← Chapters

အံ့ဩဖွယ်ရာ !!

Vol. 1 Ch. 13

အံ့ဩဖွယ်ရာ !!

Vol. 1 Ch. 13

ရှုကျိုးသည် အတန်းထဲသို့ ပြန်မသွားဘဲ၊ ချောင်ရုံ၏ ရုံးခန်းထဲတွင်သာ နေ၍ တောင်ဖြိုခွဲ ဆေဘာသိုင်း လေ့ကျင့်နေခဲ့သည်။

ဤကာလအတွင်း၌ ချောင်ရုံသည် သူ့အား ဂရုတစိုက် လမ်းညွှန်ပေးနေခဲ့ပြီး၊ ရှုကျိုး၏ ဆေဘာ ပညာရပ်အား လျင်မြန်စွာ တိုးတက်သွားစေခဲ့သည်။

ကျောင်းဆင်းသွားသည့် အချိန်မှသာလျှင် ရှုကျိုးသည် ရုံးခန်းထဲမှ ထွက်လာခဲ့ပြီး၊ သူ၏ မျက်နှာပေါ်တွင်မူ ဝမ်းသာပီတိဖြစ်နေသော အပြုံးတစ်ခု တည်ရှိနေခဲ့သည်။

ယနေ့တွင် သူသည် များစွာ ရိတ်သိမ်းနိုင်ခဲ့သည်၊ သူသည် ဆေဘာသိုင်းကို လေ့ကျင့်ခဲ့ရုံတင်မကဘဲ၊ ၎င်းနယ်ပယ်၏ ပထမအဆင့်အထိပါ လေ့ကျင့်နိုင်ခဲ့သည်။

ချောင်ရုံ၏ ပြောစကားများအရ၊ တောင်ဖြိုခွဲ ဆေဘာနည်းစနစ်တွင် အဆင့်သုံးဆင့်ရှိသည်။

အဆင့်တစ်ခုချင်းစီတိုင်းသည် ဆေဘာသိုင်း၏ စွမ်းအားကို ကြီးကြီးမားမား တိုးမြှင့်ပေးသည်။

သို့ရာတွင် တိုက်ခိုက်ရေး ပညာရပ်များကို ကျွမ်းကျင်ပိုင်ဆိုင်စွာ တတ်မြောက်သွားရန်အတွက် ပင်ကိုယ်ဉာဏ် (သို့) ဉာဏ်ရည်ဉာဏ်သွေး လိုအပ်သည်၊ ထို့ကြောင့် တစ်ချို့သော ဒုတိယနှစ်ကျောင်းသားကျောင်းသူများနှင့် ဂျူနီယာများသည် အဆိုပါ နည်းစနစ်၏ ပထမအဆင့်တွင်သာ ပိတ်မိနေကြခြင်း ဖြစ်သည်။

ရှုကျိုးကား ပထမအဆင့်ကို တစ်ရက်တည်းဖြင့် ထိုးဖောက်နိုင်ခဲ့ပြီး၊ ထူးခြားသော ပင်ကိုယ်စွမ်းရည်ကို ပြသခဲ့သည်။

အမြဲလိုလို ခပ်တည်တည်နေတတ်သည့် ချောင်ရုံကပင် ပြုံး၍ သူ့အား ချီးမွမ်းလာခဲ့သည်။

“ ငါက ကလေးဘဝတည်းက အားနည်းပြီး ဖျားတတ်တယ်၊ ဒါပင်မဲ့ ငါ့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးကတော့ ဒီ‌လောက်တောင် ကောင်းနေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး “ ရှုကျိုးမှ ဆင်ခြင်သုံးသပ်နေခဲ့သည် “ ကောင်းကင်ဘုံက တံခါးကို ပိတ်လိုက်ပြီး၊ ပြတင်းပေါက် ဖွင့်ပေးတာများလား? “

သို့ရာတွင် သူ၏ ဉာဏ်ရည်ဉာဏ်သွေးအပြင် သူသည် Sအဆင့် စွမ်းရည်လည်း နိုးထခဲ့သည်။

အဲ့တာက ကောင်းကင်ဘုံက ငါ့အတွက် တံခါးတွေ မပိတ်ထားဘူးဆိုတာကို ပြနေတာများလား?

“ အရာအားလုံးက ဖြည်းဖြည်းချင်း ပိုကောင်းလာနေတာပဲ “ ရှုကျိုးသည် ဖျော့တော့သော အပြုံးတစ်ခုကို ဆင်မြန်းထားသည်။

အကယ်၍ ကိစ္စများကသာ ထိုကဲ့သို့ ဆက်ဖြစ်လာမည်ဆိုပါက၊ သူသည် တဖြည်းဖြည်း ပိုစွမ်းလာပြီး၊ လီရို့ရှီအား ဖြည်းညှင်းစွာ လိုက်မှီသွားမည် ဖြစ်ပြီး၊ ဂုဏ်ယူဝင့်ကြွားတတ်သည့် သူ၏အစ်မဖြစ်သူမှ သူ့အား အမြင်သစ်တစ်ခုဖြင့် မြင်သွားစေမည် ဖြစ်သည်။

သို့သော် တစ်နည်းနည်းဖြင့် ရှုကျိုးသည် ကိစ္စများက သူထင်ထားသလောက် ချောမွေ့မနေဘူးဟု အမြဲလိုလို ခံစားနေခဲ့ရသည်။

သူသည် ကျောင်းကို ပြန်လှည့်ကြည့်လိုက်ရာ၊ ထူးခြားသော ကိစ္စ တစ်ခုခု ဖြစ်ပေါ်လာတော့မည့်အတိုင်းပင် သူ၏ ရင် တလှပ်လှပ် ဖြစ်သွားခဲ့သည်။

“ ဒါက ဗီဇပြောင်း ကြက်ကိုယ်ပွားရဲ့ အန္တရာယ်သိစိတ်လား? “ ရှုကျိုးကား ရေရွတ်ပြောဆိုနေခဲ့သည်။

တိရစ္ဆာန်များသည် ကပ်ဘေးများနှင့် ပတ်သက်၍ ဆဌမအာရုံများ အမြဲလိုလို ပိုင်ဆိုင်ထားလေ့ရှိပြီး၊ ဗီဇပြောင်းသားရဲများသာဆိုပါက ထို့ထပ်ပင် ပိုနေမည် ဖြစ်သည်။

ဒါပင်မဲ့ အခုက အကုန်လုံး အေးအေးဆေးဆေးပဲ၊ ဘယ်လို ကိစ္စကြီးတစ်ခုက ဖြစ်လာနိုင်မှာလဲ?

ရှုကျိုးသည် ခေါင်းကို ခါ၍ အတွေးများကို ရပ်တန့်လိုက်ပြီး အိမ်သို့ ပြန်သွားတော့သည်။

သူသည် ယနေ့ညတွင် လေ့ကျင့်ရန် လိုအပ်နေသေးစဲဖြစ်ပြီး၊ အဆိုပါ ကျင့်ကြံရေး ဆေးရည် သုံးပုလင်းနှင့်တွဲစပ်လိုက်မည်ဆိုပါက သူ၏ ချီ-သွေးသည် သိသိသာသာ တိုးတက်လာမည် ဖြစ်သည်။

…

ညအချိန် ကျရောက်လာပြီး၊

အနီရောင် လမင်းကြီးသည် ကောင်းကင်ပေါ်သို့ ရောက်ရှိလာခဲ့သည်။

ညစာစားပြီးသည့်နောက်တွင် ရှုကျိုးသည် ငါးမန်းသွား ဇီဗပြောင်းကြက်ဖအား ကျန်နေသော အကြွင်းအကျန်များနှင့် အသားစိမ်းတစ်ချို့ကို ကျွေးနေတော့သည်။

၎င်းတို့ကို စားသုံးပြီးသည့်နောက်တွင် အဆိုပါ ကြက်ဖကြီး၏ ခန္ဓာကိုယ်သည် ထပ်မံ၍ ဖောင်းကားလာပြန်သည်။

မကြာခင်မှာပင် အဆိုပါ ဗီဇပြောင်းကြက်ဖကြီးသည် ၈၀ စင်တီမီတာနီးပါးအထိ မြင့်မားလာခဲ့ပြီး၊ ၎င်း၏ တုတ်ခိုင်သော ကိုယ်ထည်မှာလည်း ရှုကျိုး၏ ခါးနီးပါးအထိ ကျယ်ဝန်းလာခဲ့သည်။

ထို့အပြင် ၎င်း၏ဦးခေါင်းထဲတွင် ဗီဇပြောင်းသွားသောကြောင့် ၎င်း၏တောက်ပနေသော အနီရောင် အမောက်သည် နှစ်ခုအဖြစ် ခွဲထွက်သွားပြီး၊ အလယ်ခွဲပုံသဏ္ဍာန် ဖြစ်သွားခဲ့သည်။

ရှုကျိုး၏ မျက်လုံးများထဲတွင် ၎င်း၏ အသွင်အပြင်သည် ဆိုးရွားမနေခဲ့ဘဲ၊ ထို့အစား ပို၍ပင် ကြီးကျယ်ခမ်းနားသွားခဲ့သည်။

ထို့နောက်တွင် ရှုကျိုးသည် စနစ်၏ မျက်နှာပြင်ကို ကြည့်လိုက်သည်။

[ ချီ-သွေး + ၀.၁ ကယ်လိုရီ ]

[ အဆင့် + ၄% ]

အိမ်ရှင် : ရှုကျိုး

ချီ-သွေး : ၇၁.၄ ကယ်လိုရီ

စိတ်ဝိညာဥ် : 1Hz

ကိုယ်ပွား : ငါးမန်းသွား ဗီဇပြောင်းကြက်ဖ

အဆင့် : ၀ အဆင့် အဆင့် ၁ ( ၁၉% )

အသားတင် အလေးချိန် : ၁၄.၅ ကီလိုဂရမ်

စွမ်းရည် : နေ့စဥ် ၁၀ကီလိုဂရမ်အထိ ကြီးထွားနိုင်ခြင်း( အမြင့်ဆုံး )၊ အရာအားလုံး ဝါးမြိုနိုင်ခြင်း

ဆင့်ကဲ ပြောင်းလဲမှုဖြစ်စဥ် : အလေးချိန်က မျိုးစိတ် အကန့်အသတ်သို့ ရောက်ရှိသွားသောအခါတွင် ဆင့်ကဲပြောင်းလဲမည်

…

ကိုယ်ပွား၏ အဆင့်သည် ၄% တိုးသွားခဲ့ပြီး၊ ၎င်း၏ အလေးချိန်သည် ၂ကီလိုဂရမ် တိုးသွားခဲ့သည်။

တစ်ချိန်တည်းမှာ မူလကိုယ်၏ ချီ-သွေးမှာလည်း ၀.၁ကယ်လိုရီဆိုသည့် အကျိုးသက်ရောက်မှု ပြန်လည်ရရှိခဲ့သည်။

“ မဆိုးပါဘူး “ ရှုကျိုးသည် အသာခေါင်းငြိမ့်နေတော့သည်။

တိုးတက်မှုမှာ မကြီးမားလှသော်လည်း နေ့စဥ် ကြီးထွားခြင်းဖြင့် အကျိုးကျေးဇူးရနေမည် ဖြစ်သည်။

ထို့နောက်တွင် ရှုကျိုးသည် သူ၏ ကျောပိုးအိတ်ကို ဖွင့်ပြီး၊ ချောင်ရုံ ပေးထားခဲ့သော ကျင့်ကြံရေး ဆေးရည် သုံးပုလင်းကို ထုတ်ယူလိုက်သည်။

“ အရင်က ကျင့်ကြံရေး ဆေးရည် သောက်တုန်းကဆိုရင် ချီ-သွေးက အနည်းဆုံး ၀.၅ကယ်လိုရီ တိုးလာတယ် “

လက်ထဲရှိ ဆေးပုလင်းသေးသေးလေးများကို ကြည့်ရင်းဖြင့် ရှုကျိုးသည် မျှော်လင့်မှုများဖြင့် ပြည့်နှက်နေတော့သည် “ ဒီတစ်ခါမှာရော ဘယ်လောက်တိုးလာလောက်မလဲ? “

ရှုကျိုးသည် ပုလင်းကို ဖွင့်၍ ခေါင်းကိုစောင်းကာ ၎င်းအား တစ်ကျိုက်တည်း မော့သောက်လိုက်သည်။

ခါးသက်သော လေတစ်ခုသည် သူ၏ပါးစပ်တစ်ခုလုံးသို့ ချက်ချင်း စိမ့်ဝင်သွားတော့သည်။

“ ဝုန်းးးးး “

မကြာခင်မှာပင် ရှုကျိုး၏ ခန္ဓာကိုယ်ထဲတွင် အံ့ဩဖွယ်ကောင်းသည့် သန့်စင်သော စွမ်းအင်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ရှုကျိုးသည် ကျင့်ကြံရေး အခြေခံနိယာမကို ချက်ချင်း လေ့ကျင့်လိုက်ပြီး၊ အဆိုပါ စွမ်းအင်ကို ဖြည်းညှင်းစွာ သန့်စင်နေတော့သည်။

နွေးထွေးသော ရေနွေးစီးကြောင်းလေးများသည် သူ၏ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားပြီး၊ သူ၏ခြေလက်များနှင့် အရိုးများထဲသို့ စိမ့်ဝင်သွားခဲ့သည်။

ဆယ့်ငါးမိနစ် ကျော်လွန်သွားသည့်နောက်တွင် ရှုကျိုးသည် သူ၏ခန္ဓာကိုယ်ထဲရှိ ဆေးရည်အားလုံးကို သန့်စင်နိုင်သွား၏။

သူသည် စနစ်၏ မျက်နှာပြင်ကို ထပ်ကြည့်နေတော့သည်။

[ ချီ-သွေး + ၀.၁ ကယ်လိုရီ ]

ချီ-သွေး : ၇၁.၅ ကယ်လိုရီ

“ ချီ-သွေး ၀.၁လေးပဲ တိုးလာတာလားဟ? “ ရှုကျိုးသည် မြင်တွေ့လိုက်ရသော အရာကြောင့် ချက်ချင်း အံ့ဩသွားခဲ့သည်။

အရင်တုန်းကဆိုပါက ၎င်းသည် ၀၅.ကယ်လိုရီ တိုးသွားခဲ့ခြင်းဖြစ်သော်လည်း ယခုတွင်ကား ငါးပုံတစ်ပုံအထိ ထိုးကျသွားခဲ့ပြီ ဖြစ်သည်။

“ မသေမျိုး နဂါးခန္ဓာကြောင့်များလား? “ ရှုကျိုးကား တွေးတော စဥ်းစားနေတော့သည် “ ချီ-သွေးကို မြှင့်တင်ဖို့အတွက် ငါက ကျင့်ကြံရေး အရင်းအမြစ်တွေ ပိုလိုတာလား? “

သူ၏ ချီ-သွေး အရည်အသွေးသည် အလွန်မြင့်မားနေခဲ့ပြီး၊ နယ်ပယ်တူများထပ် များစွာ သာလွန်နေခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် ချီ-သွေး မြှင့်တင်မှုအတွက် လိုအပ်သော အရင်းအမြစ်များမှာလည်း သာမန်လူးများထပ် များစွာပိုနေမည် ဖြစ်သည်။

၎င်းသည် ဆိုရွားသော အရာ မဟုတ်သော်လည်း၊ ၎င်းသည် ဆေးရည်သုံးပုလင်းက သူ၏ချီ-သွေးအား အများဆုံးအနေဖြင့် ၀.၃ကယ်လိုရီအထိသာ တိုးမြှင့်ပေးနိုင်မည်ဟု ဆိုလိုနေခဲ့သည်။

နည်းလွန်းတယ်

အစပိုင်းတွင် ရှုကျိုးသည် အနိမ့်ဆုံးအနေဖြင့် ၁ကယ်လိုရီ တိုးသွားလိမ့်မည်ဟု ထင်ထားခဲ့သည် ……

ရုတ်တရက် ဆိုသလိုပင် ရှုကျိုး၏ မျက်လုံးများ အနည်းငယ် တောက်ပသွားခဲ့သည်။

သာမန်လူတစ်ဦး အတွက်သာဆိုပါက ၎င်းသည် အကြပ်အတည်း ဖြစ်သွားနိုင်သည်၊ သို့သော် သူ့ထံတွင် ကိုယ်ပွား တစ်ခုရှိနေခဲ့သည်။

“ ဗီဇပြောင်းကြက်ကို ဆေးရည် တိုက်လိုက်မယ်ဆိုရင် ပိုပြီးတော့ တိုးတက်သွားမှာလား? “ ရှုကျိုးကား တွေးတော ဆင်ခြင်နေတော့သည်။

ကိုယ်ပွားကို ကျွေးလိုက်မယ်ဆိုရင်၊ မူလကိုယ်ကလည်း အကျိုးအမြတ်ပြန်ရတယ်၊ နှစ်ဖက်စလုံးနိုင်တဲ့ အခြေအနေပဲလေ။

ပြီးတော့ အစားအသောက်ရဲ့ အာဟာရဓာတ်က မြင့်လေလေ၊ ကိုယ်ပွား တိုးတက်မှုက မြင့်လေလေပဲ၊ အဲ့တာဆိုရင် မူလကိုယ်ကလည်း အကျိုးအမြတ် ကြီးကြီးမားမား ရလာလိမ့်မယ်။

၎င်းကို တွေးမိသွားသောအခါတွင် သူသည် စတင်၍ လှုပ်ရှားတော့သည်။

ရှုကျိုးသည် ကျန်နေသည့် ဆေးပုလင်းနှစ်လုံးကို ထုတ်ယူလိုက်ပြီး၊ ငါးမန်းသွား ဗီဇပြောင်းကြက်ဖ၏ ဘေးနားသို့ ချကာ တိုက်ရိုက် ကျွေးလိုက်သည်။

“ ပေါ့ “

သူသည် ပုလင်းအဖုံးကို ဖွင့်လိုက်ရာ သင်းပျံ့သော ဆေးရနံ့တစ်ခု လှိုက်တက်လာခဲ့သည်။

“ ဂလု ဂလု “

ကြက်ဖကြီးသည် ခေါင်းကိုစောင်း၍ ဆေးရည်အား ရေအမှတ်ဖြင့် သောက်နေတော့သည်။

“ ဝုန်းးးးးး “

ရှုကျိုး၏ ခံစားချက်အရ ကြက်ဖကြီး၏ ဝမ်းဗိုက်ထဲသို့ ဆေးရည်များ ရောက်ရှိသွားသောအခါတွင် ၎င်း၏ခန္ဓာကိုယ်ထဲတွင် ဗုံးတစ်လုံးပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် အံ့အားသင့်ဖွယ်ကောင်းသည် ၎င်း၏ အစာခြေဖျက်နိုင်စွမ်းလည်း စတင်လှုပ်ရှားလာခဲ့ပြီး၊ ချက်ချင်းဆိုသလိုပင် ဆေးရည်များသည် သန့်စင်သော အာဟာရဓာတ်များအဖြစ် ပြောင်းလဲသွားကာ၊ ၎င်း၏ ခြေလက်နှင့် အရိုးများဆီသို့ ရောက်ရှိသွားခဲ့သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ကြက်ဖကြီး၏ အရွယ်အစားသည် လျင်မြန်စွာ ပြောင်းလဲလာခဲ့သည်။

“ အော် အီးအီး အွတ် “

ဗီဇပြောင်းကြက်ဖကြီးသည် ၎င်း၏ လည်ပင်းကို ဆန့်ကာ ကျယ်လောင်စွာ မြည်တွန်လာခဲ့သည်၊ ၎င်းထံတွင် အဆုံးအစမဲ့သော စွမ်းအင်များ ပြည့်နှက်နေသည့်ပုံပင်။

ရှုကျိုးသည် စနစ်၏မျက်နှာပြင်ကို လျင်မြန်စွာ ကြည့်လိုက်ရာ ကြက်ဖကြီး၏ အဆင့်သည် လျင်မြန်စွာ မြင့်တက်လာသည်ကို မြင်တွေ့သွားခဲ့သည်။

၂၀%, ၂၁%, ၂၂% …….

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌ မြင့်တက်နေသော ဂဏန်းသည် ချက်ချင်း ရပ်တန့်သွားခဲ့သည်။

အဆင့် : ၀ အဆင့် အဆင့် ၁ ( ၅၉% )

“ တကယ်ကြီးကို ၄၀%တောင် တိုးသွားတာလားဟ? “ ရှုကျိုးကား အံ့ဩတုန်လှုပ်သွားခဲ့သည်။

အဆိုပါ အရှိန်အဟုန်သည် အလွန်မြန်ဆန်လွန်းလှပြီး၊ သူမျှော်မှန်းထားသည်ထပ်ပင် ကျော်လွန်နေခဲ့သည်။

ယခင်က ရက်များအတွင်းတွင် အစာပမာဏ အမြောက်အများ ကျွေးထားခဲ့သော်လည်း ဗီဇပြောင်းကြက်ဖ၏ ကြီးထွားမှုသည် တစ်ရက်လျှင် ၅%ခန့်သာ ရှိခဲ့သည်။

သို့သော် ယခုတွင်ကား ကျင့်ကြံရေး ဆေးရည်နှစ်ပုလင်း တိုက်လိုက်ရုံဖြင့် ၎င်းသည် ၄၀%အထိ ထိုးတက်သွားခဲ့သည်။

“ ဟမ်? အလေးချိန်က တက်မလာဘူးလား? “ ရုတ်တရက်ဆိုသလိုပင် ရှုကျိုးသည် တအံ့တဩဖြင့် အော်ပြောမိသွားခဲ့သည်။

အလေးချိန်သာလျှင် မဟုတ်ဘဲ စနစ်၏ မျက်နှာပြင်ပေါ်ရှိ ဗီဇပြောင်းကြက်ဖ၏ အရွယ်အစားကပင် မပြောင်းလဲသွားခဲ့ပေ။

ကြည့်ရတာတော့ ကျင့်ကြံရေး ဆေးရည်က အဲ့ကောင့်ရဲ့ အဆင့်ကိုပဲ မြှင့်တင်ပေးနိုင်တဲ့ပုံပဲ။

သို့ရာတွင် ရှုကျိုးသည် မကျေမနပ် မဖြစ်ဘဲ ဝမ်းသာသွားခဲ့သည်။

ကိုယ်ပွား၏ ကြီးထွားမှုသည် အကန့်အသတ်ရှိပြီး၊ တစ်နေ့လျှင် အမြင့်ဆုံးအနေဖြင့် ၁၀ကီလိုဂရမ်အထိသာ ကြီးထွားနိုင်သည်ကို အမှတ်ရကြရမည် ဖြစ်သည်။

ကျင့်ကြံရေး ဆေးရည်က အလေးချိန်ကို မမြှင့်တင်ပေးနိုင်ခြင်းသည် ကိုယ်ပွားကသာ ဆေးရည်များကို သောက်သုံးနေသရွေ့ ၎င်း၏ အဆင့်က တိုးတက်သွားမည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

ယခုတွင် ရှုကျိုး၏ မူလကိုယ်မှာလည်း အကျိုးအမြတ်ကို စတင်၍ ခံစားလာရပြီ ဖြစ်သည်။

ကြီးမားသော အနွေးဓာတ် လှိုင်းလုံးကြီးတစ်ခုသည် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့ပြီး၊ သူ၏ ခြေလက်များနှင့် အရိုးများဆီသို့ ပျံ့နှံ့ရောက်ရှိသွားကာ သူ၏ ချီ-သွေးအား လျင်မြန်စွာ တိုးတက်သွားစေခဲ့သည်။

ရှုကျိုး၏ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများသည် အဆက်မပြတ် ကြီးထွားလာခဲ့သည်။

ချီ-သွေး မြင့်တက်ခြင်း!!

ရှုကျိုးသည် ၎င်းကြောင့် အံ့ဩမသွားခဲ့ဘဲ၊ စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့ပြီး၊ သူ၏ အတွင်းပိုင်းအခြေအနေ တည်ငြိမ်သွားမှသာလျှင် စနစ်၏မျက်နှာပြင်ကို ကြည့်ရှု စစ်ဆေးနေတော့သည်။

ချီ-သွေးသည် ၇၁.၅မှ ၇၂.၅အထိ တိုးမြင့်သွားခဲ့သည်။

“ ချီ-သွေးက တကယ်ကြီးကို ၁ကယ်လိုရီ တိုးသွားခဲ့တာလား? “ ရှုကျိုး၏ မျက်လုံးများ ပြူးကျယ်သွားပြီး ပို၍ ပျော်ရွှင်သွားခဲ့သည်။

အဆိုပါ အကျိုးသက်ရောက်မှုသည် မူလကိုယ်ဖြင့် ဆေးရည်များကို သောက်သုံးခြင်းထပ် များစွာသာလွန်နေခဲ့သည်။

သူ့စွမ်းရည်၏ အကြီးမားဆုံးသော အားနည်းချက်သည် ကုန်ကျစားရိတ် ကြီးမားနေခြင်း ဖြစ်သည်။

ထိုးဖောက်ရန်အတွက် ကြီးမားသော ကျင့်ကြံရေး အရင်းအမြစ် ပမာဏကို လိုအပ်ပြီး၊ ထိုကဲ့သို့သာ မဟုတ်ပါက တိုးတက်မှုသည် လွန်စွာ နှေးကွေးသွားမည် ဖြစ်သည်။

“ မိုက်တယ်ဟေ့ “ ရှုကျိုးသည် အလွန်စိတ်လှုပ်ရှားနေခဲ့ပြီး၊ အချိန်အတော်ကြာမှ စိတ်တည်ငြိမ်သွားခဲ့သည်။

အသက်ကို ပြင်းပြင်းရှရှ ရှူရှိုက်လိုက်ပြီး၊ ပြောလာခဲ့သည် “ ငါ့Sအဆင့် စွမ်းရည်ရဲ့ တစ်ခုတည်းသော ပြဿနာကိုလည်း ဖြေရှင်းပြီးပြီ၊ နောက်ဆိုရင် အတားအဆီးတွေ ပျောက်သွားတော့မယ် “

ရှုကျိုးကား သူ၏လက်သီးများကို ဆုပ်ထားလိုက်သည်၊ ယနေ့၏ အံ့ဩဖွယ်ရာများသည် အလွန်များပြားနေခဲ့သည်။

ပထမဦးဆုံးအနေဖြင့် သူသည် ဆေဘာနည်းစနစ်အတွက် သူ၏ ထူးခြားသော ပင်ကိုယ်ဉာဏ်ကို ရှာတွေ့ခဲ့ပြီး၊ ယခုတွင်ကား ကျင့်ကြံရေး နှေးကွေးနေရခြင်း၏ ပြဿနာကိုလည်း ဖြေရှင်းနိုင်ပြီ ဖြစ်သည်။

ဤအတိုင်းသာ ရှေ့ဆက်သွားမည်ဆိုပါက သူ၏ကျင့်ကြံရေး အမြန်နှုန်းသည် အားလုံး၏ စိတ်ကူးစိတ်သန်းများထပ် ကျော်လွန်သွားမည် ဖြစ်သည်။

သို့သော် သူသည် လုံလောက်သော ကျင့်ကြံရေး အရင်းအမြစ်နှင့် ငွေတို့ကို ပြင်ဆင်ထားရမည် ဖြစ်သည်။

ထို့အတူ ရှုကျိုး၏ သန္နိဠာန်မှာလည်း ပို၍ အားကောင်းလာခဲ့သည် “ ပိုစွမ်းလာရမယ်၊ ထိပ်ဆုံး အယောက် ၁၀၀စာရင်းထဲကို ရောက်ရမယ် “

All Chapters