← Chapters

အခန်း (၉၁၃+၉၁၄)

Vol. 64 Ch. 913+914

အခန်း (၉၁၃+၉၁၄)

Vol. 64 Ch. 913+914

Chapter 913

The Ominous Source

ထျန်းမင်ကမ္ဘာသခင်ကြီးနှင့် တိုက်ခိုက်ဖူးခဲ့ကြသူများအားလုံး လောရုံအား လှမ်းကြည့်လိုက်ကြ၏။

လောရုံက အူကြောင်ကြောင်ပုံဖြင့် ခေါင်းကုတ်ရင်း ပြောသည်။

" ဟိုကောင်ရဲ့ အရောင်အဝါက တကယ်လဲ ထျန်းမင်ကမ္ဘာသခင်ကြီးနဲ့ ဆင်တယ်... "

အစောပိုင်းတွင် လောရုံနှင့် သူ့လူများက လျို့ကျီရှီတို့ လူအုပ်အား အစွမ်းပြည့်သုံး၍ တိုက်ခိုက်ခဲ့ကြပါ၏။

သို့သော် ... တိုက်ပွဲကောင်းကြီး ဖြစ်မည်ဟု သူတို့မျှော်လင့်ထားခဲ့သည့်ပွဲ၏ အဆုံးသတ်မှာ ...

သူတို့ နည်းနည်းလေး တိုက်ခိုက်ရုံဖြင့်ပင် ကျို့ကျွမ်ဂိုဏ်းမှ လူများအားလုံး သေသွားခဲ့ကြလေပြီ ။

တိုက်ပွဲကြားမှ ထွက်ပြေးသွားခဲ့ကြသော လူနှစ်ယောက်သည်ပင် နောက်ဆုံး သေသွားခဲ့ကြပါ၏။

ယခုတိုက်ပွဲက သူတို့ထင်ထားသည်ထက် များစွာပိုလွယ်သည်ဟု ဆို၍ရပါသည်။

" တကယ်တော့ အကိုလောရုံပြောတာ မှန်တယ်ကွ ။ ခုနက ဟိုကောင်ကြီးရဲ့ အစွမ်းက ထျန်းမင်ကမ္ဘာသခင်ကြီးနဲ့ တကယ်တူတယ် "

ထိုစဥ် ထျန်းမင်ကမ္ဘာသခင်ကြီးနှင့် အချိန်အကြာဆုံး တိုက်ခိုက်ခဲ့သော လောဖန်က ပြောလာသည်။

" ဟင်.. ဒါဆိုရင် ဘာဖြစ်လို့ .... "

တစ်ယောက်က နားမလည်နိုင်ဟန်ဖြင့် မေး၏။

ထျန်းမင်ကမ္ဘာသခင်ကြီးနှင့် တိုက်ပွဲက မည်မျှခက်ခဲခဲ့ကြောင်း သူတို့ မှတ်မိနေပါသေးသည်။

လောဖန် ပြန်ပြောသည်။

" အခု ငါတို့ အေးအေးဆေးဆေး ဖြစ်သွားရတဲ့အကြောင်းရင်း နှစ်ချက်ရှိတယ် ။ ပထမတစ်ချက်

က.. စောနကလူရဲ့ ကျင့်ကြံခြင်းက အဆင့်မနိမ့်ပေမယ့် သူ့ဆီမှာ အကာအကွယ် မူလမသေမျိုးလက်နက် မရှိဘူး "

ထိုစကားကို ကြားသည်နှင့် အားလုံး သဘောပေါက်သွားကြပါ၏။

မှန်ပါသည် ။ ထိုစဥ်က ထျန်းမင်ကမ္ဘာသခင်ကြီး အလွန်အစွမ်းထက်ခဲ့ရသည့် အကြောင်းရင်းမှာ သူ့ထံတွင် သာမာန် မူလမသေမျိုးလက်နက်များထက် များစွာပိုသာသည့် အစောင့်အကြပ် မူလမသေမျိုးလက်နက်တစ်ခု ရှိနေသောကြောင့်ပင် ။

ထိုလက်နက်က ကမ္ဘာတစ်ခုလုံး၏ အစွမ်းကိုပင် ထုတ်သုံးနိုင်ပေရာ ... နတ်ဘုရားလက်နက်သည်ပင် ၎င်းကို အပြည့်အဝ မယှဥ်နိုင်ပါချေ။

လောဖန်က စကားဆက်သည်။

" ဒုတိယအကြောင်းရင်းကတော့ ... အဲ့တိုက်ပွဲ ပြီးသွားခဲ့တာ လနဲ့ချီပြီး ကြာသွားခဲ့ပြီလေ ။ ငါတို့တွေအားလုံး အဲ့တိုက်ပွဲပြီးတဲ့နောက် ... အချိန်နဲ့နေရာဗိမ္မာန်ထဲမှာ ရက်တွေအများကြီး ကျင့်ကြံခဲ့ကြ

သေးတာဆိုတော့.. ငါတို့ရဲ့ လက်ရှိအစွမ်းက အဲ့တုန်းကနဲ့ တခြားစီဖြစ်သွားပြီ "

အားလုံး သဘောတူစွာ ခေါင်းညိတ်လိုက်ကြ၏။

အမှန်တကယ်လည်း ဟုတ်ပါသည်။

အပြင်ကမ္ဘာတွင် လပိုင်းလောက်သာ ကုန်သွားခဲ့ချိန်၌.. အချိန်နဲ့နေရာဗိမ္မာန်ထဲ ကျင့်ကြံနေခဲ့ကြသူများအဖို့ နှစ်ပေါင်းထောင်ချီကြာ ကုန်သွားခဲ့ပြီး မဟုတ်ပါလား ။

ကျင့်ကြံခြင်းကို ရူးသွပ်သူအချို့ဆိုလျှင် နှစ်ပေါင်းသောင်းချီကြာပင် ကျင့်ကြံထားခဲ့ကြပါ၏။

သို့ဖြစ်ရာ သူတို့၏ ကျင့်ကြံခြင်းအဆင့်က ထိုစဥ်ကနှင့် ယှဥ်မရတော့ပါချေ ။

ထို့ကြောင့်လည်း ယခုတိုက်ပွဲက များစွာ ပိုလွယ်နေခြင်းပင် ။

အားလုံး ထိုသို့ အတွေးနယ်ချဲ့နေကြစဥ်တွင်.. လူ

အုပ်ကြားထဲ ရှိနေသော လုံယီရွှယ်က စိတ်မရှည်တော့ဟန်ဖြင့် ပြောလာပါသည်။

" မင်းတို့အားလုံးက ဒီမှာ ဘာရပ်လုပ်နေကြသေးတာလဲ။ ငါတို့တွေ ဒီကိုလာခဲ့တဲ့ အကြောင်းရင်းကို မေ့သွားပြီလား "

ထိုစကားကို ကြားမှ အားလုံး အသိပြန်ဝင်လာကြသည်။

" ကဲ... မြန်မြန်လှုပ်ရှားကြဟေ့ ။ ရှိတဲ့ ပစ္စည်းကောင်းတွေအားလုံး ယူကြ ။ ကိုယ့်မှာ အတွင်းကမ္ဘာငယ် ရှိတဲ့သူတွေက ပစ္စည်းတွေကို အဲ့ထဲထည့်ကြ ။ မရှိတဲ့သူတွေကလဲ ဟင်းလင်းပြင်လက်စွပ်ကို သုံး "

" အပေါ်ကမ္ဘာက အင်အားကြီး အဖွဲ့တစ်ခုကို ပထမဆုံးအကြိမ် ဖျက်ဆီးရတော့မှာပေါ့ကွာ "

" အိမ်သာကျင်းကိုရော ရှာဖို့မမေ့နဲ့နော် "

အားလုံး ပြောနေရင်းပင် လှုပ်ရှားလိုက်ကြပါသည်။ သူတို့ အလွန်လည်း စိတ်လှုပ်ရှားနေကြ၏။

ထိုစဥ် ထိုစဥ် ကျို့ကျွမ်တောင်ခြေ၌ ....

" အကိုကြီး ၊ ဒီဟာက ကျို့ကျွမ်တောင်လား "

ခပ်ထွားထွား ကောင်လေးတစ်ယောက်နှင့် ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်တို့ တောင်နှင့် မိုင် လေး၊ငါးဆယ်ခန့် ဝေးသောနေရာတွင် ရပ်နေကြသည်။

" ဟုတ်တယ်ကွ ၊ အဲ့ဒါ ကျို့ကျွမ်တောင်ပဲ ။ ဒီအနီးနား မိုင်တစ်သောင်းပတ်လည်အတွင်းမှာ အစွမ်းအထက်ဆုံး ဂိုဏ်းတစ်ခုပေါ့ကွာ "

အသက်ပိုကြီးသည့် လူငယ်က မသေမျိုးစွမ်းအင်များ လွှမ်းခြုံနေသော တောင်တံခါးဝကို အရောင်လက်နေသည့် မျက်လုံးများဖြင့်ကြည့်ရင်း ဆိုသည်။

" ဒီတစ်ခေါက်တော့ ငါတို့တွေ ကျို့ကျွမ်ဂိုဏ်းထဲကို သေချာပေါက် ဝင်နိုင်တော့မှာကွ "

သူ စိတ်လှုပ်ရှားစွာ ဆက်ပြော၏။

" ဟင်... အကိုကြီး ၊ ကျုပ် အမြင်မှားနေတာများလားဗျာ ။ ကျို့ကျွမ်တောင်ရဲ့ နတ်ဘုရားအလင်းတန်းက ပိုပိုပြီးတော့ မှိန်လာသလိုပဲ... "

ထိုစဥ် သူ့ဘေးမှ လူငယ်လေးက မျက်လုံးကို လက်ဖြ

င့်ပွတ်ကာ ပြောသည်။

" ဟင်.. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲကွ ။ ငါ ပြီးခဲ့တဲ့နှစ်တွေမှာ ကျို့ကျွမ်ဂိုဏ်းကို နှစ်တိုင်းရောက်ပါတယ်ကွာ ။ ရောက်တိုင်းလဲ သူတို့ရဲ့ နတ်ဘုရားအလင်းတန်းက မပြောင်းလဲပါဘူး ။... ဟင် .. တောင်တံခါးပေါက် ဘယ်ရောက်သွားပြီလဲ "

အသက်အနည်းငယ် ပိုကြီးသည့် လူငယ်မှာ ရှေ့မှမြင်ကွင်းကို ကြည့်နေရင်း အံ့အားသင့်သွားသည်။

အစောကလေးတင် တောင်တံခါးဝပေါ်၌ လင်းလက်နေသော နတ်ဘုရားအလင်းတန်းကို သူ မြင်ခဲ့ရပါသေး၏။

ယခု မျက်စိတစ်မှိတ်ခန့်လေးအတွင်း ... တောင်တံခါးပေါက်ပါ ပျောက်သွားခဲ့တာလား...

" အကိုကြီး.. ကြည့်ပါဦး ၊ တောင်ပေါ်က အဆောက်အဦးတွေလဲ မရှိတော့ဘူးဗျ "

လူငယ်က ထပ်ပြောလာသည်။

" ဘယ်လို... "

အသက်ပိုကြီးသည့် လူငယ် အံ့အားသင့်သွားကာ တောင်ထိပ်ပေါ်သို့ လှမ်းကြည့်လိုက်၏။

ဟုတ်ပါသည် ။ လွန်ခဲ့သော စက္ကန့်ပိုင်းလေးကပင် မသေမျိုးအလင်းတန်းများ လွှမ်းခြုံထားသော အဆောက်အဦးများ အားလုံးက ယခု အစအနပင်မကျန်ခဲ့တော့ပါ ။

" ငါ ... တောင်တံခါးဝကို ခဏလေးပဲ ကြည့်လိုက်တာပါကွာ ။ အဲ့လောက်အချိန်လေးအတွင်းမှာ တောင်ပေါ်က အဆောက်အဦးတွေအားလုံး ပျောက်ကုန်တာလား ။ ဒါ.. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "

သူ အံ့သြတုန်လှုပ်စွာ ပြောလိုက်သည်။

" အကိုကြီး... ထပ်ကြည့်လိုက်ဦး ၊ ဟိုနားမှာ လူတွေ ပျံနေသလိုပဲ "

ထိုစဥ် လူငယ်လေးက အံ့သြတကြီး ထပ်ပြောလာသည်။

အသက်ပိုကြီးသည့်လူငယ် လှမ်းကြည့်လိုက်ရာ.... ထောင်နှင့်ချီသော လူအုပ်က ကျို့ကျွမ်တောင် မြေပြင်မှနေ၍ လေထဲပျံတက်ပြီး ခပ်လှမ်းလှမ်း

ကောင်းကင်ယံသို့ ပျံသန်းသွားသည်ကို မြင်လိုက်ရ၏။

သူ အံ့သြမှင်သက်နေပြီး ... ထွက်ခွာသွားသော လူအုပ်ကိုတစ်လှည့် ၊ ကျို့ကျွမ်တောင်ကိုတစ်လှည့် ကြည့်ရင်း တုန်လှုပ်စွာ ရေရွတ်လိုက်သည်။

" ကျို့ကျွမ်တောင်က ... နေရာရွှေ့သွားတာလား "

ထိုစဥ်တွင်... တဖက်မှ လောရုံတို့အဖွဲ့မှာ ကျို့ကျွမ်တောင်မှ ခွာ၍ မြောက်ဘက်သို့ ပျံသန်းသွားကြပါ၏။

" အကိုလောရုံ ၊ ကျို့မိသားစုက ရှေ့နားလေးမှာဗျ ။ အဲ့မိသားစုကတော့ ကျို့ကျွမ်တောင်ထက် ပြဿနာပိုများနိုင်တယ် ။ သူတို့ဆီမှာ မသေမျိုးဘုရင်တစ်ယောက် ရှိတယ် ... "

စိတ်ဝိဥာဥ်အဖွဲ့မှ လူငယ်တစ်ယောက်က ပြောလာသည်။

လောရုံ မျက်နှာတည်သွား၏။

" အင်း... မသေမျိုးဘုရင်က တကယ်လဲ ပေါ့သေးသေးမဟုတ်ဘူးကွ ။ ထျန်းယွမ်ကမ္ဘာမှာတုန်းက ဟို

ကျူးကဲ့ကျန့်ဆိုတဲ့တစ်ယောက်က အချိန်နဲ့နေရာဗိမ္မာန်ထဲမှာ နှစ်တစ်သောင်းလောက် ကျင့်ကြံပြီးတော့ မသေမျိုးဘုရင်အဆင့်ကို ရောက်သွားခဲ့တယ်။ ငါ သူနဲ့ တစ်ကြိမ်တိုက်ခိုက်ကြည့်ဖူးတယ်ကွ ။ သူက တကယ်ကို အံ့မခန်းအစွမ်းထက်တာ "

ဒါဆိုရင် ကျုပ်တို့တွေ ဘာဆက်လုပ်ကြမလဲ "

အခြားတစ်ယောက်က စိုးရိမ်တကြီး မေးသည်။

လောရုံ အသက်ပြင်းပြင်း ရှိုက်လိုက်၏။

" ကိစ္စမရှိပါဘူးကွာ ။ မသေမျိုးဘုရင် တစ်ယောက်က တကယ်အစွမ်းထက်တယ် ဆိုပေမယ့် ရှောင်ရှောင်းရယ် ၊ သခင်မလေးလုံ ရယ် ၊ ငါရယ် သုံးယောက်ပေါင်းအစွမ်းနဲ့ဆို ခဏလောက်တော့ ထိန်းထားနိုင်မှာပါ ။ အဲ့အချိန်အတွင်းမှာ မင်းတို့က မူလမသေမျိုးလက်နက်နဲ့ သူ့ကို ဖိနှိပ်လိုက်ကြ။ တကယ်လို့ အဲ့နည်းလမ်းက အလုပ်မဖြစ်ဘူးဆိုရင်တောင် ... ငါ့ကို အကိုထျန်း ပေးထားတဲ့ လျှို့ဝှက်နည်းတစ်ခု ရှိသေးတယ် "

သူ့စကားကို နားထောင်ပြီးနောက် အားလုံး စိတ်အေးသွားကြပါသည်။

ထိုစဥ်မှာပင်..

ဝုန်း ...

ခပ်လှမ်းလှမ်းရှိ ကျို့မိသားစု အိမ်တော်ဘက်မှ အစွမ်းထက် အရောင်အဝါတစ်ခု ရုတ်ချည်းထွက်လာပါ၏။

ထို့နောက်တွင်.. လူတစ်ယောက်က လောရုံတို့လူအုပ်ရှေ့ ရောက်လာသည်။

" မိတ်ဆွေတို့ ၊ ကျုပ်တို့ ကျို့မိသားစုကို ဘယ်လိုကိစ္စနဲ့ လာခဲ့ကြတာလဲ "

ထိုလူက တစ်လုံးချင်းပြောပြီး မေး၏။ သူ့အသံမှာလည်း ပုံမှန်လူတစ်ယောက်၏ အသံလို ဟုတ်မနေဘဲ ထူးဆန်းနေပါသည်။

" ဒီလူကြီးက ထူးဆန်းတယ် ... "

အားလုံးခေါင်းထဲ သတိအနေအထား ဖြစ်သွားကြသည်။

လောရုံက အေးစက်စက် ပြန်ပြော၏။

" ကျုပ်တို့လား.. ကျုပ်တို့က မင်းတို့ ကျို့မိသားစုကို အပြောင်ရှင်းဖို့ လာခဲ့ကြတာ "

" ကျို့မိသားစုကို အပြောင်ရှင်းမယ်.. ဟုတ်လား "

ကျို့မိသားစုမှ မသေမျိုးဘုရင် မျက်ခုံးပင့်သွားကာ လောရုံအား မျက်မှောင်အနည်းငယ်ကြုံ့၍ ကြည့်သည်။

" ဘာတွေဖြစ်နေတာလဲ ။ ဒီကောင်တွေအားလုံးက တော်တော်အစွမ်းနိမ့်ကြသေးတယ် ။ သူတို့ထဲက အများစုက ကောင်းကင်ဘုံတံခါးဝအဆင့်မှာ ရှိသေးတာ ... စိတ်ဝိဥာဥ်မသေမျိုးအဆင့်ကို ရောက်တဲ့သူတောင် နည်းနည်းလေးပဲ ပါတယ် ။ ငါက ဘာကိစ္စကြောင့် အဲ့လိုအစွမ်းနိမ့်တဲ့ကောင်တွေကို စိုးရိမ်စိတ် ဝင်နေရတာလဲ "

ထိုမသေမျိုးဘုရင်၏ ခေါင်းထဲ မေးခွန်းပေါင်းစုံ ဖြစ်သွားပါတော့သည်။

ကျို့မိသားစု၏ မသေမျိုးဘုရင်သည် နတ်ဘုရားသိုင်းပညာတွင် အလွန်ကျွမ်းကျင်ပြီး ထိုကျွမ်းကျင်မှုဖြင့် ကံဆိုးခြင်းများစွာကို ရှောင်တိမ်းနိုင်ခဲ့ရုံမက

ကောင်းကင်ဘုံပျက်စီးခြင်း များစွာမှလည်း လွတ်မြောက်ခဲ့ပါ၏။

ထို့ကြောင့်လည်း ကျို့မိသားစုက မထင်မရှားအဖွဲ့ငယ်လေး တစ်ခုအဖြစ်မှ လက်ရှိအခြေအနေသို့ တိုးတက်လာခဲ့ခြင်းပင် ။

သို့သော်... သူ ကျင့်ကြံခြင်းလောကထဲ စဝင်ခဲ့သည့် အချိန်မှစ၍ စိတ်မသက်မသာ ခံစားရသည်မှာ ယခုက ပထမဆုံး ဖြစ်ပါသည်။

" တစ်ခုခုတော့ လွဲနေပြီ ။ ဒီကိစ္စကို သေချာစုံစမ်းပြီးတော့ ပြဿနာရဲ့ အရင်းမြစ်ကဘာလဲဆိုတာ သိအောင်လုပ်ရမယ် "

မသေမျိုးဘုရင်မှာ ခေါင်းထဲတွင် အတွေးပေါင်းစုံ ပြေးလွှားနေသော်လည်း ဟန်မပျက်စေဘဲ လောရုံတို့လူအုပ်ကိုကြည့်၍ ယဥ်ယဥ်ကျေးကျေး ဆက်ပြောပါ၏။

သို့သော် သူ့ရင်ထဲတွင်မူ ဆုံးဖြတ်ချက် ချပြီးသွားလေပြီ ။

" မင်းတို့ ဘယ်သူတွေလဲဆိုတာ ကြည့်ကြသေးတာပေါ့ကွာ "

ထို့နောက် ချက်ချင်းမှာပင် သူ ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို ဖွင့်ထုတ်ပြီး မူလဇစ်မြစ်ကို နောက်ယောင်ခံကြည့်လိုက်ရာ ...

တောင်တစ်ခုပေါ်ရှိ ရိုးရိုးရှင်းရှင်း သစ်သားအိမ်တစ်လုံးကို တွေ့လိုက်ရသည်။

ထိုသစ်သားအိမ်ထဲရှိ အိပ်ရာထက်တွင်ကား လူငယ်လေးတစ်ယောက် အိပ်ပျော်နေပါ၏။

" ဟင်.... ငါ ခံစားနေရတဲ့ ကြောက်စရာအငွေ့အသက်က အဲ့ကနေလာခဲ့တာလား ။ ဒါပေမယ့်... အဲ့လူကိုလဲ ငါ မသိပါဘူး ။ သူ.. ဘယ်သူလဲ "

" မဖြစ်ဘူး ၊ မသိသိအောင် လုပ်မှရမယ် ။ သူ့ရဲ့ လျှို့ဝှက်ချက်တစ်ခုကို ကြားဖြတ်ယူကြည့်ပြီးတော့ သူ ဘယ်သူလဲဆိုတာ သိအောင်လုပ်ရမယ် ။ အဲ့ကျရင် .. သူရထားတဲ့ အခွင့်ကောင်းတစ်ခုခုကိုတောင်

ငါ ရသွားနိုင်သေးတယ် "

မသေမျိုးဘုရင် ထိုသို့တွေးပြီး အိပ်ရာထက်တွင်လှဲနေသော လူငယ်လေး၏ လျှို့ဝှက်ချက်များကို ယူကြည့်ရန် ကြိုးစားလိုက်သည်။

ထိုစဥ်.... ထျန့်ကျီတောင်ပေါ်ရှိ သစ်သားအိမ်လေးထဲ အိပ်နေသော လောထျန်းတစ်ယောက် မျက်နှာက အနည်းငယ် ယားလာသလို ခံစားလိုက်ရပါ၏။

ထို့ကြောင့် သူ စိတ်ထဲအလေးနက် မရှိလှဘဲ သူ့ပါးသူ ပြန်ရိုက်လိုက်သည်။

ဖြောင်း ...

ထိုအချိန်... မိုင်ပေါင်းများစွာ ဝေးသောနေရာ၌ ... ကျို့မိသားစုမှ မသေမျိုးဘုရင် ရုတ်တရက် သွေးအန်သွား၏။

Chapter 914

Trapping and Killing the Immortal King

" ဟင်.. သူက ဘာဖြစ်လို့ သွေးအန်နေတာလဲ "

ပျောင်ပိုင်မြို့သားများ အားလုံး အံ့အားသင့်ကုန်ကြ၏။

ထိုအဘိုးအိုမှာ အစောပိုင်းလေးကတင် မျက်နှာမာထန်စွာ ရှိနေခဲ့သေးပါသည်။

ယခု အဘယ့်ကြောင့် ရုတ်တရက်ကြီး သွေးအန်နေရပါသနည်း ။

အကွက်ဆင်ပြီး လှည့်စားဖို့ ကြိုးစားနေတာလား ...

ထိုစဥ်... လေထဲတွင်ရှိနေသော မသေမျိုးဘုရင်၏ ခန္ဓာကိုယ် ယိုင်သွားကာ.. အောက်ပြုတ်ကျလာ၏။

ဘုန်း...

အသံကျယ် တစ်သံနှင့်အတူ မြေပြင်တွင် တွင်းနက်

ကြီးတစ်ခု ပေါ်လာသည်။

အားလုံးမှာလည်း ထိုမြင်ကွင်းကြောင့် အံ့သြတုန်လှုပ်သွားကြပြန်ပါ၏။

" ဘာတွေဖြစ်နေတာလဲ... "

လောရုံက နားမလည်နိုင်ဟန်ဖြင့် မေးသည်။

" ဒီလူကြီးက တမင်ဟန်ဆောင်နေတာများလား.... "

" အနားကို သွားကြည့်လိုက်ရင် ကောင်းမလား "

လောရုံတို့လူအုပ် ပြောပြောဆိုဆိုပင် တွင်းနက်ကြီးနားသို့ ကပ်သွားလိုက်ကြသည်။

သို့သော် ... သူတို့ အနားရောက်သွားချိန်တွင်မူ.. မသေမျိုးဘုရင်၏ အသက်အစွမ်းက ကုန်ဆုံးနေခဲ့လေပြီ ။

" ဘယ်လိုဖြစ်ပြီးတော့... "

အားလုံး အံ့သြမှင်သက်သွားရပြန်တော့၏။

" သူ.. ဘယ်လိုလုပ်ပြီး သေသွားတာလဲ "

" ငါလဲ မသိဘူးလေ ။ ဘယ်သူမှလဲ သူ့ကို မထိရသေးဘဲနဲ့ ဘယ်လိုလုပ်ပြီး သေသွားတာလဲ "

" ဒီလူက... အကြောက်လွန်ပြီး သေသွားတာများလား... "

" အဲ့ဒါကြီးကတော့ ဖြစ်နိုင်ပါ့မလားကွာ... "

အားလုံး သူတို့ထင်ရာကို ပြောလိုက်ကြပါသည်။

ထိုစဥ် လောရုံက အားလုံးကို လက်ကာပြ၍ ပြောလာ၏။

" အဲ့လူကြီးက ဘယ်လိုနည်းနဲ့ပဲ သေသေ ၊ သေတာက သေသွားပြီ ။ အဲ့တော့ ကျို့မိသားစုကို သွားသိမ်းလိုက်ကြစို့ "

" ဟုတ််တယ်.. "

" သွားကြမယ်ဟေ့ "

သူတို့အားလုံး ကျို့မိသားစု အိမ်တော်ထဲသို့ ဝုန်းခနဲ ပြေးဝင်သွားလိုက်ကြတော့သည်။

ထိုစဥ် အခြားတဖက်တွင်ကား... လောထျန်းတစ်ယောက် အိပ်ချင်မူးတူးဖြင့် မျက်လုံးဖွင့်လာ၏။

" ခုနက ဘာပါလိမ့်.. ခြင်လားမသိဘူး ၊ ယားကျိကျိနဲ့ "

သူ ပြောပြီး လက်ဖြန့်ကြည့်လိုက်သည့် အချိန်တွင်လည်း ဘာခြင်ကိုမှ မတွေ့ရပါချေ။

" ထားပါလေ.. အစောကြီး ရှိသေးတာ ၊ ပြန်အိပ်တာပဲ ကောင်းပါတယ် "

လောထျန်း ဝါးခနဲသန်းကာ ပြန်အိပ်သွားသည်။

အခြားတဖက် ကျို့မိသားစု အိမ်တော်တွင်ကား...

မဟုတ်သေးပါ ၊ အတိအကျ ပြောရလျှင် ကျို့မိသားစုအိမ်တော် အပျက်အစီးများ ကြားထဲ၌ဟု ပြောရပါမည် ။

လောရုံတို့လူစု အားလုံးကို ရှာဖွေသိမ်းဆည်းပြီးနောက် ပြန်ထွက်ခွာလိုက်ကြ၏။

ကျို့မိသားစု အိမ်ဝင်းအတွင်းတွင်မူ ... အဆောက်အဦး အကျိုးအပျက်လေးပင် မကျန်ခဲ့တော့ပါ ။

" ကျို့မိသားစုက ဘယ်လိုလူမျိုးကိုမှ သွားပြီးရန်စမိခဲ့တာလဲကွာ "

" မသိပါဘူးကွာ ၊ အဲ့လူတွေက အင်မတန်တော့ ရက်စက်ကြတယ်နော် "

" ဟုတ်တယ်ကွ ၊ ခုလိုအဖြစ်မျိုး ငါ့တစ်သက်မှာ တစ်ခါမှတောင် မကြားဖူးပါဘူးကွာ "

" ဟုတ်တယ်ကွ ၊ ချင်းယွမ်ဒေသထဲမှာ အဲ့လိုမျိုးလုပ်တတ်တဲ့ အဖွဲ့ရှိတယ်လို့ ငါ တစ်ခါမှမကြားဖူးဘူး ။ သူတို့တွေက မြက်ပင်လေးတစ်ပင်တောင် ချန်မထားခဲ့ကြဘူး "

" အမလေး.. မြက်ပင်မပြောနဲ့ ၊ ချီးတွင်းကိုတောင်

ချမ်းသာမပေးကြပါဘူးကွာ "

ထိုစကားကို ကြားချိန်တွင် အားလုံး၏အကြည့်က မွှစာကြဲအောင် မွှေနှောက်ခံထားရသော အိမ်သာတွင်းဘက်သို့ ရောက်သွားကြသည်။ သူတို့ ကျောရိုးထဲထိတိုင် ချမ်းစိမ့်သွားသလိုလည်း ခံစားလိုက်ကြရ၏။

" အဲ့ဒါကို မေးခွန်းထုတ်မနေကြနဲ့တော့ကွ ။ ကျို့မိသားစုကိုတောင် ဒီအခြေနေထိရောက်အောင် လုပ်နိုင်တဲ့ အဖွဲ့တစ်ခုက ပေါ့သေးသေးတော့ မဟုတ်ဘူး ။ အဲ့တော့ သူတို့တွေနဲ့ ပြဿနာမတက်မိစေနဲ့ "

အားလုံး သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။

ထိုစဥ်.. လောရုံတို့လူစုမှာ သူတို့၏ နောက်ဆုံးဦးတည်ရာသို့ ရောက်နေကြလေပြီ ။

" အကိုလောရုံ ၊ ရှေ့မှာ လီမိသားစုရဲ့အိမ် ရှိတယ် ။ အဲ့နေရာက ဟို လီချန်းယန်ဆိုတဲ့ကောင်ရဲ့ နေရာပဲ ။ ဒီ လီမိသားစုက ကျို့ကျွမ်ဂိုဏ်းထက်ရော ၊ ကျို့မိသားစုထက်ရော အများကြီး ပိုအစွမ်းထက်တယ်ဗျ ။ သူတို့ မိသားစုထဲမှာလဲ အနည်းဆုံး မသေမျိုး

ဘုရင် နှစ်ယောက်လောက် ရှိနိုင်တယ် "

စိတ်ဝိဥာဥ်အဖွဲ့မှ လူငယ်လေးတစ်ယောက်က လောရုံကို ပြောသည်။

" မသေမျိုးဘုရင် အနည်းဆုံး နှစ်ယောက်ရှိတယ်.. ဟုတ်လား "

လောရုံ မျက်မှောင်အနည်းငယ် ကြုံ့သွားကာ ခေါင်းညိတ်လိုက်၏။

" အကိုလောရုံ ၊ ကျုပ်တို့တွေ အားလုံးပေါင်းပြီး အစွမ်းကုန်သုံး တိုက်ခိုက်ကြမလား ။ မသေမျိုးဘုရင် နှစ်ယောက်ရှိတယ်ဆိုရင်တောင် ကျုပ်တို့ မကြောက်ပါဘူး "

လောချင်းက မျက်နှာမော်ချီကာ ပြောလာသည်။

ကျန်လူများလည်း ခေါင်းညိတ်ထောက်ခံလိုက်ကြ၏။

လောရုံ ခေတ္တမျှ စဥ်းစားပြီးမှ ပြန်ပြောသည်။

" အင်း... မသေမျိုးဘုရင် နှစ်ယောက်ဆိုရင် အန္တရာယ်များလွန်းတယ်ကွ ။ ငါတို့ဘက်က အသေအပျောက် ရှိသွားနိုင်တယ် "

" ဒါဆို.. ကျုပ်တို့ ဘာလုပ်ကြမလဲ ။ နောက်ပြန်ဆုတ်ကြမလား "

လောယွိက မျက်မှောင်ကြုံ့ရင်း မေးလာသည်။

လောရုံ ခေါင်းယမ်းပြပါ၏။

" ဘာလို့ နောက်ဆုတ်ရမှာလဲကွ ။ ဒီကောင်တွေက ငါတို့အကိုထျန်းကိုတောင် သတ်ဖို့ စဥ်းစားရဲကြသေးတာပဲ.. အဲ့လိုကောင်တွေကို အလွတ်ပေးလို့မဖြစ်ဘူး "

" ဒါဆိုရင်.. အကိုလောရုံ ဆိုလိုတဲ့သဘောက... "

အားလုံး သူ့ဘက် လှမ်းကြည့်လိုက်ကြသည်။

ထိုစဥ် လောရုံက လက်ဆန့်ထုတ်၍ သူ့အကျ်ီအိတ်ထဲမှ အဆောင်ကျောက်ပြား လက်တစ်ဆုပ်စာခန့်ကို ထုတ်လိုက်၏။

" ဒါကို သုံးလိုက် "

သူ ပြောသည်။

" အင်.. အဲ့ဒါ ဘာတွေလဲ "

ကျန်လူများ နားမလည်နိုင် ဖြစ်ကုန်ကြ၏။

လောရုံက ရယ်ရင်း ပြန်ပြောသည်။

" အကိုထျန်း ပြောတာတော့ ဒီဟာကို မသေမျိုးအစီအမံပုံကြမ်းလို့ ခေါ်တယ်တဲ့ကွ ။ သူ ဟိုတလောက ပျင်းနေတဲ့အချိန် ငါလိုအပ်လာရင် သုံးဖို့ဆိုပြီး ပေးထားခဲ့တာ "

" မသေမျိုးအစီအမံပုံကြမ်း ... ဟုတ်လား "

အားလုံး စိတ်ဝင်တစား ဖြစ်သွားကြသည်။

" ဒီလို ဘာမဟုတ်တဲ့ အဆောင်ကျောက်ပြားလေးတစ်ခုက မသေမျိုးဘုရင်တစ်ယောက်နဲ့ ယှဥ်နိုင်ပါ့မလား "

အချို့ကမူ ယုံကြည်ဟန်မတူပါ ။

လောရုံ ခဏတာစဥ်းစားပြီးမှ ပြန်ပြောပါသည်။

" အဲ့ဒါတော့ ငါလဲ မသိဘူးကွ ။ ဒါပေမယ့်.. အကိုထျန်းကိုယ်တိုင် ပေးထားတာဆိုတော့.. ဒီကျောက်ပြားက အစွမ်းတော့ရှိမှာပါ ။ အရင်ဆုံး စမ်း

ကြည့်လိုက်မယ်ကွာ.. "

အားလုံးကလည်း ယုံတဝက် ၊ မယုံတဝက်ဖြင့် ခေါင်းညိတ်လိုက်ကြ၏။

ထိုစဥ် လောရုံက အဆောင်ကျောက်ပြားတစ်ခုကို လက်ထဲ ကိုင်လိုက်သည်။

" အရင်ဆုံး ဒီတစ်ခုကို စမ်းကြည့်လိုက်မယ်... "

သူ တီးတိုးရေရွတ်ပြီး လက်ထဲမှ မသေမျိုးအစီအမံပုံကြမ်းအား လီမိသားစုအိမ်ဝင်းဘက်သို့ ပစ်လိုက်၏။

ဝှစ် ...

လောရုံ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက်.. လီမိသားစု အိမ်ဝင်းဘက်မှ အစွမ်းထက် အရောင်အဝါသုံးခု ရုတ်ချည်းပေါက်ထွက်လာသည်။

" ငါတို့ လီမိသားစုကို တိုက်ခိုက်ရဲတာ ဘယ်ကောင်လဲ "

" သေချင်နေပြီနဲ့တူတယ် "

" ဒါယွိနိုင်ငံမှာ ထိပ်တန်းအဆင့် စာရင်းဝင်တဲ့ ငါတို့ လီမိသားစုကို ဘယ်အကန်းက လာတိုက်ခိုက်ရဲတာလဲ ။ သေချင်နေတာလား "

စကားသံများလည်း တဆက်တည်း ထွက်လာကာ အရောင်အဝါသုံးခု လေထဲလွင့်တက်လာသည်။

ထိုအရောင်အဝါကို အာရုံခံမိသော လောရုံတို့လူစုမှာလည်း ချက်ချင်း မျက်နှာထားပြောင်းကုန်ကြ၏။

" မသေမျိုးဘုရင် နှစ်ယောက်မဟုတ်ဘဲ.. သုံးယောက်တောင် ရှိနေတာလား "

" မသေမျိုးဘုရင် သုံးယောက်ဆိုရင်တော့ ပြဿနာတက်ပြီကွာ... "

အားလုံး၏ ရင်ထဲတွင် ကြောက်စိတ်များ ဝင်လာပါသည်။

" တိုက်ခိုက်ဖို့အတွက် အသင့်ပြင်ကြဟေ့ "

လောရုံ အော်ပြောလိုက်၏။

အားလုံးကလည်း သူ့စကားဆုံးသည်နှင့် ချက်ချင်း ပြင်ဆင်လှုပ်ရှားလိုက်ကြသည်။

ထိုစဥ်မှာပင် လောရုံပစ်လိုက်သည့် မသေမျိုးအစီအမံပုံကြမ်းက လောမိသားစုအိမ်ဝင်းဆီ ရောက်သွားပါ၏။

" ဟင်.. မသေမျိုးအစီအမံပုံကြမ်းပါလား.. ရယ်စရာကောင်းလိုက်တာကွာ ။ ငါတို့ လီမိသားစုကို ဒီလိုဟာလေးလောက်နဲ့ တိုက်ခိုက်လို့ရမယ် ထင်နေတာလား ။ ပြိုကွဲစေ.. "

လီမိသားစု၏ မသေမျိုးဘုရင် သုံးယောက်ထဲမှ တစ်ယောက်က လှောင်ပြုံးဖြင့်ပြောကာ မသေမျိုးအစီအမံပုံကြမ်းကို ဖိခြေရန် ရည်ရွယ်၍ လက်ဖြင့်လှမ်းဖမ်းလိုက်သည်။

ထို့နောက်တွင်မူ..

ဝုန်း ...

မသေမျိုးအစီအမံပုံကြမ်း ရုတ်တရက် အသက်ဝင်လာပြီး မသေမျိုးဘုရင်မှာလည်း အစီအမံလေထုထဲ ရောက်သွားတော့၏။

" ဟင်.... အစီအမံထဲ ပိတ်မိသွားရအောင်ထိ သတိလွတ်ရသလားကွာ "

လီမိသားစုမှ မသေမျိုးဘုရင် နောက်တစ်ယောက်က မျက်မှောင်ကြုံ့ရင်း ပြောလာသည်။

" ဟား ဟား.. ဒီကောင်ပြန်ထွက်လာရင် အားရပါးရကို လှောင်ရယ်ဦးမယ်ကွာ ။ ဒီလို ဘာမဟုတ်တဲ့ မသေမျိုးအစီအမံပုံကြမ်း ထဲမှာများ ပိတ်မိရတယ်လို့ "

တတိယ မသေမျိုးဘုရင်ကလည်း ခေါင်းယမ်းကာ ရယ်ရင်းဆိုသည်။

" ဘယ်လိုပဲဖြစ်ဖြစ် သူ အလွန်ဆုံး သုံးစက္ကန့်လောက်နေရင် ပြန်ထွက်လာနိုင်မှာပါလေ ။ တစ်.. နှစ် .. သုံး... "

ထိုမသေမျိုးဘုရင် ပြောပြီး တစ်မှ သုံးအထိ ရေ

လိုက်သော်လည်း ... အစီအမံလေထုက ဘာမှပြောင်းလဲမသွားခဲ့ပါ ။

အထဲတွင် ပိတ်မိနေသည့် မသေမျိုးဘုရင်မှာလည်း မလှုပ်မယှက် ငြိမ်သက်နေပါ၏။

" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။ သူက ဘယ်လိုလုပ်ပြီးတော့ ... "

ထိုတခဏ၌ ကျန် မသေမျိုးဘုရင် နှစ်ယောက်လုံး အံ့သြမှင်သက်သွားကြတော့သည်။

မသေမျိုးဘုရင် တစ်ယောက်က မသေမျိုးအစီအမံပုံကြမ်းထဲ ပိတ်မိနေခြင်းမှာ ဖြစ်သင့်ပါရဲ့လား...

" ညီလေးသုံး ၊ အထဲမှာ ကျေနပ်အောင် နေပြီးသွားရင် ပြန်ထွက်လာတော့လေ "

မုတ်ဆိတ်ရှည်နှင့် မသေမျိုးဘုရင် တစ်ယောက်က ဒေါသထွက်နေသည့် မျက်နှာဖြင့် အော်ပြောလိုက်သည်။

သို့သော်... အစီအမံထဲ ပိတ်မိနေသည့် မသေမျိုးဘုရင်မှာမူ မလှုပ်မယှက် ရှိနေမြဲ ....

တဖက်မှ မသေမျိုးဘုရင် ဒေါသပေါက်ကွဲလုဆဲဆဲ ဖြစ်နေစဥ်မှာပင် ... လီမိသားစု ဂိုဏ်းဝင်တစ်ယောက်က ယိုင်နဲ့နဲ့ လျှောက်လာ၏။

" ဘိုးဘေး နဲ့ ဒုတိယဘိုးဘေး ... တစ်ခုခုတော့ လွဲနေပြီဗျာ ။ တတိယဘိုးဘေးရဲ့ စိတ်ဝိဥာဥ်ကျောက်ပြား ကျိုးသွားပြီဗျ "

ထိုလူက ကြောက်လန့်တကြား အသံဖြင့် ဆိုသည်။

" မင်း.. ဘာပြောလိုက်တယ် "

တဖက် လေထဲတွင်ရှိနေသော မသေမျိုးဘုရင် နှစ်ယောက်လုံး မှင်သက်သွား၏။

စိတ်ဝိဥာဥ်ကျောက်ပြား ကျိုးသွားပြီတဲ့လား ..

၎င်းမှာ ထိုကျောက်ပြား၏ ပိုင်ရှင်က သေသွားပြီဆိုသည့် အဓိပ္ပါယ်ပင် ...

ဂုဏ်သရေရှိ မသေမျိုးဘုရင် တစ်ယောက်က ဘာမဟုတ်သည့် မသေမျိုးအစီအမံပုံကြမ်းလေးကြောင့် အသတ်ခံခဲ့ရသတဲ့လား ။

" ဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲ "

မုတ်ဆိတ်ရှည်နှင့် မသေမျိုးဘုရင် ဒေါသတကြီး အော်လိုက်သည်။

တဖက်မှ လီမိသားစု ဂိုဏ်းသား အလွန်ကြောက်ရွံ့သွားဟန်ဖြင့် ခေါင်းငုံ့ကာ အပိုင်းပိုင်းဖြစ်နေသည့် စိတ်ဝိဥာဥ်ကျောက်ပြား အစအနများကို မြှောက်ပြပါ၏။

" ဘိုးဘေး.. ကျုပ် လိမ်ပြောနေတာ မဟုတ်ပါဘူးဗျာ ။ ဘိုးဘေးမယုံရင် ကိုယ်တိုင်သာ ကြည့်ပါတော့.. "

All Chapters