← Chapters

ဆရာတူအစ်ကိုကြီး..ရှင်ဘာလို့ယောက်ျားအချင်းချင်း နှစ်ကိုယ်တူကျင့်ကြံနေရတာလဲ

Vol. 12 Ch. 147

ဆရာတူအစ်ကိုကြီး..ရှင်ဘာလို့ယောက်ျားအချင်းချင်း နှစ်ကိုယ်တူကျင့်ကြံနေရတာလဲ

Vol. 12 Ch. 147

"ဝိညာဥ်လှေပေါ်မှာ ကိစ္စတစ်ခု ပေါ်လာလို့။မူလနတ်ဘုရား ငါတို့နောက်မှ ဆွေးနွေးကြတာပေါ့။"

ဆိုးသွမ်းအင်မော်တယ်က ရုတ်တရက် ထိုသို့ပြောပြီးနောက် လိုင်းပေါ်မှ ချက်ချင်းဆင်းသွားခဲ့သည်။

အဖွဲ့လိုက် စကားပြောခန်းသည် ချက်ချင်း တိတ်ဆိတ်သွားသည်။

အမြဲတမ်း အကောင့်ဖွင့်ထားသည့် ဆိုးသွမ်းအင်မော်တယ်မှလွဲ၍ မီးလျှံဧကရာဇ်နှင့် ရေခဲတောင်သခင်မင်တို့သည် တစ်ခါတစ်ရံမှသာ အွန်လိုင်းတက်လေ့ရှိသည်။

သို့သော်ဆိုးသွမ်းအင်မော်တယ်မှာ မည်သည်ပြဿနာများရှိနေသည်မသိရသော်လည်း ယခင်လို လိုင်းပေါ်အမြဲမရှိတော့ပေ။

ထို့ကြောင့် ကျိယွမ်သည် ဖိုရမ်ထဲသို့ပြန်သွားကာ အရန်အကောင့်ဖြစ်သော သွေးဝတ်စုံဓားနတ်ဘုရား တင်ထားသည့်ပို့စ်ကို

ပြန်လည်စစ်ဆေးလိုက်သည်။

ပို့စ်အောက်တွင်မှတ်ချက်များတိုးလာသည်ကို သူမြင်လိုက်ရလေ၏။

"အကြီးအကဲ၊ ခင်ဗျားတကယ် လုပ်လိုက်တာပဲ"

"အလင်းနန်းတော်က မကောင်းမှုတွေအများကြီးလုပ်ထားတာ သူတို့သေသင့်တယ်။"

"ဒါပေမယ့်အရမ်းကြီးတော့ အရဲမကိုးသင့်ဘူး။အလင်းနန်းတော်က ခရမ်းရောင်နန်းတော်အဆင့်တွေ ဝိုင်းမိသွားရင် အန္တရာယ်ရှိလာနိုင်တယ်။အကြီးအကဲ..သတိထားသင့်ပါတယ်။"

"ကျွန်တော်လည်း အလင်းနန်းတော်အပေါ် ရန်ငြိုးရှိတယ် ။ သွေးဝတ်စုံဓားနတ်ဘုရား၊ အလင်းနန်းတော်ကို အတူတိုက်ခိုက်ဖို့ ဆွေးနွေးချင်ပါသလား။"

သူ၏ပို့စ်အောက်တွင် မှတ်ချက်အမျိုးမျိုး ရှိနေသည်။

တချို့က သူ့ကို ချီးမွမ်းနေကြသည်၊ တချို့ကတော့ သတိထားဖို့ အကြံပေးနေကြသည်ကို တွေ့ရသည်။

သွေးဝတ်စုံဓားနတ်ဘုရားက ငါ့ရဲ့အရံအကောင့်ဖြစ်နေတာ နှမြောစရာပဲ။ မဟုတ်ရင်ငါရဲရဲတင်းတင်းပြောလို့ရတယ်။

ငါဆိုတဲ့မူလနတ်ဘုရားက ကောင်းကင်ဘုံ

တာအိုအုတ်မြစ်နဲ့ ကြယ်အမြုတေရှိတဲ့သူပဲ၊အလင်းနန်းတော်ကို ဘာလို့ကြောက်ရမှာလဲ။

သို့သော် အကောင့်အတုဖြစ်နေသောကြောင့် ထိုကဲ့သို့ မကြွားဝါနိုင်ဖြစ်နေရသည်။

ကျိယွမ်သည် ခဏတာမျှ စဥ်းစားပြီးနောက်၊ သူ၏ ပင်မအကောင့်ကို အသုံးပြု၍ ထိုပို့စ်အောက်တွင် အကြွားမှတ်ချက်ရေးလိုက်သည်။

"ငါမူလနတ်ဘုရား ၊ကောင်းကင်ဘုံတာအိုအုတ်မြစ်ပိုင်ရှင် ကြယ်အမြုတေသခင်က

သွေးရောင်ဝတ်စုံနတ်ဘုရားကိုအပြည့်အဝထောက်ခံပါတယ်။လိုအပ်တယ်ဆိုရင် ငါ့ရဲ့ကြယ်အမြုတေကို သွေးဝတ်စုံဓားနတ်ဘုရားကို ငှားပေးနိုင်ပါတယ်။"

သူ၏မှတ်ချက်ကို သူပြန်ဖတ်ကြည့်ကာကျိယွမ် အလွန်ကျေနပ်သွားသည်။

ငါ့ရဲ့မှတ်ချက်ကိုသာမြင်ရင် အလင်းနန်းတော်ကလူတွေ ကြောက်လန့်သွားမှာသေချာတယ်။

ကြယ်အမြုတေပိုင်ရှင်တစ်ယောက်က သွေးဝတ်စုံဓားနတ်ဘုရားကို ထောက်ပံ့ပေးနေသည်ဆိုပါက သူတို့ဘာမှ တက်နိုင်တော့မည်မဟုတ်ပေ။

သို့သော် ခဏအကြာတွင် နောက်ထပ်တက်လာသော မှတ်ချက်များကိုမြင်သောအခါ

ကျိယွမ် တုန်လှုပ်သွားရသည်။

"ငါ အင်‌မော်တယ်ဆေးလုံးအမြုတေ

ပိုင်ရှင်ကလည်း သွေးဝတ်စုံဓါးနတ်ဘုရားကို အပြည့်အဝထောက်ခံပါတယ်။"

"အသခ်ျေအမြုတေများပိုင်ရှင်ကလည်း သွေးဝတ်စုံဓားနတ်ဘုရားကို လုံးဝထောက်ခံပါတယ်။"

"ကိုးဆင့်အမြုတေပိုင်ရှင်ကလည်း သွေးဝတ်စုံဓားနတ်ဘုရားကို အပြည့်အဝ ထောက်ခံပါတယ်။"

ကျိယွမ်သည် ထိုမှတ်ချက်များကိုကြည့်ပြီးနောက် ပါးစပ်အဟောင်းသားဖြစ်သွားသည်။

"အမြုတေက ကိုးဆင့်တောင်ဖြစ်နိုင်တာလား"

သူက အကူအညီမဲ့စွာဖြင့်ခေါင်းယမ်းလိုက်မိသည်။

တာအိုရရှိသူတွေက အထောက်အပံ့တွေရရှိပြီး၊ တာအိုကျရှုံးသူတွေကတော့ အထောက်အပံ့ ကင်းမဲ့ကြတာပဲ။မလွယ်ပါလား။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အမြု

တေများ ဖြစ်ပေါ်နိုင်လျှင် ကဲကုလအမြုတေ၊ကွန်တမ်အမြုတေများလည်း မဖြစ်ပေါ်နိုင်ဟု မည်သူပြောနိုင်မည်နည်း။

သူက ထိုသို့တွေးရင်း သွေးဝတ်စုံဓားနတ်ဘုရားအကောင့်ထဲသို့ ပြန်ဝင်လိုက်ပြန်၏။

"အားလုံးက ဒီလောက်ထောက်ခံနေမှတော့

ငါသွေးဝတ်စုံဓားနတ်ဘုရား ၊ ပျော်ပွဲရွှင်ပွဲအဖြစ် အလင်းနန်းတော်က ခရမ်းရောင်နန်းတော်အဆင့်တွေကို သွားပြီးသတ်လိုက်ဦးမယ်။"

သူကထိုစကားကို ထူးဆန်းသော ကိုးဆင့်အမြုတေပိုင်ရှင်၏ မှတ်ချက်ကို အကြောင်းပြန်ပေးခဲ့ခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဂူကျောင်းဆောင်တစ်ခုအတွင်းရှိနေသောအမျိုးသမီး ကျင့်ကြံသူတစ်ဦးမှာ မျက်လုံးများ ပြူးကျယ်သွားပြီး သူမ၏မျက်နှာတွင် ထိတ်လန့်မှုများ ပြသနေသည်။

"အကြီးအကဲ၊ ကျေးဇူးပြု၍ ကျွန်မကို ပြန်မဖြေပါနဲ့"

သူမသည် အခြားသူများ၏ မှတ်ချက်များကို အတုယူ၍ ရေးခဲ့ခြင်းသာဖြစ်သည်။ယခုလို ပြန်လည်ဖြေကြားပေးမည်ဟု မမျှော်လင့်ထားခဲ့ပါ။

ယခုတော့သူမ၏မှတ်ချက်က သွေးရောင်ဝတ်စုံဓားနတ်ဘုရားအား အလင်းနန်းတော်မှ

ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူများကို ထပ်မံသတ်ဖြတ်ရန် လှုံ့ဆော်ပေးသလိုဖြစ်သွားခဲ့သည်။

အလင်းနန်းတော်သည် အရှေ့ပိုင်း‌ဒေသကြီး၏ ထိပ်တန်း အင်အားစုဖြစ်သည်။

သဘာဝအားဖြင့် ထိုအမျိုးသမီးကျင့်ကြံသူသည် သူတို့ကို တကယ် ရန်စလိုခြင်း မရှိခဲ့ပါ။

"အလင်းနန်းတော်က ငါ့နောက်ကိုတော့ လိုက်မလာနိုင်ပါဘူးနော်။"

" ပြီးတော့ ငါက အခုအရှေ့ပိုင်းဒေသမှာလည်းမဟုတ်တော့ အဆင်ပြေမှာပါ။"

ထိုသို့ဖြေသိမ့်ပြီးနောက် အမျိုးသမီးကျင့်ကြံသူက သက်ပြင်းချလိုက်လေသည်။

......................

သုံးရက်ဟူသောအချိန်က ကုန်လွန်သွားသည်။

သွေးနီရောင်ဝတ်ရုံကိုဝတ်ဆင်ထားသော ကျိယွမ်သည် ကောင်းကင်၌လျင်မြန်စွာပျံသန်းနေသည်။

ရွီရဲ့လီသည် သူ့နောက်တွင် လိုက်ပါလာပြီး သူ၏မျက်နှာသည် ထုံထိုင်းနေ၏။

မကြာသေးမီကပင် သူသည် သွေးဝတ်စုံဓားနတ်ဘုရားနောက်သို့ လိုက်ပါကာ အလင်းနန်းတော်၏ နောက်ထပ်အခြေစိုက်စခန်းတစ်ခုသို့ သွားခဲ့ရသည်။

ထိုအခြေစိုက်စခန်းတွင် ခရမ်းရောင်နန်းတော်အဆင့် ငါးဦးရှိပြီး ထိုနေရာက အလင်းနန်းတော်၏ အဓိကနန်းတော်ခွဲများထဲမှတစ်ခုဖြစ်သည်။

နောက်ဆုံးတွင် သူကဆိုနာကိုတီးမှုတ်ခဲ့ပြီးသွေးဝတ်စုံဓားနတ်ဘုရားသည် သူတို့ကို အလွယ်တကူ သတ်ဖြတ်လိုက်သည်။

သွေးဝတ်စုံဓားနတ်ဘုရားအတွက် ခရမ်းရောင်နန်းတော်အဆင့်များကို သတ်ခြင်းသည် လမ်းဘေးခွေးများကို သတ်ဖြတ်သကဲ့သို့ လွယ်ကူနေသည်။

ဆိုနာတူရိယာကို တီးခတ်ရသည်ကပင် ထိုကိစ္စထက် ခက်ခဲလိမ့်မည်ဟု ထင်ရလေ၏။

ယခုအချိန်ထိ ရွှီရဲ့လီရှု၏ ခန္ဓာကိုယ်သည် မထိန်းချုပ်နိုင်ဘဲ တုန်ယင်နေဆဲပင်။

မည်သို့ပင်ဆိုစေကာမူ သူသည် နောက်ကြောင်းပြန်မလှည့်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိလာပြီး သွေးဝတ်စုံဓားနတ်ဘုရားနှင့် လုံးဝ ခွဲခြားလို့ မရနိုင်တော့ပေ။

"အကြီးအကဲ... အလင်းနန်းတော်ကို ရင်ဆိုင်ဖို့ အစီအမံများ ရှိပါသလား"

ရွှီရဲ့လီသည် ယခုအချိန်၌ သူ၏အနာဂတ်ကို စဥ်းစားရတော့မည် ဖြစ်သည်။

သွေးဝတ်စုံဓားနတ်ဘုရား၏ လက်ရှိခွန်အားနှင့်ဆိုလျှင် အလင်းနန်းတော်ကို မချေမှုန်းနိုင်မှန်းသိသည်နှင့် အချိန်မရွေး၍ထွက်ခွာသွားနိုင်၏။

အလင်းနန်းတော်မှ နန်းတော်သခင်သုံးဦးလုံးအတူတကွ ပူးပေါင်းခဲ့လျှင်ပင် သွေးဝတ်စုံဓားနတ်ဘုရားကို ဖမ်းဆီးနိုင်မည် မဟုတ်ကြောင်း ရွှီရဲ့လီ နားလည်ထားသည်။

ယခုကဲ့ သွေးဝတ်စုံဓားနတ်ဘုရားက အလင်းနန်းတော်၏ ခရမ်းရောင်နန်းတော်အဆင့်များကို ဆက်လက်သတ်ဖြတ်နေလျှင်

ကျန်ရှိနေသူများသည် အပြင်၌မနေတော့ဘဲ အလင်းနန်းတော်ဌာနချုပ်သို့ စတင်ဆုတ်ခွာကြ‌တော့မည်။

ထို့နောက်မှာ နန်းတော်သခင်သုံးဦးနှင့်ပူးပေါင်းကာ သွေးဝတ်စုံဓားနတ်ဘုရားအားရင်ဆိုင်ရန် ပြင်ဆင်ကြပေလိမ့်မည်။

သွေးဝတ်စုံဓားနတ်ဘုရားက ထိုနေရာသို့ သွားရဲလျှင် ၎င်း၏ အဆုံးသတ်ဖြစ်မည်မှာ သေချာသည်။

အဖက်ဖက်မှတွေးကြည့်လျှင် သွေးဝတ်စုံဓားနတ်ဘုရားနှင့် အလင်းနန်းတော်၏ ရန်ငြိုးသည် အဆုံးသတ်နီးပါးသို့ ရောက်နေပြီဟု သူသိလိုက်၏။

သို့သော် သူကိုယ်တိုင်မှာမူ သွေးဝတ်စုံဓားနတ်ဘုရား၏ ခွန်အားမျိုး မရှိပေ။

ဓားနတ်ဘုရားထွက်ခွာသွားလျှင် သူ့တစ်ယောက်တည်းသာ ကျန်ခဲ့တော့မည်မဟုတ်ပါလား။

သူအတွေးနက်နေစဉ်မှာပင် ကျိယွမ်က ပေါ့ပေါ့ပါးပါးပြန်ဖြေ၏။

"အလင်းနန်းတော်ကို ကိုင်တွယ်ဖို့လား"

"အလင်းနန်းတော်ကို ရက်တစ်ရာအတွင်း ဖျက်ဆီးပစ်မဲ့အစီအစဥ်ကို ငါလုပ်ထားပြီ၊

အဲဒါကအောင်မြင်တော့မှာလေ။"

လက်ရှိတွင် သူသည် အပြင်ဘက်ရှိ ခရမ်းရောင်နန်းတော်အဆင့်များကို ရှင်းလင်းနေသည်။

ကျန်ရှိနေသည့် ခရမ်းရောင်နန်းတော်အဆင့်များသည် ဌာနချုပ်သို့ ဆုတ်ခွာမည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

၎င်းသည် ကျိယွမ်အတွက် အခွင့်အလမ်းဖြစ်မည်။

သူတို့ အတူတကွ စုဝေးမနေပါက သူတို့အား အကုန်သတ်ရန်ခက်ခဲ‌နိုင်၏။

အဘယ်ကြောင့်ဆိုသော် ခရမ်းရောင်နန်းတော်အဆင့်တစ်ယောက်က ကြောက်လန့်ပြီးပုန်းနေလျှင်

ကျိယွမ်ပင် သူတို့ကို ရှာဖွေရန် ခက်ခဲမည်ဖြစ်သည်။

"အောင်မြင်တော့မှာလား"

ရွှီရဲ့လီ ဘာဆက်ပြောနိုင်တော့မည်နည်း။

"အကြီးအကဲဆီက သတင်းကောင်းကို ကျွန်တော် မျှော်လင့်နေပါ့မယ်။"

အလင်းနန်းတော်ကို ဖျက်ဆီးမည်တဲ့လား။

ရွှီရဲ့လီ မယုံကြည်ပါ။

ယင်နတ်ဘုရားတစ်ပါး၏ အကူအညီမပါဘဲ အလင်းနန်းတော်ကို မည်သူဖျက်ဆီးနိုင်မည်နည်း။

ငါ့ရဲ့ရှေ့ရေးအတွက် ငါသေသေချာချာ

စဉ်းစားမှရတော့မယ်။

သူ၏စိုးရိမ်မှုက ပို၍နက်ရှိုင်းလာပြီး

အနာဂတ်အတွက် စိတ်မချ ဖြစ်နေသည်။

ကျိယွမ်သည် ရွှီရဲ့လီ၏အတွေးများကိုမသိခဲ့ပါ။သိခဲ့လျှင်လည်း သူကအရေးထားမည်မဟုတ်ပေ။

အိုမင်းပြီး ဆွဲဆောင်မှုရှိသော မျှော်လင့်ခြင်းလမင်းငါးဦးကို သတ်ပြီးနောက် ကျိယွမ်သည် ၎င်းတို့၏ အသီးအပွင့်များကို ရိတ်သိမ်းရင်းမှ ကျေနပ်နေ၏။

သူသည် တည်းခိုရာဂူသို့ ပြန်ရောက်သည်နှင့်

သူ၏ အရန်အကောင့်သို့ အမြန်ဝင်ရောက်ကာ ဖိုရမ်သို့ ပြန်သွားပြီး နောက်ထပ် ပို့စ်တစ်ခု ထပ်တင်လိုက်သည်။

"တာအိုရောင်းရင်းများအတွက် ဂုဏ်ပြုပွဲအဖြစ် ခရမ်းရောင်နန်းတော်အဆင့်ငါးဦးကို သတ်လိုက်ပါပြီ။"

"ငါ၊ သွေးဝတ်စုံဓားနတ်ဘုရား၊ မကောင်းမှုကို မုန်းတီးသောကြောင့် အလင်းနန်းတော်မှ ခရမ်းရောင်နန်းတော်ငါးဦးကို သတ်ဖြတ်ခဲ့တယ်။ လွန်ခဲ့သောရက်က ပို့စ်တင်ပြီးနောက်၊ တာအိုရောင်းရင်းများထံမှ

ထိုမျှများပြားသော ထောက်ခံမှု ရရှိမည်ဟု မမျှော်လင့်ခဲ့ပါ။ 'လင်ရှမ်းဝမ်ဖုန်း'၊ 'မြေခွေးဂူက လီလေး'၊ 'နဂါးကျားတာအို'၊ 'မူလနတ်ဘုရား.. တို့ရဲ့ထောက်ခံမှုအတွက် ကျေးဇူးတင်ပါတယ်။"

ကျိယွမ်သည် ဖိုရမ်တွင် သူ့ကို ထောက်ခံသသောမှတ်ချက်ပေးခဲ့သူများ၏ ID များအားလုံးကို စာရင်းပြုစုလိုက်သည်။

တစ်ခုတည်းသော အားနည်းချက်မှာ ၎င်းသည် သူတို့ကို မန်းရှင်းမခေါ်နိုင်ခြင်းပင်။

" တာအိုရောင်းရင်းများရဲ့ထောက်ခံမှုကြောင့် တရားမျှတမှုက မတရားမှုကို အနိုင်ယူနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။မနေ့ညကဆိုရင် ကျွန်တော်က ညနက်တဲ့အထိ တာအိုရောင်းရင်းများရဲ့ အားပေးစကားတွေကို ပြန်လည်စဉ်းစားမိနေပြီးတော့ အိပ်မပျော်နိုင်တဲ့အတွက်ကြောင့်၊ မိုးလင်းတဲ့အချိန်အထိမစောင့်နိုင်တော့ဘဲ၊ ခရမ်းရောင်နန်းတော်အဆင့်ငါးဦးကို ညတွင်းချင်းသတ်ပစ်ခဲ့တာပါ။"

"အဲတာကြောင့် အခုသေဆုံးသွားတဲ့ ခရမ်းရောင်နန်းတော်အဆင့်ငါးဦးဟာ ကျွန်တော့်ရဲ့လက်နဲ့ သေဆုံးခဲ့ခြင်းမဟုတ်ဘဲ၊ ကျွန်တော့်ကိုထောက်ခံသော ဖြောင့်မတ်သူများ၏ လက်ဖြင့်၊ လောက၏ တရားမျှတမှု ရည်ရွယ်ချက်ကြောင့် သေဆုံးခဲ့ကြခြင်းပဲ ဖြစ်ပါတယ်"

ပို့စ်တင်ပြီးနောက် ကျိယွမ်သည် မိမိကိုယ်မိမိ အလွန်ဂုဏ်ယူနေသည်။

စာ၏နောက်ဆုံးအပိုင်းသည် လုံးဝကိုအမိုက်ဆုံးအပိုင်း ဖြစ်လေ၏။

ထိုအပိုင်းက မိမိကိုယ်မိမိ ချီးမွမ်းခြင်း မဟုတ်ဘဲ၊ အကြောင်းအရာကို နက်ရှိုင်းစေခြင်း ဖြစ်သည်။

ကျောင်းတုန်းကသာ ဒီလောက်ရေးနိုင်ရင်စာစီစာကုံးမှာ အမြဲတမ်းဆုတွေရခဲ့မှာ သေချာတယ်။

ကျိယွမ်သည် သူကိုယ်သူ အလွန် ကျေနပ်နေခဲ့သည်။

မကြာမီ၊ မှတ်ချက်တစ်ခု ပေါ်လာ၏။

မြေခွေးဂူမှ လီလေး : "အကြီးအကဲ၊ ကျွန်မနဲ့မဆိုင်ဘူးနော်၊ အဲဒါ ကျွန်မမဟုတ်ဘူး။"

ဂူထဲတွင် ရှိသော ထိုအမျိုးသမီးကျင့်ကြံသူသည် ပို့စ်ကို ဖတ်နေစဥ် ထိတ်လန့်တုန်လှုပ်နေ၏။

အကြီးအကဲက ခရမ်းရောင်နန်းတော်အဆင့်ငါး ယောက်ကို တကယ်ထပ်သတ်လိုက်တာလား။

ဒါပေမဲ့ ဘာလို့ ငါ့ကိုထည့်ပြောနေရတာလဲ။သူပြောမှ သိသွားမှာ။

ကျေးဇူးပြုပြီး အလင်းနန်းတော်က ငါ့ကို လိုက်မလာပါစေနဲ့...

သူမက ထိတ်လန့်နေစဉ်မှာ ကျိယွမ်ကသဘောကောင်းစွာ သူမအား အကြောင်းပြန်လိုက်၏။

"ကျွန်တော်က ခင်များရဲ့ ကိုးဆင့်အမြုတေကို ကောင်းကောင်းမှတ်မိပါတယ်။လူမမှားပါဘူး၊ အလင်းနန်းတော်ကို ဖျက်ဆီးတဲ့နေရာမှာ ခင်ဗျားရဲ့အကူအညီလည်း ပါပါတယ်။"

လီလေးဆိုသော အမျိုးသမီးမှာ ပြောစရာစကားများပင် ပျောက်ဆုံးသွား၏။

ဘာဆက်လုပ်ရမလဲ။ငါသေချင်ယောင်ဆောင်လိုက်ရင် ကောင်းမလား။သတင်းလွှင့်ဖို့ လိုမလား။

ဤသို့ဖြင့် အချိန်အနည်းငယ်ကြာသောအခါ ကျိယွမ်၏ပိုစ့်ကို မှတ်ချက်ပေးသူများ ထပ်မံရောက်ရှိလာ၏။

"အကြီးအကဲက တကယ်ကိုခွန်အားကြီးလွန်းတယ်။သူက အရှေ့ပိုင်းဒေသရဲ့ ထိပ်တန်းအဆင့်၂၀ ထဲမှာသေချာပေါက်မှာပဲ"

"အကြီးအကဲက ဘာကြောင့်ဒီလောက်စိတ်အေးနေနိုင်တယ်ဆိုတာ သဘောပေါက်သွားပြီ။သူက အလင်းနန်းတော်ကို ခြိမ်းခြောက်မှုလို့ သတ်မှတ်မထားတာ သေချာသလောက်ပဲ။"

"အကြီးအကဲ၊ အလင်းနန်းတော်နဲ့ တိုက်ရိုက် ရင်ဆိုင်တာကို ရှောင်ရှားသရွေ့၊ သူတို့က ခင်ဗျာကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး"

သူ၏ပို့စ်ကို မှတ်ချက်ရေးသူများ ပို၍များလာပြီး ပို၍ပင်စိတ်အားထက်သန်စွာရေးသားနေကြ၏။

အချို့ဆိုလျှင် အလင်းနန်းတော်ကို မည်သို့ ဖျက်ဆီးရမည်ကိုပင် အကြံဉာဏ်များ ပေးလာကြသည်။

"အကြီးအကဲ၊ ကျွန်တော့မှာ အလင်းနန်းတော်ကိုဖျက်ဆီးနိုင်တဲ့ အစီအစဉ်တစ်ခုရှိပါတယ်။အရှေ့ပိုင်းဒေသကနေထွက်၊ နှစ်တစ်သောင်းလောက် တံခါးပိတ်ပြီးကျင့်ကြံပါ။ပြန်ပေါ်လာပြီဆိုတာနဲ့ အလင်းနန်းတော်ကို သေချာပေါက်ဖျက်ဆီးနိုင်‌ပါလိမ့်မယ်။"

"အလင်းနန်းတော်ရဲ့ တတိယနန်းတော်သခင်မက ပြိုင်ဘက်ကင်းအလှပဂေးတစ်ယောက်လို့ ပြောကြပါတယ်။ အကြီးအကဲ.... ကျွန်တော်သာ ခင်ဗျားနေရာမှာဆိုရင် အလင်းနန်းတော်နဲ့ ငြိမ်းချမ်းရေးယူပြီး တတိယနန်းတော်သခင်မကို ကျွန်တော်ရဲ့တာအိုလက်တွဲဖော် ဖြစ်လာဖို့ ဆွဲဆောင်မှာပါ။ အလင်းနန်းတော်ကို ခင်ဗျားရဲ့မောင်းမဆောင်အဖြစ် ထားလိုက်ရင် သူတို့က ခင်ဗျားကို တာအိုလက်တွဲဖော်တွေ အများကြီးထပ်ပေးမှာ သေချာတယ်။ခင်ဗျားက ကလေးတွေ ဆက်တိုက်မွေးပေးဖို့ပဲ လိုပြီးတော့ နှစ်ထောင်ဂဏန်းအနည်းငယ်ကြာရင်

အလင်းနန်းတော်က ခင်ဗျားရဲ့ နောက်ဖေးဥယျာဥ် ဖြစ်လာမယ် မဟုတ်ပါလား"

ကျိယွမ်၏မျက်လုံးများက ထိုမှတ်ချက်ကိုမြင်သောအခါ အလင်းရောင်များ တောက်ပလာ၏။

ထိုအကြံက တော်တော်လေးအကျိုးရှိပုံရသည်ဟု သူခံစားရသည်။

"အခြားနယ်မြေတွေမှာ လျှို့ဝှက်အရည်အချင်းတွေ မရှိဘူးလို့ ဘယ်သူပြောတာလဲ၊ ဒီလူတွေ... သူတို့က စစ်မှန်တဲ့ပါရမီရှင်တွေပဲ"

အထူးသဖြင့် ကလေးမွေးဖွားခြင်းနှင့် သိမ်းပိုက်ခြင်းပါဝင်သော အစီအစဥ်သည် အလွန်ဖြစ်နိုင်ချေရှိပုံရသည်။

ထို့အပြင် တွေးကြည့်ရုံနှင့်ပင် အစီအစဉ်ကအတော်လေး စိတ်လှုပ်ရှားဖွယ်ကောင်းနေ၏။

"ဒါပေမယ့် မဖြစ်သေးပါဘူး။ရေခဲတောင်သခင်မနဲ့ သူ့ရဲ့ညီမတွေကလည်းအတိုးတွေများကြီး ချေးထားကြတာ။

ကျိယွမ် စိတ်ဓာတ်ကျသလို ခေါင်းခါလိုက်၏။

အကြံကကောင်းပေမယ့် ငါလိုက်မလုပ်နိုင်တာ နှမြောစရာပဲ။ နစ်နာလိုက်တာ။

ဘာပဲဖြစ်ဖြစ် အလင်းနန်းတော်ကို ရက်တစ်ရာအတွင်း ဖျက်ဆီးပစ်ရမယ်။

ကျိယွမ်သည် မှတ်ချက်များကိုအနည်းငယ်ဖတ်ပြီးနောက် သူ၏ပင်မအကောင့်သို့ ပြန်ဝင်လိုက်သည်။

ဒီလောကမှာ အကောင့်ပျက်တာတွေ ဘာတွေမရှိလို့ပေါ့။မဟုတ်ရင် ငါ့အကောင့်လေး

တွေ ပြန်ဆယ်နေရလောက်ပြီ။

"သွေးဝတ်စုံဓားနတ်ဘုရား၊ အလင်းနန်းတော်ကို ဖျက်ဆီးရာမှာ အခက်အခဲတွေ့ရင်၊ ရှင်ဟွားအဖွဲ့ရဲ့ ဧကရာဇ်လေးပါးဆီ လာပါ။ ငါရဲ့ပြိုင်ဘက်ကင်း ကြယ်အမြုတေကို ငှားပေးနိုင်ပါတယ်။"

သူက ယခုအချိန်ထိ ကြွားရသည်ကို အားမရ

နိုင်သေးပါ။

သူကမှတ်ချက်ရေးပြီးနောက် မည်သူကတုံ့ပြန်မြင်နည်းဟု စောင့်ကြည့်နေ၏။

ထိုအချိန်မှာပင် အဆက်အသွယ်စာရင်းတွင်ရှိသော လင်းနွီထံမှ သတိပေးချက်တစ်ခု လင်းလက်နေသည်ကို သတိပြုမိသည်။

ကျန်းလင်းစုက သူ့အား မက်ဆေ့ချ် ပို့ထားခြင်းပင်။

ကျိယွမ် အံ့သြသွားသည်။

"ဆရာတူညီမလေးက နောက်ဆုံးတော့ ငါ့ကို အစစ်အမှန်ကဘယ်လိုဟာလဲဆိုတာ ပြတော့မှာလား"

စိတ်လှုပ်ရှားစွာဖြင့်၊ သူသည် ညီမလေးကျန်းလင်းစုထံမှ မက်ဆေ့ချ်ကို အမြန် ဖွင့်လိုက်၏။

"အစ်ကိုကြီး၊ ရှင် အခုတလော ယောက်ျားတစ်ယောက်နဲ့ နှစ်ကိုယ်တူကျင့်ကြံခြင်း နေ့တိုင်းလုပ်နေတယ်ဆို။တစ်ခါကျင့်ကြံရင် အနည်းဆုံး နာရီဝက်လောက်ကြာတယ်တဲ့။"

"အစ်ကိုကြီး... ဂိမ်းတွေကို စွဲလမ်းတာ အဆင်ပြေပါတယ်၊ ဒါပေမဲ့ တခြား ဘာကိုမှ မစွဲလမ်းပါနဲ့။"

"ခက်လိုက်တာ... အစ်ကိုကြီး၊ ယောက်ျားတွေက ဘာများ ကောင်းလို့လဲ"

ကျိယွမ် "_"

မက်ဆေ့ချ်များကိုကြည့်ပြီး ကျိယွမ်ခမျာစကားမပြောနိုင်ဖြစ်သွားရှာသည်။

"ဒါ သေချာပေါက် ကျန်းယာပဲ၊ ကြည့်လိုက်ရင်တော့ တိတ်ဆိတ်ပြီးထည်ဝါတယ်၊ လောကီဘုံနဲ့မဆိုင်တဲ့ နတ်သမီးတစ်ပါးလိုပဲ၊ သူက ဘယ်လိုများ ဒီလို ကုန်းတိုက်တတ်ရတာလဲ"

ကျန်းယာက သူမ၏ညီမကျန်းလင်းစုကို ဤအကြောင်း ပြောပြလိုက်သည်မှာ ရှင်းနေ၏။

"ညီမလေး၊ နားလည်မှု မလွဲနဲ့၊ငါကသူနဲ့ နှစ်ယောက်တည်းကျင့်ကြံနေတာမှန်ပေမဲ့ ညီမလေးတို့ထင်သလို နှစ်ကိုယ်တူကျင့်ကြံတာမဟုတ်ပါဘူး၊

"သူက စစ်မှန်နေမင်းမီးတောက်ကို နိုးထခဲ့တာ၊ ငါက မီးတောက်ကို နားလည်သဘောပေါက်အောင် နေ့တိုင်း ကြည့်ပြီး လေ့လာနေတာပါ။"

"နင့်ရဲ့ အစ်ကိုကြီးလို အိမ်ထောင်ရှိတဲ့သူတစ်ယောက်က ယောက်ျားတွေကို ဘယ်လိုလုပ်စိတ်ဝင်စားမှာလဲ၊မဖွယ်မရာတွေ "

ကျိယွမ်သည် ရှည်လျားစွာ ပြန်ဖြေလိုက်သည်။

တခြား နားလည်မှုလွဲမှားတာမျိုးဆိုလျှင် သူ ရှင်းပြဖို့ စိတ်မဝင်စားပေ။

သို့သော် ဤနားလည်မှုလွဲမှားမှုကတော့ မဖြစ်မနေ ရှင်းလင်းရန် လိုအပ်သည်။

" ငါ့ဘဝကလည်း အိုးစွပ်ခွက်စွပ်မစားဘဲ စွပ်စွဲခံနေရတယ်လို့ပဲ"

..........

ခန်းမတစ်ခုထဲမှ ရွှီထုန်ချန် ထွက်လာ၏။

သူ၏မျက်နှာက အရင်းနှီးဆုံးဆွေမျိုးကို ဆုံးရှုံးထားသူကဲ့သို့ ဝမ်းနည်းပူဆွေးနေလေ၏။

သိူ့သော် သူ၏စိတ်ထဲမှာတော့ အလွန် ပျော်ရွှင်နေသည်။

မကြာသေးမီက အလင်းနန်းတော်တွင် ကိစ္စများစွာ ဖြစ်ပျက်ခဲ့သည်။ခရမ်းရောင်နန်းတော်အဆင့်များ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးခဲ့ကြသည်။

ယခုအခါ ဆယ်ဦးနီးပါး သေဆုံးခဲ့ပြီဖြစ်သည်။

ထိုသူများအားလုံးက ရက်အနည်းငယ်အတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။

၎င်းသည် လွန်ခဲ့သော ရာစုနှစ်အတွင်း သေဆုံးခဲ့သူများထက် ပိုများ‌နေပြီး

သူတို့အားလုံးသည် အလင်းနန်းတော်မှ ဖြစ်ကြ၏။

ဟုန်တု၏ မျက်နှာအမူအရာသည် မည်မျှ တင်းမာနေမည်ကို စဥ်းစားနေရန်ပင်မလိုပါ။

ယခင်က သူတို့သည် သွေးဝတ်စုံဓားနတ်ဘုရားအကြောင်းကို ပေါ့ပေါ့ပါးပါး ပြောဆိုခဲ့ကြသော်လည်း၊ ယခုအခါ သူသည် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့လေပြီ။

ကျိန်းဖန်ရှင်း၏ဆရာမော်ကုလည်း သေဆုံးခဲ့ရသောကြောင့် ရွှီထုန်ချန်မှာ အလွန်ကျေနပ်နေခဲ့သည်။

သို့သော် သူသည် မလိုလားအပ်သောပြဿနာများမဖြစ်စေရန် အလွန် ဝမ်းနည်းနေဟန်ဆောင်ရမည်။

"ရက်အနည်းငယ်လေးနဲ့ ငါ့ရဲ့မီးတောက်က ၁၀ ရာခိုင်နှုန်း တိုးတက်လာခဲ့တယ် ။ဒီကျိယွမ်က ငါ့ရဲ့ကံကောင်းစေတဲ့ကြယ်ပွင့်ပဲ ဖြစ်ရမယ်။"

ထိုသို့စဉ်းစားမိသောအခါ ပို၍ပင်ပျော်ရွှင်လာရ၏။

တို့သည်ပျော်ရွှင်စွာဖြင့် ဂူအိမ်ဆီသို့ ဦးတည်လိုက်သည်။

ထိုအခိုက် ရွှီထုန်ချန်၏နားထဲသို့ အသံလှိုင်းတစ်ခုက ရုတ်တရက် ရောက်လာ၏။

သူ၏ မျက်လုံးများ ကျဥ်း‌သွားသည်။

သူ့အား နောက်ယောင်ခံလိုက်နေသည့် သူလျှိုများကို လှမ်းကြည့်ပြီးနောက် လမ်းကြားငယ်တစ်ခုထဲသို့ လှစ်ခနဲ ဝင်ရောက်လိုက်‌လေ၏။။

သူက လူတစ်ယောက်နှင့်တိုက်မိမလိုဖြစ်သွားသည်။သူက ထိတ်လန့်စွာဖြင့် တိုက်ခိုက်ရန်ပြင်ပြီးမှ အချိန်မီရပ်တန့်လိုက်ရ၏။

သူတိုက်မိသောသူက အခြားသူမဟုတ်ပါ၊သူ၏ဆရာဖြစ်သူ ရွှီရဲ့လီပင်။

"ဆရာ ၊ ဘာလို့ ဒီမှာ ရောက်နေတာလဲ"

ရွှီထုန်ချန်က အံ့သြစွာဖြင့် မေးလိုက်သည်။

သူသည် ဆရာ့ကို ဤနေရာတွင် တွေ့ရမည်ဟု မမျှော်လင့်ခဲ့ပေ။

ရွှီရဲ့လီက သူ၏တပည့်ကို ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"မင်း အခုတလော ဘာလို့ခဏခဏ အပြင်ထွက်နေတာလဲ"

"တပည့်က မမျှော်လင့်ဘဲ ပါရမီရှင်တစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီးတော့ သူကတော်တော်လေးထူးဆန်းပါတယ်။"

ရွှီထုန်ချန်က ကျိယွမ်နှင့် စတင်တွေ့ဆုံခဲ့သည်နေမှစ၍ ဖြစ်ပျက်နေသည့်အကြောင်းအရာများကို ရှင်းပြလိုက်၏။

သူ၏စကားကိုကြားသောအခါ

ရွှီရဲ့လီက မျက်မှောင်ကြုတ်ပြီး မှတ်ချက်ချသည်။

"လောကမှာ ဒီလိုလူမျိုး တကယ်ပဲ ရှိသလား၊ သူက ကံကောင်းခြင်း တစ်ခုခုကို ရရှိခဲ့တာဖြစ်ရမယ်။"

ရွှီရဲ့လီက ထိုကိစ္စကို ထပ်မပြောတော့ပါ။အရှေ့ပိုင်းဒေသ ပါရမီရှင်တိုက်ပွဲတွင် ပါဝင်နေသောလူငယ်တစ်ယောက်ကို သူအလွန်အမင်း စိုးရိမ်နေစရာမလိုပါ။

သူ၏လက်ရှိ အ‌ခြေအနေက ထိုကိစ္စထက်

အဆပေါင်းများစွာပို၍ စိုးရိမ်စရာကောင်းနေသည်မဟုတ်ပါလား။

"ထုန်ချန်၊ မင်းရဲ့ဆရာနဲ့အတူ အချိန်မရွေး ထွက်ပြေးဖို့ အသင့်ပြင်ထားရမယ်"

ရွှီရဲ့လီက အရင်းမပါအဖျားမပါနှင့် ရုတ်တရက်ပြောလိုက်သောကြောင့် ရွှီထုန်ချန်မှာ နားမလည်သလိုနှင့် ကြည့်လေ၏။

"ဆရာ....ဘာတွေများဖြစ်ခဲ့လို့လဲ ၊ အလင်းနန်းတော်က ကျွန်တော်တို့အပေါ် စပြီးလှုပ်ရှားတော့မှာလား။"

ရွှီရဲ့လီက တပည့်ဖြစ်သူအား ကြည့်ကာ ရှင်းပြသည်။

"စစ်မှန်နေမင်းမီးတောက်က အရမ်း ထင်ရှားတယ်။ အလင်းနန်းတော်က မင်းကို ထာဝရ သိမ်းထားခွင့် ပေးမှာမဟုတ်ဘူး"

အလင်းနန်းတော်သည် အမြဲတမ်း အနိုင်ကျင့်တတ်သော်လည်း အနည်းဆုံးတော့ အဆင့်အတန်းတစ်ခုကို ထိန်းသိမ်းထားတတ်သည်။

သို့သော် မကြာသေးမီကစ၍ သူတို့သည် တိုင်းပြည်တစ်ရာ သွေးစစ်ပွဲကို စတင်သည်ဖြစ်စေ၊ အခြားမည်သည့်အရာကိုဖြစ်စေ ယခင်ကနှင့်မတူဘဲ တိုက်ရိုက်ဆောင်ရွက်လာကြ၏။ ဂုဏ်သိက္ခာကိုလုံးဝထည့်မတွက်တော့ပေ။

ရွှီရဲ့လီသည် တစ်ခုခု ကြီးမားစွာ ဖြစ်ပျက်‌တော့မည်ကို ဝိုးတဝါး ခံစားမိသည်။

သို့သော် သူ၏အဆင့်အတန်းနှင့် စုံစမ်းနိုင်သောကိစ္စမဟုတ်သဖြင့် တိတိကျကျမသိခဲ့ရပေ ။

"ဆရာအလင်ူနန်းတော်က လက်ရှိအချိန်မှာသွေးဝတ်စုံဓားနတ်ဘုရားနဲ့ ရင်ဆိုင်နေရတာဆိုတော့၊ သူတို့က ကျွန်တော့်မီးတောက်ကို လိုက်ဖို့အချိန်ရှိပါ့မလား။"

ရွှီထုန်ချန်သည် အားငယ်နေခဲ့သော်လည်းသွေးဝတ်စုံဓားနတ်ဘုရား အကြောင်းကိုပြောသောအခါ စိတ်လှုပ်ရှားလာ၏။

ရွှီရဲ့လီက ထိုအမည်ကိုကြားသောအခါ လေးနက်သွားသည်။

ရွှီထုန်ချန်က ထိုမျှနှင့် အားမရဘဲ ဆက်ပြောလေသည်။

"သွေးဝတ်စုံဓားနတ်ဘုရားက တကယ်ကိုပြိုင်ဘက်ကင်း ခွန်အားကြီးတဲ့သူပဲ။သူတစ်ယောက်တည်းနဲ့ အလင်းနန်းတော်ကခရမ်းရောင်နန်းတော်အဆင့် ဆယ်ယောက်ကျော်ကိုသတ်ပစ်ခဲ့တယ်။နောက်လိုက်တွေကိုပါ ထည့်ပြီးရေတွက်ရင်တော့ရာဂဏန်းကျော်နေပြီ။ဒီလိုခွန်အားကြီးမားတဲ့သူကမှ ကွေးယွန်တိုက်ကြီးရဲ့ ဖြောင့်မတ်ခြင်းလမ်းစဉ်မှာခေါင်းဆောင်ဖြစ်သင့်တာ။"

သို့သော် သူက စဉ်းစားမရဟန်ဖြင့်

ဆက်ပြောပြန်သည်။

"ဒါပေမဲ့ ကျွန်တော်စဉ်းစားမရတာ တစ်ခုရှိနေတယ်ဆရာ။"

" ပြောကြတာက ဓားနတ်ဘုရားရဲ့နောက်မှာ ဝတ်စုံနက်အဖော်တစ်ယောက် အမြဲတမ်းပါတယ်တဲ့။ဒါပေမယ့်တိုက်ပွဲတွေမှာ သူက ဝင်မတိုက်ဘဲနဲ့အမြဲတမ်း နှဲပဲမှုတ်နေတယ်တဲ့။"

"ဆရာပဲစဉ်းစားကြည့်ပါ...ဒီလောက် သေရေရှင်ရေးတိုက်ပွဲမှာ ဝင်မကူညီတဲ့အပြင်ဘေးကနေပြီး နှဲထိုင်မှုတ်နေတာ အဲဒီဝတ်စုံနက်ကရူးနေတာပဲ ဖြစ်ရမယ်။"

ရွှီရဲ့လီ၏ မျက်နှာက မည်းမှောင်သွားလေသည်။

သူက တပည့်ဖြစ်သူအား ဘုကြည့်ကြည့်လိုက်၏။

ရွှီထုန်ချန်ကတော့ အနက်ရောင်ဝတ်စုံဝတ် နှဲမှုတ်သူသည် ထိုနေရာတွင် ကြည့်ရှုရန်အတွက်သာ ရောက်နေသူတစ်ဦးလိုဖြစ်ပြီး၊ လုံးဝ အသုံးမဝင်သူ ဖြစ်သည်ဟုသာ ထင်မိသည်။

သူက ဒေါသများပင် ထွက်ကာ ဆက်ပြောပြန်သည်။

"သွေးဝတ်စုံဓားနတ်ဘုရားက ဘာလို့ ဒီလို အသုံးမဝင်တဲ့ ကျွန်အိုကြီးကို ခေါ်သွားနေရတာလဲမသိဘူး။"

သူက ဆရာဖြစ်သူ၏ သဘောထားကိုပါ မေးလိုက်၏။

"ဆရာ ၊ကျွန်တော်ပြောတာ.....အမ်"

ရွှီထုံချန်မှာ ဆရာဖြစ်သူ၏မျက်နှာကို

သတိထားမိပြီး လျင်မြန်စွာ မေးလိုက်သည်။

"ဆရာ ဘာဖြစ်တာလဲ။အလင်းနန်းတော်ကကျွန်တော်ကြောင့် ဆရာ့ကိုထပ်ပြီးစော်ကားလိုက်ပြန်ပြီလား။"

ရွှီရဲ့လီက အံကြိတ်ကာ ဖြေ၏။

"အလင်းနန်းတော် မဟုတ်ဘူးကွ။"

"အဲဒါဆို ဘယ်သူလဲ"

"မင်းကွ ၊ မင်း.."

"ဗျာ...."

ရွှီရဲ့လီသည် ရွီထုန်ချန်ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။

"မင်း ပြောနေတဲ့ အသုံးမဝင်တဲ့ ကျွန်အိုကြီးက မင်းရဲ့ဆရာ ငါလေ"

".ငမ်."

ရွှီထုန်ချန်သည် ပါးစပ်အဟောင်းသားဖြစ်သွားပြီး ချက်ချင်းပင် အပြစ်ရှိသလို ခံစားလိုက်ရ၏။

ဆရာဖြစ်သူအား မည်သို့မျက်နှာပြရမည်ကိုပင် မသိတော့ပေ။

သို့သော် အချိန်တော်တော်ကြာ တိတ်ဆိတ်ပြီးနောက်၊ သူက စိတ်လှုပ်ရှားလာပြီး မေးလိုက်သည်။

"ဆရာ..ဆရာကသွေးဝတ်စုံဓားနတ်ဘုရားနဲ့ တွေ့ခဲ့တာလား။သူက ဘယ်လိုလဲ။ ကောလာဟလတွေထဲမှာပြောသလို

သူတော်စင် တစ်ပါးလိုမျိုး မြင့်မြတ်တဲ့သူလား"

"သူတော်စင်တဲ့လား"

ရွှီရဲ့လီက အေးစက်စွာ ပြောလိုက်သည်။

"သူက သတ်ဖြတ်ခြင်းနတ်ဘုရား ပဲ"

ထိုအကြောင်းကိုပြန်တွေးမိတိုင်း သူ၏နှလုံးသားက ကြောက်ရွံ့စိတ်များပြန်ပေါ်လာ၏။

သူကသာ သူတော်စင်ဆိုရင် လောကမှာနတ်ဆိုးဆိုတာမရှိတော့ဘူး။

.................

ရွှီထုန်ချန်သည် ကျိယွမ်၏ ဂူသို့ လာရာလမ်းတလျှောက်လုံး စဉ်းစားနေခဲ့သည်။

သူ၏ဆရာသည် သွေးဝတ်စုံဓားနတ်ဘုရား၏ နှဲမှုတ်နောက်လိုက်တစ်ဦး ဖြစ်နေသည်။

သွေးဝတ်စုံဓားနတ်ဘုရားက အလင်းနန်းတော်ကို ရန်စပြီးနောက် လွတ်ရာကျွတ်ရာသို့ ထွက်ခွာသွားနိုင်သည်။

သို့သော် သူ၏ဆရာက ထိုသို့မလုပ်နိုင်ပါ။

အကယ်၍ ဖော်ထုတ်ခံရပါက ဆရာသာမကဘဲ ကျင်းယန်ဂိုဏ်း၏ ကံကြမ္မာသည် လည်း ဆိုးရွားလိမ့်မည်။

သူကပူပင်လောကများစွာဖြင့် ဂူထဲသို့ရောက်မှန်းမသိရောက်လာခဲ့သည်။

"မင်း ရောက်လာပြီလား။ မြန်မြန်‌လေး မင်းရဲ့မီးတောက်ကိုခေါ်ထုတ်လိုက်"

ကျိယွမ်က တိုက်တွန်းလိုက်သည်။

"ကောင်းပြီ။"

ရွှီထုန်ချန်သည် မီးတောက်ကို ခေါ်ထုတ်လိုက်သည်။

အသုံးမဝင်သောအရာများကို စိတ်ပူနေသည်ထက် မိမိ၏ခွန်အားကို မြှင့်တင်ရန် အာရုံစိုက်ခြင်းက ပိုကောင်းသည်။

ကျိယွမ်ကလည်း မျက်လုံးများကို မှေးစင်းလိုက်ပြီး ဂရုတစိုက် စစ်ဆေးနေသည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်ယံရှိ နေလုံးငယ်သည် သေးငယ်သော မီးတောက်တစ်ခုဖြင့် တဖျတ်ဖျတ်လင်းနေပုံရသည်ကိုတော့ မည်သူမျှ သတိမထားမိကြပါ။

ဤသို့ဖြင့် နာရီဝက်ခန့်ကြာပြီးနောက် ကျိယွမ်သည် ကျေနပ်သော အမူအရာဖြင့်

လေ့လာခြင်းကို ရပ်နားလိုက်၏။

" မဆိုးဘူး။ငါနည်းနည်းတော့ တိုးတက်လာပြီ"

ရွှီထုန်ချန်သည်လည်း သူ၏မီးတောက်က ပ်ု၍သန်မာလာသည်ကို ခံစားမိပြီး မနေနိုင်စွာ‌ မေးမိသည်။

"တာအိုရောင်းရင်း ကျိယွမ်၊ မင်းတကယ်ပဲနားလည်ခဲ့တာလား။"

"အင်း...ငါ နည်းနည်းတော့ နားလည်လိုက်တယ်"

ရွှီထုန်ချန်က ကျိယွမ်အား မယုံသလိုကြည့်နေသည်။

ငါ ဒါကိုနားလည်ဖို့ နှစ်၂၀တောင်ကြာတာလေ။သူကရက်ပိုင်းလေးနဲ့ နားလည်သွားတယ်တဲ့လား။

ငါအထင်ကြီးအောင် သူက လိမ်များလိမ်နေတာလား။

"ဒီနှုန်းနဲ့ဆိုရင်‌တော့ ငါ ဆယ်ရက်ကနေဆယ့်ငါးရက်အတွင်း အပြည့်အဝ နားလည်နိုင်မယ်။"

ရွှီထုတ်ချန်သည် တစ်ဖက်သားက လိမ်နေသည်လား ၊ အမှန်ပြောနေတာလား မသိသောကြောင့် အဆင်ပြေသလိုသာတုံ့ပြန်လိုက်၏။

"တကယ်လို့ပါရမီရှင်တိုက်ပွဲမတိုင်ခင်မှာမီးတောက်ကို နားလည်နိုင်မယ်ဆိုရင် ၊ မင်းက တိုက်ပွဲမှာ အောင်ပွဲခံပြီးတော့ သေချာပေါက် အဆင့်၂၀ထဲကို ဝင်ရောက်သွားလိမ့်မယ်။"

ကျိယွမ်က စိတ်ပျက်နေသလို သက်ပြင်းချသည်။

"ရိုးရိုးသားသားပြောရရင်၊ အဆင့်နှစ်ဆယ်အတွင်း ရပ်တည်ဖို့က ငါ့အတွက် နည်းနည်း စိတ်ဖိစီးမှုရှိတယ်။ ဘာလို့လဲဆိုတော့ ဒီပါရမီရှင်တွေက မြင့်မြတ်တဲ့ နောက်ခံတွေကနေ လာကြတာ၊ ငါက နိမ့်ကျတဲ့ နောက်ခံကလာတာပါ။ သူတို့ကို မြင်ရတဲ့အခါ ငါကိုယ်ငါအလွန် နိမ့်ကျတယ် လို့ ခံစားရတယ်"

ရွှီတုန်ချန်မှာ စကားအမျိုးမျိုးပြောနေသော ကျိယွမ်ကြောင့် ဘာပြောရမှန်းမသိဖြစ်သွား၏။

ကျိယွမ်က ဆက်လက်ညည်းညူ၏။

" ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ ကောင်းကင်ဘုံတာအိုအုတ်မြစ်‌လေး ရှိထားလို့ တော်သေးတာပေါ့။မဟုတ်ရင် လူကြားထဲတောင် သွားရဲမှာမဟုတ်ဘူး။"

ရွှီထုန်ချန်၏ မျက်လုံးများက လေးနက်သွားသည်။

"ကောင်းကင်ဘုံတာအိုအုတ်မြစ်လား။ဒီပါရမီရှင်တိုက်ပွဲမှာ ကောင်းကင်ဘုံကိုတာအို အုတ်မြစ်ကျင့်ကြံသူ တစ်ယောက်ပါတယ်လေ။ကုရှောင်ယောင် တဲ့"

"ကောင်းကင်ဘုံတာအို အုတ်မြစ်ရှိတဲ့သူလား"

ကျိယွမ်၏ မျက်နှာအမူအရာသည်

လေးနက်လာသည်။ သူက လျှင်မြန်စွာမေးလိုက်သည်။

"သူက ပြီးပြည့်စုံသော ကောင်းကင်ဘုံတာအိုအုတ်မြစ်လား၊ ဒါမှမဟုတ် ချို့ယွင်းချက်ရှိတဲ့ တစ်ခုလား?"

ရေခဲ‌တောင်သခင်မ၏ အဆိုအရ၊ ပြီးပြည့်စုံသော ကောင်းကင်ဘုံတာအိုအုတ်မြစ်သည် တာအို၏ အခွင့်အာဏာဖြင့် စကားပြောနိုင်ပြီး၊ နတ်ဘုရားများပင် ကျဆုံးစေနိုင်သည်ဟု သိရသည်။

သို့သော် ကျိယွမ်သည် လုံလောက်သော ပါရမီမရှိသောကြောင့် ချို့ယွင်းချက်ရှိသော ကောင်းကင်ဘုံတာအိုအုတ်မြစ်သာ ရှိ‌၏။

ရွှီထုန်ချန်မှာ ကျိယွမ်၏ စကားများကြောင့် ရှုပ်ထွေးသွားသည်။

ကောင်းကင်ဘုံတာအိုအုတ်မြစ်တွင် ပြီးပြည့်စုံခြင်းနှင့် ချို့ယွင်းချက်ရှိခြင်းဟူ၍ မည်သည့်အချိန်ကစ၍ ၂ခုဖြစ်သွားလေသနည်း။

သို့သော် သူနားလည်ထားသည့်အတိုင်း ဖြေလိုက်၏။

"ဟုတ်ပါတယ်၊ သူက ပြီးပြည့်စုံသော ကောင်းကင်ဘုံတာအိုအုတ်မြစ်ပိုင်ရှင်ပဲ"

ရွှီထုန်ချန်၏အဖြေကြောင့်

ကျိယွမ်၏ မျက်နှာအမူအရာသည် ပို၍ပင် လေးနက်လာသည်။

အရှေ့ပိုင်းဒေသပါရမီရှင်တိုက်ပွဲတွင် သူသည် နောက်ဆုံးအဆင့်၌ ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်တစ်ဦးနှင့် ရင်ဆိုင်ရတော့မည်။

ပြိုင်ဘက်က ဒဏ္ဍာရီလာ ကောင်းကင်ဘုံတာအိုအုတ်မြစ်ပိုင်ရှင်ပင် ဖြစ်နေ၏။

ကျိယွမ်က ရွှီထုန်ချန်ကို မေးလိုက်သည်။

"သူနဲ့ငါ ဘယ်သူနိုင်မယ်လ်ု့ထင်လဲ"

ရွှီထုန်ချန်က ကျိယွမ်အား မမြင်ဖူးသူလိုကြည့်ကာ ခေါင်းခါလိုက်သည်။

ကလေးတောင်သိနိုင်တဲ့အရာကို။

"တာအိုရောင်းရင်း ကျိယွမ် ၊မင်း စစ်မှန်နေမင်းမီးတောက်ကို နားလည်ခဲ့မယ်ဆိုရင်တောင် အဲဒီ ကောင်းကင်ဘုံတာအိုအုတ်မြစ် ကျင့်ကြံသူကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး။"

ကျိယွမ် တိတ်ဆိတ်သွားသည်။

သူသည် အလွန်အားနည်းနေဆဲ ဖြစ်၏။

အရှေ့ပိုင်းဒေသပါရမီရှင်တိုက်ပွဲက မလွယ်ဘူးပဲ။ငါ ဝင်မပြိုင်တာကောင်းမယ်ထင်တယ်။

မဟုတ်လျှင် ထိုကောင်းကင်ဘုံတာအိုအုတ်မြစ်ကျင့်ကြံသူနှင့် တွေ့ဆုံပြီး အနိုင်မယူနိုင်ခဲ့ပါက အလွန် ရှက်စရာကောင်းပေလိမ့်မည်။

သို့သော် ဂိုဏ်းချုပ်အား ပေးခဲ့သော ကတိကို သတိရသောအခါ ကျိယွမ် စိတ်ရှုပ်ထွေးသွားသည်။

မပြိုင်လို့ကလည်း မရဘူး။ဘယ်လိုလုပ်ရပါ့။

သူသည် ထိုကောင်းကင်ဘုံတာအိုအုတ်မြစ် ကျင့်ကြံသူနှင့် မတွေ့ဆုံစေရန် နည်းလမ်းရှာရန် လိုအပ်နေနေပြီ။

"တာအိုရောင်းရင်းကျိယွမ် ၊ လာမဲ့နှစ်ရက်အတွင်း ဟုန်တုက နဂါးနဲ့ငါးကပွဲကို ကျင်းပပေးမှာဖြစ်လို့ ကျွန်တော်ကသူနဲ့အတူရှိနေရပါမယ်။အဲဒီရက်တွေမှာ ကျွန်တော်မလာနိုင်တဲ့အတွက် သည်းခံပေးပါ။

ထိုနောက် ရွှီထုန်ချန်က နှုတ်ဆက်ကာ ထွက်ခွာသွားလေ၏။

ကျိယွမ်က သူ၏ကျောပြင်အားကြည့်ကာ

တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဒါဆိုရင် ဆိုးသွမ်းအင်မော်တယ်လာတော့မှာပေါ့"

-------------------

All Chapters