ပရိသတ် တစ်ယောက်ပေးတဲ့ လူသားအရိုး လက်ကောက်
Vol. 9 Ch. 90
ထိုစကားက လိုက်စထွင်းထဲ ရစ်ချစ်တာ ပြင်းအားကြီး ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သလိုပင်။
ဉာဏ်လျင်ကြသည့် ကြည့်ရှုသူများပင် ကျိုးမုန့်မုန့် ဝတ်ဆင်ထားသည့် လက်ကောက်လေးက လူသားအရိုးဖြင့် ပြုလုပ်ထားသည့် အရာ ဖြစ်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြချေ။
ဤလက်ကောက်က ကျိုးမုန့်မုန့်ကို စိတ်ကစဉ့်ကလျား ရောဂါ ဖြစ်စေရခြင်း အကြောင်းအရင်း ဖြစ်လိမ့်မည်လို့လည်း မည်သူကမျှ ထင်မထားခဲ့ကြချေ။
အကယ်၍ သူတို့သာ ချန်ယွီ့၏ အစွမ်းအစများကို အကြိမ်ပေါင်းများစွာ မျက်မြင်တွေ့ခဲ့ခြင်း မရှိခဲ့ဘူးဆိုပါက …
အနည်းဆုံးတော့ ကြည့်ရှုသူ တစ်ဝက်ခန့်မှာ အင်္ကျီလက်များ လိပ်၍ ခွေးခြေခုံပေါ် တက်ပြီး ကျယ်လောင်စွာ စတင် အော်ဟစ်ကျိန်ဆဲကြလောက်သည်။
“ ရှီး … စောက်ကျိုးနည်း စိတ်လှုပ်ရှားဖို့ ကောင်းလာပြီ … ဒါနဲ့ အရိုးတွေကို လက်ဝတ်ရတနာပစ္စည်းအနေနဲ့ သုံးလို့ရတာလားဟ ….”
“ ဒါက လက်ဝတ်ရတနာပစ္စည်းမဟုတ်ဘူး … ကျိန်စာသင့်တဲ့ စုန်းပစ္စည်းတစ်ခုဆိုတာ ငါလောင်းကြေးထပ်ရဲတယ် …”
“ အဓိပ္ပာယ်ရှိတယ် … ကြားရတာတော့ အတော်လေး နိမိတ်မကောင်းဘူး …”
“ ဟီးဟီး ...ဒေါက်တာချန်ရဲ့ လိုက်စထွင်းထဲမှာ အယူသည်းတဲ့ အကြောင်းအရာတွေ ပရိုမိုးရှင်း လာလုပ်နေတဲ့ကောင်တွေ ... ငါတော့ ရီပို့ထုနေပြီ ….”
“ မင်းဖျင်ကြီးကို ရီပို့ထု … ဒေါက်တာချန်ကိုယ်တိုင်ကိုက လက်ကောက်ကို လူသားအရိုးနဲ့ လုပ်ထားတယ်လို့ ပြောနေတာကို ဘယ်မှာ နိမိတ်ကောင်းနေလို့ ….”
“ အိုး မိုင် မြတ်စွာဘုရား … ဖြစ်နိုင်တာ အဲ့ဒီ အရာကြီးက မုန့်မုန့်ကို စိတ်ကစဉ့်ကလျား ရောဂါ ဖြစ်စေတဲ့ ကျိန်စာတစ်ခုခုကို သယ်ဆောင်ထားတာများလား ….”
“ တော်လိုက်တာ … လာစမ်း …. ဉာဏ်ကောင်းတဲ့ ခေါင်းကြီး ဗြောတီးချင်လွန်းလို့ ….”
“ လိုး …..”
ကျိုးမုန့်မုန့်မှာ သူမ စခရင်ပေါ်တွင် ပြေးလွှားနေသည့် ကွန်းမန့်များကို ဖတ်ရှုရင်း ကွန်းမန့်တစ်ခုတိုင်းက ကျန်တစ်ခုထက်ပိုပြီး ချဲ့ကားနေသည်ကို သတိပြုမိလိုက်သည်။
တစ်ချို့ဆို သူမ လက်ကောက်ထဲတွင် နတ်ဆိုးဝိဉာဏ် ကိန်းအောင်းနေသည်ဟုတောင် ဆိုနေကြသည်။
“ အားလုံး တော်ကြတော့ …”
ကျိုးမုန့်မုန့် အော်ဟစ်လိုက်ပြီး လက်ကောက်ကို အာလူးပူပူကြီး တစ်လုံးကဲ့သို့ ကြမ်းပြင်ပေါ် လွင့်ပစ်လိုက်သည်။
“ တကယ်လို့ တစ်ယောက်ယောက်က ထပ်ပြီးတော့ အယူသည်းတဲ့ ဝါဒတွေကို လိုက်စထွင်းထဲ လာပြီး ဖြန့်နေဦးမယ်ဆိုရင် အဲ့လူတွေကို တစ်သက်လုံး ဘန်းမှာနော်….”
ချန်ယွီ့ လေးနက်သည့် လေသံဖြင့် သတိပေးလိုက်သည်။
ချန်ယွီ့ သူတို့အား ဘန်းမည်ကို ကြောက်ရွံ့သောကြောင့် ကွန်းမန့်အရေအတွက်လည်း မြင်သာလောက်သည်အထိ လျော့နည်းသွားခဲ့သည်။
“ အရင်ဦးဆုံး … လက်ကောက်ထဲမှာ ဘာ နတ်ဆိုးဝိဉာဏ်မှ မရှိသလို ဘာကျိန်စာမှလည်း မရှိဘူး ….”
“ ဒုတိယတစ်ချက် … လူသားအရိုးကိုယ်တိုင်က စိတ်ကစဉ့်ကလျား ရောဂါ ဖြစ်စေတာ မဟုတ်ဘူး … ဒါပေမယ့် ဒီတိုင်း ကိုယ့်ရဲ့ မကောင်းတဲ့ စိတ်အတွေးတွေကို မီးစာထည့်ပေးရုံတင်ပဲ …”
ကြည့်ရှုသူများမှာ ရယ်ရအခက် ၊ ငိုရအခက် ဖြစ်နေကြသည်။ ချန်ယွီ့က ယခုလို အချိန်မျိုးဆို ကြောင်သူတော်လုပ်နေကြ ဖြစ်၏။ သူက လူတိုင်းကို သူ့လိုက်စထွင်းထဲတွင် အယူသည်းသည့် အရာများ ပျံ့နှံ့စေသည်ကို တားမြစ်ချင်သည်။ သို့တိုင် သူကိုယ်တိုင်က အခြေအမြစ်မရှိတဲ့ အကြောင်းပြချက်များကို ပြောဆိုနေခဲ့သည်။
လက်ကောက်တစ်ခုက လူတစ်ယောက်ရဲ့ နှလုံးသားထဲမှာရှိတဲ့ စိတ်ခံစားချက်တွေကို မကောင်းတဲ့ အကျိုးသက်ရောက်မှု ရှိစေတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …
ချန်ယွီ့က သူတို့ ကြည့်ရှုသူတွေကို စောက်ရူးတွေလို့များ ထင်နေတာလား …
မျက်ရည်များက ကျိုးမုန့်မုန့်၏ မျက်နှာထက်တွင် စီးကျလာသည်။
“ ဒီ လက်ကောက်က တကယ်ပဲ မသန့်ရှင်းဘူးပေါ့ …”
“ ငါ့ စိတ်အခြေအနေ ဆိုးရွားနေတာတွေ ၊ ပြီးတော့ ငါ့ရဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုတွေက ဒီရဲ့ လက်ကောက်ကြောင့်ပေါ့ … ဟုတ်လား …”
ချန်ယွီ့ ခေါင်းညိတ်ပြလိုက်သည်။
“ ရှေ့ လိုက်စထွင်းမှာတုန်းက တစ္ဆေသရဲလို့ ခေါ်တဲ့ အရာတွေက သိပ္ပံလောကမှာ သာမန် မြင်တွေ့နေကြရဖြစ်တဲ့ အထူးစွမ်းအင် ခန္ဓာတွေ ဖြစ်တာကို ရှင်းပြထားပြီးပြီ …”
“ လူသားအရိုးတွေကလည်း လူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း တစ်ခုပဲ ဆိုတော့ သူ့မှာလည်း စွမ်းအင်ခန္ဓာ တစ်မျိုး ရှိတယ် …”
“ လူသားအရိုးနဲ့ လုပ်တဲ့ လက်ဝတ်ရတနာမှာ ဝတ်ဆင်သူရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို သွယ်ဝိုက်ပြီး အကျိုးသက်ရောက်စေတဲ့ သံလိုက်စက်ကွင်းတွေ ရှိတယ် …”
ချန်ယွီ့က ပေါက်ကရတွေ ပြောဆိုနေသော်လည်း ကြည့်ရှုသူများကတော့ ဆိုလိုရင်းကို နားလည်သဘောပေါက်ကြသည်။
သူတို့ မှန်သည်။
ကျိုးမုန့်မုန့်၏ လက်ကောက်က တကယ့်ကို ကျိန်စာတိုက်ထားသည့် ပစ္စည်းတစ်ခု ဖြစ်၏။
ထို့ပြင် ချန်ယွီ့ ဤပစ္စည်းကို တစ်နေရာရာတွင် မြင်ခဲ့ဖူးသလိုမျိုး ဒီဂျာဘူး ဖြစ်နေသည်။
ကျိန်စာသင့် စုန်းပစ္စည်းတို့က ဆန်းကြယ်လက်နက်ပစ္စည်း ခေါင်းစဉ်အောက်တွင် ပါဝင်သည်။
ယင်းက နတ်ဆိုးဆန်သည်။ ထိုသို့ ဖြစ်ရသည့် အကြောင်းအရင်းကလည်း ဝတ်ဆင်သူ ၊ သို့မဟုတ် ဝတ်ဆင်သူက အခြားသူများကို ထိခိုက်စေအောင် ကူညီပေးသောကြောင့်ပင်။
လက်ကောက်ပေါ်တွင် ဆိုးယုတ်သည့် မကောင်းသည့် အငွေ့အသက်တို့ အများအပြား သယ်ဆောင်ထား၏။
အကယ်၍ ဝတ်ဆင်သူ၏ နှလုံးသားကသာ သံမဏိကဲ့သို့ ခိုင်မာပြီး မကောင်းသည့် စိတ်အတွေးတို့ မရှိဘူးဆိုပါက ထို အရာကို တစ်သက်လုံး ဝတ်ဆင်ထားလည်း ၎င်း၏ အစွမ်းသက်ရောက်မှုကို ပြသနိုင်မှာ မဟုတ်ချေ။
သို့သော် လူသားများက သူတော်စင်များ မဟုတ်။
ဤကမ္ဘာကြီးထဲတွင် မကောင်းသည့် အတွေးခံစားချက်တို့ မရှိသူ လူ ဘယ်လောက်များများ ရှိနိုင်မည်နည်း။
ရှိရော ရှိရဲ့လားပင် မသေချာပေ။
အနည်းငယ် ရှိရုံမျှနှင့် လူသားအရိုးထဲရှိ ဆိုးယုတ်သည့် အရှိန်အဝါတို့က ယင်းအနည်းငယ်ကို ကြီးမား ကျယ်ပြန့်လာစေမှာ ဖြစ်သည်။
အဆုံးသတ်တွင် အလွန်အမင်း အစွန်းရောက်သည့် အနေအထားသို့ ရောက်ရှိသွားစေကာ လောကကြီးထဲ ရှင်သန်နေလို့လည်း အချည်းနှီးပါလားဟု အတွေးများ ၀င်ရောက်လာပြီး ရှင်သန်လိုစိတ်တို့ ပျောက်ဆုံးသွားစေသည်ထိအောင် ဖြစ်သွားစေနိုင်သည်။
မပြောပလောက်သော်လည်း တိုင်းတာမရအောင် အန္တရာယ်များသည့် ပစ္စည်းတစ်ခုဟု ပြော၍ရသည်။
“ သူပြောတာတော့ ဒါက ဆင်စွယ်လက်ကောက်တဲ့ ….”
ကျိုးမုန့်မုန့်က ကိုယ့်ဘာကိုယ် ရေရွတ်လိုက်သည်။
ဤသည်ကို ကြားတော့ ပါးနပ်ကြသည့် ကြည်ရှုသူများမှာ မေးမြန်းသည့် ကွန်းမန့်တို့ ပေးပို့လာခဲ့ကြသည်။
ကျိုးမုန့်မုန့်က ဒီ လက်ကောက်ကို ဘယ်ကနေ ဝယ်လာခဲ့တာလဲ …
ရောင်းပေးလိုက်တဲ့လူက ကျိန်းသေပေါက် လူကောင်း မဟုတ်တာတော့ သေချာတယ် ..
အဲ့တာက လူသားအရိုးနဲ့ လုပ်ထားတဲ့ လက်ကောက်လေ …. ဒါကိုတောင် ဆင်စွယ်လက်ကောက်ဆိုပြီး ပြောလိုက်သေး …
အဲ့လူက မုန့်မုန့်ကို ထိခိုက်အောင် လုပ်ချင်နေတယ်ဆိုတာ သိသာတယ် …
“ ဒီရဲ့လူနာ … မင်းဘာမှ စိုးရိမ်နေစရာမလိုဘူး … မင်း သိတဲ့ဟာတာ ပြောလိုက် …”
“ ဒေါက်တာတစ်ယောက်ရဲ့ တာဝန်က လူနာကို ရောဂါ ကုသပေးဖို့ သပ်သပ်ပဲ မဟုတ်ဘူး … လူနာရဲ့ ပြဿနာကိုလည်း ဖြေရှင်းပေးရတယ် …”
ချန်ယွီ့က နွေးထွေးသည့် အပြုံးတစ်ခုကို လှစ်ဟာပြလာခဲ့သည်။
လူနာများ၏ စိတ်ကျန်းမာရေးကို ပျောက်ကင်းအောင် ကုသပေးသည့်အပြင် စိတ်ကျန်းမာရေး ဆရာဝန်တစ်ယောက်က စကားကုထုံးနှင့်လည်း လူနာကို စိတ်ခွန်အားနှင့် သတ္တိတို့ ပေးစွမ်းနိုင်လေသည်။
သူက ၎င်းတို့ကို သူတို့ရဲ့ အကောင်းဆုံး ဗားရှင်းပုံစံသို့ ဖြစ်သွားအောင် ပြောင်းလဲပေးနိုင်စွမ်းရှိသည်။
“ အားပေးစကားအတွက် ကျေးဇူးတင်ပါတယ် ဒေါက်တာချန် … ငါ သိတာကို ပြောပါ့မယ် …”
ကျိုးမုန့်မုန့်က ကြမ်းပြင်ပေါ် ပြုတ်ကျနေသည့် လူသားအရိုး လက်ကောက်ကို ကြောက်လန့်စွာ ကြည့်လိုက်သည်။
“ ဒီရဲ့ လက်ကောက်ကို ငါ့ဖန်တစ်ယောက်က ပေးထားတာ …”
လွန်ခဲ့တဲ့ တစ်လတုန်းက ကျိုးမုန့်မုန့်သည် သူမ၏ စီရင်စုကို ကိုယ်စားပြု၍ ပြည်နယ် ဂို စစ်တုရင် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
အံ့အားသင့်စရာ မလိုပါဘဲ သူမက ချန်ပီယံဆုကို လွယ်လင့်တကူ အနိုင်ရခဲ့၏။
အင်တာဗျူး ပြီးသည့်နောက် ကျိုးမုန့်မုန့် အနားယူရန် ဟိုတယ်ပြန်တော့မည့် အချိန်မှာပဲ ပွဲစီစဉ်သူက သူမကို ရပ်တန့်လာသည်။
သူက ကျိုးမုန့်မုန့်ကို သူမ၏ ဖန်ဟုဆိုသည့် VIP ဧည့်သည်တော် တစ်ဦးနှင့် မိတ်ဆက်ပေးသည်။
သူက ကျိုးမုန့်မုန့်ကို အားပေးရန်အတွက် သီးသန့် လာရောက်ခဲ့ခြင်း ဖြစ်၏။ ပြီးသည့်နောက် ဖန်က ကျိုးမုန့်မုန့်ကို လက်ဆောင်တစ်ခု ပေးပြီး သူမနှင့် ဝီချက် အကောင့် အပ်ခဲ့သည်။
“ မုန့်မုန့်ရာ … မင်း သိပ်အားနာတတ်လွန်းတယ် … ဘာလို့ သူစိမ်း ပေးတဲ့ ပစ္စည်းတွေကို လျှောက်ဝတ်ရတာလဲ …”
“ ပွဲစီစဉ်သူကတောင် အကြံပြုပေးရတဲ့ ဖန်တစ်ယောက်ဆိုတော့ တော်တော်လေး ထူးခြားတဲ့လူပဲ ဖြစ်ရမယ် … သူက ဘာကိစ္စ မုန့်မုန့်ကို ထိခိုက်အောင် လုပ်မှာလဲ …”
“ ဘယ်သူက ပြောနိုင်မှာ … သူက မုန့်မုန့်ကို မုန်းတီးနေတဲ့ ဖန်လား … ဒါမှမဟုတ် တခြား ရည်ရွယ်ချက်တွေ ရှိနေလား ပြောမရဘူးလေ …”
“ အလှလေး .. အဲ့လူ နောက်ပိုင်း ဆက်သွယ်လာသေးလား … သူ မင်းကို ဘာတွေ ပြောသေးလဲ …”
“ မကြောက်နဲ့ … ဒေါက်တာချန်က မင်းကို ကုသပေးနိုင်ရုံတင် မကဘူး … မင်းကိုလည်း ကာကွယ်ပေးနိုင်တယ် …”
ကြည့်ရှုသူများက ကျိုးမုန့်မုန့်ကို သူမ သိထားသည်များအားလုံး ချန်ယွီ့ကို ပြောပြဖို့ အားပေးလာကြသည်။
“ စိတ်ပူပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ် …”
ဖန်က ကျိုးမုန့်မုန့်ကို လက်ဆောင်ပေးပြီးနောက် သူက အတူ ဒိတ်လုပ်ချင်သည်။ သို့သော် သူမ ငြင်းပယ်လိုက်၏။
ထိုအခါ ချက်ချင်းပဲ ပရိသတ်ဆိုသူက ကျိုးမုန့်မုန့်ကို စနောက်ရုံတင်ပါဟု ပေါ့ပေါ့ပါးပါး ပြောလာပြီး သူမကို စိတ်ထဲ မထားဖို့ ပြောသည်။
“ ငါလည်း ပြိုင်ပွဲတွေနဲ့ အလုပ်များနေတော့ များများစားစား မတွေးမိလိုက်ဘူး … သူ့ကို ဒီတိုင်း သာမန်ဖန်တစ်ယောက်လိုပဲ ဆက်ဆံတာ….”
“ သူ မက်ဆေ့ချ်ပို့လာခဲ့တဲ့ အချိန်တိုင်း အားနာသမှုနဲ့ ပြန်စာ နည်းနည်းပို့ပေးလိုက်တယ် …”
ကျိုးမုန့်မုန့်က ကြည့်ရှုသူများ၏ အမေးကို ဖြေရင်း တစ်ဖက်လူက ဘာကြောင့် သူမကို ထိခိုက်အောင် လုပ်ချင်နေလဲဆိုတာကို အဖြေရှာနေခဲ့သည်။
ပြိုင်ပွဲမစတင်မီ သူမ ထိုလူနှင့် ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးကြောင်းလည်း သေချာသည်။ သူတို့နှစ်ဦးကြားတွင် ရန်ငြှိုးရန်စလည်း မရှိလေရာ ဘာကြောင့် သူမကို ထိခိုက်ချင်နေရသနည်း။
ပိုက်ဆံသုံးထားသည့် ကွန်းမန့်တစ်ခုက စခရင်ထက် ပေါ်လာသည်။
“ မုန့်မုန့် သူ့အချစ်ကို ငြင်းပယ်ခဲ့လို့ အဲ့လူက မုန်းတီးတဲ့ စိတ်တွေ ပြည့်နှက်သွားပြီး နည်းလမ်းတစ်ချို့နဲ့ လက်ကောက်ကို အသက်သွင်းလိုက်တာ ဖြစ်မယ် …”
နောက်ထပ် ပိုက်ဆံသုံးထားသည့် ကွန်းမန့်တစ်ခုကလည်း ပေါ်လာသည်။
“ ညီကို … ဒါက ရီမုကွန်ထိုး လေယာဉ်မဟုတ်ဘူးနော်… အဲ့လို ပိတ်ချင်တိုင်းပိတ် ၊ ဖွင့်ချင်တိုင်းဖွင့်လို့ ရသလား ….”
“မုန့်မုန့် … အဲ့လူရဲ့ နာမည် ဘယ်သူလဲ ပြောလိုက် … ငါတို့ ဒီမှာ မင်းရဲ့ ပရိသတ်တွေ အများကြီးရှိတယ် … မင်းအတွက် တရားမျှတမှုရအောင် လုပ်ပေးမယ် …”
ကြည့်ရှုသူတစ်ဦးက ကွန်းမန့်ပေးလာခဲ့သည်။
ကျိုးမုန့်မုန့် သူမဖုန်းကို ဖွင့်လိုက်ပြီး ဝီချက်ထဲသို့ ဝင်၍ ထိုလူ၏ ဝီချက်ပရိုဖိုင်ကို ပြလိုက်လေသည်။
“ ငါ -ိုး … အဲ့တာ ဟိုကောင်ပဲ ….”
“ အဲ့ကောင်ဆိုတာ သေချာလို့ကတော့ ဒင်း ဘယ်မှ ပြေးမလွတ်ပါဘူး ….”
“ ငါကြားတာတော့ သူ လိုက်တဲ့ အလှလေးတွေအကုန်လုံး အဆုံးသတ် မလှကြဘူးလို့ ကြားတယ် …”
“ ညီကိုတို့ … အဲ့ကောင် အခု လိုက်စထွင်းလွင့်နေတယ် … သူ့ စထွင်းထဲ သွားပြီး ဝင်စီးကြမယ် …”
ကျိုးမုန့်မုန့် ပြသည့် အကောင့်နာမည် ပိုင်ရှင်က သခင်လေး ကျောက် ဖြစ်သည်ကို လူတိုင်း မြင်တွေ့လိုက်ကြရသည်။ သခင်လေးကျောက်၏ ပရိုဖိုင်ပုံမှတစ်ဆင့် ကြည့်ရှုသူများမှာ သူ၏ တခြား အထောက်အထား တစ်ခုကို မှတ်မိသွားခဲ့ကြသည်။
သူက သူ့ရဲ့ ကြွယ်ဝမှုတွေကို ကြွားဝါရတာ နှစ်သက်သည့် ဟူယွီပလတ်ဖောင်း၏ နာမည်ကြီး စထွင်မာ တစ်ဦးပင်။
[မြေပိုင်ရှင်ရဲ့ ဘဝကြီးက ပျင်းဖို့ကောင်းတယ် ] ဆိုသည်မှာ သူ၏ အွန်လိုင်း အသုံးပြုသူနာမည် ဖြစ်၏။
ဤ စထွင်မာငနဲက သူ့ ကြွယ်ဝမှုများကို ကြွားဝါရတာ နှစ်သက်ပြီး မိန်းမပျိုလေးများ၏ အသည်းနှလုံးကို အမျိုးမျိုး ကစားတတ်သူလည်း ဖြစ်သည်။
စာစဉ် (၉) ပြီး၏။