အခန်း (၂၅-၂၇)
Vol. 2 Ch. 25-27
အပိုင်း ( 25 )
အစ်မ၊ နင့်ရဲ့ တစ်ကိုယ်တည်း နေတတ်တဲ့ ပုံရိပ်က ပြိုလဲသွားတော့မယ်နော်
စာသင်ခန်းထဲသို့ ပြန်ရောက်လာကြပြီးသည့်နောက်တွင် အတန်းရှစ်ရှိ ကျောင်းသူကျောင်းသား အကုန်လုံးသည် ရှုကျိုးအား လေးစားအားကျစွာ ငေးကြည့်လာကြသည်။
ရှုကျိုးကား အနည်းငယ် ကူရာကယ်မဲ့နေသကဲ့သို့ ခံစားနေရတော့လေသည်၊ အကယ်၍ ဤအတိုင်းသာ ဆက်ဖြစ်နေမည်ဆိုပါက သူ၏အတန်းဖော်များသည် သူ့အတွက် ရုပ်ထုပင် ပြုလုပ်ပေး၍ နေ့စဥ် ကိုးပင်ကိုးကွယ်လာနိုင်လေသည်။
သူ၏ထိုင်ခုံဆီသို့ ပြန်ရောက်လာခဲ့ပြီးသည့်နောက်၌ သူ၏စားပွဲဖော် ဝမ်ယွဲ့ဟွေမှ သူ့အား လက်မထောင်ပြလာခဲ့သည် “ ရှုကျိုး၊ မင်းက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ “
“ နဂါး-ကျား အယောက် ၁၀၀စာရင်းထဲက ထိပ်ဆုံး ၁၀ဦးစာရင်းဝင် ပါရမီရှင်တစ်ယောက်ကို ကျောင်းရဲ့ သမိုင်းကြောင်းမှာ မရှိခဲ့ဖူးတဲ့ လူသိရှင်ကြား အပြစ်ပေးခြင်း ခံရအောင် လုပ်နိုင်ခဲ့တယ် “
တစ်ခြားသူတွေကတော့ ထားပါတော့၊ ဘာလို့ ဒီကောင်ကပါ ပါလာရတာလဲဟ? ရှုကျိုးကား ဆွံ့အသွားတော့သည်။
ဒါပင်မဲ့ ကျောင်းအုပ်ကြီးရဲ့ ပြစ်ဒဏ်က တော်တော်လေးကို ကြမ်းတယ်ဆိုတာတော့ လက်ခံရမယ်၊ ဟွမ်ယွင်ရွှယ်ကို လူရှေ့သူရှေ့မှာ ရိုက်လိုက်တာက တော်တော်ကြီးကို အရှက်ကွဲသွားမှာပဲ။
“ ကြည့်ရတာတော့ ကျောင်းက ငါ့ရဲ့ စွမ်းရည်ကို တော်တော်လေး တန်ဖိုးထားနေတဲ့ပုံပဲ “ ရှုကျိုးသည် တစ်ကိုယ်တည်း တွေးတော စဥ်းစားနေခဲ့သည်။
ကောလဟာလများကို ရှင်းလင်းရန်အတွက် နဂါး-ကျားစာရင်းမှ ထိပ်ဆုံး ၁၀ဦးစာရင်းဝင် ပါရမီရှင်ကိုပင် ထိုကဲ့သို့ အရှက်ခွဲခဲ့သည်။
အကယ်၍ သူတို့သာ ရှုကျိုးကို လုံလုံလောက်လောက် တန်ဖိုးမထားဘူးဆိုပါက ကျောင်းအုပ်ကြီးသည် ထိုကဲ့သို့ ဆုံးဖြတ်ချက်ချခဲ့မည် မဟုတ်ပေ။
ထိုစဥ် ဝမ်ယွဲ့ဟွေသည် အကြောင်းအရာကို ပြောင်းလဲ၍ ပြောလာခဲ့သည် “ ဒါပင်မဲ့ ဒီကိစ္စက မပြီးသေးဘူးနော် “
“ ငါ ဟွမ်ယွင်ရွှယ်အကြောင်းကို နည်းနည်းလေးကြားထားတယ်၊ သူက အသေးဆုံး မကျေနပ်ချက်လေးတွေအတွက်တောင် လက်စားချေတတ်တယ်လို့ ကျော်ကြားတယ်။ သူ့ကို ဆန့်ကျင်ခဲ့တဲ့ လူတွေက အဆုံးသတ် မကောင်းကြဘူး၊ ဒါ့ကြောင့် သေချာဂရုစိုက် “
“ ကျောင်းအတွင်းမှာဆိုရင် အဆင်ပြေတယ်၊ ဒါပင်မဲ့ ကျောင်းအပြင်မှာဆိုရင်တော့ သူက လှည့်ကွက်တွေ သုံးလာနိုင်တယ် “
၎င်းကို ကြားလိုက်ရသောအခါတွင် ရှုကျိုး၏ စိတ်နှလုံးသား တင်းကြပ်သွားခဲ့သည်။
သူသည် ဟွမ်ဟောင်အား ပုံရိပ်ယောင် ကမ္ဘာထဲတွင် အနိုင်ယူခဲ့ပြီးသည့်နောက်၌ ဟွမ်ဟောင်မှ သူ့အား ဒုက္ခိတလုပ်လိုသည့် ရည်ရွယ်ချက်ဖြင့် ချက်ချင်း လက်တုံ့ပြန်လာခဲ့သည်ကို အမှတ်ရသွားတော့သည်။
အကယ်၍ ဟွမ်ဟောင်ကပင် ထိုမျှ ရက်စက်ကြမ်းတမ်းနေမည်ဆိုပါက၊ သူ့အစ်ကိုဖြစ်သည့် ဟွမ်ယွင်ရွှယ်မှာ ………………
ဟွမ်ယွင်ရွှယ် ရရှိခဲ့သော အရှက်တရား အားလုံးမှာ ရှုကျိုးကြောင့် ဖြစ်နေသောကြောင့် သူ၏ စိတ်ထဲတွင် အမုန်းတရားနှင့် လက်စားချေလိုသည့် မျိုးစေ့တို့ ပေါက်ဖွားနေခဲ့မည်ကို သူကြောက်လန့်နေတော့၏။
“ ငါ ဂရုစိုက်ပါ့မယ် “ဟု ရှုကျိုးမှ ပြန်ပြောလိုက်သည်။
ဝမ်ယွဲ့ဟွေသည် သူ့ကို ကြည့်၍ သက်ပြင်းချကာ ပြောလာခဲ့သည် “ ငါကြားတာတော့ ဟွမ်ယွင်ရွှယ် ပထမနှစ်တုန်းကဆိုရင် သူက အတန်းဖော်တစ်ယောက်ကို သတ်မိလုနီးပါး ဖြစ်ခဲ့တယ်တဲ့၊ အဲ့တာကြောင့် မင်း သေချာဂရုစိုက်မှ ရမယ် “
ရှုကျိုး၏ အမူအရာသည် ချက်ချင်းဆိုသလို လေးနက်သွားခဲ့သည်။
ပထမနှစ်တုန်းက အတန်းဖော် တစ်ယောက်ကို သတ်လုနီးပါး ဖြစ်ခဲ့တာလား?
ဒီကောင်က အဲ့လောက်တောင် အဆိပ်ပြင်းတာလား?
တကယ်လို့ ဒီကောင်က ငါ့ကို ဒုက္ခမပေးဘဲ၊ ငါ့မိဘတွေကို ပစ်မှတ်ထားလာရင် ဘယ်လိုလုပ်မလဲ?
ရှုတျန်ဟိုင်နှင့် လီယန်ဖင်းတို့မှာ သာမန်လူများသာ ဖြစ်သောကြောင့် အကယ်၍ ဟွမ်ယွင်ရွှယ်မှ လှုပ်ရှားလာခဲ့ပါက သူသည် သူတို့အား အလွယ်တကူဖြင့် အပြင်းအထန် ဒဏ်ရာရသွားစေမည် ဖြစ်သည်။
၎င်းကို တွေးမိသွားသောအခါတွင် ရှုကျိုးသည် သူ၏လက်သီးအား တင်းတင်းကြပ်ကြပ် ဆုပ်ထားလိုက်သည်။
“ ငါက လုံလုံလောက်လောက် မစွမ်းသေးဘူး “ ရှုကျိုးသည် လက်သီးဆုပ်ရင်းဖြင့် ရေရွတ်ပြောဆိုနေတော့သည် “ တကယ်လို့ ငါကသာ လုံလုံလောက်လောက် စွမ်းနေမယ်ဆိုရင်၊ အဲ့လို ကိစ္စတွေကြောင့် စိုးရိမ်ပူပန်နေရမှာ မဟုတ်ဘူး “
သူ၏အကြည့်သည် ပိုပို၍ ခိုင်မာပြတ်သားလာတော့သည်။
ထို့နောက်တွင် ရှုကျိုးသည် ထရပ်ပြီး၊ လေ့ကျင့်ရေးခန်းမဆီသို့ သွားနေတော့သည်၊ သူသည် အပြင်းအထန် ကျင့်ကြံ၍ ပိုစွမ်းအောင် ကြိုးစားတော့မည် ဖြစ်သည်။
…
အချိန်များ ကုန်ဆုံးသွားခဲ့ပြီး၊ လေ့ကျင့်နေစဥ် အတွင်းမှာပဲ တစ်နေ့တာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
ကျောင်းဆင်းသွားသည့်နောက်၌ ရှုကျိုးသည် ချက်ချင်း မထွက်သွားသေးဘဲ၊ တတိယနှစ် အတန်း၃၏ အပေါက်ဝသို့ သွား၍ တစ်ခဏခန့် စောင့်ဆိုင်းနေတော့သည်။
လီရို့ရှီသည် နဂါး-ကျားစာရင်းပေါ်တွင် အဆင့်၂ချိတ်သည့် လူတစ်ဦးဖြစ်သောကြောင့် သူမသည် အတော်လေး အစွမ်းထက်နေမည် ဖြစ်သည်။
ရှုကျိုးသာ သူမနှင့်အတူ ပြန်နေသရွေ့ ဟွမ်ယွင်ရွှယ် လှုပ်ရှားရဲမည် မဟုတ်ပေ။
သို့သော် တစ်ခဏခန့် စောင့်ခဲ့ပြီးသည့်နောက်မှာပင် လီရို့ရှီ ထွက်မလာခဲ့ပေ။
ထို့အစား လင်းရှီရှီသာ ထွက်လာခဲ့သည်။
ရှုကျိုးကို မြင်လိုက်ရသောအခါတွင် သူမ အနည်းငယ် အံ့အားသင့်သွားခဲ့သည် “ ရှုကျိုးလား? “
ရှုကျိုးသည် သူမကို မှတ်မိနေသောကြောင့် လျင်မြန်စွာ မေးမြန်းလိုက်သည် “ စီနီယာ အစ်မလင်း၊ ကျွန်တော့်အစ်မက အထဲမှာလား? “
“ သူမက အစောကြီးထဲက အိမ်ပြန်သွားပြီ “ ဟု လင်းရှီရှီမှ ပြန်ပြောလာခဲ့သည်။
ရှုကျိုး အံ့ဩသွားပြီး၊ သူ၏ အမူအရာသည် ပို၍ လေးနက်သွားခဲ့သည်။
ကြည့်ရတာတော့ အိမ်ပြန်တဲ့ လမ်းမှာ သေချာဂရုစိုက်ရတော့မဲ့ပုံပဲ။
“ သိပါပြီ၊ စီနီယာအစ်မ၊ ကျွန်တော်သွားပြီနော် “
“ ခဏစောင့်ပါဦး၊ ဂျူနီယာလေး “ လင်းရှီရှီသည် စနောက်လိုသော အမူအရာဖြင့် မျက်တောင်များခတ်ကာ ပြောလာခဲ့သည် “ ဆက်သွယ်ရမဲ့ အချက်အလက်တွေ လဲထားရအောင် “
“ သေချာတာပေါ့ “ ရှုကျိုးသည် များစွာ စဥ်းစားမနေဘဲ၊ အချက်အလက်များကို ဖလှယ်ကာ ထွက်သွားတော့သည်။
သူမသိသော အရာကား သိပ်မဝေးသော နေရာရှိ လမ်းပေါ်တွင် လီရို့ရှီသည် ထိုမြင်ကွင်းကို ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်နေသည်ဆိုသည်ပင် ဖြစ်သည်။
“ သူက ငါ့အချစ်ဆုံး သူငယ်ချင်းနဲ့ စကားပြောပြီး ဘာလုပ်နေတာလဲ? “
သူမ၏ စိတ်ထဲတွင် မကျေနပ်ချက်တစ်ချို့ ရှိနေခဲ့သော်လည်း ရှုကျိုး ထွက်သွားသည်ကို မြင်လိုက်ရသောအခါတွင် သူမသည် သူ့နောက်သို့ လိုက်သွားတော့သည်။
သူမ ဖခင်ဖြစ်သူ၏ ညွှန်ကြားချက်များအရ သူမသည် ရှုကျိုးကို စောင့်ရှောက်ရန် တာဝန်ရှိပေသည်။
ရှုကျိုးကမူ ကျောင်းထဲမှ ထွက်လာခဲ့ပြီးသည့်နောက်တွင် သတိတကြီးဖြင့် အိမ်ပြန်နေခဲ့သည်။
သို့သော် မကြာခင်မှာပင် သူ၏အမူအရာ လေးလံသွားခဲ့သည်။
တစ်ယောက်ယောက်က ငါ့နောက်လိုက်နေတယ် !!
“ အဲ့တာက ဟွမ်ယွင်ရွှယ်လား? “ ရှုကျိုးသည် သူက ဟွမ်ယွင်ရွှယ်ကို မယှဥ်နိုင်မှန်း သိနေသဖြင့် နိုးနိုးကြားကြား ရှိနေတော့သည်။
ဟွမ်ယွင်ရွှယ်မှာ နဂါး-ကျားစာရင်းပေါ်မှ ထိပ်ဆုံး ၁၀ဦးစာရင်းဝင် ပါရမီရှင်တစ်ဦး ဖြစ်သောကြောင့် သူ၏ ချီ-သွေးနှင့် တိုက်ခိုက်ရေး စွမ်းရည်များက လူအများစုကို ချေမှုန်းရန် လုံလောက်နေမည် ဖြစ်သည်။
ရှုကျိုးကား ဖြည်းညှင်းစွာ လမ်းလျှောက်နေပြီး၊ သတိကြီးကြီးထား၍ သူ့နောက်မှ လိုက်လာသည့်လူကို အာရုံခံနေခဲ့သည်။
ထိုအခိုက်အတန့်တွင် ရှုကျိုး လုံးဝ စိတ်ရှုပ်ထွေးသွားခဲ့သည်။
သူသည် သေခြင်းတရားကို မကြောက်ရွံ့သော်လည်း၊ ဟွမ်ယွင်ရွှယ်ကဲ့သို့သော လူတစ်ဦး၏ လက်အတွင်းသို့ ကျရောက်သွားခြင်းကို လက်ခံနိုင်မည် မဟုတ်ပေ။
လမ်းချိုးတစ်ခုသို့ ရောက်လာသောအခါတွင် သူ နောက်လှည့်ကြည့်လိုက်သည်။
“ ဟမ်? “
“ အစ်မလား?? “
ရှုကျိုးသည် လှည့်ကြည့်ရင်ဖြင့် လုံးဝ အံ့အားသင့်သွားခဲ့သည်။
ဘယ်လိုလုပ်ပြီးတော့ သူမပဲ ထပ်ဖြစ်နေရပြန်တာလဲ?
သူသည် နံနက်ခင်းတွင် လီရို့ရှီက သိပ်မဝေးသော မီတာ ၂၀၀ခန့် အကွာအဝေးမှ သူ့နောက်သို့ ဤကဲ့သို့ လိုက်ခဲ့သည်ဆိုသည်ကို ပြန်၍ အမှတ်ရသွားခဲ့သည်။
“ ဆိုတော့ သူမပေါ့ တော်ပါသေးတယ်ကွာ “ ရှုကျိုးကား စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်။
ထိုအချိန်၌ သူသည် လီရို့ရှီမှ သူ၏နောက်သို့ အနီးကပ် လိုက်လာစေရန်ပင် ဆန္ဒရှိနေတော့သည်။
လီရို့ရှီသည် မာနကြီးသော်လည်း သူ့အား ထိခိုက်မလုပ်ပေ။
သို့သော် ရှုကျိုးသည် မကြာခင်မှာပင် ဇဝေဇဝါ ဖြစ်သွားတော့သည်။
ဘာလို့ သူမက ငါ့နောက်ကို တစ်ချိန်လုံး လိုက်နေရတာလဲ?
တိုက်ဆိုင်မှုလား၊ ဒါပင်မဲ့ ဒီလောက်တောင် တိုက်ဆိုင်နေနိုင်လို့လား?
တစ်ခုခုတော့ မဟုတ်သေးပါဘူး။
ရုတ်တရက်ဆိုသလိုပင် ရှုကျိုးသည် အတိတ်တစ်ချိန်တုန်းက သူ အတန်းဖော်များ၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရသည့် အချိန်တွင် မျက်နှာဖုံးဝတ် သူရဲကောင်းတစ်ဦး ရုတ်တရက် ပေါ်လာခဲ့ပြီး၊ ထိုအတန်းဖော်များကို မောင်းထုတ်ခဲ့သည့် ဖြစ်ရပ်ကို ပြန်၍ အမှတ်ရသွားခဲ့သည်။
အကြိမ်ပေါင်းများစွာ ကျောင်းသို့ သွားသည့်လမ်းတစ်လျှောက်တွင် ကြုံတွေ့ခဲ့ရသည့် အန္တရာယ်များသည် ထိုနည်းလမ်းဖြင့်ပင် ဖြေရှင်းပြီးသား ဖြစ်သွားခဲ့သည်။
ထိုအချိန်က ရှုကျိုးသည် သူက ကံကောင်းနေခဲ့သောကြောင့် အကူအညီရခဲ့သည်ဟုသာ တွေးထင်ထားခဲ့သည်။
သို့သော် ယခုတွင်ကား သူ့မှတ်ဉာဏ်များထဲရှိ အဆိုပါ သူရဲကောင်းသည် ရုပ်သွင်တစ်ခုအဖြစ် ဖြည်းညှင်းစွာ ပုံပေါ်လာခဲ့သည်။
“ အဲ့တာက သူမလား? ” ရှုကျိုးမှာ အနည်းငယ် အံ့ဩသွားခဲ့သည်။
အလယ်တန်းကျောင်းကတည်းက သူမက ငါ့ကို တိတ်တဆိတ် ကာကွယ်ပေးနေခဲ့တာလား?
“ လီရို့ရှီနဲ့ ငါနဲ့က သွေးသားတော်စပ်မှု မရှိဘူး၊ သူမက ငါ့အစ်မလည်း မဟုတ်ဘူး “ ရှုကျိုးကား တစ်ကိုယ်တည်း အတွေးများနေတော့သည် “ သူမဆီမှာ ဒီလိုလုပ်ရမဲ့ အကြောင်းပြချက်လည်း မရှိပါဘူး “
“ ငါ့အဖေကသာ သူမက ဒီလို မလုပ်ခိုင်းထားဘူးဆိုရင်ပေါ့လေ “
အကယ်၍ သူ့အဖေ၏ တောင်းဆိုချက် ရှိနေမည်ဆိုလျှင်တောင်မှ လီရို့ရှီသာ ဆန္ဒမရှိပါက သူမကို တွန်းအားပေး၍ ရမည် မဟုတ်ပေ။
ဤကာလတစ်လျှောက်လုံးတွင် အေးစက် မာနကြီးသော လီရို့ရှီသည် သူ့အား တိတ်တဆိတ် ကာကွယ်ပေးနေခဲ့သည်၊ အေးစက်စက် ပုံရိပ်တစ်ခုခု၊ သူ့စိတ်ထဲရှိ ရေခဲထုကြီးသည် ဖြည်းညှင်းစွာ အရည်ပျော်စ ပြုလာခဲ့ပြီ ဖြစ်သည်။
…
ရှုကျိုးကား ရှုပ်ထွေးနေသာ စိတ်ခံစားချက်နှင့်အတူ အိမ်ပြန်ရောက်သွားခဲ့သည်။
သူသည် သူ၏ကြက်ဖအတွက် အစားအသောက်များ ပြင်ဆင်ကာ အိပ်ခန်းထဲသို့ ယူသွားတော့သည်။
ငါးမန်းသွား ဗီဇပြောင်း ကြက်ဖကြီးသည် အနက်ရောင် ကျောင်းဘောင်းဘီကို ဝတ်ဆင်ကာ မြေပြင်ပေါ်တွင် ရပ်နေခဲ့သည်။
“ အတော်လေး စတိုင်ကျသွားတာပဲ “
ရှုကျိုးကား တိတ်တဆိတ် ခေါင်းငြိမ့်နေတော့သည်၊ ကျောင်းဘောင်းဘီကို ဝတ်ထားတဲ့ ဒီကောင်လေးက တော်တော်လေး နန်းဆန်ပြီးတော့ ကြည့်ကောင်းသားပဲ။
အထူးသဖြင့် ၎င်းက ဆက်လက်ကြီးထွားလာသည်နှင့်အမျှ၊ ၎င်း၏ ခြေထောက်များကလည်း တဖြည်းဖြည်း ရှည်ထွက်လာမည် ဖြစ်ပြီး၊ အရပ်တစ်မီတာခန့် ဖြစ်သွားပါက ဝတ်ဆင်ထားသော အရာများနှင့် ပြီးပြည့်စုံစွာ လိုက်ဖက်သွားမည် ဖြစ်သည်။
“ ကွတ် ကွတ် “
ကြက်ဖကြီးသည် မျက်လုံးများ ဖွင့်လာခဲ့ပြီး၊ မြေပြင်ပေါ်ရှိ အစာအားလုံးကို ဆိတ်စားနေတော့သည်။
ဝှီးးးးး
မကြာခင်မှာပင် ဗီဇပြောင်း ကြက်ဖကြီးက ထပ်မံ၍ ကြီးထွားလာပြန်သည်။
၎င်း၏ အမွှေးများ တုန်ခါလာပြီး၊ လည်ကို ဆန့်၍ တွန်လာခဲ့သည် “ အော် အီး အီး အွတ် “ ၊ ထို့နောက်တွင် ၎င်း၏ ခန္ဓာကိုယ်သည် ထင်ထင်ရှားရှား ကျယ်ပြန့်ကြီးထွားလာခဲ့သည်။
[ ချီ-သွေး + ၀.၁ ကယ်လိုရီ
[ အဆင့် + ၅% ]
အိမ်ရှင် : ရှုကျိုး
ချီ-သွေး : ၇၄.၁ ကယ်လိုရီ
စိတ်ဝိညာဥ် : 2Hz
ကိုယ်ပွား : ငါးမန်းသွား ဗီဇပြောင်းကြက်ဖ
အဆင့် : အဆင့် ၀ အဆင့် ၂ ( ၅% )
အသားတင် အလေးချိန် : ၄၁ ကီလိုဂရမ်
စွမ်းရည် : နေ့စဥ် ဆယ်ကီလိုဂရမ် ရရှိခြင်း ( အကန့်အသတ် )၊ အရာအားလုံး ဝါးမြိုနိုင်ခြင်း
ဆင့်ကဲ ပြောင်းလဲမှုဖြစ်စဥ် : အလေးချိန်က မျိုးစိတ်အကန့်အသတ်သို့ ရောက်ရှိသွားသောအခါတွင် ဆင့်ကဲပြောင်းလဲမည်
…
“ အလေးချိန်က ၄၀ကီလိုဂရမ်တောင် ကျော်သွားပြီပဲ “ ရှုကျိုးသည် တစ်မီတာနီးပါး အရပ်ထွက်လာသည့် ဗီဇပြောင်းကြက်ဖကြီးကို ကြည့်ကာ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။
ရက်အနည်းငယ်အတွင်းမှာပင် ၎င်းသည် လီရို့ရှီ၏ ကိုယ်အလေးချိန်ကို လိုက်မှီသွားမည် ဖြစ်သည်။
ရှုကျိုးသည် လီရို့ရှီ၏ ကိုယ်အလေးချိန် အမှန်ကို မသိပေ၊ သို့သော် ၎င်းက ပေါင် ၁၂၀အောက်ဖြစ်နေမည်မှာ သေချာလှပေသည်၊ သူမ၏ ခန္ဓာကိုယ် အချိုးအစားမှာ လွန်စွာ ပြီးပြည့်စုံနေခဲ့သည်။
“ ထိပ်တန်း အယောက် ၁၀၀စာရင်းဝင်တွေကို ပေးတဲ့ ဆုလဒ်တွေ ရလာတာနဲ့၊ အဲ့ကောင်က တစ်နေ့ကို ၁၀ကီလိုဂရမ်လောက် ထပ်ကြီးလာတော့မှာ “
ရှုကျိုးကား တွေးတော စဥ်းစားနေခဲ့သည် “ ဒါဆိုရင် ထပ်ပြီးတော့ ပြောင်းလဲလာဖို့ကလည်း သိပ်မကြာလောက်တော့ဘူးလေ၊ ဟုတ်တယ်မလား? “
ဒီတစ်ခါရော ဘာတွေ ပြောင်းလဲသွားမှာလဲ?
ရှုကျိုးကား အနည်းငယ် မျှော်လင့်မိနေတော့သည်။
တစ်ချိန်တည်းမှာပင် ရှုကျိုးသည် အနည်းငယ် စိုးရိမ်ပူပန်နေခဲ့ရသည် “ ဒီကောင်လေးက ကြီးကြီးလာမှာ၊ တကယ်လို့ ဆက်ပြီးတော့ ကြီးလာနေမယ်ဆိုရင် အိမ်မှာ ဆက်ထားလို့ မရလောက်တော့ဘူး “
မိသားစုက ပြဿနာ မရှိသော်လည်း တစ်ခြားလူတစ်ဦးဦးကသာ သူမရှိသည့် အချိန်တွင် ဗီဇပြောင်း ကြက်ဖကြီးကို တွေ့သွားပါက ပြဿနာ တက်သွားရလိမ့်မည် ဖြစ်သည်။
“ ဘယ်နားမှာ သွားထားရင် ကောင်းမလဲ? “ ရှုကျိုးကား အနည်းငယ် စိတ်ဓာတ်ကျသွားခဲ့သည်။
ဤပတ်ဝန်းကျင်ကား တောတောင် မရှိသော မြို့ပြရပ်ကွက်များသာလျှင် ဖြစ်သည်။
၎င်းကို လွှတ်နိုင်မည့် တစ်ခုတည်းသော တည်နေရာကား နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ တားမြစ်နယ်မြေပင် ဖြစ်သည်။
“ ငါက တားမြစ်နယ်မြေဆီ သွားရတော့မှာလား? “ ရှုကျိုးကား အတွေးများနေရတော့သည်။
သူသည် ကျောင်းကျိုးတွင် အကျော်ကြားဆုံးဖြစ်သည့် အဆိုပါ တားမြစ်နယ်မြေအကြောင်းကို အနည်းငယ် ကြားထားခဲ့ဖူးသည်။
သို့သော် သာမန်လူများသည် ထိုထဲသို့ မဝင်နိုင်ကြပေ။
ကျောင်းမှ အကြံပြုပေးထားသော ကျောင်းသူကျောင်းသားများ (သို့) လက်မှတ်ရ သိုင်းပညာရှင်များကသာလျှင် အဆိုပါ တားမြစ်နယ်မြေထဲသို့ ခြေချနိုင်လေသည်။
ရှုကျိုးအတွက်ကား ကျောင်း၏ အကြံပြုချက်ကိုသာလျှင် ရွေးချယ်ရမည် ဖြစ်သည်။
“ ကျောင်းကနေ အကြံပြုချက်ရမလားဆိုတာကိုတော့ ငါသိချင်မိတယ် “
ရှုကျိုး အတွေးများနေသည့်အချိန်တွင် တံခါးခေါက်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ဒေါက် ဒေါက် ဒေါက်
လီရို့ရှီမှ သူ့အခန်းတံခါးကို ခေါက်လာခဲ့ခြင်း ဖြစ်သည် “ ထွက်လာပြီး အစားစားဦး “
“ လာပြီ “ ရှုကျိုးကား အတွေးများကို မောင်းထုတ်ပစ်ကာ ထွက်သွားလိုက်သည်။
…
ဧည့်ခန်းထဲသို့ ရောက်ရှိသွားသောအခါတွင် ရှုကျိုးသည် သူ၏မိဘများ မရှိသည်ကို အံ့ဩဖွယ်ရာ တွေ့ရှိသွားခဲ့သည်။
သူသည် ထမင်းစားပွဲတွင် ထိုင်လိုက်ပြီး လီရို့ရှီနှင့်အတူ ညစာစားနေတော့သည်။
မိဘများ အိမ်ပြန်မရောက်လာကြသေးသောကြောင့် ယနေ့ည ညစားအား လီရို့ရှီမှ ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။
စားသောက်နေစဥ် အချိန်တွင် ရှုကျိုးသည် လီရို့ရှီအား မကြာခဏ ငေးကြည့်နေမိခဲ့သည်။
ထိုအချိန်တွင် သူသည် သူမအား မည်သည့်အတွက်ကြောင့် သူ့နောက်လိုက်နေရသလဲဆိုသည်ကို မေးမြန်းချင်နေပြီး၊ အေးစက်ကာ မာနကြီးသော အစ်မမှ မည်ကဲ့သို့ တုံ့ပြန်လာမလဲဆိုသည်ကို သိချင်နေတော့သည်။
“ ငါ ပြောလိုက်သင့်လား? “ ရှုကျိုးသည် လီရို့ရှီအား ထပ်မံ၍ ငေးကြည့်လိုက်သည်။
လီရို့ရှီကား အနည်းငယ်မျှသာ စားပြီး၊ ခါတိုင်းလိုပင် အေးစက်စက်ဖြင့် တစ်သီးတစ်သန့် ဖြစ်နေလျက်ရှိသည်။
ရှုကျိုးမှ သူမအား ကြည့်နေသည်ကို မြင်လိုက်ရသောအခါတွင် သူမ၏ ရှည်လျားသော မျက်တောင်လေးများ တဖျက်ဖျက်ခတ်သွားပြီး၊ ခေါင်းမော့၍ စကားပြောလာခဲ့သည် “ ဘာလဲ၊ ငါချက်တာ အရသာ မရှိလို့လား? “
………………………………………………………………………………………………………..
အပိုင်း ( 26 )
သေဖို့အတွက် ပြင်ဆင်ထားရမယ်
ရှုကျိုးသည် အနည်းငယ် ချောင်းဟန့်၍ ပြန်ဖြေလိုက်သည် “ တော်တော်လေး အရသာရှိပါတယ် “
သူသည် ယခုအချိန်တွင် စကားမပြောရန် ဆုံးဖြတ်လိုက်သည်။
သူသည် သူမက မည်ကဲ့သို့ တုံ့ပြန်လာမလဲဆိုသည်ကို သိချင်နေခဲ့သော်လည်း၊ သူမသည် ရှက်ရွံ့စိတ်ကြောင့် ဒေါသထွက်သွားမည်ဟု မှန်းဆမိနေခဲ့သည်။
ထို့အပြင် နောင်တွင် သူမသည် သူ့နောက်သို့ မလိုက်ဘဲ နေခြင်းပင် ဖြစ်ကောင်းဖြစ်သွားနိုင်လေသည်။
ရှုကျိုးသည် ဟွမ်ယွင်ရွှယ် ယူဆောင်လာမည့် ပြဿနာနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေစဲဖြစ်သောကြောင့် သူသည် သူမကို အမှန်တကယ် လိုအပ်နေစဲ ဖြစ်သည်။
နဂါး-ကျား စာရင်းတွင် အဆင့် ၂ချိတ်သော အစ်မတစ်ဦးရှိခြင်းကား လုံခြုံဘေးကင်းသည်ဟု ခံစားရစေခဲ့သည်။
၎င်းကို ကြားလိုက်ရသောအခါတွင် လီရို့ရှီသည် အေးစက်စွာ နှာခေါင်းရှုံ့လာခဲ့သည် “ နင် ပြောချင်တာကို ပြောလိုက် “
ရှုကျိုးအား ကူရာကယ်ရာမဲ့နေသကဲ့သို့ ခံစားသွားရတော့သည်။
သူမက ငါ့ကို အဲ့လောက်တောင် အလွယ်တကူ မြင်နိုင်နေတာလား?
သူသည် မျက်လုံးများကို အနည်းငယ် ကစားလိုက်ပြီး၊ အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည် “ ငါ ထိပ်တန်း အယောက် ၁၀၀စာရင်းထဲကို ရောက်လာပြီ “
“ အို့၊ မဆိုးပါဘူး “ လီရို့ရှီမှ ခေါင်းငြိမ့်ပြလာခဲ့သည်။
“ မဆိုးတာလား? “ ရှုကျိုး မျက်တောင်ခတ်သွားခဲ့သည်။
“ သာမန်ပါပဲ “ လီရို့ရှီသည် သူမ၏ စကားလုံးများကို ပြောင်းလဲ၍ အေးစက်စွာ ပြောလာခဲ့သည် “ နင့်ရဲ့ လုပ်ရပ်တွေက လုံလုံလောက်လောက် မရက်စက်သေးဘူး “
“ တကယ်လို့ ဟွမ်ဟောင်ကသာ ပိုသန်မာနေမယ်ဆိုရင် နင်သေလိမ့်မယ် “
“ အို့ “ ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။
လီရို့ရှီသည် ရှုကျိုးကို ငေးကြည့်ကာ သူမ၏နီရဲသော နှုတ်ခမ်းလေးများကို ကိုက်နေတော့သည်။
တစ်ခဏခန့် စဥ်းစားခဲ့ပြီးသည့်နောက်တွင် သူမမှ ထပ်ဖြည့်ပြောလာခဲ့သည် “ ဒါပင်မဲ့ နင်က အရင်တုန်းကထပ်တော့ ပိုစွမ်းလာသားပဲ “
ရှုကျိုးသည် လီရို့ရှီကို မော့ကြည့်လိုက်သည်။
မျှော်လင့်ထားခဲ့သည့် အတိုင်းပင် သူ၏ အေးစက်စက် အစ်မထံတွင် ထက်မြက်သော လျှာတစ်ခုရှိနေခဲ့သော်လည်း၊ သူမ၏နှလုံးသားမှာမူ နူးညံ့မြဲ နူညံ့နေမြဲသာ ဖြစ်သည်။
သူမသည် သူ့အား အလွန်ဂရုစိုက်သော်လည်း၊ အေးစက်စက် အမူအရာကိုသာ အမြဲတမ်း ဆင်ယင်ထားခဲ့သည်။
သူသည် လီရို့ရှီကို မသိမသာ စိုက်ကြည့်လိုက်သည် ” တကယ်လား? “
သူမမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ တကယ်လို့ နင်က ဟွမ်ဟောင့်ကို ဒုက္ခိတလုံးလုံး ဖြစ်အောင်လုပ်မယ် ဒါမှမဟုတ် အဲ့နေရာမှာ တန်းသတ်လိုက်မယ်ဆိုရင်၊ ငါက နင့်ကို လေးစားသွားမိမှာ “
“ တစ်ခါတည်း တန်းသတ်လိုက်တာလား? “ ရှုကျိုးကား အနည်းငယ် မှင်သက်သွားတော့သည်။
သူမက ငါက ဟွမ်ဟောင်ကို သတ်တာကို လိုချင်နေတာလား?
ရှုကျိုးကို ကြည့်ရင်းဖြင့် လီရို့ရှီ၏ အသံသည် မာဆတ်ဆတ် ပြန်ဖြစ်သွားတော့သည် “ ငါပြောသားပဲ၊ တကယ်လို့ ဟွမ်ဟောင်ကသာ ပိုသန်မာနေမယ်ဆိုရင်၊ နင်သေလိမ့်မယ်လို့ “
“ သူ့ရဲ့ နည်းလမ်းတွေက တော်တော်လေး ရက်စက်တယ်၊ နင့်ကို ဒုက္ခိတဖြစ်အောင် လုပ်ဖို့ စိတ်ပိုင်းထားတာ၊ အဲ့တာက သာမန် တိုက်ပွဲတစ်ပွဲ မဟုတ်ဘူး အသေသတ်ပွဲပဲ “
“ နင့်ဆီမှာ သူ့ကို ချေမှုန်းဖို့ အခွင့်အရေး ရှိခဲ့ပင်မဲ့ နင်ကတော့ လက်လေးတစ်ဖက်ပဲ ဖြတ်လိုက်တယ် “
“ တကယ်လို့ ငါသာဆိုရင်၊ သူ့ကို မသတ်ရင်တောင်မှ၊ ခြေလက်အကုန်လုံးကို ဖြတ်ပြီးတော့ ဘယ်တော့မှ မတ်တပ်ပြန်မရပ်လာနိုင်အောင် လုပ်လိုက်မှာ “
ရှုကျိုးကား အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့ပြီး၊ မယုံကြည်နိုင် ဖြစ်နေတော့သည်။
လီရို့ရှီ၏ စကားလုံးများသည် သူ၏ လောကအမြင်များကို အနည်းငယ် ပြောင်းလဲသွားစေခဲ့သည်။
အပြင်ဘက်တွင် တစ်စုံတစ်ဦးကို သတ်ဖြတ်ခြင်းအကြောင်း ဆွေးနွေးခြင်းက လက်ခံနိုင်သော်လည်း၊ ၎င်းမှာ ကျောင်းဝင်းအတွင်းပိုင်းတွင် ဖြစ်နေခဲ့သည်။
လီရို့ရှီမှာ စီနီယာ ကျောင်းသူတစ်ဦးပင် ဖြစ်သည်။
ရှုကျိုးသည် ယခင်ဘဝက အသက် ၁၈နှစ် အရွယ်အထိ နေခဲ့ရသော်လည်း၊ ထိုကဲ့သို့သော အမြင်မျိုးကို လက်မခံနိုင် ဖြစ်နေသေးစဲ ဖြစ်သည်။
ရှုကျိုးသည် အလေးအနက်ထား၍ ပြောလာခဲ့သည် “ တကယ်လို့ တစ်ယောက်ယောက်ကို သတ်လိုက်မယ်ဆိုရင် ကျောင်းက ဝင်စွပ်ဖက်မှာ မဟုတ်ဘူးလား? “
“ ကျောင်းလား? “ လီရို့ရှိသည် သူမ၏ ခေါင်းလေးကို ခါရမ်းပြလာခဲ့ကာ၊ ရှုကျိုးကို စိုက်ကြည့်လာခဲ့သည် “ သိုင်းပညာလမ်းကြောင်းထဲကို ဝင်လာတဲ့ အချိန်ကတည်းက သေဖို့အတွက် ပြင်ဆင်ထားရမယ် “
“ နင့်ဆရာက နင့်ကို မသင်ပေးဘူးလား? “
ရှုကျိုးကား တွေးတော စဥ်းစားသွားရတော့သည်။
သူတို့က သေချာပေါက် သင်ပေးတာပေါ့ဟ၊ ဒါပင်မဲ့ အဲ့တာက ဗီဇပြောင်း သားရဲကိုပြောနေတာ မဟုတ်ဘူးလား?
တကယ်လို့ သွေးထွက်သံယိုတွေ ဖြစ်လာမယ်ဆိုရင်တောင်မှ တော်တော်လေး ကြာနေဦးမှာလေ။
သို့သော် လီရို့ရှီ၏ စကားလုံးများသည် သူ့အား အနည်းငယ် အံ့ဩသွားစေခဲ့သည်။
“ နင်က တော်တော်လေး ပျော့နေသေးတာပဲ “ လီရို့ရှီမှ အေးစက်စွာ ထပ်ပြောလာခဲ့သည် “ သိုင်းပညာရှင်တစ်ယောက်ဆီမှာ ကရုဏာ စကား မရှိဘူး၊ ငကြောက်တွေနဲ့ စစ်သည်တော်တွေဆီမှာပဲ ရှိတယ် “
ထိုကဲ့သို့ ပြောလာခဲ့ပြီးသည့်နောက်တွင် သူမသည် သူမ၏ပန်းကန်လုံးနှင့် တူကို ချကာ သူမ၏အိပ်ခန်းထဲသို့ လှည့်ထွက်သွားတော့သည်။
ရှုကျိုးသည် သူမ၏ ကျောပြင်လေးကို ကြည့်ပြီး အနည်းငယ် မျက်မှောင်ကြုတ်နေတော့သည်။
တစ်ခဏခန့် ကုန်ဆုံးသွားခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် တစ်စုံတစ်ခုကို နားလည်သွားပြီး၊ ဖြည်းညှင်းစွာ သက်ပြင်းချလာခဲ့သည် “ ကြည့်ရတာတော့ ငါက ဒီကမ္ဘာကြီးနဲ့ လိုက်လျောညီထွေ မဖြစ်သေးတဲ့ပုံပဲ “
ရှုကျိုးသည် ဤကမ္ဘာကြီးက ကမ္ဘာမြေနှင့် တူညီသည်ဟု ထင်နေခဲ့သောကြောင့် မသိစိတ်အရ အရင်ကမ္ဘာမြေမှ လောကအမြင်များမှာလည်း ဤကမ္ဘာဘက်ဆီသို့ တစ်ပါတည်း ပါလာခဲ့ခြင်းဖြစ်ပြီး၊ လောကနှစ်ခုလုံးက တူညီသည်ဟု ထင်နေခဲ့ခြင်း ဖြစ်သည်။
သို့သော် ဤကမ္ဘာပေါ်၌ သိုင်းပညာရှင်များနှင့် သားရဲများပင် ရှိနေခဲ့သောကြောင့် ကမ္ဘာမြေနှင့် မည်ကဲ့သို့ တူနေနိုင်တော့မည်နည်း?
ဤနေရာရှိ အရာအားလုံးမှာ ခေတ်မှီဖွံ့ဖြိုးတိုးတက်နေခဲ့သော်လည်း၊ ဤကမ္ဘာသည် တရုတ်ပြည်ကဲ့သို့ တရားဥပဒေ စိုးမိုးသော နေရာတစ်ခု မဟုတ်ပေ။
ရှုကျိုးသည် လီရို့ရှီ၏ အခန်းကို ငေးကြည့်နေခဲ့ပြီး၊ သူ၏နှလုံးသားမှာလည်း အနည်းငယ် တုန်လှုပ်သွားခဲ့သည်။
ဒီလို စိတ်သဘောထားမျိုး ရလာဖို့အတွက် သူမက ဘာတွေကို ကြုံတွေ့ထားခဲ့ရတာလဲ?
ငယ်ငယ်တုန်းကဆိုရင် သူမက ပိုးဟပ်မြင်တာနဲ့ ငယ်သံပါအောင် အော်တတ်တဲ့ ကောင်မလေးလေ၊ ဟုတ်တယ်မလား?
ထိုအခိုက်အတန့်တွင် ရှုကျိုးသည် ဟွမ်ဟောင်မှ သူ့အား ဓားဖြင့် ထိုးလာသော မြင်ကွင်း၊ စီနီယာ ကျောင်းသားကျောင်းသူများ၏ အသက်မဲ့နေသော မျက်လုံးများနှင့် စင်အောက်တွင် ဟွမ်ယွင်ရွှယ်မှ သူ့အား ကြည့်နေသော အကြည့်များကို ပြန်၍ အမှတ်ရသွားခဲ့သည်။
ယခင်က ရှုကျိုးသည် ဟွမ်ယွင်ရွှယ်၏ အကြည့်က အမုန်းတရားသက်သက်ဟုသာ ထင်နေခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခု၌ သူသည် ၎င်းက သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်၊ အလွန်အမင်း ပွက်ပွက်ဆူဆူနေသော သတ်ဖြတ်လိုစိတ်ဖြင့် ကြည့်နေခြင်းဆိုသည်ကို နားလည်သွားခဲ့သည်။
ဟွမ်ယွင်ရွှယ် လက်စားချေချင်နေတာ မဟုတ်ဘဲ၊ ငါ့ကို သတ်ပါသတ်ပစ်ချင်နေတာပဲ။
“ တကယ်ပါပဲ၊ ကိစ္စတွေက အရင်တုန်းကလိုမျိုး မဟုတ်တော့ဘူးပဲ “ ရှုကျိုးကား သူ၏မျက်လုံးများထဲတွင် သားရဲတစ်ကောင်ကောင် နိုးထလာသကဲ့သို့ အတွေးနက်သွားတော့သည်။
…
နောက်တစ်နေ့ နံနက်ခင်းတွင် ရှုကျိုးသည် ခါတိုင်းလိုပင် ကျောင်းသွားနေခဲ့သည်။
ကျောင်းသို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် သူသည် လေ့ကျင့်ရေး ခန်းမသို့ မသွားဘဲ ပုံရိပ်ယောင် အခန်းများရှိရာဘက်သို့ ဦးတည်သွားတော့သည်။
သူသည် ပထမနှစ် ထိပ်တန်း အယောက် ၁၀၀စာရင်းရှိ ထိပ်ဆုံး ၁၀ဦးကို စိန်ခေါ်ချင်နေခဲ့သည်။
ဟွမ်ယွင်ရွှယ်ထံမှ ခြိမ်းခြောက်မှုသည် ထက်မြိသော ဓားတစ်ချောင်းကဲ့သို့ သူ၏ဦးခေါင်းပေါ်တွင် အမြဲ ဝဲပျံနေလျက်ရှိသည်။
အကယ်၍ သူသာ အဆိုပါ အကြောက်တရားထံမှ လွတ်မြောက်ချင်သည်ဆိုပါက မြန်မြန်ဆန်ဆန် အစွမ်းထက်လာရန် လိုအပ်မည် ဖြစ်သည်။
ဟွမ်ယွင်ရွှယ်ကို သတ်နိုင်သည်အထိ သန်မာအားကောင်းလာရမည် ဖြစ်သည်။
ထို့အပြင် ထိပ်တန်း အယောက် ၁၀၀စာရင်း၏ ထိပ်ဆုံး ၁၀ဦးစာရင်းထဲသို့ ရောက်ရှိသွားမည်ဆိုပါက ဆုလဒ်အနေဖြင့် အဖွဲ့ချုပ် ဒဂ်ါးတစ်သောင်းပါ ရရှိလာမည်ဖြစ်ပြီး၊ ၎င်းသည် သူ၏ခွန်အားကို သိသိသာသာ တိုးတက်လာစေမည် ဖြစ်သည်။
( ဒဂ်ါးလို့သာ ပြောနေပင်မဲ့ တကယ်တမ်းက ငွေ၊ ယွမ်ပါပဲ )
ကောင်တာရှိ ဆောင်ချီသည် ရှုကျိုးကို မြင်သွားပြီး၊ သူ့အား မတားဆီးခဲ့ပေ။
ထို့အစားသည် သူသည် စိတ်ရှည်ရှည်ဖြင့် ပထမနှစ် ထိပ်ဆုံး ၁၀ဦး၏ အကြောင်းကို ပြောပြလာခဲ့သည်။
ရှုကျိုးကား ယေဘုယျ အချက်များကို လျင်မြန်စွာ ဖမ်းဆုပ်မိသွားခဲ့သည်။
“ ပထမနှစ် ထိပ်တန်း အယောက် ၁၀၀စာရင်းထဲက ထိပ်ဆုံး သုံးယောက်က ချီ-သွေး ၉၀အထိ ရောက်နေပြီး၊ ထိပ်ဆုံး ငါးယောက်က ချီ-သွေး ၈၅ကို ရောက်နေကြတာလား? “ ရှုကျိုးကား အသက်ကို ပြင်းပြင်းရှရှ ရှူရှိုက်သွားရတော့သည်။
ထိပ်ဆုံး အယောက် ၁၀၀စာရင်းထဲက ကျောင်းသူကျောင်းသားတွေက တကယ်ကို ထူးခြားတာပဲ။
ဒုတိယနှစ်က လူတစ်ချို့ကတောင် ချီ-သွေး ၉၀အဆင့်ကို မရောက်လောက်သေးဘူး။
“ ငါနဲ့ ပထမနေရာက လူကလွဲပြီးတော့ တိုက်ခိုက်ရေး နည်းစနစ် ဒုတိယအဆင့်ကို ရောက်တဲ့လူ မရှိသေးဘူးပေါ့? “
ရှုကျိုး၏ မျက်လုံးများ တောက်ပသွားခဲ့သည်။
ထိုကဲ့သို့သာ ဖြစ်နေပါက သူ့ထံတွင် တိုက်ခိုက်ရန် အခွင့်အရေး ရှိနေဦးမည် ဖြစ်သည်။
သူသည် သူ၏ပြိုင်ဘက်အဖြစ် အယောက် ၁၀၀စာရင်းမှ နံပတ် ၅ကို ရွေးချယ်လိုက်သည်။
ထိပ်ဆုံး သုံးဦး၏ ချီ-သွေးများက အလွန်မြင့်မားနေသောကြောင့် သူသည် ထိုလူများကို အနိုင်တိုက်မည် မဟုတ်ပေ။
သို့သော် အဆင့် ငါးမှ လူသည် ချီ-သွေး ၈၅သာရှိသောကြောင့် ကြိုးစားကြည့်ရန် သင့်တော်လေသည်။
မကြာခင်မှာပင် ရှုကျိုးသည် ပုံရိပ်ယောင် အခန်းနံပတ် ၁ထဲသို့ ဝင်သွားပြီး၊ ခေါင်းဆောင်းကို ဝတ်ဆင်ကာ ပုံရိပ်ယောင်ကမ္ဘာထဲသို့ ဝင်သွားတော့သည်။
…
ကောင်တာရှိ ဆောင်ချီသည် အခန်းနံပတ် ၁ကို ကြည့်နေရင်းဖြင့် ကူရာကယ်ရာမဲ့စွာဖြင့် ရေရွတ်ပြောဆိုနေတော့သည် “ ဒီကလေးက နံပတ်၅ကို တိုက်ရိုက်ကြီး စိန်ခေါ်လိုက်မယ်လို့ ငါမထင်ထားခဲ့မိဘူး။ အဲ့လူက ကိုင်တွယ်ဖို့ မလွယ်ဘူး “
“ ဒီတစ်ခါရော သူက အချိန်ဘယ်လောက် ယူရမှာလဲ? “
ဆောင်ချီသည် မျှော်လင့်ချက်များနှင့်အတူ ကောင်တာတွင်ထိုင်၍ စောင့်ဆိုင်းနေတော့သည်။
သုံးမိနစ်ခန့် ကြာခဲ့ပြီးသည့်နောက်၌
“ ဗြီ “
ပုံရိပ်ယောင် အခန်းနံပတ် ၁သည် ရုတ်တရက် တံခါးပွင့်လာခဲ့ပြီး၊ ရှုကျိုးကား စိတ်ပျက်လက်ပျက်ဖြင့် ထွက်လာခဲ့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် ဆောင်ချီသည် သူ၏ခေါင်းကို အသာယမ်းလိုက်ပြီး၊ ပြုံးပြ၍ နှစ်သိမ့်ပေးလိုက်သည် “ ရှုကျိုး၊ စိန်ခေါ်တာ ကျရှုံးသွားတာက အဆင်ပြေပါတယ်ကွာ၊ ထိပ်တန်း အယောက် ၁၀၀စာရင်းပေါ်က ကျောင်းသူကျောင်းသားတွေက တစ်လကို ဆယ်ကြိမ် စိန်ခေါ်ခွင့် ရ …………. “
သူ့စကား မဆုံးခင်မှာပင် ရှုကျိုးမှ ထူးဆန်းသော အမူအရာဖြင့် စကားပြောလာခဲ့သည် “ ကျွန်တော် နိုင်ခဲ့တာလေ “
“ အာ? “
ဆောင်ချီသည် သူ၏ဖုန်းကို ကောက်၍ အမြန်စစ်ဆေးလိုက်သည်၊ ထို့နောက်တွင် သူ၏အမူအရာ အေးခဲ တောင့်တင်းသွားတော့သည်။
ပထမနှစ် အယောက် ၁၀၀စာရင်းရှိ နံပတ် ၅၊ ရှုကျိုး !!
“ ဘုရားရေ၊ တကယ်ကြီးကို အဆင့်ငါးလား? “
ဆောင်ချီကား အလွန် အံ့ဩတုန်လှုပ်သွားခဲ့သည်။
ယမန်နေ့က သူသည် အယောက် ၁၀၀စာရင်းကို စိန်ခေါ်မည့် ရှုကျိုး၏ အရည်အသွေးကို သံသယဝင်နေခဲ့သော်လည်း၊ ယခုတွင်ကား သူသည် အဆင့်ငါးအထိပင် ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
၎င်းကား မျက်နှာကိုဖြတ်ရိုက်လိုက်ခြင်းပင် ဖြစ်သည်။
ဆောင်ချီသည် အံ့ဩတုန်လှုပ်မှုများကို ဖိနှိပ်ထားလိုက်ပြီး၊ ရှုကျိုးအား ဆွံ့အစွာဖြင့် စိုက်ကြည့်နေတော့သည်။
နိုင်လာခဲ့တဲ့ဟာကို မင်းရဲ့ မျက်နှာက ဘာကိစ္စ အီးမှန်ထားသလိုမျိုးကြီး ဖြစ်နေရတာလဲဟ?
ရှုကျိုးကား သက်ပြင်းချ၍ တီးတိုးပြောဆိုလာခဲ့သည် “ ပြီးခဲ့တဲ့ တိုက်ပွဲတုန်းက အမှားနည်းနည်း လုပ်ခဲ့မိတယ်၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင် တစ်မိနစ်အတွင်း ဖြေရှင်းနိုင်ခဲ့မှာကို “
“ ကြည့်ရတာတော့ ငါ့ရဲ့ တောင်ဖြိုခွဲ ဆေဘာသိုင်းမှာ အားနည်းချက်တွေ တော်တော်လေး ရှိနေသေးတဲ့ပုံပဲ “
ထိုအတွေးနှင့်အတူ ရှုကျိုးသည် ခန်းမထဲမှ လျင်မြန်စွာ ထွက်ခွာလာခဲ့သည်။
သူသည် သူ၏ကိုယ်ပိုင် နည်းပြဆရာကို ရှာဖွေကာ သူ၏တိုက်ခိုက်ရေး နည်းစနစ်ကို တိုးတက်အောင် လုပ်ရမည် ဖြစ်သည်။
…
ထိပ်တန်း အယောက် ၁၀၀စာရင်း၏ နံပတ်ငါးနေရာဆီသို့ ရှုကျိုးရောက်ရှိသွားခြင်းသည် တစ်ကျောင်းလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။
ထိုအခိုက်အတန့်တွင် ရှုကျိုးသည် ချောင်ရုံ၏ ရုံးခန်းဆီသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ရှုကျိုး၏ ရည်ရွယ်ချက်ကို သိလိုက်ရပြီးသည့်နောက်တွင် ချောင်ရုံမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ ငါ့ကို ကစားပြ “
“ ဟုတ် “
ရှုကျိုးသည် သူ၏ ဓားရှည်ကို ထုတ်ကာ စ၍ လေ့ကျင့်နေတော့သည်။
ချောင်ရုံ၏ ရုံးခန်းသည် စာသင်ခန်း တစ်ခန်းနီးပါး ကျယ်ဝန်းလှသောကြောင့် ချုပ်တည်းထိန်းချုပ်ထားရန် မလိုဘဲ လွတ်လွတ်လပ် ကစားနေနိုင်ခဲ့သည်။
“ ဝှစ် ဝှစ် “
ရှုကျိုးသည် ဓားကို ဆွဲထုတ်ကာ လေထုကို ပိုင်းဖြတ်နေပြီး၊ ဓားသွားထံမှ ပုန်းကွယ်နေသည့် စွမ်းအားတစ်ခု ထွက်လာခဲ့ပြီး၊ လေထုကို ဖြိုခွင်းနေတော့သည်။
ချောင်ရုံသည် ဘေးမှ ကြည့်ကာ ခေါင်းတငြိမ့်ငြိမ့် ဖြစ်နေတော့သည်။
“ မျှော်လင့်ထားတဲ့အတိုင်းပဲ၊ သူက ဆေဘာသိုင်းရဲ့ ဒုတိယအဆင့်ကို ချိုးဖျက်နိုင်ခဲ့ပြီ။ ဒီကလေးရဲ့ ဆေဘာစွမ်းရည်က တကယ် ထူးခြားတာပဲ “ သူသည် တစ်ကိုယ်တည်း အတွေးများနေခဲ့ရသည်။
စီနီယာ ကျောင်းသူကျောင်းသားများထဲမှာပင် လူအများစုသည် ဆေဘာနည်းစနစ်၏ ပထမအဆင့်ကိုသာ ထိတွေ့နိုင်ကြသေးသည်။ ဒုတိယအဆင့်ကို ရောက်၊ မရောက်ဆိုသည်မှာ စွမ်းရည်ကို စမ်းသပ်ခြင်းပင် ဖြစ်သည်။
ရှုကျိုးကမူ ထိုအဆင့်သို့ အချိန်တိုအတွင်းမှာပင် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ချောင်ရုံသည် စိတ်ကျေနပ်စွာဖြင့် ပြုံးနေလျက်ရှိပြီး၊ ရှုကျိုးအပေါ် လောင်းကြေးထပ်ထားခြင်းက စတင်၍ အကောင်အထည် ပေါ်လာပြီဟု ခံစားသွားရတော့သည်။
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌ ရှုကျိုးသည် သူ၏ဓားကို ပြန်သိမ်းလိုက်ပြီး၊ ချောင်ရုံကို မျှော်လင့်တကြီးဖြင့် လှည့်ကြည့်လာခဲ့သည် “ ဆရာ၊ ပြဿနာ တစ်ခုခု တွေ့လိုက်လား? “
“ အမ် ……. “
ချောင်ရုံသည် ရုတ်တရက် ဆွံ့အသွားခဲ့သည်။
သူသည် ဝမ်းသာပီတိ ဖြစ်နေခဲ့သဖြင့် ရှုကျိုး၏ ပြဿနာများကို စောင့်ကြည့်ပေးရန် မေ့လျော့သွားခဲ့သည်။
သူသည် ချောင်းဟန့်၍ ထရပ်လာခဲ့သည် “ ပြဿနာ တစ်ချို့ တကယ်ရှိတယ်၊ ထပ်ပြီးတော့ ကစားပြ။ ငါမင်းကို တိုက်ရိုက်ပြင်ပေးမယ် “
“ ဟုတ် “
ရှုကျိုးသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားပြီး၊ သူ့အား မည်သို့မျှ သံသယ မဝင်ဘဲ ထပ်မံ၍ ကစားပြနေတော့သည်။
ဤတစ်ကြိမ်တွင် ချောင်ရုံသည် သူ့အား စိတ်ရှည်ရှည်ဖြင့် သွန်သင်ညွှန်ပြပေးလာခဲ့သည်။
“ မင်းရဲ့ ဆေဘာနည်းစနစ်နဲ့ လှုပ်ရှားမှု နည်းစနစ်တွေက တသမတ်တည်း ရှိရမယ် “
“ မင်းစိတ်ကို သေချာစုစည်း အာရုံစိုက်ထားပြီး၊ မင်းရဲ့ ဆေဘာသိုင်းထဲမှာ လိုက်ပါစီးမျောလိုက်၊ တကယ်လို့ မင်းရဲ့ ခန္ဓာကိုယ်နဲ့ စိတ်က တစ်သားတည်း ဖြစ်သွားမယ်ဆိုရင် မင်းရဲ့ ဆေဘာက ပိုပြီး ထက်မြိလာလိမ့်မယ် “
“ စတုတ္ထနည်းစနစ်ရဲ့ တတိယမြောက်အကွက်မှာ ပုံမှန်အတိုင်းပဲလုပ် လမ်းမလွဲသွားစေနဲ့ “
“ … “
ချောင်ရုံ၏ လမ်းညွှန်ပေးမှုအောက်တွင် ရှုကျိုးသည် သူ၏ အားနည်းချက်များကို တဖြည်းဖြည်း နားလည်လာခဲ့ပြီး၊ သူ၏ ဆေဘာသိုင်းမှာလည်း လျင်မြန်စွာ တိုးတက်လာခဲ့သည်။
နှစ်နာရီခွဲ ကုန်ဆုံးသွားခဲ့ပြီးသည့်နောက်၌
ရှုကျိုးသည် သူ၏ဓားကို ပြန်သိမ်းလိုက်ပြီး၊ စိတ်ရင်းဖြင့် ပြောလာခဲ့သည် “ ကျေးဇူးတင်ပါတယ်၊ ဆရာ “
ချောင်ရုံသည် သူ့အပေါ်တွင် အမှန်တကယ် ကောင်းမွန်ခဲ့လေသည်။
သူ၏ အသေးစိတ် လမ်းညွှန်ပေးမှုသာ မရှိဘူးဆိုပါက ရှုကျိုးသည် ဆေဘာနည်းစနစ်၏ ဒုတိယအဆင့်ဆီသို့ လျင်မြန်စွာ ရောက်ရှိခဲ့လိမ့်မည် မဟုတ်ပေ။
“ မင်းရဲ့ တိုးတက်မှုက မြန်တယ်။ ဆက်ပြီးတော့ လေ့ကျင့်နေ၊ မင်းက ဒုတိယနှစ် မရောက်ခင်မှာပဲ အဆင့်သုံးကို ချိုးဖျက်သွားနိုင်တယ် “ ဟု ချောင်ရုံမှ ပြောလာခဲ့သည်။
၎င်းသည် အလွန်မြင့်မားသော ချီးကျူးမှုဖြစ်သည်။
ကျောင်း၏ သမိုင်းကြောင်း တစ်လျှောက်လုံးတွင် ဒုတိယနှစ် မရောက်ခင်မှာပင် ပညာရပ်တစ်ခုခု၏ တတိယအဆင့်သို့ ရောက်ရှိသွားကြသည့် လူများသည် အလွန်ရှားပါးသော စွမ်းရည်များ ဖြစ်သည်။
ရှုကျိုးသည် စိတ်အားထက်သန်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
သို့ရာတွင် သူသည် ချက်ချင်း မထွက်သွားခဲ့ဘဲ၊ ရုတ်တရက် စကားပြောလာခဲ့သည် “ ဆရာ၊ ကျွန်တော် ဆရာ့ဆီကနေ အကြံဉာဏ်တောင်းချင်တဲ့ ကိစ္စတစ်ခုရှိတယ် “
“ ဆက်ပြောလေ “ ချောင်ရုံမှ ခေါင်းငြိမ့်ပြလာခဲ့သည်။
ရှုကျိုးကား အလေးအနက်ထား၍ ပြောလာခဲ့သည် “ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူရဲ့ တားမြစ်နယ်မြေထဲကို ဝင်ဖို့အတွက် ဘယ်လို အခြေအနေတွေ လိုအပ်လဲဗျ? “
ချောင်ရုံ၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားတော့သည်။
…………………………………………………………………………………..
အပိုင်း ( 27 )
အစ်မ၊ ငါ့အခန်းထဲကို လာပါဦး
“ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူရဲ့ တားမြစ်နယ်မြေထဲကို ဝင်ဖို့လား? “
ချောင်ရုံ၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားပြီး၊ သူ့အား မျက်မှောင်ကြုတ်ကာ ကြည့်လာခဲ့သည် “ ဘာလို့ မင်းက အဲ့အကြောင်းကို မေးရတာလဲ? “
ရှုကျိုးမှာလည်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ဒီလေသံအရဆိုရင်တော့၊ ငါ့ကို သွားခွင့် မပေးလောက်ဘူးထင်တယ်။
သူသည် အသည်းအသန် ပြောလာခဲ့သည် “ အဲ့တားမြစ်နယ်မြေ ဖွင့်တော့မယ်ဆိုတာကို ကျွန်တော်ကြားခဲ့ရတယ်လေ၊ အဲ့တာက တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းတယ်တဲ့၊ အဲ့တာကြောင့် သွားပြီးတော့ လေ့လာချင်လို့ပါ “
“ လေ့လာချင်တာလား? “ ချောင်ရုံသည် သူ့ကို ကြည့်ကာ တွေးတော စဥ်းစားနေတော့သည် “ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူရဲ့ တားမြစ်နယ်မြေက အသစ်အဆန်းတော့ မဟုတ်ပါဘူး “
“ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာ၊ ကပ်ဆိုးကြီး စခဲ့တဲ့အချိန်ကတည်းက ရန်ပြည်ထောင်ရဲ့ ပိုင်နက်က အဆပေါင်းရာနဲ့ချီပြီးတော့ ကျယ်ပြန့်လာခဲ့တယ်။ အဲ့ဒီ ကျယ်ပြန့်လာတဲ့ နယ်မြေတွေ အကုန်လုံးနီးပါးက တားမြစ်နယ်မြေတွေ ဖြစ်လာတယ် “
“ ဒီနေ့ခေတ်မှာတော့ ရန်ပြည်ထောင်မှာရှိတဲ့ တားမြစ်နယ်မြေ အများစုကို ချိတ်ပိတ်ထားပြီး၊ ကြီးမားတဲ့ စစ်အင်အားနဲ့ ထိန်းချုပ်၊ ဖိနှိပ်ထားတယ် “
ချောင်ရုံမှ ဖြည်းညှင်းစွာ ပြောလာခဲ့သည် “ နတ်ဆိုးတစ်ထောင်လှိုဏ်ဂူ တားမြစ်နယ်မြေက အဲ့တာတွေထဲက တစ်ခုပဲ “
၎င်းကို ကြားလိုက်ရသောအခါတွင် ရှုကျိုး၏စိတ်ထဲတွင် အနည်းငယ် တုန်လှုပ်သွားခဲ့သည်။
တားမြစ်နယ်မြေကို ဖိနှိပ်ထားတာလား?
ဆရာရဲ့ ပြောစကားတွေအရဆိုရင် အဲ့နယ်မြေတွေထဲမှာ ဒဏ္ဍာရီလာ ဘီလူးကြီးတွေတောင် ရှိတယ်တဲ့၊ အဲ့လို ကောင်ကြီးတွေကို ဖိနှိပ်ဖို့ဆိုတာက ဘယ်လောက်တောင် စွမ်းနေလိုက်မလဲ?
“ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲမှာ ဒဏ္ဍာရီလာ ဘီလူးကြီးတွေ ရှိလား?ဗျ “ ရှုကျိုးမှ အလိုအလျောက် မေးမြန်းမိလာခဲ့သည်။
ချောင်ရုံမှ ခေါင်းခါပြလာခဲ့သည် “ အဲ့တာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးဘူး။ စစ်တပ်ကပဲ အခြေအနေ အတိအကျကို သိနေလိမ့်မယ် “
“ ဒါပင်မဲ့ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူကို ငါးနှစ်တစ်ကြိမ် ဖွင့်တယ်။ များသောအားဖြင့် ဘာအကောင်မှ မရှိဘူး၊ ဒါမှမဟုတ် ချေမှုန်းခံလိုက်ရတာလည်း ဖြစ်နိုင်တယ် “
ရှုကျိုးသည် ခေါင်းငြိမ့်ကာ ဆက်လက်၍ မေးမြန်းလာခဲ့သည် “ ဘာလို့ ငါးနှစ်မှ တစ်ခါဖွင့်တာလဲဗျ? “
ချောင်ရုံသည် သူ့အား မချိုပြုံးပြုံး၍ ကြည့်လိုက်သည်၊ ဒီကောင်လေးက မေးခွန်းတွေ အများကြီး မေးနေတာပဲ။
နတ်ဆိုးတစ်ထောင် လှိုဏ်းဂူရဲ့ ကိစ္စတွေက သူကိုင်တွယ်နိုင်တဲ့ အရာတွေ မဟုတ်ဘူး။
သို့ရာတွင် ချောင်ရုံမှ ဆက်လက်၍ ပြောပြလာခဲ့သည် “ ဘာလို့လဲဆိုတော့ တားမြစ်နယ်မြေထဲမှာ ဗီဇပြောင်းသားရဲတွေ အဆက်မပြတ် ပေါက်ဖွားနေလို့ပဲ “
“ တကယ်လို့ မစစ်ဆေးဘဲ ထားလိုက်မယ်ဆိုရင်၊ သူတို့တွေရဲ့ အရေအတွက်က အလွန်အကျွံများလာလိမ့်မယ် “
“ တစ်ခါတုန်းက သားရဲလှိုင်းက စစ်တပ်ရဲ့ အတားအဆီးတွေကို ကျော်ြဖတ်ပြီး၊ လူသားတွေရဲ့ မြို့တွေကို ကြီးကြီးမားမား ထိခိုက်သွားစေခဲ့တယ် “
“ အရင်ဆုံး ဒဏ်ခံရတာတွေကတော့ ပြင်ပခရိုင်က ငါတို့မြို့တွေပဲ “
“ အဲ့တာကြောင့် မကြီးထွားလာသေးတဲ့ အဲ့ဒီသားရဲတွေကို ချေမှုန်းဖို့အတွက် တားမြစ်နယ်မြေကို ငါးနှစ်တစ်ကြိမ် ဖွင့်ခဲ့တာ “
ထို့အတူ ချောင်ရုံမှ ပေါ့ပေါ့ပါးပါး ထပ်ဖြည့်ပြောလာခဲ့သည်။
“ တားမြစ်နယ်မြေထဲကို သိုင်းပညာရှင်တွေ ဝင်ဖို့အတွက် အဲ့တာဖွင့်တဲ့ အချိန်တိုင်းမှာ အစိုးရကနေ ဆုငွေတော်တော်များများနဲ့ ကျင့်ကြံရေး အရင်းအမြစ်တွေလို ရက်ရောတဲ့ ဆုလဒ်တွေ ပေးတယ် “
“ ဗီဇပြောင်းသားရဲတွေကိုက အတော်လေး တန်ဖိုးရှိတယ်။ သူတို့ရဲ့ အလောင်းတွေဆီကနေ ဝင်ငွေကောင်းကောင်းရနိုင်တယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှုကျိုး၏ ရင်ခုန်သံများ မြန်ဆန်သွားခဲ့သည်။
သူသည် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထံမှ ထိုမျှများပြားသော အကျိုးအမြတ်များ ရရှိလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
ငွေပမာဏ အမြောက်အများနှင့် ကျင့်ကြံရေး အရင်းအမြစ် အများအပြား !!
၎င်းသည် သူအလိုအပ်ဆုံးသော အရာများဖြစ်သည်။
ထိုအခိုက်အတန့်တွင် ရှုကျိုးသည် အတော်လေး စွဲဆောင်ခံလိုက်ရပြီး၊ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲသို့ ဝင်ချင်နေသည့် သူ၏ဆုံးဖြတ်ချက်ကို ပို၍ခိုင်မာ၊ အားကောင်းသွားစေခဲ့သည်။
ချောင်ရုံသည် ရှုကျိုးကို ကြည့်နေပြီး၊ သူ၏ အမူအရာသည် ရုတ်တရက် တင်းမာသွားခဲ့သည် “ ရှုကျိုး၊ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူရဲ့ တားမြစ်နယ်မြေက အခုလက်ရှိ မင်းက ကိုင်တွယ်နိုင်တဲ့ အရာ မဟုတ်ဘူးနော် “
“ အဲ့တာက စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပင်မဲ့ အန္တရာယ်အဆင့်က မင်းကိုင်တွယ်နိုင်တဲ့ အတိုင်းအတာထပ် ကျော်လွန်နေတုန်းပဲ “
“ အဲ့အကြောင်းကို စဥ်းတောင်မစဥ်းစားနဲ့၊ အဲ့နားကို သွားဖို့ မကြိုးစားနဲ့ “
ချောင်ရုံ၏ အသံသည် မကြုံစဖူး လေးနက်နေခဲ့သည် “ မင်းရဲ့ လက်ရှိ တာဝန်က ကျင့်ကြံရေးကို ပြင်းပြင်းထန်ထန် အာရုံစိုက်ထားရမှာ၊ နားလည်လား? “
ရှုကျိုးကား တိတ်ဆိတ်ငြိမ်သက်နေစဲသာ ဖြစ်သည်။
သူသည် ကျောင်းဆီမှ အကြံပြုချက် ရအောင် မည်ကဲ့သို့ လုပ်ရမလဲဆိုသည်ကို မမေးရသေးသော်လည်း၊ ဆရာဖြစ်သူ၏ မာထန်ထန် အကြည့်နှင့် ရင်ဆိုင်နေခဲ့ရပြီ ဖြစ်သည်။
သူသည် အောင့်မထားနိုင်တော့ဘဲ ပြောလာခဲ့သည် “ ဆရာ၊ ကျွန်တော်က ထိပ်တန်း အယောက် ၁၀၀စာရင်းပေါ်မှာ အဆင့် ၅ဖြစ်နေပြီလေ “
“ အဆင့်ငါး ဖြစ်တော့ရော ဘာဖြစ်တုန်း “ ချောင်ရုံမှ အေးအေးဆေးဆေးဖြင့်သာ ပြောလာခဲ့သည် “ အဲ့တာက တော်တော်ကြီးကို စွမ်းနေလို့လား? “
“ မင်းရဲ့ ဆေဘာနည်းစနစ်က တတိယအဆင့်ကို ရောက်မှ ငါတို့ စကားဆက်ပြောကြမယ် “
၎င်းကို ကြားလိုက်ရသောအခါတွင် ရှုကျိုးသည် ကူရာကယ်ရာမဲ့စွာဖြင့် သက်ပြင်းချနေတော့သည် “ သိပါပြီ၊ ဆရာ “
...
ချောင်ရုံ၏ ရုံးခန်းထဲမှ ထွက်လာခဲ့ပြီးသည့်နောက်တွင် ရှုကျိုး၏ ဆုံးဖြတ်ချက်မှာ ပို၍ ခိုင်မာလာတော့သည်။
သူသည် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ တားမြစ်နယ်မြေထဲသို့ ခရီးထွက်ရမည် ဖြစ်သည်။
ချောင်ရုံပြောခဲ့သော ဆုလဒ်များက သာမညသာလျှင် ဖြစ်သည်။ အရေးကြီးဆုံး အရာကား သူ၏ကိုယ်ပွားဖြစ်သော ငါးမန်းသွား ဗီဇပြောင်းကြက်ဖကို လွှတ်ပေးရန်ပင် ဖြစ်သည်။
တားမြစ်နယ်မြေထဲက ဗီဇပြောင်း သားရဲတွေက မကြီးထွားလာသေးဘူးလေ၊ အဲ့တာဆိုရင် အဲ့ကောင်တွေက ငါ့ကောင်ကြီးရဲ့ အစာတွေ ဖြစ်သွားမှာမဟုတ်ဘူးလား?
အဲ့အချိန်ရောက်ရင် အစားအသောက်တွေ ယူလာဖို့တောင် မလိုတော့ဘူး။
ကိုယ်ပွားက သူ့ဟာသူ အမဲလိုက်လို့ရပြီ။
“ ဒါဆိုရင် ငါက ဘယ်လိုလုပ်မှ တားမြစ်နယ်မြေထဲကို ဝင်မှာလဲ? “ ရှုကျိုးကား တိတ်တဆိတ် တွေးတော စဥ်းစားနေတော့သည်။
တားမြစ်နယ်မြေဖွင့်ရန်အတွက် သုံးလမျှသာ ကျန်နေတော့သည်။
အကယ်၍ သူသာ မဝင်နိုင်ခဲ့ဘူးဆိုပါက နောက်ငါးနှစ်ထပ်စောင့်ရမည် ဖြစ်သည်။
ထိုအချိန်တွင် ရှုကျိုး၏ မျက်လုံးများ ရုတ်တရက် တောက်ပသွားခဲ့သည်။
ငါ့ဆီမှာ လင်းရှီရှီရဲ့ ဖုန်းနံပတ် ရှိနေတာပဲ !!
စီနီယာတစ်ယောက်၊ နဂါး-ကျားစာရင်းပေါ်က အဖွဲ့ဝင် တစ်ယောက်အနေနဲ့ သူမက တစ်ခုခုတော့ သေချာပေါက် သိထားမှာပဲ။
ရှုကျိုးသည် သူ၏ ဖုန်းကို ထုတ်၍ လင်းရှီရှီထံသို့ စာပို့လိုက်သည်။
ရှုကျိုး : စီနီယာ ရှိလားဗျ?
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌ လင်းရှီရှီမှ စာပြန်လာခဲ့သည်။
လင်းရှီရှီ : ဘာကိစ္စလဲ၊ ဂျူနီယာလေး?
ရှုကျိုး : စီနီယာ၊ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲကို ဝင်ဖို့အတွက် ကျောင်းက အကြံပြုချက်ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို သိလားဗျ?
လင်းရှီရှီ : ဟမ်? နင်က နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲကို သွားဖို့ စဥ်းစားနေတာတော့ မဟုတ်ဘူးမလား?
ရှုကျိုး : အဟွတ်၊ ကျွန်တော်က အဲ့အကြောင်းကို နည်းနည်းလေး ပိုသိချင်ရုံလေးတင်ပါ။
လင်းရှီရှီ : နတ်ဆိုးတစ်ထောင် လှိုဏ်ဂူကို နှစ်လအတွင်း ဖွင့်တော့မှာ။ ကျောင်းက အကြံပြုပေးထားတဲ့ နဂါး-ကျား စာရင်းပေါ်က ထိပ်ဆုံး ၁၀ယောက်ပဲသွားရတာ၊ ဒါ့ကြောင့် နင်ကစဥ်းတောင်မစဥ်းစားသင့်ဘူး၊ ဂျူနီယာလေး။
ရှုကျိုး : နဂါး-ကျားစာရင်းပေါ်က ထိပ်ဆုံး ၁၀ယောက်ပဲလား? ကျွန်တော့် အစ်မကရော သွားမှာလား?
လင်းရှီရှီ : ရို့ရှီကတော့ သေချာပေါက်ကို သွားမှာပေါ့၊ ဒါပင်မဲ့ သူမကို ကြည့်ရတာတော့ တွဲဖက်ရှာဖို့ အခက်တွေ့နေတဲ့ပုံပဲ၊ ဒါ့ကြောင့် ဒီတစ်ခါတော့ သူမလည်း မသွားရလောက်ဘူး။
ရှုကျိုး : တွဲဖက်လား?
လင်းရှီရှီ : ကျောင်းက နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲကို သွားကြမဲ့ နဂါး-ကျားစာရင်းပေါ်က ထိပ်ဆုံး ၁၀ယောက်ကို အဖွဲ့ဖွဲ့ရမယ်လို့ ညွှန်ကြားထားတယ်။ တစ်ကိုယ်တော် ဝင်ခွင့် မရှိဘူး။
စီနီယာ အစ်မ၏ စာများကို ငေးကြည့်ရင်းဖြင့် ရှုကျိုး အတွေးနက်သွားခဲ့သည်။
နဂါး-ကျားစာရင်းပေါ်က လူတွေကိုတောင် အဖွဲ့ဖွဲ့ပြီးတော့မှ သွားခွင့်ပေးတာလား?
ကြည့်ရတာတော့ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူက တကယ် အန္တရာယ်များတဲ့ပုံပဲ။
လင်းရှီရှီသည် လီရို့ရှီ၏ အချစ်ဆုံး သူငယ်ချင်းဖြစ်သော်လည်း၊ နဂါး-ကျား စာရင်းပေါ်ရှိ သူမ၏ အဆင့်သည် အဆင့် ၅၀ထပ် ကျော်လွန်နေသောကြောင့် သူမနှင့် အတူ သွားနိုင်မည် မဟုတ်ပေ။
“ ကြည့်ရတာတော့ ကျောင်းရဲ့ အကြံပြုချက် ရအောင်လုပ်ရမဲ့ နည်းလမ်းက အလုပ်မဖြစ်တော့ဘူးနဲ့ တူတယ် “ ရှုကျိုးကား အနည်းငယ် ကူရာကယ်ရာ မဲ့သွားတော့သည်။
ထိုစဥ် လင်းရှီရှီမှ နောက်ထပ် စာတစ်စောင် ပေးပို့လာခဲ့သည်။
လင်းရှီရှီ : ဒါပင်မဲ့ ရို့ရှီဆီမှာ သိုင်းပညာရှင် လမ်းကြောင်းက ဝင်သလိုမျိုး တစ်ခြား ရွေးချယ်စရာတွေတော့ ရှိတယ်။ ဘာပဲဖြစ်ဖြစ်ပါလေ၊ အဲ့တာတွေက နင့်နဲ့မဆိုင်ပါဘူး၊ အရမ်းတွေမနေနဲ့၊ ဂျူနီယာလေး။
ရှုကျိုး : ဟုတ်၊ ကျေးဇူးတင်ပါတယ်၊ စီနီယာ အစ်မ။
ဖုန်းပိတ်လိုက်ပြီးသည့်နောက်၌ ရှုကျိုး၏ မျက်လုံးများ အနည်းငယ် တောက်ပသွားခဲ့သည်။
လက်မှတ်ရ သိုင်းပညာရှင်တစ်ယောက်က တားမြစ်နယ်မြေထဲကို ဆွေမျိုးတစ်ယောက် ခေါ်သွားလို့ရတယ်လေ။
“ ကြည့်ရတာတော့ လီရို့ရှီက လက်မှတ်ရသွားတဲ့ပုံပဲ “ ရှုကျိုးမှ တွေးတော စဥ်းစားနေတော့သည်။
ထို့နောက်တွင် ရှုကျိုးသည် အိမ်ပြန်ရောက်သည့် အချိန်မှ မေးမြန်းမည်ဟု ဆုံးဖြတ်လိုက်သည်။
…
ညနေခင်း အိမ်ပြန်ရောက်ခဲ့ပြီးသည့်နောက်၌
မိသားစုဝင် လေးဦးသည် ထမင်းစားပွဲခုံတွင် ဝိုင်းဖွဲ့၍ ထိုင်နေကြသည်။
ရှုကျိုးသည် ရှုတျန်ဟိုင်နှင့် လီယန်ဖင်းတို့ကို တစ်ချက်ကြည့်လိုက်ပြီး၊ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူအကြောင်းကို ချက်ချင်း မပြောသေးရန် ဆုံးဖြတ်လိုက်သည်။
၎င်းသည် တားမြစ်နယ်မြေတစ်ခု ဖြစ်သောကြောင့် အကယ်၍ မိဘများသာ သိသွားမည်ဆိုပါက စိုးရိမ်ပူပန်သွားကြမည် ဖြစ်သည်။
ရှုကျိုးသည် လီရို့ရှီကို ကြည့်ကာ၊ နူးညံ့စွာ မေးလိုက်သည် “ အစ်မ၊ နောက်ပြီးကျရင် ငါ့အခန်းထဲကို လာပေးလို့ရမလား? ငါမေးစရာလေး ရှိနေလို့ပါ “
လီရို့ရှီသည် သူမ၏ခေါင်းလေးကို အသာစောင်းလာခဲ့ပြီး၊ သူမ၏ ချစ်စဖွယ်ကောင်းသော မျက်နှာလေးပေါ်တွင် စိတ်ရှုပ်ထွေးနေသော အကြည့်တစ်ခု ပေါ်လာခဲ့သည် “ ဘာလို့လဲ? “
“ လာမှာလား ဒါမှမဟုတ် ငါက နင့်အခန်းထဲကို လာရမှာလား? “ ဟု ရှုကျိုးမှ ပြန်ပြောလိုက်သည်။
“ နင့်အခန်းထဲကို ငါလာခဲ့မယ် “ လီရို့ရှီမှ ပြန်ဖြေလာခဲ့သည်။
အနီးရှိ လီယန်ဖင်းသည် သူတို့၏ စကားဝိုင်း တစ်ခုလုံးကို ကြားနေရပြီး၊ အံ့အားသင့်သွားခဲ့သည် “ မင်းတို့က ဘာလို့ ဒီမှာ မပြောကြရတာလဲ? “
ရှုကျိုးမှ ချောင်းဟန့်၍ ပြန်ဖြေလိုက်သည် “ အစ်မကို လျှို့ဝှက်ချက် တစ်ခုခု ပြောဖို့လိုနေလို့ပါဗျာ “
လီရို့ရှီမှ သူ့အား စူးစမ်းသော အကြည့်ဖြင့် ကြည့်လာခဲ့သည်။
တစ်ဖက်ရှိ ရှုတျန်ဟိုင်နှင့် လီယန်ဖင်းတို့သည် အပြုံးများ ဖလှယ်လိုက်ပြီး၊ ခေါင်းခါနေကြတော့သည်။
ညစာစားခဲ့ပြီးသည့်နောက်၌ အိပ်ခန်းထဲသို့ ဝင်လာခဲ့ကာ တံခါးပိတ်လိုက်သည်။
လီရို့ရှီသည် ခြေဗလာဖြင့် လမ်းလျှောက်ဝင်လာခဲ့ပြီး၊ သူမ၏ နူးညံ့လှပသော ခြေဖဝါးလေးများသည် ကြမ်းပြင်ပေါ်သို့ ကျရောက်နေခဲ့သည်။
တစ်မီတာကျော်ကျော် မြင့်သော ငါးမန်းသွား ဗီဇပြောင်းကြက်ဖကြီးကို မြင်လိုက်ရသောအခါတွင် သူမ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
“ စိတ်မပူပါနဲ့ အဲ့ကောင်က မကိုက်တတ်ဘူး “ ဟု ရှုကျိုးမှ နှစ်သိမ့်ပေးလိုက်သည်။
လီရို့ရှီမှ သူ့အား မျက်စောင်းထိုး၍ ပြောလာခဲ့သည် “ ဆက်ပြောလေ၊ ဘာကိစ္စလဲ? “
ရှုကျိုးမှ ချက်ချင်း မေးမြန်းလိုက်သည် “ အစ်မ၊ နင် သိုင်းပညာရှင်လက်မှတ် ရထားပြီးပြီမလား? “
“ ဟုတ်တယ်လေ၊ ဘာဖြစ်လို့လဲ? “ လီရို့ရှီမှ တည်ငြိမ်စွာ ပြောလာခဲ့သည်။
ရှုကျိုး၏ မျက်လုံးများ တောက်ပသွားပြီး၊ ဆက်ပြောလာခဲ့သည် “ ဒါဆိုရင် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲကို မိသားစုဝင်တစ်ယောက် ခေါ်သွားလို့ရတယ်မလား? “
လီရို့ရှီသည် သူ့ကို ကြည့်လာခဲ့ပြီး၊ သူမ၏ မျက်လှပသော မျက်ခုံးလေးများ အနည်းငယ် လှုပ်ရှားသွားခဲ့သည်။
“ နင်က နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲကို ဝင်ချင်နေတာလား? “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။
“ ဟာသပဲ “ လီရို့ရှီမှ ဆူငေါက်လာတော့သည် “ အဲ့တာက ဘယ်လိုနေရာမျိုးလဲဆိုတာကို နင်သိလား? “
“ သိပါတယ်၊ တားမြစ်နယ်မြေလေ “ ဟု ရှုကျိုးမှ ခေါင်းငြိမ့်ပြကာ ပြန်ဖြေလိုက်သည်။
လီရို့ရှီသည် သူ့အား ကြည့်လာခဲ့ပြီး၊ သူမ၏ လေသံမှာလည်း တည်ငြိမ်သွားခဲ့သည် “ အဲ့ဒီအကြံကို လက်လျှော့လိုက်သင့်တယ်။ ငါနင့်ကို ခေါ်သွားမှာ မဟုတ်ဘူး “
ရှုကျိုး မျက်မှောင်ကြုတ်သွားတော့သည် “ ဘာဖြစ်လို့လဲ? “
“ နင်က အားနည်းလွန်းတယ် “ လီရို့ရှီ၏ အသံသည် အေးစက်စက် ဖြစ်နေခဲ့သည်။
ရှုကျိုးကား တစ်ခဏခန့် တိတ်ဆိတ်သွားပြီး၊ ထို့နောက်မှ ဆက်ပြောလာခဲ့သည် “ တားမြစ်နယ်မြေ မဖွင့်ခင် နှစ်လတောင် အချိန်ရသေးတယ်လေ၊ အဲ့အချိန်လောက်ဆို ငါက ပိုစွမ်းနေလောက်ပြီ “
လီရို့ရှီသည် အေးဆေးတည်ငြိမ်နေစဲသာဖြစ်ပြီး၊ သူမ၏ ကြည်လင်သော မျက်လုံးလေးများသည် ရှုကျိုးအပေါ်တွင်သာ တည်ရှိနေခဲ့သည် “ တကယ်လို့ နင်က ပိုသန်မာလာရင်တောင်မှ ဘာဖြစ်လဲ? နင်က သေခြင်းတရားကို မြင်ဖူးလို့လား? တကယ့် ဗီဇပြောင်း သားရဲတွေကို တွေ့ဖူးလို့လား? “
“ တစ်ယောက်ယောက်က ဆွဲဖြဲခံလိုက်ရတာကို မြင်ဖူးလား? “
“ တစ်ယောက်ယောက်က အရှင်လတ်လတ် အစားခံလိုက်ရတာကို မြင်ဖူးလို့လား? “
“ မြေပြင်ပေါ်မှာ လူတွေရဲ့ အသားတွေ ပြည့်နှက်နေတာကို မြင်ဖူးလို့လား? “
လီရို့ရှီ၏ အကြည့်သည် အေးစက် စူးရှနေခဲ့သည် “ အဲ့တာတွေကို မြင်လိုက်ရတဲ့ အချိန်ကျရင် နင့်ခြေထောက်တွေက အရှုံးပေးသွားလိမ့်မယ်၊ နင်က မတ်တပ်တောင် ရပ်နိုင်တော့မှာ မဟုတ်ဘူး “
“ မဖြစ်ပါဘူး “ ရှုကျိုးသည် သူမကို ကြည့်လိုက်ပြီး၊ သူ၏အသံမှာလည်း ပို၍ခိုင်မာလာခဲ့သည်။
“ ဖြစ်မှာပဲ “
လီရို့ရှီမှ အနားကပ်လာခဲ့ပြီး၊ သူမ၏တည်ရှိမှုသည် သင်းပျံ့သော မွှေးရနံ့တစ်ခုကို သယ်ဆောင်လာခဲ့သည်။
သူမ၏ မျက်လုံးများသည် အလွန်အေးစက်စူးရှနေခဲ့သည်။
“ ရှုကျိုး၊ နင်က ငါ့မောင်လေး၊ ငါနင့်ကို လူတိုင်းထပ် ပိုသိတယ် “
ရှုကျိုးသည် သူ့ရှေ့ရှိ ကောင်မလေးကို တည့်တည့်ကြည့်လိုက်သည်၊ သူမသည် အလွန်လှပလွန်းသဖြင့် ကမ္ဘာကြီးကိုပင် တောက်ပသွားစေနိုင်လေသည် “ နင်ငါ့ကို လုံးဝ နားမလည်ပါဘူး “
ယခင်က သူသာဆိုပါက လီရို့ရှီ ပြောထားသည့်အတိုင်းပင် ဖြစ်ကောင်းဖြစ်သွားလိမ့်မည် ဖြစ်သည်။
လီရို့ရှီ ရယ်မောနေတော့သည်၊ သူမ၏ အပြုံးလေးသည် ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် လှပနေခဲ့ပြီး၊ အလွန်လှပလွန်းသဖြင့် သမုဒ္ဒရာကြီးများပင် ရေလျှံသွားနိုင်လေသည်၊ သူမ၏လေသံကမူ တည်ငြိမ်မြဲ တည်ငြိမ်နေစဲဖြစ်သည် “ နင့်မှာ အချိန်နှစ်လရှိတယ် “
“ တကယ်လို့ နင်က နဂါး-ကျားစာရင်းပေါ်က တစ်ယောက်ယောက်ကို အနိုင်ယူနိုင်ရင်၊ တကယ်လို့ အဆင့် ၁၀၀က လူဖြစ်နေမယ်ဆိုရင်တောင်မှ၊ ငါလက်ခံပေးမယ် “
“ ပြီးတော့ နင့်ရဲ့ ကြက်ကို ဗီဇပြောင်း သားရဲလို့ မသတ်မှတ်လိုက်နဲ့ ”
“ တကယ့် ဗီဇပြောင်းသားရဲတွေက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲဆိုတာကို ကျောင်းက ပုံရိပ်ယောင်အခန်းထဲမှာ စမ်းကြည့်ရင် နားလည်သွားလိမ့်မယ် “
ထိုကဲ့သို့ ပြောလာခဲ့ပြီးသည့်နောက်တွင် လီရို့ရှီသည် သူမ၏ကိုယ်လေးကို လှည့်ကာ ပြန်ထွက်သွားတော့သည်။
ရှုကျိုးသည် ကျက်သရေရှိသည့် သူမ၏နောက်ကျောလေးကို ငေးကြည့်ရင်းဖြင့် တည်ငြိမ်သော မျက်နှာထားဖြစ်နေခဲ့သော်လည်း၊ စိတ်ထဲတွင်မူ အနည်းငယ် လှုပ်ရွနေခဲ့ပြီ ဖြစ်သည်။
လီရို့ရှီ၏ မျက်လုံးများထဲတွင် သူသည် အမြဲလိုလို အကာအကွယ် လိုအပ်သည့် ကြောက်တတ်သော ကလေးတစ်ဦးသာ ဖြစ်နေသေးသည့်ပုံပင်။
“ ပိုစွမ်းလာရမယ် “ ထိုအခိုက်အတန့်တွင် ရှုကျိုး၏ သန္နိဌာန်မှာ ပို၍ခိုင်မာလာခဲ့ပြီ ဖြစ်သည်။
အဆက်မပြတ် တိုးတက်လာမှသာလျှင် အခြေအနေ တစ်ခုလုံးကို ပြောင်းလဲနိုင်မည် ဖြစ်သည်။
“ နှစ်လအတွင်းမှာ၊ မဟုတ်ဘူး၊ ငါက အဲ့လောက်အကြာကြီးတောင် လိုမှာ မဟုတ်ဘူး “
ဒီနေ့က လကုန်ရက်ပဲ၊ မနက်ဖြန်ကျောင်းသွားရင် ဆုလဒ်တွေ ထုတ်လို့ရပြီ၊ အဲ့ခါကျရင် ငါ့ခွန်အားက သိသိသာသာ တိုးတက်သွားမှာ။
ရှုကျိုးကား ၎င်းကို တိတ်တဆိတ် မျှော်လင့်နေတော့သည်။