← Chapters

စစ်မှန်မဟာဉာဏ်ပညာရှိ

Vol. 12 Ch. 153

စစ်မှန်မဟာဉာဏ်ပညာရှိ

Vol. 12 Ch. 153

ရှင်းဟွာအဖွဲ့၏ဖိုရမ်သည် အထူးတိတ်ဆိတ်လျှက်ရှိသည်။

ဖိုရမ်တစ်ခုလုံးလိုလိုကို ဝမ်းနည်းအောက်မေ့ဖွယ်ပိုစ့်များက လွှမ်းမိုးထားသည်။

"သွေးဓားနတ်ဘုရားအတွက် အသက်ရှုချိန်သုံးဆယ်ခန့် တိတ်ဆိတ်ငြိမ်သက်ကာ ဝမ်းနည်းကြေကွဲခြင်း "

"သွေးဝတ်စုံဓားနတ်ဘုရား ပျောက်ကွယ်သွားသော်လည်း သူ၏ ရဲဝံ့သောစိတ်ဓာတ်က ကျန်ရစ်သည်"

"အတိတ်ကို ပြန်အမှတ်ရခြင်း- ကျွန်တော် ကလေးဘဝက သွေးဝတ်စုံဓားနတ်ဘုရားက ကျွန်တော့်ကို တစ်ကြိမ် ပွေ့ချီဖူးသည်..."

"ဤလောကတွင် စစ်မှန်သော ချစ်ခြင်းမေတ္တာ ရှိသည် ၊ ဓားနတ်ဘုရားသေဆုံးခြင်းအတွက် ကျွန်တော်ကာမဆန္ဒကို သုံးရက်တိတိ စွန့်လွှတ်သည်"

ရှင်းဟွာကျောက်စိမ်းပြားထဲသို့ ပျော်ရွှင်စွာဝင်ရောက်လိုက်သော ကျိယွမ်သည် ထိုပို့စ်များကို မြင်သောအခါ မျက်လုံးပြူးသွား၏။

"ငါ မသေသေးဘူးကွ၊ မင်းတို့က အခုကတည်းက ငါ့ကို စျာပနတွေလုပ်ပေးနေကြတာလား"

ကျိယွမ်သည် ဘာပြောရမှန်း မသိအောင်ပင် ဖြစ်သွားရသည်။

သူတို့သည် အလင်းနန်းတော်နှင့် သူ၏တိုက်ပွဲ၌ သူသည်ရှုံးနိမ့်ပြီး သေဆုံးသွားသည်ဟုယူဆကာ ဤပို့စ်များကို ရေးသားကြခြင်း ဖြစ်နိုင်သည်။

ဒါကြောင့်ဆိုရင်တော့ နားလည်ပေးလို့ရပါတယ်။

သူက ခဏမျှစဉ်းစားပြီးနောက် သွေးဝတ်စုံ ဓားနတ်ဘုရား အကောင့်ကို အသုံးပြု၍ ပို့စ်တစ်ခု တင်ရန် ဆုံးဖြတ်လိုက်သည်။

"ငါ၊ သွေးဝတ်စုံဓားနတ်ဘုရား သတင်းကောင်းယူဆောင်လာပြီ"

"အလင်းနန်းတော်သည် ပျက်စီးသွားပြီဖြစ်ပြီး တရားမျှတမှုသည် နောက်ဆုံးတွင် မကောင်းမှုအပေါ်တွင် အောင်ပွဲခံနိုင်ခဲ့သည်"

ယခုအချိန်တွင် သွေးဝတ်စုံဓားနတ်ဘုရားဟူသောအမည်သည် လူပြောများနေသော အကြောင်းအရာ ဖြစ်နေ၏။

ထို့ကြောင့် လူအများအာရုံစိုက်စေရန်အတွက် သူ၏ပို့စ်ခေါင်းစဉ်ကို သူ၏အမည် တပ်လိုက်သည်။

ဆယ်လီတစ်ယောက်၏ပို့စ်ဟု မပြောရပေ။ပိုစ့်တက်လာသည်နှင့် ချက်ချင်းဆိုသလိုတုံ့ပြန်မှုများ ရရှိလာ၏။

"သွေးဝတ်စုံဓားနတ်ဘုရားက အသက်ရှင်နေသေးလား"

"အလင်းနန်းတော် ပျက်စီးသွားပြီလား"

"ဒီနေ့ နေလုံးကြီးပြုတ်ကျသွားတာမြင်ပြီး ငါ့အာရုံတွေ ဖောက်ပြန်ကုန်ပြီ "

"ထင်ယောင်ထင်မှားတွေ..."

"မဟုတ်ဘူး ဒါက အတုအယောင် သွေးဝတ်စုံဓားနတ်ဘုရားများ ဖြစ်လိမ့်မယ်"

သွေးဝတ်စုံဓားနတ်ဘုရားမှ ပို့စ်တင်ခဲ့ခြင်းကြောင့် ဖိုရမ်တစ်ခုလုံး ပေါက်ကွဲသွားသည်။

ရှင်ဟွာအဖွဲ့သားများက ကွေးယွန်တိုက်ကြီးတစ်ခုထဲတွင်သာရှိသည်မဟုတ်ဘဲ ကန်းလန်နယ်မြေကြီးထဲမှ တိုက်ကြီးများအားလုံးတွင် ရှိနေကြသည်။ သွေးဝတ်ဓားနတ်ဘုရားက အလင်းနန်းတော်ကို ဖျက်ဆီးလိုက်သည့် သတင်းသည် အချို့သူတို့ထံသို့ မရောက်ရှိသေးပေ။ထို့ကြောင့် ထိုကိစ္စကို မသိသေးသော လူများစွာ ကျန်နေခြင်းပင်။

သူတို့၏ အမြင်အရ၊ ယင်းနတ်ဘုရားတစ်ပါးက ကျောထောက်နောက်ခံပြုထားသည့် အလင်းနန်းတော်နှင့် တိုက်ပွဲတွင် သွေးဝတ်စုံဓားနတ်ဘုရားသည် သေချာပေါက် သေဆုံးလိမ့်မည်။အားလုံးကစိတ်မကောင်းသော်လည်း ဘာမှမတတ်နိုင်ဘဲ သတင်းဆိုးကို ထိုင်စောင့်နေကြရ၏။

သို့သော် ယခု သွေးဝတ်စုံနတ်ဘုရားက မသေသည့်အပြင် အောင်ပွဲခံနေသောအခါ သူတို့ မအံ့ဘဲမနေနိုင်ကြတော့ပါ။

"အကြီးအကဲ.. ရှင်အောင်နိုင်မယ်ဆိုတာ ကျွန်မ သိပါတယ်"

မြေခွေးလိုဏ်ဂူမှလီလေးသည် သူမ ယခင်ကတင်ထားသော ဓားနတ်ဘုရား အတွက် ဝမ်းနည်းပူဆွေးသည့် ပို့စ်ကို ခိုးဖျက်လိုက်ပြီး အလျင်အမြန် တုံ့ပြန်လိုက်၏။

ထိုနောက် ဖိုရမ်တစ်ခုလုံး ထင်မြင်ချက်အမျိုးမျိုးဖြင့် ပြည့်နှက်နေပြီး အများစုက ပျော်ရွှင်နေကြသည်။

အပြင်လောကတွင်လည်း သွေးဝတ်စုံဓားနတ်ဘုရားက အလင်းနန်းတော်ကို ဖျက်ဆီးလိုက်သည့် သတင်းသည် ကွေးယွန်တိုက်ကြီးတစ်ဝှမ်းလုံး၌ ဖြည်းဖြည်းချင်း ပျံ့နှံ့နေလေပြီ။

"အကြီးအကဲ သိချင်လွန်းလို့ မေးပါရစေ ... ဘယ်လို အနိုင်ရခဲ့တာလဲ"

တစ်စုံတစ်ဦးက မေးလိုက်၏။

လူအများအပြားကလည်း ထိုကိစ္စကို သိချင်နေကြရာ စူးစမ်းလိုစိတ်များ ဖြစ်ပေါ်နေကြသည်။

သွေးဝတ်စုံဓားနတ်ဘုရားက အလင်းနန်းတော်ကို ဘယ်လိုများအနိုင်ယူခဲ့တာပါလိမ့်။

ခရမ်းရောင်နန်းတွေအဆင့်များက ထိုမေးခွန်းကို အသိချင်ဆုံးဖြစ်နေကြသည်။

"အဲဒီတုန်းက အလင်းနန်းတော်က ယင်နတ်ဘုရားရတနာ နဂါးသရဖူကို သုံးခဲ့ပြီး နန်းတော်သခင်ကြီးက နတ်ဘုရား လက်ချောင်းကို ထုတ်ဖော်ခဲ့တယ်။လက်ချောင်းတစ်ချောင်းကတင် တိုင်းပြည်တစ်ခုကို ချေမွနိုင်တယ်။ငါကတော့ သေတော့မှာပဲလို့ ထင်လိုက်မိတာပေါ့ ၊ အရမ်းအားငယ်စိတ်တွေ ဝင်လာတာ "

ဖတ်နေသူများက ဧရာမလက်ချောင်းကြီးနှင့် သွေးဝတ်စုံဓားနတ်ဘုရား၏ အားငယ်နေသောမျက်နှာကို မြင်မိကြသည်။

ကျိယွမ်က ဆက်လှိမ့်နေ၏။

" ဒါပေမဲ့ ရုတ်တရက် ငါ့ကို ထောက်ခံပေးနေကြတဲ့ မရေမတွက်နိုင်တဲ့ လူတွေကို သတိရသွားတယ်။ငါသေလို့မဖြစ်သေးဘူးဆိုပြီး ရှင်ဟွာအဖွဲ့ထဲက အကြီးအကဲတွေကိုအမြန်ဆက်သွယ်ပြီး မသေမျိုးဆေးလုံးအမြုတေ၊ ကိုးလုံးဆင့်အမြုတေ၊ အသင်္ချေအမြုတေတွေအပြင် ကြယ်တာရာအမြုတေ

တွေကို ငှားလိုက်တယ်"

"မရေတွက်နိုင်တဲ့အမြုတေတွေရဲ့အစွမ်းနဲ့

နေမင်းကို ဆင့်ခေါ်ပြီး အလင်းနန်းတော်ကို ဖျက်ဆီးပစ်လိုက်တာပဲ။"

ကျိယွမ်က အမှန်တရားကို ချဲ့ကားထားသောစိတ်ကူးယဥ်ဇာတ်လမ်းများနှင့် ရောချကာ ဇာတ်လမ်းဆင်ပေးလ်ုက်သည်။

လက်ရှိတွင် သူသည် အမြုတေအဆင့်သာရှိသေးသလို ပြီးပြည့်စုံသောကောင်ကင်းဘုံတာအိုအုတ်မြစ်ကိုလည်း အပြည့်အဝအသုံးမပြုနိုင်သေးသောကြောင့် သူ၏စစ်မှန်သောခွန်အားကို လျှော့ပြောကာ ဖုံးကွယ်ထားရမည်ဖြစ်သည်။

သူ၏အဖြေအား ဖတ်ရှုနေသူတိုင်း အံ့အားသင့်သွားကြသည်။

သူတို့က ယခုလို ဘူးလုံးနားမထွင်း ဖြေလိမ့်မည်ဟု ထင်မထားခဲ့ချေ။ အဖြေအရ တိုက်ပွဲသည် သွေးဝတ်စုံဓားနတ်ဘုရား၏ ခွန်အားကြောင့် အနိုင်ရခဲ့ခြင်းဟုတ်ပုံမရချေ။

"အဲဒါဆိုရင်..ကောင်းကင်ပေါ်က နေမင်းကို အကြီးအကဲတွေက ဆင့်ခေါ်ခဲ့တာလား"

"အဲဒီလိုလုပ်လို့ရတာလား"

"နေမင်းနဲ့သူတို့က တစ်ခုခုဆက်သွယ်ချက်မရှိဘူးမှတ်လား"

အချို့က တိတ်ဆိတ်နေကြပြီး အချို့က သံသယဝင်နေကြသည်။

အချို့ကတော့ နောက်ပြောင်သံဖြင့် ဆက်လက်အားပေးနေကြ၏။

"ဟုတ်ပါတယ်၊ အမှန်ပါပဲ။ငါက ရှင်းဟွာအကြီးအကဲတွေကြားမှာဆိုရင်တော့ သာမန်ပါပဲ။ အကြီးအကဲတစ်ယောက်ရဲ့ ကြယ်တာရာအမြုတေကိုသာ မငှားပေးခဲ့ရင် အသက်ရှင်သန်နိုင်မှာတောင် မဟုတ်ဘူး"

ကျိယွမ်က ရိုးသားသလို ပြန်ဖြေလိုက်၏။

ငါ့ပစ္စည်းငါသုံးတာ ငါကြိုက်သလိုခေါင်းစဥ်တပ်လို့ရတယ်။ချေးတယ်ပဲပြောပြော ခိုးတယ်ပဲပြောပြော ငါ့သဘော။

ထိုအခိုက်အရှေ့ပိုင်းဒေသ၏ ဂူတစ်ခုအတွင်း၌ ရွှေရောင်ဝတ်စုံဝတ်ထားသော အမျိုးသားတစ်ဦးသည် ကျောက်စိမ်းပြားတစ်ခုကို တိတ်ဆိတ်စွာ ကြည့်နေ၏။

သူသည် သွေးဝတ်စုံဓားနတ်ဘုရားနှင့် အလင်းနန်းတော်တို့၏တိုက်ပွဲကို အချိန်တစ်ခုအထိ ကြည့်ရှုခဲ့ပြီး ဓားနတ်ဘုရားရှုံးနိမ့်သွားလိမ့်မည်ဟုခန့်မှန်းပြီးနောက် ထွက်ခွာသွားခဲ့သည်။

သူသည် တိုက်ပွဲ၏ နောက်တစ်ဝက်ကို မမြင်ခဲ့ရသဖြင့် အခြေအနေက မည်သို့ ပြောင်းပြန်ဖြစ်သွားခဲ့သည်ကို မသိရှိခဲ့ရပေ။

သူ၏ဘေးတွင်ရှိနေသော ဆံပင်ဖြူ အကြီးအကဲက တိုးတိုးမေးလိုက်၏။

"ဘယ်လိုလဲ သူပြောတာ အမှန်ပဲလား"

ရွှေရောင်ဝတ်စုံအမျိုးသားက သူမြင်ခဲ့ရသည့် သွေးရောင်ပုံရိပ်ကို သတိရပြီး ဖြည်းဖြည်းချင်း ပြန်ဖြေသည်။

"သူ့ပတ်ပတ်လည်မှာ ကြီးမားတဲ့ သွေးစွမ်းအင်တွေ ဝန်းရံနေတယ်၊ သူက လူသားကျင့်ကြံသူဆိုတာထက် သန်းပေါင်းများစွာကို သတ်ဖြတ်ခဲ့တဲ့ အင်အားကြီးတဲ့ နတ်ဆိုးတစ်ပါး ဖြစ်နိုင်တယ်။ အဝေးကနေ ကြည့်နေတာတောင် သူ့ဆီမှာ နတ်ဘုရားအရှိန်အဝါကို မတွေ့ရဘူး၊ ဒါကြောင့် သူက ယင်နတ်ဘုရားတော့မဖြစ်နိုင်ဘူး။"

"ဒါပေမဲ့...နေမင်းကို ဆင့်ခေါ်တာက၊ .. ဒါက တော့ အရမ်းကြောက်စရာကောင်းလွန်းတယ် မဟုတ်လား"

"ငါတို့ကန်းလန်နယ်မြေမှာ၊ အဲဒီ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးအပြင်၊ ဘယ်သူကများ နတ်ဘုရားရာထူးကို တက်လှမ်းပြီး နယ်ပယ်အားလုံးကို လင်းလက်စေနိုင်ဦးမလဲ"

ထိုပုဂ္ဂိုလ်ဟူသော စကားလုံးကိုဖော်ပြသည့်အခါ ရွှေရောင်ဝတ်စုံအမျိုးသား၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများ အပြည့်ပါဝင်နေ၏။

သူသည် ထိုပုဂ္ဂိုလ်၏ အမည်ကိုပင် မပြောရဲချေ။

အကြီးအကဲသည် သူ၏စကားကို ကြားသောအခါ သူ၏နှလုံးသားပေါ်၌ ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုကို ခံစားလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် ထိုပုဂ္ဂိုလ်... အကြောင်းကို သူတို့အဆင့်လေးများဖြင့် မပြောသင့်သောကြောင့်ပင်။

ရွှေရောင်ဝတ်စုံက သူ၏ထင်မြင်ချက်ကို ထုတ်ဖော်သည်။

"သူက နေမင်းကိုဆင့်ခေါ်တယ်ဆိုတာကို ယုံကြည်မယ့်အစား၊ သူ့ကို တစ်စုံတစ်ယောက်က ကူညီခဲ့တယ်လို့ ပိုပြီး ယုံကြည်တယ်။သူက အပူဇော်ခံယဲ့ချုံရဲ့ သံတမန်ကိုသတ်တုန်းက ဖုန်းကျွင်းဆိုတဲ့ နာမည်ကို ဖော်ပြခဲ့သေးတယ်။"

"ဖုန်းကျွင်းသာ ဖြစ်မယ်ဆိုရင်... ဒါက အဓိပ္ပာယ်ရှိသွားပြီ။ ဒါပေမဲ့...စဥ်းစားမရဘူး၊ မဟာကပ်ဘေးဆိုးကြီး နီးကပ်လာနေပြီဆိုတော့ ယင်းနတ်ဘုရားအားလုံးက သူတို့ရဲ့ စွမ်းအင်တွေကို ချွေတာနေကြပြီး ဖြစ်နိုင်ရင် တိုက်ပွဲသေးသေးလေးတွေကိုတောင် ရှောင်ရှားနေတာလေ ၊ ဒီလိုနေရင်းက ဖုန်းကျွင်းက ဘာကြောင့် ဝင်ရောက်စွက်ဖက်ရတာလဲ"

ဆံဖြူအကြီးအကဲကတော့ ဖုန်းကျွင်းကဝင်ရောက်ကူညီခဲ့သည်ဟူသော အယူအဆကို ယုံကြည်ဟန်မရပေ။

"ကျွန်တော်ကတော့ သွေးဝတ်စုံဓားနတ်ဘုရား က နေမင်းကို ဆင့်ခေါ်ခဲ့တယ်ဆိုတာထက် ကပ်စေးနဲတဲ့ အဖိုးကြီးဖုန်ကျွင်း ဝင်ရောက်လာခဲ့တယ်လို့ပဲ ပိုယုံကြည်တယ်"

အကြီးအကဲခေါင်းယမ်းလေ၏။ သူသည် တာအိုဗေဒနန်းတော်၏ ရှေးအကျဆုံး အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဖုန်ကျွင်းနှင့်လူငယ်ဘဝကတည်းက သိခဲ့ကြသည်။

ဖုန်ကျွင်းက ယင်နတ်ဘုရား ဖြစ်သွားခဲ့ပြီး သူကတော့ ခရမ်းရောင်နန်းတော်အထွတ်အထိပ်အဆင့်၌ သူ၏တာအိုကို ရှာဖွေနေဆဲပင်။

ထို့ကြောင့် သူသည် ဖုန်ကျွင်း၏ စရိုက်ကို ကောင်းစွာ သိလေ၏။

"မင်းပြန်လာတာ စောသွားတယ်၊သွေးဝတ်စုံဓားနတ်ဘုရားလ်ု အင်အားကြီး ပုဂ္ဂိုလ်ကို ငါတို့နန်းတော်ထဲ ခေါ်ယူသင့်တာ။သူ့ရဲ့ စွမ်းအားက ဝူထျန်းအဖိုးအိုထက်တောင် သာနိုင်တယ်"

ဆံပင်ဖြူ အကြီးအကဲက သက်ပြင်းချကာ မှတ်ချက်ပြုသည်။

ဝူထျန်းအဖိုးအိုသည်လည်း တာအိုဗေဒနန်းတော်၏ ထိပ်တန်းကျင့်ကြံသူများထဲမှ တစ်ဦး ဖြစ်လေ၏။

"ဒီတစ်ခါ သူ အသက်ရှင်ကျန်ရစ်ခဲ့ပေမဲ့ အပူဇော်ခံယဲ့ချုံကို လုံးဝ စိတ်ဆိုးအောင် လုပ်မိသွားပြီ၊ ဒါကြောင့် သူက အသက်ရှည်ရှည် နေရတော့မှာ မဟုတ်ဘူး"

ရွှေရောင်ဝတ်စုံအမျိုးသားက ခေါ်နေလည်းမထူးတော့ကြောင်း ထောက်ပြသည်။

"သူက အလင်းနန်းတော်ကိုတောင်ဖျက်ဆီးနိုင်သေးတာပဲလ အပူဇော်ခံယဲ့ချုံဘာလို့ မသတ်နိုင်ရမှာလဲ"

ဆံပင်ဖြူအကြီးအကဲကို ရွှေရောင်ဝတ်စုံအမျိုးသားက စိုက်ကြည့်လိုက်ပြီး ခေါင်းခါသည်။

"အလင်းနန်းတော်မှာ ပျက်စီးနေတဲ့ ယင်နတ်ဘုရားရဲ့လက်နက်ပဲ ရှိခဲ့တာ။ အဲဒါက တကယ့်စစ်မှန်တဲ့ အပူဇော်ခံယဲ့ချုံနဲ့ ဘယ်လို နှိုင်းယှဉ်နိုင်မှာလဲ"

"ဘယ်သိနိုင်မလဲ ၊ အလင်းနန်းတော်ကို အလွယ်တကူ ဖျက်ဆီးနိုင်တဲ့သူက ယဲ့ချုံ ကိုလည်း သတ်ချင်သတ်နိုင်နေမှာပေါ့"

အကြီးအကဲက နောင်တရနေသလို ပြုံး၏။

"ကံမကောင်းတာက လောလောဆယ် ငါကထွက်သွားလို့ မရဘူး။ မဟုတ်ရင် သွေးဝတ်စုံဓားနတ်ဘုရားနဲ့ တွေ့ဆုံချင်ပါသေးတယ်"

ရွှေရောင်ဝတ်စုံအမျိုးသားကတော့ ဆံဖြူအကြီးအကဲအား ဘာမှဆက်မပြောတော့ပါ။

အဘိုးကြီးတွေက တော်တော်တယူသန်တာပဲဟုသာ တွေးမိနေ၏။

ထိုအချိန်တွင် ဖိုရမ်ထဲတွင် ကျိယွမ်သည် အခြားသူများ၏ချီးမွမ်းခြင်းကို ခံယူနေရပြီး သူ့ကိုယ်သူ အတော်လေး ကျေနပ်နေသည်။

ထိုအခိုက်မှတ်ချက်တစ်ခုက သူ၏မျက်စိကို ဖမ်းစားလိုက်သည်။

"သွေးဝတ်စုံဓားနတ်ဘုရား၊ ခင်ဗျား အလင်းနန်းတော်ကို သွားရာလမ်းမှာ အပူဇော်ခံယဲ့ချုံရဲ့ တမန်တော်ကို သတ်ခဲ့တယ်လို့ ကြားရပါတယ်"

"ဟုတ်တယ်၊ ငါ သတ်ခဲ့တာ"

ကျိယွမ်က ချက်ချင်းပြန်ဖြေသည်။

သို့သော် ဖိုရမ်ထဲရှိ အချို့သောသူများသည် ယဲ့ချုံကမည်သူဖြစ်သည်ကို မသိသောကြောင့် စိတ်ရှုပ်ထွေးနေကြ၏။

သိသောသူများကတော့ ထိတ်လန့်သွားကြလေသည်။

"ဝိုး....ယင်နတ်ဘုရားရဲ့သံတမန်ကိုတောင် သတ်ရဲတယ်။ အကြီးအကဲ ရှင်ကတော်တော် ရဲရင့်တာပဲ"

"အကြီးအကဲ အရှေ့ပိုင်းဒေသကြီးကနေ အမြန်ဆုံး ထွက်ခွာသင့်တယ်"

ပို့စ်ကို လိုက်ပါဖတ်ရှုနေသော ကျင့်ကြံသူသူများအားလုံး ထိတ်လန့်သွားကြသည်။

မြေခွေးလိုဏ်ဂူမှလီလေးသည် ပို့စ်ကို စိုက်ကြည့်ရင်း အံ့အားသင့်နေ၏။

ယခုလေးတင် သူမသည် သွေးဝတ်စုံဓားနတ်ဘုရားနှင့်အတူ ရန်သူမှန်သမျှကို အနိုင်ယူမည်ဟု ပို့စ်တွင်မှတ်ချက်ပေးခဲ့သည်မဟုတ်ပါလား။

သို့သော် ထိုရန်သူသည် ယင်နတ်ဘုရား တစ်ပါးဖြစ်ကြောင်း မည်သူမျှ သူမအား မပြောခဲ့ပါ။

သူမသည် စိတ်ရူးပေါက်ပြီး သူမ၏ ဆံပင်များကို ဆွဲဆုတ်ကာ ငိုလိုက်မိတော့သည်။

"တော်ပြီ ၊ ရှင့်ပိုစ်ကို နောက်တစ်ခါ ဘယ်တော့မှ ပြန်မပြောတော့ဘူး"

သို့သော် သူမသည် သွေးဝတ်စုံဓားနတ်ဘုရားနှင့် မည်သို့ ရင်းနှီးခဲ့ပြီး အခြားသူများက သူမကို ယခုအခါ လီလေးဟုမခေါ်ဝံ့တော့ဘဲ လီမမဟု ခေါ်ပုံတို့ကို စဉ်းစားပြီးနောက် အငိုတိတ်သွားလေသည်။

ကျိယွမ်ကတော့ မှတ်ချက်များကို ကြည့်ပြီး ပေါ့ပေ့ါပါးပါး ပြန်ဖြေလိုက်၏။

"သူ့ရဲ့ တမန်တော်က ငါ့ကို သတ်မယ်လို့ ခြိမ်းခြောက်ခဲ့တာ၊ ဒါကြောင့် ငါက အရင် တိုက်ခိုက်လိုက်ရတာပဲ။ အပူဇော်ခံ ယဲ့ချုံကလည်း သူ့သံတမန်လိုပဲ အမြင်မရှိဘူးဆိုရင်တော့ နေမင်းကဘာကြောင့် ဒီလောက် နီရဲနေရတယ်ဆိုတာ သူ့ကို ပြသရလိမ့်မယ်"

အငိုတိတ်သွားသော လီလေးသည် ထိုအဖြေကိုမြင်သောအခါ မျက်ရည်များပြန်ကျလာတော့သည်။

အခြားသူများမှာလည်း ထိုအဖြေကြောင့်

လုံးဝ အံ့အားသင့်သွားကြပြီး အချို့က ဆက်မပြောတော့ဘဲ အသာလစ်ထွက်ကုန်၏။

ယင်နတ်ဘုရား၏တမန်တော်ကို သတ်ခြင်းက သူ့ကို စိတ်ဆိုးစေခဲ့ရုံမျှသာရှိပြီး ဤစကားများကတော့ ပွင့်ပွင့်လင်းလင်း စိန်ခေါ်လိုက်ခြင်းပင် မဟုတ်ပါလား။

"စီနီယာက အရမ်းကြမ်းတာပဲ"

"စီနီယာ၊ ဘေးကင်းပါစေ"

ထိုမျှသာ အကြောင်းပြန်ကြပြီး လစ်ထွက်ကုန်ကြလေ၏။

ကျိယွမ်သည် မှတ်ချက်များနည်းသွားသောကြောင့် နောက်ထပ် အကောင့်တစ်ခုပြောင်းကာ ဧကရာဇ်လေးပါး စကားပြောအဖွဲ့သို့ ဝင်ရောက်လိုက်သည်။

"ငါ့မှာ သတင်းကောင်း ရှိတယ် 'အလင်းနန်းတော်ဖျက်ဆီးရေး ရက်တစ်ရာ စီမံကိန်း' ကို သတ်မှတ်ထားတဲ့ အချိန်ထက် စောပြီး အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီ"

"မူလနတ်ဘုရား ၊ အံ့သြစရာပဲ"

"ငါ ပြောခဲ့တယ်လေ၊ မူလနတ်ဘုရားက သာမန်လူ မဟုတ်ဘူးလို့။"

ဆိုးသွမ်းအင်မော်တယ်နှင့်ရေခဲတောင်သခင်မက ကျိယွမ်အားလှိုက်လှ်ုက်လှဲလှဲချီးမွမ်းကြသည်။

သို့သော် ချီးမွမ်းသူက လူမစုံသဖြင့် ကျိယွမ်က မေးလိုက်မိသည်။

"မီးလျှံဧကရာဇ် ဘယ်မှာလဲ"

ဤမျှကြီးမားသော အောင်မြင်မှုကို တစ်ယောက်မကျန်ချီးမွမ်းသင့်၏။

"သူ ခုနကတော့ ဒီမှာ ရှိနေခဲ့တာ၊ ဒါပေမဲ့ သူ့ အဘိုးကြီးက သူ့ကိုရှာနေတယ်လို့ ပြောပြီး ထပ်မပေါ်လာတော့ဘူး။ အရေးကြီးတဲ့ ကိစ္စ တစ်ခုခု ပေါ်လာပုံရတယ်"

"ငါ့ရဲ့ အတွေ့အကြုံအရ၊ သူက သူ့ အဘိုးကြီးကိုစိတ်ဆိုးအောင် လုပ်မိပြီး အပြစ်ပေး ခံရတာ ဖြစ်နိုင်တယ်။"

"အင်း ငါသဘောပေါက်ပြီ"

ကျိယွမ်သည် အမာခံပရိတ်သတ်တစ်ယောက် လျော့နေသဖြင့် အနည်းငယ် စိတ်ပျက်မိသည်။

"မူလနတ်ဘုရား၊ ငါ့ရဲ့ ညီအစ်မတွေဟာ နင့်ကြောင့် ဝိညာဉ်ကျောက်တုံးဆယ်သန်းနီးပါး ရခဲ့ကြတယ်။ သူတို့ အားလုံးက နင့်ကို ကျေးဇူးတင်စကား ပြောဖို့ လူကိုယ်တိုင် တွေ့ချင်နေကြတယ်တဲ့"

ရေခဲတောင်သခင်က သူ၏ညီအစ်မများတောင်းဆိုထားသည်ကို ပြောလာ၏။

"တွေ့ဆုံဖို့ မလိုပါဘူး၊ ဒါက သေးငယ်တဲ့ ကိစ္စပါ"

"သူတို့နဲ့ မတွေ့ဖို့ ဆုံးဖြတ်တာ မှန်တယ်။ အဲဒီ မြေခွေးမတွေက နင့်ကို မြင်ရင် နင့်အဝတ်တွေကို ဆုတ်ဖြဲပစ်ကြမှာ သေချာတယ်"

ရေခဲတောင်သခင်မ က သူမ၏ပုံစံအတိုင်းပွင့်ပွင့်လင်းလင်း မှတ်ချက်ချသည်။

ဆိုးသွမ်းအင်မော်တယ်က ထိုမြင်ကွင်းကို မနေနိုင်ဘဲတွေးမိသွားကာ တံတွေး မျိုချလိုက်သည်။

သူသည်လည်း နတ်သမီးညီအစ်မများမှ သူ့အဝတ်များကို ဆုတ်ဖြဲပစ်စေချင်ပါသည်။

"ငါ့ရဲ့ ညီမတစ်ယောက်က သံစဥ်ခုနှစိပါးစံအိမ်ကို ပိုင်ဆိုင်တယ်။ သူကနင့်ကို ဘယ်အချိန်မဆို သူ့ရဲ့စံအိမ်မှာ အခမဲ့ ပျော်ပါးနိုင်တယ်လို့ ကမ်းလှမ်းလိုက်တယ်"

"သံစဥ်ခုနှစ်ပါးစံအိမ်လား"

ဆိုးသွမ်းအင်မော်တယ်သည် မနာလိုစိတ်ဖြင့် သရေတတောက်တောက် ကျသွား၏။

အဲဒါက တိမ်တိုက်စံအိမ်ထက် အများကြီးကျော်ကြားတဲ့နေရာလေ၊ မူလနတ်ဘုရားက

အချိန်မရွေး အခမဲ့ပျော်လို့ရတယ်တဲ့လား။

ဆိုးသွမ်းအင်မော်တယ်က ကြိတ်မနိုင်ခဲမရဖြင့် တောက်တခေါက်ခေါက် ဖြစ်နေရသည်။

ငါသာဆိုလို့ကတော့ကွာ..။

"ကျွန်တော်က ဒါမျိုးတွေ မလိုအပ်ပါဘူး။ ကျွန်တော် အလိုအပ်ဆုံးက ကျင့်ကြံရေးနည်းစနစ်တွေပါ ၊ များလေ ကောင်းလေ၊ အဆင့်အတန်း မြင့်မားလေ ကောင်းလေပါပဲ"

ကျိယွမ်က ငြင်းဆိုလိုက်သည်။

သူသည် အခမဲ့ ရရှိသော အရာများကို စိတ်မဝင်စားပါ၊ကျင့်ကြံရေးနည်းစနစ်များသာ သူ့အတွက် အရေးကြီးလေ၏။

မူလက သူသည် အလင်းနန်းတော် အကြီးအကဲများထံမှ များစွာမျှော်လင့်ခဲ့သော်လည်း... သူတို့သည် အလွန် အားနည်းလွန်းပြီး နေပူဆာလှုံခိုင်းရုံဖြင့် လုံးဝပျောက်ကွယ်သွားခဲ့ကြသည်။

၎င်းတို့သည် နည်းစနစ်များ သို့မဟုတ် ရတနာများကို ချန်မထားခဲ့ကြပေ။

အလင်းနန်းတော်ဌာနချုပ်ကိုလည်း ယင်နတ်ဘုရားက ဟင်းလင်းပြင်နယ်မြေထဲသို့ ဆွဲယူသွားခဲ့သောကြောင့် ပြာကျသွားပြီး ဘာမျှ မကျန်ခဲ့ပြန်ပါ။

သူ၏မျှော်လင့်ခြင်းလမင်းများအားလုံးက ပြာဖြစ်ကုန်သောကြောင့် ကျိယွမ်သည် နည်းစနစ်များကို အခြားနေရာတွင် ရှာဖွေရန်လိုအပ်လာ၏။

ရေခဲတောင်သခင်မက ချက်ချင်းပြန်ဖြေ၏။

"ဒါဆိုလည်း ငါ့ကိုခွင့်ပြုပါဦး၊ ဒီနေ့ နင့်အတွက် သူတို့ဆီကနေ အကျိုးအမြတ် တစ်ချို့ကို ညှစ်ယူလိုက်ဦးမယ်"

"ကျေးဇူးပါ၊ ရေခဲတောင်သခင်မ"

"ငါလည်း အခုအဆက်အသွယ် ဖြတ်မှရတော့မယ်။ အရှေ့ပိုင်းဒေသ ပါရမီရှင်တိုက်ပွဲစတော့မှာဆိုတော့ ငါလည်းကြိုးစားရတော့မယ်။ မဟုတ်ရင် ထိပ်ဆုံး နှစ်ဆယ်ထဲ မဝင်ရင် ရှက်စရာဖြစ်နေမှာ"

"ဒါနဲ့၊ မီးလျှံဧကရာဇ် အွန်လိုင်း ပြန်ဝင်လာရင် ငါအားလုံးကို စိတ်မပျက်စေခဲ့ကြောင်းနဲ့ ကတိအတိုင်း အလင်းနန်းတော်ကို ဖျက်ဆီးပစ်လိုက်ပြီဆိုတာ ပြောပေးပါ"

ဆိုးသွမ်းအင်မော်တယ်ကတော့ ကျိယွမ်က ပါရမီရှင်တိုက်ပွဲကိုဝင်ရောက်မည်ဆိုသဖြင့် မယုံနိုင်စွာ အံ့အားသင့်နေသည်။

"မူလနတ်ဘုရားက ပါရမီရှင်တိုက်ပွဲကို ဝင်ပြိုင်မှာလား"

အလင်းနန်းတော်ကိုတောင် တစ်ယောက်တည်းဖျက်ဆီးပစ်ခဲ့သူက အရှေ့ပိုင်းဒေသ ပါရမီရှင်လေးတွေနဲ့ တိုက်ခိုက်မယ်တဲ့လား။

ဒါက ဟာသလား။

ဆိုးသွမ်းအင်မော်တယ်သည် ပါရမီရှင်များအတွက် မျက်ရည်နှစ်စက်ပင် ကျချင်သွားလေသည်။

သိူ့သော် တစ်ခုတွေးမိသောအခါ သူစိတ်သက်သာရာရသွား၏။

ပါရမီရှင်တိုက်ပွဲက အသက်နှစ်ရာအောက် လူတွေအတွက်ပဲ ဝင်ခွင့်ရှိတာပဲ၊မေ့နေတာ ။

မူလနတ်ဘုရားက အသက်ထောင်ချီနေပြီကို ဘယ်လိုလုပ်ဝင်လို့ရမှာလဲ။

ကျိယွမ်ကတော့ သူ၏အတွေးများကို မသိပါ။သူက လိုင်းပေါိမှဆင်းကာ တည်းခိုရာဂူသို့ ပြန်သွားလေသည်။

ထို့နောက်သူက ကျိယွမ်ကျမ်းအား ဆက်လက်ပြုစုနေ၏။

"အမြုတေရဲ့လမ်းစဥ်က ပိုကြီးလေ ပိုသန်မာလေပဲဖြစ်တယ်၊ငါ့ရဲ့အမြုတေက ကြယ်ဆိုတော့စကြှဠာထဲက အခြားဂြိုဟ်တွေကို ဝါးမျိုပြီးတော့ သန်မာလာလိမ့်မယ်"

စစ်မှန်နေမင်းမီးတောက်ကို

ရရှိပြီးနောက် ကျိယွမ်သည် သူ၏အမြုတေ လမ်းစဥ်က မည်သို့ ဖြစ်လာသင့်သည်ကို ရှင်းလင်းစွာ သိရှိခဲ့၏။

သို့သော် ပြဿနာက သူ၏ ကျင့်ကြံခြင်းနည်းစနစ်သည် မပြည့်စုံသေးပေ။

"အမြုတေအဆင့်မှာ အမြုတေကကြယ်တစ်လုံးဆိုရင် စိတ်ဝိညာဥ်အဆင့်မှာ စိတ်ဝိညာဥ်က ဘာဖြစ်မလဲ"

ကျိယွမ်သည် အခက်တွေ့နေခဲ့သည်။

သူသည် နည်းစနစ်များစွာကို ဖတ်ရှုခဲ့သော်လည်း စိတ်ဝိညာဉ်ကို နားလည်မှုမှာ အပေါ်ယံမျှသာ ရှိသေး၏။

ကျိယွမ်သည် သက်ပြင်းချကာ ကျိယွမ်ကျမ်းကို ဆက်လက်ပြုစုရင်းမှ အချိန်တစ်ရက် ကုန်ဆုံးစေလိုက်သည်။

နောက်တစ်နေ့တွင် ကျိယွမ်သည် ဂူမှခေတ္တထွက်ကာ နေပူဆာလှုံရင်းမှ ကောင်းကင်ယံရှိ နေလုံးငယ်ကို ကြည့်ပြီး နင်းထောင်ကို သတိရမိနေသည်။

သူ၏မူလဒန်တျန်တွင် ဝိညာဥ်စွမ်းအင်က အလွန်နည်းပါးနေဆဲပင်ရှိသည်။ခရမ်းနန်းတော်အဆင့်တစ်ဦးကိုသတ်ရန် အပန်းမကြီးသော်လည်း စကြဝဠာကိုပါဖြတ်၍ နင်းထောင်ကိုဆင့်ခေါ်ရန်မှာ လတ်တလော မလုံလောက်သေးချေ။

ထို့အပြင် အမြုတေအဆင့်၏ဝိညာဥ်စွမ်းအားကလည်း နည်းပါးလွန်းသည်ဟု သူထင်၏။စိတ်ဝိညာဥ်အဆင့်ဆိုလျှင် ပိုများလာနိုင်မလားဟု တွေးမိသည်။

"ကျိယွမ်ကျမ်းက အားနည်းချက်တွေများလွန်းတယ်၊ဒါကြောင့် ငါ့ရဲ့ဝိညာဥ်စွမ်းအင်ကို ပြန်ပြည့်တဲ့နှုန်းက အရမ်းနှေးနေတာပဲ"

ကျိယွမ်းက စိတ်ပျက်သွာညည်းညူမိလိုက်သည်။

ထိုအခိုက် သူသည် အဝေးရှိ ကျန်းယာကို ကြည့်မိလိုက်ပြီး သူ၏ မျက်လုံးများ လင်းလက်သွားသည်။

ဤနေရာတွင် ချမ်းသာသော အမျိုးသမီး တစ်ဦး ရှိနေပြီး သူမ၏ ကြွယ်ဝချမ်းသာမှုသည် ချီယွမ် လိုအပ်သော အရာများနှင့် အပြည့်အဝ ကိုက်ညီနေသည်မဟုတ်ပါလား။

"စီနီယာကျန်းယာ၊ ခင်ဗျားက ဗဟုသုတ ကြွယ်ဝတယ်။ ကျွန်တော် မေးခွန်းတစ်ခုရှိနေလို့ စီနီယာရဲ့လမ်းညွှန်မှုကို တောင်းခံလို့ ရမလား"

ကျိယွမ်က ကျန်းယာအနီးသို့ ချဥ်းကပ်သွားပြီး မျက်နှာချိုသွေးကာ မေးလိုက်သည်။

ကျန်းယာသည် ကျိယွမ်ကို တစ်ချက်ကြည့်ပြီး တိုတိုတုတ်တုတ်ဖြေ၏။

"ရတယ်"

"ကျွန်တော်က အမြုတေအဆင့်ကို ရောက်နေပါပြီ၊ဒါပေမဲ့ စိတ်ဝိညာဥ်လမ်းကြောင်းနဲ့ပတ်သတ်ပြီး တော်တော်လေးစိတ်ရှုပ်ထွေးနေရလို့ပါ"

ကျိယွမ်က စိတ်ပျက်လက်ပျက်ဖြင့် အားငယ်စွာ ရင်ဖွင့်သည်။

"စိတ်ဝိညာဉ်လမ်းကြောင်းဆိုတာက..."

ကျန်းယာက စကားစတင်ရန် ပြင်လိုက်သည်။

သို့သော် သူမစကားပြောရန်ပါးစပ်ဟရုံသာရှိသေးသည် ကျိယွမ်ကသူ၏စကားကို ဆက်လိုက်သည်။

"ကျွန်တော်က ပြီးပြည့်စုံတဲ့ ဓာတ်စင်ပါးပါးချီစွမ်းအားပေါ်မှာအခြေခံပြီး ကောင်းကင်ဘုံတာအိုအုတ်မြစ်ကို တည်ဆောက်ခဲ့တာပါ၊အဲဒီနောက် ကြယ်တစ်လုံးကိုအမြုတေအဖြစ်ဖွဲ့စည်း ခဲ့ပါတယ်၊စီနီယာကျန်းယာ ဘယ်လိုစိတ်ဝိညာဥ်မျိုးက ကျွန်တော်နဲ့ လိုက်ဖက်နိုင်မလဲ"

စေတနာနှင့်ရှင်းပြရန် စိတ်ကူးထားသော ကျန်းယာသည် တိတ်ဆိတ်သွား၏။

သူမ ပြင်ဆင်ထားသည့် စကားများသည် သူမ၏ စိတ်ထဲမှ ပျောက်ကွယ်သွားကုန်သည်။

ငါ ပြုံးရမယ်။

ဒီလိုအရေးမပါတဲ့အရူးစကားတွေကြောင့်ဒေါသထွက်ရင် ငါ့ရဲ့နုပျိုမှုကိုထိခိုက်တာပဲရှိမယ်။

အဲဒီတော့ ပြုံးသာပြုံးထား ကျန်းယာ။

ကျန်းယာသည် ကျိယွမ်ကို ကြည့်ပြီး အေးဆေးစွာ ပြောသည်။

"နင့်ကို အဖြေပေးနိုင်မယ့်သူ တစ်ယောက်တော့ ရှိနိုင်တယ်"

"ဘယ်သူလဲ"

ကျိယွမ်က ချက်ချင်းပင် စိတ်အားထက်သန်စွာ မေးသည်။

"အရှေ့ပိုင်းဒေသပါရမီရှင်စာရင်းရဲ့ အဆင့် ၄ မှာရပ်တည်နေတဲ့ စစ်မှန်မဟာဉာဏ်ပညာရှိဧကရာဇ်ပဲ "

ကျန်းယာက အေးစက်စွာ ပြန်ဖြေလိုက်၏။

"နာမည်က စစ်မှန်မဟာဉာဏ်ပညာရှိတဲ့လား ၊ သူက ပညာရှိတဲ့သူ ဖြစ်ရမယ်"

ကျန်းယူနှင့်ဆန့်ကျင့်စွာပင် ကျိယွမ်၏ မျက်လုံးများက လင်းလက်သွားလေ၏။

ထိုသူ၏ ဂုဏ်ထူးကို ကြည့်ခြင်းဖြင့် ဤသူသည် စစ်မှန်သော ဉာဏ်ကြီးရှင် တစ်ဦး ဖြစ်သည်ကို သူ စိတ်ကူးကြည့်နိုင်သည်။

"သူကလည်း နင့်လိုပဲ ဥပါဒါန်လမ်းစဥ်ကို လိုက်စားခဲ့တာ၊ ပြီးတော့... သူက စိတ်ဝိညာဥ်အဆင့်သို့ ရောက်ရှိနေပြီ။ ရှင့်ကို အကြံဉာဏ်အများကြီး ပေးနိုင်လိမ့်မယ်"

ကျန်းယာက ရှင်းပြသည်။

"တကယ်လို့ နင် သူ့ကိုတွေ့ဆုံချင်ရင်၊ အခုပဲ စီစဉ်ပေးနိုင်တယ်"

"ဟုတ်ကဲ့ စီစဥ်ပေးပါ"

ကျိယွမ်က စိတ်လှုပ်ရှားနေ၏။

ငါ့ရဲ့ပြဿနာအတွက် သူ့ကို တွေ့ဆုံရမယ်။

"ကောင်းပြီ"

ကျန်းယာသည် သူမ၏ဆက်သွယ်ရေး ကျောက်စိမ်းပြားကို ထုတ်ယူလိုက်ကာ စာများပေးပို့နေသည်။

...............................

ထိုနေ့၏ ညနေချမ်းသို့ ရောက်သောအခါ....

ပန်းလှေကြီးတစ်စင်းသည် ကန်ရေစပ်နား၌ ဆိုက်ကပ်နေ၏။

လှေပေါ်တွင် ချောမွတ်အောင် ဖီးထားသော ဆံပင်၊ ပန်းပွင့်များစွာပါသော ဘောင်းဘီတို နှင့် သူ့ကိုယ်ခန္ဓာနှင့် မလိုက်ဖက်သော ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးလည်း ရှိနေသည်။

ပန်းလှေပေါ်တွင်ရှိသောအခြားသူများနှင့် သူသည် လုံးဝကွဲပြားခြားနားသူ တစ်ဦးကဲ့သို့ ဖြစ်နေသည်။

သို့သော် လှေပေါ်ရှိ လူများသည် သူ့ကို လေးစားစွာ ကြည့်နေကြ၏။

ထိုအမျိုးသားသည် အရှေ့ပိုင်းဒေသ၏ ပါရမီရှင်စာရင်းကြီး၌ အဆင့် ၄ ရှိသော စစ်မှန်မဟာဉာဏ်ပညာရှိလူငယ်ပင်တည်း။

ယခုအချိန်၌ စစ်မှန်မဟာဉာဏ်ပညာရှိ၏ ၏ မျက်လုံးများသည် ကြည်လင်နေပြီး သူက အနီးရှိ အမျိုးသမီးကျင့်ကြံသူတစ်ဦး၏ လက်ကို စိုက်ကြည့်နေသောကြောင့် ထိုအမျိုးသမီး ရှက်ရွံ့နေလေသည်။

အမျိုးသမီး၏ နူးညံ့သိမ်မွေ့သော လက်သည် သွယ်လျ၏။ ဖြူဖွေးသော လက်ချောင်းများက အနီရောင်ဖျော့ဖျော့ ဆိုးထားသော လက်သည်းရှည်များဖြင့် လှပပြီး ကျက်သရေ ရှိနေသည်။

"လမင်းလေညင်း နတ်သမီး ၊နင့်လက်တွေက သိမ်မွေ့တယ်၊ လှပတယ်၊ ဘာနဲ့မှ မနှိုင်းယှဉ်နိုင်သလို တန်ဖိုးလည်း မဖြတ်နိုင်ဘူး။"

စစ်မှန်မဟာဉာဏ်ပညာရှင်က သူမ၏လက်များကို ချီးမွမ်းသည်။

"ဝိုး...စစ်မှန်မဟာဉာဏ်ပညာရှိကလည်း

ဒီလို အလှအပလေးတွေကိုလည်း ခံစားတတ်တဲ့သူလား"

အနီးတွင်ရှိနေသည့် ရုပ်ရည်ကြမ်းတမ်းသောပါရမီတစ်ဦးက စစ်မှန်မဟာဉာဏ်ပညာရှင်နှင့် ပိုမိုရင်းနှီးရန် ကြိုးစားရင်း မှတ်ချက်ပေးလေသည်။

စစ်မှန်မဟာပညာရှင်ကတော့ နူးညံ့သိမ်မွေ့သော လက်ကို စိုက်ကြည့်ရင်း သူ၏ မျက်လုံးများ ကြည်လင်နေပြီး အတွေးနက်ရှိုင်းနေပုံရလေသည်။

သူက အတန်ကြာအထိ လေးနက်စွာစဥ်းစားနေပြီး အခြာသူများကလည်း သူဖွင့်ဟလာမည့် ပညာရှိစကားကိုမျှော်လင့်နေသည့်အလား တိတ်ဆိတ်နေကြသည်။

"အင်း..ငါသိသွားပြီ."

မဟာဉာဏ်ပညာရှင်က ခေါင်းတဆိတ်ဆတ်ညိတ်ကာ စတင်၍စကားဆိုလိုက်သည်။

"သူရဲ့လက်သည်းတွေက သူ့နှာခေါင်းပေါက်ထဲကို ကလော်ဖို့အတွက် ဒီလိုရှည်လျားနေရတာပဲ"

တိတ်ဆိတ်မှု။

ပန်းလှေသည် သေလောက်အောင် တိတ်ဆိတ်သွားပြီး မဟာဉာဏ်ပညာရှိအား ဖားလျားသောစကားများပြောခဲ့သည့်

ပါရမီရှင်မှာ ဆွံ့အသွားလေသည်။

လမင်းလေညင်းနတ်သမီး၏ ဖြူဖွေးသောမျက်နှာသည် ရှက်ရွံ့မှုကြောင့် နီရဲနေပြီး မြေကြီးထဲသို့ တိုးဝင်ချင်စိတ် ပေါက်အောင်

ရှက်ရွံ့သွားခဲ့သည်။

အားလုံးက တစ်ဦးကိုတစ်ဦးကြည့်ကာ မည်သို့တုန့်ပြန်ရမှန်းမသိဖြစ်နေသည်။

ထိုအချိန်တွင်၊ ရဲရင့်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။

"ငါ အကြံပေးချင်တာကတော့ နှာခေါင်းကလော်မယ်ဆိုရင် လက်သည်းဆိုးဆေး မဆိုးပါနဲ့ ၊ ဆိုးဆေးတွေက နှာခေါင်းကို ထိခိုက်စေနိုင်တယ်"

အနက်ရောင်ဝတ်စုံဝတ်ထားသော အမျိုးသားတစ်ဦးသည် ပန်းလှေပေါ်သို့ ပေါ့ပါးစွာ တက်လာခဲ့သည်။

သူက စစ်မှန်မဟာဉာဏ်ပညာရှိကို လေးစားစွာကြည့်လိုက်သည်။

"ကျွန်တော့်နာမည်က ကျိယွမ်ပါ။ စီနီယာအစ်မကျန်းယာက ကျွန်တော့်ကို စိတ်ဝိညာဉ်အဆင့်နဲ့ ပတ်သက်ပြီး အကြံဉာဏ် တောင်းခံဖို့ စစ်မှန်မဟာဉာဏ်ပညာရှိထံစေလွှတ်လိုက်ပါတယ်"

လှေပေါ်ရှိ အခြားသူများသည် ကျိယွမ်ကို တလှည့် ၊ စစ်မှန်မဟာဉာဏ်ပညာရှိကိုတစ်လှည့်ကြည့်ကာ နားမလည်နိုင်ဖြစ်နေကြသည်။

သို့သော် လမင်းလေညင်းနတ်သမီးကမူ ကျိယွမ်ကို ဒေါသတကြီး စိုက်ကြည့်နေသည်။

သူမသည် စစ်မှန်မဟာဉာဏ်ပညာရှင်ကို စိတ်ဆိုးအောင် မလုပ်ရဲသော်လည်း မထင်ရှားသော ကျိယွမ်ကိုတော့ မကြောက်ပေ။

စစ်မှန်မဟာဉာဏ်ပညာရှိသည် ကျိယွမ်ကို

နွားပွဲစားများ နွားကြည့်သလို ဖင်ဆုံးခေါင်းဆုံး သေသေချာချာခြုံငုံကြည့်သည်။ထို့နောက် သူ၏မျက်လုံးများက တောက်ပလာပြီး မေးလိုက်သည်။

"လမင်းလေညင်း နတ်သမီးက သူရဲ့ နှာခေါင်းကို ဘယ်လို ကလော်သင့်တယ်လို့ မင်း ထင်သလဲ"

"အင်း .."

ကျိယွမ်သည် စစ်မှန်မဟာဉာဏ်ပညာရှိ၏ဘေးတွင် ဘေးတွင် ထိုင်လိုက်ပြီး စဉ်းစားသည်။

"လက်သည်းကို အသုံးပြုတာက အတော်လေး အရုပ်ဆိုးစေတယ်၊ နတ်သမီးတွေဆိုတာက အီးမပါဘူး၊ နှာခေါင်းလည်း မကလော်ဘူး။ ဒါကြောင့် နှာခေါင်းကလော်ဖို့အတွက် သီးသန့် တာအိုနည်းစနစ်တစ်ခု ဖန်တီးလိုက်ရင် ဘယ်လိုလဲ"

"တာအိုရောင်းရင်း ၊ မင်းကလည်း ဉာဏ်ကြီးရှင်ပဲ"

စစ်မှန်မဟာဉာဏ်ပညာရှိက သည် ကျိယွမ်ကို စိတ်လှုပ်ရှားစွာ ကြည့်ကာ မှန်ချက်ချသည်။

ကျိယွမ်ကလည်း စစ်မှန်မဟာဉာဏ်ပညာရှိကိုကြည့်လိုက်ရာ စိတ်တူကိုယ်တူ ဖြစ်နေသည်ဟု ခံစားရ၏။

ထိုအချိန်တွင် အထိတ်တလန့် အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာသည်။

"မကောင်းဘူး ၊ လမင်းလေညင်းနတ်သမီး မြစ်ထဲ ကျသွားပြီ"

လူတိုင်းက မြစ်ထဲသို့ ကြည့်လိုက်ပြီး နတ်သမီးအတွက် စာနာသနားသောခံစားချက်များ ဖြစ်ပေါ်လာသည်။

သူမက မဟာဉာဏ်ပညာရှိနှစ်ပါးနှင့် တစ်ပြိုင်နက်တည်းဆုံခွင့်ရကာ ပွဲဦးထွက် ကံထူးသွားရှာသည်။

ထိုအရာကို မြင်သောအခါ စစ်မှန်မဟာဉာဏ်ပညာရှိက ခေါင်းညိတ်ကာ မှတ်ချက်ချသည်။

"လမင်းလေညင်းနတ်သမီးက တာအိုရောင်းရင်းကျိယွမ်ရဲ့ စိတ်ကူးကြောင့်

မြစ်ထဲမှာရေစီးဆင်းမှုကိုနားလည်သဘောပေါက်ပြီး နှပ်ချေးကလော်ဖို့အတွက် သီးသန့်တာအိုနည်းစနစ် တစ်ခု ဖန်တီးဖို့ပဲ ဖြစ်ရမယ်"

ပန်းလှေပေါ်တွင် ရှိနေသူတိုင်းက နတ်သမီးအတွက် တိတ်တဆိတ်ဝမ်းနည်းပေးရုံမှတစ်ပါး ဘာမှမတတ်နိုင်တော့ပါ။

ဖြစ်နိုင်သည်မှာ နောက်တစ်နေ့တွင် သူမသည် နှပ်ချေးကလော်နတ်သမီး ဟူသော နာမည်ပြောင်အသစ်ကိုပင် ရရှိသွားပေလိမ့်မည်။

ကျိယွမ်သည် သဘောတူသလို ခေါင်းညိတ်ပြီး သူ၏အဓိကအချက်ကို တိုက်ရိုက်ဖွင့်ဟလိုက်သည်။

"တာအိုရောင်းရင်း ၊ ကျွန်တော်က အမြုတေအဆင့်ရောက်နေပေမဲ့ စိတ်ဝိညာဉ်လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း မသိဘူးလို့ အမြဲတမ်း ခံစားနေခဲ့ရတယ်။"

"စိတ်ဝိညာဉ်ကို ဖန်တီးဖို့အတွက် အမြုတေကို ဖျက်ဆီးပြီးမှ ဝိညာဉ်ကို ဖန်တီးရမယ်လို့ နည်းစနစ်အားလုံးမှာ ဖော်ပြထားတယ်။

ဒါပေမဲ့ ကျွန်တော့်ရဲ့အမြုတေက ကြီးမားတဲ့ ကြိုးပမ်းအားထုတ်မှုတွေနဲ့ ဖန်တီးခဲ့ရတာ၊ ဖျက်ဆီးဖို့ကို ဆန္ဒမရှိဘူး"

"ကျွန်တော် ဘာလုပ်သင့်လဲ"

ကျိယွမ်သည် သူ၏ ကြယ်အမြုတေကို ဖန်တီးရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသည်။

ဖျက်ဆီးပစ်ရန် သူ မည်သို့တွေးနိုင်မည်နည်း။

ထိုအရာက သူ၏ကလေးငယ်တစ်ဦးအလားပင်။

ပတ်ဝန်းကျင်တွင် ရှိနေသူများမှာ ကျိယွမ်၏ စကားကြောင့် တုန်လှုပ်သွားကြ၏။

သူက အမြုတေကို မဖျက်ဆီးချင်တဲ့သူလား။

ဒီလူ ကျင့်ကြံလွန်ပြီး ရူးသွားတာထင်တယ်။

အံ့သြစရာမရှိတော့ပါဘူး ၊ ဒါကြောင့် စစ်မှန်မဟာဉာဏ်ပညာရှိနဲ့ အလွယ်တကူစကားပြောနိုင်သွားတာ။

စစ်မှန်မဟာဉာဏ်ပညာရှိသည် ကျိယွမ်ကို ကြည့်ပြီး စဉ်းစားနေသည်။

"ငါတို့ အမြင်ချင်း တူနေလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ ငါလည်း အခြေတည်အဆင့်ကိုတတ်ကတည်းက ဒီပြဿနာကို တွေးနေခဲ့တာ"

ကျိယွမ်သည် စစ်မှန်မဟာဉာဏ်ပညာရှိကို ပို၍ပင် လေးစားသွား၏။

ဒါကမှ အနာဂတ်ကို ကြိုမြင်တဲ့ စစ်မှန် ဉာဏ်ကြီးရှင်ပဲ။

သူ အခြေခံအုတ်မြစ်တည်ဆောက်တုန်းက ဆိုလျှင် စိတ်ဝိညာဉ်က ဘာဖြစ်မယ်ဆိုတာကို တစ်ခါမှပင်မတွေးခဲ့ဖူးပေ။

သို့သော် သူကတော့ အဲဒီတုန်းကတည်းက တွေးနေခဲ့လေပြီ။

"နောက်ဆုံးတော့၊ အများကြီး စဉ်းစားပြီးနောက် အမြုတေနှစ်ခုနည်းစနစ်လို့ ခေါ်တဲ့ နည်းလမ်းတစ်ခုကို ငါ ဖန်တီးလိုက်တယ်"

စစ်မှန်မဟာပညာရှိက ဂုဏ်ယူစွာဖြင့်ဆက်ပြောသည်။

"ငါ အရင်ဆုံး အတုအယောင် အမြုတေတစ်ခုကို ဖန်တီးပြီးမှ တကယ့် အမြုတေကို ဖန်တီးတာ။ နောက်ဆုံး စိတ်ဝိညာဉ်အဆင့်ကို ချိုးဖြတ်တဲ့အချိန်ရောက်တော့ အတုအယောင်အမြုတေကို ဖျက်ဆီးပြီး အမြုတေ ထိန်းသိမ်းထားခဲ့တယ်လေ"

"ဒါကြောင့် အခု ငါ့မှာ အမြုတေရော စိတ်ဝိညာဉ်ရော နှစ်ခုလုံးရှိတယ်"

အတုအယောင်အမြုတေဆိုသည်မှာ အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးသည် တကယ်ကိုပါရမီနည်းလွန်းသဖြင့် အမြုတေကို ဖန်တီးရန် မျှော်လင့်ချက် မရှိသောအခါ ပြင်ပနည်းလမ်းများ အသုံးပြု၍ ဖန်တီးထားသည့် အရာ ဖြစ်သည်။

ကျိယွမ်သည် စစ်မှန်မဟာပညာရှိ၏ တွေးခေါ်ပုံကြောင့် အံ့အားသင့်သွားသည်။

ဘယ်လောက်တောင် ဉာဏ်ကြီးလိုက်သလဲ။

ဒါက ဘယ်လောက်တောင်မှ ပညာသားပါလိုက်သလဲ။

ကျိယွမ်မှာ တွေးမိလေ လေးစားလာလေပင်။

သူက ပါရမီရှင်စာရင်းမှ နံပါတ်တစ် ဖြစ်သင့်တာ။

"ဒါပေမဲ့ ဒီနည်းလမ်းမှာ အားနည်းချက်တစ်ခု ရှိတယ်၊ ငါ့ရဲအမြုတေနဲ့ စိတ်ဝိညာဥ်က မတည့်ကြဘူး၊ တစ်ယောက်ကို တစ်ယောက် တိုက်ခိုက်လေ့ရှိကြတယ်"

စစ်မှန်မဟာပညာရှိက ထိုကိစ္စအား အမှန်တကယ် အဖြေရှာမတွေ့ပုံရပြီး စိတ်ပျက်အားငယ်စွာ ပြောသည်။

လှေပေါ်ရှိ အခြားသော ပါရမီရှင်များသည်ထိုစကားကြောင့် သူ့အား လက်ဖျားခါသလို ကြည့်လိုက်မိကြသည်။

မင်းရဲ့ အမြုတေနဲ့စိတ်ဝိညာဥ်က တိုက်ခိုက်တာနဲ့တင်မလုံလောက်လို့ မင်းကိုယ်တိုင်လည်း မင်းကိုယ်ကို ခဏခဏ ပြန်တိုက်ခိုက်နေတာလေ။

သူတို့အားလုံးသည် စစ်မှန်မဟာ ပညာရှိသည် စိတ်နှစ်ခွ ဖြစ်နေပြီး မတူညီသော ပုဂ္ဂိုလ်နှစ်မျိုးက သူ၏ ခန္ဓာကိုယ်ထဲတွင် နေထိုင်နေကြောင်းကို သိရှိကြသည်မဟုတ်ပါလား။

"ဒီလို သေးငယ်တဲ့ ပြဿနာတွေက တကယ့် ပြဿနာတွေ မဟုတ်ပါဘူး"

ကျိယွမ်က ထိုကိစ္စအား ပေါ့ပေါ့တန်တန် တုန့်ပြန်သည်။

"ကောင်းမွန်တဲ့ နည်းစနစ်တစ်ခုမှာ အားနည်းချက်တွေ ရှိစမြဲပါပဲ။ ကျွန်တော့်ရဲ့ နည်းစနစ်မှာလည်း ကျင့်ကြံပြီးနောက် စိတ်မတည်မငြိမ် ဖြစ်ပြီး မေ့တတ်သွားတဲ့ အားနည်းချက် ရှိပါတယ်"

"ဒါပေမဲ့ အခု ကျွန်တော့်ကို ကြည့်လိုက်၊ ကျွန်တော် လုံးဝ ပုံမှန်ပါပဲ ၊ ကျွန်တော် တစ်ထိုင်တည်း ပေါက်စီ ရှစ်လုံး စားနိုင်တယ်"

"ငမ်.."

လှေပေါ်မှလူများ၏အကြည့်သည် စစ်မှန်မဟာပညာရှိထံမှ ကျိယွမ်ဆီသို့ ပြောင်းရွှေ့သွားကြ၏။

ထို့နောက် အားလုံးက နားလည်သွားကြတော့သည်။

ဒီလိုမျိုးကို လုံးဝ ပုံမှန်ပါပဲလို့ ခေါ်တာလား။

သူတို့သည် ကျိယွမ်ကြည့်ပြီးနောက် မဟာပညာရှိအား တဖန်ပြန်ကြည့်၏ ။

ထို့နောက် မြစ်ရေပြင်အား ကြည့်မိလိုက်ကြပြီး လမင်းလေညင်းနတ်သမီးကို ပို၍ပင် သနားမိသွားကြသည်။

အရူးတစ်ယောက်ကိုပင် မနည်းဆက်ဆံနေရချိန်၌ နောက်ထပ်အရူးအသစ်တစ်ကောင်ကပါ ထပ်ရောက်လာ၏။

သူမ၏အဖြစ်က မည်မျှသနားစရာကောင်းလိုက်လေသနည်း။

ထိုအချိန်မှာပင် ကျိယွမ်ကသက်ပြင်းချကာ ညည်းညူလေသည်။

"ကံမကောင်းတာက ကျွန်တော်က အမြုတေဖွဲ့စည်းထားပြီးသားဆိုတော့ ခင်ဗျားရဲ့ အမြုတေနှစ်ခုနည်းစနစ်ကို အသုံးမပြုနိုင်တော့ဘူး"

--------------

All Chapters