← Chapters

ကောင်းကင်ပေါ်က ကျလာတဲ့ ‘ရှေးဟောင်းပစ္စည်း’

Vol. 9 Ch. 82

ကောင်းကင်ပေါ်က ကျလာတဲ့ ‘ရှေးဟောင်းပစ္စည်း’

Vol. 9 Ch. 82

ပြောဆိုပြီးနောက် နတ်ဆိုးဖိနှိပ် အဆောင်ကို ပုလဲအပေါ်သို့ ချက်ချင်း ကပ်လိုက်၏။

ဤအရာများအားလုံး ပြီးဆုံးသည်နှင့် ချန်ယွီ့ ထပ်မံ၍ ဆေးလုံးသန့်စင်ခြင်းကို ပြုလုပ်လိုက်သည်။

ကံအားလျော်စွာဖြင့် အန္တရာယ်နှင့် ရင်ဆိုင်ရသည်တွင် သူ မထိတ်လန့်ခဲ့မိ၍ပင်။ သူ့ ဝိဉာဏ်စွမ်းအင်များကို ပြန်ရုတ်သိမ်းလိုက်သည်ဆိုသော်လည်းပဲ ဆေးလုံး သန့်စင်နေသည့် ဖြစ်စဉ်ကိုတော့ နှောက်ယှက်ခြင်း မပြုမိခဲ့။

နာရီဝက်ခန့် ကြာပြီးနောက်တွင် ပြဒါးလုံးကဲ့သို့သော အနီရောင် ဆေးတစ်လုံးက ချန်ယွီ့လက်ထဲ ပေါ်လာသည်။

ဆေးလုံးက လူကြီး လက်သည်းခွံ အရွယ်အစားလောက်သာရှိသည်။

သေးငယ်သော်လည်း အထင်မသေးသင့်။ ၎င်းက ချန်ယွီ့၏ ခွန်အားနှင့် နောက်တစ်ဆင့်သို့ ထိုးဖောက်နိုင်မည့် သူ၏ အသက်စွမ်းအင်ကို အားဖြည့်ပေးနိုင်သည့် အစွမ်းရှိသည်။

ဆေးလုံးသန့်စင်ပြီးတော့ ဆေးဒယ်အိုးကို ပြန်ကောက်ယူလိုက်ပြီး စားပွဲပေါ် တင်ထားလိုက်သည်။

ထို့နောက် စားပွဲကို မိစ္ဆာဖိနှိပ် ပုလဲအနားသို့ ရွေ့သွားလိုက်၏။

“ မင်း တစ်ပတ်အတွင်း ငါ့ကို ထပ်ပြီး အစွယ်ဖြဲပြရဲရင် ငါ ချန်ယွီ့ မင်းကို လက်မထောင်ပြီး အစ်ကိုကြီးလို့ ခေါ်လိုက်ဦးမယ် …”

သည်းထိတ်ရင်ဖိုဖွယ် ညတစ်ညကို ဖြတ်သန်းပြီးနောက် ချန်ယွီ့ နောက်တစ်နေ့ နေ့လည်ခင်း အချိန်ထိ အိပ်မောကျနေခဲ့သည်။

အကယ်၍ သူ့ဖုန်းသံ မြည်မလာခဲ့ဘူးဆိုပါက နောက်ထပ် နာရီ အနည်းငယ်လောက် ဆက်အိပ်ကောင်း အိပ်နေနိုင်သည်။

ခေါ်ဆိုလာသည့် နံပါတ်ကို တစ်ချက်ကြည့်ရင်း ချန်ယွီ့ သမ်းဝေလျက် စပီကာ ခလုတ်ကို ဖွင့်လိုက်သည်။

“ ဟယ်လို … မာစတာချန်လား မသိဘူး …”

ဖုန်းထဲကနေ အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။

“ ဒီမှာ မာစတာချန် မရှိဘူး … ဒေါက်တာချန်ပဲ ရှိတယ် ….”

“ ဟုတ်တယ် ဟုတ်တယ် … ငါရှာနေတာလည်း ဒေါက်တာချန်ပဲ ….”

“ ဒေါက်တာချန် … မင်း အခု ဆေးခန်းမှာလား …” အမျိုးသားက အလျင်စလိုဟန်နှင့် မေးမြန်းလာခဲ့ပြီး “ တကယ်လို့ ဆေးခန်းမှာဆိုရင် ငါ မင်းကို ကြိုဖို့ လူလွှတ်လိုက်မယ်ဆိုရင် အဆင်ပြေမလား ….”

“ ခင်များ ဘာလုပ်ချင်လို့လဲ ….” ချန်ယွီ့ မေးလိုက်သည်။

“ တောင်းပန်ပါတယ် … မင်း အသံကို ကြားလိုက်ရတော့ ငါ အရမ်း စိတ်လှုပ်ရှားသွားလို့ပါ …”

“ ငါ့ကိုယ်ငါ မိတ်ဆက်ပေးပါရစေ … ငါ့နာမည်က လျိုခိုင် … အင်ပါရီယာ မြို့တော် ကလပ်ရဲ့ ပိုင်ရှင်ပါ ….”

မျက်ခုံးနှစ်ခုကြားသို့ နှိပ်နယ်လိုက်ရင်း အင်ပါရီယာ မြို့တော်ကလပ်အကြောင်း သူ သိသမျှကို ပြန်ပြီး မြင်ယောင်ကြည့်လိုက်သည်။

အင်ပါရီယာ မြို့တော်ကလပ်က အဆင့်အတန်းမြင့်သည့် စီးပွားရေး ကလပ်တစ်ခု ဖြစ်၏။

တိုင်ကွန်းကြီးများ သို့မဟုတ် အစိုးရ၏ ရာထူးကြီး လူတန်းစား တစ်ချို့သာလျှင် ထိုကလပ်၏ အဖွဲ့ဝင်ဖြစ်ဖို့ အရည်အချင်း ပြည့်မီသည်။

“ ဒေါက်တာချန် … မင်း လေသံ နားထောင်ရသလောက်ဆို အခုမှ အိပ်ရာထတဲ့ပုံပဲ … ငါ ခဏနေလောက်ကျမှ မင်းကို ကြိုဖို့ လူလွှတ်လိုက်မယ်ဆိုရင်ကော …”

“ ရပါတယ် ဥက္ကဌလျို … ကျုပ် အိပ်ရာထနေပါပြီ … ခင်များ ဘာကိစ္စ ရှိလဲတာ ပြောပါ ….”

“ အိုး အိုး … ငါအခု ပြဿနာ တစ်ချို့ တက်နေလို့ … ငါ ဥက္ကဌဝမ်တဲ့ချွမ်ဆီက‌ ကြားတာတော့ ဒေါက်တာချန်က ငါ့ရဲ့ ဒီပြဿနာကို ဖြေရှင်းပေးနိုင်တယ်ဆို …”

ဝမ်တဲ့ချွမ် မိတ်ဆက်ပေးသည့်လူ ဖြစ်ကြောင်း သိလိုက်ရတော့ ချန်ယွီ့ ရပ်တန့်သွားခဲ့သည်။

သူ လက်ချောင်းများ ချိုးပြီး တွက်ချက်ကြည့်လိုက်၏။

၎င်းနောက် ချက်ချင်းပဲ နားလည်သဘောပေါက်သည့် အမူအရာက သူ့မျက်နှာထက်တွင် ဖြစ်ပေါ်လာသည်။

ကံတရားကြိုးမျှင်များက အမြဲတမ်း တစ်ခုနှင့် တစ်ခု ဆက်စပ်နေပြီး ရှုပ်ထွေးသည့် အရာများပင်။

“ လွှတ်ခဲ့လိုက် … ကျုပ် အခု ထပြီး မျက်နှာသစ်နေပြီ….”

“ ဟုတ်ပြီ ဒေါက်တာချန် .. ကျေးဇူးတင်ပါတယ် … ငါ အခုပဲ ငါ့ဒရိုင်ဘာကို ကြိုဖို့ လွှတ်လိုက်မယ် …”

ဖုန်းထဲရှိ အသံက ချက်ချင်းပဲ ရွှင်ပြသွားသည်။

ဖုန်းချပြီးနောက် ချန်ယွီ့ ပထမထပ်သို့ ဆင်းလာခဲ့ကာ မျက်နှာသစ်၊ သွားတိုက်၍ ၊ ဆံပင်ဖြီးလိုက်သည်။

မိနစ် နှစ်ဆယ်ခန့် ကြာပြီးသည့်နောက် Rolls-Royce ယာဉ်တစ်စင်းက သူ့ဆိုင်ရှေ့တွင် ရပ်တန့်လာသည်။

ဝတ်စုံပြည့်နှင့် ဒရိုင်ဘာက ကားပေါ်ကနေ ဆင်းလာပြီး သူ့အား VIP ပုဂ္ဂိုလ်တစ်ယောက်ကို ကြိုဆိုနေသည့်နှယ် အနောက်ခန်း တံခါးကို အဆင်သင့် ဖွင့်ပေးလာခဲ့သည်။

“ ဒေါက်တာချန် … ကျေးဇူးပြုပြီး ကားထဲ ကြွပေးပါ …”

များမကြာမီ ကားက ကလပ် အဆောက်အားရှေ့သို့ ရောက်ရှိလာခဲ့သည်။

အင်ပါယာမြို့တော် ကလပ်ပိုင်ရှင် ဥက္ကဌ လျိုမှာ ချန်ယွီ့ ရောက်အလာကို မျှော်ရင်း စောင့်ဆိုင်းနေလျက် ရှိသည်မှာ အချိန်တစ်ခု ကြာနေပြီ ဖြစ်၏။

ချန်ယွီ့ ဘာကြိုက်တတ်မှန်း သူ မသိသည့်အတွက် စားပွဲပေါ်တွင် သောက်စရာ မျိုးစုံကို တည်ခင်းထားလိုက်သည်။

အရက်ဖြူ၊ ဝိုင်နီ ၊ ဘီယာ ၊ စီးကရက် ဘရန်းမျိုးစုံ နှင့် ဆေးပြင်းလိပ်ကြီးများကိုလည်း ချထားပေးလိုက်သည်။

“ ခင်များဟာက အရက်နဲ့ ဆေးရွက်ကြီး သရုပ်ပြပွဲတောင် လုပ်လို့ ရနေပြီပဲ …” ချန်ယွီ့ ညင်သာစွာ ပြုံးပြီး ပြောလိုက်၏။

“ ကျုပ်ကိုပြော .. ခင်များ ဘာအခက်အခဲနဲ့ ကြုံနေရတာလဲ ….”

“ ဒေါက်တာချန် … လောကကြီးထဲ တစ္ဆေသရဲတွေ ဆိုတာ တကယ် ရှိတာလား …” ဥက္ကဌလျိုက ဂရုတစိုက်နှင့် မေးသည်။

“ ဥက္ကဌလျို … ခင်များ ဒါမျိုး နောက် စကားတစ်ခွန်း ထပ်ပြောနေမယ်ဆိုရင် ကျုပ် ပြန်တော့မယ် ….”

ချန်ယွီ့ မျက်နှာထားက တည်တင်းသွားခဲ့သည်။

လောကကြီးထဲတွင် တစ္ဆေသရဲဟူ၍ မရှိ။

လူ ၁၀၀ တွင် ကိုးဆယ်လောက်က သူတို့ စိတ်အတွေးနှင့်သူတို့ ကိုယ့်ကိုယ်ကို ခြောက်လှန့်နေမိကြခြင်းပင်။

ကျန် အနည်းငယ်ကတော့ သိပ္ပံလောကတွင် မြင်တွေ့နေကြရဖြစ်သည့် အထူးစွမ်းအင် ခန္ဓာ အမျိုးအစား ဖြစ်၏။

‘ ဥက္ကဌဝမ် ပြောတဲ့အတိုင်းဆိုရင် ဒေါက်တာချန်ရဲ့ စကားကို ပြောင်းပြန်လှန်ပြီး ယူရမယ် …’

ချန်ယွီ့က လောကကြီးထဲတွင် တစ္ဆေသရဲများ မရှိဟု ပြောလာသည့် အချိန်၌ ဥက္ကဌလျိုသည် တစ္ဆေသရဲများ ရှိသည်ဟု အလိုအလျောက်ပဲ ယူဆလိုက်သည်။

“ ဒေါက်တာချန် ပြောတာ မှန်ပါတယ် .. လောကကြီးထဲ တစ္ဆေတွေဆိုတာ မရှိပါဘူး … ပြီးတော့ ငါတို့ ခေတ်လူတွေကလည်း အဲ့လို အယူသည်းတဲ့ ဝါဒတွေကို အယုံကြည် မရှိသင့်ဘူး … ကျေးဇူးပြုပြီး ငါ့ရဲ့ ပြဿနာကို သိပ္ပံနည်းကျ ရှုထောင့်ကနေ ကူညီပေးပါဦး ဒေါက်တာချန် ….”

ဥက္ကဌလျိုက ပါးနပ်ပြီး တစ္ဆေစီးနင်းခြင်း သို့မဟုတ် ပရောဂနှင်သည့် အကြောင်း တစ်ခုမျှ ပြောမသွားခဲ့ချေ။

သူက ချန်ယွီ့ကို ဧည့်ခန်းထဲမှတစ်ဆင့် ရုံးခန်းထဲသို့ ဖိတ်ခေါ်လိုက်သည်။

ရုံးခန်း၏ ထောင့်တစ်နေရာတွင် မီးခံ သေတ္တာ တစ်လုံးရှိသည်။

မီးခံသေတ္တာ၏ အပေါ်ဘက်၊ အောက်ဘက် ၊ ဝဲဘက်၊ ယာဘက် နေရာမျိုးစုံတွင် အဝါရောင် အဆောင်များ ကပ်ထား၏။

သည်းထိတ်ရင်ဖို ဇာတ်ကားများထဲ အန္တရာယ်များသည့် ပစ္စည်းကို အဆောင်မျိုးစုံနှင့် စည်းပတ်၍ သော့ခတ်ထားသည်နှင့်ပင် တူညီနေသည်။

မီးခံသေတ္တာအနားသို့ ရောက်လာပြီးနောက် ဥက္ကဌလျိုက ချန်ယွီ့ကို လှည့်ကြည့်လိုက်သည်။

သူက ချန်ယွီ့ကို အားကိုး၍ သတ္တိမွေးနေခြင်းပင်။

ထို့နောက် တုန်ယင်နေသည့် လက်များဖြင့် လျှို့ဝှက်နံပါတ် ရိုက်ထည့်လိုက်၏။

ဂျလောက် …

မီးခံသေတ္တာ ပွင့်သွားသည်နှင့် ဥက္ကဌလျိုလည်း ကြမ်းပြင်ပေါ် ထိုင်ချသွားသည်။

ချန်ယွီ့ သူ့ကို ထူပေးပြီး မေးလိုက်၏။ “ ခင်များ ကြုံနေရတဲ့ ပြဿနာက အထဲမှာရှိတဲ့ အဝါရောင် အဝတ်အိတ်နဲ့ ဆက်စပ်နေတယ်မလား …”

“ ဟုတ်တယ် ဟုတ်တယ် …”

ဥက္ကဌလျိုက ကြက်ကလေးကဲ့သို့ အလျင်အမြန် ခေါင်းညိတ်လာသည်။

မီးခံသေတ္တာဖွင့်ရန်အတွက် ရှိစုမတ်စု သတ္တိလေးများ အားလုံးကို အသုံးပြုလိုက်ရပြီ ဖြစ်သဖြင့် အထဲက ပစ္စည်းကိုတော့ ချန်ယွီ့ဘာသာ ထုတ်ဖို့ ဒုက္ခပေးလိုက်ရတော့သည်။

ဥက္ကဌလျိုက ဘာမျှ မကြောက်တတ်ပေ။ တစ္ဆေသရဲများကတော့ သူ့ခြွင်းချက် ဖြစ်၏။

ချန်ယွီ့ လက်ဆန့်တန်း၍ အတွင်းထဲရှိ အဝါရောင် အဝတ်နှင့် ပတ်ထားသည့် အိတ်ကို ထုတ်ယူလိုက်သည်။

အဝါရောင် အဝတ်အိတ်က ပေါ့ပြီး လက်ထဲ ကိုင်ထားရမိသလောက်ကတော့ ပန်းကန်ပြားတစ်ချက်ကို ကိုင်ထားရသည်ဟု ခံစားရသည်။

အဆိုပါ အဝါရောင် အဝတ်စများကတော့ အခြားအရာမဟုတ်။ သင်္ကန်းပင်။ သင်္ကန်းက တစ်ထပ်တည်းမဟုတ် ငါးထပ်ဖြစ်၏။ အထဲရှိ အရာပစ္စည်းကို သင်္ကန်းများဖြင့် သေချာထုပ်စည်း၍ သိမ်းထားလေသည်။

ချန်ယွီ့ အချိန် ငါးမိနစ်လောက်ပေး၍ အဆိုပါ သင်္ကန်းများအား ဖယ်ရှားလိုက်သည်။

ယင်းက ကြေးဝါ မှန်တစ်ချပ် ဖြစ်၏။

ရှေ့ဘက်ခြမ်းက သာမန် ကြေးဝါ မှန်များနှင့် ထူးမခြားနားပေ။ သို့သော် မှန်၏ နောက်ကျောတွင်တော့ ရက်စက်ကြမ်းကြုတ်သည့် မျက်နှာသွင်ပြင်များစွာကို ရေးဆွဲထားသည်။

၎င်းတို့၏ မျက်လုံးများက နီရဲပြူးကျယ်နေ၍ ပါးစပ်ကြီးများ ဟထားကြကာ တစ်စုံတစ်ရာကို ဝါးမျိုချင်နေကြဟန်ပင်။

“ ဒေါက်တာချန် … ငါ့ရဲ့ ပြဿနာတွေက ဒီမှန်ကနေ လာတာပဲ ….” ဥက္ကဌလျိုက ကြောက်ရွံ့တုန်လှုပ်စွာ ပြောလိုက်သည်။

သူက အင်ပါယာမြို့တော် ကလပ်၏ ပထမဦးဆုံး ပိုင်ရှင်မဟုတ်။

လွန်ခဲ့သော တစ်လခန့်က သူငယ်ချင်းတစ်ယောက်၏ အကြံပေးမှုဖြင့် ဥက္ကဌလျိုသည် ယွမ် သန်း ၃၀၀ ဖြင့် အင်ပါရီယာ မြို့တော် ကလပ်ကို ဝယ်ယူခဲ့သည်။

ပိုင်ရှင် အသစ်တစ်ယောက်အနေနှင့် လတ်လတ်ဆတ်ဆတ် လေထုအသစ်ကို လိုချင်သည်။ ထို့ကြောင့် ကလပ်၏ အပြင်အဆင်များကို တစ်ဖန် မွမ်းမံ ပြင်ဆင်ခဲ့သည်။

သူ့ လက်အောက်ငယ်သားများကို ညွှန်ကြား၍ ကော်ရစ်ဒါရှိ ခရစ်စတယ် မီးဆိုင်းများကို ပြောင်းလဲပစ်ရန် ညွှန်ကြားလိုက်သည်။

ထိုအချိန်မှာပဲ ကြေးဝါ မှန်တစ်ချက်က ကောင်းကင်ကနေ ပြုတ်ကျလာ၍ ဝိတ်တာတစ်ဦး၏ ဦးခေါင်းကို ထိမှန်သွားခဲ့သည်။

ဥက္ကဌလျိုလည်း ဤကြေးဝါမှန်က ရှေးဟောင်းပစ္စည်းဟု ခံစားရသဖြင့် လွင့်မပစ်ခိုင်းဘဲ သူ့ ရုံးခန်းထဲတွင် အလှပြပစ္စည်းတစ်ခု အဖြစ် ချိတ်ဆွဲထားလိုက်၏။

မနေ့တုန်းက ဝမ်တဲ့ချွမ်မှာ သူ၏ ဖောက်သည်အသစ်များကို မြို့တော်ကလပ်သို့ အပမ်းဖြေရန် ခေါ်လာခဲ့သည်။

သူတို့တွေ စကားပြောဆိုကြရင်း ပါလာသည့် ဖောက်သည်တစ်ယောက်က ရှေးဟောင်းပစ္စည်း ရောင်းဝယ်ရေးကို အကြီးစား လုပ်ကိုင်နေသည့်လူ တစ်ယောက် ဖြစ်ကြောင်း သိလိုက်ရ၏။ သို့နှင့် သူလည်း ကလပ်၏ မျက်နှာကြက်ကနေ ပြုတ်ကျလာသည့် ကြေးဝါမှန်အကြောင်း သာမန်လျှံကာ ပြောပြလိုက်သည်။

သူတို့အားလုံး သိချင်စိတ် ပြင်းပြသွားခဲ့ကြပြီး ဥက္ကဌလျို၏ ရုံးခန်းသို့ လိုက်ပါလာ၍ မှန်ကို စူးစမ်းကြလေသည်။

ဥက္ကဌလျို ကြေးဝါမှန်ကို ယူလာသည့် အချိန်မှာပဲ ဝမ်တဲ့ချွမ်က ရုတ်တရက်ထအော်တော့သည်။

“ ရပ်လိုက် …”

မှန်၏ နောက်ကျောတွင် ဆွဲထားသည့် မျက်နှာများက သာမန်လူမျက်နှာမဟုတ်ဘဲ ထိုအစား တစ္ဆေဘုရင်၏ မျက်နှာဖြစ်ကြောင်း အလျင်အမြန် ရှင်းပြလာသည်။

“ ဥက္ကဌဝမ်ပြောတာ မှန်တယ် …” ချန်ယွီ့ ပြောလိုက်ပြီး “ ဒါက တစ္ဆေဘုရင် မျက်နှာဆိုတာ အမှန်ပဲ … ငရဲရဲ့ ထိပ်တန်း စစ်သူကြီး ဆယ်ယောက်ထဲက တစ်ယောက်ပေါ့ …”

“ ဒဏ္ဍာရီတွေထဲမှာ တစ္ဆေဘုရင်က သေခြင်းတရားနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို ကိုယ်စားပြုတယ် … ဒါပေမယ့် လူတွေရဲ့ ပါးစပ်ပြော ဒဏ္ဍာရီတွေ သပ်သပ်ပါပဲ … အလေးအနက်ထားနေစရာ မလိုပါဘူး …”

ထိုသို့ ပြောလိုက်သော်ငြား ချန်ယွီ့ စိတ်ထဲတွင် ကြိတ်ပြီး ရေရွတ်လိုက်၏။

ဝမ်တဲ့ချွမ်က သူ့ ဘဝသက်တမ်းတစ်ဝက်အပေါ် ဖုန်းရွှေ အပေါ် ယုံကြည်ခဲ့ပြီး ယင်းက သူ့ကို အကူအညီ မဖြစ်စေခဲ့သော်ငြားလည်း ဒဏ္ဍာရီလာ ဖြစ်ရပ်များနှင့် ထူးဆန်းသည့် ဗဟုသုတများစွာ ဆည်းပူစေခဲ့သည်။

သာမန်လူဆိုပါက ဤမျက်နှာကို မှတ်မမိမှာ မဟုတ်သော်လည်း ဝမ်တဲ့ချွမ်ကတော့ တစ်ချက်ကြည့်ရုံမျှနှင့် ငရဲ၏ စစ်သူကြီး ၊ တစ္ဆေဘုရင် ဆိုတာကို ချက်ချင်း ဒက်ခနဲ တန်းသိလေသည်။

၎င်းတို့၏ တာဝန်က ငရဲရှိ နတ်ဆိုးတစ္ဆေများကို ဖိနှပ်ဖို့ ဖြစ်ပြီး အကယ်၍ ဤတစ္ဆေမျက်နှာနှင့် မှန်ကို မှော်ဝင်ပစ္စည်းတစ်ခု အဖြစ် အသုံးပြုထားမည်ဆိုပါက မိစ္ဆာ ဖိနှိပ်ပုလဲနှင့် ဆင်တူသည့် အကျိုးသက်ရောက်မှုတို့ ရှိသည်။

၎င်းတို့ကို အလောင်းများအား ဖိနှိပ်ရန်၍ မသေမျိုး ဖြစ်လာခြင်းမှ ကာကွယ်ထားနိုင်သည်။

All Chapters