ကြီးမားသော တိုးတက်မှု
Vol. 1 Ch. 14
ရှုကျိုးသည် နံနက်ခင်း ၅နာရီတွင် နိုးလာခဲ့သည်။
သူသည် ဓားကိုကိုင်ကာ သူ၏ အိမ်နောက်ဖေးသို့ သွား၍၊ တောင်ဖြိုခွဲ ဆေဘာသိုင်းကို စတင်၍ လေ့ကျင့်နေတော့သည်။
ယမန်နေ့ညမှစ၍ ရှုကျိုးသည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်၊ ချီ-သွေး တိုးတက်ရေး အလုပ်အား သူ၏ ဗီဇပြောင်းကြက်ကိုယ်ပွားထံသို့ လွှဲအပ်ထားမည် ဖြစ်ပြီး၊ သူ၏ မူလကိုယ်ကမူ သူ၏ တိုက်ခိုက်ရေး စွမ်းအားကို တိုးတက်လာစေရန်အတွက် တိုက်ခိုက်ရေး နည်းစနစ်များကို လေ့ကျင့်မည် ဖြစ်သည်။
အလုပ်နှစ်ခုကို တစ်ပြိုင်နက် လုပ်ဆောင်ခြင်းဖြင့် သူ၏ အားသာချက်များကို အမြင့်ဆုံး အသုံးချမည် ဖြစ်သည်။
“ ထိပ်ဆုံး အယောက် ၁၀၀စာရင်းကို စိန်ခေါ်မယ်၊ တိုက်ခိုက်ရေး နည်းစနစ်တွေက ချီ-သွေးထပ် ပိုပြီးတော့ အရေးကြီးတယ် “
ရှုကျိုးသည် တစ်ကိုယ်တည်း တွေးတောနေလျက်ရှိ၏ “ တကယ်လို့ ငါကသာ ဆေဘာသိုင်းရဲ့ ဒုတိယအဆင့်ကို ထိုးဖောက်နိုင်မယ်ဆိုရင်၊ ထိပ်ဆုံး အယောက် ၁၀၀စာရင်းကို စိန်ခေါ်နိုင်ပြီ “
တိုက်ခိုက်ရေး နည်းစနစ်များ၏ ဒုတိယအဆင့်ဆီသို့ ရောက်ရှိထားသူများသည် ထိပ်တန်းကျောင်းသားများ ဖြစ်သည်။
ပထမနှစ်၏ ထိပ်ဆုံး အယောက် ၁၀၀စာရင်းပေါ်ရှိ ကျောင်းသူကျောင်းသားများကြားမှာပင် လူအနည်းငယ်ကသာလျှင် ထိုနယ်ပယ်ကို ချိုးဖျက်နိုင်ကြသည်။
ရှုကျိုးသည် တောင်ဖြိုခွဲ ဆေဘာသိုင်းကို မမောမပန်း လေ့ကျင့်နေပြီး၊ ပိုင်းဖြတ်ခြင်း၊ ထောက်ခြင်း၊ လှီးဖြတ်ခြင်း၊ ထိုးခြင်း၊ ကာခြင်း၊ တွန်းထုတ်ခြင်းနှင့် ထိုးသွင်းခြင်းကဲ့သို့သော အကွက်များကို ထပ်ခါတလဲလဲ ပြုလုပ်နေခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်နာရီ ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
လီရို့ရှီသည် အိမ်ထဲမှ ထွက်လာပြီး၊ အိမ်နောက်ဘက်ရှိ ရုပ်သွင်တစ်ခုကို မြင်တွေ့သွားကာ၊ အနည်းငယ် အံ့ဩသွားခဲ့သည်။
“ တောင်ဖြိုခွဲ ဆေဘာသိုင်းလား? “ လီရို့ရှီသည် အိမ်နောက်ဖေးသို့ လမ်းလျှောက်လာပြီး၊ ရှုကျိုးကို ကြည့်လာခဲ့သည် “ နင်က ဆေဘာသိုင်းကို စသင်နေပြီလား? “
ရှုကျိုးသည် မတုံ့ပြန်လိုက်ဘဲ တောင်ဖြိုခွဲ ဆေဘာသိုင်းကိုသာ ပြီးဆုံးအောင် လေ့ကျင့်ပြီးမှသာ သူ၏လေ့ကျင့်မှုကို ရပ်နားလိုက်ကာ သူ၏အစ်မကို လှည့်ကြည့်၍ ပြုံးပြလာခဲ့သည် “ မဆိုးဘူးလေ၊ ဟုတ်တယ်မလား? “
“ သာမန်ပါပဲ “ လီရို့ရှီသည် အေးစက်စွာ ပြောလာခဲ့သည် “ ကိုယ်ဟန်အနေအထားကို အာရုံစိုက်လွန်းနေတယ်၊ မျက်စိပဒါသဖြစ်ပင်မဲ့ အနှစ်သာရမရှိ အသုံးမဝင်ဘူး “
ရှုကျိုး၏ အပြုံးသည် အေးခဲသွားပြီး အေးစက်စွာ နှာခေါင်းရှုံ့လာခဲ့သည် “ ငါက မနေ့ကမှ စသင်ခဲ့တာလေ၊ ဆေဘာသိုင်းရဲ့ ပထမအဆင့်ကို ရောက်ပြီးနေပြီ “
လီရို့ရှီ၏ မျက်ခုံးများ အနည်းငယ် မြင့်တက်သွားခဲ့သည်။
ထို့နောက်တွင် သူမမှ ပြောလာခဲ့သည် “ အို့၊ ငါက ပထမနှစ်ရဲ့ ပထမနှစ်ဝက်မှာတင် တိုက်ခိုက်ရေး နည်းစနစ်ရဲ့ ဒုတိယအဆင့်ကို ရောက်ခဲ့တာ “
“ … “
ရှုကျိုးသည် ကူရာကယ်ရာမဲ့စွာ ပြောလိုက်သည် “ နင်က အံ့ဩဖို့ကောင်းတယ်ဆိုတာကို ငါသိပါတယ်၊ နင်က ပါရမီရှင်ပဲ “
“ နင်ပြောဖို့တောင် လိုလို့လား? “ လီရို့ရှီသည် ပေါ့ပေါ့ပါးပါး ပြောလာခဲ့ပြီး၊ သူမ၏အသံသည် ကြည်လင်ပြီး ကြည်နူးဖွယ်ကောင်းလှကာ၊ အနည်းငယ် အေးစက် (သို့) သူမ၏မျက်နှာပေါ်တွင် မာနကြီးနေသော အမူအရာကို ဆင်မြန်း၍ လှည့်ထွက်သွားတော့သည်။
သူမ၏ နောက်ကျောကို ကြည့်နေရင်းဖြင့် ရှုကျိုးသည် ဘာလုပ်ရမလဲ မသိ ဖြစ်နေတော့သည်။
သူနှင့် တွေ့ဆုံသည့် အကြိမ်တိုင်းတွင် အဆိုပါ အစ်မသည် အခွင့်အရေးကို လုံးဝ လက်လွှတ်မခံဘဲ၊ သူ့အား အေးစက်ကာ၊ မာနကြီးသော စိတ်သဘောထားဖြင့်သာ အမြဲလိုလို ဆက်ဆံခဲ့သည်။
၎င်းကို တွေးမိသောအခါတွင် ရှုကျိုးသည် သက်ပြင်း တချချဖြစ်သွားခဲ့သည်။
ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုပါက လီရို့ရှီသည် ဘဲဥပုံစံ မျက်နှာလေးနှင့်အတူ အလွန်လှပနေခဲ့ပြီး၊ နူးညံ့သိမ်မွေ့ပြီး၊ သန့်စင်သော အသွင်အပြင်ရှိကာ သူမ၏ အသားအရည်သည် ကြွေထည်ကဲ့သို့ ဖြူဝင်းချောမွတ် နေလျက်ရှိ၏။
ယခုတွင် အထက်တန်းကျောင်း တတိယနှစ်တွင်မူ သူမသည် ၁.၇၅မီတာရှိသော ရှုကျိုးနီးပါးအထိ ကြီးထွားလာခဲ့ပြီး၊ လွန်စွာ ကြည့်ကြောင်းလှပလာခဲ့ပြီ ဖြစ်သည်။
တစ်ခါတစ်ရံတွင် ရှုကျိုးသည် အကယ်၍ ထိုကဲ့သို့ လှပလွန်းလှသော အစ်မဖြစ်သူမှ အနည်းငယ်ပို၍ နူးညံ့ငြင်သာမည်ဆိုပါက ကောင်းလိမ့်မည်ဟု တွေးတောနေတတ်သည်။
ကံဆိုးစွာဖြင့် လီရို့ရှီသည် ရှုကျိုးအား ငယ်စဥ်ကတည်းက အမြဲလိုလို အထင်သေးလေ့ရှိပြီး၊ ယခုတွင်ကား ထို့ထပ်ပင် ပိုနေခဲ့ပြီ ဖြစ်သည်။
“ အလျင်မလိုပါဘူး “ ရှုကျိုး၏ နှလုံးသားသည် တည်ငြိမ်နေလျက်ရှိသည်။
အအေးစက်ဆုံးသော အမျိုးသမီးများကပင် ခွန်အားကို လေးစားလေ့ရှိကြသည်။ သူသည် သူက လီရို့ရှီအား တဖြည်းဖြည်း လိုက်မှီသွားပြီး၊ သူမကို အနိုင်ယူ၍၊ ထို့နောက်တွင် သူမ၏ သဘောထားမှာလည်း ပြောင်းလဲလာရလိမ့်မည်ဟု ယုံကြည်နေလျက်ရှိ၏။
ချက်ချင်းဆိုသလိုပင် ရှုကျိုးသည် လီရို့ရှိ၏ မှတ်ချက်ကို ပြန်လည် အမှတ်ရသွားခဲ့သည် “ ကိုယ်ဟန်အနေအထားကို အာရုံစိုက်လွန်းနေတာလား? “
“ တကယ်ပဲ ငါက ကိုယ်ဟန်အနေအထားကို အာရုံစိုက်လွန်းနေတာပဲ “ ရှုကျိုးသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည် “ တစ်ခါတစ်လေ ကို့ရို့ကားရား ဖြစ်နေတယ်လို့ ခံစားနေခဲ့ရတာက အံ့ဩစရာ မဟုတ်တော့ဘူးပဲ၊ အကြောင်းအရင်း ရှိတာကိုး “
ထိုအခိုက်အတန့်တွင် သူ၏မျက်လုံးများထဲ၌ နားလည်မှုအလင်းတန်း တစ်ခု ထင်ဟပ်လာခဲ့သည်။
စက္ကန့်ပိုင်းမျှ အကြာတွင် ရှုကျိုးသည် ဓားကို ထပ်မြှောက်ကာ လေ့ကျင့်ခန်း ပြန်လုပ်နေတော့သည်။
…
နောက်ပိုင်းကာလများတွင် ရှုကျိုးသည် အိမ်နှင့် ကျောင်းအကြား ကူးလူးသွားလာနေခဲ့သည်။
အိမ်၌ သူသည် အိမ်နောက်ဖေးတွင် သူ၏ ဆေဘာသိုင်းကို လေ့ကျင့်နေလေ့ရှိသည်။
ကျောင်း၌ သူသည် လေ့ကျင့်ရန်အတွက် ချောင်ရုံ၏ ရုံးခန်းဆီသို့ သွားလေ့ရှိ၏။
ဤကာလအတွင်း၌ ချောင်ရုံသည် သူ့အား များစွာသော အကြံဉာဏ်နှင့် အချိန်များကို ပေးနေခဲ့သည်။
ထိုကဲ့သို့ စဥ်ဆက်မပြတ် လေ့ကျင့်မှုများအောက်၌ ရှုကျိုး၏ တိုးတက်မှုကား အလွန် မြန်ဆန်နေခဲ့သည်၊ သူသည် သူ၏ ဆေဘာသိုင်းက သိသိသာသာ တိုးတက်လာသည်ဟုပင် ခံစားနေခဲ့ရသည်။
အချိန်မှာ ဆက်လက်၍ ခရီးနှင်နေခဲ့ပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်ရက် ကုန်ဆုံးသွားခဲ့သည်။
ကျောင်းရှိ လေ့ကျင့်ရေး ခန်းမ၌
ရှုကျိုးသည် ဓားဖြင့် ခုတ်ချလိုက်ရာ ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ လေထုထဲတွင် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်တစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ ပေါင် ၁၀၀၀၀ရှိသော အားကို တောင့်ခံနိုင်သည့် မြေပြင်ပေါ်၌ သိသာထင်ရှားသော အဖြူရောင် အမှတ်အသားတစ်ခု ချန်ရစ်ထားခဲ့သည်။
ရှုကျိုးသည် ဓားကိုကိုင်၍ ဖြည်းညှင်းစွာ အသက်ရှူသွင်းနေတော့သည်။
“ လွန်ခဲ့တဲ့ သုံးရက်က ငါ ဆေဘာသိုင်းရဲ့ ပထမအဆင့် အထွတ်အထိပ်အထိ ချိုးဖျက်နိုင်ခဲ့တယ် “ ရှုကျိုးသည် တစ်ကိုယ်တည်း ရေရွတ်နေခဲ့သည် “ ဒုတိယအဆင့်နဲ့ ပိုပိုပြီးတော့ နီးလာနေပြီ “
သူသည် စနစ်၏ မျက်နှာပြင်ကို ကြည့်ရှုစစ်ဆေးလိုက်သည်။
အိမ်ရှင် : ရှုကျိုး
ချီ-သွေး : ၇၃.၅ ကယ်လိုရီ
စိတ်ဝိညာဥ် : 1Hz
ကိုယ်ပွား : ငါးမန်းသွား ဗီဇပြောင်းကြက်ဖ
အဆင့် : ၀ အဆင့် အဆင့်၁ ( ၉၉% )
အသားတင် အလေးချိန် : ၃၄.၅ ကီလိုဂရမ်
စွမ်းရည် : တစ်နေ့လျှင် ၁၀ကီလိုဂရမ် ရရှိခြင်း ( အကန့်သတ် )၊ အရာအားလုံးကို ဝါးမြိုနိုင်ခြင်း
ဆင့်ကဲ ပြောင်းလဲမှုဖြစ်စဥ် : အလေးချိန်က မျိုးစိတ် အကန့်အသတ်သို့ ရောက်ရှိသွားသောအခါတွင် ဆင့်ကဲပြောင်းလဲမည်
…
ဤဆက်ရက်အတွင်းတွင် သူသည် အဆက်မပြတ် စားသောက်နေခဲ့သည်။
သူ၏ ငါးမန်းသွား ဗီဇပြောင်းကြက်ဖသည် ၂၀ကီလိုဂရမ် အထိ ကြီးထွားလာခဲ့ပြီး၊ အဆင့် ၁၏ အထွတ်အထိပ်အထိပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
အဆင့် ၂သို့ ရောက်သွားရန် ခြေတစ်လှမ်းသာလျှင် လိုအပ်တော့သည်။
ကိုယ်ပွားမှ မူလကိုယ်၏ ချီ-သွေးကို မြှင့်တင်ပေးမှုမှာလည်း ၁ကယ်လိုရီအထိ ရှိနေခဲ့သည်။
ယခုတွင် ရှုကျိုး၏ ချီ-သွေးသည် သူဝိညာဥ် ကူးပြောင်းလာခဲ့သည့် လွန်ခဲ့သော လဝက်ကထပ် ၂.၅ကယ်လိုရီ ပိုနေခဲ့ပြီ ဖြစ်သည်။
၎င်းသည် သာမန်လူအများစုက နှစ်လ (သို့) သုံးလခန့် အချိန်ယူပြီးမှသာ ရရှိနိုင်သော အရာဖြစ်သည်။
သို့သော် ရှုကျိုးကမူ လဝက်အတွင်းမှာပင် ထိုကဲ့သို့ ပြုလုပ်နိုင်ခဲ့သည်။
“ ငါ့ရဲ့ စွမ်းရည်ကြောင့် ငါ့ရဲ့ ချီ-သွေးက သာမန်လူတွေထပ် သာတယ် “ ရှုကျိုးကား တွေးတော စဥ်းစားနေခဲ့သည် “ ငါ့ရဲ့ တိုက်ခိုက်ရေး စွမ်းအားကလည်း ဒီအပေါ်ယံ အဆင့်ထပ် တော်တော်လေး ကျော်နေလောက်ပြီ “
သူသည် ခန်းမ၏ ထောင့်တစ်နေရာဆီသို့ သွားကာ မီတာတပ်ဆင်ထားသော ကြီးမားသော သဲအိတ်တစ်လုံး၏ အရှေ့တွင် မတ်တပ်ရပ်လိုက်သည်။
( ကိုယ့်ရဲ့ လက်သီးချက်(သို့) ခြေကန်ချက်ကဘယ်လောက်ပြင်းလဲဆိုတာကို ယူနစ်တစ်ခုနဲ့ ပြတဲ့ ဒစ်ဂျစ်တယ်မီတာပါ )
၎င်းသည် လက်သီးစွမ်းအားကို စမ်းသပ်သည့် ကိရိယာတစ်ခု ဖြစ်သည်။
“ ဟူးးး “
ရှုကျိုးသည် ခြေထောက်နှစ်ဖက်စလုံးကို မြေပြင်ပေါ်သို့ ဆောင့်ချလိုက်ပြီး၊ သူ၏ ခန္ဓာကိုယ်သည် နဂါးတစ်ကောင်ကဲ့သို့ တွန့်လိမ်သွားပြီး၊ တစ်ကိုယ်လုံးရှိ စွမ်းအားအားလုံးသည် သူ၏ညာဘက်လက်သီးဆီသို့ ရောက်ရှိသွားခဲ့သည်။
ထို့နောက်တွင် သူသည် သဲအိတ်ကြီးကို ထိုးချလိုက်သည်။
“ ဝုန်းးးးးးး “
ကျယ်လောင်သော အသံတစ်သံနှင့်အတူ သဲအိတ်ကြီးသည် ပြင်းပြင်းထန်ထန် လှုပ်ရမ်းသွားခဲ့သည်။
မီတာပေါ်ရှိ နံပတ်များသည် ကြောက်မက်ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် မြင့်တက်သွားခဲ့သည်။
၅၀ကီလိုဂရမ်၊ ၆၀ကီလိုဂရမ်၊ ၇၀ကီလိုဂရမ် ……
အဆုံးတွင် မီတာပေါ်ရှိ နံပတ်သည် ၉၉ကီလိုဂရမ်ဟူသည့် ပမာဏတွင် ရပ်တန့်သွားခဲ့သည်။
“ ၉၉ကီလိုဂရမ်လား? “ ရှုကျိုးကား အံ့အားသင့်သွားခဲ့သည်။
ပုံမှန်အတိုင်းသာဆိုပါက ၇၀ကယ်လိုရီ ချီ-သွေးသည် ၅၀ကီလိုဂရမ်ရှိသော စွမ်းအားနှင့်သာ ကိုက်ညီလေသည်။
၁ကယ်လိုရီ တိုးသွားသည့် အချိန်တိုင်းတွင် ခွန်အား (သို့) စွမ်းအားမှာလည်း ၅ကီလိုဂရမ်စီ လိုက်ပါ တိုးတက်သွားမည် ဖြစ်သည်။
အဆိုပါ အချိုးအစားက အသေမဟုတ်ပေ၊ ၁၄၀ကယ်လိုရီအထိ ရောက်ရှိသွားသောအခါတွင် စွမ်းအားသည် ပို၍ တိုးမြင့်သွားမည် ဖြစ်သည်။
၁၅၀ကယ်လိုရီ ချီ-သွေးကို ပိုင်ဆိုင်ထားသည့် ပထမအဆင့် သိုင်းပညာရှင်တစ်ဦးသည် ကီလိုဂရမ် ၅၀၀ခန့်ရှိသော စွမ်းအားကို အသုံးပြုနိုင်မည် ဖြစ်သည်။
အဆိုပါ ကိန်းဂဏန်းများအရ ရှုကျိုး၏ ၇၃.၅ ကယ်လိုရီ ချီ-သွေးသည် ၆၇.၅ ကီလိုဂရမ်ရှိသော စွမ်းအားဖြင့်သာ ညီမျှသင့်ပေသည်။
သို့သော် ရှုကျိုး၏ လက်သီးထိုးချက် စွမ်းအားကမူ ၉၉ကီလိုဂရမ်အထိ ရောက်ရှိနေခဲ့သည်။
“ သာမန်လူတွေအတွက်ကတော့ ချီ-သွေး ၈၀ကယ်လိုရီကို ရောက်မှ ကီလိုဂရမ် ၉၀ရှိတဲ့ စွမ်းအားကို ထုတ်သုံးနိုင်တာ “
“ ဒါပင်မဲ့ ငါ့ရဲ့ ချီ-သွေးက ၇၃.၅ ကယ်လိုရီပဲ ရှိတာလေ၊ ဒီနည်းအတိုင်း တွက်မယ်ဆိုရင် ချီ-သွေး ၁ကယ်လိုရီ တိုးလာတိုင်းမှာ စွမ်းအားကလည်း အနည်းဆုံးအနေနဲ့ ၁၄ကီလိုဂရမ်လောက်အထိ တိုးလာမှာ မဟုတ်ဘူးလား? “
ယခုတွင်ကား သူပို၍ အံ့ဩသွားခဲ့ရသည်။
၎င်းသည် သူ၏ ချီ-သွေးက ပိုမြင့်လေလေ၊ နယ်ပယ်တူ ပြိုင်ဘက်များကြားရှိ ကွာဟချက်က ပို၍ ကြီးမားလာလေလေဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။
“ ထိပ်ဆုံး အယောက် ၁၀၀ ……… အခုဆိုရင်ရော သူတို့ကို တိုက်နိုင်ပြီလားဆိုတာကို ငါသိချင်မိတယ် “ ရှုကျိုးသည် သူ၏လက်သီးချက် စွမ်းအားကို ကြည့်၍ အဆက်မပြတ် ရေရွတ်ပြောဆိုနေခဲ့သည်။
လတစ်လ၏ နောက်ဆုံးအချိန်ဆီသို့ ချဥ်းကပ်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ကျောင်းအတွင်း၌ သိမ်မွေ့သော ယှဥ်ပြိုင်လိုစိတ်များ တိတ်တဆိတ် ကြီးထွားလာနေခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် လတစ်လ၏ အဆုံးတွင် ထိပ်ဆုံး အယောက် ၁၀၀စာရင်းကို အတည်ပြု သတ်မှတ်လေ့ရှိသောကြောင့် ဖြစ်သည်။
ထိုအချိန်တွင် ကျောင်း၏ အဆင့်သတ်မှတ်ချက်အတွင်းမှ ပါရမီရှင်များသည် အလွန်ပြင်းထန်သော တိုက်ပွဲတစ်ခုတွင် ပါဝင်ဆင်နွှဲလေ့ရှိကြပြီး၊ အောင်မြင်မှုကို သိမ်းပိုက်ကာ အဆင့်သတ်မှတ်ချက်အတွင်းသို့ ဝင်ရောက်လေ့ရှိကြသည်။
ရှုကျိုးကား ထိပ်ဆုံး အယောက် ၁၀၀စာရင်းကို မျှော်မှန်းထားသည်မှာ ကြာနေခဲ့ပြီ ဖြစ်သည်။
“ အဆင့်သတ်မှတ်ချက်ထဲက လူတွေကို ဘယ်တော့မှ အထင်မသေးနဲ့ “ ရှုကျိုးကား မိမိကိုယ်မိမိ သတိပေးနေခဲ့သည် “ သူတို့တွေက အလယ်တန်းကျောင်း တတိယနှစ်ကတည်းက လေ့ကျင့်နေခဲ့ကြတာ၊ ငါ့ရဲ့ အခြေခံ အုတ်မြစ်က သူတို့တွေလောက် မကောင်းသေးဘူး “
“ လုံခြုံဘေးကင်းဖို့အတွက် ဒီညပြီးမှ ဆုံးဖြတ်ချက် ချမယ် “
သူသည် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ရခြင်း ဖြစ်သောကြောင့် အလျင်စလို ဖြစ်မနေခဲ့ပေ။
ယနေ့ည ပြီးဆုံးသွားသည့်နောက်၌ သူ၏ကိုယ်ပွားသည် အဆင့် ၂ကို ထိုးဖောက်နိုင်သွားမည် ဖြစ်သည်။
ထိုအချိန်တွင် ရှုကျိုး၏ လက်သီးချက် စွမ်းအားသည် ကီလိုဂရမ် ၁၀၀အထိ ဖြစ်သွားနိုင်ပြီး၊ စောစီးစွာ လေ့ကျင့်ခဲ့ကြသည့် ပါရမီရှင်များနှင့် ရင်ဆိုင်ရမည်ဆိုလျှင်တောင်မှ သူသည် သူတို့ထပ် နိမ့်ကျနေသည်ဟု ခံစားနေရတော့မည် မဟုတ်ပေ။