အခန်း (၉၀၃+၉၀၄)
Vol. 64 Ch. 903+904
Chapter 903
Demonic Jade Test
" အဲ့လိုလဲ ဖြစ်နိုင်တယ်လား "
လောထျန်း အံ့အားသင့်သွားသည်။
ထိုကောင်က ကိုယ်တိုင်မကျင့်ကြံရပါဘဲ နတ်ဘုရားထွင်းစာအောက်တွင် ရှိနေရုံဖြင့် ပစ္စည်းများ အဆင့်တက်သွားသောကြောင့် ကျင့်ကြံခြင်းပါ အဆင့်တက်သွားသတဲ့လား..
" ဒါဆိုရင်.. အခု မင်းက ဘာအဆင့်ဖြစ်သွားပြီလဲ "
လောထျန်း မေးလိုက်သည်။
ကောင်းကင်နှင့်မြေကြီးမီးဖိုက ခေါင်းရှုပ်နေဟန်ဖြင့် ပြန်ဖြေသည်။
" အဲ့ဒါတော့ ကျုပ်လဲ မသိဘူးဗျ ။ ဒါပေမယ့်.. ကျုပ် အဆင့်သစ်ကို ရောက်သွားတာတော့ သေချာတယ် ။ လောလောဆယ်မှာတော့ ကျုပ်က အဲ့အဆင့်ကို ခြေချစလေးပဲ ရှိသေးတာမို့ နည်းနည်းကြာရင်တော့ သေချာနားလည်သွားမှာပါ "
" ဒါပေမယ့် ကျုပ်က မူလအဆင့်မသေမျိုးလက်နက်ထက် အများကြီး ပိုအစွမ်းထက်တာတော့ သေချာတယ်ဗျ "
လောထျန်း ခေါင်းညိတ်လိုက်သည်။
" ကောင်းပါပြီ ။ ဒါဆိုရင် မင်း ဒီမှာပဲနေပြီးတော့ မြန်နိုင်သမျှမြန်မြန် အဆင့်တက်အောင်သာလုပ်ပါ ။ ငါ မင်းကို လိုအပ်ရင် လာခေါ်လှည့်မယ် "
" ဟုတ်ကဲ့ပါ သခင်ကြီး "
ကောင်းကင်နှင့်မြေကြီးမီးဖို ပြောပြီး နောက်လှည့်၍ နတ်ဘုရားထွင်းစာအောက်သို့သာ ပြန်သွားလိုက်သည်။
ထို့နောက်တွင် လောထျန်း တစ်စုံတစ်ခုကို အာရုံခံမိသွားဟန်ဖြင့် နောက်လှည့်ကြည့်လိုက်ရာ သူ့နောက် မလှမ်းမကမ်းတွင် ရပ်နေသည့် ပန်းလင်အား တွေ့လိုက်ရသည်။
" ဟင်... "
သူ အံ့အားသင့်သွား၏။
လက်ရှိတွင် ပန်းလင်သည် သူ မြင်တွေ့နေကျ အသက် ဆယ့်ရှစ်နှစ် ၊ ဆယ့်ကိုးနှစ်အရွယ် မိန်းမငယ်လေးတစ်ယောက် မဟုတ်တော့ပါ ။
သူမ၏ အရောင်အဝါမှာလည်း ယခင်ထက် များစွာ ပိုအစွမ်းထက်နေလေပြီ ။
" ခင်ဗျား .... "
လောထျန်း အမှန်ပင် အံ့အားသင့်သွားရသည်။
ပန်းလင်က အပြုံးဖြင့် ပြန်ပြော၏။
" ကျွန်မ ဒီမှာလေ့ကျင့်တဲ့ တစ်ရက်စာ ပမာဏတိုင်းက အပြင်ကမ္ဘာမှာ နှစ်တစ်ထောင်လောက် ကျင့်ကြံတာနဲ့ ညီမျှတယ် ။ ဒါ့ကြောင့်မို့လဲ ကျွန်မ အများကြီးပိုပြီး အစွမ်းထက်လာတာ "
" အိုး.. ဟုတ်သားပဲ ၊ ဒါကိုကြည့်ပါဦး "
ပန်းလင် ပြောပြောဆိုဆိုပင် ကျောက်တုံးတစ်ခုကို ထုတ်၍ လက်ဖြန့်ပြလိုက်သည်။
" ဒီကျောက်တုံးက လွန်ခဲ့တဲ့ တစ်လ၊ နှစ်လ လောက်
တုန်းကတောင် သာမာန် စိတ်စွမ်းအင်ကျောက်တုံး တစ်ခုပဲ ။ ဒါပေမယ့် အခုတော့ မသေမျိုးစွမ်းအင်ကျောက်တုံး တစ်စိတ်တစ်ပိုင်း ဖြစ်နေပြီ ။ ကျွန်မ ခန့်မှန်းကြည့်ရသလောက်ဆိုရင်.. နောက်နှစ်ဝက်လောက်နေတာနဲ့ ဒီ သတ္ထုတွင်းကြီး တစ်ခုလုံးက မသေမျိုးသတ္ထုတွင်းကြီး ဖြစ်လာတော့မှာရှင့် "
ပန်းလင် ပြောသည်။
လောထျန်း ခေါင်းကိုသာ အသာညိတ်လိုက်၏။
ယခုအတိုင်းသာ ဆက်သွားပါက.. နောင်အနာဂါတ်တွင် ဤနေရာသည် ကြယ်စင်သန့်စင်ကမ္ဘာထက်ပင် ပိုကောင်းပြီး ၊ ပိုအစွမ်းထက်သော နေရာတစ်ခု ဖြစ်လာနိုင်ပေသည်။
ထိုစဥ် လောထျန်းက ပန်းလင်ကိုကြည့်ကာ ရုတ်တရက်မေး၏။
" ဒီ နတ်ဘုရားထွင်းစာတွေကရော ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို ပိုအစွမ်းထက်လာစေလား "
ပန်းလင် ခေါင်းယမ်းပြလိုက်သည်။
" ကျွန်မအတွက် ကျင့်ကြံခြင်းအဆင့်တက်ဖို့ လိုတဲ့
အကြောင်းရင်းတွေက ဟို ကောင်းကင်နဲ့မြေကြီးမီးဖို နဲ့ မတူဘူးရှင့် ။ ကျွန်မတို့ သဘာဝစိတ်ဝိဥာဥ်တွေဆိုတာ ခန္ဓာကိုယ်အစစ် မရှိကြဘူးမို့ အဲ့လိုနည်းနဲ့ အဆင့်တက်ဖို့ ခက်ခဲတယ် "
" ကျွန်မ ကျင့်ကြံခြင်းအဆင့်တက်ရတဲ့ အကြောင်းရင်းက အဲ့ နတ်ဘုရားထွင်းစာကြောင့်ပဲ "
လောထျန်း မျက်မှောင်ကြုံ့သွားပြီး ထပ်မေးလိုက်သည်။
" အဲ့ဒါ ဘယ်လိုအဓိပ္ပါယ်လဲဗျ "
ပန်းလင် ပြန်ပြော၏။
" ကျွန်မ သေချာတော့ မရှင်းပြတတ်ဘူး ။ ဒါပေမယ့်.. အဲ့ နတ်ဘုရားထွင်းစာနဲ့ ကျွန်မတို့လို သဘာဝစိတ်ဝိဥာဥ်တွေကြားမှာ ဆက်နွယ်မှုတစ်ခုခု ရှိနေသလိုပဲ "
" အဲ့ နတ်ဘုရားထွင်းစာက စိတ်စွမ်းအင်ကျောက်တုံးတွေကို အစွမ်းတိုးစေတဲ့အပြင် ၊ နောက်ထပ် အစွမ်းတစ်ခုလဲ ရှိသေးတယ် ။ ဒါပေမယ့် သခင်လေးက သဘာဝစိတ်ဝိဥာဥ်တစ်ယောက် မဟုတ်တော့ ခံစားမိ
မှာ မဟုတ်ဘူး ။ ကျွန်မကလဲ အဲ့ဒါကို ကောင်းကောင်းမရှင်းပြတတ်ဘူး "
လောထျန်း အံ့အားသင့်သွားကာ နတ်ဘုရားထွင်းစာကို တစ်လှည့် ၊ ပန်းလင်ကိုတစ်လှည့် ကြည့်လိုက်သည်။ သူ စိတ်လည်းလှုပ်ရှားသွား၏။
ထို နတ်ဘုရားထွင်းစာကို ရှေးခေတ်မှ သဘာဝစိတ်ဝိဥာဥ်များ ဖန်တီးထားခြင်း ဖြစ်နိုင်ပါသလား...
၎င်းသာ အမှန်ဆိုလျှင် ဤမျှအစွမ်းထက်သော နတ်ဘုရားထွင်းစာမျိုးကို ရေးနိုင်သည့် သဘာဝစိတ်ဝိဥာဥ်မှာ အလွန်အစွမ်းထက်ရပေမည်။
ထိုစဥ် ပန်းလင်က ရုတ်တရက် သက်ပြင်းချကာ ပြောလာ၏။
" ဒါပေမယ့်... နှမျောစရာပါရှင် "
" ဟင်.. ဘာက နှမျောစရာကောင်းတာလဲ "
လောထျန်း မေးလိုက်သည်။
ပန်းလင်က ခေါင်းယမ်းရင်း ပြော၏။
" အဲ့ နတ်ဘုရားထွင်းစာထဲက အစွမ်းက ကျွန်မနဲ့
သိပ်ပြီး မအပ်စပ်ဘူး ။ အဲ့တော့ ထွင်းစာရဲ့ အစွမ်းအားလုံးကို စုပ်ယူနိုင်ရင်တောင် ကျွန်မရဲ့ တိုးတက်မှုက အကန့်အသတ် ရှိနေမှာ "
လောထျန်း ရုတ်တရက် ဆိုသည်။
" ခဏလေးစောင့် "
" ဟင်... "
ပန်းလင်တစ်ယောက် အံ့သြသွား၏။
ထိုစဥ် လောထျန်းက စိတ်ဝိဥာဥ်အစွမ်းကို ထုတ်လွှတ်သည်။
ဝီ ...
ချက်ချင်းဆိုသလိုပင် ထွင်းစာအသစ်တစ်ခု ပေါ်လာ၏။
၎င်းမှာ သူ စန့်ထျန်းရှေးဟောင်းနယ်မြေမှ သင်ယူလာခဲ့သည့် ထွင်းစာပင် ။
ထို ထွင်းစာ ပေါ်လာပြီးသည်နှင့် ၎င်းမှ နတ်ဘုရား
အလင်းတန်းများ တိုးထွက်လာသည်။
တစ်ချိန်တည်းမှာပင် ပန်းလင်၏ အရောင်အဝါလည်း ရုတ်ချည်းတိုးလာ၏။
" ဟင်... ဒါက... "
ပန်းလင်တစ်ယောက် နတ်ဘုရားထွင်းစာအား မယုံနိုင်သည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။
" ဘယ်လိုနေလဲ "
လောထျန်း မေးသည်။
ပန်းလင် အသက်ပြင်းပြင်း ရှိုက်လိုက်ပါ၏။
" ကျွန်မရဲ့ တိုးတက်မှုနှုန်းက အများကြီးတိုးတက်လာတာကို ခံစားရတယ် ။ ပြီးရင်.. အခု ထွင်းစာအသစ်ရဲ့အစွမ်းက အရင်ထွင်းစာထက်လဲ ပိုပြီး လိုက်ဖက်ညီသလိုပဲ "
လောထျန်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
" ကြည့်ရတာ.. ဒီ နတ်ဘုရားထွင်းစာက သဘာဝစိတ်ဝိဥာဥ်နဲ့ တကယ်ကြီး ဆက်စပ်နေတဲ့ပုံပဲ "
ထိုတခဏ၌ သူ မေးခွန်းတစ်ခုကိုလည်း ရုတ်တရက် တွေးမိသွားပါသည်။
သခင်ကြီးလုံ ပြောထားသည့်အတိုင်းဆိုလျှင် အပေါ်ကမ္ဘာ၌ ထိုသို့သော ထွင်းစာများ ထပ်ရှိသေးသည် ဆိုပါ၏။
အကယ်၍ ထိုထွင်းစာများ အားလုံးကိုသာ ရသွားပါက.. ပန်းလင်၏အစွမ်း မည်မျှအထိ တိုးတက်သွားမည်နည်း ။
လောထျန်း ထိုသို့တွေးနေရင်း မျက်နှာကြီး တည်သွားသည်။
" သခင်လေးလောထျန်း ၊ ကျေးဇူးတင်ပါတယ် "
ထိုစဥ် ပန်းလင်က လောထျန်းကိုကြည့်ကာ စိတ်လှုပ်ရှားစွာ ဆိုလာသည်။
လောထျန်း အပြုံးဖြင့် ပြန်ပြောလိုက်၏။
" ကျုပ်တို့က မိသားစုတွေပဲဗျာ ၊ ကျေးဇူးတင်စကား ပြောဖို့မလိုပါဘူး ။ ဒီမှာနေပြီးတော့ အေးအေးဆေးဆေးပဲ ကျင့်ကြံပါ ။ ကျုပ် နတ်
ဘုရားထွင်းစာ အသစ်ရခဲ့ရင် ဒီကိုပြန်လာပြီး လာပေးလှည့်မယ် "
" ကောင်းပါပြီ "
ပန်းလင် ခေါင်းတဆတ်ဆတ် ညိတ်လိုက်ပြီးနောက် တင်ပျင်ခွေထိုင်၍ နတ်ဘုရားထွင်းစာကို နားလည်ရန်သာ ကြိုးစားနေလိုက်တော့သည်။
ထို့နောက်တွင်.. လောထျန်း၏ပုံရိပ် ပြန်ပျောက်ကွယ်သွားပြီး...
လျှို့ဝှက်ဒေသထဲရှိ အမွေအနှစ်ပစ္စည်းများ ထားရာနေရာ၌ ပြန်ပေါ်လာသည်။
" သခင်မကြီး ၊ ကျေးဇူးပြုပြီးတော့ ကျုပ်တို့ကို ခဏလောက်ပေးနားပါဦးဗျာ "
သူ ရောက်ရောက်ချင်းမှာပင် ခပ်လှမ်းလှမ်းမှ တောင်းပန်တိုးလျှိုးသံတစ်သံကို ကြားလိုက်ရသည်။
" ပါးစပ်ပိတ်ထားစမ်း ။ အဲ့လောက်လေးမှ ဒုက္ခမခံနိုင်ရင် မျိုးဆက်တစ်ရာ နတ်ဆိုးဧကရာဇ် တစ်
ယောက်ဖြစ်အောင် ဘယ်လိုလုပ်ပြီး ကျင့်ကြံမှာလဲ "
မိုယွိ၏ ဒေါသတကြီး အသံလည်း ထွက်လာ၏။
" ကျုပ်တို့က နတ်ဆိုးမျိုးနွယ်ဝင်တွေလေဗျာ ။ မျိုးဆက်တစ်ရာနတ်ဆိုးဧကရာဇ် ဖြစ်အောင် ဘာလို့ကျင့်ကြံစရာ လိုသေးတာလဲ "
အမွေးစိမ်းခြသေ့်က မျက်နှာငယ်လေးဖြင့် ဆိုသည်။
မိုယွိက လက်နှစ်ဖက်ခါးထောက်၍ ပြန်ပြော၏။
" နတ်ဆိုးမျိုးနွယ်ဝင်တွေရဲ့ ခန္ဓာကိုယ်က လူသားတွေထက် ပိုအစွမ်းထက်တယ်ဟဲ့ ။ အဲ့တော့ မျိုးဆက်တစ်ရာနတ်ဆိုးဧကရာဇ် ခန္ဓာကိုယ်အတွက် မင်းတို့နဲ့စမ်းသပ်တာ အကောင်းဆုံးပဲလေ "
" စမ်းသပ်တယ်... ဒါဆို.. ဒီနည်းက အလုပ်ဖြစ်၊မဖြစ်ဆိုတာ မသေချာဘူးဆိုတဲ့ အဓိပ္ပါယ်လား "
အရိုးဖြူပညာရှိက တစ်ခုကို တွေးမိသွားဟန်ဖြင့် ရုတ်တရက် မေးသည်။
မိုယွိ မျက်နှာရဲသွားပါသည်။
" ဘယ်သူက အဲ့လိုပြောလို့လဲဟဲ့ ။ ငါ သေချာတွက်ချက်ထားပြီးသား ။ အဲ့နည်းက သေချာပေါက်.. သေချာပေါက်ကို အောင်မြင်သင့်
တာ "
တဖက်မှ နတ်ဆိုးများ မျက်နှာမသာမယာ ဖြစ်သွားကာ တစ်ပြိုင်တည်းနီးပါး ပြောလိုက်ကြသည်။
" ဘယ်သူက အဲ့စကားကို ယုံမှာလဲ "
ဝုန်း ...
ထိုစဥ် မိုယွိကိုယ်မှ နတ်ဆိုးစွမ်းအင် ပေါက်ထွက်လာ၏။
" မယုံဘူး.. ဟုတ်လား ၊ ဒါဆို တူကို ချလိုက် "
သူမ ခါးထောက်၍ ပြောသည်။
စကားဆုံးချိန်မှာပင်..
ဝုန်း ...
မလှမ်းမကမ်းမှ ကြောက်မက်ဖွယ် အရောင်အဝါတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ...
ဧရာမ နတ်ဆိုးအရိပ်ကြီးတစ်ခုအဖြစ် အသွင်ပြောင်း
ထားသော နျိုထျဲ့ချူက တစ်လှမ်းချင်းလျှောက်လာသည်။
" ဟင် ... "
၎င်းကိုမြင်သော သားရဲများ မျက်နှာပျက်သွားကြ၏။
သူတို့ ဤနေရာ၌ ကျင့်ကြံနေခဲ့ကြစဥ်တလျှောက်တွင် နျိုထျဲ့ချူ၏ ရိုက်မောင်းပုတ်မောင်းလုပ်ခြင်းကို ကြိမ်ဖန်များစွာ ခံခဲ့ကြရပါသည်။ ထို့ကြောင့်လည်း ယခု သူမလျှောက်လာသည်ကို မြင်သည်နှင့် သူတို့အားလုံး ခေါင်းကိုယ်စီငုံ့သွားကာ စတင်ကျင့်ကြံလိုက်ကြပါတော့၏။
" ဟမ့်.. အစောထဲက အဲ့လိုပဲလုပ်သင့်တာ "
မိုယွိ အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
ထို့နောက်.. သူမ ဘေးဘက်သို့ အကြည့်လွှဲလိုက်ရာ လောထျန်းအား တွေ့သွားသည်။
" ဟင်.. သခင်ကြီး ပြန်ရောက်လာပြီလား "
မိုယွိ တအံ့တသြ မေးလိုက်သည်။
ဘေးမှ နျိုထျဲ့ချူလည်း အံ့သြသွားကာ နတ်ဆိုးအရိပ်ကြီးအဖြစ် အသွင်ပြောင်းထားရာမှ သူမ၏ မူအသွင်သို့ ပြန်ပြောင်းလိုက်သည်။
" အကိုကြီး .. "
သူမ ဦးညွှတ်၍ ဆို၏။
လောထျန်း ခေါင်းညိတ်ကာ သူမကိုကြည့်၍ ပြောသည်။
" မင်း အများကြီး ပိုအစွမ်းထက်လာတဲ့ပုံပဲ "
ထိုစဥ် မိုယွိက နျိုထျဲ့ချူ၏ အဖြေကိုမစောင့်ဘဲ ဂုဏ်ယူစွာ ဝင်ပြော၏။
" ဒါပေါ့ ၊ ကျွန်မက ရှေးဟောင်းနတ်ဆိုးကမ္ဘာက ခန္ဓာကိုယ်သန့်စင်နည်းတွေနဲ့ သခင်လေးသင်ပေးထားတဲ့ နည်းတွေရယ်ကို ပေါင်းစပ်ထားတာလေ ။ အဲ့အပြင် သူ့ရဲ့ ထူးခြားတဲ့သွေးအစွမ်းကိုပါ ထပ်ပေါင်းထည့်လိုက်တော့... အခုဆို သူ မျိုးဆက်တစ်ရာနတ်ဆိုးဧကရာဇ် ခန္ဓာကိုယ်ကို ယာယီထုတ်သုံးနေနိုင်ပြီ "
" ပြီးတော့ ... ကျွန်မ ဒီကြားထဲမှာ တောက်လျှောက်လေ့လာနေခဲ့တာ တွေကနေတဆင့်.. မျိုးဆက်တစ်ရာနတ်ဆိုးဧကရာဇ်ခန္ဓာကိုယ်ကို ရနိုင်တဲ့ ဖြစ်နိုင်ခြေကို ရှာတွေ့ထားပြီ ။ နောက်ကျရင် ကျွန်မ အရှုပ်အထွေးခန္ဓာကိုယ်ထက် အစွမ်းမနိမ့်တဲ့ ထူးခြားခန္ဓာကိုယ် အသစ်တစ်ခုကို ဖန်တီးနိုင်လောက်မယ် "
မိုယွိ စိတ်အားထက်သန်စွာ ပြောလိုက်သည်။
Chapter 904
The Greedy Long YiShui
" အဲ့လိုလား... ကျုပ် စောင့်နေပါ့မယ် "
လောထျန်း အပြုံးဖြင့် ပြန်ပြောလိုက်သည်။
သူ ထိုစကားအား စိတ်ရင်းဖြင့် ပြောလိုက်ခြင်းပါပင်..
အကယ်၍ မိုယွိသာ အောင်မြင်သွားခဲ့ပါက သူ့အတွက် အကျိုးကျေးဇူး များစွာရနိုင်မည် မဟုတ်ပါလား ...
" ဟုတ်ကဲ့ပါ သခင်လေး "
မိုယွိက ဂုဏ်ယူနေသည့် မျက်နှာထားဖြင့် ပြော၏။
သူမ ပြောပြီး အနှိပ်စက်ခံနေရသော နတ်ဆိုးအုပ်ဘက် လှည့်ကြည့်လိုက်သည်။
" မင်းတို့တွေ မပျင်းကြနဲ့ "
နတ်ဆိုးသားရဲများ မျက်နှာကြီး ရှုံ့မဲ့သွားကြသော်လည်း မည်သို့မှ မတတ်နိုင်ဘဲ ဆက်၍သာ ကျ
င့်ကြံလိုက်ကြရပါသည်။
ထိုစဥ် လောထျန်းက ပြောလာ၏။
" မင်းရဲ့ ခန္ဓာကိုယ်ကို ပိုအဆင့်တက်လာအောင် လုပ်ဖို့ဆိုရင် ဒီထျန်းယွမ်ကမ္ဘာက ကောင်းကင်နဲ့မြေကြီး စည်းမျဥ်းတွေနဲ့ အဆင်ပြေနိုင်မှာ မဟုတ်ဘူး ။ အဲ့တော့ ငါနဲ့အတူ အပေါ်ကမ္ဘာကို လိုက်ခဲ့ချင်လား "
သူ တလက်စတည်း ကောင်းကင်ဘုံစင်မြင့် အကြောင်းကိုပါ ပြောပြလိုက်သည်။
မိုယွိ အံ့အားသင့်သွားကာ ပြန်မေး၏။
" အဲ့လိုလဲ ရှိတာလား... "
သူမ ထိုတခဏ၌ အတွေးနက်သွားပြီး အချိန်အတန်ကြာမှ အံကြိတ်၍ ပြောသည်။
" ကျွန်မ လေ့လာနေတဲ့အကြောင်းရာကို အထောက်အကူဖြစ်နိုင်မယ်ဆိုရင်တော့ သွားချင်တယ် ။ ပြီးတော့ အပေါ်ကမ္ဘာမှာ ကျွန်မ စုံစမ်းချင်တဲ့ ကိစ္စလေးတချို့လဲ ရှိသေးတယ် "
လောထျန်း ခေါင်းညိတ်လိုက်၏။
" ကောင်းပြီ ၊ ဒါဆိုရင် ပြင်စရာရှိတာတွေ အသင့်ပြင်ထားလိုက်တော့ ။ ကျုပ်တို့ မကြာခင်ထွက်ကြမယ် "
မိုယွိကလည်း ခေါင်းပြန်ညိတ်ပြသည်။
ထို့နောက်တွင် လောထျန်း တည်နေရာပြန်ရွှေ့ပြောင်းသွားကာ .. ရှောက်ကျို့ ကျင့်ကြံနေသည့်နေရာသို့ ရောက်လာသည်။
ထိုနေရာတစ်ခုလုံးတွင်ကား နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်များ လွင့်ပျံ့နေပါ၏။
အပြင်ကမ္ဘာတွင်သာ ဆိုပါက.. ၎င်း နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်များမှာ ရှားပါးရတနာ အခွင့်ကောင်းများအဖြစ် သတ်မှတ်ခံရမည် မလွဲပါချေ။
သို့သော်.. ဤနေရာတွင်ကား ဘာမှ အသုံးမဝင်သည့် အမှိုက်များလို နေရာအနှံ့ ပြန့်ကျဲနေပါသည်။
" ဘာကိစ္စရှိလို့လဲ "
ရှောက်ကျို့က အနည်းငယ် အေးစက်စက်နိုင်စွာ မေးသည်။
" ကျုပ် မင်းကို လက်ဆောင်တစ်ခု ပေးမလို့ "
လောထျန်း ပြန်ပြောလိုက်၏။
သူ ပြောပြီးသည်နှင့် စိတ်ဝိဥာဥ်အစွမ်း အမျှင်တန်းတစ်ခုကို ထုတ်လွှတ်လိုက်ပြီး.. ၎င်းက ရှောက်ကျို့၏ မျက်ခုံးပေါ်သို့ ကျသွားသည်။
ရှောက်ကျို့က ဘာကိုမှ ငြင်းဆန်၊ ခုခံခြင်းမပြုဘဲ လောထျန်းလုပ်သမျှကို ငြိမ်ခံနေပါ၏။
မကြာခင်မှာပင်.. ရှောက်ကျို့၏ အသိစိတ်ပင်လယ်ထဲသို့ များစွာသော အချက်အလက်များ ရောက်လာပါတော့သည်။
ရှောက်ကျို့တစ်ယောက် အံ့သြတုန်လှုပ်နေသည့် မျက်လုံးအစုံဖြင့် ချက်ချင်းထရပ်လိုက်သည်။
" ဒါ.. အရှုပ်အထွေး ဓားသိုင်းလား.. ။ လုံးဝ ပြီးပြည့်စုံတဲ့ အရှုပ်အထွေးဓားသိုင်း ပဲ.. "
သူမ လောထျန်းအား အံ့သြတုန်လှုပ်စွာ ကြည့်၏။
" မင်းက အဲ့ဒါကို သိတယ်လား "
လောထျန်း ပြန်မေးလိုက်သည်။
ရှောက်ကျို့ စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ပြ၏။
" ဒါပေါ့.. သိတာပေါ့ရှင် ။ ကျွန်မရဲ့ မွေးရပ်မြေမှာ ဒီဓားသိုင်းကို ကျင့်ကြံတဲ့ မိသားစုတစ်ခု ရှိခဲ့ဖူးတယ် ။ သူတို့ကျင့်ကြံတဲ့ဟာက အပြည့်အစုံမဟုတ်ဘဲ ဆယ်ပုံတစ်ပုံလောက်ပဲ ရှိတာတောင် တော်တော်အစွမ်းထက်ကြတာ ။ ကျွန်မ အဲ့ဒါကို ခိုးဖို့တောင် တစ်ခါကြိုးစားခဲ့ဖူးတယ်ရှင့် ။ ဒါပေမယ့်.. အဲ့တုန်းကတော့ ကျွန်မ သေမလိုဖြစ်သွားခဲ့ရတာ "
ရှောက်ကျို့ ပြောနေရင်း တစ်ခုကို စဥ်းစားမိသွားဟန်ဖြင့် မျက်နှာထားပြောင်းသွားသည်။
" သခင်လေး အဲ့ဒါကို ဘယ်ကနေရခဲ့တာလဲ "
သူမ လောထျန်းအား စိတ်လှုပ်ရှားစွာ မေးလိုက်၏။
" အရှုပ်အထွေး ခန္ဓာကိုယ်ကနေ ရခဲ့တာ "
လောထျန်းကလည်း ဘာကိုမှ ဖုန်းကွယ်မထားဘဲ အမှန်တိုင်း ပြောပြလိုက်သည်။
" ကျေးဇူးတင်ပါတယ်ရှင်... ကျွန်မ ခုထက် အခြေအနေပိုကောင်းလာရင် ပိုအဆင့်မြင့်တဲ့ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်တွေ ထုတ်ပေးပါ့မယ် "
ရှောက်ကျို့ စိတ်ရင်းဖြင့် ကျေးဇူးတင်စွာ ပြောလိုက်သည်။
ထို အရှုပ်အထွေးဓားသိုင်း မှာ သူမအတွက် အကောင်းဆုံးလက်ဆောင်ဟု ပြော၍ရပါသည်။
လောထျန်းက သူမအား ကောင်းကင်ဘုံဓားသိုင်းကို သင်ပေးခဲ့သည်မှန်သော်လည်း..
သူမအတွက် ၎င်းဓားသိုင်းကို လေ့ကျင့်ရန် အလွန်ခက်လှပါ၏။
လောထျန်း ထိုဓားသိုင်းအား သုံးစဥ်တွင် အလွန်ရိုးရှင်းပြီး လွယ်ကူသည့်ပုံ ပေါက်သော်ငြား ...
သူမအတွက်မူ ထိုသို့ ဟုတ်မနေပါ ။
ထို့ကြောင့်လည်း သူမကိုယ်သူမ ယုံကြည်မှုများ ပျောက်ဆုံးလာခဲ့ရပါသည်။
ယခင်ကဆိုလျှင် သူမ၏ ဓားပါရမီမှာ ဤကမ္ဘာကြီး၌ ထိပ်တန်းအဆင့်ဖြစ်ပြီး... အစွမ်းထက် ဓားသိုင်းတစ်ခုသာ လိုအပ်နေသည်ဟု ထင်ခဲ့ပါ၏။
ယခုတွင်မူ အရှုပ်အထွေးဓားသိုင်းကို သူမ ရလိုက်လေပြီ ။
၎င်းက ကောင်းကင်ဘုံဓားသိုင်းလောက် အစွမ်းမထက်သည့်တိုင် ...အနည်းဆုံးတော့ သူမ နားလည်နိုင်သည် မဟုတ်ပါလား ။
လောထျန်း ခေါင်းညိတ်၍ ပြန်ပြောသည်။
" ခုလို ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။ ဒါနဲ့... ခင်ဗျား ကျုပ်နဲ့အတူ အပေါ်ကမ္ဘာကို လိုက်ခဲ့ချင်လား "
" အပေါ်ကမ္ဘာ .. ဟုတ်လား "
ရှောက်ကျို့ အနည်းငယ် အံ့အားသင့်နေပြီးမှ ခေါင်းယမ်းပြ၏။
" အခုက အချိိန်မကျသေးဘူးရှင့် "
လောထျန်း ဘာမေးခွန်းမှ ထပ်မမေးတော့ဘဲ ခေါင်း
သာ ညိတ်ပြလိုက်သည်။
" ကောင်းပါပြီ ၊ မင်း အဆင်သင့်ဖြစ်ရင် ကျုပ်ကို အချိန်မရွေး လာရှာပါ "
ထို့နောက် သူ နောက်လှည့်ထွက်သွားပြီး ..
မကြာမီမှာပင် မူလအရှုပ်အထွေးမြေ တောင်ရှေ့သို့ ရောက်လာသည်။
ထိုနေရာတွင်ကား လေထုတစ်ခုလုံး မွှေးကြိုင်သောရနံ့များ ပြည့်နေပြီး ၊ တလက်လက်တောက်နေသည့် အလင်းတန်းများ နှင့် လှပနေပါ၏။
ထိုစဥ်မှာပင် ..
" သခင်မလေး ၊ ကျေးဇူးပြုပြီး ကျုပ်ကို သွားခွင့်ပေးပါတော့ဗျာ ။ ကျုပ်ဆီမှာ ဘာသစ်သီးမှ မရှိတော့ပါဘူး "
ငိုသံပေါက်နေသည့် စကားသံတစ်သံ ထွက်လာသည်။
" လျှောက်ပြောမနေနဲ့ ၊ နောက်ထပ် ရှိဦးမှာပဲ.. မြန်
မြန်သာ ထုတ်ပေးစမ်းပါ "
မိန်းမငယ်လေးတစ်ယောက်၏ မကျေမနပ် အသံတစ်သံလည်း ထွက်လာ၏။
လောထျန်း လန့်သွားကာ အသံလာရာဆီသို့ ခြေဖော့၍ သွားလိုက်သည်။
ခပ်လှမ်းလှမ်းတွင်ကား.. နဂါးငယ်လေး လုံယီရွှယ်က မသေမျိုးသစ်ပင် တစ်ပင်ကို အဆက်မပြတ် ကိုင်လှုပ်နေပါ၏။
ထို မသေမျိုးသစ်ပင်မှာ သူမလက်မှ ထွက်မပြေးနနိုင်ဘဲ သနားစရာ အလွန်ကောင်းနေရှာတော့သည်။
" ကောင်မလေး ၊ ဘာတွေလုပ်နေတာလဲ "
လောထျန်း ပြောလိုက်သည်။
" ဟင်... "
လုံယီရွှယ် လန့်သွားပြီး ချက်ချင်းနောက်လှည့်ကြည့်လိုက်ရာ လောထျန်းအား တွေ့သွားသည်။ သူမ၏ မျက်နှာထက်၌ အပြုံးတစ်ခု ရုတ်ချည်းပေါ်လာကာ ပြော၏။
" အကို.. အကိုကြီး.. ပြန်ရောက်လာပြီလား "
ထို့နောက် သူမ မသေမျိုးသစ်ပင်အား ချက်ချင်းလွှတ်ကာ ဘာမှ အမှားအလုပ်ခဲ့သည့် မျက်နှာလေးဖြင့် ပြုံးနေသည်။
ထိုစဥ် မသေမျိုးသစ်ပင်က တုန်တုန်ယင်ယင် ပြော၏။
" သခင်ကြီး ၊ ကျုပ်ကို ကယ်ပါဦးဗျာ "
လုံယီရွှယ်က မျက်စောင်းဖြင့် ရုတ်တရက် လှမ်းကြည့်လိုက်ရာ မသေမျိုးသစ်ပင်ခမျာ ကြောက်လွန်း၍ ချက်ချင်း အသံတိတ်သွားသည်။
ထို့နောက်တွင် လုံယီရွှယ်က အပြုံးဖြင့်ဆိုသည်။
" ဘာ.. ဘာမှ မဟုတ်ပါဘူး အကိုကြီးရယ် ။ ကျွန်မက အသီးလေးနည်းနည်း စားချင်တာကို ဒီတစ်ယောက်က ကျွန်မကို မပေးဘဲ နေနေတာ "
ထိုစကားကို ကြားသောအခါ မသေမျိုးသစ်ပင် မနေနိုင်ဘဲ ငိုရင်းပြန်ပြောရှာ၏။
" ဘယ်လိုဖြစ်လို့ မပေးရမှာလဲဗျာ ။ ပြီးခဲ့တဲ့
ရက်ပိုင်းလေးမှာကို သခင်မလေးက ကျုပ်ရဲ့ မသေမျိုးသစ်သီးတွေ ရာပေါင်းများစွာ စားခဲ့ပြီးပြီလေ "
လုံယီရွှယ်က ဒေါသတကြီး ပြန်အော်သည်။
" နှစ်ရာ ၊ သုံးရာလောက်ပဲ ရှိတာပါဟယ် "
မသေမျိုးသစ်ပင်က ငိုရင်း ဆက်ပြော၏။
" ပုံမှန်ဆိုရင် ကျုပ်ရဲ့ မသေမျိုးသစ်သီး တစ်လုံး ရင့်မှည့်လာဖို့ နှစ်တစ်ရာလောက် အချိန်ယူရတာပါဗျာ ။ အခု မူလအရှုပ်အထွေးမြေမှာတောင် အသီးတစ်လုံး မှည့်လာဖို့ အနည်းဆုံး သုံးနှစ်ကနေ ငါးနှစ်အထိ အချိန်ကြာပါတယ် ။ အခု အသီးတွေ ရာပေါင်းများစွာ စားပြီးတာတောင် မိန်းကလေးက မကျေနပ်နိုင်သေးဘူးလား ။ သခင်ကြီးလောထျန်း ၊ ကျုပ်ကိုယ်စား ပြောပေးပါဦးဗျာ "
လုံယီရွှယ်က အူကြောင်ကြောင် မျက်နှာထားလေးဖြင့် ခေါင်းကုတ်လိုက်သည်။
" ဟို... ကျွန်မက ကျင့်ကြံနေလို့ စားရတာပါ ။ အကိုကြီး မယုံရင် ကြည့်လိုက် ၊ ကျွန်မ အရင်ကထက် အများကြီးပိုအစွမ်းထက်လာတယ် ။ အမ ရှောက်ကျို့ပြောတာတော့ ကျွန်မရဲ့ ခန္ဓာကိုယ်က အခု ရွှေရောင်မသေမျိုးအဆင့်ကို ရောက်နေပြီတဲ့ ။ ပြီး
တော့ ကျွန်မရဲ့ ကိုယ်ထဲမှာလဲ မသေမျိုးစွမ်းအင်တွေ စပြီးစီးဆင်းနေကြပြီ "
လောထျန်း မနေနိုင်ဘဲ သူမကိုကြည့်ပြီး စိတ်ထဲမှ သက်ပြင်းကြိတ်ချလိုက်ရ၏။
" ဒီကောင်မလေးက ကောင်းကင်ဘုံနဂါးတစ်ကောင် ပီသပါပေတယ်ကွာ ။ သူ့ ပါရမီက တကယ်အံ့မခန်းပဲ "
" ကျင့်ကြံတယ်.. ဟုတ်လား ။ သခင်မလေးရဲ့ ကျင့်ကြံခြင်းက မူလအရှုပ်အထွေးမြေကို စားလိုက်ရင်တောင် တိုးတက်နိုင်တယ်လေ ။ ဘာလို့ ကျုပ်အသီးကိုပဲ စားချင်ရတာလဲ "
ထိုစဥ် မသေမျိုးသစ်ပင်က ကူကယ်ရာမဲ့ဟန်ဖြင့် ပြန်ပြောလာသည်။
လုံယီရွှယ် နှာခေါင်းရှုံ့လိုက်၏။
" မူလအရှုပ်အထွေးမြေက ရှင့်ရဲ့အသီးလောက် အရသာရှိလား ပြောလေ "
" ကျုပ်.... "
မသေမျိုးသစ်ပင် ဆွံ့အသွားရတော့သည်။
ထိုစဥ် လောထျန်းက လက်ကာပြကာ ဝင်ပြော၏။
" အခု အဲ့ကိစ္စကို ထားလိုက်တော့ ။ ကောင်မလေး ၊ နောက်ခါ မသေမျိုးသစ်သီးကို စားရင် ကိုယ့်ကိုကိုယ် နည်းနည်းထိန်းဦး ။ အနည်းဆုံးတော့ အသီးတွေ ကောင်းကောင်းမှည့်လာအောင် အချိန်ပေးမှပေါ့ကွာ "
" ဟုတ််တယ်... "
ထိုစဥ် တောင်ပေါ်တွင် ရှိနေကြသော မသေမျိုးသစ်ပင်များ အားလုံးထံမှ သံပြိုင်အော်သံ ထွက်လာကြသည်။
လုံယီရွှယ် မျက်နှာကြီး သုန်မှုန်သွားကာ ၎င်းတို့ဘက် လှမ်းကြည့်လိုက်၏။
တောင်ပေါ်မှ မသေမျိုးသစ်ပင်များအားလုံး ချက်ချင်း အသံတိတ်သွားကြတော့သည်။
၎င်းကိုမြင်သော လောထျန်းတစ်ယောက် ပါးစပ်အဟောင်းသား ....
အခြေအနေကို ကြည့်ခြင်းဖြင့်ပင် သူ မရှိသည့်အတောအတွင်း လုံယီရွှယ်တစ်ယောက် ထိုသစ်ပင်များအား ဘာတွေလုပ်ထားသည်ကို သိနိုင်ပါသည်။
" ကဲ.. ကောင်မလေး ၊ ငါနဲ့အတူ အပေါ်ကမ္ဘာကို လိုက်ခဲ့ချင်လား "
လောထျန်း မေးလိုက်သည်။
လုံယီရွှယ် အံ့အားသင့်သွားကာ ပြန်မေး၏။
" အပေါ်ကမ္ဘာ .. ဟုတ်လား ၊ အဲ့မှာ အရသာရှိတဲ့ အစားအသောက်တွေ ရှိလား "
လောထျန်း အပြုံးဖြင့် ပြန်မေးလိုက်သည်။
" မင်းက ဘာစားချင်လို့လဲ "
လုံယီရွှယ် မေးကိုင်ကာ စဥ်းစားနေပြီးမှ ပြော၏။
" ကျွန်မ စားချင်တာတွေတော့ အများကြီးပဲ ။ ဒါပေမယ့်.. ဘာကို အစားချင်ဆုံးလဲ ဆိုရင်တော့... နတ်ဆိုးဘုရင်အသားကို ချက်ထားတဲ့ဟာပဲ ။ အဲ့ဟာက အရသာလဲရှိသလို ကျွန်မရဲ့ အစွမ်းကိုလဲ တိုးတက်စေတယ် "
လောထျန်း : .........
ထိုကောင်မလေးက သူ့ထက်ပင် ပိုဆိုးနေပါရော့လား....
" ကျွန်မ စားခဲ့ဖူးတဲ့ မသေမျိုးဘုရင် အသားက တကယ်အရသာရှိတာ ။ ခုချိန် အဲ့ဒါလေးသာ ထပ်စားရရင် ဘယ်လောက်ကောင်းလိုက်မလဲ "
လုံယီရွှယ် ပြောနေရင်း သွားရည်များပင် ကျလာတော့သည်။
လောထျန်းမှာ ၎င်းကိုကြည့်ပြီး စကားမဆိုနိုင်ဘဲ တိတ်ဆိတ်လျက်...။