← Chapters

ကြီးမားသောတိုးတက်မှု၊ ကီလိုဂရမ် ၃၀၀၀၀၏ အံ့ဖွယ်ကောင်းသော ခွန်အား ၃

Vol. 13 Ch. 191

ကြီးမားသောတိုးတက်မှု၊ ကီလိုဂရမ် ၃၀၀၀၀၏ အံ့ဖွယ်ကောင်းသော ခွန်အား ၃

Vol. 13 Ch. 191

“ ကောင်းပြီလေ၊ ဒါဆိုရင်လည်း ၁သောင်းပေါ့ “

လျူတျန်မုသည် နာကျင်သွားသည့်ပုံပေါ်သည်၊ သို့သော် မည်သည့်စကားမှ ထပ်မပြောလာခဲ့ပေ။

သူသည်လည်း လျူယောင်တုန်က ပေါက်ကွဲသွားပြီး နောက်ဆုတ်သွားသောကြောင့် အခွင့်အရေးကောင်းအား လက်လွှတ်လိုက်ရမည်ကို ကြောက်ရွံ့နေခဲ့သည်။

“ မင်းရဲ့ ဝမ်းကွဲကို ဂရုစိုက်ဖို့ပြောလိုက် “ လျူတျန်မုမှ အပြုံးဖြင့် သတိပေးလာခဲ့သည် “ အဲ့ဒီရှုကျိုးက မင်းတို့ ထင်ထားသလောက် မရိုးရှင်းဘူး။ သွေးကြောမှတ် အခု၃၀တည်းနဲ့ သွေးကြောမှတ် ၁၀၀ကျော်ထားတဲ့ လူတွေကို အနိုင်ယူထားတာ။ သူက မင်းရဲ့အစ်ကိုကို တကယ်ကြီး ကိုင်တွယ်နိုင်လောက်တယ် “

“ စိတ်မပူစမ်းပါနဲ့၊ တကယ်လို့ ငါ့အစ်ကိုက ရှုကျိုးကို မနိုင်ဘူးဆိုရင်၊ ငါက သူ့မျိုးရိုးနာမည်ကို ယူလိုက်မယ် “

လျူယောင်တုန်မှ ဒေါသတကြီး လှောင်ပြောင်လာခဲ့ပြီး၊ မကျေမနပ်ဖြစ်နေသည့် အမူအရာမျိုးဖြင့် လှည့်ထွက်သွားတော့သည်။

ဤတစ်ကြိမ်တွင် လျူတျန်မုမှ သူ့ကို မတားဆီးလာခဲ့ပေ၊ သူ၏မျက်မှာပေါ်တွင် စိတ်ကျေနပ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

…

အဝေးသို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် လျူယောင်တုန်၏ မျက်နှာပေါ်ရှိ ဒေါသများ ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီး၊ ၎င်း၏ နေရာတွင် ပျော်ရွှင်ကြည်နူးမှုများ အစားထိုး ဝင်ရောက်လာခဲ့သည်။

“ အဲ့လူက တကယ်ကြီးကို လာကြည့်ခဲ့တာပဲ “

သူသည် တိတ်တဆိတ် ကျေနပ်သွားခဲ့သည် “ အကျိုးပြုအမှတ် ၁သောင်း၊ လျူတျန်မုက အဲ့လောက်တောင် ငွေစုနိုင်လိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “

လျူယောင်တုန်သည် အလွန်အမင်း စိတ်လှုပ်ရှားနေလျက်ရှိသည်၊ ငါတို့ကတော့ ထီပေါက်တော့မှာပဲ !!

၎င်းကို တွေးမိသွားသောအခါတွင် သူသည် ဖုန်းကို အမြန်ထုတ်ကာ ရှုကျိုးထံသို့ သတင်းကောင်းကို မျှဝေပေးလိုက်သည်။

…

ထိုအချိန်၌ ရှုကျိုးသည် သူ၏အိမ်အမြန်လမ်းမပေါ်တွင် လမ်းလျှောက်နေလျက်ရှိသည်။

လျူယောင်ဆီမှ စာကို မြင်လိုက်ရသောအခါတွင် သူအနည်းငယ် အံ့ဩသွားခဲ့သည်။

“ ဒီလောက်တောင် မြန်တာလား? “

လျူတျန်မု လှုပ်ရှားလာခဲ့သည့် အမြန်နှုန်းသည် သူမျှော်မှန်းထားသည်ထပ် ပိုနေခဲ့သည်။

မကြာခင်မှာပင် ရှုကျိုးမှ စာပြန်ပို့လိုက်သည် “ သွေးရိုင်းဆေးရဲ့ တန်ဖိုးက အကျိုးပြုအမှတ် ၁သောင်းထပ် တော်တော်လေးကို များတယ်၊ မင်းက ပိုတောင်းလိုက်လို့ရတယ် “

လျူယောင်တုန် : “ အမ်၊ ကြည့်ရတာတော့ အဲ့လိုဖြစ်မဲ့ပုံပဲ၊ ဒါပင်မဲ့ သူက အဲ့လောက်မြန်မြန်ကြီး ရောက်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး၊ အဲ့လူက အရှက်မရှိဘူး၊ အစတုန်းက ငါ့ကို အကျိုးပြုအမှတ် ၅ထောင်ပဲ ပေးခဲ့တာ “

ရှုကျိုး : “ စိတ်မပူပါနဲ့၊ ၁သောင်းဆိုတာက အဆင်ပြေပါသေးတယ်၊ ငါတို့က ဘာမှ မဆုံးရှုံးသွားရဘူးလေ။ အဓိကကိစ္စကတော့ မနက်ဖြန်မှာ လုပ်မဲ့ တိုက်ပွဲပဲ။ မင်းအစ်ကိုကို အားနည်းချက်မပေါ်သွားအောင် လုပ်ဖို့ သေချာပြောထား။ သူက တကယ်တိုက်ဖို့ လိုတယ် “

လျူယောင်တုန် : “ အဲ့တာက ငါ့က မင်းကို ပြောသင့်တဲ့ စကားကြီး မဟုတ်ဘူးလား? မင်းက ခဏလောက်ပဲ တောင်ခံနိုင်မယ်ဆိုရင် ဒါမှမဟုတ် ငါ့ရဲ့အစ်ကို မင်းကို တစ်ကွက်တည်းနဲ့ နိုင်သွားမယ်ဆိုရင် အဲ့တာကအတုကြီးနဲ့ တူသွားလိမ့်မယ် “

ရှုကျိုး : “ စိတ်မပူစမ်းပါနဲ့၊ ဒီတိုက်ပွဲမှ မဟုတ်ဘူး၊ ငါက ကျန်းချွမ်ကိုပါ မကြောက်ဘူး “

လျူယောင်တုန် : “ တကယ်လား? ငါ့အစ်ကိုက သွေးကြောမှတ် ၁၅၀ကျော် ဖွင့်ထားတာနော်၊ သွေးကြောမှတ် ၁၄၀ကျော် ဖွင့်ထားတဲ့လူတွေကတောင် သူနဲ့ တိုက်ကွက်နည်းနည်းလောက်တောင် မဖလှယ်နိုင်ကြဘူး “

ရှုကျိုး : “ ငါက သွေးကြောမှတ် အခု၃၀တည်းနဲ့ သွေးကြောမှတ် ၁၀၀ကျော်တဲ့လူကို နိုင်ထားတာလေ၊ အခုဆိုရင် ငါရဲ့ သွေးကြောမှတ်က အခု၇၀အထိ ရှိနေပြီ၊ ငါ့ရဲ့ စွမ်းအားက ဘယ်လိုဖြစ်နေမယ်လို့ မင်းထင်လဲ? “

လျူယောင်တုန် : “ အမ်၊ မသိဘူးလေ၊ ငါက ငါ့အစ်ကိုက တော်တော်ကြီးကို စွမ်းတယ်ဆိုတာပဲ သိတယ်။ သူက ကျောင်းက ဒုတိယအဆင့် ပညာရှင်တွေနဲ့ တိုက်ခဲ့တဲ့ အချိန်တုန်းကတောင် လုံးဝ မရှုံးခဲ့ဘူး “

ရှုကျိုး : “ မနက်ဖြန်ရောက်တဲ့ အချိန်အထိ စောင့်ကြည့်နေပေါ့ကွာ “

သူသည် စာပြန်ခြင်းကို ရပ်တန့်ကာ အိမ်သို့ အမြန် ပြန်နေတော့သည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌

ရှုကျိုးသည် အိမ်ပြန်ရောက်လာခဲ့ပြီဖြစ်ပြီး၊ အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည်။

“ သွေးကြောမှတ် ၁၅၀ကျော် ………. “

ရှုကျိုးမှာလည်း နောက်တစ်နေ့တွင် ဖြစ်ပေါ်လာမည့် တိုက်ပွဲကို စိတ်အားထက်သန်စွာဖြင့် စောင့်မျှော်နေသည်၊ သူသည် သူက ထိုကဲ့သို့သော ပါရမီရှင်များနှင့် ယှဥ်နိုင်မည်လားဆိုသည်ကို သိချင်နေလျက်ရှိသည်။

သူသည် သွေးကြောမှတ် အခု၃၀တည်းသာ ရှိခဲ့စဥ်အချိန်က သွေးကြောမှတ် အခု ၁၀၀ကျော်ဖွင့်ထားသည့်လူများကို အနိုင်ယူနိုင်ခဲ့သည်။

သို့သော် သွေးကြောမှတ် ၁၀၀နှင့် သွေးကြောမှတ် ၁၄၀တို့ကြားတွင်မူ ကြီးမားသောကွာဟချက် ရှိနေခဲ့သည်။

နတ်သိုင်းဌာနမှ သွေးကြောမှတ် ၁၄၀ကျော် ဖွင့်ထားသည့် လူများသည် အစစ်အမှန် သိုင်းပညာဌာနမှ ပါဖက်စနစ်ကို ဆန့်ကျင်ရန်အတွက် ပြုစုပျိုးထောင်ခံခဲ့ရခြင်း ဖြစ်သည်၊ ထို့ကြောင့် သူတို့သည် သေချာပေါက် အားနည်းနေလိမ့်မည် မဟုတ်ပေ။

ကျန်းချွမ်ကမူ သွေးကြောမှတ် ၁၄၀ကျော်သည့်လူ မဟုတ်ဘဲ၊ ၁၅၀ကျော် ဖွင့်ထားသည့် လူတစ်ဦးဖြစ်သည်။

လျူယောင်တုန်၏ ပြောစကားများအရ သွေးကြောမှတ် ၁၄၀ကျော် ဖွင့်ထားသည့် လူများကပင် ကျန်းချွမ်၏လက်ထဲတွင် အကွက်အနည်းငယ်မျှ တောင့်မခံနိုင်ဘူးဟု သိခဲ့ရသည်။

၎င်းကို ကြည့်ခြင်းအားဖြင့် ကျန်းချွမ်၏ အစွမ်းက မည်မျှ ကြောက်မက်ဖွယ်ကောင်းလဲဆိုသည်ကို သိနိုင်ပေသည်။

“ ဘေးကင်းစိတ်ချရဖို့အတွက် ဒီနေ့မှာ ငါ့ရဲ့ခွန်အားကို မြှင့်ထားသင့်တယ် “ ရှုကျိုးမှ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည်။

သူသည် တင်ပျဥ်ခွေထိုင်လိုက်ပြီး၊ သူ၏ကိုယ်ပွားထံသို့ သူ၏စိတ်အာရုံကို စေလွှတ်လိုက်သည်။

…

နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ အပြင်ပိုင်းနယ်မြေ

တောင်တန်းတောအုပ်တစ်ခုအတွင်း၌

၇မီတာရှည်လျားသော ခရမ်းရောင် ခြသေ့်ထီးတစ်ကောင်သည် များစွာသော ခြသေ့်မများကို ဝန်းရံခြင်းနှင့်အတူ မြေပြင်ပေါ်တွင် တစ်ရေးတစ်မော အိပ်စက်အနားယူနေလျက်ရှိသည်။

အဆိုပါ ခြသေ့်သည် ဤတောအုပ်၏ အုပ်စိုးသူဖြစ်ပြီး၊ ၎င်း၏ ဩဇာအာဏာသည် ကီလို ၅၀တစ်ဝိုက်ရှိ နေရာများအထိ အကျိုးသက်ရောက်မှု ရှိနေခဲ့သည်။

ထိုအချန်၌ ၎င်းသည် မျက်လုံးများကို မှိတ်ထားကာ ခြသေ့်မတို့၏ အပြုစုအယုယကို ကျေနပ်စွာ ခံယူနေလေသည်။

( ကျွန်တော်တောင် အားကျသွားပြီဗျို့ )

“ ဟမ်? “ ရုတ်တရက် ဆိုသလိုပင် တစ်စုံတစ်ခုကို အာရုံခံမိသွားသကဲ့သို့ ၎င်း၏မျက်လုံးများ ပွင့်ဟလာခဲ့သည်။

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ၎င်းမှ ထရပ်လာခဲ့ကာ အဝေးရှိ ကောင်းကင်ယံသို့ ဟိန်းဟောက်လိုက်သည်။

“ ဝေါင်းးး ~~ “

ခရမ်းရောင် ခြသေ့်၏ ဟိန်းဟောက်သံသည် တောအုပ်တစ်ခုလုံးထံသို့ ပဲ့တင်ထပ် ရောက်ရှိသွားခဲ့သည်။

ပတ်ပတ်လည်ရှိ ခြသေ့်မတို့မှာလည်း မည်သည့်အရာများဖြစ်ပျက်နေလဲဆိုသည်ကို မသိကြဘဲ ကြောက်ရွံ့မှုများကြောင့် ဝပ်တွားသွားကြသည်။

“ ဝေါင်းးး !! “

ကြီးစိုးသော ဟိန်းဟောက်သံတစ်ခုသည် ကောင်းကင်ပေါ်မှ ကျယ်လောင်စွာ ဟိန်းထွက်လာခဲ့သည်။

နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် ကြီးမားသော ရွှေနက်ရောင် ပုံရိပ်တစ်ခုသည် အဝေးရှိ ကောင်းကင်ယံမှ လျင်မြန်စွာ ပျံသန်းလာခဲ့ပြီး၊ အောက်သို့ တဟုန်ထိုး ခုန်ဆင်းလာခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ခုသည် နေရာအနှံ့ဖုံးလွှမ်းလာခဲ့သည်။

ခရမ်းရောင် ခြသေ့်ထီးသည် ဒေါသတကြီး ဟိန်းဟောက်၍ ရွှေနက်ရောင်သားရဲနှင့် သေသည်အထိ တိုက်ခိုက်ရန် လေထဲသို့ ခုန်တက်သွားသည်။

သို့သော် နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ……….

ဝုန်းးး !!!!!!

ရွှေတောင်ပံ T-Rexကြီးမှ ကြီးမားသော တောင်ပံတစ်ဖက်ဖြင့် ပထမအဆင့် အဆင့်၇ရှိသည့် ခရမ်းရောင် ခြသေ့်ကြီးကို နေရာပင် ချေမွပစ်လိုက်သည်။

အောက်ဘက်ရှိ ခြသေ့်မတို့၏ မျက်နှာများပေါ်တွင် ကြောက်လန့်တုန်လှုပ်သွားသည့် အမူအရာများဖြစ်ပေါ်လာခဲ့သည်။

ငါတို့ရဲ့ ဘုရင်ကြီးက တစ်ချက်တည်းနဲ့ အမှောက်သိပ်ခံလိုက်ရတာလား?

“ ဝှစ် ~~ “

ခြသေ့်မတို့သည် ကြောက်ရွံ့မှုကြောင့် တစ်ကောင်ပြီးတစ်ကောင် ထွက်ပြေးသွားကြကာ နေရာအနှံ့ ပြန့်ကျဲသွားခဲ့သည်။

သို့သော် ရွှေတောင်ပံ T-Rexကြီးသည် ၎င်းတို့အား မည်သည့်အခွင့်အရေးမှ မပေးချေ၊ ၎င်း၏ခန္ဓာကိုယ်သည် ရွှေနက်ရောင် အလင်းရောင်တန်းတစ်ခုအဖြစ် တောက်ပလာခဲ့ပြီး၊ နေရာအနှံ့ လွှမ်းခြုံသွားခဲ့သည်။

၁၀မိနစ်ကြာခဲ့ပြီးသည့်နောက်၌

T-Rexကြီးသည် လွမ်းဆွတ်မှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် တောင်ထိပ်ပေါ်တွင် မတ်တပ်ရပ်နေခဲ့သည်။

“ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူရဲ့ အပြင်ပိုင်းနယ်မြေက တကယ်ကို မွဲတေနေတာပဲ၊ အတွင်းပိုင်းနယ်မြေလောက် မစည်ကားဘူး “

ဤရက်များအတွင်းတွင် ၎င်းသည် အပြင်ပိုင်းနယ်မြေထဲတွင် နေရာအနှံ့ တိုက်ခိုက်သိမ်းပိုက်နေခဲ့သည်။

များသောအားဖြင့် ပထမအဆင့်ဗီဇပြောင်းသားရဲများကိုသာ ရင်ဆိုင်ခဲ့ရသည်။

သို့သော် ယခုလက်ရှိ ရွှေတောင်ပံ T-Rexကြီးအတွက် နတ်သားရဲသွေးမျိုးဆက်မရှိသည့် အဆိုပါ ပထမအဆင့် သာမန်သားရဲများသည် ၎င်းနှင့် ယှဥ်ပြိုင်နိုင်သည့် ခွန်အားမရှိပေ။

ပထမအဆင့် အဆင့်၇ခရမ်းရောင်သားရဲကြီးကပင် တစ်ချက်တည်း ရိုက်သတ်ခံလိုက်ရသည်။

“ နှမြောစရာပဲ ပထမအဆင့် သားရဲတွေဆီမှာက ဘာအာဟာရမှ မရှိဘူး “

ရွှေတောင်ပံ T-Rexကြီးမှ ရေရွတ်ပြောဆိုနေခဲ့သည် “ ဒီရက်တွေအတွင်းမှာ ပထမအဆင့်သားရဲတွေကိုပဲ စားနေခဲ့ရတော့၊ ငါ့ရဲ့တိုးတက်မှုက အရင်ကလောက် မမြန်တော့ဘူး “

၎င်းသည် နှေးကွေးသွားသည့် သူ၏ ကြီးထွားတိုးတက်မှု အရှိန်နှုန်းကို ခံစားမိနေခဲ့သည်။

ယခင်က နေ့စဥ်နေ့တိုင်းတွင် ကီလိုဂရမ် ၃၀အထိ ကြီးထွားခဲ့သော်လည်း၊ ၎င်းမှာ တုတ်ခိုင်သန်စွမ်းသည့် ခန္ဓာကိုယ်ကိုသာ ပိုင်ဆိုင်ထားခဲ့သည်၊ ယခုတွင်ကား အဆီပိုများကာ လျော့တိလျော့ရဲ ဖြစ်လာခဲ့ပြီဖြစ်သည်။

All Chapters