← Chapters

အခန်း (၄၆-၄၈)

Vol. 4 Ch. 46-48

အခန်း (၄၆-၄၈)

Vol. 4 Ch. 46-48

အပိုင်း ( 46 )

အလွန် အံ့ဩတုန်လှုပ်သွားသော ကျန်းလန်

နဂါး-ကျားစာရင်းပေါ်တွင် အဆင့် ၂၀ချိတ်သည့် ရှီလဲ့ထံတွင် ချီ-သွေး ၁၃၀ကယ်လိုရီရှိပြီး၊ တိုက်ခိုက်ရေး စွမ်းရည်မှာလည်း ဒုတိယအဆင့် အထွတ်အထိပ်အထိ ရောက်ရှိနေပြီဖြစ်သော်လည်း သူသည် တစ်ကွက်တည်းဖြင့် ရှုံးနိမ့်သွားခဲ့သည်။

သူ၏ခြေလက်များသည် ချက်ချင်း အဖြတ်ခံလိုက်ရပြီး၊ လူသား တုတ်ချောင်းကဲ့သို့ ဖြစ်သွားကာ နောင်အနာဂတ်တွင် မတ်တပ်ပြန်ရပ်နိုင်မည့် အခွင့်အရေး ကျန်ရှိတော့မည် မဟုတ်ပေ။

အလွန်အမင်း သွေးထွက်သံယို ဖြစ်ခြင်း !!

ထိုဖြစ်ရပ်သည် အားလုံး၏ မျှော်မှန်းချက်များထပ် ကျော်လွန်နေခဲ့သည်။

ရှုကျိုး အနိုင်ရမည်ဟု ခန့်မှန်းထားသော လီရို့ရှီကပင် ရလဒ်က ဤမျှ ပြတ်ပြတ်သားသား ဖြစ်နေလိမ့်မည်ဟု တစ်ခါမှ မတွေးထားခဲ့ဖူးချေ။

စက္ကန့်ပိုင်းမျှ အကြာတွင် အားလုံး၏ အကြည့်များသည် ရှုကျိုးအပေါ်သို့ ကျရောက်သွားခဲ့သည်။

“ အရမ်း စွမ်းတယ် !! “

“ သူက ဘယ်လိုတိုက်ခိုက်ခဲ့တာလဲ? ငါတော့ တစ်ချက်တည်းပဲ ရှင်းရှင်းလင်းလင်း မြင်လိုက်တယ်၊ ရှီလဲ့ရဲ့ ခြေတွေလက်တွေက ပြတ်သွားတာလား? “

“ ရှားမိသားစုရဲ့ Aအဆင့် အဖွဲ့ဝင်၊ တကယ်ကို မှန်နေတာပဲ “

“ သူက ပထမနှစ် ‌ကျောင်းသားအသစ်လေးဆိုပင်မဲ့ ဒီလောက်တောင် စွမ်းနေပြီလား? “

ထိုအခိုက်အတန့်တွင် အတွင်းမြို့တော်မှ ကျောင်းသားအားလုံး အံ့ဩတုန်လှုပ်သွားကြသည်။

နဂါး-ကျားစာရင်းပေါ်မှ အဆင့် ၂၀ကို တစ်ကွက်တည်းဖြင့် အနိုင်ယူခြင်းသည် ထူးခြားသော အရာ မဟုတ်ပေ၊ လျူဟီသည်လည်း ထိုကဲ့သို့ လုပ်နိုင်သည်။

သို့သော် အဓိက အရာကမူ ရှုကျိုးသည် ပထနှစ်ကျောင်းသားလေးတစ်ဦးသာ ဖြစ်နေခြင်း ဖြစ်သည်။

ထိုအချိန်တွင် ရှားမိသားစု၏ Aအဆင့် အဖွဲ့ဝင်ဆိုသည့် ရှုကျိုး၏ အထောက်အထားကို မည်သူကမှ သံသယမရှိကြတော့ပေ။

ဒီလို ပါရမီရှင်၊ ဒီလို မွန်းစတားမျိုးက Aအဆင့် အဖွဲ့ဝင်ဖြစ်ဖို့ တကယ် ထိုက်တန်တယ် !!!

တစ်ချိန်တည်းမှာပင် လီရို့ရှီသည် အနည်းငယ် မှင်သက်နေခဲ့သည်။

သူမသည် ရှုကျိုး၏ အစွမ်းကြောင့် အံ့အားသင့်နေခြင်း မဟုတ်ဘဲ၊ ရှီလဲ့၏ ခြေလက်များကို ဖြတ်ကာ လူသားတုတ်ချောင်း ဖြစ်သွားစေသည့် သူ၏ရက်စက်သော နည်းလမ်းကြောင့် အံ့အားသင့်သွားခြင်း ဖြစ်သည်။

သွေးဆာ ပြတ်သားပြီး၊ ရက်စက် ကြမ်းကြုတ်သော

၎င်းတို့အားလုံးသည် ယခင်က လီရို့ရှီမှ ရှုကျိုးကို သင်ကြားပေးခဲ့သည့် အရာများ ဖြစ်သည်။

ရန်သူ့အား အခွင့်အရေး လုံးဝ မပေးသင့်ချေ !!

ထိုအချိန်တွင် လီရို့ရှီ ပြုံးသွားခဲ့သည်၊ ဒီနေ့ကစပြီးတော့ သူက ငါ့ရဲ့ အကာအကွယ်ကို မလိုအပ်တော့တဲ့ပုံပဲ။

တစ်ချိန်တည်းမှာပင် ကျောင်းအုပ်ကြီးသည် သတိပြန်ဝင်လာခဲ့ပြီး၊ ထို့နောက်တွင် ကူရာကယ်ရာမဲ့စွာဖြင့် ခေါင်းခါပြလာတော့သည် “ ဒီကလေးတော့၊ ညစ်ပတ်အောင် မလုပ်ပါနဲ့လို့ ငါပြောထားတဲ့ဟာကိုကွာ “

ထိုကဲ့သို့ ပြောလိုက်သော်လည်း သူ၏မျက်လုံးများထဲတွင် ရှိနေသည့် ရှုကျိုးကို သဘောကျလေးစားနေသည့် အရိပ်အငွေ့များက ပိုပို၍ တိုးပွားသွားခဲ့သည်။

“ ချောင်ရုံက တကယ်ကို အမျှော်အမြင် ရှိတယ် “ ကျောင်းအုပ်ကြီးသည် တိတ်တဆိတ် သက်ပြင်းချနေတော့သည် “ သူက ဒီကလေးရဲ့ အလားအလာတွေကို အစောကြီးထဲက တွေ့ခဲ့တာများလား? “

ထိုအချိန်က ဆရာ၊ ဆရာမအားလုံးသည် ရှုကျိုး၏ သားရဲစွမ်းရည်အကြောင်းကို သိနေခဲ့ကြပြီး၊ ၎င်းကို ဖော်ထုတ်ရန်ပင် ပြင်ဆင်ခဲ့ကြသည်။

သို့သော် ချောင်ရုံကမူ တစ်ကျောင်းလုံးကို လှည့်စားကာ သန်းပေါင်းများစွာသော လူများကို လိမ်ညာခဲ့သည်။

အဆုံးတွင် အဆိုပါ ကိစ္စကို ဖုံးကွယ်ရန်အတွက် သူသည် တစ်ကျောင်းလုံးကို ထိုကိစ္စထဲသို့ ဆွဲသွင်းသွားခဲ့သည်။

ယခုတွင်ကား ရှုကျိုး၏ စွမ်းဆောင်မှုသည် စိတ်ပျက်စရာ မဖြစ်ခဲ့ဘဲ၊ ချောင်ရုံမှ သူ့အပေါ်တွင် ထားခဲ့သည့် အလောင်းအစားကို အနိုင်ရသွားစေခဲ့သည်။

…

ကိစ္စသည် လျင်မြန်စွာ နိဂုံးချုပ်သွားခဲ့သည်။

လူတိုင်း ထွက်သွားပြီးသည့်နောက်တွင် ရှုကျိုးသည် ထိုနေရာကို ရှင်းလင်းဆေးကြော ပေးနေခဲ့ပြီး၊ ထို့နောက်တွင် ကျောင်းအုပ်ကြီးအား နတ်ဆိုးတစ်ထောင် လှိုဏ်ဂူအကြောင်း မေးမြန်းနေတော့သည်။

ထိုစဥ် ကျောင်း၏ အနောက်ဘက် တောင်ရှိ အနားယူရာ မဏ္ဍပ်ပေါ်တွင်

လျူဟီနှင့် ယွမ်ဟွင်ရွှယ်တို့သည် မျက်နှာချင်းဆိုင်ထိုင်၍ တစ်စုံတစ်ခုကို ဆွေးနွေးပြောဆိုနေကြသည်။

အတွင်းမြို့တော်မှ ကျောင်းသားတစ်ဦးသည် ရေးကြီးသုတ်ပျာ ပြေးလာခဲ့ပြီး၊ အထိတ်တလန့်ဖြင့် အော်ပြောလာခဲ့သည် “ အစ်ကိုလျူ၊ မကောင်းတော့ဘူး “

“ ရှီလဲ့ကို ရှုကျိုးက ဒုက္ခိတဖြစ်အောင် လုပ်လိုက်ပြီ၊ သူက နောက်ဆိုရင် မတ်တပ်တောင် ရပ်နိုင်တော့မှာ မဟုတ်ဘူး “

ထိုကျောင်းသားသည် အစောပိုင်းအချိန်များအတွင်းက ရုံးခန်းထဲတွင် ရှိနေခဲ့သည့် ကျောင်းသား မဟုတ်ပေ၊ သူသည် သတင်းယူကာ ဤနေရာသို့ ချက်ချင်းပြေးလာခဲ့ခြင်း ဖြစ်သည်။

၎င်းကို ကြားလိုက်ရသော်လည်း လျူဟီသည် သိသာထင်ရှားသော အမူအရာ(သို့) တုံ့ပြန်မှုကို မပြသလာခဲ့ပေ။

သို့သော် ဟွမ်ယွင်ရွှယ်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည် “ ရှုကျိုးက ရှီလဲ့ရဲ့ ခြေလက်တွေကို ဖြတ်လိုက်တာလား? “

သူသည် မယုံကြည်နိုင် ဖြစ်သွားတော့သည်၊ ရှုကျိုးက ဘယ်အချိန်တုန်းကစပြီးတော့ ဒီလောက်တောင် စွမ်းလာရတာလဲ?

ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသော ကျောင်းသားမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ ကျောင်းအုပ်ကြီး ရုံးခန်းထဲမှာပါ၊ သူက ရှီလဲ့ကို တစ်ကွက်တည်းနဲ့ အနိုင်ယူပြီးတော့ ခြေလက်တွေကို ဖြတ်လိုက်တာပါ “

“ တစ်ကွက်လား? “

ဟွမ်ယွင်ရွှယ်၏ အမူအရာသည် ချက်ချင်းဆိုသလိုပင် မှုန်မှိုင်းသွားတော့သည်။

ရှုကျိုးသည် သူ၏ရန်သူဖြစ်သည်၊ အခုတော့ သူက ဒီလောက်ကြီးတောင် စွမ်းနေခဲ့ပြီလား?

၎င်းသည် သူ၏နှလုံးသားကို များစွာလေးလံသွားခဲ့စေသည်။

ဘေးနားရှိ လျူဟီမှ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလာခဲ့သည် “ လီရို့ရှီကိစ္စကရော? “

“ ရှုကျိုးက ရေပွက်အောင် လုပ်လိုက်ပါတယ်၊ အတွင်းမြို့တော်က ကျောင်းသားတွေထဲက တစ်ယောက်ယောက်က ဒီကိစ္စကို အစ်ကိုလုပ်တယ်ဆိုတာကို ဝန်ခံလိုက်ပါတယ်၊ လီရို့ရှီရဲ့ ဆုလဒ်တွေကတော့ အဖြတ်မခံလိုက်ရဘူး “ ကျောင်းသား၏ အသံသည် ပို၍ တိုးညှင်းသွားခဲ့သည်။

လျူဟီကား အေးဆေး တည်ငြိမ်နေစဲဖြစ်သည် “ ကောင်းပြီ၊ မင်းသွားလို့ရပြီ “

ထိုကျောင်းသား ထွက်သွားသောအခါတွင် လျူဟီသည် ဟွမ်ယွင်ရွှယ်ကို ကြည့်လာခဲ့သည်၊ သူ၏မှုန်မှိုင်းနေသော မျက်နှာကို မြင်တွေ့လိုက်ရသောအခါတွင် မအောင့်နိုင်တော့ဘဲ ရယ်မောနေတော့သည် “ ဘာလဲ၊ မင်းက ကြောက်နေတာလား? “

“ မဟုတ်ဘူး “

ဟွမ်ယွင်ရွှယ်သည် ခေါင်းခါပြလာခဲ့ကာ လေးနက်နေသော အသံဖြင့် ပြောလာခဲ့သည် “ အဲ့ကောင်လေးက မြန်မြန်ဆန်ဆန်ကြီး တိုးတက်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “

သူ၏မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးနေသော အရိပ်အယောင်များ ရှိနေခဲ့သည်။

လွန်ခဲ့သော တစ်လခန့်က သူသည် ရှုကျိုး၏ တိုက်ခိုက်မှုကို စောင့်ကြည့်နေခဲ့သည်။

ထိုအချိန်က သူသည် ရှုကျိုးကို လက်တစ်ဖက်တည်းဖြင့်ပင် အလွယ်တကူ နင်းချေနိုင်လေသည်။

ဒါပင်မဲ့ တစ်လအတွင်းမှာပဲ ဒီကောင်လေးက ဒီလောက်တောင် ကြမ်းလာခဲ့တာလား?

“ ရှုကျိုးက ကိုင်တွယ်ရ လွယ်ပါတယ် “ လျူဟီမှ တည်ငြိမ်စွာ ပြောလာခဲ့သည် “ ဒါပင်မဲ့ လီရို့ရှီကတော့ တော်တော်လေး စွမ်းတယ် “

“ အစကတော့ ကိုင်တွယ်ရ ပိုလွယ်သွားအောင်လို့ ငါက သူမရဲ့ ကျင့်ကြံရေး အရင်းအမြစ်တွေကို မရအောင်လုပ်ပြီးတော့ သူမကို အားနည်းသွားအောင်လုပ်ဖို့ စီစဥ်ထားခဲ့တာ “

“ ကံမကောင်းစွာနဲ့ အစီအစဥ်က ကျရှုံးသွားတယ် “

သူ၏အမူအရာသည် အေးဆေးတည်ငြိမ်နေခဲ့သည် “ ဒါပင်မဲ့ မကြာသေးခင်ကမှ ငါ့ရဲ့ ခွန်အားက ထပ်ပြီးတော့ အဆင့်တက်သွားတယ်၊ သူမကို ထိန်းဖို့က ပြဿနာ မရှိဘူး “

“ မင်းကရော ရှုကျိုးကို မြန်မြန်ဆန်ဆန် ဖြေရှင်းဖို့ ယုံကြည်ချက်ရှိလား? “ လျူဟီမှ ဟွမ်ယွင်ရွှယ်ကို မေးမြန်းလာခဲ့သည်။

၎င်းသည် သူတို့ ကြိုတင်ပြင်ဆင်ထားသည့် နည်းဗျူဟာဖြစ်သည်။

နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ဟွမ်ယွင်ရွှယ်သည် ရှုကျိုးကို အမြန်ဖြေရှင်းပြီး၊ ထို့နောက်တွင် သူတို့နှစ်ဦးသည် လီရို့ရှီကို ပူးပေါင်းနှိမ်နင်းကြမည် ဖြစ်သည်။

လီရို့ရှီက အစွမ်းထက်သော်လည်း၊ သူမသည် လျူဟီနှင့် ဟွမ်ယွင်ရွှယ်တို့၏ ပူးပေါင်းတိုက်ခိုက်မှုကို တောင့်ခံနိုင်မည် မဟုတ်ပေ။

ဟွမ်ယွင်ရွှယ်သည် နဂါး-ကျားစာရင်းပေါ်တွင် အဆင့် ၅ချိတ်သည့် အထင်သေး၍ မရသော လူတစ်ဦး ဖြစ်သည်။

“ တကယ်လို့ ယုံကြည်ချက် မရှိဘူးဆိုရင်တော့ လီရို့ရှီကို ခဏလောက် တားထားလိုက်၊ ငါရှုကျိုးကို ကိုင်တွယ်ပြီးသွားတာနဲ့ သူမကို ပေါင်းတိုက်ကြမယ် “ လျူဟီမှ အေးအေးဆေးဆေး ပြောလာခဲ့သည်။

၎င်းကို ကြားလိုက်ရသောအခါတွင် ဟွမ်ယွင်ရွှယ်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

လီရို့ရှီကို တားထားရမှာလား?

သူတို့၏ အဆင့်များသည် သုံးခုသာလျှင် ကွာခြားနေခဲ့သော်လည်း စွမ်းအားကမူ များစွာ ကွာဟနေခဲ့သည်။

နဂါး-ကျားစာရင်းပေါ်တွင် အဆင့်၂ဖြစ်နေခြင်းကပင် သိသာထင်ရှားသော ကွာဟချက် ဖြစ်သည်။

လီရို့ရှီ၏ အစွမ်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းပြီး၊ လျူဟီမှတစ်ပါး တစ်ခြားမည်သူကမှ သူမကို ထိန်းထားနိုင်လိမ့်မည် မဟုတ်ပေ။

“ သူမကို တားထားရမှာလား? “ ဟွမ်ယွင်ရွှယ်သည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည် “ ငါက သူမလက်ထဲမှာ သုံးကွက်‌တောင် မခံလောက်ဘူး “

သူသည် လျူဟီကို ကြည့်ကာ လေးလေးနက်နက် ပြောဆိုလိုက်သည် “ မူရင်းအစီအစဥ်အတိုင်းပဲ သွားကြတာပေါ့။ ငါ ရှုကျိုးကို အမြန်ရှင်းမယ်၊ ပြီးရင် မင်းနဲ့ ပူးပေါင်းမယ် “

ထိုကဲ့သို့ ပြောလိုက်ပြီးသည့်နောက်တွင် သူမှ ထပ်ဖြည့်ပြောလာခဲ့သည် “ ငါ့ရဲ့ ချီ-သွေးက ၁၅၀ကယ်လိုရီကို ထိုးဖောက်နိုင်တော့မယ်၊ နောက်နှစ်ရက်လောက်ဆိုရင်တော့ အောင်မြင်လောက်ပြီ၊ အဲ့ဒီအချိန်ကျရင် ရှုကျိုးက ငါ့ကို တိုက်ခိုက်နိုင်ဖို့ အခွင့်အရေး မရှိတော့ဘူး “

“ ကောင်းတယ်၊ အဆင်ပြေတယ် “

သူသည် ခေါင်းငြိမ့်ပြလာခဲ့ပြီး၊ မေးလာခဲ့သည် “ နောက်ဆုံးတစ်ခေါက်တုန်းက မင်းငါ့ကို ပြောခဲ့တဲ့ ခြေရာခံစွမ်းရည်က၊ အဲ့တာက ယုံကြည်စိတ်ချရတယ်ဆိုတာ သေချာရဲ့လား? “

“ စိတ်ချထားလိုက်၊ လုံးဝ ယုံကြည်ထားလို့ရတယ် “ ဟု ဟွမ်ယွင်ရွှယ်မှ အာမခံလိုက်သည်။

သူနိုးထခဲ့သော စွမ်းရည်သည် Bအဆင့် ရှာဖွေရေး စွမ်းရည် ဖြစ်သည်။

အဆိုပါ စွမ်းရည်သည် လူတစ်ဦး၏ လျှို့ဝှက်ချက်ကို ရှာဖွေတူးဆွနိုင်ပြီး၊ ကျင့်ကြံရေးကို မြန်ဆန်စေကာ ဖုံးကွယ်(သို့) ထိန်းသိမ်းထားသည့် ရတနာများကိုလည်း ရှာဖွေနိုင်လေသည်။

သူသည် ထိုစွမ်းရည်ကို အသုံးပြုပြီး ရတနာများစွာကို နှစ်ပေါင်းများစွာ ရှာဖွေတွေ့ရှိခဲ့သည်။

အဆိုပါ ရတနာများသည် ငွေအတွက် ရောင်းချရန်ဖြစ်စေ၊ စွမ်းအားကို တိုးမြှင့်ရာတွင် အသုံးချရန်အတွက်ဖြစ်စေ သူ့အတွက် ကြီးမားသော အကျိုးကျေးဇူးများကို ယူဆောင်ပေးလာခဲ့သည်။

သူ၏ Bအဆင့် စွမ်းရည်ဖြင့် နဂါး-ကျားစာရင်း၏ နံပတ် ၅နေရာသို့ ရောက်ရှိနေရခြင်းမှာ ထိုကဲ့သို့ ပြုလုပ်နေခဲ့ခြင်းကြောင့် ဖြစ်သည်။

သို့သော် သူသည် သူ၏စွမ်းရည်တွင် တစ်ခြားသော လုပ်နိုင်ဆောင်စွမ်းတစ်ခုလည်း ရှိသည်ဆိုသည်ကို သိနေခဲ့သည်။

“ ငါ့ရဲ့ ရှာဖွေရေး စွမ်းရည်က ရတနာတွေကိုပဲ ရှာနိုင်တာ မဟုတ်ဘူး ” ဟွမ်ယွင်ရွှယ်မှ အေးအေးဆေးဆေး ပြောလာခဲ့သည် “ အဲ့တာက လူတစ်ယောက်ရဲ့ တည်နေရာကိုလည်း ရှာနိုင်တယ်၊ ဒါပင်မဲ့ အဲ့တာကို ဆယ်ရက်မှ တစ်ခါပဲ သုံးလို့ရတယ် “

“ အဲ့တာက အလုပ်ဖြစ်တယ်ဆိုရင် ကောင်းတယ် “ လျူဟီမှ ခေါင်းငြိမ့်ပြလာခဲ့ပြီး၊ မည်သည့်အရာကိုမှ ထပ်မပြောလာတော့ပေ။

ထို့ကြောင့်ပင် သူသည် ဟွမ်ယွင်ရွှယ်နှင့် အဖွဲ့ဖွဲ့ရန် သဘောတူလိုက်ခြင်း ဖြစ်သည်။

နတ်ဆိုးတစ်ထောင် လှိုဏ်ဂူသည် ကျယ်ပြန့်လွန်းလှသည်၊ အထဲသို့ တည်နေရာ ကူးပြောင်းသွားသည်နှင့်တစ်ပြိုင်နက် တစ်ခြားအဖွဲ့ကို ရှာဖွေရန် ခက်ခဲသွားပြီ ဖြစ်သည်။

သို့သော် ဟွမ်ယွင်ရွှယ်၏ စွမ်းရည်ဖြင့်ဆိုပါက သူသည် လီရို့ရှီ၏ တည်နေရာကို သေချာပေါက် ရှာဖွေနိုင်လိမ့်မည် ဖြစ်သည်။

၎င်းကို တွေးမိသွားသောအခါတွင် လျူဟီ၏ မျက်နှာပေါ်၌ မျှော်လင့်ခြင်းများ ပေါ်ပေါက်လာခဲ့သည်။

ဘေးနားရှိ ဟွမ်ယွင်ရွှယ်သည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းလိုက်ပြီး လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်နေတော့သည်။

အရာအားလုံး အဆင်သင့်ဖြစ်နေခဲ့ပြီ ဖြစ်ပြီး၊ သဘက်ခါတွင် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူဖွင့်လာမည့် အချိန်ကို စောင့်ဆိုင်းနေရုံသာ ကျန်ရှိနေတော့သည်။

“ ရှုကျိုး၊ သိပ်မကြာခင်မှာ ငါတို့တွေ့ကြမယ် “ ဟွမ်ယွင်ရွှယ်၏ မျက်လုံးများထဲတွင် အေးစက်မှုများဖြင့် ပြည့်နှက်နေခဲ့ပြီး၊ သူသည် တိတ်တဆိတ် တွေးတောနေခဲ့သည် “ မင်းရဲ့အစ်မကို ငါတို့က လက်စားချေနေပြီး၊ သနားညှာတာဖို့အတွက် တောင်းပန်ရတဲ့မြင်ကွင်းကို မင်းကြည့်ရလိမ့်မယ် “

…

လင်းဂျန်မြို့ အပြင်ဘက် ကီလိုမီတာ ၁၀၀အကွာရှိ

သီးသန့် ဇိမ်ခံစံအိမ်တစ်ခုတွင်

လှပသော ကောင်မလေးတစ်ဦးသည် နှင်းကဲ့သို့ ဖြူဖွေးနေသည့် သူမ၏ ဂါဝန်ဖြူကို ဝတ်ဆင်ထားပြီး၊ စံအိမ်ထဲမှ လမ်းလျှောက်ထွက်လာခဲ့ကာ ကျက်သရေရှိစွာ မတ်တပ်ရပ်နေလျက်ရှိသည်။ သူမ၏ခြေတစ်စုံတွင် ‌ခြေညှပ်ဖိနပ်ရှိနေခဲ့ပြီး သူမ၏ ခြေချောင်းလေးများသည် အဖြူရောင် ကျောက်စိမ်းကဲ့သို့ ကြည်လင်လှပနေသည်။

ကျန်းလန်၏ ဖြူစင်သော မျက်နှာလေးပေါ်တွင် ဖျော့တော့သော အပြုံးတစ်ခု ရှိနေခဲ့သည်။

“ ဒီကာလအတွင်းမှာ ချီ-သွေးနဲ့ တိုက်ခိုက်ရေး နည်းစနစ်နှစ်ခုလုံးက အဆင့်တက်သွားပြီးတော့ နယ်ပယ်တူတွေထပ် သာသွားပြီ “

သူမ၏လေသံသည် ခိုင်မာပြတ်သားနေခဲ့သည် “ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ ခရီးစဥ်မှာ ပထမနေရာအတွက် ငါနဲ့ ဘယ်သူကမှ ယှဥ်နိုင်တော့မှာ မဟုတ်ဘူး “

ထိုအချိန်တွင် သူမ၏ လက်အောက်ငယ်သားဖြစ်သည့် အနက်ဝတ် သက်လတ်ပိုင်းလူ အပြေးအလွှား ရောက်ရှိလာခဲ့သည်။

“ မမလေး၊ မမလေးရဲ့ အဘိုး၊ အကြီးအကဲ ကျန်းက မနေ့ညက ဖုန်းခေါ်ထားပါတယ်၊ သူက အရေးကြီးကိစ္စတစ်ခုခုကို မမလေးနဲ့ ဆွေးနွေးချင်နေတဲ့ပုံပါပဲ “ ဟု အမြန် ပြောပြလာခဲ့သည်။

“ ကျွန်မရဲ့ အဘိုးလား? ” ကျန်းလန်၏ လှပသော မျက်နှာလေးပေါ်တွင် စိတ်ရှုပ်ထွေးသွားသည့် အရိပ်အငွေ့များ ပေါ်လာခဲ့သည်။

ထို့နောက်တွင် သူမမှ ခေါင်းငြိမ့်ပြလိုက်သည် “ သိပြီ၊ ခဏနေရင် သူ့ကို ပြန်ခေါ်လိုက်မယ် “

“ ဒါနဲ့ လင်းဂျန် ပထမ အထက်တန်းကျောင်းက ရှုကျိုးကရော ဘယ်လိုနေလဲ? “

သူမသည် ရုတ်တရက် မှတ်မိသွားပြီး၊ မနေနိုင်တော့ဘဲ မေးမြန်းလိုက်သည်။

သက်လတ်ပိုင်းလူမှ ရိုးသားစွာ တင်ပြလာခဲ့သည် “ ဒီရက်တွေအတွင်းမှာ တစ်ခြားမိသားစုက လူတွေကလည်း သူ့ကို ခေါ်ဖို့ ကြိုးစားခဲ့ပါတယ်၊ ဒါပင်မဲ့ အမြင့်ဆုံးမှ Eအဆင့် ထောက်ပံ့မှုနဲ့ပဲ ကမ်းလှမ်းခဲ့ကြတာပါ Dအဆင့်ကို မကျော်ပါဘူး “

ကျန်းလန်မှ ခေါင်းငြိမ့်ပြလိုက်ပြီး၊ သူမ၏ အမူအရာသည် အေးဆေးတည်ငြိမ်နေလျက်ရှိသည် “ ထင်ထားတဲ့ အတိုင်းပဲ “

သူမ၏ စိတ်နှလုံးသားသည် သိသိသာသာ လန်းဆန်းသွားခဲ့သည်။

သူမသည် ရှုကျိုးက သူမ၏ ကမ်းလှမ်းချက်အား ငြင်းပယ်ခဲ့ခြင်းကို ဂရုမစိုက်ပေ၊ သူမသည် အနည်းငယ် အရှက်ကွဲသွားသကဲ့သို့ ခံစားနေခဲ့ရရုံသာလျှင် ဖြစ်သည်။

ထူးခြားသော စွမ်းရည်နှင့် ရင်သပ်ရှုမောဖွယ်ကောင်းသည့် အလှအပတို့ကို ပိုင်ဆိုင်ထားသည့် ကျန်းမိသားစု၏ တိုက်ရိုက်မျိုးဆက် သမီးတော် တစ်ဦးအနေဖြင့် ကျန်းလန်သည် ငယ်စဥ်ကတည်းက လက်ဖဝါးထဲရှိ ပုလဲလုံးလေးကဲ့သို့ အလေးပေးခဲ့ခံရလေ့ရှိသည်။

သို့သော် ဤတစ်ကြိမ်တွင်မူ သူမသည် ရှုကျိုးကို သူ၏ကျောင်းသို့ သူမကိုယ်တိုင် သွား၍ ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း အငြင်းခံခဲ့ရသည်၊ ၎င်းသည် သူမ၏ဘဝတွင် တစ်ကြိမ်တစ်ခါမှ မကြုံတွေ့ခဲ့ဖူးသည့် အလွန်ရှားပါးသော ဖြစ်ရပ်တစ်ခုဖြစ်သည်။

“ ကောင်းပြီလေ၊ ရှင်သွားနိုင်ပြီ “ ဟု ကျန်းလန်မှ ပြောလိုက်သည်။

အနက်ဝတ်လူ ထွက်သွားခဲ့ပြီးသည့်နောက်တွင် ကျန်းလန်သည် သူမ၏ ဖုန်းကို ကောက်ကိုင်လိုက်သည်။

သူမ မျှော်လင့်ထားသည့်အတိုင်းပင် လွတ်သွားသော ဖုန်းခေါ်မှုများစွာ ရှိနေခဲ့သည်။

ကျန်းလန်၏ နူးညံ့သော မျက်နှာလေးသည် အနည်းငယ် လေးနက်သွားခဲ့သည်၊ အဘိုးက ခဏခဏ ခေါ်ထားတယ်ဆိုတော့ တော်တော်အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိနေတယ်ထင်တယ်။

သူမသည် သူမ၏ အဘိုးထံသို့ ချက်ချင်း ဖုန်းပြန်ခေါ်လိုက်သည်။

ပီ ….

ခေါ်ဆိုမှု ချိတ်ဆက်သွားခဲ့သည်။

“ ဘိုးဘိုး၊ ဘာဖြစ်လို့လဲ? ကျွန်မကို ဖုန်းတွေ အများကြီး ခေါ်ထားတယ် “ ဟုကျန်းလန်မှ စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။

တစ်ခြားတစ်ဖက်တွင်မူ ခေတ္တမျှ တိတ်ဆိတ်သွားခဲ့သည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် ကျန်းပေါ်ကျွမ်း၏ အသံသည် ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည် “ ရှောင်လန်၊ ဒီတစ်ခါတော့ မင်းက မိသားစုအတွက် ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်စေခဲ့ပြီပဲ “

“ ဟမ်? “

ကျန်းလန်၏ လှပသော မျက်နှာလေးထံတွင် မှင်သက်သွားသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

အပိုင်း ( 47 )

လီရို့ရှီ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား

ဖုန်းခေါ်ဆိုမှုသည် တစ်နာရီကျော်အထိ ကြာနေခဲ့သည်။

ဖုန်းချလိုက်ပြီးသည့်နောက်တွင် ကျန်းလန်သည် အဝေးသို့ ငေးမော ကြည့်ရှုနေပြီး၊ သူမ၏ လှပသော မျက်လုံးလေးများထဲတွင် ဆုံးရှုံးမှု အရိပ်အငွေ့ အနည်းငယ် ဖြစ်တည်နေခဲ့သည်။

“ တိုက်ခိုက်ရေး နည်းစနစ် တတိယအဆင့်လား? စိတ်ဝိညာဥ် စွမ်းရည်လား? “

ကျန်းလန်သည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေလျက်ရှိပြီး၊ သူမ၏ လှပသော မျက်နှာလေးပေါ်တွင် အံ့ဩမှု အရိပ်အယောင်များ ရှိနေခဲ့သည်။

ယခု‌လေးတင် သူမ၏ အဘိုး ကျန်းပေါ်ကျွမ်းသည် သူမနှင့် ရှုကျိုးအကြောင်းကို အချိန်အတော်ကြာ ပြောဆိုနေခဲ့သည်။

အဘိုးဖြစ်သူသည် သူမအား ရှုကျိုးက တိုက်ခိုက်ရေး နည်းစနစ်၏ တတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး၊ မြင့်မားသော စိတ်ဝိညာဥ်စွမ်းအားကို ပိုင်ဆိုင်ထားကြောင်း အသိပေးလာခဲ့သည်။

၁၁နာရီကြာ ဆက်တိုက်ခိုက်ခြင်း !!

ယခုတွင် သူသည် နိုင်ငံတော် အထက်တန်းကျောင်း အဆင့်၏ နံပတ် ၂၁နေရာသို့ပင် တက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။

သို့သော် ၎င်းမှာ ကျန်းလန် အံ့အားအသင့်သွားရဆုံး အရာ မဟုတ်ပေ။

သူမအား မယုံကြည်နိုင် ဖြစ်သွားစေခဲ့ကာ အလွန်အမင်း အံ့အားသင့်သွားစေခဲ့သည့် အရာသည် ရှုကျိုးအပေါ် ထားရှိသည့် သူမအဘိုး၏ အကဲဖြတ်မှုပင် ဖြစ်သည်။

“ Sအဆင့် အလားအလာရှိပြီး၊ Aအဆင့် ထောက်ပံ့မှုနဲ့ ခေါ်သင့်တာလား? “ ကျန်းလန်သည် အဘိုးဖြစ်သူ၏ စကားလုံးများကို ပြန်၍အမှတ်ရနေတော့သည် “ ဒါပင်မဲ့ ငါက Dအဆင့် ထောက်ပံ့မှုလေးနဲ့ပဲ ကမ်းလှမ်းခဲ့ပြီးတော့ ရှုကျိုးကို တောင်ပိုင်းပြည်နယ် ရှားမိသားစုရဲ့ လက်ထဲကို ရောက်သွားစေခဲ့တာလား? ”

ထိုအချိန်က ကျန်းပေါ်ကျွမ်း၏ အသံနေအသံထားသည် ဝေဖန်ပြစ်တင်နေသည့် ပုံစံမျိုး ဖြစ်နေခဲ့သည်။

အကယ်၍ ကျောင်းကျိုး၏ ပါရမီရှင်ကို ကျောင်းကျိုးထဲတွင်သာ ထိန်းသိမ်းထားနိုင်မည်ဆိုပါက အဆင်ပြေနေလိမ့်မည် ဖြစ်သည်။

သို့သော် အဆုံးတွင် သူသည် အိမ်နီးချင်း တောင်ပိုင်းပြည်နယ်၏ လုယူခြင်းကို ခံလိုက်ရသည်။

နောင်အနာဂတ် ရှုကျိုး ကြီးပျင်းလာခဲ့သည့် အချိန်တွင် အဆိုပါ ဖြစ်ရပ်သည် ကျန်းမိသားစုအတွက် ရှက်ဖွယ်ကောင်းသော အတိတ်တစ်ခု ဖြစ်လာလိမ့်မည် ဖြစ်သည်။

ကျန်းပေါ်ကျွမ်းကပင် ကျန်းလန်ကို သူမ၏ ညံ့ဖျင်းသော ဆုံးဖြတ်ချက်ကြောင့် မိသားစုက ဆုံးရှုံးမှုကြီးတစ်ခုကို ခံစားခဲ့ရသည်ဟု ပြောင်ပြောင်တင်းတင်း ပြစ်တင်ပြောဆိုခဲ့သည်။

၎င်းကို တွေးမိသွားသောအခါ၌ ကျန်းလန်၏ လှပသော မျက်နှာလေးပေါ်တွင် မကျေမနပ် ဖြစ်နေသည့် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

“ ငါက အမှားတစ်ခုခု လုပ်ခဲ့မိတာလား? “ သူမသည် သူမ၏ နီရဲရဲ နှုတ်ခမ်းလေးများကို ကိုက်ကာ ရေရွတ်ပြောဆိုနေတော့သည် “ အဲ့ဒီအချိန်တုန်းက သူက Dအဆင့်နဲ့ပဲ တကယ်တန်နေခဲ့တာလေ “

သူမကို အမြဲလိုလို အလိုလိုက်တတ်သည့် အဘိုးဖြစ်သူသည် သူမအား ဤကိစ္စအတွက် ပြစ်တင်ပြောဆိုလာခဲ့သည်။

သူမသည် ၎င်းကို နားမလည်နိုင် ဖြစ်နေလျက်ရှိသည်။

ယခုလက်ရှိ အချိန်မှာပင် သူမသည် ရှုကျိုးထံတွင် Sအဆင့် အလားအလာ မရှိဘူးဟုသာ ထင်နေခဲ့သည်။

“ မွေးရာပါ သားရဲစွမ်းရည်တွေက ဆိုးရွားတဲ့ အနာဂတ်တွေပဲ ရှိတယ် “

ကျန်းလန်သည် အံကြိတ်၍ နူးညံ့ငြင်သာစွာ ပြောနေတော့သည် “ ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်ရဲ့ သုတေသနအတွက်ကတော့ ……. နှစ်ပေါင်း ဆယ်နဲ့ချီပြီးတော့ သုတေသန လုပ်ခဲ့ပင်မဲ့ ဘာရလဒ်မှ မထွက်လာခဲ့ဘူးလေ “

“ သူ့ရဲ့ စိတ်ဝိညာဥ်စွမ်းအားက ဘယ်လောက်ပဲ ကောင်းနေပါစေ၊ သားရဲစွမ်းရည်ဖြစ်နေတာကြောင့် သူက တဖြည်းဖြည်းနဲ့ သာမန်ဖြစ်လာလိမ့်မယ် “

ကျန်းလန်သည် တဖြည်းဖြည်း ယုံကြည်မှု ပိုရှိသွားခဲ့သည်။

သူမသည် သူမက မှားယွင်းသည့် မည်သည့်အရာကိုမှ မလုပ်ခဲ့ဘူးဟု ယုံကြည်နေခဲ့သည်။

ရှားမိသားစုသည် ရှုကျိုးအား Aအဆင့် ထောက်ပံ့မှုဖြင့် ခေါ်ယူခဲ့သည်၊ သို့သော် သူမသည် နောင်အနာဂတ်တွင် ရှားမိသားစုက နောင်တရသွားလိမ့်မည်ဟု ယုံကြည်နေလျက်ရှိသည်။

“ ဒီတစ်ခေါက် တားမြစ်နယ်မြေ ခရီးစဥ်မှာ ငါက ကျောင်းကျိုးရဲ့ ပထမနေရာကို ရအောင် ယူရမယ် “ ကျန်းလန်၏ ဆုံးဖြတ်ချက်သည် ပို၍ ခိုင်မာသွားခဲ့သည် “ တကယ့် Sအဆင့် အလားအလာက ဘယ်လိုမျိုးလဲဆိုတာကို အဘိုးမြင်အောင် ပြရတာပေါ့ “

သူမကိုယ်တိုင်ကပင် ကျန်းမိသားစု၏ Sအဆင့် အဖွဲဝင်တစ်ဦးဖြစ်သည်။

ထိုကဲ့သို့ ဖြစ်နေရခြင်းမှာ သူမက ကျန်းမိသားစု၏ တိုက်ရိုက်မျိုးဆက် ဖြစ်နေသောကြောင့်သာလျှင် မဟုတ်ဘဲ၊ သူမ၏ကိုယ်ပိုင် စွမ်းရည်နှင့် စွမ်းအားတို့ကပါ ထူးထူးခြားခြား အားကောင်းနေသောကြောင့် ဖြစ်သည်။

Sအဆင့် အဖွဲ့ဝင်တိုင်းသည် တူညီသော နယ်ပယ်တွင် ပြိုင်ဘက်ကင်းရန် ယုံကြည်မှုရှိကြသည်။

“ အဲ့လူက ပထမနှစ်ကျောင်းသား ဖြစ်နေတာက နှာမြောစရာပဲ၊ တကယ်လို့ သူကသာ တတိယနှစ်ဖြစ်နေမယ်ဆိုရင်၊ ငါက သူနဲ့ ကောင်းကောင်းကြီး ပြိုင်လို့ရပြီ “

ထိုအခိုက်အတန့်တွင် ကျန်းလန်သည် အနည်းငယ် နောင်တရသွားခဲ့သည်။

ယခုတွင် သူမသည် ရှုကျိုးကို စိန်ခေါ်၍ ရမည် မဟုတ်ပေ၊ ၎င်းမှာ ငယ်ရွယ်သူကို အနိုင်ကျင့်နေခြင်းသာလျှင် ဖြစ်သည်။

အကယ်၍ ရှုကျိုးကသာ တတိယနှစ်ဖြစ်နေပါက သူမသည် သူ့ကို သင်ခန်းစာတစ်ခု ပေးကာ သူမ၏ အဘိုးအား ရှုကျိုးနှင့် Sအဆင့်ကြားရှိ ကွာဟချက်ကို မြင်တွေ့သွားအောင် လုပ်ပြမည် ဖြစ်သည်။

…

ညနေခင်း ခြောက်နာရီတွင်

ကျောင်းတွင် တစ်နေ့လုံး လေ့ကျင့်ခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် မတ်တပ်ထရပ်ကာ အိမ်ပြန်ရန် ထွက်ခွာလာခဲ့သည်။

“ ဒီလအတွက် ဆုလဒ်တွေကလည်း ငါ့လက်ထဲ ရောက်နေပြီ “ ရှုကျိုးသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေလျက်ရှိသည်။

“ ဒီညတော့ ကိုယ်ပွားက ပထမတန်းစားအဖြစ် အဆင့်တက်သွားသင့်ပြီ “

ယခု၌ သူ၏ ဆေဘာသွား နဂါးသားရဲ ကိုယ်ပွားသည် အဆင့် ၁၀၊ ၉၆%အထိ ရောက်ရှိနေခဲ့ပြီဖြစ်ပြီး၊ ပထမတန်းစား အဆင့်သို့ ထိုးဖောက်သွားရန် ၄%သာလျှင် လိုအပ်တော့သည်။

ဗီဇပြောင်းသားရဲက ပထမတန်းစားအဆင့်သို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် ၎င်း၏ စွမ်းအားက လုံးဝ ပြောင်းလဲသွားမည် ဖြစ်သည်။

ထိုအချိန်သို့ ရောက်ရှိလာခဲ့ပါက သူ၏မူလကိုယ်မှာလည်း အတော်အတန် ပြောင်းလဲ တိုးတက်လာမည် ဖြစ်သည်။

ရှုကျိုးသည် မျှော်လင့်ချက်များကို ပွေ့ပိုက်ရင်းဖြင့် ကျောင်းဂိတ်ပေါက်ဝကို ဖြတ်လျှောက်သွားတော့သည်။

ထိုအခိုက်အတန့်တွင် သူသည် အနီးတစ်နေရာရှိ ရုပ်သွင်နှစ်ခုကို မြင်တွေ့သွားခဲ့သည်။

ရှုကျိုးသည် အနည်းငယ် မျက်မှောင်ကြုတ်ပြီး ရပ်တန့်လိုက်ရာ ထိုရုပ်သွင်နှစ်ခုမှာလည်း ရပ်တန့်သွားခဲ့သည်။

ထိုလူနှစ်ဦးထဲမှ တစ်ဦးသည် သူ့ကို မြင်သွားသောအခါတွင် ချက်ချင်းဆိုသလိုပင် မျက်နှာကြီး ရှုံ့မဲ့သွားခဲ့သည်။ ၎င်းသည် ကြာရှည်စွာ ပျောက်ဆုံးနေခဲ့သည့် ဟွမ်ယွင်ရွှယ်ဖြစ်သည်။

တစ်ခြားလူတစ်ဦးကမူ လျူဟီသာလျှင် ဖြစ်သည်။

“ မင်းက ရှုကျိုးလား? “ လျူဟီမှ အပြုံးဖြင့် ပြောလာခဲ့သည် “ ဒါက ငါတို့ရဲ့ ပထမဦးဆုံးအကြိမ် တွေ့ဆုံမှုပဲ ဟုတ်တယ်ဟုတ်? “

ရှုကျိုးသည် အသာခေါင်းငြိမ့်လိုက်သည်၊ သူ၏ အမူအရာသည် အေးဆေးတည်ငြိမ်နေခဲ့သည်။

ဤသည်မှာ တကယ်ပင် လျူဟီကို လူကိုယ်တိုင် မြင်တွေ့ဖူးသည့် ပထမဦးဆုံးအကြိမ် ဖြစ်သည်။

လျူဟီသည် အရှည်ပြီး၊ ကျောက်စိမ်းကဲ့သို့သော မျက်နှာဖြင့် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး၊ ကျက်သရေရှိကာ နွေးထွေးသော အရောင်အဝါတစ်ခုကို ထုတ်လွှင့်နေလျက်ရှိသည်။

သို့သော် ရှုကျိုးသည် ဤလူ့ထံတွင် အလွန်ရက်စက်သည့် စိတ်ထားရှိပြီး၊ အတော်လေး ကြမ်းကြုတ်သည်ကို ကောင်းစွာ သိနေခဲ့သည်။

သူလိုက်ခဲ့သည့် အမျိုးသမီးအားလုံးသည် အလွန်ဆိုးဆိုးဝါးဝါး ဆက်ဆံခံခဲ့ရပြီး၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများကိုပင် ခံခဲ့ရသေးသည်ဆိုသည့် ကောလဟာလများ ရှိနေခဲ့သည်။

“ ငါကြားတာတော့ မင်းက နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲကို လီရို့ရှီနဲ့ အဖွဲ့ဖွဲ့ပြီး သွားမှာဆို “

လျူဟီမှ ပြုံးပြလာခဲ့သည်။

“ အဲ့လိုပဲ သဘက်ခါဆို ငါလည်း အဲ့ကိုသွားမှာလေ။ ငါတို့တွေက နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲမှာ‌တောင် ရေစက်စုံနေနိုင်တယ် “

“ အဲ့လိုဖြစ်လာရင်တော့ ကောင်းတာပေါ့ “ ရှုကျိုးသည်လည်း အပြုံးတစ်ခုကို ဖော်ထုတ်လိုက်သည်။

သူသည် လျူဟီက ဟွမ်ယွင်ရွှယ်နှင့် အဖွဲ့ဖွဲ့လိုက်ပြီဆိုသည်ကို သိနေခဲ့သည်။

သူ့အပေါ်သို့ ကျရောက်နေသည့် ထိုလူနှစ်ဦး၏ သတ်ဖြတ်လိုစိတ်များကို သူခံစားမိနေခဲ့သည်။

သူတို့သည် တစ်ဦးနှင့်တစ်ဦး သိပ်မသိကြသော်လည်း သူကိုယ်တိုင်ကလည်း သူတို့ကို သတ်ဖြတ်ချင်နေခဲ့သည်။

ကျောင်းတွင် မည်သူ့ကိုမှ သတ်၍ ရမည် မဟုတ်သော်လည်း၊ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲတွင် ဆိုပါက အရာအားလုံး ကွဲပြားသွားပြီ ဖြစ်သည်။

“ စီနီယာ နှစ်ယောက် “ ရှုကျိုးသည် အပြုံးဖြင့် ပြောလိုက်သည် “ ခင်ဗျားတို့ နှစ်ယောက်လုံးက ကျောင်းအုပ်ကြီးရဲ့ အပြစ်ပေးမှုကို ခံနေရသင့်ပြီလေ၊ ဟုတ်တယ်မလား? “

ထိုစကားကို သူပြောလိုက်သည့်အချိန်တွင် လျူဟီက မည်သို့မျှ မပြောင်းလဲသွားခဲ့သော်လည်း ဟွမ်ယွင်ရွှယ်ကမူ အနည်းငယ် ရုပ်ပျက်သွားခဲ့သည်။

နဂါး-ကျားစာရင်းပေါ်မှ နံပတ် ၁ပုဂ္ဂိုလ် ဖြစ်သည့် လျူဟီအတွက် ကျောင်း၏ ပြစ်ဒဏ်များဆိုသည်မှာ အသေးအမွှားလေးများသာလျှင် ဖြစ်သည်။

သို့သော် ဟွမ်ယွင်ရွှယ်အတွက်မူ ၎င်းမှာ ကွဲပြားနေမည် ဖြစ်သည်။

အစတွင် သူသည် တစ်ချို့သော ကျင့်ကြံရေး အရင်းအမြစ်များကို ကျောင်းမှ ဝယ်ယူနိုင်ပြီး၊ ချီ-သွေး ၁၅၀ကယ်လိုရီကို ထိုးဖောက်သွားနိုင်ပြီ ဖြစ်သည်။

ပြစ်ဒဏ်၏ ရလဒ်အနေဖြင့် ကျောင်းသည် သူ၏ ပစ္စည်းများ ဝယ်ယူခွင့်ကို တစ်လပိတ်ဆို့ထားခဲ့သည်။

သူသည် ချီ-သွေး ၁၅၀ကို ထိုးဖောက်နေနိုင်ဦးမည် ဖြစ်သော်လည်း၊ မူလက စီစဥ်ထားသည်ထပ် များစွာနှေးကွေးသွားမည် ဖြစ်သည်။

“ ရှုကျိုး “ ဟွမ်ယွင်ရွှယ်မှ လေသံတိုးတိုးဖြင့် ပြောလာခဲ့သည် “ မင်းတော်တယ်၊ သောက်ရမ်း တော်တယ် “

၎င်းသည် ချီးကျူးနေသည့် ပုံစံပေါက်နေသော်လည်း၊ သူ၏ လေသံထဲမှာပင် သိပ်သည်းလှသည့် သတ်ဖြတ်လိုစိတ်များ ပါဝင်နေခဲ့သည်။

ရှုကျိုးသည် သူ့ညီငယ်၏ လက်တစ်ဖက်ကို ဖြတ်ခဲ့ပြီး၊ သူ့အား သောင်းနှင့်ချီသော ကျောင်းသားကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၏ ရှေ့တွင် လူသိရှင်ကြား အပြစ်ပေးခံရအောင် လုပ်ခဲ့သည်။

ရှုကျိုး အပေါ်တွင် ရှိနေသည့် ဟွမ်ယွင်ရွှယ်၏ အမုန်းတရားများသည် ညှိုနှိုင်း၍ မရနိုင်သော အဆင့်အထိ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

လျူဟီသည် သူတို့၏ စကားဝိုင်းထဲသို့ ဝင်မလာခဲ့ပေ။

သူသည် ရှုကျိုးကို ကြည့်လိုက်ကာ အေးဆေးတည်ငြိမ်နေသည့် အသံဖြင့် သတိပေးလာခဲ့သည် “ ရှုကျိုး၊ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲကို မင်းရဲ့ အစ်မကို မဆင်မခြင်နဲ့ မခေါ်သွားနဲ့။ အဲ့လိုမှ မဟုတ်ဘဲ တကယ်လို့ မင်းကို အစွမ်းထက် သားရဲတစ်ကောင်က ကိုက်စားသွားမယ်ဆိုရင် ငါတို့ တွေ့ဖို့ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး “

“ မလိုဘူး “

သိပ်မဝေးသော နေရာတွင် အရပ်ရှည်ရှည်ဖြင့် လှပသော မိန်းကလေးတစ်ဦးသည် နောက်ကျောတွင် ဓားရှည်တစ်ချောင်းကို လွယ်ထားပြီး၊ လမ်းလျှောက်လာခဲ့သည်။

လီရို့ရှီသည် လျူဟီကို အေးစက်သော အမူအရာဖြင့် စိုက်ကြည့်လိုက်သည် “ အိမ်ပြန်ရောက်ရင် နင့်ရဲ့ လည်ပင်းကို ဆေးထားဖို့ သတိရထားပါ၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ငါ့ဓား ညစ်ပတ်သွားလိမ့်မယ် “

လျူဟီ၏ အမူအရာ အနည်းငယ် တင်းမာသွားခဲ့သော်လည်း မည်သည့်အရာကိုမှ ထပ်မပြောလာခဲ့ပေ။

သူသည် လီရို့ရှီကို ကြည့်ကာ လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခုကို ပြုံးပြလာခဲ့ပြီး၊ နောက်လှည့်ထွက်သွားတော့သည်။

ဟွမ်ယွင်ရွှယ်သည် ရှုကျိုးကို စိုက်ကြည့်နေစဲဖြစ်ကာ၊ မာမာထန်ထန် ပြောလာခဲ့သည် “ ရှုကျိုး၊ အစောကြီး သေမနေနဲ့ဦး။ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲမှာ မင်းကို တွေ့ရဖို့ ငါမျှော်လင့်နေမိပြီ “

“ နင်လည်း အတူတူပဲ၊ နင်ရဲ့ လည်ပင်းကိုပါ ဆေးထား “ လီရို့ရှီသည် သူ့ကိုပါ အေးစက်စွာ စိုက်ကြည့်လိုက်သည်။

ဟွမ်ယွင်ရွှယ်သည် အေးစက်စက် နှာခေါင်းရှုံ့ကာ ပြန်ထွက်သွားခဲ့သည်။

ရှုကျိုးသည် ထွက်သွားသော ထိုလူနှစ်ယောက်ကို တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်နေခဲ့သည်။

သူသည် ဟွမ်ယွင်ရွှယ်ကို ယခုချက်ချင်းပင် ဒုက္ခိတဖြစ်သွားအောင် လုပ်နိုင်လေသည်။

သို့သော် ထိုကဲ့သို့ လုပ်လိုက်ခြင်းဖြင့် သူ၏စွမ်းအားကို ဖော်ထုတ်ပြသလိုက်သကဲ့သို့ ဖြစ်သွားစေပြီး၊ လျူဟီကို နိုးကြားသွားစေမည့်အပြင် ဟွမ်ယွင်ရွှယ်ကိုလည်း အပြီးအပြတ်သတ်နိုင်တော့မည် မဟုတ်ပေ။

ယခုအချိန်တွင် စိတ်ခံစားချက်များကို ဖိနှိပ်၍ လက်သည်းဖွက်ထားခြင်းကသာလျှင် အကောင်းဆုံးသော နည်းဗျူဟာတစ်ခု ဖြစ်သည်။

ဘေးနားရှိ လီရို့ရှီမှ သူ့အား စကားပြောလာခဲ့သည် “ အိမ်ပြန်ကြစို့ “

“ အင်း “ ဟု ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။

သူသည် လီရို့ရှီနှင့်အတူ လမ်းလျှောက်ကာ အိမ်ပြန်နေတော့သည်။

“ လျူဟီရဲ့ အစွမ်းကို သိချင်လား? “ အပြန်လမ်းတွင် လီရို့ရှီမှ ရုတ်တရက် မေးလာခဲ့သည်။

ရှုကျိုးသည် အနည်းငယ် အံ့ဩသွားခဲ့ပြီး ထို့နောက်တွင် ခေါင်းငြိမ့်ပြလိုက်သည် “ သေချာတာပေါ့ “

သူသည် လျူဟီ၏ လှုပ်ရှားမှုများကို မမြင်ဖူးသောကြောင့် ချီ-သွေး အတက်အကျမှတစ်ဆင့် တစ်ဖက်လူ၏ စွမ်းအားကို အကြမ်းဖျင်း မှန်းဆနေရုံသာ တတ်နိုင်ခဲ့သည်။

လီရို့ရှီသည် မည်သည့်အရာကိုမှ မပြောလာခဲ့ပေ၊ ထို့အစား သူမ၏ ချီ-သွေးကိုသာ နှိုးဆွလိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော ချီ-သွေး အတက်အကျ လှိုင်းများသည် သူမဆီမှ ထွက်ပေါ်လာခဲ့သည်။

၎င်းကို မြင်လိုက်ရသောအခါတွင် ရှုကျိုးသည် သူ၏စိတ်ထဲတွင် တိတ်တဆိတ် ရေတွက်နေတော့သည် “ ၁၃၀၊ ၁၄၀၊ ၁၅၀ …… ၁၅၅၊ ၁၆၀ ကယ်လိုရီ … “

တဖြည်းဖြည်းဖြင့် ရှုကျိုး၏ မျက်နှာပေါ်တွင် ရှိနေသည့် အံ့ဩတုန်လှုပ်နေသော အရိပ်အယောင်သည် ပို၍ထင်ရှားလာခဲ့သည်။

လီရို့ရှီ၏ ချီ-သွေးသည် ၁၆၀ကယ်လိုရီ ဝန်းကျင်အထိ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

သူ၏ လက်ရှိ အခြေအနေထပ် များစွာ သာလွန်နေခြင်း ဖြစ်သည်။

အရေးအကြီးဆုံး အရာကား ၎င်းသည် ပထမအဆင့် သိုင်းပညာရှင်၏ စံနှုန်းထပ်ပင် ကျော်လွန်နေခြင်း ဖြစ်သည်။

ပထမအဆင့် သိုင်းပညာရှင်တစ်ဦးအတွက် ချီ‌-သွေး သတ်မှတ်ချက်သည် ၁၅၀ကယ်လိုရီ ဖြစ်သည်။

သို့သော် လီရို့ရှီကမူ ပထမအဆင့် သိုင်းပညာရှင် မဟုတ်သေးပေ။

“ အစ်မ၊ နင်က ဘာလို့ …….. “ ရှုကျိုး ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

လီရို့ရှီမှ သူ့ကို ကြည့်လာခဲ့သည် “ ငါ့ရဲ့ ချီ-သွေးက ပထမအဆင့် သိုင်းပညာရှင်ထပ် ပိုစွမ်းနေတာက ထူးဆန်းနေတာမလား? “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။

လီရို့ရှီသည် နှိုးဆွလိုက်သော သူမ၏ ချီ-သွေးများကို ပြန်ရုတ်သိမ်းကာ တည်ငြိမ်စွာ ပြောလာခဲ့သည် “ ၁၅၀ကယ်လိုရီက ပထမအဆင့် သိုင်းပညာရှင် အများစုအတွက် စံနှုန်းပဲ။ လူတိုင်းအတွက် မဟုတ်ဘူး “

“ ချီ-သွေးက ၁၄၀ကယ်လိုရီကို ရောက်လာပြီဆိုရင်၊ လူတစ်ယောက်က သိုင်းပညာရှင် အုတ်မြစ်တည်ဆောက်ခြင်း နည်းလမ်းကို သုံးပြီတော့ ပထမအဆင့်ထဲကို ဝင်နိုင်တယ် “

“ အုတ်မြစ်တည်ဆောက်တာ အောင်မြင်သွားတာနဲ့ ချီ-သွေးက ၁၀ကယ်လိုရီ တိုးသွားတယ်။ ၁၅၀ကယ်လိုရီ ဖြစ်သွားပြီးတော့ ပထမအဆင့်ကို ရောက်သွားတယ် “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်၊ ၎င်းတို့သည် အခြေခံ အချက်အလက်များသာ ဖြစ်သည်။

“ ဒါပင်မဲ့ ချီ-သွေးက ၁၅၀ကယ်လိုရီကို ရောက်သွားပြီဆိုရင်၊ နယ်ပယ်ကို ဖိနှိပ်ထားပြီးတော့ ပထမအဆင့်ကို အဆင့်မတက်ဖို့ ရွေးချယ်လို့ရတယ် “ လီရို့ရှီမှ ဖြည်းညှင်းစွာ ပြောပြလာခဲ့သည် “ အုတ်မြစ်တည်ဆောက်တာကို ဒုတိယအကြိမ် ထပ်လုပ်လို့ရတယ် “

ဒုတိယအကြိမ် အုတ်မြစ်တည်ဆောက်ခြင်းလား?

ရှုကျိုး မှင်သက်သွားခဲ့သည်၊ သူသည် ထိုကဲ့သို့သော အသုံးအနှုန်းမျိုးကို ပထမဦးဆုံးအကြိမ်အဖြစ် ကြားသိလိုက်ရခြင်း ဖြစ်သည်။

“ ဒုတိယ အကြိမ်မြောက် အုတ်မြစ်တည်ဆောက်တာ အောင်မြင်သွားပြီဆိုတာနဲ့ ချီ-သွေးက ၁၀ကယ်လိုရီ ထပ်တိုးလာလိမ့်မယ်၊ ၁ကယ်လိုရီချင်းစီတိုင်းက သိသာတဲ့ ကွာဟချက်တွေကို ဖန်တီးနိုင်တယ် “

လီရို့ရှီမှ ဆက်ပြောလာခဲ့သည် “ တစ်ချို့ စွမ်းရည်တွေက အုတ်မြစ်ကို ဒုတိယအကြိမ် တည်ဆောက်ဖို့ ရွေးချယ်လို့ရတယ်။ တကယ်လို့ အောင်မြင်သွားမယ်ဆိုရင် ပိုတောက်ပတဲ့ အနာဂတ်ကို ရသွားလိမ့်မယ် “

ရှုကျိုး၏ စိတ်နှလုံးသား တုန်ရင်သွားခဲ့သည်။

အဲ့လိုဟာမျိုးတွေ တကယ်ရှိတာလား?

သူသည် လျူဟီက ပထမအဆင့် သိုင်းပညာရှင်အဆင့်သို့ မရောက်သေးသော်လည်း၊ ထို့ထပ်များစွာ အားကောင်းနေသည်ကို သတိပြုမိနေခဲ့သည်။

အဲ့လိုခံစားနေခဲ့ရတာက အံ့ဩစရာတော့ မဟုတ်ဘူးပဲ။

ကြည့်ရတာ‌တော့ သူကလည်း အုတ်မြစ်တည်ဆောက်တာကို နှစ်ခါလုပ်ပြီးသွားပြီ ထင်တယ်။

“ အစ်မ၊ နင်ကရော အုတ်မြစ်တည်ဆောက်တာကို နှစ်ခါလုပ်ပြီးသွားပြီလား? “ ရှုကျိုးသည် သူမကို ကြည့်လိုက်သည်။

“ ငါက နည်းနည်းလေး လိုနေသေးတယ် “ ဟု လီရို့ရှီမှ ‌ပြောလာခဲ့သည်။

“ အရင်တုန်းက လျူဟီကလည်း နည်းနည်းလေး လိုနေသေးတယ်၊ ဒါပင်မဲ့ အခု သူ့ရဲ့ ချီ-သွေး အတက်အကျကို ငါသတိထားမိရသလောက်ဆိုရင်တော့ သူက အောင်မြင်သွားတဲ့ပုံပဲ “

ရှုကျိုး ရင်တုန်ပန်းတုန် ဖြစ်သွားတော့သည်။

သူမရဲ့ စကားတွေအရဆိုရင် အုတ်မြစ်တည်ဆောက်တာကို နှစ်ကြိမ်အောင်မြင်သွားလို့ ရလာတဲ့ ကယ်လိုရီ ၁ခုချင်းစီတိုင်းက သိသာထင်ရှားတဲ့ ကွာဟချက်တွေကို ဖန်တီးနိုင်တယ်တဲ့။

အဲ့တာဆိုရင် လျူဟီက သူမထပ် အများကြီး ပိုစွမ်းနေပြီ မဟုတ်ဘူးလား?

“ စိတ်မပူပါနဲ့ “ လီရို့ရှီမှ အေးစက်စွာ ပြောလာခဲ့သည်။

“ ငါ့ရဲ့ တိုက်ခိုက်ရေး နည်းစနစ်တွေက သူ့ထပ် ပိုစွမ်းတယ်၊ လျူဟီက ငါ့ကို ဖိနှိပ်နိုင်မှာ မဟုတ်ဘူး “

ရှုကျိုးသည် ခေါင်းငြိမ့်ပြလိုက်သော်လည်း သူ၏နှလုံးသားထဲတွင်မူ အလွန် တလေးတနက် ဖြစ်သွားခဲ့သည်။

သူသည် တိုက်ခိုက်ရေး နည်းစနစ်၏ တတိယအဆင့်ကို ထိုးဖောက်ပြီးသည့်နောက်၌ သူနှင့် လျူဟီကြားရှိ ကွာဟချက်က အလွန်သေးငယ်သွားမည်ဟု ထင်နေခဲ့ဖူးသည်။

ကြည့်ရတာတော့ လျူဟီက ငါထင်ထားတာထပ် ပိုစွမ်းနေတဲ့ပုံပဲ။

ထို့အပြင် လျူဟီ၏ စိတ်သဘောထားသည် အလွန်ရက်စက်ကြမ်းကြုတ်သည်။ အကယ်၍ လီရို့ရှီကသာ သူ့ကို ရှုံးနိမ့်သွားမည်ဆိုပါက နောက်ဆက်တွဲ အကျိုးဆက်များမှာ တွေးဝံ့စရာပင် ရှိနေမည် မဟုတ်ပေ။

အဲ့လူရဲ့ ချီ-သွေးက ၁၆၀ကယ်လိုရီအထိ ရောက်နေလောက်ပြီ၊ Aအဆင့် စွမ်းရည်ရဲ့ ၁၆၀ကယ်လိုရီ !!

ယခုလက်ရှိ အချိန်တွင် သူ၏ ချီ-သွေးသည် သာမန်လူတစ်ဦး၏ ၁၄၀ကယ်လိုရီနှင့် ညီမျှနေခဲ့ပြီ ဖြစ်သည်။

“ ငါက လုံလုံလောက်လောက် မစွမ်းသေးဘူးပဲ “ ရှုကျိုးသည် တစ်ကိုယ်တည်း ရေရွတ်‌ပြောဆိုနေတော့သည် “ ဒါပင်မဲ့ ကံကောင်းစွာနဲ့ပဲ ကိုယ်ပွားက ဒီညမှာ တိုးတက်လာတော့မှာ “

သူ၏မျက်လုံးများထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားခဲ့ပြီး၊ ရှုကျိုးသည် ယနေ့ညတွင် သူ၏အစွမ်းက သိသိသာသာ တိုးတက်လာပါစေဟု မျှော်လင့်နေတော့သည်။

ထိုအချိန်သို့ ရောက်ရှိသွားခဲ့ပါက သူသည် လျူဟီနှင့် ရင်ဆိုင်ရမည်ဆိုလျှင်တောင်မှ ဖိအားများစွာ ခံစားရတော့မည် မဟုတ်ပေ။

“ မှာထားတဲ့ ပစ္စည်းတွေ နောက်တစ်နေ့မနက်ခင်းမှာ ရောက်လာတာနဲ့ အရာအားလုံးက အဆင်သင့်ဖြစ်ပြီ “ ရှုကျိုးမှ တွေးတောစဥ်းစားနေခဲ့သည် “ သဘက်ခါမှာ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ ပွင့်လာမဲ့အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်နေဖို့ပဲ လိုတော့တယ် “

ကျောင်းအုပ်ကြီးမှ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူနှင့် ပတ်သက်သည့် အကြောင်းအရာများကို ကြိုတင်ရှင်းပြပေးခဲ့ပြီးပြီ ဖြစ်သည်။

အရာအားလုံး အသင့်ဖြစ်သွားသည်နှင့်တစ်ပြိုင်နက် သူသည် လီရို့ရှီနှင့်အတူ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲသို့ ဝင်ကာ ဆေဘာသွား နဂါးသားရဲကို လွှတ်ပေးရမည့် အချိန် ကျရောက်လာလိမ့်မည် ဖြစ်သည်။

ရှုကျိုးသည် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲသို့ သွားရောက်မည့် ဤတစ်ကြိမ် ခရီးစဥ်အတွက် အလွန်မျှော်လင့်နေလျက်ရှိသည်။ အဘယ့်ကြောင့်ဆိုသော် ရရှိလာမည့် ဆုလဒ်များနှင့် အကျိုးအမြတ်များကြောင့် သာလျှင် မဟုတ်ဘဲ၊ သူ၏ဆေဘာသွား နဂါးသားရဲက တားမြစ်နယ်မြေထဲသို့ ရောက်သွားခြင်းမှာ ရေထဲသို့ ပြန်ရောက်သွားသည့် ငါးတစ်ကောင်ကဲ့သို့ ဖြစ်သွားမလားဆိုသည်ကို မြင်တွေ့ချင်နေသောကြောင့် ဖြစ်သည်။

ထိုအချိန်တွင် ရှုကျိုး၏ တိုးတက်မှု အမြန်နှုန်းမှာ လူတိုင်း၏ စိတ်ကူးစိတ်သန်းများထပ် ကျော်လွန်သွားပြီ ဖြစ်သည်။

“ ဟုတ်သားပဲ၊ ငါက နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲ ဝင်သွားမှာကို ငါ့မိဘတွေကို ပြောပြသင့်လား? “ ရှုကျိုးသည် ထိုကိစ္စကို ရုတ်တရက် အမှတ်ရသွားခဲ့သည်။

သူမှ တောင်ပိုင်းပြည်နယ်ရှိ ရှားမိသားစုနှင့် ပူးပေါင်းလိုက်သည့် ကိစ္စမှာလည်း သူ၏မိဘများ မသိသေးသော ကိစ္စတစ်ခုဖြစ်သည်။

အပိုင်း ( 48 )

ကိုယ်ပွား၏ တိုးတက်မှု

မြို့ပြကျေးရွာရှိ အိမ်တစ်အိမ်တွင်

မိသားစုဝင်လေးဦးသည် ထမင်းစား စားပွဲခုံတွင် ထိုင်နေကြသည်။

“ ဘာ !! “ ရှုတျန်ဟိုင်သည် ရှုကျိုးကို အလွန်အံ့အားသင့်နေသော မျက်လုံးများဖြင့် စိုက်ကြည့်လာခဲ့သည် “ မင်းက အတွင်းမြို့တော်က ရှားမိသားစုနဲ့ ပူးပေါင်းလိုက်ပြီလား? Aအဆင့် အဖွဲ့ဝင် ဖြစ်လာပြီလား? “

“ အဖေ “

ရှုကျိုးမှ အပြုံးဖြင့် ရှင်းပြလိုက်သည် “ အတွင်းမြို့တော်က မိသားစုတစ်ခုနဲ့ ပူးပေါင်းလိုက်တာက မျိုးရိုးနာမည် ပြောင်းရလိမ့်မယ်လို့ ဆိုလိုနေတာ မဟုတ်ပါဘူး။ အဲ့တာကို အဖွဲ့အစည်းတစ်ခုနဲ့ ပူးပေါင်းလိုက်တာလို့ တွေးလို့ရပါတယ် “

“ ငါ နားလည်ပြီ “ ရှုတျန်ဟိုင်ကား အံ့အားသင့်နေစဲပင် ဖြစ်သည် “ အတွင်းမြို့တော်က ရှားမိသားစု၊ အဲ့တာက ဩဇာရှိတဲ့ မျိုးနွယ်စုတစ်ခုလေ၊ ဟုတ်တယ်မလား? “

သူသည် သာမန်လူတစ်ဦးသာ ဖြစ်သော်လည်း သတင်းမှတစ်ဆင့် ထိုကိစ္စများကို အနည်းငယ် တီးမိခေါက်မိရှိထားခဲ့သည်။

အတွင်းမြို့တော်သည် ရှေးဟောင်း တော်ဝင်မြို့တော် တစ်ခုနှင့် တူညီနေခဲ့သည်။

အတွင်းမြို့တော်ရှိ မိသားစုကြီးများထံမှ သာမန်အဖွဲ့ဝင်များထံတွင်ပင် အလွန်မြင့်မားသော အဆင့်အတန်းများ ရှိနေကြသည်။

ရှုကျိုးက ရှားမိသားစုရဲ့ Aအဆင့် အဖွဲ့ဝင် ဖြစ်လာပြီလား?

ရှုတျန်ဟိုင်သည် ၎င်းက မည်ကဲ့သို့သော အဆင့်အတန်းမျိုးဖြစ်လဲဆိုသည်ကို မမှန်းဆနိုင်ဖြစ်နေခဲ့သည်။

ဘေးနားရှိ လီရို့ရှီ၏ အမေရင်းဖြစ်သည့် လီယန်ဖင်းမှလည်း စိုးရိမ်တကြီးဖြင့် မေးမြန်းလာခဲ့သည် “ သားက ပထမနှစ် ကျောင်းသားလေးတစ်ယောက်ပဲလေ၊ ဘယ်လိုလုပ်ပြီးတော့ အဲ့လို မိသားစုကြီးနဲ့ ပူးပေါင်းသွားနိုင်ရတာလဲ? သူတို့က သားကို ဖိအားပေးခဲ့တာ‌တော့ မဟုတ်ဘူးမလား? “

“ အမေ၊ စိတ်မပူပါနဲ့ “ ရှုကျိုးမှ နှစ်သိမ့်ပေးလိုက်သည် “ ဘာမှ မပေးရပါဘူး၊ သူတို့က ကျွန်တော့်ကို တစ်နှစ်ကို ငွေတစ်သန်းတောင် ပေးထားသေးတယ် “

“ တစ်သန်းလား? “

ဤတစ်ကြိမ်တွင် မိဘနှစ်ပါးစလုံး အံ့အားသင့်သွား‌ကြသည်။

သူတို့သည် သူတို့၏ဘဝတစ်လျှောက်လုံး အလုပ်လုပ်နေခဲ့သော်လည်း ထိုမျှ များပြားသော ငွေများကို မရရှိခဲ့ဖူးပေ။

ရှုကျိုးသည် တစ်စုံတစ်ခုကို ရုတ်တရက် မှတ်မိသွားပြီး၊ လီရို့ရှီကို ကြည့်လိုက်သည် “ အစ်မ၊ ရှားမိသားစုရဲ့ အတွင်းလမ်းကြောင်းတွေကနေပြီးတော့ ရှားမိသားစုက လုပ်ထားတဲ့ အထူးထုတ် Eအဆင့် ၃၀၀အမျိုးအစား ချပ်ဝတ်တန်ဆာတစ်ခုကို ငါနင့်အတွက် ဝယ်ပေးထားတယ်။ အဲ့တာက မနက်ဖြန် ရောက်လာမယ်လို့ ထင်တယ် “

လီရို့ရှီ အံ့အားသင့်သွားခဲ့သည် “ Eအဆင့် ၃၀၀အမျိုးအစား ချပ်ဝတ်တန်ဆာလား? အဲ့တာက ဘယ်လောက်ပေးရလဲ? “

“ ဈေးမကြီးပါဘူး၊ နည်းနည်းလေးပဲ ပေးရတာပါ “

လီရို့ရှီမှ မျက်မှောင်ကြုတ်သွားခဲ့ပြီး၊ ဖိအားပေးလာခဲ့သည် “ ငါ့ကိုပြော၊ ဘယ်လောက် ပေးခဲ့ရတာလဲ? “

သူမသည် Eအဆင့် ၃၀၀အမျိုးအစား ချပ်ဝတ်တန်ဆာ၏ ဈေးနှုန်းအကြောင်းကို သိနေခဲ့သည်၊ သာမန်ချပ်ဝတ်တန်ဆာတစ်ခုကပင် ယွမ်သောင်းနှင့်ချီ၍ ကုန်ကျလေသည်။

ရှားမိသားစုမှ အထူးပြုလုပ်ထားသော ချပ်ဝတ်တန်ဆာဆိုပါက ပို၍ပင် ဈေးမြောက်နေလိမ့်မည် ဖြစ်သည်။

သူမ၏ အလျှော့မပေးသည့် ပုံစံကို မြင်လိုက်ရသောအခါတွင် ရှုကျိုးသည် ကူရာကယ်ရာမဲ့စွာဖြင့် ဝန်ခံလိုက်တော့သည် “ လေးသိန်းပါ “

“ ဘာ!! “

မိဘနှစ်ပါးသည် ထပ်မံ၍ အံ့ဩတုန်လှုပ်သွားခဲ့သည်။

လီယန်ဖင်းသည် ပို၍ အံ့ဩတုန်လှုပ်သွားခဲ့သည် ” အဝတ်အစားလေးတစ်ခုကို လေးသိန်းတောင် ပေးရတာလား? ရွှေနဲ့လုပ်ထားလို့လား? “

ပုံမှန်အားဖြင့် သူမသည် ယွမ်၂၀၀တန်သည့် အဝတ်အစားများကို ဝယ်ယူရန်ပင် တုံ့ဆိုင်းနေလေ့ရှိသည်။

လေးသိန်းလား?

“ နင်ရူးနေလား? “ လီရို့ရှီ၏ လှပသော မျက်နှာလေးပေါ်တွင် မကျေမနပ်ဖြစ်နေသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည် “ ငါ့ကို ချပ်ဝတ်တန်ဆာ ဝယ်ပေးဖို့အတွက် လေးသိန်းသုံးခဲ့တာလား? “

ရှုကျိုးမှ ချောင်းဟန့်ကာ ပြန်ဖြေလိုက်သည် “ အဲ့တာက အခုဆို ငါ့မှာ ငွေရှိ ….. “

“ ငါအဲ့တာကို မလိုအပ်ဘူး “ လီရို့ရှီသည် သူ့အား လေးလေးနက်နက် စိုက်ကြည့်လာခဲ့သည် “ နင့်အတွက်နင်သုံးလိုက်၊ ပိုက်ဆံတွေ အများကြီးကို နင့်အတွက်၊ ဒါမှမဟုတ် အမေနဲ့ အဖေတို့အတွက် သုံးလို့မရဘူးလား? “

“ ရို့ရှီ !! “

ထိုအခိုက်အတန့်တွင် ရှုတျန်ဟိုင်မှ ရုတ်တရက် စကား ဝင်ပြောလာခဲ့သည် “ ကျိုးလေးက သမီးအတွက် ဝယ်ပေးထားတယ်ဆိုတော့၊ အဲ့တာကို လက်ခံလိုက်လေ။ ဒီနှစ်တွေထဲမှာ သမီးက ကျိုးလေးအတွက် ငွေတွေ သိန်းနဲ့ချီပြီး သုံးပေးခဲ့တယ်လေ “

“ ဘာကြီး? “ ရှုကျိုးသည် သူ၏အဖေကို တအံ့တဩဖြင့် ကြည့်နေတော့သည်။

လီရို့ရှီက ငါ့အတွက် ငွေတွေ သိန်းနဲ့ချီပြီးတော့ သုံးခဲ့တာလား?

ဘယ်လိုလုပ်ပြီးတော့ ငါက မသိရတာလဲ?

ရှုတျန်ဟိုင်မှ သက်ပြင်းချလာခဲ့သည် “ မင်းငယ်ငယ်လေးတုန်းက မင်းက အပြင်းဖျားပြီးတော့ မွေးရာပါ အားနည်းချက်တွေ ရှိနေခဲ့တယ်၊ မင်းရဲ့ အရိုးတွေက ကောင်းကောင်း မဖွံ့ဖြိုးဘူး၊ အဲ့တာကြောင့် မင်းက ငယ်ငယ်လေးကတည်းက ချူချာနေခဲ့တာပဲ “

“ မင်းရဲ့ အစ်မက မင်းကို ကုပေးဖို့အတွက် ငွေတွေ အများကြီး သုံးပေးခဲ့တယ်။ အဲ့ဒီအချိန်တုန်းက ငါတို့က မင်းရဲ့ရောဂါအကြောင်းကို မင်းကို မသိစေချင်ခဲ့ဘူး၊ အဲ့တာကြောင့် မင်းကို မပြောပြခဲ့တာ “

ရှုကျိုးသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

ငယ်ငယ်လေးတည်းက ဖျားပြီးတော့ အားနည်းနေတတ်တာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ၊ ငါ့ဆီမှာ မွေးရာပါ ချို့ယွင်းချက် ရှိနေခဲ့တာကိုး။

ဖခင်ဖြစ်သူ၏ စကားများအရ ၎င်းသည် မသန်စွမ်းဖြစ်နေခြင်းနှင့် တူညီနေနိုင်လေသည်။

သူ၏မိသားစုသည် သူစိတ်ဓာတ်ကျသွားမည်ကို စိုးရိမ်နေသောကြောင့် ထိုကိစ္စကို သူ့ထံမှ ဖုံးကွယ်ထားခဲ့ကြသည်။

ရှုကျိုးသည် လီရို့ရှီကို ကြည့်လိုက်ပြီး၊ မည်သည့်အတွက်ကြောင့် A+အဆင့် စွမ်းရည်ပိုင်ရှင်ဖြစ်သည့် လီရို့ရှီက လျူဟီ၏ လွှမ်းမိုးခြင်းကို ခံနေခဲ့ရလဲဆိုသည်ကို နားလည်သွားခဲ့သည်။

လျူဟီထံတွင် Aအဆင့် စွမ်းရည်သာလျှင် ဖြစ်သည်။

လီရို့ရှီ၏ ကျင့်ကြံရေး အရင်းအမြစ်များနှင့် နှစ်ပေါင်းများစွာ အတွင်းတွင် ရရှိခဲ့သည့် ဆုလဒ်များသည် သူ့ကို ကုသရန်အတွက်သာ အများဆုံး အသုံးပြုခဲ့ရခြင်း ဖြစ်သည်။

“ နင်က ငါ့ကို ဘာလို့ စိုက်ကြည့်နေတာလဲ? “ လီရို့ရှီသည် ရှုကျိုး၏ အကြည့်ကြောင့် အနည်းငယ် စိတ်မသက်သာဖြစ်သွားခဲ့ပြီး၊ သူမ၏ လှပသော မျက်နှာလေးကို အနည်းငယ် စောင်းလိုက်ပြီး လေသံတိုးတိုးလေးဖြင့် ပြောလာခဲ့သည် “ ငါက နင့်ကြောင့် အရှက်ကွဲရမှာကို ကြောက်လို့ နင့်ကို ကုပေးခဲ့တာ “

အပြောအဆိုကြမ်းသည့် အစ်မဖြစ်သူကို ကြည့်နေရင်းဖြင့် ရှုကျိုးသည် အပြုံးဖြင့် သူ၏ခေါင်းကို ခါရမ်းလိုက်ပြီး၊ မည်သည့်စကားကိုမှ ထပ်မပြောတော့ပေ။

ထိုအခိုက်အတန့်တွင် ရှုတျန်ဟိုင်မှ ရုတ်တရက် စကားပြောလာခဲ့သည် “ ကျိုးလေး၊ မင်းက ချပ်ဝတ်တန်ဆာကို ဘာလို့ ရုတ်တရက်ကြီး ဝယ်လိုက်ရတာလဲ? “

ထိုစကားကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် လီရို့ရှီနှင့် ရှုကျိုးတို့သည် တစ်ဦးကိုတစ်ဦး အလိုအလျောက် ကြည့်မိသွားကြသည်။

နှစ်ဦးစလုံးသည် ချက်ချင်းဆိုသလိုပင် တစ်ယောက်၏ အတွေးကို တစ်ယောက်က နားလည်သွားခဲ့သည်။

ရှုကျိုးမှ အပြုံးဖြင့် ပြုံးလိုက်သည် “ ဘာမှ မဟုတ်ပါဘူး၊ အစ်မအတွက် တစ်ခုခု ဝယ်ပေးချင်လို့ပါ “

သူသည် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူအကြောင်းကို မပြောပြလိုက်ပေ။

ခရီးသွားတတ်သည့် သားဖြစ်သူကိုပင် မိခင်မှ စိုးရိမ်ပူပန်လေ့ရှိသည်။

ထိုနေရာကား လူများသေလေ့ရှိသည့် တားမြစ်နယ်မြေ ဖြစ်လေသည်။

သို့ရာတွင် လာမည့်ရက်များအတွင်းတွင်၊ သူနှင့် လီရို့ရှီတို့သည် အိမ်မှ ထွက်သွားရမည် ဖြစ်သောကြောင့် ဤကိစ္စကို ကြိုတင်အသိပေးထားရမည် ဖြစ်သည်။

“ အမေ၊ အဖေ ကျွန်တော် ပြောပြဖို့ မေ့နေခဲ့တာ တစ်ခုရှိတယ် “ ရှုကျိုးမှ အပြုံးဖြင့် ပြောပြလာခဲ့သည် “ ကျောင်းက ကျွန်တော်တို့အတွက် ကွင်းဆင်းလေ့လာရေး ခရီးတစ်ခု စီစဥ်ပေးထားတယ် “

“ နောက်ထပ် တစ်လ ဒါမှမဟုတ် နှစ်လလောက်အထိ ကျွန်တော်နဲ့ အစ်မက အိမ်မှာ မရှိလောက်ဘူး “

“ ကွင်းဆင်းလေ့လာရေးခရီးလား? “ လီယန်ဖင်း အနည်းငယ် အံ့ဩသွားခဲ့သည် “ တစ်လ၊ နှစ်လတောင်လား? တော်တော်လေး ကြာတာပဲ “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည် “ ကျွန်တော်တို့က သိုင်းပညာရှင်ဌာနက ကျောင်းသူကျောင်းသားတွေပဲလေ၊ ကွင်းဆင်းလေ့လာရေးက လျှို့ဝှက်ချက် တစ်ချို့ပါလို့ အမေတို့ကို ပြောပြလို့ မရဘူး “

“ ကောင်းပြီလေ “ လီယန်ဖင်းသည် ထိုကိစ္စနှင့် ပတ်သက်၍ များများစားစား တွေးမနေခဲ့ချေ “ မင်းတို့အားလုံး ဂရုစိုက်ရမယ်။ ရို့ရှီ၊ သမီးရဲ့ မောင်လေးကို ဂရုစိုက်ရမယ်နော် “

“ သိပါပြီ “ လီရို့ရှီမှ အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။

နောက်ဆုံး အခက်အခဲကို ဖြေရှင်းနိုင်ခဲ့သည့်အတွက် ရှုကျိုးသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်။

…

ညစာစားခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် အစားအသောက်များနှင့် ကျင့်ကြံရေး ဆေးပုလင်း အနည်းငယ်ကို သူ၏အခန်းထဲသို့ ယူဆောင်သွားတော့သည်။

လွန်ခဲ့သော တစ်လက သူသည် စီနီယာ ကျောင်းသူကျောင်းသားတို့၏ နဂါး-ကျားစာရင်းပေါ်သို့ ရောက်ရှိသွားခဲ့သည်။

ထို့ကြောင့် သူရရှိသော လစဥ်ဆုလဒ်များသည်အလယ်အဆင့် ကျင့်ကြံရေး ဆေးပုလင်း တစ်ပုလင်းမှ ဆေးပုလင်း သုံးပုလင်းအထိ တိုးမြင့်သွားခဲ့သည်။

ထို့အပြင် ချောင်ရုံမှ ပေးလာခဲ့သည့် ကနဦးအဆင့် ဆေးပုလင်း သုံးပုလင်းလည်း ရှိနေသေးသည်။

“ အဲ့တာတွေက ငါ့ကို ဘယ်လောက်တောင် တိုးတက်သွားစေမလဲဆိုတာကို ငါသိချင်နေပြီ “

ရှုကျိုးသည် အနည်းငယ် စိတ်စောနေခဲ့သည်။

ယနေ့ညတွင် ဆေဘာသွား နဂါးသားရဲသည် ပထမအဆင့်သို့ တရားဝင်ရောက်ရှိလာတော့မည် ဖြစ်သည်။

( ပထမတန်းစားတို့၊ အဆင့်ကြီးတို့ကို စာသံပေသံနဲ့ ပထမ၊ဒုတိယ၊တတိယဆိုပြီးတော့ သုံးသွားပါတော့မယ် )

သူသည် စနစ်၏မျက်နှာပြင်ကို ကြည့်လိုက်သည်။

အိမ်ရှင် : ရှုကျိုး

ချီ-သွေး : ၉၆.၃ ကယ်လိုရီ

စိတ်ဝိညာဥ် : 10 Hz

ကိုယ်ပွား : ဆေဘာသွား နဂါးသားရဲ

အဆင့် : ၀ အဆင့် အဆင့် ၁၀ ( ၉၆% )

အသားတင် အလေးချိန် : ၄၆၈.၅ ကီလိုဂရမ်

စွမ်းရည် : နေ့စဥ် ၁၀ကီလိုဂရမ် ရရှိခြင်း ( အကန့်အသတ် ) ၊ အရာအားလုံး ရရှိခြင်း၊ ကိုက်ဖြတ်ဆုတ်ဖြဲခြင်း ( ac )

ဆင့်ကဲ ပြောင်းလဲမှုဖြစ်စဥ် : အလေးချိန်က မျိုးစိတ်အကန့်အသတ်သို့ ရောက်ရှိသွားသောအခါတွင် ဆင့်ကဲပြောင်းလဲမည်

…

ရှုကျိုးသည် အစားအသောက်များကို ဇလုံကြီးတစ်ခုထဲသို့ လောင်းထည့်လိုက်ပြီး၊ ကိုယ်ပွားကို စတင်၍ အစာကျွေးနေတော့သည်။

၎င်းက ကြီးထွားလာသည်နှင့်အမျှ အစာချေဖျက်နိုင်စွမ်းမှာလည်း တစ်နေ့တစ်ခြား တိုးတက်လာခဲ့လေသည်။

ယခုတွင် တစ်မီတာကျော် မြင့်သည့် ဤကောင်ကြီးကို ဗိုက်ဝသွားစေရန်အတွက် တစ်မီတာအချင်းရှိသည့် ဇလုံကြီးအပြည့်ဖြင့် နှစ်ကြိမ်ကျွေးရန် လိုအပ်နေပြီ ဖြစ်သည်။

၁.၆မီတာမြင့်သည့် ဆေဘာသွား နဂါးသားရဲကြီးသည် ၎င်း၏ပါးစပ်ကို ဖွင့်လိုက်သည်၊ ကြီးမားသော အသားပိုင်းကြီးတစ်ခုကို ၎င်း၏ ၂၅စင်တီမီတာ ရှိသော အစွယ်များဖြင့် ကိုက်ဖြတ်ကာ မျိုချနေတော့သည်။

၎င်းက စတင်၍ စားသောက်နေပြီဖြစ်ပြီး၊ ရှုကျိုးသည် ဘေးတွင် အသာငြိမ်၍ တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။

မကြာခင်မှာပင် ဆေဘာသွား နဂါးသားရဲကြီး၏ အမြင်တွင် နွေးထွေးသော အနွေးစီးကြောင်းလေးများသည် ၎င်း၏ ခြေလက်များဆီသို့ စီးဆင်းရောက်ရှိလာခဲ့သည်။

စနစ်၏မျက်နှာပြင်ပေါ်ရှိ ၎င်း၏အဆင့်သည် စတင်၍ တိုးတက်နေခဲ့ပြီ ဖြစ်သည်။

၉၆% ၉၇% ၉၈% ၉၉%

၁၀၀% !!

အဆင့် : ၀အဆင့် အဆင့် ၁၀ ( ၁၀၀% )

ထိုအခိုက်အတန့်တွင် ၎င်းသည် ၁၀၀%အထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ရှုကျိုးရှေ့ရှိ စနစ်၏ မျက်နှာပြင်သည် ကွန်ပျူတာ ဖန်သားပြင် ပိတ်သွားသကဲ့သို့ ရုတ်တရက် မည်းမှောင်သွားခဲ့သည်။

“ ဟမ်? “

အစတွင် ရှုကျိုးသည် ၎င်းက အဆင့်တက်သွားသောကြောင့် ထိုကဲ့သို့ ဖြစ်သွားသည်ဟု ထင်နေခဲ့သည်။

သို့သော် မိနစ်အနည်းငယ်ခန့် ကြာခဲ့ပြီးသည့်နောက်မှာပင် စနစ်၏မျက်နှာပြင်မှာ ပြန်၍ မပေါ်လာခဲ့သေးပေ။

ထို့ကြောင့် ရှုကျိုး၏ စိတ်နှလုံးသား အနည်းငယ် လှုပ်လှုပ်ရွရွ ဖြစ်သွားခဲ့သည်။

စနစ်၏မျက်နှာပြင်သည် သူ၏ အကြီးမားဆုံးသော ဝှက်ဖဲဖြစ်ပြီး၊ ကိုယ်ပွား၏ စွမ်းရည်ဖြစ်စေ၊ တိုးတက်မှုလမ်းကြောင်းဖြစ်စေ၊ ၎င်းတို့အားလုံးသည် စနစ်ဆီမှ ရရှိခဲ့သော အရာများဖြစ်သည်။

အကယ်၍ စနစ်၏မျက်နှာပြင်သာ ပျောက်သွားမည်ဆိုပါက၊ ၎င်းသည် သူ့အတွက် အကြီးမားဆုံးသော ဆုံးရှုံးမှုတစ်ခု ဖြစ်လာလိမ့်မည် ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ဆယ်မိနစ်ခန့် စောင့်ဆိုင်းခဲ့ရပြီးသည့်နောက် ရှုကျိုး စိုးရိမ်စိတ် ဝင်နေခဲ့သည့် အချိန်တွင် အလင်းရောင်တစ်ခုသည် သူ၏မျက်လုံးများ ရှေ့တွင် ပေါ်ပေါက်လာခဲ့သည်။

စနစ်၏မျက်နှာပြင် ပေါ်လာခဲ့ပြီ ဖြစ်သည်။

[ စနစ် အဆင့်မြှင့်တင်မှု ပြီးဆုံးပါပြီ ]

All Chapters