စစ်မှန်နေမင်းမီးတောက်
Vol. 12 Ch. 146
"အင်း.. အားလုံးက နက်နဲသောအဆင့်ကျင့်စဥ်တွေချည်းပဲ..."
" ကောင်းကင်အဆင့် ကျင့်စဥ်တစ်ခုတောင် ပါလာတယ်"
ကျိယွမ်၏ မျက်လုံးများ အရောင်တောက်သွားသည်။
ထိုကျင့်စဉ်သည် သူပထမဆုံးအကြိမ် မြင်ဖူးသော ကောင်းကင်အဆင့် ကျင့်စဥ်ဖြစ်လေသည်။
ကောင်းကင်အဆင့် ကျင့်စဥ်ကို ကျိယွမ် သည် ချင်းယင်၏ သိုလှောင်အိတ်ထဲမှ ရရှိခဲ့ခြင်းပင်။
နည်းစနစ်၏အမည်မှာ အမှောင်နတ်ဘုရားခုနစ်ပါးကျင့်စဉ် ဟူ၍ဖြစ်သည်။
ကျိယွမ် အလွန်စိတ်လှုပ်ရှား သွားလေ၏။။
ထိုအရာနှင့်တိုလျှင် သူ၏ကျိယွမ်ကျမ်းကို သေချာပေါက်ရှေ့ဆက်နိုင်တော့မည်ဖြစ်သည်။
"ငါပြန်သွားပြီး သူ့အတွက် သင်္ချိုင်းဂူလေးတစ်ခု ဖန်တီးပေးချင်စိတ်တောင်ပေါက်သွားပြီ၊ထားလိုက်ပါတော့ အလင်းနန်းတော်ကလူတွေရောက်လာရင် သူတို့အတွက်လုပ်ပေးကြပါလိမ့်မယ်။ ငါ ကိုယ်တိုင် လုပ်ပေးလိုက်သလိုပဲ သဘောထားလိုက်တော့မယ်။"
"ဒီလောက်များပြားတဲ့ ပစ္စည်းဥစ္စာတွေ ရလိုက်တယ်ဆိုတော့ ၊အသက်ကြီးလေလေ အဖိုးတန်တဲ့ ပစ္စည်းတွေပေးလေလေပဲ ဖြစ်လိမ့်မယ်။"
အနာဂတ်မှာ ငါ့ရဲ့မျှော်လင့်ခြင်းလမင်းတွေအတွက် တင်းကြပ်တဲ့စမ်းသတ်မှတ်ချက်တွေလုပ်ဖို့လိုပြီ။မဟုတ်ရင်လမ်းဘေးက ခွေးတွေကြောင်တွေကလည်း ငါ့ရဲ့မျှော်လင့်ခြင်းလမင်းတွေ ဖြစ်လာပြီးတော့ အဆင့်အရမ်းနိမ့်သွားလိမ့်မယ်။။
"ပထမ၊ သူတို့ဟာ အသက်ကြီးရမယ်၊ပိုပြီးတော့ အသက်ကြီးလေ ပိုပြီးတော့ ကောင်းလေပဲ။
"ဒုတိယ၊ သူတို့မှာ အဆင့်မြင့်တဲ့ကျင့်ကြံခြင်း ရှိရမယ်၊ ပိုပြီးတော့ မြင့်မားလေ၊ ပိုပြီးတော့ ကောင်းလေပဲ။"
"တတိယ၊ သူတို့မှာ ကျန်ရှိတဲ့ သက်တမ်း နည်းရမယ်၊အဖိုးကြီးတွေက သတ်ရ ပိုပြီးတော့ လွယ်ကူတယ်"
ကျိယွမ်သည် သိုလှောင်အိတ်များကို လျင်မြန်စွာ စစ်ဆေးပြီးနောက် တိမ်တိုက်မြို့တော်ဆီသို့ ဆက်လက်ပျံသန်းသွားလေ၏ ။
ညသည် တဖြည်းဖြည်းကျရောက်လာပြီး ရွှီထုန်ချန်သည် ဂူအိမ်အပြင်တွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေဆဲပင်ရှိသည်။
"သူသက်ချင်နေတဲ့သူကဘယ်လောက်သန်မာလဲ မသိဘူး။ငါကူညီဖို့မပြောလိုက်ရတာ မှားတာပဲ။
"သူသာ အပြင်မှာ သေသွားခဲ့ရင် ဘယ်လိုလုပ်မလဲ။"
"ရန်သူက သတ်ဖို့ မခက်ခဲလောက်ပါဘူး၊ ဟုတ်တယ်မလား။"
အတွေးများစွာဖြင့် ရွှီထုန်ချန်သည် ဂူအပြင်ဘက်၌ ဂဏာမငြိမ်ဖြစ်နေခဲ့သည်။
သူသည် အပြင်ဘက်တွင် အချိန်ကြာကြာ နေလို့ မရနိုင်ပေ၊ ဟုန်တုက ခွင့်ပြုမည် မဟုတ်ပါ။
ထို့အပြင် ဟုန်တုသည် သူ့ကို စောင့်ကြည့်ရန်အတွက် သူလျှိုများကို လျှို့ဝှက်စွာ ထား
ရှိထားသည်ကို သူသိလေ၏။
ရွှီထုန်ချန်မှာ ဟုန်တုနှင့် အလင်းနန်းတော် ကို အလွန်မုန်းတီးသော်လည်း ဘာမှမတုန့်ပြန်နိုင်ခဲ့ပါ။သူ၏ခွန်အားမလုံလောက်မှုကိုသာ နာကျည်းနေမိတော့သည်။
"မင်း အခုထိ ဒီမှာပဲ ရှိနေတုန်းပဲလား"
ထိုအချိန်တွင် ကြည်လင်ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာသည်။
ရွှီထုန်ချန်သည် လျင်မြန်စွာ ကြည့်လိုက်ရာ ရင်းနှီးသည့်ပုံပန်းသဏ္ဌာန်ကို မြင်တွေ့လိုက်ရ၏။
သူ၏ ကိုယ်အတွင်းမှ စစ်မှန်နေမင်းမီး တောက်ကလည်း ပိုမိုပူပြင်းစွာ လောင်ကျွမ်းလာခဲ့သည်။
"မင်း လူသတ်လို့ ပြီးသွားပြီလား"
ရွှီထုန်ချန်က မေးလိုက်ရင်းမှ ကျိယွမ် ကို လှမ်းကြည့်လိုက်ရာ ကျိယွမ်၏ အဝတ်အစားများက အလွန်သပ်ရပ်နေပြီး၊ သူ၏အော်ရာမှကလည်း တည်ငြိမ်နေသည်ကို တွေ့ရသည်။
သူ၏ရန်သူသည် တော်တော်လေးအားနည်းသူဖြစ်လိမ့်မည်ဟု ကောက်ချက်ချလိုက်၏။
"ဟုတ်တယ်၊ ပြီးသွားပြီ။ သူတို့အားလုံးက အဖိုးကြီးတွေဆိုတော့ သတ်ရတာ လွယ်တယ်လေ"
ကျိယွမ် က ပေါ့ပေါ့ပါးပါး ပြောဆိုပြီး ရွှီထုန်ချန်ကို ဖိတ်ခေါ်လိုက်၏။
"စကားပြောဖို့ ဂူထဲကို သွားရအောင်"
ကျိယွမ်သည်လည်း စစ်မှန်နေမင်းမီးတောက်ကို အတော်လေး စိတ်ဝင်စားနေခဲ့သည်။ထို့ကြောင့် ရွီထုန်ချန်ကို စိတ်ပါလက်ပါ စကားပြောမိခြင်းပင်။
ရွှီထုန်ချန်သည် တုံ့ဆိုင်းနေသော်လည်း ကျိယွမ်၏နောက်သို့လိုက်ကာ ဂူထဲသို့ ဝင်ရောက်သွားသည် ။
"တာအိုမိတ်ဆွေ မင်းရဲ့မီးတောက်ကို ငါ စမ်းသပ်ဖို့ ခဏလောက် ငှားပေးလို့ ရမလား"
ကျိယွမ်က တိုက်ရိုက်ပင် မေးမြန်းလိုက်သည်။
ထိုစကားကြောင့် ရွှီထုန်ချန် မှာ အနည်းငယ် တော့တုန်လှုပ်သွားခဲ့သည်။
ဒီလူက ယုံလို့ရပါ့မလား။
သို့သော် ထိုသူထံမှ တစ်ခုခုကို သူလိုအပ်နေသည်ကို သတိရကာ၊ သူသည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားရန် ဆုံးဖြတ်လိုက်သည်။
၎င်းကို ခေါ်ထုတ်ရန်သည် သူ့အတွက် ကြီးမားသောကိစ္စလည်း မဟုတ်ပါ။
သူက သတိပေးလိုက်သည်။
"သတိထားပါ၊မင်းကို မလောင်စေနဲ့"
ရွှီထုန်ချန် သည် သူ၏ တာအိုကျင့်စဥ် ကို စတင် ဖော်ဆောင်သည် ။
ဂူထဲ၌ သေးငယ်ပြီး လုံးဝန်းသော အမြုတေတစ်ခု ပေါ်လာ၏။
အမြုတေက ပြင်းထန်သော အော်ရာများကိုထုတ်လွှတ်နေသည်။
"မင်းရဲ့ အမြုတေက တော်တော်လေး သေးလွန်းတယ်၊ဘယ်လိုလုပ်ပြီးခံနိုင်ရည်ရှိမှာလဲ"
ကျိယွမ်က ခေါင်းယမ်းကာမှတ်ချက်ချလိုက်သည်။
ရွှီထုန်ချန်မှာ ခဏတာမျှ မှင်တက်သွားခဲ့သည်။
သူ၏အမြုတေသည် သာမန်မဟုတ်ပါ။မြေကမ္ဘာအဆင့်ကိုမှ ထိပ်တန်းအဆင့်အမြုတေဖြစ်လေ၏။ကွေးယွန်တိုက်ကြီးတစ်ခုလုံးမှာပင် သူ၏အဆင့်ထက် ပိုမြင့်သောအမြုတေများ လုံးဝမရှိသလောက် ဖြစ်သည်။
သို့သော်လည်း ၎င်းကို အရမ်းသေးလွန်းသည်ဟု ကဲ့ရဲ့နေ၏။
မင်းဟာကရော ဘယ်လောက်ကြီးနေလို့လဲဟု မေးလိုက်ချင်သည်။
သို့သော် သူ၏အတွေးများကို ဖိနှိပ်ထားရင်း၊ ရွှီထုန်ချန်က တည်ငြိမ်စွာဖြင့်အမြုတေထံမှ စစ်မှန်နေမင်းမီးတောက်တစ်ခုကို ထုတ်ယူလိုက်သည် ။
မီးတောက်က ဖယောင်းတိုင်အရွယ်စားခန့်သာရှိသော်လည်း ၎င်း၏အော်ရာမှာအလွန်ပြင်းထန်ပြီး ကြောက်မက်ဖွယ်ကောင်းလှ၏။
ကျိယွမ်သည် စိတ်ဝိညာဉ်အဆင့်တစ်ဦးပင် ဤမီးလျှံဖြင့် ထိမိပါက အသက်ရှင်နိုင်မည် မဟုတ်ဟု ခံစားရသည်။
မီးတောက်သည်အတွင်း၌တောက်ပနေပြီးတော့အပြင်ဘက်တွင်အနက်ရောင်သမ်းနေ၏။
ပြင်းထန်သောရွှေရောင်အလင်းကိုထုတ်လွှင့်နေသည့်မီးတောက်သည် ကျိယွမ်၏ ရှေ့တွင် အဆက်မပြတ် ကခုန်နေပြီး၊ ရွှီထုန်ချန် ၏ အမြုတေထံမှ ကျိယွမ်ထံသို့ ခုန်တတ်တော့မည့်အလား ရှိလေသည်။
ရွှီထုန်ချန်သည် စစ်မှန်နေမင်းမီးတောက်၏ လိုလားတောင့်တမှုနှင့် သူ၏ရှေ့မှ လူက မီးတောက်အပေါ် ထူးဆန်းစွာ ဆွဲဆောင်မှု ရှိနေခြင်းကို ခံစားမိ၏။
ထိုကြောင့်ပဲ ရွှီထုန်ချန်အား ကျိယွမ်အပေါ် နွေးထွေးမှုနှင့် လေးစားကြည်ညိုမှု တို့ကို ခံစားမိစေသည်လား မခွဲခြားတတ်တော့ပါ ။
ကျိယွမ်၏ မျက်လုံးများက လင်းလက်သွားသည်။
[စစ်မှန်နေမင်းမီးတောက်- နတ်ဘုရားမီးတောက်ဖြစ်ပြီး ကံကြမ္မာရှိသူများသာ သိမြင်နိုင်သည် ။
ထိုမီးသည် လောကရှိ အခြားမီးလျှံအားလုံးကို ဝါးမျိုနိုင်၏။
ထို့အတူ စစ်မှန်နေမင်းမီးတောက်ကိုပိုင်ဆိုင်သောနေသည် ကြယ်အားလုံးကို ဝါးမျိုနိုင်သည် ။]
နောက်ဆုံးဝါကျကို ဖတ်လိုက်ရသောအခါ၊ ကျိယွမ်မှာ ခဏတာမျှ မှင်တက်သွားခဲ့သည်။
ထို့နောက် သူသည် ကြိတ်ကာ ဝမ်းသာလုံးစို့သွားလေ၏။
ဒါက မီးနတ်ဘုရားတစ်ပါးရဲ့ ဒဏ္ဍာရီလာ မီးမီးတောက်လား။ရှောင်းယန်ရဲ့ မီးတောက်များဖြစ်နေမလား။
ငါ့ရဲ့ ကြီးမားတဲ့ အောင်မြင်မှုက နောက်ဆုံးတော့ ရောက်လာပြီထင်တယ်။
ငါသာ စစ်မှန်နေမင်းမီးတောက်ကို သိမြင်ပြီး ငါ့ရဲ့ ကြယ်အမြုတေနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင်၊ ငါ့ရဲ့ အမြုတေက စကြဝဠာမှာ ရှိနေတဲ့အရာအားလုံးကို ဝါးမျိုနိုင်တယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား။
သူသည် ရွှီထုန်ချန်ကို ကြည့်လိုက်ရာ သူ၏မျက်လုံးများက ယခင်ကနှင့်မတူတော့ဘဲ အရောင်တောက်နေသည်၊
"မင်း အဲဒီမီးတောက်ကို ငါ့ကိုပေးမလား"
ရွှီထုန်ချန်မှာ အံ့အားသင့်သွားခဲ့သည်။
သူက ယခုလိုတည့်တည့်ကြီးပြောမည်ဟုထင်မထားခဲ့ပါ။
ဒါကနည်းနည်းတော့ မများဘူးလား။
သူ၏နှလုံးသားက တစ်ချက်ခုန်သွားပြီးသတိထားသောအမူအရာပေါ်လာ၏။
"ဒီမီးကို ပေးလို့မရပါဘူး"
ကျိယွမ်က လက်မလျှော့ပါ။ထိုမျှအရေးကြီးသောအရာကို သူကလွယ်လွယ်နှင့် လက်မလျှော့နိုင်ပေ။
"ငါ့ကို ပေးပါ၊ တန်ဖိုးကို မင်းကိုယ်တိုင် သတ်မှတ်နိုင်တယ်။ မင်းမှာ ရန်သူတွေ ရှိလား။ ငါ သူတို့ကို သတ်ပေးမယ်။ မင်းမှာ မျှော်လင့်ခြင်းလမင်းတွေ ဘာတွေရှိသလား။ ငါက လူတွေကို လိုက်ဖမ်းတဲ့နေရာမှာ အတော်ဆုံးပဲ"
ကျိယွမ်က လျင်မြန်စွာ ကမ်းလှမ်းလိုက်သည်။
သူသည် မိမိကိုယ်ကို တရားမျှတမှု၏ မီးရှူးတိုင်ဟု ယူဆထားသဖြင့် အတင်းအဓမ္မ သိမ်းပိုက်ခြင်း သို့မဟုတ် အခြားသူများ၏ ရတနာများကိုလုရန် အကြောင်းမဲ့ သတ်ဖြတ်ခြင်းကို မပြုလုပ်လိုပါ။
ရွှီထုန်ချန် သည် ကျိယွမ် ကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်၏။မိမိ၏မီးတောက်နှင့်ထိုသူ၏ဆက်စပ်မှုကြောင့်သာ မဟုတ်လျှင်သူသည် ယခုအချိန်၌ ချက်ချင်းလှည့်ပြန်သွားမည်ဖြစ်သည်။
"ဒီမီးကို တကယ်ပဲ ပေးလို့ မရနိုင်ပါဘူး"
စစ်မှန်နေမင်းမီးတောက်သည် သူ၏ဘဝတစ်ခုလုံးနှင့်ဆိုင်သောအုတ်မြစ် ဖြစ်သောကြောင့် မည်သို့မျှပေးလို့ မရနိုင်ပေ။
ထို့အပြင် ၎င်းသည်ကိုယ်တိုင်သိမြင်နားလည်ရသည့် နတ်စွမ်းအင်နှင့်တူသောအရာဖြစ်သောကြောင့် အခြားသူများကိုပေး၍လည်း မရပါ။
"မင်းရဲ့မီးတောက်ကိုကြည့်ပါဦး။ငါ့ကို အဖေလိုသဘောထားနေတာ။မိဘနဲ့သားသမီးကို အခုလို ခွဲမထားကောင်းဘူးဆိုတာ မင်းလည်းသိမှာပါ။"
"ပြီးတော့ ငါကအဖေတယောက်အနေနဲ့ ငါ့သားသမီးကို သူများလက်ထဲမှာဘယ်လိုစိတ်ချနိုင်မှာလဲ"
ကျိယွမ်က မီးတောက်ကို အလွန်စိုးရိမ် နေသောမျက်လုံးများဖြင့် စိုက်ကြည့်ရင်း ပြောသည်။
မသိလျှင် ငယ်ငယ်ကတည်းကပျောက်သွားသောသားကို အရွယ်ရောက်မှ ပြန်တွေ့ရသော ဖခင်တစ်ယောက်အလား ရှိလေသည်။
ရွှီထုန်ချန်သည် သက်ပြင်းချပြီး ထိုကိစ္စကိုဆက်မပြောတော့ဘဲ၊ သူသိချင်သောအကြောင်းကိုသာ တည့်တည့်မေးလိုက်၏။
"တာအိုမိတ်ဆွေ... ငါ့ရဲ့မီးတောက်ကဘာလို့ ဒီလိုဖြစ်နေရလဲဆိုတာ မင်းသိလား"
ထိုကိစ္စကိုတွေးမိတိုင်း သူ အလွန်ရှုပ်ထွေးနေခဲ့သည်။
ဤပုဂ္ဂိုလ်အနီးတွင် ရှိနေချိန်၌ သူ၏ အမြုတေအတွင်းရှိ မီးတောက်သည် အဘယ်ကြောင့် ပို၍ အားကောင်းလာသည်ကို လည်း သူနားမလည်ခဲ့ပေ။
ထိုသူနှင့်နီးနီးနေလျှင် သူ၏မီးတောက်သည် အဆက်မပြတ် ပို၍ သန်မာလာနေသည်ကို သူခံစားမိနေ၏။
ကျိယွမ်က မထူးဆန်းသလိုဖြေလိုက်သည်။
"ဘာဖြစ်လို့လဲဆိုတော့... ငါက နေတစ်စင်းဖြဖြစ်နေလို့လေ"
ရွှီထုန်ချန်မှာ ပြောစရာစကားများပင်ပျောက်ဆုံးသွားရ၏။
ငါကတည်တည်တံ့တံ့နဲ့မေးနေတာကို သူကဘာလို့ ပေါက်ကရတွေဖြေနေရတာလဲ။
သူကစိတ်ဓာတ်များပင် ကျချင်လာ၏။ထိုသူက သူ၏မီးတောက်ကိုလိုချင်နေပြီး အကြောင်းပြချက်များ ပေးနေသည်မဟုတ်ပါလား။
"ငါသာ မင်းရဲ့မီးတောက်ကို နေ့တိုင်းထိုင်ပြီး ကျင့်ကြံမယ်ဆိုရင်၊ မင်းရဲ့မီးတောက်ကို ငါနားလည်လာမယ်လို့ မင်းထင်လား"
အတင်းအဓမ္မလုယူ၍လည်းမဖြစ်သောကြောင့် အခြားနည်းလမ်းတခုခုကို ကျိယွမ်က စဉ်းစားလာသည်။
"သီအိုရီအရတော့ ဖြစ်နိုင်ပါတယ်။ ငါဆိုရင် စစ်မှန်နေမင်းမီးတောက်ကို နားလည်ဖို့အတွက် နှစ်ပေါင်း၂ဝလောက်အချိန်ယူခဲ့ရတယ်။မင်းက တစ်နေ့ကို နာရီဝက်လောက်ကျင့်ကြံမယ်ဆိုရင် ၊ မင်းရဲ့အရည်အချင်းကောင်းရင်တော့ နှစ်ပေါင်း၂၀လောက်နဲ့နားလည်နိုင်မယ်ထင်တယ်။"
ရွှီထုန်ချန်က ရိုးသားစွာ ပြန်ဖြေသည်။
ကျိယွမ်၏စကားများက တော်တော်လေးနည်းလမ်းမကျသော်လည်း ရွှီထုန်ချန် က စိတ်ရှည်လက်ရှည် ပြန်ဖြေပေးခဲ့၏။
"ကောင်းပြီလေ၊ ဒါဆို ဒီလိုလုပ်ရအောင်၊ ငါ နေ့တိုင်း မင်းရဲ့မီးတောက်ကို ထိုင်ပြီး ကျင့်ကြံမယ်၊ အလဲအလှယ်အနေနဲ့၊ မင်းအတွက် ငါကလူသတ်ပေးမယ်။ ဘယ်လိုလဲ။ ငါက လူသတ်ရာမှာ တကယ်တော်တာနော်၊ မင်းကြိုက်တဲ့သူကို လက်ညှိုးထိုးလိုက် သူတို့ထဲက ဘယ်သူမှလွတ်မြောက်ရမှာ မဟုတ်ဘူး။"
ရွှီထုန်ချန်မှာ သူ၏ရှေ့မှ ကျင့်ကြံသူက ကြာလေထူးခြားလေဟု ထင်လာမိတော့သည်။
အမှန်ဆိုရလျှင်တော့ သူလူသတ်ချင်ပါသည်။တော်တော်လေးကို သတ်ချင်နေခြင်း ဖြစ်၏။
သို့သော် သူသေစေချင်သောသူများကို သူ မသတ်နိုင်ပါ။ထိုနည်းတူစွာ သူ၏ရှေ့မှလူကလည်း သတ်နိုင်မည်မဟုတ်တာသေချာနေသည်။
ရွှီထုန်ချန် က ခေါင်းရမ်းကာ သက်ပြင်းချလိုက်၏။
အဲဒီလောက်ကြီး ပြင်းထန်ဖို့မလိုပါဘူး ။ငါလည်း ငါ့မီးတောက်က ဘာလိုဒီလိုဖြစ်နေလည်း သိချင်နေတာ။ ဒါကြောင့် တစ်နေ့ကို နာရီဝက်လောက် မင်းဆီကိုငါလာခဲ့ပါမယ်"
နောက်ဆုံးတွင် ရွှီထုန်ချန်သည် ကျိယွမ်ထံမှ အလဲအလှယ်အနေဖြင့် မည်သည့်အရာမှ မတောင်းဆိုရန် ဆုံးဖြတ်လိုက်သည်။
ပထမအချက်မှာ သူ၏ပင်ကိုစိတ်ထားကိုကအခွင့်ရေးမယူတတ်သောကြောင့်ဖြစ်သည်။
ဒုတိယအချက်မှာ ပို၍အရေးပါ၏။ သူ၏ စစ်မှန်နေမင်းမီးတောက်ကြောင့် သူသည် ကျိယွမ်အပေါ် ထူးဆန်းသောရင်းနှီးမှုကို ခံစားမိသည်။
ယခုမှတွေ့ဆုံရသော်လည်း ရင်းနှီးသောအမျိုးတစ်ယောက်လို၊ အကြီးအကဲတစ်ယောက်လိုပင်။
အဘယ်ကြောင့် ထိုသို့ဖြစ်ရသည်ကိုတော့ သူကိုယ်တိုင်လည်း နားမလည်ပါ။
"ဒါဆိုရင်၊ သဘောတူပြီ။ မင်းက တစ်နေ့ကို နာရီဝက် ငါ့ဆီလာရမယ်။ ငါကလည်း စစ်မှန်နေမင်းမီးတောက်ကို နားမလည်မချင်း၊
မင်းကို ကာကွယ်စောင့်ရှောက်ပေးမယ်။"
သူက မတောင်းဆိုသော်လည်း ကျိယွမ်က
တန်ဖိုးတစ်ခုကိုသတ်မှတ်ပေးလိုက်၏။
ရွှီထုန်ချန်က သဘောကျသလို ရယ်မောပြီး
စနောက်လိုက်သည်။
"ဒါဆိုရင်၊ ငါ့ကို ပိုပြီးတော့ ကြာကြာ စောင့်ကြည့်ပေးနိုင်အောင် မင်းတော်တော်နဲ့နားမလည်ဖို့ မျှော်လင့်ပါတယ်။"
သို့သော် သူက စနောက်ရုံသက်သက်သာဖြစ်သည်။
အလင်းနန်းတော်ကသာ ပစ်မှတ်ထားလာပါက ခရမ်းရောင်နန်းတော်အဆင့်ကာကွယ်သူတစ်ယောက်ပင် သူ့ကိုကာကွယ်ပေးနိုင်မည်မဟုတ်ပါ။
သူက ကျိယွမ်ကိုကြည့်ကာ စိတ်ထဲမှခေါင်းရမ်းမိသည်။
သူလိုအဆင့်မျိုးလေးနဲ့ဆိုရင်တော့ ပြောမနေနဲ့တော့။ဘယ်လိုသေလို့ သေသွားမှန်းတောင် ငါ့ကိုယ်ငါ သိလိုက်မှာမဟုတ်ဘူး။
ကျိယွမ်ကတော့ သူ၏အတွေးကို မသိပါ။
ရွှီထုန်ချန်က အချိန်ကြာမြင့်မှာကို စိုးရိမ်နေသည်ဟု ထင်သောကြောင့်နှစ်သိမ့်ပေးလိုက်သည်။
စိတ်မပူပါနဲ့ ။ငါ့ရဲ့အရည်အချင်းကနာမည်ကြီးကိုယ်ပိုင်အထက်တန်းကျောင်းက ထိပ်တန်းကျောင်းသားတွေနဲ့အဆင့်တူ ဖြစ်နေပြီ။ သာမန်မီးတောက်လေးတခုကိုနားလည်ဖို့လောက်က ငါ့အတွက်ပြဿနာမဟုတ်ပါဘူး။"
သူ၏အမြုတေက ကြယ်တစ်ခုဖြစ်နေသောကြောင့် စစ်မှန်နေမင်းမီးတောက်ကို
နားလည်သဘောပေါက်ခြင်းကလွယ်ကူသင့်ပါသည်။
"အဲဒါဆိုရင် ဒီအရာက တကယ်ပဲ ဘာလဲဆိုတာကို ငါ ကြည့်ပါရစေဦး။"
ထို့နောက် ကျိယွမ်သည် သူ၏ရှေ့မှ စစ်မှန်နေမင်းမီးတောက်ကို စိုက်ကြည့်ပြီး အာရုံစူးစိုက်စွာ လေ့လာနေတော့သည် ။
သို့သော် နာရီဝက်ခန့် ကြာပြီးနောက် ကျိယွမ်က စိတ်ပျက်လက်ပျက်ဖြစ်နေပုံနှင့်ခေါင်းကိုယမ်းပြလေ၏။
"ဒါက တော်တော်ခက်ခဲတာပဲ"
နာရီဝက်ခန့်ကြာသည်အထိ ကျင့်ကြံခဲ့သော်လည်း သူသည် မည်သည့်အရာကိုမျှ မသိမြင်နိုင်ခဲ့ပေ။
ရွှီထုန်ချန် က ပြုံးပြီး နှစ်သိမ့်လေ၏။
"တာအို မိတ်ဆွေ၊ ဒါက ပုံမှန်ပါပဲ"
တစ်ချိန်တည်းမှာပင် နာရီဝက်ခန့်ကြာပြီးနောက် သူ၏မီးတောက်သည် ပိုပြီးသန်မာ လာသည်ကိုသူသတိထားမိခဲ့သည်။
ယခုအခါမှာတော့ သူပြန်မှရတော့မည်။
သူထွက်လာသည်မှာ အချိန်အလွန်ကြာနေပြီမဟုတ်ပါလား။
သူက ကျိယွမ်အား နှုတ်ဆက်ပြီးနောက် ပြန်သွားလေတော့သည်။
................
နောက်တစ်နေ့။
အလင်းနန်းတော် အဓိကခန်းမ။
ခန်းမထဲ၌ ခရမ်းရောင်နန်းတော်အဆင့် ၁၀ ယောက်ကျော်သည် တတိယနန်းတော်သခင်၏ ဦးဆောင်မှုဖြင့် စုဝေးနေကြလေ၏။
တတိယနန်းတော်သခင်ဇီလန်၏ ဖီးနစ်ငှက်နှင့်တူသောမျက်လုံးများမှာ တည်ငြိမ်နေပြီး သူမ၏ အတွေးများကို မည်သူမှမသိနိုင်ပါ။။
"ချင်းယင်က နန်းတော်ခွဲတစ်ခုမှာ သေဆုံးခဲ့တယ်၊ နင်တို့အားလုံး ဘယ်လို ထင်မြင်ကြလဲ"
သူမ၏မေးခွန်းကို အောက်တွင်ရှိနေသောခရမ်းရောင်နန်းတော်အဆင့်များ မတူညီသောအမူအရာအမျိုးမျိုးဖြင့်တုံ့ပြန်ကြသည်။
ချင်းယင်သည် အလင်းနန်းတော်၏
ထိပ်တန်းဆယ်ဦးစာရင်းတွင် ပါဝင်နေသူဖြစ်သည်။
သူသည် ခရမ်းရောင်နန်းတော်အထွတ်အထိပ်အဆင့် သို့ ရောက်ရှိရန် အဖြစ်နိုင်ဆုံးသူများထဲမှ တစ်ဦးလည်း ဖြစ်လေ၏။
သို့သော်လည်း သူသည် မင်ဘုရင်နန်းတော် တွင် သေဆုံးခဲ့ပြီး သွေးဝတ်စုံဓားနတ်ဘုရား ၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရခြင်းပင်။
" ခရမ်းရောင်နန်းတော်အဆင့် ငါးယောက်ကို တစ်ယောက်တည်းနဲ့ သတ်နိုင်တယ်။သွေးဝတ်စုံဓားနတ်ဘုရားက သေချာပေါက် ခရမ်းရောင်နန်းတော်အထွတ်အထိပ်အဆင့်ပဲ"
အကြီးအကဲတစ်ဦးက မှတ်ချက်ချသည်။သူက စိုးရိမ်နေပုံလည်းရှိသည်။
အလင်းနန်းတော်တစ်ခုလုံးမှာပင် နန်းတော်သခင်သုံးပါးတည်းသာ ခရမ်းရောင်နန်းတော်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသူများဖြစ်သည်။
"အကြီးအကဲချင်းယင်က ကြီးမားတဲ့အလားအလာရှိတဲ့သူပဲ။ ဒီလိုသတ်ခံရတာကို တွေးမိရင် သွေးဝတ်စုံဓားနတ်ဘုရားကိုလုံးဝခွင့်လွှတ်လို့ မဖြစ်ပါဘူး။သူသာ ဒီကိုလာရဲမယ်ဆိုရင် ကျွန်တော်တို့စုပေါင်းပြီးတိုက်ခိုက်သင့်ပါတယ်။နန်းတော်သခင်သုံးပါးကသာ ဦးဆောင်မယ်ဆိုရင် သူလုံးဝအသက်ရှင်ရက် ပြန်ထွက်မသွားစေရဘူးလို့ကျွန်တော်တို့အာမခံပါတယ်။
ဒေါသထွက်နေသောအကြီးအကဲတစ်ဦးက လက်သီးဆုတ်ကာ ပြောလိုက်သည်။
အမြဲတမ်း လူအများ၏လေးစားကြည်ညိုခြင်း ခံခဲ့ရသောအလင်းနန်းတော်သည် ယခုအခါ၌ လေးစားခြင်းမခံရသည့်အပြင် နာမည်မရှိသူတစ်ဦး၏ ခြိမ်းခြောက်မှုကိုပါခံနေရ၏။
မည်သို့ ဒေါသမထွက်ဘဲနေနိုင်မည်နည်း။
အခန်းထဲတွင်ရှိနေသော ခရမ်းရောင်နန်းတော်အဆင့်အကြီးအကဲများအားလုံးဒေါသများဖုံးလွှမ်းနေကြသည်။
" အကြီးအကဲတွေကိုသတ်တဲ့အပြင်နန်းတော်ခွဲတစ်ခုလုံးက နောက်လိုက်ငယ်သားတွေကိုပါမကျန် အကုန်သတ်ပစ်တာဟာ ဘယ်လိုမှခြေဖျက်လို့မရတဲ့သွေး သွေးကြွေးပဲ။သူသေရင်သေ မဟုတ်ရင်ကျွန်တော်တို့ပျက်စီး ။ဒီတလမ်းပဲရှိတော့တယ်။
ထိုသူ၏စကားကို အခြားသောအကြီးအကဲများကလည်း ခေါင်းငြိမ့်ကာသဘောတူလိုက်ကြ၏။
တောက်ပသောနန်းတော်သည် ကွေးယွန် တိုက်ကြီး၏ အဓိကအင်အားစုကြီးတစ်ခု ဖြစ်သည်။
ထိုအပြင် မကြာမီ၌ အရှေ့ဘက်ဒေသ ပါရမီရှင်တိုက်ပွဲကိုလည်း ကွေးယွန်တိုက်ကြီး၌
ကျင်းပတော့မည်ဖြစ်သည်။
အလင်းနန်းတော်၏ အစဉ်အလာကြီးမားခဲ့သော ဂုဏ်သတင်းသည် သွေးဝတ်စုံဓါးနတ်ဘုရားဟူသော လူတဦးတည်းကြောင့် ပျက်စီးခဲ့ရပါက အရှေ့ပိုင်းဒေသတွင်း သူတို့၏မျက်နှာကို မည်သို့ပြရတော့မည်နည်း။
ထိုသို့ဖြစ်ခဲ့လျှင်အရှေ့ပိုင်းဒေသကို သူတို့၏လက်အောက်၌ မည်သို့ဆက်လက်ပြီးထိန်းသိမ်းထားနိုင်တော့တော့မည်နည်း။
အကြီးအကဲအားလုံး၏စကားများကိုသေချာစွာနားထောင်ပြီးနောက် တစ်ချိန်လုံးငြိမ်သက်နေခဲ့သော တတိယနန်းတော်သခင် ဇီလန်က စတင်စကားပြောလာသည်၊
" အခုအချိန်ကစပြီးတော့ ခရမ်းရောင်နန်းတော်အဆင့်အားလုံး တစ်ယောက်တည်းခရီးမထွက်ရဘူး။ သွေဝတ်စုံဓါးနတ်ဘုရားကို သတင်းရရင် ချက်ခြင်းငါ့ကိုသတင်းပို့ပါ။ငါကိုယ်တိုင် သူကိုကိုင်တွယ်မယ်။"
"နားလည်ပါပြီ"
ခရမ်းရောင်နန်းတော်အဆင့်အားလုံးက တညီတည်း ဖြေလိုက်ကြသည်။
မည်သို့ပင်ဆိုစေကာမူ လက်ရှိတွင် အလင်းနန်းတော်၌ ခရမ်းရောင်နန်းတော်အဆင့် ၆၀ ကျော်ရှိသေးသည်။
ခရမ်းရောင်နန်းတော်အထွတ်အထိပ်တစ်ဦးတည်းနှင့် အဆင့်တူ ၆၀ကျော်ကို မည်သို့ယှဉ်ပြိုင်နိုင်မည်နည်း။
ဘယ်လိုမှ မဖြစ်နိုင်သောကိစ္စပင်။
လက်ရှိအခြေနေရဆိုလျှင် အကြီးအကဲ ချင်းယင်ပါဝင်သော ခရမ်းရောင်နန်းတော်အဆင့်ငါးဦးကို တစ်ဦးတည်း ခက်ခဲစွာတိုက်ခိုက်ခဲ့ရသောကြောင့် သွေးဝတ်စုံဓါးနတ်ဘုရားသည်လည်း ယခုအချိန်တွင် ကောင်းမွန်သော အခြေအနေမျိုးတွင် ရှိမည် မဟုတ်ချေ။
ထိုအခိုက် တတိယနန်းတော်သခင်သည် တစ်ခုခုကိုတွေးမိသွားပြီး ညွှန်ကြားလိုက်သည်။
"ဟုန်တုဆီကို သတင်းပို့လိုက်၊အရှေ့ပိုင်းဒေသပါရမီရှင်တိုက်ပွဲကိုပဲ အာရုံအပြည့်စိုက်ထားရမယ်။သူ့ဆရာရဲ့စျာပနကိုပြန်လာစရာမလိုဘူးလို့။"
ပါရမီရှင်တိုက်ပွဲတွင်အဆင့်၂၀အတွင်းရရှိရန်မှာ အလွန်အရေးကြီးသောကိစ္စဖြစ်သည်။
၎င်းသည် တိုင်းပြည်တစ်ရာ သွေးစစ်ပွဲပြီးလျှင် ဒုတိယအရေးအကြီးဆုံး ဖြစ်လေ၏။
သွေးဝတ်စုံဓားနတ်ဘုရားကိုသတ်ဖြတ်ရန်ကိစ္စထက်ပင်လျှင် များစွာပို၍အရေးကြီးသည်။
.......................
နောက်တစ်နေ့တွင် ရွှီထုန်ချန်သည် သူ၏စကားအတိုင်း ကျိယွမ်၏ဂူအိမ်သို့ ရောက်ရှိလာသော်လည်း သူ၏မျက်နှာက အလွန်စိတ်မသက်မသာ ခံစားနေရဟန်ရှိသည်။
ဟုန်တု၏ဆရာဖြစ်သူ ရုတ်တရက်သေဆုံးသွားသောကြောင့် ဟုန်တုသည်အလွန်ဒေါသထွက်နေခဲ့၏။ထို့ကြောင့် ရွှီထုန်ချန်သည် မလိုအပ်သော ပြဿနာများကို ရှောင်ရှားရန် ကြိုးစားရင်း အလွန်သတိထားကာ ထွက်လာခဲ့ရသည်။
သွေးဝတ်စုံဓားနတ်ဘုရားက မင်ဘုရင်နန်းတော်၏ ခရမ်းရောင်နန်းတော်အဆင့်ငါးယောက်ကို တစ်ဦးတည်းဖြင့် သတ်ဖြတ်သွားသည်ကိုတွေးမိသောအခါ ရွှီထုန်ချန် ၏ စိတ်ထဲတွင် လေးစားကြည်ညိုမှုဖြင့် ပြည့်နေခဲ့လေ၏။
အလင်းနန်းတော်လို ကြီးမားသောအဖွဲ့စည်းကြီးကို တက်ယောက်တည်း စိန်ခေါ်ဝံ့သူသည် မည်မျှအားကောင်းသောကျင့်ကြံသူဖြစ်သည် သူအရမ်းသိချင်နေခဲ့သည်။
သို့သော်လည်း သွေးဝတ်စုံဓားနတ်ဘုရား၏ အနာဂတ်အတွက် သူမျှော်လင့်ချက်များစွာ မထားရှိခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ အလင်းနန်းတော်၏အင်အားမှာ ကွေးယွန်တိုက်ကြီးတွင် ထိပ်ဆုံးအဆင့်ရှိနေပြီး မည်သူမျှမယှဉ်ပြိုင်နိုင်အောင် အင်အားကြီးမားလှသည်။
ထို့ကြောင့် သွေးဝတ်စုံဓားနတ်ဘုရားတစ်ဦးတည်းဖြင့် အလင်းနန်းတော်၏အခြေခံအုတ်မြစ်ကို အံတုရန်လုံးဝမဖြစ်နိုင်ပါ။
သွေးဝတ်စုံဓားနတ်ဘုရားက သူတို့ကို ဆက်လက်ရင်ဆိုင်ဖို့ အတင်းအကျပ်ကြိုးစားခဲ့ပါက၊ အလင်းနန်းတော်မှာ ဆုံးရှုံးမှုအချို့ ရှိနိုင်သော်လည်း၊ သွေးဝတ်စုံဓားနတ်ဘုရားမှာလည်း နောက်ဆုံးတွင်သေဆုံးရမည်မှာ သေချာသည်။
"တာအိုမိတ်ဆွေ၊ ငါ ရောက်လာပြီ"
ရွှီထုန်ချန်က ဂူအိမ်အပြင်တွင် ရပ်ရင်း အော်ခေါ်လိုက်၏။
"အော်၊ မင်း ရောက်လာပြီပဲ။ ဝင်လာခဲ့ပါ။"
ဂူအိမ်ကပွင့်သွားပြီး ရွှီထုန်ချန် အထဲသို့ရောက်သောအခါ ပင်ပန်းနွမ်းနယ်နေသော ကျိယွမ် ကို မြင်တွေ့လိုက်ရသည်။
ကျိယွမ်သည် သူ၏ လက်ထဲမှကျင့်စဥ် များပါဝင်သော ကျောက်စိမ်းပြားကို ချပြီး ရွှီထုန်ချန်ကို ကြည့်ကာ ဖြည်းညှင်းစွာ ပြော၏။
"ထုန်ချန်၊ မင်းဒီမှာ ခဏစောင့် စောင့်ပေးအုံး၊ငါ လူတယောက်ကိုသတ်ဖို့အပြင်သွားရလိမ့်ဦးမယ်။အိုး....မဟုတ်ဘူး။မျှော်လင့်ခြင်းလမင်းနဲ့သွားတွေ့ရမယ်လို့ ပြောတာ။"
ရွှီထုန်ချန်မှာ အံ့အားသင့်သွားပြီး ကျိယွမ်ကို စူးစိုက်ကြည့်လာ၏။
သူကတော်တော်ကို ထူးဆန်းနေတာ မဟုတ်ဘူးလား။မနေ့က ငါလာတုန်းကလည်း လူသတ်ရဦးမယ်ဆိုပြီး အပြင်ထွက်သွားတယ်။ဒီနေ့ရောက်တော့လည်း လူသတ်ရဦးမယ်လို့ပြောနေပြန်ပြီ။
"ဒီတစ်ခါ လမင်းကသိပ်မဝေးပါဘူး။ငါအမြန်ဆုံးပြန်လာမှာပါ။ဂူထဲမှာ ကြိုက်သလိုနေလို့ရတယ်။"
ထိုသို့ ပြောပြီးနောက် ကျိယွမ်သည် သူ၏တုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ ဂူအိမ်မှ ထွက်ခွာသွားလေသည် ။
ရွှီထုန်ချန်မှာ ကြောင်တောင်တောင်နှင့်ကျန်နေခဲ့ပြီး တော်တော်လေးအကူအညီမဲ့သလိုခံစားရ၏။
နေ့တိုင်း လူထွက်သတ်နေရာလောက်အောင်
သူကရန်သူတွေဘယ်လောက်တောင် များနေတာပါလိမ့်။
သူသည် ကျိယွမ်ကို ပို၍နက်နဲဆန်းကြယ်လာသည်ဟု ထင်မြင်မိလာ၏။
..............
သွေးနီရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ဆံပင်များ လေထဲတွင်လွင့်ပျံနေသော ကျိယွမ်သည် အလွန်ခန့်ညားပြီး နတ်ဆိုးမင်းသား
တစ်ပါးကဲ့ ပုံစံမျိုးရှိနေသည်။
သူသည် တောအုပ်တစ်ခုထဲမှ ကြီးမားသော သစ်ပင်တစ်ပင်အောက်တွင် ရပ်နေပြီး သူ့ထံမှ အစွမ်းထက်သော ခရမ်းရောင်နန်းတော်အဆင့်တစ်ဦး၏အော်ရာမျိုးကိုတော့ မတွေ့ရပါ။
ထို့ကြောင့်မည်သူမဆို သူ့အားခရမ်းနန်းတော်အထွတ်အထိပ်အဆင့်ဟု ထင်ကြမည်မဟုတ်ပေ။
"ခင်ဗျား ဆိုနာ ယူလာခဲ့လား"
ကျိယွမ် က သူ၏နောက်မှ ရွှီရဲ့လီကို တည်ငြိမ်စွာမေးလိုက်သည်။
"ယူလာတယ်"
ရွှီရဲ့လီက ကျိယွမ်၏နုပျိုသောမျက်နှာကိုထိတ်လန့်စွာကြည့်ရင်းမှ ဖြေ၏။
သူသည် လုံးဝမမျှော်လင့်ထားခဲ့ပါ။
မနေ့က သွေးဝတ်စုံဓားနတ်ဘုရားသည် မင်ဘုရင်နန်းတော်မှ ခရမ်းရောင်နန်းတော်အဆင့်ငါးဦးကို အမှန်တကယ်သတ်ပစ်ခဲ့သည်။
ထိုကဲ့သို့သော ကြောက်မက်ဖွယ်ခွန်အားသည် ကွေးယွန်တိုက်ကြီး၏ ထိပ်ဆုံးငါးဦးတွင်သေချာပေါက်ပါဝင်သည်။
အရှေ့ပိုင်းဒေသကြီးတခုလုံးကိုတွက်လျှင်ပင် ထိုသူသည်ထိပ်ဆုံး တစ်ရာအတွင်းသေချာပေါက်ပါဝင်သူဖြစ်ရမည်။
ဆိုလိုသည်က သူသည်သေချာပေါက်ကျော်ကြားသောသူဖြစ်သင့်၏။
သို့သော်လည်း သွေးဝတ်စုံဓားနတ်ဘုရား သည် ခြေရာခံနိုင်သောသတင်းအချက်အလက်မရှိဘဲ တိုင်းပြည်တစ်ရာလို နယ်မြေသေးသေးလေးမှ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
သူနှင့်ပတ်သက်၍စုံစမ်းလို့ရသည်မှာ သွေးဝတ်စုံဓါးနတ်ဘုရားသည် ရှင်းဟွာအဖွဲ့ဝင်ဖြစ်ပြီး အလင်းနန်းတော်နှင့် မပြီးဆုံးနိုင်သောရန်ငြိုးရှိသည်ဟုသာ။
"ယူလာတာကဟုတ်ပါပြီ။မင်းက တီးရောတီးတတ်ရဲ့လား"
"တီးတတ်ပါတယ် အကြီးအကဲ၊ ကျွန်တော်တစ်ညလုံး လေ့ကျင့်ခဲ့ပါတယ်။ အခု ကျွန်တော် တော်တော်လေးတီးခတ်နိုင်နေပါပြီ"
ရွှီရဲ့လီက အလေးအနက် ပြန်ဖြေသည်။
သူ၏ရှေ့မှလူက အလွန်ငယ်ရွယ်ပုံပေါ်နေသော်လည်း ဤလောကသည် ခွန်အားကိုသာအလေးနက်ထားသည့် လောကဖြစ်သည်။မိမိထက်အင်အားကြီးသူကို မထီမဲ့မြင်ပြုလျှင် ရလဒ်ကဆိုးရွားသွားနိုင်သည်။
"ဒါဆိုရင်၊ ငါ နောက်တစ်ချိန် အလင်းနန်းတော်ရဲ့ ခရမ်းရောင်နန်းတော်အဆင့်တွေကိုသွားသတ်တဲ့အခါ၊ မင်းက ငါ့အတွက် သီချင်းတီးပေးပါ"
ကျိယွမ် က ပေါ့ပေါ့ပါးပါးရှိလှ၏။
သူက ကောင်းကင်ဘုံတာအိုအုတ်မြစ်ပိုင်ရှင်လည်းဖြစ်သလို အလွန်ကြီးမားသောကြယ်အမြုတေရှိသူလည်းဖြစ်သည်။
ထို့ကြောင့် သူ၏ရာထူးနှင့်အဆင့်အတန်းအရ တိုက်ပွဲအတွင်း ခရမ်းရောင်နန်းတော်အဆင့်တစ်ဦးမှ တီးမှုတ်သော နောက်ခံတေးဂီတရှိသင့်သည်မှာ သဘာဝကျပါသည်။
"အကြီးအကဲ... ကျွန်တော်တို့ သေချာစဉ်းစားသင့်တယ် မဟုတ်ဘူးလား"
ရွှီရဲ့လီက အနည်းငယ်ကြောက်ရွံ့နေသော်လည်း မနေနိုင်စွာ သတိပေးမိလေသည်။
"အကြီးအကဲ၊ မနေ့ကမှ ခင်ဗျားကခရမ်းရောင်နန်းတော်အဆင့်ငါးယောက်ကိုသတ်ပစ်ခဲ့တာ နောက်ထပ် မလှုပ်ရှားခင်
ခဏလောက်ငြိမ်နေသင့်တယ်လို့ထင်ပါတယ်။အခုချက်ချင်းကြီး တိုက်ခိုက်လိုက်ရင် ခင်ဗျားရဲ့တည်နေရာကိုဖော်ပြသလိုဖြစ်သွားပါလိမ့်မယ်။တကယ်လို့ အလင်းနန်းတော်ကသာ ဝိုင်းပြီးတိုက်ခိုက်လာရင်
လွတ်မြောက်ဖို့ ခက်ခဲသွားပါလိမ့်မယ်။"
ကျိယွမ်က ရွှီရဲ့လီကို ဆက်ကနဲ လှည့်ကြည့်လိုက်သည်။
"ဘာလဲ၊ မင်းက ...မင်းရဲ့ ကတိကို ပယ်ဖျက် ချင်နေတာလား"
ရွှီရဲ့လီ၏ နှလုံးသားသည် ခုန်ပျံသွားပြီး၊ သူသည် ကြောက်မက်ဖွယ်နတ်ဆိုးတစ်ပါး ကို ရင်ဆိုင်နေရတာများလား ခံစားမိသည်။
"မဟုတ်ပါဘူး... အကြီးအကဲရဲ့အမိန့်အတိုင်း လုပ်ဆောင်ပါမယ်"
ရွှီရဲ့လီက အလျင်အမြန် ပြန်ဖြေပြီး၊ နောက်ထပ် စကားတစ်ခွန်းမျှ မပြောဝံ့တော့ပါ။
စေတနာဘယ်လောက်ကောင်းကောင်း အချိန်နှင့်နေရာလွဲပါက ဝေဒနာဖြစ်သွားတတ်သည်မဟုတ်ပါလား။
အမှန်အတိုင်းဝန်ခံရလျှင် အကြီးအကဲက ခရမ်းရောင်နန်းတော်အဆင့်များကို မည်ကဲ့သို့ သတ်ဖြတ်ခဲ့သည်အား သူလည်းအလွန်သိချင်နေခဲ့သည်။
သူကိုယ်တိုင်ကလည်း ခရမ်းရောင်နန်းတော်အဆင့်ဖြစ်သောကြောင့် ထိုအဆင့်များကိုသတ်ဖြတ်ရန် မည်မျှခက်ခဲကြောင့်းသိပြီးသားဖြစ်သည်။
မူလနတ်စွမ်းအား၏ အရည်အသွေးကွာခြားမှု အရမ်းကြီးမားလွန်းခြင်းမရှိပါက သို့မဟုတ် သူတို့၏ စွမ်းရည်များက သိသိသာသာ အသာစီးမရပါက တိုက်ပွဲသည်လက်ရည်မျှကာ အလွန်ကြာမြင့်သွားနိုင်၏။
ထို့ကြောင့် တိုက်ပွဲအများစုသည် ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူများ၏ မူလနတ်စွမ်းအားကို ဖြည်းဖြည်းချင်း လျှော့ချရန်အတွက် အလွန်ကြာမြင့်သောရုန်းကန်မှုအဖြစ်သို့ ပြောင်းလဲသွားတက်ကြ၏။
"သွားကြမယ်။ ဒီတစ်ခါ... ငါ့ရဲ့မျှော်လင့်ခြင်းလမင်းက တစ်ရောက်တည်းဖြစ်နေတဲ့မေယန် ပဲ။"
စကားဆုံးသည်နှင့် သူကအဖြူရောင် အလင်းတန်းအဖြစ် ပြောင်းလဲကာ ပျံသန်းသွားတော့သည်။
ရွှီရဲ့လီသည်လည်း ရွေးချယ်စရာမရှိတော့သောကြောင့် နောက်မှလိုက်ပါသွားရတော့သည်။
ဤအချိန်တွင် သူသည် သူ၏ ကံကြမ္မာကို လက်ခံပြီးဖြစ်လေ၏။
အလင်းနန်းတော်သည် သူ့အပေါ်ယုတ်မာရန် စီစဉ်နေခဲ့လေပြီ။
ထို့ကြောင့် ထိုင်ပြီး ညည်းညူနေမည့်အစား၊ သူသည် သွေးဝတ်စုံ ဓားနတ်ဘုရား နောက်သို့လိုက်ကာ အရေးပါသော အရာတစ်ခုကို လုပ်ဆောင်သင့်သည် ။
ငါ့ဘဝမှာ ဆိုနာတီးတာက အရေးပါတဲ့အရာဖြစ်လာမယ်လို့ တစ်ခါမှ မတွေးခဲ့မိတာလေးတစ်ခုပဲ။
ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက်။
ဖုန်းလင်မြို့။
နန်းတော်ခွဲတစ်ခုတွင်ရှိနေသော မေယန် သည် ပင်မနန်းတော်မှသတင်းစကားကို ဖတ်ပြီးနောက် သူ၏မျက်နှာပေါ်တွင် အေးစက်သော အမူအရာတစ်ခု ပေါ်လာသည်၊
"ဒါဆို ခရမ်းရောင်နန်းတော်အထွပ်ထိပ်အဆင့်ပေါ့။ဒီ..သွေးဝတ်စုံဓါးနတ်ဘုရားက တော်တော်လေးပြဿနာရှိနိုင်တယ်။
သို့သော်လည်း သူသည် နန်းတော်သခင်သုံးပါးနှင့် အလင်းနန်းတော်၏ အကာအကွယ် ရတနာများကို တွေးလိုက်သောအခါ၊ သူ၏ စိုးရိမ်ပူပန်မှုများ လုံးဝ ပျောက်ကွယ်သွားသည်။
"ဒါဟာ ထောင်ချောက်ထဲ ရောက်နေတဲ့ သားရဲတစ်ကောင်ရဲ့ နောက်ဆုံးခုခံမှုလေးတစ်ခုပါပဲ"
"အကြီးအကဲ၊ ကျွန်တော်တို့ အခု နန်းတော်ကို ပြန်သင့်လား"
သတိထားတတ်သော စိတ်ဝိဉာဉ်အဆင့်တစ်ဦးက စိုးရိမ်စွာမေးသည်။
"ငါတို့က ယင်စွမ်းအင်နဲ့မွေးဖွားလာတဲ့ယောက်ျားပျိုသုံးရာရဲ့ နှလုံးသားတွေကိုစုဆောင်းရမယ့် တာဝန်ရှိသေးတယ်။ဒါကြောင့်နန်းတော်ကိုအလျင်စလို ပြန်ဖို့မလိုအပ်သေးပါဘူး။"
"မင်းက သွေးဝတ်စုံနတ်ဘုရားကိုစိုးရိမ်နေတာလား။သူက မင်ဘုရင်နန်းတော်တိုက်ပွဲမှာ ရသွားတဲ့ဒဏ်ရာတွေ ကုစားဖို့အချိန်ယူရဦးမှာ။လောလောဆယ် သူပေါ်လာဦးမှာ မဟုတ်ဘူး။ပေါ်လာရင်တောင်မှ သူပုန်းနေတဲ့နေရာကို ဖော်ပြသလိုဖြစ်သွားတာပဲရှိမယ်။ဘာမှတတ်နိုင်မှာမဟုတ်ဘူး။"
မေယန်က ယုတ္တိရှိရှိ ခွဲခြမ်းစိတ်ဖြာပြလိုက်သည်။
ထိုစကားကို ကြားလိုက်သောအခါ၊စိတ်ဝိညာဉ်အဆင့်သည် စိတ်ထဲတွင်မတင်မကျဖြစ်နေသော်လည်း ထိုကိစ္စကို ဆက်လက်မပြောတော့ပေ။
ထိုအချိန်မှာပင် ဝမ်းနည်းဖွယ်ကောင်းသော ဂီတသံတစ်ခုသည် ဖုန်းလင်မြို့၏ ကောင်းကင်ယံ၌ ပဲ့တင်ထပ်လာခဲ့သည်။
စိတ်အေးလက်အေးရှိနေသော မေယန် မျက်မှောင်ကြုတ်သွား၏။
ခရမ်းရောင်နန်းတော်အဆင့်လား။
"ဘယ်က တာအိုမိတ်ဆွေက ဖုန်းလင်မြို့ ကို ရောက်လာပါသလဲ။ ကျွန်တော်ကအလင်းနန်းတော်က မေယန်ပါ"
မေယန်က ကောင်းကင်သို့တတ်သွားပြီးအသံထွက်ပေါ်လာသည့်နေရာသို့ ဦးတည်ပျံသန်းသွားသည်။
သူသည် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူတစ်ဦးက ဆိုနာတီးခတ်နေသည်ကို မြင်လိုက်ရ၏။
သို့သော် အနည်းငယ်မြင့်သောနေရာတွင်ရပ်တန့်နေသည့် သွေးနီရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးကိုပါ မြင်တွေ့လိုက်သောအခါ သူ၏မျက်လုံးများပြုးကျယ်သွားလေသည်။။
"သွေး... သွေးဝတ်စုံဓားနတ်ဘုရား..."
ထိုသူကို မြင်လိုက်ရသည်နှင့် ပြင်းထန်သော အန္တရာယ်ခံစားမှုက သူ့ကို တမုဟုတ်ချင်းလွှမ်းမိုးသွားခဲ့သည်။
ပြေးရမယ်။
မေယန်သည် လုံးဝတုံ့ဆိုင်းမနေဘဲနဲ့ နောက်သို့လှည့်ကာ ထွက်ပြေးလေတော့သည်။
သူက ဒဏ်ရာတွေကုရအုံးမှာမဟုတ်ဘူးလား။ဘာလို့ချက်ချင်းကြီး ရောက်လာတာလဲ။
ယခုအချိန်တွင် သူ့အတွက်ရွေးချယ်စရာမှာထွက်ပြေးရန်တစ်လမ်းထဲသာ ရှိတော့သည်။
ကျိယွမ်က ထိုမြင်ကွင်းကိုကြည့်ကာမျက်မှောင်ကြုတ် သွားသည်။
"ဒါက ဂီတသံနဲ့မတူဘဲ လူတွေကိုကြောက်လန့်စေတဲ့ ရဲကားဥသြသံနဲ့ ပိုပြီးတူနေတယ်လို့ ဘာလို့ခံစားရတာလဲ"
ထားတော့...လူယုတ်မာကို အရင်ရှင်းရမယ်။
ကျိယွမ် သည် သူ၏ကျောမှ ဓားကိုဆွဲထုတ်လိုက်သည်။
"အလင်းနန်းတော်က မရေတွက်နိုင်တဲ့ မကောင်းမှုတွေကိုကျူးလွန်ခဲ့တယ်။"
"ငါသွေးဝတ်စုံဓားနတ်ဘုရားက ကောင်းကင်ရဲ့ကိုယ်စား တရားမျှတမှုကိုဆောင်ရွက်ပေးမယ်။"
စကားသံနှင့်အတူ သူသည် သူ၏မူလနတ်စွမ်းအားဖြစ်သော ဟင်းလင်းပြင်နယ်မြေမှနှလုံးသားနတ်ဆိုးဧကရာဇ် နိုးထခြင်းစွမ်းရည်ကို ဓားမှတဆင့်ထုတ်လွှတ်လိုက်သည်။
အလင်းတန်းအဖြစ် ထွက်ပြေးနေသော မေယန်သည် ရုတ်တရက် ရပ်တန့်သွားလေ၏။
သူသည် နတ်ဆိုးဘုံထဲသို့ ကျရောက်သွားသကဲ့သို့ ဟာခနဲ ခံစားလိုက်ရသည်။
မကောင်းသောစိတ်ဆန္ဒအမျိုးမျိုးက သူ၏ ဝိညာဉ်ကို လွှမ်းမိုးသွားပြီး သွေးရူးသွေးတန်းဖြစ်သွားသည်။
"မဟုတ်ဘူး...အလင်းနန်းတော်ကဖြောင့်မတ်ခြင်းလမ်းစဉ်ရဲ့တရားမျှတတဲ့ခေါင်းဆောင်ပဲ"
"မသိဘူး...သူတို့အားလုံး သေသင့်တယ်။ အကုန် သေသင့်တယ်"
"ငါ့ဆီကို မလာနဲ့"
မေယန်သည် သူ၏စိတ်ကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ဘဲ ချက်ချင်းရူးသွပ်သွားသည်။
တေးဂီတသံကလည်း ပို၍ပြင်းထန်လာခဲ့သည်။
ရွှီရဲ့လီသည် ရူးသွပ်စွာအော်ဟစ်နေသောမေယန်ကို ကြည့်နေရင်းမှ သူ၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပြည့်နေခဲ့သည်။
သွေးဝတ်စုံဓားနတ်ဘုရား၏ မူလနတ်ဘုရားစွမ်းအားသည် ကြောက်မက်ဖွယ် ကောင်းလွန်း၏။
ဒီလောက်ကြောက်စရာကောင်းတဲ့စွမ်းအားမျိုး ရှိနေတာကို ငါလုံးဝမသိခဲ့ပါလား။
သူသည် တူရိယာကိုတီးမှုတ်နေခဲ့သော်လည်း လက်ချောင်းများက မသိမသာတုန်ယင်နေခဲ့သည်။
၎င်းသည် နတ်ဘုရားစွမ်းအား မဟုတ်ပါ။၎င်းသည် သေချာပေါက် နတ်ဆိုးတစ်ပါး၏ သွေးဆောင်မှုတစ်ခုပင်။
"ငါ သူ့ကို ဓားနဲ့ပဲ အဆုံးသတ်ရဦးမယ်ဘယ်လောက်တောင် ပျင်းစရာကောင်းလိုက်သလဲ"
ကျိယွမ်က တွေဝေနေသောမေယန်ကို ကြည့်ရင်း ပျင်းရိစွာမှတ်ချက်ချသည်။
သူ၏ မူလနတ်ဘုရားစွမ်းအားသည် မေယန် အား နှလုံးသားနတ်ဆိုးများဖြင့် ခဏတာ ခံစားစေနိုင်သော်လည်း၊ သူ့ကိုတော့ တကယ်တမ်း မသတ်နိုင်ပေ။
အတွေ့အကြုံရမှတ်လေး ဘာလေးရရင်တော်သေးတယ်။အခုတော့ ဘာမှမရဘဲအဆုံးသတ်ပေးရလိမ့်ဦးမယ်။
ဓားရောင်တစ်ချက်က လင်းလတ်သွားသည်။
အလင်းနန်းတော်၏ ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူတစ်ယောက်သည် ဆိုးရွားစွာ အဆုံးသတ်သွားခဲ့လေသည်။
ကိစ္စတစ်ခုလုံးသည် အလွန်လျင်မြန်စွာ ဖြစ်ပျက်ခဲ့ပြီး အသက်ရှူချိန်သုံးကြိမ်သာ ကြာ၏။
ရွှီရဲ့လီ၏ ခြေထောက်များသည် သူ၏ အနက်ရောင်ဝတ်စုံအောက်တွင် မထိန်းချုပ်နိုင်ဘဲ တုန်ယင်နေခဲ့သည်။
ခရမ်းရောင်နန်းတော်အဆင့်တွေကို သတ်ရတာ ဒီလောက်လွယ်နေပြီလား။
သူတို့ရဲ့ မူလနတ်စွမ်းအားတွေကိုလည်းလျော့နည်းလာအောင်လုပ်စရာမလိုတော့ဘူးပေါ့။
ဓားလေးထုတ်ပြပြီး ၊တစ်ချက်ခုတ်လိုက်တာနဲ့ သေသွားတယ်လား။
သူသည် သွေးဝတ်စုံဓားနတ်ဘုရားကို တိတ်တဆိတ်ကြည့်နေရင်မှ ပို၍ပင်ကြောက်ရွံ့လာခဲ့သည်။
နောက်ဆိုရင် ငါစကားမှားလို့မရတော့ဘူး။သတိကြီးကြီး ထားရမယ်။
"ကောင်းပြီ၊ လူကလည်း သေသွားပြီ။သိုလှောင်အိတ်ကိုလည်း သိမ်းပြီးပြီဆိုတော့ ငါလည်း သွားတော့မယ်။နောက်မှထပ်တွေ့ကြတာပေါ့။"
ကျိယွမ်သည် ရွှီရဲ့လီကို တစ်ချက်လှမ်းကြည့်ပြီးနောက် ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားသည်။
ရွှီရဲ့လီလည်း ထိုနေရာမှ အလျင်အမြန် ထွက်ပြေးခဲ့သည်၊
သူမရှိတော့ရင် ဒီနေရာမှာ ကြာကြာနေလို့မရဘူး။
................
ညသည် ပို၍နက်ရှိုင်းလာပြီး ရွှီထုန်ချန်သည်လည်း နှုတ်ဆက်၍ပြန်သွားခဲ့လေပြီ။
ကျိယွမ်က သတ်ပြင်းချကာ ညည်းညူလိုက်သည်။
"စစ်မှန်နေမင်းမီးတောက်က နားလည်သဘောပေါက်ဖို့ တော်တော်ခက်ခဲတာပဲ။ ငါ့မှာ အခုထိ သဲလွန်စတစ်ခုမှ မရှိသေးဘူး"
သို့သော်လည်း ကျိယွမ်မှာ စိတ်ဓာတ်မကျခဲ့ပေ။
ဝိုင်ကောင်းကောင်းသောက်ချင်လျှင် နှစ်ကြာကြာစောင့်ရ၏။လက်ဖက်ကောင်းကောင်းစားချင်လျှင် ပလောင်တောင်တက်နှေးရမည်မဟုတ်ပါလား။။
ကောင်းသောအရာများသည် အချိန်ယူရတတ်စမြဲပင်။
မီးတောက်ကိုနားလည်ဖို့ ငါစီမံကိန်းတစ်ခုများရေးဆွဲသင့်လား မသိဘူး။
ခဏကြာသောအခါ သူသည်မီးတောက်အကြောင်း စဉ်းစားခြင်းကို ရပ်တန့်လိုက်ပြီး ရှင်းဟွာကျောက်စိမ်းပြား ကို ဖွင့်လိုက်သည်။
သူသည် သူငယ်ချင်းဖြစ်ရန် တောင်းဆိုမှုများ အများအပြား လက်ခံရရှိခဲ့သော်လည်း၊ ၎င်းတို့ထဲမှ တစ်ခုကိုမျှ လက်မခံခဲ့ပေ။
ယင်းအစား သူသည် ဖိုရမ်တွင် နောက်ထပ် ပိုစ့်တစ်ခု တင်ခဲ့သည်။
"အပြင်းပြေ ခရမ်းရောင်နန်းတော်အဆင့်တစ်ယောက်ကို သတ်လိုက်တယ်။အားလုံးလည်းပျော်ရွှင်ကြမယ်လို့ ထင်ပါတယ်။"
ထို့နောက် သူသည် သူ၏အဓိကအကောင့်ထဲသို့ ဝင်လိုက်၏။
"ဆိုးသွမ်းအင်မော်တယ်၊ မင်းဘယ်လောက်ကြာမှရောက်မှာလဲ။"
"ငါလမ်းမှာပဲရှိသေးတယ်။ပြဿနာ နည်းနည်းတွေ့နေလို့ ၊၁၀ရက် အတွင်းမှာရောက်ပါမယ်"
"အမြန်လာပါ။ ငါ ဗဟုသုတရှာလို့ရအောင် မင်းက ပါရမီရှင်တွေနဲ့မိတ်ဆက်ပေးမယ့်နေ့ကိုစောင့်နေတာ။ဒါနဲ့..ငါကဆင်းရဲတဲ့နေရာက လာတာဆိုတော့ သူတို့များငါ့ကို အထင်သေးနေမလားမသိဘူး။
"မူလနတ်ဘုရား ၊ မင်းကဘယ်သူဘယ်ဝါဖြစ်ကြောင်းကို လုံးဝဖော်ပြလို့မရဘူးနော်။"
ဆိုးသွမ်းအင်မော်တယ်သည် ကျိယွမ်က ဂုဏ်ယူချင်စိတ်ကြောင့် သူ့ကိုယ်သူဖော်ပြလိုက်မည်ကို အလွန်စိုးရိမ်နေခဲ့သည်။
သူ့ စိတ်ကပြောလို့ရတာ မဟုတ်ဘူး။လူ အထင်ကြီးရင်ပြီးရော အလွန်အကျွံတွေတောင်မှ အကုန်လျှောက်ပြောနေတတ်တာ။
မူလနတ်ဘုရား ပုံစံအမှန်ကိုသာသိသွားပါက
ဟုန်တုသည် ထိုသူအား သေချာပေါက် ဖမ်းဆီးလိမ့်မည် ဖြစ်သည်။
"မင်း ပြောတာလည်း မှန်ပါတယ်"
ကျိယွမ်က အနည်းငယ်စဉ်းစားပြီးနောက် ဆိုးသွမ်းအင်မော်တယ်ပြောသည်ကို လက်ခံလိုက်သည်။
သို့သော် သူကသက်ပြင်းချကာ တစ်ယောက်တည်း ညည်းညူလိုက်သည်။
"ငါလို ဆင်းရဲသားတစ်ယောက်က ချမ်းသာသလိုဟန်ဆောင်ပြီးမှ ပွဲတော်မှာအမျိုးသမီး ပါရမီရှင်တစ်ချို့နဲ့ ဘတွေ့ဆုံခဲ့ရင်၊ ငါက တကယ်တမ်း ဆင်းရဲတဲ့နောက်ခံကလာတာကို သူတို့ သိသွားရင် ဘယ်လိုလုပ်မလဲ"
----------------------