← Chapters

လူသတ်သမားရဲ့ လေ့လာစမ်းသပ်မှု

Vol. 9 Ch. 84

လူသတ်သမားရဲ့ လေ့လာစမ်းသပ်မှု

Vol. 9 Ch. 84

လူအများအပြားထံမှ ဝက်သတ်ခါနီး အကြောက်အကန် အော်ဟစ်သံများကဲ့သို့ စူးရှကျယ်လောင်သည့် အာမေဋိတ်သံတို့ ကိုယ်စီ ထွက်လာကြသည်။

အော်သံများကို ကြားတော့ ဥက္ကဌလျို ရဲဆေးတင်ပြီး အခန်းထဲသို့ လာကြည့်၏။

ဥက္ကဌလျို ချက်ချင်းပဲ ပုံလျက် လဲကျသွားခဲ့သည်။

ချန်ယွီ့ သူ့ကို ဖေးမထားပေးလိုက်ပြီး အတွင်းထဲရှိ အလုပ်သမားတစ်ယောက်ထံသို့ ကြည့်ပြီး ပြောလိုက်သည်။

“ ဆက်တူး …”

အလုပ်သမားက ပြတ်တောင်းပြတ်တောင်းနဲ့ ပြောသည်။

“ အောက် … အောက်မှာ အလောင်းတွေ မြုပ်နှံထားတယ် …”

“ ဒါ လူသတ်မှုကြီးပဲ ….”

“ ခင်များတို့က လူသတ်သမားတွေ မဟုတ်ဘူး … ပြီးတော့ ဒီနားဝန်းကျင်မှ စောင့်ကြည့်ကင်မရာတွေ ရှိတယ် … ဘယ်သူကမှ ခင်များတို့အပေါ် အပြစ်ပုံမချဘူး စိတ်ချ …”

ချန်ယွီ့က ဥက္ကဌလျို၏ နှုတ်ခမ်းအပေါ်ဘက်နှင့် နှာခေါင်းအောက်ရှိ လျှိုမြောင်ကြားကို ဆွဲဆိတ်လိုက်သည်။ ဥက္ကဌလျိုမှာ ချက်ချင်းဆိုသလို ရှော့ခ်တိုက်ခံလိုက်ရသကဲ့သို့ မတ်မတ်ပြန်ရပ်သွားနိုင်သည်။

သူ အားပြန်ပြန်တော့ ထွက်ပြေးမလို့ လုပ်နေတုန်းမှာပဲ ချန်ယွီ့အသံကို နားထဲ ကြားလိုက်ရသည်။

“ ဒါ ခင်များရဲ့ ကလပ်နော်…” ချန်ယွီ့ ပြောလိုက်ပြီး “ အခုနေ ခင်များ ပြေးရင် ဒီနေရာလည်း အဆုံးသတ်ပြီ …”

ဥက္ကဌလျို နှုတ်ခမ်းကို သွေးထွက်အောင် ကိုက်လိုက်သည်။ ကြောက်ရွံ့မှုကို နာကျင်မှုဒဏ်ဖြင့် အာရုံလွှဲဖို့ ကြိုးစားနေသည်။

သူ့အသက် ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်လာခဲ့ပြီးသော်လည်း တစ်သက်နှင့်တစ်ကိုယ် ဤမျှ ကြောက်မက်ဖွယ်ကောင်းသည့် မြင်ကွင်းမျိုး မမြင်ဖူးကြောင်း ကျိန်ဆိုဝံ့သည်။

သီးသန့်ခန်း အောက်ခြေရှိ ရွှံ့အောက်ခြေတွင် လူသားဦးခေါင်းနှစ်ခုက ပြူးလို့ ပေါ်နေသည်။

လက်ရှိ အနေအထားကို ကြည့်ရသလောက်တော့ အောက်ဘက်တွင်လည်း ပိုမိုများပြားသည့် အလောင်းတို့ မြုပ်နှံထားဟန် ရှိသည်။

ဘယ် ခွေးမသား မျိုးမစစ်က ဒါကို လုပ်သွားခဲ့တာလဲ …

လူသေရင်လည်း သင်္ချိုင်းမှာ သွားမြုပ်ပေါ့ကွ …. လခွမ်းမို့လို့ အဆောက်အဦး အောက်ခြေမှာ ထည့်မြုပ်ထားရလား …

ထို့သို့ တွေးပြီးနောက် ဥက္ကဌလျို ချက်ချင်းပဲ ခေါင်းခါရမ်းလိုက်သည်။

မဟုတ်သေး … အကယ်၍ လူကို မြုပ်နှံမည်ဆိုပါက အခေါင်းရှိသင့်သည်။ ထို့ပြင် လူ၏ ဦးခေါင်းကို ကောင်းကင်သို့ မော့၍ မြုပ်နှံသည့် အလောင်းမျိုးလည်း သူ့တစ်သက်နှင့်တစ်ကိုယ် မြင်တွေ့ဖူးဖို့ရာ မပြောနှင့်။ ကြားပင် မကြားခဲ့ဖူးချေ။

ဦးခေါင်းက ခြေရလက်ရာ မပျက် ရှိနေသည်။ ဆိုလိုသည်မှာ ဤအလောင်းများက မည်သည့် မတော်တဆမှုမျှ မဖြစ်ခဲ့ကြောင်း ပြောပြနေလျက်ရှိသည်။

“ ဥက္ကဌလျို …” ချန်ယွီ့ သူ့အား သတိပေးလိုက်သည်။ “ ရဲရင် မင်းဖြစ်တယ်(သတ္တိရှိသူကို ကောင်းကင်က ဆုချတယ်) …”

“ ငါ နားလည်တယ် ဒေါက်တာချန် …”

ဥက္ကဌလျို အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်သည်။

“ ငါ့ အလုပ်သမားတို့ … ကျေးဇူးပြုပြီး နည်းနည်းထပ်လုပ်ပေးကြမှာ … ငါ မင်းတို့ကို နှစ်ဆပေးမယ် … တစ်ယောက်ကို ယွမ် နှစ်သိန်း …”

ရဲလျှင် မင်းဖြစ်ဆိုသည့် စကားမှာ လက်ရှိ အခိုက်အတန့်နှင့် လုံးလုံးလျားလျား ကိုက်ညီနေသည်။

ဤနေရာနှင့် ပတ်သက်၍ တစ်ခုခု လွဲချော်နေကြောင်း အလုပ်သမားများ အာရုံခံမိကြသော်လည်း ဆုလဒ် ယွမ် နှစ်သိန်းကြောင့် ကြောက်ရွံ့မှုကို ဘေးချိတ်ထားလိုက်သည်။

သူတို့အားလုံး သူတို့ကိုယ်သူတို့ ရဲရင့်သည့် သတ္တိကို မွေးမြူ၍ ငါယောက်ျားကွဟု စိတ်အတွင်းက ကြွေးကြော်အော်ဟစ်ကာ ဆက်ပြီး တူးဖော်ကြသည်။

တွင်းက နက်သထက် နက်လာသည်နှင့် ပို၍ ကြောက်မက်ဖွယ်ကောင်းသည့် မြင်ကွင်းကလည်း လူတိုင်း၏ မျက်လုံးရှေ့တွင် ထွက်ပေါ်လာသည်။

အလောင်းက နှစ်လောင်းတည်းသာမဟုတ်။ လေးလောင်းပင်။

လေးလောင်းလုံးကို မတ်တပ်ရပ်လျက် အနေအထားဖြင့် မြုပ်နှံထားသည်။

“ သူဌေး … အောက်မှာ နောက်ထပ် တစ်ခြား တစ်လောင်း ရှိနေသေးသလိုပဲ …”

အလုပ်သမား တစ်ယောက်က သူ့ တူရွင်းပြားဖြင့် ပျော့ပျောင်းသည့် တစ်ခုခုကို ထိုးဆွမိကြောင်း အာရုံခံမိသဖြင့် အောက်တွင် လဲလျောင်းနေသည့် နောက်တစ်လောင်း ရှိရဦးမည်ဟု ပြောဆိုလာခဲ့သည်။

“ ခင်များတို့ အခု သွားလို့ရပြီ …”

ချန်ယွီ့လက်ဝှေ့ယမ်းလိုက်၏။

အလုပ်သမားခြောက်ယောက်လည်း ပိုက်ဆံများ အသီးသီးယူကာ သီးသန့်ခန်းထဲကနေ ပျံသန်းသကဲ့သို့ လျင်မြန်သည့် အလျင်ဖြင့် ထွက်ပြေးသွားခဲ့ကြ၏။

တွင်းအစွန်းသို့ လျှောက်လှမ်းသွားရင်း ချန်ယွီ့ ခါးကိုင်း၍ တီးတိုးရေရွတ်လိုက်သည်။ “ ရေခဲငရဲ၊ မီးတောက်ငရဲ၊ ဗိုက်ဖောက်ငရဲ ၊ လျှာဖြတ်ငရဲ … ဆိုတော့ အောက်မှာ လဲလျောင်းနေတဲ့ တစ်ခုက နှလုံးထုတ်ငရဲပဲ ဖြစ်ရမယ် …”

“ ငရဲငါးခုလည်း ပြီးမြောက်သွားပြီ … ဒီမျိုးမစစ်က သက်ရှိတွေကို လေ့လာစမ်းသပ်မှု လုပ်နေတာပဲ …”

“ ဒေါက်တာချန် … မင်း ဘာတွေ ပြောနေတာ … ဘာ လေ့လာစမ်းသပ်မှုလဲ …”

“ ရဲကို ဖုန်းဆက်ပြီး ရာဇဝတ်မှု စုံစမ်းရေးဌာနကို ဆက်သွယ်လိုက် …” ချန်ယွီ့ ခေါင်းမလှည့်ဘဲ ပြောလိုက်သည်။

“ ဒါပေမယ့် ငါ့ရဲ့ ကလပ်က …”

“ ရာဇဝတ်မှု စုံစမ်းရေး ဌာနက ကပ္ပတိန်လီက ဒီကိစ္စ ဘယ်လိုကိုင်တွယ်ရမလဲ သိတယ် … သတင်း အပြင်ကို ပေါက်ကြားသွားမှာ ခင်များ စိတ်ပူစရာ မလိုဘူး ….”

“ ကောင်းပြီ … ငါ အခုချက်ချင်းပဲ သူ့ကို ဆက်သွယ်လိုက်မယ် …”

ဤအခြေအနေသို့ ရောက်လာပြီးဖြစ်သဖြင့် ဥက္ကဌလျိုလည်း ချန်ယွီ့ကို လုံးလုံးလျားလျား ယုံကြည်ဖို့ ဆုံးဖြတ်လိုက်တော့သည်။

ချန်ယွီ့က ထူးဆန်းသည့် ကိစ္စရပ်များ ဖြစ်မည်ဟု ပြောခဲ့ပြီး တကယ်လည်း ညသန်းခေါင်ယံ အချိန်တွင် ထူးဆန်းသည်များ ဖြစ်ပျက်ခဲ့သည်။

သူက ရောက်လာပြီး မကြာသေးခင်မှာပဲ သီးသန့်ခန်း အောက်ခြေတွင် တစ်ခုခု ရှိနေသည်ကို ချက်ချင်း သိရှိခဲ့၏။

မျှော်လင့်ထားသည့်အတွင်း ၎င်းအောက်ခြေတွင် မြုပ်နှံထားသည့် အလောင်းလေးလောင်း ထွက်ပေါ်လာသည်။

မဟုတ်သေး။ ငါးလောင်း။

များမကြာမီ အနက်ရောင်ကားများက ကလပ်၏ အိမ်ရာဝင်ပေါက်ဝတွင် ထွက်ပေါ်လာခဲ့သည်။

လီချန်ကျွင်းက လေကာ အင်္ကျီကို ဝတ်ဆင်ထားပြီး မေးစေ့ရှိ မုတ်ဆွတ်မွှေးများကို ပွတ်သပ်ရင်း မေးလိုက်သည်။

“ ဟင် ဒေါက်တာချန် … မင်းကရော ဘာလို့ ဒီရောက်နေတာ …”

လီချန်ကျွင်းက အံ့အားသင့်နေဟန်ဖြင့် မေးမြန်းလာသည်။

ဥက္ကဌလျိုက စောနလေးတင် ဖုန်းဆက်ခဲ့ပြီး သူ့ ကလပ်တွင် အလောင်းလေးလောင်း တွေ့ရှိထားသည်ဟု ပြောလာသည်။

ယင်း အလောင်းများက သူနှင့် လုံးဝ မသက်ဆိုင်ကြောင်းလည်း ပြောဆိုခဲ့ပြီး ရာဇဝတ်မှု စုံစမ်းရေး အဖွဲ့ကို သူ့နေရာသို့ လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

လီချန်ကျွင်းကို ကိုယ်တိုင်ကိုယ်ကျ တာဝန်ယူစေချင်သည်ဟုလည်း ကိုယ်ရေးကိုယ်တာအရ တောင်းဆိုလာခဲ့သေး၏။

အင်ပါရီယာ မြို့တော် ကလပ်က ဧရိယာအတွင်း အရေးကြီးဆုံးသော ဖျော်ဖြေရေး ကလပ် တစ်ခု ဖြစ်သည့်အတွက် ဥက္ကဌလျိုက ဘာမျှ မပြောခဲ့လျှင်ပင် ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး အဖွဲ့က ဤအမှုထဲတွင် ဝင်ပါ ပတ်သက်ရမှာ ဖြစ်သည်။

ဒီတိုင်း ချန်ယွီ့ကို ဤနေရာ၌ မြင်တွေ့ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ရုံမျှ ဖြစ်၏။

“ ကပ္ပတိန်လီ … ဒါကို အနီးကပ် တစ်ချက်သေချာကြည့်လိုက် …” ချန်ယွီ့ ပြောလိုက်ပြီး “ ဒါနဲ့ ခင်များ ကျွန်တော့်ကို အရင်က ပြခဲ့တဲ့ ဓာတ်ပုံနဲ့ ဘာတွေကွာလဲ …”

“ ဓာတ်ပုံတွေလား …”

လီချန်ကျွင်း၏ မှတ်ဉာဏ်က အရင်နေ့ရက်များကို ချက်ချင်း ပြန်မြင်ယောင်သွားခဲ့သည်။

သူ ဆောင့်ကြောင့်ထိုင်လိုက်ပြီး မေးလိုက်၏။

“ ဒေါက်တာချန် … ဒီ အလောင်းတွေက အဲ့ဒီ လူတွေနဲ့ ဆက်စပ်နေတာလား …”

လီချန်ကျွင်း၏ မျက်လုံးများက အလောင်း တစ်လောင်း၏ မျက်နှာကို မြင်ပြီးသည့်နောက် ချန်ယွီ့၏ အဖြေကို မလိုအပ်တော့ချေ။

အလောင်း၏ နဖူးထက်တွင် ထူးဆန်းသည့် သင်္ကေတတို့ ရေးဆွဲထားပြီး လီချန်ကျွင်းက လက်အိတ် အဖြူရောင်ကို စွပ်လျက် အလောင်း၏ ပါးစပ်ကို ဖွင့်ကြည့်လိုက်သည်။

အထဲတွင် လျှာတစ်ခုက ပျောက်ဆုံးနေသည်။

ယင်းက ဖြတ်တောက်ခံလိုက်ရခြင်း ၊ ဒါမှမဟုတ် လျှာရင်းဖျားမှနေ၍ တစ်ခုခုနှင့် ပြင်းထန်ထိခိုက်ထားခြင်း ဖြစ်ရမည်။

လီချန်ကျွင်း၏ မျက်နှာက ကြောက်မက်ဖွယ်ကောင်းလောက်အောင် မည်းမှောင်သွားခဲ့ပြီး တခြား အလောင်းတစ်လောင်းအနားသို့ လျှောက်လှမ်းသွားလိုက်သည်။

ဤ အလောင်းများက လွန်ခဲ့သည့် ကွင်းဆက် လူသတ်မှု လေးခုနှင့် ဆက်စပ်နေသည်။

“ ခင်များမှာ မေးစရာတွေ အများကြီး ရှိနေမှန်း သိတယ် … ဒီည ကျွန်တော့် ဆေးခန်းကို လာခဲ့လိုက် ….”

“ ဒေါက်တာချန်က လူသတ်သမား ဘယ်သူလဲ သိပြီးပြီပေါ့ ..”

လီချန်ကျွင်း၏ အမေးကို ချန်ယွီ့ တုံ့ပြန်ဖြေဆိုခြင်း မဟုတ်ဘဲ အင်ပါရီယာ ကလပ်ထဲက ထွက်ခွာသွားခဲ့သည်။

လူသတ်သမားက ရှေးဟောင်း အုတ်ဂူတစ်ခုထဲကနေ နည်းစနစ် တစ်ခုကို ရရှိခဲ့သည်။

သို့သော် ယင်းက အရေးမပါသည့်အရာမျှသာ ဖြစ်ပြီး အထဲတွင် ရေးထားသည့် အကြောင်းအရာများက အရေးပါသည့် အရာတို့ ရှိမနေချေ။

ဗဟုသုတ အနည်းငယ်မျှပင် မရှိပါဘဲ လူသတ်သမားက သက်ရှိများအပေါ် စတင်ပြီး လေ့လာစမ်းသပ်မှုတို့ ပြုလုပ်တော့သည်။

ဤ ငါးလောင်းနှင့် လွန်ခဲ့သည့် အစောပိုင်း ရက်သတ္တပတ်များတွင် သေဆုံးခဲ့သည့် နစ်နာသူများအားလုံးက သူ၏ စမ်းသပ်ခံ ပစ္စည်းများ ဖြစ်သည်။

အကယ်၍ အနှီ စမ်းသပ်မှုတို့ ကျရှုံးသွားခဲ့လျှင် ထိုလူက သူ၏ စမ်းသပ်မှုတို့‌ အောင်မြင်သွားသည်အထိ ၊ ဒါမှမဟုတ် ကံကြမ္မာစက်ဝန်း တစ်ပတ်ပြန်လည်မှုကို ခံစားရသည်အထိ ဆက်လုပ်နေလိမ့်မည်။

“ ဘိုးဘိုးကြီး … နောက်ဆုံးထွက် အာထရာမန်း စတစ်ကာ ရှိလားဗျ …”

ညနေ လေးနာရီအချိန် ၊ ဟန်ကျိုးမြို့ထဲရှိ မူလတန်းကျောင်းတစ်ကျောင်း ကျောင်းဆင်းချိန်တွင်။

များပြားလှသည့် ကျောင်းသား လူငယ် ကလေးများက ကျောင်းထဲက ထွက်လာခဲ့ကြသည်။

ကျောင်းနှင့် မျက်နှာချင်းဆိုင်တွင် အရုပ်နှင့် မုန့်မျိုးစုံကို ရောင်းချသည့် ဆိုင်တစ်ဆိုင်ရှိ၏။

ဆိုင်ပိုင်ရှင်က အသက်ငါးဆယ် အရွယ် သက်လတ်ပိုင်း အမျိုးသား တစ်ဦးဖြစ်ပြီး ရှပ်လက်တိုတစ်ထည်ကို ဝတ်ဆင်ထားသည်။ သူက ကျောမှီထိုင်ခုံတွင် လဲလျောင်းနေလျက် ယပ်တောင်အသေးလေး တစ်လက်နှင့် အေးမြသည့် အငွေ့အသက်ကို ခံစားနေခဲ့သည်။

“ မရောက်သေးဘူး … နောက် တနင်္လာနေ့မှ လာခဲ့ …”

အာထရာမန်း စတစ်ကာ မရှိသဖြင့် မူလတန်းကျောင်းသားလေးလည်း ပြားငါးဆယ်တန် မုန့်တစ်ထုပ်ကို ဝယ်ကာ ပိုက်ဆံရှင်းပြီး ထွက်သွားခဲ့သည်။

ခေတ္တကြာပြီးနောက် နောက်ထပ် မူလတန်းကျောင်းသားလေးများ ထပ်ရောက်လာသည်။

သူတို့လည်း အာထရာမန်း စတစ်ကာများ ဝယ်လိုနေကြခြင်းပင်။

“ မရှိဘူးလို့ ပြောပြီးပြီကို ဒီစောက်ကလေးတွေကလည်း ဘာလို့ နေ့တိုင်းနေ့ လာလာမေးနေမှန်း မသိဘူး … “

ဆိုင်ပိုင်ရှင်မှာ စိတ်သိပ်ရှည်သည့် လူစားမျိုး မဟုတ်မှန်း သိသာသည်။

“ နောက်တနင်္လာနေ့မှ ပြန်လာခဲ့ …”

ပြောပြီးသည်နှင့် ဆိုင်ရှင်က ယပ်တောင်ကို ယပ်ခတ်ရင်း မူလတန်းကျောင်းသားလေးများကို ခပ်ဝေးဝေးသို့ မောင်းထုတ်လိုက်သည်။

သူ၏ ထိုင်ခုံတွင် မျက်လုံးမှိတ်လျက် ဆက်လက် လဲလျောင်းရင်း ဇိမ်ခံနေသည်။

“ ဦးလေး … ခင်များ အလင်းကို ယုံကြည်လား …”

“ မင့်ကြီးတော်ကို ယုံကြည်ပါလား ….”

ဆိုင်ရှင်က စိတ်ပေါက်ပေါက်နှင့် တုံ့ပြန်လိုက်သည်။

“ မင်းတို့ကောင်တွေ မပြီးကြတော့ဘူးလားကွာ … စတစ်ကာတွေက နောက်တစ်ပတ်မှ ရောက်မှာကွ ဦးနှောက်မရှိတဲ့ စောက်ကလေးတစ်သိုက်ရ …. ”

ဆိုင်ရှင်က မတ်တပ်ရပ်၍ ကျိန်ဆဲပြီးတော့မှပဲ မေးလာသည့်လူက မူလတန်းကျောင်းသားလေး မဟုတ်သည်ကို သတိထားမိသွားခဲ့သည်။

ယင်းက အရွယ်ရောက်ပြီးသားလူပင်။

“ မင်းလည်း အာထရာမန်း စတစ်ကာ ဝယ်ချင်တာလား ….”

“ ခင်များ အလင်းကို ယုံကြည်လား ….”

ချန်ယွီ့ ထပ်ပြီး မေးလိုက်သည်။

“ ရှူး ရှူး ရှူး …. တခြားနေရာကို သွားစမ်း … ကလေးတွေ လာမေးတာက တော်သေးတယ် … ဒါပေမယ့် မင်းလို မကြီးမငယ်နဲ့ကောင်က လခွမ်းမို့ အလင်းကို ယုံကြည်လား လာမေးနေတာလား ….”

ထိုစကားကို ကြားပြီးနောက် ချန်ယွီ့ သက်ပြင်းချလိုက်သည်။

“ ခင်များရဲ့ ကိုယ့်ကိုယ်ကို လိမ်ညာတဲ့ စိတ်ရောဂါက ဆိုးရွားသထက် ဆိုးရွားလာနေပြီပဲ ….”

“ ခင်များက အလင်းကို မယုံကြည်ဘူး …” ချန်ယွီ့ ပြောလိုက်ပြီး “ ဒါပေမယ့် ခင်များက အင်မော်တယ်တွေ ရှိတာကိုတော့ ယုံကြည်ပြီး ခင်များကိုယ်ခင်များလည်း အင်မော်တယ် ဖြစ်နိုင်တယ်လို့ ထင်နေတယ် ….”

ဆိုင်ပိုင်ရှင်က ပြန်လည်ချေပလိုက်သည်။ “ မင်း … ကောင်စုတ်လေး … ဘာပေါက်ကရတွေ လာလျှောက်ပြောနေတာ … အင်မော်တယ်တွေဆိုတာ မရှိဘူး … ထာဝရ အသက်ရှည်တယ်ဆိုတာတွေ အကုန်လုံးက အလိမ်အညာတွေ …”

“ ခင်များက မယုံကြည်ဘူးဆိုမှတော့ ရှေ့မှာ နံရံကြီး ပိတ်နေတာတောင် ဘာလို့ ပြန်မလှည့်နိုင်သေးလဲ …”

“ ဒီညက ငါးယောက်မြောက် တစ်ယောက်ကို သတ်ဖို့ အချိန်ပဲ ဟုတ်တယ်မလား …”

ထိုစကားလုံးများ ကြားလိုက်သည်နှင့် ခပ်ကြောင်ကြောင်နှင့် ဆိုင်ပိုင်ရှင်မှာ ကျောချမ်းဖွယ် အငွေ့အသက်များကို ထုတ်လွှတ်လာသည်။

သူ၏ မျက်လုံးသူငယ်အိမ်တို့ ကျုံ့ဝင်သွားခဲ့ပြီး နောက်ကျောပို့ထားသည့် ဘယ်ဘက် လက်ညှိုးနှင့် လက်ခလယ်က ချက်ချင်း ဖြောင့်တန်းသွားခဲ့သည်။

All Chapters