← Chapters

ထင်ရှားသော တိုးတက်မှု

Vol. 1 Ch. 8

ထင်ရှားသော တိုးတက်မှု

Vol. 1 Ch. 8

မီးဖိုချောင်ထဲ၌ ကြွင်းကျန်သော အရာအားလုံး ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ရှုကျိုးသည် ဆန်ပုံးကို ကြည့်လိုက်ပြီး၊ ဆန်စိမ်းများပင် ကုန်သွားပြီဆိုသည်ကို ရှာတွေ့သွားခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် လီယန်ဖင်းသည် ဟင်းသီးဟင်းရွက် အများဆုံး ပါဝင်ပြီး၊ နံရိုးနှင့် ဝက်သားတစ်ချို့ ပါရှိသည့် အစားအစာများကို သုံးရက်စာအတွက် ဝယ်ယူထားခဲ့သည်။

ရှုကျိုးသည် ၎င်းတို့အားလုံးကို သူ၏အခန်းထဲသို့ ယူဆောင်သွားတော့သည်။

အိပ်ခန်းထဲ၌

ရှုကျိုးသည် အစားအသောက်များကို မြေပြင်ပေါ်တွင် ချထားလိုက်ပြီး၊ ထို့နောက်တွင် သူ၏ စိတ်အာရုံကို ခွဲခြမ်းလိုက်ကာ ငါးမန်းသွား ဗီဇပြောင်းကြက်ဖကို ထိန်းချုပ်၍ အစားအစာများကို စတင်၍ စားသောက်‌နေတော့သည်။

ထိုအချိန်၌ ရှုကျိုးသည် ငါးမန်းသွားတို့၏ အသုံးဝင်မှုကို နားလည်သွားခဲ့သည်။

နံရိုးများကို ကိုက်စားသည့် အချိန်တွင် ကြက်ဖကြီးသည် အရိုးများကို ကွဲကြေသွားစေရန်အတွက် အားပါသော ကိုက်ချက်တစ်ခုကိုသာ လိုအပ်ခဲ့ပြီး၊ ထို့နောက်တွင် ၎င်းတို့အား အလွယ်တကူ မျိုချလိုက်သည်။

၎င်းတို့မှာ နံရိုးများဖြစ်ပြီး၊ အသီးအရွက်များအတွက်ကား ပို၍ပင် လွယ်ကူနေခဲ့ပြီး၊ တစ်ကျိုက်တည်း မျိုချလိုက်လေသည်။

“ အခုဆိုရင် ဘယ်အစားအသောက်ကိုမဆို တကယ်ကြီး စားနေနိုင်ပြီပဲ “ ရှုကျိုးသည် ကျေနပ်စွာဖြင့် အနည်းငယ် ပြုံးနေတော့သည်။

ငါးမန်းသွား ကြက်ဖကြီးသည် အရာအားလုံးကို လျင်မြန်စွာ ဝါးမြိုနေပြီး၊ တစ်ချိန်တည်းမှာပင် အရာအားလုံး ဝါးမြိုခြင်း စွမ်းရည်မှ ပေးအပ်သည့် ကြီးမားသော အစာချေဖျက်နိုင်စွမ်းသည် အစားအသောက်များကို အာဟာရများအဖြစ် လျင်မြန်စွာ ပြောင်းလဲပေးပြီး၊ ၎င်းတို့သည် ဗီဇပြောင်းကြက်ဖကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ ပျံ့နှံ့သွားခဲ့သည်။

“ ဝုန်း ဝုန်း ဝုန်း “

ကြက်ဖကြီး၏ ကိုယ်တွင်း၌ အသံများ ဆက်တိုက် ပေါ်ထွက်လာခဲ့ပြီး၊ အရိုးများ လျင်မြန်စွာ ကြီးထွားလာခဲ့သည်။

ထို့နောက်တွင် ဗီဇပြောင်းကြက်ဖကြီးသည် ရှုကျိုး၏ တအံ့တဩဖြစ်နေသော အကြည့်အောက်မှာပင် သူ၏ဒူးခေါင်းအထိ အရပ်ရှည်လာခဲ့ပြီး၊ ကြွက်သားများသည်လည်း ကြီးကြီးမားမား ဖောင်းကားလာခဲ့သည်။

ရှုကျိုးသည် စနစ်၏ မျက်နှာပြင်ကို အလောတကြီး ကြည့်လိုက်သည်။

[ အဆင့် +၅% ]

ကိုယ်ပွား : ငါးမန်းသွား ဗီဇပြောင်းကြက်ဖ

အဆင့် : အဆင့် ၀၊ အဆင့် ၁ ( ၅% )

အသားတင် အလေးချိန် : ၇.၅ ကီလိုဂရမ်

( ပထမတစ်ခုက Rankလို့ သုံးထားပြီး၊ ဒုတိယတစ်ခုကတော့ levelလို့သုံးထားပါတယ်။ အဆင့် ၀ဆိုတာက သိုင်းပညာ အဆင့်ပါ၊ နောက်က အဆင့်၁ဆိုတာကတော့ သိုင်းပညာအဆင့် ၁ဖြစ်ဖို့အတွက် ကျော်ဖြတ်ရမဲ့ အဆင့်ပါ၊ ဥပမာအနေနဲ့ဆိုရင် ကနဦး၊ အလယ်အလတ်၊ အဆင့်မြင့်၊ အထွဋ်အထိပ်စသည်ဖြင့် နယ်ပယ်တစ်ခုထဲမှာရှိတဲ့ တိုးတက်မှုအဆင့်သေးလေးတွေပါ။ အလွယ်မှတ်ရရင်တော့ ပထမတစ်ခုက အဆင့်ကြီး၊ ဒုတိယတစ်ခုက အဆင့်သေးပါ။

ဒါက ကျွန်တော်နားလည်ထားသလောက်ပါ သူက အဆင့်တွေကို အကုန်မဖော်ပြထားသေးပါဘူး၊ သေချာပါလာရင်တော့ ထပ်ပြီးတော့ ရှင်းပြပေးပါမယ်)

…

“ အဆင့်က ၅% တိုးသွားတာလား? “

ရှုကျိုးသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

ဒါဆိုရင် ၁၀၀ရာခိုင်နှုန်း ဖြစ်သွားမယ်ဆိုရင် အဆင့် ၂ကို ရောက်သွားမှာလား?

တစ်ချိန်တည်းမှာပင် သူသည် ကိုယ်ပွား၏ အလေးချိန်က ၅ကီလိုဂရမ်မှ ၇.၅ ကီလိုဂရမ်အထိ မြင့်တက်သွားသည်ကို သတိပြုမိနေခဲ့သည်။

“ ၂.၅ ကီလိုဂရမ်လေးပဲ ကြီးလာခဲ့တာလား? “ ရှုကျိုးကား အနည်းငယ် မျက်မှောင်ကြုတ်သွားတော့သည်။

၎င်းသည် သုံးရက်တာ အစားအသောက်များ ဖြစ်သည်။

၁၀ ကီလိုဂရမ် ရအောင် ငါတို့က ဘယ်လောက်တောင် စားရမှာလဲဟ?

ရှုကျိုးသည် အနည်းငယ် ဆွံ့အသွားတော့သည်။

သူ၏မိသားစု အခြေအနေအရ သူသည် ထိုကောင့်အား ကြာရှည်စွာ မထောက်ပံ့နိုင်တော့မည်ကို စိုးထိတ်နေတော့သည်။

ထိုစဥ် ရှုကျိုးသည် သူ၏ခန္ဓာကိုယ်ထဲရှိ အနွေးစီးကြောင်းလေးတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။

ထို့အပြင် သူ၏ခြေလက်များတွင်လည်း ထူးခြားသော နွေးထွေးမှုကို ခံစားလိုက်ရ၏၊ ၎င်းက သူ၏ခွန်အားကို တိုးမြှင့်ပေးလိုက်သည့် ပုံပင်။

ရှုကျိုး၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်၊ ငါ တစ်ခုခု လွတ်သွားတာလား?

ထို့နောက်တွင် သူသည် စနစ်၏ မျက်နှာပြင်ကို ထပ်မံ၍ ကြည့်ရှုလိုက်သည်။

[ ချီ-သွေး + ၀.၁ ကယ်လိုရီ ]

အိမ်ရှင် : ရှုကျိုး

ချီ-သွေး : ၇၁.၁ ကယ်လိုရီ

“ ငါ့ရဲ့ ချီ-သွေးပါ တိုးလာတာလား? “ ရှုကျိုးကား မှင်သက်သွားတော့သည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌ သူသည် တစ်စုံတစ်ခုကို ဖမ်းဆုပ်မိသွားသည့်ပုံပေါ်ပြီး၊ အံ့ဩတကြီး ဖြစ်နေသော အမူအရာကို ပြသလာခဲ့သည် “ ကိုယ်ပွားက ငါ့ကို အာဟာရတွေ ပေးခဲ့တာလား? “

ရှုကျိုးသည် ဗီဇပြောင်းကြက်ဖကို ကြည့်နေခဲ့ပြီး၊ သူ့မျက်နှာပေါ်ရှိ ပျော်ရွှင်မှုသည်ကား ဖုံးမရဖိမရပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ကိုယ်ပွားအာဟာရ ဖြည့်တင်းခြင်း

၎င်းသည် ဗီဇပြောင်းကြက်ဖ၏ ကြီးထွားမှုတိုင်းတွင် သူ၏ မူလခန္ဓာကိုယ်မှာလည်း လိုက်ပါ၍ အားကောင်းတိုးတက်လာမည် ဖြစ်သည်။

ယခင်တုန်းက မည်သည့်အရာမှ မရရှိသည်ခဲ့မှာ ကိုယ်ပွားက အလွန်အားနည်းနေသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်လေသည်။

အဆိုပါ ဖြစ်နိုင်ခြေကို တွေးမိသွားသောအခါတွင် ရှုကျိုးသည် ပို၍ စိတ်လှုပ်ရှားသွားတော့သည်။

အစောပိုင်းအချိန်တုန်းက သူသည် သူ့မူလခန္ဓာကိုယ်၏ ကျင့်ကြံရေးက အလွန်နှေးကွေးနေသည်ဟု ထင်နေခဲ့သော်လည်း၊ ယခုတွင်ကား ၎င်းက မလိုအပ်တော့သည့်ပုံပင်။

ဗီဇပြောင်းကြက်ဖသည် အလွန်အားနည်းနေသေးသော်လည်း၊ ၎င်းသည် သူ၏ မူလခန္ဓာဆီသို့ သိသာထင်ရှားသော တိုးတက်ပြောင်းလဲမှုများကို ယူဆောင်ပေးလာနိုင်ခဲ့သည်။

တကယ်လို့ ကြက်ကြီးကသာ တစ်ထောင် ကီလိုဂရမ် ဒါမှမဟုတ် တစ်သောင်း ကီလိုဂရမ်အထိ ကြီးထွားလာမယ်ဆိုရင်ကော?

အဲ့အချိန်ရောက်ရင် မူလခန္ဓာက ဘယ်လောက်အထိ အစွမ်းထက်လာမှာလဲ?

အစောပိုင်းအချိန်တုန်းက သူသည် မူလခန္ဓာ၏ ကျင့်ကြံရေး အမြန်နှုန်းက အလွန်နှေးကွေးနေခဲ့သောကြောင့် စိုးရိမ်နေခဲ့ရသည်။

သို့သော် ယခုတွင်ကား ကိုယ်ပွားသည် မူလခန္ဓာကို အာဟာရများ ထောက်ပံ့ပေးနိုင်သောကြောင့် သူသည် မူလခန္ဓာ၏ ကြီးထွားမှု အမြန်နှုန်းကလည်း အံ့အားသင့်ဖွယ်ကောင်းလောက်အောင် မြန်ဆန်လာမည် ယုံကြည်နေတော့သည်။

…

နောက်တစ်နေ့ နံနက်ခင်း၌

ပိတ်ရက်ဖြစ်နေပြီဖြစ်သောကြောင့် ရှုကျိုး ကျောင်းမသွားရပေ။

ထိုစဥ် သူ၏ မိဘများသည် ရေခဲသေတ္တာထဲရှိ အစားအသောက်များ မရှိတော့ဘူးဆိုသည်ကို ရှာတွေ့သွားကြသည်။

ပထမဦးဆုံးအနေဖြင့် လီယန်ဖင်းသည် သူခိုးဝင်သွားသည်ဟု ထင်သွားပြီး၊ ရဲများကို ခေါ်ချင်နေခဲ့သည်။

အရေးအကြီးဆုံး အခိုက်အတန့်တွင် ရှုကျိုးသည် သူ၏မိထွေးဖြစ်သူကို တားဆီးလိုက်ပြီး၊ ၎င်းက ကြက်ဖကြီး၏ လုပ်ရပ်ဖြစ်ကြောင်း ရှင်းပြလိုက်သည်။

ထို့ကြောင့် လီယန်ဖင်းသည် အလွန်အံ့အားသင့်သွားခဲ့သည်၊ ကြက်တစ်ကောင်က ဘယ်လိုလုပ်ပြီးတော့ အစားအသောက် အဲ့လောက်အများကြီးကို စားနိုင်ရတာလဲ?

ရှုကျိုးသည် ၎င်းက ဗီဇပြောင်းဖြစ်ကြောင်း ရှင်းပြလိုက်သည်။

ထို့နောက် သူသည် သူ၏မိထွေးအား သူ၏အခန်းဆီသို့ ခေါ်သွားပြီး၊ လီယန်ဖင်းသည် ငါးမန်းသွားများ ပိုင်ဆိုင်ထားသော ကြီးမားသည့် ကြက်ဖကြီးကို မြင်တွေ့သွားပြီး၊ အံ့ဩတုန်လှုပ်သွားခဲ့သည်။

ရှုကျိုးသည် လျင်မြန်စွာ အာမခံနေတော့သည် “ အမေ၊ စိတ်မပူပါနဲ့၊ အဲ့တာက သွားလေးတွေပါပဲ၊ လူကို မကိုက်ပါဘူး “

“ အဲ့ကောင်က အရမ်းနာခံမှုရှိတယ်၊ ကြည့်ပါဦး “

ပြောနေရင်းဖြင့် ရှုကျိုးသည် ငါးမန်းသွား ဗီဇပြောင်းကြက်ဖကြီးကို ယုံကြည်မှုရှိရှိ ညွှန်ပြ၍ အမိန့်များ ပေးလိုက်သည်။

စက္ကန့်ပိုင်းမျှအကြာတွင် ၎င်းသည် တောင်ပံများကို မြှောက်၍ ဘေးဘက်ရှိ ဘက်စကတ်ဘောကို ကောက်ယူ၍ ခြေထောက်များကြားတွင် ထည့်ကာ ကစားပြလာခဲ့သည်။

“ ကွတ် ကွတ် ကွတ် “

ကြက်ဖကြီးသည် ဘက်စကတ်ဘောအား လီယန်ဖင်းရှေ့သို့ ကစားလာခဲ့ပြီး၊ ခေါင်းအား မြင့်မြင့် မြှောက်ထားခဲ့သည်။

နှစ်ရက်တာ လေ့ကျင့်ခဲ့ပြီးသည့်နောက်၌ ရှုကျိုးသည် မူလကိုယ်ကို ထိန်းချုပ်ရင်းဖြင့် ဗီဇပြောင်းကြက်ဖကိုလည်း ချယ်လှယ်ကာ အလုပ်ပေါင်းများစွာ လုပ်ဆောင်နေနိုင်ပြီ ဖြစ်သည်။

“ ဒါ၊ ဒါက …. “

ဘက်စကတ်ဘောဖြင့် ကစားနေသော ကြက်ဖကြီးကို ကြည့်နေရင်းဖြင့် လီယန်ဖင်းသည် လုံးလုံးလျားလျား အံ့ဩတုန်လှုပ်သွားခဲ့သည်။

ထို့နောက်တွင် ရှုကျိုးသည် ဗီဇပြောင်း ကြက်ဖကြီးအား လှုပ်ရှားမှုများစွာ ပြုလုပ်စေ၍ လီယန်ဖင်းအား အယုံသွင်းနေတော့သည်။

ထိုအချိန်၌ ဧည့်ခန်းကို ဖြတ်သွားသော လီရို့ရှီသည် အဆိုပါ မြင်ကွင်းကို မြင်တွေ့သွားပြီး မျက်လုံးများ ပြူးကျယ်သွားခဲ့သည် “ ကြက်တစ်ကောင် အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးပြီးတော့၊ အဲ့တာက ဗီဇတောင် ပြောင်းသွားတယ်ပေါ့၊ နင်က အဲ့တာကို ဘယ်လိုလုပ်ခဲ့တာလဲ? “

ရှုကျိုးသည် ၎င်းက အနည်းငယ် ထူးဆန်းသည်ဟု ခံစားသွားခဲ့ရသည် “ မသိဘူး၊ အဲ့တာက ရုတ်တရက်ကြီး ဖြစ်သွားတာပဲ “

လီရို့ရှီသည် အနည်းငယ် ရှက်သွေးဖြာသွားပြီး၊ ပြောလာခဲ့သည် “ ပုံမှန်ဆိုရင်တော့ ကြက်ငှက်တွေက နိုးထသူတွေရဲ့ ခန္ဓာကိုယ် အရည်နဲ့ မထိတွေ့ဘူးဆိုရင် ဗီဇမပြောင်းသွားဘူး “

၎င်းကို ပြောနေရင်းဖြင့် လီရို့ရှီသည် ရှုကျိုးအား ထူးဆန်းသော အကြည့်ဖြင့် ကြည့်လာတော့သည်။

နိုးထသူများဟု ခေါ်ဆိုရခြင်းမှာ ခန္ဓာကိုယ်ထဲတွင် တိကျသေချာသော ဗီဇပြောင်းလဲမှု ဖြစ်ပေါ်လာခြင်းကို ဆိုလိုခြင်း ဖြစ်သည်။

၎င်းကို ကြားလိုက်ရသောအခါတွင် ရှုကျိုးမှာလည်း အံ့အားသင့်သွားခဲ့သည်၊ အဲ့လို အယူအဆမျိုး ရှိတာလားဟ?

လီယန်ဖင်းသည် ကောင်းစွာ နားလည်နေသည့်ပုံပေါ်ပြီး၊ အရှက်သည်းစွာ ပြောလာခဲ့သည် “ ရို့ရှီ၊ အဓိပ္ပါယ် မရှိတာတွေ လျှောက်မပြောနဲ့ “

ရှုကျိုးသည် သတိပြန်ဝင်လာခဲ့ပြီး၊ လီရို့ရှီအား စိုက်ကြည့်နေတော့သည် “ အစ်မ၊ နင်ဘာတွေ တွေးနေတာလဲ? ငါက အဲ့လိုလူမျိုးလား? “

လီရို့ရှီသည် မည်သည့်အရာကိုမှ ထပ်မပြောတော့ဘဲ၊ ရှုကျိုးအား ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး၊ နှာခေါင်းရှုံ့၍ ထွက်ခွာသွားတော့သည်။

လီယန်ဖင်းသည်လည်း ကြာကြာမနေတော့ဘဲ၊ အကြံဉာဏ်တစ်ချို့ပေး၍ အိပ်ခန်းထဲမှ အမြန်ထွက်သွားတော့သည်။

အခန်းထဲ၌ ရှုကျိုးသည် မြေပြင်ပေါ်ရှိ ငါးမန်းသွား ဗီဇပြောင်းကြက်ဖကိုကြည့်၍ ခေါင်းခါလိုက်ပြီး သက်ပြင်းချနေတော့၏၊ သူသည် ၎င်းက ထိုကဲ့သို့သော နားလည်မှုလွဲမှားခြင်းမျိုးကို ဖြစ်သွားစေလိမ့်မည်ဟု မထင်ထားခဲ့မိချေ။

Sအဆင့် စွမ်းရည် နိုးထခဲ့ခြင်းကြောင့် လီရို့ရှီထံမှ ရရှိခဲ့သော ဂုဏ်သိက္ခာ(သို့) လေးစားမှု သေးသေးလေးက တစ်ဖန်ပြန်၍ ပျောက်ကွယ်သွားတော့မည့်ပုံပင်။

သို့ရာတွင် ရှုကျိုးသည် စိုးရိမ်မနေခဲ့ပေ၊ ယခုတွင်ကား သူသည် ယုံကြည်မှုရှိရှိ စကားပြောဆိုရန်အတွက် အားနည်းနေစဲဖြစ်သည်။

သူ၏စွမ်းအားများက လီရို့ရှီကို လိုက်မှီသွားသည်နှင့်တစ်ပြိုင်နက် သူ၏ စကားလုံးများသည် အလေးချိန်များ သယ်ဆောင်လာလိမ့်မည် ဖြစ်သည်။ ( အရေးပါ အရာရောက်လာတော့မယ်လို့ ဆိုလိုတာပါ )

…

လွန်ခဲ့သော နှစ်ရက်တွင် ရှုကျိုးသည် အစားအသောက်များ ပိုဝယ်ပေးရန် သူ၏မိဘများကို တောင်းဆိုခဲ့သည်။

အဆိုပါ ပိုလျှံသော အစားအသောက်များသည် ဗီဇပြောင်းကြက်ဖဆီသို့သာ ရောက်ရှိသွားခဲ့သည်။

တနလ်ာနေ့၌

ရှုကျိုးသည် နိုးလာခဲ့ပြီးသည့်နောက်၌ စနစ်၏ မျက်နှာပြင်ကို အရင်ဦးဆုံး စစ်ဆေးနေတော့သည်။

အိမ်ရှင် : ရှုကျိုး

ချီ-သွေး : ၇၁.၃ ကယ်လိုရီ

စိတ်ဝိညာဥ် : 1Hz

ကိုယ်ပွား : ငါးမန်းသွား ဗီဇပြောင်းကြက်ဖ

အဆင့် : အဆင့် ၀၊ အဆင့် ၁ ( ၁၅% )

အသားတင် အလေးချိန် : ၁၂.၅ ကီလိုဂရမ်

စွမ်းရည် : နေ့စဥ် ၁၀ကီလိုဂရမ် ရရှိခြင်း (ကန့်သတ်ချက်)၊ အရာအားလုံး ဝါးမြိုနိုင်ခြင်း

ဆင့်ကဲ ပြောင်းလဲမှုဖြစ်စဥ် : အလေးချိန်က မျိုးစိတ်အကန့်အသတ်ဆီသို့ ရောက်ရှိသွားပါက ဆင့်ကဲပြောင်းလဲမည် ဖြစ်သည်

…

“ ဒီနှစ်ရက်အတွင်းမှာ ငါ့ရဲ့ ချီ-သွေးက ၀.၃ ကယ်လိုရီတောင် တိုးလာခဲ့တာပဲ “ ရှုကျိုး၏ မျက်လုံးများ တောက်ပသွားခဲ့သည်။

၀.၃ဆိုသည့် ပမာဏအား သေးငယ်သည်ဟု မမှတ်လိုက်သင့်ပေ။ ယခင်ကသာဆိုပါက ထိုပမာဏ တိုးတက်လာစေရန်အတွက် သူသည် လဝက်မျှ အချိန်ယူရမည် ဖြစ်သည်။

ကျင့်ကြံရေး စွမ်းရည် ပိုမိုကောင်းမွန်သည့် ကျောင်းသားများကပင် တစ်ပတ်ခန့် အချိန်ယူရမည် ဖြစ်သည်။

ဤနှစ်ရက်အတွင်းတွင် ရှုကျိုးသည် မည်သည့်လေ့ကျင့်ခန်းကိုမှ မလုပ်ခဲ့ဘဲ၊ ကိုယ်ပွားကို အစာကျွေးခြင်းဖြင့် ချီ-သွေးအား ၀.၃ တိုးမြှင့်နိုင်ခဲ့သည်။

၎င်းသည် အံ့အားသင့်ဖွယ်ကောင်းသည့် အမြန်နှုန်း ဖြစ်နေခဲ့ပြီ ဖြစ်သည်။

သို့ရာတွင် ရှုကျိုးကမူ စိတ်မကျေနပ်သေးပေ။

“ ဒီနှစ်ရက်အတွင်းမှာ ကိုယ်ပွားက ၅ကီလိုဂရမ်ပဲ တိုးလာခဲ့တယ်၊ တစ်ရက်ကို ၂.၅ကီလိုဂရမ်လောက်ပဲ တိုးလာတယ် “

ရှုကျိုး၏ မျက်ခုံးများ မြင့်တက်သွားခဲ့သည် “ ဒါပင်မဲ့ နေ့စဥ်ကြီးထွားမှု အကန့်အသတ်က ၁၀ကီလိုဂရမ်အပြည့်လေ “

“ တကယ်လို့ ငါကသာ ၁၀ကီလိုဂရမ် အကန့်အသတ်အထိ ရောက်နိုင်မယ်ဆိုရင်၊ ငါ့ရဲ့ချီ-သွေးက ပိုပြီးတော့တောင် မြန်မြန်ဆန်ဆန် တိုးတက်သွားလိမ့်မယ် “

ရှုကျိုးသည် အသက်အား ပြင်းပြင်းရှရှ ရှူရှိုက်လိုက်သည်၊ အစားအသောက်တွေ ပိုပြင်ရမယ်။

နှစ်ရက်တာ စူးစမ်းလေ့လာခဲ့ပြီးသည့်နောက်၌ သူသည် ထမင်းနှင့် အသီးအရွက်များက ကိုယ်ပွားအား အနည်းငယ်မျှသာ အထောက်အကူ ပြုနိုင်သည်ကို သတိပြုမိသွားခဲ့သည်။

ထို့အစား အသားများက အကျိုးသက်ရောက်မှု ပိုများနေခဲ့သည်။

“ အသားများများ ပြင်ထားဖို့ လိုလာပြီ “ ရှုကျိုးသည် ဆုံးဖြတ်ချက်ချလိုက်သည်။

သို့သော် မကြာခင်မှာပင် သူသည် သူက အထက်တန်း ကျောင်းသားလေးတစ်ဦးသာဖြစ်သည် ဆိုသည်ကို သဘောပေါက်သွားခဲ့သည်၊ အသားတွေ ဝယ်ဖို့အတွက် ငွေတွေကို ဘယ်နေရာကနေ သွားရှာရမှာလဲ?

မိဘတွေဆီက တောင်းရမှာလား?

တစ်ကြိမ်၊ နှစ်ကြိမ်မျှသာ ဆိုပါက ပြဿနာ မဟုတ်သော်လည်း၊ ၎င်းသည် နေ့စဥ်နေ့တိုင်း ပမာဏ ကြီးကြီးမားမား စားသောက်နေခြင်း ဖြစ်သည်။

လက်ရှိ အခြေအနေပင် မဆိုထားနှင့်၊ အကယ်၍ သူ၏မိဘများထံတွင် အပိုဝင်‌ငွေ ရှိလာမည်ဆိုလျှင်တောင်မှ လုံလောက်မည် မဟုတ်ပေ။

အကယ်၍ ရှုကျိုးသည် မိသားစု၏ ငွေများကို သုံးစွဲမည်ဆိုလျှင်‌တောင်မှ သူ၏မိဘများက မည်သည့်အရာကိုမှ ပြောကြမည် မဟုတ်သော်လည်း၊ သူကိုယ်တိုင်ကမူ အပြစ်ရှိစိတ် ခံစားသွားရမည် ဖြစ်သည်၊ အရေးအကြီးဆုံး အရာကမူ ငွေအနည်းငယ်သည် အထောက်အကူ များစွာ ဖြစ်လာလိမ့်မည် မဟုတ်ပေ။

“ ပိုက်ဆံ ရှာရမယ် “ ရှုကျိုး၏ မျက်လုံးများသည် ခိုင်မာပြတ်သားနေခဲ့ပြီး၊ သူ့ထံတွင် တစ်ကြိမ်တစ်ခါမှ မပေါ်လာခဲ့ဖူးသော ငွေရှာလိုစိတ်တစ်ခု ဖြစ်တည်လာခဲ့သည်။

ငွေရှိမှသာလျှင် သူ၏ကိုယ်ပွားကို အဆက်မပြတ် ထောက်ပံ့ပေးနိုင်မည် ဖြစ်ပြီး၊ ထိုအခါမှသာလျှင် သူသည်လည်း စဥ်ဆက်မပြတ် အားကောင်းလာကာ လီရို့ရှီကို လိုက်မှီနိုင်မည် ဖြစ်သည်။

All Chapters