← Chapters

အခန်း (၉၀၉+၉၁၀)

Vol. 64 Ch. 909+910

အခန်း (၉၀၉+၉၁၀)

Vol. 64 Ch. 909+910

Chapter 909

Hijacking the strongest

" မင်း... ဘာပြောလိုက်တာ.. "

လျို့ထျန်းလု၏ မျက်နှာထား ရုတ်ချည်းပြောင်းသွားသည်။

တဖက်လူက စိတ်ဝိဥာဥ်အစွမ်းဖြင့် သူ့လှုပ်ရှားမှုများကို မြင်နိုင်သတဲ့လား..

" မင်း.. မင်းက စိတ်ဝိဥာဥ်အစွမ်းနဲ့ တာအိုလမ်းစဥ်ကို ရောက်ထားခဲ့တာလား "

လျို့ထျန်းလုတစ်ယောက် သူ့ရှေ့မှ လူကိုကြည့်ကာ တုန်လှုပ်စွာ မေးလိုက်သည်။

သို့သော် တဖက်လူက ခေါင်းအသာယမ်းပြပါ၏။

လျို့ထျန်းလု စိတ်သက်သာရာရပြီး သက်ပြင်းချမိလိုက်သည်။

သို့ဆိုလျှင် တဖက်လူထံ၌ စိတ်ဝိဥာဥ်အစွမ်းကို တိုးစေသော မှော်လက်နက်မျိုး ရှိထားပါသလား..

၎င်းသာ အမှန်ဆိုပါက သူ ထွက်ပြေးရန် အခွင့်အရေး ရနိုင်ပါသေးသည်။

သို့သော်.. ထိုစဥ် တဖက်လူက ပြောလာ၏။

" ငါတစ်ယောက်တည်း မဟုတ်ဘူး ၊ ငါတို့အားလုံးပဲ "

" ဟင်.... "

တဖက်လူ ဆိုလိုသည့် အဓိပ္ပါယ်ကို လျို့ထျန်းလု နားမလည်နိုင် ဖြစ်သွားသည်။

သူတို့အားလုံး ဆိုသည့်စကားက ဘာပါလဲ...

ထိုစဥ် တဖက်လူက စကားဆက်ပါသည်။

" ငါတို့ စိတ်ဝိဥာဥ်အဖွဲ့က လူတွေအားလုံး စိတ်ဝိဥာဥ်အစွမ်းနဲ့ တာအိုလမ်းစဥ်ကို ရောက်ထားကြတာကွ "

ထိုသို့ ပြောပြီးသည်နှင့် ..

ဝီ...

ထိုလူ၏ စိတ်ဝိဥာဥ်အစွမ်းက အသွင်ပေါ်လာသည်။

သူ့ခေါင်းပေါ်၌ ကြောက်မက်ဖွယ် စိတ်ဝိဥာဥ်အစွမ်း ပုံရိပ်တစ်ခု ပေါ်လာ၏။

ထို့နောက် စိတ်ဝိဥာဥ်အဖွဲ့မှ ကျန်လူများအားလုံးလည်း သူတို့၏ စိတ်ဝိဥာဥ်အစွမ်းများကို ကိုယ်စီ ထုတ်လိုက်ကြသည်။

ဤသို့ဖြင့် မျက်စိတစ်မှိတ်ခန့် အချိန်အတွင်းမှာပင် လျို့ထျန်းလုရှေ့၌ စိတ်ဝိဥာဥ်အစွမ်း ပုံရိပ်ဆယ်ခုကျော် ပေါ်လာတော့၏။

လျို့ထျန်းလုမှာ ၎င်းကိုကြည့်ရင်း နှုတ်ခမ်းများ လှုပ်ရှားသွားသော်လည်း... စကားသံ ထွက်မလာခဲ့ပါ ။

" သူ့ကို သတ်ပစ် "

ထိုစဥ် စိတ်ဝိဥာဥ်အဖွဲ့မှ လူတစ်ယောက်က အော်ပြောလာပြီး.. သူတို့အားလုံး တစ်ပြိုင်တည်းတိုက်ခိုက်လာကြသည်။

တစ်ချိန်တည်းတွင်.. အခြားတဖက်၌ ...

ကျို့ချန်က များစွာသော ကိုယ်ပွားပုံရိပ်များကို ချက်ချင်း ထုတ်လွှတ်ကာ ၎င်းကိုယ်ပွားပုံရိပ်များက အရပ်မျက်နှာစုံသို့ ထွက်ပြေးသွားကြ၏။

" ဟမ့် ၊ ငါတို့ ကျို့မိသားစုရဲ့ ကိုယ်ပွားပုံရိပ်သိုင်းက ဒါယွိနိုင်ငံမှာ အကောင်းဆုံးပဲ ။ မင်းတို့တွေ ငါ့ရဲ့ ခန္ဓာကိုယ်အစစ်ကို ရှာနိုင်မလား ကြည့်ကြသေးတာပေါ့ "

ကျို့ချန် စိတ်ထဲမှ လှောင်သံဖြင့် ပြောလိုက်သည်။

သို့သော်.. ထိုစဥ်တွင်..

ဝုန်း ... ဝုန်း... ဝုန်း...

ပေါက်ကွဲသံများ နေရာစုံမှ ထွက်ပေါ်လာသည်။

ကျို့ချန် ချက်ချင်း ခေါင်းလှည့်ကြည့်လိုက်ရာ သူ့ကိုယ်ပွားပုံရိပ်များက တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်ပြီး သွေးမှုန်များအဖြစ် ပြောင်းသွားသည်ကို မြင်လိုက်ရ၏။

" ဘယ်လိုဖြစ်ပြီးတော့... "

သူ လုံးဝ မှင်သက်သွားရတော့သည်။

သူ သေချာအာရုံစိုက်ပြီး ထပ်ကြည့်လိုက်ရာ.. လေထဲတွင် လူတစ်ယောက်က သူ့ကိုယ်ပွားပုံရိပ်များ နောက်သို့ အဆက်မပြတ် လိုက်နေသည်ကို မြင်လိုက်ရ၏။

" အဲ့လောက် မြန်တဲ့လှုပ်ရှားမှုမျိုး တကယ်ကြီးရှိတာလား ။ ကြည့်ရတာ... တည်နေရာရွှေ့ပြောင်းတာနဲ့တောင် တူနေတယ်.. "

ကျို့ချန် တုန်လှုပ်နေပါသည်။

ထိုစဥ်မှာပင် တဖက်လူက သူ့ရှေ့တွင် ရုတ်တရက်ပေါ်လာ၏။

" မင်း... "

ကျို့ချန်၏ မျက်နှာ ရုတ်ချည်း ဖြူရော်သွားတော့သည်။

" အိုး.. ကြည့်ရတာ ဒီဟာက ခန္ဓာကိုယ်အစစ်နဲ့ တူ

တယ် "

တဖက်လူက နှုတ်ခမ်းတွန့်ရုံ ပြုံး၍ ဆို၏။

" မင်း.. ဘယ်လိုလုပ်ပြီးတော့ အဲ့လောက်မြန်နေတာလဲ "

ကျို့ချန် အသံတုန်တုန်ဖြင့် မေးလိုက်သည်။

တဖက်လူက နှုခေါင်းရှုံ့၏။

" ငါက သခင်လေး သင်ပေးထားတဲ့ ခန္ဓာကိုယ်ရွှေ့ကွက်ကို လေ့ကျင့်နေတာလေ ။ ငါ့အပေါင်းအသင်းတွေကြားမှာဆိုရင် ငါ့ရဲ့ ခန္ဓာကိုယ်ရွှေ့ကွက်က ထိပ်ဆုံးအဆင့်သုံးထဲ ဝင်တယ်ကွ ။ အဲ့ထဲမှာ သခင်လေးတော့ မပါဘူးပေါ့ကွာ ။ အဲ့တော့ မင်းဆီမှာ ကိုယ်ပွားပုံရိပ် ဘယ်လောက်ပဲများများ ၊ ငါက အားလုံးကို ဖျက်ဆီးပစ်မှာ "

သူ ပြောပြီး ဓားဖြင့် ခုတ်ချလိုက်သည်။

ရွှမ်း...

ထို့နောက်တွင်မူ ကျို့ချန် လေထဲမှ အောက်ပြုတ်ကျကာ သေလား ၊ ရှင်လား မသိရတော့ပါချေ။

" ဟင်... "

ထိုစဥ် ခပ်လှမ်းလှမ်းတွင် ရှိနေသော လီချန်းယန်မှာလည်း ၎င်းကို သတိထားမိသွား၏။

" ဟိုနှစ်ယောက်လုံး.. သေသွားကြပြီလား "

သူ့ရင်ထဲ ကြောက်စိတ်တို့ စတင်ဝင်ရောက်လာလေပြီ ။

အစပိုင်းတွင် ... ဤခရီးစဥ်သည် ကြက်ဥတစ်လုံးအား တောင်တစ်လုံးဖြင့် ဖိချေရသကဲ့သို့ လွယ်ကူမည်ဟုသာ သူ ထင်ထားခဲ့ပါသည်။

သို့သော်... ထိုကြက်ဥက သူ ဖြစ်နေလိမ့်မည်ဟု ဘယ်ထင်မိပါမည်လဲ ။

" ထျန်းယွမ်ကမ္ဘာမှာ.. ဘယ်လိုဘီလူးကောင်တွေ ရှိနေတာလဲကွာ ။ မဖြစ်ဘူး.. ငါ သေလို့မဖြစ်ဘူး ။ ဒီကနေ အသက်ရှင်ရက် ပြန်ထွက်မှဖြစ်မယ် "

လီချန်းယန် စိတ်ထဲမှ ကြိတ်ပြောလိုက်သည်။

" ဟင်းလင်းပြင်ကို ဖြဲပြီးတော့လဲ ထွက်လို့မဖြစ်ဘူး

။ ဟိုကောင်တွေက စိတ်ဝိဥာဥ်အစွမ်းနဲ့ ငါ့လှုပ်ရှားမှုကို မြင်နိုင်ကြမှာ "

" အမြန်နှုန်းကိုပဲ အားကိုးပြီးတော့ ထွက်ပြေးလို့ကလဲ မဖြစ်နိုင်ဘူး ။ ဟိုကောင်က ငါ့ထက် အများကြီးပိုမြန်တယ် "

" ငါ.. ဘာလုပ်ရမလဲ "

လီချန်းယန် မျက်နှာကြီး သွေးဆုတ်ဖြူရော်နေပါတော့၏။

ထိုစဥ် ရုတ်တရက်.. မလှမ်းမကမ်း တောအုပ်ထဲတွင်ရှိနေသော လူတစ်ယောက်ကို သူ ရုတ်တရက် သတိထားမိသွားပါသည်။

" ဟုတ်ပြီ ၊ အကြံရပြီ ။ သူတို့ထဲက တစ်ယောက်ကို ပြန်ပေးဆွဲပြီးတော့ ရအောင်ထွက်မယ်ကွာ "

သူ တွေးပြီး ပျော်သွားကာ ထိုလူဆီသို့ လှစ်ခနဲပြေးသွားလိုက်သည်။

" ဟင်.. အဲ့ကောင်က ဘာဖြစ်နေတာလဲ ။ ဘာလို့ တောအုပ်ဘက်ကို ပြေးသွားရတာလဲ "

" သူ့ကို မလွတ်စေနဲ့ဟေ့ "

တဖက်မှ လူအုပ်ကလည်း သူ့နောက်သို့ အပြေးလိုက်ရန် ပြင်လိုက်ကြ၏။

သို့သော် ထိုစဥ်မှာပင် တစ်ယောက်က အော်ပြောလာသည်။

" ခဏရပ်ကြဦး "

" ဟင်... "

အားလုံး ချက်ချင်းရပ်သွားကြ၏။

" ဘာလို့လဲကွ ၊ မင်းက ဘာဖြစ်လို့ ငါတို့ကို တားနေတာလဲ "

တစ်ယောက်က မေးသည်။

ပထမလူက တဖက်သို့ လက်ညိုးညွှန်ကာ ပြော၏။

" အဲ့နေရာကို သွားလို့မရဘူးလေ "

အားလုံး သူညွှန်ပြသည့်ဘက် လှည့်ကြည့်လိုက်ကြပြီးနောက် .. သူတို့၏ မျက်နှာပေါ်တွင် ကြောက်ရွံ့နေဟန်များ ပေါ်လာပါ၏။

အခြားတဖက် တောအုပ်ထဲ၌ ....

ဝုန်း...

လီချန်းယန်တစ်ယောက် လေထဲမှ ပြုတ်ကျလာကာ ရှေ့သို့ ဖျတ်ခနဲ ကြည့်လိုက်သည်။

" ဟင်.. မိန်းကလေးတစ်ယောက်ပါလား "

သူ မျက်မှောင်ကြုံ့သွား၏။

သူ့ရှေ့တွင်ကား အသက်ငယ်ပုံရသည့် မိန်းကလေးတစ်ယောက်က ကျောက်တုံးတစ်ခုပေါ်တွင် ထိုင်ကာ သစ်ကိုင်းတစ်ခုကို စိတ်ဆိုးမာန်ဆိုးပုံဖြင့် ကိုက်ဝါးနေပါသည်။

ထိုသစ်ကိုင်းတွင်လည်း မရေမတွက်နိုင်သော သွားရာများ ရှိနေပါ၏။

လီချန်းယန် မျက်မှောင်ကြုံ့ရင်း တွေးမိလိုက်သည်။

" ဒီကလေးမက အဲ့လောက်တောင် ဆင်းရဲတာလား ။ သစ်ကိုင်းကိုတောင် ဒီတိုင်းကြီး ဝါးစားနေတာဆိုတော့... သူက အရေးပါတဲ့သူတစ်ယောက် လုံးဝမဖြစ်နိုင်ဘူး ။ အဲ့လိုလူတစ်ယောက်ကို ပြန်ပေးဆွဲလို့လဲ အသုံးဝင်မယ့်ပုံ မပေါ်ပါဘူးလေ "

ထိုစဥ် တဖက်မှ မိန်းမငယ်က ရုတ်တရက် ခေါင်းမော့လာပြီး လီချန်းယန်ကို မျက်မှောင်ကြုံ့ကြည့်ကာ ပြော၏။

" မင်းက ဘယ်သူလဲ ။ ဒီနေရာကို စိတ်ရှိတိုင်း လာလို့ရတယ်လို့ မင်းကို ဘယ်သူကပြောလဲ "

လီချန်းယန် အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

" မင်းကရော ဘယ်သူလဲ ။ မင်းနဲ့ ဟို ထျန်းယွမ်ကမ္ဘာက ကောင်တွေနဲ့ရော ဘယ်လိုပတ်သက်တာလဲ "

မိန်းမငယ်က သူ့အား သုန်မှုန်နေသော မျက်နှာထားဖြင့် ကြည့်၍ ပြန်ပြော၏။

" မင်းကို ငါ အရင်မေးတာလေ "

လီချန်းယန် ဒေါသထွက်သွားပြီး ပြန်ပြောရန် ပြင်

လိုက်စဥ်မှာပင်.. အနောက်ဘက်မှ လေကိုခွင်း၍လာနေသော အသံတစ်သံကို ကြားလိုက်ရသည်။

သူ ချက်ချင်းလှည့်ကြည့်လိုက်ရာ သူ့နောက် မလှမ်းမကမ်းတွင် လူတစ်ယောက် အပြေးလိုက်လာနေသည်ကို မြင်လိုက်ရ၏။

" တစ်ယောက်ပဲ လိုက်လာတာလား "

တဖက်လူအုပ်က အဘယ့်ကြောင့် အားလုံးမလိုက်လာကြသည်ကို လီချန်းယန် နားမလည်နိုင် ဖြစ်သွားသည်။

သို့သော်.. ထိုတစ်ယောက်တည်းကိုပင် သူ ကြောက်ပါသည်။

ထို့ကြောင့်.. သူ ချက်ချင်းလှုပ်ရှားသွားပြီး မိန်းမငယ်နောက်သို့ ပြေးသွား၏။ တစ်ချိန်တည်းမှာပင် ဓားပျံတစ်လက်ဖြင့် မိန်းမငယ်၏ လည်မျိုကို ရွယ်ထားလိုက်သည်။

" ဟင်... "

မိန်းမငယ်မှာ လန့်သွားပုံဖြင့် ဆတ်ခနဲ တုန်သွား၏။

လီချန်းယန်က အသံကျယ်ဖြင့် အော်ပြောသည်။

" ဒီနားကို မလာကြနဲ့နော် ။ လာလို့ကတော့ ဒီကောင်မလေး သေပြီသာမှတ် "

သူ့အော်သံကြောင့် တဖက်လူ တုန့်ခနဲ ရပ်သွားသည်။

၎င်းကိုမြင်သော လီချန်းယန် အလွန်ပျော်သွားပါ၏။ တဖက်လူက သူ ပြောသည့်အတိုင်း အမှန်တကယ် ရပ်လိမ့်မည်ဟု သူ ထင်မထားခဲ့ပါချေ။

ကြည့်ရသည်မှာ ဤတစ်ကြိမ် သူ ရွေးချယ်မှု မှန်သွားခဲ့ပုံပင် ။

သူ့ရှေ့မှ ကောင်မလေးက အလွန်အရေးပါသည့်သူ ဖြစ်ရပေမည်။

သို့ဆိုလျှင် သူမကိုသာ ပြန်ပေးဆွဲလိုက်ပါက သူ ထွက်ပြေးလွတ်မြောက်နိုင်ရုံမက အလဲအလှယ်အဖြစ် အဖိုးတန်ပစ္စည်းများကိုပင် တောင်း၍ရနိုင်ပါသည်။

ဥပမာ.. ထို ကွေးကောက်နေသော မူလမသေမျိုးလက်နက် ...

ထိုအရာမျိုးကိုသာ ပိုင်ဆိုင်ရလျှင် သူ့အစွမ်းက နောက်တစ်ဆင့် တက်သွားမည်မှာ သေချာပါသည်။

ထိုစဥ်မှာပင် သူ့ရှေ့မှ မိန်းမငယ်က ရုတ်တရက် ပြောလာ၏။

" လောရုံ ၊ ဒီကောင်က ဘယ်သူလဲ "

သူမ ပြောပြောဆိုဆိုပင် နောက်မှ လီချန်းယန်အား လက်ညိုးထိုးပြသည်။

သူတို့နှင့် မျက်နှာချင်းဆိုင် အခြားတဖက်တွင် ရှိနေသူမှာ လောရုံ ပင် ...

သူ့အမေးကို ကြားသောအခါ လောရုံက ချက်ချင်းဦးညွှတ်၍ ပြန်ပြော၏။

" အဲ့ဒါ.. ဘယ်သူလဲဆိုတာ ကျုပ်လဲ မသိပါဘူး မိန်းကလေး လုံ ။ ဒါပေမယ့် ဒီကောင်က ရုတ်တရက်ကြီး ဒီကိုရောက်လာပြီးတော့ ကျုပ်တို့သခင်လေးကို

အသေလာခံဆိုပြီး စော်ကားတဲ့စကား ပြောပါတယ် "

လောရုံ၏ လေသံမှာ အလွန်ယဥ်ကျေးနေပါသည်။

ထိုသို့မယဥ်ကျေးဘဲ ရပါမည်လား ။ သူ့ရှေ့မှ ကောင်မလေးသည် အသက်ငယ်သေးပုံ ပေါက်သည့်တိုင် ကောင်းကင်ဘုံနဂါး အစစ်တစ်ကောင် ဖြစ်ပါ၏။

မှန်ပါသည် ။ ထိုကောင်မလေးမှာ လုံယီရွှယ် ပင်..

" ဘာပြောလိုက်တယ်.. ဒီကောင်က အကိုလောထျန်းကို စိန်ခေါ်တယ်.. ဟုတ်လား "

ထိုစကားကို ကြားသောအခါ လုံယီရွှယ်၏ မျက်နှာကြီး ချက်ချင်းသုန်မှုန်သွားသည်။

" အမှန်ပဲ "

လောရုံ ပြော၏။

သူ ထိုသို့ ဖြေပြီးသည်နှင့် ဘာစကားမှ ထပ်မပြောတော့ဘဲ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။

ထိုစဥ် လီချန်းယန်က လှောင်ပြုံးဖြင့် လုံယီရွှယ်၏ခေါင်းကို ပုတ်လိုက်၏။ ထို့နောက် ဓားပျံအား သူမလည်မျိုသို့ ပိုတိုးကပ်စေကာ ပြောသည်။

" ကောင်မလေး ၊ တိတ်တိတ်နေစမ်း ။ အခု ငါ့လက်ထဲမှာ ရှိနေတဲ့ဟာက အဆင့်ကိုး မသေမျိုးလက်နက်ပဲကွ ။ မင်း နည်းနည်းလေး လှုပ်လိုက်တာနဲ့ မင်းခေါင်း ပြတ်သွားမှာ... "

သို့သော်.. သူ့စကားဆုံးချိန်မှာပင် လုံယီရွှယ်က ခေါင်းအနည်းငယ်ငုံ့၍ လီချန်းယန်၏ ဓားပျံဆီသို့ တိုးလိုက်သည်။

ဂွပ်...

ထို့နောက်.. တစ်ချက်ကိုက်ရုံဖြင့်ပင် ဓားပျံက အပိုင်းပိုင်း ဖြစ်သွားပါတော့၏။

Chapter 910

The Fall of a Prodigy

" ဘယ်လိုဖြစ်ပြီး .... "

လီချန်းယန် သူ့မျက်လုံးသူပင် မယုံနိုင်ဖြစ်သွားတော့သည်။

သူ့ ဓားပျံသည် အဆင့်ကိုး မသေမျိုးလက်နက်သာ ဖြစ်သည့်တိုင်... ၎င်းကို လုပ်ထားသည့် ပစ္စည်းများမှာ မူလမသေမျိုးအဆင့် ပစ္စည်းများ ဖြစ်ပါ၏။

၎င်းဓားပျံကို သန့်စင်သည့် လက်နက်သန့်စင်သူက လုံလောက်သည့်အစွမ်း ရှိမထားသောကြောင့်သာ ဓားပျံက အဆင့်ကိုးနှင့် ရပ်သွားခဲ့ခြင်းပင် ။

ထိုသို့သော ကြောက်မက်ဖွယ် မသေမျိုးလက်နက်က တစ်ကိုက်တည်း အကိုက်ခံရရုံဖြင့် အပိုင်းပိုင်း ဖြစ်သွားခဲ့သတဲ့လား ။

ထိုကောင်မလေးက ဘယ်လိုဘီလူးမျိုးပါလဲ..

ထိုစဉ် လုံယီရွှယ်က သူ့ဘက်သို့ ရုတ်တရက် ခေါင်း

လှည့်ကြည့်လာသည်။

ထိုမျက်လုံးထဲတွင် အေးစက်မှုနှင့် လူသတ်အရိပ်အငွေ့တို့ ပြည့်နေပါ၏။

၎င်းအကြည့်ကို တစ်ချက် ရင်ဆိုင်ရရုံဖြင့် လီချန်းယန်၏ ခေါင်းထဲ အတွေးတစ်ခုသာ ကျန်တော့သည်။

၎င်းမှာ.. ထွက်ပြေးရန်ပင်...

သူ့ရှေ့မှ ကောင်မလေးသည် အစောပိုင်းက လူအုပ်ထက် ပိုအန္တရာယ်များသည်မှာ သိသာနေလေပြီ ။

သူ ထိုသို့တွေးပြီး လှစ်ခနဲလှုပ်ရှားကာ ဟင်းလင်းပြင်လေထုကို ဖြဲ၍ ထွက်ပြေးရန် ကြိုးစားလိုက်၏။

သို့သော်...

ဝုန်း ...

သူ့ခန္ဓာကိုယ် ဟင်းလင်းပြင်ထဲ ရောက်ချိန်မှာပင်

လက်တစ်ဖက်က သူ့ခြေထောက်ကို ဖမ်းဆုပ်လာပါသည်။

" ငါက မင်းကို ထွက်သွားခွင့်ပေးလို့လား "

လုံယီရွှယ်၏ အေးစက်စက်အသံလည်း ထွက်လာ၏။

" ဘယ်လိုဖြစ်ပြီး .... "

တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ် အားတစ်ခုက သူ့အား ဟင်းလင်းပြင်ထဲမှ ဆွဲထုတ်နေသည်ကို ခံစားလိုက်ရတော့သည်။

" စုန်းမ... အခုလိုဖြစ်အောင် မင်းကိုယ်တိုင် ဖိအားပေးတာနော် ။ ကောင်းကင်ဘုံကိုးဆင့် ဓားရှစ်လက် "

လီချန်းယန်၏ ဒေါသတကြီး အော်သံနှင့်အတူ သူ့သွေးကြောများ ပေါက်ထွက်သွား၏။

ခွျှင် ...

ကျန်နေသေးသော ဓားပျံ ရှစ်လက်ထံမှလည်း ကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒတစ်ခု ထွက်လာ

သည်။

ယား....

လီချန်းယန် ညာသံပေးအော်ပြီး ဓားပျံကို ခပ်တင်းတင်းဆုပ်၍ လုံယီရွှယ်အား လွှဲခုတ်လိုက်၏။

အမှန်တွင်မူ ၎င်းဓားချက်က လုံယီရွှယ်အား သတ်နိုင်မည်ဟု သူ မျှော်လင့်မထားပါ ။

လုံယီရွှယ် ကြောက်ပြီး သူ့ကိုလွှတ်ပေးစေချင်၍သာ ၎င်းဓားကွက်ကို သုံးလိုက်ခြင်း ဖြစ်ပါ၏။ သို့ဆိုလျှင် သူ ထွက်ပြေးရန် အခွင့်အရေးရသွားမည် မဟုတ်ပါလား ။

သို့သော် ... လုံယီရွှယ်ကမူ အေးစက်စက် မျက်နှာပေးဖြင့်သာ တိုးဝင်လာသော ဓားပျံကို မလှုပ်မယှက် ကြည့်နေပါသည်။

" ဟင် .. ဒီကလေးမက သေချင်နေတာလား "

၎င်းကိုမြင်သော လီချန်းယန် အံ့သြသွားပြီးနောက် အလွန်ပျော်သွား၏။

သို့သော် ထိုစဉ်.. လုံယီရွှယ်က လက်ထဲမှ သွားရာများပြည့်နေသော သစ်ကိုင်းကို မြှောက်လိုက်ပါသည်။

လုံယီရွှယ်လက်ထဲမှ ပစ္စည်းက ကွေးကွေးကောက်ကောက် မူလမသေမျိုးလက်နက်များထဲမှ တစ်ခုမဟုတ်ကြောင်းကို မြင်သောအခါ လီချန်းယန် စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်၏။

ထိုသို့သော ဘာမဟုတ်သည့် သစ်ကိုင်းတစ်ခုက သူ့ဓားပျံကို တားနိုင်ပါမည်လား ။

သို့သော် ...

" ဖယ်စမ်းပါ.. "

လုံယီရွှယ် ပြောပြီး သစ်ကိုင်းဖြင့် လွှဲရိုက်လိုက်သည်။

ဂွပ် ...

ကျွတ်ဆတ်ဆတ် အက်သံများ မြည်လာကာ လီချန်း

ယန်၏ ဓားပျံရှစ်လက်လုံး အပိုင်းပိုင်းဖြစ်သည်ကဖြစ် ၊ မဖြစ်လျှင်လည်း နောက်သို့လွင့်ထွက်သွားတော့သည်။

လုံယီရွှယ်၏ လက်ထဲမှ သစ်ကိုင်းကမူ အရာလေးပင် ထင်မသွားခဲ့ပါ ။

" ဒါ... "

လီချန်းယန်တစ်ယောက် လုံးဝ တုန်လှုပ်သွားရတော့သည်။

သူ ထိုသစ်ကိုင်းကို စိုက်ကြည့်နေရင်း တစ်စုံတစ်ခုကို ရိပ်စားမိသွားပါ၏။

" မဟုတ်မှလွဲရော .. အဲ့ဒါ ဒါလောင်မသေမျိုးသစ်ပင်ရဲ့ အကိုင်းလား "

သူ့အသံလည်း တုန်လာသည်။

" အဲ့ ထျန်းယွမ်ကမ္ဘာက ကောင်တွေက ဘာဖြစ်နေတာလဲ ။ သူတို့ဆီမှာ ဘယ်လိုဖြစ်ပြီးတော့ မူလမသေမျိုးလက်နက်တွေနဲ့ ဒါလောင်သစ်ကိုင်းတွေ ရှိနေတာလဲ... "

လီချန်းယန်မှာ အံ့သြတုန်လှုပ်လွန်း၍ လဲကျတော့မလိုပင် ဖြစ်နေရှာပါ၏။

ထိုစဉ် လုံယီရွှယ်က လီချန်းယန်၏ ခြေကျင်းဝတ်ကို လက်တစ်ဖက်ဖြင့်ကိုင်ကာ အေးစက်စက် ပြောလာသည်။

" မင်းက အကိုလောထျန်းကို စိန်ခေါ်ရဲတယ်ပေါ့လေ ။ မင်းကို ငါ သတ်မယ် "

သူမ ထိုသို့ပြောပြီးသည်နှင့် လီချန်းယန်အား ခြေထောက်မှကိုင်ကာ မြေပြင်သို့ လွှဲရိုက်လိုက်သည်။

ဝုန်း...

ဖုန်မှုန့်လုံးကြီးတစ်ခု ရုတ်ချည်း ထသွား၏။

" မင်း... အတင့်ရဲလှချည်လား.. "

မြေပြင်နှင့် ခပ်ပြင်းပြင်း ဆောင့်ရိုက်ခံလိုက်ရသည့် လီချန်းယန်မှာလည်း မျက်နှာတပြင်လုံး ဖုန်များနှင့် သွေးများ အလိမ်းလိမ်းပေနေကာ အလွန်ကြည့်ရဆိုးနေရှာတော့သည်။

သူ့လို ဒါယွိနိုင်ငံ ၊ အံ့ဖွယ်စာရင်း၌ အဆင့်ကိုးရထားသော ပါရမီရှင်တစ်ယောက်က ...

ယခုလို အရှက်ခွဲမှုမျိုးနဲ့ အဘယ့်ကြောင့် ကြုံနေရပါသနည်း ။

" ဟင် .... မင်းက မာန်မလျှော့သေးပါလား "

ထိုစဥ် လုံယီရွှယ်က ပြောကာ လီချန်းယန်အား ထပ်ပြီး ကိုင်ရိုက်လိုက်ပြန်၏။

ဘုန်း .... ဘုန်း ... ဘုန်း ... ဘုန်း ....

ဤတစ်ကြိမ်တွင်မူ သူမ လီချန်းယန်အား ဆက်ကြိမ်ထက်မနည်း ဆက်တိုက် လွှဲရိုက်လိုက်သည့်အတွက် အစောပိုင်းက အကောင်းတိုင်းရှိနေခဲ့သော ဧရာမတောင်ကြီးပင် ပြားချပ်သွားပါတော့သည်။

သူမလက်ထဲရှိ လီချန်းယန်မှာလည်း လူရုပ်ပင် မပေါက်တော့ပေ။

၎င်းကို ခပ်လှမ်းလှမ်းမှ ကြည့်နေသည့် လောရုံတစ်ယောက် ကျောရိုးထဲမှ ချမ်းစိမ့်သွားသလိုပင် ခံစားလိုက်ရပါ၏။

" ဟို... သခင်မလေး လုံ ၊ ကျေးဇူးပြုပြီး စိတ်လျှော့ပါဦးဗျာ "

သူ အားတင်း၍ ပြောလိုက်သည်။

" ဟင်.. ဘာလဲ ၊ နင်က အဲ့လိုကောင်အတွက် အသနားခံပေးနေတာလား "

လုံယီရွှယ်က သူ့အား မကျေနပ်သည့်မျက်နှာဖြင့် လှည့်ကြည့်လာ၏။

လောရုံ ခေါင်းမြန်မြန်ယမ်းပြလိုက်ရသည်။

" မဟုတ်ပါဘူးဗျာ.. အဲ့လူ ဘယ်သူလဲ ၊ သူတို့ကို ဘယ်သူက လွှတ်လိုက်တာလဲဆိုတာ ကျုပ်တို့ သိဖို့လိုသေးတယ်လေ ။ အဲ့ဒါမှ အကိုလောထျန်းကို ဒုက္ခပေးချင်တဲ့သူက ဘယ်သူဆိုတာ သိရမှာ "

စကားဆုံးအောင် နားထောင်ပြီးနောက်တွင်မူ လုံယီရွှယ် ခေါင်းညိတ်ပြလိုက်ပါ၏။

" နင်ပြောတာလဲ အဓိပ္ပါယ်ရှိသားပဲ... "

ထို့နောက်.. သူမလက်ထဲတွင် ပုံပျက်ပန်းပျက် ဖြစ်နေသော လီချန်းယန်ကို ကိုင်မြှောက်ကာ ပြောပါသည်။

" ပြောစမ်း ၊ မင်းကို ဘယ်သူ လွှတ်လိုက်တာလဲ "

လီချန်းယန်၏ လည်မျိုတွင် လှုပ်ရှားမှုအနည်းငယ် ဖြစ်သွားသော်လည်း ဘာသံမှ ထွက်မလာခဲ့ပါ ။

လုံယီရွှယ် မျက်နှာကြီး ချက်ချင်းသုန်မှုန်သွားသည်။

ဘုန်း...

သူမ လီချန်းယန်အား နောက်တစ်ကြိမ် ထပ်လွှဲရိုက်လိုက်ပြန်ရာ ... ဖုန်မှုန့်လုံးကြီး ထသွားပြန်၏။

" ငါမေးတာကို ပြောမှာလား ၊ မပြောဘူးလား "

သူမ မျက်မှောင်ကြုံ့လျက်သားဖြင့် ထပ်မေးသည်။

၎င်းကိုမြင်သော လောရုံက မြန်မြန်ဝင်ပြော၏။

" ဟို.. ကြည့်ရတာတော့ သူ သတိမေ့နေတဲ့ပုံပဲ ။ အဲ့တော့ သူ ပြောချင်ရင်တောင် ဘာမှပြောနိုင်မှာ

မဟုတ်ဘူးဗျ "

လုံယီရွှယ် အံ့အားသင့်သွားပုံ ပေါ်ပါသည်။

" ဟင်... နင်က ဘာကိစ္စကြောင့် သတိမေ့သွားရတာလဲ "

လောရုံ ဆွံ့အသွားရတော့၏။

တဖက်လူကို ယခုလိုအခြေအနေထိရောက်အောင် ကိုင်ရိုက်နေပြီးမှ ဘာလို့မေ့လဲသွားလဲ မေးနေသေးတာလား ။

" အဲ့ကောင်က အစွမ်းနိမ့်လွန်းလို့နေမှာဗျ ။ အခု သူ့ဆီကနေ အဖြေကို ရှင်းရှင်းလင်းလင်း ရမှာမဟုတ်တော့ စိတ်ဝိဥာဥ်အစွမ်းကို သုံးပြီးတော့ပဲ ရှာလိုက်ရင် ကောင်းမယ်ထင်တယ် "

လောရုံ ပြောလိုက်သည်။

လုံယီရွှယ် ခေါင်းညိတ်လိုက်၏။

" ကောင်းပြီ ။ ဒါဆို စိတ်ဝိဥာဥ်ကို ရှာလိုက်ကြတာပေါ့ "

" စိတ်ဝိဥာဥ်အဖွဲ့ကသူတွေ.. နည်းနည်းလာကြစမ်း

ကွာ "

လောရုံ အော်ပြောလိုက်သည်။

သူ့စကားဆုံးသည်နှင့် စိတ်ဝိဥာဥ်အဖွဲ့မှ လူများစွာပင် သူ့အနားသို့ ပျံသန်းရောက်လာကြ၏။

" သူ့ရဲ့ စိတ်ဝိဥာဥ်ကို ရှာကြည့်ပြီးတော့ ဒီကောင်တွေ သခင်လေးကို ဘာဖြစ်လို့ ပစ်မှတ်ထားနေလဲ သိအောင်လုပ်လိုက်ကြ "

လောရုံ ပြောသည်။

တဖက်လူများ ချက်ချင်းခေါင်းညိတ်ပြီး သူတို့၏ စိတ်ဝိဥာဥ် သိုင်းကွက်များကို ကိုယ်စီထုတ်လိုက်ကြ၏။

ထို့နောက်.. မကြာမီမှာပင် သူတို့လူစု တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

" အကိုလောရုံ ၊ ကျုပ်တို့ သိသွားပြီဗျ "

လူငယ်တစ်ယောက်က ပြော၏။

" ပြောပါဦး ၊ ဘယ်လိုလဲ "

လောရုံ မေးလိုက်သည်။

" ဒီကောင်တွေက အရှုပ်အထွေးနိုင်ငံ၊ မင်းသားရဲ့အမိန့်ကြောင့် သခင်လေးလောထျန်းကို သတ်ဖို့ ရောက်လာကြတာ "

လူငယ်က ပြန်ဖြေ၏။

" အရှုပ်အထွေးနိုင်ငံ.. ဟုတ်လား ။ သူတို့က ဘာဖြစ်လို့ အကိုထျန်းကို သတ်ချင်ရတာတဲ့လဲ "

လောရုံ နားမလည်နိုင်စွာ မေးလိုက်သည်။

သူ အပေါ်ကမ္ဘာသို့ ရောက်ပြီးနောက်ပိုင်း ဒေသကိုးခု၏ ဖွဲ့စည်းပုံနှင့် အစွမ်းများအကြောင်းကို အနည်းကျဥ်း နားလည်ထားပြီး ဖြစ်ပါ၏။

ယခု သူတို့ လက်ရှိနေထိုင်နေသည့် နေရာမှာ ဒါယွိနိုင်ငံနယ်နိမိတ်အတွင်း ဖြစ်ကာ အရှုပ်အထွေးနိုင်ငံနှင့် အတော်အတန်လှမ်းပါသည်။

၎င်း အရှုပ်အထွေးနိုင်ငံက အဘယ့်ကြောင့် ငါတို့သခင်လေးကို သတ်ရန် ပစ်မှတ်ထားနေရပါသနည်း ။

ထိုစဥ် စိတ်ဝိဥာဥ်အဖွဲ့မှ အခြားလူငယ်တစ်ယောက်က ချက်ချင်းပြန်ဖြေ၏။

" အဲ့ အရှုပ်အထွေးနိုင်ငံ ၊ မင်းသားကလဲ တခြားတစ်ယောက်ရဲ့ အမိန့်ကြောင့် လုပ်ရတာဗျ "

" တခြားသူရဲ့အမိန့်.. ဟုတ်လား ၊ ဘယ်သူအမိန့်လဲ "

လောရုံ မျက်မှောင်ပိုကြုံ့သွားသည်။

" ကောင်းကင်ဘုံသားတော် ပါ "

တဖက်လူငယ် ပြန်ဖြေသည်။

ထို့နောက် လောရုံနားမလည်မည်ကို စိုးဟန်ဖြင့် သူ ဆက်ရှင်းပြပါ၏။

" အဲ့ ကောင်းကင်ဘုံသားတော် ဆိုတဲ့သူက ချင်းယွမ်ဒေသရဲ့ ထိပ်သီးပါရမီရှင်ပဲဗျ ။ သူ့ရဲ့အစွမ်းရော ၊ ပါရမီရောက အင်မတန် ကြောက်စရာကောင်းတယ် ။ သူ့ကို အနာဂါတ် ချင်းယွမ်ဒေသရဲ့ နံပါတ်တစ်ကျင့်ကြံသူ ဖြစ်လာမယ်လို့တောင် အားလုံးက သတ်မှတ်ထားကြတာ ။ ပြီးတော့ သူက မသေမျိုးဧကရာဇ်တစ်ယောက် ဖြစ်လာနိုင်ချေ ရှိတဲ့သူပဲ "

" ဘယ်လို.. မသေမျိုးဧကရာဇ် ... "

လောရုံ အံ့သြသွားသည်။

" ဟုတ််တယ်ဗျ ။ အဲ့ ကောင်းကင်ဘုံသားတော်နဲ့ ကျုပ်တို့သခင်လေးနဲ့ ကြားမှာ မသင့်မမြတ် ဖြစ်ထားတဲ့ပုံပဲ ။ ဒီ လီချန်းယန်နဲ့ စောနက သေသွားတဲ့နှစ်ယောက်က ဒါယွိနိုင်ငံရဲ့ နာမည်ကျော် ပါရမီရှင်တွေ ဆိုပေမယ့်.. သူတို့က ကောင်းကင်ဘုံသားတော်နားကို ကပ်ပြီး နေရာကောင်းပိုရဖို့ ကြိုးစားနေကြတာ ။ ဒါကြောင့်မို့လဲ သူတို့တွေ သခင်လေးကိုသတ်ဖို့ လိုလိုလားလားကြီး လာခဲ့ကြတာပဲ "

လူငယ်က ဆက်ရှင်းပြသည်။

လောရုံ မျက်မှောင်ကြုံ့နေရင်း လှောင်ပြုံးဖြင့် ပြော၏။

" ဒီကောင်တွေက ကိုယ့်အတွက် ဘာကောင်းတယ်ဆိုတာ မသိကြဘူးပဲ "

ထိုစဥ်မှာပင် လောယွိနှင့် ကျန်လူများ သူတို့အနား ရောက်လာသည်။

" အကိုလောရုံ ၊ အခု ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ "

လောယွိက မေး၏။

လောရုံ ထိုသူများအား တစ်ချက်ကြည့်လိုက်ရုံဖြင့် သူတို့ ဘာတွေးနေသည်ကို တန်းပြီးသဘောပေါက်လိုက်သည်။

လက်ရှိတွင် သူ ဒေါသလည်း ထွက်နေသဖြင့် အေးစက်စက် ပြောလိုက်ပါ၏။

" သူတို့ဘက်က စလာတာကို ငါတို့ဘက်က မတုန့်ပြန်ရင် မယဥ်ကျေးရာ ကျသွားမှာပေါ့ကွာ ။ ဒါပေမယ့် အရှုပ်အထွေးနိုင်ငံက ဝေးလွန်းတော့ အဲ့ကိစ္စကို လောလောဆယ် ခဏထားလိုက်ဦး "

သူ ထိုသို့ပြောပြီးနောက် လီချန်းယန်နှင့် လူအုပ်ကိုကြည့်ကာ ဆက်ပြောသည်။

" အခုကတော့ ဒီကောင်တွေကို အဲ့တိုင်းအလွတ်ပေးလို့ မဖြစ်ဘူး "

All Chapters