← Chapters

ပန်းဆယ့်နှစ်ပွင့်၊ ငါးနှစ်ကောင်ပုံစံကွက်

Vol. 17 Ch. 250

ပန်းဆယ့်နှစ်ပွင့်၊ ငါးနှစ်ကောင်ပုံစံကွက်

Vol. 17 Ch. 250

အခန်းနံပါတ် ၇၌

စမ်းသပ်ခန်းသည် အဆက်မပြတ် လှုပ်ရှားနေသည့် အနီရောင်မြူမှုန်များနှင့်အတူ အနည်းငယ် တုန်ခါနေလျက်ရှိသည်။

အကြီးအကဲယွင်နှင့် ရှန့်ဝမ်ချန်းတို့သည် မတ်တပ်ရပ်လျက်သား အနေအထားဖြင့် တိတ်တဆိတ် စောင့်ဆိုင်းနေကြသည်။

ရုတ်တရက်ဆိုသလိုပင် အကြီးအကဲယွင်၏ အမူအရာ ပြောင်းလဲသွားပြီး၊ ရှန့်ဝမ်ချန်းကို ကြည့်လိုက်သည် “ တော်ဝင်သိုင်းပညာ တက္ကသိုလ်က လူတွေ ရောက်လာပြီ “

ရှန့်ဝမ်ချန်းသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်၊ သူ၏စိတ်ဝိညာဥ်စွမ်းအားသည် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပြီး၊ အခြေအနေများကို လျင်မြန်စွာ သိရှိသွားခဲ့သည်။

“ တော်ဝင်သိုင်းပညာ တက္ကသိုလ်က ကျောင်းသားတွေက ပိုပိုပြီးတော့ မောက်မာလာတာပဲ “

ရှန့်ဝမ်ချန်းမှ အေးစက်စွာ လှောင်ပြောင်လိုက်သည်၊ သူ၏ခန္ဓာကိုယ်သည် အနည်းငယ် လှုပ်ရှားသွားခဲ့ကာ ထွက်သွားရန် ပြင်လိုက်သည်။

ဝရုန်းးး !!!

ထိုအချိန်၌ ရုတ်တရက်ဆိုသလိုပင် အရှေ့ဘက်ရှိ ဖန်ပေါင်းချောင်သည် ကြမ်းကြမ်းတမ်းတမ်း လှုပ်ခါလာခဲ့သည်။

“ ဟမ်? “ ရှန့်ဝမ်ချန်း၏ အမူအရာ ပြောင်းလဲသွားကာ နောက်သို့ ပြန်လှည့်ကြည့်လာခဲ့သည်။

ဖန်ပေါင်းချောင်အတွင်း၌ အပြာရောင် ကမ္ဘာ့ကြယ်သား၏ ခန္ဓာကိုယ်သည် ရုတ်တရက် လှုပ်ခါလာခဲ့သည်။

တစ်ချိန်တည်းမှာပင် စမ်းသပ်ခန်းထဲရှိ အနီရောင်မြူမှုန်များသည် ရုတ်တရက် အဆပေါင်းများစွာ ထူထဲလာခဲ့သည်။

အနီရောင် မြူမှုန်များသည် ရေစီးကြောင်းကဲ့သို့ တဟုန်ထိုး မြင့်တက်လာခဲ့ပြီး၊ ရှုကျိုး၏ ခန္ဓာကိုယ်ထဲသို့ ဒလဟော တိုးဝင်သွားခဲ့သည်။

ရှန့်ဝမ်ချန်း၏ အမူအရာ ပြောင်းလဲသွားရတော့သည် “ ဘာတွေ ဖြစ်နေတာလဲ? အဆင့်မြင့် စွမ်းအား အခြေအနေက ရုတ်တရက်ကြီး အသက်ဝင်သွားတာလား? “

အဆင့်မြင့် စွမ်းအား အခြေအနေဟု ခေါ်ဆိုသော အရာသည် အသက်ဓာတ်စွမ်းအားကို အမြင့်ဆုံး ထုတ်ယူကာ အကျိုးသက်ရောက်မှုက အားအကောင်းဆုံးအခြေအနေအထိ ရောက်ရှိသွားအောင် တိုးမြှင့်လိုက်ခြင်းဖြစ်သည်။

ထိုကဲ့သို့ ဖြစ်အောင် လူမှ စက်ပစ္စည်းများကို ထိန်းချုပ်၍ ကိုယ်တိုင်ဖွင့်လှစ်ရန် လိုအပ်ပေသည်။

သို့သော် ယခုလက်ရှိ အချိန်၌ မည်သူကမှ မလှုပ်ရှားခဲ့ဘဲ ၎င်းသည် အလိုအလျောက် အသက်ဝင်သွားခဲ့သည်။

အကြီးအကဲယွင်မှ ဖြည်းဖြည်းချင်း ပြောလာခဲ့သည် “ ရှုကျိုးက အနီရောင်မြူကို စုပ်ယူတာ တော်တော်လေး မြန်နေလို့ထင်တယ်၊ အဲ့တာကို စက်က ထောက်လှမ်းမိပြီး၊ အဆင့်မြင့်စွမ်းအားအခြေအနေကို အလိုအလျောက် အသက်သွင်းလိုက်တာပဲဖြစ်ရမယ် “

ရှန့်ဝမ်ချန်းသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည် “ ရှုကျိုးက အဲ့တာကို ကိုင်တွယ်နိုင်ပါ့မလား? “

ဗွီ !!

သူ့စကားဆုံးသွားသည်နှင့်တစ်ပြိုင်နက် အားကောင်းသော စွမ်းအင်လှိုင်းတစ်ခုသည် စမ်းသပ်ခန်းထံမှ ပေါ်ထွက်လာခဲ့သည်။

ဗွီ !!

ဗွီ !!

ဗွီ !!

စွမ်းအင်လှိုင်းများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့ကာ၊ ရေစီးကြောင်းကဲ့သို့ အလွန်ကြမ်းတမ်းနေခဲ့ပြီး၊ ကြမ်းပြင်ကိုပင် အနည်းငယ် လှုပ်ခါသွားစေခဲ့သည်။

“ အဲ့တာက …… သွေးကြောမှတ် အသစ်ပေါ်လာတာလား? “

ရှန့်ဝမ်ချန်းသည် စမ်းသပ်ခန်းကို တအံ့တဩဖြင့် ငေးကြည့်နေတော့သည် “ သွေးကြောမှတ် ဖွင့်တဲ့အချိန်မှာ ဒီလိုအခြေအနေမျိုး ဘာလို့ဖြစ်လာရတာလဲ? “

ပုံမှန်အားဖြင့် သွေးကြောမှတ်များသည် ခန္ဓာကိုယ်အတွင်းပိုင်းတွင်သာ ပြောင်းလဲကြပြီး၊ အပြင်ကမ္ဘာသို့ သက်ရောက်မှုဖြစ်စေသည်မှာ မရှိသလောက်နီးပါး ရှားပါးလွန်းလှသည်။

ယခင်ကကဲ့သို့ပင် ရှုကျိုးမှ သူကိုယ်တိုင် ထုတ်မပြောလာခဲ့ဘူးဆိုပါက၊ သူက သွေးကြောမှတ် မည်မျှ ဖွင့်ထားလဲဆိုသည်ကို မည်သူကမှ သိကြလိမ့်မည် မဟုတ်ပေ။

သို့သော် ယခု၌ ရှုကျိုးမှ သွေးကြောမှတ် ဖွင့်လှစ်ခြင်းကြောင့် ဖြစ်လာရသည့် ဂယက်သည် အတော်လေး ကြီးမားနေခဲ့သည်။

ကြမ်းပြင်ပင် လှုပ်ခါသွားခဲ့သည်။

စက်က အဆင့်မြင့် စွမ်းအားအခြေအနေကို အလိုအလျောက် အသက်သွင်းလိုက်သည်နှင့်သာ ပေါင်းစည်းလိုက်မည်ဆိုပါက၊ ၎င်းမှာ ရှုကျိုးက အလွန်အရေးကြီးသော သွေးကြောမှတ်ကို ဖွင့်လှစ်နေသည်ဟု ညွှန်းဆိုနေခြင်းဖြစ်သည်။

“ အဲ့ကလေးက ပြဿနာတော့ မတက်သွားလောက်ဘူးလေ၊ ဟုတ်တယ်မလား? “ ရှန့်ဝမ်ချန်း၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာခဲ့သည်။

သွေးကြောမှတ်များကို ရှာဖွေခြင်းသည် ထိုမျှကြီးမားသော လှုပ်ရှားမှုမျိုးကို မဖြစ်ပေါ်စေသင့်ပေ။

ကြီးမားသော လှုပ်ခတ်မှုသည် စွမ်းအင်ယိုစိမ့်မှုကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပြီး၊ သူကိုယ်တိုင်ပင် အနည်းငယ် ထိတ်လန့်သွားခဲ့သည်။

ဝုန်းးး ~~

ဝုန်းးး ~~

ဝုန်းးး ~~

ကျယ်လောင်သော အသံများသည် စမ်းသပ်ခန်းဆီမှ ထပ်မံ၍ ပေါ်ထွက်လာခဲ့သည်။

ရှန့်ဝမ်ချန်း၏ အမူအရာ တင်းကြပ်သွားပြီး၊ အချိန်မရွေး ကြားဝင်စွက်ဖက်ရန် ပြင်ဆင်ထားလိုက်သည်၊ သူသည် ရှုကျိုးမည်သို့မျှ မထိခိုက်သွားအောင် ကာကွယ်ရန်အတွက် ချက်ချင်းလှုပ်ရှားရန် ပြင်ဆင်နေတော့သည်။

…

စမ်းသပ်ခန်းအတွင်း၌

ရှန့်ဝမ်ချန်းမျှော်မှန်းထားသည့်အတိုင်းပင်

ရှုကျိုး ဖွင့်လှစ်နေသော သွေးကြောမှတ်သည် အမှန်ပင် အရေးကြီးနေခဲ့သည်။

အဆုံးမဲ့ အနီရောင် မြူမှုန်များသည် သူ၏ချွေးပေါက်များမှတစ်ဆင့် တိုးဝင်လာကြကာ အသက်ဓာတ်စွမ်းအားများအဖြစ် ပြောင်းလဲသွားပြီး၊ သူ့ကလီစာများ၏ တံခါးပေါက်များကို ကြမ်းကြမ်းတမ်းတမ်း ရိုက်ဖွင့်နေခဲ့သည်။

ကြီးမားသော အသက်ဓာတ်စွမ်းအားသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် လှည့်ပတ်စီးဆင်းနေခဲ့သည်။

“ ဖောက် ဖောက် ဖောက် !! “

ကျယ်လောင်သော အသံများသည် ရှုကျိုး၏ ခန္ဓာကိုယ်ထဲမှ ဆက်တိုက်ပေါ်ထွက်လာခဲ့ပြီး၊ သွေးကြောမှတ်အသစ်များ မွေးဖွားလာခဲ့သည်။

သွေးကြောမှတ်များ ဖွင့်လှစ်နေသည်နှင့်အမျှ ရှုကျိုး ပတ်ပတ်လည်ရှိ ဟင်းလင်းပြင် တုန်ခါလာခဲ့ပြီး၊ ကြမ်းပြင်ကိုပါ လှုပ်ခါသွားစေခဲ့သည်။

ဆွစ်ရှ် ~~~

ရှုကျိုးမှ သူ၏မျက်လုံးများကို ဖွင့်လှစ်လိုက်ရာ စူးရှသော အလင်းတန်းတစ်ခုသည် သူ၏မျက်လုံးများထဲမှ ပေါ်ထွက်လာခဲ့သည်။

“ သွေးကြောမှတ် အခု၃၀ ထပ်ဖွင့်နိုင်ခဲ့တယ် “ ရှုကျိုးသည် တစ်ကိုယ်တည်း တွေးတောစဥ်းစားနေတော့သည် “ အခုဆိုရင် ငါ့ခန္ဓာကိုယ်ထဲမှာ သွေးကြောမှတ် အခု ၃၀၀တိတိ ရှိနေပြီ “

“ ကြာပန်းရဲ့ ဝတ်ဆံကလည်း ပိုပြီးတော့ ကြည်လင်တာတယ် ….. “

သူ၏ခန္ဓာကိုယ်အတွင်းပိုင်းသို့ ကြည့်လိုက်ရာ သွေးကြောမှတ် အခု၃၀၀သည် ပါဖက်စနစ်ဆယ်ခုအဖြစ် ဖွဲ့တည်နေပြီး၊ တာအိုပန်း ဆယ်ပွင့်အဖြစ် ဖြစ်ပေါ်နေခဲ့သည်။

အဆိုပါ တာအိုပန်းဆယ်ပွင့်သည် သန့်စင်သော အဖြူရောင် ကြာပန်းအဖြစ် ပေါင်းစည်းကာ တောက်တောက်ပပ ပွင့်လန်းနေခဲ့သည်။

ကြာပန်း၏ အလယ်ဗဟိုတွင် ဝတ်ဆံဖိုနှင့် ဝတ်ဆံမတို့သည် စွမ်းအင်နှစ်ခုကို ထုတ်လွှင့်ကာ တစ်ခုနောက်သို့ တစ်ခုလိုက်နေလျက်ရှိပြီး၊ တိုက်မိခြင်းမရှိဘဲ ပေါင်းစည်းနေခဲ့သည်။

တောက်ပသော အလင်းတန်းထဲတွင် လျှို့ဝှက်ဆန်းကြယ်သော ပုံစံကွက်တစ်ခု မှုန်ပြပြ ဖြစ်ပေါ်လာခဲ့သည်။

စွမ်းအင်သည် မလုံမလောက် ဖြစ်နေပုံရပြီး၊ ပုံစံကွက်အား မှုန်ဝါးဝါးသာ ဖြစ်သွားစေခဲ့သည်၊ အချိန်အတော်ကြာ စောင့်ကြည့်နေခဲ့ပြီးသည့်နောက်မှာပင် ရှုကျိုးသည် ၎င်းကို ရှင်းရှင်းလင်းလင်း မမြင်တွေ့ခဲ့ရပေ။

“ အဲ့တာက သွေးကြောမှတ် လည်ပတ်မှုလား? “

ရှုကျိုးသည် သွေးကြောမှတ် အသစ်များကို အများအပြား ထပ်တွေ့ခဲ့သောကြောင့် အဆိုပါ မှန်းဆချက်က မှန်ကန်နေလိမ့်မည်ဟု ပိုပို၍ ယုံကြည်လာခဲ့သည်။

သို့သော် အမှန်တရား ပေါ်မလာခင်အချိန်အထိ ရှုကျိုးသည် အသေအချာ သိရှိမည်မဟုတ်ပေ။

“ အခုဆိုရင် သွေးကြောမှတ်တစ်ခုကို ရှာတွေ့တဲ့အချိန်တိုင်းမှာ ငါ့ကိုယ်ထဲမှာ အစွမ်းထက် စွမ်းအင်တစ်ခု ပေါ်လာတယ် “

ရှုကျိုးမှာ တအံ့တဩဖြစ်နေလျက်ရှိသည် “ ဒီခံစားချက်က အချုပ်အနှောင်တွေကို ချိုးဖျက်တာမျိုးနဲ့ တူနေတယ် “

အဆိုပါ ခံစားချက်သည် အတော်လေး ထူးခြားနေခဲ့သည်။

သူသည် သွေးကြောမှတ်များကို ရှာတွေ့ခဲ့ပြီး ၎င်းကို မဖွင့်ရသေးသော်လည်း၊ သူ၏အကန့်အသတ်ကို ချိုးဖျက်သွားနိုင်ပြီဟု ခံစားနေခဲ့ရသည်။

သူသာ အဆိုပါ သွေးကြောမှတ်များကို တစ်ခုပြီးတစ်ခုဖွင့်လိုက်မည်ဆိုပါက မည်ကဲ့သို့ ဖြစ်လာလိမ့်မည်နည်း?

ရှုကျိုးသည် နောက်ဆက်တွဲဖြစ်ရပ်များက အလွန်တုန်လှုပ်ဖွယ်ကောင်းနေမည်ဟု ခံစားမိနေခဲ့သည်။

“ သွေးကြောမှတ်တွေကို အရင်ရှာကြတာပေါ့ဗျာ “ ရှုကျိုးမှ တစ်ကိုယ်တည်း တွေးတောပြောဆိုနေတော့သည်။

သူသည် သွေးကြောမှတ် အခု၃၀၀က အကန့်အသတ် မဟုတ်သေးဘူးဟု ခံစားနေခဲ့ရသည်။

…

အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ စမ်းသပ်ခန်း၏ လှုပ်ခါမှုမှာလည်း ပိုပို၍စိပ်လာခဲ့သည်။

ယခင်က အံ့ဩတုန်လှုပ်နေကြသည့် ရှန့်ဝမ်ချန်းနှင့် အကြီးအကဲယွင်တို့သည် ၎င်းကို နေသားကျသွားပြီဖြစ်သောကြောင့် အေးအေးဆေးဆေး ဖြစ်နေကြပြီဖြစ်သည်။

ထို့အစား သူတို့သည် ရှုကျိုးက မည်သည့်အရာများကို ပြုလုပ်နေခဲ့သောကြောင့် ထိုကဲ့သို့ အဆက်မပြတ် တုန်ခါနေရသလဲဆိုသည်ကို သိချင်နေခဲ့သည်။

“ ဟမ်? “

ထိုအချိန်၌ ရှန့်ဝမ်ချန်း၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

“ အကြီးအကဲယွင်၊ ရှုကျိုးကို ကြည့်ထားပေးပါ၊ ချန်းရှင် တစ်ခုခုဖြစ်နေပြီ “

“ ကောင်းပြီ “

အကြီးအကဲယွင်မှ ခေါင်းငြိမ့်ပြလိုက်သည်။

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ရှန့်ဝမ်ချန်း၏ပုံရိပ် လှုပ်ရှားသွားခဲ့ကာ ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။

ပျောက်ကွယ်သွားသည့် ပုံရိပ်ကို ကြည့်နေရင်းဖြင့် အကြီးအကဲယွင်သည် တိတ်တဆိတ် သက်ပြင်းချနေတော့သည် “ အဖွဲ့အစည်းနှစ်ခု ပြိုင်ဆိုင်နေကြသည်၊ အဲ့လိုလုပ်ဖို့ လိုအပ်လို့လား? လူသားမျိုးနွယ်စုက တကယ်ဆုတ်ယုတ်လာတာပဲ “

ယခင်ကဌာနမှူးလက်ထက်က ကွမ်ဟန်ကို အဆင့်မြှင့်တင်ရန်အတွက်သာ ပြိုင်ဆိုင်ခဲ့ကြသည်။

သို့သော် ယခုတွင်ကား အတွင်းပိုင်း ပဋိပက္ခများအကြောင်းကိုသာ တွေးနေကြတော့သည်။

အကယ်၍ ယခင်ဌာနမှူး မျိုးဆက်တို့၏ စွန့်လွှတ်အနစ်နာခံမှုကြောင့်သာ မဟုတ်ဘူးဆိုပါက၊ ကြယ်ပြာဂြိုဟ်သည် ယခုလောက် ငြိမ်းချမ်းနေလိမ့်မည် မဟုတ်ပေ။ လူသားမျိုးနွယ်စုမှာလည်း ဤမျှလောက်အထိ အတွင်းပိုင်းတိုက်ခိုက်မှုများ ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ပေ။

……………………………………………………………………………………………………………………………………….

All Chapters