အခန်း (၄၁၈-၄၂၀)
Vol. 28 Ch. 418-420
အပိုင်း ( 418 )
ရှေးဟောင်း မိုးပြာနဂါး အသွင်ပြောင်းခြင်း ၂
နဂါးသားရဲကြီးက တွေးတောစဥ်းစားနေစဥ်မှာပင်၊ သူ၏အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့ရပြီး၊ ဟင်းလင်းပြင် အက်ကွဲကြောင်း အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။
“ သူတို့က ရောက်လာကြပြီလား? “
သူသည် ဟင်းလင်းပြင် အက်ကွဲကြောင်း၏ အခြားတစ်ဖက်ရှိ အပြင်ဘက်ကမ္ဘာကြီးကို မြင်နေနိုင်ခဲ့သည်။
ပုံရိပ်အများအပြားသည် ထိုကမ္ဘာကြီးထဲသို့ ပျံသန်းရောက်ရှိလာခဲ့သည်။
အပြင်ဘက်ကမ္ဘာမှ လူများကမူ ဤဟင်းလင်းပြင် အက်ကွဲကြောင်းကို ရှာဖွေထောက်လှမ်းနိုင်လိမ့်မည် မဟုတ်ပေ။ ၎င်းမှာ ဟင်းလင်းပြင် အက်ကွဲကြောင်းအတွင်းရှိ လူကသာ အပြင်ဘက်သို့ ကြည့်နိုင်မည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။
၎င်းမှာ အလွန်အစွမ်းထက်သော ဖုံးကွယ်မှုစွမ်းရည်ပါဝင်သည့် ဟင်းလင်းပြင် အက်ကွဲကြောင်း၏ အကြီးမားဆုံးသော အသုံးဝင်မှုတစ်ခုဖြစ်သည်။
…
ယဲ့ရှောင်သည် ဧရာမသားရဲကြီးတစ်အုပ်ကို ဦးဆောင်ကာ ဤနေရာသို့ ရောက်ရှိလာခဲ့သည်။
“ သူဘယ်မှာလဲ? “
ယဲ့ရှောင်၏ မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးသွားသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်၊ သူ့ထံတွင် အဆိုပါ ကိုယ်ပွားတစ်သောင်း အကြွင်းအကျန်၏ အရှိန်အဝါကို ချိတ်ပိက်ထားသော မြို့သခင်ထံမှ ရရှိထားသည့် ကိုဩဒိနိတ်များ ရှိနေခဲ့သည်။
၎င်းကို အလိုရှိသလို အသုံးမပြုနိုင်ဘဲ၊ နာရီဝက်တစ်ခါမျှသာ အသုံးပြုနိုင်ပေသည်။
ဤရက်များအတွင်း၌ သူသည် တစ်ဘက်လူ၏ တည်နေရာကို ခဏခဏ ကြည့်ထားခဲ့ပြီး၊ သူက ဤနယ်မြေတွင်သာ ရှိနေကြောင်းကို သိရှိထားခဲ့သည်။
လွန်ခဲ့သော ဆယ်မိနစ်ခန့်က နောက်တစ်ကြိမ်ထပ်မံ၍ ကြည့်ရှုထားခဲ့ပြီး၊ တစ်ဖက်လူသည် ဤနေရာတွင်သာ ရှိနေခဲ့သည်။
လွန်ခဲ့သော ဆယ်နှစ်မိနစ်ခန့်က သူသည် ထိုလူ၏ အရှိန်အဝါကို အဝေးကပင် ခံစားသိရှိနေခဲ့ပြီဖြစ်သည်။
သို့သော် ရုတ်တရက်ဆိုသလိုပင် ပြိုင်ဘက်သည် လေထဲတွင် ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေခဲ့သည်။
“ ထူးဆန်းတယ်၊ သူက ဒီမှာပဲ တစ်ချိန်လုံးရှိနေခဲ့တာလေ၊ ဘာလို့ ရုတ်တရက်ကြီး ပျောက်သွားရတာလဲ? “
ယဲ့ရှောင်၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားကာ ရေရွတ်ပြောဆိုနေတော့သည် “ သူက ငါတို့ကို ရှာတွေ့သွားတာများလား? “
သူ့ဘေးနားရှိ အနက်ရောင် ကျားရဲသားရဲကြီးမှာလည်း လေသံတိုးတိုးလေးဖြင့် စကားပြောဆိုလာခဲ့သည် “ ဆရာ၊ သူရဲ့ တံခါးပိတ်ကျင့်ကြံမှု ပြီးသွားတာ ဖြစ်နေမလား? “
“ တစ်ခုခုတော့ မဟုတ်သေးဘူး “
ယဲ့ရှောင်မှ တွေးတွေးဆဆဖြင့် ပြောလာခဲ့သည် “ ဒီကိုယ်ပွားတစ်သောင်း အကြွင်းအကျန် ရုတ်တရက်ကြီး ပျောက်သွားခဲ့တာဆိုတော့ ဟင်းလင်းပြင် စွမ်းရည်များလား? “
“ ဟင်းလင်းပြင် စွမ်းရည်လား? “ အနက်ရောင်ကျားသည် အံ့ဩတုန်လှုပ်သွားခဲ့သည် “ သခင့် စိတ်ဝိညာဥ်ရဲ့ အာရုံခံနိုင်စွမ်းနဲ့ဆိုရင်၊ မိုင်ရာနဲ့ချီပြီးတော့ ထောက်လှမ်းလို့ရတယ်လေ၊ သူက အဲ့လောက်အဝေးကြီးကို ချက်ချင်းရောက်သွားတာလား? “
ယဲ့ရှောင်သည် တစ်ခဏခန့် တွေးတောစဥ်းစားကာ ခေါင်းခါပြလာခဲ့သည် “ ကိစ္စမရှိပါဘူး၊ သူက ဆယ်မိနစ်အတွင်းမှာ ဒီလောက်အဝေးကြီးကို မပြေးသွားနိုင်ဘူး၊ လူခွဲရှာကြမယ် “
“ ဟုတ် “
ယဲ့ရှောင်၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည် “ တကယ်လို့ အဲ့လောက်တောင် အစွမ်းထက်လွန်းတဲ့ ဟင်းလင်းပြင် စွမ်းရည်မျိုး ရှိနေမယ်ဆိုရင်၊ ငါတို့က သူ့ကို မမလေး လဲ့ဆယ်လုဆီ လက်လွှဲပေးလိုက်လို့ရတယ်၊ သူမက အဲ့လိုစွမ်းရည်မျိုးတွေကို ကြိုက်တယ် “
“ မမလေး လဲ့ဆယ်လုလား? “ အနက်ရောင် ကျားသားရဲကြီးသည် ထိုအမည်ကိုကြားသွားကာ ရုတ်တရက် ထိတ်လန့်သွားခဲ့သည် “ သူမက ဧကရာဇ် မျိုးနွယ်စုကလား? “
အမှောင်နယ်မြေ၏ တော်ဝင်မိသားစုအထက်တွင် ဧကရာဇ် မျိုးနွယ်စုကြီးသုံးခု ရှိသည်။
အဆိုပါ မျိုးနွယ်စုကြီး သုံးခုစလုံးသည် အမှောင်နယ်မြေထဲတွင် အတောင့်တင်းဆုံးသော နောက်ခံအင်အားများကို ပိုင်ဆိုင်ထားခဲ့သည်။
လဲ့ဆယ်လုသည် အဆိုပါ မျိုးနွယ်စုကြီးသုံးခုအနက်မှ တစ်ခု၏ အမွေခံဖြစ်သည်။
“ မမလေး လဲ့ဆယ်လုက မျိုးနွယ်စုတစ်သောင်းရဲ့ ပါရမီရှင်အများကြီးကို ကျွန်ပြုခဲ့တယ်လို့ ကျွန်တော်ကြားခဲ့ဖူးတယ် “ အနက်ရောင် ကျားသားရဲသည် မအောင့်ထားနိုင်တော့ဘဲ ရေရွတ်ပြောဆိုလာခဲ့သည် “ ဒါပင့်မဲ့ သူတို့တွေရဲ့ ကံကြမ္မာတွေက တော်တော်ကြီးကို ကြေကွဲဖို့ ကောင်းတယ်တဲ့ “
ယဲ့ရှောင်မှ ရယ်ရယ်မောမောဖြင့် ပြန်ပြောလာခဲ့သည် “ လူတိုင်းက မမလေး လဲ့ဆယ်လုရဲ့ ကျွန်မဖြစ်လာနိုင်ဘူး၊ သူမရဲ့ ကျွန်ဖြစ်ရတာကိုက မျိုးနွယ်စုတစ်သောင်းက လူတွေအတွက် ဂုဏ်ယူစရာပဲ “
“ သူတို့တွေက အဲ့တာကို တန်ဖိုးမထားခဲ့ကြဘူး၊ အဲ့လိုမျိုး အဆုံးသတ်သွားရတာက သူတို့ရဲ့ အမှားပဲ “
အနက်ရောင် ကျားသားရဲကြီးမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ ကိုယ်ပွားတစ်သောင်းရဲ့ အဲ့ဒီအကြွင်းအကျန်ကလည်း ခေါင်းမမာပါစေနဲ့လို့ မျှော်လင့်ပါတယ် “
ထိုအချိန်၌ ကြောက်မက်ဖွယ်ကောင်းသည့် အေးစက်စက် အလင်းတန်းတစ်ခုသည် သူ့ခေါင်းအထက်ရှိ ဟင်းလင်းပြင်ထံတွင် ရုတ်တရက် တောက်ပလာခဲ့ပြီး၊ ယဲ့ရှောင်ဆီသို့ ပစ်ခွင်းလာခဲ့သည်။
၎င်းမှာ ဟင်းလင်းပြင် အက်ကွဲကြောင်းဖြစ်သည်။
နတ်ဆိုး၏ ပါးစပ်တစ်ခုကဲ့သို့ ဟင်းလင်းပြင် ဆုတ်ပြဲသွားပြီး၊ ယဲ့ရှောင်ကို မျိုချလုမိအထိ ဖြစ်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ယဲ့ရှောင်၏ ကြွက်သားများ ဖောင်းကားလာခဲ့ပြီး၊ သူ့နဖူးတွင်ရှိနေသည့် အနက်ရောင် လျှပ်စီးတန်းမှာလည်း တလက်လက် တောက်ပလာခဲ့သည်။
တလက်လက် တောက်ပနေသည့် လျှပ်စီးအလင်းတန်းများကြားတွင် နောက်ဆက်တွဲပုံရိပ်များ ကျန်ရစ်နေခဲ့ပြီး၊ ချက်ချင်းဆိုသလိုပင် သူသည် မီတာ ၁၀၀၀အဝေးရှိ နေရာတစ်ခုဆီသို့ ရောက်ရှိသွားခဲ့သည်။
“ ခရက် !!! “
ဟင်းလင်းပြင် အက်ကွဲကြောင်းသည် ရုတ်တရက် ပိတ်ကျသွားခဲ့ပြီး၊ အချိန်မှီတုံ့ပြန်နိုင်စွမ်းမရှိသည့် အနက်ရောင် ကျားသားရဲကြီးကို ကိုယ်တစ်ပိုင်းပြတ်သွားစေကာ လေထဲမှ ပြုတ်ကျသွားစေခဲ့သည်။
ယဲ့ရှောင်သည် အရှေ့သို့ မော့ကြည့်လာခဲ့သည် “ ငါ့ကို ထောက်ချောက်ဆင်ရဲတယ်ပေါ့?? “
အရှေ့ဘက်ရှိ ဟင်းလင်းပြင်တွင် ပုံရိပ်တစ်ခုသည် ဖြည်းညှင်းစွာ ဖြစ်တည်လာခဲ့ပြီး၊ မီတာ ၁၀၀ရှည်လျားသည့် ရွှေရောင် နဂါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်၊ ၎င်း၏လက်သည်းငါးခုသည် အေးစက်စက် အလင်းတန်းများဖြင့် တောက်ပနေခဲ့သည်။
၎င်းမှာ အောင်းဖီအဖြစ် အသွင်ပြောင်းထားသည့် အထွတ်အထိပ် နဂါးသားရဲကြီးပင် ဖြစ်သည်။
“ အဲ့လို အမြန်နှုန်းမျိုးက “ နဂါးသားရဲကြီးသည် တအံ့တဩဖြစ်နေသည့် မျက်လုံးများဖြစ်သည့် ယဲ့ရှောင်ကို ငေးကြည့်နေခဲ့သည်။
ပြိုင်ဘက်သည် သားရဲမျိုးနွယ်စုရော၊ လူသားမျိုးနွယ်စုပါ မဟုတ်ဘဲ၊ ယခင်က သူတစ်ကြိမ်တစ်ခါမှ မမြင်တွေ့ခဲ့ဖူးသည့် သတ္တဝါတစ်မျိုး ဖြစ်နေခဲ့သည်။
သူသည် ဟင်းလင်းပြင် အက်ကွဲကြောင်းထဲတွင် ပုန်းနေကာ၊ သူ၏ယခုလက်ရှိ ဟင်းလင်းပြင် နည်းစနစ်များကိုပါ အသုံးပြုထားပြီး၊ အလွန်မြန်ဆန်သော အမြန်နှုန်းဖြင့် သေစေနိုင်သည့် တိုက်ခိုက်မှုတစ်ခုကို ပြုလုပ်ခဲ့သည်၊ ၎င်းအား ပဥ္စမအဆင့် အထွတ်အထိပ် ပညာရှင်များကပင် ထိခိုက်ဒဏ်ရာမရရှိဘဲ ၎င်းကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။
လူသားပုံစံရှိနေသည့် ဦးချိုတစ်ချောင်းပါသော သတ္တဝါတစ်ကောင်သည် ၎င်းကို လုံးဝ ရှောင်တိမ်းနိုင်ခဲ့သည်။
“ ဒါဆိုရင်လည်း ……. ဒီအကွက်ကို စမ်းလိုက်ကြည့်လိုက်ကွာ “
နဂါးသားရဲကြီးမှ ကြီးမားသော သူ၏ဧရာမလက်ကြီးကို ဝေ့ယမ်းလိုက်ကာ၊ လက်သည်းငါးခု ရွှေနဂါးပုံရိပ်များ ချက်ချင်း ပေါ်ထွက်လာခဲ့သည်။
သူသည် ကိုယ်ပွားတစ်သောင်း နည်းစနစ်ကိုသာ တစ်နေ့လုံး လေ့ကျင့်နေခဲ့သည်။
ယခု၌ သူသည် ကိုယ်ပွား ခုနစ်ခုအထိ ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်သည်။
အောင်းဖီအဖြစ် အသွင်ပြောင်းထားသောကြောင့် အဆိုပါ ကိုယ်ပွားများမှာလည်း အောင်းဖီကဲ့သို့ ဖြစ်နေခဲ့ကာ ယဲ့ရှောင်ကို ဝိုင်းထားလိုက်ကြသည်။
“ ဝေါင်းးး !!! “
ထိုအချိန်၌ အဆိုပါ ကိုယ်ပွားများသည် သူတို့၏ စွမ်းရည်များကို အသုံးပြုကာ ဟိန်းဟောက်ရင်းဖြင့် ယဲ့ရှောင်ဆီသို့ ပြေးတက်လာကြသည်။
“ ထင်ထားသလို ကိုယ်ပွားတစ်သောင်း အကြွင်းအကျန်ကောင် ဖြစ်နေတာပဲ “
ယဲ့ရှောင်၏ မျက်လုံးများ တောက်ပသွားခဲ့သည်၊ ကိုယ်ပွားတစ်သောင်း နည်းစနစ်ဆိုသည်မှာ အမှောင်နယ်မြေတွင် ထင်ရှားကျော်ကြားလှပြီး၊ ၎င်းက တစ်ချို့သော ဘုရင်များကပါ အလိုရှိနေသည့် နည်းစနစ်တစ်ခု ဖြစ်သည်။
သို့ရာတွင် အမှောင်နယ်မြေ၌ အဆိုပါ နည်းစနစ်၏ အမွေဆက်ခံမှု မရှိဘဲ၊ အပိုင်းပိုင်း အစစ ကွဲထွက်နေသည့် အချက်အလက်များသာ ရှိနေခဲ့သည်။
ထို့ကြောင့် အမှောင်နယ်မြေသည် ကိုယ်ပွားတစ်သောင်း၏ အကြွင်းအကျန်များကို အထူးအလေးနက်ထား ရှာဖွေနေကြပြီး၊ လေ့လာစူးစမ်းရန်အတွက် အမြဲလိုလို ဖမ်းဆီးလေ့ရှိသည်။
“ နှမြောစရာပဲ၊ တကယ်လို့ ငါကသာ မမလေး လဲ့ဆယ်လုဆီမှာ တောင်းဆိုစရာ တစ်ခုခု မရှိဘူးထင်တယ်၊ မင်းကို ငါ့ရဲ့ စီးတော်သားရဲအဖြစ် သေချာပေါက် လုပ်မှာပဲ “
ယဲ့ရှောင်၏ မျက်လုံးများထဲတွင် နောင်တရနေသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်၊ ထို့နောက်တွင် သူသည် သူ၏ လက်များဖြင့် စည်းတံဆိပ်များ ရေးဆွဲနေတော့သည်။
“ ဇွီ !!! “
ချက်ချင်းဆိုသလိုပင် လေဟာနယ်ထဲတွင် အနက်ရောင် လျှပ်စီးတန်းများ ပေါ်လာခဲ့ပြီး၊ လက်သည်းငါးခု ရွှေနဂါးကိုယ်ပွားများဆီသို့ ဦးတည်လာတော့သည်။
ခရက် …….. အားနှစ်ခု တိုက်မိသွားပြီး၊ လျှပ်စီးတန်းသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။
ကိုယ်ပွားတစ်သောင်း နည်းစနစ်ဖြင့် ဖွဲ့စည်းထားသော ကိုယ်ပွားများသည် မူလဇစ်မြစ်တူညီနေခဲ့ပြီး၊ တိုက်ခိုက်ရေးနှင့် ခုခံရေးနှစ်ခုစလုံးတွင် အလွန်တရာ အားကောင်းသော စွမ်းအားကို ထုတ်ဖော်ပြသလာခဲ့သည်။
သူတို့ကို ပျောက်ကွယ်သွားအောင် ပြုလုပ်ရန်မှာ ယဲ့ရှောင်အတွက် လွယ်ကူသော အလုပ်တစ်ခု မဟုတ်ပေ။
အထူးသဖြင့် ဤကမ္ဘာတွင် သူ၏ စွမ်းအားက အတိုင်းအတာတစ်ခုအထိ ဖိနှိပ်ခံထားရသော အချိန်မျိုးတွင် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ခုခံကာကွယ်ရေးအတွက် အဆိုပါ လျှပ်စီးတန်းများကို အားကိုးရန် လုံးဝမတွေးထားခဲ့ပေ။
ကိုယ်ပွားများ ပိတ်ဆို့တားဆီးခံထားရခြင်းကို အခွင့်ကောင်းယူကာ ယဲ့ရှောင်၏ လက်များသည် အလွန်မြန်ဆန်သော အမြန်နှုန်းဖြင့် လှုပ်ခတ်သွားကာ အနက်ရောင် ဓားရှည်တစ်လက်ကို ဖွဲ့စည်းလိုက်သည်။
မိုးကြိုးရုန်းများဖြင့် စာလုံးများ ရေးထိုးထားသည့် ဓားသည် လုံးဝမည်းနက်နေခဲ့သည်၊ ၎င်းပေါ်လာသည်နှင့်တစ်ပြိုင်နက် ကြောက်မက်ဖွယ်ကောင်းသည့် အမှောင်ထု အရှိန်အဝါတစ်ခု ပေါ်ထွက်လာခဲ့သည်၊ အထက်ကောင်းကင်ယံကို အဆုံးမဲ့ အမှောင်ထုဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
“ ခုတ် !!! “
ယဲ့ရှောင်သည် အဆိုပါ ဓားနက်ကြီးကို ကိုင်ဆောင်၍ ခုတ်ပိုင်းလာခဲ့သည်။
ဆွစ်ရှ် !!!
ချက်ချင်းဆိုသလိုပင် မှင်ကဲ့သို့ မည်းနက်နေသည့် မီတာ ထောင်နှင့်ချီ၍ ရှည်လျားသော ဓားစွမ်းအင်တစ်ခု ပွင့်ထွက်လာခဲ့ပြီး၊ ရွှေရောင် နဂါးကိုယ်ပွားခုနစ်ခုကို ဝါးမြိုသွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ၌ ယဲ့ရှောင်၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားနေသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။
သူဖွဲ့စည်းထားသည့် အနက်ရောင်ဓားသည် အမှောင်နယ်မြေ တော်ဝင်မိသားစု နည်းစနစ်ထံမှ မြစ်ဖျားခံလာခဲ့ခြင်းဖြစ်ပြီး၊ အနက်ရောင် စောင်ထည်တစ်ခုကဲ့သို့ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကိုပင် စုပ်ယူဝါးမြိုနိုင်စွမ်း ရှိနေခဲ့သည်။
တစ်ခြားကမ္ဘာတစ်ဖက်တွင် ရှိနေကာ ၎င်း၏ နိယာမ ဖိနှိပ်မှုကို ခံနေရသော ပတ်ဝန်းကျင်မျိုးတွင် ရှိနေခဲ့သော်လည်း၊ သူသည် သူ့မူလကိုယ် စွမ်းအား၏ ၇၀%ကို ထုတ်သုံးနေနိုင်စဲသာ ဖြစ်သည်။
ယဲ့ရှောင် ခန္ဓာကိုယ်အတွင်းမှ အနက်ရောင် စွမ်းအင်များသည် ဓားရှည်ထံသို့ တိုးဝင်သွားပြီး၊ ထပ်မံ၍ ခုတ်ပိုင်းလာပြန်သည်။
“ ဘုမ်းးးး !!! “
ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းသည် မှိန်ဖျော့ဖျော့ ကောင်းကင်ယံကို ခွဲခြမ်းသွားကာ ဆူနာမီတစ်လုံးကဲ့သို့ နဂါးသားရဲကြီးထံသို့ ချီတက်လာခဲ့သည်။
“ ဘယ်လောက်တောင် ဆိုးယုတ်လိုက်တဲ့ စွမ်းအားတွေလဲ !! “
ကိုယ်ပွားများက အနက်ရောင် ဓားအလင်းတန်းအောက်တွင် မည်ကဲ့သို့ ပျောက်ကွယ်သွားလဲဆိုသည်ကို အာရုံခံမိသွားပြီး၊ နဂါးသားရဲကြီး၏ အမူအရာ မည်းမှောင်သွားခဲ့သည်။
ရိုးရှင်းစွာ ပျောက်ကွယ်သွားခြင်းသာဆိုပါက သူထိုကဲ့သို့ ဖြစ်နေလိမ့်မည် မဟုတ်ပေ၊ သူသည် သူ၏ခန္ဓာကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်လာသည့် နတ်ဆိုးစွမ်းအင်များက ၎င်းတို့၏ စိတ်ဝိညာဥ်များကို တိုက်စားကာ ထိန်းချုပ်သိမ်းပိုက်ရန် ကြိုးပမ်းနေသည်ကို အာရုံခံမိနေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သူ၏ကိုယ်ပွားများထံတွင် အင်မော်တယ်စွမ်းရည်ကို အမွေဆက်ခံထားခဲ့ပြီး၊ ၎င်းသည် ဆိုးယုတ်သော ထိုစွမ်းအင်များကို တွန်းလှန်နိုင်ခဲ့သည်။
“ မြန်မြန် အဆုံးသတ်လိုက်ကြတာပေါ့ကွာ “
နဂါးသားရဲကြီး၏ မျက်လုံးများသည် ပိုပို၍ အေးစက်သွားခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် သူ၏ကိုယ်ပွားခုနစ်ခုကို ရုတ်သိမ်းလိုက်သည်။
ဝင်ရောက်လာသည့် အနက်ရောင် ဓားအလင်းတန်းနှင့် ရင်ဆိုင်ရသောအခါတွင် သူ့ကိုယ်တွင်းမှ အရှိန်အဝါတစ်ခုသည် ရုတ်တရုက် ပွင့်ထွက်လာခဲ့သည်။
“ ဗွီ !!! “
နဂါးသားရဲကြီး၏ ခန္ဓာကိုယ်ထံမှ မိုးပြာရောင် ရောင်ခြည်များ ပေါ်ထွက်လာခဲ့သည်။
ထို့နောက်တွင် သူ၏အရှိန်အဝါမှာလည်း လျင်မြန်စွာ မြင့်တက်သွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော အဆင့်တစ်ခုအထိ ရောက်ရှိသွားသည်။
ကောင်းကင်ဘုံ နဂါးပြောင်းလဲမှုငါးသွယ်၊ ဒုတိယ ပြောင်းလဲမှု၊ ရှေးဟောင်း မိုးပြာနဂါး အသွင်ပြောင်းခြင်း !!
ပဥ္စမအဆင့်သို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် နဂါးသားရဲကြီး၏ နတ်စွမ်းရည်များမှာလည်း ထပ်မံ၍ အဆင့်မြင့်သွားခဲ့သည်။
ပထမပြောင်းလဲမှု၊ မိုးပြာနဂါး ပြောင်းလဲမှုကိုးသွယ်သည် ဒုတိယအဆင့် ပြောင်းလဲမှုအဖြစ် အဆင့်တက်သွားခဲ့သည်။
ဒုတိယပြောင်းလဲမှု၏ ၁၀%အထိသာ ရောက်ရှိသွားခြင်း ဖြစ်သော်လည်း၊ ၎င်း၏ စွမ်းအားသည် ပထမအဆင့် ပြောင်းလဲမှုက ယှဥ်နိုင်သော အရာ မဟုတ်ပေ။
ထိုအချိန်၌ ဒုတိယပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုနှင့်အတူ ကမ္ဘာမြေ လှုပ်ခါသွားစေနိုင်သည့် အရှိန်အဝါတစ်ခုသည် နဂါးသားရဲကြီး၏ ခန္ဓာကိုယ်ထဲမှ ပေါက်ထွက်လာခဲ့သည်။
စွမ်းအားတစ်ခုသည် ကောင်းကင်ထက်သို့ ထောင်တက်လာခဲ့သည်။
မိုင်၁၀၀အတွင်းရှိ မြေပြင်သည် ချက်ချင်း လှုပ်ခါသွားခဲ့သည်။
မှင်ကဲ့သို့ ဖြစ်နေသည့် အနက်ရောင် ကောင်းကင်ပြင်ကပင် ငွေရောင်တောက်သွားခဲ့သည်။
“ ဝရုန်းးးး !!! “
ထိုအချိန်၌ ၎င်းသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့ ပြိုကျတော့မည့်အလား ဖြစ်နေခဲ့သည်။
“ ဝေါင်းးးးး “
နဂါးဟိန်းသံကြီးတစ်ခုနှင့်အတူ နဂါးသားရဲကြီးသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ ယဲ့ရှောင်ဆီသို့ တဟုန်ထိုး ပြေးတက်လာခဲ့သည်။
…………………………………………………………………………………………………………………………………………
အပိုင်း ( 419 )
ခေတ်အဆက်ဆက်၏ ပထမဦးဆုံးသော
ကောင်းကင်ထက်၌ အပြာနုရောင် အလင်းတန်းတစ်ခုသည် ကောင်းကင်ထက်သို့ ထောင်တက်လာခဲ့သည်။
နဂါးသားရဲကြီး၏ အရှိန်အဝါသည် အဆုံးမဲ့ စွမ်းအင်များဖြင့် တောက်လောက်နေသည့် နေမင်းကဲ့သို့ သူ့အနားတွင် လိမ့်တက်လာခဲ့သည်။ အရှေ့သို့ လက်သီးထိုးချက်တစ်ခု ပစ်သွင်းလာခဲ့ရာ၊ နတ်ဆိုးစွမ်းအင်ထဲသို့ တိုးဝင်သွားခဲ့သည်။
ထို့နောက်တွင် ၎င်းသည် လေတိုက်တိုင်း ကြီးထွားလာသကဲ့သို့ တဖြည်းဖြည်း ကြီးမားလာခဲ့ပြီး၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ အဆုံးမဲ့စွမ်းအင်များ စုစည်းလာခဲ့ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ပြင်အနှံ့ ပြည့်နှက်သွားခဲ့သည်။
ကမ္ဘာတစ်ခုလုံးတွင် အဆိုပါ လက်သီးထိုးချက် တစ်ခုတည်းသာ တည်ရှိနေသကဲ့သို့ ဖြစ်နေခဲ့သည်။
“ ဝုန်းးးး !!! “
ကြီးမားသော လက်သီးကြီးသည် အနက်ရောင် ဓားအလင်းတန်းနှင့် တိုက်မိသွားခဲ့သည်။
ဓားအလင်းတန်းမှ အော်ဟစ်မြည်တွန်လာခဲ့ပြီး၊ ချက်ချင်းဆိုသလိုပင် ၎င်း၏မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထို့နောက်၌ ဘမ်းဟူသော ပေါက်ကွဲသံနှင့်အတူ ၎င်းမှာ ပြိုကွဲပျက်စီးသွားခဲ့သည်။
ကြီးမားသော လက်သီးကြီးကမူ မည်သို့မျှ မရပ်တန့်သွားဘဲ၊ ယဲ့ရှောင်ထံသို့ တဟုန်ထိုး ပြေးဝင်လာစဲသာဖြစ်သည်၊ လမ်းတစ်လျှောက်လုံးတွင် ရှိနေသည့် အရာအားလုံးကို ချေမွသွားပြီး၊ အနက်ရောင် မြူထုကိုပင် တစ်ခေါက်ပြီးတစ်ခေါက် ပေါက်ကွဲထွက်သွားစေခဲ့သည်။
ယဲ့ရှောင်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားပြီး၊ အနက်ရောင် ဓားရှည်ကို အလောတကြီး ဆွဲကိုင်လိုက်သည်။
“ ဝှစ် !!! “
အဆုံးမဲ့ အနက်ရောင်စွမ်းအင်များသည် သူ့ဆီသို့ တိုးဝင်လာခဲ့ကာ၊ အံ့ဖွယ်ကောင်းလောက်အောင် ထူထဲသည့် ကြီးမားသော အနက်ရောင် စွမ်းအင်ဒိုင်းကာတစ်ခုအဖြစ် ဖွဲ့စည်းသွားခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ကြီးမားသော လက်သီးကြီးသည် အနက်ရောင် ဒိုင်းကာကြီးကို ပြင်းထန်စွာ ထိမှန်သွားခဲ့သည်။
ဝုန်းဟူသောအသံနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသည့် တုန်ခါမှုလှိုင်းလုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။
“ ဝရူးးးးးး “ မိုင်ရာနှင့်ချီ၍ ဖုံးလွှမ်းနေသည့် မုန်တိုင်းတစ်ခု တိုက်ခတ်လာခဲ့ကာ၊ လေဆင်နှာမောင်းတို့ပင် ဖြစ်တည်လာခဲ့ပြီး၊ ကမ္ဘာပျက်ကပ်မြင်ကွင်းသဖွယ် ဖြစ်နေခဲ့သည်။
စွမ်းအင်ဒိုင်းသည် လက်သီးချက်၏ ထိုးနှက်ခြင်းကို တိုက်ရိုက်ခံလိုက်ရပြီး၊ အသက်ရှူကြိမ်တစ်ကြိမ်မျှသာ တောင့်ခံနိုင်ခဲ့ကာ၊ ထို့နောက်တွင် ချက်ချင်း ပြိုကွဲသွားခဲ့သည်။
ထို့နောက်၌ …
လက်သီးကြီးသည် ယဲ့ရှောင်ကိုပါ ဖုံးလွှမ်းသွားခဲ့သည်၊ သူ၏ အသားများ ပွင့်ထွက်သွားသောကြောင့် ကျယ်လောင်သော အော်ဟစ်သံကြီးတစ်ခု ချက်ချင်း ပေါ်ထွက်လာခဲ့သည်။
အရေးအကြီးဆုံး အခိုက်အတန့်၌ ယဲ့ရှောင်၏ နဖူးပေါ်တွင် ရှိနေသည့် လျှပ်စီးအမှတ်အသားသည် ချက်ချင်း လင်းလက်တောက်ပလာခဲ့သည်။
“ ဆွစ်ရှ် !!! “ သူသည် အနက်ရောင် လျှပ်စီးတန်းအဖြစ် ပြောင်းလဲကာ လေဟာနယ်အတွင်းသို့ ချက်ချင်း ခုန်ဆင်းသွားတော့သည်။
ထိုစဥ် လက်သီးကြီးသည် ပစ်မှတ်ပျောက်ဆုံးသွားသည်ကို အာရုံခံမိသွားပြီး၊ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။
“ အဲ့တာက ဘာကြီးလဲဟ?? “
ထိုမြင်ကွင်းကို မြင်ကွင်းလိုက်ရသည့် နဂါးသားရဲကြီးသည် မအောင့်ထားနိုင်တော့ဘဲ အံ့ဩတကြီးဖြင့် ရေရွတ်ပြောဆိုနေခဲ့သည်။
ယဲ့ရှောင်၏ လျှပ်စီးတန်းအဖြစ် ပြောင်းလဲသွားမှုသည် သူ့အား ကွမ်ဟန်စစ်မြေပြင်တွင် ရင်ဆိုင်ခဲ့ရသည့် ကမ္ဘာ့ကြယ်သား သိုင်းပညာရှင်များကို အမှတ်ရသွားစေခဲ့သည်။
ကမ္ဘာ့ကြယ်သားတို့၏ မျိုးစေ့ပေါက်ကွဲခြင်းဆိုသည့် နည်းစနစ်သည် ယခုလေးတင် မြင်တွေ့ခဲ့ရသည့် မြင်ကွင်းနှင့် အတော်လေး တူညီနေခဲ့သည်။
အဆိုပါ မျိုးစေ့များကို ဖောက်ခွဲလိုက်သည့် အချိန်တွင် ကမ္ဘာ့ကြယ်သားတို့သည် သူတို့၏နဖူးများကို အသက်ဓာတ် ပစ္စည်းဖြင့် ထိုးဖောက်၍ သူတို့၏ သွေးအဆီအနှစ်ကို အသုံးပြုကာ အဆိုပါ နည်းစနစ်ကို အသက်သွင်းပြီး၊ ကြီးမားသော သားရဲကြီးများနှင့် ဓားများအဖြစ် ပြောင်းလဲသွားလေ့ရှိသည်။
နှိုင်းယှဥ်ရမည်ဆိုပါက ယဲ့ရှောင်၏ အသွင်ပြောင်းမှုသည် ပို၍သဘာဝဆန်နေခဲ့ပြီး၊ မည်သည့်သွေးအဆီအနှစ်နှင့် လျှို့ဝှက်နည်းစနစ်ကိုမှ အသုံးမပြုခဲ့ရပေ။
၎င်းသည် လူတစ်ဦးက ထိုစွမ်းရည်ကို မွေးရာပါစွမ်းရည်အဖြစ် ပိုင်ဆိုင်ထားပြီး၊ ကျန်လူတစ်ဦးမှာ အပြင်းအထန် လေ့ကျင့်ခဲ့ပြီးမှ ရယူနိုင်ခဲ့သည်နှင့် တူညီနေခဲ့သည်။
ထိုအချိန်၌ နဂါးသားရဲကြီးသည် ဆက်လက်၍ တွေးတောစဥ်းစားမနေတော့ပေ။
သူသည် လေဟာနယ်ထဲတွင် လှုပ်ရှားနေသည့် အနက်ရောင်လျှပ်စီးတန်းကို ကြည့်ကာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်၊ ထို့နောက်၌ သူ၏အရှေ့တွင် ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ချက်ချင်း ဖြစ်ပေါ်လာခဲ့သည်။
နဂါးသားရဲကြီးသည် ရှေ့သို့ တိုးကာ အက်ကွဲကြောင်းထဲသို့ ဝင်သွားခဲ့သည်။
“ သွား !!! “
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူ၏ပုံရိပ်သည် မိုင်တစ်ရာအကွာရှိ ကောင်းကင်ထက်တွင် ထပ်ပေါ်လာခဲ့သည်။
မိုင်၁၀၀အကွာတွင် ချက်ချင်း ပေါ်လာခဲ့ခြင်း ဖြစ်သည် !! ၎င်းသည် တည်နေရာ ကူးပြောင်းခြင်း မဟုတ်ပေ။ ပို၍ခက်ခဲသော ဟင်းလင်းပြင် ပြောင်းလဲခြင်း နည်းစနစ်သာ ဖြစ်သည်။
“ မင်း ပြေးလို့မလွတ်ပါဘူးကွာ “
နဂါးသားရဲကြီးမှ အေးစက်စွာ အောရယ်နေတော့သည်၊ သူ၏ပုံရိပ်သည် ဟင်းလင်းပြင် အက်ကွဲကြောင်းအတွင်းသို့ ထပ်မံ၍ ရောက်ရှိသွားပြန်သည်၊ အကြိမ်အနည်းငယ်မျှ ပြုလုပ်ခဲ့ပြီးသည့်နောက်တွင် သူသည် အနက်ရောင် လျှပ်စီးတန်းကို လိုက်မှီသွားခဲ့သည်။
ယဲ့ရှောင်မှ အသွင်ပြောင်းထားသည့် အနက်ရောင် လျှပ်စီးတန်းသည် လေဟာနယ်ထဲတွင် ပြေးလွှားနေစဲဖြစ်သည်။
သာမန်လူများကမူ ၎င်းကို မည်သို့မျှ ရှာဖွေထောက်လှမ်းနိုင်လိမ့်မည် မဟုတ်ပေ။
သို့ရာတွင် နဂါးသားရဲကြီးကမူ ဟင်းလင်းပြင် အက်ကွဲကြောင်းအတွင်းသို့ ဝင်ရောက်နေသောကြောင့် ပြိုင်ဘက်၏ တည်နေရာကို အလွယ်တကူ ရှာဖွေနေနိုင်ခဲ့သည်။
“ သေလိုက် !!! “
နဂါးသားရဲကြီးမှ လက်သီးဆုပ်လိုက်ရာ၊ များပြားလွန်းလှသော ဟင်းလင်းပြင် စွမ်းအင်များ ချက်ချင်း စုဝေးလာခဲ့ပြီး၊ ၎င်းတို့သည် ပြင်းပြင်းထန်ထန် တုန်ခါနေကာ၊ ဤဟင်းလင်းပြင်ကို အပြင်းအထန် လှုပ်ခါသွားစေခဲ့သည်။
“ ဘုမ်း ဘုမ်း ဘုမ်း !!! “
ဟင်းလင်းပြင် တုန်ခါမှု !!!
နဂါးသားရဲကြီး၏ ယခုလက်ရှိ စွမ်းအားကြောင့် အဆိုပါ တိုက်ကွက်၏ အကျိုးသက်ရောက်မှုမှာ အံ့ဖွယ်ကောင်းလွန်းနေခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့အရှေ့ရှိ ဟင်းလင်းပြင်သည် ဆူနာမီ လှိုင်းလုံးကြီးများ လှိုက်တက်လာသကဲ့သို့ မြင့်တက်လာကာ ပြိုကျလုမတတ် ဖြစ်သွားခဲ့သည်။
ပြေးလွှားနေသည့် ယဲ့ရှောင်သည် အားကောင်း ပြင်းထန်သော ဟင်းလင်းပြင် တုန်ခါမှုကြောင့် လေဟာနယ်အတွင်းမှ ဆန္ဒမရှိဘဲ ထွက်ခွာသွားခဲ့ရသည်။
“ ဖိနှိပ် !! “
နဂါးသားရဲကြီးမှ သူ၏လက်ဖဝါးကို ဆန့်တန်းလာခဲ့ရာ၊ နဂါးပုံသဏ္ဍာန် ဧရာမ စည်းတံဆိပ်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အဆိုပါ စည်းတံဆိပ်သည် ဘိုးဘေးနဂါးထံမှ ရရှိထားသော နည်းစနစ်ဖြစ်ပြီး၊ ၎င်းသည် အောက်ဘက်ရှိ ယဲ့ရှောင်ကို ဖိနှိပ်သွားခဲ့သည်။
ဘိုးဘေးနဂါး ကောင်းကင်ဖြိုခွင်း စည်းတံဆိပ် !!!
“ ဖောက် ဖောက် ဖောက် !!! “
လျှပ်စီးအလင်းတန်း ယဲ့ရှောင်သည် အနက်ရောင် အရည်များအဖြစ် ပေါက်ထွက်သွားကာ၊ သူ၏လူသားပုံံစံသို့ အတင်းအကြပ် ပြန်ပြောင်းခံလိုက်ရသည်။
ဘိုးဘေးနဂါး ကောင်းကင်ဖြိုခွင်း စည်းတံဆိပ်သည် အောက်သို့ ဆက်လက်၍ ကျဆင်းလာနေသေးစဲဖြစ်ပြီး၊ ယဲ့ရှောင်၏ ခန္ဓာကိုယ်မှာလည်း လျင်မြန်စွာ ကွဲအက်လာခဲ့ပြီး၊ အနက်ရောင်သွေးများ စီးထွက်လာခဲ့သည်။
တစ်ခဏအတွင်းမှာပင် ယဲ့ရှောင်သည် သွေးအိုင်တစ်ခုအဖြစ် ပြောင်းလဲသွားကာ နေရာမှာပင် သေဆုံးသွားခဲ့သည်။
သို့ရာ၌ အဆိုပါ သွေးအိုင်၏အတွင်းပိုင်းတွင် အနက်ရောင် ရောင်ခြည်များကို ထုတ်လွှင့်ကာ တလက်လက်တောက်ပနေသည့် အရာတစ်ခု တည်ရှိနေသေးသည်။
“ အဲ့တာက …….. “
နဂါးသားရဲကြီးမှ ၎င်းကို ကောက်ကြည့်လိုက်ရာ၊ အနက်ရောင် လက်ပတ်တစ်ခုဖြစ်နေသည်ကို သိရှိသွားခဲ့သည်။ သူ၏ စိတ်ဝိညာဥ်ဖြင့် အာရုံခံကြည့်လိုက်ရာ၊ လက်ပတ်အတွင်းတွင် ကြီးမားသော ဟင်းလင်းပြင်တစ်ခု ရှိနေသည်ကို ခံစားမိသွားခဲ့သည်။
သို့သော် အဆိုပါ ဟင်းလင်းပြင်ထံတွင် ချိတ်ပိတ်ထားသည့် အကာအရံတစ်ခု တည်ရှိနေပုံရပြီး၊ အထဲရှိ အရာကို မြင်တွေ့ချင်ပါက ၎င်းကို အရင်ဦးဆုံး ဖယ်ရှားရမည် ဖြစ်သည်။
“ ကြည့်ရတာတော့ ငါ့ရဲ့ ဟင်းလင်းပြင် နေရာလွတ်နဲ့ တူတယ်လို့ထင်တယ် “
နဂါးသားရဲကြီး၏ စိတ်နှလုံးသားသည် အနည်းငယ် လှုပ်ခတ်သွားခဲ့သည်၊ သူသည် အဆိုပါ လက်ပတ်ထဲတွင် အဖိုးတန်သော ပစ္စည်းတစ်ခုခု ရှိနေလိမ့်မည်ဟု ခံစားမိနေခဲ့သည်။
သို့ရာတွင် သူသည် ၎င်းကို စစ်ဆေးကြည့်ရှုရန် အလျင်မလိုသေးဘဲ၊ မူလတိုက်ပွဲနေရာဆီသို့ ပြန်လှည့်သွားခဲ့သည်။
…
သိပ်မကြာခင် အချိန်မှာပင် နဂါးသားရဲကြီးသည် အနက်ရောင် ကျားသားရဲနှင့် တစ်ခြားသော သားရဲကြီးများကို ရှာတွေ့သွားခဲ့သည်။
နဂါးသားရဲကြီးကို မြင်လိုက်ရသောအခါတွင် အနက်ရောင် ကျားသားရဲကြီးသည် ချက်ချင်းဒူးထောက်ချကာ တောင်းပန်လာခဲ့သည် “ ဆရာ၊ ကျွန်တော့်ကို ညှာတာပေးပါ။ ကျွန်တောက် ဒီနယ်မြေရဲ့ အနက်ရောင် ကျားမျိုးနွယ်စုက အဖွဲ့ဝင်တစ်ယောက်ပါ၊ အတင်းအကြပ် စေခိုင်းမှုကြောင့် ယဲ့ရှောင်နောက်ကို လိုက်နေရတာပါ “
တစ်ခြားသော အနက်ရောင် သားရဲကြီးများမှာလည်း သနားညှာတာပေးရန် တောင်းပန်လာကြသည် “ ဆရာ၊ ကျွန်တော်တို့ကို ညှာတာပေးပါ ….. “
သူတို့အားလုံးသည် နဂါးသားရဲကြီး၏ လုပ်နိုင်စွမ်းကို ကိုယ်တိုင်မြင်တွေ့ခဲ့ကြရသည်။
ယဲ့ရှောင်ကပင် သူ့ကို မယှဥ်နိုင်ခဲ့သည့်အတွက် သူတို့အားလုံး စုပေါင်းတိုက်ခိုက်မည်ဆိုလျှင်တောင်မှ သူတို့သည် သူ့၏ပြိုင်ဘက် ဖြစ်နေလိမ့်မည် မဟုတ်ပေ။
နဂါးသားရဲကြီးသည် သူတို့ကို ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည် “ ယဲ့ရှောင်က ဘယ်သူလဲ? “
“ ယဲ့ရှောင်က …… “
အနက်ရောင် ကျားသားရဲကြီးသည် အနည်းင် တွေဝေတုံ့ဆိုင်းသွားခဲ့သည်၊ သို့သော် နဂါးသားရဲကြီး၏ အကြည့်ကို မြင်တွေ့သွားသောအခါတွင် တုန်တုန်ရင်ရင် ဖြစ်သွားကာ အလောတကြီး ရှင်းပြလာခဲ့သည် “ ယဲ့ရှောင်က အမှောင်နယ်မြေရဲ့ ညအရိပ်တော်ဝင်မိသားစုက တော်ဝင်အဖွဲ့သားတစ်ယောက်ပါ …… “
“ အမှောင်နယ်မြေနဲ့ တော်ဝင်မိသားစုလား? “
နဂါးသားရဲကြီး၏ မျက်လုံးများ အနည်းငယ် မှေးကျဥ်းသွားခဲ့သည်၊ ထို့နောက်တွင် သူသည် ဆက်၍ မေးမြန်းလာခဲ့သည် “ အမှောင်နယ်မြေက ဘာကြီးလဲ? “
…………………………………………………………………………………………………………………………………
အပိုင်း ( 420 )
ခေတ်အဆက်ဆက်၏ ပထမဦးဆုံးသော ၂
“ အဲ့တာက ….. ကျွန်တော်လည်း ရှင်းရှင်းလင်းလင်း မသိထားပါဘူး၊ အမှောင်နယ်မြေက ရှေးခေတ်တည်းက ရှိနေခဲ့တယ်ဆိုတာကိုပဲ သိထားတာပါ၊ အဲ့တာက တစ်ခြားကမ္ဘာတစ်ခု ဖြစ်နေနိုင်ပါတယ်။ ကွမ်ဟန်ကို တိုက်ခိုက်နေတဲ့ ကမ္ဘာ့ကြယ်က အမှောင်နယ်မြေနဲ့ ဆက်စပ်နေပါတယ် “
“ ကမ္ဘာ့ကြယ်က အမှောင်နယ်မြေမှာ ရှိနေတာလား? “
“ မဟုတ်ဘူး၊ ကမ္ဘာ့ကြယ်နဲ့ ကြယ်ပြာဂြိုစ်နှစ်ခုစလုံးက စကြာဝဠာတစ်ခုတည်းမှာ ရှိနေတဲ့ ကမ္ဘာနှစ်ခုပါ၊ အမှောင်နယ်မြေကတော့ တစ်ခြား စကြာဝဠာတစ်ခုမှာ ရှိပါတယ်။ ကျွန်တော့်ရဲ့ တွက်ချက်မှုတွေအရဆိုရင်၊ ကမ္ဘာ့ကြယ်နဲ့သက်ဆိုင်တဲ့ ကမ္ဘာကြီးကို အမှောင်နယ်မြေက ဝါးမြိုထားတယ်လို့ ယူဆရပါတယ် “
“ ကမ္ဘာ့ကြယ်နဲ့ ကြယ်ပြာဂြိုဟ်က စကြာဝဠာတစ်ခုတည်းမှာပဲ ရှိနေတာလား? “ နဂါးသားရဲကြီးသည် တအံ့တဩဖြစ်သွားခဲ့သည်။
“ ဟုတ်ပါတယ်၊ အရင်တုန်းက ယဲ့ရှောင်က ဒီကမ္ဘာကြီးမှာ ကောင်းကင်ဘုံ၊ ကမ္ဘာ့ကြယ်နဲ့ ကြယ်ပြာဂြိုဟ် ဆိုတဲ့အလွှာသုံးခုက တူညီတဲ့ ကောင်းကင်ဘုံ အလွှာအောက်မှာပြီးတော့၊ အမှောင်နယ်မြေကတော့ နောက်အလွှာတစ်ခု ရှိတယ်ဆိုတဲ့ သီအိုရီကို တစ်ခါပြောပြခဲ့ဖူးပါတယ် “
အနက်ရောင် ကျားသားရဲကြီးမှ ထပ်ဖြည့်ပြောလာခဲ့သည် “ အဲ့တာက ယဲ့ရှောင်ပြောပြခဲ့တဲ့ အပိုင်းအစလေးတွေပါပဲ၊ မှန်မမှန်ဆိုတာကတော့ ကျွန်တော့်လို သေးငယ်တဲ့ အစေခံတစ်ယောက်ကို မသိနိုင်ပါဘူး၊ သွေးမျိုးဆက် သန့်စင်တဲ့ အထွတ်အထိပ် မျိုးနွယ်စုကြီးတွေကတော့ အများကြီးပိုသိနေမှာပါ “
“ ဒီယဲ့ရှောင်က အမှောင်နယ်မြေက တော်ဝင်မိသားစုရဲ့ အဓိက အဖွဲ့ဝင်တစ်ယောက်လား? “ နဂါးသားရဲကြီးမှ ရုတ်တရက် မေးမြန်းလာခဲ့သည်။
“ မဟုတ်ပါဘူး၊ တော်ဝင်မိသားစုရဲ့ အဓိက အဖွဲ့ဝင်တွေက တော်တော်ကြီးကို စွမ်းကြပါတယ်။ တော်ဝင်မိသားစုထဲမှာဆိုရင် ယဲ့ရှောင်က သာမန်စွမ်းရည်ရှိတဲ့ လူတစ်ယောက်လို့ပဲ သတ်မှတ်လို့ရပါတယ် “
အနက်ရောင် ကျားသားရဲကြီးမှ ဆက်ပြောလာခဲ့သည် “ ပြီးတော့ တော်ဝင်မိသားစုက အမှောင်နယ်မြေရဲ့ အထွတ်အထိပ် အင်အားစုတွေ မဟုတ်ပါဘူး၊ သူ့အထက်မှာ ဧကရာဇ် မျိုးနွယ်စုကြီး သုံးခုရှိပါတယ်၊ သူတို့က အမှောင်နယ်မြေရဲ့ အစစ်အမှန် အုပ်စိုးသူတွေပါ “
“ ဧကရာဇ် မျိုးနွယ်စုတွေလား? “
နဂါးသားရဲကြီးသည် အနည်းငယ် အံ့ဩသွားခဲ့သည်။
အနက်ရောင် ကျားသားရဲကြီးမှ ဆက်ပြောပြလာခဲ့သည် “ တကယ်လို့ အဲ့တာတွေက ထင်မြင်ယူဆချက်တွေပါပဲ၊ အမှောင်နယ်မြေရဲ့ အုတ်မြစ်က တော်တော်ကြီးကို ရှုပ်ထွေးပါတယ်၊ အဲ့ဒီ အထွတ်အထိပ်အဆင့် အစစ်အမှန် နတ်သားရဲ မျိုးနွယ်စုတွေကတောင် သူတို့ကို ကြောက်ကြပါတယ် “
“ အစစ်အမှန် နတ်သားရဲတွေက ကြယ်ပြာဂြိုဟ်ကိုပဲ စောင့်ကြပ်နေပြီးတော့ ကမ္ဘာ့ကြယ်ကို မတိုက်ခိုက်ရတဲ့ အကြောင်းအရင်းက သူတို့ဝင်ပါလာရင် အမှောင်နယ်မြေရဲ့ အစွမ်းထက် တည်ရှိမှုတွေကို နိုးကြားသွားစေမှာကို တွေးပူနေလို့ပါ “
“ ငါသိပြီ “
နဂါးသားရဲကြီးသည် အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်၊ ၎င်းသည် သူ၏ သံသယများထဲမှ တစ်ခုကို ဖြေရှင်းပေးသွားခဲ့သည်။
အစစ်အမှန် နတ်သားရဲများသည် နယ်ပယ်တူတွင် ကမ္ဘာ့ကြယ် သိုင်းပညာရှင်များကို အလွယ်တကူ ခြေမှုန်းနိုင်ပေသည်၊ သို့သော် သူတို့ကို ကွမ်ဟန် စစ်မြေပြင်တွင် မမြင်တွေ့ခဲ့ရပေ။
ယခုကြားသိရသလောက်အရဆိုပါက အခြေအနေများသည် သူတွေးထင်ထားသည်ထပ် ပိုမိုရှုပ်ထွေးနေပုံရသည်။
ထို့နောက်တွင် သူသည် အနက်ရောင် ကျားသားရဲကြီးကို ကြည့်ကာ ပြောလိုက်သည် “ မင်းရဲ့ အရေပြားပေါ်မှာ ဘာလို့ ဒီအရောင်ကြီး ပေါ်နေရတာလဲ? “
ဤသားရဲကြီးများထံတွင် ပိတ်ပိတ်ပိန်းအောင် မည်းမှောင်နေသည့် အမွှေးအတောင်နှင့် အရေပြားများ ရှိနေခဲ့သည်။
မျိုးနွယ်စုတစ်သောင်းအကြားတွင် အနက်ရောင် အရေပြားကို ပိုင်ဆိုင်ထားသည့် သားရဲမျိုးနွယ်စုများလည်း ရှိနေခဲ့သည်။
သို့သော် ဤသားရဲကြီးမူ တစ်ကိုယ်လုံး အနက်ရောင် ဖြစ်နေရုံတင်မဟုတ်ဘဲ၊ ခြောက်ခြားဖွယ်ကောင်းသော ခံစားချက်တစ်ခုကို ပေးစွမ်းနေသည့် အနက်ရောင် စွမ်းအင်များကိုပါ ထုတ်လွှတ်နေလျက်ရှိပြီး၊ လူအများကို စက်ဆုပ်ရွံရှာသွားစေလျက်ရှိသည်။
အနက်ရောင် ကျားသားရဲကြီးမှ သက်ပြင်းတချချဖြင့် ပြောလာခဲ့သည် “ ကျွန်တော်က ယဲ့ရှောင်ရဲ့ အတင်းအကြပ် ဖိအားပေးမှုကြောင့် အမှောင်နယ်မြေ သတ္တဝါတစ်ကောင်အဖြစ် ပြောင်းလဲသွားတာပါ၊ အဲ့တာကြောင့် အခုလိုလို သရဲလိုလို တစ္ဆေလိုလို အခြေအနေမျိုးမှာ ရှိနေတာပါ “
“ ငါသိပြီ “
နဂါးသားရဲကြီးသည် အသာအယာ ခေါင်းငြိမ့်ပြလိုက်ပြီး၊ ပြန်သွားတော့မည့်အလား တစ်ဖက်သို့ လှည့်သွားခဲ့သည်။
သို့သော် သူနောက်လှည့်သွားသည့် အခိုက်အတန့်တွင် ခြောက်ခြားဖွယ်ကောင်းသော အေးစက်စက် အလင်းတန်းများသည် အဆိုပါ သားရဲကြီး၏ မျက်လုံးများထဲတွင် ဖြစ်တည်လာခဲ့သည်။
“ ဟင်းလင်းပြင် !!! “
ထိုအခိုက်အတန့်တွင် ကြီးမားသော ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ပွင့်ဟလာခဲ့ပြီး၊ ကျိုအက်သံများနှင့်အတူ အဆိုပါ သားရဲကြီးများကို လုံးလုံးလျားလျား ဝါးမြိုသွားခဲ့သည်။
ဘုတ် ဘုတ် !!!
မျက်စိတစ်မှိတ်အတွင်းမှာပင် အလောင်းများ ပြန့်ကျဲသွားခဲ့သည်။
နဂါးသားရဲကြီးသည် သူ့နောက်ရှိ လှုပ်ခတ်မှုများကို အာရုံစိုက်မနေတော့ပေ၊ သူသည် ထိုသားရဲကြီးများကို ပထမဦးဆုံး စတွေ့ခဲ့သည့် အချိန်ကတည်းက ၎င်းတို့၏ ရန်လိုမှုများကို ခံစားမိနေခဲ့ခြင်း ဖြစ်သည်။
ယခင်က ပေါ်လာခဲ့သည့် ကြောက်ကြောက်လန့်လန့်ဖြင့် နာခံမှုရှိသည့် မျက်နှာစာသည် သူ၏ခွန်အားကြောင့် ယာယီဖြစ်ပေါ်လာသည့် စာမျက်နှာတစ်ခုသာသာမျှသာ ဖြစ်သည်။
“ အမှောင်နယ်မြေက သတ္တဝါတွေအဖြစ် ပြောင်းလဲခံလိုက်ရပြီဆိုတော့၊ သူတို့ရဲ့ စိတ်တွေကလည်း လုံးဝကျွန်ပြုခံလိုက်ရပြီ၊ သူတို့ရဲ့ ဆရာဆီပြန်သွားပြီးတော့ ငါ့ကို လာသတ်ပါလို့ ပြောချင်နေကြတာများလား? “
နဂါးသားရဲကြီးသည် သူ၏ဦးခေါင်းကို အသာအယာ ခါရမ်းနေတော့သည်၊ သူ၏ စိတ်ဝိညာဥ်စွမ်းအားဖြင့်သာဆိုပါက၊ သူသည် သူတို့၏ အတွေးများကို တစ်ကြိမ်မျှ ငေးကြည့်ရုံဖြင့် မြင်တွေ့နိုင်ပေသည်။
“ အမှောင်နယ်မြေရဲ့ နည်းလမ်းတွေက တစ်ခြားသက်ရှိတွေကို အမှောင်နယ်မြေက သတ္တဝါတွေအဖြစ် ပြောင်းလဲနိုင်လောက်တဲ့အထိ ထူးဆန်းနေလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “
သူသည် ဤသားရဲကြီးများကို လုံးဝမကြောက်ပေ။
ယခုလက်ရှိ သူ၏စွမ်းအားဖြင့်ဆိုပါက နယ်ပယ်သာတူနေသရွေ့ အထွတ်အထိပ်အဆင့် အစစ်အမှန် နတ်သားရဲများနှင့် ရင်ဆိုင်ရမည်ဆိုလျှင်တောင်မှ၊ သူသည် ၎င်းတို့ကို အနိုင်ယူရန်အတွက် ယုံကြည်ချက်ရှိပေသည်။
သို့ရာတွင် တစ်ဖက်လူ ပြောပြသွားခဲ့သည့် အမှောင်နယ်မြေအကြောင်းကမူ သူ့အား ဤကမ္ဘာကြီးအကြောင်းကို ပို၍နက်နက်ရှိုင်းရှိုင်း နားလည်သွားစေခဲ့သည်။
“ တကယ်လို့ ဟိုကျားကောင် ပြောတာတွေက မှန်နေမယ်ဆိုရင်၊ ကြယ်ပြာဂြိုဟ်ရဲ့ ရန်သူက ကမ္ဘာ့ကြယ်သားတွေတင် မဟုတ်ဘဲ၊ ကမ္ဘာ့ကြယ်နောက်ကွယ်မှာရှိနေတဲ့ အမှောင်နယ်မြေပါ ဖြစ်နေတာလား? “
အမှောင်နယ်မြေဟူသည့် အမည်သည် သူနှင့်စိမ်းနေသော အမည်တစ်ခု မဟုတ်ပေ။
မူလကိုယ်က လူသားဧကရာဇ် စည်းတံဆိပ်ကို အမွေဆက်ခံခဲ့စဥ်အချိန်က လူသားဧကရာဇ်သည် အမှောင်နယ်မြေအကြောင်းကို ထည့်သွင်းပြောပြခဲ့ဖူးသည်။
လူသားဧကရာဇ် စည်းတံဆိပ်ကိုယ်တိုင်ကပင် အမှောင်နယ်မြေကို ဖိနှိပ်နိုင်သည့် အဖိုးတန် ရတနာတစ်ခု ဖြစ်သည်ဟု ဆိုခဲ့သည်။
ဘိုးဘေးနဂါး အောင်းချန်က ကပ်ဘေးတိုင်းပြည်အကြောင်း ပြောဆိုခဲ့စဥ်က အမှောင်နယ်မြေအကြောင်းကို ထည့်သွင်းမပြောပြခဲ့သော်လည်း၊ ရှုကျိုးသည် ၎င်းက အမှောင်နယ်မြေနှင့် သက်ဆိုင်နေလိမ့်မည်ဟု ခံစားနေခဲ့ရသည်။
“ အမှောင်နယ်မြေ၊ တော်ဝင်မျိုးနွယ်စုတွေ၊ ဧကရာဇ် မျိုးနွယ်စုတွေ ….. “
နဂါးသားရဲကြီးသည် အတွေးယာဥ်ကြောထဲ နစ်မြုပ်သွားတော့သည်။
သူသည် ယဲ့ရှောင်နှင့် ရင်ဆိုင်ခဲ့ရပြီး၊ အမှောင်နယ်မြေ တော်ဝင်မိသားစု၏ နည်းလမ်းများကို မြင်တွေ့ခဲ့ရသည်၊ ၎င်းတို့သည် အမှန်ပင် ထူးဆန်းပြီး၊ များပြားနေခဲ့သည်၊ သို့သော် ယဲ့ရှောင်မှာ တော်ဝင်မိသားစု၏ သာမန်အဖွဲ့ဝင်တစ်ဦးသာ ဖြစ်နေခဲ့သည်။
ဧကရာဇ် မျိုးနွယ်စု၏ စွမ်းအားကမူ ပို၍ကြောက်မက်ဖွယ်ကောင်းနေလိမ့်မည် ဖြစ်သည်။
“ ပိုပြီးတော့ သန်မာလာရမယ် ….. “
နဂါးသားရဲကြီးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည်၊ အထွတ်အထိပ်အဆင့် အစစ်အမှန် နတ်သားရဲများကပင် ၎င်းတို့ကို ကြောက်ရွံ့ကြသောကြောင့်၊ သူသည်လည်း ၎င်းကို သတိထားရမည် ဖြစ်သည်။
သို့သော် သူသည် အချိန်သာ အလုံအလောက် ရမည်ဆိုပါက၊ ဧကရာဇ်မျိုးနွယ်စုဖြစ်စေ၊ တော်ဝင်မျိုးနွယ်စုဖြစ်စေ၊ သူက ၎င်းတို့အားလုံးကို ဖိနှိပ်နိုင်လိမ့်မည်ဟု ယုံကြည်နေလျက်ရှိသည်။
…
ထို့နောက်တွင် နဂါးသားရဲကြီးသည် သူ့နောက်ရှိ အလောင်းများကိုလှည့်ကြည့်လိုက်သည်။
“ ဒီကောင်တွေကိုရော စားလို့ရလောက်မလား? “
အဆိုပါ သားရဲကောင်များက အမှောင်သတ္တဝါများအဖြစ် ပြောင်းလဲသွားပြီ ဖြစ်သောကြောင့်၊ ၎င်းတို့ကို စားသုံးခြင်းက ပြဿနာ တစ်ခုခု ဖြစ်လာနိုင်၊ မလာနိုင်ဆိုသည်ကို မသေချာပေ။
နဂါးသားရဲကြီးသည် တစ်ခဏခန့် တွေးတောစဥ်းစားနေကာ အဆုံး၌ ၎င်းတို့ကို အရင်ယူသွားရန် ဆုံးဖြတ်ချက်ချလိုက်သည်။
သူသည် လက်ကို ဝေ့ယမ်းကာ အဆိုပါ အလောင်းများကို ဟင်းလင်းပြင် နေရာလွတ်ထဲသို့ ထည့်လိုက်သည်၊ ထို့နောက်တွင် သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ၊ ဤနေရာမှာ လျင်မြန်စွာ ပျံသန်းသွားတော့သည်။
…
လူသူကင်းမဲ့သော ချိုင့်ဝှမ်းအတွင်း၌
နဂါးသားရဲကြီးသည် တိတ်တဆိတ် ဆင်းသက်လာခဲ့ကာ အနက်ရောင် လက်ပတ်ကို ထုတ်ယူလိုက်သည်။
ပဥ္စမအဆင့်သို့ ရောက်ခဲ့ပြီးသည့်နောက်တွင် သူ၏ စိတ်ဝိညာဥ် အာရုံခံစားမှုမှာ သိသိသာသာ တိုးတက်အားကောင်းလာခဲ့ပြီး၊ အဆိုပါ လက်ပတ်ကို ရရှိခဲ့သည့် အချိန်တွင် သူ၏ စိတ်ဝိညာဥ် အာရုံခံစားမှုသည် အထဲတွင် ပစ္စည်းကောင်းတစ်ခုခု ရှိနေလိမ့်မည်ဟု ပြောနေခဲ့သည်။
ဤအခိုက်အတန့်တွင် နဂါးသားရဲကြီးသည် သူ၏ စိတ်ဝိညာဥ်ကို အဆိုပါ လက်ပတ်ထဲသို့ တိုက်ရိုက်ထုတ်လွှတ်လိုက်သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် စိတ်ဝိညာဥ် အမှတ်အသားတစ်ခုကို အာရုံခံမိသွားခဲ့သည်။
သူသည် ၎င်းကို တိုက်ရိုက်ဖျက်စီးပစ်လိုက်သည်၊ ယခုလက်ရှိ သူ၏စိတ်ဝိညာဥ်စွမ်းအားနှင့်သာဆိုပါက တစ်ချို့သော ဆဌမအဆင့် ပညာရှင်များကပင် သူ၏ပြိုင်ဘက်ဖြစ်နေမည် မဟုတ်ပေ။
…
မကြာခင်မှာပင် နဂါးသားရဲကြီးသည် လက်ပတ်ထဲတွင် ရှိနေသည့် စိတ်ဝိညာဥ် အမှတ်အသားကို လုံးဝ ဖယ်ရှားနိုင်ခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် လက်ပတ်အတွင်းရှိ ဟင်းလင်းပြင် ပေါ်ထွက်လာခဲ့သည်။
“ အဲ့တာက ….. “
လက်ပတ်အတွင်း၌ အနက်ရောင် ခြေလေးဖက်ပါရှိသည့် ကျောက်စိမ်းမီးဖိုတစ်ခု မျောလွင့်နေလျက်ရှိသည်။
ကျောက်စိမ်းမီးဖို၏ မျက်နှာပြင်ပေါ်တွင် ရှုပ်ထွေးပြီး ရှေးကျသော ကမ္ဗည်းများ ရေးထိုးထားပြီး၊ ဆိုးယုတ်သော နတ်ဆိုးအငွေ့အသက်တစ်ခုသည် ၎င်းထံမှ ထုတ်လွှတ်နေခဲ့သည်။
နဂါးသားရဲကြီးသည် အတွေးတစ်ခုဖြင့် ခြေလေးချောင်း ကျောက်စိမ်းမီးဖိုကို ထုတ်ယူလိုက်သည်။
သူသည် အဆိုပါ မီးဖိုထဲသို့ ချီ-သွေးစွမ်းအင်များ ဖြည့်သွင်းကြည့်လိုက်သည်။
“ ဗွီ !!! “
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ကျောက်စိမ်းမီးဖိုသည် အနည်းငယ် တုန်ခါလာခဲ့ပြီး၊ ၎င်းထဲမှ မှောင်မိုက်သော အရှိန်အဝါတစ်ခု လျှံထွက်လာခဲ့သည်။
“ ဟမ်? “
နဂါးသားရဲကြီး၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားသည်၊ အဆိုပါ အရှိန်အဝါသည် ယခင်က ယဲ့ရှောင်ထံတွင် မြင်တွေ့ခဲ့ရသည့် ဆိုးယုတ်သော အရှိန်အဝါနှင့် အတော်အတန် တူညီနေခဲ့သည်။
သူသည် တစ်စုံတစ်ခုကို နားလည်သွားပုံရပြီး၊ သူ၏ ချီ-သွေးစွမ်းအင်ကို အဆိုပါ မီးဖိုအတွင်းသို့ ထပ်မံ၍ ဖြည့်သွင်းလိုက်ပြန်သည်။
“ ဒီမီးဖိုက ချီ-သွေးစွမ်းအားကို အမှောင်နယ်မြေရဲ့ စွမ်းအင်အဖြစ် တကယ်ကြီး ပြောင်းလဲပေးနိုင်တာပဲ “ နဂါးသားရဲကြီး၏ မျက်နှာပေါ်တွင် အံ့ဩမှုနှင့် လေးစားမှု အရိပ်အငွေ့များ ရောပြွန်းနေသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်။
ကြယ်ပြာဂြိုဟ်ပေါ်ရှိ သက်ရှိသတ္တဝါအားလုံးသည် ချီ-သွေးစွမ်းအင်ကိုသာ ကျင့်ကြံကြသည်။
အမှောင်နယ်မြေမှ ကျင့်ကြံသူများကမူ အမှောင်အမျိုးအစား စွမ်းအင်တစ်မျိုးမျိုးကို လေ့ကျင့်ကြသည်။
အဆိုပါ စွမ်းအင်နှစ်ခုသည် အပြန်အလှန် တွန်းကန်လေ့ရှိပြီး၊ သက်ရှိတစ်ဦး၏ ခန္ဓာကိုယ်ထဲတွင် အတူပူးတွဲ မတည်ရှိနိုင်ပေ။
သို့သော် ဤမီးဖိုကမူ အဆိုပါ စွမ်းအင်များကို ပြောင်းလဲပေးနိုင်ခဲ့သည်။
“ အဲ့ဒီသားရဲကောင်တွေက အမှောင်သတ္တဝါတွေအဖြစ် ပြောင်းလဲခံလိုက်ရတာက ဒီမီးဖိုကြောင့်များလား? “ နဂါးသားရဲကြီးမှာ မျက်မှောင်ကြုတ်သွားခဲ့သည်။
အကယ်၍ ထိုကဲ့သို့သာ ဖြစ်နေမည်ဆိုပါက၊ အမှန်ပင် ကြောက်မက်ဖွယ်ကောင်းနေလိမ့်မည် ဖြစ်သည်။
အမှောင်နယ်မြေ၏ တော်ဝင်မိသားစုမှ သာမန်လူတစ်ဦးထံတွင် ထိုကဲ့သို့သော ရတနာမျိုး ပိုင်ဆိုင်ထားခဲ့သည်။ အမှောင်နယ်မြေ၏ အင်အားနှင့် အုတ်မြစ်တို့မှာ အလွန်ပင် နက်ရှိုင်းနေမည် ဖြစ်သည်။
သို့ရာတွင် နဂါးသားရဲကြီးကမူ ဤမီးဖိုကို တစ်ခြားသော ကိစ္စများအတွက် အသုံးပြုကောင်း ပြုနေနိုင်ပေသည်။
“ ဒီဟာရယ်၊ သားရဲတစ်သောင်း တုပခြင်းရယ် ပေါင်းလိုက်မယ်ဆိုရင်၊ ငါက ကမ္ဘာ့ကြယ်သား ဒါမှမဟုတ် အမှောင်နယ်မြေသားအဖြစ် ရုပ်ဖျက်လို့ရပြီ “
နဂါးသားရဲကြီးသည် အကယ်၍ သူကသာ နောင်အနာဂတ် ကွမ်ဟန်ခရီးစဥ်များတွင် အဆင့်မြင့် ကမ္ဘာ့ကြယ်သား ပညာရှင်အဖြစ် ရုပ်ဖျက်လိုက်မည်ဆိုပါက စိတ်ဝင်စားဖွယ်ကောင်းသည့် ဖြစ်ရပ်များ ဖြစ်ပေါ်လာလိမ့်မည်ဟု တွေးတောမိသွားခဲ့သည်။
သို့ရာတွင် ၎င်းမှာ သူ့အတွက် အလှမ်းဝေးနေသေးသော ကိစ္စများ ဖြစ်သည်။
“ အခုတော့ ကိုယ့်ကိုကိုယ် မြန်မြန်ဆန်ဆန် တိုးတက်လာအောင်ပဲ လုပ်ရမယ် “
နဂါးသားရဲကြီးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည်၊ ပဥ္စမအဆင့်နယ်ပယ်မှာ အမှန်ပင် အစွမ်းထက်နေပြီဖြစ်သည်၊ သို့သော် ၎င်းမှာ မလုံလောက်သေးပေ။
သူသည် အရာအားလုံးကို ဖိနှိပ်နိုင်သည်အထိ သန်မာအားကောင်းလာရမည် ဖြစ်သည်။
…
ထို့နောက်တွင် နဂါးသားရဲကြီးသည် အမြန်ဆုံးသော အရှိန်နှုန်းဖြင့် အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို စတင်၍ ပြုလုပ်နေတော့သည်။
ထိုစဥ် ကွမ်ဟန် သိုင်းပညာတက္ကသိုလ်ရှိ မူလကိုယ်၏ နတ်စွမ်းရည် ကျင့်ကြံမှုမှာလည်း အထွတ်အထိပ်အထိ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
စံအိမ်အတွင်း၌
ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်လှိုင်းလုံးတစ်ခုသည် ရှုကျိုး၏ ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ပွင့်ထွက်လာခဲ့သည်။
အဆိုပါ လှိုင်းလုံးထံတွင် ဂုဏ်သတ္တိ(သို့) စွမ်းအင်ငါးမျိုး ပေါင်းစပ်ပါဝင်နေခဲ့သည်။
ရှုကျိုး၏ ကလီစာငါးခု ဟင်းလင်းပြင်များ အတွင်း၌ တံခါးပေါက်ငါးခု ပွင့်ဟလာခဲ့သည်။
အဆိုပါ တံခါးငါးခုအနက် နှလုံးတံခါးပေါက်၊ သရက်ရွက် တံခါးပေါက်နှင့် အဆုတ်တံခါးပေါက်တို့သည် အစစ်အမှန် နတ်စွမ်းရည်များအဖြစ် အားဖြည့်ထားခဲ့ပြီးပြီ ဖြစ်သည်။
( အစစ်အမှန် နတ်စွမ်းရည်အဖြစ် ဖွဲ့စည်းနိုင်ခဲ့တာ၊ ဘာမှ ဆက်လုပ်စရာမလိုတော့တာပါ )
ကျောက်ကပ်နှင့် အသည်းတံခါးပေါက်များကမူ နတ်စွမ်းမျိုးစေ့အဖြစ်သို့ ရောက်ရှိသည်အထိ အားဖြည့်ထားခဲ့ပြီးပြီ ဖြစ်သည်။
( မျိုးစေ့အဖြစ်ပဲ ရှိသေးပြီး အစစ်အမှန် နတ်စွမ်းရည်ဖြစ်တဲ့အထိ ဆက်ပြီးတော့ အားဖြည့်တည်ဆောက်ရဦးမှာပါ )
“ ရက်ပေါင်းများစွာ ကျင့်ကြံနေခဲ့ပြီးတဲ့နောက်မှာ မီး၊ မြေနဲ့ သတ္ထုနတ်စွမ်းရည်တွေကို ဖွဲ့စည်းနိုင်ခဲ့ပြီ “
“ အခုဆိုရင် ရေနဲ့ သစ်သား၊ နှစ်ခုပဲ ကျန်တော့တယ် “
ရှုကျိုးသည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ဟ၍ ပြုံးသွားခဲ့သည် “ ငါ့ဆီမှာ နတ်စွမ်းမျိုးစေ့ နှစ်ခုလုံးကို တိုက်ရိုက်ရင့်မှည့်သွားအောင် လုပ်နိုင်တဲ့ နည်းလမ်းတစ်ခု ရှိနေတာ ကံကောင်းတယ် “
အဆိုပါ နတ်စွမ်းရည်ငါးခု ဖွဲ့စည်းသွားသည်နှင့်တစ်ပြိုင်နက်၊ ဓာတ်ကြီးငါးပါး နတ်နည်းစနစ် မွေးဖွားလာမည်ဖြစ်ကာ၊ ရှုကျိုးမှာလည်း ခေတ်အဆက်အဆက်၏ ပထမဦးဆုံးသော လူတစ်ဦး ဖြစ်လာလိမ့်မည် ဖြစ်သည်။
………………………………………………………………………………………………………………………………………..