အခန်း (၉၀၇+၉၀၈)
Vol. 64 Ch. 907+908
Chapter 907
Why do u say he is the Strongest?
လီချန်းယန် လက်ယမ်းလိုက်၏။
ဝီ ...
ဓားပျံကိုးလက် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ သူ့ဘေးတွင် ရစ်ပတ်လာသည်။
ထို ဓားပျံ တစ်ခုစီမှလည်း ကြောက်မက်ဖွယ် ဖိအားကို ထုတ်လွှတ်နေပါ၏။
" အိုး.. ကျို့ရှောက် မသေမျိုးဓားသိုင်းရဲ့ ပထမအကွက်ပါလား ။ ကြည့်ရတာ အကိုလီက တကယ်ကြီး အလေးနက်တိုက်ခိုက်တော့မယ်နဲ့ တူတယ် "
ကျို့ချန်က အပြုံးဖြင့် ပြောလိုက်သည်။
ထို့နောက် သူ လောယွိအား လှည့်ကြည့်၏။
" ကောင်လေး ၊ ငါ မင်းကို ကြိုပြောထားမယ်နော် ။ အကိုလီရဲ့ ကောင်းကင်ဘုံကိုးဆင့် မသေမျိုးဓားတွေ
အားလုံးက အဆင့်ကိုး မသေမျိုးလက်နက်တွေပဲကွ ။ အဲ့ ဓားကိုးလက်သာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားရင် မူလမသေမျိုးလက်နက်ထက် အစွမ်းလုံးဝ မနိမ့်ဘူး "
လောယွိ နှာခေါင်းရှုံ့လိုက်ပါသည်။
" ဘာအဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေတာလဲ ။ တိုက်မှာသာ တိုက်စမ်းပါကွာ "
လီချန်းယန်က အထင်သေးသည့် အကြည့်ဖြင့် ပြန်ပြော၏။
" တိုက်မယ်.. ဟုတ်လား ။ မင်းလိုကောင်က ငါ့ကို အဲ့စကားမျိုးပြောဖို့တောင် မတန်ပါဘူးကွာ ။ ကျို့ရှောက်ဓားသိုင်း ၊ ပထမသိုင်းကွက် .. "
ချွှင် ...
သူ ပြောပြီး ဓားကိုယမ်းလိုက်ရာ ကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒတစ်ခုက လောယွိထံ တိုးဝင်သွားသည်။
" ထွက်သွားစမ်းပါကွာ "
လောယွိက သူ့ဘက်လှည့်ပြီး လက်ထဲမှ
တုတ်ချောင်းဖြင့် လွှဲရိုက်လာပြန်၏။
ဝုန်း ...
လီချန်းယန်၏ ဓားစိတ်ဆန္ဒ ချက်ချင်းပြိုကွဲသွားသည်။
" မင်း ငါ့ရဲ့ ဓားသိုင်းကွက်ကို တားလိုက်နိုင်တာ ကိုယ့်ကိုကိုယ် ဂုဏ်ယူသင့်တယ် ။ လာကွာ.. ငါ့ရဲ့ ဒုတိယဓားကွက်ကို မြည်းစမ်းလိုက်ပါဦး "
လီချန်းယန် အေးစက်စက် နှာခေါင်းရှုံ့၍ နောက်ဓားတစ်လက်ဖြင့် ထပ်တိုက်ခိုက်လာသည်။
လောယွိလည်း မျက်မှောင်ကြုံ့သွားကာ ထပ်တိုက်ခိုက်လိုက်၏။
ခွမ်း ...
ဒုတိယဓားမှာလည်း ချက်ချင်း ပြိုကွဲသွားပြန်တော့သည်။
" ဟင် .. မင်းက ငါ့ရဲ့ ဓားနှစ်လက်ကို တကယ်ကြီး
တားလိုက်နိုင်တာပဲ "
လီချန်းယန် အနည်းငယ် အံ့အားသင့်သွားပုံ ပေါ်သည်။
လောယွိ၏ အစွမ်းက သူ ထင်ထားသည်ထက် ပိုနေသည်မှာ အမှန်ပါပင် ။
" ထားပါလေ ၊ ငါ မင်းနဲ့ ဆက်မကစားချင်တော့ဘူး ။ အဲ့တော့ မင်းကို အသေပဲ သတ်လိုက်တော့မယ် ။ ကျို့ရှောက် ဓားငါးသွယ် "
ဝုန်း ...
သူ့အော်သံဆုံးသည်နှင့် ဓားငါးလက် တစ်ပြိုင်နက်တည်း ရှေ့ထွက်လာပြီး ကောင်းကင်ကြီးပင် အရောင်ပြောင်းသွားသည်။
" သူက... ဓားငါးလက်ကို တကယ်ကြီး ထုတ်သုံးနေတာလား ။ ငါတောင် အဲ့ဓားငါးလက်ကို မခုခံနိုင်ဘူး "
ကျို့ချန် စိတ်ထဲမှ တွေးကာ တုန်လှုပ်သွားရသည်။
ထိုစဥ် တဖက်မှ လောယွိက မျက်မှောင်ကြုံ့၍ လက်ထဲမှ တုတ်ချောင်းကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။
" ရော့ကွာ... "
ဝုန်း ....
အသံကျယ် တစ်သံနှင့်အတူ ဓားငါးလက်လုံး ပြိုကွဲသွားကာ ... လောယွိတစ်ယောက် နောက်သို့ ခြေလှမ်းဆယ်လှမ်းခန့် ဆုတ်သွားပြီးမှ တည်တည်ငြိမ်ငြိမ် ပြန်ရပ်နိုင်သွား၏။
" ဒါ... "
၎င်းကိုကြည့်နေသော ကျို့ချန် နှင့် လီချန်းယန်တို့ နှစ်ယောက်လုံး မှင်သက်သွားရတော့သည်။
ဓားငါးလက်ကို တစ်ပြိုင်နက်တည်း သုံးခဲ့သည့်တိုင် တဖက်လူအား ခြေလှမ်းဆယ်လှမ်းခန့် နောက်ဆုတ်သွားအောင်သာ လုပ်နိုင်ခဲ့သတဲ့လား...
" အကိုလီ .... "
ကျို့ချန်က လီချန်းယန်အား စိုးရိမ်မကင်းသည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
လီချန်းယန်က အသက်ပြင်းပြင်းရှိုက်ကာ ဆို၏။
" ဒီကောင်က အောက်ကမ္ဘာက သာမာန် ကံတရားသားတော် ဆိုတဲ့ကောင်တွေနဲ့တော့ ကွာတယ်ကွ ။ မင်းက အောက်ကမ္ဘာမှာ အစွမ်းအထက်ဆုံးနဲ့ တူတယ် ၊ ဟုတ်လား .. "
သူ ပြောပြီး လောယွိအား မျက်နှာတည်ဖြင့် ကြည့်လိုက်သည်။
" ဟင်... "
လောယွိက အံ့အားသင့်သွားပုံဖြင့် ခေါင်းယမ်း၍ ပြန်ပြော၏။
" မင်း အတွေးလွန်နေပြီ ။ ငါတို့ ပျောင်ပိုင်မြို့မှာ ငါ့ထက် အစွမ်းပိုထက်တဲ့သူတွေမှ အများကြီးပဲ "
ထိုစကားကို ကြားသောအခါ လီချန်းယန်က လှောင်ပြုံးဖြင့် ဆိုသည်။
" မင်းက အဲ့လို အလိမ်အညာတွေနဲ့ ငါ့ကို ခြောက်လှန့်ဖို့ စဥ်းစားနေတာလား ။ မင်းရဲ့ လှည့်ကွက်လောက်
ကို ငါက ယုံမယ်လို့ ထင်နေတာလားကွာ "
လောယွိ : ........
သူ ဆွံ့အသွားရပါတော့သည်။ သူ အမှန်တိုင်း ပြောနေသည်ကို တဖက်လူက အဘယ့်ကြောင့် မယုံရပါသနည်း ။
" ကောင်လေး ၊ မင်းက ငါနဲ့အဆင့်တူ ပါရမီရှင်ဆိုတာ ငါ လက်ခံပါတယ် ။ အခုချိန်ကစပြီးတော့ ငါ ဘာကိုမှ ညှာတာပေးနေတော့မှာ မဟုတ်ဘူး ။ ကောင်းကင်ဘုံကိုးဆင့် ဓားကိုးလက် "
လီချန်းယန် အော်လိုက်သည်နှင့် သူ့ အရောင်အဝါမှာလည်း ထိပ်ဆုံးအထိ ထိုးတက်သွား၏။
သူ့လက်မှ သွေးကြောများသည်ပင် ထိုအား၏ ဒဏ်ကို မခံနိုင်တော့ပုံဖြင့် ပေါက်ထွက်ကုန်ကြသည်။
ချွှင် ...
ထိုစဥ် လေထဲတွင် ရှိနေသော ဓားပျံကိုးလက်မှာ
လည်း တစ်ခုတည်းအဖြစ် တဖြည်းဖြည်း ပေါင်းစည်းလာပါ၏။
ကြောက်မက်ဖွယ် အဆုံးမဲ့သော ဓားစိတ်ဆန္ဒတစ်ခုလည်း စုစည်းလာသည်။
" လောယွိ... "
ထိုအချိန် မလှမ်းမကမ်းတွင် ရှိနေသော လောရုံက တစ်စုံတစ်ခု လွဲနေသည်ကို သတိထားမိကာ အော်၍ သတိပေးလိုက်၏။
လောယွိက မျက်နှာတည်ဖြင့် ပြန်ပြောသည်။
" ကျုပ် သိတယ်ဗျ "
သူ ပြောပြီး တုတ်ချောင်းကို လက်နှစ်ဖက်ဖြင့် သေချာဆုပ်လိုက်သည်။
ဝုန်း ...
ချက်ချင်းမှာပင် သူ့ အရောင်အဝါနှင့် မူလမသေမျိုးလက်နက်တို့၏ အရောင်အဝါက တစ်သားတည်းလို ဖြစ်သွားပါ၏။
" သေစမ်းကွာ.. "
ထိုစဥ် လီချန်းယန်က အော်ကာ လက်ကို ယမ်းလိုက်သည်။
ဓားကိုးလက်က တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး ကောင်းကင်ဘုံဓားတစ်လက်အဖြစ် အသွင်ပြောင်းကာ လောယွိအား ဖိနှိပ်လာ၏။
ယား.....
လောယွိကလည်း ဒေါသတကြီးဖြင့် ညာသံပေးအော်ဟစ်ကာ သူ့လက်ထဲမှ မူလမသေမျိုးလက်နက်ဖြင့် ကောင်းကင်ဘုံဓားအား လွှဲရိုက်လိုက်သည်။
ဝုန်း..
မူလမသေမျိုးလက်နက် နှစ်ခု၏ တွေ့ဆုံမှုကြောင့် လေထုတစ်ခုလုံး ရုတ်ချည်းပြိုကွဲသွားကာ လေပြင်းများ တိုက်ခတ်လာ၏။
သို့သော်.. ၎င်းလက်နက်နှစ်ခုမှာ နောက်ဆုတ်မည့်
ဟန် နည်းနည်းလေးပင် မပြဘဲ တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်လိုက်ကြပါသည်။
တခဏကြာပြီးနောက်မှ...
ဝုန်း ...
အသံကျယ် တစ်သံနှင့်အတူ ပေါက်ကွဲမှုတစ်ခု ဖြစ်သွား၏။
ဝှစ်... ဝှစ် ...
လောယွိနှင့် လီချန်းယန်တို့ နှစ်ယောက်လုံး တစ်ပြိုင်နက်တည်း နောက်ဆုတ်လိုက်ရသည်။
လီချန်းယန်မှာ အနောက်ဘက် ပေထောင်ပေါင်းများစွာ အကွာအထိ လွင့်ထွက်သွားပြီးမှ သူ့ကိုယ်သူ ပြန်ထိန်းလိုက်နိုင်ကာ သွေးလည်း အန်သွားသည်။
ဘုန်း...
လောယွိမှာမူ အောက်သို့ တိုက်ရိုက်ကျသွားပြီး သူ
ကျသွားသည့် မြေပြင်၌ ဧရာမတွင်းနက်ကြီးတစ်ခု ဖြစ်သွား၏။
" ဒါ.. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။ အောက်ကမ္ဘာက ကံတရားသားတော် တစ်ယောက်က ဒါယွိနိုင်ငံ ၊ အံ့ဖွယ်စာရင်းမှာ အဆင့်ကိုး ရထားတဲ့သူနဲ့ လက်ရည်တူနေတာလား "
ကျို့ချန်တစ်ယောက် အလွန်တုန်လှုပ်သွားတော့သည်။
ယခင်ကလည်း အောက်ကမ္ဘာမှနေ၍ အပေါ်တက်လာကြသည့် ကံတရားသားတော် မြောက်များစွာကို သူ မြင်တွေ့ခဲ့ဖူးပါသည်။
သို့သော် ထျန်းမင်ကမ္ဘာလို နေရာမျိုးမှ ထိပ်သီးပါရမီရှင်များသည်ပင် အပေါ်ကမ္ဘာသို့ ရောက်သည်နှင့် မထင်မရှား ဖြစ်သွားကြသည်ချည်းသာ ဖြစ်ပါ၏။
ကျန် ကမ္ဘာငယ်များမှ လူများဆိုပါက အခိုင်းအစေနှင့်ပင် မကွာလှပါချေ ။
သို့သော်.. ယခု လောယွိဆိုသည့် လူကမူ အစွမ်းထက်လှပေသည်။
" အဲ့ကောင်လေးကို အရှင်ထားလို့တော့ မဖြစ်ဘူး "
ကျို့ချန် စိတ်ထဲမှပြောပြီး လောယွိ ကျသွားခဲ့သည့်နေရာသို့ ဝုန်းခနဲ သွားလိုက်၏။
သူ လောယွိကို မြန်နိုင်သမျှမြန်မြန် သတ်ရန်လည်း ဆုံးဖြတ်ထားပါသည်။
ထို့ထက်ပိုအရေးကြီးသည်မှာ လောယွိလက်ထဲမှ မူလမသေမျိုးလက်နက်ကို အရယူရန်ပင် ။
သို့သော်.. ထိုစဥ်တွင်..
" ရပ်လိုက်စမ်း "
သူ့ရှေ့တွင် လူတစ်ယောက် ရုတ်တရက် ပေါ်လာ၏။
" ဟင်.. "
ကျို့ချန် အံ့သြသွားရပြီးနောက်.. ဒေါသ ထွက်သွားသည်။
" ဟမ့်.. မင်းတို့ထဲက အစွမ်းအထက်ဆုံးသူတောင်
ဒဏ်ရာအပြင်းထန် ရထားတာ .. မင်းက ငါ့ကို တားရဲနေသေးတယ်ပေါ့ ။ သေစမ်းကွာ "
သူ ပြောကာ ရှေ့မှ လူဆီသို့ လက်ညိုးညွှန်လိုက်သည်။
သို့သော် ....
ဝုန်း..
တဖက်လူက လက်ကို အသာယမ်းရုံဖြင့် သူ့လက်ချောင်းအစွမ်းအား တားလိုက်နိုင်ပါ၏။
ဝုန်း...
၎င်းလက်ချောင်းအစွမ်းက နောက်ပြန်ကန်ထွက်သွားပြီး ခပ်လှမ်းလှမ်း ကောင်းကင်ယံ၌ ပေါက်ကွဲထွက်သွားသည်။
" ဘယ်လိုဖြစ်ပြီးတော့... "
ဤတစ်ကြိမ်တွင်ကား ကျို့ချန်တစ်ယောက် ကြက်သေပင် သေသွားပါ၏။
" မင်း.. မင်းက.. တကယ်ကြီးကို... "
သူ့မျက်လုံးသူလည်း မယုံနိုင်ပါချေ။ တဖက်လူက သူ့တိုက်ခိုက်မှုကို လက်ဗလာဖြင့် တားနိုင်ခဲ့သည် မဟုတ်ပါလား ...
ထိုစဥ် တဖက်လူက အေးစက်စက် မျက်နှာထားဖြင့် မေးလာသည်။
" မင်း ခုနက ဘာပြောလိုက်တာလဲ "
ကျို့ချန် ရင်ထဲမှ ထိတ်လန့်တုန်လှုပ်သွားသော်လည်း ဟန်ကိုယ့်ဖို့လုပ်၍ မာထန်ထန် ပြန်ပြောလိုက်၏။
" မင်းကိုသတ်မယ်လို့ ပြောခဲ့တာလေ "
တဖက်လူက ခေါင်းယမ်းကာ ဒေါသတကြီး ပြန်ပြောသည်။
" အဲ့ဒါ မဟုတ်သေးဘူး "
ကျို့ချန် အံ့အားသင့်သွားရသည်။
ထိုစကားမဟုတ်ဘဲ တဖက်လူကို ဤမျှဒေါသထွက်စေခဲ့သည့် စကားက ဘာစကားပါနည်း ။
ထိုစဥ် တဖက်လူက အံကြိတ်ရင်း လောယွိကျသွားခဲ့သည့် တွင်းနက်ကြီးဆီသို့ လက်ညိုးညွှန်ကာ ပြောလာသည်။
" မင်းက.. လောယွိကို ငါတို့ထဲမှာ အစွမ်းအထက်ဆုံးလို့ ပြောခဲ့တာလား "
ကျို့ချန် အမှန်တကယ်ပင် နားမလည်နိုင် ဖြစ်သွားရတော့၏။
ထိုစဥ်တွင် သူ့ရှေ့မှလူက ဒေါသတကြီး ထပ်အော်လာသည် ။
" သူ့ကို အစွမ်းအထက်ဆုံးလို့ ခေါ်ဖို့ တန်လို့လား "
" အင်.... "
ကျို့ချန်၏ မျက်နှာထား ပြောင်းသွားသည်။
တဖက်လူ ဒေါသထွက်နေသည့် အကြောင်းရင်းမှာ ထူးဆန်းလွန်းနေ၍ သူ အမှန်ပင် နားမလည်နိုင်တော့ပါ ။
တဖက်လူက ဒေါသတကြီး ဆက်ပြောပါသည်။
" လောမိသားစုမှာ ငါဆိုတဲ့ လောချင်းကတောင် လောယွိထက် ပိုအဆင့်ကောင်းတယ်ကွ ။ ဒါနဲ့များ အဲ့ကောင်ကို ငါတို့ထဲမှာ အစွမ်းအထက်ဆုံးလို့ ဘာကြောင့်ပြောရတာလဲ "
ဝုန်း...
ထိုစဥ် တဖက်တွင်... သွေးအလိမ်းလိမ်း ပေနေသော လောယွိတစ်ယောက် ရုတ်တရက် ထရပ်လာကာ လောချင်းကိုကြည့်၍ ဒေါသတကြီး ပြောလာ၏။
" လျှောက်ပြောမနေနဲ့ ၊ မင်းက ပြီးခဲ့တဲ့တစ်ခေါက်ကပဲ ငါ့ထက် အဆင့်ပိုကောင်းတာလေ "
" မြင့်တာက မြင့်တာပဲလေကွာ "
လောချင်းကလည်း ဒေါသတကြီး ပြန်ရန်တွေ့သည်။
သူတို့နှစ်ယောက်မှာ ယခင်ကတည်းကလည်း ပြိုင်ဘက်လို ဖြစ်လာခဲ့ကြပြီး တစ်ယောက်ကိုတစ်ယောက် အရှုံးမပေးလိုကြသူများပင်... ။
ထို့ကြောင့်လည်း လောချင်းက အလွန်ဒေါသထွက်
နေခြင်း ဖြစ်ပါ၏။
" မင်းတို့တွေ.... "
တဖက်မှ ကျို့ချန်မှာမူ ဘာပြန်ပြောရမည်ပင် မသိရှာတော့ပါ ။
သို့သော်.. လောချင်းက သူဖြစ်သွားသည့် မျက်နှာထားကို မြင်ပြီး ဒေါသပိုထွက်သွားပုံ ပေါ်ပါ၏။
" ဟင်.. မင်းမျက်နှာက ဘာဖြစ်တာလဲ ။ မင်းက ငါပြောတာကို မယုံဘူးလား ။ ကောင်းပြီလေ.. ဒါဆိုလဲ တစ်ပွဲတစ်လမ်း နွဲလိုက်ကြတာပေါ့ "
လောချင်း ပြောပြီး သူ့ ဟင်းလင်းပြင်လက်စွပ်ထဲမှ ကွေးကောက်နေသော တူတစ်လက်ကို ထုတ်လိုက်သည်။
Chapter 908
Escape as many as u can
" မင်းရဲ့ တူက.... "
ထိုတူကို မြင်သည်နှင့် ကျို့ချန် စိတ်ထဲ လေးလံသွားရသည်။
လောချင်းက တူကိုမြှောက်ပြီး အော်ပြော၏။
" လာလေ.. လာတိုက်ခိုက်စမ်း "
သူ ပြောပြီးသည်နှင့် တထက်လူအား တူဖြင့် ထုလိုက်သည်။
ဘုန်း ...
သူ ထိုသို့ လှုပ်ရှားလိုက်သည်နှင့် ကျို့ချန်မှာ ကမ္ဘာကြီးတစ်ခုလုံးက သူ့ပေါ်သို့ ကျလာတော့မလို ခံစားလိုက်ရ၏။
" ဘုရားရေ... "
သူ မျက်နှာတပြင်လုံး သွေးဆုတ်ဖြူရော်ကာ နောက်
လှည့်ပြေးရန် ကြိုးစားလိုက်သည်။
ဝုန်း...
လောချင်း၏ တူချက်ကို သူ လွတ်အောင် ရှောင်လိုက်နိုင်သော်လည်း ၎င်းမှ နောက်ဆက်တွဲဖြစ်လာသည့် အစွမ်းကိုမူ ခံလိုက်ရဆဲပါပင် ။
အွတ်..
ကျို့ချန်တစ်ယောက် လေထဲတွင် နှစ်ပတ် ၊ သုံးပတ် လည်သွားပြီးနောက် သွေးအန်သွား၏။
" ဒီကောင်ကရော ကံတရားသားတော်ပဲလား "
သူ့ရင်ထဲလည်း တုန်လှုပ်သွားရပြန်ပါသည်။
" ဟင်.. မင်းက ဘာလို့ထွက်ပြေးနေတာလဲ "
၎င်းကိုမြင်သော လောချင်းက ဒေါသတကြီး အော်ပြောလာသည်။
ကျို့ချန် ဆွံ့အသွားရတော့၏။ သူ ထွက်မပြေးလျှင် သေရလိမ့်မည် မဟုတ်ပါလား ...
ထို့နောက် သး လီချန်းယန်နှင့် ကျန်တစ်ယောက်ဘက် ရုတ်တရက် လှည့်ကာ ပြောသည်။
" ဒီကောင်တွေက တစ်ခုခုတော့ လွဲနေပြီ "
လီချန်းယန်က မျက်မှောင်ကြုံ့ရင်း ပြန်ပြော၏။
" ကံတရားသားတော် တစ်ယောက်တည်းဆိုရင် ကိစ္စသိပ်မရှိဘူး ။ ဒါပေမယ့်.. နှစ်ယောက်ဆိုရင်တော့ ငါတို့တွေ အစွမ်းကုန်သုံးပြီး တိုက်ခိုက်ရင်တောင် နိုင်ချေက ၃၀ % အောက်မှာပဲ ရှိတော့တယ်ကွ "
ထိုစဥ် ဒဏ်ရာများ ပြန်တည်ငြိမ်သွားသည့် လျို့ထျန်းလုကလည်း အံကြိတ်ကာ ပြောသည်။
" ငါတို့တွေ ဆက်တိုက်ခိုက်လို့ မဖြစ်တော့ဘူး ။ ဒီကိစ္စကို အရှုပ်အထွေးနိုင်ငံက လူတွေပဲ ကိုင်တွယ်ပါစေတော့ကွာ "
လီချန်းယန်ကမူ ထိုစကားကို သိပ်လက်မခံချင်ပုံဖြင့် မျက်နှာအနည်းငယ် မဲ့သွားသေးသော်လည်း နောက်ဆုံး ခေါင်းညိတ်၍ ပြန်ပြောပါ၏။
" ကောင်းပြီ ၊ ဒါဆို သွားကြစို့ "
သူ ထိုသို့ပြောပြီး နောက်လှည့်၍ သူ့လူများနှင့်အတူ ထွက်ခွာရန် ပြင်လိုက်သည်။
သို့သော်... ထိုစဥ်တွင် ...
" ရပ်စမ်း ၊ မင်းတို့ကို ဘယ်သူက ထွက်သွားခွင့်ပေးလို့လဲ "
ရှေ့တွင် လူရိပ်နှစ်ခု ရုတ်တရက်ပေါ်လာကာ သူတို့သွားမည့် လေထုလမ်းကြောင်းရှေ့မှ ပိတ်တားလာ၏။
၎င်းကိုမြင်သော လီချန်းယန် ဒေါသူပုန်ထသွားသည်။
" ဟိုနှစ်ယောက်က ကံတရားသားတော်တွေမို့ ထားလိုက်ပါတော့ ။ မင်းတို့က ကိုယ့်ကိုကိုယ် ဘာထင်နေကြတာလဲ.. ငါသွားမယ့်လမ်းကိုများ ပိတ်ရဲတယ်ပေါ့လေ ။ အကုန်သတ်ပစ်ကွာ "
လီချန်းယန် ဒေါသတကြီး အော်လိုက်၏။
" ဟုတ်ကဲ့ "
သူတို့နှင့်အတူ ပါလာခဲ့သော သံချပ်ကာဝတ် တပ်သားများ သံပြိုင်ပြန်အော်ကာ ရှေ့မှ လူနှစ်ယောက်ထံ ပြေးဝင်သွားကြသည်။
လီချန်းယန်က ထိုမြင်ကွင်းအား အေးစက်စက်ကြည့်ပြီး တဖက်လူနှစ်ယောက် မည်သို့မည်ပုံ သေကြရမည်ကို စိတ်ကူးထဲ မှန်းဆပုံဖော်နေပါ၏။
သူ့နောက်မှ တပ်သားများအားလုံးမှာ သူကိုယ်တိုင် စနစ်တကျရွေးချယ်ထားသော အစွမ်းထက်ကျင့်ကြံသူများ ဖြစ်ကြပြီး ... စိတ်ဝိဥာဥ်မသေမျိုးအဆင့်သို့ ရောက်ထားကြသူများပင် ။
ထိုသို့သော လူအုပ်ကို အောက်ကမ္ဘာမှ တက်လာသော ဘာမဟုတ်သည့် လူနှစ်ယောက်က ခုခံနိုင်ပါမည်လား ။
သို့သော်.. ထိုစဥ်တွင် တဖက်မှ လူနှစ်ယောက်က သူတို့၏ ဟင်းလင်းပြင်လက်စွပ်ထဲမှ ပုံမကျ ပန်းမကျ လက်နက်တစ်ခုစီ ထုတ်လိုက်ကြပါသည်။
ထိုလက်နက်နှစ်ခုထဲမှ တစ်ခုမှာ ဓားတစ်လက်နှင့်တူပြီး ကျန်တစ်ခုမှာကား လေးတံတစ်ခုနှင့် ဆင်တူပါ၏။
" မဖြစ်နိုင်တာ.... "
၎င်းကိုမြင်သော ကျို့ချန်တစ်ယောက် မျက်လုံးပြူးသွားကာ ခြေထောက်များပင် တုန်သွားတော့သည်။
ထိုသို့သော ပုံမကျ ပန်းမကျ လက်နက်မျိုးကို သူ ရင်းနှီးနေသည် မဟုတ်ပါလား ...
" မဖြစ်နိုင်တာ... သူတို့ဆီမှာ မူလမသေမျိုးလက်နက်တွေ ဘာလို့ အဲ့လောက်များနေရတာလဲ ။ မဖြစ်နိုင်ဘူး "
လျို့ထျန်းလု ခေါင်းယမ်းကာ ပြော၏။
ထိုစဥ်တွင် တဖက်လူနှစ်ယောက်ထဲမှ ဓားကိုင်ထားသူက ထိုဓားကိုယမ်း၍ ခုတ်လာသလို ကျန်တစ်ယောက်ကလည်း မြှားတံတစ်ခု ပစ်လွှတ်လာသည်။
ဝုန်း...
ဝုန်း .....
အသံကျယ်နှစ်သံ တစ်ပြိုင်နက်တည်းနီးပါး ထွက်လာ၏။
ထို့နောက်တွင််မူ.. ကြောက်မက်ဖွယ် အားကြီးနှစ်ခုက တပ်သားအုပ်ကြားထဲ ရောက်လာတော့သည်။
လီချန်းယန်နှင့် ကျန်နှစ်ယောက်မှာလည်း ထိုတိုက်ခိုက်မှုမှ ဖြစ်လာသော ကြောက်မက်ဖွယ် လေလှိုင်းလုံးကြီးကြောင့် နောက်သို့ လွင့်ထွက်သွားပြီး အချိန်အတန်ငယ် ကြာသည်အထိ မျက်လုံးပြန်မဖွင့်နိုင်ကြပါချေ။
အချိန်အတန်ကြာပြီးမှ လေလှိုင်းလုံးကြီး ပြန်ပျောက်ကွယ်သွားကာ သူတို့သုံးယောက် ပုံမှန်ပြန်ဖြစ်သွားပါသည်။
" ဟင်... "
သူတို့ ခေါင်းကို ဟိုဒီလှည့်၍ ကြည့်လိုက်ချိန်တွင်မူ အတူပါလာသော တပ်သားများအားလုံးက သေနေကြပြီကို တွေ့လိုက်ရတော့၏။
" အားလုံး.. သေကုန်ကြပြီလား "
လျို့ထျန်းလု အလွန်တုန်လှုပ်သွားသည်။
ကျို့ချန်က မျက်လုံးအပြူးသားဖြင့် ပြော၏။
" ကံတရားသားတော် လေးယောက်တောင်လား.. မဖြစ်နိုင်တာ.. "
လီချန်းယန် တစ်ကိုယ်လုံးတုန်သွားကာ မေ့လဲကျမလိုပင် ဖြစ်သွားသည်။
သူ ပြီးခဲ့သော နှစ်များအတွင်း သေချာရွေးချယ်ထားခဲ့သည့် တပ်သားများအားလုံး အသတ်ခံလိုက်ရပြီတဲ့လား ...
" ဒီမအေ %##$%%%^^^ "
လီချန်းယန် ဒေါသတကြီး အော်ပြီး .. သူ့တစ်ကိုယ်လုံးမှလည်း စွမ်းအင်များ ပေါက်ထွက်လာ၏။
ဝုန်း ....
ထိုတခဏ၌ မသေမျိုးစွမ်းအင်များလည်း
ကောင်းကင်ယံသို့ ထိုးတက်သွားသည်။
၎င်းကိုမြင်သော ကျို့ချန်၏ မျက်နှာထား ရုတ်ချည်းပြောင်းသွားကာ ပြောသည်။
" အကိုလီ ၊ စိတ်ထိန်းပါဗျာ ။ အခုက လေးယောက်နဲ့ တစ်ပြိုင်တည်း ရင်ဆိုင်နေရတာဆိုတော့.. ကျုပ်တို့အတွက် နိုင်ချေက ၁၀ % တောင် ရှိနိုင်မယ်မထင်ဘူး "
လျို့ထျန်းလုကလည်း ဝင်ပြောသည်။
" ဟုတ်တယ် အကိုလီ ၊ ကျုပ်တို့ ရှေ့ဆက်ပြီး လုပ်စရာတွေ အများကြီးကျန်ပါသေးတယ်ဗျာ ။ လောလောဆယ် ဒီကနေ အရင်ခွာပြီးတော့မှ လက်တုန့်ပြန်ဖို့ နည်းလမ်းရှာကြတာပေါ့ "
သူတို့နှစ်ယောက်၏ နားချစကားကို နားထောင်ပြီးနောက်တွင်မူ လီချန်းယန် အနည်းငယ် ပြန်တည်ငြိမ်သွားပါသည်။ ထို့နောက် သူ အံကြိတ်၍ ပြော၏။
" ကောင်းပြီ ၊ ဒီ ထျန်းယွမ်ကမ္ဘာက ကောင်တွေကို အသက်ဆက်ရှင်ခွင့် ခဏပေးထားလိုက်မယ် "
ကျို့ချန်မှာ ထိုစဥ်မှ စိတ်ပြန်အေးသွားပုံပေါ်သည်။
" ဟုတ်ကဲ့ ၊ အခု သွားကြစို့ဗျာ "
သို့သော်... သူ့စကားဆုံးချိန်မှာပင်... မျက်နှာချင်းဆိုင်မှ လေးတံကို ကိုင်ထားသော လူငယ်က အေးစက်စက် ပြောလာ၏။.
" ထွက်သွားမယ်.. ဟုတ်လား ၊ မင်းတို့ကို ဘယ်သူက သွားခွင့်ပေးလို့လဲ "
သူ ပြောပြီး မြှားတံတစ်လက် ဆွဲထုတ်ကာ လေးပေါ်တင်လိုက်သည်။ သူ့လက်ချောင်းထိပ်၌ ကြောက်မက်ဖွယ် ဖိအားတစ်ခု စတင်စုစည်းလာပါ၏။
ကျို့ချန်က ၎င်းကိုကြည့်ကာ အေးစက်စက် နှာခေါင်းရှုံ့သည်။
" ငါတို့အနေနဲ့ မင်းတို့လေးယောက်လုံးကို တစ်ပြိုင်တည်းကြီး အနိုင်မယူနိုင်ဘူးဆိုတာ ဝန်ခံပါတယ် ။ ဒါပေမယ့်.. ငါတို့သာ ထွက်သွားချင်ရင် မင်းတို့လေးယောက်ရဲ့ အစွမ်းလောက်နဲ့တော့ မတားနိုင်ဘူးကွ "
လျို့ထျန်းလုကလည်း ထိုစကားကို ထောက်ခံဟန်ဖြ
င့် ခေါင်းညိတ်သည်။
သို့သော်...
ဝှစ် ... ဝှစ် ... ဝှစ် ...
ထိုစဥ်တွင် လောမိသားစုမှ ကျန်လူငယ်များ အပြေးအလွှား ရောက်လာကာ သူတို့သုံးယောက်ကို ဝိုင်းလိုက်ကြ၏။
ကျို့ချန်က ၎င်းကိုကြည့်ရင်း လှောင်ပြုံးဖြင့် ပြောသည်။
" အဲ့လို လူအင်အားများရုံလောက်နဲ့ ငါတို့ကို တားနိုင်မယ်လို့ ထင်တာလားကွာ ။ သူတို့အားလုံးကလဲ မင်းတို့လေးယောက်လို မူလမသေမျိုးလက်နက်တွေ ရှိထားရင်တော့ တစ်မျိုး .... "
သို့သော်.. သူ့စကား ဆုံးချိန်မှာပင် ...
ဝုန်း ....
အားလုံးလက်ထဲတွင် ကွေးကောက်နေသော မူလမသေမျိုးလက်နက်ကိုယ်စီ ပေါ်လာပါသည်။
ကျို့ချန် : ......
ထိုတခဏ၌ သူ့ပါးသူသာ ပြန်ရိုက်လိုက်ချင်ပါတော့၏။
ကျန်နှစ်ယောက်လည်း မျက်နှာထားများ ချက်ချင်းပြောင်းသွားတော့သည်။
" ကျို့ချန် .. မင်း ပါးစပ်ယားလိုက်တာ "
လျို့ထျန်းလုက ဒေါသတကြီး အော်၏။.
လီချင်းယွမ်ကမူ အံကြိတ်၍ ဆိုသည်။
" ငါတို့ လူစုခွဲရအောင် ။ ငါတို့ထဲက ဘယ်သူပဲဖြစ်ဖြစ် လွတ်အောင်ထွက်ပြေးနိုင်ရင် အောင်မြင်တယ်လို့ ပြောလို့ရတယ် "
ယခု သူ အလွန်လည်း နောင်တရနေမိပါ၏။
ထိုသို့ဖြစ်မည်ကိုသာ သူ ကြိုသိခဲ့ပါက.. ဤတာဝန်ကို လက်ခံမိခဲ့မည် မဟုတ်ပါချေ။
သူ့စကားဆုံးပြီးချိန်မှာပင် ကျန်နှစ်ယောက် နောက်လှည့် ထွက်ပြေးလိုက်ကြတော့သည်။
ဝှစ်...
ပထမဆုံး ပြေးသွားသူမှာ လျို့ထျန်းလု ...
သူ ခြေဖျားထောက်၍ လေထုကို တိုက်ရိုက်ချိုးဖျက်ကာ ဟင်းလင်းပြင်အတွင်း ခေတ္တမျှ သွားလိုက်ပြီးနောက် အခြားတစ်နေရာမှ ပြန်ထွက်လာ၏။
" ဟမ့်.. ငါ့ကို မိအောင်ဖမ်းချင်ရင် ငါ ဘယ်မှာရှိတယ်ဆိုတာကို သိနိုင်တဲ့အစွမ်းမျိုးတော့ ရှိဖို့လိုမယ် "
လျို့ထျန်းလု စိတ်ထဲမှပြောကာ ကြိတ်ရယ်လိုက်သည်။
သို့သော် ... ထိုစဥ်မှာပင် သူ့ရှေ့မှ အလင်းရောင်က ရုတ်တရက် မှိန်သွားသလို ခံစားလိုက်ရပါ၏။
" ဟင်.... "
သူ အံ့အားသင့်သွားပြီး ချက်ချင်းမော့ကြည့်လိုက်
ရာ ကွေးကောက်နေသော မူလမသေမျိုးလက်နက်ကိုယ်စီ ကိုင်ထားသည့် လူ လေး၊ငါးယောက်လောက်က သူ့ရှေ့တွင် အသင့်စောင့်နေကြသည်ကို မြင်လိုက်ရသည်။
ထို မူလမသေမျိုးလက်နက်များပေါ်တွင် စုစည်းနေသည့် ဖိအားမှာ ကြောက်မက်ဖွယ်ကောင်းလှသလို... သူတို့၏ အစွမ်းကလည်း လောယွိနှင့် လောချင်းတို့ထက် ပိုနိမ့်စန် မတူပါ ။
လျို့ထျန်းလု အလွန်ကြောက်ရွံ့တုန်လှုပ်သွားတော့သည်။
ဤမျှများပြားသော မူလမသေမျိုးလက်နက်များဖြင့်သာ အတိုက်ခိုက်ခံရပါက.. သူ အသက်ရှင်နိုင်ချေရော ရှိပါဦးမလား ။
" $##$%%%% "
နောက်ဆုံးတွင် သူ ကြံရာမရတော့ဘဲ ဟင်းလင်းပြင်ထဲသို့ ထွက်ပြေးလိုက်ရပြန်၏။
ဝုန်း...
စက္ကန့်ပိုင်းမျှ အကြာတွင် သူ အခြားတစ်နေရာ၌ ပြန်ပေါ်လာသည်။
သို့သော် ....
" ဟင် ... "
သူ ပြန်ပေါ်လာသည်နှင့် အစောက လူလေးယောက် သူ့ရှေ့သို့ ပြန်ရောက်နေကြသည်ကို တွေ့လိုက်ရ၏။
" ဒါ.. တိုက်ဆိုင်တာလား "
လျို့ထျန်းလု အံကြိတ်ကာ ဟင်းလင်းပြင်ထဲသို့ ထပ်ပြေးဝင်သွားသည်။
သို့သော်.. ယခုတစ်ခေါက် သူ ပြန်ထွက်လာချိန်တွင်လည်း တဖက်လူများက သူ့ကို အသင့်စောင့်ကြိုနေပြန်ပါ၏။
မဟုတ်သေးပါ ... ဤတစ်ကြိမ်က လူပင် ပိုများနေပါသေးသည်။
" ဘာတွေဖြစ်နေတာလဲ ... "
လျို့ထျန်းလုတစ်ယောက် လုံးဝ ထိတ်လန့်တုန်လှုပ်သွားရတော့၏။
" တစ်ကြိမ် ၊ နှစ်ကြိမ်ဆိုရင် တိုက်ဆိုင်တာလို့ ပြောလို့ရသေးပေမယ့်.. သုံးကြိမ်ဆက်တိုက်ကြီးကျတော့ တိုက်ဆိုင်တာ မဟုတ်တော့ဘူး ။ ဒီကောင်တွေက ငါ ဘယ်နေရာက ဟင်းလင်းပြင်ကို ချိုးဖျက်မလဲဆိုတာ ဘယ်လိုခန့်မှန်းနိုင်ကြတာလဲ ။ မဟုတ်မှလွဲရော.. သူတို့ထဲမှာ စိတ်ဝိဥာဥ်အစွမ်းနဲ့ စိတ်ဝိဥာဥ်မသေမျိုးတစ်ယောက် ဖြစ်လာတဲ့သူ ရှိနေတာများလား ။ ဒါပေမယ့်.. မဖြစ်နိုင်တာ.. ၊ အပေါ်ကမ္ဘာမှာတောင် အဲ့လို စိတ်ဝိဥာဥ်အစွမ်းနဲ့ မသေမျိုးဖြစ်တဲ့သူ ဒီလောက်ရှားတာပဲ ။ ထျန်းယွမ်ကမ္ဘာလို နေရာမျိုးမှာ အဲ့လိုပါရမီရှင်တစ်ယောက် မရှိနိုင်ဘူး "
သူ တွေးလိုက်သည်။
ထိုစဥ်မှာပင် ...
" ထွက်ပြေးဖို့ ကြိုးစားမနေစမ်းပါနဲ့ကွာ ။ မင်း ပြေးနေတဲ့ ဟင်းလင်းပြင်ထဲက လမ်းကြောင်းကို ငါတို့ရဲ့ စိတ်ဝိဥာဥ်အစွမ်းနဲ့ မြင်နေရတယ် ။ အဲ့တော့ မင်း
ဘယ်လောက်ပဲကြိုးစားကြိုးစား ၊ ရလဒ်က အတူတူပဲ ဖြစ်မှာ "
တဖက်လူအုပ်မှ ခေါင်းဆောင်ဖြစ်ဟန်တူသူက အေးစက်စက် ပြောလာသည်။