← Chapters

အခန်း (၉၀၁+၉၀၂)

Vol. 64 Ch. 901+902

အခန်း (၉၀၁+၉၀၂)

Vol. 64 Ch. 901+902

Chapter 901

A Breakthrough

" ဟင်... ဘာဖြစ်လို့လဲ "

လောထျန်းက ကြာပွင့်နီဧကရီဘက် လှည့်ကြည့်ကာ မေး၏။

ကြာပွင့်နီဧကရီက ပါးစပ်အဟောင်းသားဖြင့် ကောင်းကင်ဘုံစင်မြင့်ထက်မှ မသေမျိုးအလင်းတန်းကို လက်ညိုးညွှန်ပြသည်။

၎င်း မသေမျိုးအလင်းတန်းထဲတွင်ကား ကောင်းကင်ဘုံလမ်းကြောင်းတစ်ခု ရှိနေပြီး ထိုလမ်းက မည်သို့ဦးတည်နေသည်ကို မည်သူမှ မသိကြပါ ။

" ဒါက... "

လောထျန်းကိုယ်တိုင်လည်း နားမလည်နိုင် ဖြစ်သွားသည်။

ကြာပွင့်နီဧကရီ အံကြိတ်ပြောလိုက်၏။

" ဒါ... မဖြစ်နိုင်ဘူးလေ ။ တကယ်ဆို အဲ့လိုမဖြစ်သင့်ဘူး "

" ဘာဖြစ်လို့လဲ.. ကျုပ်တို့ မအောင်မြင်ဘူး ဖြစ်သွားတာလား "

လောထျန်း မျက်မှောင်ကြုံ့သွားသည်။

ထျန်းယွမ်ကမ္ဘာမှ လူအားလုံးလည်း စိတ်ပူသွားကြ၏။

သူတို့အားလုံး ကောင်းကင်ဘုံစင်မြင့်ကို မျှော်လင့်နေခဲ့ကြသည်မှာ ကြာလှပြီမဟုတ်ပါလား ...

အားလုံး၏ စိုက်ကြည့်ခြင်းကို ခံနေရသော ကြာပွင့်နီဧကရီက မျက်မှောင်ကြုံ့၍ ပြောသည်။

" ခုနက ကျွန်မပြောခဲ့တဲ့စကားကို မှတ်မိသေးလား ။ ကောင်းကင်ဘုံစင်မြင့်ထဲကို မဝင်ခင်မှာ ကောင်းကင်ဘုံတံခါးကို ဖွင့်ရမယ် ဆိုတာလေ.. "

လောထျန်း ခေါင်းညိတ်လိုက်၏။

" မှတ်မိတယ်လေ "

ကြာပွင့်နီဧကရီ လက်ညိုးထိုးကာ ဆက်ပြောသည်။

" အခု သခင်လေးရဲ့ ကောင်းကင်ဘုံစင်မြင့်က ကောင်းကင်ဘုံတံခါးကို ဖွင့်စရာမလိုဘူး ။ အဲ့ဟာက တဖက်က လေထုလမ်းကြောင်းအဆုံးနဲ့ တိုက်ရိုက်ဆက်သွယ်ထားတာ ။ တနည်းပြောရရင်တော့ အပေါ်ကမ္ဘာနဲ့ တိုက်ရိုက်ဆက်သွယ်ထားတယ် "

လောထျန်းက နားမလည်သေးပုံ ပေါက်နေဆဲဖြစ်သဖြင့် ကြာပွင့်နီဧကရီ ဆက်ရှင်းပြပါသည်။

" တစ်နည်းပြောရရင်တော့ ထျန်းယွမ်ကမ္ဘာနဲ့ အပေါ်ကမ္ဘာကို ဒီကောင်းကင်ဘုံစင်မြင့်ကနေ ဆက်သွယ်ထားတာရှင့် ။ အဲ့တော့ ဘယ်လိုကျင့်ကြံခြင်းအဆင့်မျိုးမှာပဲ ရှိရှိ ဒီကနေတဆင့် အပေါ်ကမ္ဘာကို တိုက်ရိုက်တက်နိုင်တယ် "

" ဘယ်လို "

အားလုံး တုန်လှုပ်သွားကြသည်။

" ဒါတင်မကသေးဘူး ... "

ထိုစဥ် ကြာပွင့်နီဧကရီက စကားဆက်သည်။

" ပုံမှန်ဆိုရင် အပေါ်ကမ္ဘာကို တက်တာက လွယ်ပေမ

ယ့် ၊ အောက်ကမ္ဘာကို ပြန်ဆင်းရင်တော့ အင်မတန်ခက်တယ် ။ ဒါ ဘာဖြစ်လို့လဲဆိုတော့ အဲ့လိုဆင်းတဲ့အချိန်မှာ စည်းမျဥ်းချိန်းကြိုးတွေနဲ့ ယှဥ်ပြီးတိုက်ခိုက်ရတာမို့လို့ပဲ ။ ဒါ့ကြောင့်မို့လဲ ပုံမှန်ဆိုရင် အပေါ်ကမ္ဘာကနေ အောက်ကမ္ဘာကို ဆင်းဖို့အတွက် မသေမျိုးဘုရင်အဆင့် ကျင့်ကြံသူတွေအများကြီးရဲ့ အားစိုက်ထုတ်မှုနဲ့ အရင်းအမြစ်တွေ အများကြီးလိုတယ် "

" ဒါပေမယ့် အခု... ရှင့်ရဲ့ ကောင်းကင်ဘုံစင်မြင့်ကိုက စည်းမျဥ်းချိန်းကြိုးတွေ ဘာမှဝင်စွက်ဖက်တာ မရှိတဲ့အတွက် ဆန္ဒရှိသလို သွားလာလှုပ်ရှားနိုင်တယ် "

ထို့နောက် သူမ လောထျန်းအား မယုံနိုင်သည့်အကြည့်ဖြင့် လှမ်းကြည့်ကာ ဆက်ပြောပါသည်။

" နောက်တစ်နည်းပြောရရင်တော့ .. ရှင်တို့ ထျန်းယွမ်ကမ္ဘာက လူတွေအနေနဲ့ အပေါ်ကမ္ဘာကို ကြိုက်တဲ့အချိန် တက်နိုင်ပြီး ကြိုက်တဲ့အချိန်မှာ ပြန်ဆင်းလို့ရတယ်ဆိုတဲ့ သဘောပဲ "

" ဒါ.... "

ကြားလိုက်ရသည့် စကားကြောင့် အားလုံး အံ့သြမှင်သက်သွားကြပါ၏။

" ဒါကြီးက... ငါ နားကြားမှားတာများလားကွာ "

" ဒါဆိုရင်.. ငါတို့တွေ အပေါ်ကမ္ဘာကိုသွားပြီး ကျင့်ကြံလို့ရတယ်ပေါ့ "

" အပေါ်ကမ္ဘာမှာက မသေမျိုးစွမ်းအင်တွေ အရမ်းကြွယ်ဝတာဆိုတော့... ငါ မသေမျိုးတစ်ယောက် ဖြစ်ဖို့ အခွင့်အရေးရှိမှာပေါ့ "

" ငါ မသေမျိုးအစစ်တစ်ယောက် ဖြစ်လာနိုင်တော့မှာလား... "

အားလုံး ပါးစပ်အဟောင်းသား ....

ထိုစဥ် လောဖုန်းနှင့် ကျန်အကြီးအကဲများက ကြာပွင့်နီဧကရီဘေးသို့ ရောက်လာကာ ဦးညွှတ်၍ ဆိုသည်။

" မိန်းကလေး ၊ ထျန်းယွမ်ကမ္ဘာကို အများကြီးကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ။ အခု ကျုပ်

တို့ ညစာစားပွဲတစ်ခု ပြင်ထားတယ်ဗျ.. ကျေးဇူးပြုပြီး ကျုပ်တို့နဲ့ လိုက်ခဲ့ပါ "

ကြာပွင့်နီဧကရီမှာ ငြင်းရန်ပြန်လိုက်သေးသော်လည်း သူ့ဘေးမှ လောထျန်းက အပြုံးဖြင့် ပြောလာ၏။

" ကျုပ်တို့ အတူတူသွားကြတာပေါ့ "

ကြာပွင့်နီဧကရီ ခေါင်းညိတ်ပြလိုက်ရသည်။

ဤသို့ဖြင့် မကြာခင်မှာပင် ညစာစားပွဲကြီး စတင်ပါတော့သည်။

ကြာပွင့်နီဧကရီသည် စစချင်းတွင် ၎င်းညစာစားပွဲကို စိတ်ထဲအလေးနက် မထားလှပါချေ။

ထျန်းယွမ်ကမ္ဘာသည် အောက်ကမ္ဘာတစ်ခုသာဖြစ်ရာ မျှော်လင့်စရာလည်း အများကြီးမရှိဘူး မဟုတ်ပါလား ။

ယခုလူများက ထူးခြားသောအစွမ်းမျိုး ရှိထားကြသည်ဆိုလျှင်ပင် သဘာဝအရင်းမြစ်များ၌ အပေါ်ကမ္ဘာကို ယှဥ်မရနိုင်ပါ ။

သို့ဖြစ်ရာ သူမလို ကျင့်ကြံခြင်းအဆင့်နှင့် လူတစ်ယောက်အတွက် ဘာအကူညီမျိုးမှ မရနိုင်ပါချေ။

သို့သော် လောထျန်း၏ မျက်နှာလည်း ရှိနေသေးသဖြင့် သူမ စားပွဲပေါ်ရှိ သစ်သီးပန်းကန်ထဲမှ မသေမျိုးသစ်သီးတစ်လုံးကို ကောက်ယူပြီး ပါးစပ်ထဲထည့်လိုက်၏။

ထို့နောက်တွင်မူ...

" ဟင်.... "

ထို မသေမျိုးသစ်သီးက သူမဗိုက်ထဲ ရောက်သည်နှင့် များစွာသော မသေမျိုးစွမ်းအင်များ သူမကိုယ်ထဲ စီးဆင်းသွားပြီး ကျင့်ကြံခြင်းအဆင့်ပါ အနည်းငယ်တိုးတက်သွားသည်ကို သိလိုက်ရပါသည်။ ကြာပွင့်နီဧကရီ အလွန်အံ့သြတုန်လှုပ်သွားရတော့၏။

" ဒါ.. မဖြစ်နိုင်တာ ..အောက်ကမ္ဘာက ပစ္စည်းတစ်ခုက ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို တိုးအောင်လုပ်နိုင်တာလား "

သူမ အလွန်လည်းအံ့သြနေပြီး ရှေ့မှ သစ်သီး

ပန်းကန်အား သေချာကြည့်လိုက်သည်။

ပြီးနောက်တွင်ကား သူမ ပါးစပ်အဟောင်းသား ဖြစ်သွားပါတော့၏။

" ဒီ သစ်သီးတွေအားလုံးက အဆင့်မြင့် မသေမျိုးသစ်သီးတွေပါလား ။ ယဲ့လန်ကမ္ဘာမှာတောင်.. မဟုတ်သေးဘူး ၊ အပေါ်ကမ္ဘာမှာတောင် ဒီလိုသစ်သီးမျိုး အရမ်းရှားပြီးတော့ အဖိုးတန်ရတနာအဖြစ် သတ်မှတ်ကြတာ "

သူမ ထိုသို့တွေးရင်း မနေနိုင်ဘဲ နောက်ထပ်အသီးတစ်လုံးကို ကောက်ဝါးလိုက်ပြန်သည်။

ဤတစ်ကြိမ် သူမ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်မှုက ယခင်တစ်ကြိမ်ထက်ပင် ပိုများပါသေး၏။

" အပေါ်ကမ္ဘာက အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ပီသပါပေတယ်ဗျာ ။ မိန်းကလေးက မသေမျိုးသစ်သီး နှစ်လုံးကို ခဏလေးအတွင်းမှာ သန့်စင်လိုက်နိုင်တယ် ။ ရော့.. ရေလေးသောက်လိုက်ပါဦး

ဗျ "

ထိုစဥ် ဧည့်သည်များကို ဧည့်ခံသည့်တာဝန် ယူထားသော ပထမအကြီးအကဲက အပြုံးဖြင့် ရေတစ်ခွက်ကို လှမ်းပေးလာသည်။

ကြာပွင့်နီဧကရီမှာလည်း တဖက်လူက လောမိသားစု၏ ရာထူးကြီးကြီး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နိုင်ကြောင်းကို သိသဖြင့် ငြင်းမနေဘဲ ရေခွက်ကိုယူ၍ မော့သောက်လိုက်၏။

ထို့နောက်..

ဝုန်း ..

ရေနည်းနည်းလေးသာ သောက်ရသေးစဥ်မှာပင် သူမကိုယ်ထဲရှိ မာရီဒျာန်များအားလုံး သန့်စင်သွားသလို ခံစားလိုက်ရသည်။

ထိုသို့သော ခံစားချက်မျိုးကို သူမ ခန္ဓာကိုယ်ကျင့်ကြံခြင်းဖြင့် စိတ်စွမ်းအင်စုဆောင်းခြင်းအဆင့်သို့ ရောက်ခဲ့စဥ်ကသာ ခံစားခဲ့ဖူးပါ၏။

ယနေ့မှ ဒုတိယအကြိမ် ပြန်ခံစားမိခြင်းပင် ။

ထိုစဥ်...

ဝီ ...

သူမကိုယ်မှ စိတ်စွမ်းအင်အလင်းတန်း တစ်ခု တိုးထွက်လာကာ ကောင်းကင်ယံသို့ တက်သွားသည်။

သူမ ကျင့်ကြံခြင်းအဆင့် တက်သွားခဲ့လေပြီ ။

" ဘယ်လိုဖြစ်ပြီးတော့... "

ကြာပွင့်နီဧကရီ အလွန်အံ့သြတုန်လှုပ်သွားကာ လောထျန်းဘက်သို့ စိတ်လှုပ်ရှားစွာ လှည့်ကြည့်လိုက်သည်။

အမှန်တွင် သူမ၏ ကျင့်ကြံခြင်းအဆင့် နည်းနည်းလေးမှ မတိုးတက်သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပါ၏။

သို့သော် ယနေ့တွင် မသေမျိုးသစ်သီးလေး နည်းနည်းစားပြီး ၊ ရေလေး နည်းနည်းသောက်ရုံဖြင့် ကျင့်

ကြံခြင်း အဆင့်တက်သွားခဲ့သတဲ့လား ။

" အဲ့အသီးက ဘယ်လိုအသီးမျိုးပါလိမ့် "

သူမ အံ့သြတကြီး မေးလိုက်သည်။

၎င်းကိုကြားသော လောထျန်းက သူမဘက်လှည့်၍ ပြန်ဖြေပါသည်။

" ဘာရယ်မဟုတ်ပါဘူးဗျာ ၊ ဒီတိုင်း သာမာန် မသေမျိုးသစ်သီးတွေပါ "

" သာမာန် မသေမျိုးသစ်သီး .. ဟုတ်လား "

ကြာပွင့်နီဧကရီ မှင်သက်သွားရတော့သည်။

မည်သို့သော သာမာန်မသေမျိုးသစ်သီးက ထိုအကျိုးဆက်မျိုး ပေးနိုင်ပါသလဲ ။

လောထျန်း ခေတ္တမျှ စဥ်းစားပြီးမှ ထပ်ပြောလာ၏။

" နည်းနည်းထူးခြားတာဆိုလို့ ဒီအသီးတွေကို မူလအရှုပ်အထွေးမြေထဲမှာ စိုက်ထားတာပဲ ရှိတာ ။ အဲ့တော့ သာမာန်မသေမျိုးသစ်သီးထက် ပိုကောင်းရင်လဲ ကောင်းမှာပေါ့လေ "

ကြာပွင့်နီဧကရီ မျက်လုံးပြူးသွားသည်။

" မူလအရှုပ်အထွေးမြေမှာ စိုက်ထားတယ်.. ဟုတ်လား "

သူမတို့ ယဲ့လန်ကမ္ဘာတွင်လည်း မူလအရှုပ်အထွေးမြေ ရှိခဲ့ဖူးပါ၏။

သူမသည် ယဲ့လန်ကမ္ဘာ၏ ကမ္ဘာသခင်မကြီး တစ်ယောက် ဖြစ်သဖြင့်လည်း ထိုမူလအရှုပ်အထွေးမြေကို အပြည့်အဝ ထိန်းချုပ်ခဲ့ရပါသည်။

သူမတို့ထံတွင် မြေမှုန်စုစုပေါင်း တစ်ရာ့ရှစ်မှုန် ရှိခဲ့ကာ ... ၎င်းသည်ပင် ကြောက်မက်ဖွယ် ပမာဏတစ်ခု ဖြစ်နေခဲ့ပါသည်။

သို့သော် ၎င်းကို မသေမျိုးသစ်သီး စိုက်ရန်အတွက်မူ လုံးဝမသုံးနိုင်ခဲ့ပါ ။

ဤထျန်းယွမ်ကမ္ဘာ၌ မူလအရှုပ်အထွေးမြေ မည်မျှ များပါသနည်း ။

" ဒါဆိုရင်... ဒီရေခွက်ထဲကဟာရော ဘာလဲ "

ကြာပွင့်နီဧကရီ တုန်လှုပ်စွာ ဆက်မေးလိုက်သည်။

လောထျန်းက ၎င်းကိုတစ်ချက်ကြည့်ကာ ပြန်ပြော၏။

" ဒီတိုင်း ရိုးရိုးစိမ့်စမ်းရေပါပဲ "

" ရိုးရိုး စိမ့်စမ်းရေ... "

ကြာပွင့်နီဧကရီ မှင်သက်သွားရပြန်သည်။

သာမာန် စိမ့်စမ်းရေတွင် ထိုအစွမ်းမျိုး ရှိသတဲ့လား..

လောထျန်းက အေးအေးဆေးဆေး ဆက်ပြောလာ၏။

" အဲ့ဒါ တကယ်လဲ သာမာန်စိမ့်စမ်းရေပဲ ။ ဒါပေမယ့်.. အဲ့ထဲမှာ ဧကရာဇ်ဆေးလုံးနမူနာကို ထည့်စိမ်ထားတော့.. စိတ်စွမ်းအင်တွေ နည်းနည်းရှိနေတယ်နဲ့တူတယ် "

ဘုတ်...

ကြာပွင့်နီဧကရီ မတ်တပ်ရပ်နေရာမှ ထိုင်ခုံပေါ်သို့ ထိုင်လျက်သား ပြန်ကျသွားသည်။

သူမ ဘာကြားလိုက်ပါသလဲ...

ဧကရာဇ်ဆေးလုံး နမူနာ တဲ့လား...

အပေါ်ကမ္ဘာတွင်ပင် ထိုသို့သောအရာမျိုး မရှိပါချေ။

ထျန်းယွမ်ကမ္ဘာက ထိုသို့သော အရာမျိုးကိုပင် ရေထဲစိမ်၍ သောက်နေနိုင်သတဲ့လား...

" ဒီ ထျန်းယွမ်ကမ္ဘာက ဘာတွေဖြစ်နေတာလဲ "

သူမ လွန်စွာတုန်လှုပ်နေပါတော့သည်။

" ဒီတိုင်း ကြည့်ပဲကြည့်မနေနဲ့လေ ၊ စားပါဦး "

ထိုစဥ် လောထျန်းက အပြုံးဖြင့် ဆိုလာသည်။

ကြာပွင့်နီဧကရီ အသက်ပြင်းပြင်းရှိုက်ကာ ခေါင်းညိတ်လိုက်၏။

လောထျန်း မပြောလျှင်ပင် သူမ အားနာမနေတော့ဘဲ အဝကြိတ်တော့မည် ဖြစ်ပါသည်။

မသေမျိုးသစ်သီးလေး တစ်လုံးသည်ပင် သူမ နှစ်

ပေါင်းရာချီ ကျင့်ကြံခြင်းနှင့် ညီမျှနေပေရာ မစားပါက နှမျောစရာကြီး မဟုတ်ပါလား ...

သူမ ထိုသို့တွေးပြီး စားစရာများ တစ်ခုပြီးတစ်ခုယူ၍ အားပါးတရ စားသောက်လိုက်တော့သည်။

ဘေးမှလူများပင် သူမ စားနေပုံကြောင့် တအံ့တသြ ဖြစ်ကုန်ကြရ၏။

" အပေါ်ကမ္ဘာမှာ စားစရာရှားလို့လား မသိပါဘူးကွာ ။ သူ့ခဗျာ မဝမလင် ဖြစ်နေတာနဲ့တူတယ် "

" ငါတို့ သခင်လေးလဲ အပေါ်ကမ္ဘာမှာ အဲ့လိုခက်ခက်ခဲခဲ ကြိုးစားပြီး နေနေရရှာမှာပဲ "

အားလုံး သက်ပြင်းကိုယ်စီ ချလိုက်ကြသည်။

သူတို့အတွက်မူ မသေမျိုးသစ်သီးများနှင့် ၊ ဧကရာဇ်ဆေးလုံးနမူနာကို စိမ်ထားသော စိမ့်စမ်းရေများက ရိုးနေပြီဖြစ်ရာ ကြာပွင့်နီဧကရီ၏ အတွေးကို မည်သို့ သိနိုင်ပါမည်နည်း ။

ကြာပွင့်နီဧကရီမှာ ရှေ့တွင် ရှိသမျှသော အစားအသောက်များအားလုံးကို စားသောက်ပြီးနောက် ... သူမ၏ခန္ဓာကိုယ် ရုတ်တရက် တောင့်သွား၏။

" ဟင်... မင်း ဘာဖြစ်တာလဲ "

လောထျန်း စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။

ကြာပွင့်နီဧကရီ မျက်နှာထား အနည်းငယ်ပြောင်းသွားပြီး ပြော၏။

" ကျွန်မ.. တစ်ခုခုကို ရုတ်တရက်ကြီး ခံစားမိလိုက်သလိုပဲ ။ ကျွန်မ သွားကျင့်ကြံလိုက်ဦးမယ် ။ တောင်းပန်ပါတယ်ရှင်.. ခွင့်ပြုပါဦး "

သူမ ပြောပြီးသည်နှင့် လှည့်ထွက်သွားသည်။

Chapter 902

The furnace of heaven and earth broke through ?

အနားမှ လူတစ်ယောက်က ကြာပွင့်နီဧကရီအား ကျင့်ကြံသည့်နေရာသည့် ဦးဆောင် ခေါ်သွားပေးသည်။

ထိုစဥ် စားသောက်ပွဲအတွင်း၌.. လောဖုန်းက ရုတ်တရက် မေး၏။

" ထျန်းလေး ၊ အပေါ်ကမ္ဘာက အခြေအနေ ဘယ်လိုရှိလဲ "

အားလုံးကလည်း လောထျန်းအား စိတ်ဝင်တစား လှည့်ကြည့်လာကြ၏။

သူတို့ ထျန်းယွမ်ကမ္ဘာတွင် အပေါ်ကမ္ဘာအကြောင်းကို သိသူ များစွာမရှိဘူး မဟုတ်ပါလား ။

လောထျန်းက အေးဆေးပင် ပြန်ဖြေသည်။

" အဲ့မှာ မသေမျိုးစွမ်းအင်တွေ ပေါကြွယ်ဝတာ မှန်ပေမယ့် ပျောင်ပိုင်မြို့ရဲ့ လျှို့ဝှက်ဒေသထက်တော့ သိပ်မများလှဘူး ။ တကယ်ကွာတာက ဘာလဲဆို

တော့ ကောင်းကင်နဲ့မြေကြီး စည်းမျဥ်းတွေနဲ့ ကျင့်ကြံခြင်း အရင်းမြစ်တွေပဲ ။

" ကောင်းကင်နဲ့မြေကြီး စည်းမျဥ်း.. ဟုတ်လား "

လောဖုန်း အံ့အားသင့်သွား၏။

ကျင့်ကြံခြင်းအရင်းမြစ်ကို သူ နားလည်သော်လည်း ကောင်းကင်နဲ့မြေကြီး စည်းမျဥ်းအပိုင်းကိုမူ သိပ်နားမရှင်းပါ ။

လောထျန်း : " ဟုတ်တယ်ဗျ ၊ အပေါ်ကမ္ဘာက ကောင်းကင်နဲ့မြေကြီးစည်းမျဥ်းတွေက ထျန်းယွမ်ကမ္ဘာက စည်းမျဥ်းတွေထက် အများကြီးပိုပြီး အစွမ်းထက်တယ် ။ ဒါ့ကြောင့်မို့ အစွမ်းထက်ကျင့်ကြံသူတွေအတွက် ပိုအဆင်ပြေတယ် "

" ကောင်းကင်ဘုံတံခါးဝအဆင့်ကို မရောက်သေးတဲ့ ကျင့်ကြံသူတွေအတွက်ကတော့ ထျန်းယွမ်ကမ္ဘာနဲ့ အပေါ်ကမ္ဘာမှာ ဘာမှသိပ်မကွာဘူး ။ ဒါပေမယ့် ကောင်းကင်ဘုံတံခါးဝအဆင့်ကို ရောက်ပြီးသွားရင်တော့ ကွာဟချက်က သိသိသာသာကို ကြီးသွားပြီ "

လောထျန်းခေါင်းထဲ၌ သူ တွေ့ခဲ့သော အစွမ်းထက်ကျင့်ကြံသူများအကြောင်း ပြန်တွေးမိသွားကာ စကားဆက်သည်။

" အပေါ်ကမ္ဘာမှာဆိုရင် ကမ္ဘာပေါ်ကမသေမျိုးအဆင့် ၊ သူတို့အခေါ်ကတော့ စိတ်ဝိဥာဥ်မသေမျိုး ပေါ့... အဲ့အဆင့်ကိုရောက်အောင် ကျင့်ကြံဖို့က ထျန်းယွမ်ကမ္ဘာထက် အများကြီးပိုလွယ်တယ် ။ အဲ့ဒါကတော့ အပေါ်ကမ္ဘာနဲ့ ထျန်းယွမ်ကမ္ဘာကြားမှာ တကယ့်အခြေခံအကျဆုံး ကွာခြားချက်ပဲ "

" ဟင်.. အဲ့လိုလား "

စားသောက်ပွဲတွင် ရှိနေကြသူများအားလုံး ၊ အထူးသဖြင့် ကောင်းကင်ဘုံတံခါးဝအဆင့်သို့ ရောက်ထားကြသူများ.. စိတ်လှုပ်ရှားစွာ ဆိုလိုက်ကြသည်။

ဤပျောင်ပိုင်မြို့တွင် လောထျန်း ရှာထားပေးခဲ့သော မူလအရှုပ်အထွေးမြေ နှင့် ရွှယ်ဟွမ်အစွမ်းကဲ့သို့ သဘာဝအရင်းမြစ်များသည် မသေမျိုးအဆင့်သို့ ရောက်အောင် များစွာအထောက်အကူပြုပေးနိုင်သည်မှာ မှန်ပါသည်။

သို့သော် ၎င်းပစ္စည်းများနှင့် အချိန်တစ်ခုကြာ ကျင့်

ကြံပြီးသွားသည့်တိုင် သူတို့အတွက် ကျင့်ကြံခြင်းအဆင့်တက်ရန် ခက်ခဲနေသေးမှန်း လူများ သိခဲ့ရပါ၏။

ထို့ကြောင့်လည်း လောထျန်းစကားကို ကြားသောအခါ သူတို့ စိတ်လှုပ်ရှားဝမ်းသာသွားကြခြင်းပင် ။

" သခင်လေး ၊ ကျုပ်တို့ရော သခင်လေးနဲ့အတူ အပေါ်ကမ္ဘာကို လိုက်ခဲ့လို့ ရမလား "

ပထမအကြီးအကဲက ရုတ်တရက် မေးလာသည်။

ကျန်လူများလည်း လောထျန်းအား လှည့်ကြည့်လိုက်ကြ၏။

လောထျန်းက အပြုံးဖြင့် ပြန်ဖြေသည်။

" ကျုပ်ကလဲ အဲ့ရည်ရွယ်ချက်နဲ့ ဒီကိုပြန်လာခဲ့တာပဲလေ "

ထို့နောက် သူ လူအုပ်အား တစ်ချက်ဝေ့ကြည့်ကာ စကားဆက်သည်။

" အခု ကျုပ်တို့ဆီမှာ ကောင်းကင်ဘုံစင်မြင့်လဲ ရှိနေ

ပြီဆိုတော့ အပေါ်ကမ္ဘာကို စိတ်ကြိုက်သွားလို့ရပြီလေ ။ ဒီတော့ အပေါ်ကမ္ဘာကို တက်ချင်တဲ့သူတိုင်း ဒီတစ်ခေါက် ကျုပ်နဲ့အတူ လိုက်ခဲ့လို့ရတယ် "

သူ့စကားဆုံးသည်နှင့် ပျောင်ပိုင်မြို့သားများထံမှ ထွက်လာသော ဝမ်းမြောက်ဝမ်းသာ အော်ဟစ်သံများက ကမ္ဘာကြီးကိုပင် တုန်သွားစေတော့မယောင် ...

ထိုစဥ် တဖက်မှ ယောင်ချီနတ်ဘုရားသခင်မကြီး နှင့် အခြားသူများမှာလည်း အနည်းငယ် စိတ်လှုပ်ရှားနေဟန် ပေါက်နေပါသည်။

" သခင်လေးလောထျန်း ၊ ကျွန်မတို့ရော.... ဖြစ်နိုင်မယ်ဆိုရင်. . "

ယောင်ချီ နတ်ဘုရားသခင်မကြီးက ဦးစွာထရပ်၍ စကားစလိုက်သည်။

လောထျန်းက အပြုံးဖြင့် ပြော၏။.

" ကျုပ် ပြောပြီးသားလေဗျာ ။ ပျောင်ပိုင်မြို့က ကောင်းကင်ဘုံစင်မြင့်ကို ထျန်းယွမ်ကမ္ဘာသားတွေ အားလုံးအတွက် ဖွင့်ပေးမှာပါ "

လောထျန်း၏ ကတိစကားကို ကြားသောအခါ တဖက်လူများ စိတ်အေးသွားကြပုံပေါ်ပြီး ... တခဲနက်အော်ဟစ်သံများ ထပ်ထွက်လာသည်။

ထိုစဥ် လောထျန်းက လက်အသာယမ်း၍ အားလုံးကို အသိတိတ်ကြရန် အချက်ပြကာ ဆက်ပြောသည်။

" ဒါပေမယ့်.. ထျန်းယွမ်ကမ္ဘာက ကျုပ်တို့ရဲ့ အခြေခံအုတ်မြစ်ပဲလေ ။ အဲ့တော့ အပေါ်ကမ္ဘာကို သွားတဲ့အချိန်မှာ ထျန်းယွမ်ကမ္ဘာကို စောင့်ကြပ်ဖို့ လူချန်ထားဖို့တော့ လိုတယ် ။ တကယ်လို့ အားလုံးအပေါ်ကမ္ဘာကို သွားနေတဲ့အချိန် ကမ္ဘာနှစ်ခုကြား တံခါးပေါက် ပွင့်လာခဲ့ရင် ကျုပ်တို့ထျန်းယွမ်ကမ္ဘာပဲ ဖျက်ဆီးခံရမှာလေ ။ အဲ့ကျရင် ဒုက္ခများသွားမှာပေါ့ "

အားလုံးက သူ့စကားအား ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။

သခင်ကြီးထျန်းလုံက မတ်တပ်ထ၍ လောထျန်းအား ဦးညွှတ်ကာ ဆိုသည်။

" သခင်လေးလောထျန်းက တကယ်ကို စိတ်နှလုံး

ကောင်းရှိတဲ့ သူတစ်ယောက်ပါပဲ ။ သခင်လေးကို ထျန်းယွမ်ကမ္ဘာသားတွေ အားလုံးရဲ့ကိုယ်စား ကျေးဇူးတင်ပါတယ် "

ကျန်လူများလည်း သူ့နည်းတူပင် ကျေးဇူးတင်စကား ဆိုလိုက်ကြသည်။

လောထျန်းက အပြုံးဖြင့် အားလုံးကို ပြန်ထိုင်ကြရန် အချက်ပြ၏။

ထို့နောက်တွင်မူ စားသောက်ပွဲကို မည်သူကမှ စိတ်မဝင်စားကြတော့ပါ ။

ဤသို့ဖြင့် မကြာခင်မှာပင် စားသောက်ပွဲ ပြီးသွားကာ မြင့်မြတ်နယ်မြေ ဂိုဏ်းကြီးများနှင့် အခြားသော ဂိုဏ်းအဖွဲ့များမှ လူများ အသီးသီးထရပ်၍ ထွက်ခွာရန် ပြင်လိုက်ကြသည်။ သူတို့ အပေါ်ကမ္ဘာသို့တက်ရန်အတွက် ပြင်ဆင်ရန် စိတ်စောနေကြသည်မှာ သိသာလှပါသည်။

ထို့နောက်တွင်ကား... ပျောင်ပိုင်မြို့သားများသာ ကျန်နေခဲ့တော့၏။

" အကိုထျန်း ၊ ကျုပ်လဲ အကိုနဲ့အတူတူ အပေါ်ကမ္ဘာကို လိုက်ခဲ့ချင်တယ်ဗျာ "

လောရုံက ရှေ့သို့ ဦးစွာထွက်လာကာ လောထျန်းအားပြောသည်။

" အကိုထျန်း ၊ ကျုပ်လဲ လိုက်ချင်တယ် "

" သခင်လေး ၊ ကျုပ်ရောပဲ "

လောမိသားစုမှ လူငယ်များအားလုံးနီးပါး စိတ်လှုပ်ရှားစွာ ပြောလာကြ၏။

လောထျန်း ခေါင်းညိတ်လိုက်သည်။

" ကောင်းပြီ "

အားလုံးထံမှ ဝမ်းသာစွာ အော်ဟစ်သံများ ထပ်ထွက်လာသည်။

တဖက်မှ လောဖုန်းက ခေတ္တမျှ စဥ်းစားနေပြီးမှ ပြော၏။

" ထျန်းလေး ၊ အဖေလဲ မင်းနဲ့အတူ လိုက်ခဲ့မယ် "

လောထျန်း လှည့်ကြည့်လိုက်ရာ သူ့အဖေတစ်ကိုယ်လုံးအား မသေမျိုးစွမ်းအင်များ ခြံရံနေသည်ကို မြင်လိုက်ရသည်။

သူ သိပ်မကြာခင်က ပေးခဲ့သော မသေမျိုးဧကရာဇ် စိတ်ဝိဥာဥ်ပုလဲလုံးက သူ့အဖေအပေါ် သိသိသာသာ သက်ရောက်မှုရှိပုံပင် ။

" အဖေက တကယ်လဲ အပေါ်ကမ္ဘာကို တက်သင့်တယ် ။ ဒီထျန်းယွမ်ကမ္ဘာမှာပဲ ဆက်နေမယ်ဆိုရင် အဖေ့အတွက် အဆင့်တက်ဖို့ ခက်နိုင်တယ်ဗျ "

လောထျန်း ပြောလိုက်သည်။

" ကျုပ်လဲ သွားချင်တယ် သခင်လေး "

ဒုတိယအကြီးအကဲကလည်း ထရပ်၍ ပြောသည်။

" ကျုပ်ရောပဲ "

တတိယအကြီးအကဲထံမှလည်း အသံထွက်လာ၏။

ထိုစဥ် ပထမအကြီးအကဲကမူ ထိုင်ခုံတွင်ထိုင်ကာ အချိန်အတန်ကြာ စဥ်းစားနေပြီးမှ ပြောလာ

ပါသည်။

" ကျုပ်ကတော့ လောလောဆယ် အပေါ်ကမ္ဘာကိုတက်ဖို့ ဆန္ဒမရှိသေးဘူးမို့ ပျောင်ပိုင်မြို့ကိုပဲ စောင့်ကြပ်ပြီး ကျန်ခဲ့ပါ့မယ် "

လောထျန်း ခေါင်းညိတ်လိုက်သည်။

" တကယ်လို့ ပထမအကြီးအကဲသာ နေခဲ့ချင်တယ်ဆိုရင်တော့ ကောင်းတာပေါ့ဗျာ ။ ဒါပေမယ့် အခုက အပေါ်ကမ္ဘာနဲ့ ထျန်းယွမ်ကမ္ဘာကို သွားလာဖို့ မခက်ခဲတော့ဘူးဆိုတော့ အကြီးအကဲတွေအနေနဲ့ ပျောင်ပိုင်မြို့ကို အလှည့်ကျ ပြန်လာပြီး စောင့်ကြပ်သင့်တယ် "

လောဖုန်းနှင့် အကြီးအကဲများစွာပင် လောထျန်း၏ အဆိုကို ကျေနပ်ပုံဖြင့် ခေါင်းတဆတ်ဆတ် ညိတ်လိုက်ကြ၏။

ဤသို့ဖြင့် မကြာခင်မှာပင် ပျောင်ပိုင်မြို့မှနေ၍ အပေါ်ကမ္ဘာသို့ တက်ကြမည့် လူဦးရေစာရင်းက ထောင်ဂဏန်းသို့ ရောက်သွားခဲ့ပါတော့သည်။

ထိုအထဲတွင် ဖျက်ဆီးရေးအဖွဲ့၏ အဓိကအဖွဲ့ဝင်များ

လည်း ပါပါ၏။

အားလုံးကို စီစဥ်နေရာချပြီးနောက်တွင်မူ ... လောထျန်းက ပျောင်ပိုင်မြို့ လျှို့ဝှက်ဒေသထဲသို့ ဝင်သွားသည်။

သူ အထဲရောက်သည်နှင့် လျှို့ဝှက်ဒေသကမ္ဘာငယ်က အပြောင်းအလဲများစွာ ဖြစ်သွားခဲ့သည်ကို လောထျန်း သတိထားမိလိုက်ပါ၏။

" ဒါ.... "

လောထျန်း စိတ်လှုပ်ရှားသွားကာ လျှို့ဝှက်ဒေသ ၊ အတွင်းပိုင်းထဲသို့ တိုက်ရိုက် တည်နေရာရွှေ့ပြောင်းသွားလိုက်သည်။

ဝီ ....

ထို့နောက်တွင်ကား ခပ်လှမ်းလှမ်း၌ တလက်လက်တောက်နေသည့် ထောင်ပေါင်းများစွာသော အလင်းတန်းများ ကောင်းကင်ယံသို့ ထိုးတက်နေသည်ကို သူ မြင်လိုက်ရသည်။ ၎င်းမှာ ဤကမ္ဘာငယ်ထဲ၌ ရှားပါးရတနာတစ်ခု ပေါ်လာသည့် လက္ခဏာပင် ။

" ဟင်.. ဘာတွေဖြစ်နေတာလဲ "

လောထျန်း အနည်းငယ် အံ့အားသင့်သွားရသည်။

ဝုန်း ...

ထိုစဥ် ကြောက်မက်ဖွယ် အရောင်အဝါတစ်ခု ထွက်ပေါ်လာကာ ကောင်းကင်နှင့်မြေကြီးပင် တုန်ခါသွား၏။

" အဲ့ဒါ ဘာဖြစ်တာလဲ.. "

လောထျန်းတစ်ယောက် ထပ်ပြိး အံ့သြသွားရပြန်သည်။

ဤလျှို့ဝှက်ဒေသထဲတွင် ထိုမျှ အစွမ်းထက်သော အရာတစ်ခု ရှိပါသလား ...

" ဟား ဟား.. ကျုပ် ကျင့်ကြံခြင်း အဆင့်တက်သွားပြီဗျ ။ အဆင့်တက်သွားပြီ ... "

ထိုစဥ်မှာပင် အားပါးတရ အော်ရယ်သံကြီး ထွက်လာသည်။

၎င်းက မည်သည့်နေရာမှ ထွက်လာသည်ကိုလည်း လောထျန်း တွေ့သွားပါ၏။

" ကောင်းကင်နဲ့မြေကြီး မီးဖိုပဲ.... "

ထို့နောက်တွင်.. သူ တည်နေရာရွှေ့ပြောင်းကာ ကောင်းကင်နှင့်မြေကြီး မီးဖိုရှေ့သို့ ရောက်လာသည်။

" အမလေး ..... "

စိတ်လှုပ်ရှားကာ အလွန်ပျော်နေသော ကောင်းကင်နှင့်မြေကြီး မီးဖိုမှာလည်း လောထျန်းကိုတွေ့သည်နှင့် လန့်လွန်း၍ လေထဲရှိနေရာမှ အောက်ပြုတ်ကျမလိုပင် ဖြစ်သွားရှာသည်။

" သခင်ကြီးလောထျန်း ၊ ဘယ်တုန်းက ပြန်ရောက်နေတာလဲဗျ "

သူ တအံ့တသြ မေးလိုက်သည်။

" မကြာခင်လေးကမှ ပြန်ရောက်တာ ။ မင်းက ဘာဖြစ်နေတာလဲ "

လောထျန်း ပြန်မေး၏။

ကောင်းကင်နှင့်မြေကြီး မီးဖိုက ချက်ချင်းပြန်ဖြေရှာသည်။

" သခင်ကြီး ၊ ကျုပ် ကျင့်ကြံခြင်း အဆင့်တက်သွားပြီဗျ "

ထို ကောင်းကင်နှင့်မြေကြီးမီးဖိုမှာ မူလအဆင့် မသေမျိုးလက်နက်တစ်ခု ဖြစ်ပါသည်။

ထိုအဆင့်မျိုးနှင့် မသေမျိုးလက်နက်တစ်ခုက ကျင့်ကြံခြင်း အဆင့်တက်နိုင်သည်ကို လောထျန်းယခုမှ ကြားဖူးခြင်းပင် ။

ထိုစဥ် ကောင်းကင်နှင့်မြေကြီးမီးဖိုက စကားဆက်သည်။

" မူလအဆင့်မသေမျိုးလက်နက်ကလဲ စိတ်ဝိဥာဥ်အသိဉာဏ် နိုးထပြီးသွားရင် ကျင့်ကြံခြင်းအဆင့်တက်နိုင်တယ်ဗျ ။ ဒါပေမယ့် ပုံမှန်ဆိုရင်တော့ အဲ့လိုအဆင့်တက်ဖို့ကို အချိန်အရမ်းကြာတယ် "

ထို့နောက် သူ ပြောနေရင်း စိတ်လှုပ်ရှားလာဟန်ဖြင့် စကားဆက်၏။

" ဒါပေမယ့်.. သခင်ကြီးရဲ့ ဒီ နတ်ဘုရားထွင်းစာတွေက အရမ်းကို အစွမ်းထက်တယ်ဗျ ။ ကျုပ် ဒီမှာ ကျင့်ကြံနေတဲ့အချိန်မှာ အဲ့ထွင်းစာတွေက အနီးနားပတ်ဝန်းကျင်က စိတ်စွမ်းအင်ကျောက်တုံးတွေကို အဆင့်တက်စေရုံတင် မကဘူး ၊ ကျုပ်ကို ဖန်တီးထားတဲ့ ပစ္စည်းရဲ့အဆင့်ကိုပါ တက်စေနိုင်တာ သတိထားမိခဲ့တယ် ။ ဒါ့ကြောင့်မို့လဲ ကျုပ် ကျင့်ကြံခြင်းအဆင့် တက်သွားခဲ့တာ "

All Chapters