← Chapters

အငယ်ဆုံး ဂို စစ်တုရင် ချန်ပီယံ

Vol. 9 Ch. 87

အငယ်ဆုံး ဂို စစ်တုရင် ချန်ပီယံ

Vol. 9 Ch. 87

မကောင်းမှု ပြုသူတို့သည် ကံကြမ္မာစက်ဝန်း တစ်ပတ်လည်ချိန်တွင် သူတို့ပြုခဲ့သည့် ကံ၏ အကျိုးဆက်ကို ပြန်လည်ခံစားရလိမ်မည်။

ချန်ယွီ့က လက်ရှိ အခိုက်အတန့်တွင် ကောင်းကင်ကို ကိုယ်စားပြု၍ ဤဆိုင်ရှင်ကို အပြစ်ပေးခဲ့ခြင်းပင်။

သူ့ ကျင့်ကြံမှုကို ဖျက်စီးခဲ့ပြီး တိမ်ပေါ်ရောက်နေသည့် သူ့အခြေအနေကို မြေပြင်အောက်သို့ ကန်ချခဲ့သည်။

ညနေခင်း ခုနစ်နာရီနာရီအချိန်တွင် လီချန်ကျွင်းက ချန်ယွီ့၏ ဆေးခန်းသို့ အပြေးလွှား ရောက်လာသည်။

လီချန်ကျွင်း အလျင်စလို မေးလိုက်၏။ “ ဒေါက်တာချန် … ဒီအမှု နောက်ကွယ်က အဓိက တရားခံ ဘယ်သူလဲဆိုတာ မင်း သိနေပြီးသားလား …”

“ သူ အခု ဘယ်မှာလဲ ….”

“ ကပ္ပတိန်လီ … ခင်များ အလျင်လိုဖို့ မလိုပါဘူး … ဒီမှာ … ရေ တစ်ခွက်သောက်ဦး ..”

ချန်ယွီ့က ညင်သာစွာ ပြုံးပြီး အငွေ့တထောင်းထောင်း ထနေသည့် ရေနွေးကြမ်း တစ်ခွက်ကို ရှေ့သို့ တွန်းပို့ပေးလိုက်သည်။

ဤသည်ကို မြင်တော့ လီချန်ကျွင်းလည်း ချန်ယွီ့ရှေ့တွင် စိုးရိမ်ကြောင့်ကြနေသည့် အမူအရာဖြင့် ထိုင်၍ ရေနွေးကို တစ်ကျိုက်တည်း ကုန်အောင် မော့လိုက်သည်။

သူ ရေနွေးခွက်ကို အောက်သို့ ချလိုက်သည့် အချိန်မှာပဲ စားပွဲပေါ်တွင် ရှိနေသည့် မှတ်စုစာရွက်တစ်ရွက်ကို လီချန်ကျွင်း မြင်တွေ့သွားခဲ့သည်။

ယင်းစာရွက်တွင် လိပ်စာတစ်ခုကို ရေးသားထား၏။

“ ယူလိုက် …”

“ ကျေးဇူးတင်ပါတယ် ဒေါက်တာချန် …”

လီချန်ကျွင်း အားတက်သရော ဖြစ်သွားခဲ့သည်။

ချန်ယွီ့နှင့် ပြောဆို ဆက်ဆံကြည့်ပြီးနောက်တွင် လီချန်ကျွင်း အချက်တစ်ချက်ကို ကောက်ချက်ချနိုင်ခဲ့သည်။ ချန်ယွီ့ ပြုလုပ်သည့် အရာတို့က နားလည်ရခက်သော်လည်းပဲ သူ့ အစွမ်းအစများကိုတော့ မေးခွန်းထုတ်နေစရာ မလိုပေ။

ဤ လိပ်စာက လူသတ်သမား၏ လိပ်စာ ဖြစ်ဖို့ များသည်။

“ ဟမ် …”

လီချန်ကျွင်းက လိပ်စာကို ဂရုတစိုက်နှင့် ကိုင်ကြည့်နေစဉ် နောက်ကျောဘက်တွင်လည်း နောက်ထပ် လိပ်စာတစ်ခု ရှိနေသည်ကို မြင်တွေ့လိုက်ရ၏။

“ ဒေါက်တာချန် … လိပ်စာက ဘာလို့ နှစ်ခုဖြစ်နေတာလဲ ….”

“ ရှေ့က လိပ်စာက နောက်ကွယ်ကနေ ထိန်းချုပ်နေတဲ့လူရဲ့ တည်နေရာ … အနောက်ကကျတော့ သူ့ရဲ့ လက်အောက်ငယ်သား ပုန်းနေတဲ့နေရာ …”

ချန်ယွီ့ ပြောနေသည်က အင်ပါရီယာ မြို့တော် ကလပ်၏ အရင် ပိုင်ရှင် နေရာပင်။

ဤနှစ်များ တစ်လျှောက်တွင် ဆိုင်ရှင် သတ်ခဲ့သည့် အပြစ်သားအရေအတွက်က ရာနှင့်ချီသည်။

တစ်နေ့ … ရဲများက သူ၏ အထောက်အထား အစစ်အမှန်ကို ရှာတွေ့သွားမှာ စိုးရိမ်သည့်အတွက် လက်အောက်ငယ်သားများ ခေါ်ယူဖို့ အကြံ ပေါ်လာခဲ့သည်။

ဟန်ကျိုးမြို့တစ်ခွင် လှည့်လည်ပြီးနောက် တပည့် နှစ်ယောက်ကို ရွေးချယ်ခဲ့၏။

တစ်ယောက်က ငှားထားသည့် လူမိုက်ဖြစ်ပြီး ကျန်တစ်ယောက်ကတော့ အင်ပါရီယာ မြို့တော်ကလပ်၏ အရင် ပိုင်ရှင်ပင်။

လူမိုက်က သူနည်းသူ့ဟန်နှင့် ရက်စက်ကြမ်းကြုတ်ပြီး အင်ပါရီယာ ကလပ်၏ ပိုင်ရှင်ကလည်း လူမှု အသိုင်းအဝိုင်းထဲတွင် ဩဇာ ကြီးမားသူဖြစ်သည်။

လူသတ်မှု အများအပြားတွင် သူတို့နှစ်ယောက်က ဆိုင်ရှင်ကို ကူညီပေးခဲ့၏။

ကလပ်ပိုင်ရှင်က သူ့ဆရာသခင်အတွက် သတင်းအချက်အလက်များ စုဆောင်းပေးရန် တာဝန်ယူထားသည်။ ဆိုင်ရှင်ကလည်း ကလပ်ပိုင်ရှင်ကို မမျှမတ မဆက်ဆံပေ။ ကလပ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နောက်ကွယ်ကနေ အများအပြား ကူညီပေးခဲ့သည်။

လူမိုက်ကတော့ လူသတ်သမား အခန်းကဏ္ဍကနေ လှုပ်ရှားပြီး သူ့ ဆရာသခင်၏ ညွှန်ကြားမှုအောက်တွင် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်။

သူ ဘာကြောင့် လူသတ်ပြီးနောက် အလောင်းများကို မဖုံးကွယ်ထားခဲ့ရတာလဲဆိုတာကတော့ ရှင်းပါသည်။

ခေတ်ကာလတို့က မတူညီတော့ချေ။

အစောပိုင်းနှစ်များတွင် စောင့်ကြည့်ရေး ကင်မရာဆိုသည်မှာ မရှိသလောက်ကို နည်းပါးသည်။

ယခု ကင်မရာများက နိုင်ငံတစ်ဝန်း နေရာအနှံ့တွင် ပျံ့နှံ့နေပြီး အထူးသဖြင့် ဟန်ကျိုးကဲ့သို့သော အဓိက မြို့ကြီးများတွင် လုံခြုံရေး စောင့်ကြည့် ကင်မရာတို့က ပင့်ကူအသိုက်ကဲ့သို့ သိပ်သည်းစွာ နေရာချထားလျက် ရှိသည်။

ဆိုင်ရှင်က လူမိုက်ကို ခွန်အားအရာတွင် ပြိုင်ဘက်ကင်းဖြစ်အောင် ကူညီပေးခဲ့သော်လည်း အလောင်းများကိုတော့ ပြောင်းရွေ့မခိုင်းခဲ့ချေ။

ထို့ကြောင့် လူမိုက်က လူသတ်ပြီးသည်နှင့် အလောင်းကို အခင်းဖြစ်သည့်နေရာတွင် လုပ်ပြီးသည့်အတိုင်း ချန်ထားရစ်ခဲ့ကာ အလောင်းဖယ်ရှားဖို့ကိုတော့ ရဲလက်အပ်ထားလိုက်သည်။

ငါးယောက်မြောက်လူကို သတ်ပြီးသည့်အချိန်တိုင်း ဆိုင်ရှင်က အလောင်းငါးခုလုံးကို သူတို့၏ နေရာအသီးသီးထံမှ ပြန်လည်ဖယ်ရှား ယူငင်ပေမည်။

ထို့နောက်တွင်မှ ရိုးရာအစဉ်အလာကို စတင်မှာ ဖြစ်သည်။

ယခင် ကလပ်ပိုင်ရှင်က လူကောင်း မဟုတ်သော်လည်း ထက်မြက်သည့် ဦးနှောက်တော့ ရှိသည်။

သူ့ ဆရာသခင်က တခြားလူများကို ယင်ကောင်များသဖွယ် သတ်ဖြတ်နေသည်ကို မြင်တော့ အဆိုပါ ကပ်ဘေးဆိုးကြီးက တစ်နေ့ သူ့အပေါ် ကျရောက်လာမည်ကို ကြောက်ရွံ့ခဲ့သည်။

သူ့ ဆရာသခင်၏ နည်းလမ်းများကို သူစပြီး သံသယ ဝင်လာခဲ့ရ၏။ အထူးသဖြင့် သူ့ ကလပ်အိမ်ရာအတွင်း လူငါးယောက်၏ ရုပ်အလောင်းများကို မြုပ်နှံပြီးသည့် အချိန်ကတည်းကပင်။

ယင်းက အချိန်မရွေး ပေါက်ကွဲနိုင်သည့် ချိန်ကိုက်ဗုံးကြီး တစ်လုံး ဖြစ်လေသည်။

ထို့ကြောင့်ပဲ ကလပ်ကို ယွမ် သန်း ၃၀၀ ဖြင့် ရောင်းချ ထွက်ပြေးသွားခဲ့သည်။

ဤအရာများအားလုံးကို ကောင်းကင်လျှို့ဝှက် နည်းဗျူဟာမှတစ်ဆင့် ချန်ယွီ့ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်၏။

တစ်ကမ္ဘာလုံးတွင် သူ တစ်ယောက်တည်းက ဤ ဖြစ်ရပ်၏ အစနှင့် အဆုံးကို သိရှိထားသည်။

လီချန်ကျွင်း ပါးစပ်ဟ၍ ပိုပြီး အသေးစိတ်ကျသည့် အရာများကို မေးမြန်းချင်နေခဲ့သည်။

သို့သော် ချန်ယွီ့၏ ထူးဆန်းသည့် အကျင့်စရိုက်အကြောင်းကို ပြန်အမှတ်ရမိတော့ လူသတ်သမားကို အရင်ဖမ်းဖို့သာ ရွေးချယ်၍ ဆေးခန်းထဲက ထွက်ခွာသွားခဲ့တော့သည်။

“ လိုက်စထွင်း မလွှင့်ဖြစ်တာတောင် အတော်ကြာပြီပဲ … ဒီနေ့ စိတ်ကောင်းဝင်နေတယ်ဆိုတော့ ကံကောင်းတဲ့ လူနည်းနည်းလာက် ရှာဖွေပြီး ကုသိုလ်ယူကြတာပေါ့ …”

ထိုသို့ပြောပြီးနောက် ချန်ယွီ့ ကျောဆန့်လိုက်၏။

ဗိုက်ဖြည့်ရန် အပြင်စာအနည်းငယ် မှာယူလိုက်သည်။ ထို့နောက်တွင်မှ သူ့လိုက်စထွင်းကို စတင်သည်။

“ ဒီနေ့တော့ ဟက်ပီးဒေးပဲ … ငါတို့ရဲ့ ပျောက်ကြီး စထွင်မာ ပြန်လာပြီဟ …”

“ လိုင်းတက်လာတာနဲ့ ဒေါက်တာချန်ရဲ့ လိုက်စထွင်းနဲ့ ပက်ပင်းတိုးတယ်ဆိုတော့ သိပ်ကို ကံကောင်းနေတဲ့ ငါလေးပါလားနော်….”

“ ကံကောင်းတဲ့ ညီကိုမောင်နှမတို့ … မြန်မြန် ထီလက်မှတ်တွေ ဝယ်ပြီး ထီထိုးကြ … ဒီည ထီပေါက်ရင် ပေါက်လောက်တယ် …”

ချန်ယွီ့ လိုက်စထွင်းကို စတင်လိုက်သည်နှင့် စကားပြောခန်းထဲတွင် သက်ဝင်လှုပ်ရှားသည့် ကွန်းမန့်တို့က ဆူပွက်တက်လာသည်။

အခြားစထွင်မာများကဲ့သို့ မဟုတ်ဘဲ ချန်ယွီ့မှာ သူ့ လိုက်စထွင်းကို ရပ်တန့်ဖို့ အမြဲခဲယဉ်းရသည်။

လိုက်စထွင်း တစ်ခုစီတွင် လူနာသုံးယောက်သာ ကုသပေးပြီး သူ ကုလို့ ပြီးသည်နှင့် ချက်ချင်း လိုင်းဆင်းသွား၏။ တစ်မိနစ်လေးပင် ကြာကြာ မနေပေးချေ။

အပျော်လွန်နေကြသည့် ကြည့်ရှုသူများကတော့ သူတို့ရဲ့ မိတ်ဆွေ သူငယ်ချင်းများကိုပါ ခေါ်ကာ ငါးမိနစ် အတွင်းမှာပဲ ကြည့်ရှုသူ အရေအတွင်းက သိန်းဂဏန်းကနေ သန်းဂဏန်းသို့ ရောက်ရှိသွားသည်။

ကြည့်ရှုသူ အရေအတွက်ကလည်း ဆက်တိုက် တိုးလာနေသည်။

ညနေခင်း ရှစ်နာရီ ဖြစ်ပြီး လိုက်စထွင်းလွှင့်လို့ အကောင်းဆုံး အချိန်အခါပင်။

“ ကဲ … ဒီနေ့လည်း စည်းမျဉ်းဟောင်းတွေ အတိုင်းပဲ … ဟုန်ပေါင်းရတဲ့လူက ငါနဲ့ ဆက်သွယ်နိုင်မယ် ….”

အပိုစာသား ဘာညာသာရကာတွေ ပြောရင်း အချိန်ဖြုန်းမနေတော့ဘဲ ချန်ယွီ့က ယွမ် ၁၀၀ တန် ဟုန်ပေါင်းသုံးခုကို ပို့လွှတ်လိုက်သည်။

ဆယ်စက္ကန့်အတွင်းမှာပဲ ကိုယ်စီ ပိုင်ရှင်များက သပ်သပ်ရပ်ရပ် ဖမ်းမိသွားခဲ့ကြကာ ကံထူးရှင် သုံးဦးကလည်း စခရင်ထက်တွင် ပေါ်လာသည်။

“ ဘုရားရေ …. မုန့်မုန့်က ဘာလို့ ပထမ နေရာမှာ ရှိနေတာလဲ ….”

“ မုန့်မုန့် … မြန်မြန်ပြေးတော့ …. အခုပြေးရင် အချိန်မီသေးတယ် …”

“ သွားပြီ … အဆုံးသတ်ပြီ … ငါ့အကြိုက်ဆုံး အမျိုးသမီး စထွင်မာလေးကို ဒီနေ့တော့ unsubscribe လုပ်ရတော့မယ် …”

“ မင်းအဲ့တာ ဘာစကားပြောတာ …. အဲ့ဒီ မိန်းမငယ်လေးက မှောင်မိုက်တဲ့ အတိတ်အကြောင်းတွေ ရှိနေမယ်လို့ မင်းက ထင်နေတာလား …”

“ သူ့မှာ ရှိမရှိတော့ ငါမသိဘူး … ဒါပေမယ့် ဒေါက်တာချန်ရဲ့ လိုက်စထွင်းထဲ ရောက်လာလို့ကတော့ အနည်းနဲ့ အများ ပြဿနာရှိဖို့ သေချာတယ် ….”

ကြည့်ရှုသူများ အမြင်ကိုယ်စီနှင့် ဖြစ်နေကြချိန်တွင် [ဂိုစစ်တုရင် ကစားသမား မုန့်မုန့်] ဆိုသည့် အွန်လိုင်းအသုံးပြုသူနာမည်နှင့် မိန်းကလေး တစ်ယောက်က စတိတ်စင်ပေါ်သို့ တက်ရောက်လာသည်။

မိန်းကလေးက အသက် ၁၈ နှစ် ၁၉ နှစ် အရွယ်လောက်သာ ရှိဦးမည်။ အဖြူရောင် T ရှပ် တစ်ထည်နှင့် ပိုနီတေး နှစ်ချောင်း စည်းထား၏။

အဖြူထည်ဆန်ပြီး ချစ်ဖို့ကောင်းသည့် အိမ်နီးနားချင်း ကောင်မလေး တစ်ယောက်လိုပင်။

“ ဟယ်လို ဒေါက်တာချန် … နင်နဲ့ စကားပြောခွင့်ရတာ သိပ်ဝမ်းသာတာပဲ …”

ကျိုးမုန့်မုန့်က ချန်ယွီ့ကို အပြုံလေးဖြင့် နှုတ်ဆက်လိုက်သည်။

တစ်ချိန်တည်းမှာပဲ သူမ၏ ပရိသတ်များထံ တောင်းပန်စကား ဆိုလိုက်၏။

ချန်ယွီ့ လိုက်စထွင်းထဲသို့ ဝင်ရောက်လာခဲ့ပြီးနောက် သူမက သူမ၏ ကံကောင်းမှုကို စမ်းကြည့်ချင်ရုံမျှ ဖြစ်ပြီး ထင်မှတ်မထားစွာဖြင့် သူမ၏ကံက ချန်ယွီ့နှင့် စကားပြောခွင့်ရသည်အထိ ကံကောင်းနေလိမ့်မည်လို့တော့ မျှော်လင့်မထားခဲ့ချေ။

စစချင်းတုန်းက ည ၈ နာရီ ၂၀ တွင် သူမ၏ ဂိုစစ်တုရင် အတန်းကို စဖို့ လုပ်ထားခဲ့သည်။ ယခုတော့ အချိန်တစ်ခုလောက်အထိ ရွေ့ဆိုင်းရတော့မည် ဖြစ်၏။

လူတိုင်း ဤကြန့်ကြာမှုကို နားလည်ပေးနိုင်ဖို့ သူမ မျှော်လင့်နေမိသည်။

“ နားလည်တယ် … မုန့်မုန့် ဘာပဲပြောပြော အကုန် အိုကေတယ် …”

“ မေမေရေ … ကြည့်ပါဦး … ဒီမှာ ဂိုစစ်တုရင် ချန်ပီယံက သားကို တောင်းပန်နေတယ် …..”

“ မုန့်မုန့် … ငါနောက်လကျရင် မင်းရဲ့ နိုင်ငံတကာ ဂို ပြိုင်ပွဲကို အားပေးဖို့ လေယာဉ်လက်မှတ် ဝယ်ထားတယ် … ကြိုးစားထား …..”

“ ငါရောပဲ ငါရောပဲ … ငါလည်း မုန့်မုန့်ရဲ့ ပွဲစဉ်လက်မှတ်ကို ဝယ်ထားတယ် ….”

“ ငါတို့လို ဂို အကြောင်း နားမလည်တဲ့လူတွေကို တစ်ယောက်ယောက် ရှင်းပြပေးစမ်းပါ … ဒီစထွင်မာလေးက ဘာလုပ်တာလဲတဲ့ ….”

( ဂို စစ်တုရင် - go chess က အဖြူအမည်း ကျားစေ့လေးတွေနဲ့ တစ်ဖက်နဲ့တစ်ဖက် နယ်မြေတွေ သိမ်းပိုက်ပြီး ကစားရတဲ့ တရုတ် စစ်တုရင် တစ်မျိုးပါ )

“ လိုး … ကျိုးမုန့်မုန့်ကို မသိတဲ့ ကောင်တွေ ရှိသေးတာလားဟ ….”

“ ဘာလို့ သိရမှာ … သူက အကောင်ကြီးကြီးမို့လား ….”

ဤကွန်းမန့်ကို မြင်တော့ သူ၏ မသိတတ်မိုက်မဲမှုအပေါ် လှောင်ပြောင် သရော်သည့် ကွန်းမန့်တို့ အုပ်လိုက်ကြီး ရောက်လာသည်။

ဤကြည့်ရှုသူတွင် မြင်နိုင်သည့် မျက်လုံး တစ်စုံ ပါသော်လည်း ထိုက်တောင်ကြီးကိုတော့ မမြင်နိုင်ခဲ့ပေ။

ကျိုးမုန့်မုန့်က နာမည်ကြီး ဆယ်လီ တစ်ယောက် ဖြစ်ရုံမျှမက ၊ ဂို စစ်တုရင် လောကတွင် ရှားပါး ပါရမီရှင် တစ်ဦးလည်း ဖြစ်သည်။

အသက်လေးနှစ် အရွယ်တွင် ဂို စစ်တုရင်ကို စတင်သင်ယူ ကစားခဲ့ပြီး အသက် ခုနစ်နှစ်တွင် အပျော်တမ်း ပြိုင်ပွဲများသို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

အသက်ကိုးနှစ် အရွယ်တွင် ဂို စစ်တုရင် ပရော်ဖက်ရှယ် ကစားသမား တစ်ဝက် ဖြစ်နေပြီ ဖြစ်၏။

အသက် ဆယ့်ခြောက်နှစ် အရွယ်တွင် သူမကို ဂို စစ်တုရင် သင်ပေးသည့် အဆင့်ကိုး ဂိုကျွမ်းကျင် ကစားသမား၊ စစ်တုရင် သူတော်စင်ကို အနိုင်ယူခဲ့သည်။

၎င်းနောက် ကမ္ဘာ့ ဂို ချန်ပီယံပွဲ တော်တော်များများတွင် သုံးနှစ်ဆက်တိုက် ပါဝင်ယှဉ်ပြိုင် ကစားခဲ့ပြီး အကြိမ်တိုင်းလည်း ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့သည်။

အသက် နှစ်ဆယ် အရွယ်တွင် အငယ်ဆုံး အဆင့် ၉ ဂို ကစားသမား တစ်ဦး ဖြစ်လာသည်။

အကယ်၍ ကျိုးမုန့်မုန့်ကို နောက်ထပ် နှစ်အနည်းငယ်လောက် ထပ်ပေးလိုက်မည်ဆိုပါက ဂို စစ်တုရင် သူတော်စင် တစ်ဦး ဖြစ်လာနိုင်သည်ကို မည်သူကမျှ ယုံမှား သံသယ မရှိကြပေ။

သူမက ယခင် ရှိထားပြီးသည့် ကိုးကြိမ်ဆက်တိုက် စံချိန် မှတ်တမ်းများကို ချိုးဖောက်၍ ဆယ်ကြိမ်ဆက်တိုက် ဂိုချန်ပီယံ ဖြစ်လာမည်ဟု ထင်ကြေးပေးနေကြသူများလည်း ရှိသည်။

စကားပြောခန်းထဲရှိ အလွန်အမင်း မြှောက်ပင့်သည့် စကားလုံးများကို မြင်တော့ ကျိုးမုန့်မုန့်မှာ ရှက်ကိုးရှက်ကန်း ဖြစ်သည့် အမူအရာကို လှစ်ဟာပြလာသည်။

“ လူတိုင်း … တစ်ချက် တိတ်မယ် …”

ချန်ယွီ့ စားပွဲကို ခပ်သာသာ ခေါက်လိုက်သည်။

ကွန်းမန့်များအားလုံး ချက်ချင်းရပ်တန့်သွားခဲ့၏။

“ ဒီရဲ့ လူနာ … ကျေးဇူးပြုပြီး မင်းရဲ့ အခြေအနေအကြောင်း ပြောပါ ….”

“ ငါ .. ငါ အဆိပ်မိထားတယ်လို့ ထင်တယ် ….”

ကျိုးမုန့်မုန့်က တုံ့ဆိုင်းစွာဖြင့် သူမ အဘယ်ကြောင့် ဝင်ရောက်လာရလဲဆိုတာကို ပြောပြလာခဲ့သည်။ သူမကိုယ်သူမ အဆိပ်မိနေသည်ဟု သံသယ ရှိနေသည်။

All Chapters