အခန်း (၅၈-၆၀)
Vol. 4 Ch. 58-60
အပိုင်း ( 58 )
အစွမ်းထက်သော ဆေဘာသွား နဂါးသားရဲ
တောင်တန်းများကြားတွင်
ရှုကျိုးသည် မြေပုံကိုကိုင်ကာ သတိတကြီးဖြင့် ရှေ့ဆက်သွားနေလျက်ရှိပြီး၊ သူ၏စိတ်ကမူ လမ်းကြောင်းရှာဖွေခြင်းဖြင့် ရုန်းကန်လှုပ်ရှားနေခဲ့ရသည်။
ယခုလက်ရှိအချိန်အထိ သူသည် သူက မည်သည့်နေရာတွင် ရောက်ရှိနေလဲဆိုသည်ကို အတည်မပြုနိုင်သေးပေ။
သူ၏ဆရာနှင့် ကျောင်းအုပ်ကြီးတို့က နတ်ဆိုးတစ်ထောင် လှိုဏ်ဂူနယ်မြေနှင့် ပတ်သက်သည့် အကြောင်းအရာ အမြောက်အများကို သင်ကြားပေးခဲ့သော်လည်း၊ သူသည် ၎င်းတို့ကို တစ်ရက်မျှသာလျှင် လေ့လာခဲ့ရသောကြောင့် အသေးစိတ်အချက်အလက်များနှင့် ပတ်သက်၍ ဇဝေဇဝါ ဖြစ်နေလျက်ရှိသည်။
လီရို့ရှီကမူ သုံးနှစ်တိတိ စနစ်တကျ လေ့လာခဲ့ရသည်၊ ထို့ကြောင့် သူမသည် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ အခြေအနေများနှင့် ပတ်သက်၍ ပိုမို ကျယ်ပြန့်စွာ နားလည်နေခဲ့သည်။
မကြာခင်မှာပင် ရှုကျိုးသည် ကူရာကယ်ရာမဲ့စွာဖြင့် မြေပုံကို ချထားလိုက်သည်။
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ ပိုင်နက်များသည် အလွန်ရှုပ်ထွေးလွန်းလှသည်၊ ဆင်တူယိုးမှား ဖြစ်နေသည့် မြေမျက်နှာ အသွင်အပြင် အမြောက်အများ ရှိနေခဲ့ပြီး၊ သူ့အတွက် မြေပုံလေးတစ်ခုတည်းဖြင့် ၎င်းတို့၏ တည်နေရာကို ခွဲခြားသိမြင်နိုင်ရန် ခက်ခဲလွန်းနေခဲ့သည်။
ဖုန်းဖြင့် တည်နေရာ ရှာဖွေခြင်း အတွက်ကား?
ဤနေရာတွင် တိုင်လေးတစ်ခုပင် ရှိမနေခဲ့ချေ။
သူ၏လက်ပတ်သည် ပြင်ပကမ္ဘာနှင့် ချိတ်ဆက်ထားနိုင်သော်လည်း၊ ၎င်းအား အဆင့်ဇယားကို စစ်ဆေးခြင်းမှလွဲ၍ တစ်ခြားသော ရည်ရွယ်ချက်များအတွက် အသုံးပြုနိုင်လိမ့်မည် မဟုတ်ပေ။
“ သောက်ပြဿနာပဲဟေ့ “ ရှုကျိုး၏ အမူအရာ မည်းမှောင်သွားခဲ့သည်။
သူသည် ဦးတည်ချက် တည်နေရာကို ရှာဖွေရာတွင် ညံ့ဖျင်းနေခဲ့ပြီး၊ ယခုတွင်မူ သူက မည်သည့်နေရာသို့ ရောက်ရှိနေလဲဆိုသည်ကိုပင် မသိတော့ချေ။
ဆက်လက်၍ ရှေ့ဆက်သွားနေဦးမည်ဆိုပါက မည်သည့်အရာများ ဖြစ်ပေါ်လာမလဲဆိုသည်ကို မည်သူမှ သိနိုင်လိမ့်မည် မဟုတ်ပေ။
“ ရှေ့မှာ ဘာတွေ ရှိနေမလဲဆိုတာကို ကြည့်လိုက်ကြတာပေါ့ကွာ “ ရှုကျိုးမှ တွေးတော စဥ်းစားနေခဲ့သည် “ အနည်းဆုံးတော့ ငါက ဘာအန္တရာယ်ကိုမှ မတွေ့ရသေးဘူး၊ ဒါ့ကြောင့် ငါက အပြင်ပိုင်းနယ်မြေထဲမှာပဲ ရှိလောက်သေးတယ် “
သူသည် ထပ်မံ၍ ပြေးလွှားရန်အတွက် လျင်မြန်စွာ မတ်တပ်ထရပ်လိုက်သည်။ သူ၏ အာရုံငါးပါးသည် အလွန်စူးရှထက်မြက်နေလျက်ရှိပြီး၊ သူ၏ အသိစိတ်သည် ဤအနီးအနား တစ်ဝိုက်တွင် အန္တရာယ် မရှိဘူးဟု သူ့ကို ပြောပြနေခဲ့သည်။
ဒီလမ်းကြောင်းက မှန်လောက်နေတယ်၊ တကယ်လို့ ငါက ဆက်ပြေးနေမယ်ဆိုရင် အစ်မဆီကို ရောက်သွားလောက်တယ်။
…
ကုန်းမြင့်ပိုင်းနယ်မြေ၏ ဝင်ပေါက်တွင်
လီရို့ရှီသည် သူ၏ဓားရှည်ကို ကိုင်ထားကာ မတ်တပ်ရပ်နေခဲ့သည်၊ သူမ၏ အရှေ့ဆံသားလေးများသည် သင်းပျံ့သော ချွေးလေးများဖြင့် စိုစွတ်နေပြီး၊ ကုန်းမြင့်ပိုင်းနယ်မြေထဲသို့ ငေးကြည့်ကာ မျက်မှောင်ကြုတ်နေလျက်ရှိသည်။
“ မထွက်လာသေးဘူးလား? “
ရွှေရောင်ခြသေ့်ကြီးကို ခါချခဲ့ပြီးသည့်နောက်တွင် သူမသည် ဤနေရာသို့ ချက်ချင်း ပြေးလာခဲ့ခြင်း ဖြစ်သည်။
နာရီပေါင်းများစွာ ကြာရှည်သည်အထိ စောင့်ခဲ့ပြီးပြီဖြစ်သော်လည်း သူမသည် ရှုကျိုး၏ အရိပ်အယောင်ကို လုံးဝမမြင်တွေ့ရသေးချေ။
“ ဒီကောင် …… “ လီရို့ရှီ၏ လှပသောမျက်နှာလေးပေါ်ရှိ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည် “ သူက လမ်းပျောက်သွားတာများလား? “
သူမသည် ရှုကျိုးမှာ ငယ်စဥ်ကတည်းက လမ်းပျောက်လေ့ရှိပြီး၊ တစ်ခါတစ်ရံတွင် အိမ်ပြန်လမ်းကိုပင် မရှာနိုင်ဘူးဆိုသည်ကို သိနေခဲ့သည်။
အကယ်၍ ရှုကျိုးကသာ ဆန့်ကျင်ဘက် အရပ်သို့ ပြေးသွားခဲ့မည်ဆိုပါက သူမသည် သူ့ကို လုံးဝရှာနိုင်တော့မည် မဟုတ်ပေ။
၎င်းမှာ လာမည့်ရက်များအတွင်းတွင် သူမနှင့် ရှုကျိုးနှစ်ဦးစလုံးက တစ်ကိုယ်တည်း ဖြတ်သန်းရတော့မည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။
နေ့အချိန်မှာ အဆင်ပြေသော်လည်း ညအမှောင်ကျရောက်လာမည်ဆိုပါက အလွန် အန္တရာယ် ရှိလာတော့မည် ဖြစ်သည်။
သူမသည် သူမကိုယ်သူမအတွက် ဂရုမစိုက်ပေ၊ သို့သော် ရှုကျိုးကား …..
ဒုက္ခရောက်သွားနိုင်လေသည်။
လီရို့ရှီ၏ အမူအရာသည် ထပ်ခါတလဲလဲ ပြောင်းလဲသွားခဲ့သော်လည်း သူမသည် ဤနေရာမှ ချက်ချင်း မထွက်သွားခဲ့ပေ။
ရှုကျိုးမှာ နောက်လာမည့် အချိန်များအတွင်းတွင် ရောက်လာနိုင်သေးသောကြောင့် သူမသည် ဤနေရာတွင် နည်းနည်းကြာကြာ ပိုစောင့်နေရန် ဆုံးဖြတ်လိုက်သည်။
…
“ ရှေ့ကဟာက ဒီကုန်းမြင့်ပိုင်း နယ်မြေရဲ့ အဆုံးသတ်များလား၊ ငါထွက်လာနိုင်ခဲ့ပြီလား? “
တောင်တန်း၏ အဆုံးတွင် တောအုပ်တစ်ခုကို မြင်လိုက်ရသောကြောင့် ရှုကျိုး၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှု အရိပ်အငွေ့လေးများ ဖြစ်တည်လာခဲ့သည်၊ အဲ့တာက အရင်တုန်းက ငါရောက်ခဲ့တဲ့ ရှေးဦးတောအုပ်များလား?
သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ တောအုပ်ထဲသို့ သုတ်ခြေတင်ပြေးသွားတော့သည်။
သို့သော် စက္ကန့်ပိုင်းမျှအကြာတွင် ရှုကျိုး၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားပြီး၊ သူ၏ဓားကို အကြမ်းပတမ်း လွှဲရမ်းလိုက်သည်။
တောအုပ်ထဲမှ ထွက်လာသော ဗီဇပြောင်းသားရဲတစ်ကောင်သည် ရှုကျိုးထံသို့ ခုန်အုပ်လာခဲ့သည်။
“ ဝုန်းးးးး !! “
ဓားအလင်းတန်းသည် လျှပ်စီးလက်သကဲ့သို့ ဗီဇပြောင်းသားရဲကို တိုက်ချသွားခဲ့ပြီး၊ ဝုန်းဟူသော အသံနှင့်အတူ ၎င်း၏ဦးခေါင်း ကြေမွသွားခဲ့သည်။
“ အဆင့်သုည သားရဲလား? “ ရှုကျိုးသည် အနည်းငယ် စိတ်အေးသွားခဲ့သည်။
အဆင့်သုည သားရဲများကို ကိုင်တွယ်ရခြင်း၊ အကယ်၍ ၎င်းတို့က အဆင့် ၁၀ ဖြစ်နေမည်လျှင်တောင်မှ သူသည် ယခုတွင် ၎င်းတို့ကို တိုက်ကွက်တစ်ကွက်တည်းဖြင့် အနိုင်ယူနေနိုင်ပြီ ဖြစ်သည်။
မကြာခင်မှာပင် သားရဲများ၏ အရိပ်များ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်၊ အများစုသည် အဆင့်သုညသားရဲများ ဖြစ်ပြီး၊ အနည်းငယ်ကသာလျှင် ပထမအဆင့် သားရဲများ ဖြစ်နေခဲ့သည်။
“ ဝေါင်းးး ဝေါင်းးးးးးး !! “
သားရဲ ဟိန်းသံများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။
သို့သော် ရှုကျိုး၏ မျက်လုံးများ တောက်ပသွားခဲ့သည်။
အဆင့်သုညနဲ့ ပထမအဆင့်သားရဲတွေ ဒီလောက်အများကြီး ရှိနေတာလား?
ကြည့်ရတာတော့ ငါက အပြင်ပိုင်းနယ်မြေထဲကို ပြန်ရောက်လာတဲ့ပုံပဲ။
“ ဝှစ် !!! “
ရှုကျိုးသည် သားရဲများ တိုက်ခိုက်လာမည့် အချိန်ကို စောင့်ဆိုင်းမနေဘဲ၊ သူ၏ ဓားဖြင့် ရဲဝံ့စွာ ရှေ့တက်သွားကာ၊ သွေးနီရောင် အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ သားရဲအုပ်ထဲသို့ တည့်တည့် တိုးဝင်သွားတော့သည်။
ငါးမိနစ် ကုန်ဆုံးသွားသည့်နောက်၌
မြေပြင်ပေါ်တွင် များစွာသော သားရဲကောင်တို့၏ အလောင်းများ စုပြုံနေလျက်ရှိပြီး၊ သွေးတို့ဖြင့် ညစ်နွမ်းနေခဲ့ပြီ ဖြစ်သည်။
ရှုကျိုးသည် သားရဲအလောင်းများကို ကြည့်ကာ သူ၏ဓားရှည်ကို ပြန်သိမ်းလိုက်ပြီး ပြုံးနေလျက်ရှိသည်။
ဤတစ်ကြိမ်တွင် သူသည် နောက်ထပ် ယွမ်သောင်းဂဏန်းကို ထပ်ရှာနိုင်ခဲ့ပြီဖြစ်သည်။
“ ဟမ်? “
ရုတ်တရက်ဆိုသလိုပင် ရှုကျိုး၏ အမူအရာသည် ထပ်မံ၍ ပြောင်းလဲသွားရပြန်သည်။
တောထဲတွင် သားရဲအရိပ်များ ထပ်မံ၍ ပေါ်ပေါက်လာခဲ့ပြီး၊ ၎င်းတို့သည် ယခင်တစ်ကြိမ်က သားရဲအုပ်ထပ် ပိုမိုတောင့်တင်း ကြမ်းတမ်းနေလျက်ရှိသည်။
ဤတစ်ကြိမ်တွင် အဆင့်သုညသားရဲတစ်ကောင်မှ မပါတော့ဘဲ၊ ၎င်းတို့အားလုံးမှာ ပထမအဆင့်သားရဲများသာ ဖြစ်နေခဲ့သည်။
“ ဒီအငွေ့အသက်က ……… “ ၎င်းတို့အားလုံးက ပထမအဆင့် အဆင့်၂သားရဲများ ဖြစ်သည်ဟု အာရုံခံမိသွားသောအခါတွင် ရှုကျိုး၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
အနည်းဆုံး အကောင်နှစ်ဆယ်လောက် ရှိတယ်။
“ ဘာလို့ ဒီနေရာမှာ ဗီဇပြောင်းသားရဲတွေ အများကြီး ရှိနေရတာလဲ? “
ရှုကျိုး အနည်းငယ် ထိတ်လန့်သွားခဲ့သည်၊ ယခင်က သူနှင့် လီရို့ရှီတို့သည် နှစ်နာရီကျော်ကြာ လမ်းလျှောက်နေခဲ့ကြသော်လည်း မည်သည့်သားရဲကိုမှ မတွေ့ခဲ့ရပေ။
သို့သော် ဤနေရာတွင်မူ အဆင့်သုည သားရဲတစ်ဒါဇင်ခန့်ကို သတ်ဖြတ်ပြီးသည့်နောက်တွင် သားရဲအကောင် ၂၀ကျော် ထပ်မံ၍ ပေါ်လာခဲ့ပြန်သည်။
ထို့အပြင် ၎င်းတို့အားလုံးသည် ပထမအဆင့် အဆင့်၂သားရဲများ ဖြစ်နေခဲ့သည်။
“ တစ်ခုခုတော့ မှားနေပြီ “ ရှုကျိုး၏ အမူအရာ မည်းမှောင်သွားတော့သည်။
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူရဲ့ အပြင်ပိုင်းနယ်မြေထဲမှာ ပထမအဆင့် သားရဲကောင်တွေ အများကြီး ရှိမနေသင့်ပါဘူး။
အပြင်ပိုင်း နယ်မြေထဲတွင် ပထမအဆင့် သားရဲမှာ ဘုရင်ဖြစ်နေသောကြောင့်၊ အကောင် ၂၀ကျော် တစ်ပြိုင်နက် ပေါ်လာရန် မဖြစ်နိုင်ပေ။
ထိုကဲ့သို့သော အခြေအနေမျိုးသည် အတွင်းပိုင်းနယ်မြေထဲတွင်သာ ဖြစ်ပွားလေ့ရှိသည်။
အဘယ့်ကြောင့်ဆိုသော် အတွင်းပိုင်းနယ်မြေထဲတွင် ပို၍ အဆင့်မြင့်သော သားရဲများစွာ ရှိနေသောကြောင့် ဖြစ်သည်။
ဤပထမအဆင့် သားရဲများသည် ပို၍အဆင့်မြင့်သော သားရဲတစ်ချို့၏ အုပ်ချုပ်မှုအောက်သို့ ရောက်ရှိနေကြခြင်း ဖြစ်နိုင်လေသည်။
ထိုအချိန်တွင် ရှုကျိုးထံ၌ အတွေးများနေရန် အချိန်မရှိပေ။
“ ဝေါင်းးး ဝေါင်းးးး !! “
သားရဲအုပ်ကြီးသည် တိုက်ပွဲဝင် ဟိန်းဟောက်သံများကို စတင်၍ ပြုလုပ်လာကြပြီး သူ့ထံသို့ ပြေးတက်လာကြသည်။
အရှိန်အဟုန်သည် လူတစ်ဦး၏ သွေးနှင့် သတ္တိများကိုပင် အေးစဲသွားစေနိုင်လေသည်၊ ၎င်းကား သတ်ဖြတ်လိုစိတ်ပင် ဖြစ်သည်။
သားရဲတစ်ကောင်ချင်းစီတိုင်းထံတွင် သတ်ဖြတ်လိုစိတ်များ အနည်းနှင့်အများဆိုသလို ရှိနေခဲ့သည်၊ ယခုတွင် ပထမအဆင့် သားရဲ အကောင် ၂၀ကျော် စုစည်းနေကြခြင်း ဖြစ်သောကြောင့် သတ်ဖြတ်လိုစိတ်သည် မိုးထိထောင်တက်နေလျက်ရှိသည်။
အကယ်၍ ပုံမှန် ပထမအဆင့် သိုင်းပညာရှင်တစ်ဦးက ဤနေရာတွင် ရှိနေမည်ဆိုပါက၊ သူသည် ဤကဲ့သို့သော အရှိန်အဟုန်မျိုးကြောင့် ချက်ချင်း အံ့ဩထိတ်လန့်ကာ မေ့လဲသွားကြမည် ဖြစ်သည်။
သို့သော် ရှုကျိုးကမူ မျက်နှာသာ အနည်းငယ် ဖြူဖျော့သွားခဲ့သည်၊ ထို့နောက်တွင် သူသည် တိုက်ခိုက်ရန်အတွက် ဓားကို ထုတ်လိုက်သည်။
သူသည် “ သတ် !!! “ ဟု ကြုံးဝါးကာ သားရဲအုပ်ထံသို့ ခုတ်ပိုင်းချလိုက်သည်။
၁.၇မီတာ ရှည်သော ဓားသည် သွေးနီရောင် ဓားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ သားရဲအုပ်ထဲသို့ တိုးဝှေ့ဝင်ရောက်သွားတော့သည်။
“ ရွှပ် !!! “
သွေးအလင်းတန်းများ ဖြစ်ပေါ်လာခဲ့ပြီး၊ သားရဲကောင်တို့၏ ခန္ဓာကိုယ်များကို ထိုးဖောက်သွားခဲ့သည်။
“ ဘုတ် “
စက္ကန့်ပိုင်းအတွင်းမှာပင် ဗီဇပြောင်းသားရဲတစ်ကောင်သည် ဒဏ်ရာအပြင်းအထန် ရရှိကာ လဲကျသွားခဲ့သည်။
သို့သော် သားရဲအကောင် ၂၀ဆိုသည်မှာ အလွန်များပြားနေခဲ့ပြီး၊ ၎င်းတို့အားလုံးမှာ ပထမအဆင့် အဆင့်၂ သားရဲကောင်များ ဖြစ်နေခဲ့သည်။
ယခင်က ရှုကျိုးနှင့် လီရို့ရှီတို့သည် ပထမအဆင့် အဆင့်၂ သားရဲတစ်ကောင်ကို သတ်ဖြတ်ရန်အတွက် အတူပူးပေါင်းလုပ်ဆောင်ခဲ့ရသည်။
ယခုတွင် သူတစ်ဦးတည်း၏ ခွန်အားဖြင့် ၎င်းတို့အားလုံးကို ကိုင်တွယ်နေရခြင်းမှာ အတော်လေး ခက်ခဲလွန်းလှသည်။
“ ဟင်းလင်းပြင် နေရာလွတ် !! “
ထိုအတွေးနှင့်အတူ ရှုကျိုးသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ၊ သူ၏ စိတ်အာရုံကို ခွဲခြမ်းလိုက်ပြီး၊ ဆေဘာသွား နဂါးသားရဲထံသို့ ကူးပြောင်းသွားကာ သူ၏ ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်ကို ဖွင့်လိုက်သည်။
ဝှစ် !!!
စက္ကန့်ပိုင်းမျှအကြာတွင် ကြီးမားသော ရုပ်သွင်တစ်ခုသည် ကောင်းကင်ပေါ်မှ ဆင်းသက်လာခဲ့သည်။
သူသည် သူ၏ကိုယ်ပွားကို နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲတွင် ပထမဦးဆုံးအကြိမ်အဖြစ် လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။
၂.၅မီတာ ရှည်လျားပြီး၊ ၁.၇မီတာမြင့်သော ဆေဘာသွား နဂါးသားရဲ၊ ၎င်း၏ ခန္ဓာကိုယ်သည် ရွှေနက်ရောင် တောက်ပလာခဲ့ပြီး၊ ဆယ်မီတာမြင့်သော လေထုထဲတွင် အရိပ်ထင်နေလျက်ရှိသည်။
“ ဝှစ် !!! “
နောက်ထပ် စက္ကန်ပိုင်းမျှအကြာတွင် ၎င်း၏ ထူထဲ တုတ်ခိုင်သော ခြေထောက်များသည် မြေပြင်ပေါ်သို့ ကျရောက်လာခဲ့သည်။
ယခုတွင် ဆေဘာသွား နဂါးသားရဲ၏ အလေးချိန်မှာ ၄၆၈.၅ ကီလိုဂရမ်အထိ ရှိနေပြီဖြစ်ပြီး၊ ဆယ်မီတာအမြင့်မှ ကျလာခဲ့ခြင်း ဖြစ်သောကြောင့် ၎င်းသယ်ဆောင်လာသည့် အဖျက်အစီး စွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။
၎င်းအောက်ရှိ ပထမအဆင့် သားရဲတစ်ကောင်သည် ချက်ချင်း ဖိနင်းခံလိုက်ရကာ၊ ၎င်း၏ဦးခေါင်း ပေါက်ကွဲသွားပြီး၊ ဦးနှောက်အပိုင်းအစများနှင့် သွေးများ နေရာအနှံ့ ပြန့်ကျဲသွားခဲ့သည်။
ပတ်ပတ်လည်ရှိ ဗီဇပြောင်းသားရဲအားလုံး တစ်ခဏခန့် ကြောင်တောင်တောင် ဖြစ်သွားကြသည်။
၎င်းတို့သည် ရုတ်တရက် ရောက်ရှိလာသည့် ဤသားရဲက မည်သည့်နေရာမှ ရောက်ရှိလာလဲဆိုသည်ကို နားမလည်နိုင်ဖြစ်နေကြသည့်ပုံပင်။
“ ဝေါင်းးး !!! “
ဆေဘာသွား နဂါးသားရဲသည် ဒေါသတကြီး ဟိန်းဟောက်လာခဲ့ပြီး၊ တိုက်တေနီယမ် သတ္တုစပ်များဖြင့် ပြုလုပ်ထားသကဲ့သို့ ဖြစ်နေသည့် တောင်ပံများ ဖြန့်ကျက်လိုက်ကာ ကြီးစိုးစွာ တောင်ပံခတ်လာခဲ့သည်။
ဝုန်းဟူသောအသံနှင့်အတူ ကြီးမားသော ဝံပုလွေသားရဲကို ထိမှန်သွားခဲ့ပြီး၊ ၎င်း၏ခန္ဓာကိုယ်သည် နေရာမှာပင် ပေါက်ကွဲထွက်သွားခဲ့ကာ၊ အရိုးများ အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့သည်။
“ အာ? ” ရှုကျိုးပင် ကြောင်တောင်တောင် ဖြစ်သွားခဲ့သည်၊ သူသည် ဆေဘာသွား နဂါးသားရဲက ထိုမျှလောက် ကြမ်းတမ်းနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
ထိုင်ချပြီးတော့ တစ်ကောင်သတ်တယ်၊ တောင်ပံခတ်ပြီးတော့ နောက်တစ်ကောင် ထပ်သတ်လိုက်ပြန်ပြီလား?
စိတ်ဝိညာဥ် ကူးပြောင်းလာခဲ့သည့် အချိန်ကတည်းက သူသည် ဆေဘာသွား နဂါးသားရဲ၏ တိုက်ခိုက်မှု စွမ်းအားကို တစ်ခါမှ မမြင်တွေ့ခဲ့ရဖူးပေ။
များသောအားဖြင့် ၎င်းသည် စားလိုက်အိပ်လိုက်၊ အိပ်လိုက်စားလိုက်ဖြင့်သာ ရှိနေခဲ့သည်။
သူ့ရှေ့မှ မြင်ကွင်းသည် သူ၏စိတ်ကူးစိတ်သန်းများထပ် များစွာကျော်လွန်နေလျက်ရှိသည်။
မကြာခင်မှာပင် ရှုကျိုးသည် ပြုံးစိစိဖြစ်သွားတော့သည်၊ မင်းကို ကြီးပျင်းလာအောင် လုပ်ပေးခဲ့ရတာက တော်တော်တန်တာပဲ။
“ သတ် !!! “ ကြုံးဝါးသံနှင့်အတူ ရှုကျိုးသည် ထပ်မံ၍ ရှေ့တက်သွားခဲ့ပြန်သည်။
တစ်ပြိုင်နက်ဆိုသလိုပင် ဆေဘာသွား နဂါးသားရဲကြီးသည် တောင်ပံများကို ခတ်ကာ ထပ်မံ၍ တိုက်ခိုက်လာခဲ့သည်။
၎င်းတို့မှာ တောင်ပံများသာ ဖြစ်နေခဲ့သော်လည်း အမွှေးတစ်ခုချင်းစီတိုင်းသည် သံမဏိများကဲ့သို့ လေးလံ ခိုင်ခံ့နေခဲ့သည်။
တောင်ပံတစ်စုံလုံးသည် အနည်းဆုံး ၁၀၀ကီလိုဂရမ်အထိ ရှိနေခဲ့သည်။
တိုက်ခိုက်မှုတစ်ခုချင်းစီတိုင်းသည် သားရဲတစ်ကောင်၏ အသက်ကို ချက်ချင်း နှုတ်ယူသွားခဲ့ပြီး၊ သွေးများ မြင်မကောင်းလောက်သည်အထိ ပြန့်ကျဲညစ်စွန်းသွားခဲ့သည်။
“ ဝုန်းး ဝုန်းး ဝုန်းး !! “
ကျယ်လောင်သော ထိတွေ့မှု အသံများ ဆက်လက်၍ ထွက်ပေါ်နေခဲ့သည်။
လူနှင့် သားရဲတစ်ကောင်သည် သားရဲအုပ်ကို ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်နေခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းသော ထိတွေ့မှုအသံများ အဆက်မပြတ် ထွက်ပေါ်နေလျက်ရှိသည်။
…
ဆယ်မိနစ်ကုန်ဆုံးသွားခဲ့သည့်နောက်၌
မြေပြင်သည် ညစ်ပေနေခဲ့ပြီ ဖြစ်သည်။
ဗီဇပြောင်းသားရဲကောင်များ၏ အလောင်းများသည် နေရာအနှံ့ပြန့်ကျဲနေလျက်ရှိသည်၊ သားရဲတစ်ကောင်ချင်းစီတိုင်းသည် ပုံပျက်ပန်းပျက်ဖြစ်နေခဲ့ပြီး၊ ဦးခေါင်းများ ပေါက်ကွဲ၍ဖြစ်စေ၊ ခန္ဓာကိုယ်များ ပွင့်ထွက်၍ဖြစ်စေ သနားဖွယ်ကောင်းသော အခြေအနေများဖြင့် သေဆုံးသွားခဲ့ကြသည်။
“ ဟူးးးး “ ရှုကျိုးသည် သူ၏ဓားကို သိမ်းကာ သက်ပြင်းချနေတော့သည်။
နောက်ဆုံးတော့ ပြီးသွားခဲ့ပြီပဲ။
ပြီးဆုံးသွားခဲ့သော တိုက်ပွဲအတွင်းတွင် သူသည် များစွာ အားစိုက်မထုတ်ခဲ့ရပေ။
သားရဲအများစုကို ဆေဘာသွား နဂါးသားရဲကြီးက အမှောက်သိပ်သွားခဲ့ပြီး၊ သူသည် ကျန်ရှိနေသည့် အကောင်များကိုသာ ကိုင်တွယ်ခဲ့ရသည်။
ထိုအချိန်တွင် ရှုကျိုးသည် အသွေးအသားများဖြင့် ပြည့်နှက်နေသည့် မြေပြင်ကို ကြည့်ကာ သူ၏မျက်နှာပေါ်တွင် မျှော်လင့်ချက်များဖြင့် ပြည့်ဝနေသော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
လတ်ဆတ်သော သားရဲအသားများ၊ ၎င်းတို့သည် ပထမအဆင့် အဆင့်၂သားရဲကောင်တို့၏ အသွေးအသားများ ဖြစ်သည်။
အာဟာရဓာတ်သည် အလွန်မြင့်မားနေမည်ဖြစ်သည်။
ဆေဘာသွား နဂါးသားရဲကြီးက ၎င်းတို့ကို စားပြီးသွားသည်နှင့်တစ်ပြိုင်နက် ၎င်း၏ အစွမ်းသည် မထင်မှတ်ထားသော အမြန်နှုန်းဖြင့် မြင့်တက်သွားမည် ဖြစ်သည်။
အပိုင်း ( 59 )
ပထမဦးဆုံးည
ရှုကျိုးသည် ဆေဘာသွား နဂါးသားရဲကြီးကို ချက်ချင်း စားခွင့်မပေးလိုက်ပေ။
ဒါဇင်နှင့်ချီသော ဗီဇပြောင်းသားရဲများ ရုတ်တရက် ပေါ်လာလေ့ရှိသောကြောင့် ဤနေရာသည် အလွန် အန္တရာယ်များကာ ပုံမှန်ဟုတ်မနေခဲ့ပေ။
အဆင့်မြင့် သားရဲတစ်ကောင်၏ အုပ်ချုပ်မှုသာ မရှိဘူးဆိုပါက အဆိုပါ ပထမအဆင့်သားရဲများသည် ဤမျှလောက် စည်းလုံးနေလိမ့်မည် မဟုတ်ပေ။
“ ငါက နတ်ဆိုးတစ်ထောင် လှိုဏ်ဂူရဲ့ အတွင်းပိုင်းနယ်မြေထဲကို ရောက်နေလောက်ပြီ “ ရှုကျိုးကား တွေးတောဆင်ခြင်နေလျက်ရှိသည်။
သူသည် တိတ်တဆိတ် သက်ပြင်းချနေတော့သည်။
သူ၏ကံတရားသည် အတွင်းပိုင်းနယ်မြေထဲကို ရောက်လာရသည်အထိ အလွန်ဆိုးရွားနေခဲ့သည်။
“ ဒီသားရဲတွေကို ယူသွားနိုင်မဲ့ နည်းလမ်းတစ်ခု အမြန်စဥ်းစားရမယ် “ သူသည် ကိုယ်ပွားကို ဤနေရာမှာပင် ပွဲတော်တည်ခွင့် မပြုရဲပေ။
အကယ်၍ တတိယအဆင့် (သို့) ထို့ထပ်အဆင့်မြင့်သော ဗီဇပြောင်းသားရဲများ ပေါ်လာမည်ဆိုပါက သူလွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။
ဒါပင်မဲ့ ဒီလောက်သားရဲအများကြီးကို ငါဘယ်လို သယ်သွားရမှာလဲဟ?
“ ဒီအလောင်းတွေကို ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်ထဲ ထည့်လို့ရမလားပဲ? “ ရှုကျိုးသည် ၎င်းကို ရုတ်တရက် တွေးမိသွားခဲ့သည်။
ငါ့ကောင်ကြီးက ကိုယ်ပိုင်နေရာလွတ်ကို အစိုးရတာလေ၊ အဲ့တော့ ဒီကောင်တွေကို ထည့်နိုင်မှာပါ၊ ဟုတ်တယ်မလား?
“ ရွှတ် !! “
ဆေဘာသွား နဂါးသားရဲကြီးသည် သားရဲတစ်ကောင်၏ အလောင်းကို ခြေသည်းများဖြင့် ကောက်ဆွဲလိုက်ပြီး၊ စိတ်ထဲတွင် ရေရွတ်နေတော့သည်။
“ ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်ထဲ ဝင်ပါ “
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ၎င်းသည် သားရဲအလောင်းကြီးနှင့်အတူ ဟင်းလင်းပြင် နေရာလွတ်ထဲတွင် ပြန်ပေါ်လာခဲ့သည်။
“ တကယ်ကြီး အလုပ်ဖြစ်တယ်ဟ “ ရှုကျိးသည် ဝမ်းသာပီတိ ဖြစ်သွားတော့သည်။
ထို့နောက်တွင် သူသည် ထိုနည်းလမ်းအတိုင်းသာ ဆက်လုပ်နေခဲ့ပြီး၊ ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်ထဲသို့ တစ်လောင်းပြီးတစ်လောင်း ပို့နေတော့သည်။
သိပ်မကြာခင်မှာပင် အလောင်းများဖြင့် ပြည့်နှက်သွားခဲ့ပြီ ဖြစ်သည်။
ဆေဘာသွား နဂါးသားရဲကြီးအတွက် ၎င်းတို့အားလုံးသည် အံ့ဩဖွယ်ကောင်းသော အာဟာရဓာတ်များနှင့် များပြားသော ဟင်းလျာများ ဖြစ်သည်။
အလောင်းများကို ရှင်းလင်းပြီးသည့်နောက်တွင် ရှုကျိုးသည် တစ်ခဏခန့် ရပ်တန့်သွားခဲ့သည် “ ဒီနည်းလမ်းနဲ့ဆိုရင် ငါကရော ဟင်းလင်းပြင် နေရာလွတ်ထဲကို ဝင်နိုင်မှာလား? “
သူ၏မျက်လုံးများ တောက်ပသွားတော့သည်။
အကယ်၍ သူကသာ ဟင်းလင်းပြင် နေရာလွတ်ထဲကို ဝင်နိုင်မည်ဆိုပါက၊ နောင်တွင် အဆင့်မြင့်သားရဲများနှင့် ရင်ဆိုင်ရမည်ကို ကြောက်လန့်နေစရာ လိုတော့မည် မဟုတ်ပေ။
သူသည် ဟင်းလင်းပြင် နေရာလွတ်ထဲတွင် ပုန်းနေနိုင်ပြီ ဖြစ်သည်။
ထို့နောက်တွင် ရှုကျိုးသည် ဆေဘာသွား နဂါးသားရဲကြီးကို စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်း ဆင့်ခေါ်လိုက်သည်။
သူသည် ဆေဘာသွား နဂါးသားရဲကြီးကို သူ့အား ဆွဲယူခွင့်ပြုလိုက်ပြီး၊ ဟင်းလင်းပြင်နေရာလွတ်ထဲသို့ ဝင်ရန် ကြိုးပမ်းလိုက်သည်။
ရလဒ်ကား ………
၎င်းမှာ အလုပ်မဖြစ်ခဲ့ပေ။
ဆေဘာသွား နဂါးသားရဲကြီးက မူလကိုယ်ကို ကိုင်ထားသည့်အချိန်တွင် အားကောင်းသော ခုခံမှုတစ်ခုကို ခံစားနေခဲ့ရပြီး၊ ၎င်းသည် မူလကိုယ်က ဟင်းလင်းပြင်နေရာလွတ်ထဲသို့ ဝင်ရောက်ခြင်းကို တားဆီးနေလျက်ရှိသည်။
ထိုအချိန်တွင် စနစ်၏မျက်နှာပြင်တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။
[ ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်သည် မူလကိုယ်အား ထိန်းချုပ်မှတ်တစ်ခုအဖြစ် လိုအပ်သည်။ အကယ်၍ မူလကိုယ်သာ ပျောက်ကွယ်သွားမည်ဆိုပါက ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်မှာလည်း ပျောက်ကွယ်သွားမည် ဖြစ်သည် ]
ရှုကျိုး၏ အမူအရာ တင်းကြပ်သွားခဲ့ပြီး၊ သူ့ကို လွှတ်ပေးရန် ဆေဘာသွား နဂါးသားရဲကြီးကို အမြန်ပြောလိုက်သည်။
ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်သည် အမှန်တကယ် မတည်ရှိသောကြောင့် သာမန်မျက်လုံးများဖြင့် မြင်နိုင်လိမ့်မည် မဟုတ်ပေ။
စနစ်၏ အကြောင်းပြချက်အရ အကယ်၍ သူသာ ဝင်သွားမည်ဆိုပါက သူ၏မူလကိုယ်သည် လက်တွေ့ဘဝမှ ပျောက်ကွယ်သွားပြီး၊ တစ်သက်လုံး ပြန်ထွက်နိုင်တော့မည် မဟုတ်ပေ။
“ ကြည့်ရတာတော့ မူလကိုယ်က ဟင်းလင်းပြင် နေရာလွတ်ထဲကို ဝင်လို့မရတဲ့ပုံပဲ “
ရှုကျိုးမှ တွေးတော စဥ်းစားနေတော့သည် “ ဒါပင်မဲ့ တကယ်လို့ ငါကသာ အစွမ်းထက် သားရဲကောင်နဲ့ တွေ့မယ်ဆိုရင်၊ ကိုယ်ပွားက အဲ့ကောင်ကို ဟင်းလင်းပြင်နေရာလွတ်ထဲ ခေါ်သွားနိုင်မှာလား? “
ထိုကဲ့သို့ ဖြစ်နေမည်ဆိုပါက ကိုယ်ပိုင် ဟင်းလင်းပြင်နေရာလွတ်မှာ အလွန်အသုံးဝင်နေလိမ့်မည် ဖြစ်သည်။
သို့သော် လက်ရှိအချိန်တွင် ရှုကျိုးသည် ၎င်းကို စမ်းသပ်ရန် ရည်ရွယ်ချက် မရှိသေးပေ။
“ မှောင်လာတော့မယ် “ ရှုကျိုးသည် မှုန်မှိုင်းလာသော ကောင်းကင်ကို ကြည့်ကာ အနည်းငယ် စိတ်ကျဥ်းကြပ်သွားခဲ့သည် “ ဘယ်နေရာကို ငါသွားသင့်လဲ? “
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲရှိ ညအချိန်သည် အလွန်အန္တရာယ်များလွန်းလှသည်။
အထူးသဖြင့် အတွင်းပိုင်းနယ်မြေထဲတွင် သူတစ်ဦးတည်း ရှိနေသည့် ယခုကဲ့သို့သော အချိန်မျိုးဖြစ်ပြီး၊ အန္တရာယ်သည် သိသိသာသာ မြင့်မားနေမည် ဖြစ်သည်။
“ နားဖို့ နေရာတစ်နေရာ ရှာရမယ် “ ရှုကျိုးမှ တွေးတော စဥ်းစားနေတော့သည်။
ညအမှောင် ချဥ်းကပ်လာခဲ့ပြီဖြစ်သောကြောင့် သူသည် တစ်ကိုယ်တည်း လျှောက်မသွားရဲတော့ပေ။
တစ်ချို့သော ဗီဇပြောင်းသားရဲများသည် ညအချိန်တွင် အမဲလိုက်နိုင်သည့် စွမ်းရည်များ ပိုင်ဆိုင်ထားကြသည်၊ ညအမှောင်သည် နေ့အလင်းရောင်ကဲ့သို့ ဖြစ်နေပြီး၊ ၎င်းတို့၏ အရက်စက် အကြမ်းကြုတ်ဆုံး သဘာဝကို သယ်ဆောင်ပေးလျက်ရှိသည်။
ထိုကဲ့သို့သော သားရဲအမျိုးအစားများသည် ညတစ္ဆေသားရဲများအဖြစ် လူသိများကြသည်။
ညအမှောင် ကျရောက်လာပြီး အလင်းများ ကင်းမဲ့နေခြင်းသည် ၎င်းတို့၏ စားကျက်ဖြစ်သည်။
ဒုတိယအဆင့် သိုင်းပညာရှင်ကပင် ၎င်းတို့နှင့် ရင်ဆိုင်ရပါက သေဆုံးသွားနိုင်လေသည်။
ယခင်က သူရင်ဆိုင်ခဲ့ရသော ကြောင်နက်ကြီးမှာလည်း ညတစ္ဆေသားရဲအမျိုးအစားဖြစ်သည်။
၎င်းမှာ အပြင်ပိုင်း နယ်မြေထဲတွင် တွေ့ခဲ့ရခြင်းဖြစ်သည်၊ သို့သော်ယခုတွင် သူသည် အတွင်းပိုင်း နယ်မြေထဲသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ပြီး၊ ထိုကဲ့သို့သော ညတစ္ဆေမျိုးနှင့် ရင်ဆိုင်ရပါက ရှင်သန်လွတ်မြောက်နိုင်မည့် အခွင့်အလမ်း နည်းပါးသွားလိမ့်မည် ဖြစ်သည်။
“ ဝှစ် !! “
ရှုကျိုးသည် ရှေ့သို့ အမြန်ပြေးသွားတော့သည်။
…
ကောင်းကင်ကြီးသည် မှောင်ရိပ်ပျိုးနေခဲ့ပြီဖြစ်ပြီး၊ အလင်းရောင်မှာလည်း ကျဲပါးလာခဲ့ပြီဖြစ်သည်။
ရှုကျိုးသည် ဦးတည်ရာတစ်ခုသို့ သုတ်ခြေတင် ပြေးလွှားနေလျက်ရှိသည်၊ ဆယ်မိနစ်ကုန်ဆုံးသွားခဲ့နောက်တွင် ပတ်ဝန်းကျင်ရှိ သစ်ပင်များ ကျဲပါးလာခဲ့ပြီ ဖြစ်သည်။
ထို့နောက်တွင် အရှေ့ဘက်၌ လှိုဏ်ဂူတစ်ခု ပေါ်ပေါက်လာခဲ့သည်။
“ လှိုဏ်ဂူလား? “
ရှုကျိုးသည် တစ်ခဏခန့် ရပ်တန့်သွားခဲ့သည်၊ ကြည့်ရတာတော့ ဝင်နားလို့ ကောင်းမဲ့ပုံပဲ။
သို့သော် အဆိုပါ ဂူ၏အသွင်အပြင်သည် သဘာဝအတိုင်း ဖြစ်တည်နေသည့်ပုံမပေါ်ဘဲ၊ တစ်စုံတစ်ဦး (သို့) တစ်စုံတစ်ခုက တူးဖော်ထားသည့် ပုံနှင့် တူညီနေခဲ့သည်။
“ အထဲမှာ အဆင့်မြင့် သားရဲတစ်ကောင်ကောင် ရှိနေတာများလား? “ ရှုကျိုးသည် သတိတကြီး ဖြစ်သွားခဲ့သည်။
“ ဝေါင်း “
ရုတ်တရက်ဆိုသလိုပင် ဟိန်းဟောက်သံတစ်ခုသည် ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါကြီးတစ်ကောင် နိုးထလာသကဲ့သို့ တောနက်ထဲမှ ထွက်ပေါ်လာခဲ့သည်။
ထိုအသံသည် ရှုကျိုးကို ကျောချမ်းသွားစေခဲ့သည်။
ကောင်းကင်သည် ပိုပို၍ မှောင်လာခဲ့ပြီဖြစ်ပြီး၊ ညတစ္ဆေတို့မှာလည်း စတင်၍ လှုပ်ရှားလာကြပြီ ဖြစ်သည်။
“ ကိစ္စ မရှိပါဘူး၊ အထဲ အရင်သွားကြည့်တာပေါ့ “
ရှုကျိုးသည် အံကြိတ်ကာ ဆုံးဖြတ်ချက်တစ်ခုကို အမြန်ချလိုက်ပြီး၊ လှိုဏ်ဂူဆီသို့ ပြေးသွားတော့သည်။
အကယ်၍ သူသာ အပြင်ဘက်တွင် ဆက်နေနေဦးမည်ဆိုပါက၊ ညတစ္ဆေများကို ထိုင်စောင့်နေရသည့် ဘဲတစ်ကောင် ဖြစ်သွားလိမ့်မည် ဖြစ်သည်။
အမိုးအကာရှိသည့် လှိုဏ်ဂူထဲတွင် ဝင်နေရခြင်းသည် အပြင်ဘက်တွင် နေရခြင်းထပ် ပိုကောင်းနေလိမ့်မည် ဖြစ်သည်။
“ တော်တော်ကြီးကို နီးနေပြီ “ ရှုကျိုးမှ တွေးတောမှန်းဆနေလျက်ရှိသည် “ တကယ်လို့ အဆင့်မြင့် သားရဲကောင်သာ ရှိနေရင် အခုချိန်လောက်ဆို ငါ့ကို ခုန်အုပ်လာသင့်နေပြီ “
သူသည် လှိုဏ်ဂူဆီသို့ အသည်းအသန် ပြေးလာခဲ့ပြီး၊ မကြာခင်မှာပင် အပေါက်ဝသို့ ရောက်ရှိလာခဲ့သည်။
လှိုဏ်ဂူအတွင်းတွင် မည်းမှောင်နေသဖြင့် မည်သည့်အရာကို မမြင်ခဲ့ရပေ။
သို့ရာတွင် ရှုကျိုး၏ အာရုံများက အလွန်ထက်မြက်နေခဲ့သည်၊ သူသည် အပေါက်ဝတွင် ရပ်၍ ဂရုတစိုက် စူးစမ်းလေ့လာနေပြီး၊ ထို့နောက်တွင် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်။
“ ကြည့်ရတာတော့ အထဲမှာ ဘာမှ မရှိတဲ့ပုံပဲ “ ရှုကျိုးသည် ၎င်းကို အတည်ပြုခဲ့ပြီးသည့်နောက်တွင် သတိတကြီးဖြင့် ဂူထဲသို့ ဝင်လာခဲ့သည်။
ဂူအတွင်း၌ ရှုကျိုးသည် သူ့အရှေ့ရှိ အရာကိုပင် မမြင်နိုင်ခဲ့ပေ၊ သို့သော် ၎င်းက အတော်လေး ကျယ်ဝန်းသည်ကို သူခံစားနေနိုင်ခဲ့သည်။
ထို့အပြင် လျှို့ဝှက်ဆန်းကြယ်သော မွှေးရနံ့တစ်ခု ရှိနေခဲ့ပြီး၊ လန်းဆန်းတက်ကြွသွားသကဲ့သို့ ခံစားသွားခဲ့ရသည်။
“ တကယ်ကို ဗလာကြီး ဖြစ်နေခဲ့တာပဲ “ ရှုကျိုးသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်။
သူ၏ စိတ်ဝိညာဥ် စွမ်းအားသည် အလွန်မြင့်မားနေသောကြောင့် သူသည် အနီးတစ်ဝိုက် အကွာအဝေးအတွင်းမှ မည်သည့်မူမမှန်မှုကိုမဆို ခံစားသိရှိလိမ့်မည် ဖြစ်သည်။
ရှုကျိုးသည် သူ၏ထန်ဓားကို ချကာ မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး၊ တစ်နေ့လုံး ပြေးလွှားနေခဲ့ရသည့်အတွက် အနည်းငယ် မောပန်းနေသကဲ့သို့ ခံစားနေရတော့သည်။
ထို့အပြင် သူသည် တစ်နေကုန် မည်သည့်အရာကိုမှ မစားရသေးသဖြင့် လွန်စွာ ဆာလောင်နေခဲ့ပြီ ဖြစ်သည်။
“ အစ်မရော ဘာတွေလုပ်နေမလဲဆိုတာကို ငါသိချင်မိတယ် “ ရှုကျိုးသည် အနည်းငယ် စိုးရိမ်ပူပန်နေခဲ့သည်။
သူကိုယ်တိုင်ကဲ့သို့ပင် လီရို့ရှီမှာလည်း တစ်ဦးတည်း ဖြစ်နေမည် ဖြစ်သည်။
သူသည် ပိုင်ရှင်မရှိသည့် လှိုဏ်ဂူတစ်လုံးကို ရှာတွေ့သည်အထိ ကံကောင်းခဲ့သော်လည်း လီရို့ရှီကမူ ……..
သို့ရာတွင် လီရို့ရှီသည် အလွန်အစွမ်းထက်ပြီး၊ ဒုတိယအကြိမ်မြောက် အုတ်မြစ်တည်ဆောက်ခြင်းအဆင့်နှင့်ပင် နီးကပ်နေခဲ့ပြီ ဖြစ်သည်၊ ထို့ကြောင့် သူမသည် အပြင်ပိုင်းနယ်မြေထဲတွင် အဆင်ပြေနေသင့်သည်။
“ ဟူးးးး “ ရှုကျိုးသည် သက်ပြင်းရှည်ကြီး ချလိုက်သည်။
သူသည် သူက အလွန်အားနည်းပြီး များစွာပိုစွမ်းလာဖို့ လိုအပ်နေသည်ဟု ခံစားနေခဲ့ရသည်။
သူသည် သူ၏ စိတ်အာရုံကို ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်ထဲရှိ ဆေဘာသွား နဂါးသားရဲဆီသို့ စေလွှတ်ကာ စတင်၍ စားသောက်နေတော့သည်။
ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်ထဲတွင်
ဆေဘာသွား နဂါးသားရဲသည် ၎င်း၏ ခြေသည်းများကို ဆန့်ထုတ်ကာ ဗီဇပြောင်းသားရဲ၏ နှလုံးကို ဆွဲထုတ်နေတော့သည်။
“ ရွှတ် !!! “
ထို့နောက်တွင် ၎င်းကို တစ်ခါတည်း မြိုချနေတော့သည်။
လီရို့ရှီမှ သားရဲ၏ နှလုံးက အဖိုးအတန်ဆုံးဖြစ်ပြီး၊ သန့်စင်သော ချီ-သွေးစွမ်းအင်များစွာ ပါဝင်နေသည်ဟု ပြောပြထားခဲ့ဖူးသည်။
ရှုကျိုးသည် ထိုမျှ အာဟာရကြွယ်ဝသည့် နှလုံးက အကျိုးအမြတ် မည်မျှ သယ်ဆောင်လာမလဲဆိုသည်ကို မြင်တွေ့ချင်နေခဲ့သည်။
ဆေဘာသွား နဂါးသားရဲ၏ ဝမ်းဗိုက်ထဲသို့ ရောက်ရှိလာခဲ့သော သားရဲနှလုံးသည် အာဟာရဓာတ်များအဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
[ ချီ-သွေး + ၁ကယ်လိုရီ ]
[ အဆင့် + ၅% ]
အိမ်ရှင် : ရှုကျိုး
ချီ-သွေး : ၁၁၃.၃ ကယ်လိုရီ
စိတ်ဝိညာဥ် : 15Hz
ကိုယ်ပွား : ဆေဘာသွား နဂါးသားရဲ
အဆင့် : ပထမအဆင့် အဆင့် ၁ ( ၂၅% )
အသားတင် အလေးချိန် : ၄၇၈.၅ ကီလိုဂရမ်
စွမ်းရည် : တစ်နေ့လျှင် ၁၀ကီလိုဂရမ် ရရှိခြင်း ( အကန့်အသတ် )၊ အရာအားလုံး ဝါးမြိုနိုင်ခြင်း၊ ကိုက်ဖြတ်ဆုတ်ဖြဲခြင်း ( ac )
ဆင့်ကဲ ပြောင်းလဲမှုဖြစ်စဥ် : အလေးချိန်က မျိုးစိတ်အကန့်အသတ်သို့ ရောက်ရှိသွားသောအခါတွင် ဆင့်ကဲပြောင်းလဲမည်
ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ် : ၁၀၀၀ ကုဗမီတာ
…
“ ချီ-သွေးက ၁ကယ်လိုရီတောင် တိုးလာခဲ့တာလား? “ ရှုကျိုးသည် အနည်းငယ် အံ့ဩသွားခဲ့သော်လည်း၊ ထို့နောက်တွင် စိတ်ကျေနပ်စွာဖြင့် ပြုံးနေတော့သည် “ ပထမအဆင့် သားရဲတစ်ကောင်ရဲ့ နှလုံးဖြစ်နေတာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ ”
သားရဲနှလုံးတစ်ခုမှ ယူဆောင်လာသော တိုးတက်မှုသည် အလယ်အဆင့် ကျင့်ကြံရေး ဆေးပုလင်းတစ်ဝက်မှ ယူဆောင်ပေးလာသည့် တိုးတက်မှုနှင့် ညီမျှနေသည်ဟု သူတွက်ဆမိသွားခဲ့သည်။
“ ဒါပင်မဲ့ အဆင့်တိုးတက်မှုက နည်းနည်းလေး နည်းနေသေးတယ်၊ ၅%ပဲရှိတယ် “
ရှုကျိုးသည် ၎င်းကြောင့် မအံ့ဩသွားခဲ့ပေ။
ဆေဘာသွား နဂါးသားရဲက ပထမအဆင့်သို့ ရောက်ရှိသွားခဲ့သည့် အချိန်မှစ၍ ၎င်း၏ အဆင့်တိုးတက်မှု အမြန်နှုန်းသည် ယခင်ကလောက် မြန်ဆန်မနေတော့ပေ။
သို့သော် ၎င်း၏အဆင့် မြင့်တက်လာသည့် အချိန်တိုင်းတွင် မူလကိုယ်က ရရှိသည့် အကျိုးအမြတ်မှာလည်း လိုက်ပါ၍ ကြီးထွားလာခဲ့သည်။
ဥပမာအားဖြင့် ယခင်က ကိုယ်ပွား၏ အဆင့်က ၄% တိုးမြင့်လာခဲ့သည့် အချိန်တိုင်းတွင် မူလကိုယ်၏ ချီ-သွေးသည် ၀.၁ကယ်လိုရီမျှသာ တိုးတက်လာခဲ့သည်။ ယခုတွင်မူ ကိုယ်ပွား၏ အဆင့်က ၄% တိုးမြင့်လာခဲ့သည့် အချိန်တိုင်းတွင် မူလကိုယ်၏ ချီ-သွေးသည် ၁ကယ်လိုရီအထိ တိုးလာခဲ့ပြီ ဖြစ်သည်။
ဆယ်ဆသာလွန်နေခြင်း ဖြစ်သည်။
“ ဆက်လုပ်မယ် “ ရှုကျိုး၏ မျက်လုံးများထဲတွင် စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေပြီး၊ သူသည် ဆေဘာသွား နဂါးသားရဲကို ထိန်းချုပ်ကာ ဆက်လက်၍ စားသောက်ခိုင်းရန် ပြင်ဆင်လိုက်သည်။
သို့သော် ထိုအခိုက်အတန့်တွင် ဆေဘာသွား နဂါးသည် ဗိုက်ပြည့်နေပြီဟူသော စိတ်ခံစားချက်တစ်ခုကို သူ့ထံသို့ ပေးပို့လာခဲ့သည်။
“ ဗိုက်ပြည့်သွားပြီလားဟ? “ ရှုကျိုး အံ့အားသင့်သွားခဲ့သည်။
စက္ကန့်ပိုင်းမျှအကြာတွင် သူသည် တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး၊ စနစ်၏ မျက်နှာပြင်ကို ထပ်မံ၍ ကြည့်ရှုလိုက်သည်။
ထိုအခါမှသာလျှင် ကိုယ်ပွား၏ အလေးချိန်က ၄၆၈.၅မှ ၄၇၈.၅ကီလိုဂရမ်သို့ ရောက်ရှိသွားပြီဆိုသည်ကို သူသတိပြုမိသွားခဲ့သည်။
ယနေ့အတွက် အကန့်အသတ်မှာ ပြည့်တင်းသွားခဲ့ပြီ ဖြစ်သည်။
“ နှလုံးလေးတစ်ခုက ဗိုက်ပြည့်စေဖို့ လုံလောက်နေတာလားဟ? “ ရှုကျိုးသည် အနည်းငယ် အံ့ဩတုန်လှုပ်သွားခဲ့သည်။
ယခင်က ၎င်းသည် ဗိုက်ပြည့်ရန်အတွက် အနည်းဆုံး အသား ၁၀ကီလိုဂရမ်ခန့် စားသောက်ခဲ့ရသည်။
သို့သော် ယခုတွင်ကား ပထမအဆင့် သားရဲတစ်ကောင်၏ နှလုံးလေးတစ်ခုဖြင့်ပင် ဗိုက်ပြည့်သွားခဲ့ပြီ ဖြစ်သည်။
“ သားရဲတွေရဲ့ နှလုံးထဲမှာ ပါတဲ့ ချီ-သွေးစွမ်းအင်က တော်တော်ကြီးကို များနေတာများလား? “ ရှုကျိုးသည် စဥ်းစားခန်းဖွင့်နေရတော့သည် “ သားရဲကောင်ရဲ့ နှလုံးတစ်ခုက အကန့်အသတ်ကို ရောက်သွားစေဖို့ လုံလောက်တယ်ပေါ့ “
ဒီလိုဆိုရင် များများစားပြီး များများတိုးတက်အောင် လုပ်လို့ မရတော့ဘူးပေါ့?
ရှုကျိုးသည် အနည်းငယ် မကျေမနပ်ဖြစ်သွားပြီး၊ အနည်းငယ်မျှ ထပ်စားရန်အတွက် ဆေဘာသွား နဂါးသားရဲကို ညွှန်ကြားလိုက်သည်။
ရလဒ်ကား …..
မျှော်လင့်ထားသည့်အတိုင်းပင် မည်သည့် အကျိုးသက်ရောက်မှုမှ မဖြစ်ပေါ်လာခဲ့ပေ။
ထိုအချိန်တွင် ရှုကျိုး စိတ်ညစ်သွားတော့လေသည်။
“ တစ်နေ့ကို ၁၀ကီလိုဂရမ်ပဲ ရတာက သောက်ရမ်းနည်းလွန်းတယ်၊ ချီ-သွေး ၁ကယ်လိုရီလေးပဲ တိုးလာတယ် “
အကယ်၍ တစ်ခြားလူများကသာ ထိုစကားကို ကြားသွားမည်ဆိုပါက ရှုကျိုးကို ရိုက်သတ်ချင်စိတ်ပင် ပေါက်သွားလိမ့်မည် ဖြစ်သည်။
တစ်နေ့လျှင် ချီ-သွေး ၁ကယ်လိုရီ တိုးတက်လာခြင်းသည် ကြောက်မက်ဖွယ်ကောင်းသော အရာဖြစ်သည်။
သို့သော် ရှုကျိုးကမူ ၎င်းကို မကျေနပ်သေးဘဲ၊ တစ်နေ့လျှင် ၁၀၀ကီလိုဂရမ်အထိ ရရှိရန်ပင် မျှော်လင့်နေခဲ့သည်။
ထိုအတွေးနှင့်အတူ ရှုကျိုးသည် ကိုယ်ပွား၏ ၄၇၈.၅ ကီလိုဂရမ်ဆိုသည့် အလေးချိန်ကို ငေးကြည့်လိုက်သည်၊ ဒီလောက်ဆိုရင် မျိုးစိတ်အကန့်အသတ်နားကို ရောက်နေသင့်ပြီမလား?
နောက်ပြောင်းလဲမှုက ဘာတွေဖြစ်လာမလဲဆိုတာကို ငါသိချင်မိသား။
စွမ်းရည်တွေက ထပ်ပြီးတော့ အဆင့်မြင့်သွားလောက်တယ်။
“ ရက်အနည်းငယ်အတွင်းမှာပဲ ဆင့်ကဲပြောင်းလဲလာသင့်တယ် “ ရှုကျိုးသည် ပထမအကြိမ် ဆင့်ကဲပြောင်းလဲမှုက ၅ကီလိုဂရမ်ဖြစ်ပြီး၊ ဒုတိယအကြိမ် ဆင့်ကဲပြောင်းလဲမှုက ၅၀ကီလိုဂရမ် ဖြစ်သည်ဆိုသည်ကို အမှတ်ရသွားခဲ့သည်။
ဒီစံနှုန်းနဲ့ဆိုရင် နောက်တစ်ကြိမ်က ၅၀၀ကီလိုဂရမ်လေးများ ဖြစ်နေမလား?
ရှုကျိုးသည် တိတ်တဆိတ် စောင့်ဆိုင်းနေတော့သည်။
“ ဂွီ “
သူ၏ အစာအိမ်သည် ဆာလောင်မှုများနှင့်အတူ အော်မြည်လာခဲ့ပြီ ဖြစ်သည်။
ရှုကျိုးသည် သက်ပြင်းချလိုက်ပြီး၊ ဗီဇပြောင်းသားရဲများကို ဟင်းလင်းပြင် နေရာလွတ်ထဲမှ ထုတ်ယူလိုက်တော့သည်။
ကိုယ်ပွားက ဗိုက်ပြည့်သွားပြီ ဖြစ်သော်လည်း မူလကိုယ်မှာ ဆာလောင်နေစဲ ဖြစ်သည်။
မီးမရှိ၊ အိုးမရှိသောကြောင့် သူသည် ရွေးချယ်စရာ မရှိတော့ဘဲ၊ အစိမ်းစားနေရတော့သည်။
ယခုတွင် ရှုကျိုး၏ ခန္ဓာကိုယ်သည် အလွန်အားကောင်းနေခဲ့ပြီ ဖြစ်ပြီး၊ ပထမအဆင့် သိုင်းပညာရှင်တစ်ဦး၏ အဆင့်နှင့်ပင် နီးကပ်နေပြီ ဖြစ်သောကြောင့် အစိမ်းစားလိုက်ခြင်းသည် မည်သည့် ဆိုးကျိုးမှ ဖြစ်လာလိမ့်မည်မဟုတ်ဘဲ၊ ရွံရှာဖွယ်ကောင်းနေမည်သာ ဖြစ်သည်။
ရှုကျိုးသည် စိတ်ခံစားချက်များကို ဖိနှိပ်လိုက်ပြီး၊ သားရဲကောင်၏ ပေါင်လုံးကို ကိုက်ချလိုက်သည်။
“ ဂလု ဂလု “ ရှုကျိုးသည် ကြက်သားကိုစားနေသကဲ့သို့ ဝါးနေတော့သည်။
ယခုတွင် သားရဲဟိန်းသံများကို ပို၍ ကျယ်လောင်စွာ ကြားနေခဲ့ရပြီဖြစ်သည်။
အဆိုပါ အသံအားလုံးသည် လှိုဏ်ဂူနှင့် ကီလိုမီတာ ၁၀၀၀အဝေးမှ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ဤအချိန်တွင် ရှုကျိုးသည် ဤလှိုဏ်ဂူက အစွမ်းထက်သားရဲတစ်ကောင်ကောင်၏ ဂူဖြစ်သည်ဟု ပိုပို၍ ခံစားလာခဲ့ရပြီး၊ မည်သည့်အတွက်ကြောင့် လှိုဏ်ဂူအလွတ်ကြီး ဖြစ်နေလဲဆိုသည်ကို အဖြေရှာမရ ဖြစ်နေခဲ့သည်။
“ ဒီမှာ တစ်ညနေမယ်၊ အလင်းရောင်ပေါ်လာပြီဆို ထွက်သွားမယ် “ ရှုကျိုးသည် မိမိကိုယ်မိမိ စကားပြောဆိုနေလျက်ရှိသည်။
နာရီဝက်ခန့် ကုန်ဆုံးသွားသည့်နောက်တွင်
ရှုကျိုး၏ စားသောက်မှု ပြီးဆုံးသွားခဲ့ပြီး၊ ဆေဘာသွား နဂါးသားရဲကို ဆင့်ခေါ်ကာ အိပ်စက်အနားယူရန်အတွက် မြေပြင်ပေါ်သို့ လှဲချလိုက်တော့သည်။
သူသည် သူ၏စိတ်အာရုံ တစ်စိတ်တစ်ပိုင်းကို ခွဲထုတ်လိုက်ပြီး၊ ဆေဘာသွား နဂါးသားရဲကို ကင်းစောင့်ခိုင်းထားလိုက်သည်။
“ ငါ့မှာ ကိုယ်ပွား ရှိနေတာ ကံကောင်းတယ် “
ရှုကျိုးသည် ကင်းစောင့်ပေးမည့် ကိုယ်ပွား ရှိနေခြင်းက ကံကောင်းသည်ဟု ခံစားနေခဲ့ရသည်၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူသည် တစ်ညလုံး အိပ်ရဲမည် မဟုတ်ပေ။
တစ်ချိန်တည်းမှာ ရှုကျိုးသည် လီရို့ရှီကို ပို၍စိုးရိမ်ပူပန်လာခဲ့ကာ သူမ မည်ကဲ့သို့ ရှိနေမလဲဆိုသည်ကို သိချင်နေတော့သည်။
တစ်ဦးတည်းဖြစ်နေသော သူမသည် အေးအေးချမ်းချမ်း အိပ်စက်အနားယူနိုင်လိမ့်မည် မဟုတ်ပေ။
စိုးရိမ်ပူပန်စိတ်နှင့်အတူ ရှုကျိုးသည် သူ၏ထန်ဓားကို ဖက်ကာ တဖြည်းဖြည်း အိပ်ပျော်သွားတော့သည်။
အပိုင်း ( 60 )
အကျဥ်းကျသွားသော တတိယ အဆင့် ရှေးဦးသားရဲတစ်ကောင်
နံနက်စောစောတွင် နေရောင်ခြည်၏ ပထမဦးဆုံးသော အလင်းတန်းသည် ကမ္ဘာမြေပြင်ပေါ်သို့ ကျရောက်လာခဲ့ပြီ ဖြစ်သည်။
ရှုကျိုးသည် မျက်လုံးများ ဖွင့်ကာ မြေပြင်ပေါ်မှ ချက်ချင်း ထရပ်လိုက်သည်။
မနက်မိုးလင်းပြီ၊ ငါထွက်သွားရတော့မယ်။
ညအချိန်သည် အံ့ဩဖွယ်ကောင်းလောက်အောင် အေးချမ်းတိတ်ဆိတ်နေခဲ့ပြီး၊ ဂူနှင့် ငါးကီလိုမီတာအကွာရှိ နယ်မြေအတွင်း မည်သည့်သားရဲမှ ဝင်မလာခဲ့ကြပေ။
၎င်းကြောင့်ပင် ရှုကျိုးသည် ဤဂူက အစွမ်းထက် ဗီဇပြောင်းသားရဲတစ်ကောင်၏ လှိုဏ်ဂူဖြစ်သည်ဟု ပို၍ သံသယဝင်သွားခဲ့သည်။
“ သွားဖို့ အချိန်ကျပြီ “ ရှုကျိုးသည် ဤနေရာတွင် ထပ်မနေရန်အတွက် သူ့ကိုယ်သူ သတိပေးနေတော့သည်။
သူသည် အဆိုပါ အစွမ်းထက် သားရဲကြီးက အချိန်မရွေး ရောက်လာနိုင်သည်ဟု ခံစားနေခဲ့ရသည်။
ယခုလက်ရှိ အချိန်တွင် သူသည် ဒုတိယအဆင့် သားရဲကိုပင် မကိုင်တွယ်နိုင်သေးချေ။
အကယ်၍ အဆင့်၃ (သို့) ထို့ထပ် အဆင့်မြင့်သည့် အကောင်များ ပေါ်လာမည်ဆိုပါက သေချာပေါက် သေဆုံးသွားရလိမ့်မည် ဖြစ်သည်။
“ ဝှစ် “
ဆေဘာသွား နဂါးသားရဲကြီးသည် ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်ထဲသို့ ပြန်ရောက်သွားခဲ့သည်။
ရှုကျိုးသည် ထန်ဓားကို ကောက်ယူကာ ထွက်သွားရန် ပြင်လိုက်သည်။
“ ဟမ်? “
လှည့်ထွက်သွားရန် ပြင်လိုက်သည့်အချိန်တွင် သူသည် လှိုဏ်ဂူအတွင်းထဲရှိ မြက်ခင်းပြင်တစ်ခုကို ဖျတ်ခနဲ မြင်တွေ့သွားခဲ့သည်။
မြက်ခင်းထဲတွင် ကြီးမားသော ကျောက်တုံး တစ်ဒါဇင်ကျော် လဲလျောင်းနေလျက်ရှိသည်။
အတိအကျပြောရမည်ဆိုပါက ၎င်းတို့သည် သားရဲတစ်ကောင်ကောင်၏ ဥကြီးများနှင့် တူညီနေခဲ့ပြီး၊ ဥများ၏ မျက်နှာပြင်ပေါ်တွင် အဖြူရောင် ပုံစံကွက်တစ်ချို့ ရှိနေခဲ့သည်။
“ အဲ့တာက ……. “ ရှုကျိုး၏မျက်လုံးများသည် အံ့ဩတကြီးဖြင့် ပြူးကျယ်သွားခဲ့သည် “ ဗီဇပြောင်းသားရဲရဲ့ ဥတွေလား? “
သူ မှင်သက်သွားခဲ့သည်၊ သားရဲဥများသည် အလွန်တန်ဖိုးကြီးလှသည်။
ပထမအဆင့် သားရဲတစ်ကောင်၏ ဥတစ်လုံးကပင် ယွမ်သောင်းနှင့်ချီသည်အထိ တန်ဖိုးရှိနေခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် သားပေါက်လာသည်နှင့်တစ်ပြိုင်နက် လူသားတို့သည် ၎င်းတို့ကို အလွယ်တကူ မွေးစားနိုင်သောကြောင့် ဖြစ်သည်။
သားရဲကောင်၏ ဥအဆင့်က မြင့်မားလေလေ၊ သားရဲကောင်၏ ကြီးထွားလာမှု အလားအလာက ပို၍ မြင့်မားလေလေပင် ဖြစ်သည်။
အကယ်၍ အဆင့်၃(သို့) ထို့ထပ်အဆင့်မြင့်သည့် သားရဲဥများကို ရှာတွေ့ခဲ့မည်ဆိုပါက၊ ယွမ်သိန်းဂဏန်းဖြင့်ပင် ရောင်းချနိုင်လိမ့်မည် ဖြစ်သည်။
ရှုကျိုးသည် မြက်ခင်းအနားသို့ ချဥ်းကပ်သွားလိုက်ရာ လာဗင်ဒါရနံ့တစ်ခုကို ရှူရှိုက်မိသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ရှုကျိုး၏ မျက်လုံးများ တောက်ပသွားခဲ့သည်။
မနေ့ညတုန်းက ထူးခြားတဲ့ အနံ့တစ်ခု ရနေခဲ့တာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ၊ အရင်းအမြစ်က ဒီမှာရှိနေခဲ့တာကိုး။
“ သားရဲဥတွေက ထူးဆန်းတဲ့ အနံ့ကို ထုတ်လွှတ်နေတာလား? “ ရှုကျိုးသည် ထင်ကြေးပေး မှန်းဆနေတော့သည် “ အဆင့်က တော်တော် မြင့်နေတာများလား? “
သားရဲဥ၏ အဆင့်က ပိုမြင့်လေလေ၊ မွေးမြူနိုင်မည့် ဗီဇပြောင်းသားရဲက ပိုအားကောင်းလေလေပင် ဖြစ်သည်။
ထို့ကြောင့် ဥခွံထဲရှိ ဥအရည်ကြည်များထံတွင် အာဟာရ တန်ဖိုး မြင့်မားစွာ ပါဝင်လျက်ရှိပြီး၊ ၎င်းတို့သည် သင်းပျံ့သော မွှေးရနံ့များကို ထုတ်လွှတ်လေ့ရှိတတ်သည်။
“ အစွမ်းထက်သားရဲတစ်ကောင်ရဲ့ သားရဲတွင်း တကယ် ဖြစ်နေတာပဲ “
ရှုကျိုး၏ ကျောပြင်တစ်ခုလုံး အေးစိမ့်သွားခဲ့သည်၊ သူသည် အဆိုပါ သားရဲက တတိယအဆင့်ထပ် ကျော်လွန်နေလိမ့်မည်ဟု ခံစားနေခဲ့ရသည်။
သူသည် ထိုကဲ့သို့ အန္တရာယ် အလွန်ရှိသော နေရာမျိုးတွင် တစ်ညလုံး အိပ်စက်အနားယူနေခဲ့သည်။
ထိုအကြောင်းကို တွေးမိသွားသောအခါတွင် သူသည် အနည်းငယ် ထိတ်လန့်သွားခဲ့သည်။
“ အဆင့်မြင့် ဗီဇပြောင်းသားရဲဥတွေ အများကြီးပဲ “ ရှုကျိုးသည် မနေနိုင်တော့ဘဲ နှုတ်ခမ်းများကို သပ်နေတော့သည်။
ငါက အဲ့တာတွေကို ယူသွားသင့်လား?
သူ တွေဝေတုံ့ဆိုင်းသွားခဲ့သည်၊ တစ်ချို့သော အဆင့်မြင့် ဗီဇပြောင်းသားရဲများ၏ အနံ့ခံအာရုံသည် အလွန်ထက်မြက်လှပြီး၊ ဥများ၏ ရနံ့များမှ တစ်ဆင့် သူ့အား ခြေရာခံမိသွားနိုင်လေသည်။
မကြာခင်မှာပင် ရှုကျိုးသည် အံကြိတ်၍ ဆုံးဖြတ်ချက်ချလိုက်သည်။
ငါ့ဆီမှာ ကိုယ်ပိုင် ဟင်းလင်ပြင် နေရာလွတ်ရှိတယ်လေ၊ ဘာကို ကြောက်နေရမှာလဲ?
ထို့အပြင် ကံတရားသည် ရဲရင့်သူများကို မျက်နှာသာပေးလေ့ရှိသည်။
အဆိုပါ သားရဲဥများသည် စစ်မှန်သည့် ရတနာများဖြစ်ပြီး၊ သားရဲနှလုံးများထပ် အဆပေါင်း ဒါဇင်နှင့်ချီ၍ ပိုမို တန်ဖိုးရှိနေသောကြောင့် သူသည် ထိုကဲ့သို့ အကျိုးအမြတ်မျိုးကို ဒီတိုင်းချန်ထားခဲ့နိုင်မည် မဟုတ်ပေ။
ထိုအတွေးနှင့်အတူ ရှုကျိုးသည် ဆေဘာသွား နဂါးသားရဲကို ထပ်မံ၍ ဆင့်ခေါ်လိုက်သည်။
သူသည် ခန္ဓာကိုယ်ကို ကွေးညွတ်ကာ သားရဲဥများကို ဂရုတစိုက် ကောက်၍ ဆေဘာသွား နဂါးသားရဲပေါ်သို့ တင်နေတော့သည်။
မြက်ခင်းထဲတွင် ရှိနေသည့် တစ်ဒါဇင် (သို့) ထို့ထပ် များသော သားရဲဥများသည် လျင်မြန်စွာ ရှင်းလင်းခံလိုက်ရသည်။
“ ဝှစ် “
သားရဲဥများ သယ်ဆောင်ထားသော ဆေဘာသွား နဂါးသားရဲသည် ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်ထဲသို့ ချက်ချင်း ပြန်ရောက်သွားခဲ့သည်။
ဟင်းလင်းပြင် နေရာလွတ်သည် အနံ့များကို ပိတ်ဆို့ထားနိုင်ပြီး၊ အဆင့်မြင့်သားရဲများကပင် ရှုကျိုးကို ခြေရာခံရန်အတွက် များစွာအခက်တွေ့သွားလိမ့်မည် ဖြစ်သည်။
“ အခုဆိုရင် ငါက ချမ်းသာသွားပြီ “ ရှုကျိုးသည် အပျော်များဖြင့် တွေးနေတော့သည်။
တစ်ဒါဇင်ထပ် ပိုသော ဗီဇပြောင်းသားရဲဥများသည် အံ့ဩဖွယ်ကောင်းလောက်အောင် တန်ဖိုးရှိလှသည်။
၎င်းတို့အား ယွမ် ၁သန်းကျော်ဖြင့်ပင် ရောင်းချသွားရနိုင်သည်။
ထို့နောက်တွင် ဆက်မနေရဲသောကြောင့် ရှုကျိုးသည် သူ၏ထန်ဓားကို ကိုင်ကာ လှိုဏ်ဂူထဲမှ ပြေးထွက်သွားတော့သည်။
“ ဝှစ် !!! “
သူသည် မှုန်ဝါးသွားကာ ထိုနေရာမှ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
…
ရှုကျိုး ထွက်သွားပြီးသည့်နောက် မကြာခင် အချိန်မှာပင်
“ ဝရုန်းးးးးးး !! “
မြေပြင်သည် ကြမ်းကြမ်းတမ်းတမ်း တုန်ခါလာခဲ့သည်။
မိကျောင်းနှင့် တူသော ဗီဇပြောင်းသားရဲတစ်အုပ်သည် လှိုဏ်ဂူဆီသို့ တွားသွား ဝင်ရောက်သွားကြသည်။
၎င်းတို့သည် မိကျောင်းပုံစံပေါက်နေခဲ့သည်၊ သို့သော် ၎င်းတို့မှာ ပို၍ ကြီးမားနေခဲ့ပြီး၊ အသေးဆုံးတစ်ကောင်ကပင် ၃မီတာကျော် ရှည်လျားနေခဲ့သည်။
၎င်းတို့ကို ဦးဆောင်လာသည့် အစိမ်းရင့်ရောင် မိကျောင်းသားရဲသည် တောင်ကုန်းလေးတစ်ခုနှင့် တူညီနေခဲ့ပြီး၊ မီတာ ၂၀ကျော်ရှည်လျားကာ အတော် ကြီးမားနေလျက်ရှိသည်။
၎င်းသည် ရှေ့ဆုံးမှ လမ်းလျှောက်လာခဲ့ပြီး၊ ခေါင်းဆောင်တစ်ဦးဖြစ်နေသည့်ပုံပင်။
၎င်း၏ ဘယ်ခြေနောက်ဘက်တွင် သွေးများစွန်းနေလျက်ရှိကာ၊ ဓားဖြင့် ဖြတ်တောက်ခံထားရသည့်ပုံပင်။ ဒဏ်ရာသည် အတော်လေး ပြင်းထန်နေခဲ့သည်။
သို့သော် ခေါင်းဆောင်မိကျောင်းကြီးသည် မည်သည့် အားနည်းမှုကိုမှ မပြသခဲ့ပေ။
ဆန့်ကျင်ဘက်အနေဖြင့် ၎င်းသည် တိုက်ပွဲတစ်ပွဲကို အနိုင်တိုက်လာသကဲ့သို့ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ၎င်း၏ဦးခေါင်းကို မြင့်မြင့် မြှောက်ထားခဲ့ပြီး၊ ပါးစပ်ထဲတွင်လည်း လူတစ်ဦးကို ငုံထားခဲ့ကာ သွေးများစီးကျနေလျက်ရှိသည်။
“ အွမ်းးး “
၎င်း၏ ပါးစပ်ထဲရှိ လူတစ်ဦးသည် မသေသေးဘဲ အရှင်လတ်လတ် ကိုက်ခဲခံထားရပြီး ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်ညီးတွားသံများကို ပြုလုပ်လာခဲ့သည်။
မိကျောင်းခေါင်းဆောင်ကြီးသည် ထိုအသံကို ကြိုက်နှစ်သက်နေပုံရပြီး၊ ၎င်း၏ ပါးစပ်သည် အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။
လူသားများကို နှိပ်စက်ငြှင်းဆဲရခြင်းသည် ၎င်းတို့အတွက် အကောင်းဆုံးသော ဖျော်ဖြေမှုပင် ဖြစ်သည်။
၎င်းသည် မိကျောင်းသားရဲ မျိုးနွယ်စုကို ဦးဆောင်လာပြီး၊ အသိုက်ထံသို့ ဖြည်းဖြည်းချင်း တွားသွားသွားနေတော့သည်။
“ ဝရူးးးးး “
၎င်းသည် တစ်စုံတစ်ခုကို အာရုံခံမိသွားသည့် ပုံပေါ်ကာ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
၎င်း၏ ကြီးမားသော မျက်လုံးကြီးများ မှေးကျဥ်းသွားခဲ့သည်။
ထို့နောက်တွင် ၎င်းသည် လေထဲသို့ ခုန်တက်သွားခဲ့ရာ မီတာ ၂၀ကျော် ရှည်လျားသည့် ခန္ဓာကိုယ်ကြီးသည် ကောင်းကင်ကို ပိတ်ဆို့သွားခဲ့ပြီး၊ လှိုဏ်ဂူဆီသို့ ခုန်ဆင်းသွားတော့သည်။
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင်
“ ဝေါင်းးး !!! “
လှိုဏ်ဂူထဲမှ ဒေါသတကြီး ဟိန်းဟောက်လိုက်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုသည် မြေပြင်ကို အက်ကွဲသွားစေခဲ့ပြီး၊ လှိုဏ်ဂူဝင်ပေါက် ပြိုကျသွားခဲ့ကာ တောင်နံရံများပင် တုန်ခါသွားခဲ့သည်။
“ ဝုန်းးးး !!
စက္ကန့်ပိုင်းမျှအကြာတွင် ကြီးမားသော ရုပ်သွင်ကြီးတစ်ခုသည် လှိုဏ်ဂူထဲမှ ပြေးထွက်လာခဲ့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် ကျန်ရှိနေသော မိကျောင်းသားရဲများ ကြောင်တောင်တောင် ဖြစ်သွားကြသည်။
ခေါင်းဆောင် မိကျောင်းသားရဲကြီးသည် နီရဲနေသော မျက်လုံးဖြင့် ကောင်းကင်ဘုံကို မော့ကြည့်ကာ ဟိန်းဟောက်လိုက်သည်။
၎င်းသည် အနံ့ခံလိုက်ပြီး၊ ရှုကျိုးပြေးသွားခဲ့သည့် ဦးတည်ချက်ဘက်သို့ ပြေးတက်သွားတော့သည်။
“ ဝေါင်းးးးးး !! “
လမ်းတစ်လျှောက်လုံးတွင် ၎င်းသည် ဟိန်းဟောက်သံများကို အရူးအမူး ထုတ်လွှတ်နေခဲ့သောကြောင့် အနီးအနားမှ သားရဲများသည် ကြောက်ကြောက်လန့်လန့်ဖြင့် နောက်ဆုတ်သွားကြသည်။
ထိုစဥ် ရှုကျိုးသည် တောအုပ်ထဲတွင် အရှိန်ကုန်တင်၍ ပြေးလွှားနေလျက်ရှိသည်။
မိနစ်အနည်းငယ်အတွင်းမှာပင် သူသည် ၁၀ကီလိုမီတာကျော်အထိ ပြေးလာခဲ့ပြီးပြီဖြစ်ပြီး၊ ထို့နောက်တွင် တဖြည်းဖြည်း အရှိန်လျှော့သွားခဲ့သည်။
သူသည် အဆင့်မြင့် ဗီဇပြောင်းသားရဲတစ်ကောင်၏ ဥတစ်ဒါဇင်ကျော်ကို ခိုးယူလာခဲ့သောကြောင့် စိတ်တင်းကြပ်နေလျက်ရှိသည်။
အကယ်၍ အဖမ်းခံလိုက်ရမည်ဆိုပါက သေခြင်းတရားနှင့် ရင်ဆိုင်သွားရမည် ဖြစ်သည်။
သူသည် ဤနေရာမှ အမြန်ထွက်သွားရမည် ဖြစ်သည်။
“ ဝေါင်းးး !! “
ရုတ်တရက်ဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံတစ်ခုသည် သူ့နောက်ဘက် ကီလိုမီတာများစွာ အကွာအဝေးမှ ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် သူ၏နားစည်များကိုပင် ပြင်းပြင်းထန်ထန် တုန်ခါသွားစေခဲ့သည်။
ရှုကျိုးသည် ဟိန်းဟောက်သံထဲတွင် ပါဝင်နေသည့် ဒေါသကို အာရုံခံမိသွားက ရင်တလှပ်လှပ် ဖြစ်သွားတော့သည်။
“ အဲ့ဒီလှိုဏ်ဂူရဲ့ ဆရာကြီးများလား? “
တစ်ညလုံး နေခဲ့တာတောင် ဘာမှ မဖြစ်ဘဲနဲ့၊ ဥလေးတွေ ယူလိုက်တော့ ချက်ချင်းကြီး လိုက်လာတာလားဟ?
အဲ့လောက်တောင် တိုက်ဆိုင်နေတာလား?
သူသည် ဥများကို ဟင်းလင်းပြင် နေရာလွတ်ထဲသို့ ထည့်ထားကာ အနံ့များကိုချိတ်ပိတ်ထားခဲ့ပြီးပြီ ဖြစ်သည်၊ အကယ်၍ ပိုင်ရှင်မှ သတိပြုမိသွားမည်ဆိုလျှင်တောင်မှ သူ့အား ဤမျှမြန်မြန်ဆန်ဆန် ရှာမတွေ့သွားသင့်ပေ။
သို့သော် မကြာခင်မှာပင် ရှုကျိုး၏ အမူအရာသည် ထပ်မံ၍ ပြောင်းလဲသွားခဲ့သည်။
သူသည် ထိုကောင်ကြီးက သူ့နောက်သို့လိုက်နေခြင်း ဖြစ်သည်ဆိုသည်ကို နားလည်သွားခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုသည် မုန်တိုင်းကဲ့သို့ ပျံ့နှံ့ရောက်ရှိလာခဲ့သည်။
အဆိုပါ ဖိအားအောက်တွင် ရှုကျိုးသည် သူက မီတာရာနှင့်ချီ၍ မြင့်မားသော လှိုင်းလုံးကြီးများကြားထဲတွင် ရှိနေသည့် အချိန်မရွေးတိမ်းမှောက်သွားနိုင်သည့် လှေငယ်လေးတစ်စီး ဖြစ်နေသကဲ့သို့ ခံစားသွားခဲ့ရသည်။
“ ဝေါင်း !! “
သူ့နောက်ရှိ ဧရာမသားရဲကြီးမှ ဟိန်းဟောက်လာခဲ့သည်၊ သို့သော် ၎င်းသည် များစွာ မြန်ဆန်မနေသောကြောင့် ရှုကျိုးကို ချက်ချင်း အမှီမလိုက်နိုင်သေးပေ။
သို့ရာတွင် အကွာအဝေးမှာ ကျဥ်းမြောင်းလာနေခဲ့ပြီ ဖြစ်သည်။
အမှန်တိုင်းပြောရမည်ဆိုပါက ၎င်း၏ အမြန်နှုန်းသည် ရှုကျိုးထပ် များစွာ မြန်ဆန်နေလျက်ရှိသည်။
အကယ်၍ အတားအဆီးဖြစ်နေသည့် သစ်ပင်များနှင့် ရှုကျိုးကသာ ဦးတည်ချက်ကို အဆက်မပြတ် ပြောင်းလဲမနေခဲ့ဘူးဆိုပါက ၎င်းသည် သူ့အား ဖမ်းမိသွားမည်မှာ ကြာနေခဲ့ပြီ ဖြစ်သည်။
“ ဝှစ် !!! “ ရှုကျိုးသည် ဦးတည်ချက်ကို ထပ်မံ၍ ပြောင်းလဲလိုက်ပြီး၊ သူ၏အမြင်အာရုံထဲသို့ ကြီးမားသော အကောင်ကြီးတစ်ကောင်၏ ပုံရိပ်တစ်ခု ရောက်ရှိလာခဲ့သည်။
သူသည် မိကျောင်းနှင့် တူညီကာ မီတာ ၂၀ကျော် ရှည်လျားသည့် ကြီးမားသော အစိမ်းရင့်ရောင် သားရဲကြီးတစ်ကောင်ကို မြင်တွေ့သွားခဲ့သည်။
“ ဝေါင်း !! “
သားရဲကြီးမှ ဟိန်းဟောက်လာခဲ့ပြီး၊ ၁၀မြင့်သည့် တောင်ကုန်းတစ်ခုကို တိုက်ချလာခဲ့သည်။
စက္ကပိုင်းမျှအကြာတွင် အဆိုပါ တောင်ကုန်းသည် အပိုင်းပိုင်း အစစ ဖြစ်သွားခဲ့ပြီး၊ သားရဲကြီးမှာမူ ပြောင်းဝမှ ထွက်လာသည့် ကျည်ဆံကဲ့သို့ ဖြစ်နေခဲ့သည်။
“ ဒီအရှိန်အဟုန်က …….. “ ရှုကျိုး၏ မျက်နှာ ဖြူဖျော့သွားခဲ့သည်၊ တတိယအဆင့် ဒါမှမဟုတ် အဲ့ထပ်အဆင့်မြင့်တဲ့ သားရဲကောင်ကြီးပဲ။
ငါက ပထမအဆင့် သိုင်းပညာရှင်တောင် မဟုတ်ဘူး၊ တတိယအဆင့် ဒါမှမဟုတ် အဲ့ထပ်အဆင့်မြင့်တဲ့ သားရဲကောင်ကြီး လိုက်ဖမ်းတာကို ခံနေရပြီလားဟ?
ထိုအခိုက်အတန့်တွင် ရှုကျိုးသည် အနည်းငယ် နောင်တရနေခဲ့ပြီ ဖြစ်သည်၊ ဤကဲ့သို့ ဖြစ်လာမည်ကို သူသိနေခဲ့မည်ဆိုပါက သူသည် အဆိုပါ မိကျောင်းဥများကို ယူခဲ့လိမ့်မည် မဟုတ်ပေ။
ပြီးဆုံးသွားခဲ့သည့် (သို့) လုပ်ပြီးခဲ့သည့် ကိစ္စတစ်ခုအတွက် နောင်တရနေခြင်းမှာ အဓိပ္ပါယ် မရှိပေ။
အကယ်၍ သူက ၎င်းကို မယူခဲ့ဘူးဆိုလျှင်တောင်မှ သားရဲကြီးသည် သူ့ဂူထဲသို့ ကျူးကျော်ဝင်ရောက်လာခဲ့သည့် လူသားကို သေချာပေါက် ရှာဖွေကာ သူ့နောက်သို့ လိုက်လာမည် ဖြစ်သည်။
သားရဲတစ်ကောင်က စွမ်းအားကောင်းလေလေ ပိုင်နက်ပိုကျယ်လေလေ ဖြစ်သည်။
ရှုကျိုးသည် မိကျောင်းကြီး၏ မဆုတ်မနစ် လိုက်နေခြင်းကို ခံနေရသောကြောင့် အရှိန်ကုန်တင်၍ ပြေးနေတော့သည်။
အဆုံးတွင် မိကျောင်းသားရဲကြီးသည် သူနှင့် မီတာ ၁၀၀မျှသာရှိသော အကွာအဝေးအတွင်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
မီတာ ၂၀ကျော် ရှည်လျားသော မိကျောင်းသားရဲကြီးသည် လေထုထဲသို့ ခုန်တက်လာခဲ့ရာ၊ နေလုံးကြီးကို ကွယ်သွားခဲ့ပြီး၊ ရှုကျိုးထံသို့ ကုတ်ချက်တစ်ချက် စေလွှတ်လာခဲ့သည်။
“ ချီးပဲ !!! “ ရှုကျိုး၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်၊ အဆိုပါ ကုတ်ချက်ကို ခံလိုက်ရမည်ဆိုပါက သူသည် စာရွက်တစ်ရွက်ကဲ့သို့ ပြားကပ်သွားလိမ့်မည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူသည် လူတစ်ဦး၏ ခုတ်ပိုင်းခြင်းကို ခံထားရသည့် ပုံပေါ်သည့် မိကျောင်းကြီး၏ နောက်ဘက် ဘယ်ခြေထောက်က သွေးများစွန်းနေသည်ကို သတိပြုမိသွားခဲ့သည်။
မနေ့ညက ပြန်ရောက်မလာခဲ့တာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ၊ အဲ့ကောင်က တစ်ယောက်ယောက်နဲ့ တိုက်ခိုက်နေခဲ့တာကိုး။
သို့သော် ထိုကဲ့သို့ ဒဏ်ရာမျိုး ရှိနေမည်ဆိုလျှင်တောင်မှ ၎င်းသည် သူကိုင်တွယ်ဖြေရှင်းနိုင်သောအရာ မဟုတ်ပေ။
“ ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ် ဖွင့်မယ် “ ရှုကျိုးသည် စိတ်ထဲတွင် အော်လိုက်သည်။
ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်ထဲရှိ ဆေဘာသွား နဂါးသားရဲကြီးမှ ဟိန်းဟောက်လာခဲ့သည်။
စက္ကန့်ပိုင်းမျှ အကြာတွင် ဆေဘာသွား နဂါးသားရဲကြီးသည် လေထုထဲတွင် ပေါ်လာခဲ့ကာ မိကျောင်းသားရဲကြီး၏ နောက်ကျောပေါ်သို့ ကွက်တိကျရောက်သွားခဲ့သည်။
“ ပြန်သွား !!! “ ရှုကျိုးသည် စိတ်ထဲတွင် ဟစ်ကြွေးလိုက်သည်။
“ ဟစ် !!! “
ဆေဘာသွား နဂါးသားရဲကြီးသည် ကြက်မှ ဆင်တစ်ကောင်ကို ချီနေသကဲ့သို့ မိကျောင်းသားရဲကြီး၏ ကျောကို ကုတ်ဆွဲလိုက်သည်။ နောက်ထပ် စက္ကန့်ပိုင်းမျှ အကြာတွင် ဆေဘာသွား နဂါးသားရဲနှင့် မိကျောင်းကြီးနှစ်ကောင်စလုံး လေပေါ်မှာပင် ပျောက်ကွယ်သွားခဲ့သည်။
မိကျောင်းသားရဲကြီးသည် ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်ထဲသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
“ အလုပ်ဖြစ်သွားတာလား? “ ရှုကျိုးသည် ထိတ်လန့်ကာ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။
ထို့နောက်တွင် သူ၏ မျက်နှာသည် ပျော်ရွှင်မှုတို့ဖြင့် ဝင်းလက်သွားခဲ့သည်။
ယခင်က သူသည် အစွမ်းထက် သားရဲတစ်ကောင်ကို ဟင်းလင်းပြင် နေရာလွတ်ထဲသို့ ခေါ်သွားနိုင်မည်လားဆိုသည်ကို သိချင်နေခဲ့သည်။
သို့သော် သူသည် မူလကိုယ်ကပင် အဆိုပါ နေရာလွတ်ထဲသို့ မဝင်နိုင်သည်ကို သိရှိခဲ့ရပြီးသည့်နောက်တွင် ထိုကိစ္စနှင့် ပတ်သက်၍ များစွာ မျှော်လင့်မနေတော့ပေ။
ယခုတွင်ကား စမ်းသပ်ကြည့်လိုက်ခြင်းသာ ဖြစ်သော်လည်း တစ်ကြိမ်တည်းဖြင့် တန်း၍ အောင်မြင်သွားခဲ့သည်။
ဤအခိုက်အတန့်တွင် မိကျောင်းသားရဲကြီးကို ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ်ထဲတွင် ချုပ်နှောင်ထားခဲ့ပြီ ဖြစ်သည်။
ရှုကျိုးသည် တစ်ခုခုကို မှတ်မိသွားခဲ့ပြီး၊ ဆေဘာသွား နဂါးသားရဲကြီးကို ဟင်းလင်းပြင် နေရာလွတ်ထဲမှ အမြန် ပြန်ထုတ်လိုက်သည်။
လက်ရှိ အချိန်တွင် မိကျောင်းသားရဲကြီးသည် စိတ်ရှုပ်ထွေးမှုကြောင့် ဒေါသတကြီးဖြစ်နေမည်မှာ သေချာလှပေသည်။
အကယ်၍ ဆေဘာသွား နဂါးသားရဲကသာ အထဲတွင် ဆက်နေနေဦးမည်ဆိုပါက သေသည်အထိ ရိုက်နှက်ခံသွားရမည် ဖြစ်သည်။
“ ဝုန်းးး !! “
ဆေဘာသွား နဂါးသားရဲကြီးက မြေပြင်ပေါ်သို့ ရောက်ရှိလာသည့် အချိန်မှသာလျှင် ရှုကျိုးသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်။
ထို့နောက်တွင် သူ့ မျက်နှာပေါ်ရှိ အမူအရာသည် တစ်မျိုးတစ်ဖုံ ထူးဆန်းသွားခဲ့သည်၊ ငါက တတိယအဆင့် ဒါမှမဟုတ် အဲ့ထပ်အဆင့်မြင့်တဲ့ သားရဲကောင်ကို တကယ်ကြီး ချုပ်နှောင်ထားခဲ့တာလား?
အဆိုပါ သတင်းသာ ပျံ့နှံ့သွားမည်ဆိုပါက လူအများစုသည် ကြောက်လန့်လွန်းသဖြင့် သေပင်သေဆုံးသွားနိုင်လေသည်။