← Chapters

မြို့တော် ကလပ်မှာ ဖြစ်နေတဲ့ ထူးဆန်းတဲ့ ဖြစ်ရပ်များ

Vol. 9 Ch. 83

မြို့တော် ကလပ်မှာ ဖြစ်နေတဲ့ ထူးဆန်းတဲ့ ဖြစ်ရပ်များ

Vol. 9 Ch. 83

“ ဆက်ပြောပါဦး …” ချန်ယွီ့ လက်ဟန်ပြလိုက်သည်။

“ တကယ်လို့ တစ်ခြားတစ်ယောက်ကသာ ဒီပစ္စည်းနဲ့ ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေတယ်လို့ ပြောလာခဲ့ရင် ငါ ယုံမှာ မဟုတ်ဘူး …”

“ ဒါပေမယ့် ဥက္ကဌဝမ်က ပြောလာတယ်ဆိုတော့ ငါလည်း မတတ်နိုင်ဘဲ ယုံရတော့တာပဲ …”

ဟန်ကျိုးမြို့ အထက်တန်းလွှာ အသိုင်းအဝိုင်းထဲရှိ လူတိုင်းနီးပါးက ဝမ်တဲ့ချွမ်သည် ဖုန်းရွှေ မာစတာ တစ်ဝက်ဖြစ်ကြောင်း သိထားကြသည်။

ထို့ပြင် သူ ကြီးပွားလာပြီးနောက်ပိုင်း အရာအားလုံးက ချောချောမွေ့မွေ့နှင့် အစစအရာရာ အဆင်ပြေနေသည်။

သူ့ စကားလုံးများက ဥက္ကဌလျိုကို အကူအညီ မဖြစ်စေခဲ့ဘဲ ထိုအစား စိုးရိမ်ကြောင့်ကြလာစေခဲ့သည်။

ဝမ်တဲ့ချွမ်က ဥက္ကဌလျိုကို ချိန်ယွီ့အား အလျင်အမြန် ရှာဖွေပြီး ဖြေရှင်းနည်းလမ်း တစ်ခု ရှာဖို့ အကြံဉာဏ်ပေးခဲ့၏။

ဤပစ္စည်းနှင့်ပတ်သက်၍ကတော့ …

မကောင်းသည့် အရာများ ဖြစ်လာခြင်းမှ ကာကွယ်နိုင်ရန်အတွက် မြင့်မြတ်သည့် အရာပစ္စည်းတစ်ခုခုဖြင့် သေချာပတ်ပြီး ထိန်းသိမ်းထားဖို့လိုသည်။

ဥက္ကဌလျိုမှာ အထိတ်တလန့်ဖြစ်စွာဖြင့် ညတွင်းချင်း တာအိုဘုရားကျောင်းသို့ သွားကာ မြင်မြင်သမျှ အဆောင်များကို ဝယ်ယူခဲ့သည်။ ကြေးမုံမှန်ကို တစ်ခုခုနှင့် ပတ်ပြီး ထိန်းသိမ်းထားဖို့ လိုသေးသည်ကို သတိရတော့ သင်္ကန်း ငါးထည်ကိုလည်း ဝယ်ခဲ့လိုက်၏။

“ ဥက္ကဌလျို … ခင်များ ဒီလောက်အထိ ကြောက်နေဖို့ မလိုပါဘူး ..”

ဥက္ကဌလျို၏ ခြေထောက်များ တုန်ယင်နေပုံကို ကြည့်၍ အကယ်၍ ချန်ယွီ့သာ စကားတစ်ခုခု မပြောတော့ဘူးဆိုပါက စိုးရိမ်ထိတ်လန့်မှုကြောင့် မကြာခင် သတိလစ်သွားတော့မှာကို ချန်ယွီ့ သိနေသည်။

“ ကျုပ် စောနတုန်းက ပြောခဲ့တဲအတိုင်း … လောကကြီးထဲ တစ္ဆေသရဲတွေ ဆိုတာ မရှိဘူး … လူတို့ရဲ့ စိတ်ကူးယဉ်မှုကနေ ဖန်တီး ဖြစ်ပါ်လာတဲ့ အတွေးပုံရိပ်တွေ သပ်သပ်ပဲ …”

“ ဆိုးရိုးစကားတွေတောင် ရှိသေးတာပဲမလား … တကယ်လို့ ကိုယ်က ဘာမှားယွင်းတာမှ မလုပ်ထားဘူးဆိုရင် တစ္ဆေဆိုရင်တောင် ကြောက်မနေသင့်ဘူး … ခင်များ အခုလို တုန်ယင်နေတာက ဘာကြောင့်မှ မဟုတ်ဘူး … ခင်များ ကိုယ်တိုင်ကြောင့်ပဲ …”

ချန်ယွီ့ ဥက္ကဌလျိုကို ရွေးချယ်စရာ နှစ်ခု မပေးမီ စိတ်ရှည်လက်ရှည်ဖြင့် နှစ်သိမ့်ပေးလိုက်သည်။

ပထမ တစ်ခုက … ကြေးဝါ မှန်မှာ မျက်နှာကြက်ပေါ်ကနေ ပြုတ်ကျလာတာ ဖြစ်သည့်အတွက် ၎င်း မူရင်းနေရာတွင် ပြန်ထားဖို့ပင်။

ဒုတိယကတော့ ဤမှန်ကို ချန်ယွီ့လက်ထဲသို့ ထည့်ပေးဖို့ပင်။

“ မင်းပဲ ယူသွားလိုက်ပါ ဒေါက်တာချန် …”

“ ဒါကြီးကို သူ့မူလနေရာမှာ ပြန်ထားဖို့တောင် ငါ့မှာ သတ္တိမရှိတာ ငါနဲ့ အတူတူ ထားထားဖို့ဆိုရင်တော့ ပြောမနေနဲ့တော့ ….”

ဥက္ကဌလျိုက အိုးပုတ်ရုပ်ကဲ့သို့ သူ့ခေါင်းကို ဆက်တိုက် ခါယမ်းလာသည်။

လူအများ တစ်စုံတစ်ရာကို ကြောက်ရွံ့လာပြီဆိုပါက ညအိပ်သည့် အချိန်၌ မျက်လုံးပင် ပိတ်ဝံ့ကြမှာ မဟုတ်ချေ။

ကြေးဝါ မှန်ကို ချန်ယွီ့နှင့် အတူ ယူသွားဖို့ ဥက္ကဌလျိုက တောင်းဆိုလိုက်၏။ ယွမ် တစ်သောင်း ငွေသားကိုလည်း အဆင်သင့် ပြင်ထားပြီး ဘာမှ မစိုးရိမ်ဖို့ပြောသည်။

“ ခင်များက ကျုပ်ကို အတင်းထည့်ပေးနေမှတော့ ကျုပ် အချိန်တစ်ခုလောက် အထိ ယူထားပေးမယ် …”

“ တကယ်လို့ ထူးဆန်းတာတွေ တစ်ခုခု ထပ်ဖြစ်လာပြီဆို ကျုပ်ကို ဖုန်းဆက်လိုက် …” ချန်ယွီ့ ပြောလိုက်၏။

ဟင် ….

ဥက္ကဌလျိုမှာ ဒူးထောက်ကျလုနီးပါး ဖြစ်သွားသည်။

ချန်ယွီ့က မှန်ကို ယူသွားပြီလေ … ဘာလို့ ထူးဆန်းတာတွေ ထပ်ဖြစ်ဦးမှာလဲ …

“ ဒေါက်တာချန်ရယ် … မင်းငါ့ကို တစ်ခါတည်း ရှင်းအောင် ပြောခဲ့ပါလားကွာ .. အဲ့တာ မရှိတော့ဘူးဆိုရင် ဒီမှာ ထူးဆန်းတာတွေ မဖြစ်တော့ဘူးမလား ….”

“ အဲ့တာတော့ ပြောရခက်တယ် ..”

ချန်ယွီ့က ရှုပ်ထွေးသည့် မျက်နှာအမူအရာတစ်ခုကို လှစ်ဟာပြလာသည်။

ဥက္ကဌလျိုက ချက်ချင်းပဲ ဖုန်းထုတ်၍ ငွေ တစ်သောင်း ယူလာခဲ့ရန် ဘဏ္ဍာရေး ဌာနကို ချက်ချင်းပဲ ပြောလိုက်သည်။

“ ဒေါက်တာချန် … တကယ်လို့ တစ်ခုခု ဖြစ်လာခဲ့ရင် ငါသေမှာလားဟင် …” သူ မေးလိုက်သည်။

“ ခင်များ အသိစိတ် မလွတ်သွားသရွေ့တော့ အဆင်ပြေပါတယ် …”

မိနစ် အနည်းငယ်ကြာပြီးနောက် ဘဏ္ဍာရေး ဌာနက တစ်စုံတစ်ဦးက ငွေသား တစ်ထပ်နှင့်အတူ ရုံးခန်းထဲသို့ ရောက်လာခဲ့သည်။

ဥက္ကဌလျိုက ကပ်စေးနည်းသောကြောင့် ဤမျှ ငွေနည်းနည်းလေး ပေးခြင်းမဟုတ်။ ဝမ်တဲ့ချွမ်ထံမှ သိခဲ့ရသည်မှာ ချန်ယွီ့၏ လုပ်ပုံလုပ်နည်းတို့က အခြားသူများ အမြင်တွင် နားလည်ရခက်နေသော်လည်းပဲ သူ့တွင် တင်းကြပ်သည့် စည်းကမ်းတို့ရှိသည်။

ချန်ယွီ့က ရိုးသားသည့် လူတစ်ယောက်ဖြစ်ပြီး ဆုပေးသလောက်ပဲ ယူမှာ ဖြစ်၏။

ချန်ယွီ့ကို ကားသို့ ပြန်လိုက်ပို့ပေးပြီးနောက် ဥက္ကဌလျိုမှာ ပထမထပ် ခန်းမထဲတွင် မှိုင်တွေတွေ အမူအရာဖြင့် ထိုင်နေခဲ့သည်။

သူ စီးကရက် တစ်လိပ်ထုတ်ပြီး မီးညှိလိုက်၏။

“ ဘော့စ်… ဧည့်သည်တွေ လာပါတယ်ခင်ဗျ … ဘာများ အမိန့်ပေးချင်ပါလဲ …”

အချိန်အတော်ကြာအောင် ဆေးလိပ် ထိုင်သောက်နေပြီးနောက် မန်နေဂျာ၏ အသံက ထွက်ပေါ်လာသည်။

သူက ထိုခန်းမထဲတွင် တစ်ညနေခင်းလုံး ထိုင်နေခဲ့တာ ဖြစ်သည်။

“ မင်း အလုပ် မင်းဆက်လုပ် … ငါ ဒီမှာ နည်းနည်းကြာကြာ နေဦးမယ် … ၁၂ ကျော်လောက်မှပဲ အိမ်ပြန်နားတော့မယ် …”

ဥက္ကဌလျိုက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

အကယ်၍ သူသာ ဤသို့သော အခြေအနေကို ကြိုတင် သိရှိခဲ့မည်ဆိုပါက အခွင့်ကောင်း ယူခံရမှာ မဟုတ်ချေ။

မန်နေဂျာကို နှင်ထုတ်ပြီးနောက် ဥက္ကဌလျိုက လက်ဖဝါးများဖြင့် သူ့မျက်နှာကို မျက်နှာသစ်သလို ခပ်ကြမ်းကြမ်း ပွတ်လိုက်သည်။

မြို့တော် ကလပ်ကို ရောင်းမည့် သတင်းကြားတော့ ဥက္ကဌလျိုမှာ ဝမ်းသာအားရ ဖြစ်သွားခဲ့၏။

ယွမ် သန်း သုံးရာ အထိ ဈေးစစ်ပြီး ဝယ်ယူလိုက်နိုင်သည်က အတော်လေး တန်သည်ဟု တွေးနေခဲ့သည်။

ယခု ကြုံတွေ့တော့မှပဲ ဈေးနိမ့်ပြီး ရောင်းပေးလိုက်သည့် အကြောင်းအရင်းတို့ ရှိနေတာကို သိရှိလိုက်ရသည်။

အကယ်၍ ဘာမျှ ဖြစ်မလာဘူးဆိုရင်တော့ ကောင်း၏။ သို့သော် တစ်ခုခု ဖြစ်လာလျှင် သူသည်လည်း အဆုံးသတ်ချေပြီ။

မျက်တောင် တစ်ခတ်အတွင်းမှာပဲ ညသန်းခေါင် အချိန်သို့ ရောက်ရှိလာခဲ့သည်။

ဥက္ကဌလျို အညောင်းအညာဆန့်၍ အိမ်သို့ ပြန်ပြီး အနားယူရန် ဟန်ပြင်သည်။

“ အားးးးးးး “

ရုတ်တရက်ဆိုသလို ငယ်သံပါအောင် အော်ဟစ်သည့် အသံက သီးသန့်ခန်း တစ်ခုထဲကနေ ထွက်ပေါ်လာခဲ့သည်။

ဥက္ကဌလျို ရင်တစ်ချက် ထိတ်သွားခဲ့ပြီး ကြောက်လန့် ဒေါသတကြီးနှင့် အော်ဟစ်လိုက်၏။

“ လုံခြုံရေးတွေ …”

ဥက္ကဌလျိုက လုံခြုံရေး အစောင့် ဒါဇင်ခန့်ကို ဦးဆောင်ပြီး စောနက အသံထွက်ပေါ်လာသည့် သီးသန့်ခန်းထဲသို့ ရောက်ရှိလာသည်။

အစောင့်တစ်ဦးက တံခါးကို ကန်ကျောက်ဖွင့်လိုက်ပြီး ဥက္ကဌလျိုလည်း စိတ်သက်သာ ရစွာ သက်ပြင်းချလိုက်မိသည်။

အော်ဟစ်လိုက်သည့် လူက တစ္ဆေတစ်ကောင်မဟုတ်။ သီးသန့်ခန်းကို သန့်ရှင်းရေး လုပ်နေသည့် ဝိတ်တာ တစ်ယောက်ပင်။

“ ဥက္ကဌလျို … အခန်းထဲမှာ စကားပြောနေတဲ့လူ ရှိတယ် …”

“ မင်း ထင်ယောင်ထင်မှားတွေ ကြားနေတာလား … ဒီ အခန်းထဲ မင်းတစ်ယောက်တည်း ရှိတာကို …”

ဥက္ကဌလျိုက ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်ပြီး ပြောလိုက်သည်။

ထိပ်တန်းကလပ်များတွင် သူ့လျှို့ဝှက်ချက်များနှင့်သူ ရှိသည်။

အသံလုံသည့် အကျိုးသက်ရောက်မှုက ပရော်ဖက်ရှင်နယ် အသံသွင်းသည့် စတူဒီယို အခန်းများနှင့်ပင် နှိုင်းယှဉ်နိုင်သည်။

အထဲတွင် စကားပြောရုံလောက်ကို မဆိုထားနှင့်။ ဗုံတွေ ၊ ဒရမ်တွေ တီးနေလျှင်ပင် အခန်းအပြင်ဘက်က ကြားနိုင်မှာ မဟုတ်ချေ။

“ ဥက္ကဌလျို … ကျွန်မကို ယုံ … တကယ်ကြီး စောနတုန်းက လူတစ်ယောက် စကားပြောနေတဲ့ အသံကို ကြားလိုက်တာ …”

“ သူပြောတာ အေးတယ် … သူ့ကို လွှတ်ပေးပါတဲ့ …”

ထိုစကားကြားတော့ ဥက္ကဌလျို၏ ခြေထောက်တို့ မခိုင်ချင်တော့ပေ။

သီးသန့်ခန်းထဲရှိ TV နှင့် အသံထုတ်လွှင့်သည့် စနစ်များအားလုံးကို ပိတ်ထားလေရာ မည်သည့်နေရာကနေ အသံထွက်ပေါ်လာနိုင်မည်နည်း။

ဝိတ်တာကို နားကြားမှားခြင်း ဟုတ်မဟုတ် ထပ်ခါတလဲလဲ သေချာအောင်မေးသည်။

သူမကလည်း နားကြားမမှားကြောင်း ကျိန်ပြီး ပြောသည်။

“ ပြန်ပြီး နားတော့ … မင်း ဒီည အလုပ်လုပ်ဖို့ မလိုဘူး …”

ဥက္ကဌလျို လှည့်ထွက်လာခဲ့ပြီး သီးသန့်ခန်းထဲက ထွက်လာလိုက်သည်။

နေထွက်သည်နှင့် ချန်ယွီ့ထံ ဖုန်းဆက်ဖို့ သူ စိတ်ပိုင်းဖြတ်ထားလိုက်၏။

ကောင်းကင် စတင်၍ အလင်းရောင် ထွက်ပေါ်လာချိန်မှာပဲ ချန်ယွီ့သည် ဖုန်းမြည်သံကြောင့် တစ်ခါထပ်ပြီး နိုးလာခဲ့ရပြန်သည်။

“ ဒေါက်တာချန် … မင်းပြောတာ မှန်တယ် … တကယ်ပဲ ထူးဆန်းတာ တစ်ခုခု ဖြစ်သွားတယ် …”

“ ကျေးဇူးပြုပြီး မြန်မြန် လာပေးပါကွာ … ဒီ ပြဿနာက မင်းဖြေရှင်းပေးမှပဲ အဆင်ပြေတော့မှာမို့ပါ ….”

ဖုန်းထဲတွင် ဥက္ကဌလျိုက ချန်ယွီ့ကို တောင်းပန်တိုလျှိုးသည့် အသံဖြင့် ပြောဆိုနေခဲ့သည်။

စီးပွားရေး ကလပ်တစ်ခုက ၎င်း၏ ဂုဏ်သတင်းအပေါ်တွင် အများဆုံး မှီခိုရသည်။

သူ့ ဂုဏ်သတင်း ပျက်စီးသွားသည်နှင့် စီးပွားလည်း ပျက်လေပြီ။

တစ္ဆေသရဲများ ရှိနေပါသည်ဟူသော ကောလဟာလကို လျစ်လျူရှုထားမည်ဆိုပါက သူ့ကလပ်၏ ဝန်ဆောင်မှုလည်း ထိခိုက်လာမည်ဖြစ်ကာ စီးပွားရေးလည်း ထိခိုက်သွားနိုင်သည်။

ထို့ပြင် ဥက္ကဌလျိုမှာ ငယ်ငယ်လေးကတည်းက တစ္ဆေများအား ကြောက်ရွံ့ခဲ့ပြီး ယခုအချိန်တွင်တော့ ခေါင်းမပါသည့် ယင်ကောင်သဖွယ် ဖြစ်နေ တော့သည်။

တစ္ဆေခြောက်သည့် ကောလဟာလများ မပျံ့နှံ့သေးခင် ပြဿနာများအားလုံးကို တစ်ခါတည်း ကြိုတင် ဖြေရှင်းထားရမည်။

“ ကျုပ် နာရီဝက်အတွင်း ရောက်မယ် …”

ဥက္ကဌလျို၏ မျက်လုံးထဲတွင် ချန်ယွီ့က တစ်ဦးတည်းသော အသက်ကယ်ရာ ကောက်ရိုးမြက်တစ်ခု ဖြစ်၏။ ချန်ယွီ့ ဤပြဿနာကို ဖြေရှင်းပေးနိုင်သရွေ့ ဘာမဆို သူလုပ်ဝံ့သည်။

ချန်ယွီ့ကို သူ့အဖေလို ဆက်ဆံပေးဖို့လည်း ဝန်လေးနေမှာ မဟုတ်ချေ။

ဥက္ကဌလျိုက မနေ့ညပိုင်းတုန်းက သီးသန့်ခန်းဝင်ပေါက်ဝတွင် ဖြစ်ပျက်သွားသည်များကို အသေးစိတ် ရှင်းပြလိုက်သည်။

တံခါးကို တွန်းဖွင့်၍ တစ်ချက် ကြည့်ရင်း ချန်ယွီ့ ဘေးပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်၏။

“ ဒါက အတော်လေး ပြဿနာတက်ချင်စရာပဲ …”

“ ပြဿနာကဘာလဲ …”

ဥက္ကဌလျို မေးလိုက်သည်။

“ ဒီနေ့ ကလပ် ပိတ်ထားလိုက် … ဆောက်လုပ်ရေး ဆိုဒ်ကို သွားပြီး ကျင်းတူးတာ တော်တဲ့ အလုပ်သမားတစ်ချို့ ခေါ်လာခဲ့ .. သူတို့ကို ကိရိယာတွေလည်း အစုံအလင် ယူခဲ့ဖို့ တစ်ခါတည်း မှာလိုက် … ပြီးရင် သူတို့ ကျုပ် အမိန့်ကို တစ်သွေမတိမ်း နာခံရမယ် ….”

“ ကောင်းပြီ … ငါ အခုပဲ သွားစီစဉ်လိုက်မယ် …”

များမကြာမီ ဆောက်လုပ်ရေး လုပ်သား ဝတ်စုံများ ဝတ်ဆင်ထားသည့် လူခြောက်ယောက်က တူများ၊ ဂေါ်ပြားများနှင့် ဖောက်စက်များကို သယ်ဆောင်၍ ချန်ယွီ့ အရှေ့သို့ ထွက်ပေါ်လာသည်။

“ ခဏနေကျရင် ခင်များတို့ ခြောက်ယောက်က အထဲဝင်သွားပြီး သီးသန့်ခန်းရဲ့ ကြမ်းပြင်ကို ဖောက်ရမယ် … ပြီးရင် အလယ်အောက်တည့်တည့်ကို တူး ..”

ချန်ယွီ့ ပြောလိုက်သည်။

“ ခင်များတို့ ဆံပင်မွေးတွေ ထောင်ထသွားရလောက်အောင် ကြောက်ဖို့ကောင်းတဲ့ တစ်စုံတစ်ရာကို မြင်ရင် မြင်လိမ့်မယ် …”

ထိုသို့ပြောပြီးနောက် သူက ဥက္ကဌလျိုကို တစ်ချက်ကြည့်လိုက်သည်။

ဥက္ကဌလျိုက ချက်ချင်းပဲ ချန်ယွီ့၏ ဆိုလိုရင်းကို သဘောပေါက်သွားခဲ့ကာ …

“ တစ်ယောက်ကို ယွမ်တစ်သိန်း … ဒေါက်တာချန်က မင်းတို့ကို သွားလို့ မပြောမချင်း ကျားကြီး မင်းတို့ရှေ့ ထွက်လာခဲ့ရင်တောင် မင်းတို့ မပြေးရဘူး …”

စကားဒေသံ လေးသည့် အလုပ်သမား တစ်ယောက်က စိတ်လှုပ်ရှားတကြီးဖြင့် မေးလာသည်။ “ သူဌေး … ခင်များ တကယ်ပဲ ကျုပ်တို့ တစ်ယောက်စီကို ယွမ် တစ်သိန်းပေးမှာလား …”

“ ငါ အခုချက်ချင်း ပိုက်ဆံသွားယူလာခိုင်းမယ် …”

မိနစ်အနည်းငယ် ကြာပြီးနောက် ငွေသား ယွမ် ခြောက်သိန်းက အလုပ်သမားများ၏ ရှေ့မှောက်သို့ ရောက်လာသည်။

သူတို့က သာမန် အလုပ်များ လုပ်ကိုင်သည့် အခြေခံ လူတန်းစားများ ဖြစ်ကြပြီး ငွေကို မြင်တော့ ချက်ချင်း ဆွဲဆောင်ခံလိုက်ရသည်။

ကျားတွေ ၊ ခြင်္သေ့တွေကို မဆိုထားနှင့်။ ယခုအချိန် တစ္ဆေနှင့် ဖုတ်ကောင်များ ထွက်ပေါ်လာလျှင်ပင် သူတို့ ကြောက်လန့်တော့မှာ မဟုတ်ချေ။

“ တူးတော့ …”

ချန်ယွီ့ အမိန့်ပေးလိုက်သည်။

လူတိုင်းက သီးသန့်ခန်းထဲသို့ ပြေးသွားကြပြီး သူတို့ လက်ထဲရှိ ကိရိယာများဖြင့် ကြမ်းပြင်ကို ချေမွဖွင့်ကြသည်။

သူတို့ ကြမ်းပြင်အောက်ရှိ ကျောက်ပြားများကို ချိုးဖျက်လိုက်ကြသည်နှင့် မြေလွှာတစ်ထပ်က ထွက်ပေါ်လာသည်။

“ အောင်မယ်လေး ဘုရားရေ …”

" ဟာ စောက်ကျိုးနည်းကြီး.... "

All Chapters