← Chapters

အခန်း (၃၄-၃၆)

Vol. 3 Ch. 34-36

အခန်း (၃၄-၃၆)

Vol. 3 Ch. 34-36

အပိုင်း ( 34 )

အတွင်းမြို့တော်မှ အထူး ခေါ်ယူမှု

အိမ်ပြန်ရောက်လာခဲ့ပြီးသည့်နောက်တွင်

ရှုကျိုးမှ အိပ်ခန်းတံခါးကို ဖွင့်လိုက်ရာ တဟုန်ထိုး ထွက်လာသည့် သားရဲ အနံ့အသက်တစ်ခုသည် သူ၏မျက်နှာကို ထိခတ်လာခဲ့သည်။

အိပ်ခန်းအတွင်း၌ ၁.၅မီတာ မြင့်ကာ အလျား ၂မီတာ ရှိသော သားရဲတစ်ကောင်သည် ကြမ်းပြင်ပေါ်တွင် ဝပ်နေခဲ့သည်။

၎င်း၏ အမွှေးများသည် ၎င်း၏ ခန္ဓာကိုယ်ကို အမြှီးအထိ ဖုံးလွှမ်းနေခဲ့ပြီး၊ ရွှေနက်ရောင် တောက်ပနေလျက်ရှိပြီး၊ ၎င်း၏ အတောင်ပံများသည် သံချပ်ကာတစ်ခုကဲ့သို့ ပြန့်ကားနေကာ အစွမ်းထက် ရောင်ဝါတစ်ခု ထွက်ပေါ်နေခဲ့သည်။

၎င်းသည် ဆေဘာသွား နဂါးသားရဲပင် ဖြစ်သည်။

တစ်လအတွင်း အရူးအမူး ကြီးထွားလာခဲ့ပြီးသည့်နောက်တွင် ၎င်း၏ အလေးချိန်သည် ၃၅၈.၅ကီလိုဂရမ်အထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

သူ၏အခန်းတစ်ဝက်နီးပါးကို နေရာယူထားသည့် ဆေဘာသွား နဂါးသားရဲကို ကြည့်ရင်းဖြင့် ရှုကျိုးသည် သက်ပြင်းတချချ ဖြစ်နေတော့သည်။

“ ဒီကောင်က ပိုပိုပြီးတော့ ကြီးလာနေတာပဲ။ တကယ်လို့ ဒီအတိုင်းသာ ဆက်ပြီးတော့ ကြီးထွားနေမယ်ဆိုရင် ဒီအခန်းထဲမှာ ထပ်ပြီးတော့ ဆံ့တော့မှာ မဟုတ်ဘူး “ ရှုကျိုးမှ မြည်တမ်းနေခဲ့သည်။

ယခင်က သူသည် သူ၏မိဘများနှင့် အစ်မကို သူ၏အခန်းထဲသို့ မဝင်ရန် ပြောထားခဲ့သည်။

ယခုအချိန်အထိ သူ၏မိသားစုဝင်များသည် သူ၏အခန်းထဲရှိ ကြောက်မက်ဖွယ်ကောင်းသော သားရဲကို မတွေ့ဖူးကြသေးပေ။

ကံကောင်းထောက်မစွာဖြင့် သူ၏ကိုယ်ပွားသည် အလေးစွန့်ရန် မလိုအပ်ခဲ့ပေ။ အစာအားလုံးသည် အာဟာရအဖြစ်သို့သာ ပြောင်းလဲသွားခဲ့သည်၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက အညစ်အကြေးသည် အဓိက ပြဿနာတစ်ခု ဖြစ်လာလိမ့်မည် ဖြစ်သည်။

ဤအချိန်တွင် ရှုကျိုးသည် သူ၏ ကိုယ်ပွားကို နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲသို့ ပို့ရန် ပို၍ ဆုံးဖြတ်ချက်ခိုင်မာသွားခဲ့သည်။

ထိုကဲ့သို့ မဟုတ်ဘဲ၊ အကယ်၍ ၎င်းက သူ၏အခန်းထဲတွင်သာ ဆက်နေဦးမည်ဆိုပါက၊ အနှေးနှင့်အမြန်ဆိုသလို ပြဿနာ တက်လာတော့မည် ဖြစ်သည်။

“ ဒီကောင့်ကို နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲကို ဘယ်လိုပို့သင့်လဲ? “ ရှုကျိုးကား အနည်းငယ် အကြပ်ရိုက်နေတော့သည်။

အကယ်၍ တစ်ခြားလူများကသာ ဤဗီဇပြောင်း သားရဲကို မြင်တွေ့သွားမည်ဆိုပါက ကြောက်ကြောက်လန့်လန့်ဖြင့် ရဲခေါ်ကြလိမ့်မည် ဖြစ်သည်။

ထိုအချိန်သာ ကျရောက်လာခဲ့ပါက သူသည် မည်သို့မျှ ရှင်းပြနိုင်လိမ့်မည် မဟုတ်ပေ။

၎င်းက သူ၏ အိမ်မွေး တိရစ္ဆာန်ဟု ပြောရမည်လား?

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌ သူသည် သူ၏အတွေးများကို မောင်းထုတ်လိုက်ပြီး ၎င်းကို အစာကျွေးနေတော့သည်။

သူသည် ယနေ့ သူယူလာခဲ့သော အစားအသောက်များကို ဇလုံကြီးထဲသို့ လောင်းထည့်လိုက်သည်။

ဆေဘာသွား နဂါးသားရဲကြီးသည် ၎င်း၏ ကြီးမားသော ပါးစပ်ကြီးကို ဖွင့်ကာ ဇလုံထဲမှ သွေးသံရဲရဲ အမဲသားတစ်ငုံကို ကိုက်ကာ ၎င်း၏ ၂၀စင်တီမီတာ အရှည်ရှိသော အစွယ်လေးခုဖြင့် ကိုက်ဖြတ်စားသောက်နေတော့သည်။

“ ဂျွတ် ဂျွတ် !! “

၎င်းသည် ဆက်လက်၍ စားသောက်နေခဲ့ပြီး မကြာခင်မှာပင် အစာအားလုံး ကုန်ဆုံးသွားခဲ့သည်။

“ ဂေါ … ဖူးးးးး “

ဆေဘာသွား နဂါးသားရဲကြီးသည် စိတ်ကျေနပ်စွာဖြင့် လေချဥ်တက်နေတော့သည်။

[ အဆင့် + ၁၆% ]

[ ချီ-သွေး + ၀.၄ကယ်လိုရီ ]

…

၎င်း၏ အလေးချိန်သည် နောက်ထပ် ၁၀ကီလိုဂရမ် တိုးလာခဲ့ပြီ ဖြစ်သည်။

သူ၏ကိုယ်တွင်းတွင် ဖြစ်ပေါ်လာသော နွေးထွေးမှုကို ခံစားမိသောအခါတွင် ရှုကျိုး၏ နှုတ်ခမ်းထောင့်များသည် အပြုံးတစ်ခုအဖြစ် တွန်းကွေးသွားခဲ့သည်။

ကိုယ်ပွား၏ အရွယ်အစားက ပြဿနာ ဖြစ်နေခဲ့သော်လည်း၊ ၎င်း၏ အဆက်မပြတ် တိုးတက်မှုသည် သူ့အား အလွန်စိတ်ကျေနပ်သွားစေခဲ့သည်။

“ ရှုကျိုး၊ ညစာစားဖို့အတွက် ထွက်လာဦး “ ထိုအချိန်တွင် လီရို့ရှီမှ တံခါးခေါက်ကာ ပြောလာခဲ့သည်။

“ လာပြီ “

ရှုကျိုးသည် ထရပ်ကာ ထွက်သွားတော့သည်။

…

ယနေ့ညတွင် သူ၏မိဘများက အိမ်ပြန်မလာသောကြောင့် လီရို့ရှီသည် စားဖိုမှူးတာဝန်ကို ထပ်မံ၍ ထမ်းဆောင်ခဲ့ရပြန်သည်။

ဧည့်ခန်းထဲ၌ စားပွဲပေါ်ရှိ ဟင်းလျာလေးမျိုးထံမှ ထွက်ပေါ်နေသည့် အရသာရှိသော အစားအသောက်တို့၏ သင်းရနံ့များသည် လေထုထဲတွင် ပျံ့လွင့်နေခဲ့သည်၊ ဝက်ချိုချဥ်၊ ဝက်ပေါင်း၊ အမဲနှပ်နှင့် ခရမ်းချဥ်သီး ကြက်ဥစွပ်ပြုတ်တို့သည် မွှေးရနံ့များ၊ အပူငွေ့များဖြင့် တထောင်းထောင်းထနေခဲ့သည်။

၎င်းကိုမြင်တွေ့လိုက်ရသောအခါတွင် ရှုကျိုး၏ အစားစားချင်စိတ်များ မြင့်တက်သွားပြီး၊ သူသည် ထမင်းပန်းကန်ကို ကောက်ကိုင်ကာ အားရပါးရ စတင်၍ စားသောက်နေတော့သည်။

ဘေးနားရှိ လီရို့ရှီသည် အငမ်းမရ စားသောက်နေသည့် သူ့ကို ကြည့်ပြီး၊ သူမ၏ နှင်းဆီရောင် နှုတ်ခမ်းလေးများ အနည်းငယ် တွန့်ကွေးသွားခဲ့သည်။

ရှုကျိုး တစ်ဝက်ခန့် စားပြီးသွားသည့်နောက်တွင် လီရို့ရှီမှ ရုတ်တရက် မေးမြန်းလိုက်သည် “ နင်က ပုံရိပ်ယောင် ဗီဇပြောင်းသားရဲတွေနဲ့ တိုက်ရော တိုက်ဖူးရဲ့လား? “

“ ပုံရိပ်ယောင် ဗီဇပြောင်း သားရဲတွေလား? “ ရှုကျိုး အနည်းငယ် အံ့ဩသွားခဲ့သည်။

“ ပုံရိပ်ယောင် ဗီဇပြောင်း သားရဲတွေကို တိုက်ဖို့အတွက် ကျောင်းက ပုံရိပ်ယောင်အခန်းထဲကို ဝင်လို့ရတယ်လေ “ လီရို့ရှီမှ သူ့ကို ကြည့်လာခဲ့သည် “ နောက်ဆုံးတစ်ခေါက်တုန်းက ငါပြောခဲ့တယ် မဟုတ်ဘူးလား? “

“ အို့ “ ရှုကျိုး နားလည်သွားခဲ့ပြီး ထို့နောက်တွင် ခေါင်းခါပြလိုက်သည် “ ဒီလအတွင်းမှာ တိုက်ခိုက်ရေး နည်းစနစ်တွေ ကျင့်ပြီးတော့ အလုပ်များနေခဲ့တာ၊ အဲ့ကို မသွားရသေးဘူး “

“ ငတုံး “ လီရို့ရှီမှ သူ့အား မျက်စောင်းထိုးလာတော့သည် “ တိုက်ခိုက်ရေး နည်းစနစ်တွေကို အမြန်ဆုံး တိုးတက်အောင် လုပ်နိုင်တဲ့ နည်းလမ်းက တကယ့်တိုက်ပွဲတွေဆိုတာကို မသိဘူးလား? “

“ ဒီတိုင်း လေ့ကျင့်နေတာက အသုံးမဝင်ဘူး၊ ပုံရိပ်ယောင် ဗီဇပြောင်းသားရဲတွေနဲ့ တိုက်တာကမှ နင့်ရဲ့ စွမ်းအားကို တိုးမြှင့်ဖို့အတွက် ထိရောက်မှုအရှိဆုံး နည်းလမ်းပဲ “

သူမ၏ အသံသည် အေးစက်နေခဲ့သည် “ နင့်ရဲ့ စွမ်းအားက နဂါး-ကျားစာရင်းက အောက်ဆုံးအဆင့်ကို မှီလာပင်မဲ့ အဲ့တာက နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲမှာ ရှင်သန်နေထိုင်ဖို့ မလုံလောက်သေးဘူး “

ရှုကျိုးကား ကူရာကယ်ရာမဲ့သကဲ့သို့ ခံစားသွားခဲ့ရသည်၊ သူ၏အစ်မမှ ဆက်လက်၍ ‌ပြောဆိုလာခဲ့သည်။

“ ပေါ့ပေါ့ဆဆ လုပ်မနေနဲ့ “ လီရို့ရှီသည် သူ့အား သူမ၏ လှပသော မျက်လုံးလေးများဖြင့် ငေးကြည့်လိုက်သည် “ အခု နင်က နဂါး-ကျားစာရင်းပေါ်က ထိပ်ဆုံး ၁၀ယောက်နဲ့ တော်တော်လေး ကွာနေသေးတယ် “

ရှုကျိုးသည် သူ၏ခေါင်းကို ခါရမ်းကာ ရယ်မောနေတော့သည် “ အစ်မ၊ နင်က ငါ့ကို အထင်ကြီးနေတာပဲ၊ နဂါး-ကျားစာရင်းပေါ်က ထိပ်ဆုံး ၁၀ယောက်နဲ့တောင် ယှဥ်နေတယ် “

ငါက ပထမနှစ်လေးပဲ ရှိသေးတာလေ။

သို့ရာတွင် လီရို့ရှီ၏ ပြောစကားများက မှန်ကန်နေခဲ့သည်၊ နဂါး-ကျားစာရင်းပေါ်မှ ထိပ်ဆုံး ၁၀ဦးတို့၏ ချီ-သွေးသည် ၁၃၀ကယ်လိုရီကို ကျော်လွန်နေရုံတင် မဟုတ်ဘဲ သူတို့၏ တိုက်ခိုက်ရေး နည်းစနစ်များကလည်း တတိယအဆင့်ကို ကျော်လွန်နေခဲ့ပြီဖြစ်သည်။

ထို့အပြင် ထိုလူအများစုသည် Aအဆင့် စွမ်းရည်ပိုင်ရှင်များ ဖြစ်ကြပြီး၊ သူတို့၏ ၁၃၀ကယ်လိုရီ ချီ-သွေးသည် သာမန်လူများ၏ ချီ-သွေး ၁၃၀ကယ်လိုရီနှင့် လုံးဝ ကွဲပြားလျက်ရှိသည်။

ရှုကျိုး၏ ယခုလက်ရှိ ချီ-သွေးသည် ၉၁ကယ်လိုရီဖြစ်ပြီး၊ ၎င်းသည် Aအဆင့် စွမ်းရည်၏ ၁၂၀ကယ်လိုရီနှင့် ညီမျှသည်၊ သူ၏တိုက်ခိုက်ရေး နည်းစနစ်သည် အဆင့် ၂အထွတ်အထိပ်အထိ ရောက်ရှိနေပြီ ဖြစ်သည်။

သူတို့၏ ကြား၌ သိသာသော ကွာဟချက်များ ရှိနေခဲ့သည်။

လီရို့ရှီကို ဥပမာ ယူပါလေ၊ သူသည် သူမ၏ အတိမ်အနက်ကို မတိုင်းတာနိုင်သေးချေ။

သူ၏ စွမ်းအား တိုးတက်လာသည်နှင့်အမျှ သူသည် လီရို့ရှီ၏ အေးစက်စက် အသွင်အပြင်အောက်တွင် ပုန်းကွယ်နေသည့် အံ့ဩဖွယ်ကောင်းသော တိုက်ခိုက်ရေး စွမ်းအားကို ပို၍သတိပြုမိလာခဲ့သည်။

အကယ်၍ သူတို့ကသာ တိုက်ခိုက်ကြမည်ဆိုပါက လီရို့ရှီမှ သူ့အား နှစ်ကွက်အတွင်း အနိုင်ယူသွားမည် ဖြစ်သည်။

“ ငါက နင့်ကို နဂါး-ကျားစာရင်းရဲ့ ထိပ်ဆုံး ၁၀ယောက် အဆင့်ကို ရောက်ဖို့ မမျှော်လင့်ထားဘူး “

လီရို့ရှီ၏ ရွှန်းလဲ့သော မျက်လုံးလေးများသည် ရှုကျိုးကို စူးစူးစိုက်စိုက် ကြည့်လာခဲ့သည် “ ဒါပင်မဲ့ အနည်းဆုံးတော့ နင်ကငါနဲ့အတူ တိုက်ခိုက်နိုင်ရမယ် မဟုတ်ဘူးလား? “

“ ဗီဇပြောင်းသားရဲတွေကို တွေ့မှ ဒူးမချောင်သွားစေနဲ့ “

ရှုကျိုးကား တိတ်တိတ်ဆိတ်ဆိတ်သာ ဆက်နေနေခဲ့သည်၊ ငါက ဝန်ထုပ်ဝန်ပိုးဖြစ်နေမှာကို သူမက စိုးရိမ်နေတာလား?

“ အိုကေလေ၊ နင့်ရဲ့ အကြံဉာဏ်ကို လိုက်နာမယ် “ ရှုကျိုးမှ ကတိပေးလိုက်သည် “ မနက်ဖြန်ကျရင် ပုံရိပ်ယောင်အခန်းထဲကို သွားလိုက်မယ် “

သူသည် အနည်းငယ် သိချင်နေခဲ့သည်၊ ဗီဇပြောင်း သားရဲတွေက အဲ့လောက်တောင် ကြမ်းတာလား?

သူ၏ ဆေဘာသွား နဂါးသားရဲသည် ကီလိုဂရမ် ၃၀၀ကျော်နေခဲ့ပြီဖြစ်သော်လည်း ၎င်းသည် သားပေါက်ကလေးတစ်ကောင်မျှသာ ဖြစ်နေသေးသည်။

…

နောက်တစ်နေ့ နံနက်ခင်း ကျောင်းသို့ ရောက်လာခဲ့ပြီးသည့်နောက်၌ ရှုကျိုးသည် ခါတိုင်းကဲ့သို့ ချောင်ရုံ၏ ရုံးခန်းသို့ မသွားတော့ပေ။

စာသင်ခန်းထဲတွင် နှစ်နာရီခန့် စာသင်ခဲ့ပြီးသည့်နောက်၌ သူသည် မတ်တပ်ထရပ်ကာ ပုံရိပ်ယောင် အခန်းဆီသို့ သွားရန် ပြင်လိုက်သည်။

ထိုစဥ် ချောင်ရုံမှ သူ့အား အခန်းဝမှ အော်ခေါ်လာခဲ့သည် “ ရှုကျိုး၊ ဒီကိုလာဦး “

ရှုကျိုးသည် အနည်းငယ် အံ့ဩသွားသော်လည်း လမ်းလျှောက်ကာ ပြောလိုက်သည် “ ဆရာ၊ ကျွန်တော် ဒီနေ့ ဆရာ့ဆီကို မလာတော့ဘူး၊ ပုံရိပ်ယောင်ခန်းမကို သွားမလို့ “

“ ပုံရိပ်ယောင် ခန်းမကိုလား? နောက်မှ ပြောကြတာပေါ့ “ ချောင်ရုံသည် များများစားစား မမေးဘဲ ဆက်ပြောလာခဲ့သည် “ ငါနဲ့လိုက်ခဲ့၊ တစ်ယောက်ယောက်က မင်းကို တွေ့ချင်နေတယ် “

ရှုကျိုးသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်၊ တစ်ယောက်ယောက်က ငါ့ကိုတွေ့ချင်နေတာလား?

ချောင်ရုံ၏ ဦးဆောင်မှုနောက်သို့ လိုက်သွားရင်းဖြင့် ရှုကျိုသည် ကျောင်းအုပ်ကြီး၏ ရုံးခန်းဆီသို့ ရောက်လာခဲ့သည်။

အစတွင် ရှုကျိုးသည် သူ့ကို တွေ့ချင်နေသည့်လူက ကျောင်းအုပ်ကြီး ဖြစ်သည်ဟု ထင်သွားခဲ့သည်။

သို့သော် အခန်းထဲသို့ ဝင်လိုက်သောအခါတွင် အတွင်း၌ လူအများအပြား ရှိနေသည်ကို သူမြင်တွေ့သွားခဲ့သည်။

ထိုလူများကြားတွင် အနက်ရောင်ဝတ်စုံဖြင့် ကျောင်းအုပ်ကြီးနှင့် မျက်နှာချင်းဆိုင်နေရာတွင် ထိုင်နေသည့် သက်လတ်ပိုင်းလူတစ်ဦးသည် တည်ငြိမ်သော အမူအရာဖြင့် ရှိနေပြီး၊ သူ၏တည်ရှိမှုသည် နက်ရှိုင်းသော မြူခိုးကဲ့သို့ ဖြစ်နေခဲ့သည်၊ သူကား ပညာရှင်တစ်ဦးဖြစ်နေမည်မှာ သိသာလွန်းလှပေသည်။

အားလုံး၏ အာရုံများသည် သူ့ထံတွင် ရှိမနေခဲ့ပေ၊ ထို့အစား ၎င်းတို့သည် သူ့ဘေးနားရှိ ငယ်ရွယ်သော မိန်းကလေးတစ်ဦးထံတွင်သာ ရှိနေခဲ့ကြသည်။

ခမ်းနားသော အဝတ်အစားများ ဝတ်ဆင်ထားပြီး၊ သူမ၏အသားအရည်သည် ဖြူဖွေးနေလျက်ရှိ၏၊ သူမ၏မျက်နှာလေးပေါ်တွင် မည်သည့်မိတ်ကပ်မှ မရှိဘဲ ကြွေရုပ်လေးတစ်ရုပ်ကဲ့သို့ နူးညံ့သိမ်မွေ့နေကာ ရှည်လျားသော ဆံသားတို့သည် သူမ၏ပခုံးလေးများပေါ်တွင် ရေတံခွန်တစ်ခုကဲ့သို့ ကျဆင်းနေခဲ့သည်။

အဖြူရောင် ဂါဝန်၏ အကွဲကြောင်းသည် သူမ၏ သွယ်လျသော ခြေတံတစ်စုံကို ဖော်ထုတ်ပြသနေလျက်ရှိပြီး၊ သူမ၏ ခြေထောက်များထံတွင် လက်ရာမြောက်သော အဆင့်မြင့် ဖိနပ်တစ်ခု ရှိနေခဲ့ကာ၊ ကျောက်စိမ်းကဲ့သို့သော ခြေချောင်းလေးများကိုလည်း မြင်နေခဲ့ရသည်။

တစ်စုံတစ်ဦး ဝင်လာသည်ကို သတိပြုမိသွားသောအခါတွင် သူမသည် သူ့ကို လှည့်ကြည့်လာခဲ့သည်။

“ မင်းက ရှုကျိုးပဲ ဖြစ်ရမယ်? “ ကောင်မလေးသည် အနည်းငယ် အံ့ဩသွားသောအသံဖြင့် မေးမြန်းလာခဲ့သည်။

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည် “ မင်းကရော? “

“ ငါက ကျန်းလန် “ ဟု ကောင်မလေးမှ ပြန်ဖြေလာခဲ့သည်။

ဘေးနားရှိ ကျောင်းအုပ်ကြီးသည် သဘောကျစွာ ရယ်မောနေတော့သည် “ သူမက ကျောင်းကျိုး ပြည်နယ် မြို့တော်ကလာတာ၊ သူမက အတွင်းမြို့တော် ကျောင်းကျိုးမြို့က ကျန်းမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်ပဲ “

“ အတွင်းမြို့တော် ……. “ ရှုကျိုးသည် အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်၊ သူသည် အတွင်းမြို့တော်နှင့် ပတ်သက်၍ အထင်အမြင်ကောင်း မရှိပေ။

ရှုကျိုးကို ကြည့်ရင်းဖြင့် ကျန်းလန်မှ ပြုံးပြလာခဲ့သည် “ ငါက နင့်ရဲ့ကျောင်းမှာ ထူးခြားပြီးတော့ Sအဆင့် စွမ်းရည်တွေ ကြားထဲမှာတောင်မှ ထိပ်တန်းအဆင့်လို့ ယူဆလို့ရတဲ့ Sအဆင့် စွမ်းရည်ရှိတယ်လို့ ကြားခဲ့ရတယ်လေ “

“ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲ ငါက နတ်ဆိုးတစ်ထောင် လှိုဏ်ဂူဆီကို လာနေတာလေ၊ အဲ့တာကြောင့် ရပ်ပြီးတော့ ဝင်ကြည့်ဖို့ ဆုံးဖြတ်လိုက်တာ “

ရှုကျိုးကား အနည်းငယ် အံ့ဩသွားခဲ့သည်၊ ၎င်းမှာ သူ၏စွမ်းရည်ကို အတွင်းမြို့တော်က သိနေခြင်းကြောင့် မဟုတ်ဘဲ၊ ထိုကောင်မလေးက နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲကို ဝင်မည်ဆိုသောကြောင့် ဖြစ်သည်။

လင်းဂျန်နှင့် ကျန်းမြို့တို့သည် အနည်းဆုံး မီတာ ၁ထောင်မျှ ကွာဝေးနေလျက်ရှိသည်။

အဲ့လိုဝေးလံလွန်းတဲ့ နေရာက လူတွေတောင် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူအတွက် ရောက်လာကြတယ်ဆိုတော့ ဒီတားမြစ်နယ်မြေက ငါထင်ထားတာထပ် ပိုပြီးတော့ ရှုပ်ထွေးနေတဲ့ပုံပဲ။

ဘေးနားရှိ ကျောင်းအုပ်ကြီးမှ လေးနက်နေသော အသံဖြင့် ပြောလာခဲ့သည် “ မစ္စကျန်းက မင်းကို တရားဝင်တွေ့ဖို့လာခဲ့တာ၊ တကယ်လို့ မင်းက သူမကို စိတ်ကျေနပ်သွားစေမယ်ဆိုရင်၊ အဲ့တာက မင်းရဲ့ အခွင့်အလမ်းဖြစ်သွားလိမ့်မယ် “

“ အခွင့်အလမ်းလား? “ ရှုကျိုးသည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားတော့သည်။

ကျန်းလန်သည် ရှုကျိုးကို ကြည့်ကာ ကြည်လင်နေသာ အသံဖြင့် ပြောလာခဲ့သည် “ နင့်ရဲ့ ကျောင်းအုပ်ကြီးဆီကနေ ငါကြားခဲ့တာတော့ တစ်လအတွင်းမှာပဲ နင့်ရဲ့ ချီ-သွေးက ၁၀ကယ်လိုရီကျော်အထိ တိုးတက်လာခဲ့တယ်ဆို? အဲ့တာ ဟုတ်လား? “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည် ” အနည်းနဲ့အများဆိုသလိုပေါ့ “

သူတို့ဘေးနားရှိ အနက်ဝတ် သက်လတ်ပိုင်းလူတစ်ဦးမှ အလေးအနက်ဖြင့် အဆိုပြုလာခဲ့သည် “ မမလေး၊ ကျွန်တော်တို့က သူ့ကို မစမ်းသပ်ကြည့်သင့်ဘူးလား? “

“ မလိုပါဘူး “

ကျန်းလန်သည် သူမ၏ နှင်းကဲ့သို့ ဖြူဖွေးနေသည့် လက်ကို ရှုကျိုးဆီသို့ ဆန့်တန်းလာခဲ့သည် “ နင့်ရဲ့ စွမ်းအားအကုန်လုံးကို သုံးပြီး ငါ့ကိုရိုက်လိုက်၊ နင့်မှာ ချီ-သွေး ဘယ်လောက်ရှိလဲဆိုတာကို ငါသိချင်တယ် “

၎င်းကို ကြားလိုက်ရသောအခါတွင် ရှုကျိုး အနည်းငယ် တုံ့ဆိုင်းကာ ချိတုံချတုံ သွားခဲ့သည်။

“ ငါ ထိခိုက်သွားမှာကို မပူပါနဲ့ “ ကျန်းလန်သည် သူမ၏ မက်မွန်ပွင့်ကဲ့သို့သော မျက်လုံးလေးများဖြင့် ရှုကျိုးကို ကြည့်လာခဲ့သည် “ ငါက အထက်တန်း တတိယနှစ်ကျောင်းသူပါ၊ နင့်ရဲ့ စွမ်းအားက ငါ့ကို ထိခိုက်စေမှာ မဟုတ်ဘူး “

ရှုကျိုးသည် များများစားစား ပြောမနေတော့ဘဲ ခေါင်းငြိမ့်ပြလိုက်ပြီး၊ သူ၏ ချီ-သွေးကို နှိုးဆွလိုက်ကာ ကျန်းလန်၏ လက်ထံသို့ လက်ဝါးချက်တစ်ချက် ရိုက်ထုတ်လိုက်သည်။

“ ဝုန်းးးးးး !! “

ကျန်းလန်၏ ခန္ဓာကိုယ်လေး တုန်ရင်သွားခဲ့ပြီး ခြေတစ်လှမ်းနောက်ဆုတ်သွားခဲ့ရသည်။

“ မစ္စ !! “ အနက်ဝတ် သက်လတ်ပိုင်းလူသည် လန့်ဖျပ်သွားပြီး၊ ချက်ချင်း မတ်တပ်ရပ်လာခဲ့သည်။

ကျန်းလန်မှ တားဆီးလိုက်သည် “ အဆင်ပြေပါတယ် “

သူမသည် သူမ၏ခေါင်းလေးကို မော့ပြီး၊ ရှုကျိုးကို ကြည့်လိုက်သည်၊ သူမ၏ ကြွေရုပ်ကဲ့သို့သော မျက်နှာလေးပေါ်တွင် အံ့ဩမှု အရိပ်အငွေ့များ ရှိနေခဲ့သည်။

“ ငါနင့်ကို အထင်သေးခဲ့မိတာပဲ၊ နင့်ရဲ့ ချီ-သွေးက ၉၅ကယ်လိုရီ ဝန်းကျင်လောက် ဖြစ်နေပြီ “

“ ၉၅ကယ်လိုရီလား? “

ထိုစကားလုံးများကို ကြားလိုက်ရသောအခါတွင် ချောင်ရုံနှင့် ကျောင်းအုပ်ကြီး နှစ်ဦးစလုံး လုံးဝ အံ့အားသင့်သွားကြသည်။

အထူးသဖြင့် ကျောင်းအုပ်ကြီးဖြစ်ပြီး၊ သူ၏အမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

ဟွမ်ဟောင်ကို အနိုင်ရခဲ့တဲ့ လွန်ခဲ့တဲ့ တစ်လတုန်းကတောင် သူ့ရဲ့ ချီ-သွေးက ၈၀ကယ်လိုရီလောက်ပဲ ရှိသေးတာလေ၊ တစ်လအတွင်းမှာ ဒီလောက်ကြီးအထိ တိုးတက်လာတာလား?

“ ဒီကောင်လေးရဲ့ စွမ်းရည်က သားရဲစွမ်းရည်ဆိုတာ သိသာပါတယ်၊ သူရဲ့ ချီ-သွေးက ဘယ်လိုလုပ်ပြီးတော့ ဒီလောက်မြန်မြန်ကြီး တိုးတက်လာခဲ့တာလဲ? “ ကျောင်းအုပ်ကြီးသည် လုံးဝ အံ့အားသင့်နေခဲ့သည်။

သူ၏ များပြားလွန်းလှသော အတွေ့အကြုံများဖြင့်ပင် ၎င်းကို ယုံကြည်လက်ခံရန် ခက်ခဲနေသေးသည်။

ရှုကျိုးသည် သူ၏အစွမ်းကို အကုန်အစင် ချမပြလိုက်သောကြောင့် တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေခဲ့သည်။

ထိုကဲ့သို့သာ မဟုတ်ပါက အနည်းဆုံး၁၃၀ကယ်လိုရီအထိ ရှိသော သူ၏စွမ်းအားဖြင့်သာဆိုပါက ကျန်းလန်သည် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရသွားမည် ဖြစ်သည်။

ကျန်းလန်၏ အစွမ်းမှာလည်း ကြောက်မက်ဖွယ်ကောင်းလှပြီး၊ သူမသည် မည်သည့် အရှိန်အဝါကိုမှ မဖော်ထုတ်ထားသော်လည်း ရှုကျိုးသည် သူမထံမှ ထွက်ပေါ်နေသည့် ဖိအားတစ်ခုကို ခံစားနေခဲ့ရသည်။

ထိုအခိုက်အတန့်တွင် ကျန်းလန်သည် ပြန်၍ သက်သာသွားပြီး၊ သူမ၏ မျက်နှာလေးပေါ်တွင် အံ့ဩမှု အရိပ်အငွေ့များ ရှိနေခဲ့သည်။

ပထမနှစ်တွင် ချီ-သွေး ၉၅ကယ်လိုရီအထိ ရောက်ရှိခြင်းသည် အတွင်းမြို့တော်အတွင်းမှာပင် ပါရမီရှင်တစ်ဦးဟု သတ်မှတ်ရလိမ့်မည် ဖြစ်သည်။

သူမသည် ရှုကျိုးကို ကြည့်နေတော့သည်၊ သူမ၏ အကြည့်ထဲတွင် လေးစားမှုတစ်စွန်းတစ်စ ရှိနေခဲ့ပြီး၊ ပြောလာခဲ့သည် “ မဆိုးပါဘူး၊ နင်က အတွင်းမြို့တော်က ကျန်းမိသားစုထဲကို ဝင်ဖို့ စိတ်ဝင်စားလား? “

“ အတွင်းမြို့တော် ကျန်းမိသားစုလား? “ ရှုကျိုးသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

“ တိတိကျကျပြောရမယ်ဆိုရင်၊ နင် အထက်တန်းပြီးသွားတဲ့ အချိန်ကျရင် နင်က ကျန်းမိသားစုရဲ့ ပြင်ပအဖွဲ့ဝင်တစ်ယောက် ဖြစ်လာလိမ့်မယ် “ ကျန်းလန်မှ ပြုံး၍ ပြောလာခဲ့သည် “ အဲ့ဒီအချိန်ကျရင် နင်က ကျန်းမိသားစုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာပြီးတော့၊ ကျန်းမိသားစုရဲ့ အထောက်အပံ့တွေနဲ့ အကျိုးအမြတ်တွေကို ခံစားခွင့်ရှိလာလိမ့်မယ် “

ရှုကျိုးကား အနည်းငယ် မျက်‌မှောင်ကြုတ်သွားခဲ့သည်၊ သူသည် မရင်းနှီးသော ဂိုဏ်းတစ်ခုနှင့် မည်သည့်အတွက်ကြောင့် အလွယ်တကူ ပူးပေါင်းလိမ့်မည်နည်း?

ကြည့်ရတာတော့ အတွင်းမြို့တော်ရဲ့ အနေအထားက တကယ်ကို မြင့်နေတဲ့ပုံပဲ။

“ ရှုကျိုး “ ကျောင်းအုပ်ကြီးမှ ကြားဖြတ်ပြောလာခဲ့သည် “ ကျန်းမိသားစုက ကျောင်းကျိုးရဲ့ ရှေးအကျဆုံး မိသားစုပဲ၊ ကျွမ်းကျင်ပညာရှင်တွေ အများကြီး ရှိပြီးတော့ ငွေကြေးအင်အား တော်တော်လေး တောင့်တယ် “

“ တကယ်လို့ မင်းကသာ ကျန်းမိသားစုရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့မယ်ဆိုရင် မင်းက လစဥ်လတိုင်းမှာ ကျင့်ကြံရေး အရင်းအမြစ်တွေ အများကြီး ရလာလိမ့်မယ်၊ အရေးအကြီးဆုံးကတော့ မင်းက အတွင်းမြို့တော်ရဲ့ နိုင်ငံသားဖြစ်သွားလိမ့်မယ်၊ အဲ့တာက ငါးတစ်ကောင်က နဂါးဂိတ်ကို ဖြတ်ကျော်သွားတာပဲ “

ရှုကျိုး၏ နှလုံးသားသည် အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။

သူသည် ကျောင်းကျိုးရှိ ရှေးအကျဆုံး မိသားစုကို လုံးဝ နားမလည်သေးပေ။

ဒါပင်မဲ့ ကျန်းမိသားစုထဲကို ဝင်လိုက်တာနဲ့ ကျင့်ကြံရေး အရင်းအမြစ်တွေ ရမှာလား?

ကျောင်းအုပ်ကြီးကတောင် များတယ်လို့ ပြောတယ်ဆိုတော့ ပမာဏက တော်တော်များမဲ့ပုံပဲ။

ရှုကျိုးသည် တစ်ခဏခန့် ဆွဲဆောင်ခံလိုက်ရသည်။

ထိုအချိန်တွင် ချောင်ရုံမှ ရုတ်တရက် စကားပြောလာခဲ့သည် “ မစ္စကျန်း ကျုပ် နားလည်ရသလောက်ဆိုရင်၊ ကျန်းမိသားစုရဲ့ ပြင်ပအဖွဲ့ဝင်တွေမှာလည်း အဆင့်အမျိုးမျိုး ရှိတယ်လေ “

“ တကယ်လို့ အနိမ့်ဆုံး အဆင့်ဆိုရင် ထောက်ပံ့မှုက ကုမ္ပဏီသေးသေးက ဝန်ထမ်းတွေလောက်ပဲ ရတာပါ “

ကျန်းလန်သည် အသာခေါင်းငြိမ့်လာခဲ့သော်လည်း ဘာမှ မပြောခဲ့ပေ။

သူမကိုကြည့်ရင်းဖြင့် ချောင်ရုံသည် အလေးအနက်ထားကာ ဆက်ပြောလာခဲ့သည် “ မစ္စကျန်း၊ တကယ်လို့ ရှုကျိုးက ကျန်းမိသားစုထဲကို ဝင်မယ်ဆိုရင် သူက ဘယ်အဆင့် ထောက်ပံ့မှုမျိုးကို မျှော်မှန်းထားလို့ရလဲ? “

ထိုမေးခွန်း ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် ရှုကျိုးသည် ကျန်းလန်ကို ကြည့်လိုက်သည်။

ထောက်ပံ့မှု အဆင့်သည် သူမမျက်လုံးထဲရှိ သူ၏ အရေးပါမှုကို ကိုယ်စားပြုနေခဲ့သည်။

အကယ်၍ အရေးပါမှုသာ နည်းပါးနေမည်ဆိုပါက သဘောတူရန် လိုမည် မဟုတ်ပေ။

မကြာခင်မှာပင် ကျန်းလန် စကားပြောလာခဲ့သည်။

…………………………………………………………………………………………….

အပိုင်း ( 35 )

ငြင်းပယ်မှု

“ ကျန်းမိသားစုရဲ့ တိုက်ရိုက် မဟုတ်တဲ့ အဖွဲ့ဝင်တွေကြားမှာ အထက်တန်းအဆင့်တစ်ခု တကယ်ရှိတယ် “

ကျန်းလန်သည် ချောင်ရုံကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလာခဲ့သည် “ ဒါပင်မဲ့ အဲ့ဒီအဆင့်ကို မိသားစုက အကြီးတန်း အဖွဲ့ဝင်တွေက ဆုံးဖြတ်ကြတာ၊ ကျွန်မမှာ အဲ့လိုလုပ်နိုင်တဲ့ အခွင့်အာဏာ မရှိဘူး “

ချောင်ရုံသည် အလေးအနက်ထားကာ ထပ်ပြောလာခဲ့သည် “ ကျန်းမိသားစုရဲ့ မိန်းမပျိုဖြစ်တဲ့ မစ္စကျန်းမှာ လုပ်ပိုင်ခွင့်တစ်ချို့တော့ ရှိတယ်လေ၊ ဟုတ်တယ်မလား? “

“ ဟမ် ….. “

ကျန်းလန်သည် တစ်ခဏခန့် တွေးတော စဥ်းစားနေပြီး၊ ထို့နောက်တွင် ရှုကျိုးကို ကြည့်ကာ ပြောလာခဲ့သည် “ ကျွန်မက အမြင့်ဆုံး dအဆင့် ထောက်ပံ့မှုနဲ့ ကမ်းလှမ်းနိုင်တယ် “

“ dအဆင့်လား? “ ချောင်ရုံ၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

ကျောင်းအုပ်ကြီး၏ အမူအရာပင် ပြောင်းလဲသွားခဲ့သည်။

ရှုကျိုးတစ်ဦးတည်းကသာလျှင် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

ချောင်ရုံမှ လေးနက်နေသော လေသံဖြင့် ပြောလာခဲ့သည် “ ကျွန်တော် သိရသလောက်ဆိုရင်တော့ ပြင်ပအဖွဲ့ဝင်တွေအတွက် ကျန်းမိသားစုက အမြင့်ဆုံး Sအဆင့်၊ အနိမ့်ဆုံးကို Eအဆင့်ဆိုပြီး၊ အဆင့်ခြောက်မျိုးနဲ့ ကမ်းလှမ်းတယ်လေ “

“ dအဆင့်က နည်းနည်းလေး နိမ့်မနေဘူးလား? “

ကျောင်းအုပ်ကြီးမှာလည်း ဖြေးညှင်းစွာ ပြောလာခဲ့သည် “ မင်းက ကျန်းမိသားစုဝင် တစ်ဦးဖြစ်သွားတာနဲ့၊ အဲ့ဒီအဆင့်က နောက်ဆယ်နှစ်အထိ တည်မြဲနေမှာ “

သူသည် ခေါင်းကို ခါ၍ ပြောလာခဲ့သည် “ တကယ်လို့ Dအဆင့်လေးပဲဆိုရင်တော့၊ အဲ့တာက တကယ်ကို နိမ့်တယ် “

ကျန်းလန်သည် ထိုလူနှစ်ဦးကို ကြည့်လိုက်ပြီး၊ သူမ၏ နူးညံ့သိမ်မွေ့သော မျက်နှာလေးပေါ်တွင် အဓိပ္ပါယ်တစ်မျိုး ပါဝင်သည့်သော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည် “ တကယ်လို့ မိသားစုရဲ့ အကြီးတန်း အဖွဲ့ဝင်တွေ ရောက်လာမယ်ဆိုရင်တောင်မှ သူတို့ကလည်း အမြင့်ဆုံးအနေနဲ့ Dအဆင့်ထောက်ပံ့မှုနဲ့ပဲ ကမ်းလှမ်းလိမ့်မယ် “

“ ဘာလို့လဲဆိုတော့ အဲ့တာကို ရှင်တို့က ကျွန်မထပ် ပိုသိသင့်ပါတယ် “

ထိုစကားများ ထွက်ပေါ်လာသောအခါတွင် ကျောင်းအုပ်ကြီး အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

သူသည် တစ်စုံတစ်ခုကို တွေးတောနေသကဲ့သို့ ကျန်းလန်ကို လေးလေးနက်နက် ကြည့်လိုက်ပြီး၊ တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

တစ်ဖက်ရှိ ချောင်ရုံသည် မျက်မှောင်ကြုတ်သွားခဲ့ပြီး၊ ဖြည်းဖြည်းချင်း ပြောလာခဲ့သည် “ မစ္စကျန်း၊ ရှုကျိုးရဲ့အခုလက်ရှိ စွမ်းရည်နဲ့ စွမ်းအားကို ကြည့်လိုက်မယ်ဆိုရင် အဲ့တာက မလုံလောက်ဘူးလား? “

ရှုကျိုးသည် သူတို့၏ ငြင်းခုန်မှုကို ကြည့်နေရင်းဖြင့် ပို၍ စိတ်ရှုပ်ထွေးသွားခဲ့သည်။

ဆရာနဲ့ ကျောင်းအုပ်ကြီးရဲ့ စကားတွေအရဆိုရင် Dအဆင့်က သိပ်မကောင်းဘူးပဲ။

ငါ့ရဲ့ စွမ်းရည်က လုံလုံလောက်လောက် မကောင်းလို့များလား?

ဒါပင်မဲ့ ဆရာ့စကားအရဆိုရင် ငါ့ရဲ့စွမ်းရည်က ထိပ်တန်းဖြစ်နေသင့်တာလေ။

“ Dအဆင့်က တော်တော်ကြီးကို မြင့်နေပြီ “

ကျန်းလန်၏ မျက်နှာသည် အေးဆေးတည်ငြိမ်နေခဲ့သည် “ တစ်နှစ်ကို ကျင့်ကြံရေး အရင်းအမြစ် သန်းနဲ့ချီပြီးတော့ အဲ့တာတွေကို သူအထက်တန်း မပြီးခင်မှာ ရမှာလေ “

“ အဲ့ဒီ ကျင့်ကြံရေး အရင်းအမြစ်တွေက မိသားစုက သူ့ဆီမှာ ရင်းနှီးမြှုပ်နှံထားတာ၊ နောင်အနာဂတ်မှာ သူက ဘယ်လိုပဲ ကြီးပျင်းလာခဲ့ပါစေ၊ ကတိပေးထားတဲ့အတိုင်း ထောက်ပံ့ပေးမှာ “

သူမသည် ရှုကျိုးကို သူမ၏လှပသော မျက်လုံးလေးများဖြင့် ကြည့်လိုက်သည် “ ရှုကျိုး၊ ပြောစရာရှိတာတွေ အကုန်ပြောထားပြီးပြီ၊ နင်က ကျန်းမိသားစုထဲ ဝင်ဖို့ဆန္ဒရှိလား? “

၎င်းကို ကြားလိုက်ရသောအခါတွင် ရှုကျိုးသည် သူ၏ဆရာကို လှမ်းကြည့်လိုက်သည်။

သူသည် သူ့ဆရာ၏ ဆိုလိုရင်းကို နားလည်နေခဲ့သည်။

စက္ကန့်ပိုင်းမျှအကြာတွင် သူသည် ကျန်းလန်ကို ကြည့်ကာ တောင်းပန်စကား ပြောလိုက်သည် “ ဆောရီးပါ၊ စဥ်းစားကြည့်လိုက်ပါဦးမယ် “

၎င်းသည် ယဥ်ယဥ်ကျေးကျေး ငြင်းပယ်လိုက်ခြင်း ဖြစ်သည်။

ကျန်းလန်ကား ဖြတ်သွားဖြတ်လာတစ်ဦးသာ ဖြစ်ပြီး၊ နောက်တစ်ကြိမ် ထပ်လာလိမ့်မည် မဟုတ်ပေ။

၎င်းကို ကြားလိုက်ရသောအခါတွင် ကျန်းလန်သည် အသာအယာ ခေါင်းငြိမ့်လိုက်သည်၊ သူမ၏ မျက်လုံးများထဲရှိ ဖော်ရွေမှုများ ပျောက်ဆုံးသွားခဲ့ပြီး၊ အတွင်းမြို့တော်မှ တိုက်ရိုက်မျိုးဆက်၏ မာနတရားများ ထင်ဟပ်လာတော့သည်။

“ တကယ်လို့ ကိစ္စက အဲ့လိုဆိုတော့လည်း ကျွန်မ ဒီမှာ ထပ်မနေတော့ဘူး “

သူမသည် ကျောင်းအုပ်ကြီးကို ကြည့်ကာ ပြောလာခဲ့သည် “ ကျောင်းအုပ်ကြီးချန်း၊ ကျွန်မကို အပြင်လိုက်ပို့ပေးဖို့ မလိုပါဘူး “

ကျန်းလန်မှ ထိုကဲ့သို့ ပြောလာခဲ့ကာ လှည့်ထွက်သွားတော့သည်။

သက်လတ်ပိုင်းလူကြီးမှာလည်း သူမကို အဖော်ပြုကာ ထွက်သွားခဲ့သည်။

ထိုနှစ်ဦး ထွက်သွားသည်နှင့် တစ်ပြိုင်နက် ချောင်ရုံသည် ရှုကျိုးကို ကြည့်ကာ ပြောလာခဲ့သည် “ ကျန်းမိသားစုနဲ့ မပူးပေါင်းဖို့ ဆုံးဖြတ်လိုက်တာက မှန်ကန်တဲ့ ရွေးချယ်မှုပဲ “

နှစ်စဥ် သန်းနှင့်ချီသော ကျင့်ကြံရေး အရင်းအမြစ်များ ရရှိခြင်း၊ ထိုကဲ့သို့သော ဆွဲဆောင်မှုသည် မည်သူမဆို တောင့်ခံနိုင်သော အရာမဟုတ်ပေ။

သို့သော် ချောင်ရုံထံမှ စကားတစ်ခွန်းကို ကြားခဲ့ရပြီးသည့်နောက်တွင် ရှုကျိုးသည် ၎င်းကို ချက်ချင်း ငြင်းပယ်လိုက်သည်။

ထို့ကြောင့်ပင် ချောင်ရုံသည် ရှုကျိုးကို ပို၍ လေးစားသဘောကျသွားခဲ့သည်။

အမှန်တိုင်းပြောရမည်ဆိုပါက ရှုကျိုးသည် ကျန်းလန်ကို ချောင်ရုံကြောင့် ငြင်းပယ်လိုက်ခြင်း မဟုတ်ဘဲ၊ သူကိုယ်တိုင်က စိတ်မဝင်စားသောကြောင့် ဖြစ်သည်။

၎င်းသည် သူက အတွင်းမြို့တော်အပေါ်တွင် အထင်အမြင်ကောင်း မရှိသောကြောင့်တင် မဟုတ်ဘဲ၊ ကျန်းလန်မှ သူ့အား တန်ဖိုးသိပ်မထားသည့် ပုံပေါ်သောကြောင့် ဖြစ်သည်။

သူတို့သည် Dအဆင့် ထောက်ပံ့မှုဖြင့်သာ ကမ်းလှမ်းခဲ့ကြသည်။

ထိုကဲ့သို့သော သဘောမျိုးဖြင့်သာဆိုပါက ရှုကျိုးသည် မည်သို့မျှ သဘောတူ၊ ခေါင်းငြိမ့်လိမ့်မည် မဟုတ်ပေ။

“ အခုကြည့်လိုက်ရင်တော့ အဲ့တာက မနည်းဘူးပေါ့ “

ချောင်ရုံမှ လေးနက်နေသော အသံဖြင့် ပြောလာခဲ့သည် “ ဒါပင်မဲ့ နောက်ကျရင်ကော? မင်းက ဒုတိယအဆင့် သိုင်းပညာရှင် ဒါမှမဟုတ် တတိယအဆင့် သိုင်းပညာရှင် ဖြစ်လာတဲ့အချိန်ကျရင်၊ ကျင့်ကြံရေးအရင်းအမြစ် သုံးစွဲမှုက သောင်းနဲ့ချီလာလိမ့်မယ် “

“ မင်းက Dအဆင့် အဖွဲ့ဝင်ဖြစ်သွားတာနဲ့၊ နောက်ထပ် ဆယ်နှစ်အထိ တစ်နှစ်ကို တစ်သန်းပဲ ရမယ်လို့ ဆိုလိုနေတာပဲ “

“ အဲ့ဒီအချိန်ကျရင် မင်းရဲ့ အထောက်အထားက မင်းရဲ့ အတားအဆီးဖြစ်လာလိမ့်မယ် “

ရှုကျိုးကား အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

သိုင်းပညာရှင် လမ်းကြောင်းက ထိုမျှ အကုန်အကျများလိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။

“ဒီကိစ္စကို သိပ်တွေးမနေနဲ့ “ ချောင်ရုံမှ ဆက်ပြောလာခဲ့သည် “ ကျန်းမိသားစုက မင်းကို အထူး ခေါ်ယူချင်နေတဲ့ ဆန္ဒရှိတယ်ဆိုကတည်းက၊ အတွင်းမြို့တော်က တစ်ခြားမိသားစုတွေကလည်း တစ်နေ့မှာ မင်းကို သေချာပေါက် လာခေါ်လိမ့်မယ် “

“ အထူး ခေါ်ယူတာလား? “ ရှုကျိုးသည် ချောင်ရုံကို စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် ကြည့်လိုက်သည်။

ဘေးတစ်ဖက်ရှိ ကျောင်းအုပ်ကြီးမှ သူ့အား ရှင်းပြလာခဲ့သည် “ ပြင်ပခရိုင်က သာမန်လူတွေက အတွင်းမြို့တော်ထဲကို ဝင်လို့မရဘူး “

“ အတွင်းမြို့တော်က ရန်ပြည်ထောင်ရဲ့ အဓိက နေရာပဲ၊ ထိပ်တန်းစစ်သည်တော်တွေနဲ့ သူတို့ရဲ့မျိုးဆက်တွေက အဲ့မှာနေကြတယ် “

ရှုကျိုးသည် နားလည်ကြောင်း ခေါင်းငြိမ့်ပြလိုက်သည်။

ကျောင်းအုပ်ကြီးမှ ဆက်ပြောလာခဲ့သည် “ အတွင်းမြို့တော်နဲ့ ပြင်ပခရိုင်ကြားမှာ ကွာခြားချက် ကြီးကြီးမားမားရှိတယ်၊ အဲ့တာကြောင့် နှစ်ဖက်စလုံးက လူတွေက အဆက်အဆံ လုပ်ကြတာ ရှားတယ် “

“ ပြင်ပခရိုင်ကလူတွေက သူတို့ရဲ့ သက်တမ်းတစ်လျှောက်လုံးမှာ အတွင်းမြို့တော်ထဲကို ဝင်နိုင်ဖို့ ခဲယဥ်းတယ် “

ကျောင်းအုပ်ကြီးမှ သက်ပြင်းချလာခဲ့သည် “ ဒါပင်မဲ့ ထူးခြားတဲ့ စွမ်းရည်တွေက ပြင်ပခရိုင်မှာ ပေါ်ပေါ်လာတတ်တယ် “

“ အတွင်းမြို့တော်က မိသားစုတွေက အဲ့ဒီစွမ်းရည်ပိုင်ရှင်တွေကို အထူးခေါ်ယူမှုနဲ့ စုဆောင်းပြီးတော့ သူတို့ရဲ့ မိသားစုကို တိုးချဲ့ကြတယ် “

သူသည် ရှုကျိုးကို ကြည့်လာခဲ့သည် “ ဒီတစ်ခါကတော့ တကယ်ကို နှမြောစရာပဲ “

“ ဒါပင်မဲ့ ချောင်ရုံပြောတာ မှန်တယ်၊ ကျန်းမိသားစုက မင်းကို အထူးတလည် ခေါ်ယူချင်နေတာကြောင့် တစ်ခြားမိသားစုတွေကလည်း အဲ့လိုလုပ်လာကြလိမ့်မယ် “

ရှုကျိုးသည် နားလည်၊ သဘောပေါက်သွားပြီး၊ စိတ်ထဲတွင် အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

ပြင်ပခရိုင်ကလူတွေက သူတို့ရဲ့ တစ်ဘဝလုံးမှာ အတွင်းမြို့တော်ကို ဝင်ဖို့ မဖြစ်နိုင်ဘူးလား?

ကျောင်းမှာရှိတဲ့ လျူဟီရဲ့ အဆင့်အတန်းက တော်တော်မြင့်နေတာ အံ့ဩစရာတော့ မဟုတ်ဘူးပဲ၊ အတွင်းမြို့တော်က မိသားစုကြီးတွေက ငါထင်ထားတာထပ် ပိုပြီးတော့ ဩဇာရှိနေတဲ့ပုံပဲ။

ထိုအခိုက်အတန့်တွင် သူသည် ပြင်ပခရိုင်နှင့် အတွင်းမြို့တော်ကြားရှိ ကွာဟချက်ကို နားလည်သွားခဲ့သည်။

…

တစ်ခြားတစ်ဖက်တွင်မူ

ကျန်းလန်သည် ဇိမ်ခံSUVကား၏ ခရီးသည်ထိုင်ခုံတွင် ထိုင်နေလျက်ရှိပြီး၊ လင်းဂျန် ပထမ အထက်တန်းကျောင်းမှ ထွက်လာခဲ့သည်။

ကားမောင်းနေသည့် အနက်ဝတ် သက်လတ်ပိုင်းလူကြီးသည် ရှုပ်ထွေးနေသော အမူအရာဖြင့် မေးလာခဲ့သည် “ မစ္စ၊ ရှုကျိုးက တကယ်ပဲ Dအဆင့်နဲ့ပဲ တန်တာလား? “

“ ကျွန်တော်ကြားထားတာတော့ သူက ထိပ်တန်း Sအဆင့် စွမ်းရည် နိုးထခဲ့တယ်တဲ့။ တကယ်လို့ အဲ့တာ မှန်နေမယ်ဆိုရင် သူ့ရဲ့ အနာဂတ် အလားအလာတွေက တိုင်းတာလို့တောင်ရမှာ မဟုတ်ဘူးလေ “

ကျန်းလန်၏ ခရီးသွားအဖော်အနေဖြင့် သူသည် သူမ၏လုံခြုံရေးကို တာဝန်ယူထားရသည်။

ကျန်းလန်မှ ရုံးခန်းထဲတွင် ဆုံးဖြတ်ချက်ချနေခဲ့သည့် အချိန်တွင် သူသည် မည်သည့်စကားမှ ဝင်မပြောခဲ့ပေ၊ (သို့) ပြောခွင့်မရှိဘူးဟု ပြောမည်ဆိုပါက ပိုမှန်နေလိမ့်မည် ဖြစ်သည်။

ယခုတွင် ထွက်ခွာလာခဲ့ပြီဖြစ်သောကြောင့် သူသည် သူ၏သံသယများကို ဖွင့်ထုတ်လာခဲ့သည်။

၎င်းကို ကြားလိုက်ရသောအခါတွင် ကျန်းလန်၏ ပြေပြစ်သော မျက်နှာလေးပေါ်တွင် ဖျော့တော့သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

“ တကယ်လို့ ဒီကမ္ဘာပေါ်မှာ မသေမျိုး နဂါးခန္ဓာလိုမျိုး စွမ်းရည် တကယ်ရှိနေမယ်ဆိုရင်တော့ သူက ကျန်းမိသားစုရဲ့ Sအဆင့် အဖွဲ့ဝင်အဖြစ် တကယ် ထိုက်တန်နေလိမ့်မယ် “

သူမသည် သူမ၏နားနောက်ဘက်ရှိ ဆံပင်ကို သပ်လိုက်ပြီး၊ သူမ၏ခေါင်းကို အသာ ခါနေခဲ့သည် “ ကံမကောင်းစွာနဲ့ သူ့ရဲ့ စွမ်းရည်က အတုကြီး ဖြစ်နေတယ် “

“ အတုလား? “ သက်လတ်ပိုင်းလူကြီး၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။

ကျန်းလန်သည် usbကို ထုတ်ကာ ကား၏ ကွန်ဆိုးလ်ထဲသို့ ထည့်လိုက်သည်။

“ ဗြွီ !! “

ချက်ချင်းဆိုသလိုပင် SUV၏ လေကာမှန်ပေါ်တွင် အလင်းတန်းများ စုစည်းလာပြီး၊ အလင်းတန်း ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

“ လူအများစုက ငါတို့ရဲ့ ကျန်းမိသားစုကို ပုံရိပ်ယောင် ကမ္ဘာရဲ့ ဖန်တီးသူအဖြစ် သိထားကြတယ် “

ကျန်းလန်မှ ပြုံး၍ ပြောလာခဲ့သည် “ ငါ့ရဲ့ ဘိုးဘေးတွေဆီမှာ ဝိညာဥ်ကမ္ဘာကို ဖွင့်ဖို့ စွမ်းအားတွေ ရှိခဲ့တယ်၊ ပြီးတော့ သူ့ရဲ့ ကြီးမားတဲ့ စွမ်းရည်တွေနဲ့ သူက ပုံရိပ်ယောင်ကမ္ဘာကို ဖန်တီးခဲ့ပြီးတော့ မရေမတွက်နိုင်လောက်အောင် များပြားတဲ့ မျိုးဆက်တွေကို အကျိုးအမြတ်တွေရရှိစေခဲ့တယ် “

“ အခုဆိုရင် ပြင်ပခရိုင်ပဲဖြစ်ဖြစ်၊ အတွင်းမြို့တော်ပဲဖြစ်ဖြစ် နိုးထဖို့အတွက် လူအများစုက ပုံရိပ်ယောင်ကမ္ဘာထဲကို ဝင်ပြီးတော့ လွန်ခဲ့တဲ့ နှစ်သုံးရာတုန်းက ဖြစ်ခဲ့တဲ့ ကပ်ဆိုးကြီးကို ကြုံတွေ့ခံစားကြရတယ် “

“ ဒါပင်မဲ့ သူတို့ မသိတာက နိုးထသူအားလုံးကို ကျွန်မတို့ရဲ့ ကျန်းမိသားစုက မှတ်တမ်းတင်ထားတယ်ဆိုတာကိုပဲ “

“ အဲ့ထဲမှာ ရှုကျိုးလည်း ပါတယ် “

ပြောနေရင်းဖြင့် ကျန်းလန်၏ လှပသော လက်ချောင်းလေးများသည် သူမအရှေ့ရှိ အလင်းတန်းများဆီသို့ ရွေ့လျားသွားခဲ့သည်။

“ ကြည့်၊ ဒီမှာ ရှုကျိုးရဲ့ အချက်အလက်တွေ “ ကျန်းလန်သည် အလင်းတန်းတစ်ခုကို ညွှန်ပြလာခဲ့သည်။

သက်လတ်ပိုင်းလူကြီးသည် ကားကို ရပ်ကာ လှည့်ကြည့်လာခဲ့သည်။

စက္ကန့်ပိုင်းမျှအကြာတွင် သူ၏မျက်နှာပေါ်၌ အံ့အားသင့်နေသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည် “ သားရဲစွမ်းရည် …… နဂါး အသွင်ပြောင်းခြင်းလား? “

ကျန်းမိသားစု၏ နောက်လိုက်တစ်ဦးအနေဖြင့် သူသည် အဆိုပါ စွမ်းရည်၏ ထူးခြားမှုများကို နားလည်နေခဲ့သည်။

သားရဲအဆင့် စွမ်းရည်အား ကျင့်ကြံရ ခက်ခဲသော စွမ်းရည်တစ်ခုအဖြစ် သတ်မှတ်လေ့ရှိကြသည်။

“ ဒါပင်မဲ့ …. သူ့ရဲ့ ချီ-သွေးကရော? “ သက်လတ်ပိုင်းလူကြီးသည် မယုံကြည်နိုင်ဖြစ်နေသေးစဲ ဖြစ်သည်။

ကျန်းလန်၏ လှပသော မျက်နှာလေးပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည် “ သားရဲစွမ်းရည်နဲ့ ဒီအဆင့်အထိ ကျင့်ကြံနိုင်ခဲ့တာက သူ့ရဲ့ ထူးခြားမှုကို သက်သေပြနေတယ် “

“ ဒါပင်မဲ့ နောက်ဆုံးတော့ အဲ့တာက သားရဲစွမ်းရည်ပဲလေ၊ အဲ့တာက ဒုတိယအဆင့်ကို ကျော်ဖြတ်နိုင်ဖို့ တော်တော်ခက်တယ်၊ တတိယအဆင့်ဆိုရင်တော့ လုံးဝကို မဖြစ်နိုင်သလောက်နီးပါးပဲ “

“ သူ့ကို dအဆင့် အဖွဲ့ဝင်အဖြစ် ကမ်းလှမ်းလိုက်တာက ကျွန်မရဲ့ အကောင်းဆုံး စေတနာပဲ “

ကျန်းလန်သည် ငြင်သာစွာ သက်ပြင်းချလာခဲ့သည် “ ကံမကောင်းစွာနဲ့ သူက ရည်မှန်းချက် အရမ်းကြီးနေပြီးတော့၊ စက္ကူလိုပဲ ထိလွယ်ရှလွယ်ဖြစ်နေတယ် “

၎င်းကို ကြားလိုက်ရသောအခါတွင် သက်လတ်ပိုင်းလူကြီးသည် လုံးဝနားလည်သွားခဲ့သည်။

“ ကျွန်တော်သိပြီ …. “ သူ ခေါင်းငြိမ့်ပြလာခဲ့သည် “ မစ္စက သူ့ကို dအဆင့်ထောက်ပံ့မှုနဲ့ ကမ်းလှမ်းပြီးတော့ အခွင့်အရေး ပေးလိုက်တယ်လေ၊ ဒါပင်မဲ့ သူက အဲ့တာကို တန်ဖိုးမထားဘူးလေ “

“ တကယ်လို့ တစ်ခြားမိသားစုတွေက သူ့ကို ရှာတွေ့သွားမယ်ဆိုရင်တောင်မှ၊ သူ့ရဲ့ သားရဲစွမ်းရည်အကြောင်းကို သိသွားပြီးတော့ သူတို့လည်း အများဆုံးမှ dအဆင့်ထောက်ပံ့မှုနဲ့ပဲ ကမ်းလှမ်းကြလိမ့်မယ် “

သူသည် သက်ပြင်းတချချ ဖြစ်သွားတော့သည်။

ကျန်းမိသားစုသည် ကျောင်းကျိုးတွင် အကြီးမားဆုံး မိသားစုဖြစ်ပြီး၊ ကျန်းမိသားစု၏ dအဆင့် အဖွဲ့ဝင်ဖြစ်ခြင်းကပင် အလွန်မြင့်မားသောအနေအထားကို ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်သည်။

အကယ်၍ တစ်ခြားသော မိသားစုများက သူ့အား dအဆင့် ထောက်ပံ့မှုဖြင့် ကမ်းလှမ်းလာကြမည်ဆိုလျှင်တောင်မှ ၎င်းတို့သည် သူတို့၏ကျန်းမိသားစုထပ် ပိုကောင်းနေလိမ့်မည် မဟုတ်ပေ။

သို့ရာတွင် ကျန်းလန်သည် သူမ၏ ခေါင်းကို ခါရမ်းနေခဲ့သည် “ တစ်ခြားမိသားစုတွေလား? သူတို့က dအဆင့်ကိုတောင် ကမ်းလှမ်းကြမှာ မဟုတ်ဘူး “

“ သူ့ရဲ့ ချီ-သွေးက ကောင်းနေပင်မဲ့၊ ကျွန်မသိရသလောက်ဆိုရင်တော့ သူ့ရဲ့ သိုင်းပညာ နည်းစနစ်တွေက ဒုတိယအဆင့်ပဲ ရှိသေးတယ် “

“ ပထမနှစ်မှာ သိုင်းပညာ နည်းစနစ်တွေရဲ့ ဒုတိယအဆင့်ကို ရောက်နေတာက အတွင်းမြို့တော်ထဲမှာဆိုရင် ဘာမှ ထူးခြားမနေဘူး။ သူ့ရဲ့ တိုက်ခိုက်ရေး နည်းစနစ်တွေက သာမန်ပဲ၊ သူ့ရဲ့ စွမ်းရည်က သာမန်ပဲ၊ သူ့ရဲ့ ချီ-သွေးကပဲ ကျွန်မကို နည်းနည်း အံ့ဩသွားစေခဲ့တာ “

ကျန်းလန်၏ မျက်နှာလှလှလေးပေါ်တွင် ကိုယ့်ကိုကိုယ် လှောင်ပြောင်နေသည့် အမူအရာတစ်ခု ဖြစ်ပေါ်နေခဲ့သည်။

“ dအဆင့် ထောက်ပံ့မှုနဲ့ ကမ်းလှမ်းလိုက်တာက ကျွန်မဘက်ကနေ လောင်းကြေးထပ်လိုက်တာပဲ၊ တစ်ခြား မိသားစုတွေကတော့၊ တကယ်လို့ သူတို့ကသာ သူ့ရဲ့ အခြေအနေကို သိနေမယ်ဆိုရင်တော့၊ eအဆင့် ထောက်ပံ့မှုလောက်နဲ့ပဲ ကမ်းလှမ်းကြလိမ့်မယ် “

“ မိသားစုကို ဝင်ဖို့ဖြစ်နိုင်ပင်မဲ့၊ အတွင်းမြို့တော်ရဲ့ မိသားစုစာရင်းထဲ ဝင်ဖို့ကတော့ မဖြစ်နိုင်သလောက် နီးပါးပဲ ”

အတွင်းမြို့တော်၏ မိသားစုစာရင်းထဲ ဝင်ရောက်ခြင်းသည် အတွင်းမြို့တော်၏ အထောက်အထားကို ရရှိခြင်းဟု ဆိုလိုနေခဲ့သည်။

သို့သော် အတွင်းမြို့တော်၏ မိသားစုများအတွင်းမှာပင် အတွင်းမြို့တော်၏ မိသားစုစာရင်းထဲသို့ လူတိုင်း မဝင်ရောက်နိုင်ခဲ့ပေ။

Dအဆင့်နှင့် ထို့ထပ်အဆင့်ရှိ အဖွဲ့ဝင်များကသာလျှင် ထိုကဲ့သို့သော အလေးမှုကို ရရှိကြသည်။

၎င်းကို ကြားလိုက်ရသောအခါတွင် အနက်ဝတ် သက်လတ်ပိုင်းလူသည် အပြည့်အဝ နားလည်သွားခဲ့သည်။

ထို့နောက်တွင် သူသည် သက်ပြင်းချနေခဲ့သည် “ ပြင်ပခရိုင်က ဉာဏ်ကြီးရှင်တွေက အတွင်းမြို့တော်ရဲ့ မိသားစုစာရင်းထဲ မဝင်နိုင်ကြဘူး ”

“ အဲ့လူက မစ္စကို ငြင်းလိုက်တဲ့အတွက် နောင်တရသွားလိမ့်မယ် “

“ ကိစ္စမရှိပါဘူး၊ သူနောင်တရရ၊ မရရ ကျွန်မနဲ့ မဆိုင်ပါဘူး “ ကျန်းလန်မှ အေးအေးဆေးဆေးဖြင့်သာ ပြောလာခဲ့သည် “ နောင်မှာ အဲ့လူနဲ့ ကျွန်မက ဘယ်တော့မှ ထပ်တွေ့ရမှာ မဟုတ်ဘူးလေ “

သူမမှ အမိန့်ပေးလာခဲ့သည် “ ကျွန်မက သီးသန့်နေရာတစ်ခု ရှာပေးပါ၊ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူက ဖွင့်တော့မယ်၊ ဒီတစ်ကြိမ် တားမြစ်နယ်မြေမှာ ကျွန်မက ကျောင်းကျိုးမှာ နံပတ် ၁ဖြစ်ချင်တယ် “

“ ဟုတ်ကဲ့ပါ “ သက်လတ်ပိုင်းလူသည် ကားစက်ပြန်နှိုးကာ အဝေးသို့ မောင်းထွက်သွားတော့သည်။

………………………………………………………………………………..

အပိုင်း ( 36 )

အဆင့် ၁၀ ဗီဇပြောင်းသားရဲ

ကျန်းလန်နှင့် သူမ၏လက်အောက်ငယ်သားတို့၏ စကားဝိုင်းကို မည်သူမှ သိသွားမည် မဟုတ်ပေ။

တစ်ဖက်တွင်ကား

အတွင်းပိုင်းမြို့တော်အကြောင်း နားလည်သွားသည့်နောက်တွင် ရှိုကျိုးသည် ကျောင်းအုပ်ကြီးတို့က နှုတ်ဆက်ကာ ထွက်လာခဲ့သည်။

ထိုအခိုက်အတန့်တွင် သူသည် ပုံရိပ်ယောင် အခန်းဆီသို့ သွားရာလမ်းပေါ်တွင် ရှိနေခဲ့သည်။

“ ကျန်းမိသားစုက အဲ့လောက်တောင် ဩဇာအာဏာ ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “ရှုကျိုးကား ရင်တလှပ်လှပ် ဖြစ်နေခဲ့သည်။

သူသည် ကျောင်းအုပ်ကြီးဆီမှ မိသားစုကြီးများ၏ အယူအဆကို သင်ယူခဲ့ရသည်။

မိသားစု၏ အယူအဆသည် ပြင်ပခရိုင်တွင် မြင်ရခဲသော်လည်း အတွင်းပိုင်းမြို့တော်ထဲတွင်မူ ၎င်းကို အထူးတန်ဖိုး ထားတတ်ကြသည်။

အဘယ့်ကြောင့်ဆိုသော် မိသားစုတိုင်းထံတွင် အစွမ်းထက် ဘိုးဘေးများ ရှိနေသောကြောင့် ဖြစ်သည်။

အဆိုပါ မိသားစုကြီးများ၏ ဘိုးဘေးများသည် လူသား သိုင်းပညာရှင်တို့၏ အထွတ်အထိပ်အဆင့်တွင် ရပ်တည်နေကြ၏၊ သူတို့သည် တားမြစ်နယ်မြေများကို ချေမှုန်ခြင်းနှင့် သားရဲလှိုင်းများကို ဖိနှိပ်ခြင်းကဲ့သို့သော လူသားအကျိုးပြုလုပ်ရပ်များတွင် ထဲထဲဝင်ဝင် ပါဝင်ကူညီခဲ့ကြသည်။

အဆိုပါ မိသားစုများ၏ တစ်ချို့သော ဘိုးဘေးများသည် ယခုလက်ရှိအချိန်အထိ သက်ရှိထင်ရှား ရှိနေကြသေးသည်။

အဘယ့်ကြောင့်ဆိုသော် ကပ်ဆိုးကြီးသည် လွန်ခဲ့သော နှစ်ပေါင်း ၃၀၀ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး၊ အစွမ်းထက် သိုင်းပညာရှင်များက နှစ်၁ထောင်ကျော်ကြာ ရှင်သန် နေထိုင်နိုင်သောကြောင့် ဖြစ်သည်။

“ ကျန်းမိသားစု၊ ကျောင်းကျိုးရဲ့ နံပတ်၁ မိသားစု “ ရှုကျိုးမှ ရေရွတ်ပြောဆိုနေခဲ့သည် “ ပုံရိပ်ယောင် ကမ္ဘာကို သူတို့ရဲ့ ဘိုးဘေးတွေက တီထွင်ခဲ့တာလို့ ပြောကြတယ် “

ပုံရိပ်ယောင် အခန်းတစ်ခန်း၏ ကုန်ကျစားရိတ်သည် ယွမ် ၁ဘီလီယံမှ အစပြုသည်။

ယနေ့ခေတ်တွင် ရန်ပြည်ထောင်ရှိ အလယ်တန်းကျောင်းတိုင်းတွင် ထိုကဲ့သို့သော ပုံရိပ်ယောင် အခန်းများ တပ်ဆင်ထားခဲ့ပြီ ဖြစ်သည်။

ပုံရိပ်ယောင် အခန်း၏ ကုန်ကျစားရိတ်က မသေးငယ်သော်လည်း၊ ထိုကဲ့သို့သော အရင်းအမြစ်စီးကြောင်းသည် မထင်မှတ်ထားလောက်အောင် ကြီးမားသည့် ငွေကြေးအင်ပါယာကြီးတစ်ခု ထူထောင်ရန် လုံလောက်ပေသည်။

၎င်းသည် ကျန်းမိသားစု၏ ဘဏ္ဍာရေး အင်အားက မည်မျှတောင့်တင်းလဲဆိုသည်ကို ပြသနေခဲ့သည်။

ထိုကဲ့သို့ နောက်ခံမျိုးနှင့်ဆိုပါက ကျန်းမိသားစု၏ ခွန်အားကို မည်သူမှ ငြင်းပယ်နိုင်လိမ့်မည် မဟုတ်ပေ၊ ကျန်းမိသားစုသည် ကျောင်းကျိုးတစ်ခုလုံးကို ကြီးစိုးထားသည့် ကြီးမားသော အဖွဲ့အစည်းကြီးတစ်ခု ဖြစ်သည်။

ထို့ကြောင့် ရှုကျိုးမှ ကျန်းမိသားစုနှင့် မပူးပေါင်းရန် ဆုံးဖြတ်လိုက်သည့် အချိန်တွင် ကျောင်းအုပ်ကြီးက နှမြောသွားခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် ရှုကျိုးသည် ၎င်းကြောင့် စိတ်ဓာတ်ကျသွားမည် မဟုတ်ပေ။

“ တကယ်လို့ ငါက ဘယ်မိသားစုကြီးနဲ့မှ မပူးပေါင်းဘူးဆိုရင်တောင်မှ “ ရှုကျိုးမှ တွေးတောစဥ်းစားနေခဲ့သည် “ ငါ့ရဲ့စွမ်းရည်နဲ့ ငါသာ ပြင်းပြင်းထန်ထန် ကြိုးစား လေ့ကျင့်နေသရွေ့တော့ ငါက သေချာပေါက်ကို အစွမ်းထက် ပညာရှင်တစ်ယောက် ဖြစ်လာမှာပဲ “

“ ပြီးတော့ ငါ့ဆီမှာ ဆေဘာသွား နဂါးသားရဲ ကိုယ်ပွား ရှိနေသေးတယ် “

အရှေ့ဘက်ရှိ ပုံရိပ်ယောင် ခန်းမရှိရာ အဆောက်အဦးဆီသို့ သွားနေသည့် အချိန်တွင် ရှုကျိုး၏ မျက်နှာပေါ်၌ ယုံကြည်မှု ရှိနေသော အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့သည်။

ငါ့အစ်မ ပြောထားသလိုပဲ နတ်ဆိုးတစ်ထောင်လှိုဏ်ဂူထဲကို သွားမဲ့ လာမည့် ခရီးစဥ်အတွက် အပြည့်အဝ ပြင်ဆင်တဲ့ အနေနဲ့၊ ငါက ပုံရိပ်ကမ္ဘာထဲကို ဝင်ပြီးတော့ ဗီဇပြောင်း သားရဲတွေကို စိန်ခေါ်ရမယ်။

ဒီရက်အတွင်းမှာ ငါ့ရဲ့ ဆေဘာနည်းစနစ်က တိုးတက်မှု မရှိတော့ဘဲ ဒုတိယအဆင့် အထွတ်အထိပ်မှာ ပိတ်ဆို့နေပြီ။

တကယ်လို့ ငါကသာ အဲ့တာကို ပုံရိပ်ယောင်ကမ္ဘာထဲမှာ တိုးတက်အောင် လုပ်နိုင်မယ်ဆိုရင်၊ သောက်ရမ်း အံ့ဩဖို့ ကောင်းသွားလိမ့်မယ်။

တကယ်လို့ ငါသာ ဆေဘာသိုင်းရဲ့ တတိယအဆင့်ကို ထိုးဖောက်နိုင်မယ်ဆိုရင် ငါက နဂါး-ကျားစာရင်းရဲ့ ထိပ်ဆုံး ၁၀ယောက်အဆင့်ကို ရောက်သွားလိမ့်မယ်၊ တားမြစ်နယ်မြေဆီ သွားမဲ့ ခရီးစဥ်အတွက် လုံးဝ လုံခြုံသွားလိမ့်မယ်။

…

ပုံရိပ်ယောင် အဆောက်အအုံ၏ ခန်းမထဲ၌

ရှုကျိုး၏ တောင်းဆိုမှုကို ကြားလိုက်ရသောအခါတွင် ဆောင်ချီသည် တလေးတနက်ဖြင့် ပြောလာခဲ့သည် “ မင်းက ပုံရိပ်ယောင် ဗီဇပြောင်းသားရဲကို စိန်ခေါ်ချင်တာလား? “

“ အဲ့ကောင်တွေကို တိုက်ခိုက်ရေးစွမ်းရည် ဒုတိယအဆင့် ဒါမှမဟုတ် အဲ့ထပ်ပိုတဲ့ တတိယနှစ် ကျောင်းသူကျောင်းသားတွေပဲ စိန်ခေါ်နိုင်တာလေ “

ထိုကဲ့သို့ ပြောလာခဲ့ပြီးသည့်နောက်တွင် ဆောင်ချီသည် တစ်စုံတစ်ခုကို နားလည်သွားသည့်ပုံပေါ်ပြီး၊ ရုတ်တရက်ဆိုသလိုပင် မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

ရှုကျိုးသည် သူ့အား တအံ့တဩဖြင့် မေးမြန်းလာခဲ့သည် “ ဆရာ၊ ကျွန်တော်က ဆေဘာနည်းစနစ်ရဲ့ ဒုတိယအဆင့် အထွတ်အထိပ်ကို ရောက်နေပါပြီ၊ ကျွန်တော်က စိန်ခေါ်လို့မရဘူးလား? “

ချီးပဲ၊ ငါသူ့ကို မတားလိုက်သင့်ဘူး။

ဆောင်ချီသည် စိတ်ထဲတွင် သူ့ကိုယ်သူ ပါးဖြတ်ရိုက်နေတော့သည်။

ဘယ်နှခါရှိနေပြီလဲ။ ဘာလို့ ရှုကျိုးကို ပထမနှစ် ကျောင်းသားအဖြစ် ဆက်ဆံနေရတာလဲ? ဘယ်နှကြိမ်လောက် အရှက်ကွဲခဲ့ပြီးပြီလဲ?

ဒီကလေးကို သာမန်လူတစ်ယောက်အဖြစ် မြင်နေလို့ မရဘူးလေ။

၎င်းတို့ကို တွေးမိသွားသောအခါတွင် ဆောင်ချီသည် ချောင်းဟန့်ကာ ပြောလာခဲ့သည် “ စောစောတုန်းက ငါ စကားမှားသွားတာ၊ တကယ်တော့ ပထမနှစ် ကျောင်းသူကျောင်းသားတွေလည်း အဲ့တာကို စိန်ခေါ်နိုင်တယ် “

“ ပုံရိပ်ယောင် ကမ္ဘာထဲမှာရှိတဲ့ ဗီဇပြောင်းသားရဲ အကုန်လုံးတွေက အဆင့် ၀ကစပြီးတော့ အဆင့် ၁၀ထိ ရှိတယ် “

“ မင်းက ဆေဘာနည်းစနစ်ရဲ့ ဒုတိယအဆင့် အထွတ်အထိပ်ကိုတောင် ရောက်နေပြီဆိုတော့၊ အဆင့် ၁၀သားရဲကို ဘာလို့ တိုက်ရိုက် မစိန်ခေါ်ရတာလဲ? “

ဆောင်ချီသည် သူ့အား အားပေးနေသည့် လေသံဖြင့် ပြောလာခဲ့သည်။

ရှုကျိုးသည် ချက်ချင်း သဘောမတူလိုက်ပေ၊ ထို့အစား မေးမြန်းလာခဲ့သည် “ အဆင့် ၁၀ ဗီဇပြောင်းသားရဲ၊ အဲ့ကောင်တွေရဲ့ စွမ်းအားက တော်တော်ကြီး အားကောင်းတယ်လေ၊ ဟုတ်တယ်မလား? “

“ စိတ်မပူပါနဲ့၊ မင်းကသာ ဆေဘာသိုင်းရဲ့ ဒုတိယအဆင့် အထွတ်အထိပ်ကို ရောက်ထားသရွေ့ မင်းက အဲ့ကောင်တွေကို အလွယ်တကူ ကိုင်တွယ်နိုင်လိမ့်မယ် “ ဟု ဆောင်ချီမှ သူ့အား ဆက်လက်၍ အားပေးလာခဲ့သည်။

ရှုကျိုးသည် တစ်ခဏခန့် တွေးတော စဥ်းစားနေတော့သည်၊ ငါ့ရဲ့ ဆေဘာသွား နဂါးသားရဲကလည်း အဆင့် ၁၀ ရောက်နေပြီ၊ ဆိုတော့ အဆင့် ၁၀သားရဲကို စိန်ခေါ်တာက ပြဿနာမဖြစ်သင့်ဘဲ၊ လေ့ကျင့်ခန်းလုပ်သလောက်ပဲ ဖြစ်သင့်တယ်။

ချက်ချင်းဆိုသလိုပင် ရှုကျိုးသည် ခေါင်းငြိမ့်၍ ပြောလိုက်သည် “ ဟုတ်၊ လုပ်ကြတာပေါ့ “

ဆောင်ချီ ပြုံးသွားခဲ့ပြီး၊ ပျော်ပျော်ရွှင်ရွှင်ဖြင့် ပြောလာခဲ့သည် “ ခါတိုင်းလိုပဲ အခန်းနံပတ် ၁ကိုသွား “

ရှုကျိုးသည် ခေါင်းငြိမ့်ပြလိုက်ပြီး၊ ပုံရိပ်ယောင် အခန်းနံပတ် ၁ဆီသို့ ဦးတည်သွားတော့သည်။

ရှုကျိုး ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် ဆောင်ချီ၏ မျက်နှာပေါ်တွင် လူယုတ်မာ အပြုံးတစ်ခု ပေါ်လာခဲ့သည်။

“ အဆင့် ၁၀ ဗီဇပြောင်းသားရဲလား? တိုက်ခိုက်ရေး စွမ်းရည်က တတိယအဆင့်ကို မရောက်ထားဘူးဆိုရင်၊ မင်းက ချက်ချင်း ရှုံးသွားမှာပဲ “

ဆောင်ချီသည် အခန်းနံပတ်၁ကို ကြည့်ကာ တီးတိုးပြောဆိုနေတော့သည် “ ကောင်လေး၊ ဘဝမှာ လွယ်လွယ်ကူကူ ရထားတာတွေက မကောင်းဘူး၊ အခုတော့ ရှုံးနိမ့်မှုတစ်ခုကို မြည်းစမ်းကြည့်ဖို့ အချိန်ရောက်ပြီ “

ထိုကဲ့သို့ ပြောလိုက်ပြီး၊ သူသည် ထိန်းချုပ်မှု မျက်နှာပြင်ကို တိတ်တဆိတ် ဖွင့်လိုက်ပြီး၊ အနီရောင် ခလုတ်တစ်ခုကို နှိပ်လိုက်သည်။

…

တစ်ချိန်တည်းမှာပင် ရှုကျိုး၏ စိတ်အာရုံသည် အားပျော့သွားပြီး၊ ပုံရိပ်ယောင် ကမ္ဘာထဲသို့ ချက်ချင်း ရောက်ရှိသွားခဲ့သည်။

သူသည် မျက်လုံးများကို ဖွင့်လိုက်ပြီး၊ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေတော့သည်။

သူသည် သူက အပျက်အစီး နယ်မြေတစ်ခုအတွင်းတွင် ရှိနေပြီး၊ ကောင်းကင်ဘုံမှာ အုံ့မှိုင်းနေခဲ့ကာ၊ အနီးအနားရှိ မြင့်မားသော အဆောက်အအုံတို့မှာလည်း ပြိုကျပျက်စီးနေလျက်ရှိပြီး၊ စွန့်ပစ်ထားသော ကားများလည်း နေရာအနှံ့ ပျံ့ကျဲနေ၍ လမ်းများမှာလည်း အက်ကြောင်းများဖြင့် ပြည့်နှက်နေသည်ကို မြင်တွေ့သွားခဲ့သည်။

ကမ္ဘာပျက် မြင်ကွင်းပင် !!

ရှုကျိုး လေ့လာစူးစမ်းနေသည့် အချိန်တွင် စူးရှသော ဟိန်းဟောက်သံ တစ်ခုသည် ကောင်းကင်ပေါ်မှ ပေါ်ထွက်လာခဲ့သည်။

“ ဝေါင်းးးးးးးး “

ထို့နောက်တွင် ဦးခေါင်းတွင် ချိုနှစ်ချောင်းပါသည့် ကြမ်းတမ်းသော ဗီဇပြောင်း ကျားသားရဲတစ်ကောင်သည် အဆောက်အုံ အနိမ့်တစ်လုံး၏ ထိပ်ပိုင်းတွင် ပေါ်ထွက်လာခဲ့သည်။

“ နွားချိုကျားပျံလား? “ ရှုကျိုး၏ အမူအရာသည် ပို၍ လေးနက်သွားခဲ့သည်။

၎င်းသည် အလွန်အစွမ်းထက်သော ကိုယ်ထည်နှင့် လေထဲတွင် တစ်ခဏခန့် ပျံသန်းနိုင်စွမ်းရှိသည့် စွမ်းရည်ကို ပိုင်ဆိုင်ထားသော အလွန်ကျော်ကြားသည့် ဗီဇပြောင်း သားရဲဖြစ်သည်။

၎င်း၏ အရွယ်အစားကို အကဲဖြတ်ကြည့်ရခြင်းဖြင့် ၎င်းသည် အနည်းဆုံးအနေဖြင့် လူတစ်ဦး၏ အရပ်အမြင့်နီးပါးရှိပြီး၊ သုံးမီတာ ရှည်လျားသည်။

၎င်း၏ ခန္ဓာကိုယ်အား ရွှေရောင်အစင်းကြောင်းတို့ဖြင့် ဖုံးလွှမ်းလျက်ရှိပြီး၊ ကြီးကျယ်ခမ်းနားသည့်ပုံ ပေါ်နေခဲ့သည်၊ သို့သော် ၎င်း၏ မျက်နှာသည် လည်ဆံမွှေးများဖြင့် ဖုံးအုပ်လျက်ရှိပြီး အလွန်အမင်း ရက်စက်ကြမ်းတမ်းနေခဲ့သည်။

စက္ကန့်ပိုင်းမျှအကြာတွင် နွားချိုကျားပျံသည် အမိုးပေါ်မှ ခုန်ဆင်းလာခဲ့သည်။

၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် နေရောင်ထဲမှ ထိုးဆင်းလာခဲ့သည်။

“ ဝေါင်း !!! “

အကယ်၍ သာမန်ကျောင်းသားတစ်ဦးသာဆိုပါက ထိုအသံကို ကြားရုံဖြင့်ပင် ကြောက်လန့်သွားမည် ဖြစ်သည်။

သို့သော် ရှုကျိုး၏ စိတ်ဝိညာဥ်သည် အလွန်အားကောင်းသောကြောင့် မည်သို့မျှ နောက်မတွန့်သွားခဲ့ပေ။

နွားချိုကျားပျံသည် ၎င်း၏ လက်သည်းများကို ဖွင့်ဟလာခဲ့ပြီး၊ ရှုကျိုး၏ဦးခေါင်းကို ချိန်ရွယ်လာခဲ့သည်။

ရှုကျိုးသည် အသေအချာ အာရုံစိုက်နေခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်သည် လျင်မြန်စွာ နောက်ဆုတ်သွားခဲ့ပြီး၊ သူ၏ဆေဘာအတွင်းသို့ ချီ-သွေးများ ထည့်သွင်းကာ ရှေ့ဘက်သို့ လွှဲရမ်းလိုက်သည်။

“ ဝှစ် “

ချီ-သွေးတို့ဖြင့် ဖုံးလွှမ်းနေသည့် ဓားသွားသည် ကြီးမားသော ကျားလက်သည်းများကို ခုတ်ပိုင်းလိုက်သည်။

ဆေဘာရှည်သည် ပျံသန်းနေသော ကျား၏ခန္ဓာကိုယ်အား လေထုကို ခုတ်ပိုင်းသကဲ့သို့ ဖောက်ထွက်သွားခဲ့သည်။

“ ဒီဗီဇပြောင်း သားရဲဆီမှာ ရုပ်ပိုင်းဆိုင်ရာ ပုံစံမရှိဘူးလား? “ ရှုကျိုး အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

သို့သော် နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ကျားလက်သည်းများသည် သူ့အပေါ်သို့ ကျရောက်လာခဲ့ပြီး၊ ချက်ချင်းဆိုသလိုပင် ဒဏ်ရာကြီးကြီးမားမား ရသွားပြီး၊ သွေးများဖြာထွက်လာခဲ့သည်။

ရှုကျိုးသည် လျင်မြန်စွာ နောက်ဆုတ်လိုက်ပြီး၊ သူ၏အမူအရာသည် အနည်းငယ် တင်းမာသွားခဲ့သည်။

“ မဟုတ်ဘူး၊ ရုပ်ပိုင်းဆိုင်ရာ ပုံစံရှိတယ်၊ ငါ့ရဲ့ အရင်က ခုတ်ချက်က အဲ့တာကို ဘာလို့ မထိခိုက်သွားစေခဲ့တာလဲ? “ ရှုကျိုးကား တွေးတော အဖြေရှာနေရတော့သည် “ ချီ-သွေးက အကျိုးသက်ရောက်မှု မရှိတာများလား? “

ဝေါင်း !!!

ရှုကျိုး တွေးတော စဥ်းစားနေသည့် အချိန်တွင် နွားချိုကျားပျံသည် ထပ်မံ၍ ဟိန်းဟောက်နေခဲ့ပြီး၊ သူ့ထံသို့ အလွန်မြန်ဆန်သော အမြန်နှုန်းဖြင့် ပြေးတက်လာခဲ့သည်။

“ တော်တော် မြန်တယ် “ ရှုကျိုးသည် သူ၏ခြေထောက်များထံသို့ ချီ-သွေးများ စေလွှတ်လိုက်ပြီး၊ ခပ်သွက်သွက် ခုန်ထွက်ကာ ရှောင်တိမ်းလိုက်သည်။

ထို့နောက်တွင် သူသည် မြေပြင်ကို ဆောင့်ချလိုက်ပြီး၊ သူ၏ခန္ဓာကိုယ်ကို ရှေ့သို့ တွန်းပို့လိုက်ကာ နွားချိုများကို ခုတ်ပိုင်းလိုက်သည်။

တောက်ပသော ဆေဘာအလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ ကမ္ဘာကြီးတစ်ခုလုံး လင်းထိန်သွားခဲ့သည်။

တောင်ဖြိုခွဲဆေဘာသိုင်း၏ ဒုတိယအဆင့် ပြီးပြည့်စုံခြင်း၊ အထူးလှုပ်ရှားမှု “ နဂါးငွေ့တန်း “

“ ဘန်း !! “

ချိုများသည် အပိုင်းအစများအဖြစ် ပေါက်ကွဲထွက်သွားပြီး၊ နေရာအနှံ့ပြန့်ကျဲသွားခဲ့သည်။

“ ငါထင်ထားတဲ့ အတိုင်းပဲ !! “ ရှုကျိုး၏ မျက်လုံးများ တောက်ပသွားခဲ့သည် “ ဒီမှာက ချီ-သွေးက အကျိုးသက်ရောက်မှု မရှိဘူး၊ တိုက်ခိုက်ရေး နည်းစနစ်တွေကပဲ အသုံးဝင်တယ် “

“ ဒီနေရာက တိုက်ခိုက်ရေး နည်းစနစ်ကို လေ့ကျင့်ဖို့ အကောင်းဆုံးနေရာဖြစ်တယ်လို့ ငါ့အစ်မ ပြောခဲ့တာက အံ့ဩစရာတော့ မဟုတ်ဘူးပဲ “

အားလုံးကို နားလည်သွားသည့်နောက်တွင် ရှုကျိုး၏ ယုံကြည်ချက်များ မြင့်တက်သွားခဲ့သည်။

“ ဝေါင်း !! “ ထိုအချိန်တွင် နွားချိုကျားပျံသည် ဒေါသတကြီး ဟိန်းဟောက်လာခဲ့ပြီး၊ ၎င်း၏ ရက်စက်ကြမ်းကြုတ်မှုကလည်း ပြင်းထန်လာခဲ့သည်။

၎င်း၏ အရှိန်အဝါတစ်ခုလုံး မြင့်တက်လာခဲ့ပြီး၊ မြေပြင်ကို ကြမ်းကြမ်းတမ်းတမ်း ဆောင့်နင်း၍ ရှုကျိုးထံသို့ ထပ်မံ၍ ပြေးတက်လာခဲ့ပြန်သည်။

“ ကောင်းလိုက်တဲ့ အသက်ဓာတ် “ ရှုကျိုး၏ အကြည့်တို့ တင်းကြပ်သွားခဲ့သည်။

သူသည် တွေဝေ တုံ့ဆိုင်းမနေဘဲ၊ ဤအခွင့်အရေးကို ဖမ်းဆုပ်ကာ ခုန်တက်၍ နောက်ထပ်တစ်ကြိမ် ပိုင်းချလိုက်သည်။

အထူးလှုပ်ရှားမှုကို အသုံးပြုထားစဲ ဖြစ်သည်။

ရှုကျိုးသည် တောင်ဖြိုခွဲ ဆေဘာသိုင်းကို အပြည့်အဝ အသက်သွင်းလိုက်ပြီး၊ အထူးလှုပ်ရှားမှု “ နဂါးငွေ့တန်း “ ၏စွမ်းအားကို အကုန်အစင် ထုတ်လွှတ်လိုက်ပြီး၊ ပျံသန်းနေသော ကျား၏ နောက်ကျောကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်သည်။

ဓားသွားထဲတွင် ပုန်းကွယ်နေသည့် ကြီးမားသော စွမ်းအားတစ်ခုသည် မီးတောင်ကဲ့သို့ ပေါက်ထွက်လာခဲ့ကာ ၎င်း၏ နောက်ကျောနှင့် ထိတွေ့သွားခဲ့သည်။

“ ဝုန်းးးးး !! “

နွားချိုကျားပျံ၏ ခန္ဓာကိုယ် တုန်လှုပ်သွားခဲ့ပြီး၊ ၎င်း၏မျက်လုံးများသည် မမြင်နိုင်သော ဆေဘာအလင်းတန်းများဖြင့် ပြည့်နှက်နေသည့်ပုံပေါ်ပြီး၊ ၎င်း၏ နောက်ကျောကို ပိုင်းဖြတ်သွားခဲ့သည်။

“ ဗြွီ !!! “

ဆေဘာရှည်သည် သေသပ်စွာ လှီးဖြတ်သွားခဲ့သည်။

သွေးများ တဟုန်ထိုး စီးကျလာခဲ့သည်။

ကျားရိုင်းကြီးသည် လေထဲသို့ ပျံတက်သွားခဲ့သည်၊ ကြီးမားသော အလောင်းကြီးတစ်ခုသည် မြေပြင်ကို တိုက်မိသွားခဲ့သည်။

ရှုကျိုးသည်လည်း မြေပြင်ပေါ်သို့ ဆင်းသက်လာခဲ့ပြီး၊ အမောတကော အသက်ရှုနေတော့သည်။

သူသည် ကျားကြီး၏ ခန္ဓာကိုယ်ကို ငေးကြည့်နေတော့သည် “ ငါ့ရဲ့ စိတ်စွမ်းအားက လုံလုံလောက်လောက် အားကောင်းနေတာ ကံကောင်းတယ်၊ အဲ့လိုမှမဟုတ်ဘူးဆိုရင် ဒီတိုက်ပွဲက တော်တော်ကြီးကို ခက်ခဲသွားမှာ “

ဤသည်မှာ အထူးလှုပ်ရှားမှုကို နှစ်ကြိမ်ဆက် အသုံးပြုခဲ့ရသည့် သူ၏ ပထမဦးဆုံး တိုက်ပွဲဖြစ်သည်။

ရှုကျိုး၏ အားကောင်းသော စိတ်စွမ်းအားကို ကျေးဇူးတင်ရမည် ဖြစ်သည်၊ ထို့ကြောင့်ပင် သူသည် ပြင်းထန်သော ဖိအားကို တောင့်ခံနိုင်ခဲ့ခြင်းဖြစ်သည်။

“ ဒါပင်မဲ့ ဒီလိုကြမ်းတမ်းတဲ့ တိုက်ပွဲက ငါ့ရဲ့ ဆေဘာနည်းစနစ်ကို တကယ်ကြီး တိုးတက်လာစေခဲ့တယ် “ ရှုကျိုးကား ကျေနပ်ပီတိဖြစ်နေခဲ့သည်။

ကြာရှည်စွာ ပိတ်ဆို့နေခဲ့သည့် သူ၏ဆေဘာနည်းစနစ်သည် စတင်၍ ပြေလျော့လာခဲ့ပြီ ဖြစ်သည်။

တကယ်လို့ တိုက်ပွဲသာ ဆက်ဖြစ်နေမယ်ဆိုရင် ငါက တကယ်ကြီးကို အဆင့်တက်သွားနိုင်တယ်။

ရှုကျိုးမသိသည့် အရာကား သူမှ နွားချိုကျားပျံကို ခုတ်ပိုင်းလိုက်သည့် အခိုက်အတန့်က လေဟာနယ်ထဲတွင် မှတ်တမ်းတင်ခံထားရသည်ဆိုသည်ပင် ဖြစ်သည်။

ကင်မရာတစ်လုံးဖြင့် ရိုက်ကူးနေသကဲ့သို့ ယခုလေးတင် ဖြစ်ပွားခဲ့သော တိုက်ပွဲအသေးစိတ်ကို မှတ်တမ်းတင်ထားခဲ့လေသည်။

အဆိုပါ အချက်အလက်များသည် ကျန်းမိသားစု နေထိုင်ရာအရပ်ရှိ ပုံရိပ်ယောင်ကမ္ဘာ၏ ဌာနချုပ် ဆာဗာများထံသို့ ရောက်ရှိသွားမည် ဖြစ်သည်။

…

ထိုစဥ် ကောင်တာပေါ်၌

ဆောင်ချီသည် ထိန်းချုပ်မှု မျက်နှာပြင်ကို ကြည့်ရာ ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။

“ ဘာလဲ? ဒီကောင်လေးက တိုက်လို့တောင် ပြီးသွားပြီလားဟ? “

သူ အံ့ဩတုန်လှုပ်သွားခဲ့သည်၊ နှစ်မိနစ်တောင် မပြည့်သေးဘူးလေ !!

ပုံရိပ်ယောင် ကမ္ဘာထဲက အဆင့်၁၀ ဗီဇပြောင်းသားရဲကို သတ်ဖို့ဆိုတာက တတိယအဆင့် တိုက်ခိုက်ရေး စွမ်းရည်နဲ့ပဲ ဖြစ်နိုင်မှာလေ။

တကယ်လို့ ဒုတိယအဆင့် အထွတ်အထိပ်ကို ရောက်နေရင်တောင်မှ နိုင်မဲ့အခွင့်အရေးက နည်းနေတုန်းပဲ၊ အထူးကွက် တစ်ကွက်တည်းနဲ့ ပွဲသိမ်းဖို့ဆိုတာက တော်တော်ခက်တယ်။

တိုက်ပွဲရှည်တစ်ခု ဖန်တီးပြီး၊ သားရဲကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်ပြီးတော့၊ အဲ့အချိန်ကျရင် အထူးအကွက်ကို အချိန်ကိုက် သုံးနိုင်မယ်ဆိုရင်တော့ ဖြစ်နိုင်ခြေ နည်းနည်းရှိတယ်။

ဆောင်ချီ၏ မှန်းဆချက်များအရ ရှုကျိုးသည် အောင်မြင်မှုအတွက် အနည်းငယ် အသာစီးရသွားစေရန်အတွက် ဗီဇပြောင်းသားရဲကို မောပန်းအောင်လုပ်ကာ အနည်းဆုံး နာရီဝက်မျှ တောင့်ခံထားရမည် ဖြစ်သည်။

သို့သော် ခုတွင်ကား ……

“ ငါအမှားလုပ်မိပြီးတော့ အဆင့်၅ သားရဲကို လွှတ်ပေးမိလိုက်တာများလား? “

ဆောင်ချီသည် အမြန် စစ်ဆေးကြည့်လိုက်ရာ ပို၍ပင် တုန်လှုပ်သွားခဲ့သည်။

မဟုတ်ဘူး၊ မှန်တယ်ဟ !!

ရှုကျိုးကို လေ့ကျင့်ပေးဖို့အတွက် နွားချိုကျားပျံကို ငါကိုယ်တိုင် ရွေးပေးလိုက်တာလေ။

အဆင့် ၁၀ နွားချိုကျားပျံကို နဂါး-ကျားစာရင်းဝင်တွေထဲမှာတောင်မှ လူတစ်ချို့ကပဲ လွယ်လွယ်ကူကူ အနိုင်ယူနိုင်တာလေ !!!

“ ကိစ္စ မရှိဘူး “ ဆောင်ချီသည် သတိပြန်ဝင်လာခဲ့ပြီး ရုတ်တရက် ပြုံးနေတော့သည် “ မင်းက ဒါကို ကိုင်တွယ်နိုင်တယ်ပေါ့၊ ဒါဆိုရင် ……. “

“ ပိုပြီးတော့ ခက်ခဲသွားအောင် လုပ်ကြတာပေါ့ကွာ “

ချက်ချင်းဆိုသလိုပင် သူသည် ထိန်းချုပ်မှု မျက်နှာပြင်ကို ပြန်ဖွင့်လိုက်သည်။

“ ကောင်ငယ်လေး၊ ရက်စက်တဲ့အတွက် ဆရာ့ကို အပြစ်မတင်နဲ့ကွာ၊ သေခြင်းရှင်ခြင်း အကြပ်အတည်းတွေကို ရင်ဆိုင်ရတဲ့ အချိန်ကျရင် မင်းက ငါ့ကို ကျေးဇူးတင်လာမှာပါ “

ဆောင်ချီသည် လူယုတ်မာပြုံး ပြုံးနေတော့သည်၊ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် သူ့အရှေ့တွင် ရှိနေသည့် အနီရောင်ခလုတ် ဆယ်ခုကျော်ကို တစ်ပြိုင်နက် နှိပ်ချလိုက်သည်။

All Chapters