← Chapters

အခန်း (၂၂-၂၄)

Vol. 2 Ch. 22-24

အခန်း (၂၂-၂၄)

Vol. 2 Ch. 22-24

အပိုင်း ( 22 )

ဓားတစ်ချက်ဖြင့် အနိုင်ယူခြင်း

ပုံရိပ်ယောင် အခန်းနံပတ် ၁၌

ရှုကျိုးသည် အကောင်းတိုင်း ရှိနေသည့် သူ၏လက်ကို ကြည့်ကာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်။

တိုက်ပွဲက ပုံရိပ်ယောင်ကမ္ဘာထဲတွင် ဖြစ်ပွားခဲ့သည်ကို ကျေးဇူးတင်ရမည် ဖြစ်သည်၊ ထိုကဲ့သို့သာ မဟုတ်ပါက သူသည် လက်တစ်ဖက်သာ ရှိသည့် ဆာဆုကဲ ဖြစ်သွားမည် ဖြစ်သည်။

သူ သက်ပြင်းချနေစဥ်မှာပင် သူသည် အပြင်ဘက်မှ ရောက်လာသည့် ကျယ်လောင်သော အောင်ပွဲခံသံများကို ရုတ်တရက် ကြားသွားခဲ့သည်။

ရှုကျိုး၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး၊ သူသည် တံခါးကို ဖွင့်ကာ လမ်းလျှောက်ထွက်သွားတော့သည်။

“ ရှုကျိုး !!! “

အတန်းရှစ်မှ ကျောင်းသားကျောင်းသူများသည် သူ့ထံသို့ ပြေးလာ၍ အော်ဟစ်လာကြသည်။

ရှုကျိုးကား ချက်ချင်းဆိုသလိုပင် နားလည်သွားခဲ့သည်။

ကြည့်ရတာတော့ ငါ့ရဲ့ အတန်းဖော်တွေက တိုက်ပွဲ ရလဒ်ကို သိသွားကြတဲ့ပုံပဲ။

သူသည် သူတို့အား ကူရာကယ်ရာမဲ့စွာ စကားပြောနေရတော့သည်။

သို့သော် ထိုအခိုက်အတန့်တွင် ရုပ်သွင်တစ်ခုသည် ခန်းမထဲသို့ ရုတ်တရက် ရောက်ရှိလာခဲ့သည်။

“ ရှုကျိုး၊ မင်းငါ့ကို တိုက်ရဲလား? “

ဟွမ်ဟောင်သည် ဓားရှည်တစ်လက်ကို ကိုင်၍ ဝင်လာခဲ့ပြီး၊ သူ၏အသံသည် အလွန် စူးရှနေခဲ့ကာ အောင်ပွဲခံနေကြသည့် အသံများကို ချက်ချင်း ဖိနှိပ်လာခဲ့သည်။

လူတိုင်း တိတ်ဆိတ် ငြိမ်သက်သွားကြသည်။

ကောင်တာရှိ ဆောင်ချီမှာလည်း အံ့အားသင့်သွားခဲ့သည်။

သူသည် ဟွမ်ဟောင်ရောက်လာမည်ကို မျှော်မှန်းထားခဲ့ပြီးသား ဖြစ်သော်လည်း ဤမျှ မြန်မြန်ဆန်ဆန် ရောက်ရှိလာလိမ့်မည်ဟု မထင်ထားခဲ့မိပေ။

တစ်ပြိုင်နက်ဆိုသလိုပင် သူသည် ကျယ်လောင်စွာ အော်ပြောလိုက်သည် “ ဟွမ်ဟောင်၊ မင်းက ရှုကျိုးကို ရှုံးထားတယ်၊ ခုနစ်ရက်အတွင်းမှာ သူ့ကို စိန်ခေါ်လို့ မရဘူး “

“ တကယ်လို့ မင်းက ရှုကျိုးကို စိန်ခေါ်ချင်တယ်ဆိုရင် ခုနစ်ရက်ပြည့်မှ ပြန်လာခဲ့ “

ပုံရိပ်ယောင် အခန်းများ သုံးစွဲအသုံးပြုခြင်းသည် စားရိတ်စားခ အလွန်ကုန်ကျလှသည်။ ထို့ကြောင့် ထိပ်တန်း အယောက် ၁၀၀စာရင်းမှ ရှုံးနိမ့်သွားကြသော လူများသည် ခုနစ်ရက်အတွင်းတွင် သူတို့၏ စိန်ခေါ်သူများကို စိန်ခေါ်ခွင့် မရှိပေ။

သို့သော် ၎င်းကို ကြားလိုက်ရပြီးသည့်နောက်မှာပင် ဟွမ်ဟောင်မှ အေးစက်စွာ ပြောလာခဲ့သည် “ ကျွန်တော်က ပုံရိပ်ယောင် ကမ္ဘာထဲမှာ စိန်ခေါ်မှာ မဟုတ်ဘူး “

သူသည် ရှုကျိုးကို ကြည့်ကာ အော်ပြောလာခဲ့သည် “ ရှုကျိုး၊ ငါမင်းကို တကယ့်ကမ္ဘာမှာ တိုက်ဖို့ စိန်ခေါ်တယ် “

ဝုန်းးးးးးးးးးးးးးးးး

ခန်းမတွင် ချက်ချင်းဆိုသလိုပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

လူတိုင်း၏ ရင်ခုန်သံများပင် ရပ်တန့်သွားခဲ့သည်၊ တကယ့်တိုက်ပွဲဆိုသည်မှာ လက်တွေ့ကမ္ဘာတွင် ယှဥ်ပြိုင်ခြင်းကို ဆိုလိုသည်။

ကျောင်းသည် ထိုကဲ့သို့သော ကိစ္စမျိုးကို အားမပေးပေ။

ဓားများ လှံများတွင် မျက်လုံးများ မရှိပေ၊ တိုက်ခိုက်ရေး နည်းစနစ်များကို တတ်မြောက်ထားသည့် ကျောင်းသားတိုင်းသည် ကြောက်မက်ဖွယ်ကောင်းသော အဖျက်အစီး စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။

ထို့ကြောင့်ပင် စိန်ခေါ်ပွဲများကိုပုံရိပ်ယောင် ကမ္ဘာတွင် ကျင်းပနေရခြင်း ဖြစ်သည်။

ပုံရိပ်ယောင် ကမ္ဘာထဲတွင် သေဆုံးသွားမည်ဆိုလျှင်တောင်မှ လက်တွေ့ဘဝတွင် အကျိုးသက်ရောက်မှု ရှိမည် မဟုတ်ပေ။

သို့သော် လက်တွေ့ဘဝတွင်ကား ဖြစ်ပွားခဲ့သော အဖြစ်အပျက်တစ်ခုကို မူလအခြေအနေသို့ ပြန်ရောက်အောင် ပြောင်းလဲနိုင်မည် မဟုတ်ပေ။

၎င်းကို ကြားလိုက်ရပြီးသည့်နောက်၌ ဆောင်ချီ၏မျက်နှာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်၊ ထို့နောက်တွင် သူသည် အလေးအနက်ထား၍ ပြောလာခဲ့သည် “ ဟွမ်ဟောင်၊ လက်တွေ့ဘဝက စိန်ခေါ်ပွဲတွေကို ပေါ့ပေါ့တန်တန် မစသင့်ဘူး “

သူသည် ဟွမ်ဟောင်၏ လူသတ်လိုသော အကြည့်ကို ကြည့်လိုက်ပြီး၊ သူ၏စိတ်နှလုံးသားထဲတွင် အေးစက်မှုတစ်ခုကို ခံစားလိုက်ရသည်။

ဒီကလေးက ရှုကျိုးကို စိန်ခေါ်ချင်နေတာ မဟုတ်ဘူး၊ သူ့ရဲ့ ပြောစကားတွေကို သက်သေပြဖို့အတွက် ရှုကျိုးကို ဆုတ်ဖြဲချင်နေတာပဲ။

ဟွမ်ဟောင်ကား အေးဆေးတည်ငြိမ်စွာ ပြောလာခဲ့သည် “ ဆရာ၊ ထိပ်တန်း အယောက် ၁၀၀စာရင်းပေါ်က ကျောင်းသားတွေဆီမှာ အဆင့်မြင့်တဲ့ ကျောင်းသားတွေကို လက်တွေ့ဘဝမှာ စိန်ခေါ်ဖို့အတွက် တစ်နှစ်ကို အခွင့်အရေး ဆယ်ကြိမ် ရှိတယ်လေ “

“ အခုတော့ ကျွန်တော့်ဆီမှာ အခြေအနေအားလုံး ရှိနေပြီ၊ ဘာလို့ ကျွန်တော်က မစသင့်ရတာလဲ? “

၎င်းကိုကြားလိုက်ရသောအခါတွင် ဆောင်ချီသည် လုံးဝ တိတ်ဆိတ်ငြိမ်ကျသွားခဲ့သည်။

ဟုတ်သားပဲ၊ ကျောင်းရဲ့ စဉ်းမျဥ်းတွေအရ ထိပ်တန်း အယောက် ၁၀၀စာရင်းပေါ်က ကျောင်းသားတွေက တိုက်ခိုက်နိုင်တယ်။

ဒါပင်မဲ့ ကျောင်းရဲ့ ရည်ရွယ်ချက်ကျောင်းသားတွေရဲ့ သတ္တိနဲ့ အားမာန်ကို မြှင့်တင်ဖို့အတွက်လေ။

ထိုအခိုက်အတန့်တွင် ရှုကျိုးမှ ရုတ်တရက် စကားပြောလာခဲ့သည် “ မင်းရဲ့ စိန်ခေါ်မှုကို ငါလက်ခံတယ် “

ဆောင်ချီသည် သူ့အား ချက်ချင်း လှည့်ကြည့်လိုက်သည်။

ရှုကျိုး၏ အမူအရာသည် အေးအေးဆေးဆေးသာ ဖြစ်နေပြီး၊ သူသည် ဟွမ်ဟောင်၏ ရည်ရွယ်ချက်များကို သတိပြုမိနေသည့်ပုံပင်။

ဒါပင်မဲ့ ဒီကိစ္စက တစ်ဖက်လူကြောင့် ဖြစ်လာတာလေ။

တကယ်လို့ ဟွမ်ဟောင်သာ မဟုတ်ဘူးဆိုရင်၊ ကိစ္စတွေက ဘယ်လိုလုပ်ပြီးတော့ ဒီအခြေအနေအထိ ဖြစ်လာခဲ့မှာလဲ? အတန်းရှစ်ကို အရှက်ခွဲပြီး၊ ချောင်ရုံကို စော်ကားပြီး၊ ရှုကျိုးကို တစ်ကျောင်းလုံးက မေးခွန်းထုတ်သွားစေခဲ့တယ်။

ရှုကျိုးကမူ စိတ်ထဲတွင် တိတ်တဆိတ် နှာခေါင်းရှုံ့နေခဲ့သည်။

ယခုလက်ရှိ သူသည် ယခင်ကသူနှင့် မတူတော့ပေ။

မင်းက ငါ့ကို ဆုတ်ဖြဲချင်တယ်ဆိုတော့၊ ငါကလည်း ထိန်းထားမနေတော့ဘူး။

သို့ရာတွင် ဆောင်ချီမှာ မျက်မှောင်ကြုတ်သွားခဲ့သည် “ ရှုကျိုး၊ မင်း …….. “

သို့သော် သူ့စကား မဆုံးခင်မှာပင် အပြင်ဘက်မှ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“ သူတို့ကို တိုက်ခိုက်ခိုင်းလိုက် “

ကျောင်းအုပ်ကြီးသည် ဆရာများ ခြံရံလျက် လမ်းလျှောက်ဝင်လာခဲ့သည်။

ကျောင်းအုပ်ကြီး၏ အမူအရာသည် အေးအေးဆေးဆေးသာ ဖြစ်နေခဲ့သည် “ ဒါက လက်တွေ့ဘဝက စိန်ခေါ်ပွဲလေးတစ်ခုပါပဲ “

“ အရင်တုန်းက ပုံရိပ်ယောင် အခန်းတွေ မရှိဘူးဆိုရင်၊ လက်တွေ့ဘဝမှာ မတိုက်ခိုက်တဲ့လူ ဘယ်သူရှိလို့လဲ? “

“ သိုင်းပညာရှင်တွေဆီမှာ အားမာန်ရှိသင့်တယ်။ သွေးမစွန်းတဲ့ သိုင်းပညာရှင်က စစ်မှန်တဲ့ သိုင်းပညာရှင်တစ်ယောက် ဟုတ်ပါတော့မလား? “

ဆောင်ချီကား ဆွံ့အသွားတော့သည်၊ ကျောင်းအုပ်ကြီးကတောင် ဒီလို ပြောလာပြီဆိုတော့ ကြည့်ရတာတော့ ဒီတိုက်ပွဲက ရှောင်ရှားလို့ မရတော့ဘူးပဲ။

ဒါပင်မဲ့ အဲ့ကလေးနှစ်ယောက်ရဲ့ အမူအရာတွေကို ကြည့်ရသလောက်ဆိုရင်တော့ လာမဲ့ပွဲက သွေးထွက်သံယိုများတော့မဲ့ပုံပဲ။

အတန်းအမျိုးမျိုးမှ ဆရာများ ရောက်ရှိလာသောကြောင့် ဤနေရာတွင် ပိုပိုများသော လူများ စုဝေးလာခဲ့သည်။

ပထမနှစ်မှ တတိယနှစ်အထိ ထိပ်တန်း အယောက် ၁၀၀စာရင်းပေါ်မှ တစ်ချို့သော ကျောင်းသူကျောင်းသားများကလည်း ဤသတင်းကို အနံ့ခံမိသွားပြီး၊ တိုက်ပွဲကို ကြည့်ရှုရန် ရောက်လာကြသည်။

ဟွမ်ဟောင်၏ အစ်ကိုဖြစ်သည့် ဟွမ်ယွင်ရွှယ်လည်း ရောက်လာခဲ့ပြီး၊ သူသည် လူအုပ်ကြားထဲတွင် ရပ်နေခဲ့ပြီး၊ အမူအရာမှာလည်း မည်းမှောင်နေခဲ့သည်။

သူ၏ အကြည့်သည် ဟွမ်ဟောင့်အပေါ်သို့သာ ကျရောက်နေခဲ့ပြီး၊ အေးစက်စွာ ပြောလာခဲ့သည် “ ဟွမ်ဟောင်၊ ငါပြောတာကို မှတ်ထား “

ဟွမ်ဟောင်သည် ခေါင်းငြိမ့်ပြလိုက်ပြီး၊ တစ်ဖက်ရှိ ရှုကျိုးကို ကြည့်လိုက်ရာ သူ၏မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူသည် ပြင်ဆင်ပြီးသွားခဲ့ပြီ ဖြစ်သည်၊ ဟွမ်ယွင်ရွှယ်၏ သတိပေးချက် မရှိဘူးဆိုလျှင်တောင်မှ သူသည် ဤတိုက်ပွဲတွင် ရှုကျိုးအား မသန်စွမ်း ဖြစ်သွားအောင် သေချာပေါက် ပြုလုပ်မည် ဖြစ်သည်။

သိပ်မဝေးသော နေရာ၌ လီရို့ရှီသည် လင်းရှီရှီ၏ ဘေးနားတွင် ရပ်နေပြီး၊ အဝေးတစ်နေရာရှိ ဟွမ်ယွင်ရွှယ်အား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။

သူမတို့၏ ဘေးနားတွင် မြင်တွေ့ရခဲသော ပါရမီရှင်တစ်ချို့လည်း ပေါ်လာခဲ့ပြီး၊ ထောင့်တစ်နေရာမှ ရပ်ကြည့်နေကြလေသည်။

ထိုအခိုက်အတန့်တွင် ပထမနှစ် အတန်းရှစ်မှ ကျောင်းသားကျောင်းသူအားလုံးသည် သူတို့၏ ဇက်ကလေးများကို အသာအယာ ပုထားကြသည်။

ကိစ္စသည် သူတို့တွေးထင်ထားသည်ထပ် ပို၍ ကြီးမားလာခဲ့ပြီ ဖြစ်သည်။

အကယ်၍ ရှုကျိုး အနိုင်ရမည်ဆိုပါက အဆင်ပြေနေမည် ဖြစ်သည်။ အကယ်၍ သူရှုံးသွားမည်ဆိုပါက သက်ရောက်မှုကား တွေးဝံ့စရာပင် ရှိမည် မဟုတ်ချေ။

၎င်းကို တွေးမိသွားသောအခါတွင် အတန်းရှစ်မှ ကျောင်းသားတို့၏ အမူအရာများ ရုပ်ဆိုးသွားခဲ့ပြီး၊ ယခင်က ပျော်ရွှင်မှုများလည်း ပျောက်ကွယ်သွားခဲ့သည်။

…

ပိုပိုများသော လူများ စုစည်းရောက်ရှိလာကြသောကြောင့် ဆရာများလည်း တလေးတနက် ဖြစ်သွားကြသည်။

ကျောင်းအုပ်ကြီးတစ်ဦးတည်းသာလျှင် တည်တည်ငြိမ်ငြိမ် ဖြစ်နေခဲ့သည်။

သူသည် ရှုကျိုးကို ကြည့်လိုက်ပြီး၊ ထို့နောက်တွင် ဟွမ်ဟောင်ကို ကြည့်လိုက်ကာ နူးညံ့စွာ ပြောလာခဲ့သည် “ ဟွမ်ဟောင်၊ တကယ်လို့ မင်းက ရှုကျိုးကို ရှုံးသွားမယ်ဆိုရင်၊ မင်းရဲ့ စကားတွေအတွက် တန်ဖိုးတစ်ခု ပေးချေရလိမ့်မယ် “

ဟွမ်ဟောင်၏ မျက်နှာ ရှုံ့မဲ့သွားခဲ့သည်။

သို့သော် မကြာခင်မှာပင် သူသည် သူ၏ဓားရှည်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး၊ အခိုင်အမာ ပြောဆိုလာခဲ့သည် “ ကျွန်တော် ရှုံးမှာ မဟုတ်ဘူး “

ဟွမ်ဟောင်သည် ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ပြီး၊ ကျယ်လောင်စွာ ကြေညာလာခဲ့သည် “ ဆရာတို့ခင်ဗျာ၊ အားလုံးက ဒီကိစ္စနဲ့ ပတ်သက်တဲ့ အမှန်တရားကို သိနေမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်က ကောလဟာလတွေ ဖန်တီးတာ မဟုတ်ဘူးဆိုတာကို ဆရာတို့ သိကြပါတယ်။ ကျွန်တော်က အမှန်တွေကိုပဲ ပြောခဲ့တာပါ၊ သတင်းမှားတွေ ဖြန့်ခဲ့တာ မဟုတ်ပါဘူး “

ထိုကဲ့သို့ ပြောလိုက်ပြီးသည့်နောက်တွင် သူသည် ချောင်ရုံကို လှည့်ကြည့်ကာ ဆက်ပြောလာခဲ့သည် “ ဆရာချောင်၊ ဆရာက ရှုကျိုးရဲ့ ဆရာပါ။ ဆရာက ပိုပြီးတော့ ရှင်းရှင်းလင်းလင်း သိထားမှာပေါ့? “

ချောင်ရုံ၏ မျက်နှာ မည်းမှောင်သွားခဲ့သည်။

ဒီကောင်လေးက ငါ၊ ချောင်ရုံက အားလုံးကို လိမ်ခဲ့တယ်ဆိုပြီး ဝန်ခံစေချင်နောတာလား?

ဒီကလေးက တကယ် ဒေါသထွက်စရာပဲ။

“ အဓိပ္ပါယ် မရှိတာတွေ လျှောက်ပြောနေတောကို ရပ်လိုက် “

ချောင်ရုံမှ အေးဆေးတည်ငြိမ်စွာ ပြောလာခဲ့သည် “ ဒါဆိုရင်လည်း စလိုက်ကြတာပေါ့။ ကိုယ့်ကိုကိုယ် သက်သေပြချင်တဲ့ ဘယ်သူမဆို တစ်ဖက်လူကို အနိုင်ယူလိုက် “

ဟွမ်ဟောင်သည် ဘာမှ ထပ်မပြောတော့ဘဲ၊ သူ၏ဓားကို ဓားအိမ်ထဲမှ ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။

ထိုအခိုက်အတန့်တွင် လူအုပ်ကြီးသည် ရှုကျိုးနှင့် ဟွမ်ဟောင်တို့ကား စက်ဝိုင်းပုံသဏ္ဍာန်ကဲ့သို့ ဝိုင်းရံထားခဲ့သည်။

တိုက်ပွဲ စတင်တော့မည် ဖြစ်သည်။

သို့သော် ထိုအချိန်တွင် ရှုကျိုးမှ ရုတ်တရက် အော်ပြောလာခဲ့သည် “ ဘယ်သူ့ဆီမှာ ဆေဘာရှိလဲဗျ? “

အားလုံးသည် ယခုမှသာလျှင် သူ့ထံ၌ လက်နက်မရှိသေးဘူးဆိုသည်ကို သဘောပေါက်သွားကြသည်။

ဝမ်ယွဲ့ဟွေသည် အလောတကြီး အော်ပြောလာခဲ့သည် “ လေ့ကျင့်ရေး ခန်းမဆီ သွားပြီး ငါမင်းအတွက် ယူပေးမယ် “

“ မလိုဘူး “ ရှုကျိုးမှ အေးဆေးတည်ငြိမ်စွာ ပြောလာခဲ့သည် “ ဘယ်လို ဆေဘာပဲဖြစ်ဖြစ် ပေးလို့ရပါတယ်၊ သုံးလို့သာ ရနေသရွေ့ တိုတို ရှည်ရှည် ကိစ္စမရှိပါဘူး “

လူအုပ်ကြီးသည် တစ်ခဏခန့် ငြိမ်ကျသွားခဲ့သည်။

ကျောင်းအုပ်ကြီးမှ မျက်မှောင်ကြုတ်၍ ပြောလာခဲ့သည် “ ပေါ့ပေါ့ဆဆ မလုပ်နဲ့ “

တိုက်ပွဲတစ်ပွဲတွင် အသုံးပြုနေကျ လက်နက်ကို သုံးခြင်းကသာလျှင် အကြီးမားဆုံးသော စွမ်းအားကို ထုတ်လွှတ်နိုင်လေသည်။

ရှုကျိုးကား ဆေဘာကို ကြုံရာကျပန်း ရွေးချယ်နေသောကြောင့် သူမှ ဟွမ်ဟောင်ကို အလေးအနက် မထားဘူးဆိုသည်မှာ ထင်သာမြင်သာ ရှိလှသည်။

ကျောင်းအုပ်ကြီး၏ စကားများကို ကြားလိုက်ရသောအခါတွင် ရှုကျိုးသည် အသာအယာ ပြုံးပြလိုက်သည် “ ကျွန်တော့်မှာ အချိန်မရှိလို့ပါ၊ မြန်မြန်ဆန်ဆန် လုပ်ကြတာပေါ့ “

လူအုပ်ထဲမှ ကျောင်းသားတစ်ဦးသည် ရှည်လျားသော ဆေဘာတစ်လက်ကို ချက်ချင်း ပစ်ပေးလာခဲ့သည်။

ရှုကျိုးကား ၎င်းကို ဖမ်းယူလိုက်သည်၊ ၎င်းသည် အတော်လေးရှည်လျားပြီး၊ ဓားသွားအလျားသည် ၁.၅မီတာ ရှိကာ လက်ကိုင်မှ ကြည့်လိုက်မည်ဆိုပါက ဓားသွား၏ ထိပ်ဖျားတွင် ရှိနေသည့် အေးစက်စက် အလင်းတန်းတစ်ခုကို မြင်တွေ့ရမည် ဖြစ်သည်။

ရှုကျိုးသည် ၎င်းကို တောက်ကြည့်ကာ ချီးကျူးလိုက်သည် “ ကောင်းလိုက်တဲ့ ဆေဘာ “

တစ်ဖက်ရှိ ဟွမ်ဟောင်ကမူ ဆက်၍ သည်းမခံနိုင်တော့ပေ၊ သူသည် ရှုကျိုး၏ လေးစားမှုမရှိသော အမူအရာကို သည်းမခံနိုင်ခဲ့ပေ။

ပြိုင်ဘက်ကို အထင်သေးတဲ့လူက ငါပဲ ဖြစ်နေသင့်တာ မဟုတ်ဘူးလား?

သူသည် ရှုကျိုးအား အေးစက်စွာ စိုက်ကြည့်လာခဲ့သည် “ စလို့ရပြီလား? “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည် “ သိုင်းကွက် ထုတ်ပါ “

သူ၏ စကား ဆုံးသွားသည်နှင့် တစ်ပြိုင်နက်၊ ဟွမ်ဟောင်၏ ပုံရိပ်သည် သူ၏ မူလနေရာမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်၊ သူသည် အလွန်မြန်ဆန်စွာ လှုပ်ရှားနေသာကြောင့် အားကောင်းသော လေပြင်းများပင် ဖြစ်ပေါ်နေခဲ့သည်။

သူခန္ဓာကိုယ်ထဲရှိ ချီ-သွေး ဆူပွက်လာခဲ့ပြီး၊ ပုံရိပ်ယောင် ကမ္ဘာထဲကထပ် ပို၍ အားကောင်းသန်မာလာခဲ့သည်။

“ ဝှစ် “

လေထဲတွင် ဟွမ်ဟောင်သည် သူ၏ဓားကို ကိုင်ဆောင်၍ သူ၏ ချီ‌-သွေးကို ဓားဖြင့် ပေါင်းစပ်လိုက်ရာ သူ့လေခွင်းဓား၏ စွမ်းအားသည် ကြီးကြီးမားမား မြင့်တက်လာခဲ့သည်။

သူသည် သူ၏ ကျွမ်းကျင်ပညာရပ်ဖြစ်သည့် လေခွင်းဓားသိုင်းကိုပင် အစကတည်းက စတင်၍ ထုတ်လွှတ်လာခဲ့ပြီ ဖြစ်သည်။

ဓား အလင်းရောင် လင်းလက်လာခဲ့သည်၊ ၎င်းသည် လူအုပ်ကြီး၏ အမြင်တွင် ဒါဇင်ထပ် များပြားသော ဓားသွားတို့က ရှုကျိုး၏ အဓိက နေရာများဆီသို့ တစ်ပြိုင်နက် ချီတက်သွားသည်နှင့် တူညီနေခဲ့သည်။

လှုပ်ရှားမှုတိုင်းသည် အလွန်အမင်း ရက်စက်ကြမ်းတမ်းလှပြီး၊ ဟွမ်ဟောင်သည် ရှုကျိုးကို ဒုက္ခိတဖြစ်အောင်လုပ်ရန် ဆုံးဖြတ်ချက် ချထားခဲ့သည့်ပုံပင်။

ထိုမြင်ကွင်းကို ရင်ဆိုင်နေရသောလည်း ရှုကျိုးမှာ မပြောင်းမလဲ တည်ငြိမ်နေစဲဖြစ်ပြီး၊ သူ၏ ဆေဘာရှည်အား သူ့ထံသို့ ပြေးလာနေသည့် ဓားများထဲမှ တစ်ချောင်းထံသို့ ပေါ့ပေါ့ပါးပါး လွှဲရမ်းလိုက်သည်။

တောင်ဖြိုခွဲ ဆေဘာသိုင်း၏ ဒုတိယအဆင့် !!

ချီ-သွေးကို ထိန်းချုပ်၍ ပုန်းကွယ်နေသော စွမ်းအားတစ်ခု ဖန်တီးထားခဲ့သည်။

အဆိုပါ စွမ်းအားက အကန့်အသတ်ရောက်သည်အထိ စုစည်းသွားသောအခါတွင် ဓားချက်တစ်ချက်သည် တောင်များကို ဖြိုဖျက်နိုင်၏၊ ကမ္ဘာမြေကို ပိုင်းခြားနိုင်၏၊ ပင်လယ်ပြင်ကိုလည်း ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေနိုင်သည်။

၎င်းသည် တောင်ဖြိုခွဲ ဆေဘာသိုင်း၏ အနှစ်သာရပင် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် အကန့်အသတ် မရှိသော စွမ်းအားများဖြင့် ပြည့်နှက်နေသည့် ဆေဘာဓားချက်သည် လေထုကို ပိုင်းဖြတ်လာခဲ့သည်။

“ ဝုန်းးးးးးးးး “

ဆေဘာရှည်နှင့် ဓားရှည်တစ်လက်တို့ တိုက်မိသွားပြီး၊ ချက်ချင်းဆိုသလိုပင် တစ်ခြားသော ဒါဇင်နှင့်ချီသည့် ဓားအားလုံး ပျောက်ကွယ်သွားခဲ့သည်။

၎င်းတို့သည် ဓားအရိပ်များသာလျှင် ဖြစ်သည်။

ထို့နောက်တွင် ဆေဘာရှည်ထံမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

“ ဒင် “

ချက်ချင်းဆိုသလိုပင် ဟွမ်ဟောင်၏ ဓားရှည်ပေါ်၌ အက်ကြောင်းတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။

“ ဘာ?!!! “ ဟွမ်ဟောင်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားရသည်။

စက္ကန့်ပိုင်းမျှအကြာတွင် သူ့လက်ထဲရှိ ဓားရှည် အက်ကွဲသွားပြီး၊ ဓားကိုယ်ထည်မှ တွန်းကန်အားတစ်ခု ပေါ်ထွက်လာခဲ့သည်။

“ ဝုန်း ဝုန်း ဝုန်း “

ဟွမ်ဟောင့်လက်မောင်းပေါ်ရှိ အကျ်ီ လက်များသည် တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားကာ သွေးများ စိုရွှဲသွားခဲ့သည်။

ဓားချက်တစ်ချက်တည်းဖြင့် သူ၏ခန္ဓာကိုယ်သည် ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့ရသည်၊ သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်ဖြစ်နေသော အကြည့်တစ်ခု ရှိနေခဲ့သည်။

ဆေဘာသိုင်း ဒုတိယအဆင့်ရဲ့ ပုန်းကွယ်နေတဲ့ စွမ်းအားလား?

သို့ရာတွင် ၎င်းမှာ အဆုံးသတ် မဟုတ်သေးပေ။

ရှုကျိုး၏ ဆေဘာအရှိန်အဟုန်သည် လျော့ကျမသွားခဲ့ဘဲ၊ အောက်ရှိ ဟွမ်ဟောင်ဆီသို့ ဆက်လက်၍ ခုတ်ပိုင်းလာခဲ့သည်။

၁.၅မီတာ ရှည်သော ဓားသွားသည် နှင်းဖြူ ဆေဘာအလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး၊ ဟွမ်ဟောင့်ဆီသို့ လျင်မြန်စွာ ကျရောက်သွားခဲ့သည်။

“ ဝှစ် “

အဖြူရောင် အလင်းတန်းနှင့်အတူ ဆေဘာရှည်သည် တစ်စုံတစ်ခုကို ဖြတ်တောက်သွားခဲ့သည်။

သွေးများလွှမ်းနေသော ညာလက်တစ်ခုသည် လေထဲသို့ မြောက်တက်သွားပြီး၊ သွေးများသည် မီးပန်းတစ်ခုအဖြစ် ပေါက်ထွက်ပြန့်ကျဲသွားကာ၊ ထို့နောက်တွင် ၎င်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

ရှုကျိုးသည် သူ၏ဆေဘာရှည်ကို ပြန်ရုတ်လိုက်၏၊ သူ၏ ဘယ်ဘက်လက်သည် အစမှအဆုံးအထိ သူ၏ကျောဘက်တွင်သာ ရှိနေခဲသည်။

သူ့နောက်ရှိ ဟွမ်ဟောင်ကမူ လက်တစ်ဖက်သာလျှင် ကျန်နေတော့ပြီး၊ မတ်တပ်ရပ်လျက်ပင် မှင်သက်အံ့ဩနေခဲ့ကာ၊ အသိစိတ် ပျောက်ဆုံးသွားသကဲ့သို့ ဖြစ်နေခဲ့သည်။

စက္ကန့်ပိုင်းမျှ အကြာတွင် ကြေကွဲဖွယ်ကောင်းသော ညီးတွားသံတစ်ခုသည် ခန်းမထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။

အပိုင်း ( 23 )

ကောလဟာလဖြန့်ဖြူးခြင်း၏ အဖိုးအခ

ခန်းမထဲ၌

ရာနှင့်ချီသော ဆရာနှင့် ကျောင်းသူကျောင်းသားများ စုစည်းနေကြခြင်း ဖြစ်သော်လည်း၊ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေလျက်ရှိကာ တိတ်ဆိတ် လွန်းသဖြင့် အပ်ကျသံကိုပင် ကြားနေရမည် ဖြစ်သည်။

ဆရာများအပါအဝင် အားလုံးသည် သူတို့အရှေ့ရှိ မြင်ကွင်းကြောင့် မှင်သက်အံ့ဩနေကြသည်။

ရှုကျိုးသည် ဟွမ်ဟောင့်အား ဓားချက်တစ်ချက်ဖြင့် အနိုင်ယူခဲ့ပြီ ဖြစ်သည်။

တစ်ချက်တည်းလား?

လူအုပ်ကြီးမှာ ပွက်လောရိုက်သွားရတော့သည်။

အမျိုးမျိုးသော အတန်းတို့မှ ထိပ်တန်း စာရင်းဝင် ကျောင်းသားကျောင်းသူများကပင် အံ့ဩတုန်လှုပ်နေသော အမူအရာများကို ဖော်ပြလာကြသည်။

ဟွမ်ဟောင်၏ အစွမ်းသည် ပထမနှစ်တွင် ထိပ်တန်း စာရင်းဝင်လေသည်၊ သို့ရာတွင် သူကား ရှုကျိုး၏ ဓားချက်တစ်ချက်ဖြင့် အနိုင်ယူခြင်းကို ခံလိုက်ရသည်။

ရှုကျိုးရဲ့ စွမ်းအားက ဒီလောက်တောင် ကြောက်ဖို့ကောင်းတာလား?

တစ်ခြားသောအတန်းများကို မဆိုထားနှင့်၊ ပထမနှစ် အတန်းရှစ်မှ ကျောင်းသူကျောင်းသားများကပင် ကြောင်အမ်းအမ်း ဖြစ်နေကြပြီး၊ ရှုကျိုးအား ပထမဦးဆုံးအကြိမ်အဖြစ် မြင်တွေ့လိုက်ရသကဲ့သို့ အံ့အားသင့်နေကြသည်။

“ ဘုရား ……… “ ဝမ်ယွဲ့ဟွေကပင် ကြောင်အမ်းအမ်း ဖြစ်နေကာ သူ၏ပါးများကို ပြင်းပြင်းထန်ထန် ပွတ်သပ်နေခဲ့သည်။

“ အားးးးးးးးးး “

ဟွမ်ဟောင်သည် မြေပြင်ပေါ်သို့ လဲကျသွားပြီး၊ ပြင်းထန်လှသော နာကျင်မှုကြောင့် အော်ဟစ်နေခဲ့သည်။

၎င်းကို မြင်လိုက်ရသော အချိန်မှသာလျှင် လူတိုင်း သတိပြန်ဝင်လာကြသည်။

ချက်ချင်းဆိုသလိုပင် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများသည် ဟွမ်ဟောင်၏ ဒဏ်ရာများကို စစ်ဆေးရန်အတွက် ရှေ့တက်လာခဲ့သည်။

“ ညာလက်ဖျံ ပြတ်သွားပြီ၊ ညာဘက် အပေါ် လက်မောင်းရိုး ………. ကျိုးကြေသွားပြီ “

ဆေးပညာရှင်၏ အသံထဲတွင် တအံ့တဩဖြစ်နေသည့် အရိပ်အမြွက်များ ထင်ဟပ်နေခဲ့သည်။

ရှုကျိုးက ဓားကို ပေါ့ပေါ့ပါးပါး လွှဲလိုက်တာလေ၊ အဲ့တာက ဒီလို ပြင်းထန်တဲ့ ဒဏ်ရာတွေ ဖြစ်သွားစေတာလား?

တစ်ခြား ကျောင်းသူကျောင်းသားများလည်း မယုံကြည်နိုင် ဖြစ်နေကြသည်။

“ သောက်ရမ်း စွမ်းတယ် “

“ လက်မောင်းကို တစ်ချက်တည်း ဖြတ်လိုက်ပြီး၊ အရိုးကျိုးသွားစေခဲ့တယ်။ အဲ့တာက တကယ်ကြီးကို ပထမနှစ် ကျောင်းသားတစ်ယောက် ပိုင်ဆိုင်ထားတဲ့ စွမ်းအားလား? “

“ တော်တော် ရက်စက်တာပဲ၊ ဒီလူ့ကို စော်ကားလို့ မဖြစ်ဘူး “

ပထမနှစ် ကျောင်းသားကျောင်းသူများသည် အလွန်ကြောက်လန့် တုန်လှုပ်သွားကြသည်။

ရှုကျိုးကို ကြည့်နေသည့် လူအများစု၏ မျက်လုံးများထဲတွင် အကြောက်တရားများ ကြီးစိုးနေခဲ့သည်။

ပထမနှစ် အတန်း၁တွင်မူ မိန်းကလေး အများစု၏ မျက်နှာများ ဖြူဖျော့သွားပြီး၊ ဒေါသတကြီး အော်ဟစ်လာကြသည် “ ရှုကျိုး၊ နင်အရမ်းလွန်သွားပြီ “

သူမတို့၏ မျက်လုံးများထဲတွင် ၎င်းသည် လက်ရည်ယှဥ်သည့် ပြိုင်ပွဲတစ်ခုသာ ဖြစ်ပြီး၊ ရှုကျိုးသည် ဟွမ်ဟောင်၏ လက်ဖျံကို ဖြတ်တောက်ပစ်လိုက်သည်။

အပေါ်ပိုင်း ညာဘက်လက်ရိုးများပင် ကျိုးကြေ ပျက်စီးသွားခဲ့သည်။

အဓိက အချက်မှာ ၎င်းသည် သူ၏ညာလက် ဖြစ်သည်။

၎င်းသည် ဟွမ်ဟောင်၏ ပြန်ကောင်းလာနိုင်သည့် အခွင့်အရေးကို ဖြတ်တောက်လိုက်လုနီးပါး ဖြစ်နေခဲ့ပြီး၊ နောင်တွင် သူ့ထံ၌ လက်တစ်ဖက်တည်းသာ ကျန်နေတော့မည် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် အတန်း၁တစ်ခုတည်းသာလျှင် မဟုတ်ဘဲ၊ တစ်ခြားသော ပထမနှစ် အတန်းများမှ ကျောင်းသူကျောင်းသားများကပါ သူတို့၏ ပြစ်တင်ရှုံ့ချမှုများကို ဖော်ပြလာကြသည်။

ဒုတိယနှစ်နှင့် တတိယနှစ် ကျောင်းသူကျောင်းသားများကမူ တိတ်ဆိတ်ငြိမ်သက်နေကြသည်။

“ တိတ်ကြစမ်း “

ကျောင်းအုပ်ကြီးမှ ရုတ်တရက် အော်လာခဲ့ပြီး၊ ထို့နောက်တွင် အလေးအနက် ပြောဆိုလာခဲ့သည် “ ဓားတွေမှာ မျက်လုံးမပါဘူး။ တကယ်လို့ မင်းတို့က လက်တွေ့ဘဝမှာ တိုက်ခိုက်ဖို့ ရွေးချယ်လိုက်ပြီဆိုရင်၊ အနာခံဖို့ ပြင်ဆင်ထားရမယ် “

“ တကယ်လို့ မင်းတို့ရဲ့ စွမ်းရည်က တစ်ဖက်လူလောက် မကောင်းဘူးဆိုရင်၊ တကယ်လို့ မင်းတို့က ခုတ်ထစ်ခံရမယ်ဆိုရင်တောင်မှ တစ်ဖက်လူကို အပြစ်တင်နေလို့ မရဘူး “

ကျောင်းအုပ်ကြီး၏ စကား ပြီးဆုံးသွားသည့်အချိန်တွင် ပထမနှစ်‌ ကျောင်းသူကျောင်းသားအားလုံး တိတ်ဆိတ် ငြိမ်သက်သွားကြသည်။

သူတို့သည် ကျောင်းအုပ်ကြီးမှ ရှုကျိုးကို အပြစ်မတင်သည့်အပြင် အဆိုပါ အပြုအမူကိုပါ လက်ခံခဲ့လိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

တကယ်လို့ ငါတို့က အဖြတ်ခံရရင်တောင်မှ တစ်ခြားလူကို အပြစ်တင်လို့ မရဘူးလား?

သူတို့သည် ဒုတိယနှစ်နှင့် တတိယနှစ် ကျောင်းသူကျောင်းသားများကို လှမ်းကြည့်လိုက်ရာ၊ သူတို့သည် ဤအရာများကို မျှော်လင့်ထားကြသကဲ့သို့ အေးအေးဆေးဆေးသာ ဖြစ်နေသည်ကို မြင်တွေ့သွားခဲ့သည်။

ထိုအခိုက်အတန့်တွင် ပထမနှစ် ကျောင်းသူကျောင်းသားအားလုံး တိတ်ဆိတ်သွားခဲ့သည်။

ဒါက သိုင်းပညာ လမ်းကြောင်းရဲ့ ရက်စက်မှုလား?

ဒါမှမဟုတ် သိုင်းပညာရှင်ရဲ့ ရက်စက်မှုလား?

ရှုကျိုးကိုယ်တိုင်ကပင် အနည်းငယ် အံ့ဩသွားခဲ့သည်၊ သူသည် အပြစ်ကို ခံယူဖို့အတွက် ပြင်ဆင်ထားခဲ့ပြီ ဖြစ်သည်၊ ကျောင်းအုပ်ကြီးမှ သူ၏ အပြုအမူများကို ထောက်ခံလာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

သို့ရာတွင် ထိုနေရာရှိ ဆရာများမှာ သူ့ထပ်ပို၍ အံ့အားသင့်နေကြသည်။

“ ဒီကလေးက ဆေဘာသိုင်းရဲ့ ဒုတိယအဆင့်ကို တကယ်ကြီး အောင်မြင်ထားတာပဲ “ ချောင်ရုံကား ကျေနပ်စွာ ပြုံးနေခဲ့သည်။

သူသည် ဤနေရာသို့ ရောက်မလာခင်ကတည်းက ၎င်းကို မှန်းဆမိထားခဲ့ပြီးပြီ ဖြစ်သည်။

ယခု၌ ရှုကျိုးသည် သူ့အား စိတ်မပျက်သွားရစေခဲ့ပေ။

အမှန်တိုင်းပြောရမည်ဆိုပါက ရှုကျိုး၏ စွမ်းဆောင်မှုသည် သူမျှော်မှန်ထားသည်ထပ်ပင် ကျော်လွန်နေခဲ့ခြင်း ဖြစ်သည်။

ချောင်ရုံသည် ရှုကျိုးကို ကြည့်ကာ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည် “ အဲ့တာတင်ပဲ မဟုတ်ဘူး၊ ဒီကလေးရဲ့ ချီ-သွေး အတက်အကျက အရင်တုန်းကထပ် သိသိသာသာ တိုးတက်လာတယ် “

တစ်ခြားသော ဆရာများကလည်း ရှုကျိုးအား စူးစူးစိုက်စိုက် စိုက်ကြည့်နေကြသည်။

ဒီကောင်လေးသည် ယနေ့တွင် သူတို့ထံသို့ အံ့ဩဖွယ်ရာ များစွာ ယူဆောင်လာခဲ့သည်။

ပထမဦးဆုံးအနေဖြင့် သူသည် ထိပ်တန်း အယောက် ၁၀၀စာရင်းထဲကို ဝင်နိုင်ခဲ့ပြီး၊ ထို့နောက်တွင် လက်တွေ့ဘဝ စိန်ခေါ်မှုတိုက်ပွဲကို လက်ခံသည်၊ ယခုတွင်ကား ဟွမ်ဟောင့်ကို ဓားချက်တစ်ချက်ဖြင့် အနိုင်တိုက်ကာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ချပြလာခဲ့လေသည်။

“ သူ့ရဲ့ စွမ်းရည်က သားရဲ စွမ်းရည်ဆိုတာက ဟုတ်ကောဟုတ်ရဲ့လား? “

ဤအခိုက်အတန့်တွင် ဆရာများသည် သံသယဝင်စပြုနေခဲ့ပြီ ဖြစ်သည်။

သူသည် အဆိုပါ သတင်းအား တစ်ခြားလူများထံမှ ကြားသိခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုတွင်ကား သူတို့သည် ၎င်းကို ယုံကြည်လိုစိတ် မရှိကြတော့ပေ။

ဒီလို ကြောက်ဖို့လန့်ဖို့ ကောင်းတဲ့ စွမ်းရည်နဲ့ တိုက်ခိုက်ရေး စွမ်းအားတွ ရှိနေတဲ့လူက သားရဲစွမ်းရည် ပိုင်ဆိုင်ထားတယ်လို့ မင်းတို့က ပြောနေကြတာလား?

မင်းလာပြောင်နေတာပဲ ဖြစ်ရမယ် !!

…

“ ဆရာများနဲ့ ညီအစ်ကိုတို့ “

ထိုအခိုက်အတန့်တွင် ရှုကျိုးမှ ရုတ်တရက် ကျယ်လောင်စွာ အော်ပြောလာခဲ့သည်။

ချက်ချင်းဆိုသလိုပင် အားလုံး၏ မျက်လုံးများသည် သူ့အပေါ်သို့ ကျရောက်လာခဲ့သည်။

ရှုကျိုးမှ ကျယ်လောင်စွာ ဆက်ပြောလာခဲ့သည် “ ကျွန်တော်ရဲ့ စွမ်းရည်ကြောင့် ကျောင်းမှာ ပြဿနာကြီးတစ်ခု ဖြစ်သွားစေခဲ့တာကို ကျွန်တော် သိပါတယ်၊ ကျွန်တော်က တကယ်ကို စိတ်မကောင်းပါဘူး “

“ ဒါပင်မဲ့ ဒီကိစ္စက ကျွန်တော် စခဲ့တာလည်း မဟုတ်သလို ဆရာချောင် စခဲ့တာလည်း မဟုတ်ပါဘူး “

“ ခင်ဗျားတို့အားလုံးက ကျွန်တော့်ရဲ့ စွမ်းရည်ကို မြင်ဖူးကြပါတယ်၊ အဲ့တာက ကောလဟာလတွေထဲကလို ကျင့်ကြံရေး အရှိန်မနှေးသလို ကျင့်ကြံလို့ မရတဲ့ စွမ်းရည်လည်း မဟုတ်ပါဘူး “

“ လွန်ခဲ့တဲ့ လဝက်တုန်းကဆိုရင် ကျွန်တော်က ထိပ်တန်း အယောက် ၁၀၀စာရင်းရဲ့ အမြှီးပိုင်းကိုတောင် မထိနိုင်သေးပါဘူး၊ အခုဆိုရင် ထိပ်ဆုံး ၁၀ယောက်ကို စိန်ခေါ်ဖို့တောင် ယုံကြည်ချက် ရှိနေပါပြီ “

“ ဒါက ကျွန်တော့်ရဲ့ စွမ်းရည်၊ မသေမျိုး နဂါးခန္ဓာပါ “

ရှုကျိုးမှ လေးနက်စွာ ဆက်ပြောလာခဲ့သည် “ နဂါး အသွင်ပြောင်းခြင်း ဒါမှမဟုတ် သားရဲစွမ်းရည်ဆိုပြီးတော့ သတင်းမှားတွေ ဖြန့်နေတဲ့ လူတွေအတွက်ကတော့၊ သူတို့ကသာ တကယ့်တရားခံတွေပါ “

ထိုကဲ့သို့ ပြောလိုက်ပြီးသည့်နောက်တွင် ရှုကျိုးသည် ကျောင်းအုပ်ကြီးကို လှည့်ကြည့်လာခဲ့သည်။

“ ကျောင်းအုပ်ကြီးခင်ဗျာ၊ ဒီလို ပြဿနာကြီးကို ဖြစ်စေခဲ့တဲ့ တရားခံတွေက လူတိုင်းကို ဖြေရှင်းချက် ပေးသင့်တယ် မဟုတ်ဘူးလားဗျ? “

“ ကျွန်တော့်ဆရာကို ‌ဖြေရှင်းချက် ပေးသင့်တယ် မဟုတ်ဘူးလားဗျ? “

အရာအားလုံး တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။

လူအများအပြားသည် တတိယနှစ် အတန်း၂ဆီသို့ လှည့်ကြည့်လာကြသည်။

ကျောင်းအုပ်ကြီးမှာလည်း တစ်ခဏခန့် ငြိမ်ကျသွားခဲ့၏၊ ထို့နောက်တွင် ခေါင်းငြိမ့်ပြကာ ပြောလာခဲ့သည် “ ဟွမ်ယွင်ရွှယ်၊ ထွက်လာပြီး တောင်းပန်လိုက် “

တတိယနှစ် အတန်း၂၏ ကျောင်းသူကျောင်းသားများကြားရှိ ဟွမ်ယွင်ရွှယ်၏ အမူအရာသည် ချက်ချင်းဆိုသလိုပင် လွန်စွာ ရုပ်ဆိုးသွားခဲ့သည်။

တကယ်တမ်းတွင် ၎င်းသည် လျူကိုင်ချီမှ သူ့အား ပြောပြခဲ့သော ကိစ္စတစ်ခု ဖြစ်သည်။

ဒါပင်မဲ့ ငါက ကျောင်းသူကျောင်းသားတွေ အများကြီး ရှေ့မှာ ခေါင်းငုံ့လိုက်ရမှာလား?

တကယ်လို့ လျူကိုင်ချီကို အပြစ်ပေးမယ်ဆိုရင်တောင်မှ တိတ်တဆိတ်ပဲ လုပ်သင့်တာလေ။

ထို့အပြင် ဟွမ်ဟောင်မှာလည်း ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရထားပြီး၊ သတိမေ့နေပြီ ဖြစ်သောကြောင့် ထိုတာဝန်သည် သူ့အပေါ်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ငါ၊ ဟွမ်ယွင်ရွှယ်က လူအများကြီးရဲ့ အရှေ့မှာ ပထမနှစ် ကလေးတစ်ယောက်ကို တောင်းပန်ရမှာလား?

ငါ အဲ့လို မလုပ်နိုင်ဘူး။

“ ဟွမ်ယွင်ရွှယ်၊ ထွက်လာပြီး မတောင်းပန်သေးဘူးလား? “ ထိုအခိုက်အတန့်တွင် လျူကိုင်ချီမှ အော်ပြောလာခဲ့သည်။

“ ဆရာ ….. “ ဟွမ်ယွင်ရွှယ်ကား လက်သီးဆုပ်နေတော့သည်။

သို့ရာတွင် လျူကိုင်ချီသည် သူ့အား အေးစက်စွာ စိုက်ကြည့်လာခဲ့သည်။

ဟွမ်ယွင်ရွယ်၏ စိတ်ဓာတ်များ ကျဆင်းသွားတော့သည်၊ စက္ကန့်ပိုင်းမျှအကြာတွင် သူသည် အံကြိတ်၍ ရှေ့ထွက်လာခဲ့ပြီး ရှုကျိုးထံသို့ လမ်းလျှောက်သွားတော့သည်။

“ တောင်းပန်ပါတယ် ….. ဒီကိစ္စက ငါ့အမှားပါ။ လုံလောက်ပြီလား? “

ဟွမ်ယွင်ရွှယ်မှ တစ်ခွန်းချင်းစီ ပြောလာခဲ့သည်။

ရှုကျိုးကား လက်တစ်ဖက် နောက်ပစ်ထားစဲ ဖြစ်ပြီး၊ အေးဆေးတည်ငြိမ်စွာ ပြန်ပြောလာခဲ့သည် “ မင်းတောင်းပန်သင့်တဲ့လူက ငါမဟုတ်ဘူး၊ ငါ့ဆရာပဲ “

ဟွမ်ယွင်ရွှယ်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

တတိယနှစ် ထိပ်တန်း အယောက် ၁၀၀စာရင်း ဝင်သူတစ်ဦးအနေဖြင့်၊ သူရောက်ရှိသွားသော နေရာမှ လူများသည် သူ့အား တလေးတစား ဆက်ဆံကြရသည်။

ယခုတွင်ကား သားရဲစွမ်းရည်ရှိသည့် ပထမနှစ် ကျောင်းသားအသစ်တစ်ဦးသည် သူ့အား လူအများရှေ့တွင် အရှက်ခွဲနေခဲ့လေသည်။

သို့သော် ရွေးချယ်စရာ မရှိသောကြောင့် သူသည် သူ၏စိတ်ခံစားချက်များကို မြိုသိပ်ထားလိုက်ရုံသာ တတ်နိုင်ခဲ့သည်။

ဟွမ်ယွင်ရွှယ်၏ မျက်လုံးများထဲတွင် အလင်းတန်း တစ်ခု၏ အရိပ်အမြွက်များ ထင်ဟပ်သွားခဲ့သည်၊ ထို့နောက်တွင် သူသည် အသက်ကို ပြင်းပြင်းရှရှ ရှူးသွင်းလိုက်ပြီး၊ ချောင်ရုံဆီသို့ လမ်းလျှောက်သွားတော့သည်။

“ ဆရာချောင်၊ ကျွန်တော် မှားသွားပါတယ် “

ချောင်ရုံမှ ပေါ့ပေါ့ပါးပါး ပြောလာခဲ့သည် “ အမှားတစ်ခုကို သိသွားပြီဆိုတော့ ပြင်ဆင်လိုက်ရင် ကောင်းတယ်။ နောက်တစ်ခါ အခြေအမြစ် မရှိတဲ့ ကောလဟာတွေကို ကြားခဲ့မယ်ဆိုရင်၊ အလောတကြီး မဖြန့်နဲ့၊ ဒါမှမဟုတ် မင်းညီလေးကို ဒီလိုမျိုး ထိခိုက်ဒဏ်ရာ မရသွားစေနဲ့ “

ဟွမ်ယွင်ရွှယ်၏ မျက်နှာသည် သိသိသာသာ မည်းမှောင်သွားခဲ့သည် “ ဟုတ်ကဲ့ပါ၊ ဆရာ “

၎င်းကို မြင်တွေ့လိုက်ရသောအခါတွင် လူအုပ်ကြီးသည် အနည်းငယ် ထိတ်လန့်သွားကြသည်။

တတိယနှစ် ထိပ်တန်း အယောက် ၁၀၀စာရင်းမှ လူတစ်ဦးသည် ပထမနှစ် ကျောင်းသားတစ်ဦးကို တောင်းပန်ခဲ့ရပြီး၊ သူ၏ဆရာကို တောင်းပန်ရန်ပင် ဖိအားပေးခံခဲ့ရသည်၊ ထိုကဲ့သို့သောဖြစ်ရပ်မျိုးသည် လင်းဂျန် ပထမ အထက်တန်းကျောင်း၌ တစ်ကြိမ်တစ်ခါမှ မပေါ်လာဖူးသေးသော ကိစ္စတစ်ခု ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ရှုကျိုးကို ကြည့်နေကြသည့် အားလုံး၏ အကြည့်များထဲတွင် လေးစားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

လူအုပ်ထဲ၌ လီရို့ရှီသည် လက်နောက်ပစ်ကာ ရပ်နေသည့် ရှုကျိုးကို ကြည့်နေရင်းဖြင့် အနည်းငယ် မိန်းမောသွားခဲ့သည်။

သူမသည် အားနည်းကာ အနိုင်ကျင့်ခံရတတ်သည့် မောင်ငယ်လေးက ယခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ဖူးချေ။

လီရို့ရှီ၏ နှုတ်ခမ်းလေးများသည် အနည်းငယ် တွန့်ကွေးသွားပြီး၊ လှပသော သူမ၏ မျက်နှာလေးပေါ်တွင် ဖျော့တော့သော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

မလှမ်းမကမ်းရှိ ရှုကျိုးသည် တစ်စုံတစ်ခုကို အာရုံခံမိသွားကာ နောက်လှည့်ကြည့်လာခဲ့သည်။

လီရို့ရှီကား တစ်ခြားတစ်နေရာသို့ ကြည့်နေလျက်ရှိပြီး၊ သူမ၏ အပြုံးလည်း ပျောက်ကွယ်သွားကာ အေးစက်စက် အမူအရာသာ ဖြစ်နေခဲ့သည်။

ဘေးဘက်ရှိ လင်းရှီရှီမှ ထိုမြင်ကွင်းကို ကြည့်ကာ အသာ မျက်စောင်းထိုး၍ စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်နေတော့သည် “ နင့်ရဲ့မောင်ကို ပြုံးပြတော့ သေသွားမှာမို့လို့လား? “

“ အမြဲတမ်းကြီး အေးစက်စက် လုပ်နေရတာက မပင်ပန်းဘူးလား? “

ထို့နောက်တွင် သူမသည် ရှုကျိုးကို လှမ်းကြည့်လိုက်ပြီး၊ သူမ၏ လှပသော မျက်လုံးလေးများ တောက်ပသွားခဲ့သည်။

“ ရို့ရှီရဲ့ မောင်လေးက အတော်လေး ချောတယ်လို့တော့ ပြောရမယ် “ လင်းရှီရှီသည် မနေနိုင်တော့ဘဲ အံ့အားသင့်သွားခဲ့သည်။

ချောမောခြင်းမှာ ကိစ္စတစ်ခုဖြစ်သောလည်း၊ ဤကိစ္စကို ကိုင်တွယ်သွားသည့် သူ၏နည်းလမ်းသည် တကယ်ပင် အထင်ကြီးဖွယ်ကောင်းနေခဲ့သည်။

အကယ်၍ ရှုကျိုးသာ ရှေ့ထွက်မလာခဲ့ပါက ဟွမ်ယွင်ရွှယ်သည် လူသိရှင်ကြား‌ တောင်းပန်လာလိမ့်မည် မဟုတ်ပေ။

ယခုတွင်ကား ရှုကျိုးသည် သူ၏ စွမ်းရည်ကို သက်သေပြနိုင်ခဲ့ရုံတင် မဟုတ်ဘဲ၊ ဖော်ကောင်ကိုပါ တောင်းပန်ခိုင်းနိုင်ခဲ့သည်၊ ၎င်းကား ပြီးပြည့်စုံသော ဖြေရှင်းချက်ပင် ဖြစ်သည်။

သို့သော် ရှုကျိုး၏ ရည်ရွယ်ချက်များက ၎င်းတို့ထပ် ကျော်လွန်နေသည်ဆိုသည်ကိုတော့ လင်းရှီရှီ မသိခဲ့ပေ။

တောင်းပန်ပြီးသည့်နောက်၌ ဟွမ်ယွင်ရွှယ်သည် မှုန်မှိုင်းနေသော အမူအရာဖြင့် ထွက်သွားရန် ပြင်ဆင်လိုက်သည်။

ထိုအချိန်တွင် ရှုကျိုးမှ ရုတ်တရက် စကားပြောလာခဲ့သည် “ ကျောင်းအုပ်ကြီးခင်ဗျာ၊ ဒီလိုကိစ္စကြီးတစ်ခုအတွက် ရိုးရှင်းတဲ့ တောင်းပန်မှုလေးတစ်ခုက တကယ်ပဲ လုံလောက်ပါ့မလားဗျ? “

ထိုစကားလုံးများကို ကြားလိုက်ရသောအခါတွင် ဟွမ်ယွင်ရွှယ်၏ အမူအရာသည် ချက်ချင်းဆိုသလို အေးခဲသွားခဲ့သည်။

မလှမ်းမကမ်းရှိ လျူကိုင်ချီမှာလည်း မျက်မှောင်ကြုတ်၍ ပြောလာခဲ့သည် “ ရှုကျိုး၊ ကိစ္စက ပြီးနေပြီလေ၊ မင်းက ဘာတွေ ထပ်လိုချင်နေသေးတာလဲ? “

ရှုကျိုးသည် သူ့ကို လျစ်လျူရှုထားပြီး၊ ကျောင်းအုပ်ကြီးကိုသာ ဆက်၍ စကားပြောလာခဲ့သည် “ တကယ်လို့ ဒီကိစ္စကသာ အပြင်ဘက်ကို တကယ်ပျံ့နှံ့သွားမယ်ဆိုရင်၊ လင်းဂျန် ပထမ အထက်တန်းကျောင်းက ကျောင်းကျိုးရဲ့ ပြက်လုံးတစ်ခု ဖြစ်သွားမှာပါ “

“ အကျိုးသက်ရောက်မှုက ပြင်းထန်ပါတယ်၊ ကျွန်တော်နဲ့ ကျွန်တော့်ဆရာတင် မဟုတ်ဘဲ၊ ထောင်နဲ့ချီတဲ့ ကျောင်းသားနဲ့ ဆရာတွေနဲ့ပါ သက်ဆိုင်နေပါတယ် “

“ သူတို့အားလုံးက ရလဒ်ကို လိုချင်နေကြတာပါ “

ခန်းမထဲရှိ လူအုပ်ကြီးသည် အကြည့်များ ဖလှယ်လိုက်ပြီး၊ ခေါင်းတငြိမ့်ငြိမ့် ဖြစ်နေကြတော့သည်။

လူအများစုသည် ရှုကျိုး ပြောသကဲ့သို့ စိတ်လှုပ်ရှားမှုအတွက် လာရောက်ကြည့်ရှုနေကြခြင်း ဖြစ်သည်။

ဤအခိုက်အတန့်တွင် သူတို့အားလုံးသည် ရလဒ်ကို စောင့်မျှော်နေကြပြီ ဖြစ်သည်။

သို့သော် ဟွမ်ယွင်ရွှယ်၏ အမူအရာသည် ပို၍ပင် ဆိုးရွားလာခဲ့သည်။

“ ငါ့ညီလေးက မင်းကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်၊ ငါကလည်း မင်းနဲ့ မင်းဆရာကို လူသိရှင်ကြား တောင်းပန်ပြီးသွားပြီ၊ အဲ့တာက မလုံလောက်သေးဘူးလား? “ သူသည် သူ၏ ဒေါသများကို ဖိနှိပ်ကာ ပြောဆိုလာခဲ့သည်။

“ မလုံလောက်သေးဘူး “

ရှုကျိုးကမူ အေးအေးဆေးဆေးသာ ပြန်ပြောလာခဲ့သည် “ ဒီလိုသာ ပြီးသွားမယ်ဆိုရင် လူတိုင်းက ကောလဟာလ ဖြန့်နိုင်တယ်လို့ ဆိုလိုနေတာ မဟုတ်ဘူးလား၊ လူတိုင်းက ကောလဟာလ ဖြန့်ဝေသူ ဖြစ်သွားတော့မှာလား? “

“ ဘာလို့လဲဆိုတော့ ကောလဟာလဖြန့်တဲ့အတွက် ပေးရတဲ့ အဖိုးအခက တောင်းပန်မှုလေးပဲလေ “

ထိုစကားလုံးများသည် လူတိုင်းကို အံ့ဩတုန်လှုပ်သွားစေခဲ့သည်။

အားလုံးသည်သည် ဖော်ကောင်ကသာ ကြီးလေးသော ပြစ်ဒဏ်ကို မခံရဘူးဆိုပါက၊ ရှုကျိုးက ဤကိစ္စကို အလွယ်တကူ လွှတ်ချမည် မဟုတ်ဘူးဆိုသည်ကို နားလည်သွားကြသည်။

ဟွမ်ယွင်ရွှယ်သည် ရှုကျိုးအား အေးစက်စွာ စိုက်ကြည့်၍ ပြောလာခဲ့သည် “ ရှုကျိုး၊ သိပ်ပြီးတော့ မလွန်လာနဲ့ “

“ ငါက လွန်နေလို့လား? “ ရှုကျိုးမှ တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည် “ ဒါဆိုရင်လည်း ငါ့စကားတွေက လွန်နေလားဆိုတာကို ကျောင်းအုပ်ကြီးကို မေးလိုက်လေ “

ကျောင်းအုပ်ကြီးသည် ရှုကျိုးအား လေးလေးနက်နက် ကြည့်နေတော့သည်။

သူကား ရှုကျိုး၏ ဆိုလိုရင်းကို နားလည်နေခဲ့သည်။ ၎င်းမှာ အလွန်ရိုးရှင်းလှပေသည်။

ရှုကျိုးသည် ဟွမ်ဟောင်နှင့် ဟွမ်ယွင်ရွှယ်တို့အား လူသိရှင်ကြား အပြစ်ပေးစေလိုခြင်း ဖြစ်သည်။

ကောလဟာလ ဖြန့်ဝေခြင်းအတွက် ရရှိမည့် ပြစ်ဒဏ်ကို မြင်တွေ့သွားမှသာလျှင် ကောလဟာလများ ဖြန့်ချင်နေသည့် စိတ်သဘောထားကို တစ်ခြားလူများထံမှ ဖျောက်ဖျက်ပစ်နိုင်မည် ဖြစ်သည်။

သို့သော် အစပိုင်းတွင် ကျောင်းအုပ်ကြီးသည် ဟွမ်ယွင်ရွှယ်အား လူသိရှင်ကြား အပြစ်မပေးလိုခဲ့ပေ။

သူကား တတိယနှစ် ထိပ်တန်း အယောက် ၁၀၀စာရင်းပေါ်ရှိ ထိပ်ဆုံး ၁၀ဦးစာရင်းဝင် မျိုးစေ့တစ်ခု ဖြစ်သည်။

အပြစ်ပေးရမည် ဖြစ်သော်လည်း လူသိရှင်ကြား ပြုလုပ်ရခြင်းမှာ အကြင်နာကင်းမဲ့ရာ ရောက်ပေသည်။

သို့ရာတွင် ရှုကျိုး၏ စကားလုံးများကြောင့် ဤကိစ္စသည် အလွယ်တကူ ပြီးဆုံးသွားတော့မည် မဟုတ်ပေ။

“ ဘယ်လိုတောင် လှလိုက်တဲ့ ကစားကွက်လဲ? “ ကျောင်းအုပ်ကြီးကား စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချနေတော့သည် “ ဒီနေ့ခေတ် လူငယ်တွေက တကယ်ကို ပိုပြီးတော့ စွမ်းကြတာပဲကိုး “

သူသည် အသာအယာ သက်ပြင်းချကာ ပြောလာခဲ့သည် “ ငါက ဆရာတွေနဲ့ သီးသန့် ဆွေးနွေးလိုက်ဦးမယ်၊ ရလဒ်ကို နောက်မှ ကျောင်းလုံးကျွတ်စုဝေးပွဲလုပ်ပြီး ကြေညာပေးမယ် “

ဟွမ်ယွင်ရွှယ်၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

ငါက တကယ်ကြီးကို လူသိရှင်ကြား အပြစ်ပေးခံရမှာလား?

“ ကျောင်းအုပ်ကြီး ……. “ သူသည် တုံ့တုံ့ဆိုင်းဆိုင်းဖြင့် ပြောလာခဲ့သည်။

“ တော်လောက်ပြီ ” ကျောင်းအုပ်ကြီးသည် သူ့အား အေးစက်စွာ စိုက်ကြည့်လိုက်သည် “ မင်းပါးစပ် ထပ်ဟတာနဲ့ မင်းရဲ့ စကားလုံးတွေအတွက် တန်ဖိုးတစ်ခု ပေးရလိမ့်မယ်။ ဒီကိစ္စကို ဆုံးဖြတ်ပြီးသွားပြီ “

ထိုကဲ့သို့ ပြောလာခဲ့ပြီးသည့်နောက်၌ ကျောင်းအုပ်ကြီးသည် အကျ်ီ လက်ကို ခါကာ အရင်ဦးဆုံး ထွက်သွားတော့သည်။

တစ်ခြားသောဆရာများမှာလည်း ဤပြဿနာအား မည်ကဲ့သို့ ကိုင်တွယ်မလဲဆိုသည်ကို ဆွေးနွေးရန်အတွက် ကျောင်းအုပ်ကြီးနောက်သို့ လိုက်သွားကြသည်။

ခန်းမထဲမှ ဆရာအားလုံး ထွက်သွားခဲ့ပြီ ဖြစ်သည်။

ကျန်ရှိနေသော ကျောင်းသူကျောင်းသားများသည် ထပ်မံ၍ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြန်သည်။

ဤကိစ္စမှာ တတိယနှစ် ထိပ်တန်း အယောက် ၁၀၀စာရင်းပေါ်ရှိ ထိပ်ဆုံး ကျောင်းသား ၁၀ဦးထဲမှ တစ်ဦးက လူသိရှင်ကြား အပြစ်ပေးခံရသည်အထိ ဖြစ်လာလိမ့်မည်ဟု မည်သူကမှ မတွေးခဲ့ဖူးချေ။

တတိယနှစ် ထိပ်တန်း အယောက် ၁၀၀စာရင်းအား နဂါးနှင့် ကျားများစာရင်းဟု လူသိများကြသည်။

အဆိုပါ စာရင်းပေါ်တွင် ရှိနေကြသည့် ကျောင်းသားကျောင်းသူတိုင်းသည် ထိပ်တန်း တက္ကသိုလ်များအတွက် မျိုးစေ့များ ဖြစ်သည်။

ထိပ်ဆုံး ၁၀ဦးသာဆိုပါက ပြောနေရန်ပင် မလိုတော့ချေ။

ယခုတွင်ကား နဂါးနှင့် ကျားများ စာရင်း၏ ထိပ်ဆုံး ၁၀ဦးထဲမှ ပါရမီရှင်တစ်ဦးဖြစ်သည့် ဟွမ်ယွင်ရွှယ်သည် ရှုကျိုး၏ စကားအနည်းငယ်ကြောင့် လူသိရှင်ကြား အပြစ်ပေးခံရတော့မည် ဖြစ်သည်။

ထို့အပြင် ဆရာနှင့် ကျောင်းသားအားလုံး၏ ရှေ့မှောက်တွင် အပြစ်ပေးခြင်း ဖြစ်သည်။

ဤအခိုက်အတန့်တွင် လူတိုင်းထံ၌ သိလိုစိတ်များ ပေါက်ဖွားလာခဲ့သည်။

ကျောင်းအုပ်ကြီးက ဟွမ်ယွင်ရွှယ်ကို ဘယ်လိုအပြစ်ပေးမှာလဲ?

ရုပ်ပိုင်းဆိုင်ရာ ပြစ်ဒဏ်လား ဒါမှမဟုတ် ဘယ်လို ပြစ်ဒဏ်မျိုးလဲ?

အပိုင်း ( 24 )

လူသိရှင်ကြား အပြစ်ပေးမှု

ခန်းမအတွင်းရှိ ကျောင်းသူကျောင်းသား အကုန်လုံးသည် ရလဒ်ကို သိရရန်အတွက် အားကစားခန်းမဆီသို့ အပြေးအလွှားသွားကာ စောင့်ဆိုင်းနေကြတော့သည်။

ကောလဟာလများကို ကြားခဲ့ရသော ကျောင်းသူကျောင်းသား အများစုမှာလည်း သူတို့၏ စာသင်ခန်းများဆီမှ အလျင်အမြန် ပြေးထွက်လာကြသည်။

မကြာခင်မှာပင် အားကစားခန်းမသည် လူအုပ်ကြီးဖြင့် ပြည့်နှက်သွားခဲ့သည်။

“ ရှုကျိုး၊ ဘာလို့ ငါက မင်းကို ပထမဦးဆုံးအကြိမ်အဖြစ် တွေ့ဖူးတာလို့ ခံစားနေရတာလဲ? “

ဝမ်ယွဲ့ဟွေမှ ရှုကျိုးကို ကြည့်၍ ပြောလာခဲ့သည် “ မင်း အရင်တုန်းကလိုမျိုး မဟုတ်တော့ဘူး “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှုကျိုးသည် အသာအယာ ပြုံးနေတော့သည်။

ယခင်က သူသည် အားနည်းနေတတ်ပြီး၊ အနိုင်ကျင့်ခံရသည့် အချိန်မှာပင် တိတ်ဆိတ်နေတတ်သည့် လူတစ်ဦး ဖြစ်သည်။

သို့သော် ၎င်းတို့အားလုံးသည် အတိတ်က အရာများသာ ဖြစ်သည်။

ဝိညာဥ် ကူးပြောင်းလာခဲ့ပြီး ကြက်ကိုယ်ပွား ရရှိခဲ့သည့် အချိန်မှစ၍ အရာအားလုံး ကွဲပြားသွားရန် ကံပါလာခဲ့ပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ပထမနှစ် အတန်းရှစ်နှင့် သိပ်မဝေးသော နေရာရှိ လီရို့ရှီမှာလည်း အဆိုပါ မေးခွန်းကို တွေးတော စဥ်းစားနေခဲ့သည်။

ဝမ်ယွဲ့ဟွေကဲ့သို့ပင် သူမမှာလည်း သူမ၏ မောင်ငယ်လေးက အရင်ကနှင့် မတူတော့ဘူးဆိုသည်ကို သတိပြုမိနေခဲ့သည်။

အနီးကပ် လေ့လာခဲ့ပြီးသည့်နောက်၌ သူမသည် လွန်ခဲ့သာ လဝက်ကတည်းက တစ်ခုခု ထူးဆန်းနေခဲ့ခြင်း ဖြစ်သည်ဆိုသည်ကို သတိပြုမိသွားခဲ့သည်။

သို့သော် ထိုအချိန်က ရှုကျိုး၏ တည်ရှိမှုသည် သူမ၏ မျက်လုံးများထဲတွင် အလွန်အားနည်းနေခဲ့ပြီး၊ အကယ်၍ တစ်ခုခု မှားယွင်းနေမည်ဆိုလျှင်တောင်မှ သူမသည် ၎င်းကို လျစ်လျူရှုထားလိုက်မည်သာ ဖြစ်သည်။

သို့သော် ယခုတွင်ကား ရှုကျိုးသည် ဟွမ်ဟောင်ကို အနိုင်ရရှိခဲ့ပြီး၊ ဟွမ်ယွင်ရွှယ်အား တစ်ကြိမ်တစ်ခါမှ မပြသခဲ့ဖူးသည့် ကြမ်းတမ်းမှုဖြင့် လူသိရှင်ကြား တောင်းပန်လာစေခဲ့ကာ၊ နဂါးနှင့် ကျားများ စာရင်းပေါ်ရှိ ထိပ်ဆုံး ၁၀ဦးထဲတွင် တစ်ဦး အပါအဝင် ဖြစ်သည့် ကျောင်းသားကို ကျောင်းလုံးကျွတ်စုဝေးပွဲ ပြုလုပ်၍ အပြစ်ပေးရန်အတွက် ကျောင်းအုပ်ကြီးကိုပင် ဖိအားပေးခဲ့သေးသည်။

သူက ငါ့ရဲ့မောင်လေးကော ဟုတ်သေးရဲ့လား?

ထိုစဥ် ယောကျာ်းလေးတစ်ဦး လမ်းလျှောက်လာခဲ့ကာ “ ရို့ရှီ၊ မင်းရဲ့ မောင်လေးက ဒီလောက်တောင် ကြမ်းနေမယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ? ကြည့်ရတာတော့ သူက မင်းရဲ့ ပုံစံကို အမွေဆက်ခံထားတယ်ထင်တယ် “ ဟု ပြောလာခဲ့ပြီး၊ သူ၏ လေသံထဲတွင် ရင်းနှီးမှု အရိပ်အယောင်များ သယ်ဆောင်ထားခဲ့သည်။

လီရို့ရှီကား အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့ပြီး၊ ဘေးနားရှိ လင်းရှီရှီကမူ အေးစက်စွာ ကြိမ်းမောင်းလာခဲ့သည် “ လျူဟီ၊ ထွက်သွားစမ်း !! ရို့ရှီကို နှောင့်ယှက်နေတာ ရပ်လိုက်တော့ “

လျူဟီမှ ပြုံး၍ ပြောလာခဲ့သည် “ ငါက ရှုကျိုးရဲ့ အပြုအမူတွေက ဟွမ်ယွင်ရွှယ်ကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတယ်ဆိုတာကို သတိလာပေးရုံလေးတင်ပါ “

“ ဟွမ်ယွင်ရွှယ်ကို ငါသိထားရသလောက်ဆိုရင်တော့ သူက ဒီကိစ္စကို အလွယ်တကူ လွှတ်ချလိုက်မှာ မဟုတ်ဘူး “

လီရို့ရှီမှ သူ့အား ကြည့်၍ ပြောလာခဲ့သည် “ အဲ့တာက နင်နဲ့ ဘာဆိုင်လို့လဲ? “

“ ဟွမ်ယွင်ရွှယ်က ငါ့ဆီကို ချဥ်းကပ်လာခဲ့တယ်၊ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲကို ဝင်တဲ့အချိန်မှာ ငါနဲ့ ပူးပေါင်းချင်နေတာ၊ မင်းကို ငါ့လက်သုံးပြီး ရင်ဆိုင်ချင်နေတာ “ ဟု လျူဟီမှ ပြန်ပြောလာခဲ့သည်။

၎င်းကို ကြားလိုက်ရသော်လည်း လီရို့ရှီ၏ အမူအရာသည် အေးစက်မြဲအေးစက်နေခဲ့သည် “ တကယ်လို့ နဂါး-ကျားစာရင်းမှာ နင့်ရဲ့ နံပတ်၁တစ်နေရာကို ထိန်းသိမ်းထားနိုင်ဦးမလားဆိုတာ သိချင်ရင် စမ်းကြည့်လိုက်လို့ရတယ် “

လျူဟီသည် အနည်းငယ် ပြုံးသွားခဲ့သည်။

သူသည် ဖော်ရွေရင်းနှီးသော လေသံဖြင့် ပြောလာခဲ့သည် “ ငါ သဘောမတူလိုက်ပါဘူး။ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူက တော်တော်ကြီး အန္တရာယ်များတယ်လေ၊ မင်းနဲ့ ပူးပေါင်းမှပဲ ငါစိတ်အေးနိုင်မယ် “

လျူဟီ၏ စကားလုံးများနှင့် ရင်ဆိုင်နေရသောအခါတွင် လီရို့ရှီမှ အေးစက်စွာ ပြန်ပြောလိုက်သည် “ ငါ သဘောတူမယ်လို့ နင်ထင်နေတာလား? “

လျူဟီမှ ပြုံးပြ၍ လေသံတိုးတိုးလေးဖြင့် ပြောလာခဲ့သည် “ ငါ့အပြင် တစ်ခြား တွဲဖက်ကို နင်ရှာတွေ့မှာ မဟုတ်ပါဘူး၊ ရို့ရှီရာ။ မကြာခင်မှာပဲ နင်သဘောတူလာမှာပါ “

ထို့ကဲ့သို့ ပြောခဲ့ပြီးသည့်နောက်တွင် သူလှည့်ထွက်သွားခဲ့သည်။

လင်းရှီရှီသည် သူ၏ နောက်ကျောကို ကြည့်နေခဲ့ပြီး၊ သူမ၏မျက်နှာပေါ်တွင် မနှစ်မြို့သော အမူအရာတစ်ခု ဖြစ်ပေါ်နေခဲ့သည် “ လျူဟီ၊ သူက နဂါး-ကျားစာရင်းမှာ နံပတ်တစ် ဖြစ်နေတော့ရော ဘာဖြစ်လဲ? သူက ကော်လိုပဲ နင့်ကို နေ့တိုင်း နှောင့်ယှက်နေတယ် “

လီရို့ရှီသည် သူမ၏ ခေါင်းလေးကို အသာအယာ ခါယမ်းနေတော့သည် “ အတွင်းမြို့တော်က လူတွေက တကယ်ကို ပြဿနာများတာပဲ “

နဂါး-ကျားစာရင်း၏ နံပတ်တစ်ပိုင်ရှင်၊ လျူဟီသည် လင်းဂျန်မြို့မှ မဟုတ်ဘဲ၊ အတွင်းမြို့တော်မှ ဖြစ်သည်။

ရန်ပြည်ထောင်(သို့) နိုင်ငံတော်တွင် ပြည်နယ်ဆယ့်နှစ်ခုရှိပြီး၊ ထောင်ပေါင်းများစွာသော မြို့ငယ်လေးများအား အတွင်းမြို့တော်နှင့် ပြင်ပမြို့တော်ဟူ၍ ဒေသနှစ်ခုအဖြစ် ပိုင်းခြားထားခဲ့သည်။

ပြင်ပဒေသတွင် တည်ရှိသည့် လင်းဂျန်ကဲ့သို့သော မြို့သေးသေးလေးတစ်ခုနှင့် နှိုင်းယှဥ်လိုက်မည်ဆိုပါက အတွင်းမြို့တော်၏ အနေအထားသည် များစွာ မြင့်မားနေမည် ဖြစ်သည်။

ထို့ကြောင့် အတွင်းမြို့တော်မှလာသည့် လျူဟီသည် လင်းဂျန် ပထမ အထက်တန်းကျောင်း၌ ထူးခြားသော အနေအထားတစ်ခု ပိုင်ဆိုင်ထားခဲ့သည်။

နဂါး-ကျားစာရင်းမှ ထိပ်ဆုံး ၁၀ဦးကြားတွင် လီရို့ရှီမှအပ ကျန်လူအားလုံးသည် လျူဟီနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိထားကြသည်၊ တစ်ချို့သည် သူ့အား ကပ်ဖားရပ်ဖားပင် လုပ်နေကြသည်‌။

အစောပိုင်း အချိန်တုန်းက သူ၏စကားလုံးများက ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်မှာ သိသာလွန်းလှသည်။

အကယ်၍ သူမသာ သူနှင့် မပူးပေါင်းဘူးဆိုပါက နဂါး-ကျားစာရင်းပေါ်ရှိ တစ်ခြားလူများသည် သူမနှင့် ပူးပေါင်းကြလိမ့်မည် မဟုတ်ပေ။

“ ကျောင်းရဲ့ စည်းမျဥ်းတွေက နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲကို တစ်ယောက်တည်း မသွားဖို့ တားမြစ်ထားတယ် “ လီရို့ရှီကား မျက်မှောင်ကြုတ်နေတော့သည် “ ငါနဲ့ ပူးပေါင်းမဲ့ အသင်းဖော်တွေ ရှာရမယ် “

လျူစီ၏ ခြိမ်းခြောက်မှုသည် သူမအတွက် အမှန်တကယ် အခက်တွေ့စေလေသည်။

ထိုလူသည် သူမအား ရက်အတော်ကြာ အနှောင့်အယှက် ပေးနေခဲ့သည်။

သူသည် နူးညံ့ညင်သာပုံပေါ်သော်လည်း၊ သူ၏ မျက်နှာအမှန်ကား ရိုင်းစိုင်းကြမ်းတမ်းခြင်းပင် ဖြစ်သည်။

သူသည် ရက်စက်ကြမ်းကြုတ်သော လှည့်ကွက်များ ကစားခြင်းကို ကြိုက်နှစ်သက်ပြီး၊ ဖြူစင်သော မိန်းကလေး အများအပြားကို ဒုက္ခရောက်သွားစေခဲ့သည်ဟုပင် သူမ ကြားသိထားခဲ့ရသည်။

သူနှင့် အဖွဲ့ဖွဲ့ခြင်းကား လုံးဝ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် အကယ်၍ သူမသာ သဘောမတူလိုက်ဘူးဆိုပါက သူသည် အဖွဲ့သား ရှာမရ ဖြစ်နေမည်ကို စိုးထိတ်နေတော့သည်။

သူမ စိုးရိမ်ပူပန်နေသည့် အရာကို သိနေသော လင်းရှီရှီသည် သူမအား နှစ်သိမ့်ပေးလာခဲ့သည် “ စိတ်မပူပါနဲ့၊ နင်က အရမ်းစွမ်းတဲ့ဟာကို၊ ဘယ်လိုလုပ်ပြီးတော့ အဖွဲ့သား ရှာမတွေ့ဘဲ နေမှာလဲ? “

“ အို့၊ နင့်ရဲ့ မောင်လေးက ပထမနှစ်ဖြစ်နေတာက နှမြောစရာပဲ၊ သူက တော်တော်လေး အားနည်းတယ် “

“ အဲ့လိုမှ မဟုတ်ဘူးဆိုရင် သူ့ကို ခေါ်သွားလို့ရတယ် “

ထိုအကြောင်းကို ပြောနေရင်းဖြင့် လင်းရှီရှီသည် ကူရာကယ်ရာမဲ့စွာ သက်ပြင်းချနေတော့သည်။

ရှုကျိုး၏ လက်ရှိ စွမ်းဆောင်ရည်သည် သူမကို အနည်းငယ် အံ့ဩသွားစေခဲ့သော်လည်း၊ အံ့ဩစေရုံသာလျှင် ဖြစ်သည်။

လီရို့ရှီ၏ ပထမနှစ်တွင် သူမသည် ယခုလက်ရှိ ရှုကျိုးထပ် ပို၍ ကျော်ကြားနေခဲ့ပြီ ဖြစ်သည်။

…

မကြာခင်မှာပင် ကျောင်းအုပ်ကြီးနှင့် ဆရာများသည် ဆွေးနွေးပြောဆိုခြင်း ပြီးဆုံးသွားခဲ့ပြီး၊ ကျောင်းလုံးကျွတ်စုဝေးပွဲ ကျင်းပမည်ဟု တရားဝင် ကြေညာလာခဲ့သည်။

သောင်းနှင့်ချီသော ဆရာများနှင့် ကျောင်းသားကျောင်းသူများသည် အားကစားခန်းမထဲတွင် မတ်တပ်ရပ်နေကြသည်။

စင်ပေါ်၌ ကျောင်းအုပ်ကြီးသည် မိုက်ကိုင်၍ အလေးအနက်ထားကာ ပြောဆိုလာခဲ့သည် “ မကြာခင်ကမှ ကျောင်းမှာ ကောလဟာလတွေ ပျံ့နှံ့ခဲ့ပြီး တစ်ကျောင်းလုံးကို သက်ရောက်သွားစေခဲ့တဲ့ ပြဿနာ တစ်ခု ဖြစ်ပွားခဲ့ပါတယ် “

“ တကယ်လို့ ဒီပြဿနာကသာ အပြင်ဘက်ကို ပျံ့သွားခဲ့မယ်ဆိုရင်၊ ကျောင်းရဲ့ ဂုဏ်သိက္ခာက မြောင်းထဲကို ရောက်သွားရမှာပါ “

“ အကျိုးသက်ရောက်မှုက တော်တော်လေးကို ဆိုးပြီး၊ နောက်ဆက်တွဲ အကျိုုးဆက်တွေကလည်း တော်တော်လေး ပြင်းထန်ပါတယ် “

“ ဒါ့ကြောင့် ဆရာတွေနဲ့ အစည်းအဝေးလုပ်ခဲ့ပြီးတဲ့နောက်၌ ဒီကိစ္စကို ကျူးလွန်ခဲ့တဲ့ လူတွေကို အပြစ်ပေးမယ်လို့ ကျုပ်တို့က ဆုံးဖြတ်ချက်ချလိုက်ပါတယ် “

ထိုစကားများ ထွက်ကျလာသည်နှင့်တစ်ပြိုင်နက် လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

ကျောင်းအုပ်ကြီးက သူတို့ကို ဘယ်လို အပြစ်မျိုးပေးမှာလဲ?

ပထမနှစ် အတန်းရှစ်ရှိ ရှုကျိုးသည် ကျောင်းအုပ်ကြီးအပေါ်တွင် သေသေချာချာ အာရုံစိုက်နေခဲ့သည်။

ထို့နောက်တွင် ကျောင်းအုပ်ကြီးမှ ကျယ်လောင်စွာ ပြောကြားလာခဲ့သည် ” ပထမနှစ် အတန်း၁၊ ဟွမ်ဟောင်ကို လင်းဂျန် ပထမ အထက်တန်းကျောင်းမှ ချက်ချင်း ကျောင်းထုတ်လိုက်ပြီး၊ နောင်ကို ဘယ်တော့မှ ပြန်လက်ခံတော့မှာ မဟုတ်ပါဘူး “

“ တတိယနှစ် အတန်း၂၊ ဟွမ်ယွင်ရွှယ်ကို ကြိမ်ဒဏ် အချက် ၃၀နဲ့ ထိပ်တန်း အယောက် ၁၀၀စာရင်းဝင်တွေ ခံစားခွင့်ရှိတဲ့ ဆုလဒ်တွေအားလုံးကို ဘွဲ့မရခင်အချိန်အထိ ရုတ်သိမ်းပြီးတော့ အပြစ်ပေးပါမယ် “

“ အထက်ဖော်ပြပါ ပြစ်ဒဏ်များသည် ကောလဟာလ ဖြန့်ဝေသူများ၏ ပြစ်ဒဏ်ဖြစ်ပြီး၊ တစ်ခြားလူများကိုလည်း သတိပေးချင်တဲ့အတွက် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုရခြင်း ဖြစ်ပါတယ် “

ခန်းမတစ်ခုလုံး တိတ်ဆိတ် ငြိမ်ကျသွားခဲ့သည်။

ထို့နောက်တွင် ထပ်မံ၍ ပွက်လောရိုက် ကမောက်ကမ ဖြစ်သွားတော့ပြန်သည်။

ဤဖြစ်ရပ်ကို မြင်တွေ့လိုက်ရသည့် လူများမှာ အလွန်အမင်း အံ့ဩတုန်လှုပ်သွားခဲ့ရသည်။

ဟွမ်ဟောင်က ကျောင်းထုတ်ခံလိုက်ရပြီ !!

ဟွမ်ယွင်ရွှယ်က ကြိမ်ဒဏ် အချက်၃၀နဲ့ ထိပ်တန်း အယောက် ၁၀၀စာရင်းဝင်တွေ ရတဲ့ ဆုလဒ်တွေ ရုတ်သိမ်းခံလိုက်ရတယ် !!

အဲ့နှစ်ယောက်လုံးက ထိပ်တန်း အယောက် ၁၀၀စာရင်းပေါ်က ကျောင်းသားတွေလေ !!

ဟွမ်ယွင်ရွှယ်ဆိုရင် နဂါး-ကျားစာရင်းပေါ်က ထိပ်ဆုံး ကျောင်းသား ၁၀ယောက်ထဲက တစ်ယောက်လေ၊ ကျောင်းအုပ်ကြီးက အဲ့ဆုံးဖြတ်ချက်တွေကို တကယ်ချလိုက်တာလား?

ပြင်းထန်လွန်းတယ် !!

သို့သော် ကျောင်းအုပ်ကြီးသည် ပရိတ်သတ်များကို ဂရုမစိုက်ဘဲ အေးအေးဆေးဆေးသာ ဆက်လက်၍ ပြောကြားလာခဲ့သည် “ ဟွမ်ယွင်ရွှယ်၊ စင်ပေါ်ကို တက်လာခဲ့ “

လူအုပ်ထဲရှိ ဟွမ်ယွင်ရွှယ်၏ မျက်နှာမှာ ဖြူဖျော့သွားတော့သည်။

အစောပိုင်း အချိန်များတုန်းက သူသည် ကျောင်းအုပ်ကြီးက သူ၏ အဆင့်အတန်းကို ထည့်သွင်းစဥ်းစား၍ ပြင်းပြင်းထန်ထန် အပြစ်မလောက်ဘူးဟု မျှော်လင့်နေခဲ့ခြင်း ဖြစ်သည်။

သို့သော် ပြစ်ဒဏ်များကို ကြားလိုက်ရသောအခါတွင် သူသည် အားလုံး ပြီးဆုံးသွားပြီး၊ နဂါး-ကျားစာရင်း၏ ထိပ်ဆုံး ၁၀ဦးစာရင်းဝင် ဂုဏ်သတင်းက ပျောက်ကွယ်သွားပြီဆိုသည်ကို နားလည်သွားခဲ့သည်။

ပြီးတော့ ကျောင်းအုပ်ကြီးက ငါ့ကို စင်ပေါ်တက်ခိုင်းနေတာလား?

တစ်ကျောင်းလုံးရှေ့မှာ အပြစ်ပေးတော့မလို့လား?

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ !!

ဟွမ်ယွင်ရွှယ်ကား မတ်တပ်ရပ်နေသေးစဲဖြစ်သည်။

“ ဟွမ်ယွင်ရွှယ်၊ စင်ပေါ်လာခဲ့ပါ “ ကျောင်းအုပ်ကြီးမှ ကျယ်လောင်စွာ အော်ပြောလာခဲ့သည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် သူသည် ပတ်ဝန်းကျင်မှ ကြည့်နေသော အကြည့်များ၏ ဖိအားကို တောင့်မခံနိုင်တော့သောကြောင့် စင်ရှိရာအရပ်သို့ လျှောက်လှမ်းသွားတော့သည်။

ဤသည်မှာ ဂုဏ်ယူစရာ မဟုတ်သကဲ့သို့ သရဖူဆောင်းရသည့် အခိုက်အတန့်လည်း မဟုတ်ဘဲ၊ အရှက်ကွဲရသည့် အခိုက်အတန့်သာလျှင် ဖြစ်နေခဲ့သည်။

အဆုံးတွင် ဟွမ်ယွင်ရွှယ်သည် စင်ပေါ်သို့ ရောက်သွားခဲ့ပြီး၊ လူအုပ်ကို ကျောပေး၍ ရပ်နေခဲ့သည်။

ကျောင်းအုပ်ကြီးသည် စင်ပေါ်မှ ဆင်းသွားခဲ့သည်၊ ထို့နောက်တွင် လျူကိုင်ချီသည် သံတုတ်ကို ကိုင်ကာ စင်ပေါ်သို့ တက်လာခဲ့သည်။

“ ဒုန်း ဒုန်း ဒုန်း “ လူသိရှင်ကြား အပြစ်ပေးပွဲ စတင်ခဲ့ပြီ ဖြစ်သည်။

တစ်ချက်၊ နှစ်ချက်၊ သုံးချက် …….

ဤဖြစ်စဥ်တစ်လျှောက်လုံးတွင် ထောင်နှင့်ချီသော ဆရာနှင့် ကျောင်းသားကျောင်းသူများဖြင့် ပြည့်နှက်နေသော ခန်းမကြီးသည် ကြောက်မက်ဖွယ်ကောင်းလှသည်အထိ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

နဂါး-ကျားစာရင်းပေါ်ရှိ ထိပ်ဆုံး ၁၀ဦးစာရင်းဝင် ပါရမီရှင်တစ်ဦးသည် သူတို့၏ ‌ရှေ့တွင် အပြစ်ပေးခံနေခဲ့ရသည်။

လင်းဂျန် ပထမ အထက်တန်းကျောင်း၏ သမိုင်းကြောင်းတစ်ခုလုံးတွင် ဤကဲ့သို့သော ဖြစ်ရပ်မျိုး တစ်ကြိမ်တစ်ခါမှ မပေါ်ပေါက်လာခဲ့ဖူးပေ။

လူအများစုသည် ရှုကျိုးအား လေးစားမှုနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည့် အကြည့်များဖြင့် ကြည့်နေကြတော့သည်။

စင်ပေါ်ရှိ ဟွမ်ယွင်ရွှယ်ကမူ တစ်ချက်ပြီး တစ်ချက် အရိုက်ခံနေခဲ့ရသည်။

သူသည် လူအုပ်ဘက်သို့ မျက်နှာ မမူထားခဲ့ဘဲ၊ သူ၏မျက်နှာမှာလည်း ဆိုးဆိုးရွားရွား ရှုံ့မဲ့နေခဲ့ပြီ ဖြစ်သည်။

၁၀ ….. ၂၀ ………. ၃၀

ပြစ်ဒဏ် ပြည့်မြောက်သွားခဲ့ပြီ ဖြစ်သည်။

ဟွမ်ယွင်ရွှယ်၏ နောက်ကျောသည် အတော်လေး ရောင်ရမ်းနေခဲ့ပြီ ဖြစ်ကာ သူ၏ကျောင်းဝတ်စုံပင် စုတ်ပြဲနေခဲ့ပြီ ဖြစ်သည်။

“ ဆင်းတော့ “ လျူကိုင်ချီမှ အေးစက်စွာ ပြောလာခဲ့သည်။

“ ဟုတ် “ ဟွမ်ယွင်ရွှယ်မှာ ထိတ်လန့်သွားခဲ့ရသည်။

သူသည် လမ်းလျှောက်ဆင်းသွားခဲ့ပြီး၊ ပထမနှစ် အတန်းရှစ်ရှိရာ အရပ်သို့ အမုန်းတရားတို့ဖြင့် ပြည့်နှက်နေသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။

သူ့ညီ၏ လက်မောင်း ပြတ်တောက်သွားခဲ့ပြီ ဖြစ်ပြီး၊ ကျင့်ကြံရေး လမ်းကြောင်းမှာလည်း ခက်ခဲသွားခဲ့ပြီ ဖြစ်သည်။ ယခုတွင်ကား ကျောင်းပင် အထုတ်ခံခဲ့ရပြီး၊ အနာဂတ်မှာလည်း လုံးဝ ဆုတ်ပြတ်သွားခဲ့ပြီ ဖြစ်သည်။

သူကိုယ်တိုင်မှာလည်း ထိပ်တန်း အယောက် ၁၀၀စာရင်းဝင်များ ခံစားရသည့် ဆုလဒ်များ ရုတ်သိမ်းခံလိုက်ရပြီး၊ တစ်ကျောင်းလုံး၏ အရှေ့တွင် လူသိရှင်ကြား အပြစ်ပေးခံခဲ့ရသည်။

ယနေ့၏ အရှက်တရားများမှာ များပြားလွန်းခဲ့ပြီ ဖြစ်သည်။

“ ရှုကျိုး …. “

ဟွမ်ယွင်ရွှယ်သည် သူ၏အဖွဲ့ထဲတွင် အံ့ကြိတ်၍ မတ်တပ်ရပ်နေခဲ့ပြီး၊ သူ၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။

ပထမနှစ် အတန်းရှစ်ရှိ ရှုကျိုးမှာလည်း တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး၊ ဟွမ်ယွင်ရွှယ်ကို လှည့်ကြည့်နေတော့သည်။

“ မင်းက ငါ့ကို မုန်းနေတာလား? “ ရှုကျိုးသည် သူ၏အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။

ဟွမ်ယွင်ရွှယ် ကြုံတွေ့ခံစားခဲ့ရသော အရာအားလုံးသည် ရှုကျိုးကြောင့် ဖြစ်နေခဲ့သောကြောင့် သူ့အား မုန်းတီးနေခြင်းမှာ ပုံမှန်သာလျှင် ဖြစ်သည်။

သို့သော် ရှုကျိုးကိုယ်တိုင်မှာလည်း ကျောင်းအုပ်ကြီး သတ်မှတ်ခဲ့သော ပြစ်ဒဏ်များကြောင့် အလွန်အံ့ဩသွားခဲ့ရသည်။

သူသည် ကောလဟာလများ ဖြန့်ဝေခြင်း၏ အကျိုးဆက်ကို လူတိုင်းသိသွားစေရန်အတွက် ကျောင်း၏ မှတ်တမ်းများတွင် ထည့်မှတ်ခြင်း (သို့) ကျောင်းလုံးကျွတ် သတင်းကြေညာခြင်းတို့ကိုသာလျှင် လိုချင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် အဆုံးတွင် ကျောင်းအုပ်ကြီးသည် သူ့အား လူကြားထဲတွင် ကြိမ်ဒဏ် အချက်၃၀ ပေးခဲ့လေသည်။

ထိုကဲ့သို့သော ပြစ်ဒဏ်မျိုးသည် ကျောင်းထုတ်ခြင်းထပ်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။

သို့သော် ရှုကျိုးသည် မကြာခင်မှာပင် ပြန်လည် တည်ငြိမ်သွားခဲ့သည်။

…

ထိုစဥ် ကျောင်းအုပ်ကြီးသည် စင်ပေါ်သို့ ပြန်တက်လာခဲ့သည်။

“ ကောလဟာလ ဖြန့်ဝေသူတွေရဲ့ ကံကြမ္မာက အဲ့လိုပဲ “

“ ဒီကိစ္စက ဟွမ်ဟောင်နဲ့ ဟွမ်ယွင်ရွှယ်တို့နဲ့တင် ပတ်သက်နေတာ မဟုတ်ဘူး၊ တတိယနှစ် အတန်း၂ရဲ့ အတန်းပိုင်ဆရာ လျူကိုင်ချီလည်း ပါဝင်ပတ်သက်နေတယ်၊ ဒါ့ကြောင့် သူလည်း ပြစ်ဒဏ်တစ်ချို့နဲ့ ရင်ဆိုင်ရမယ် “

ကျောင်းအုပ်ကြီးမှ အလေးအနက်ထား၍ ဆက်လက် ပြောကြားလာခဲ့သည် “ ဒီနေ့က အဟန့်အတားလေး တစ်ခုပဲ၊ နောင်မှာ ကောလဟာလ ဖြန့်ရဲတဲ့လူ ရှိနေဦးမယ်ဆိုရင် နောက်ဆက်တွဲ အကျိုးဆက်တွေကို သူတို့ကိုယ်တိုင် တာဝန်ခံရလိမ့်မယ် “

အဆိုပါ စကားလုံးများကို ကြားလိုက်ရသောအခါတွင် ခန်းမတစ်ခုလုံး လုံးဝတိတ်ဆိတ်သွားခဲ့သည်။

ကျောင်းအုပ်ကြီးသည် ရှုကျိုးကို တိတ်တဆိတ် လှမ်းကြည့်လိုက်သည်။

ထိုကဲ့သို့သော ပြစ်ဒဏ်မျိုး ချမှတ်ခဲ့ရခြင်းသည် ကျောင်းအုပ်ကြီးနှင့် ကျောင်းသားခေါင်းဆောင်တို့ကြားတွင် သဘောတူညီချက်တစ်ခု ရခဲ့သောကြောင့် ဖြစ်သည်။

၎င်းကား ရှုကျိုး၏ စွမ်းရည်ကို အတည်ပြု စစ်ဆေးရန်ပင် ဖြစ်သည်။

မသေမျိုး နဂါးခန္ဓာသည် ချောင်ရုံ လုပ်ကြံဖန်တီးခဲ့သော အရာဖြစ်သည်။

သို့သော် ယခု၌ ကျောင်းသည် ၎င်းအား ထိပ်တန်း Sအဆင့် စွမ်းရည်တစ်ခုအဖြစ် ကြေညာမောင်းခတ်ရန် ဆုံးဖြတ်ထားခဲ့ပြီ ဖြစ်သည်။

ဤနည်းလမ်းဖြင့်ဆိုပါက ယခင်က ချောင်ရုံ၏ စကားများကို သက်သေပြရာရောက်သကဲ့သို့၊ ကျောင်း၏ ဂုဏ်သိက္ခာကိုလည်း ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။

ယခင်က ချောင်ရုံ၏ စကားလုံးများကို သူတစ်ဦးတည်းကသာလျှင် ကျောထောက်နောက်ခံ ပြုခဲ့ခြင်း ဖြစ်သော်လည်း၊ ယခုကဲ့သို့ တစ်ကျောင်းလုံးမှ ရှုကျိုး၏ စွမ်းရည်ကိစ္စနှင့် ပတ်သက်၍ အတူတကွ ရပ်တည်လာကြမည်ဆိုပါက မည်သူက သံသယဝင်ရဲကြတော့မည်နည်း?

လူသိရှင်ကြား အပြစ်ပေးလိုက်ခြင်းသည် အကောင်းဆုံးသော ဟန့်တားမှု နည်းလမ်းပင် ဖြစ်သည်။

သူတို့သည် ရှုကျိုး၏ အလားအလာကို မြင်နေခဲ့သောကြောင့် ထိုကဲ့သို့ ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်သည်။

“ ဒီနေ့ကစပြီးတော့ “ ကျောင်းအုပ်ကြီးမှ အနီးနားရှိ ဆရာတစ်ဦးကို ငေးကြည့်၍ ပြောလိုက်သည် “ ရှုကျိုးအတွက် ကျောင်းက ထောက်ပံ့ပေးတဲ့ ကျင့်ကြံရေး အရင်းအမြစ်တွေကို သုံးဆအထိ တိုးပြီးတော့ သူ့ကို ပြုစုပျိုးထောင်ပေးမယ် “

အဆိုပါ ဆရာဖြစ်သူသည် မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားခဲ့သော်လည်း၊ မအံ့ဩသွားခဲ့ဘဲ ချက်ချင်း ခေါင်းငြိမ့်ပြလာခဲ့သည် “ ဟုတ်ပါတယ် “

ရှုကျိုး၏ လက်ရှိ စွမ်းဆောင်ရည်သည် ကျောင်းမှ သူ့အား အပြည့်အဝ ထောက်ပံ့ပေးရန် လုံ‌လောက်ပေသည်။

“ နှစ်ပတ်အတွင်းမှာ ချီ-သွေး ၁၀ကယ်လိုရီ တိုးတက်လာတဲ့ လူငယ်လေး “

ကျောင်းအုပ်ကြီးကား စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်ပြောဆိုနေခဲ့သည် ” မင်းက ငါ့ကို စိတ်မပျက်သွားစေဖို့ ငါမျှော်လင့်ပါတယ် “

မသေမျိုး နဂါးခန္ဓာသည် လုပ်ကြံဖန်တီးထားသော စွမ်းရည်တစ်ခုသာလျှင် ဖြစ်သည်။ သို့သော် အကယ်၍ ရှုကျိုးသာ ဆက်လက်၍ တိုးတက်လာခဲ့မည်ဆိုပါက လက်တွေ့ဘဝတွင် မတည်ရှိသော အဆိုပါ စွမ်းရည်သည် တစ်နေ့တွင် သမိုင်းစာမျက်နှာ၌ မှတ်တမ်းတင်ခံရမည် ဖြစ်သည်။

ထိုအချိန်ကျရောက်လာခဲ့ပါက ထိပ်တန်း Sအဆင့် စွမ်းရည်ကို ဖန်တီးခဲ့သော သူတို့သည် ကမ္ဘာပေါ်တွင် လင်းလက် တောက်ပလာကြမည် ဖြစ်သည်။

All Chapters