← Chapters

အခန်း (၈၉၉+၉၀၀)

Vol. 64 Ch. 899+900

အခန်း (၈၉၉+၉၀၀)

Vol. 64 Ch. 899+900

Chapter 899

Hundred-Eye Realm

" ဘယ်လို... "

အနားတွင် ရှိနေသူအားလုံး အံ့သြမှင်သက်ကုန်ကြ၏။

" အကြီးအကဲဟယ်ချင်း ၊ မင်း အမြင်မမှားတာ သေချာရဲ့လား "

ရှေ့မှ အဘိုးအိုက မျက်နှာထားမာမာဖြင့် ချက်ချင်းပြန်မေးသည်။

အကြီးအကဲဟယ်ချင်းက အံကြိတ်ကာ ပြန်ပြော၏။

" ကျွန်မရဲ့ မျက်လုံးက လူတွေရဲ့ အရောင်အဝါ စီးဆင်းပုံကို မြင်နိုင်တယ် ။ အခု သူ့ကိုယ်ထဲမှာ စီးဆင်းနေတာတွေက မသေမျိုးစွမ်းအင်တွေပဲ ။ အဲ့စွမ်းအင်တွေကလဲ ထျန်းယွမ်ကမ္ဘာရဲ့ အရောင်အဝါနဲ့ လုံးဝမတူနေဘူး "

သူမ စကားဆုံးချိန်တွင် အားလုံး ကြောက်ရွံ့သွားဟန်ဖြင့် နောက်ဆုတ်လိုက်ကြသည်။

" မသေ.. မသေမျိုးစွမ်းအင်တွေ.. ဟုတ်လား "

အဘိုးအိုတစ်ယောက်က အသံတုန်တုန်ဖြင့် ရေရွတ်၏။

ထို့နောက် သူ လောထျန်းဘက် ရုတ်တရက်လှည့်ကြည့်ကာ မေးသည်။

" အဲ့တစ်ယောက်ကရော.. အတူတူပဲလား "

အကြီးအကဲဟယ်ချင်း လောထျန်းအား ကြည့်လိုက်၏။

" အဲ့တစ်ယောက်က... ဟင် ... "

သူမ အံ့သြတုန်လှုပ်သွားဟန် တူသည်။

" ဘာဖြစ်လို့လဲ ညီမလေး ဟယ်ချင်း "

တစ်ယောက်က မေးသည်။

အကြီးအကဲဟယ်ချင်းက အသံတုန်တုန်ဖြင့် ပြန်ပြော၏။

" ကျွန်မ.. သူ့ကိုယ်ထဲက အရောင်အဝါကို မမြင်ရဘူး "

လောထျန်းမှာ ရှေ့တည့်တည့်တွင် ရှိနေသော်လည်း သူမ၏ အာရုံခံနိုင်စွမ်းဖြင့် ကြည့်သည့်အခါ ဘာမှရှိမနေသလိုပါပင် ...

ထိုလူက ပထမအမျိုးသမီးထက်ပင် အစွမ်းထက်သည်ဆိုသည့် အဓိပ္ပါယ်လား..

" ဘုရားရေ.. မဖြစ်နိုင်တာ ။ ကမ္ဘာနှစ်ခုကြား တံခါးပေါက် ပွင့်သွားပြီလား "

အဘိုးအိုတစ်ယောက်ထံမှ ငိုတော့မလိုအသံ ထွက်လာသည်။

" ဂိုဏ်းချုပ်ကြီး .... အကိုကြီးတို့.. "

အမျိုးသမီး ဂိုဏ်းသူတစ်ယောက်မှာလည်း မနေနိုင်ဘဲ ငိုချလိုက်တော့၏။

" ဒီနေ့ ထျန်းယွမ်ကမ္ဘာ ဖျက်ဆီးခံရတော့မှာလား "

ရှေ့ဆုံးနားတွင် ရှိနေသော အဘိုးကိုကလည်း အသံတုန်တုန်ဖြင့် ပြောသည်။

ထို့နောက်တွင်မူ.. သူတို့အားလုံးထံမှ ငိုသံများ ထွက်

လာပါတော့၏။

လောထျန်း ၎င်းကိုကြည့်ရင်း နားမလည်နိုင် ဖြစ်သွားရသည်။

" ခင်ဗျားတို့ ဘာအဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေကြတာလဲ "

သူ မျက်မှောင်ကြုံ့ကာ မေးလိုက်၏။

အကြီးအကဲဟယ်ချင်းက ဦးစွာ အငိုတိတ်သွားပြီး လောထျန်းကိုကြည့်ကာ အံကြိတ်၍ ပြောလာသည်။

" ပိုင်ကျို့ကမ္ဘာက မျိုးမစစ်ကောင်... ငါတို့ ရွှေယွမ်ဂိုဏ်းက ငကြောက်မဟုတ်ဘူး ။ မင်း ငါ့ကို သတ်ချင်သတ်လိုက်.. ဘာအပိုစကားမှ ပြောမနေနဲ့ "

လောထျန်း မျက်မှောင်ကြုံ့သွားကာ မေးလိုက်ပါ၏။

" ပိုင်ကျို့ကမ္ဘာ.. ဟုတ်လား ။ ကမ္ဘာနှစ်ခုကြား တံခါးပေါက် ထပ်ပွင့်ပြန်ပြီလား ။ ပိုင်ကျို့ကမ္ဘာဆိုတာ ဘယ်ကမ္ဘာလဲ "

သူ ပြောပြီး ကြာပွင့်နီဧကရီဘက် လှည့်ကြည့်လိုက်

သည်။

ကြာပွင့်နီဧကရီက တည်တည်ငြိမ်ငြိမ် ပြန်ပြော၏။

" သူတို့တွေက ကျွန်မတို့ ယဲ့လန်ကမ္ဘာမှာ အမှိုက်လို့သတ်မှတ်ထားတဲ့ သူတွေလောက်တောင် အစွမ်းမထက်ပါဘူးရှင် "

" အဲ့လိုလား.. "

လောထျန်း ခေါင်းအသာညိတ်လိုက်သည်။

တဖက်ရှိ ရွှေယွမ်ဂိုဏ်းမှ လူများမှာလည်း သူတို့နှစ်ယောက်၏ ပြောစကားကြောင့် အံ့သြမှင်သက်ကုန်ကြ၏။

" မင်း.. မင်းက ပိုင်ကျို့ကမ္ဘာက မဟုတ်ဘူးလား "

အကြီးအကဲတစ်ယောက်က သတိထားမေးလာသည်။

လောထျန်း ခေါင်းညိတ်ပြလိုက်၏။

" မဟုတ်ဘူး ၊ ကျုပ်က မြောက်ပိုင်းဒေသက ။ သူက ကျုပ်ရဲ့ မိတ်ဆွေပဲ ။ အခု ကျုပ်တို့က အပေါ်ကမ္ဘာကနေမှ ဒီ ထျန်းယွမ်ကမ္ဘာကို ပြန်ဆင်းလာတာ "

ကြားလိုက်ရသည့် စကားကြောင့် အားလုံး တုန်လှုပ်သွားကြပြန်သည်။

" အပေါ်.. အပေါ်ကမ္ဘာ.. ဟုတ်လား ။ ကောင်းကင်ဘုံတံခါးဝအဆင့် ရောက်ရင် တက်လို့ရတဲ့ အပေါ်ကမ္ဘာလား.. "

တစ်ယောက်က မေးသည်။

လောထျန်း ခေါင်းညိတ်ပြကာ ပြန်ပြော၏။

" အမှန်ပဲ ၊ လောလောဆယ် အဲ့ဒါကို ခဏထားလိုက်ပါဦး ။ စောနက ပိုင်ကျို့ကမ္ဘာက ဘယ်လိုဖြစ်လို့လဲ "

အကြီးအကဲတစ်ယောက်က ချက်ချင်းရှင်းပြရှာသည်။

" ပြောရရင်တော့ အရှည်ကြီးပါဗျာ ။ လွန်ခဲ့တဲ့ ဆယ်ရက်လောက်တုန်းက ပိုင်ကျို့ကမ္ဘာက ကြောက်စရာအစွမ်းမျိုးနဲ့ ကျင့်ကြံသူတစ်ယောက် ကျုပ်တို့ ထျန်းယွမ်ကမ္ဘာကို သတင်းပို့လာတယ် ။ သူပြောတာတော့ နောက်ထပ်ရက်နည်းနည်းလောက်နေရင် ပိုင်ကျို့ကမ္ဘာက ကျုပ်တို့ထျန်းယွမ်ကမ္ဘာကို လာပြီးတော့ ကျုပ်တို့ ထျန်းယွမ်ကမ္ဘာမှာရှိတဲ့ အစွမ်းထက်ကျင့်

ကြံသူ အားလုံးကို တစ်ယောက်မကျန် သတ်ပစ်မယ်တဲ့ "

" ဒါကြောင့်မို့ တိုက်ပွဲကို ကြိုပြင်ဆင်တဲ့အနေနဲ့ မြင့်မြတ်နယ်မြေ သခင်ကြီးတွေက ဒီကမ္ဘာမှာရှိကြတဲ့ အစွမ်းထက်ကျင့်ကြံသူတွေ အားလုံးကို အတူတူပူးပေါင်းပြီး တိုက်ကြဖို့ ခေါ်ထားတယ် ။ ကျုပ်တို့ မျိုးနွယ်စုက ခေါင်းဆောင်နဲ့ အစွမ်းထက်တဲ့ အကြီးအကဲတွေလဲ ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကပဲ တိုက်ပွဲအတွက် ထွက်သွားကြတယ်ဗျ "

လောထျန်း မျက်မှောင်အနည်းငယ်ကြုံ့သွားသည်။ ထို ပိုင်ကျို့ကမ္ဘာသားများမှာ အကန်းများပါပင် ...

" အခု ကမ္ဘာနှစ်ခုကြားတံခါးပေါက် ရောက်လာမယ့်နေရာက ဘယ်မှာလဲ "

လောထျန်း တဖက်လူကိုကြည့်ကာ မေးလိုက်သည်။

" တောင်ပိုင်းဒေသမှာပါ "

တစ်ယောက်က ချက်ချင်းပြန်ဖြေ၏။

" ခင်ဗျားတို့ဆီမှာ အဲ့ကိုရောက်တဲ့ တည်နေရာ

ရွှေ့ပြောင်း အစီအမံ ရှိလား "

လောထျန်း ထပ်မေးလိုက်သည်။

" ဟုတ်ကဲ့.. ရှိပါတယ် "

တဖက်မှလူများ ဝမ်းသာအားရ ပြန်ဖြေကြ၏။

လောထျန်းသည် အပေါ်ကမ္ဘာမှ ပြန်လာသူတစ်ယောက်ဟု ပြောသည်မဟုတ်ပါလား..

သူ့အစွမ်းက မည်မျှရှိမှန်း သူတို့ မသိကြသည့်တိုင် အပေါ်ကမ္ဘာမှပင် ပြန်လာနိုင်သူတစ်ယောက်က အစွမ်းမနိမ့်သည်မှာ သေချာပါသည်။

သူ့အကူအညီဖြင့် ဆိုပါက ထျန်းယွမ်ကမ္ဘာဘက်မှ အနိုင်ရနိုင်ချေလည်း များစွာ တိုးသွားနိုင်ပါ၏။

" ကျုပ်ကို အဲ့ဆီ လိုက်ပို့ပေးပါ "

လောထျန်း ပြောလိုက်သည်။

" ဟုတ်ကဲ့ ၊ ကျေးဇူးပြုပြီး အထဲဝင်ပါ သခင်ကြီး "

တစ်ယောက်က ချက်ချင်းဆိုသည်။

ဤသို့ဖြင့် မကြာမီမှာပင် လောထျန်းတို့လူစု ရွှေယွမ်ဂိုဏ်း၏ တည်နေရာရွှေ့ပြောင်းအစီအမံရှေ့ ရောက်သွားကြ၏။

" ဒီ တည်နေရာရွှေ့ပြောင်းအစီအမံက တောင်ပိုင်းဒေသနဲ့ ချိတ်ဆက်ထားပါတယ် သခင်ကြီး "

ရှေ့တွင်လျှောက်နေသော အကြီးအကဲဟယ်ချင်းက တလေးတစား ပြောပါသည်။

ထို့နောက်တွင် လောထျန်းတစ်ယောက် တည်နေရာရွှေ့ပြောင်း အစီအမံထဲ ခြေလှမ်းချရန် ပြင်လိုက်၏။

သို့သော် .. ခြေလှမ်းချလုဆဲဆဲမှာပင် သူ ရုတ်တရက် ရပ်သွားသည်။

" ဒါနဲ့ ၊ ကျုပ် ခင်ဗျားတို့ရဲ့ အကာအကွယ်အစီအမံကို ဖျက်ဆီးလိုက်မိတာ မဟုတ်လား "

သူ မေးသည်။

" ဟမ်... "

တဖက်လူများ မျက်နှာရဲသွားကြကာ ဘာပြန်ဖြေရ

မည်မသိ ဖြစ်သွားကြ၏။

လောထျန်းက အေးဆေးဆက်ပြောသည်။

" အဲ့လိုဆိုရင် ကျုပ် ခင်ဗျားတို့ကို အစီအမံတစ်ခု ပြန်ပြီးအလျော်ပေးပါ့မယ် "

ပြန်အလျော်ပေးမယ် တဲ့လား ..

အားလုံး အံ့အားသင့်ကုန်ကြ၏။

ယခုလို စစ်ပွဲကြီးတစ်ခု ဖြစ်ခါနီးဆဲဆဲတွင် လောထျန်းက အစီအမံတစ်ခုပင် အလျော်ပေးဦးမယ်တဲ့လား..

ထိုသို့လုပ်ရန်ရော အချိန်ရှိပါသလား..

" အဲ့ကိစ္စကို နောက်မှပြောလို့ရပါတယ် သခင်ကြီးရယ် "

အကာအကွယ်အစီအမံကို အသက်သွင်းခဲ့သော အကြီးအကဲက ကူကယ်ရာမဲ့ မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။

လောထျန်းက ခေါင်းယမ်း၍ ပြန်ပြောပါ၏။

" မဟုတ်ဘူးဗျ.. ကျုပ် ဖျက်ဆီးခဲ့တဲ့ဟာအတွက်တော့ အလျော်ပြန်ပေးရမှာပဲလေ ။ အချိိန်လဲ အများကြီးမကြာပါဘူး "

သူပြောပြီး စိတ်ဝိဥာဥ်အစွမ်းကို အသက်သွင်းလိုက်သည်။

ဝီ ...

ထွင်းစာများ တမဟုတ်ချင်း ပေါ်လာ၏။

ဝုန်း ...

ထို့နောက်.. အကာအကွယ်အစီအမံ အသစ်တစ်ခု ပေါ်လာပါတော့သည်။

" ဒါ.... "

အားလုံးမှာ ၎င်းကိုမြင်ပြီး အံ့သြတုန်လှုပ်သွားကြရတော့သည်။

သူတို့ရှေ့မှလူက အကာအကွယ်အစီအမံ တစ်ခုကို စက္ကန့်ပိုင်းလေးအတွင်း လုပ်လိုက်ပါသလား..

ထို့ထက်ပို အရေးကြီးသည်မှာ ထိုအကာအကွယ်အစီအမံ အသစ်က သူတို့၏ အစီအမံအဟောင်းထက် များစွာ ပိုအစွမ်းထက်နေခြင်းပင် ..

" မင်းတို့ရဲ့ အရင်အစီအမံက ဘယ်လိုလဲဆိုတာတော့ မသိဘူး ။ အခု ဒီအစီအမံကိုက ရေထုအစီအမံလို့ ခေါ်တယ် ။ ဒါကို လျော်ကြေးအဖြစ် သဘောထားပေးပါ "

လောထျန်းက ထိုသို့ပြောပြီးသည်နှင့် ကြာပွင့်နီဧကရီနှင့်အတူ တည်နေရာရွှေ့ပြောင်းအစီအမံထဲ ဝင်သွားလိုက်တော့သည်။

သူတို့နှစ်ယောက် ပျောက်ကွယ်သွားပြီးမှသာ ရွှေယွမ်ဂိုဏ်းမှ လူများ အသိပြန်ဝင်လာကြ၏။

" သူက အစီအမံတစ်ခုကို ချက်ချင်းနီးပါး လုပ်ခဲ့တာလား .. ။ အဲ့လူက လူသားတစ်ယောက်ရော ဟုတ်သေးရဲ့လား "

တစ်ယောက်က အသံတုန်တုန်ဖြင့် ပြောလိုက်သည်။

အခြားတဖက် ၊ တောင်ပိုင်းဒေသ၌ ....

ဝီ ....

တည်နေရာရွှေ့ပြောင်းအစီအမံမှ အလင်းတန်းတစ်ခု လက်သွားကာ လောထျန်းတို့နှစ်ယောက် ပေါ်လာကြ၏။

" ဟင် .... တည်နေရာရွှေ့ပြောင်းတဲ့ နေရာက ပြောင်းသွားတာလား "

လောထျန်း အပြင်ရောက်သည်နှင့် ဘေးပတ်လည်သို့ တစ်ချက်လှည့်ကြည့်ပြီး အံ့အားသင့်သွားရသည်။ သူတို့မှာ တည်နေရာရွှေ့ပြောင်းအစီအမံ တစ်ခုသို့ ရောက်နေရမည့်အစား ၊ တောင်တန်းတစ်ခု၏ တောနက်အတွင်း ရောက်နေခဲ့ပါသည်။

ကြာပွင့်နီဧကရီက အပေါ်မော့ကြည့်ပြီး ဆို၏။

" ဟိုဟာကြီးကြောင့် လေထုမငြိမ်မသက် ဖြစ်သွားတာပဲ ဖြစ်ရမယ် "

သူမ၏စကားကြောင့် လောထျန်း အံ့သြသွားရကာ ချက်ချင်းခေါင်းမော့ကြည့်လိုက်သည်။

ကောင်းကင်ယံတွင်ကား ... ကောင်းကင်နှင့်မြေကြီးသို့တိုင် ထိစပ်နေသည့် ရှေးဟောင်းပုံစံ ဧရာမတံခါးချပ်ကြီးတစ်ခု ရှိနေပါ၏။

" ကမ္ဘာနှစ်ခုကြား တံခါးပေါက် ပွင့်နေပြီလား "

သူ တအံ့တသြ ရေရွတ်လိုက်သည်။

ကြာပွင့်နီဧကရီက သူ့ဘက်လှည့်၍ ပြော၏။

" အဲ့ကို မြန်မြန်သွားကြစို့ ။ နောက်ကျသွားရင် ဆိုးရွားတဲ့ကိစ္စတွေ ဖြစ်သွားနိုင်တယ် "

လောထျန်း ခေါင်းညိတ်ပြလိုက်သည်။

" အင်း ...သွားကြမယ် "

သူ ပြောပြောဆိုဆိုပင် ကြာပွင့်နီဧကရီ၏ လက်ကိုကိုင်၍ ကမ္ဘာနှစ်ခုကြား တံခါးပေါက်ရှေ့သို့ တည်နေရာရွှေ့ပြောင်းလိုက်၏။

သို့သော် ရောက်ရောက်ချင်းမှာပင် ကြာပွင့်နီဧကရီ မှင်သက်သွားရပါသည်။

" ဘာတွေဖြစ်နေတာလဲ.. ကျွန်မတို့ နောက်ကျသွားခဲ့ပြီလား.. "

သူမ အံ့သြတကြီး မေးလိုက်သည်။

ထိုစဥ် ကမ္ဘာနှစ်ခုကြား တံခါးပေါက်ရှေ့တွင်ကား ထောင်နှင့်ချီသော အလောင်းများ ရှိနေပါ၏။

သို့သော် အသက်ရှင်နေသေးသူလည်း အနည်းငယ် ရှိနေဆဲပါပင် ။

သူမ မနေနိုင်ဘဲ လောထျန်းအား စိုးရိမ်တကြီး လှမ်းကြည့်လိုက်သည်။

ထိုအလောင်းများထဲတွင် လောထျန်း၏ မိတ်ဆွေများ ပါနေနိုင်သည် မဟုတ်ပါလား ..

ထျန်းယွမ်ကမ္ဘာ၏ အစွမ်းက ဤမျှမကောင်းဟု သူမ ကြားဖူးထားသည့်တိုင် ယခုလောက် အစွမ်းနိမ့်ခြင်းကမူ အံ့သြစရာပင် ။

ယခု ကမ္ဘာနှစ်ခုကြားတံခါးပေါက်က အပြည့်အဝ မပွင့်သေးခင်မှာပင် အားလုံး ပြီးသွားခဲ့ပြီလား...

ထိုစဥ်မှာပင် ...

" ဟေ့.. ဒီမှာ လူသစ်နှစ်ယောက် ရောက်နေတယ်ဟေ့ "

သူတို့နောက်မှ အသံတစ်သံ ထွက်လာသည်။

ကြာပွင့်နီဧကရီက ထိုလူဘက်သို့ ချက်ချင်းလှည့်ကြည့်၍ မေးလိုက်၏။

" တဆိတ်လောက်ပါ သခင်လေး ၊ ဒီမှာ ဘာတွေဖြစ်သွားခဲ့တာလဲ "

ထိုမေးခွန်းကို လောထျန်းမေးရန် ခက်နေမည်စိုးသောကြောင့် သူမ ဦးဆောင်ကာ မေးလိုက်ခြင်းဖြစ်ပါသည်။

တဖက်လူက သူမကို ပြန်ကြည့်ကာ ပြောပါ၏။

" အဲ့လိုမေးခွန်းတွေ မေးနေမယ့်အစား ပိုင်ကျို့ကမ္ဘာကိုပဲ မြန်မြန်သွားပါလားကွ ။ နောက်ကျရင် ဘာအဖိုးတန်ပစ္စည်းမှ မရဘဲနေမယ်နော် "

Chapter 900

TianSun Zhenren

" ဟင် ... "

ကြာပွင့်နီဧကရီ အနည်းငယ် နားမလည်နိုင် ဖြစ်သွားသည်။

" ဘာမှရမှာမဟုတ်ဘူး.... အဲ့ဒါ ဘာအဓိပ္ပါယ်လဲ "

သူမ မေးလိုက်၏။

တဖက်လူက ပြန်ဖြေသည်။

" အဓိပ္ပါယ်က စကားအတိုင်းပဲလေ ။ ကျုပ်တို့ရဲ့ အဓိကအဖွဲ့ဆိုရင် အဲ့ဘက်ကိုတောင် ရောက်သွားပြီ ။ ကျုပ်က အစောပိုင်းက လေ့ကျင့်ရင်းနဲ့ ပြဿနာနည်းနည်းတက်ပြီး မပျံနိုင်ဖြစ်နေလို့သာ နောက်ကျနေတာ ။ မဟုတ်ရင် ကျုပ်လဲ ဟိုဘက်ထဲ ရောက်နေလောက်ပြီ "

သူ နောက်ဆုံးစကားကို ပြောချိန်တွင် နောင်တရနေပုံလည်း ပေါက်နေ၏။

ကြာပွင့်နီဧကရီ ချက်ချင်းပြန်မေးလိုက်သည်။

" ကျွန်မ သိချင်တာတစ်ခုရှိတယ် ... ပိုင်ကျို့ကမ္ဘာက သခင်ကြီး ထျန်းစွမ်း ဒီကမ္ဘာကို မတိုက်ခိုက်ခဲ့ဘူးလား "

တဖက်လူ မျက်မှောင်ကြုံ့သွားသည်။

" သခင်ကြီးထျန်းစွမ်း ဟုတ်လား.. အဲ့နာမည်ကို ကြားဖူးသလိုပဲ .... "

သူ ခေတ္တမျှ စဉ်းစားနေပြီးမှ ရုတ်တရက်ပြော၏။

" အာ.. ကျုပ် မှတ်မိပြီ "

သူ ပြောပြီး ကမ္ဘာနှစ်ခုကြား တံခါးပေါက်အတွင်းရှိ အလောင်းပုံများဆီသို့ ပျံသန်းသွားကာ ထိုအထဲမှ တစ်ပိုင်းတစဖြစ်နေသော အလောင်းတစ်လောင်းကို ကောက်ယူလိုက်သည်။

" ခင်ဗျားပြောတာ ဒီလူလား ... "

ကြာပွင့်နီဧကရီ အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွား၏။

ထိုအလောင်းမှာ ပုံပျက်ပန်းပျက် ဖြစ်နေသည့် ရုပ်ကောင်းကောင်း ပေါ်နေသေးပါသည်။

ထိုသူမှာ သခင်ကြီး ထျန်းစွမ်း ပင်...

" သူ ဘယ်လိုလုပ်ပြီး သေသွားတာလဲ "

ကြာပွင့်နီဧကရီ မေးလိုက်၏။

" အဲ့လူက ကမ္ဘာနှစ်ခုကြားတံခါးပေါက်ကို ဖြတ်လာပြီးတဲ့နောက်မှာ ၊ ထျန်းယွမ်ကမ္ဘာသားတွေ ဘယ်သူ့လက်ချက်နဲ့ သေရတယ်ဆိုတာ သိစေချင်တယ်လို့ ပြောပြီး သူ့နာမည်ကို ပြောပြခဲ့တာ "

တဖက်လူ ပြန်ဖြေသည်။

" အဲ့နောက်တော့ရော.. "

ကြာပွင့်နီဧကရီ ဆက်မေးလိုက်သည်။

တဖက်လူ ပြန်ပြော၏။

" အဲ့နောက်တော့ ပျောင်ပိုင်မြို့ကလူတွေ ရောက်လာပြီး သူ့ကို အပိုင်းပိုင်းဖြစ်အောင် လုပ်ခဲ့ကြတာပဲ "

" ဟင်.. အဲ့လောက်ရိုးရှင်းတယ်လား.. တခြား ဘာတွေရော ဖြစ်သေးလဲ "

ကြာပွင့်နီဧကရီ အံ့သြတကြီး ဆက်မေးလိုက်သည်။

တဖက်လူက ခဏတာမျှ စဉ်းစားပြီးမှ ပြန်ပြော၏။

" အင်း... ဘာတွေဖြစ်သေးလဲဆိုတော့.... ပျောင်ပိုင်မြို့သားတွေက သူ့ကို အပိုင်းပိုင်းခုတ်နေတဲ့အချိန်မှာ ' အမှိုက်ကောင် ၊ မင်းနာမည်မှာ ဘာလို့ ထျန်း ဆိုတဲ့စာလုံးကို ထည့်သုံးထားရတာလဲ ' ဆိုပြီး ပြောနေကြသေးတယ် ။ အဲ့လို စိတ်ကြိုက်လဲ လုပ်ပြီးသွားရော ဒီလူရဲ့ ဟင်းလင်းပြင်လက်စွပ်ရယ် ၊ သူ့လက်ထဲက လက်နက်ရယ် ၊ အဝတ်အစားတွေ.. ဖိနပ်တွေရယ် နဲ့ သူ့ခေါင်းမှာထိုးထားတဲ့ ဆံထိုးကိုပါ ယူသွားသေးတယ် ။ ပြီးတော့မှ သူ့အလောင်းကို ပစ်ချထားခဲ့ကြတာ "

ကြာပွင့်နီဧကရီ ဆွံ့အသွားရတော့သည်။

ထိုလူ ပြောသွားသည်မှာ အမှန်တကယ်လည်း အသေးစိတ်ကျပါ၏။

ဘေးတွင်ရပ်နေသည့် လောထျန်းက ထိုစကားကိုကြားပြီး ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။

" ငါ သေချာလေ့ကျင့်ပေးထားခဲ့တဲ့ သူတွေကပဲ

ပညာရှင်ဆန်ကြတာ "

သူ့စိတ်ထဲမှ ကြိတ်ပြောလိုက်သည်။

ထိုစဉ်တွင် ကြာပွင့်နီဧကရီက ထူးဆန်းသောမျက်နှာထား ရှိနေသည်ကို သူ သတိထားမိသွားကာ မေးလိုက်ပါ၏။

" ဘာဖြစ်လို့လဲ ၊ မင်းက အဲ့လူကို သိလို့လား "

ကြာပွင့်နီဧကရီ အသက်ပြင်းပြင်း ရှိုက်လိုက်သည်။

" သိတယ်ရှင့် .... အဲ့လူ ပိုင်ကျို့ကမ္ဘာရဲ့ ကမ္ဘာသခင်ကြီးပဲ ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်တုန်းက သူတို့ကမ္ဘာက ကျွန်မတို့ ယဲ့လန်ကမ္ဘာဆီ ကျလာသေးတာမို့ ကျွန်မနဲ့သူ ထိပ်တိုက်ရင်ဆိုင်ခဲ့ရသေးတယ် "

" ဟုတ်လား.. တိုက်ပွဲရလဒ်ကရော ဘယ်လိုဖြစ်သွားခဲ့လဲ "

လောထျန်း ဆက်မေးသည်။

ကြာပွင့်နီဧကရီ မျက်နှာဖြူရော်သွားကာ ပြန်ပြောပါ၏။

" ကျွန်မတို့ သရေကျခဲ့တယ် ... "

ထိုစဉ် သူမစိတ်ထဲ၌လည်း ခံစားချက်ပေါင်းစုံဖြင့် ရှုပ်ထွေးနေပါသည်။

သူမနှင့် လက်ရည်တူခဲ့သော သခင်ကြီး ထျန်းစွမ်းက အဘယ့်ကြောင့် အလွယ်တကူ သေသွားခဲ့ရပါသနည်း ။

ဤထျန်းယွမ်ကမ္ဘာက ဘာတွေဖြစ်နေပါသလဲ...

ထျန်းယွမ်ကမ္ဘာ နှင့် ယဲ့လန်ကမ္ဘာ ဘယ်တုန်းကမှ မဆုံခဲ့ကြသည်ကိုလည်း ကံကောင်းလှသည်ဟု သူမစိတ်ထဲ ထင်လာပါတော့သည်။

သို့မဟုတ်လျှင် သူမသည်လည်း ထျန်းစွမ်းလိုပင် အပိုင်းပိုင်း အဖြတ်ခံရနိုင်သည် မဟုတ်ပါလား ။

ထိုစဉ် လောထျန်းက မြေပြင်တွင် ကျန်နေသေးသည့် အလောင်းများကိုကြည့်ကာ တဖက်လူကို မေးလာ၏။

" ထျန်းယွမ်ကမ္ဘာဘက်က အသေအပျောက်ရော ရှိခဲ့သေးလား "

တဖက်လူ ခေါင်းယမ်းပြသည်။

" မရှိဘူးဗျ... အဲ .. ဒီကမ္ဘာနှစ်ခုကြား တံခါးပေါက်ရှေ့က လူတွေကို သတ်ပြီးတဲ့အချိန်ထိတော့ မရှိဘူး ။ အခု လဲကျနေတဲ့ အလောင်းတွေက ဟို သခင်ကြီးထျန်းစွမ်း ဆိုတဲ့လူ ခေါ်လာခဲ့တဲ့သူတွေ ။ သူတို့အားလုံးလဲ ပျောင်ပိုင်မြို့သားတွေ လက်ချက်နဲ့ အပိုင်းပိုင်းဖြစ်ကုန်ကြတာ "

" အဲ့နောက်တော့ ပျောင်ပိုင်မြို့သားတွေက အားလုံးကိုစုပြီး ပိုင်ကျို့ကမ္ဘာထဲ ဝင်သွားခဲ့ကြတယ် ။ ဒါပေမယ့်.. အဲ့လိုသွားတဲ့အချိန်မှာ တစ်ယောက်က ကမ္ဘာနှစ်ခုကြား တံခါးပေါက်ထဲကို အလောတကြီး ပြေးဝင်သွားမိလို့ ဒဏ်ရာရသွားခဲ့တယ် "

လောထျန်း ခေါင်းညိတ်ပြီး ကမ္ဘာနှစ်ခုကြား တံခါးပေါက်ဆီ လှမ်းကြည့်လိုက်သည်။

တဖက်မှ ကြာပွင့်နီဧကရီမှာ ပိုင်ကျို့ကမ္ဘာသားများအား သနားစိတ်ပင် အနည်းငယ် ဝင်သွား၏။

" ဒါဆို.. ကျွန်မတို့ရော လိုက်သွားကြည့်ကြရင် ကောင်းမလား "

ကြာပွင့်နီဧကရီ မေးလိုက်သည်။

လောထျန်းက ခေါင်းယမ်းကာ ပြန်ပြော၏။

" ထားလိုက်ပါဗျာ.. သူတို့ လူတွေလဲ လုံလုံလောက်လောက် ရှိနေတာပဲကို ။ ကျုပ်တို့က ဒီမှာပဲ စောင့်ကြတာပေါ့ "

ကြာပွင့်နီဧကရီ ဘာမှ သိပ်မပြောတော့ဘဲ လောထျန်းနှင့်အတူ ကမ္ဘာနှစ်ခုကြားတံခါးပေါက် ရှေ့၌သာ စောင့်နေလိုက်ပါသည်။

ဤသို့ဖြင့် နာရီများစွာကြာသွားပြီးနောက် ....

ညနေစောင်း ရောက်လာချိန်တွင် . . တံခါးပေါက်၏ တဖက်ခြမ်းမှ အသံတစ်သံ ထွက်လာသည်။

" ဟူး... ပိုင်ကျို့ကမ္ဘာကလဲ ဆင်းရဲလိုက်တာကွာ.. "

" ဟင်... မင်းက မြင့်မြတ်နယ်မြေ တစ်ခုဆီ သွားခဲ့တာမဟုတ်ဘူးလား ။ အဲ့မှာရော ဘာမှမရှိဘူးလား "

" ထွီ.... သူတို့ရဲ့ မြင့်မြတ်နယ်မြေကလဲ အာပလာပါ

ကွာ ။ သူတို့တစ်ဂိုဏ်းလုံးပေါင်းလိုက်မှ.. မူလအဆင့် မသေမျိုးလက်နက် မပြောနဲ့ ၊ ရိုးရိုးသာမာန် မသေမျိုးလက်နက်တောင် သုံးခုပဲ ရှိတာ ။ မသေမျိုးအဆင့် သိုင်းကျမ်းလဲ ငါးခုပဲရှိတာကွ ။ စိတ်စွမ်းအင်ဆေးပင်တွေဆို ပိုတောင်ဆိုးသေးတယ် ။ ငါတို့တွေ သူတို့ဂိုဏ်းရဲ့ အောက်ကမြေကြီးကို ပေရာချီအထိ တူးတာတောင် ဘယ်လိုရတနာမျိုးမှ မရခဲ့ဘူး "

" မသေမျိုးလက်နက် ရှိတာတောင် တော်လှပါပြီကွာ ။ ငါသွားခဲ့တဲ့ ဂိုဏ်းဆိုရင် စိတ်စွမ်းအင်လက်နက်လေး နည်းနည်းလောက်ပဲ ရှိတာ ။ ဘယ်လောက် ဒေါသထွက်စရာ ကောင်းလိုက်သလဲ "

" မင်းတို့တွေရော အခြေနေဘယ်လိုလဲ ။ မင်းတို့က သူတို့ ကမ္ဘာသခင်ကြိး သိုင်းကျင့်ကြံတဲ့နေရာကို သွားခဲ့ကြတာဆိုတော့ အဲ့မှာ ပစ္စည်းကောင်းတွေ ရခဲ့မှာပေါ့ "

" ကမ္ဘာသခင်ကြီး သိုင်းကျင့်ကြံတဲ့နေရာ.. ဟုတ်လား ၊ ဒီတိုင်း စိတ်စွမ်းအင်ကျောက်တုံးတွေရယ် .. သိုင်းကျမ်းတွေရယ် ပိုရှိရုံကလွဲလို့ တခြားဘာမှလဲ မထူးခြားပါဘူးကွာ "

" ဟူး... ကောင်းကင်ဘုံပျက်စီးခြင်း ကိုးခုက အဲ့လိုတွေချည်းပါပဲလားကွာ ။ အားရစရာကို တစ်ခုမှမရှိဘူး ။ ငါက သခင်လေးနဲ့အတူတူ အပေါ်ကမ္ဘာကို တက်ပြီးတော့ မွှေချင်တာ.. "

စကားသံ ဆုံးချိန်တွင် သက်ပြင်းချသံတစ်သံလည်း ထွက်လာသည်။

ထို့နောက်တွင်မူ လူတစ်စုက ကမ္ဘာနှစ်ခုကြားတံခါးပေါက်မှ ထွက်လာကြ၏။

ထိုအုပ်စုမှာ ပျောင်ပိုင်မြို့မှ လောမိသားစုပါပင် ။

" ဟင် ... "

လူအုပ်ရှေ့ဆုံးမှ လာနေသော လောရုံတစ်ယောက် ကမ္ဘာနှစ်ခုကြားတံခါးပေါက် အပြင်သို့ ရောက်ရောက်ချင်းမှာပင် တဖက်မှ လောထျန်းအား တွေ့သွားသည်။

သူ ခေတ္တမျှ အံ့သြသွားပြီးနောက် မျက်လုံးကို အသည်းအသန်ပွတ်၍ ထပ်ကြည့်ကာ တအံ့တသြ

ပြော၏။

" အကိုထျန်း ၊ ပြန်ရောက်လာပြီလား ... "

" ဘယ်လို... သခင်လေး လား.. "

" အကိုထျန်း ... "

ပျောင်ပိုင်မြို့သားများထံမှ အံ့သြတကြီး ရေရွတ်သံများ သံပြိုင်နည်းပါး ထွက်လာသည်။

" သခင်လေး ၊ ဘယ်လိုဖြစ်လို့ ပြန်ရောက်လာတာလဲဗျ "

လောမိသားမှ လူငယ်လေးတစ်ယောက်က လောထျန်းနားသို့ အပြေးအလွှားရောက်လာကာ စိတ်လှုပ်ရှားစွာ မေးသည်။

" ငါ ကောင်းကင်ဘုံစင်မြင့်ကို ပြင်ဆင်ပြီးသွားပြီကွ ။ ဒါ့ကြောင့်မို့ ပြန်လာခဲ့တာ "

လောထျန်း ပြန်ပြောလိုက်သည်။

" ဘယ်လို... ကောင်းကင်ဘုံစင်မြင့် ... ဟုတ်လား သခင်လေး ။ ကျုပ်တို့ ထျမ်းယွမ်ကမ္ဘာက ကိုယ်ပိုင် ကောင်းကင်ဘုံစင်မြင့် ရှိသွားပြီလား "

" ဒါဆိုရင်... ကျုပ်တို့တွေ အနာဂါတ်မှာ အပေါ်ကမ္ဘာကို ဆန္ဒရှိသလို လွတ်လွတ်လက်လပ် တက်နိုင်ပြီဆိုတဲ့ သဘောပေါ့ "

အားလုံး တအံ့တသြ ဖြစ်ကုန်ကြပါ၏။

လောထျန်း ခေါင်းညိတ်ပြလိုက်သည်။

" အင်း. ဟုတ်တယ် "

သူ့စကားကို ကြားချိိန်တွင် ပျောင်ပိုင်မြို့မှ လူများသာမက ၊ အနီးနားတွင် ရှိနေကြသော အခြားဂိုဏ်းမှ လူများလည်း စိတ်လှုပ်ရှားသွားကြ၏။

အပေါ်ကမ္ဘာသို့ တက်နိုင်ရန်မှာ ကျင့်ကြံသူတိုင်း လိုချင်ကြသော အရာတစ်ခု မဟုတ်ပါလား...

သို့သော် ... ထိုသို့တက်ရာတွင် ကောင်းကင်ဘုံစင်မြင့် မရှိဘဲ တက်ရခြင်းက အလွန်အန္တရာယ်များပါသည်။

ထို့ကြောင့်လည်း ပြီးခဲ့သောနှစ်များအတွင်း

ကောင်းကင်ဘုံတံခါးဝသို့ ရောက်ထားပြီးသူများမှာ အပေါ်ကမ္ဘာသို့ မတက်နိုင်ဘဲ မိမိစိတ်ကိုသာ ထိန်းချုပ်ထားခဲ့ရပါ၏။

ဤသို့ဖြင့် သူတို့ဘဝသက်တမ်း ကုန်ဆုံးသွားခဲ့ရသည်အထိပါပင် ...

ယခု ကောင်းကင်ဘုံစင်မြင့် ရှိခြင်းမှာ ထျန်းယွမ်ကမ္ဘာအတွက် အမှန်တကယ် သတင်းကောင်းကြီးတစ်ခု ဖြစ်ပါသည်။

" သခင်လေး ၊ အဲ့ ကောင်းကင်ဘုံစင်မြင့်က ဘယ်မှာလဲဗျ "

တစ်ယောက်က တည့်တိုးပင် မေးလာပါ၏။

လောထျန်း အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

" ငါက ကောင်းကင်ဘုံစင်မြင့်ကို ပျောင်ပိုင်မြို့မှာ ထားဖို့ စီစဥ်ထားတယ် ။ ခုချိန်ကစပြီးတော့.. ပျောင်ပိုင်မြို့သားတွေတင် မကဘူး ၊ ထျန်းယွမ်ကမ္ဘာမှာ ရှိကြတဲ့ တခြားအဖွဲ့က လူတွေပါ ဆန္ဒရှိရင် အဲ့ကောင်းကင်ဘုံစင်မြင့်ကို သုံးပြီးတော့ အပေါ်ကမ္ဘာကို တက်လို့ရမယ် "

ကောင်းကင်ဘုံစင်မြင့်ကို အားလုံးအတွက် အသုံးပြုခွင့်ပေးမည်ဟု လောထျန်း ပြောသောအခါ... ဘေးပတ်လည်မှ ပျော်ရွှင်စွာ အော်ဟစ်သံများ ထွက်လာပါတော့၏။

.. ဤသို့ဖြင့် နာရီအနည်းငယ် ကြာသွားပြီးနောက်.. ပျောင်ပိုင်မြို့၌ ....

ပျောင်ပိုင်မြို့သားများသာမက ၊ ယောင်ချီကဲ့သို့ အခြားသော မြင့်မြတ်နယ်မြေ ဂိုဏ်းကြီးများနှင့် အခြားသော ဂိုဏ်းအချို့မှလူများ စုဝေးရောက်နေကြပါသည်။

သူတို့အားလုံးမှာလည်း ရှေ့မှမြင်ကွင်းကို စိတ်လှုပ်ရှားတုန်လှုပ်စွာ ကြည့်နေကြပါ၏။

ဝုန်း ....

လောထျန်းက သူ့ အတွင်းကမ္ဘာငယ်ထဲမှ ကောင်းကင်ဘုံစင်မြင့်ကို ထုတ်၍ ပျောင်ပိုင်မြို့ထဲ နေရာချလိုက်သည်။

" အခု ဘာဆက်လုပ်ကြမလဲ "

သူ ကြာပွင့်နီဧကရီဘက် လှည့်ကြည့်၍ မေး၏။

ကြာပွင့်နီဧကရီ အသက်ပြင်းပြင်း ရှိုက်လိုက်သည်။

" အခုက ကောင်းကင်နဲ့မြေကြီး ဆက်စပ်အောင်လုပ်ပြီးတော့ ကောင်းကင်ဘုံစင်မြင့်ကို လုံးဝတည်ငြိမ်သွားအောင် လုပ်ရမယ် ။ တည်ငြိမ်သွားပြီဆိုရင်တော့ ကောင်းကင်ဘုံစင်မြင့်ပေါ်က ကောင်းကင်ဘုံတံခါးကို ဖွင့်လိုက်တာနဲ့ ကောင်းကင်ဘုံစင်မြင့် လေထုလမ်းကြောင်းထဲ တန်းဝင်သွားလို့ရပြီ "

သူမ ပြောပြီး လက်ဖြင့် အစီအမံများ လုပ်လိုက်၏။

ဝုန်း ...

ကောင်းကင်ဘုံစင်မြင့်မှ မြည်သံကျယ်တစ်ခု ရုတ်ချည်းထွက်လာသည်။

မသေမျိုးအလင်းတန်း တစ်ခုလည်း တိုးထွက်လာပါ၏။

" ဟင်.. ဘာတွေဖြစ်နေတာလဲ "

၎င်းကို မြင်သောအခါ ကြာပွင့်နီဧကရီ မှင်သက်မိသွားတော့သည်။

All Chapters