အခန်း (၉၀၅+၉၀၆)
Vol. 64 Ch. 905+906
Chapter 905
Luo Tian. Come out and die
" ငါတို့ အပေါ်ကမ္ဘာကို ရောက်သွားရင်တောင် မသေမျိုးဘုရင်ရဲ့ အသားကို စိတ်ရှိတိုင်းတော့ စားလို့မရဘူးလေကွာ ။ သူ့ဘက်က ငါတို့ကိုမှ ရန်စမလာတာ .. "
လောထျန်း ပြောလိုက်ရသည်။
ထိုစကားကို ကြားသောအခါ လုံယီရွှယ်၏ မျက်လုံးများ အရောင်လက်သွား၏။
" ဒါဆိုရင် ... ကျွန်မတို့ကို စော်ကားလာတဲ့သူတွေကိုတော့ စားလို့ရတယ်ပေါ့.. ဟုတ်လား ။ ဒါဆိုရင် လိုက်ခဲ့မယ် "
သူမ ထိုသို့ပြောနေစဥ်တွင်လည်း သွားရည်များ ထိန်းမရဘဲ ကျနေပါသေးသည်။
လောထျန်း သူမကို ကြည့်ရင်း ခေါင်းများပင် ကိုက်လာသလို...
ထိုကောင်မလေးက ဟိုလှည့်ဒီလှည့် ပြောင်းပြီး စဥ်း
စားတတ်ပါတကား...
သို့သော် သူ အချိန်အကြာကြီး ထပ်ဆွဲမနေဘဲ လုံယီရွှယ်ကို ခေါ်၍ လျှို့ဝှက်ဒေသမှထွက်ကာ ပျောင်ပိုင်မြိုသို့ ပြန်သွားလိုက်သည်။
ထိုအချိန်တွင် ပျောင်ပိုင်မြို့မှ လူများမှာ အထုပ်အပိုးကိုယ်စီဖြင့် အသင့်ပြင်ပြီးသား ဖြစ်နေလေပြီ ။
လောထျန်း ပြန်ရောက်လာသည်ကို မြင်သည်နှင့် သူတို့အားလုံး ပြိုင်တူ အရိုအသေပေးလိုက်ကြ၏။
လောထျန်း ခေါင်းညိတ်လိုက်ပြီးနောက်... မှာစရာရှိသည်များကို အနည်းငယ် ညွှန်ကြား၍ အားလုံးနှင့်အတူ ကောင်းကင်ဘုံစင်မြင့်ပေါ်သို့ တက်လိုက်သည်။
ထို့နောက်တွင်ကား ... ထောင်ပေါင်းများစွာသော လူများ ကောင်းကင်ဘုံစင်မြင့်၏ လမ်းကြောင်းမှတဆင့် အပေါ်သို့ ပျံတက်သွားကြပါတော့၏။
ဤသို့ဖြင့် မကြာခင်မှာပင် သူတို့အားလုံး ထျန့်ကျီ
တောင်သို့ ရောက်လာကြသည်။
" အိုး.. ဒါ အပေါ်ကမ္ဘာလား "
" ဒီက မသေမျိုးစွမ်းအင်တွေနဲ့ စိတ်စွမ်းအင်တွေက ပျောင်ပိုင်မြို့ထက် သိပ်လဲမသာပါဘူးကွာ "
အားလုံးထံမှ စိတ်ပျက်လက်ပျက် အသံများ ထွက်လာ၏။
ထိုစဥ်တွင်..
ဝီ ...
လောထျန်းဘေးရှိ လုံယီရွှယ်ထံမှ မသေမျိုးစွမ်းအင်တန်းတစ်ခု ရုတ်တရက် ပေါက်ထွက်လာသည်။
" ဟင်... "
အားလုံး လှည့်ကြည့်လိုက်ရာ ထိုကောင်မလေး၏ ကိုယ်မှ မသေမျိုးစွမ်းအင်များက ပိုပိုတိုးလာပြီး သူမ၏ ကျင့်ကြံခြင်းအဆင့်လည်း အလျင်အမြန်
တိုးလာသည်ကို တွေ့လိုက်ရသည်။
" ဘာတွေ ဖြစ်နေတာလဲ "
အားလုံး နားမလည်နိုင် ဖြစ်ကုန်ကြ၏။
" ဘာတွေဖြစ်နေလဲ.. ကျွန်မလဲ မသိဘူး "
လုံယီရွှယ်က လက်သည်းကိုက်ရင်း တအံ့တသြ ပြန်ပြောသည်။
ဝီ...
ထိုစဥ်မှာပင် သူမ၏ ကျင့်ကြံခြင်းအဆင့်က တည်ငြိမ်သွားပါ၏။
" ဟင်... သူ အဆင့်တက်သွားတာလား "
အားလုံးမှာ ၎င်းကိုကြည့်ရင်း ဆွံ့အလျက်...
ထိုကောင်မလေးတွင် ထူးခြားသော ခန္ဓာကိုယ်ရှိမှန်း သူတို့ သိထားပြီးသည့်တိုင် ယခုလို ကျင့်ကြံခြင်းအဆင့်တက်သွားခြင်းမှာ လွယ်လွန်းမနေဘူးလား...
ထိုစဥ် မိုယွိက တည်တည်ငြိမ်ငြိမ် ဆိုလာသည်။
" ဒီ အပေါ်ကမ္ဘာက ကောင်းကင်နဲ့မြေကြီးစည်းမျဥ်းတွေက ကျင့်ကြံခြင်းအဆင့်ကို ဖိနှိပ်တဲ့နေရာမှာ လျော့ကျသွားတဲ့အတွက်.. မသေမျိုးတစ်ယောက် ဖြစ်လာဖို့ အများကြီး ပိုလွယ်သွားတာပေါ့ ။ ဒီကောင်မလေးက ထျန်းယွမ်ကမ္ဘာမှာတည်းက အင်မတန် အစားသောင်းကျန်းတဲ့သူဆိုတော့ .. သူ့ကိုယ်ထဲမှာ လုံလောက်တဲ့အစွမ်း ရှိထားတာ ကြာပြီနဲ့တူတယ် ။ အခု စည်းမျဥ်းတွေက ဖိနှိပ်တာမျိုး မရှိတော့လို့ တန်းပြီးတော့ အဆင့်တက်သွားတာပဲနေမှာ "
ထိုစကားကို ကြားသောအခါ အားလုံး စိတ်လှုပ်ရှားသွားကြသည်။
" ဒါဆို.. အပေါ်ကမ္ဘာမှာ မသေမျိုးတစ်ယောက် ဖြစ်လာဖို့ တကယ်ကို ပိုလွယ်တာပေါ့ "
" သုံးနှစ်ပဲ.. သုံးနှစ်အတွင်းမှာ ငါ မသေမျိုးတစ်ယောက် ဖြစ်ကိုဖြစ်ရမယ် "
" သုံးနှစ်လား.. ငါကတော့ ၂ နှစ်အတွင်း ဖြစ်အောင်
လုပ်မှာကွ "
" ငါက တစ်နှစ်ပဲ "
အားလုံး တစ်ယောက်တစ်ပေါက် ပြောဆိုကာ ငြင်းခုန်လိုက်ကြတော့သည်။
လောထျန်းမှာလည်း ကိုယ့်လူများ အချင်းချင်းကြား၌ ယှဥ်ပြိုင်လိုစိတ် ရှိနေကြသည်ကိုကြည့်ရင်း ဝမ်းသာနေပါ၏။
" ကဲ... ဒီတောင်တန်းက ငါတို့ရဲ့နယ်မြေပဲကွ ။ ငါ ဒီတောင်ပေါ်မှာ အစီအမံတွေ အများကြီးလုပ်ထားတယ် ။ အဲ့တော့ မင်းတို့တွေ အန္တရာယ်နဲ့ကြုံရင် ဘာကိုမှ အလောတကြီးမဆုံးဖြတ်ဘဲနဲ့ ငါ့ဆီသာ သတင်းအရင်ပို့ကြ ။ အခုတော့ မင်းတို့နေဖို့နေရာတွေ သွားရှာပြီး စီစဥ်လိုက်ကြဦး "
လောထျန်း ပြောလိုက်သည်။
" ဟုတ်ကဲ့ပါ သခင်လေး "
အားလုံး သံပြိုင်ပြန်ပြောပြီး ချက်ချင်း လူစုခွဲလိုက်ကြ၏။
သူတို့အတွက် လုပ်စရာများ အများကြီးရှိသေးသည် မဟုတ်ပါလား ...
သို့သော်.. ထိုစဥ်တွင် လုံယီရွှယ်က လောထျန်း၏လက်ကို ရုတ်တရက်လှမ်းဆွဲကာ ပြော၏။
" အကိုကြီး ၊ ဒီတောင်ပေါ်မှာ မသေမျိုးဆေးပင်တို့ ၊ ဆေးရည်တို့ ရှိလား ။ ပြီးတော့ နတ်ဆိုးဘုရင်တွေရော.. "
ထိုစကားကို ကြားသည်နှင့် ခပ်လှမ်းလှမ်းတွင်သာ ရှိနေသေးသော နတ်ဆိုးဘုရင်များ ခန္ဓာကိုယ်ရုတ်တရက် တောင့်တင်းသွားကာ အရှိန်တင်၍ အသည်းအသန် ပြေးသွားကြသည်။
၎င်းကိုမြင်သော လောထျန်းတစ်ယောက် ဆွံ့အသွားရပြန်ပါ၏။
" ဒီမှာ ဆေးပင်တွေဘာတွေတော့ ရှိတယ် ။ ဒါပေမယ့် အဆင့်တော့ သိပ်မမြင့်ဘူးကွ "
သူ ပြန်ပြောလိုက်သည်။
" ဘာလို့လဲ... အဲ့လိုမှန်းသိရင် လိုက်မလာပါဘူး "
လုံယီရွှယ် စိတ်ပျက်သွားဟန်ဖြင့် ဆိုပါသည်။
လောထျန်း တစ်ခုကို ရုတ်တရက်စဥ်းစားမိကာ ပြောလိုက်၏။
" ဒါပေမယ့်.. ဒီမှာ ထူးခြားတဲ့ မသေမျိုးသစ်ပင်တစ်ပင်တော့ ရှိတယ်ကွ ။ မင်း သွားကြည့်ချင်လား "
" မသေမျိုးသစ်ပင်.. ဟုတ်လား ၊ အဲ့သစ်ပင်က အစွမ်းထက်တယ်လား "
လုံယီရွှယ်၏ မျက်လုံးများ အရောင်လက်သွားကြသည်။
လောထျန်း ခေါင်းညိတ်လိုက်၏။
" အင်း.. အဲ့အပင်က တော်တော်တော့ အထင်ကြီးစရာကောင်းတယ် "
" ဒါဆို.. ကျွန်မ အဲ့အပင်ကို စားလို့ရလား "
လုံယီရွှယ်က အရောင်လက်နေသော မျက်လုံးများဖြင့်ပင် ထပ်မေးလာသည်။
လောထျန်းက လျှို့ဝှက်ပြုံးဖြင့် ပြော၏။
" ဒါပေါ့ကွ "
သူ ပြောပြီးသည်နှင့် လုံယီရွှယ်အား ဆွဲခေါ်ကာ သူနေသည့်အိမ်သို့ တည်နေရာရွှေ့ပြောင်းသွားလိုက်သည်။
၎င်းမှာ သူ ဒါလောင်မသေမျိုးသစ်ပင် များဖြင့် ဆောက်ထားခဲ့သည့် အိမ်ပင် ။
ထို့နောက်တွင် လောထျန်း ခြံစည်းရိုးရှိရာသို့ လျှောက်သွားပြီး သစ်ကိုင်းတစ်ခုကို ဆွဲယူ၍ လုံယီရွှယ်ထံ ပေးလိုက်သည်။
" ရော့.. ဒီမှာ "
" ဒါကြီးလား... "
လုံယီရွှယ်က ၎င်းသစ်ကိုင်းခြောက်ကို သိပ်မယုံဟန်ဖြင့် အချိန်အတန်ကြာ ကြည့်နေပြီးမှ ပါးစပ်ဟ၍ ကိုက်ကြည့်လိုက်၏။
သို့သော်...
ဂွပ် ..
ကျွတ်ဆတ်ဆတ် အသံတစ်သံသာ ထွက်လာပြီး လုံယီရွှယ် မူးနောက်သွားရတော့သည်။
" အဲ့ဒါ... ဘာကြီးလဲ "
သူမ အလွန်တုန်လှုပ်သွားပါ၏။
သူမ ကိုက်၍မရသော သစ်ကိုင်းတစ်ခုကို ယခုမှ ပထမဆုံး မြင်ဖူးခြင်းပါပင် ...
လောထျန်းသည်ပင် ၎င်းကိုကြည့်ကာ အနည်းငယ် လန့်သွားသည်။
လုံယီရွှယ် လက်ထဲမှ သစ်ကိုင်းပေါ်တွင်ကား သွားရာတစ်ခု ရှိနေပါ၏။
" ဒီကောင်မလေးရဲ့ သွားတွေက မူလအဆင့် မသေမျိုးလက်နက်တွေလောက်ကို ချွန်တာလေ "
သူ တွေးမိလိုက်သည်။
" ထားပါလေ... ကိုက်မရဘူးဆိုတော့ စားမနေပါနဲ့ "
ထို့နောက် သူ အကြံပေး၏။
သို့သော် ... သူ ထိုသို့ နားမချလိုက်လျှင်ပင် ပိုကောင်းပါလိမ့်ဦးမည် ။ ယခုတွင်မူ.. သူ့စကားကို ကြားသည်နှင့် လုံယီရွှယ်တစ်ယောက် အလွန်ဒေါသထွက်သွားပါ၏။
" ဟမ့်... ကိုက်မရဘူးလို့ ဘယ်သူပြောလို့လဲ ။ စောင့်ကြည့်နေလိုက်ပါ ။ ဒါကို ခဏလေ့လာကြည့်ပြီးတာနဲ့ စားလို့ရမှာ သေချာတယ် "
သူမ ထိုသို့ပြောပြီး သစ်ကိုင်းကို ယူကာ တောင်ကြောတလျှောက် ဒေါသတကြီး ဆင်းသွားသည်။
လောထျန်းမှာ ၎င်းကိုကြည့်ရင်း ပြုံးရုံသာ တတ်နိုင်ပြီး နေရာမှ တည်နေရာရွှေ့ပြောင်းကာ လောဖုန်းရှေ့သို့ သွားလိုက်၏။
" အဖေနဲ့ အကြီးအကဲတို့ ၊ ကျုပ် အားလုံးကို နေစရာနေရာ ရှာရအောင် ခေါ်သွားပေးပါမယ် "
သူ ပြောသည် ။
" ကောင်းပါပြီကွာ "
လောဖုန်း သူ့သားကိုကြည့်၍ ကျေနပ်စွာ ခေါင်းညိတ်
ကာ လောထျန်းနှင့်အတူ ထွက်သွား၏။
ဤသို့ဖြင့် တခဏလေးအတွင်းမှာပင် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာခဲ့ပြီး ...
ပျောင်ပိုင်မြို့သားများအားလုံးလည်း ထျန့်ကျီတောင်ခြေ၌ အခြေတကျ ဖြစ်နေကြလေပြီ ။
ထိုနေ့တွင် လောရုံနှင့် လောမိသားစုမှ လူငယ်အချို့ တောင်ခြေ၌ ကျင့်ကြံနေကြပြီးနောက်... တင်ပျင်ခွေထိုင်ကာ စကားပြောနေကြ၏။
" အကိုလောရုံ ၊ ဒီ ထျန့်ကျီတောင်ကို ဘယ်လိုထင်လဲ "
လောယွိက ရုတ်တရက်မေးသည်။
လောရုံက သူ့ကိုပြန်ကြည့်ကာ ပြော၏။
" ဒီတောင်ရဲ့ ပတ်ဝန်းကျင်အခြေအနေက တော်တော်အေးချမ်းတာကွ ။ ဒီမှာ စိတ်စွမ်းအင်သွေးကြောတို့ ၊ မသေမျိုးစွမ်းအင်သွေးကြောတို့ မရှိပေမယ့် စိတ်စွမ်းအင်နဲ့ မသေမျိုးစွမ်းအင်တွေတော့ တော်တော်လေးကြွယ်ဝတယ် ။ ရတနာနယ်မြေလို့တောင် ပြော
လို့ရမယ်... "
လောယွိက လက်ယမ်းရင်း ပြန်ပြောသည်။
" ကျုပ်ပြောချင်တာ အဲ့သဘောမဟုတ်ဘူးဗျ ။ ကျုပ်တို့နေတဲ့နေရာက နည်းနည်းလေး စုတ်နေသလားလို့ ပြောချင်တာ... "
လောရုံ ခေတ္တမျှ အံ့အားသင့်နေပြီးမှ ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။
" အင်း.. မင်းပြောတာလဲ ဟုတ်တယ်ကွ ။ ဒါပေမယ့် ငါတို့က အခုမှ အပေါ်ကမ္ဘာကို ရောက်စဆိုတော့ နေစရာနေရာကို အေးဆေးအချိန်ယူပြီး ရှာလို့ရပါတယ်ကွာ "
လောယွိက အပြုံးဖြင့် ဆိုသည်။
" တကယ်တော့.. အဲ့လိုအချိန်ယူနေစရာ မလိုဘူးဗျ "
" ဟင်.. မင်းပြောတာ ဘာအဓိပ္ပါယ်လဲ "
လောရုံ မေးလိုက်၏။
လောယွိက အပြုံးဖြင့် ဆက်ပြောသည်။
" ကျုပ်တို့တွေ ဒီမှာရှိတဲ့ ထိပ်တန်းဂိုဏ်း နည်းနည်းလောက်ကို ဖျက်ဆီးပြီးတော့ အဲ့ပစ္စည်းတွေ ပြန်ယူလာလို့ ရတယ်လေဗျာ ။ ကျုပ်တို့ အပေါ်ကမ္ဘာကို ရောက်ပြီးတော့ ဘယ်ဂိုဏ်းကိုမှ မဖျက်ဆီးရသေးဘူး မဟုတ်လား "
သူ့စကားကို ကြားသောအခါ လောရုံ မျက်မှောင်ကြုံ့သွား၏။
" မဖြစ်ဘူးကွ ။ ငါတို့ ပျောင်ပိုင်မြို့က သူခိုး ၊ ဓားပြတွေ မဟုတ်ဘူး ။ အဲ့လို ဘာအကြောင်းရင်းမှ မရှိဘဲနဲ့ သူများပစ္စည်းကို သွားလုလို့မရဘူး ။ မိသားစုခေါင်းဆောင်ကလဲ အဲ့လိုလုပ်ရပ်မျိုးကို သဘောတူမှာမဟုတ်ဘူးကွ .... အဲ.. သူတို့ဘက်ကနေ ငါတို့ကို ရန်စလာရင်တော့တစ်မျိုးပေါ့ "
လောယွိ သက်ပြင်းချလိုက်ရသည်။
သူတို့သည် ယခုမှ အပေါ်ကမ္ဘာသို့ ရောက်စလူများဖြစ်ရာ.. သူတို့ကို ရန်လာစမည့်သူကို ဘယ်နေရာတွင် သွားရှာရပါမည်လဲ ။
သူတို့အကိုကြီး လောရုံမှာ ရှေးရိုးဆန်လွန်းလှပါ
တကား...
သို့သော်.. ထိုစဥ်တွင်...
ဝီ ...
သူတို့ရှေ့မှ လေထုက ရုတ်တရက်တုန်ခါလာပြီး ...လေထုလမ်းကြောင်းတစ်ခု ပေါ်လာ၏။
ထို လေထုလမ်းကြောင်းထဲတွင်လည်း ရာပေါင်းများစွာသော လူအုပ်ကြီးက စနစ်တကျ အစီအရီ ရပ်နေကြသည်။
လူအုပ်၏ ရှေ့ဆုံးတွင်မူ.. လူငယ်သုံးယောက်က ဘေးချင်းယှဥ်ရပ်နေပါ၏။
" ဟင်.. အဲ့ဒါက.... "
လောရုံအပါအဝင် အားလုံး အံ့သြမှင်သက်သွားကြသည်။
ထိုစဥ်... လေထုလမ်းကြောင်းထဲရှိ လူအုပ်အလည်
နားလောက်မှ လူငယ်တစ်ယောက်က စိတ်မရှည်ဟန်ဖြင့် အော်ပြောလာ၏။
" လောထျန်းဆိုတာ ဘယ်ကောင်လဲ... ထွက်လာပြီး လာသေစမ်း "
Chapter 906
Three Prodigies
ထိုအော်သံကျယ်နှင့်အတူ လူသတ်အရိပ်အငွေ့ တစ်ခုကလည်း တစ်နေရာလုံးကို ရုတ်ချည်းလွှမ်းခြုံလာ၏။
၎င်းကိုကြည့်နေသော လောယွိတို့ လူအုပ်မှာ ခန္ဓာကိုယ်များပင် တုန်သွားကြသည်။
လေထဲတွင်ရှိနေသော လူအုပ်၏ရှေ့ဆုံး လူငယ်သုံးယောက်ထဲမှ ဘယ်ဘက်အကျဆုံးသူက ၎င်းကိုမြင်ကာ အသံကျယ်ဖြင့် အော်ရယ်သည်။
" ရယ်လိုက်ရတာကွာ... ငါတို့ အခုမှရောက်တာကို ဒီကောင်တွေက အဲ့လောက်တောင် ကြောက်နေကြပြီလား "
ညာဘက်ဆုံးမှ လူငယ်ကလည်း ခေါင်းယမ်းရင်း ဆိုသည်။
" ငါ့မှာတော့ ဒီတစ်ခေါက်ပြိုင်ဘက်ကို အစွမ်းထက်မယ် ထင်ထားတာကွာ ။ ဟိုကောင် ကျန့်ရှီက တက
ယ့်ငစားပဲ ။ ပျင်းစရာကြီး ... "
အလယ်မှ လူငယ်မှာမူ မျက်မှောင်ကြီးကြုံ့နေကာ သူ့မျက်လုံးထဲတွင်လည်း အထင်သေးရွံရှာဟန် အပြည့်ရှိနေ၏။
ထိုစဥ် တဖက်မှ လောယွိက သူ့ရှေ့တွင်ရှိနေသော လောရုံအား တုန်နေသည့်လက်ဖြင့် ပုတ်ရင်း ပြောသည်။
" အကိုလောရုံ ၊ ဒီဟာဆိုရင်.. ကျုပ်တို့ကို ရန်လာစတာလို့ သတ်မှတ်လို့ရပြီလား "
လောရုံ ခေါင်းညိတ်လိုက်၏။
" ငါတို့ သခင်လေးကို စိန်လာခေါ်နေမှတော့ .. အဲ့လိုသတ်မှတ်လို့ ရတာပေါ့ကွ "
လောယွိက စိတ်လှုပ်ရှားစွာ ပြန်ပြောသည်။
" ဒါဆိုရင် သူတို့အိမ်ကို ဖျက်ဆီးပစ်လို့ ရသွားပြီမဟုတ်လား "
လောရုံ ခေတ္တမျှ စဥ်းစားပြီးမှ ခေါင်းညိတ်လိုက်သည်။
" ရတယ်.. "
" ကောင်းလိုက်တာဗျာ... နောက်ဆုံးတော့ အပေါ်ကမ္ဘာက အဖွဲ့တွေကို ဖျက်ဆီးနိုင်တော့မယ် "
လောယွိ အလွန်စိတ်လှုပ်ရှားနေပါတော့၏။
အနောက်မှ ကျန်လူများလည်း သူ့နည်းတူပါပင် ။
" ဟင်.... "
သူတို့၏ ပြောင်းလဲသွားသော အမူအရာကြောင့် တဖက် လေထဲမှ လူငယ်သုံးယောက် အံ့သြမှင်သက်ကုန်ကြသည်။
" ဘာတွေဖြစ်နေတာလဲ ။ ဟိုကောင်တွေက ခုနကလေးတင် ကြောက်ပြီးတုန်နေကြတာ မဟုတ်ဘူးလား ။ အခု ဘယ်လိုဖြစ်ပြီးတော့ အဲ့လိုကြီး ရုတ်တရက်ပြောင်းသွားကြတာလဲ "
" ဒီကောင်တွေ.. ကြောက်လွန်းလို့ ဦးနှောက်ချောင်သွားကြတာများလား "
ထိုစဥ်မှာပင်..
ဝုန်း..
လောယွိက လေထဲသို့ ရုတ်တရက်ပျံတက်ကာ လူငယ်သုံးယောက်ရှေ့ ရောက်လာသည်။
" ခုနက ငါတို့သခင်လေးကို စိန်ခေါ်လိုက်တာ ဘယ်ကောင်လဲ "
သူ ဒေါသတကြီး ပြော၏။
တဖက်မှ လူငယ်သုံးယောက် အံ့အားသင့်သွားကာ တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်ကြသည်။
" မင်းတို့ရဲ့ သခင်လေးက လောထျန်းလား "
အလယ်မှ လူငယ်က မျက်မှောင်ကြုံ့ကာ မေး၏။
" ဟုတ်တယ် "
လောယွိ ပြန်ပြောသည်။
တဖက်လူငယ်က အေးစက်စက် နှာခေါင်းရှုံ့၍ ပြန်ပြော၏။
" မင်းလိုကြွက်တစ်ကောင်နဲ့ စကားပြောရတာ ပျင်းတယ်ကွာ ။ မင်းတို့သခင်လေးကိုပဲ ထွက်လာပြီး သေခိုင်းလိုက် "
ထိုစကားကို ကြားသောအခါ လောယွိ ဒေါသပိုထွက်သွားသည်။
" မင်းက သေချင်နေတာပဲကွ "
ဝုန်း ...
သူ့ကိုယ်မှ အရောင်အဝါလည်း ရုတ်တရက် ပေါက်ထွက်လာ၏။
သို့သော်.. တဖက်မှ လူငယ်သုံးယောက်ကမူ ၎င်းကိုကြည့်ကာ အော်ကြီးဟစ်ကျယ် ရယ်လိုက်ကြပါသည်။
ဘယ်ဘက်ဆုံးမှ လူငယ်က ခေါင်းယမ်းရင်း ပြော၏။
" ရယ်ရလွန်းလို့ သေတော့မှာပဲကွာ ။ ဒီကောင်က မောက်မာလွန်းနေတော့ ငါက သူ့ကို အစွမ်းထက်
တယ် ထင်နေတာ ။ လက်စသတ်တော့ သူက ကောင်းကင်ဘုံတံခါးဝအဆင့်ပဲ ရှိသေးတဲ့ အမှိုက်ပါလား "
" ဟား ဟား ... ဒီကောင့်ကိုကြည့်ရတာ သူ့ကိုယ်သူ အရမ်းအစွမ်းထက်တယ်လို့ ထင်နေတဲ့ပုံပဲ ။ မင်းက တောရွာလေးက တောသားမဟုတ်လား "
တဖက်လူများ၏ လှောင်သံများကို နားထောင်နေသော လောယွိ၏ မျက်နှာကြီး အေးစက်သွားသည်။
" ငါက ထျန်းယွမ်ကမ္ဘာ ၊ ပျောင်ပိုင်မြို့က လောယွိ ပဲ "
တဖက်လူသုံးယောက် အံ့သြသွားဟန်တူကာ တစ်ယောက်ကိုတစ်ယောက် ထပ်ကြည့်လိုက်ကြသည်။
" ထျန်းယွမ်ကမ္ဘာ ... ဟုတ်လား ၊ အဲ့နာမည်ကို ကြားဖူးသလိုပဲ "
ဘယ်ဘက်မှ လူငယ်က ပြော၏။
" မှတ်မိပြီ ... လွန်ခဲ့တဲ့ နှစ်ထောင်ချီ အကြာလောက်တုန်းက ငါတို့မိသားစု ထျန်းယွမ်ကမ္ဘာက တက်လာတဲ့သူတစ်ယောက်ကို ဖမ်းပြီး အစေခံအဖြစ် ခိုင်းခဲ့
သေးတာပဲ ။ ဒါပေမယ့် အဲလူက အစွမ်းနိမ့်လွန်းတော့ မကြာခင်မှာပဲ အားကုန်ပြီး သေသွားခဲ့တာ "
" အဲ့ ထျန်းယွမ်ကမ္ဘာဆိုတာ အောက်ကမ္ဘာတွေထဲမှာမှ အဆိုးဆုံးတစ်ခုပဲ။ သူတို့ဆီမှာ စိတ်ဝိဥာဥ်မသေမျိုးတွေတောင် သိပ်မရှိဘူး "
ထို့နောက်တွင် ဘယ်ဘက်ဆုံးမှ လူက လက်နောက်ပစ်၍ လောရုံအား အထင်သေးသည့်မျက်လုံးဖြင့်ကြည့်ကာ ဆက်ပြောသည်။
" ကောင်လေး ၊ မင်းက အပေါ်ကမ္ဘာကိုတောင် တက်လာနိုင်တာဆိုတော့ ကြည့်ရတာ မင်းက မင်းတို့ကမ္ဘာမှာ အစွမ်းထက်တဲ့အထဲ ပါမယ်နဲ့တူတယ် ။ ဒါပေမယ့်.. ကံဆိုးတာက မင်းတို့အောက်ကမ္ဘာရဲ့ ပါရမီရှင်ဆိုတဲ့သူတွေဟာ ငါတို့မျက်လုံးထဲမှာတော့ ခွေးချေးလောက်တောင် မကောင်းဘူးကွ "
" ဒီနေ့ ငါ စိတ်ကောင်းဝင်နေတာမို့ မင်းကို သေချာပြောပြလိုက်မယ် "
ထို့နောက် လူငယ်က သူ့ကိုယ်သူ လက်ညိုးထိုးကာ ဆက်ပြော၏။
" ငါ့နာမည်က ကျို့ချန်လို့ ခေါ်တယ်ကွ ။ ငါက ဒါယွိနိုင်ငံရဲ့ အံ့ဖွယ်စာရင်းမှာ အဆင့် 37 ရထားတဲ့သူပဲ "
သူ ထိုသို့ပြောပြီး ညာဘက်ဆုံးမှလူအား လက်ညိုးထိုးပြသည်။
" အဲ့တစ်ယောက်ကတော့ အဆင့် 33 ရထားတဲ့ လျို့ထျန်းလုပဲ "
ထို့နောက် သူ အလယ်မှလူကို ညွှန်ပြကာ ဆက်ပြောပါ၏။
" သူကတော့ ဒါယွိနိုင်ငံ ၊ အံ့ဖွယ်စာရင်းမှာ အဆင့်ကိုး ရထားတဲ့ ပါရမီရှင် လီချန်းယန် ပေါ့ကွာ "
" ငါတို့သုံးယောက်ထဲက ဘယ်သူဖြစ်ဖြစ် ထျန်းယွမ်ကမ္ဘာကိုသာ ဆင်းလိုက်ရင် မင်းတို့ တစ်ကမ္ဘာလုံးကို ဖျက်ဆီးပစ်နိုင်တယ်ကွ ။ အခု မင်း ဘယ်သူတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ သိပြီလား "
ကျို့ချန်က ပြောပြီး လောယွိအား လှောင်ပြုံးဖြင့် ကြည့်လိုက်သည်။
သူ့အစွမ်းနှင့် ပါရမီကိုသာ သိသွားပါက တဖက်လူ အလွန်ကြောက်ရွံ့တုန်လှုပ်သွားမည်ဟုလည်း သူ
ထင်နေပါ၏။
သို့သော်...
" မင်းတို့နာမည်တွေ ဘယ်လိုခေါ်လဲဆိုတာကို ငါက ဘာကိစ္စဂရုစိုက်ရမှာလဲကွ ။ မင်းတို့က ငါ့သခင်လေးကို စော်ကားရဲတာဆိုတော့ မင်းတို့ကို ငါ ဒီနေ့ သတ်ပစ်မှာ ။ မင်းတို့သုံးယောက်လုံး ပေါင်းပြီး တိုက်လို့ရတယ်နော် "
လောယွိက ထိုသို့ပြောပြီးသည်နှင့် သူ့နောက်မှလူများကို လှည့်ကြည့်ကာ တစ်ပါတည်းဆက်ပြောသည်။
" အဲ့သုံးယောက်ကို ကျုပ်တာဝန်သာထားလိုက် ။ အားလုံး ဘယ်သူမှ ဝင်မပါကြပါနဲ့ "
" ဘာကွ "
တဖက်မှ လူသုံးယောက်လုံး မှင်သက်ကုန်ကြ၏။
ထိုကောင်က ဘာပြောလိုက်ပါသလဲ..
သူတို့သုံးယောက်လုံးကို သတ်မယ်တဲ့လား ...
" ဟမ့် .. အောက်ကမ္ဘာက လောက်ကောင်လေး ၊ မင်းက တကယ်ကိုအမြင်ကျဥ်းတာပဲကွ ။ ကောင်းပြီလေ.. မင်းက သေချင်နေမှတော့လဲ ငါက မင်းဆန္ဒကို ဖြည့်ဆည်းရေတော့မှာပေါ့ "
လျို့ထျန်းလုက လူသတ်အရိပ်အငွေ့တို့ဖြင့် အရောင်လက်နေသော မျက်လုံးများဖြင့် ပြောသည်။
သူ ပြောပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။
ဝုန်း ...
ချက်ချင်းမှာပင် သူ့ကိုယ်မှ မသေမျိုးစွမ်းအင်များ ပေါက်ထွက်လာကာ ကြောက်မက်ဖွယ် အရောင်အဝါတစ်ခုက လောယွိအား ဖိနှိပ်လာသည်။
သူ့စိတ်ထဲတွင်လည်း လောယွိကို တစ်ချက်တည်းဖြင့် အသေသတ်ရန် စဥ်းစားထားပါ၏။
သို့သော်.. လောယွိကမူ လုံးဝကြောက်ပုံမရပါချေ။ ထို့နောက်တွင် သူ့လက် လှုပ်ရှားသွားကာ တွန့်လိမ်နေသော တုတ်ချောင်းတစ်ခု လက်ထဲရောက်လာသည်။
" ဟင်.. အဲ့ဒါ.. လက်နက်လား "
၎င်းကိုမြင်သော ကျို့ချန် အံ့အားသင့်သွား၏။
လောယွိ၏ လက်ထဲမှ တုတ်ချောင်းမှာ နည်းနည်းလေးမှ သေသပ်မှုမရှိဘဲ မည်သို့ပင်ကြည့်ကြည့် အမှိုက်နှင့်သာ တူနေပါသည်။
တဖက်လူက ၎င်းကိုသုံးပြီး ရန်သူနှင့် တိုက်ခိုက်မယ်တဲ့လား..
ထိုကောင်က ရူးများ နေပါသလား..
တဖက်မှ လျို့ထျန်းလုမှာလည်း ၎င်းကိုမြင်ပြီး နဖူးကြောများ ထောင်သည်အထိပင် ဒေါသထွက်သွား၏။
" မင်းက ငါ့ကို အရှက်ခွဲချင်နေတယ်ပေါ့လေ ... သေစမ်း ကောင်လေး "
ဝုန်း...
သူ ပြောပြီး လောယွိအား လက်ဝါးဖြင့် ရိုက်လိုက်
သည်။
တဖက်မှ လောယွိကလည်း လက်ထဲမှ သံချောင်းဖြင့် လွှဲရိုက်လာပါ၏။
" ဒီအရူးကောင်က ထိပ်တိုက်ရင်ဆိုင်ပြီး တိုက်ခိုက်ဖို့ကို တကယ်ရွေးခဲ့တာပဲ.. "
ကျို့ချန် တွေးကာ စိတ်ပျက်လက်ပျက် ခေါင်းယမ်းလိုက်ပါသည်။
ထိုနှစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်များက ကွာလှပေရာ.. ထိုသို့သာ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ပါက မည်သူ အနိုင်ရပါမည်နည်း ။
သို့သော်...
ဘုန်း ...
လောယွိက လက်ကို ယမ်းလိုက်သည်နှင့် ရုပ်ဆိုးလှသော သံချောင်းပေါ်တွင် ထွင်းစာများ ရုတ်ချည်းလက်လာ၏။
ထို့နောက်... ကြောက်မက်ဖွယ် ဖိအားကြီးတစ်ခုက တဖက်လူထံ တိုးဝင်သွားသည်။
" အဲ့ဟာက.. မူလအဆင့် မသေမျိုးလက်နက်လား ။ အကိုလျို့.. ထိပ်တိုက်ကြီး ရင်ဆိုင်လိုက်လို့ မဖြစ်ဘူးနော် "
လီချန်းယန်က ဦးစွာအသိဝင်လာကာ အသံကျယ်ဖြင့် အော်၍သတိပေးလိုက်သည်။
သို့သော်.. သူ့ သတိပေးစကားက မဆိုစလောက်လေး နောက်ကျသွားခဲ့ကာ..
ဝုန်း...
လောယွိ၏ သံအချောင်းက လျို့ထျန်းလု၏ လက်မောင်းပေါ် ကျလာသည်။
လျို့ထျန်းလု၏ လက်တစ်ဖက်မှာ ချက်ချင်း အပိုင်းပိုင်းအစစ ကျိုးကြေသွားပြီး သွေးများ လေထဲပြန့်ကျဲသွား၏။
" ဘယ်လိုဖြစ်ပြီး... "
လျို့ထျန်းလု အလွန်ကြောက်ရွံ့သွားကာ နောက်သို့ အသည်းအသန် ပြေးဆုတ်လိုက်သဖြင့်သာ အသက်ဘေးမှ သီသီလေး လွတ်သွားခဲ့ခြင်းပင် ။
သူ ထိုဒဏ်ရာအား အမြန်ပြန်ကောင်းလာအောင် ကြိုးစားကြည့်လိုက်သော်လည်း... အစွမ်းထက်သော အားတစ်ခုက တားဆီးထားသလို ဖြစ်နေသည်ကို သိလိုက်ရပါသည်။
" ဒါ... "
ထိုတခဏ၌ သူ့မျက်နှာထား ရုတ်ချည်းပြောင်းသွားတော့သည်။
" ဟိုနှစ်ယောက် ၊ အတူတူ တိုက်ခိုက်ကြရအောင် ။ အဲ့ကောင်ရဲ့ မသေမျိုးလက်နက်က ကိုင်တွယ်ရတာ နည်းနည်းခက်တယ်ကွ "
လျို့ထျန်းလုမှာ ပါရမီရှင်ဆိုသည့် သူ့ဂုဏ်ပုဒ်ကို မငဲ့နိုင်တော့ဘဲ ကျန်နှစ်ယောက်ဘက်လှည့်၍ အော်ပြောလိုက်ရသည်။
ကျို့ချန်က ပြန်ပြော၏။
" အဲ့ကောင်ရဲ့ မသေမျိုးလက်နက်က ဘာမှမထူးခြားဘူးလို့ ထင်ရပေမယ့်.. အစွမ်းက တကယ်ကို အံ့မခန်းပဲ ။ အဲ့လိုရတနာမျိုး သူ့လက်ထဲမှာ ရှိနေတာ နှမျောစရာကြီး "
လီချန်းယန်ကလည်း ခေါင်းညိတ်၍ ဆိုသည်။
" ဟုတ်တယ် ။ ဒီကောင်က အောက်ကမ္ဘာရဲ့ ကံတရားသားတော်လို့ ခေါ်တဲ့ကောင်လား မသိဘူး ။ သူ အဲ့ မူလမသေမျိုးလက်နက်ကို မတော်တဆ ရခဲ့တာပဲဖြစ်မှာ ။ ဒါပေမယ့် အဲ့လိုရတနာမျိုးက သူ့ထိမ်းချုပ်နိုင်စွမ်းထက် ကျော်လွန်နေတာတော့ စိတ်မကောင်းစရာပေါ့ကွာ "
ထို့နောက် သူ လောယွိကိုကြည့်ကာ ဆက်ပြော၏။
" ကောင်လေး ၊ ငါ့ကို မင်းလက်ထဲက မူလမသေမျိုးလက်နက် ပေးရင် ငါ မင်းကို ငါ့ရဲ့နောက်လိုက် လုပ်ခွင့်ပေးမယ် "
ထိုစကားကို ကြားသောအခါ လောယွိ မျက်မှောင်ကြုံ့သွားသည်။
" မင်း ရူးနေတာလား ။ မင်းကိုများ ဒီ မူလမသေမျိုးလက်နက်ကို ပေးရဦးမယ်ပေါ့.. ။ မင်းလို ဘာမှ
မဟုတ်တဲ့ ကောင်ကိုလေ.. "
လီချန်းယန် အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
" မင်းက တကယ်လဲ မောက်မာလွန်းတဲ့ အမှိုက်ကောင်ပါလားကွ ။ အဲ့လိုဆိုမှတော့လဲ မင်းကိုသတ်ပြီး ငါကိုယ်တိုင်ပဲ ယူရတော့မှာပေါ့ "