← Chapters

ကျောင်းလုံးကျွတ် ဆရာနှင့် ကျောင်းသားအားလုံး စုဝေးပွဲ

Vol. 1 Ch. 9

ကျောင်းလုံးကျွတ် ဆရာနှင့် ကျောင်းသားအားလုံး စုဝေးပွဲ

Vol. 1 Ch. 9

နံနက်စာ စားပြီးသည့်နောက်၌ ရှုကျိုးသည် ကျောင်းသို့ ထွက်ခွာသွားတော့သည်။

တစ်လမ်းတည်း သွားရမည်ဖြစ်သော်လည်း၊ လီရို့ရှီသည် သူနှင့် အတူသွားလိုသည့် ရည်ရွယ်ချက်မရှိဘဲ စောစော ထွက်သွားခဲ့သည်။

၎င်းသည် ရှုကျိုးအား အံ့ဩမသွားစေခဲ့ပေ၊ အလယ်တန်းကျောင်းမှစ၍ လီရို့ရှီသည် သူ၏ပုတိုတို အရပ်နှင့် နှေးကွေးသော အမြန်နှုန်းကို မကြိုက်သည့်ပုံရပြီး၊ သူနှင့်အတူ လမ်းလျှောက်ခြင်းကို ရပ်တန့်သွားခဲ့သည်။

အလယ်တန်းကျောင်း သုံးနှစ်ပြီးဆုံးသွားသည့်နောက်၌ ရှုကျိုး၏ ကြီးထွားဖွံ့ဖြိုးမှုသည် လျင်မြန်စွာ အရှိန်မြင့်လာခဲ့ပြီး၊ ယခုတွင် သူသည် ၁.၇၅မီတာအထိ ကြီးထွားလာပြီဖြစ်သော်လည်း၊ အတော်လေး ပိန်သွယ်နေသေး၏။

ထိုအခိုက်အတန့်တွင် ရှုကျိုးသည် လမ်းထဲသို့ ဆင်းသွားပြီး ငွေရှာနိုင်မည့် နည်းလမ်းများကို တွေးတောစဥ်းစားနေသေးသည်။

“ ဆရာချောင် ပြောတာတော့ ကျောင်းအလုပ်တွေနဲ့ ထိပ်ဆုံး အယောက် ၁၀၀စာရင်းထဲကို ဝင်တာ နှစ်ခုစလုံးက ငွေတော်တော်ရတယ်တဲ့ “

ကျောင်းက ချပေးလာတဲ့ အလုပ်တွေက အထက်တန်းစားတွေအတွက်ပဲ၊ သူတို့က အန္တရာယ်တွေသယ်ဆောင်ထားတယ်။

ထိပ်တန်း အယောက် ၁၀၀စာရင်းကား ရှုကျိုးသည် ရှေးယခင်တည်းက ကြားခဲ့ဖူးပြီးသားဖြစ်သည်။

စာရင်းဇယား သုံးခုရှိပြီး၊ အတန်း တစ်ခုချင်းစီတိုင်းတွင် ကိုယ်ပိုင်စာရင်းဇယားတစ်ခုစီ ရှိကြသည်။

ဥပမာအားဖြင့် လီရို့ရှီသည် တတိယနှစ် ထိပ်တန်း အယောက် ၁၀၀ စာရင်းဇယားတွင် တည်ရှိပြီး၊ ထိပ်ဆုံး သုံးဦးအဆင့်တွင် အမြဲရပ်တည်လေ့ရှိတတ်သည်။

သို့ရာတွင် ရှုကျိုးသည် အဆိုပါ စာရင်းဇယားများပေါ်တွင် ရှိနေခြင်းကြောင့် ဆုလဒ်မည်မျှ ရရှိမလဲဆိုသည်ကို သေချာ မသိပေ။

ရှုကျိုးမှတ်မိနေသော အရာကား အထက်တန်းကျောင်းတစ်လျှောက်လုံးတွင် လီရို့ရှီသည် မိသားစုကို ထောက်ပံ့ရန်အတွက် ငွေပမာဏ အများအပြား ရရှိခဲ့ပြီး၊ ၎င်းတို့ထဲမှ တစ်စိတ်တစ်ပိုင်းအား သူ၏ဆေးရုံစာရိတ်အဖြစ် သုံးခဲ့ပြီး၊ ၎င်းသည် ထောင်နှင့်ချီ၍ ကုန်ကျခဲ့သည်။

အဆိုပါ ငွေများသည် ကျောင်း၏ တာဝန်များ (သို့) ထိပ်ဆုံး အယောက် ၁၀၀စာရင်းဆီမှ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

၎င်းကို တွေးမိသွားသောအခါတွင် ရှုကျိုးသည် ထိန်းမထားနိုင်တော့ဘဲ၊ အနည်းငယ် ခံစားသွားခဲ့ရသည်။

အစ်မက တော်တော်လေး ကောင်းပါတယ်၊ ဒါပင်မဲ့ ငါ့ကို ဘာလို့ အမြဲလိုလို အထင်သေးနေရတာလဲ?

…

ရှုကျိုး၏ နောက် မီတာ ၂၀၀အကွာတွင်

လီရို့ရှီသည် သူ့နောက်မှ ဖြည်းညှင်းစွာ လိုက်ပါလာခဲ့သည်။

“ အဖေကတော့ တကယ်ပါပဲ၊ ဒီကောင်က ပထမနှစ်တောင် ဖြစ်နေပြီလေ၊ သူက ငါ့ကို အဲ့ကောင့်နောက်ကို လိုက်စေချင်နေသေးတယ်ပေါ့ “ သူမသည် ကူရာကယ်ရာမဲ့စွာဖြင့် စောဒကတက်နေတော့၏။

အဘယ့်ကြောင့်ဆိုသော် ရှုကျိုးသည် ငယ်စဥ်ကတည်းက အားနည်းပြီး ဖျားလေ့ရှိသောကြောင့် ဖြစ်သည်။

သူသည် ကျောင်းတွင် တစ်ခြားလူများ၏ အနိုင်ကျင့်ခြင်းကို မကြာခဏ ခံရလေ့ရှိ၏။

ထို့ကြောင့် သူမအဖေ၏ ညွှန်ကြားချက်များအတိုင်း လီရို့ရှီသည် ရှုကျိုးအား အလယ်တန်းကျောင်းမှစ၍ တိတ်တဆိတ် စောင့်ကြည့်ပြီး၊ အနိုင်ကျင့်ခံရခြင်းမှ ကာကွယ်ပေးလာခဲ့သည်။

အမှန်တိုင်းပြောရမည်ဆိုပါက လီရို့ရှီသည် ထိုကဲ့သို့သော တာဝန်အား ပြတ်ပြတ်သားသား မငြင်းပယ်ခဲ့ချေ။

သို့သော် အဓိက ပြဿနာကား ရှုကျိုးသည် အနိုင်ကျင့်ခံခဲ့ရသည့် အချိန်တိုင်းတွင် လုံးဝပြန်မတိုက်ခိုက်ခဲ့ပေ။

၎င်းသည် လီရို့ရှီအား ရှုကျိုးသည် မျှော်လင့်ချက်မရှိသော အားနည်းသူဖြစ်ကြောင်း တွေးထင်သွားစေခဲ့သည်။

ရုပ်ပိုင်းဆိုင်ရာ အားနည်းမှုကို ကုစားနိုင်သော်လည်း၊ အားနည်းသော စရိုက်လက္ခဏာကား မျှော်လင့်ချက် မရှိပေ။

“ Sအဆင့် စွမ်းရည်လား? အားနည်းနေတုန်းပဲ “

လီရို့ရှီသည် နောက်ပြန်ဆုတ်သွားသော ရှုကျိုး၏ ပုံရိပ်ကို ကြည့်နေရင်းဖြင့် သူမ၏ လက်သီးသေးသေးလေးကို ပေါ့ပေါ့ပါးပါး ဝေ့ယမ်းလိုက်သည် “ အထက်တန်းကျောင်း ပထမနှစ်တုန်းက ငါသူ့ကို လက်သီးတစ်ချက်တည်းနဲ့ အမှောက်သိပ်နိုင်တယ် “

“ ဒီကောင်က ဘယ်အချိန်မှ ကြီးပြင်းလာမှာလဲ? “

နေရာတိုင်းတွင် သူမ၏ ကာကွယ်ပေးမှုကို လိုအပ်တတ်သည့် ဤမောင်လေးအတွက်ကား လီရို့ရှီသည် စိတ်အနှောင့်အယှက်ဖြစ်ခြင်းနှင့် တွယ်တာမှုနှစ်ခုစလုံးကို ခံစားနေခဲ့ရသည်။

ကလေးဘဝမှ အရွယ်ရောက်လာသည်အထိ၊ သူမသည် သူ့အား အကြိမ်ပေါင်းများစွာ တိတ်တဆိတ် ကူညီပေးခဲ့သည်။

အကြိမ်ပေါင်းများစွာ ဝင်ရောက်မစွပ်ဖက်ချင်ခဲ့သော်လည်း၊ သူမသည် ရှုကျိုး ဆိုးဆိုးဝါးဝါး ထိခိုက်ဒဏ်ရာရသွားမည်ကို စိုးရိမ်နေခဲ့သည်။

သူမတို့သည် နှစ်ပေါင်းများစွာ အတူတကွ ကြီးပြင်းလာခဲ့ခြင်း ဖြစ်သည်။

ခံစားချက်များ မရှိဘူးဟု ပြောခြင်းမှာ မဖြစ်နိုင်လှပေ။

ရှုကျိုးမှ ၎င်းကို လုံးဝ သတိမပြုမိခဲ့ပေ။

၎င်းက လီရို့ရှီအား စိတ်မသက်မသာ ဖြစ်သွားစေမည် ဖြစ်သောကြောင့် သူမသည် ရှုကျိုး သိသွားမည်ကို မလိုလားခဲ့ပေ။

…

ရှုကျိုးကား လီရို့ရှီ၏ အတွေးများကို မသိပေ။

ကျောင်းသို့ ရောက်ရှိလာခဲ့ပြီးသည့်နောက်၌ သူသည် အတန်းထဲသို့ မသွားဘဲ၊ အားကစားခန်းမဆီသို့ ဦးတည်သွားတော့သည်။

တနလာ်နေ့၌ ကျောင်းသူကျောင်းသားများနှင့် ဆရာအားလုံး စုဝေးပွဲအား ပုံမှန်ကျင်းပလေ့ရှိသည်။

အားကစားခန်းမ၌ လူများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။

လင်းဂျန် ပထမအထက်တန်းကျောင်း၏ အတန်းသုံးခုမှ ကျောင်းသားအားလုံးသည် မျှော်လင့်နေကြသော အမူအရာများဖြင့် တစ်ခုခု ဖြစ်လာတော့မည်ဟု စိတ်အားထက်သန်စွာဖြင့် ဆွေးနွေးပြောဆိုနေကြသည်။

ရှုကျိုးကား အနည်းငယ် ဇဝေဇဝါဖြစ်သွားတော့သည်။

သူသည် သူ၏အတန်းကို ရှာတွေ့သွားပြီး၊ ထိုနေရာသို့ သွားလိုက်ရာ၊ ဝမ်ယွဲ့ဟွေသည် စိတ်လှုပ်ရှားစွာဖြင့် ပြေးလာခဲ့သည်။

“ ရှုကျိုး၊ နောက်ကျရင် စင်ပေါ်တက်ပြီး မိန့်ခွန်းပြောဖို့ အသင့်ဖြစ်ပြီလား? “

“ စင်ပေါ်တက်ရမှာလား? “ ရှုကျိုးသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

ဝမ်ယွဲ့ဟွေမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ နိုးထခြင်းပွဲ ပြီးသွားတိုင်းမှာ ကျောင်းက နိုးထခြင်း အခမ်းအနားတစ်ခု လုပ်လေ့ရှိတယ်။ ဘီအဆင့် ဒါမှမဟုတ် အဲ့ထပ်မြင့်တဲ့ ကျောင်းသားအားလုံးက စင်ပေါ်တက်ပြီးတော့ မိန့်ခွန်းပြောရမှာ “

“ အဲ့ဒီ စီနီယာတွေကို တွေ့လား? သူတို့က Sအဆင့် စွမ်းရည်ရှိတဲ့ မင်းကို တွေ့ရမှာကို တော်တော်လေး စိတ်အားထက်သန်နေကြတယ် “

“ ဒီနေ့ပြီးရင်တော့ မင်းက နာမည်ကြီးလာတော့မှာ “

ဝမ်ယွဲ့ဟွေသည် အနည်းငယ် အားကျနေခဲ့သည်၊ သူ၏ အေအဆင့် စွမ်းရည်နှင့်ဆိုလျှင်တောင်မှ သူသည် ရှုကျိုး၏ အရှေ့သို့ ရောက်လာပါက အနည်းငယ် လောင်းရိပ်မိသွားခဲ့သည်။

ရှုကျိုးသည် ရုတ်တရက် သဘောပေါက်သွားတော့သည်။

ဒီမနက် အားကစားခန်းမမှာ လူတွေ စုပြုံနေတာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ။

သူတို့အားလုံးက ငါ့ရဲ့ Sအဆင့် စွမ်းရည်အတွက် ဒီမှာ ရှိနေကြတာလား?

အချိန်ကုန်ဆုံးလာသည်နှင့်အမျှ ကျောင်းသားနှင့် ဆရာတို့ စုဝေးပွဲမှာလည်း တရားဝင် စတင်လာခဲ့ပြီ ဖြစ်သည်။

ပထမဦးဆုံးအနေဖြင့် နိုင်ငံတော် အလံလွှင့်တင်ခြင်း အခမ်းအနား ကျင်းပပြီး၊ ဖြည်းညှင်းစွာ မြင့်တက်သွားသော ရန်နိုင်ငံတော်အလံကို လူတိုင်းက လေးနက်စွာ စောင့်ကြည့်နေကြသည်။

အဆိုပါ အလံသည် တောင်လောက်နေသော မီးတောက်တစ်ခုအား ကြယ်ဆယ့်နှစ်စင်းက ဝန်းရံထားခြင်းဖြင့် အလှဆင်ထားခဲ့ခြင်း ဖြစ်သည်။

ရန်နိုင်ငံတော်၏ ပြည်နယ် ဆယ့်နှစ်ခုကို ကိုယ်စားပြု၍ ရန်နိုင်ငံတော် ဖက်ဒရေးရှင်းအား အတူတကွ ဖွဲ့စည်းထားခဲ့သည်။

အလံလွှင့်တင်ပြီးသည့်နောက်၌ ကျောင်းအုပ်ကြီးသည် စင်ပေါ်တက်၍ မိန့်ခွန်းပြောလာခဲ့သည်။

“ နောက်ဆုံး တစ်ပတ်တုန်းက ပထမနှစ် ကျောင်းသူကျောင်းသားတွေရဲ့ နိုးထခြင်းစမ်းသပ်မှု ပြီးဆုံးသွားတော့၊ ငါတို့က ငါတို့ရဲ့ ကျောင်းသားတွေထဲက တကယ် ထူးချွန်ထက်မြက်တဲ့ စွမ်းရည်တစ်ချို့ကို ထပ်ပြီးတော့ ရရှိပိုင်ဆိုင်ခဲ့ပါတယ် ……… “

ကျောင်းအုပ်ကြီးကား ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသောအသံနှင့် ဆက်ပြောလာခဲ့သည် “ အဲ့ဒီကလေးတွေက ငါတို့ကျောင်းရဲ့ အနာဂတ်ပါပဲ၊ သူတို့တွေက …………. “

ကျောင်းအုပ်ကြီးသည် ကိစ္စတော်တော်များများကို စင်ပေါ်တွင် ပြောသွားခဲ့သည်။

သို့ရာတွင် မျှော်လင့်ထားသော နိုးထမှု အခမ်းအနားကား မဖြစ်ပေါ်လာခဲ့ပေ၊ ၎င်းကြောင့် များစွာသော ကျောင်းသူကျောင်းသားများ စိတ်ပျက်သွားခဲ့ရသည်။

နိုးထခြင်း အခမ်းအနားဟု ခေါ်ဆိုသည့် အရာကား ဘီအဆင့် စွမ်းရည် (သို့) ထို့ထပ်ပိုမြင့်သော စွမ်းရည်ကို ပိုင်ဆိုင်ခဲ့ကြသည့် ကျောင်းသူကျောင်းသားတို့က စင်ပေါ်တက်၍ လူအများ၏ လေးစားကြည်ညိုခြင်းကို ခံယူရသော ပွဲတစ်ခုဖြစ်သည်။

ယခင်နှစ်များတွင် ၎င်းသည် အားလုံး စောင့်မျှော်နေခဲ့ကြသော အရာတစ်ခုဖြစ်သည်။

ဤနှစ်တွင်ကား ပြင်ပကျောင်း အများအပြားကပင် အာရုံစိုက်လာသောကြောင့် စိတ်လှုပ်ရှားမှုများသည် မထင်မှတ်ထားသော အဆင့်အထိ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

အားလုံးသည် ဤနှစ်တွင် လင်းဂျန် ပထမ အထက်တန်းကျောင်း၌ Sအဆင့် စွမ်းရည် ရှိလာသောကြောင့်ဖြစ်သည်။

လူတိုင်းသည် Sအဆင့် စွမ်းရည်ရှိသည့် ကျောင်းသားကို မြင်တွေ့ချင်နေကြပြီး၊ သူ၏ လက်ရှိစွမ်းရည်က မည်သည့်အရာ ဖြစ်နေမလဲဆိုသည်ကို သိချင်နေကြသည်။

သို့ရာတွင် မိန့်ခွန်းစကား ပြောဆိုပြီးသွားသည့်နောက်၌ ကျောင်းအုပ်ကြီးသည် စုဝေးပွဲ ပြီးဆုံးပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။

ထို့ကြောင့် ထောင်နှင့်ချီသော ကျောင်းသားများ စိတ်ပျက်သွားကြသည်။

အထူးသဖြင့် ဒုတိယနှစ်နှင့် တတိယနှစ်မှ စီနီယာ ကျောင်းသားများဖြစ်ပြီး၊ သူတို့သည် စကားအနည်းငယ် ပြောလာကြသည်။

“ ဒီနှစ် ကျောင်းသားတွေထဲမှာ Sအဆင့် စွမ်းရည်ရှိတယ် မဟုတ်ဘူးလား? ကျွန်တော်တို့က သူ့ကို ဘာလို့ မတွေ့ရတာလဲ? “

“ ဟုတ်တယ်၊ ဂျူနီယာလေးက ရုပ်ချောလားဆိုတာကို ကြည့်ချင်ရှင့် “

“ ကျွန်တော်တို့က သူ့ကို ဘာလို့ မတွေ့ရတာလဲ? “

ကျောင်းအုပ်ကြီးနှင့် ဆရာများသည် ထိုနေရာတွင် ရှိနေကြစဲဖြစ်သောကြောင့်၊ ကျောင်းသားများသည် တီးတိုးပြောဆိုလာကြသည်။

“ ထိုအချိန်တွင် စီနီယာတစ်ဦးက ရယ်မော၍ ပြောဆိုလာခဲ့သည် “ Sအဆင့် စွမ်းရည်လား? ကောလဟာလ တစ်ခုလေးပါပဲကွာ “

သူ၏ စကားလုံးများကြောင့် ဆူညံပွက်လောရိုက်သွားတော့သည်။

“ ကောလဟာလလား? “

“ တကယ်ကြီးလား? “

“ တွေးလိုက်တော့၊ Sအဆင့် စွမ်းရည်ဆိုတာက တော်တော်ကြီးကို ရှားတယ်လေ၊ ဘယ်လိုလုပ်ပြီးတော့ ငါတို့ကျောင်းမှာ ပေါ်လာနိုင်မှာလဲ? “

“ အဲ့တာက တကယ်ကြီးကို ကောလဟာလဖြစ်နေတာများလား? “

ထိုနေရာရှိ ကျောင်းသားအားလုံးသည် ထိုကိစ္စနှင့် ပတ်သက်၍ အပူတပြင်း ဆွေးနွေးနေကြပြီး၊ လူစုခွဲမည့် အရိပ်အယောင် မပြကြသေးပေ။

အားကစားခန်းမကား ကျောင်းသူကျောင်းသားတို့၏ ဆွေးနွေးငြင်းခုန်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ထိုစကားများကို နားထောင်နေရင်းဖြင့် ပထမနှစ် အတန်းရှစ်မှ ကျောင်းသားများသည် မကျေမနပ် ဖြစ်လာကြသည်။

အဆုံးတွင် ဝမ်ယွဲ့ဟွေသည် သည်းမခံနိုင်တော့ဘဲ၊ ကျယ်လောင်စွာ ပြန်လည် ချေပလိုက်သည် “ ကောလဟာလလား? ကျောင်းအုပ်ကြီးက မင်းတို့တွေက မသိမ်ငယ်သွားစေချင်တာကွ “

အတန်းရှစ်မှ တစ်ခြားသော ကျောင်းသားများကလည်း စတင်၍ ချေပလာကြသည်။

“ ငါတို့က Sအဆင့် စွမ်းရည်ကို ငါတို့ မျက်လုံးတွေနဲ့ လူကိုယ်တိုင် မြင်ခဲ့ရတာကွ။ ဆရာတွေလည်း အများကြီး ရှိတယ်၊ အဲ့တာကို မင်းက အတုလို့ ပြောနေတုန်းပဲလား? “

“ ငါတော့ မင်းက မနာလို ဖြစ်နေတာလို့ပဲ ထင်တယ် “

အတန်းရှစ်မှ ကျောင်းသားများအတွက်ကား ရှုကျိုး၏ Sအဆင့် စွမ်းရည်သည် အတန်း၏ ဂုဏ်သိက္ခာပင် ဖြစ်သည်။

ယခုတွင် ၎င်းးအား အတုအယောင်ဟု ပြောဆိုနေကြသောကြောင့် သူတို့က မည်ကဲ့သို့ သည်းခံနိုင်ကြမည်နည်း?

ရုတ်တရက် ဆိုသလိုပင် လူအများစုသည် နှုတ်ဖြင့် ငြင်းခုန်ပြောဆိုလာကြသည်။

လူအုပ်ကြားထဲရှိ ရှုကျိုးကမူ သူ၏စွမ်းရည်ကြောင့် ငြင်းခုန်နေကြသည့် လူအုပ်ကြီးအား တအံ့တဩဖြင့် ငေးကြည့်နေခဲ့သည်။

သူသည် သူ၏အတန်းဖော်များကို ဘေးဘက်သို့ လျင်မြန်စွာ ဆွဲထုတ်နေတော့သည်။

ကျောင်းအုပ်ကြီးနှင့် ဆရာများ မထွက်သွားသေးဘူးဆိုသည်ကို သူသိနေခဲ့သည်။

သို့ရာတွင် အဆိုပါ စကားစစ်ပွဲများကို ကြားလိုက်ရသောအခါတွင် အထက်တန်းစားများက အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားကြသည့်ပုံပင်။

“ ကျောင်းအုပ်ကြီးက ငါတို့ကို စိတ်ဓာတ်မကျသွားစေချင်တာ ဟုတ်လား? ဟာသပဲ‌ဟေ့ “

“ ငါတို့က တတိယနှစ်တွေ၊ Sအဆင့် စွမ်းရည်ဆိုရင်တောင်မှ ငါတို့ကို အချိန်တိုအတွင်း လိုက်မှီလာမှာ မဟုတ်ဘူး “

အတန်းရှစ်မှ ကျောင်းသားတို့သည် မပျောက်ကွယ်သွားဘဲ၊ ပို၍ပင် ရဲတင်းလာကြသည် “ မင်းတို့က တတိယနှစ်ဆိုရင်တောင် ဘာဖြစ်လဲ? “

“ နှစ်နှစ်လေးစောပြီးတော့ လေ့ကျင့်ထားလို့ မင်းတို့ကိုယ်မင်းတို့ တော်တော်လေးကောင်းနေပြီလို့ ထင်နေကြတာလား? “

“ ဟုတ်သားပဲ၊ မင်းတို့ အသုတ်မှာ Sအဆင့် စွမ်းရည်မရှိတာက ငါတို့ဆီမှာ မရှိဘူးလို့ မဆိုလိုဘူး “

“ မင်းတို့ ပြဿနာကောင်တွေ၊ အရိုက်ခံချင်နေကြတာလား? “

“ ဘာလဲ၊ စမ်းကြည့်ချင်လို့လား? လာခဲ့လိုက် “

နှစ်ဖက်ကြားရှိ ပဋိပက္ခမှာ တင်းမာလာတော့သည်။

ရုပ်ပိုင်းဆိုင်ရာ ထိပ်တိုက်ရင်ဆိုင်မှုအဖြစ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

“ အားလုံး ရပ်လိုက်ကြ “

ဆရာတစ်ဦးသည် တင်းမာသော မျက်နှာထားဖြင့် သူတို့ကို ဆူပူကြိမ်းမောင်းလာတော့သည်။

ကျောင်းအုပ်ကြီးနှင့် ဆရာအားလုံးသည် ဤနေရာတွင် ရှိနေကြစဲဖြစ်ပြီး၊ အဆိုပါ ကျောင်းသားများသည် ကောင်းကင်ကို ဇောက်ထိုးမိုးမျှော်လုပ်ကြတော့မလို ပြုမူနေကြသည်။

ထိုအခိုက်အတန့်တွင် အတန်းတစ်ခုချင်းစီမှ ကျောင်းသားများကို ဝေဖန်ပြစ်တင်ရန်အတွက် ဆရာအများအပြား ရှေ့ထွက်လာကြသည်။

ထိုအခါမှသာလျှင် ကြီးမားသော ပဋိပက္ခကြီးကို ရှောင်ရှားနိုင်ခဲ့သည်။

အထက်တန်းစားများသည် ဤတစ်ကြိမ် သတင်းကြားခဲ့ရသော Sအဆင့် စွမ်းရည်နှင့် ပတ်သက်၍ လှည့်ကွက်တစ်ခုခု ရှိနေသည်ဟု ယုံကြည်နေကြပြီး။ တိတ်တဆိတ် တီးတိုးပြောဆိုနေကြစဲဖြစ်သည်။

ထိုကဲ့သို့သာ မဟုတ်ပါက မည်သည့်အတွက်ကြောင့် နိုးထခြင်း အခမ်းအနားကို မကျင်းပရသနည်း?

တတိယနှစ် အတန်းသုံး၌

လီရို့ရှီသည် ရှုကျိုး၏ အတန်း ရှိရာ ဘက်သို့ ငေးကြည့်ရင်းဖြင့် မျက်မှောင်ကြုတ်နေခဲ့သည်။

“ Sအဆင့် စွမ်းရည်က အတုလား? “ လီရို့ရှီသည် တွေးတောစဥ်းစားနေခဲ့ပြီး၊ ထို့နောက်တွင် ခေါင်းခါနေတော့သည် “ ရှုကျိုးက လိမ်မှာမဟုတ်ဘူး၊ သူသာ လှည့်စားမခံရဘူးဆိုရင်ပေါ့ “

သူမသည် မျက်မှောင်ကြုတ်ကာ ဖြစ်နိုင်ခြေများကို ဆက်လက်၍ တွေးတောစဥ်းစားနေခဲ့သည်၊ Sအဆင့် စွမ်းရည်နဲ့ ပတ်သက်ပြီးတော့ တကယ်ကြီးကို ပြဿနာတစ်ခုခု ရှိနေတာများလား?

…

ပထမနှစ် အတန်းရှစ်၌

ရှုကျိုးသည် သူ့ရှေရှိ မြင်ကွင်းအား ကူရာကယ်ရာမဲ့စွာဖြင့် ကြည့်နေခဲ့ရသည်။

သူ၏ အတန်းဖော်များသည် အတော်လေး သစ္စာရှိကြပြီး၊ သူ့အတွက်နှင့် အထက်တန်းစားများကိုပင် ထိပ်တိုက်ရင်ဆိုင်ခဲ့ကြသည်။

သို့ရာတွင် ရှုကျိုးကား သူ့ကိုယ်သူ သံသယဝင်စပြုနေခဲ့ပြီ ဖြစ်သည်။

ဒီလောက်တောင် ဖြစ်နေတာကို ဘာလို့ ကျောင်းအုပ်ကြီးက ထွက်လာပြီး မဖြေရှင်းရတာလဲ?

ပြီးတော့ နှစ်တိုင်းကျင်းပနေတဲ့ နိုးထခြင်း အခမ်းအနားကို ဘာလို့ ရုတ်တရက်ကြီး ပယ်ဖျက်လိုက်ရတာလဲ?

ကိစ္စတစ်ခုခု ရှိနေတာလား?

ထိုစဥ် စင်အောက်ရှိ ကျောင်းအုပ်ကြီးသည် ဆရာများနှင့် ဆွေးနွေးပြောဆိုနေလျက်ရှိ၏။

All Chapters