← Chapters

အခန်း (၉၁၁+၉၁၂)

Vol. 64 Ch. 911+912

အခန်း (၉၁၁+၉၁၂)

Vol. 64 Ch. 911+912

Chapter 911

Chaos God Castle

" အကိုလောရုံ ၊ အဲ့ဒါ ဘယ်လိုအဓိပ္ပါယ်လဲဗျ "

လောချင်းက ရှေ့တိုးလာကာ မေး၏။

လောရုံက အပြုံးဖြင့် ပြန်ပြောသည်။

" အခုက ငါတို့တွေ အပေါ်ကမ္ဘာမှာ မြို့သစ်တစ်ခု တည်ထောင်ဖို့အချိန်ပဲကွ "

သူ့စကားဆုံးချိန်တွင် အားလုံး ဝမ်းသာမှုကြောင့် မျက်လုံးများ အရောင်လက်သွားကြသည်။

ထိုစဥ် လုံယီရွှယ်က မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် ပြော၏။.

" မင်းတို့တွေက သူများအိမ်ကို သွားဖျက်ဆီးကြမလို့လား ။ ငါ့ကိုလဲ ခေါ်ပါလား.. ငါလဲ လိုက်ခဲ့မယ် "

သူမ ပြောနေရင်း အလွန်စိတ်လှုပ်ရှားနေပုံ ပေါက်ပါသည်။

လောရုံ ခေါင်းညိတ်ပြလိုက်သည်။

"ကိစ္စမရှိပါဘူးဗျာ ။ ကဲ... ငါ့ကောင်တို့ လူသွားစုကြဦး ။ တိုက်ခိုက်နိုင်မယ့်သူ များနိုင်သမျှများများသာ ခေါ်လာခဲ့ "

ထိုစဥ် လူတစ်ယောက်က ရုတ်တရက် မေး၏။

" အကိုလောရုံ ၊ ကျုပ်တို့ ဒီကိစ္စကို သခင်လေးလောထျန်းကို မပြောတော့ဘူးလား "

လောရုံ ခေတ္တမျှ စဥ်းစားလိုက်ပြီးမှ ပြန်ပြောသည်။

" ပြောဖို့ မလိုလောက်ပါဘူးကွာ ။ သခင်လေးက ပြီးခဲ့တဲ့ရက်တွေမှာ ပင်ပင်ပန်းပန်း ကြိုးစားပြီး အလုပ်လုပ်နေခဲ့တာလေ ။ သူ ပင်ပန်းထားတာတွေအတွက် အမှတ်တရလေးဖြစ်အောင် လုပ်ပေးလိုက်ကြတာပေါ့ "

" အဲ့အကြံ ကောင်းတယ်ဗျ "

အားလုံး ခေါင်းညိတ်ထောက်ခံကာ ချက်ချင်း လူစုလိုက်ကြသည်။

ဤသို့ဖြင့် မကြာခင်မှာပင်... ထျန့်ကျီတောင်ရှေ့၌ ပျောင်ပိုင်မြို့မှ လူတစ်ထောင်ကျော် စုဝေးနေပါတော့သည်။ ထိုလူအုပ်ထဲတွင် လောဖုန်းနှင့် သူ့သား.

လောထျန်း ၊ အကြီးအကဲအချို့ နှင့် ကျင့်ကြံနေကြသော လူအနည်းငယ်လေးမှလွဲ၍ ကျန်လူများ အားလုံးနီးပါး ပါဝင်ပါ၏။

" ဘယ်ကို အရင်သွားကြမလဲ "

တစ်ယောက်က မေးလိုက်သည်။

လောရုံက စိတ်ဝိဥာဥ်အဖွဲ့သားများ ရှိသည့်ဘက်သို့ လှမ်းကြည့်၏။

ထိုအဖွဲ့ထဲမှ တစ်ယောက်က ချက်ချင်းပြောလာသည်။

" ကျုပ်တို့နဲ့ အနီးဆုံးက ဟို လျို့ထျန်းလု ဆိုတဲ့တစ်ယောက်နေတဲ့ ကျို့ကျွမ်ဂိုဏ်း ပဲဗျ "

လောရုံ : " ကောင်းပြီ ၊ အဲ့ကို အရင်သွားကြတာပေါ့ "

ဝုန်း...

သူ့စကား ဆုံးသည်နှင့် အားလုံး လေထဲပျံတက်လိုက်ကြသည်။

ထိုစဥ် အခြားတဖက် ၊ ကျို့ကျွမ်ဂိုဏ်း၏ ခန်းမဆောင်ထဲ၌...

ဂိုဏ်းချုပ်ကြီး လျို့ကျီရှီ သည် ဖိတ်စာတစ်စောင်ကို လက်ထဲကိုင်ထားရင်း ပြုံးနေပါ၏။

သူ့ရှေ့တွင်လည်း ကျို့ကျွမ်ဂိုဏ်းမှ အကြီးအကဲများ အားလုံးနီးပါး စုဝေးရောက်နေပါသည်။

" ဂိုဏ်းချုပ်ကြီး ၊ ကျုပ်တို့ကို ဒီနေ့ခေါ်လိုက်ရတဲ့ အကြောင်းရင်းက ဘာလဲဗျ ။ အခု ပြောလို့ မရသေးဘူးလား "

အကြီးအကဲတစ်ယောက်က မေးသည်။

လျို့ကျီရှီ က အပြုံးဖြင့် ပြန်ပြော၏။

" ကျုပ် အားလုံးကို ပြောစရာ သတင်းကောင်းကြီး တစ်ခုရှိတယ် "

သူ ပြောပြီး လက်ထဲမှဖိတ်စာကို အကြီးအကဲများထံ လှမ်းပေးလိုက်သည်။

တဖက်မှ အကြီးအကဲမှာလည်း ဖိတ်စာကို မြင်သည်နှင့် မျက်လုံးပြူးသွား၏။

" အရှုပ်အထွေး နတ်ဘုရားမြို့တော် ပြန်ဖွင့်တော့မှာလား "

သူ တအံ့တသြ မေးသည်။

" ဘယ်လို.. အရှုပ်အထွေး နတ်ဘုရားမြို့တော် ... တကယ်ကြီးလား "

အဘိုးအိုတစ်ယောက်ဆိုလျှင် ထိုင်နေရာမှပင် ချက်ချင်းထရပ်မိသွားသည်။

" အရှုပ်အထွေးနတ်ဘုရားမြို့တော်.... ဒီနာမည်ကို မကြားရတာတောင် ကြာလှပြီ "

အခြား အကြီးအကဲတစ်ယောက်ကလည်း စိတ်လှုပ်ရှားစွာ ဆို၏။

ခန်းမထဲ ရှိနေကြသော ကျန်အကြီးအကဲများ အားလုံးလည်း စိတ်လှုပ်ရှားလျက်...

သို့သော်.. ထိုသူများထဲမှ အားလုံးထက် ပိုငယ်ပုံရသည့် အကြီးအကဲတစ်ယောက်ကမူ နားမလည်ဟန်ဖြင့်

ရှိနေပါသည်။

" ဂိုဏ်းချုပ်ကြီး ၊ အရှုပ်အထွေးနတ်ဘုရားမြို့တော် ဆိုတာ ဘာလဲဗျ "

ထိုအကြီးအကဲ မေး၏။

လျို့ကျီရှီက မုတ်ဆိတ်ကိုသပ်ရင်း ရယ်သည်။

" ဖူယွိ ၊ မင်းက ငယ်သေးတော့ အဲ့အကြောင်းကို မသိတာ မဆန်းပါဘူးကွာ ။ အရှုပ်အထွေးနတ်ဘုရားမြို့တော် နောက်ဆုံးဖွင့်ခဲ့တာလဲ ကြာလှပြီပဲလေ "

ထို့နောက် သူ ဖူယွိကို လှမ်းကြည့်ကာ စကားဆက်၏ ။

" အရှုပ်အထွေးနတ်ဘုရားနိုင်ငံ ဆိုတဲ့နာမည်က ဘာလို့ဖြစ်လာလဲရော သိလား "

ဖူယွိက ချက်ချင်းဦးညွှတ်၍ ပြန်ပြောသည်။

" အဲ့ဒါကိုတော့ သိပါတယ် ။ တစ်ခါက အရှုပ်အထွေး နတ်ဘုရားနိုင်ငံမှာ အရှုပ်အထွေး မသေမျိုးဧကရာဇ် နှစ်ယောက်ကိုတောင် မွေးထုတ်ပေးခဲ့ဖူးတယ်တဲ့ ။ အရှုပ်အထွေး နတ်ဘုရားနိုင်ငံရဲ့ လက်ရှိ တော်ဝင်မိသားစုကလဲ ဒုတိယ အရှုပ်အထွေး မသေမျိုးဧကရာဇ်ရဲ့ မျိုးဆက်တွေပါ

။ ဒါ့ကြောင့်မို့ အရှုပ်အထွေး နတ်ဘုရားနိုင်ငံဆိုတဲ့နာမည် ရထားတာပါ "

လျို့ကျီရှီ ခေါင်းညိတ်ပါသည်။

" အရှုပ်အထွေး မသေမျိုးဧကရာဇ်ဆိုတာ ဒီကမ္ဘာမှာရှိတဲ့ မသေမျိုးဧကရာဇ် လမ်းစဥ်တွေထဲကမှ အရှားဆုံးနဲ့ အခက်ခဲဆုံးပဲကွ ။ ဒေသကြီးကိုးခုရဲ့ သမိုင်းတလျှောက်လုံးမှာလဲ အဲ့လိုလူမျိုး နှစ်ယောက်ပဲ ပေါ်လာခဲ့ဖူးတယ် ။ ဒါပေမယ့်... အဲ့နှစ်ယောက်လုံးက ဘာကြောင့်မို့ နိုင်ငံတစ်ခုတည်းမှာ မွေးဖွားလာခဲ့တာလို့ မင်းထင်လဲ "

ဖူယွိတစ်ယောက် ခေတ္တမျှ အံ့အားသင့်နေပြီးမှ တအံ့တသြဆိုသည်။

" မဟုတ်မှလွဲရော.. အဲ့ အရှုပ်အထွေးနတ်ဘုရားမြို့တော်က .... "

လျို့ကျီရှီ ခေါင်းညိတ်၏။

" ဟုတ်တယ်ကွ ။ အဲ့ အရှုပ်အထွေး နတ်ဘုရားမြို့တော်ရဲ့ မူလဇစ်မြစ်ကို ဘယ်သူမှ မသိကြဘူး ။ တချို့က ပြောတာတော့ အဲ့ အရှုပ်အထွေး နတ်ဘုရားမြို့တော်ကို ရှေးခေတ်က အစွမ်းထက် ကျင့်

ကြံသူကြီးတစ်ယောက်က နတ်ဘုရားနယ်မြေကနေ အတင်းအားသုံးပြီး သိမ်းယူထားခဲ့တာတဲ့ "

" တချို့ကလဲ.. အဲ့မြို့ကို ပထမ အရှုပ်အထွေး မသေမျိုးဧကရာဇ်က သူ ဉာဏ်အလင်းပွင့်ပြီးတဲ့နောက်မှာ တည်ထောင်ခဲ့တာလို့ ပြောကြတယ် "

" တချို့က ပြောတာကျတော့ အဲ့အရှုပ်အထွေးနတ်ဘုရားမြို့တော်က ဟိုးအရင်တည်းက ဒေသကြီးကိုးခုအတွင်းမှာ ရှိထားပြီးသားတဲ့ "

" အဲ့ထဲမှာ ဘယ်စကားက အမှန်လဲဆိုတာ မသိပေမယ့်.. သေချာတာတစ်ခုတော့ ရှိတယ်ကွ ။ အဲ့ဒါ ဘာလဲဆိုတော့.. အရှုပ်အထွေးနတ်ဘုရားမြို့တော်ထဲမှာ လျှို့ဝှက်ထားတဲ့ ထူးခြားအခွင့်ကောင်းကြီးတစ်ခု ရှိနေတယ် ဆိုတာပဲ "

ဖူယွိ အသက်ရှူမြန်လာကာ မေးသည်။

" ဘယ်လို အခွင့်ကောင်းမျိုး ရှိတာလဲဗျ "

လျို့ကျီရှီက ရယ်မောရင်း ပြန်ဖြေ၏။

" အရှုပ်အထွေး ခန္ဓာကိုယ် ... "

" ဘယ်လို... "

ဖူယွိမှာ ထိုအဖြေကို မျှော်လင့်ထားပြီးသား ဖြစ်သည့်တိုင် အမှန်တကယ် ကြားလိုက်ရချိန်၌ တုန်လှုပ်သွားဆဲပင် ။

" အရှုပ်အထွေးခန္ဓာကိုယ်ဆိုတာ.. အခြေခံ ထူးခြားခန္ဓာကိုယ် သုံးမျိုးထဲမှာ အစွမ်းအထက်ဆုံး မဟုတ်လား ။ အဲ့လိုခန္ဓာကိုယ်မျိုးက မွေးကတည်းက ပါလာတဲ့ဟာမျိုး မဟုတ်ဘူးလား "

သူ မေးလိုက်သည်။

လျို့ကျီရှိက အပြုံးဖြင့် ပြန်ဖြေ၏။

" အမှန်ပဲကွ ၊ အရှုပ်အထွေးခန္ဓာကိုယ် အများစုက မွေးကတည်းက ပါလာကြတာ ။ ဒါပေမယ့် တချို့ခြွင်းချက်အနေနဲ့... အခွင့်ကောင်းကို ကြုံပြီးမှ အရှုပ်အထွေးခန္ဓာကိုယ်ကို ကျင့်ကြံနိုင်သွားကြတာမျိုးလဲ ရှိတယ် "

" အရှုပ်အထွေးခန္ဓာကိုယ်ကို ကျင့်ကြံနိုင်မှာ.. ဟုတ်လား "

ဖူယွိ အလွန်စိတ်လှုပ်ရှားသွားသည်။

အရှုပ်အထွေးခန္ဓာကိုယ်သည် မည်မျှအစွမ်းထက်ကြောင်း သူ မသိဘဲမနေပါ ။

အကယ်၍ အရှုပ်အထွေးခန္ဓာကိုယ် ပိုင်ရှင်သာ မသေမျိုးဘုရင်အဆင့်ရောက်အောင် ကျင့်ကြံနိုင်ပါက.. အများစုမှာ ဆယ်ဘွဲ့ရမသေမျိုးဘုရင်များ ဖြစ်သွားကြမြဲ ... ။

ယခုအတိုင်းဆိုပါက ... မသေမျိုးဧကရာဇ် လမ်းကြောင်းက ပွင့်လာတော့မည့်ပုံပင် ။

အကယ်၍သာ တစ်ယောက်ယောက်က အရှုပ်အထွေးခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီး တတိယမြောက် မသေမျိုးဧကရာဇ် ဖြစ်လာလျှင်.. ထိုသူက ခေတ်တစ်ခေတ်စာလုံးကို ဖိနှိပ်နိုင်ပေတော့မည်။

ထိုအချက်ကို နားလည်သွားသော ဖူယွိသာမက ခန်းမထဲရှိ ကျန်လူများအားလုံးလည်း စိတ်လှုပ်ရှားနေကြပါတော့၏။

" ဂိုဏ်းချုပ်ကြီး ၊ ဒီတစ်ခေါက် အရှုပ်အထွေးနတ်ဘုရားမြို့တော်ကို ဘယ်သူဖွင့်တာလဲဗျ "

ထိုစဥ် တစ်ယောက်က မေးသည်။

လျို့ကျီရှီ ပြန်ဖြေသည်။

" ကောင်းကင်ဘုံသားတော် ... "

" တကယ်ပဲ သူကိုး ... "

" ချင်းယွမ်ဒေသရဲ့ နံပါတ်တစ် ပါရမီရှင်လူငယ်လေးက မျှော်လင့်ထားသလို အင်မတန်အစွမ်းထက်တာပဲ "

" ဒါပေမယ့်... အဲ့လို အစွမ်းထက် ကျင့်ကြံသူတစ်ယောက်က အရှုပ်အထွေးနတ်ဘုရားမြို့တော်ကို ဖွင့်တာဆိုတော့ .. ကျုပ်တို့နဲ့ ဘာများသက်ဆိုင်မှာလဲဗျာ "

ထိုစကားကို ကြားသောအခါ အားလုံးရင်ထဲမှ လေးလံသွားကြသည်။

ထိုစဥ် လျို့ကျီရှီက အပြုံးဖြင့် ပြောပါ၏။

" ငါကလဲ အဲ့ကိစ္စကိုပဲ ပြောချင်နေတာ "

သူ ပြောပြီး ဖိတ်စာကိုညွှန်ပြကာ စကားဆက်သည်။

" ဒီကမ္ဘာမှာ ရှိကြတဲ့ ဂိုဏ်းတွေ ၊ အဖွဲ့တွေအားလုံးကို အရှုပ်အထွေးနတ်ဘုရားမြို့တော်ဆီ လာကြဖို့ ကျုပ် ဖိတ်ခေါ်ပါတယ် တဲ့ "

" ဘယ်လို... "

အားလုံး အံ့သြတုန်လှုပ်သွားကြ၏။

ကောင်းကင်ဘုံသားတော်က ထိုသို့သော ထူးခြားအခွင့်ကောင်းမျိုးအား အခြားသူများကိုပါ အခွင့်အရေး ပေးမည်တဲ့လား ။

လျို့ကျီရှီက ခေါင်းညိတ်ရင်း ဆက်ပြောလာသည်။

" ဖိတ်စာထဲကအတိုင်း ဆိုရင်တော့ ကောင်းကင်ဘုံသားတော်က အရှုပ်အထွေးနတ်ဘုရားမြို့တော်ကို ဖွင့်ပေးပြီး အားလုံး အရှုပ်အထွေးကို ပိုင်ဆိုင်အောင် လုပ်ပေးမယ့်ပုံပဲ ။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူက အားလုံးကို အနိုင်ယူပြီး အရှုပ်အထွေး မဟာတာအိုလမ်းစဥ်ကို ယူဖို့စဥ်းစားထားတာနဲ့တူတယ် "

ထိုစကားကိုကြားသောအခါ အကြီးအကဲများထဲမှ တစ်ယောက်က တအံ့တသြပြောသည်။

" ဒီ ကောင်းကင်ဘုံသားတော်က.. တမင်သက်သက်ကြီး ကိုယ့်အတွက် ရန်သူတစ်ယောက် တိုးလာအောင် လုပ်နေသလိုပါလား ။ ဘာလို့ အဲ့လိုလုပ်တာလဲ "

အခြားအကြီးအကဲတစ်ယောက်က မျက်မှောင်ကြုံ့ကာ ဝင်ပြော၏။

" ကျုပ်ထင်တာတော့.. သူက ရှေးခေတ် မသေမျိုးဧကရာဇ်တွေရဲ့ လမ်းစဥ်အတိုင်း လိုက်ချင်တာနဲ့တူတယ် "

အားလုံးက ထိုလူဘက်သို့ ချက်ချင်းလှည့်ကြည့်လိုက်ကြသည်။

အကြီးအကဲက အလေးနက် ဆက်ပြော၏။

" သူက လူတွေအများကြီးကို အရှုပ်အထွေးခန္ဓာကိုယ် ရစေချင်နေတာ ။ အဲ့ကျရင် သူ တစ်ယောက်ချင်းစီကို အနိုင်ယူပြီးတော့ သူ့ကိုယ်ပိုင် အရှုပ်အထွေးခန္ဓာကိုယ်ကို ပြုပြင်ပြီး ပြစ်ချက်ကင်းတဲ့ အရှုပ်အထွေးခန္ဓာကိုယ်မျိုး ပိုင်ဆိုင်သွားနိုင်မယ်

လေ "

" ဒါ... "

အားလုံး ရင်ထဲမှ သက်ပြင်းကြိတ်ချလိုက်ကြသည်။

" မဟာတာအိုအစွမ်းကို ရဖို့အတွက်နဲ့ ကိုယ့်ပြိုင်ဘက်ကို အစွမ်းတိုးသွားအောင် လုပ်တာ တန်လို့လား "

" ဒီတိုင်းဆိုရင်တော့.. ကောင်းကင်ဘုံသားတော်က ပြိုင်ဘက်ကင်း ဖြစ်လာတော့မယ့်ပုံပဲ "

လျို့ကျီရှီက အပြုံးဖြင့် ဆိုလာသည်။

" ကဲ.. ငါတို့ကတော့ ကောင်းကင်ဘုံသားတော်နဲ့ ယှဥ်ပြိုင်ဖို့ကို မျှော်လင့်မထားပါဘူး ။ ငါတို့ မျှော်လင့်ရမှာက တစ်ခုတည်းပဲ... တကယ်လို့သာ ငါတို့ဂိုဏ်းထဲမှာ အရှုပ်အထွေးခန္ဓာကိုယ် ပိုင်ရှင်တစ်ယောက် ရှိသွားရင် ငါတို့ရဲ့ ကျို့ကျွမ်ဂိုဏ်းက ရှေ့ကို ခြေတစ်လှမ်းပိုရောက်သွားမှာ "

သူ့စကားဆုံးသောအခါ ဖိတ်စာကို လက်ထဲကိုင်ထား

သည့် အကြီးအကဲက ပြုံး၍ ပြန်ပြော၏။

" ဂိုဏ်းချုပ်ကြီး ... တခြားသူတွေတော့ ဘယ်လိုတွေးလဲ မသိဘူးဗျာ ။ ကျုပ်ကတော့... သခင်လေး လျို့ထျန်းလုကပဲ အရှုပ်အထွေးခန္ဓာကိုယ်ကို ကျင့်ကြံနိုင်မယ်လို့ ထင်တယ် "

Chapter 912

Sending them One by One

လျို့ထျန်းလု၏ နာမည်ကို ကြားသည်နှင့် လျို့ကျီရှီ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာပါသည်။

" ဒီကောင်လေးက ပါရမီကောင်းရဲ့သားနဲ့ ကျင့်ကြံခြင်းကို အလေးနက်သိပ်မထားတာလေး တစ်ခုပဲ ပြောစရာရှိနေတာ ။ ဘယ်လိုပဲဖြစ်ဖြစ်ပါလေ.. ဒီကနေ ရှေ့လျှောက် သူ့ရဲ့ ကျင့်ကြံခြင်းလမ်းစဥ် ပိုချောမွေ့သွားတော့မှာ "

သူ ပြောသည်။

" ဘာလို့ အဲ့လိုပြောတာလဲဗျ ဂိုဏ်းချုပ်ကြီး "

တစ်ယောက်က နားမလည်ဟန်ဖြင့် မေးလာ၏။

လျို့ကျီရှီ အပြုံးဖြင့်ပင် ပြန်ပြောလိုက်သည်။

" ကောင်းကင်ဘုံသားတော်က ဒီမနက်ကလေးတင် လူတစ်ယောက်ကို သွားသတ်ပေးဖို့ သူ့ကိုခိုင်းထားတာကွ ။ ကောင်းကင်ဘုံသားတော် ခိုင်းတာတွေ လိုက်လုပ်ပေးရတယ်ဆိုတာ သူ့နောက်လိုက် ဖြစ်လာ

ပြီဆိုတဲ့ အဓိပ္ပါယ်ပဲလေ ။ တကယ်လို့ ကောင်းကင်ဘုံသားတော်သာ တစ်နေ့မှာ အရှုပ်အထွေးမသေမျိုးဧကရာဇ် ဖြစ်လာခဲ့ရင် ... ထျန်းလုရဲ့ အနာဂါတ်ကရော ပိုကောင်းမသွားဘူးလား "

အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

" တကယ်ကြီး.. အဲ့လိုကိစ္စမျိုး ရှိနေတာလား "

" သခင်လေးက ကံကောင်းလိုက်တာ ။ အခုလို ကောင်းကင်ဘုံသားတော်ကို အမှုထမ်းခွင့်ရတယ် "

အားလုံး၏ မျက်နှာထက်တွင်လည်း မနာလိုအားကျသည့် အရိပ်အယောင်များ ပေါ်လာပါ၏။

ထိုစဥ်တွင်...

ဝုန်း...

အပြင်ဘက်မှ ထွက်လာသည့် အသံကျယ်တစ်သံကို အားလုံး ကြားလိုက်ရသည်။

" ဟင်.. ဘာတွေ ဖြစ်နေတာလဲ "

အကြီးအကဲတစ်ယောက်က ချက်ချင်းမေးလိုက်၏။

ထိုစဥ်မှာပင် .. ဂိုဏ်းသားတစ်ယောက်က ခန်းမထဲသို့ ထော့နဲ့ထော့နဲ့ ဝင်လာသည်။

" ဂိုဏ်းချုပ်ကြီးနဲ့ အကြီးအကဲတို့ ၊ ဆိုးရွားတဲ့ကိစ္စတွေတော့ ဖြစ်ကုန်ပြီဗျ ။ တစ်ယောက်ယောက်က ကျုပ်တို့ဂိုဏ်းကို လာတိုက်ခိုက်နေတယ် "

ထိုလူငယ်ဂိုဏ်းသားက အော်ပြောသည်။

" ဘယ်လို.. ငါတို့ဂိုဏ်းကို တိုက်ခိုက်နေတယ် ။ အဲ့လောက်အတင့်ရဲတာ ဘယ်ကောင်လဲ "

လျို့ကျီရှီ ဒေါသတကြီး မေးလိုက်၏။

" ကျုပ်လဲ... မသိဘူးဗျ ။ လူတွေတော့ အများကြီးပဲ "

တဖက်မှ ဂိုဏ်းသားက ကြောက်ကြောက်လန့်လန့် ပြန်ဖြေရှာသည်။

" လူများတယ်.. ဟုတ်လား ၊ သူတို့ထဲမှာ မသေမျိုးဘုရင်အဆင့် ကျင့်ကြံသူ ပါလား "

အကြီးအကဲတစ်ယောက်က ဝင်မေးသည်။

" မသေမျိုးဘုရင် အဆင့်တော့.. မပါဘူးထင်တယ်ဗျ "

လူငယ်ဂိုဏ်းသားက ခေါင်းယမ်းရင်း ပြန်ဖြေပါ၏။

" ဒါဆိုရင်.. မသေမျိုးသခင်ကြီး အဆင့်ရော.. "

အခြားတစ်ယောက်က ထပ်မေးသည်။

" ကြည့်ရသလောက်တော့.. မပါဘူးထင်တယ်ဗျ.. "

ခန်းမထဲ ရှိနေသူများ စိတ်အေးသွားပုံဖြင့် သက်ပြင်းချလိုက်ကြ၏။

" ဟား ဟား.. ရယ်ရတယ်ကွာ ။ ငါတို့ ကျို့ကျွမ်ဂိုဏ်းကို အဲ့လောက်တောင် အထင်သေးနေကြတာလား ။ မသေမျိုးသခင်ကြီး အဆင့် ကျင့်ကြံသူတောင် မပါဘဲနဲ့များ ငါတို့ကို တိုက်ခိုက်ရဲနေတယ်ပေါ့ "

လျို့ကျီရှီ လှောင်ပြုံးဖြင့် ဆိုသည်။

" ဂိုဏ်းချုပ်ကြီး ၊ ဒီမှာပဲ အေးဆေးစောင့်နေခဲ့ပါဗျာ ။ အဲ့ကောင်တွေကို ကျုပ် သွားရှင်းလိုက်မယ် "

ထိုစဥ် အကြီးအကဲတစ်ယောက်က အေးအေးဆေးဆေးပုံဖြင့် ပြောလာ၏။

လျို့ကျီရှီ ပြုံးသွားသည်။

" ကျေးဇူးတင်ပါတယ် အကြီးအကဲ ယန် "

အကြီးအကဲယန် သည် မသေမျိုးသခင်ကြီး အဆင့်တစ်၌ ရှိထားပေရာ ထိုအမှိုက်ကောင်များကို အလွယ်တကူ ရှင်းပစ်နိုင်မည် မလွဲပေ ။

ထို့နောက်တွင်မူ အကြီးအကဲယန်က ခန်းမအပြင်သို့ ထွက်သွားကာ အော်ပြောလိုက်၏။

" ငါတို့ ကျို့ကျွမ်ဂိုဏ်းကိုလာပြီးတော့ ပြဿနာရှာရဲနေတာ ဘယ်ကောင်လဲကွ။ မင်းတို့တွေ သေချင်နေတဲ့ပုံပဲ "

ဝုန်း ...

ထို့နောက်တွင်မူ အကြီးအကဲယန် လှုပ်ရှားသွားကာ

ကြောက်မက်ဖွယ် မြည်သံကျယ်ကြီးတစ်ခုကို ခန်းမထဲ ရှိနေသူများအားလုံး ကြားလိုက်ကြရသည်။

" အကြီးအကဲယန်ရဲ့ ကျင့်ကြံခြင်းအဆင့်က တကယ်ကို ကြောက်စရာကောင်းတာပဲ "

" မင်းက မသေမျိုးသခင်ကြီး အဆင့်ကို ပေါ့သေးသေးများ ထင်နေတာလားကွာ "

လူများ တစ်ယောက်တစ်ခွန်း ထင်ရာပြောလိုက်ကြပါသည်။

ထိုစဥ် လျို့ကျီရှီက အားလုံးကို လက်ပြ၍ ပြောလာ၏။

" ဒီလို ကိစ္စသေးသေးလေးကို စိတ်ပူမနေကြပါနဲ့ ။ အခု အရှုပ်အထွေးနတ်ဘုရားမြို့တော် အကြောင်းပဲ ဆက်ဆွေးနွေးကြရအောင် "

အားလုံးကလည်း သူ့စကားကို သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ကြပါသည်။

ထိုစဥ် အကြီးအကဲယန်နှင့်အတူ ထွက်သွားခဲ့သော လူငယ်ဂိုဏ်းသားက ထော့နဲ့ထော့နဲ့ဖြင့် ပြန်

ရောက်လာပါ၏။

" ဂိုဏ်းချုပ်ကြီးနဲ့ အကြီးအကဲတို့ ... အကြီးအကဲယန်က.... "

သူ့စကား မဆုံးခင်မှာပင် လျို့ကျီရှီက ဖြတ်ပြောသည်။

" အကြီးအကဲယန်က ရန်သူတွေကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်ပြီ မဟုတ်လား "

တဖက်မှ လူငယ်ဂိုဏ်းသားက တံတွေးကို ခက်ခက်ခဲခဲ မြိုချကာ ပြောပါ၏။

" အကြီးအကဲယန်က တစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရပြီဗျ "

လျို့ကျီရှီက အပြုံးဖြင့် ပြောသည်။

" တွေ့လား.. ငါ ပြောပါတယ်ကွာ ။ အကြီးအကဲယန်အတွက်က လွယ်လွယ်လေး.... ဟင်... မင်း ဘာပြောလိုက်တယ် ။ ဘယ်သူက တစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတာလဲ "

လူငယ်ဂိုဏ်းသားက အသံတုန်တုန်ဖြင့် ပြန်ပြော

ရှာသည်။

" အကြီးအကဲယန် ပါဗျာ ။ သူ အပြင်ရောက်ရောက်ချင်းမှာ တဖက်လူတွေကို သတ်မယ်ဆိုပြီး ပြောတယ်ဗျ။ ဒါပေမယ့်.. အဲ့အချိန်မှာ တဖက်က သံစုတ် အကျိုးအပဲ့တွေကို ကိုင်ထားတဲ့ လူတွေဆယ်ချီ ထွက်လာပြီးတော့ ဘာစကားမှ မပြောလဲ အကြီးအကဲယန်ကို တိုက်ခိုက်လိုက်ကြတာ ။ အခု.. အကြီးအကဲယန်ရဲ့ အလောင်းအစအနလေးတောင် မကျန်ခဲ့ပါဘူး "

သူ ပြောပြီး အလွန်ဝမ်းနည်းဟန်ဖြင့် ချုံးပွဲချငိုနေပါ၏။

" ဘယ်လို.... "

ခန်းမထဲ ရှိနေသူအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြတော့သည်။

အကြီးအကဲယန်က သံစုတ် အကျိုးအပဲ့များဖြင့် အသတ်ခံခဲ့ရသတဲ့လား...

သူတို့ နားကြားများ လွဲသွားပါသလား..

" မင်း ဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲ "

အကြီးအကဲများထဲမှ တစ်ယောက်က ဒေါသတကြီး အော်လိုက်သည်။

တဖက်မှ လူငယ်ဂိုဏ်းသား တုန်သွားရှာ၏။

" ကျုပ် မလိမ်ဝံ့ပါဘူးဗျာ. ။ ကျုပ်ပြောတာကို မယုံရင် အကြီးအကဲကိုယ်တိုင် ထွက်လာပြီးတော့ ကြည့်လို့ရပါတယ် "

လျို့ကျီရှီ အသက်ပြင်းပြင်းရှိုက်ကာ မျက်မှောင်ကြုံ့၍ ပြောလိုက်သည်။

" တစ်ခုခုတော့ လွဲနေပြီ ။ ငါကိုယ်တိုင် ထွက်ကြည့်မယ်ကွာ "

သို့သော် သူ့စကားဆုံးစ အချိန်မှာပင်...

" ဂိုဏ်းချုပ်ကြီး ၊ ခဏစောင့်နေခဲ့ပါဦးဗျာ "

ခန်းမထောင့် တစ်နေရာမှ လူတစ်ယောက်ထွက်လာ၏။

" အကြီးအကဲဖေး ပါလား "

လျို့ကျီရှီ ထိုသူဘက် လှမ်းကြည့်လိုက်သည်။

အကြီးအကဲဖေးက ရေခဲတမျှ အေးစက်နေသည့် မျက်နှာထားဖြင့် ပြော၏။

" အဘိုးကြီးယန်နဲ့ ကျုပ်နဲ့က အရင်းနှီးဆုံး မိတ်ဆွေတွေပဲ ။ အဲ့တော့ ကျုပ် သူ့အတွက် လက်တုန့်ပြန်ပေးရမယ် ။ ဂိုဏ်းချုပ်ကြီးက ဒီမှာပဲ ခဏစောင့်နေခဲ့ပါဗျာ.. အဲ့တိုက်ပွဲကို ကျုပ်တာဝန်သာ ထားလိုက်ပါ "

လျို့ကျီရှီရင်ထဲ စိုးရိမ်စိတ်အနည်းငယ် ဝင်သွားကာ ပြောလိုက်ပါသည်။

" အကြီးအကဲဖေး ၊ ရန်သူရဲ့အစွမ်းက ဘယ်လောက်ရှိလဲ မသိတာမို့.. သတိထားပါဗျာ "

အကြီးအကဲဖေးက လှောင်ပြုံးဖြင့် ပြန်ပြော၏။

" စိတ်မပူပါနဲ့ ဂိုဏ်းချုပ်ကြီး ။ အဘိုးကြီးယန်က ရန်သူကို လျှော့တွက်မိလို့ အငိုက်မိသွားပြီး ရှုံးသွားခဲ့ရတာပဲ ဖြစ်မှာ ။ ဒါပေမယ့် ကျုပ်က သူ့ထက်ပိုအစွမ်းထက်သလို ၊ ရန်သူကိုလဲ လျှော့တွက်မှာ မဟုတ်ဘူးဆိုတော့ ဘာပြဿနာမှ မရှိနိုင်ဘူး ။ တကယ်လို့ တစ်ခုခုလွဲနေခဲ့ရင်တောင် ကျုပ်က အရင်ဆုံး ရန်သူ့အစွမ်းကိုပဲ စမ်းသပ်ကြည့်မှာ ။ အဲ့မှာ

ကျုပ်က သူတို့အတွက် ပြိုင်ဘက်မဟုတ်နိုင်ဘူးဆိုရင် ဂိုဏ်းချုပ်ကြီးဆီ အကူညီပြန်လာတောင်းပါ့မယ် "

လျို့ကျီရှီ ခေတ္တမျှ စဥ်းစားပြီးမှ ခေါင်းညိတ်လိုက်သည်။

" ကောင်းပါပြီ ။ ဂရုတော့စိုက်ပါ အကြီးအကဲဖေး "

သူ့ထံမှ ခွင့်ပြုချက်ရပြီးနောက်တွင်မူ အကြီးအကဲဖေးက လူငယ်ဂိုဏ်းသားကိုကြည့်ကာ ပြော၏။

" ငါ့ကို အဲ့ဆီခေါ်သွားစမ်း "

" ဟုတ်ကဲ့... "

လူငယ်ဂိုဏ်းသားက တွန့်ဆုတ်စွာ ပြန်ပြောရှာသည်။

ထို့နောက်.. သူတို့နှစ်ဦး ခန်းမထဲမှ ထွက်သွားကြ၏။

" စကားဆက်ရအောင်.. ခုနကပြောတာ ဘယ်ရောက်ပြီလဲ ... "

လျို့ကျီရှီ စကားဆက်ပြောသည်။

သို့သော်... ထိုစဥ်မှာပင် ...

ဝုန်း ...

အစောပိုင်းက အကြီးအကဲယန် ထွက်သွားစဥ်ကထက် ပိုကျယ်သော အသံတစ်သံ မြည်လာပါ၏။

ပြီးနောက်.. ချက်ချင်းဆိုသလိုပင်... အစောပိုင်းက လူငယ်ဂိုဏ်းသား ထော့နဲ့ထော့နဲ့ ပြန်ရောက်လာသည်။

" ဂိုဏ်း.. ဂိုဏ်းချုပ်ကြီး ... ဆိုးရွားတဲ့ကိစ္စတွေတော့ ဖြစ်ကုန်ပါပြီဗျာ "

သူ့စကားကို ကြားသောအခါ လျို့ကျီရှီ ရင်ထဲလေးလံသွားပြီး မေးလိုက်၏။

" ဘာဖြစ်လို့လဲ.. အကြီးအကဲဖေးကရော တစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတာလား.. "

လူငယ်ဂိုဏ်းသား တစ်ကိုယ်လုံး တုန်သွားကာ ခေါင်းယမ်းပြသည်။

၎င်းကိုမြင်သော အားလုံး သက်ပြင်းကိုယ်စီ ချလိုက်

ကြ၏။

သူတို့ အစိုးရိမ်လွန်သွားခဲ့ပုံပင်...

သို့သော် ထိုစဥ်တွင် လူငယ်ဂိုဏ်းသားက အသံတုန်တုန်ဖြင့် ဆက်ပြောပါသည်။

" အကြီးအကဲဖေးက အသတ်မခံရခင်.. သိုင်းကွက်နှစ်ကွက်ကို ခံနိုင်လိုက်တယ်.. "

အားလုံး : ..........

ထိုစဥ် အခြားတဖက် ကျို့ကျွမ်ဂိုဏ်း အပြင်ဘက်၌...

" အကိုလောရုံ ၊ ဒီ ကျို့ကျွမ်ဂိုဏ်းက လူတွေက ဘာဖြစ်နေကြတာလဲ ။ သူတို့ကိုကြည့်ရတာ အဲ့လောက်အင်အားနည်းတဲ့ပုံလဲ မဟုတ်ဘဲနဲ့ ဘာဖြစ်လို့ တစ်ယောက်ချင်းစီပဲ လွတ်နေကြတာလဲမသိဘူး "

လူအုပ်ကြားထဲမှ လူငယ်တစ်ယောက်က မေးသည်။

လောရုံ ခေါင်းယမ်းလိုက်ပါ၏။

" ငါလဲ ဘယ်လိုလုပ်သိမှာလဲကွာ "

သို့သော် ထိုစဥ်မှာပင် ကျို့ကျွမ်ဂိုဏ်း အတွင်းဘက်မှ မရေမတွက်နိုင်သော အစွမ်းထက်အရောင်အဝါများ ပေါက်ထွက်လာပါသည်။

ထို့နောက်တွင် လူတစ်ရာကျော် ထွက်လာ၏။

" ငါဆို့ ကျို့ကျွမ်ဂိုဏ်းကို တိုက်ခိုက်ရဲတာ ဘယ်ကောင်လဲ "

အားလုံးရှေ့မှ လျှောက်လာနေသော လျို့ကျီရှီက ဒေါသတကြီး အော်ပြောသည်။

သူ့ကို မြင်သောအခါ လောရုံတစ်ယောက် မနေနိုင်ဘဲ အသက်ပြင်းပြင်း ရှိုက်မိသွားပါ၏။

" ဒီလူက အစွမ်းထက်လိုက်တာ ။ ကြည့်ရတာ သူက ထျန်းမင်ကမ္ဘာသခင်ကြီးနဲ့ အစွမ်းတူတူလောက်ပဲ နေမယ် "

သူ့စကားကို ကြားချိန်တွင် ထျန်းမင်ကမ္ဘာသခင်ကြီးနှင့် တိုက်ခိုက်ဖူးသော လူများအားလုံး မျက်နှာတည်သွားကြသည်။

" အားလုံး အတူတူတိုက်ခိုက်ကြမယ်ဟေ့ ။ သူတို့ကို ဘာအခွင့်အရေးမှ မပေးနဲ့ "

လောရုံ အော်ပြောလိုက်သည်။

" သတ်ကြဟေ့ "

ထို့နောက်တွင်ကား မူလမသေမျိုးလက်နက် ကိုယ်စီကိုင်ထားသော ပျောင်ပိုင်မြို့သားများ ပြေးထွက်လာကြတော့၏။

" ဟင်.... "

၎င်းကိုမြင်သော လျို့ကျီရှီ၏ မျက်လုံးများ အနည်းငယ်အေးစက်သွားကြသည်။

" ဒီအမှိုက်ကောင်တွေက သေချင်နေတာပဲ "

ဝုန်း...

သူ အော်ပြီး လက်ကို လေထဲမြှောက်လိုက်၏။

ဤသို့ဖြင့် .... စက္ကန့်ဆယ်ချီ ကြာပြီးနောက်တွင်မူ ... လောရုံတို့အဖွဲ့မှာ သူတို့ရှေ့တွင် ရှိနေသော ကျို့

ကျွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးနှင့် အကြီးအကဲများ၏ အလောင်းကိုကြည့်ရင်း အတွေးနက်သွားပါတော့သည်။

" အကိုလောရုံပြောတော့ အဲ့လူရဲ့အစွမ်းက ထျန်းမင်ကမ္ဘာသခင်ကြီးနဲ့ ယှဥ်လို့ရတယ်ဆို... "

တစ်ယောက်က မေးခွန်းထုတ်သည်။

All Chapters