← Chapters

အခန်း (၃၁-၃၃)

Vol. 3 Ch. 31-33

အခန်း (၃၁-၃၃)

Vol. 3 Ch. 31-33

အပိုင်း ( 31 )

ကျွန်တော် ဖြေရှင်းပေးမယ်

တတိယနှစ် အတန်းသုံးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

အားလုံးသည် ဖြည်းညှင်းစွာ လမ်းလျှောက်ဝင်လာသော အရပ်ရှည်ရှည် လူငယ်လေးတစ်ဦးကို တအံ့တဩဖြင့် ကြည့်လာကြသည်။

“ ရှုကျိုးလား? “

“ လီရို့ရှီရဲ့ မောင်လေးလား? သူက ဒီကို ဘာလာလုပ်တာလဲ? “

ယခုတွင် ရှုကျိုးအား ကျောင်း၏ ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် မှတ်ယူနေနိုင်ပြီ ဖြစ်သည်။

သူ့ကို မြင်လိုက်ရသောအခါတွင် စီနီယာ ကျောင်းသားကျောင်းသူများသည် တိုးတိုး တိုးတိုး ပြောဆိုနေကြတော့သည်။

ရှုကျိုးသည် အဆိုပါ အကြည့်များကို လျစ်လျူရှုထားပြီး၊ သူ၏ဓားကိုကိုင်ကာ နားနေခန်းဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားတော့သည်။

သူသည် နားနေခန်းရှေ့တွင် ပိတ်ရပ်နေတော့သည်။

“ အခုလေးတင်ပဲ ကျေးဇူးကန်းတဲ့လူလို့ နင် ဘယ်သူ့ကို ပြောလိုက်တာလဲ? “ ရှုကျိုးသည် အထဲရှိ ကျစ်ဆံမြှီးကျစ်ထားသည့် ကောင်မလေးကို ကြည့်ကာ အေးအေးဆေးဆေး မေးမြန်းလိုက်သည်။

လက်ရှိအချိန်တွင် သူ၏ စိတ်ဝိညာဥ်သည် 9Hzအထိ ရောက်ရှိနေပြီး၊ သူ၏အကြားအာရုံသည် အလွန်ထက်မြက်နေခဲ့ပြီဖြစ်သည်။

ထို့အပြင် ရှုကျိုးသည် လီရို့ရှီ၏အသံနှင့် အလွန် တရင်းတနှီး ရှိနေခဲ့သည်။

ထို့ကြောင့် ထောင့်တစ်နေရာတွင် သူရှိနေသည့်အချိန်၌ ရှုကျိုးသည် ထိုလူနှစ်ဦးကြားရှိ စကားဝိုင်းတစ်ခုလုံးကို ကြားနေခဲ့ရသည်။

သူသည် အခြေအနေကို အကြမ်းဖျင်း နားလည်သွားခဲ့ပြီ ဖြစ်သည်။

လီရို့ရှီရဲ့ ကျင့်ကြံရေး အရင်းအမြစ်တွေကို အတွင်းမြို့တော်က တစ်ယောက်ယောက်က ကြားဖြတ်ယူသွားတာ အံ့ဩစရာ မဟုတ်တော့ဘူးပဲ၊ သူမက လျူဟီကို ဆန့်ကျင်ထားမိတာကို။

နဂါး-ကျားစာရင်းပေါ်ရှိ နံပတ်၁ဖြစ်သော လျူဟီသည် လီရို့ရှီနှင့် အဖွဲ့ဖွဲ့ချင်နေခဲ့သော်လည်း သူမမှ ၎င်းကို ငြင်းပယ်ထားလိုက်သည်။

တကယ်တမ်းတွင် လီရို့ရှီသည် ၎င်းကို လုံးဝဂရုမစိုက်ပေ၊ ရှုကျိုးသည် ထိုကိစ္စနှင့်ပတ်သက်၍ သဘောမတူသည့် ပထမဦးဆုံး လူတစ်ဦး ဖြစ်သည်။

လာပြောင်နေတာလား? ငါက နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲ ငါ့ကို သူမ ခေါ်သွားမှာကို စောင့်နေတာလေ။

တကယ်လို့ သူမက တစ်ခြားတစ်ယောက်ယောက်နဲ့ အဖွဲ့ဖွဲ့သွားမယ်ဆိုရင်၊ ငါက ဘယ်လိုဝင်ရတော့မှာလဲ?

ထိုအခိုက်အတန့်တွင် ရှုကျိုးသည် နားနေခန်းထဲရှိ ကောင်မလေးကို အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်‌နေခဲ့သည်။

ကျိုးခဲ့ရှင်း၏ အမူအရာ မည်းမှောင်သွားခဲ့ပြီး၊ သူမသည် ဖြူစင်ဟန် အမြန်ဆောင်၍ ပြောလာခဲ့သည် “ ဘာလဲ? နင်နားကြားမှားသွားတာပဲ ဖြစ်ရမယ် “

ရှုကျိုးသည် သူမကို လျစ်လျူရှုထားခဲ့ပြီး၊ သူ့ဘေးရှိ လီရို့ရှီထံသို့ ဆေးရည်များ ကမ်းပေးလိုက်သည် “ အစ်မ၊ နင့်ဆီကို ဆရာချောင်က ဒါတွေ ပေးခိုင်းလိုက်တယ် “

လီရို့ရှီသည် လက်ဆန့်ထုတ်၍ ၎င်းကို ယူလိုက်သည်၊ သို့သော် သူမ၏မျက်လုံးလေးများသည် ရှုကျိုးထံတွင်သာ ရှိနေခဲ့ပြီး၊ သူမ၏မျက်နှာလေးပေါ်တွင် အံ့ဩမှု အရိပ်အယောင်များ ထင်ဟပ်နေခဲ့သည်။

သူမသည် ရှုကျိုး ရောက်ရှိလာမှုနှင့် သူက သူမကိုယ်စား စကားပြောလာပေးသည့်အတွက် အံ့ဩသွားခဲ့သည့် ပုံပင်။

“ အစ်မ၊ ဘာမှ စိတ်မပူနဲ့ “ ရှုကျိုးမှ သူမကို ပြုံးပြလိုက်သည် “ နင် ခက်ခက်ခဲခဲ ကိုင်တွယ်နေရတဲ့ဟာကို ငါဖြေရှင်းပေးမယ် “

“ နင် …… “ လီရို့ရှီ၏ အမူအရာသည် အနည်းငယ် မိန်းမောသွားခဲ့ရသည်။

“ စီနီယာ၊ အခုလေးတင် ကျွန်တော့်အစ်မ နောက်ကွယ်မှာ ဘာပြောလိုက်တာလဲ? ကျွန်တော် ရှင်းရှင်းလင်းလင်း မကြားလိုက်ရဘူး။ ကျေးဇူးပြုပြီးတော့ တစ်တန်းလုံးရဲ့ရှေ့မှာ ပြန်ပြောပြပေးပါ “

ရှုကျိုးသည် အပေါက်ဝတွင် မတ်တပ်ရပ်ကာ တောက်ပစွာ ပြုံးနေခဲ့သည်။

သို့သော် သူ၏စကားလုံးများသည် ကျိုးခဲ့ရှင်း၏ အမူအရာကို သိသိသာသာ ပြောင်းလဲသွားစေခဲ့သည်။

သူမသည် အံကြိတ်ကာ ရှုကျိုးကို ကြည့်လာခဲ့သည် “ အစ်ကိုလျူက နင့်ကို စေတနာနဲ့ ဖိတ်ခေါ်နေတာလေ၊ နင်က ကျေးဇူးကန်းတဲ့လူပဲ “

ဝိုးးးးးးး

ထိုစကားလုံးများ ထွက်ကျလာသည်နှင့်အမျှ တတိယနှစ် အတန်း၃တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။

အားလုံးသည် လီရို့ရှီမှ လျူဟီကို အကြိမ်ကြိမ်အခါခါ ငြင်းပယ်ထားသည်ဆိုသည်ကို သိထားကြသည်။

သို့သော် မည်သူကမှ သူတို့၏ အတန်းခေါင်းဆောင်ကို ထိုကဲ့သို့ မဆန့်ကျင်ရဲကြပေ။

လီရို့ရှီသည် နဂါး-ကျားစာရင်း၏ အဆင့်၂ပိုင်ရှင်ဖြစ်ပြီး၊ အတန်းသုံးတစ်ခုလုံးတွင် သူတို့အလေးစားရဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

ရှုကျိုး၏ စကားလုံးများကြောင့် အားလုံး၏ အကြည့်များသည် ကျိုးခဲ့ရှင်းဆီသို့ ကျရောက်လာခဲ့သည်။

လင်းရှီရှီမှ တိုက်ရိုက် အော်ပြောလာခဲ့သည် “ ကျိုးခဲ့ရှင်း !!! နင်က ငါတို့အတန်းခေါင်းဆောင်ကို ဘယ်လိုလုပ်ပြီးတော့ ဒီလိုပြောရတာလဲ? “

ကျိုးခဲ့ရှင်း၏ ပါးများ နီရဲသွားခဲ့ပြီး၊ မည်သည့်အရာကိုမှ ဖုံးကွယ်၍ မရတော့ဘူးဆိုသည်ကို သိနေသောကြောင့် သူမသည် ချက်ချင်းဆိုသလို ပြတ်ပြတ်သားသား ပြောလာခဲ့သည် “ ဟုတ်တယ်၊ ငါပြောတယ်၊ အဲ့တော့ ဘာဖြစ်လဲ? ငါပြောတာ မှားသွားလို့လား? “

သူမသည် နားနေခန်းထဲမှ ထွက်လာကာ ရှုကျိုးကို ကြည့်လာခဲ့သည် “ နင့်ရဲ့ အစ်မက ဟွမ်ယွင်ရွှယ်ကို ဆန့်ကျင်ပြီးသွားပြီ၊ အခုဆိုရင် အတန်း၂က လူတွေ အကုန်လုံးက ငါတို့ကို တော်တော်လေး မုန်းနေကြပြီ “

“ နင်က လျူဟီကို ထပ်ပြီးတော့ ဆန့်ကျင်ချင်နေသေးတာလား? သူက နဂါး-ကျားစာရင်းရဲ့ နံပတ်၁တင် မဟုတ်ဘူး၊ အတွင်းပိုင်းမြို့တော်က လူဆိုလည်း ဟုတ်တယ် “

“ နင်က သူမကို အတွင်းပိုင်းမြို့တော်တစ်ခုလုံးကို ဆန့်ကျင်စေချင်နေတာလား? “

ရှုကျိုး ဘာမှမပြောခင်မှာပင် လီရို့ရှီမှ တည်တည်ငြိမ်ငြိမ် ပြောလာခဲ့သည် “ လျူဟီက အတွင်းပိုင်းမြို့တော်က မိသားစုကြီးတစ်ခုရဲ့ မျိုးဆက်ခွဲတစ်ယောက်လေးပဲ။ သူက အတွင်းပိုင်းတစ်မြို့လုံးကို ကိုယ်စားမပြုနိုင်ဘူး “

ကျိုးခဲ့ရှင်းမှ သူမကို ကြည့်၍ အေးစက်စွာ ပြောလာခဲ့သည် “ မျိုးဆက်ခွဲတစ်ယောက်ဆိုရင်တောင်မှ အတွင်းပိုင်းမြို့တော်ရဲ့ မျိုးဆက်ခွဲ တစ်ယောက် ဖြစ်နေတုန်းပဲ၊ အဆင့်အတန်းက ငါတို့ထပ် အများကြီး ပိုမြင့်တယ် “

“ ပြီးတော့ ကျောင်းမှာ ရှိတဲ့ အတွင်းပိုင်းမြို့တော်က ကျောင်းသူကျောင်းသား အကုန်လုံးက အစ်ကိုလျူကို သူတို့ရဲ့ ခေါင်းဆောင်အဖြစ် သတ်မှတ်ထားကြတာ “

“ တကယ်လို့ နင်သာ အစ်ကိုလျူနဲ့ အဖွဲ့ဖွဲ့လိုက်မယ်ဆိုရင်၊ အတွင်းမြို့တော်က အဲ့ကျောင်းသူကျောင်းသားတွေနဲ့ အဖွဲ့ဖွဲ့လိုက်တာနဲ့ အတူတူပဲ “

ကျိုးခဲ့ရှင်းသည် လီရို့ရှီကို စိုက်ကြည့်လာခဲ့သည် ” ဒီလို အဆင့်အတန်းရှိတဲ့ အစ်ကိုလျူက သူကိုယ်တိုင် သူ့ကိုယ်သူ နှိမ့်ချပြီးတော့ နင့်ကို ဖိတ်ခေါ်နေတာက နင့်ကို မျက်နှာသာ ပေးနေတာပဲ မဟုတ်ဘူးလား? “

သူမ၏ စကားလုံးများသည် ဖြောင့်မတ်မှန်ကန်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

သို့ရာတွင် အတန်းထဲရှိ လူအများစုသည် မျက်လုံးများ မှိတ်တုပ်မှိတ်တုပ် ဖြစ်သွားပြီး၊ ၎င်းအား မငြင်းပယ်လာခဲ့ပေ။

လူအများစု၏ မျက်လုံးများထဲတွင် လျူဟီသည် နဂါး-ကျားစာရင်း၏ နံပတ် ၁နှင့် အတွင်းပိုင်းမြို့တော်မှ လူတစ်ဦးဖြစ်ပြီး၊ တကယ်ပင် အဆင့်အတန်း မြင့်မားနေခဲ့သည်။

တစ်ချို့သော ဆရာများကပင် သူ့အား ဖော်ဖော်ရွေရွေ ဆက်ဆံနေခဲ့ရသည်။

ထိုအချိန်တွင် ရှုကျိုးမှ ရုတ်တရက် ပြောဆိုလာခဲ့သည် “ အတွင်းပိုင်းမြို့တော်က ဖြစ်နေရင်ရော ဘာဖြစ်လဲ? သူတို့က ပြင်ပခရိုင်က ငါတို့ထပ် ပိုပြီးတော့ မြင့်မားနေလို့လား? “

“ ငါ့အစ်မက ဒီကျောင်းမှာရှိတဲ့ တစ်ဦးတည်းသော A+အဆင့် စွမ်းရည်ပိုင်ရှင်ပဲ၊ သူမရဲ့ တည်ရှိမှုကိုက ကျောင်းရဲ့ ဂုဏ်သိက္ခာပဲ၊ သူမက ဘယ်သူ့ကိုမှ မျက်နှာသာပေးနေဖို့ မလိုဘူး “

လီရို့ရှီသည် သူ့အား တောက်ပရွှန်းလဲ့နေသော မျက်လုံးလေးများဖြင့် ကြည့်လာခဲ့ပြီး၊ သူမသည် သူ၏စကားလုံးများကြောင့် အံ့ဩသွားခဲ့သည်။

သို့သော် ကျိုးခဲ့ရှင်းသည် နှာခေါင်းရှုံ့ကာ ရှုကျိုးကို စိုက်ကြည့်လာခဲ့သည် “ ရှုကျိုး၊ နင့်အစ်မက ဟွမ်ယွင်ရွှယ်ကို ဆန့်ကျင်ရတဲ့ အကြောင်းအရင်းက နင့်ကြောင့်ပဲ “

“ တကယ်လို့ နင့်မှာ ဉာဏ်ရှိတယ်ဆိုရင်၊ အစ်ကိုလျူနဲ့ အဖွဲ့ဖွဲ့ဖို့အတွက် သူမကို ဖြောင်းဖြနေသင့်တယ်။ အဲ့တာဆိုရင် နင် ဟွမ်ယွင်ရွှယ်နဲ့ ဖြစ်နေတဲ့ ပဋိပက္ခကိုတောင် ဖြေရှင်းနိုင်လောက်တယ်၊ နားလည်လား? “

သူမ စကားများပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် လူအများစုသည် တိတ်တဆိတ် ခေါင်းငြိမ့်နေကြတော့သည်။

သူတို့၏ အမြင်များတွင် ကျိုးခဲ့ရှင်း၏ စကားများက တစ်မျိုးတစ်ဖုံ ယုတ္တိရှိနေခဲ့သည်။

သူတို့အားလုံးသည် အတန်း၂ကို ဆန့်ကျင်ခဲ့ပြီးပြီဖြစ်သောကြောင့် လျူဟီဦးဆောင်သည့် အတန်းတစ်ကို ရန်မစချင်ကြတော့ပေ။

ထို့အပြင် လျူဟီသည် ကျောင်းရှိ အတွင်းပိုင်းမြို့တော်မှ ကျောင်းသူကျောင်းသားအားလုံးကို ကိုယ်စားပြုနေခဲ့သည်။

လင်းဂျန် ပထမအထက်တန်းကျောင်း၌ အတွင်းပိုင်းမြို့တော်မှ ကျောင်းသူကျောင်းသားများသည် မြင့်မားသော အဆင့်အတန်းများ ပိုင်ဆိုင်ထားကြသည်။

ထို့ကြောင့် အကယ်၍ သူတို့ကသာ လျူဟီနှင့် ရင်းနှီးသွားခဲ့ပါက ဟွမ်ယွင်ရွှယ်ကပင် အလောတကြီး လှုပ်ရှားရဲတော့မည် မဟုတ်ပေ။

သို့ရာတွင် ရှုကျိုးသည် သူ၏ခေါင်းကို ခါယမ်းလာခဲ့သည် “ ငါနဲ့ ဟွမ်ယွင်ရွှယ်ကြားမှာရှိတဲ့ ပဋိပက္ခက ဖြေရှင်းလို့မရဘူး။ လျူဟီက ငါ့အစ်မနဲ့ အဖွဲ့ဖွဲ့ချင်နေတာကတော့၊ အဲ့တာက ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး “

ရှုကျိုးသည် ကျိုးခဲ့ရှင်းအား တည်ငြိမ်စွာ ကြည့်လိုက်သည် “ ဘာလို့လဲဆိုတော့ ငါ့အစ်မက ငါနဲ့ အဖွဲ့ဖွဲ့မှာမို့လို့ပဲ “

လူတိုင်း အနည်းငယ် အံ့ဩသွားကြသည်။

အားလုံး၏ မျက်နှာများပေါ်တွင် အံ့ဩနေသော အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့သည်။

လင်းရှီရှီသည် လီရို့ရှီကို ကြည့်ကာ ပို၍ အံ့ဩသွားခဲ့သည် “ မဖြစ်ဘူး ….. ရို့ရှီ၊ နင်က သူနဲ့ အဖွဲ့ဖွဲ့မှာလား? “

လီရို့ရှီသည် ကူရာကယ်ရာမဲ့စွာဖြင့် ပြောလာခဲ့သည် “ ငါ သဘောမတူထားဘူး “

ထိုစကားကို ကြားလိုက်ရပြီးသည့်နောက်တွင် လင်းရှီရှီသည် ပို၍ အံ့အားသင့်သွားခဲ့သည်။

လီရို့ရှီ၏ စကားလုံးများသည် ရှုကျိုးထံတွင် ထိုကဲ့သို့သော ရည်ရွယ်ချက်ရှိနေသည်ဟု ဆိုလိုနေခဲ့သည်။

လင်းရှီရှီသည် ရှုကျိုးကို တအံ့တဩဖြင့် ကြည့်နေတော့သည်။

ယခင်က ရှုကျိုးမှ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူအကြောင်းကို ပြောခဲ့သည့်အချိန်တွင်၊ သူမသည် ၎င်းကို အလေးအနက် မထားခဲ့ပေ။ ဒီကောင်က အဲ့ကို တကယ် သွားဖို့ စီစဥ်နေတာလား?

တစ်ချိန်တည်းမှာပင် ကျိုးခဲ့ရှင်းမှာလည်း တစ်ခဏခန့် အံ့အားသင့်သွားခဲ့သည်၊ သို့သော် သူမမှ မနေနိုင်တော့ဘဲ လှောင်ပြောင်လာခဲ့သည် “ လာပြောင်နေတာလား? နင်က နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲကို သွားဖို့ ငါတို့အတန်းခေါင်းဆောင်နဲ့ အဖွဲ့ဖွဲ့ချင်နေတာလား? “

ကျိုးခဲ့ရှင်းသည် ရှုကျိုးကို စိုက်ကြည့်လာခဲ့သည် “ နင့်ရဲ့ သေးသွယ်တဲ့ ကိုယ်ကို …….. “

“ စကားများနေတာက အဓိပ္ပါယ် မရှိဘူး “ ရှုကျိုးသည် ကြားဖြတ်၍ တည်တည်ငြိမ်ငြိမ် ပြောလာခဲ့သည် “ ငါနင့်ကို လာရှာတာက နင်ငါ့အစ်မကို ပြောလိုက်တဲ့ စကားလုံးတွေကြောင့်ပဲ “

“ နင်က သူမရဲ့ နောက်ကွယ်မှာ သူမကို ဆဲဆိုနေခဲ့တာပဲ၊ သူမက နင့်ကို ဘာမှမလုပ်နိုင်ဘူး၊ ဒါပင်မဲ့ ငါကတော့ သူမအတွက် ဖြေရှင်းချက်တစ်ခု တောင်းကိုတောင်းမှာ “

ထိုကဲ့သို့ ပြောလိုက်ပြီး၊ သူသည် ကျောဘက်သို့ လက်လှမ်းကာ သူ၏ဓားကို ဖြုတ်ယူလိုက်သည်။

ချွမ် !!

သူသည် ဓားအိမ်ကို မချွတ်ဘဲ၊ သူ့ရှေ့ရှိ ကျိုးခဲ့ရှင်းကို ဓားဖြင့် ရွယ်လိုက်သည်။

“ စီနီယာ၊ ကျွန်တော့်ကို သင်ပြပေးပါဦး “

ဝိုးးးးးးး

ထိုအခိုက်အတန့်တွင် တတိယနှစ် အတန်းသုံးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

ရှုကျိုးမှ တစ်ကိုယ်တည်းလာ၍ ကျိုးခဲ့ရှင်းကို စိန်ခေါ်လိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။

ကျိုးခဲ့ရှင်းက လီရို့ရှီကို တိတ်တဆိတ် မကောင်းပြောနေလို့လား?

ကျိုးခဲ့ရှင်းသည် နဂါး-ကျားစာရင်းဝင် လူတစ်ဦး မဟုတ်သော်လည်း၊ သူမ၏ အဆင့်သည် တတိယနှစ်တစ်ခုလုံးတွင် အဆင့် ၁၅၀ဖြစ်ပြီး၊ တတိယနှစ် အတန်းသုံးထဲတွင် အဆင့်သုံးချိတ်သည့် လူတစ်ဦးဖြစ်သည်။

ထိုအခိုက်အတန့်တွင် လူတိုင်း အံ့ဩသွားကြသည်။

လင်းရှီရှီမှာလည်းအနည်းငယ် ကြောင်အမ်းအမ်းဖြစ်သွားခဲ့ပြီး၊ ထို့နောက်တွင် သူမသည် လီရို့ရှီအား အားကျစွာ ကြည့်လာခဲ့သည် “ ရို့ရှီ၊ နင့်မောင်လေးက နင့်အပေါ်ကို တကယ်ကောင်းတာပဲ၊ ဟမ်? “

လီရို့ရှီမှာလည်း သူမ၏ နီရဲရဲ နှုတ်ခမ်းလေးများကို ကိုက်ကာ၊ စိတ်ခံစားချက်များ ရောထွေးနေခဲ့သည်။

သူမသည် ကျိုးခဲ့ရှင်းကို တကယ်ပင် မည်သည့်အရာမှ လုပ်နိုင်မည် မဟုတ်ပေ။ သူမ၏အဆင့်သည် ကျိုးခဲ့ရှင်းထပ် များစွာ မြင့်မားနေခဲ့ပြီး၊ ကျောင်း၏ စည်းမျဥ်းစည်းကမ်းများအရ အဆင့်မြင့် ကျောင်းသားကျောင်းသူများသည် အဆင့်နိမ့်သူများကို စိန်ခေါ်ခွင့်မရှိပေ။

ထိုကဲ့သို့ ဖြစ်နေမည်ဆိုလျှင်တောင်မှ ကျိုးခဲ့ရှင်း၏ စွမ်းအားသည် သာမန် စီနီယာ ကျောင်းသားကျောင်းသူများထပ် သာလွန်နေမည် ဖြစ်သည်။

ရှုကျိုးမှ ကျိုးခဲ့ရှင်းကို စိန်ခေါ်လိုက်ခြင်းသည် အတော် ရဲတင်းသော လုပ်ရပ်တစ်ခု ဖြစ်သည်။

ထိုကဲ့သို့ တွေးနေသော်လည်း လီရို့ရှီ၏ အမူအရာသည် အနည်းငယ် ရှုပ်ထွေးနေခဲ့သည်။

သူမသည် တစ်စုံတစ်ဦးမှ သူမ၏ အရှေ့တွင် ရပ်တည်ကာ သူမအတွက် ဖြေရှင်းချက် တောင်းပေးလာလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမှ မမျှော်မှန်းထားခဲ့ဖူးချေ။

သို့သော် ယခုတွင်ကား ထိုလူပေါ်လာခဲ့သည့်အပြင် သူသည် ပျော့ညံ့အားနည်းသည့် လူတစ်ဦးဟု သူမ တွေးထင်ထားခဲ့သည့် ရှုကျိုးပင် ဖြစ်နေခဲ့သည်။

“ ရှုကျိုး၊ ပြန်တော့ “ လီရို့ရှီမှ နူးနူးညံ့ညံ့ ပြောဆိုလာခဲ့သည်။

ဤအခိုက်အတန့်တွင် သူမသည် ဤကိစ္စကြောင့် ရှုကျိုး ထိခိုက်ဒဏ်ရာရသွားမည်ကို ပို၍ စိုးရိမ်ပူပန်နေခဲ့သည်။

သို့ရာတွင် ရှုကျိုးသည် သူမကို မည်သို့မျှ မတုံ့ပြန်လာခဲ့ဘဲ၊ သူ့အရှေ့ရှိ ကျိုးခဲ့ရှင်းကိုသာ စိုက်ကြည့်နေခဲ့သည်။

ကျိုးခဲ့ရှင်း၏ အမူအရာသည် အနည်းငယ် ရုပ်ဆိုးသွားခဲ့သည်။

ပထနှစ်ကလေးမှ သူမကို လူကြားထဲတွင် စိန်ခေါ်လာခြင်းမှာ သူမအား ကျဥ်းတည်းကြပ်တည်းထဲသို့ ရောက်သွားစေခဲ့သည်။

သူမသည် နဂါး-ကျားစာရင်းပေါ်မှ လူတစ်ဦး မဟုတ်သော်လည်း၊ တတိယနှစ် အတန်းသုံးရှိ ထိပ်တန်းပါရမီရှင်တစ်ဦး ဖြစ်သည်၊ ငါ့ကို ပထမနှစ်လေးက စော်ကားရဲနေတာလား?

“ စီနီယာ “ သူမ မလှုပ်ရှားသေးဘူးဆိုသည်ကို မြင်လိုက်ရသောအခါတွင် ရှုကျိုးမှ ထပ်ပြောလာခဲ့သည် “ ခင်ဗျားက ကျွန်တော် စိန်ခေါ်တာကို ကြောက်နေတာတော့ မဟုတ်ဘူးမလား? “

“ ကြောက်တာလား? “ ကျိုးခဲ့ရှင်းသည် အေးစက်စွာ နှာခေါင်းရှုံ့လာခဲ့သည် “ နင်က အတွေးလွန်နေတာပဲ “

“ ငါက နင့်ကို မတော်တဆ ဆုတ်ဖြဲမိပြီး၊ နင့်အစ်မက ငါ့ကို ဒုက္ခလာရှာမှာကိုပဲ ကြောက်တာ “

ရှုကျိုးသည် ပေါ့ပေါ့ပါးပါး ပြုံး၍ ပြောလာခဲ့သည် “ ဒါက တကယ့်တိုက်ပွဲလေ၊ ဓားတွေမှာ မျက်လုံး မရှိဘူး။ ဘယ်သူပဲ ခံရခံရ၊ ကျွန်တော့်အစ်မက ဘာမှ မပြောဘူးဆိုတာကို အာမခံတယ် “

ဘေးနားရှိ လီရို့ရှီသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

သို့သော် ရှုကျိုးသည် သူမကို စကားပြောခွင့်မပေးဘဲ၊ တစ်ဖက်ရှိ ကျိုးခဲ့ရှင်းဘက်သို့သာ လှည့်သွားခဲ့သည် “ စီနီယာအစ်မ၊ စကြရအောင် “

“ ဟမ့် “

ကျိုးခဲ့ရှင်းသည် အေးစက်စွာ နှာမှုတ်လာတော့သည်၊ သူမ၏ ခြေထောက်တွင် ချိတ်ထားသည့် ဓားတိုကို ဆွဲထုတ်၍ သူမ၏ မျက်လုံးများသည် ရှုကျိုးကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။

“ နင့်ကို သတိပေးလိုက်မယ်၊ ငါ့ရဲ့ စွမ်းရည်က တိုက်ခိုက်ရေးစွမ်းရည်ပဲ။ တိုက်ပွဲအခြေအနေကို ရောက်သွားတာနဲ့ ငါ့ရဲ့ စွမ်းအားတွေက တိုးလာလိမ့်မယ် “

ထိုကဲ့သို့ ပြောလာခဲ့ပြီး၊ အစွမ်းထက် အရှိန်အဝါ တစ်ခုသည် သူမ၏ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

တိုက်ခိုက်ရေး စိတ်ဝိညာဥ်သည် မီးကဲ့သို့ တောက်လောင်နေပြီး၊ ချက်ချင်းဆိုသလိုပင် လေ့ကျင့်ရေးအခန်းတစ်ခုလုံးကို ဖုံးလွှမ်းလာခဲ့သည်။

…………………………………………………………………………………

အပိုင်း ( 32 )

ချက်ချင်း သတ်ဖြတ်ခြင်း

အတန်းသုံး၏ ကျောင်းသားကျောင်းသူအားလုံးသည် လျင်မြန်စွာ ထရပ်လာကြပြီး၊ ထိုနှစ်ဦးအတွက် နေရာဖယ်ပေးလာကြသည်။

“ ဟူးးးးးး “

ကျိုးခဲ့ရှင်း၏ ခန္ဓာကိုယ်ထဲမှ အားကောင်းသော ချီ-သွေးများ ထွက်ပေါ်လာခဲ့ရာ သူမ မလှုပ်ရှားရသေးခင်မှာပင် လူအများစု၏ အမူအရာများ ပြောင်းလဲသွားခဲ့သည်။

“ ကျိုးခဲ့ရှင်းရဲ့ စွမ်းအားက သူမရဲ့ အရင်က အဆင့်ကိုတောင် ကျော်နေပြီပဲ “

“ မြန်မြန် ဖယ်လိုက်ကြ “

ကျောင်းသားကျောင်းသူများသည် ထပ်မံ၍ နောက်ဆုတ်သွားကြသည်။

လီရို့ရှီသည် ကျိုးခဲ့ရှင်းကို ကြည့်ကာ ပြောလာခဲ့သည် “ ကျိုးခဲ့ရှင်းရဲ့ စွမ်းရည်က ဘီအဆင့် တိုက်ခိုက်ရေး စွမ်းရည်ပဲ။ တစ်ခါသုံးလိုက်တာနဲ့ ခုနစ်ရက်အတွင်းမှာ ထပ်သုံးလို့မရတော့ဘူး “

“ ဒါပင်မဲ့ သူမ သုံးလိုက်တဲ့ အချိန်တိုင်းမှာ အဲ့တာက ယာယီအနေနဲ့ သူမရဲ့ စွမ်းအားကို သိသိသာသာ တိုးမြှင့်ပေးတယ် “

“ အခုဆိုရင် သူမရဲ့ စွမ်းအားက နဂါး-ကျားစာရင်းက အောက်ဆုံးအဆင့်တွေနဲ့တောင် နီးကပ်သွားလောက်ပြီ “

ထို့နောက်တွင် လီရို့ရှီသည် ရှုကျိုးကို ကြည့်လိုက်ပြီး၊ သူမ၏မျက်ခုံးလေးများ အနည်းငယ် တွန့်သွားခဲ့သည် “ ဒီကောင်က၊ မဆင်မခြင် လုပ်လွန်းတယ် “

သူမသည် အကယ်၍ ရှုကျိုးသာ မောပန်းသွားပါက မည်သည့်အရာပဲဖြစ်ဖြစ်၊ သူမ၏ ဘွဲ့ယူခွင့်ကိုပင် စတေးရမည်ဆိုလျှင်တောင်မှ သူ့ကို ဝင်ကယ်မည်ဟု ဆုံးဖြတ်ထားခဲ့ပြီးပြီ ဖြစ်သည်။

ကွင်းအတွင်း၌

ရှုကျိုးသည် ကျိုးခဲ့ရှင်းကို ကြည့်ကာ အနည်းငယ် အံ့ဩသွားခဲ့သည်။

သူသည် တိုက်ခိုက်ရေး စွမ်းရည်ကို ပထမဦးဆုံးအကြိမ်အဖြစ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။

စွမ်းရည်များသည် ပုံံစံအမျိုးမျိုးဖြင့် နိုးထလာတတ်ပြီး၊ နိုးထမှု အများဆုံးသော ကျင့်ကြံရေး စွမ်းရည်သည် တိုက်ခိုက်ရေး စွမ်းရည်ပင် ဖြစ်သည်။

ကျင့်ကြံရေး စွမ်းရည်များသည် လေ့ကျင့်မှု အမြန်နှုန်းကို အရှိန်မြှင့်တင်ပေးနေသည့်အချိန်တွင် တိုက်ခိုက်ရေး စွမ်းရည်ကမူ တိုက်ပွဲများကို အကျိုးပြုလေသည်။

ထို့အပြင် ရတနာ ရှာဖွေရေး စွမ်းရည်နှင့် သားရဲ ထိန်းကျောင်းခြင်း စွမ်းရည်ကဲ့သို့သော ရှားပါး၊ ထူးခြားသည့် စွမ်းရည်တစ်ချို့လည်း ရှိနေသေးသည်။

အတိအကျ ပြောရမည်ဆိုပါက ရှုကျိုး၏ မသေမျိုး နဂါးခန္ဓာစွမ်းရည်ကိုလည်း တိုက်ခိုက်ရေး စွမ်းရည်တစ်ခုအဖြစ် သတ်မှတ်နိုင်လေသည်။

အဘယ့်ကြောင့်ဆိုသော် သူထုတ်လွှတ်သော ချီ-သွေးသည် အဆင့်တူ ပြိုင်ဘက်များ၏ ချီ-သွေးထပ် များစွာ အားကောင်းနေသောကြောင့် ဖြစ်သည်။

ကျိုးခဲ့ရှင်း၏ တိုက်ခိုက်ရေး စွမ်းရည်သည် သူမ၏ ချီ-သွေးအား ယာယီအားဖြင့် ၄-၅ကယ်လိုရီလောက်ထိ တိုးမြှင့်ပေးပြီး၊ သူမ၏ စွမ်းအားကို သိသိသာသာ တိုးတက်သွားစေမည် ဖြစ်သည်။

( ခုပိုင်းကစပြီးတော့ ကယ်လိုရီဆိုပြီး ပြန်ဖြစ်သွားပါတယ်ဗျာ၊ တရုတ်ကြီးကတော့ ကျွန်တော်တို့ကို ပလေးနေပြီဗျို့ )

ထိုကဲ့သို့သော မြှင့်တင်ပေးမှုကြောင့် ရှုကျိုးပင် အတော် အားကျသွားခဲ့သည်။

“ သတ် !! “ ကျိုးခဲ့ရှင်းသည် ဓားတိုကို ကိုင်ဆောင်၍ အော်ဟစ်လာခဲ့သည်၊ သူမ၏ပုံရိပ်သည် တစ္ဆေအသွင်ပြောင်းသွားပြီး ရှုကျိုးဆီသို့ ပြေးတက်လာခဲ့သည်။

တဟုန်းဟုန်းတောက်လောင်နေသော ချီ-သွေးစွမ်းအင်သည် အလျှံအပယ် ထွက်ပေါ်နေခဲ့ပြီး၊ သူမ လှုပ်ရှားလာရာ လမ်းကြောင်းတစ်လျှောက်ရှိ လေထုသည် လောင်ကျွမ်းနေသကဲ့သို့ ဖြစ်နေခဲ့သည်။

သူမသည် သူမ၏ဓားတိုကို ရှုကျိုး၏ မျက်နှာဆီသို့ ချိန်ရွယ်ကာ ထိုးချလိုက်သည်။

ရှုကျိုးကား တည်တည်ငြိမ်ငြိမ် ဖြစ်နေသေးစဲဖြစ်ပြီး၊ တိုက်ခိုက်မှုကို လက်ခံရန်အတွက် သူ၏ဆေဘာကို မြှောက်လိုက်သည်။

သူ၏ တုံ့ပြန်မှုက ပို၍ မြန်ဆန်နေခဲ့ပြီး၊ ကျိုးခဲ့ရှင်း၏ ဓားတိုက သူ့ရှေ့သို့ ရောက်မလာခင်မှာပင် ကြားဖြတ်ဟန့်တားလိုက်သည်။

“ ဝုန်း !! “ ရှုကျိုးသည် ဆေဘာကို ကိုင်ထားရင်း၊ ကားတိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး၊ ကြောက်မက်ဖွယ်ကောင်းသော တွန်းကန်အားတစ်ခုသည် ဓားမှတစ်ဆင့် ပြန်ကန်ထွက်လာခဲ့သည်။

“ ဝမ် !! “

လွန်ခဲ့သော ၁လမှ ရှုကျိုးက ၎င်းကို တောင့်ခံနိုင်မည် မဟုတ်ပေ၊ သို့သော် ယခုလက်ရှိ ရှုကျိုးသည် သူ၏လက်ကို မြှောက်ကာ အဆိုပါ တွန်းကန်အားကို အလွယ်တကူ လမ်းကြောင်းပြောင်း၍ လာရာလမ်းအတိုင်း ပြန်လွှတ်ပေးလိုက်သည်။

တောင်ဖြိုခွဲ ဆေဘာသိုင်း၊ ဒုတိယအဆင့် ပြီးပြည့်စုံခြင်း၊ အမှောင်စွမ်းအား၏ တွန်းကန်မှု !!

၎င်းသည် အမှောင်စွမ်းအား၏ သိမ်မွေ့မှုဖြစ်သည်၊ ၎င်းအား တိုက်ခိုက်ရေး စွမ်းအားတစ်ခုအဖြစ်ပင် အသုံးပြုနိုင်ပြီး၊ ရန်သူဘက်မှ ပြင်းထန်သော တိုက်ခိုက်မှုများကို ပျက်ပြယ်စေကာ၊ သူတို့ထံသို့ ပြန်၍ တွန်းပို့နိုင်မည် ဖြစ်သည်။

တစ်ပြိုင်နက်ဆိုသလိုပင် ကျိုးခဲ့ရှင်းသည် သူမ၏ဓားတိုဆီမှ ပြန်လည် တွန်းကန်လာခဲ့သည့် ပြင်းထန်သော စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။

သူမ၏ အမူအရာ ပြောင်းလဲသွားပြီး၊ ဟန်ချက်ထိန်းရန်အတွက် နောက်ပြန်ဆုတ်လိုက်သည်။

သူမ နောက်ဆုတ်လိုက်သည်နှင့် တစ်ပြိုင်နက် ရှုကျိုးမှ အရက်စက်ဆုံး တိုက်ခိုက်မှုတစ်ခုဖြင့် ပြန်၍ ထိုးစစ်ဆင်လာခဲ့သည်။

“ ဟူးးးးးး “

ရှုကျိုးသည် သူ၏ဓားကို အောက်သို့ လွှဲရမ်းလိုက်ရာ၊ အေးစက်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ လေ့ကျင့်ရေး အခန်းတစ်ခုလုံး တောက်ပသွားခဲ့သည်။

၎င်းသည် ကောင်းကင်ပေါ်မှ ကျဆင်းလာသည့် ရေတံခွန်ကဲ့သို့ ဖြစ်နေခဲ့ပြီး၊ ပြိုင်ဘက်ကို ဖုံးလွှမ်းသွားခဲ့သည်။

တောင်ဖြိုခွဲ ဆေဘာသိုင်း၊ ဒုတိယအဆင့် ပြီးပြည့်စုံခြင်း၊ အစွမ်းအထက်ဆုံး အကွက် “ နဂါးငွေ့တန်း “

ဓားအလင်းတန်းသည် အရှိန်အဟုန် မြင့်မားသည့် နဂါးငွေ့တန်းတစ်ခုကဲ့သို့ ပြန့်ကားလာပြီး၊ ဘုံကိုးဆင့် ကောင်းကင်ဘုံပေါ်မှ အပြင်းထန်ဆုံးသော ပေါက်ကွဲအားနှင့်အတူ အရှိန်အဟုန်ဖြင့် ကျဆင်းလာခဲ့သည်။

ကျိုးခဲ့ရှင်း၏ နှလုံးသား တုန်လှုပ်သွားခဲ့ပြီး၊ ၎င်းက အထက်တန်း လူသစ်ကျောင်းသားတစ်ဦး ပိုင်ဆိုင်သော ဓားနည်းစနစ် မဟုတ်ကြောင်း အလိုလို သိမြင်သွားခဲ့သည်။

သို့သော် နောက်ထပ် အခိုက်အတန့်တွင် သူမသည် ရွေးချယ်စရာ မရှိတော့သောကြောင့်၊ တားဆီးရန်အတွက် သူမ၏ ဓားကို မြှောက်လိုက်သည်။

သူမ၏ ချီ-သွေး အကုန်လုံး အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့ပြီး၊ သူမသည် ရှုကျိုး၏ အစွမ်းထက် တိုက်ကွက်ကို တားဆီးပိတ်ဆို့ရန်အတွက် ဓားနည်းစနစ် အဆင့်၂၏ စွမ်းအားကို အပြည့်အဝ ထုတ်သုံးလိုက်သည်။

“ ဝုန်းးးးး “

အားနှစ်ခု ပြင်းပြင်းထန်ထန် တိုက်မိသွားပြီး၊ ချက်ချင်းဆိုသလိုပင် ကျိုးခဲ့ရှင်း၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားတော့သည်။

“ မဖြစ်နိုင်ဘူး !! သူ့ရဲ့ ချီ-သွေးက ဒီလောက်တောင် စွမ်းတာလား? “

သူမထံတွင် တုံ့ပြန်ရန် အချိန်မရှိတော့ပေ၊ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူမ၏ဓားတိုသည် ရှုကျိုး၏ တိုက်ခိုက်မှုကြောင့် အပိုင်းပိုင်း အစစ ပြိုကွဲသွားခဲ့သည်။

ဓား၏ အရှိန်အဟုန်သည် ရပ်တန့်မနေခဲ့ဘဲ၊ သူမမျက်နှာကို တိုက်ရိုက် လှီးဖြတ်လာ‌တော့သည်။

ကျိုးခဲ့ရှင်းသည် သူမ၏ ခေါင်းနှင့် ထိတွေ့တော့မည့် ဓားအလင်းတန်းကို ကူရာကယ်ရာမဲ့စွာဖြင့် စောင့်ကြည့်နေရုံသာ တတ်နိုင်တော့သည်။

အကယ်၍ ဓားသွားသာ အပြည့်အဝ ကျဆင်းလာခဲ့မည်ဆိုပါက သူမသည် သေချာပေါက် သေဆုံးလုနီးပါး ဖြစ်သွားရလိမ့်မည် ဖြစ်သည်။

“ ချွမ် !! “

ဓားသွားသည် သူမ၏ မျက်နှာကို အနည်းငယ်သာ ထိခတ်သွားခဲ့သော်လည်း ကြောက်မက်ဖွယ်ကောင်းသော အမာရွတ်တစ်ခုကို ဖြစ်ပေါ်သွားစေခဲ့သည်၊ ရှုကျိုးသည် သူ၏ဓားကို အချိန်မှီ ပြန်ရုတ်လိုက်ပြီး၊ သူမ ပွဲချင်းပြီး သေဆုံးသွားရမည်ကို တားဆီးလာခဲ့သည်။

ရှုကျိုးကား ငတုံး မဟုတ်ပေ၊ ဤနေရာသည် သေခြင်း၊ ရှင်ခြင်း ပြိုင်ကွင်း မဟုတ်ပေ။

သူမည်မျှပင် တရားမျှတ၊ မှန်ကန်နေပါစေ၊ တစ်စုံတစ်ဦးကို သတ်လိုက်မည်ဆိုပါက သူသည် ကြီးလေးသော တာဝန်ဝတ္တရားကို ယူရမည် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ကျိုးခဲ့ရှင်းသည် ကျိုးပဲ့ပျက်စီးနေသည့် ဓားတိုကို ကိုင်၍ အပေါ်ဘက်သို့ မြှောက်ထားသည့် အနေအထားဖြင့် မတ်တပ်ရပ်နေသေးစဲဖြစ်သည်။

တတိယနှစ် အတန်းသုံးတစ်ခုလုံး အလွန်အမင်း တိတ်ဆိတ်ငြိမ်သက်နေလျက်ရှိ၏။

အားလုံးသည် ရှေ့ရှိမြင်ကွင်းကို တအံ့တဩဖြင့် စိုက်ကြည့်နေကာ တုန်လှုပ်သွားကြသည့်ပုံပင်။

လီရို့ရှီ၏ လှပသော မျက်လုံးလေးများပင် အနည်းငယ် ပြူးကျယ်နေပြီး၊ ရှာပါးသော အံ့အားသင့်နေသည့် အမူအရာတစ်ခုကို သူမ၏မျက်နှာထက်တွင် ဆင်မြန်းထားခဲ့သည်။

စက္ကန့်ပိုင်းမျှအကြာတွင် လေ့ကျင့်ရေး အခန်းတစ်ခန်းလုံး ပွက်လောရိုက် ဆူညံလာတော့သည်။

“ နှစ်ကွက်တည်းလား? “

“ ရှုကျိုးက ကျိုးခဲ့ရှင်းကို နှစ်ကွက်တည်းနဲ့ အမှောက်သိပ်လိုက်တာလား? “

ထိုအခိုက်အတန့်တွင် လူတိုင်း တအံ့တဩဖြစ်နေလျက်ရှိသည်။

ကျိုးခဲ့ရှင်းသည် စီနီယာ အထက်တန်းကျောင်းသူတစ်ဦးဖြစ်ပြီး၊ သူမသည် သုံးနှစ်လေ့ကျင့်ခဲ့ပြီးပြီဖြစ်ကာ သူမ၏အတန်းထဲမှာပင် ထိပ်ဆုံး ၁၀ဦးစာရင်းဝင်လေသည်။

ရှုကျိုးရဲ့ လက်ထဲမှာ သူမက နှစ်ကွက်တောင် တောင့်မခံနိုင်ဘူးလားဟ?

ကျိုးခဲ့ရှင်း၏ အမူအရာကို မှန်းဆကြည့်ရခြင်းဖြင့် သူမ ခံစားနေရ‌သော ထိုးနှက်ချက်သည် အားလုံးထင်ထားသည်ထပ် ပို၍ဆိုးရွားနေခဲ့သည့်ပုံပင်။

သူမ လုံးဝ ကြွေမွသွားခဲ့ပြီဖြစ်သည်။

ထိုစဥ် လီရို့ရှီဘေးရှိ လင်းရှီရှီ၏ လှပသော မျက်နှာလေးများ ပြူးကျယ်နေပြီး၊ ဖြူစင်ကာ လှပသော မျက်နှာလေးပေါ်တွင် အံ့ဩတုန်လှုပ်မှုများဖြင့်ပြည့်နှက်နေခဲ့သည်။

“ ဒီလူက …… တကယ့် မွန်းစတားပဲ !! “ သူမသည် မနေနိုင်တော့ဘဲ၊ ရေရွတ်ပြောဆိုလိုက်သည်။

၎င်းကို ကြားလိုက်ရသောအခါတွင် လီရို့ရှီသည် ဘေးဘက်သို့ လှည့်လာကာ သူမကို စိုက်ကြည့်လိုက်သည်။

ထိုအခါမှသာလျှင် လင်းရှီရှီသည် သတိပြန်ဝင်လာခဲ့ပြီး၊ ချက်ချင်း မေးမြန်းလာခဲ့သည် “ ရို့ရှီ၊ နင့်မောင်လေးရဲ့ ချီ-သွေးက ဘယ်လောက်တောင် မြင့်နေတာလဲ? ဘယ်လိုလုပ်ပြီးတော့ ဒီလောက်တောင် သန်မာနေရတာလဲ? “

လီရို့ရှီသည် မည်သို့မျှ မတုံ့ပြန်လိုက်ပေ။

သူမသည် သူမ၏ခေါင်းလေးကို လှည့်ကာ ရှုကျိုးအား မယုံကြည်နိုင်ဖြစ်နေသော အကြည့်များဖြင့် ငေးကြည့်နေတော့သည်။

တကယ်ပဲ၊ အဲ့ကောင်ရဲ့ ချီ-သွေးက အဲ့လောက်တောင် မြင့်နေတာလား?

ဤရက်များအတွင်းတွင် သူမသည် ရှုကျိုး၏ လေ့ကျင့်မှုကို များစွာအာရုံမစိုက်ခဲ့ပေ၊ ထို့ကြောင့် သူမသည် သူ၏တိုးတက်မှုကို လုံးဝသတိမပြုခဲ့ပေ။

ရလဒ်အနေဖြင့် ရှုကျိုး၏ ပြသမှုသည် သူမ၏တည်ငြိမ်မှုကိုပင် ဆုံးရှုံးလုနီးပါး ဖြစ်သွားစေခဲ့သည်။

…

တစ်ခြားလူများ၏ အကြည့်များကို လျစ်လျူရှုထားပြီး၊ ရှုကျိုးသည် သူသည် ဆေဘာကို ဓားအိမ်ထဲပြန်ထည့်ကာ လီရို့ရှီထံသို့ လမ်းလျှောက်လာခဲ့သည်။

“ အစ်မ၊ နင့်ရဲ့ အတန်းဖော်ကို ငါအရမ်းခက်ခဲသွားအောင် မလုပ်ခဲ့ဘူးနော် “ ဟု ပြောလိုက်သည်။

လီရို့ရှီမှ သူ့အား မျက်စောင်းထိုးလာတော့သည်၊ အဲ့တာက ခက်ခဲအောင် မလုပ်ခဲ့ဘူးလို့ ခေါ်တာလား?

သူမသည် ယခုတွင် ကြောက်မက်ဖွယ်ကောင်းသော အမာရွတ်မျက်နှာဖြင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော ကျိုးခဲ့ရှင်းကို တစ်ချက် ငေးကြည့်လိုက်သည်။

မိန်းကလေးတစ်ဦးအတွက် မျက်နှာအလှ ထိခိုက်သွားခြင်းသည် မိုးပြိုခြင်းထပ်ပင် ပို၍ ကြောက်စရာကောင်းနေခဲ့သည်။

သို့ရာတွင် လီရို့ရှီသည် ရှုကျိုး၏ ဆိုလိုရင်းကို နားလည်နေခဲ့သည်။

ယခင်က သူမသည် ရှုကျိုးအား ဟွမ်ဟောင်ကို ဒုက္ခိတလုံးလုံး ဖြစ်အောင်မလုပ်ခဲ့ခြင်းအတွက် ဝေဖန်ပြစ်တင်ခဲ့ဖူးပြီး၊ သူသည် သူမ၏စကားများကို စိတ်ထဲတွင် မှတ်ထားခဲ့သည့်ပုံပင်။

ကျိုးခဲ့ရှင်းမှ တိုက်ခိုက်ခဲ့သည့်အချိန်တွင် သူမသည် သူမ၏ဓားဖြင့် ရှုကျိုး၏မျက်နှာကို ချိန်ရွယ်ထားခဲ့ပြီး မည်သည့်သနားကြင်နာမှုမှ မပြသခဲ့ပေ။

ထို့ကြောင့် ရှုကျိုး၏ အပြုအမူများမှာ နားလည်လက်ခံနိုင်ပေသည်။

ဤတစ်ကြိမ်တွင် ကျိုးခဲ့ရှင်း သတိပြန်ဝင်လာခဲ့သည်။

သူမ၏မျက်နှာပေါ်ရှိ ကြောက်မက်ဖွယ်ကောင်းသော အမာရွတ်ကို ရှာတွေ့သွားသောအခါတွင် သူမသည် ဝမ်းခေါင်းသံကြီးဖြင့် အော်ဟစ်လာခဲ့သည်။

“ ရှုကျိုး !! “သူမသည် သူမ၏ မျက်နှာကို ထိကာ ရှုကျိုးကို ဒေါသတကြီး စိုက်ကြည့်လာခဲ့သည်။

ရှုကျိုးသည် သူမကို လှည့်ကြည့်လိုက်သည်၊ သူ၏အမူအရာသည် တည်တည်ငြိမ်ငြိမ်သာ ဖြစ်နေခဲ့သည် “ တကယ့်တိုက်ပွဲမှာ၊ ဓားတွေဆီမှာ မျက်လုံးတွေ မရှိဘူး၊ မင်း မေ့သွားတာလား? “

“ နင် … “ ကျိုးခဲ့ရှင်းသည် ဒေါသထွက်လွန်းသဖြင့် မျက်နှာ နီရဲနေခဲ့ပြီး၊ အဆုံးတွင် လေ့ကျင့်ရေး အခန်းထဲမှ ပြေးထွက်သွားခဲ့သည်။

…………………………………………………………………………………………………

အပိုင်း ( 33 )

လီရို့ရှီ၏ သဘောတူညီမှု

လင်းဂျန် ပထမ အထက်တန်းကျောင်း၏ အနောက်ဘက်တောင်တန်းတွင် လှပသော မဏ္ဍပ်တစ်ခု ရှိနေခဲ့သည်။

ထိုအချိန်တွင် လျူဟီနှင့် ဟွမ်ယွင်ရွှယ်တို့သည် မဏ္ဍပ်ထဲတွင် မျက်နှာချင်းဆိုင်ထိုင်နေခဲ့သည်။

“ အစ်ကိုလျူ “ ဟွမ်ယွင်ရွှယ်သည် ဖြူဖြူဖွေးဖွေး လူငယ်တစ်ဦးကို ကြည့်၍ ပြောလာခဲ့သည် “ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူက ဆယ်ရက်ကျော်အတွင်း ဖွင့်တော့မှာနော် “

“ သူမက မင်းနဲ့ အဖွဲ့ဖွဲ့ဖို့ သဘောမတူသေးဘူးလား? “

လျူဟီ အလွန်ဂရုစိုက်သော လူကား လီရို့ရှီသာလျှင် ဖြစ်သည်။

လျူဟီသည် သူ၏အမေးအား ပေါ့ပေါ့ပါးပါး ပြန်ဖြေလာခဲ့သည် “ လောဖို့ မလိုပါဘူး၊ သူမ သဘောတူလာလိမ့်မယ် “

“ အစ်ကိုလျူ “ ဟွမ်ယွင်ရွှယ်သည် တလေးတနက်ဖြင့် ပြောလာခဲ့သည် “ ကျွန်တော် လီရို့ရှီကို ကောင်းကောင်းကြီး သိတယ်၊ သူမက စိတ်ဓာတ်ခိုင်မာတယ်၊ ပြီးတော့ တစ်ခုခုကို ဆုံးဖြတ်လိုက်ပြီးတာနဲ့ အလွယ်တကူ စိတ်ပြောင်းသွားမှာ မဟုတ်ဘူး “

“ ဘာလို့ မင်းက ငါနဲ့ အဖွဲ့မဖွဲ့ရတာလဲ? ကျုပ်တို့က နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲကို ရောက်သွားရင် သူမကို အတူတူ လိုက်ရှာလို့ရတာပဲ “

၎င်းကိုကြားလိုက်ရသောအခါတွင် လျူဟီမှ ခေါင်းခါပြလာခဲ့သည်။

“ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူရဲ့ တားမြစ်နယ်မြေက အကျယ်ကြီးပဲ၊ ငါတို့က တည်နေရာကူးပြောင်းလိုက်တာနဲ့ ဆင်းသက်ရာ အမှတ်တွေက ကြုံရာကျပန်း ဖြစ်နေမှာ၊ ငါတို့ ဘယ်လိုလုပ်ပြီးတော့ သူမကို ရှာနိုင်မှာလဲ? “

သူသည် ဖြည်းညှင်းစွာ ပြောဆိုလာခဲ့သည် “ အဖွဲ့ဖွဲ့ပြီးတော့ အတူတူ ချိတ်ဆက်ထားမှပဲ တည်နေရာတစ်ခုတည်းကို အတူတူရောက်သွားမှာ “

ဟွမ်ယွင်ရွှယ်မှ အံတကြိတ်ကြိတ်ဖြင့် ပြောလာခဲ့သည် “ တကယ်လို့ အကုန်ကျရှုံးသွားမယ်ဆိုရင်၊ ကျုပ်တို့က အင်အားသုံးမယ် “

လျူဟီသည် သူ့ကို တစ်ချက်ကြည့်လာခဲ့ပြီး၊ ပြုံးစစဖြစ်နေခဲ့သည်၊ သို့သော် သတိပေးနေသော အရိပ်အမြွက်များ ပါဝင်နေခဲ့သည် “ ဟွမ်ယွင်ရွှယ်၊ မင်းက လီရို့ရှီအပေါ်မှာ လက်စားချေချင်နေတယ်ဆိုတာကို ငါသိတယ်၊ ဒါပင်မဲ့ ငါ့ကိစ္စမပြီးမချင်း သူမကို မထိဖို့ မင်းကိုငါ အကြံပေးလိုက်မယ် “

“ ငါပျင်းသွားရင်တော့၊ မင်းအလှည့်ပေါ့၊ နားလည်လား? “

“ နားလည်ပါတယ် “ ဟွမ်ယွင်ရွှယ် ခေါင်းငုံ့သွားခဲ့သည်၊ သူ၏မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အရိပ်အမြွက်များ ထင်ဟပ်နေခဲ့သည်။

သူသည် လျူဟီက နူးညံ့သိမ်မွေ့သည့်ပုံသော်လည်း အတော်လေး ရက်စက်ကြမ်းတမ်းတတ်သည်ဆိုသည်ကို ကောင်းစွာ သိနေခဲ့သည်။

ထို့အပြင် လျူဟီသည် အတွင်းမြို့တော်မှ ထင်ရှားသော မိသားစုတစ်ခုမှလာပြီး၊ သူ၏ နောက်ခံသည် အတော်လေး ဩဇာလွှမ်းမိုးမှုရှိသည်။

သူသည် သတိပေးချက်ကို ပေါ့ပေါ့တန်တန် သဘောမထားရဲပေ။

ထိုအချိန်တွင် ရုပ်သွင်တစ်ခုသည် တောင်ခြေမှ ငိုယို၍ ပြေးတက်လာခဲ့သည်။

“ အစ်ကိုလျူ !! “

အဝေးမှ ကျိုးခဲ့ရှင်းသည် ငိုယိုကာ အော်ပြောလာခဲ့သည် “ လီရို့ရှီက ကျွန်မ စကားကို နားမထောင်ဘူး၊ ကျွန်မကိုတောင် ရုပ်ပျက်ဆင်းပျက်ဖြစ်သွားအောင် လုပ်ခဲ့တယ် “

သူမသည် သူတို့ဆီသို့ ပြေးလာခဲ့ကာ သူမမျက်နှာပေါ်ရှိ အမာရွတ်ကို ပြသလာခဲ့သည်။

၎င်းကို မြင်လိုက်ရသောအခါတွင် လျူဟီ၏ မျက်ခုံးများ တွန့်ကွေးသွားခဲ့သည်။

ကျိုးခဲ့ရှင်းသည် ဆက်၍ ငိုယိုကာ စောဒကတက်လာခဲ့သည် “ အစ်ကိုလျူ၊ ကျွန်မက ဘယ်လောက်ပဲ ဆွဲဆောင်နေပါစေ၊ သူမက နားမထောင်ဘူး ပြီးတော့ သူမက ရှုကျိုးနဲ့အဖွဲ့ဖွဲ့ဖို့ ဆုံးဖြတ်ထားတယ်။ အဲ့ကိစ္စနဲ့ပတ်သက်ပြီးတေ့ ကျွန်မ တကယ်ကို ဘာမှလုပ်ပေးလို့ မရဘူး “

သူမသည် သူမ၏မျက်နှာကို ဖုံးအုပ်ကာ ကူရာကယ်ရာမဲ့စွာဖြင့် ကြည့်လာခဲ့သည်။

လျူဟီသည် စကားမပြောခဲ့ပေ၊ သူ၏အမူအရာသည် အလွန်သုန်မှုန်သွားခဲ့သည်။

ဘေးနားရှိ ဟွမ်ယွင်ရွှယ်၏ မျက်လုံးများထဲတွင် ပျော်ရွှင်မှု အရိပ်အမြွက်များ ထင်ဟပ်သွားခဲ့သော်လည်း၊ သူသည် အံ့ဩဟန်ဆောင်၍ မေးလာခဲ့သည် “ ဘာလဲ? လီရို့ရှီက ရှုကျိုးနဲ့ အဖွဲ့ဖွဲ့ချင်နေတာလား? သူမက ရူးသွားတာလား? “

ထို့နောက်တွင် သူသည် လေသံတိုးတိုးဖြင့် ပြောလိုက်သည် “ အစ်ကိုလျူ၊ လီရို့ရှီက ပထမနှစ်က သူမမောင်လေးနဲ့ အဖွဲ့ဖွဲ့ဖို့ လုပ်ထားတယ်ဆိုတော့၊ သူမက မင်းကို ငြင်းဖို့ ဆုံးဖြတ်ထားတဲ့ပုံပဲ “

လျူဟီသည် သူ၏လက်သီးများကို အသာဆုပ်လိုက်ပြီး၊ သူ၏မျက်လုံးများထဲတွင် ဒေါသ (သို့) အမည်မသိရသော အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့သည်။

ထို့နောက်တွင် သူသည် ပြန်၍ တည်ငြိမ်သွားခဲ့ပြီး၊ ခေါင်းငြိမ့်လာခဲ့သည် “ ကောင်းတယ်၊ အရမ်းကောင်းတယ် “

“ တကယ်လို့ သူမက နူးညံ့တဲ့ ချဥ်းကပ်မှုကို လက်ခံဖို့ ဆန္ဒမရှိဘူးဆိုတော့၊ ငါတို့က ကြမ်းတမ်းတဲ့ဟာကို သုံးကြတာပေါ့ “

သူ၏ အမူအရာကို စောင့်ကြည့်နေသော ဟွမ်ယွင်ရွှယ်၏ မျက်နှာပေါ်တွင် ဖျော့တော့သော အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။

ထို့နောက်တွင် သူသည် ခေါင်းကို ငုံ့လိုက်ပြီး လက်ချောင်းလေးချောင်းသာ ကျန်နေတော့သည့် သူ၏ညာလက်ကို ကြည့်လိုက်ပြီး၊ သူ၏မျက်လုံးများထဲတွင် အမုန်းတရားများဖြင့် ပြည့်နှက်နေခဲ့သည်။

“ လီရို့ရှီ၊ ရှုကျိုး …….. “ ဟွမ်ယွင်ရွှယ်မှ စိတ်ထဲတွင် ပြောဆိုနေခဲ့သည် “ မင်းတို့က နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲကို ဝင်ဖို့ အဖွဲ့ဖွဲ့လိမ့်မယ်လို့ ဘယ်သူက ထင်ထားခဲ့မိမှာလဲ? “

“ အရမ်းကောင်းတယ်။ ရှုကျိုး၊ ငါက လီရို့ရှီကို သတ်နေတဲ့မြင်ကွင်းကို မင်းကို ကြည့်ခိုင်းမယ် “

ကြောက်မက်ဖွယ်ကောင်းလှသော သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်သည် ဟွမ်ယွင်ရွှယ်၏ မျက်လုံးများထဲတွင် ပေါ်လာခဲ့သည်။

…

တတိယနှစ် အတန်းသုံး၏ လေ့ကျင့်ရေး အခန်း၌

အတန်းသုံးမှ ကျောင်းသူကျောင်းသားတို့သည် စိတ်အခြေအနေများ ပြန်၍ တည်ငြိမ်သွားခဲ့ပြီ ဖြစ်သည်။

ထို့နောက်တွင် မိန်းကလေးအများစုသည် သူမတို့၏ တောက်ပနေသော မျက်လုံးများဖြင့် ရှုကျိုးကို ငေးကြည့်နေကြသည်။

ရှုကျိုးသည် အတော်လေး ချောမောပြီး၊ ယခုတွင် သူ၏ချီ-သွေး တိုးတက်မှုသည် သူအသွင်အပြင်ကို ပို၍ကြွက်သားများ ပေါများသွားစေခဲ့ပြီး၊ ချွန်ထက်သော မျက်ခုံးများနှင့် တောက်ပသော မျက်လုံးတို့ဖြင့် ပို၍ ကြည့်ကောင်းသွားစေခဲ့သည်။

ထို့အပြင် သူထုတ်ဖော်ပြသခဲ့သည့် ထူးခြားသော အစွမ်းသည် များစွာသော စီနီယာအစ်မတို့၏ နှလုံးသားများကို ဖမ်းစားသွားခဲ့သည်။

ထိုအချိန်တွင် လှပသော စီနီယာ အစ်မအနည်းငယ်သည် ရှုကျိုး၏ ဆက်သွယ်ရမည့် အချက်အလက်များကို တောင်းရန်အတွက် အနားသို့ပင် ချဥ်းကပ်သွားကြသည်။

ထိုအခြေအနေနှင့် ရင်ဆိုင်လိုက်ရသောအခါတွင် ရှုကျိုးသည် အနည်းငယ် ကြောက်လန့်သွားခဲ့သည်။

သို့သော် သူသည် မငြင်းပယ်နိုင်ခဲ့ဘဲ၊ သူ၏ဖုန်းကို ထုတ်ကာ သူမတို့ကို တစ်ယောက်ချင်း လိုက်addပေးနေရတော့သည်။

အနည်းငယ်ကို addခဲ့ပြီးသည့်နောက်တွင် လီရို့ရှီသည် သည်းမခံနိုင်တော့ဘဲ၊ သူ့ကို ဆွဲထုတ်လာတော့သည်။

“ သူတို့က ဘွဲ့ရတော့မဲ့ စီနီယာတွေလေ သူတို့ကို ဘာအတွက်addနေမှာလဲ? “ ဟု သူမမှ ပြောလာခဲ့သည်။

ရှုကျိုးသည် အနည်းငယ် ဇဝေဇဝါဖြစ်သွားပြီး၊ တီးတိုးပြောဆိုလာခဲ့သည် “ သူတို့ကို addလိုက်တာက …….. “

လီရို့ရှီသည် သူ့ကို စိုက်ကြည့်ကာ မေးလာခဲ့သည် “ နင့်ရဲ့ ချီ-သွေးက ဘာဖြစ်နေတာလဲ? တရားမဝင်တဲ့ ဆေးတွေဘာတွေတော့ မသုံးခဲ့ဘူးမလား? “

ရှုကျိုး၏ ချီ-သွေးသည် အလွန်မြန်ဆန်စွာ တိုးတက်လာခဲ့သောကြောင့် သူမသည် ၎င်းက ပုံမှန်မဟုတ်ဘူးဆိုသည်ကို သဘောပေါက်သွားခဲ့သည်။

ရှုကျိုးကား ဖြေရှင်းချက်တစ်ခုကို စဥ်းစားထားပြီးသားဖြစ်သည် “ မမှတ်မိဘူးလား? ငါ့ရဲ့ စွမ်းရည်က တော်တော်ကြီးကို ထူးခြားတယ်၊ ချီ-သွေးက မြန်မြန်ဆန်ဆန် တိုးတက်လာနိုင်တယ် “

လီရို့ရှီသည် သူ့အား တစ်ခဏခန့် အလေးအနက်ထား၍ စိုက်ကြည့်နေခဲ့ပြီး၊ ပြောလာခဲ့သည် “ နင်သာ တရားမဝင်တဲ့ ဆေးတွေ မသုံးသရွေ့ပေါ့ “

သူမသည် ရှုကျိုးထံတွင် လျှို့ဝှက်ချက်တစ်ချို့ ရှိနေသည်ဟု မှန်းဆမိနေခဲ့သည်။

အကယ်၍ ၎င်းကသာ စွမ်းရည်လေး တစ်ခုသာဆိုပါက၊ ၎င်းသည် ထိုကဲ့သို့သော မြန်ဆန်လွန်းလှသော ကျင့်ကြံရေး တိုးတက်မှုကို ရှင်းပြနိုင်မည် မဟုတ်ပေ။

သို့ရာတွင် သူမသည် ဖိအားဆက်မပေးခဲ့ပေ၊ ကြီးပျင်းလာသော မောင်လေးအတွက် လျှို့ဝှက်ချက် အနည်းငယ်ရှိနေခြင်းက ပုံမှန်သာလျှင် ဖြစ်သည်။

၎င်းကို မြင်လိုက်ရသောအခါတွင် ရှုကျိုးသည် တိတ်တဆိတ် စိတ်သက်သာရာရသွားခဲ့သည်။

သူသည် ချက်ချင်း ပြုံးပြကာ ပြောလိုက်သည် “ ဒီတိုက်ပွဲမှာ ငါ ကောင်းကောင်းလေး တိုက်ခိုက်ခဲ့တယ်လေ၊ ဟုတ်တယ်မလား? “

“ အင်း၊ တော်တော်လေး ကောင်းပါတယ် “ လီရို့ရှီမှ သူ့အား ရှားရှားပါးပါး အသိအမှတ်ပြုလာခဲ့သည်၊ ထို့နောက်တွင် ထပ်ဖြည့်ပြောလာခဲ့သည် ” ဒါပင်မဲ့ နောက်ဆိုရင် မဆင်မခြင် သိပ်မလုပ်နဲ့ “

“ မဆင်မခြင် မလုပ်ပါဘူး၊ ငါက နင့်အတွက် ရပ်တည်ပေးဖို့ လိုအပ်လို့ပါ “ ရှုကျိုးမှ ပြန်ပြောလိုက်သည်။

“ ဘယ်သူက နင့်ရဲ့ အကူအညီကို လိုနေလို့လဲ? “ လီရို့ရှီမှ ငြင်သာစွာ အော်လာခဲ့သည်။

ထိုကဲ့သို့ ပြောလိုက်သော်လည်း ရှုကျိုးကို ကြည့်နေသည့် သူမ၏ အကြည့်သည် ယခင်ကလောက် အေးစက်မနေတော့ဘဲ၊ နူးညံ့မှု အရိပ်အမြွက်များပင် ပါဝင်နေခဲ့သည်။

ရှုကျိုးသည် တခစ်ခစ် ရယ်မောကာ ဆက်ပြောလာခဲ့သည် “ အစ်မ၊ အခု ငါနင်နဲ့ အဖွဲ့ဖွဲ့လို့ရပြီလား? “

“ အင်း “ လီရို့ရှီသည် သူ့အား သူမ၏ ရွှန်းလဲ့တောက်ပနေသော မျက်လုံးလေးများဖြင့် ကြည့်လာခဲ့ပြီး၊ သူမ၏အသံသည် ခါတိုင်းလိုပင် ပြန်၍ အေးစက်သွားခဲ့သည် “ ဒါပင်မဲ့ နင်က ငါ့စကားကို နားထောင်ရမယ် “

“ ကောင်းပြီ၊ အိုကေလေ “ ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်၊ ထို့နောက်တွင် တစ်စုံတစ်ခုကို အမှတ်ရသွားခဲ့သည် “ အို့၊ ဟုတ်သားပဲ၊ အဲ့လျူဟီက နင့်ကို ပြဿနာ ဖြစ်စေမှာတော့ မဟုတ်ဘူးမလား? “

လီရို့ရှီမှ ခေါင်းခါရမ်းပြလာခဲ့သည် “ ကျောင်းထဲမှာ သူငါ့ကို ဘာမှလုပ်မှာ မဟုတ်ဘူး “

၎င်းကို ကြားလိုက်ရသောအခါတွင် ရှုကျိုးသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။

ယခင်က သူသည် နဂါး-ကျားစာရင်းပေါ်မှ အဆင့်၁ပုဂ္ဂိုလ်ကို အလွန်သတိထားနေခဲ့သော်လည်း များစွာ အလေးမထားခဲ့ပေ။

ယခု၌ သူ၏စွမ်းအားများ လျင်မြန်စွာ တိုးတက်လာခဲ့ပြီးသည့်နောက်တွင် သူသည် နဂါး-ကျားစာရင်းပေါ်မှ ထိပ်ဆုံး ကျောင်းသူကျောင်းသား၁၀ဦး၏ အလေးချိန်များကို ပို၍နားလည်လာခဲ့ပြီ ဖြစ်သည်။

ဥပမာအားဖြင့် သူသည် ယခုတွင် ကျိုးခဲ့ရှင်းကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့သော်လည်း၊ နဂါး-ကျားစာရင်း၏ ထိပ်ဆုံး ၁၀ဦးစာရင်းဝင်ဖြစ်သည့် ဟွမ်ယွင်ရွှယ်ကဲ့သို့သော လူတစ်ဦးနှင့် ရင်ဆိုင်ရမည်ဆိုပါက ၎င်းသည် စိန်ခေါ်မှုတစ်ခု ဖြစ်လာလိမ့်မည် ဖြစ်သည်။

နံပတ်၁နေရာရှိ လျူဟီဆိုပါက ပြောနေရန်ပင် မလိုတော့ချေ။

“ လောဖို့ မလိုပါဘူး၊ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ ဖွင့်ဖို့က ဆယ်ရက်ကျော် လိုသေးတယ် “ ရှုကျိုးမှ ရေရွတ်ပြောဆိုနေခဲ့သည် “ ရက်အနည်းငယ်အတွင်းမှာပဲ၊ ဒီလအတွက် ကျင့်ကြံရေး အရင်းအမြစ်တွေ ရတော့မှာ၊ ငါ့အစွမ်းက ထပ်ပြီးတော့ တိုးတက်လာဦးမှာ “

…

လီရို့ရှီကို နှုတ်ဆက်လိုက်ပြီးသည့်နောက်တွင် ရှုကျိုးသည် တတိယနှစ် အတန်းသုံး လေ့ကျင့်ရေး အခန်းထဲမှ ထွက်သွားပြီး၊ တတိယနှစ် အဆောက်အဦးထဲမှ ထွက်သွားရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်တွင် အရပ်ရှည်ရှည် ရုပ်သွင် အများအပြားသည် အဆောက်အဦး၏ ဝင်ပေါက်တွင် ရုတ်တရက် ပေါ်လာခဲ့သည်။

“ ရှုကျိုးလား? “ ထိုလူများထဲမှ တစ်ဦးက စကားပြောလာခဲ့သည် “ မင်းလား? “

ထိုလူများကို မြင်လိုက်ရသောအခါတွင် ရှုကျိုး အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

ထိုလူများကြားတွင် သူသည် ခေါင်းဆောင်ဖြစ်သည့် ရှီလဲ့ကို မှတ်မိနေခဲ့ပြီး၊ သူသည် နဂါး-ကျားစာရင်းပေါ်တွင် အဆင့် ၂၀ချိတ်သော လူဖြစ်သည်။

“ မင်းတို့ စီနီယာကျောင်းသားတွေက ငါ့ဆီက ဘာလိုချင်နေတာလဲ? “ရှုကျိုးသည် သူတို့ကို ကြည့်ကာ တည်တည်ငြိမ်ငြိမ် မေးလိုက်သည်။

မျက်နှာချင်းဆိုင်မှ လူတစ်ဦးမှ ပြောလာခဲ့သည် “ လျူဟီက မင်းဆီကို သတင်းတစ်ခု ပို့ခိုင်းဖို့ ငါတို့ကို လွှတ်လိုက်တာ “

“ တကယ်လို့ မင်းက မင်းရဲ့အစ်မကို မသေစေချင်ဘူးဆိုရင်၊ သူမကို အစ်ကိုလျူနဲ့ အဖွဲ့ဖွဲ့ဖို့အတွက် ဖြောင်းဖြလိုက်။ ငါတို့ အတွင်းမြို့တော်က လူတွေက မင်းအစ်မကို မမျှမတ ဆက်ဆံမှာ မဟုတ်ဘူး “

ထိုလူများသည် အကြည့်များ ဖလှယ်လိုက်ပြီး၊ ရှုပ်ထွေးသော အပြုံးများဖြင့် ကိုယ်စီကိုယ်စီ ပြုံးနေကြတော့သည်။

ရှုကျိုးသည် သူတို့ကို အေးအေးဆေးဆေး ကြည့်ကာ ပြောလိုက်သည် “ မင်းတို့ကို အကြံပေးလိုက်မယ်၊ တကယ်လို့ မင်းတို့က ဒုက္ခိတတွေ မဖြစ်ချင်ဘူးဆိုရင်၊ ငါ့လမ်းကို လာမပိတ်နဲ့ “

ထိုစကားလုံးများ ထွက်ကျလာသည်နှင့်တစ်ပြိုင်နက် ထိုလူများ၏ အမူအရာသည် ချက်ချင်း မှုန်မှိုင်းသွားခဲ့သည်။

သို့သော် အဖွဲ့ခေါင်းဆောင် ရှီလဲ့သည် လျင်မြန်စွာ ပြုံး၍ သူ၏အဖော်များကို နောက်ဆုတ်ရန် အချက်ပြလိုက်သည် “ သူနဲ့ တိုက်ခိုက်ဖို့ မလုပ်နဲ့၊ တကယ်လို့ ငါတို့က သူ့ကို နာကျင်အောင် လုပ်မိသွားမယ်ဆိုရင်၊ လီရို့ရှီက ငါတို့ကို ပြဿနာ လာရှာလိမ့်မယ် “

ထိုကဲ့သို့ ပြောလိုက်ပြီးသည့်နောက်တွင် သူသည် ဘေးတစ်ဖက်သို့ ရွှေ့လိုက်ရာ တစ်ခြားလူများကလည်း ထိုကဲ့သို့ လိုက်လုပ်လာကြသည်။

ရှုကျိုးသည် ‌တည်တည်ငြိမ်ငြိမ်ဖြင့် သူတို့ဘေးမှ ဖြတ်လျှောက်သွားတော့သည်။

ရှီလဲ့သည် အနောက်မှ အော်ပြောလာခဲ့သည် “ ဂျူနီယာ၊ ငါမင်းကို သတိပေးလိုက်မယ်၊ တကယ်လို့ မင်းမသေချင်ဘူးဆိုရင်၊ မင်းအစ်မနဲ့အတူ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူကို မသွားနဲ့၊ အဲ့တာက တော်တော်လေး အန္တရာယ်များတယ် “

“ ဟားဟားဟားဟား “

တစ်ခြားလူများသည် အကြောင်းပြချက် မရှိဘဲ အော်ရယ်လာကြသည်။

ရှုကျိုးသည် တတိယနှစ် အဆောက်အဦးမှ တည်တည်ငြိမ်ငြိမ်ဖြင့် ထွက်သွားခဲ့သော်လည်း သူ၏ မျက်လုံးများထဲတွင် အေးစက်မှု၏ အရိပ်အယောင်များ ထင်ထင်ရှားရှား ရှိနေခဲ့သည်။

“ အတွင်းမြို့တော် ….. “ ရှုကျိုးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူသည် ယခင်က လီရို့ရှီ၏ ကျင့်ကြံရေး အရင်းအမြစ်များကို လုယူသွားသည့်လူများက ထိုလူများ ဖြစ်နေနိုင်သည်ဟု သိနေခဲ့သည်။

ယခုတွင်ကား သူတို့သည် သူ့ကိုပင် ပြဿနာလာရှာနေခဲ့ပြီ ဖြစ်သည်။

ရှီလဲ့ကဲ့သို့ နဂါး-ကျား စာရင်းပေါ်မှ အဆင့်၂၀ချိတ်သည့် လူတစ်ဦးနှင့် ရင်ဆိုင်ရသောအခါတွင် ရလဒ်ကို မှန်းဆရန် ခက်ခဲလွန်းလှသည်။

သူသိထားရသလောက်သာဆိုပါက ရှီလဲ့သည် တိုက်ခိုက်ရေး နည်းစနစ်နှစ်ခုလုံးတွင် အထွတ်အထိပ်သို့ ရောက်နေခဲ့ပြီး၊ သူ၏ ချီ-သွေးမှာလည်း သူ့ထပ်ပို၍ မြင့်မားနေမည် ဖြစ်သည်။

အကယ်၍ သူသာ သူ့ကို အနိုင်တိုက်နိုင်ခဲ့မည်ဆိုလျှင်တောင်မှ ၎င်းသည် ခက်ခဲကြမ်းတမ်းသော အောင်ပွဲတစ်ခုဖြစ်သွားလိမ့်မည် ဖြစ်သည်။

သို့သော် ရှုကျိုးသည် အလျင်စလို မဖြစ်သွားခဲ့ပေ။

ဤလအတွက် ထိပ်တန်း အယောက် ၁၀၀စာရင်းဝင်တို့၏ ကျင့်ကြံရေး အရင်းအမြစ်များ ရရှိခဲ့ပြီးသည့်နောက်တွင် ဟွမ်ယွင်ရွှယ်ဖြစ်စေ၊ အတွင်းမြို့တော်မှ လူများဖြစ်စေ၊ သူသည် သူတို့အားလုံးကို တစ်ခါတည်း ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်သည်။

…

သူ့နောက်ရှိ လူတစ်ဦးမှ ရေရွတ်ပြောဆိုလာခဲ့သည် “ အစ်ကိုလဲ့၊ ဒီကောင်လေးက တကယ် မောက်မာတာပဲ “

ရှီလဲ့ကား ဒေါသမထွက်သွားဘဲ၊ ခပ်ဖျော့ဖျော့သာ ပြုံးနေခဲ့သည် “ သူ့ရဲ့ ကိုယ်ပိုင်စွမ်းအားနဲ့ အစွမ်းထက်တဲ့ သူ့အစ်မနဲ့ဆိုရင်၊ မောက်မာတာက ပုံမှန်ပါပဲ “

“ ပြီးတော့ အခုဆိုရင် အဲ့ကောင်လေးက တော်တော်လေးကို နာမည်ကြီးနေပြီ၊ သူ့ရဲ့ စွမ်းရည်က အတွင်းမြို့တော်အထိတောင် ပျံ့နေပြီ “

ထိုလူများသည် အနည်းငယ် အံ့ဩသွားကြသည် “ အတွင်းမြို့တော်လား? “

ရှီလဲ့မှ ခေါင်းငြိမ့်ပြလာခဲ့သည် “ ကျောင်းအုပ်ကြီးက ဟွမ်ယွင်ရွှယ်ကို လူသိရှင်ကြား အပြစ်ပေးလိုက်တဲ့ အကျိုးသက်ရောက်မှုက တော်တော်လေး လှုပ်ခတ်မှု ရှိသွားခဲ့တယ်။ အခုဆိုရင် အတွင်းမြို့တော်က မိသားစုတော်တော်များများက ငါတို့ကျောင်းက အထူး Sအဆင့် စွမ်းရည်ကို သိသွားကြပြီ “

“ ဒီကောင်လေး မောက်မောက်မာမာ ဖြစ်နေတာက အံ့ဩစရာ မဟုတ်တော့ဘူးပဲ “

သူတို့သည် အနည်းငယ် စိတ်ရှုပ်ထွေးသွားကြသည်။

ရှီလဲ့မှ ပေါ့ပေါ့ပါးပါး ပြုံးနေခဲ့သည် “ စိတ်ထဲ ထားမနေကြနဲ့၊ သူက ပြင်ပခရိုင်ကပဲ။ အဲ့ဒီစွမ်းရည်နဲ့ဆိုရင်တောင်မှ သူက အတွင်းမြို့တော်ရဲ့ရှေ့မှာ ဘာမှ မဟုတ်ဘူး “

“ ပြင်ပခရိုင်က အတော်ဆုံး လူက အတွင်းမြို့တော်က သာမန်လူနဲ့တောင် ယှဥ်နိုင်မှာ မဟုတ်ဘူး။ အဲ့တာက မူလဇစ်မြစ် ကွဲပြားချက်ပဲ “

“ ပြီးတော့ သူက အတော်ဆုံးတောင် မဟုတ်ဘူး “

ရှီလဲ့မှ ပေါ့ပေါ့ပါးပါး ပြောလာခဲ့သည် “ အစ်ကိုလျူရဲ့ အစွမ်းကို သိသွားတာနဲ့၊ သူက ကောင်းကင်ကို မျှော်ကြည့်နေတဲ့ ရေတွင်းအောက်က ဖားဆိုတာကို သိသွားလိမ့်မယ် “

တစ်ခြားလူများကလည်း အထင်သေးနေသော အမူအရာများဖြင့် ခေါင်းငြိမ့်လာကြသည်။

အရပ်ရှည်ရှည်ဖြင့် အေးစက်လှပသော ဓားရှည်ကိုင်ထားသည့် မိန်းကလေးတစ်ဦးကို မြင်လိုက်ရသောကြောင့် ရှီလဲ့၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

“ နားလည်မှုလွဲ …… “ ရှီလဲ့သည် အားယူ၍ အတင်း ပြုံးနေတော့သည်။

ဓားကိုင်ထားသော လီရို့ရှီသည် သူတို့အနားသို့ ချဥ်းကပ်လာခဲ့သည် “ ကြောက်နေတာလား? ငါ့ပစ္စည်းတွေ ယူသွားတုန်းက အကြောက်တရားကို မသိဘူးလား? “

“ နင့်ပစ္စည်းတွေကို ဘယ်သူယူတာလဲ? “ ရှီလဲ့သည် ဘာမှ မသိချင်ယောင်ဆောင်လာခဲ့သည်။

လီရို့ရှီသည် လှောင်ပြောင်နေသော အမူအရာဖြင့် အေးစက်စွာ ပြောလာခဲ့သည် “ ငါ့မောင်ကို ရေတွင်းအောက်က ဖားလို့ ခေါ်တယ်ဆိုတော့၊ ဒီနေ့မှာ ငါက နင်တို့ ငါ့ကို မြင်လိုက်တာနဲ့ အင်းစက်ပိုးမွှားတစ်ကောင်က ကောင်းကင်ကို မော့ကြည့်နေတာက ဘာနဲ့တူလဲဆိုတာကို နားလည်သွားအောင် လုပ်ပေးမယ် “

ထိုကဲ့သို့ ပြောလာခဲ့ပြီးနောက်တွင်၊ ဓားချက်တစ်ချက် ထွက်ပေါ်လာခဲ့သည်။

“ ဝုန်းးးးးး !! “

All Chapters