဆင့်မှာလည်း ပုံသေနှုန်းထားဖြင့်သာ လိုက်ပါ၍ တိုးမြင့်လာခဲ့သည်။

ယခု၌ နေ့စဥ်နေ့တိုင်း ကီလိုဂရမ် ၃၀၀ကျော် ကြီးထွားလာမည်ဖြစ်သော်လည်း၊ စားသောက်သည့် အစာပေါ်တွင် မူတည်၍ ကွဲပြားသော တိုးတက်မှုများကို ယူဆောင်ပေးလာတော့မည် ဖြစ်သည်။

ဥပမာအားဖြင့် သာမန်ဗီဇပြောင်းသားရဲတစ်အုပ်ကို စားသောက်မည်ဆိုပါက ၎င်း၏အဆင့်သည် ၁၀%သာ တိုးမြင့်လာမည်ဖြစ်သည်။

သို့သော် နတ်သားရဲသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် သားရဲတစ်ကောင်ကို စားသောက်မည်ဆိုပါက နတ်နဂါးသားရဲကြီးသည် ၂၅% (သို့) ထို့ထပ်ပို၍ မြင့်တက်လာမည် ဖြစ်သည်။

“ ရွှပ် ~~ “

မသေမျိုးနတ်နဂါးသားရဲကြီး၏ မျက်လုံးများ တလက်လက် တောက်ပလာခဲ့သည်။

နောက်လာမည့် ၎င်း၏ တိုးတက်မှု အမြန်နှုန်းသည် ကြောက်မက်ဖွယ်ကောင်းလှသည်အထိ မြန်ဆန်လာတော့ပေမည်။

“ နတ်သားရဲသွေးမျိုးဆက် …….. “ နတ်နဂါးသားရဲကြီးသည် ၎င်း၏ပစ်မှတ်ကို သတ်မှတ်ထားလိုက်ပြီ ဖြစ်သည်။

၎င်းသည် နတ်သားရဲသွေးမျိုးဆက်ပိုင်ရှင် ဗီဇပြောင်းသားရဲများကို အမဲလိုက်တော့မည် ဖြစ်သည် !!

ထို့နောက်တွင် ၎င်းတို့ကို အနိုင်ယူကာ စားသောက်မည် ဖြစ်သည် !!

အဆင့်နိမ့် နတ်သားရဲသွေးမျိုးဆက်များကပင် သာမန်ဗီဇပြောင်းသားရဲများထပ် များစွာသာလွန်နေခဲ့ပြီး၊ ၎င်းထံသို့ ကြီးမားသော တိုးတက်ပြောင်းလဲမှုများ ယူဆောင်ပေးလာမည် ဖြစ်သည်။

“ ဒီမွှေးနီမျောက်တွေကိုပဲ အရင်စားတာပေါ့ကွာ “ နတ်နဂါးသားရဲကြီးမှ တိတ်တဆိတ် ရေရွတ်ပြောဆိုနေလျက်ရှိသည်။

အဆိုပါ မျောက်များမှာ ပထမအဆင့်သားရဲများ ဖြစ်နေခဲ့သော်လည်း နတ်သားရဲသွေးမျိုးဆက်အနည်းငယ် ပိုင်ဆိုင်ထားသော‌ကြောင့် တန်ဖိုးကြီးသော အစားအသောက်များ ဖြစ်နေခဲ့သည်။

…

အချိန်များ လျင်မြန်စွာ ကျော်လွန်သွားပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာ ဆယ်ရက်တာ ကုန်ဆုံးသွားခဲ့သည်။

နတ်ဆိုးတစ်ထောင် လှိုဏ်ဂူအတွင်း၌ ကြီးမားသော သားရဲကြီးတစ်ကောင်သည် အမဲလိုက်ခြင်းနှင့် စားသောက်ခြင်းတို့ကိုပြုလုပ်ကာ အံ့ဖွယ်ကောင်းသည့် အမြန်နှုန်းဖြင့် တိုးတက်လာနေသည်ဆိုသည်ကို မည်သူမှ မသိကြပေ။

ထိုကဲ့သို့သော အမြန်နှုန်းကို မြင်တွေ့လိုက်ရမည်ဆိုပါက နဝမအဆင့်မှ အစွမ်းထက် ပုဂ္ဂိုလ်များပင် တအံ့တဩဖြစ်သွားကြမည် ဖြစ်သည်။

ထိုအချိန်တွင် ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ရှိ ရှုကျိုး၏ တံခါးပိတ်ကျင့်ကြံမှုမှာလည်း အရေးအကြီးဆုံး အခိုက်အတန့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

……………………………………………………………………………………………………………………..

All Chapters