← Chapters

ထိပ်တန်းအဆင့်

Vol. 1 Ch. 10

ထိပ်တန်းအဆင့်

Vol. 1 Ch. 10

“ ကျောင်းအုပ်ကြီးခင်ဗျ၊ အဲ့ကျောင်းသားတွေက တော်တော်လေးကို ဒေါသထွက်ဖို့ကောင်းတယ်ဗျာ “

ဆရာအများစုသည် မပျော်မရွှင် ဖြစ်နေကြသည်၊ သူတို့သည် ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မထင်ထားကြသည့်ပုံပင်။

ကျောင်းအုပ်ကြီးမှာလည်း အနည်းငယ် မျက်မှောင်ကြုတ်နေခဲ့သည်။

အမှန်တိုင်းပြောရပါက ဤသီတင်းပတ် အစောပိုင်းမှာပင် သူသည် ယခုနှစ်၌ နိုးထခြင်း အခမ်းအနား မကျင်းပဘူးဟု ဆုံးဖြတ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် မထင်မှတ်ထားစွာဖြင့် ထိုကဲ့သို့သော ဆုံးဖြတ်ချက် အသေးလေးတစ်ခုသည် ကြီးမားသော ပဋိပက္ခကြီးတစ်ခုကို ဖြစ်ပွားစေခဲ့သည်။

ကျောင်းအုပ်ကြီးက နိုးထခြင်း အခမ်းအနား မကျင်းပတော့ဘူးဟု ဆုံးဖြတ်လိုက်ရခြင်းမှာ အတော်လေး ရိုးရှင်းလှပေသည်။

နှစ်စဥ် ကျင်းပပြုလုပ်လေ့ရှိသည့် နိုးထခြင်း အခမ်းအနားသည် ပြင်ပကမ္ဘာမှ မရေမတွက်နိုင်အောင် များပြားလှသော အာရုံများကို စွဲဆောင်လေ့ရှိသည်။

အထူးသဖြင့် ယခုနှစ်တွင်ဖြစ်ပြီး၊ တစ်ခြားကျောင်းများသည် လင်းဂျန် ပထမအထက်တန်းကျောင်း၌ Sအဆင့် စွမ်းရည်ရှိလာပြီဖြစ်ကြောင်း ကြားသိထားကြပြီး၊ အဆိုပါ စွမ်းရည်၏ ပိုင်ရှင်ကိုသာလျှင် မသိကြသေးခြင်း ဖြစ်သည်။

ရှုကျိုး၏ Sအဆင့် စွမ်းရည်သည် တစ်ခြားသော Sအဆင့် စွမ်းရည်များနှင့် ကွဲပြားနေခဲ့သည်၊ နဂါး အသွင်ပြောင်းခြင်းစွမ်းရည်သည် ကျင့်ကြံရေး အရင်းအမြစ် အများအပြား လိုအပ်ပြီး၊ တိုးတက်မှုနှေးကွေးသော သားရဲစွမ်းရည် တစ်ခုဖြစ်သည်။

အကယ်၍ နိုးထခြင်း အခမ်းအနားကို ကျင်းပလိုက်မည်ဆိုပါက၊ ရှုကျိုးသည် လူထုအာရုံစိုက်ရာ ဗဟိုချက် ဖြစ်လာလိမ့်မည် ဖြစ်သည်။

ထို့နောက်တွင် သူ၏စွမ်းရည်ကြောင့် သူတစ်ဦးတည်းသာလျှင် မဟုတ်ဘဲ လင်းဂျန် ပထမအထက်တန်းကျောင်း တစ်ခုလုံးပါ အရှက်ကွဲသွားရမည် ဖြစ်သည်။

ထို့ကြောင့် များစွာ စဥ်းစားဆင်ခြင်ခဲ့ပြီးသည့်နောက်၌ ကျောင်းအုပ်ကြီးသည် အဆိုပါ ဆုံးဖြတ်ချက်ကို ချခဲ့ခြင်း ဖြစ်သည်။

စကားလုံးများဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည့် ကျောင်းသားများကို မြင်တွေ့လိုက်ရသောအခါတွင် ကျောင်းအုပ်ကြီး၏ အမူအရာသည် အနည်းငယ် ရုပ်ဆိုးသွားခဲ့သည်။

ဆရာတစ်ဦးမှ အဆိုပြုလာခဲ့သည် “ ကျောင်းအုပ်ကြီးခင်ဗျ၊ ဘာလို့ ထွက်မရှင်းပြလိုက်ရတာလဲဗျ? “

ကျောင်းအုပ်ကြီးသည် တစ်ခဏခန့် စဥ်းစားနေခဲ့ပြီး၊ ထို့နောက်တွင် ရွေးချယ်စရာ မရှိတော့သောကြောင့် ခေါင်းငြိမ့်ပြလိုက်သည်။

စက္ကန့်ပိုင်းမျှအကြာတွင် ကျောင်းအုပ်ကြီးသည် စင်ပေါ်သို့ ပြန်တက်လာခဲ့ပြီး၊ အသံနက်ကြီးဖြင့် ‘ တိတ်တိတ်နေကြ ‘ ဟုပြောလိုက်သည်။

အားကစားခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

ကျောင်းအုပ်ကြီးမှ ဆက်လက်၍ ပြောကြားလာတော့သည် “ ဘေးတစ်ဖက်ကနေပြီးတော့ ငြင်းခုန်မှုအများအပြား ငါကြားခဲ့ရတယ်၊ ဒါ့ကြောင့် ဒီနေရာမှာ ရှင်းလင်းချက်တစ်ချို့ လုပ်ပါမယ် “

“ Sအဆင့် စွမ်းရည်သတင်းက မမှားပါဘူး “

“ တကယ်ကိုပဲ ကျုပ်တို့ကျောင်းက ဒီနှစ်မှာ Sအဆင့် စွမ်းရည်ရှိတဲ့ ကျောင်းသားတစ်ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ် “

ထိုကဲ့သို့ ပြောလိုက်ပြီးသည့်နောက်၌ ကျောင်းအုပ်ကြီးသည် သတင်းမှားများ ဖြန့်ဝေခဲ့သည့် ကျောင်းသားကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

အကယ်၍ သူသာ မစခဲ့ပါက ကိစ္စများသည် ဤအခြေအနေအထိ ရောက်လာခဲ့လိမ့်မည် မဟုတ်ပေ။

စီနီယာကျောင်းသည် ချက်ချင်းဆိုသလိုပင် ဇက်ပုသွားတော့သည်။

သူသည် ပေါ့ပေါ့ပါးပါး ပြောလိုက်ခြင်းသာ ဖြစ်ပြီး ထိုကဲ့သို့ ကြီးမားသော ပဋိပက္ခကြီး တစ်ခု ဖြစ်သွားစေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ထိုစဥ် ဒုတိယနှစ်နှင့် စီနီယာကျောင်းသားများကြားတွင် အနည်းငယ် ပွက်လောရိုက်သွားခဲ့သည်။

ပထမနှစ် အတန်းရှစ်မှ ကျောင်းသားများသည် သူတို့၏ ရင်ဘတ်များကို ပင့်တင်၍ စီနီယာ ကျောင်းသားများကို ဘုကြည့်ကြည့်နေတော့သည်။

ထိုစဥ် စီနီယာ ကျောင်းသားတစ်ဦးမှ ကျယ်လောင်စွာ မေးမြန်းလာခဲ့သည် “ ကျောင်းအုပ်ကြီးခင်ဗျာ၊ တကယ်လို့ Sအဆင့် စွမ်းရည်က တကယ်ရှိတယ်ဆိုရင်၊ ဘာလို့ နိုးထခြင်း အခမ်းအနားကို ဒီနှစ်မှာ မကျင်းပရတာလဲဗျ? “

ကျောင်းအုပ်ကြီးသည် အသံနက်ကြီးဖြင့် ပြောလာခဲ့သည် “ တစ်ချို့သော အထူးအကြောင်းပြချက်တွေကြောင့် ဒီနှစ်မှာ နိုးထခြင်းအခမ်းအနားကို ကျင်းပမှာ မဟုတ်ဘူး “

ထပ်မံ၍ ရုတ်ရုတ်သဲသဲ ဖြစ်သွားရပြန်သည်။

တစ်စုံတစ်ဦးမှ မေးခွန်းထုတ်လာခဲ့သည် “ နိုးထခြင်း အခမ်းအနားကို နှစ်တိုင်း ကျင်းပခဲ့တာလေ၊ ဘာလို့ ဒီနှစ်မှလဲ? “

ကျောင်းအုပ်ကြီးမှ ပေါ့ပေါ့ပါးပါး ပြောလာခဲ့သည် “ မင်းကို ငါပြောသားပဲ၊ အထူးအကြောင်းပြချက် တစ်ချို့ကြောင့်လို့၊ နားမလည်ဘူးလား? “

“ ငါက မင်းကို နိုင်ငံတော်ရဲ့ လျှို့ဝှက်ချက်တွေပါ ရှင်းပြပေးရဦးမှာလား? “

သူသည် ထိုကျောင်းသားကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ထိုကျောင်းသားသည် ခြေထောက်များ ပျော့ခွေသွားခဲ့ပြီး၊ ဖြူဖျော့နေသော မျက်နှာဖြင့် နောက်ဆုတ်သွားကာ ဘာမှ ထပ်မပြောလာတော့ပေ။

ထိုအခိုက်အတန့်တွင် အားကစားခန်းမ တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

အားလုံးသည် ကျောင်းအုပ်ကြီးက အစွမ်းထက် သိုင်းပညာရှင်တစ်ဦး ဖြစ်သည်ဆိုသည်ကို နားလည်နေကြပြီး၊ သူ၏ အကြည့်တစ်ချက်ဖြင့်ပင် ကျောင်းသားအများစု ငြိမ်ကျသွားတော့သည်။

ထိုအချိန်မှာပင် ကျောင်းသားတစ်ဦးသည် သတ္တိမွေး၍ ကျယ်လောင်စွာ အော်ပြောလာခဲ့သည် “ ကျောင်းအုပ်ကြီးခင်ဗျာ၊ တကယ်လို့ နိုးထခြင်း အခမ်းအနား မရှိဘူးဆိုရင်လည်း၊ အနိမ့်ဆုံးအနေနဲ့ ကျွန်တော်တို့ကို Sအဆင့် စွမ်းရည်ရှိတဲ့ ဂျူနီယာလေးနဲ့ တွေ့ခွင့်ပေးလို့ အဆင်ပြေတယ်မလားဗျ? “

၎င်းကို သူပြောလိုက်သည်နှင့်တစ်ပြိုင်နက် လူအုပ်ကြီးသည် ထပ်မံ၍ ဆူညံလာတော့သည်။

“ ကျောင်းအုပ်ကြီးခင်ဗျာ၊ ဒါက ကျောင်းရဲ့ အောင်မြင်မှုပါ၊ ဘာလို့ ဖုံးကွယ်နေမှာလဲဗျ? “

အမှန်တိုင်းပြောရမည်ဆိုပါက ယနေ့တွင် ရောက်ရှိလာကြသော လူအများစုသည် Sအဆင့် စွမ်းရည်အတွက် ရောက်ရှိလာကြခြင်း ဖြစ်သည်။

ယခုတွင် တစ်စုံတစ်ဦးမှ နှိုးဆော်လာခဲ့ပြီ ဖြစ်သောကြောင့် ကျန်လူအားလုံးမှာလည်း အလျင်စလို တိုက်တွန်းလာကြတော့သည်။

ကျောင်းအုပ်ကြီးကား တည်ငြိမ်နေစဲပင် ဖြစ်သည်။

အကယ်၍ ရှုကျိုး၏ စွမ်းရည်ကသာ သားရဲအမျိုးအစား ဖြစ်သည်ကို သူတို့ သိသွားကြပါက သံသယအားလုံး ကွယ်ပျောက်သွားမည် ဖြစ်သည်။

သို့သော် အကယ်၍ သူသာ ထိုကဲ့သို့ ပြုလုပ်လိုက်မည်ဆိုပါက ရှုကျိုးအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်ပေါ်သွားလိမ့်မည် ဖြစ်သည်။

Sအဆင့် စွမ်းရည်ရှိနေရာမှ ရုတ်တရက် မကျင့်ကြံနိုင်တော့ဘူးဆိုသည်ကို စိတ်ကူးကြည့်ပါလေ။

ထိုကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ ကွာဟချက်သည် သာမန်လူတစ်ဦး တောင့်ခံနိုင်ရန်အတွက် ခက်ခဲလွန်းလှသည်။

ကျောင်းအုပ်ကြီးသည် ရှုကျိုးကို တစ်ချက်ကြည့်ကာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီး၊ ထပ်မံ၍ စကားပြောရန် ပြင်လိုက်သည်။

ထိုအချိန်တွင် ပရိတ်သတ်ထဲတွင် ရှိနေခဲ့သည့် ချောင်ရုံမှ ရုတ်တရက် စကားပြောလာခဲ့သည် “ ကျောင်းအုပ်ကြီးခင်ဗျာ၊ ကျွန်တော့်ကို စကားပြောခွင့်ပေးပါ “

ကျောင်းအုပ်ကြီးသည် အံ့ဩသွားပြီး၊ သူ့ကို ငုံ့ကြည့်၍ မေးမြန်းလိုက်သည် “ သေချာလား? “

ချောင်ရုံသည် ပြတ်ပြတ်သားသား ခေါင်းငြိမ့်ပြလာခဲ့သည်။

၎င်းကို မြင်တွေ့လိုက်ရသောအခါတွင် ကျောင်းအုပ်ကြီးသည် တစ်စုံတစ်ဦးမှ အဆိုပါ ပြဿနာကို ဖြေရှင်းလာပေးမည် ဖြစ်သောကြောင့် ချက်ချင်းဆိုသလိုပင် စင်ပေါ်မှ ပျော်ရွှင်စွာ ဆင်းသွားတော့သည်။

တစ်ချိန်တည်းမှာပင် ကျောင်းအုပ်ကြီးသည် ချောင်ရုံက အဆိုပါ ပြဿနာအား မည်ကဲ့သို့ ဖြေရှင်းမလဲဆိုသည်ကို သိချင်သွားခဲ့သည်။

…

စင်အောက်၌ ကျောင်သားများမှာ ငြိမ်သက်နေလျက်ရှိပြီး၊ ဆရာချောင် ပြောလာမည့် စကားများကို နားစွင့်နေကြသည်။

ရှုကျိုးမှာလည်း ထိုကဲ့သို့ ခံစားနေခဲ့ရသည်၊ သူသည် တစ်ခုခု မှားယွင်းနေသည်ဟု နားလည်နေခဲ့သည်။

ကျောင်းအုပ်ကြီးရဲ့ ထူးဆန်းတဲ့ အပြုအမူတွေက ငါ့ရဲ့စွမ်းရည်နဲ့ ဆိုင်နေသလိုပဲ။

ထိုအခိုက်အတန့်တွင် ချောင်ရုံသည် စင်ပေါ်သို့ တက်လာပြီး၊ အော်ပြောလာခဲ့သည် “ ဟယ်လို၊ ကျောင်းသားတို့, ဆရာက ချောင်ရုံပါ၊ ပထမနှစ် အတန်းရှစ်က ဆရာတစ်ယောက်ပါ “

“ Sအဆင့် စွမ်းရည် နိုးထခဲ့တဲ့ ကျောင်းသားက ဆရာရဲ့ တပည့်ပါ “

“ မင်းတို့အားလုံးက တွေ့ချင်နေကြတယ်ဆိုတော့ အဆင်ပြေပါတယ် “

ချောင်ရုံသည် လူအုပ်ထဲရှိ ရှုကျိုးကို ကြည့်ကာ အော်ပြောလာခဲ့သည် “ ရှုကျိုး၊ စင်ပေါ် တက်လာခဲ့ပါ “

၎င်းကို ကြားလိုက်ရသောအခါတွင် ရှုကျိုးသည် အနည်းငယ် အံ့ဩသွားခဲ့သည်၊ သို့သော် သူသည် တုံ့ဆိုင်းမနေဘဲ စင်ဆီသို့ ချက်ချင်း လမ်းလျှောက်သွားလိုက်သည်။

ထိုအခိုက်အတန့်တွင် အရာအားလုံး တိတ်ဆိတ် ငြိမ်သက်နေပြီး၊ အားလုံးသည် ရှုကျိုးအတွက် လမ်းဖယ်ပေးလာကြသည်။

“ အဲ့တာက Sအဆင့် စွမ်းရည် နိုးထခဲ့တဲ့ ဂျူနီယာလား? အရမ်းချောတာပဲ “

“ တော်တော်ကြီးကို ကြည့်ကောင်းတယ်၊ ကျောင်းအုပ်ကြီး ဘာလို့ ငါတို့ကို စောစောကြည့်ခွင့်မပေးရတာလဲ? “

စီနီယာကျောင်းသားများသည် အချင်းချင်း တီးတိုးပြောဆိုနေကြသည်။

ရှုကျိုးသည် အတော်လေး ချောမောသော်လည်း၊ ငယ်စဥ်ကတည်းက ဖျားနာလေ့ရှိသောကြောင့် သူ၏အသားအရည်သည် အနည်းငယ် ဖြူဖျော့နေခဲ့သည်။

သူ၏ကိုယ်ပွား (သို့) ပိတ်ရက်တွင် ချီ-သွေး တိုးတက်လာခဲ့သောကြောင့်၊ ရှုကျိုးကား ပျော့ညံ့သည့်ပုံ မဟုတ်တော့ပေ။

ထို့အစား သူ၏ရုပ်ရည်သည် ပို၍ သန့်သန့်ပြန့်ပြန့် ဖြစ်လာခဲ့သည်။

စီနီယာ မိန်းကလေး အများအပြားသည် စွဲလမ်းနေသော အသွင်အပြင်များကို ပြသလာကြသည်၊ Sအဆင့် စွမ်းရည်က တော်တော်လေးကို‌ ချောတာပဲဟယ်။

သို့သော် တစ်ချို့သည် ကျောင်းအုပ်ကြီးက နက်နဲသော အကြောင်းပြချက်များကြောင့် သူ့အား ယခင်က ထုတ်မပြခဲ့ခြင်း ဖြစ်သည်ဟု ယုံကြည်နေကြစဲဖြစ်သည်။

တတိယနှစ် အတန်းသုံးမှ လီရို့ရှီသည် ရှုကျိုးကို အချိန်ကြာကြာကြည့်နေပြီး၊ သူမ၏ လက်သီးသေးသေးများကို တင်းကြပ်စွာ ဆုပ်နေတော့သည်။

အကယ်၍ တစ်ခုခုသာ မှားယွင်းသွားမည်ဆိုပါက သူမ တန်ဖိုးမရှိသော မောင်ငယ်လေးသည် မိသားစုအား အရှက်ရသွားစေမည် ဖြစ်သည်။

စင်အောက်ရှိ တစ်ခြားသော ဆရာများမှာလည်း မျက်မှောင်ကြုတ်နေကြသည်။

ကျောင်းသားများက မသိကြသော်လည်း၊ ဆရာများသည် ရှုကျိုး၏ စွမ်းရည်ကို သိနေကြသည်။

ချောင်ရုံက ရှုကျိုးကို တကယ်ကြီး စင်ပေါ်ကို တက်ခိုင်းလိုက်တာလား?

ရှုကျိုးကို လူသိရှင်ကြား အရှက်ကွဲအောင်လုပ်နေတာလား?

ချောင်ရုံက ဘာတွေတွေးနေတာလဲ?

ရှုကျိုးက ယုံကြည်ချက်တွေ ကျိုးပျက်သွားပြီး၊ နာကျည်းသွားမှာကို မကြောက်ဘူးလား?

ထိုအခိုက်အတန့်တွင် ဆရာများသည် မျက်မှောင်ကြုတ်နေကြပြီး၊ မျက်လုံးများ မငြိမ်မသက် ဖြစ်နေကြသည်။

…

စင်အောက်ရှိ ကျောင်းသားများ၏ အတွေးများကမူ ကွဲပြားနေခဲ့သည်။

ထိုစဥ် ရှုကျိုးသည် မီးရောင်အောက်သို့ ရောက်နေပြီး၊ စင်ဆီသို့ ဖြေးညှင်းစွာ လမ်းလျှောက်သွားနေခဲ့သည်။

သူ၏ စိတ်ထဲတွင်မူ နားမလည်နိုင် ဖြစ်နေသော စိတ်ခံစားချက်များ ရှိနေခဲ့သည်။

ဤကိစ္စသည် သူ့ကြောင့် ဖြစ်ပွားလာခဲ့ခြင်း ဖြစ်ပြီး၊ လက်ရှိအခြေအနေများသည် သူ့အား ပို၍ အံ့ဩတုန်လှုပ်သွားစေခဲ့သည်။

ရှုကျိုးသည် ချောင်ရုံကို ငေးကြည့်လိုက်ပြီး၊ ထို့နောက်တွင် ခေါင်းငြိမ့်ပြလိုက်သည်။

ချက်ချင်းဆိုသလိုပင် ရှုကျိုးသည် ချောင်ရုံ၏ ရည်ရွယ်ချက်ကို နားလည်သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် သူသည် မိုက်ကို ယူ၍ ကျယ်လောင်စွာ အော်ပြောလိုက်သည် “ ဟယ်လို၊ အားလုံးပဲ၊ ကျွန်တော်က ရှုကျိုးပါ “

“ ပထမနှစ် အတန်းရှစ်က Sအဆင့် စွမ်းရည်ရှိတဲ့ ကျောင်းသားပါ “

ရှုကျိုး၏ အသံသည် အားမာန်များဖြင့် ပြည့်ဝနေလျက်ရှိပြီး၊ ဟိန်းထွက်သွားခဲ့ကာ ဆူညံပူညံ ဖြစ်နေကြသည့် ဆွေးနွေးမှုများကို ငြိမ်ကျသွားစေခဲ့သည်။

ပရိတ်သတ်တစ်အုပ်လုံး ငြိမ်သက်သွားခဲ့သည်။

ယုံကြည်မှုများဖြင့် ပြည့်နှက်နေသော အသံသည် လူတိုင်းကို စိတ်ရှုပ်ထွေးသွားစေခဲ့သည်၊ ကြည့်ရတာတော့ ဘာပြဿနမှ မရှိဘူးထင်တယ်?

ဘေးနားတွင် ရှိနေသော ချောင်ရုံသည် သူ့အား ခေါင်းအသာငြိမ့်ပြလာခဲ့သည်။

ရှုကျိုးသည် မတ်တပ်ရပ်လိုက်ရုံဖြင့် အသံများကို တိတ်သွားစေခဲ့သောကြောင့် သူသည် ရှုကျိုးအား စကားအရင်ပြောခွင့်ပေးလိုက်ခြင်း ဖြစ်သည်။

ရှုကျိုးသည် သူ၏ရည်ရွယ်ချက်ကို နားလည်နေခဲ့ပြီး၊ ယုံကြည်ချက်ရှိသောအသံနှင့်အတူ ဂုဏ်ယူဝင့်ကြွားနေသော အမူအရာဖြင့် လူအုပ်ကြီးအား ယာယီအားဖြင့် ငြိမ်သက်သွားစေခဲ့သည်။

၎င်းသည် ချောင်ရုံအလိုရှိနေခဲ့သည့် အရာဖြစ်သည်။

သူသည် မိုက်ကိုယူ၍ ဖြည်းညှင်းစွာ ရှေ့တက်လာခဲ့ပြီး၊ ကျယ်လောင်စွာ အော်ပြောလာခဲ့သည်။

“ မင်းတို့တွေထဲက လူအများစုက ရှုကျိုးရဲ့ စွမ်းရည်က ဘာလဲဆိုပြီး မေးချင်နေကြတာကို ဆရာသိပါတယ်၊ ဒါ့ကြောင့် အခုပဲ ပြောပြပေးမယ် “

“ သူ့ရဲ့ စွမ်းရည်က မသေမျိုး နဂါးခန္ဓာပဲ “

“ တိုတိုတုတ်တုတ် ပြောရရင်တော့ အဲ့ဒီစွမ်းရည် နိုးထလာခဲ့တာက နဂါးမျိုးနွယ်စုရဲ့ အသက်ဓာတ်ကို ရလိုက်သလိုပဲ၊ အံ့ဩဖို့ကောင်းတဲ့ စွမ်းအားတွေ ရသွားပြီးတော့ နယ်ပယ်တူတွေကြားမှာ ပြိုင်ဘက်ကင်းတယ် “

“ Sအဆင့် စွမ်းရည်တွေကြားထဲမှာတောင်မှ အဲ့တာက ပြိုင်ဘက်ကင်းတဲ့ ထိပ်ဆုံးအဆင့်မှာ ရှိတယ် “

သူ၏ စကားများ ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် လူအုပ်ကြီးဆီမှ ကျယ်ပြောလှသော အသံလှိုင်းလုံးကြီးတစ်ခု ပေါ်ထွက်လာတော့သည်။

All Chapters