သန်းနှင့်ချီသော လူများကို လှည့်စားခြင်း
Vol. 1 Ch. 11
အားကစားခန်းမအတွင်း၌ ဆရာနှင့် ကျောင်းသားအားလုံး အချိန်အတော်ကြာ တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။
အဆင့်တူထဲမှာ ပြိုင်ဘက်ကင်း၊ ထိပ်တန်းအဆင့်
စကားလုံး တစ်လုံးချင်းစီတိုင်းသည် အားလုံး၏ ဦးရေပြားများကို အေးခဲထုံကျင်သွားစေခဲ့သည်။
ထောင်နှင့်ချီသော ကျောင်းသားများ မှင်သက်အံ့ဩနေကြသည်။
ရှုကျိုးရဲ့ စွမ်းရည်က အဲ့လောက်တောင် အံ့ဩဖို့ကောင်းတာလားဟ?
ဆရာများမှာလည်း ချောင်ရုံ၏စကားလုံးများကြောင့် အံ့အားသင့်သွားကြသည်။
“ ချောင်ရုံက ဘာဖြစ်နေတာလဲဟ? ဒီလူ ရူးသွားတာလား? သူ ဘာတွေ ပြောနေတာလဲ? “
“ သူက တစ်ကျောင်းလုံးကို မဟုတ်ဘူး၊ လင်းဂျန်တစ်မြို့လုံးကို လှည့်စားနေတာပဲ “
“ သူ့ရဲ့ အလိမ်တွေ ပေါ်သွားမှာကို မကြောက်ဘူးလား၊ နောက်ဆက်တွဲ အကျိုးဆက်တွေကို သူကိုင်တွယ်နိုင်မှာ မဟုတ်ဘူး “
ဆရာများသည် အပူတပြင်း ဆွေးနွေးနေကြတော့သည်။
ကျောင်းအုပ်ကြီးကလည်း ခိုင်မာစွာ ထောက်ခံပေးလာခဲ့သည် “ သူပြောတာ မမှားဘူး၊ ရှုကျိုးရဲ့ စွမ်းရည်က တကယ့် ထိပ်တန်းအဆင့်ပဲ “
၎င်းကို ကြားလိုက်ရသောအခါတွင် ဆရာအားလုံး တိတ်ဆိတ် ငြိမ်သက်သွားကြသည်။
ကျုပ်တို့လည်း သိတာပေါ့၊ ဒါပင်မဲ့ အဲ့တာက သားရဲစွမ်းရည် အမျိုးအစားလေ။
ထိပ်တန်းအဆင့်ဖြစ်နေတော့ရော၊ ဘာအသုံးကျမှာလဲ?
ထို့အပြင် မသေမျိုး နဂါးခန္ဓာဟူသော အရာလည်း မရှိပေ။ ရှုကျိုး၏ စွမ်းရည်ကား နဂါး အသွင်ပြောင်းခြင်း ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ရှုကျိုးမှာလည်း မသေမျိုး နဂါးခန္ဓာဟူသည့် အရာက ဆရာချောင် ဖန်တီးထားသော အရာဖြစ်ကြောင်းကို မသိခဲ့ပေ။
မကြာခင်မှာပင် ကျောင်းသားများသည် သူတို့၏ သံသယများကို စတင်၍ ဖော်ထုတ်လာကြသည်။
“ မသေမျိုး နဂါးခန္ဓာလား? ဘယ်လိုတောင် ကြီးစိုးလိုက်တဲ့ နာမည်လဲ !! “
“ ဘယ်လိုလုပ်ပြီးတော့ အဲ့နာမည်ကို တစ်ခါမှ မကြားဖူးခဲ့ရတာလဲ? ကြည့်ရတာတော့ အဲ့တာက ဖတ်စာအုပ်ထဲမှာ ရှိမဲ့ပုံ မပေါ်ဘူး “
“ ဟုတ်တယ်၊ ဆရာရေ၊ အဲ့လို စွမ်းရည်မျိုးက တကယ်ရှိလို့လားဗျ? “
စင်ပေါ်ရှိ ချောင်ရုံသည် အေးဆေးတည်ငြိမ်စွာဖြင့် ကျယ်လောင်စွာ ပြောလာခဲ့သည် “ မသေမျိုး နဂါးခန္ဓာဆိုတာက လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာကျော်က တော်တော်လေးကို ရှားပါးတဲ့ မျိုးကွဲစွမ်းရည်တစ်ခုပဲ “
“ အဲ့စွမ်းရည် နိုးထခဲ့တဲ့ သိုင်းပညာရှင်တွေ အားလုံးက တော်တော်လေးကို လျှို့ဝှက်ဆန်းကြယ်ကြလို့၊ အဲ့စွမ်းရည်အကြောင်းကို လူတွေ သိပ်မသိကြတာက ပုံမှန်ပဲ “
“ သက်ဆိုင်တဲ့ အချက်အလက်တွေကို အင်တာနက်ပေါ်မှာ ရှာဖို့ကလည်း တော်တော်ခက်တယ် “
အဆိုပါ စကားလုံးများသည် ဖုန်းများကို ကိုင်၍ ရှာဖွေနေကြသည့် ကျောင်းသားများကို ငြိမ်ကျသွားစေခဲ့သည်။
ကျောင်းသားတစ်ဦးမှ သံသယဝင်လာခဲ့သည် “ ဒါဆိုရင်၊ ဆရာကရော အဲ့စွမ်းရည်အကြောင်းကို ဘယ်လိုလုပ်ပြီးတော့ သိတာလဲ? “
ချောင်ရုံမှ မတူညီကွဲပြားစွာ ပြန်ပြောလာခဲ့သည် “ ငါ့အိမ်မှာ အဲ့စွမ်းရည်အကြောင်းကို မှတ်တမ်းတင်ထားတဲ့ ရှေးဟောင်းစာအုပ်တစ်အုပ်ရှိတယ် “
ချက်ချင်းဆိုသလိုပင် ကျောင်းသားအားလုံး ငြိမ်ကျသွားခဲ့သည်။
ချောင်ရုံမှ ဆက်၍ ပြောလာခဲ့သည် “ တိတိကျကျပြောရရင်တော့ အဲ့စွမ်းရည်က တော်တော်လေးကို ထူးခြားပြီး အစွမ်းထက်တယ်၊ ကျောင်းအုပ်ကြီးက ဒီနှစ် နိုးထခြင်း အခမ်းအနားကို မကျင်းပဖို့ ဆုံးဖြတ်လိုက်ရတဲ့ အကြောင်းအရင်းက “
“ ရှုကျိုးက မောက်မာပြီး ကျင့်ကြံရေးလုပ်တာမှာ ပျင်းရိသွားမှာကို ကာကွယ်ဖို့အတွက်ပဲ “
“ တကယ်လို့ သူ့ဆီမှာ ပြိုင်ဘက်ကင်းတဲ့ Sအဆင့် စွမ်းရည် ရှိနေမယ်ဆိုရင်တောင်မှ၊ တကယ်လို့ သူက ပြင်းပြင်းထန်ထန် မကြိုးစားဘူးဆိုရင်၊ စွမ်းလာမှာ မဟုတ်ဘူး “
“ ရှုကျိုး၊ နားလည်လား? “
ထိုကဲ့သို့ ပြောလိုက်ပြီး၊ သူသည် ရှုကျိုးအား စူးစူးရဲရဲ ကြည့်လာခဲ့သည်။
ရှုကျိုးသည် အလေးအနက်ထား၍ ကျယ်လောင်စွာ ပြောလာခဲ့သည် “ နားလည်ပါတယ် ဆရာ “
တစ်ချိန်တည်းမှာပင် ထောင်နှင့်ချီသော ကျောင်းသားများသည် ကိစ္စ၏ အကျိုးနှင့် အပြစ်များကို သဘောပေါက်နားလည်သွားကြသည်။
အဲ့လိုဖြစ်နေတာကိုး၊ ရှုကျိုးရဲ့ စွမ်းရည်က တော်တော်ကြီးကို စွမ်းနေလို့၊ ကျောင်းအုပ်ကြီးက နိုးထခြင်း အခမ်းအနားကို ပယ်ဖျက်လိုက်တာပဲ။
ငါတို့အတွက် ထိုးနှက်ချက်တစ်ခု ဖြစ်သွားမှာကို ကျောင်းအုပ်ကြီးက ကြောက်နေတာများလား?
ဒုတိယနှစ်နှင့် တတိယနှစ် ကျောင်းသားကျောင်းသူတို့၏ အမူအရာများ ပြောင်းလဲသွားတော့သည်။
စင်ပေါ်ရှိ ချောင်ရုံမှ ဆက်လက်၍ ပြောလာခဲ့သည် “ အခုရော မေးခွန်းတွေ ရှိနေသေးလား? “
ဤတစ်ကြိမ်တွင် သူ့အား မည်သူကမှ မေးခွန်းမထုတ်ရဲကြပေ။
ကိစ္စက ရှင်းလင်းသွားခဲ့ပြီဖြစ်သောကြောင့် စကားပြောဆိုခြင်းသည် ကျွန်တော်/ကျွန်မက ရူးနေသည်ဟု ဝန်ခံလိုက်သလိုပင် ဖြစ်သွားလိမ့်မည် ဖြစ်သည်။
“ နောင်မှာ ဒီလိုကိစ္စမျိုး ထပ်မဖြစ်လာတော့ဘူးလို့ ငါမျှော်လင့်ပါတယ် “
ချောင်ရုံမှ ဆူပူနေတော့သည် “ အထူးသဖြင့် တတိယနှစ်က လူတစ်ချို့ပဲ၊ မင်းတို့ကောင်တွေ ပထမနှစ်က ကလေးတစ်သိုက်နဲ့ ရန်ဖြစ်နေတာက ရှက်ဖို့မကောင်းဘူးလား? “
“ တကယ်လို့ မင်းတို့ကသာ အဲ့ဒီစွမ်းအားတွေကို ကျင့်ကြံရေးမှာ အသုံးပြုလိုက်မယ်ဆိုရင်၊ မင်းတို့တွေ သိုင်းပညာရှင်တွေ ဖြစ်လာကြမှာ တော်တော်ကြာနေလောက်ပြီ “
သူ၏ စကားလုံးများကို ကြားသိလိုက်ရသည့်နောက်၌ တတိယနှစ်ကျောင်းသူကျောင်းသား အများစုသည် ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့သွားကြသည်။
ထိုစဥ် ပထမနှစ် အတန်းရှစ်မှ ကျောင်းသူကျောင်းသားများသည် ကျောများ ဆန့်လာကြပြီး၊ သူတို့၏မျက်နှာများတွင်လည်း အောင်နိုင်သူ အပြုံးများဖြင့် ပြည့်နှက်သွားကြသည်။
အောင်ပွဲက ငါတို့ဟာပဲ၊ Sအဆင့် စွမ်းရည်ကလည်း ငါတို့နဲ့ပဲ သက်ဆိုင်တယ်။
ထိုစဥ် ပထမနှစ် အတန်းရှစ်မှ လူများသည် တိုက်ပွဲတစ်ခုကို အောင်နိုင်သွားသကဲ့သို့ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသော မျက်နှာများဖြင့် ရှုကျိုးအား ဝိုင်းဝန်းကြည့်ရှုလာကြသည်။
အတန်းထဲရှိ မိန်းကလေးတစ်ချို့၏ မျက်လုံးများသည် လေးစားမှုများဖြင့် ပြည့်နှက်နေပြီး၊ လှပသော သူမတို့၏ မျက်လုံးများသည် ရွှန်းလဲ့တောက်ပနေခဲ့သည်။
သူမတို့တင် မဟုတ်ဘဲ၊ တစ်ခြားသော အတန်းများ၊ ဒုတိယနှစ်နှင့် တတိယနှစ်တို့မှ လှပသော ကျောင်းသူလေးများကပင် ရှုကျိုးအား ချစ်ခင်နှစ်သက်နေသော အကြည့်များဖြင့် ကြည့်လာကြသည်။
ချောလိုက်တာ
Sအဆင့် စွမ်းရည်
ထူးခြားတဲ့ ထိပ်တန်းအဆင့် အရည်အသွေး
၎င်းသည် ပြီးပြည့်စုံသော ချစ်သူပင် ဖြစ်သည်။
“ ကောင်းပြီလေ၊ အားလုံးပဲ အတန်းတွေဆီ ပြန်ကြတော့ “ စင်ပေါ်ရှိ ချောင်ရုံမှ အော်ပြောလာခဲ့သည်။
ထို့နောက်တွင် သူသည် ရှုကျိုးကို ကြည့်၍ ခေါင်းငြိမ့်ပြလိုက်သည် “ ရှုကျိုး၊ မင်းလည်း ပြန်တော့ “
“ ဟုတ်ကဲ့ ဆရာ ”
ယနေ့တွင် သူထင်ပေါ်ကျော်ကြားခဲ့ရသည်မှာ သူ၏ဆရာကြောင့်ပင် ဖြစ်သည်။
တစ်ခုခု မှားယွင်းနေသည်ဟု ခံစားနေခဲ့ရသော်လည်း၊ သူသည် လွန်စွာ ချီးကျူးခံခဲ့ရပြီး၊ မရေမတွက်နိုင်လောက်အောင် များပြားလှပြီး စိတ်အားထက်သန်စွာဖြင့် ကြည့်နေကြသော မျက်လုံးများကြောင့် ၎င်းကို များစွာ စဥ်းစားမနေတော့ပေ။
၎င်းတို့အားလုံးသည် ရှုကျိုးအား ဝမ်းသာပီတိဖြစ်သွားစေခဲ့သည်။
ရှုကျိုးသည် အားကစားခန်းမတွင် ကြာကြာမနေတော့ဘဲ၊ အတန်းရှစ်မှ ကျောင်းသားများကို ဦးဆောင်၍ စာသင်ခန်းဆီသို့ ပြန်သွားတော့သည်။
…
မကြာခင်မှာပင် ကျောင်းသားအားလုံး ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
သို့သော် ကျောင်းအုပ်ကြီးနှင့် ဆရာများကမူ မထွက်သွားကြသေးပေ။
နောက်ဆုံး ကျောင်းသားတစ်ဦး ထွက်သွားပြီးသည့်နောက်၌ ကျောင်းအုပ်ကြီးသည် ချောင်ရုံ့အား လေးလံနေသော စိတ်နှလုံးသားဖြင့် ကြည့်လာခဲ့သည်။
“ ဆရာချောင်၊ ဒီနေ့မင်းရဲ့ လှုပ်ရှားမှုက ငါ့ကို တကယ် အံ့ဩသွားစေခဲ့တာပဲ “ ကျောင်းအုပ်ကြီးမှ ရင်တထိတ်ထိတ်ဖြင့် ပြောလာခဲ့သည်။
ထောင်နှင့်ချီသော ကျောင်းသားနှင့် ဆရာများကို လှည့်စားခြင်း
၎င်းမှာ အရေးအကြီးဆုံး ကိစ္စ မဟုတ်ပေ။
အဓိက ကိစ္စကား ယနေ့ ဤသတင်း ပျံ့နှံ့သွားသည်နှင့်တစ်ပြိုင်နက် လင်းဂျန်တစ်မြို့လုံးနှင့် အနီးအနားရှိ တစ်ခြားသော မြို့များကပါ ဤပုံပြင်ကို ကြားသိသွားကြမည် ဖြစ်သည်။
သန်းနှင့်ချီသော လူပေါင်းများစွာ ဖြစ်သည်။
ချောင်ရုံ၏ စကားများသည် သန်းနှင့်ချီသော လူပေါင်းများစွာကို လှည့်စားသွားမည် ဖြစ်သည်။
အတန်းတစ်၏ အတန်းပိုင်ဆရာ လျူဖုန်းသည် အခိုင်အမာ ပြောလာခဲ့သည် “ ငါအမြင်အရတော့ မင်းက အမှန်တရားကို ပြောလိုက်သင့်တယ်။ လူတွေကို လှည့်စားတာက ကောင်းတဲ့အရာ မဟုတ်ဘူး။ အလိမ်ပေါ်သွားရင်၊ ကျောင်းက အဲ့တာကို ဘယ်လိုကိုင်တွယ်မှာလဲ? “
တစ်ခြားသော ဆရာများမှာလည်း သက်ပြင်းတချချ ဖြစ်နေတော့သည်။
“ အမှန်ပဲ၊ တကယ်လို့အမှန်တရားသာ ပေါ်သွားမယ်ဆိုရင်၊ ကျောင်းရဲ့ ဂုဏ်သိက္ခာက ဟိုးအောက်ဆုံးအထိ ကျသွားလိမ့်မယ် “
“ ရှုကျိုးကလည်း အမှန်တရားကို တဖြည်းဖြည်း သိလာမှာပဲ၊ အဲ့ချိန်ကျရင် သူက ပိုကြီးတဲ့ ထိုးနှက်ချက်နဲ့ ရင်ဆိုင်ရလိမ့်မယ် “
“ အမြင့် ရောက်လေလေ၊ ပိုပြီးတော့ အကျနာလေလေပဲ “
ဆရာများသည် ချောင်ရုံ၏ အပြုအမူများက ကျောင်း၏ ဂုဏ်သိက္ခာကို လျစ်လျူရှုထားပြီး၊ ရှုကျိုး၏ အနာဂတ်ကိုလည်း မစဥ်းစားပေးထားဘူးဟု ယူဆနေကြသည်။
၎င်းတို့ကို ကြားလိုက်ရသော်လည်း ချောင်ရုံကား အေးဆေးတည်ငြိမ်နေစဲသာ ဖြစ်သည်။
လူတိုင်း၏ စောဒကတက်မှုများကိုကြားခဲ့ရပြီးသည့်နောက်၌ သူသည် စတင်၍ စကားပြောလာခဲ့သည် “ တကယ်လို့ ရှုကျိုးက တိုးတက်လာခဲ့မယ်ဆိုရင်ကော? “
ဆရာအားလုံး မှင်သက်သွားကြသည်။
ချောင်ရုံမှ ဆက်ပြောလာခဲ့သည် “ ငါ ရှုကျိုးကို သေချာလေ့လာကြည့်ပြီးသွားပြီ၊ သူ့ရဲ့ ချီ-သွေး သိပ်သည်းမှုက အရင်ကထပ် ပိုပြီးတော့ တိုးတက်လာတယ် “
“ အဲ့တာက သူ့ရဲ့ ကျင့်ကြံရေး အရှိန်က အများကြီး နှေးကွေးမနေဘူးလို့ ညွှန်ပြနေတယ် “
ဆရာတစ်ဦးသည် တစ်ဦးကို တစ်ဦး ကြည့်လာကြပြီး၊ အံ့အားသင့်သွားကြသည်။
ကျောင်းအုပ်ကြီးပင် အံ့အားသင့်သွားခဲ့သည် “ နှစ်ရက်ပဲရှိသေးတယ်လေ၊ သူက သိသိသာသာ တိုးတက်လာတယ်ဆိုတာ သေချာရဲ့လား? “
“ သေချာပါတယ် “ ချောင်ရုံမှ ခေါင်းငြိမ့်ပြလိုက်သည်။
လူတိုင်း ရင်တလှပ်လှပ် ဖြစ်သွားကြသည်။
တကယ်လို့ အဲ့တာကသာ မှန်နေမယ်ဆိုရင် ……….
ထိုအချိန်တွင် ဆရာ လျူဖုန်းသည် ခေါင်းခါ၍ ပြောလာခဲ့သည် “ ရှုကျိုးရဲ့ ဒီနှစ်ရက်အတွင်း တိုးတက်မှုတွေက အရင်တုန်းက စုစည်းထားတာတွေကြောင့်ပဲ “
“ ငါ သမိုင်းမှတ်တမ်းတွေက မနေ့က စစ်ကြည့်ခဲ့တယ်။ အဲ့မှာ သားရဲအမျိုးအစား စွမ်းရည် နိုးထခဲ့တဲ့ လူတွေရဲ့ သာဓက ဖြစ်ရပ်တွေ ရှိတယ် “
“ ဘယ်သူကမှ ဒုတိယအဆင့် သိုင်းပညာရှင် မဖြစ်ခဲ့ကြဘူး၊ တစ်ယောက်မှကို ချွင်းချက် မရှိတာ “
“ သားရဲအမျိုးအစား စွမ်းရည်တွေက လူသားတွေအတွက် လုံးဝမသင့်တော်ဘူး “
အားလုံး၏ အမူအရာများသည် မှုန်ကုပ်ကုပ် ဖြစ်သွားကြသည်။
အကြီးမားဆုံးသော ပြဿနာကား နဂါး အသွင်ပြောင်းခြင်း စွမ်းရည်သည် သားရဲစွမ်းရည်အမျိုးအစား ဖြစ်ပြီး၊ ၎င်းသည် သားရဲများအတွက်သာလျှင် အကျိုးရှိနေခြင်း ဖြစ်သည်။
ထို့အပြင် လျူဖုန်း၏ ပြောစကားများမှာလည်း မှန်နေနိုင်သေးသည်၊ ရှုကျိုး၏ တိုးတက်မှုများသည် ယခင်က စုစည်းမှုများကြောင့် ဖြစ်ကောင်းဖြစ်နေနိုင်သေးသည်။
ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက နှစ်ရက်အတွင်းတွင် မည်ကဲ့သို့ သိသိသာသာ တိုးတက်လာနိုင်မည်နည်း?
ကျောင်းအုပ်ကြီးမှာလည်း သက်ပြင်းချနေခဲ့သည် “ သူ့ရဲ့ စုဆောင်းမှုက ကုန်သွားပြီဆိုတော့ သူ့ရဲ့ အနာဂတ်လမ်းကြောင်းက ပိုပြီးတော့ ခက်ခဲသွားပြီ “
သို့ရာတွင် ချောင်ရုံကမူ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြောလာခဲ့သည် “ သူလုပ်နိုင်မယ်ဆိုတာကို ကျွန်တော် ယုံတယ် “
ကျောင်းအုပ်ကြီးသည် စကားပြောချင်နေခဲ့သော်လည်း ချောင်ရုံ၏ စိတ်ပိုင်းဖြတ်ထားသော အမူအရာကို မြင်တွေ့လိုက်ရသောအခါတွင် သက်ပြင်းသာ ချလိုက်ပြီး မည်သည့်အရာကိုမှ ထပ်မပြောတော့ပေ။
“ ချောင်ရုံက အငြိမ်းစားယူဖို့ နီးလာပြီ၊ တကယ်လို့ သူက ကျင့်ကြံသူတစ်ယောက်ကို ပြုစုပျိုးထောင်ချင်တယ်ဆိုရင်လည်း လွှတ်ထားလိုက်တာပေါ့ “ ကျောင်းအုပ်ကြီးသည် တစ်ကိုယ်တည်း တွေးတောနေခဲ့သည် “ ဒါပင်မဲ့ သူ့ရဲ့ ရွေးချယ်မှုက မသင့်တော်ဘူး “
ရှုကျိုး၏ Sအဆင့် စွမ်းရည်ကို ချောင်ရုံမှ မျှော်လင့်ချက် ကြီးကြီးမားမား ထားနေခြင်းမှာ ပုံမှန်သာဖြစ်သည်။
သို့သော် ကျောင်းအုပ်ကြီးသည် ချောင်ရုံ၏ မျှော်လင့်ချက်များ အချည်းနှီးဖြစ်သွားရမည်ကို စိုးထိတ်နေခဲ့သည်။
စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချနေရင်းဖြင့် ကျောင်းအုပ်ကြီးသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားကာ အလေးအနက်ထား၍ ပြောလာခဲ့သည် “ ဒီလိုဖြစ်သွားပြီဆိုတော့ အားလုံးပဲ ဒီကိစ္စကို တင်းတင်းကြပ်ကြပ် လျှို့ဝှက်ထားကြမယ်လို့ မျှော်လင့်ပါတယ် “
“ ရှုကျိုးက တကယ်မရှိတဲ့ လျှို့ဝှက်စွမ်းရည်၊ မသေမျိုး နဂါးခန္ဓာ တကယ် နိုးထလာတယ်လို့ပဲ ဟန်လုပ်နေကြပါ “
အားလုံးသည် တစ်ဦးကို တစ်ဦး ကြည့်နေကြတော့သည်။
ဟန်ဆောင်ရမှာလား?
အဲ့တာက ကိုယ့်ကိုကိုယ် လှည့်စားနေတာ မဟုတ်ဘူးလား?
သို့သော် သူတို့သည် ကျောင်းအုပ်ကြီး၏ ရည်ရွယ်ချက်ကို နားလည်နေကြသည်။
ချောင်ရုံက ပြဿနာ ရှာခဲ့ပြီးပြီဖြစ်သောကြောင့် သူတို့သည် ၎င်းကို ရှင်းလင်းရမည် ဖြစ်သည်။
ပြင်ပကမ္ဘာကမူ လင်းဂျန် ပထမအထက်တန်းကျောင်းသည် ထူးခြားသော Sအဆင့် စွမ်းရည်ကို မွေးထုတ်ပေးခဲ့သည်ဟု မကြာခင်မှာပင် သိသွားကြတော့မည် ဖြစ်ပြီး၊ သူတို့သည် ၎င်းအား အနီးကပ် အာရုံစိုက်လာကြမည် ဖြစ်သည်။
အကယ်၍ တစ်ခုခုသာ မှားယွင်းသွားမည်ဆိုပါက ကျောင်း၏ ဂုဏ်သိက္ခာတစ်ခုလုံး မြောင်းထဲ ရောက်သွားမည် ဖြစ်သည်။