မြန်မြန်ပြောပါ၊ နဂါးမင်းက စကားထစ်တဲ့သူကို ဖိတ်ခေါ်တယ်တယ်
Vol. 12 Ch. 149
သွေးဝတ်စုံဓားနတ်ဘုရားဟူသောအသံကိုကြားလိုက်ရသောအခါ ထိုနေရာရှိ လူအများ၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားကြသည်။
သူတို့ပြောသောစကားများကို အခြားသူများမကြားစေရန် အသံလုံအစီအရင်ပြုလုပ်လိုက်ကြ၏။
စားပွဲဝိုင်းမှပါရမီရှင်တစ်ဦးက ကျိယွမ်၏ ပုံစံကို သတိထားမိကာ သတိပေးသည်။
"တာအိုရောင်းရင်း ၊ ဘာလို့ သွေးရောင်ဝတ်စုံကို ဝတ်လာရတာလဲ၊ အိမ်ရှင်ဖြစ်တဲ့ ဟုန်တုမြင်သွားရင် ပြဿနာရှာမှာ မကြောက်ဘူးလား၊ သူတို့က သွေးဝတ်စုံဓားနတ်ဘုရားကို ဒုက္ခမပေးနိုင်ပေမဲ့ မင်းက်ုတော့ ဒုက္ခပေးနိုင်တယ်"
ကျောက်ပုယီဆိုသော ပါရမီရှင်က တိုးတိုးလေးပြောလိုက်သော်လည်း အခြားသူများက စိတ်ဝင်တစား လှည့်ကြည့်လာကြသည်။သူကလည်း အရှေ့ပိုင်းဒေသ၏ပါရမီရှင်စာရင်းဝင်သူဖြစ်သောကြောင့် ဆိုသွမ်းအင်မော်တယ်လို သာမန်ပါရမီရှင်များ၏ စိတ်ဝင်စားခံသူဖြစ်၏။
လက်ရှိတွင် ကွေးယွန်တိုက်ကြီး၌ လူအများ အာရုံစိုက်နေသည့် ကိစ္စနှစ်ခု ရှိသည်။
ပထမတစ်ခုမှာ ပါရမီရှင်တိုက်ပွဲဖြစ်၏။
ဒုတိယတစ်ခုကတော့ အင်အားတောင့်တင်းလှသည့် ထိပ်တန်းဖြစ်သော အလင်းနန်းတော်နှင့် တစ်ကိုယ်တော်သမားဖြစ်သော သွေးဝတ်စုံဓားနတ်ဘုရားတို့၏ ကမ္ဘာကျေသော်လည်း ဥဒါန်းမကြေသည် ရန်ငြိုးဖြစ်လေသည်။
သို့သော် ဒုတိယကိစ္စဖြစ်ပွားသည်မှာ မကြာသေးသလို ဖြစ်ရပ်များကလည်းမြန်လွန်း
သဖြင့် ကွေးယွန်တိုက်ကြီးသို့ ယခုမှရောက်လာသော အခြားတိုက်ကြီးများမှ ပါ ရမီရှင်အများစုက မသိကြသေးချေ။
ကာယကံရှင်ကျိယွမ်သည် ထိုစကားကို ကြားသောအခါ အနည်းငယ် ကြောင်သွားခဲ့၏။
ပွဲတော်၌ အထင်သေးခံရမည်ကို ကြောက်သောကြောင့် သူ၏ မူရင်းအသွင်ဖြင့်ပင် မတက်ရောက်ဘဲ နာမည်ကောင်းရနေသော သွေးဝတ်စုံဓားနတ်ဘုရားအဖြစ်တတ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် လူကိုယ်တိုင်ရောက်လာသည်ကိုပင် အတုဟုထင်နေကြပြီး ပစ်မှတ်ထားခံနေရဆဲ ပင်။
ငှက်မသိတော့ ဆက်ရက် ချိုး(ဂျိုး)ထင်ဆိုတဲ့ ကောင်တွေဲ၊ မင်းတို့ဟာက ဒီလောက်ကြီးအမြင်မစူးရှတာတော့ မများလွန်းဘူးလား။
သူတွေးနေစဥ်မှာ ဆိုးသွမ်းအင်မော်တယ်က အံ့သြစွာမေးလိုက်သည်။
"မင်းတို့တွေကလည်း သွေးဝတ်စုံဓားနတ်ဘုရားအကြောင်း သိကြတာလား"
သွေးဝတ်စုံဓားနတ်ဘုရားအကြောင်းကို သူက ကြားဖူးနားဝမျှသာ ရှိခဲ့သည်။
"ငါတို့က ရှင်းဟွာအဖွဲ့က မဟုတ်ပါဘူး"
ထိုနေရာတွင် ရှိနေသော လူငါးဦးက ခေါင်းခါလိုက်ကြသည်။
အမျိုးသမီးပါရမီရှင်က မခံနိုင်သလိုပြောလိုက်သည်။
"ဒါက ရှင်းဟွာအဖွဲ့နဲ့ ဘာဆိုင်လို့လဲ၊
သွေးဝတ်စုံဓားနတ်ဘုရားက မကြာသေးခင်ကမှ ကွေးယွန်တိုက်ကြီးကို ရောက်လာတာ ။သူသွားရာတိုင်းမှာ စိတ်ဝိညာဥ်အဆင့်တွေရော၊ ခရမ်းရောင်နန်းတော်အဆင့်တွေပါ ချေမှုန်းခံရတာပဲ၊သူက အလင်းနန်းတော်က ခရမ်းရောင်နန်းတော်အဆင့် ဒါဇင်ပေါင်းများစွာကို သတ်ပြီးပြီလို့ ကြားဖူးတယ်"
"ဒါပေမဲ့ ငါတို့က သွေးဝတ်စုံဓားနတ်ဘုရားရဲ့ ခွန်အားကိုလက်တွေ့မကြုံဘူးသေးသလို ၊ ၊သူ့ရဲ့ ပုံပန်းသဏ္ဌာန်ကို မှတ်တမ်းတင်ထားသည့် ကျောက်တုံးလည်း မရှိသေးတာတော့ နှမြောစရာပဲ"
သူမသည် ထိုစကားများကိုပြောရင်း စိတ်လှုပ်ရှားစွာ လာပြီး မျက်လုံးများက လေးစားမှုဖြင့် အရောင်လက်နေခဲ့သည်။
သွေးဝတ်စုံဓားနတ်ဘုရား ပေါ်လာတိုင်း ဆဆိုနာတူရိယာတီးမှုတ်သံကို ကြားရပြီးလျှင် ခရမ်းရောင်နန်းတော်အဆင့်များ သေဆုံးကြရသည်။
သို့သော် သွေးဝတ်စုံဓားနတ်ဘုရား၏ မူရင်းအသွင်ကို မြင်ဖူးသူမှာ အလွန်နည်းပါးသည်ကတော့ စိတ်မကောင်းစရာပင်။
ဆိုးသွမ်းအင်မော်တယ်က ထိုစကားများကြောင့်ရှုပ်ထွေးသွားသည် ။
သူကကျိယွမ်အား အသံပို့ကာမေးလိုက်၏။
"မူလနတ်ဘုရား ၊ သူတို့ ဘာတွေပြောနေကြတာလဲ"
"သူတို့တွေ ချဲ့ကားပြောနေကြတာပါ"
ကျိယွမ်က ရိုးသားစွာ ပြန်ဖြေပေးလိုက်သည်။
ထိုအခါမှ ဆိုးသွမ်းအင်မော်တယ်က သက်ပြင်းချနိုင်၏။
သို့သော် ကျိယွမ်ဆက်ပြောလိုက်သည်။
"ငါက အလင်းနန်းတော်ရဲ့ ခရမ်းရောင်နန်းတော်အဆင့် ဒါဇင်ပေါင်း များစွာကို
မသတ်ခဲ့ပါဘူး။ ကိုးယောက် ဆယ်ယောက်လောက်ပဲ သတ်ခဲ့တာပါ"
"အမ်.."
ဆိုးသွမ်းအင်မော်တယ်၏ ပါးစပ်ဝမှ ဝိညာည်သစ်သီးပင် ပြုတ်ကျမလိုဖြစ်သွားလေ၏။
ယခုတွင် သူသည် လုံးဝကိုရှုပ်ထွေးသွားခဲ့ပြီ ဖြစ်သည်။
သွေးဝတ်စုံဓားနတ်ဘုရားက ခရမ်းရောင်နန်းတော်အဆင့် ဆယ်ယောက်လောက်ကို သတ်ခဲ့သည်တဲ့လား။
မိုးကြိုးနဂါးတိုက်ကြီးရှိ သူ၏ဂိုဏ်းတွင်ပင် ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူ စုစုပေါင်း ငါးယောက်သာ ရှိသည်။
သူက ကျိယွမ်ကိုကြည့်ကာ စိတ်ထဲ၌ မငြိမ်မသက်ဖြစ်နေပြီး ရှင်းရှင်းလင်းလင်း မစဉ်းစားနိုင်တော့ချေ။
သွေးဝတ်စုံဓားနတ်ဘုရားအစစ်က ဘယ်လိုလုပ်ပြီးပေါ်လာတာလဲ။ဒါဆိုရင် သူ့နာမည်အတုနဲ့ အယောင်ဆောင်နေတဲ့ မူလနတ်ဘုရားက ပြဿနာတတ်ပြီလား။
ထိုအချိန်မှာပင် ကျိယွမ်အားအမြင်မကြည်ဖြစ်ခဲ့သော အမျိုးသမီးက စိတ်ကောင်းဝင်လာပုံရ၏။သူက ကျိယွမ်အား သတိပေးလိုက်သည်။
"တာအိုမိတ်ဆွေ၊ အစ်ကိုပုယီရဲ့
အကြံဉာဏ်ကို နားထောင်ပြီး ပြဿနာမဖြစ်ရအောင် ဝတ်စုံကို ပြောင်းလဲသင့်တယ်"
မူလနတ်ဘုရားကလည်း စိတ်ပူလာ၏။ကိစ္စများက ရှုပ်ထွေးနေပြီး သူလိုင်းမတတ်ခင်ရက်အနည်းငယ်အတွင်းမှာ မည်သို့ဖြစ်ပျက်ကုန်သည်အား စဥ်းစားမရတော့ပေ။
သူက ကျိယွမ်အား ဝေခွဲမရသလိုကြည့်ပြီး မေး၏။
"ဘယ်လိုလဲ။ငါတို့ထွက်သွားသင့်သလား"
ယခုအချိန်၌ သူ၏စိတ်သည် ရှုပ်ထွေးနေဆဲ ဖြစ်၏။
သူ၏ရှေ့တွင်ရှိသမျှ အရာအားလုံးသည် လွဲမှားသော အာရုံခံစားမှုတစ်ခုကဲ့သို့ဖြစ်နေပြီး မည်သည့်အရာကမှန်သည် မည်သည့်ရာကမှားသည်ကိုမခွဲခြားနိုင်တော့ပေ။
ကျိယွမ်ကခေါင်းခါလိုက်၏။
"နဂါးနဲ့ငါး ကပွဲတောင်မစရသေးဘူး။ ဘာလို့သွားမှာလဲ။အေးဆေးပေါ့။"
သူသည် ငါးနဂါးအမြုတေကခုန်ပွဲကို စောင့်ကြည့်ပြီး သတို့သမီးလေးအား ပြန်ပြနိုင်ရန်အတွက် မှတ်တမ်းတင်ရန် စောင့်ဆိုင်းနေခြင်းဖြစ်သည်။
အမျိုးသမီးသည် ချီယွမ်ကို ကြည့်ပြီး သူမ၏ အကြံဉာဏ်မှာ အချည်းနှီး ဖြစ်နေသည်ကို မြင်သောအခါ နောက်ထပ် ဘာမှ မပြောတော့ရန် ဆုံးဖြတ်လိုက်၏။
ငါကစေတနာနဲ့အကြံပေးတာကို သူက လက်မခံတော့လည်း ဘယ်တတ်နိုင်မလဲ။
ချီယွမ်ကတော့ ဝတ်စုံပြဿနာကို စိတ်ထဲမထည့်ဘဲ ဝိညာဉ်သစ်သီးများကို ဆက်လက်စားသောက်နေခဲ့သည်။
သူတို့နှင့် မလှမ်းမကမ်းတွင် ပါရမီရှင်များစွာက ကောင်းကင်ဝိညာဉ်နတ်သမီးကို ကြိုဆိုနေဆဲပင်ရှိလေ၏။
ဟုတ်တု၏ မျက်နှာသည်လည်း အပြုံးများဖြင့် ပြည့်နှက်နေခဲ့သည်။
သို့သော် သူ့နောက်တွင်ရှိသော ရွှီထုန်ချန်၏ အတွေးများသည် အခြားတစ်နေရာ၌ ရှိနေခဲ့သည်။
ယခုလေးပင် သူ၏ခန္ဓာကိုယ်အတွင်းမှ စစ်မှန်နေမင်းမီးတောက်သည် ရုတ်တရက် တောက်လောင်လာခဲ့၏။
သူသည် ကျိယွမ်က အနီးနား၌ ရှိနေသကဲ့သို့ ခံစားခဲ့ရသည်။
သို့သော် အမြန်စစ်ဆေးကြည့်ခဲ့သော်လည်းကျိယွမ်၏အရိပ်ရောင်ကိုပင် မမြင်ခဲ့ရပါ။
ရုတ်တရက် သူ၏အကြည့်သည် သွေးနီရောင်ဝတ်ရုံဝတ်ထားသည့် လူတစ်ဦးအပေါ်သို့ ကျရောက်သွားခဲ့ပြီး အနည်းငယ်တုန်လှုပ်သွားခဲ့လေသည်။
"ကျိယွမ်လား"
ထိုသူသည် ကျိယွမ်နှင့် လုံးဝမတူသော်လည်း သူခံစားရသော ခံစားချက်သည်ကျိယွမ်ထံမှရရှိသောခံစားချက်နှင့် လုံးဝတူညီနေခဲ့သည်။
သူ့အား ထိုခံစားချက်မျိုးပေးနိုင်သောသူက ကွေးယွန်တိုက်ကြီးတွင် နှစ်ယောက်မရှိနိုင်ပါ။
သို့သော် သူက ကျိယွမ်အားကြည့်ကာ လုံးဝနားမလည်နိုင်ခဲ့ပေ။
"သူ ဘာလို့ အဲဒီလို ဝတ်ထားတာလဲ"
ရွှီထုန်ချန်သည် တစ်စုံတစ်ခုကိုတွေးမိ သောအခါ ကျိယွမ်ထံမှ သူ၏ သူ၏အကြည့်ကိုလွဲဖယ်လိုက်မိ၏။
ဟုန်တုသည် ထိုကဲ့သို့ ဝတ်ဆင်ထားသည့် ကျိယွမ်ကို မြင်သွားမည်ကို သူ စိုးရိမ်သွားသောကြောင့်ဖြစ်သည်။
ရွှီထုန်ချန်က ကျိယွမ်သည် မဟာမေ့လျော့ခြင်း နှလုံးသားကျမ်းကို အသုံးပြုနေသည်ကို မသိခဲ့ချေ။
တစ်စုံတစ်ဦးက သူ့ကို ရည်ရွယ်ချက်ရှိရှိ မကြည့်မချင်း၊ လူများသည် သူ့ကိုသတိမပြုနိုင်ပါ။
သူသည် ထိုနေရာတွင်မရှိသကဲ့သို့ပင် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် မျှော်စင်မြင့်ပေါ်တွင်ရှိနေသောစိတ်ဝိဉာဉ်အဆင့် ကျင့်ကြံသူနှစ်ဦးသည် သွေးနီရောင်ဝတ်စုံဝတ်ထားသည့် ကျိယွမ်ကို ခိုးကြောင်ခိုးဝှက် ကြည့်လိုက်ကြပြီး အကြည့်ကို လျင်မြန်စွာ လွှဲဖယ်လိုက်ကြ၏။
"အဲဒါ သူလား"
သူတို့သည်ထိတ်လန့်စွာဖြင့်အချင်းချင်းကြည့်မိလိုက်သည်။
ထိုနှစ်ဦးသည် ယွင်ကျုံးစံအိမ်မှဖြစ်ပြီး ပွဲတော်ထိန်းသိမ်းရေးတာဝန်ခံများဖြစ်လေသည်။။
ထို့ကြောင့်သူတို့သည်ပွဲတော်ရှိ ပါရမီရှင်များအားလုံးကို အနီးကပ် အာရုံစိုက်နေခဲ့ကြရသည်။
ထိုသို့ လေ့လာနေစဉ်အတွင်း သွေးနီရောင်ဝတ်စုံဝတ်ထားသည့်လူကို သတိထားမိသွားခဲ့ခြင်းပင်။
"ငါလည်း မသိဘူး။ သွေးဝတ်စုံဓားနတ်ဘုရားကို တစ်ခါမှမမြင်ဖူးဘူး။"
"ဒါပေမယ့် သူကလူတွေသတိမထားမိအောင် စွမ်းရည်တစ်မျိုးမျိုးကိုအသုံးချနေတာဖြစ်နိုင်တယ်။"
အရပ်ရှည်သောစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူက ထိတ်လန့်စွာ တီးတိုးပြောသည်။
ယနေ့အချိန်၌ ကွေးယွန်တိုက်ကြီးတွင် သွေးဝတ်စုံဓါးနတ်ဘုရားကို မသိသောသူဟူ၍ မရှိသလောက်ပင်။
ခရမ်းရောင်နန်းတော်အဆင့် ဆယ်ယောက်ကျော်သည်လည်း သူ၏လက်၌အသက်ခံခဲ့ရသည်မဟုတ်ပါလား။
ထိုခွန်အားမျိုးကို အရှေ့ပိုင်းဒေသတစ်ခုလုံးကပင် ထိတ်လန့်ခဲ့လေ၏။
"ထိရွှီ မကြာခင် ရောက်လာလိမ့်မယ်။ သူက သွေးဝတ်စုံဓားနတ်ဘုရားကို တစ်ကြိမ် မြင်ဖူးတယ်တဲ့၊ သူဆိုရင်တော့ ဟုတ်မဟုတ်ပြောနိုင်မယ်ထင်တယ်။"
အရမ်းပုသောကျင့်ကြံသူက မှတ်ချက်ပေးလိုက်ပြီး ပါးစပ်ပိတ်သွားလေသည်။
သို့သော် သွေးဝတ်စုံဓားနတ်ဘုရားလိုလူက နဂါးနှင့်ငါးပွဲတော်ကို တက်ရောက်လာသောကိစ္စမှာ အနည်းငယ်တော့မယုံနိုင်စရာဖြစ်နေ၏။
လက်ရှိတွင် ကွေးယွန်တိုက်ကြီးရှိ အင်အားစုများစွာသည် သွေးဝတ်စုံဓားနတ်ဘုရားကို အာရုံစိုက်နေကြသည်။
အချို့သောခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူများသည် သူနှင့်ဆက်သွယ်ချင်နေ၏။
အလင်းနန်းတော်သည် အလွန်ရက်စက်ကြမ်းကြုတ်သောကြောင့် ကွေးယွန်တိုက်ကြီးရှိ အင်အားစုများစွာသည် ထိုနန်းတော် ကျဆုံးသည်ကို မြင်တွေ့လိုနေကြသည်။
သူတို့က သွေးရောင်ဝတ်စုံဓားနတ်ဘုရားနှင့် ပူးပေါင်းကာ နန်းတော်ကိုဖြုတ်ချရန် စိတ်ကူးနေကြပုံရသည်။
စိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူနှစ်ဦးသည်
ကျိယွမ်ကို တစ်ချက်တစ်ချက် ကြည့်လိုက်ကြပြီး ထိရွှီဆိုသူ မကြာမီ ရောက်ရှိလာရန်ကိုသာ ရင်တထိတ်ထိတ် မျှော်လင့်နေကြရသည်။
.............
ပွဲတော်သည် ဆက်လက်ကျင်းပနေပြီး ထိပ်တန်းပါရမီရှင် ၁၀ ဦးအနက်မှ သုံးဦးပင်ရောက်ရှိလာခဲ့လေပြီ။။
အပြင်ဘက်ခန်းမနှင့် အတွင်းဘက်ခန်းမနှစ်ခုစလုံးကလည်း စည်ကားလျက်ရှိ၏။
ထိုအချိန်တွင် ကောကျင်းသည် ကျိန်ဖန်ရှင်းအား မြောက်ပင့်နေလျှက်ရှိသည်။
"မိတ်ဆွေ ကျိန်း၊ ခင်ဗျားက အရင်ကလို ရုပ်ချောနေတုန်းပဲ။ ဒီတစ်ခါတော့ အရှေ့ပိုင်းဒေသ ထူးချွန်သူစာရင်းမှာ တိုးတက်လာမှာ သေချာတယ်"
အမှန်တကယ်တွင် ကောကျင်းသည်
ပါရမီရှင်စာရင်း၌ ကျိန်ဖန်ရှင်းထက် အဆင့်ပိုမြင့်သူဖြစ်သည်။သို့သော်လည်း သူကမြှောက်ပင့်စကားများကို တွင်တွင်ကြီးပြောနေ၏။
အကြောင်းမှာ ကျိန်ဖန်ရှင်းသည် ဟုန်တုနှင့် ဆက်ဆံရေးကောင်းသောကြောင့်ဖြစ်လေသည်။
ထို့ကြောင့် ကျိန်ဖန်ရှင်းနှင့် ကောင်းသော ဆက်ဆံရေးတစ်ခု တည်ဆောက်ခြင်းသည် ကောကျင်းကို ကွေးယွန်တိုက်ကြီး၏ ထိပ်တန်းပါရမီရှင်ဖြစ်သည့် ဟုန်တုနှင့် ချိတ်ဆက်ရန် အထောက်အကူ ဖြစ်စေလိမ့်မည်။
ကျိန်ဖန်ရှင်းက ခေါင်းယမ်းကာ ညည်းညူလိုက်လေသည်။
"ဒီတစ်ကြိမ် အရှေ့ပိုင်းဒေသပါရမီရှင်တိုက်ပွဲက အရေးကြီးတယ်။ အရင်ကထက် ပါရမီရှင်တွေ အများကြီး ပိုများပါဝင်နေကြတယ်၊ ဒါကြောင့် မလွယ်ပါဘူး"
ထို့အပြင် ယခုအချိန်၌ ကျိန်ဖန်ရှင်းသည် စိတ်အခြေအနေ မကောင်းချေ။
သူ၏ဆရာမော်ကုက သေဆုံးသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူ၏ တစ်ခုတည်းသော အားကိုးရာကို ဆုံးရှုံးခဲ့ရ၏။
ဟုန်တု၏ ပတ်ဝန်းကျင်ရှိလူများသည် ယခင်ကနှင့်မတူဘဲ သူ့ကို အထင်သေးသော မျက်လုံးများဖြင့် ကြည့်နေကြသည်ဟု သူ ခံစားနေခဲ့ရသည်။
ယခင်ကထိုသို့ မဟုတ်ခဲ့ပါ။ယခု သူနိမ့်ကျနေချိန်တွင် လောကကြီးက သူ့အပေါ်အေးစက်လွန်းလှ၏။မတရားခံရသည်ဟု တွေးမိပြီး ဒေါသများ ပြည့်နှက်နေသော်လည်း ဖွင့်ထုတ်စရာ နေရာမရှိခဲ့ချေ။
"ကျွန်တော့်မှာ မိတ်ဆွေကျိန်လိုမျိုး မိုးကြိုးဓာတ်ဝိညာဉ်အမြစ်ရှိတဲ့ ဂျုနီယာတပည့်တစ်ယောက် ရှိပါတယ်။ သူနဲ့ တွေ့ပြီး အကြံဉာဏ်လေး ဘာလေးပေးနိုင်မလား မသိဘူး"
ကောကျင်းက ကျိန်ဖန်ရှင်းအား အကြံပြုလိုက်သည်။
ပုံမှန်အားဖြင့် လူအများစုသည် ဆရာကြီးနေရာယူကာ အခြားသူများကို သင်ကြားပေးရသည်ကို နှစ်သက်သောကြောင့် ကောကျင်းက ထိုအကွက်ကို အသုံးချကာ ပိုမို ရင်းနှီးအောင် လုပ်လိုက်ခြင်းပင်။
ကျိန်ဖန်ရှင်းသည် အကြံပြုချက်ကိုကြားသောအခါ စိတ်မပါသလို မျက်ခုံးပင့်လိုက်၏။
သို့သော် ခေတ္တတွေးကာ ခေါင်းညိတ်သည်။
"ကောင်းပြီလေ၊ သူ့နဲ့ တွေ့ကြည့်တာပေါ့"
အမှန်မှာ ကျိန်ဖန်ရှင်းသည် ယခုအချိန်၌ ပါရမီရှင်များကြားတွင် ဆက်နေရလျှင် သိမ်ငယ်သလိုခံစားရသောကြောင့် သူကထိုနေရာမှ ရှောင်ထွက်ရန် စဉ်းစားလိုက်ခြင်းဖြစ်သည်။
ကောကျင်းကလည်း ဝမ်းသာသွားပြီး ခေါ်လာခဲ့ရာ ကျိန်ဖန်ရှင်းသည် ဆိုးသွမ်းအင်မော်တယ်နှင့် ကျိယွမ်တို့ထိုင်နေသည့် လူရှင်းသောထောင့်တစ်နေရာသို့ ရောက်ရှိလာခဲ့သည်။
"မိတ်ဆွေ ကျိန်၊ ဒါက ကျွန်တော့်ရဲ့ ဂျူနီယာညီလေးပါ..."
ကောကျင်းက ဆိုးသွမ်းအင်မော်တယ်အား မိတ်ဆက်ပေးရန် စတင်လိုက်၏။
သို့သော် ရုတ်တရက် ကျိန်ဖန်ရှင်း၏ ခန္ဓာကိုယ်မှပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာခဲ့သည်။
သူသည် သစ်သီးစားနေသော ကျိယွမ်ကို တင်းမာသောမျက်နှာထားနှင့် ကြည့်ကာ ချက်ချင်းအော်ငေါက်လိုက်သည်။
"ဘာလဲ...မင်းတို့အားလုံးကလည်း ငါ့ကို ဆန့်ကျင်နေကြတာလား ၊ လှောင်ပြောင်ချင်နေကြတယ်ပေါ့ "
လောက၌ အသက်ကြီးသူတစ်ဦးသည် သတိပေးချက်မရှိဘဲ အချိန်မရွေးပျက်စီးသွားနိုင်၏။
သူ၏ဆရာဖြစ်သူ သေဆုံးသွားကြောင်း သိလိုက်ရသောအခါ ကျိန်ဖန်ရှင်းသည် ဝမ်းနည်းခဲ့သော်လည်း ဒေါသကြီးမားစွာမထွက်ခဲ့ချေ။
ကွေးယွန်တိုက်ကြီးမှ ပါရမီရှင်များက သူအားကိုးရာမဲ့သွားချိန်တွက် တိတ်တဆိတ် ဖယ်ကြဉ်သောအခါ သူသည် အံကြိတ်ကာ ဖွင့်ပြောခြင်းမရှိဘဲ သည်းခံနိုင်ခဲ့သေးသည်။
သို့သော် ဆရာဖြစ်သူအားသတ်ဖြတ်သွားသော လူသတ်သမားနှင့်တူညီအောင်ဝတ်ဆင်ထားသည့် သွေးနီရောင်ဝတ်စုံနှင့်ကျိယွမ်ကို မြင်သောအခါ သူသည် ကိုယ့်ကိုယ်ကို ထိန်းမထားနိုင်တော့ချေ။
ဒီလောကမှာရှိတဲ့ လူတိုင်းက ငါ့ကို အနိုင်ကျင့်ဖို့ ကြိုးစားနေကြတာလားဟု တွေးကာ ပေါက်ကွဲသွားတော့သည်။
သူ၏ ဘေးတွင်ရှိသော ကောကျင်းသည် နားမလည်စွာဖြင့်မေးမိလေသည်။
"မိတ်ဆွေကျိန် ၊ ဘာဖြစ်တာလဲ"
ကျိယွမ်တို့ စားပွဲဝိုင်းတွင်ရှိသော လူများကတော့ ချက်ချင်းနားလည်သွားခဲ့ကြ၏။
အမျိုးသမီးက ကျိယွမ်အား" စေတနာနဲ့ပြောတာ နားမထောင်တဲ့သူ သိပြီလား" ဟူသောအကြည့်ဖြင့် ကြည့်လိုက်သည်။
"ငါ့ဆရာကို သွေးဝတ်စုံဓားနတ်ဘုရားက သတ်ခဲ့တာ၊ ပြီးတော့ သူ... သူက သွေးဝတ်စုံဓားနတ်ဘုရားရဲ့ဝတ်စုံကို အတုယူပြီး ဝတ်ဆင်ထားတယ်။ သူက ငါ့ကို တမင်ရန်စနေတာပဲ"
အကယ်၍ တစ်ဖက်လူသည် ထင်ရှားကျော်ကြားသော ပါရမီရှင်တစ်ဦး ဖြစ်ပါက ဒေါသကို မြိုသိပ်ပြီး ကျိန်ဖန်ရှင်း ထပ်မံသည်းခံမိမှာ သေချာသည်။
သို့သော် ဤနေရာသို့ လာရာလမ်းတွင် ကောကျင်းက ထိုစားပွဲဝိုင်းမှာလူများအားလုံးသည် ထင်ရှားကျော်ကြားသော ထူးချွန်သူ မဟုတ်သလို၊ ဂုဏ်သိက္ခာရှိသော နောက်ခံလည်း မရှိကြောင်း မိတ်ဆက်ပေးခဲ့ပြီး ဖြစ်လေ၏။
လူသားတို့ဆိုသည်မှာလည်း မိမိထက်အင်အားကြီးသူများကို သည်းခံနိုင်ကြသော်လည်း မိမိထက်အင်အားနည်းပါးသူများကိုဆိုလျှင် သည်းခံစိတ်မရှိသည်မှာ ပုံမှန်ဖြစ်သည်။ ကျားကိုက်လျှင်ထွက်ပြေးကြသော်လည်း ပုရွတ်ဆိတ်ကိုက်လျှင်တော့ ချက်ချင်းဖိသတ်ပစ်ကြခြင်းက သက်သေပင်။
ထို့ကြောင့် သူသည်လည်း သဘာဝအတိုင်း သည်းခံတော့မည် မဟုတ်ချေ။
"မင်းရဲ့ အဝတ်အစားတွေကို ချွတ်လိုက်စမ်း"
ကျိန်ဖန်ရှင်းက ကျိယွမ်ကိုအမိန့်ပေးလိုက်သည်။သူ၏ အသံတွင်လည်း သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေခဲ့သည်။
ကောကျင်းကတော့ ယခုအချိန်ထိ နားမလည်သေးပါ။ ကျိန်ဖန်ရှင်းက အဝတ်အစားလေးတစ်စုံအား အဘယ့်ကြောင့် တွက်ကပ်နေရသနည်း။
သူသည် ကွေးယွင်တိုက်ကြီးသို့ အခုမှ ရောက်ရှိလာခြင်းဖြစ်ပြီး သွေးဝတ်စုံဓားနတ်ဘုရားအကြောင်း ဘာမှမသိခဲ့ချေ။
မလှမ်းမကမ်းတွင်ရှိသော လော့ချာသည် သူများ ဒုက္ခရောက်သည်ကို သဘောကျသည့် မျက်လုံးများဖြင့် ထိုမြင်ကွင်းကို ကြည့်နေခဲ့သည်။
လဲ့ချုံးကတော့ ကျိယွမ်ကို ကြည့်ပြီး မှတ်ချက်ချ၏။
"ဒီကောင်က သတ္တိကောင်းလှချည်လား။
ငါးနဂါးပွဲတော်ကို သွေးနီရောင်ဝတ်စုံ ဝတ်ပြီး လာရဲတယ်။ သူကဟုန်တုကို တမင်အရှက်ရအောင်များ လုပ်ချင်နေတာလား။
ဒါပေမယ့် ထူးဆန်းတယ်။ ဟုန်တုက ဒီလို သိသာထင်ရှားတဲ့ ဝတ်စုံကို သတိမထားမိဘူးပေါ့"
ယခုအချိန်ထိ သစ်သီးစားမပျက်သေးသော ကျိယွမ်သည် ကျိန်ဖန်ရှင်းကို ကြည့်ကာ မျက်မှောင်ကြုံလိုက်သည်။
သူသည် အထင်သေးခံရခြင်းမှ ရှောင်ရှားရန်အတွက် သွေးဝတ်စုံဓားနတ်ဘုရားအဖြစ် တမင်တကာဝတ်ဆင်ခဲ့ခြင်း ဖြစ်သည်။
ယခု မကြောက်မလန့်ပြဿနာရှာသူက စားပွဲဆီသို့ တည့်တည့်ကြီးရောက်လာ၏။
"ဒါကပွဲတော်လေ ၊ ဘယ်သူမဆို ကြိုက်သလို ဝတ်စားဆင်ယင်ခွင့်ရှိတယ်ဆိုတာကို မင်း နားမလည်ဘူးလား"
ကျိယွမ်က လက်ထဲမှသစ်သီးကို တောက်ထုတ်လိုက်ပြီး မိုက်ကြေးခွဲနေသော ကျိန်ဖန်ရှင်းကို တည့်တည့်ကြည့်ကာ မေးလိုက်သည်။
"ဘာလဲ ငါ့ဝတ်စုံအတွက် မင်း ပိုက်ဆံပေးရတာလား"
"ဘာကွ"
ကျိန်ဖန်ရှင်း၏ ဒေါသက ပို၍ ပေါက်ကွဲသွားတော့သည်။
ထိုသို့သော လူမသိသူမသိတစ်ယောက်က မိမိကို ပမာမခန့်စကားပြောရဲသည်တဲ့လား။မည်မျှ မောက်မာလိုက်လေသနည်း။
သူ၏မျက်နှာက သတ်ဖြတ်လိုစိတ်များ ဟုန်းဟုန်းထလာပြီးမှ ပွဲတော်ကို သတိရကာ
စိတ်လျှော့လိုက်သည်။
"မင်း ကံကောင်းသွားတယ်။အခုက ငါးနဂါး ပွဲတော်ဖြစ်နေလို့ ငါဒီနေရာမှာ မင်းကို တိုက်ခိုက်လို့ မရဘူး။ ဒါပေမယ့် ပွဲပြီးတဲ့အခါ ဒီအတွက် မင်းပေးဆပ်ရလိမ့်မယ်"
ကျိန်ဖန်ရှင်းက သွားများကိုစေ့ကာ ခြိမ်းခြောက်သည့် အသံဖြင့် ပြောလိုက်သည်။
ထိုနေရာရှိ လူတိုင်းသည် ကျိန်ဖန်ရှင်း၏ စကားများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များကို ခံစားနိုင်ခဲ့ကြ၏။
သူတို့က ကျိယွမ်အား သနားသလိုကြည့်မိကြလေသည်။ အဝတ်အစားမတတ်၍ အသတ်ခံရသော ကျင့်ကြံသူကို သူတို့တစ်သက် မကြားဖူးခဲ့ကြပါ။
ကောကျင်းသည် ပြဿနာ၏ အကြောင်းရင်းကို နားမလည်ခဲ့သော်လည်း သက်ပြင်းချကာ စိတ်သက်သာရာရသွားခဲ့သည်။
တော်သေးတာပေါ့ ၊ ပြဿနာက ဒီလောက်နဲ့ပြီးသွားလို့၊မဟုတ်ရင် ငါ့ကိုလည်း ဆက်နွယ်လာမှာ။
ထိုအချိန်မှာပင် ဒေါသထွက်သွားသော ကျိယွမ်က အားလုံးမမျှော်လင့်ထားသည့် စကားပြောလိုက်၏။
"မင်းရဲ့ ကံကြမ္မာက ကုန်ဆုံးနေပြီ။ ငါးနဂါး ပွဲတော်ပြီးတဲ့အချိန်ထိတောင် အသက်ရှင်မှာ မဟုတ်တော့ဘူး"
စားပွဲဝိုင်းရှိ လူတိုင်းမှာ အံ့အားသင့်သွားကြတော့သည်။
ကျိယွမ်ဘက်မှ စကားပြောပေးခဲ့သည့် ကျောက်ပုယီပင် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
အခြေအနေက ပြေလည်သွားပြီ ဖြစ်သော်လည်း အဘယ်ကြောင့် ပြန်လည် တင်းမာအောင် လုပ်ရသနည်း။
အမျိုးသမီးက ချီယွမ်ကို ကြည့်ပြီး စိတ်ပျက်စွာခေါင်းခါလေ၏။
ဒီလောက်ခေါင်းမာပြီး ပြောရခက်တဲ့လူမျိုး ငါတစ်ခါမှကို မတွေ့ဖူးဘူး။
ထိုသူသည်စေတနာကောင်းနှင့် ပြောသည့်စကားဖြစ်စေ စေတနာဆိုးနှင့် ပြောသည့်စကားဖြစ်စေ နားခံလိုချင်ရှိပုံမရပါ။
ကျိန်ဖန်ရှင်း၏ မျက်လုံးများကမီးဝင်းဝင်းတောက်သွားတော့သည်။သူက လုံးဝကို ဒေါသထွက်သွားခဲ့လေပြီ။
ကျိယွမ်က ကျိန်ဖန်ရှင်း၏ ဒေါသမျက်ဝန်များကို တည့်တည့်ကြည့်ကာ ပေါ့ပါးစွာလက်ကို ယမ်းလိုက်သည်။
" မင်းရဲ့ဆရာနဲ ငရဲဘုံမှာ ပြန်ပေါင်းစည်းဖို့ အချိန်တန်ပြီ"
သူသည် လက်ကိုရိုးရိုးလေး လှုပ်ရမ်းလိုက်ခြင်းဖြစ်ပြီး နည်းစနစ်များ သို့မဟုတ် နက်နဲသောတာအိုနည်းစည်းမျဥ်းများ မပါဝင်ခဲ့ချေ။
သို့သော် ထိုနေရာတွင်ရှိနေသော လူများကြည့်နေဆဲမှာပင် ဒေါသထွက်နေသော ကျင့်ဖန်ရှင်း၏ ခန္ဓာကိုယ်သည် ရုတ်တရက် အေးခဲခံရသော အသားတုံးလို ငြိမ်သက်သွားလေ၏။
သူ၏ မျက်နှာပေါ်ရှိ အမူအရာများကပင် ခလုတ်ပိတ်ခံရသော အရုပ်တစ်ခုလို ရုပ်သေကြီးဖြစ်ကာ ရပ်တန့်နေခဲ့သည်။
ထို့နောက်... 'ဒုတ်' ကနဲဟူသော အသံတိုးတိုးလေးကို ကြားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်သည် ချက်ချင်း ကြေမွသွားခဲ့သည်။
ခုနစ်ပိုင်း သို့မဟုတ် ရှစ်ပိုင်း ကွဲသွားခဲ့၏။
ကျင့်ဖန်ရှင်းသည် ငါးနဂါးပွဲတော်၌ သေဆုံးသွားခဲ့လေပြီ။
သူသည် ကျိယွမ်၏ လက်ထဲတွင် အလွယ်တကူ သေဆုံးသွားခဲ့ခြင်းပင်။
ထိုနေရာတွင်ရှိနေသော သူများ၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွား ကြကုန်၏။
အရာအားလုံးသည် အလွန်ရုတ်တရက် ဖြစ်ပျက်ခဲ့ပြီး မြန်ဆန်လှသည်။
ပါရမီရှင်စာရင်းတွင်ပါဝင်သော
ကျိန်ဖန်ရှင်းသည် ထင်းရှားခြင်းမရှိသော သူတစ်ဦး၏လက်ထဲတွင် အလွန်လွယ်ကူစွာ သေဆုံးသွားခဲ့လေ၏။
ထိုသူက မည်သို့သတ်လိုက်သည်ကို မသိသော်လည်း ထိုအရာက ပြဿနာကြီးကို ဖန်တီးလိုက်ပြီဟုတော့ အားလုံးနားလည်သွားသည်။
လူတိုင်းသည် ကြီးမားသောအဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာတော့မည်ကို ခံစားမိကာ အချင်းချင်းကြည့်မိကြသည်။
ထိုအချိန်တွင် ကျိယွမ်သည် ဆိုးသွမ်းအင်မော်တယ်ကို ကြည့်ကာ ပြောလိုက်၏။
"ပါရမီစာရင်းထဲကတစ်ယောက်ကို သတ်လိုက်တဲ့အတွက် မင်းရဲ့ ပါရမီရှင်စာရင်း အဆင့်က တစ်နေရာ တက်သွားပြီပေါ့"
ဆိုးသွမ်းအင်မော်တယ်မှာ ကြောင်အသွားခဲ့ရသည်။
ညီအစ်ကို၊ မင်းက ဒီလိုအချိန်မျိုးမှာ ပါရမီရှင်စာရင်းအဆင့်ကို စဉ်းစားနေတုန်းပဲလား။
ပြေးဖို့လုပ်သင့်တာလေ။
သူသည် စိတ်လှုပ်ရှားရမလား သို့မဟုတ် ငိုပဲငိုချရတော့မည်လားကိုပင် မသိတော့ပါ။
ယခုအချိန်တွင် လူတိုင်းနီးပါး၏ အကြည့်သည် ကျိယွမ်ဘက်သို့ လှည့်သွားခဲ့ပြီး အများစုမှာ အံ့အားသင့်ဟန်ဖြင့် ကြည့်နေခဲ့ကြသည်။
ပါရမီရှင်အားလုံးသည် ပင်မခန်းမသို့ ဝင်ရောက်ပြီးသည်နှင့် ပွဲနေရာတစ်ခုလုံးကို နေရာမယူခင်၌ စစ်ဆေးလေ့ရှိ၏။
သို့သော် သူတို့သည် ဤသွေးဝတ်စုံဝတ်ထားသည့် ပုဂ္ဂိုလ်ကို အဘယ်ကြောင့် ယခင်က သတိမထားမိခဲ့ကြသနည်း။
သူက နောက်ကျမှ ရောက်လာခဲ့သည်လား။
"ဒီကောင်က မောက်မာလှချည်လား။။ ငါးနဂါး ပွဲတော်မှာတောင် လူသတ်ရဲတယ်"
"ပြီးတော့ သူက သွေးဝတ်စုံဓားနတ်ဘုရားလို ဝတ်ထားသေးတယ်။ ဟုန်တုကို စော်ကားဖို့ ကြိုးစားနေတာများလား"
"ဒီကောင်ရဲ့သတ္တိကတော့ သွေးဝတ်စုံဓားနတ်ဘုရားလောက်ကို ကောင်းတာကလား"
"နေအုံး သူ တကယ်ပဲ သွေးဝတ်စုံဓားနတ်ဘုရား ဖြစ်နိုင်တယ်လို့ မင်း ထင်သလား"
"မဖြစ်နိုင်ပါဘူး။ သွေးဝတ်စုံဓားနတ်ဘုရားလို အဆင့်မြင့်ကျင့်ကြံသူတစ်ဦးက အမြုတေအဆင့်တွေ ကတာကိုကြည့်ဖို့ ဒီကိုလာပြီးတစ်ချိန်ဖြုန်းနေစရာလား၊ သူသာဆန္ဒရှိရင် စိတ်ဝိညာဉ်အဆင့် မိန်းကလေးတွေကသာ သူ့ အခန်းထဲထိသွားပြီးတော့တောင် အခမဲ့ကခုန်ပေးကြလိမ့်ဦးမယ်။"
ပါရမီရှင်များသည် မိမိတို့အမြင်များကိုအမျိုးမျိုး မှတ်ချက်ချနေခဲ့ကြ၏။
အများစုကတော့ အပြင်းပြေပွဲကြည့်ရန် စိတ်အားထက်သန်နေသည်။
ထိုအချိန်တွင် အဝါရောင်ဝတ်စုံဝတ်ထားသည့် ဟုန်တုသည် ပါရမီရှင် ဒါဇင်ပေါင်းများစွာ ဝိုင်းရံလျက် အတွင်းခန်းမထဲမှ ထွက်လာခဲ့ပြီး သူ၏မျက်နှာသည် ဒေါသဖြင့် မည်းမှောင်နေခဲ့သည်။
သူသည် မြေပြင်ပေါ်ရှိ ကျိန်ဖန်ရှင်း၏ ကြေမွနေသော ခန္ဓာကိုယ်ကို ကြည့်လိုက်၏။
ထို့နောက် ကျိယွမ်ကိုကြည့်ကာ ဝမ်းတွင်းမှလာသော အသံမျိုးဖြင့် ခြောက်ကပ်ကပ် ရေရွတ်သည်။
"တာအိုရောင်းရင်း... မင်း အရမ်းလွန်သွားခဲ့ပြီ"
ဟုန်တု၏ ဘေးတွင်ရှိသော ရွှီထုန်ချန်သည်
ကျိယွမ်ကိုကြည့်ကာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
သူကတော်တော်ရက်စက်တာပဲ ၊ နဂါးနဲ့ငါးပွဲတော်မှာတောင် လူသတ်ရဲတာလား။
သူသည် ကျိယွမ်၏ အသက်ကို ကယ်တင်ရန် မည်သို့ပြုလုပ်ရမည်ကို ခေါင်းမီးတောက်မတတ် စဉ်းစားနေတော့သည်။
"ဘယ်လို လွန်သွားတာလဲ။ သူက ငါ့ကိုသက်ချင်နေတာလေ။ ဘယ်သူကအသက်ခံချင်မှာလည်း ။ဒါကြောင့်လက်ဦးအောင် သတ်လိုက်ရတာ၊ဒါက သဘာဝပဲကို"
ကျိယွမ်က အလွန်မှန်ကန်သော လုပ်ရပ်တစ်ခုလို အေးအေးဆေးဆေးရှင်းပြလိုက်၏။
"ဘာလဲ.. မင်းကလည်း သူ့အတွက် လက်စားချေဖို့ ဒီကို လာတာလား"
သူက စကားပြောနေရင်းမှ ဟုန်တုနှင့်အတူပါလာသော ပါရမီရှင်များအားလုံးကို ဝေ့ဝဲကာကြည့်နေသည်။
"မင်းတို့အားလုံးကရော ..သူ့အတွက် လက်စားချေဖို့ လာတာလား"
ပါရမီရှင်များအားလုံးသည်
တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး သွေးဝတ်စုံဝတ်ထားသူသည် ဤမျှ
မောက်မာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြချေ။
ဒီကောင်ကငါတို့အားလုံးကိုပါစိန်ခေါ်နေတာလား။
ထိုအချိန်တွင် ကောကျင်းကတော့ နေရာတွင်ပင် လဲသေချင်လောက်အောင် စိတ်ညစ်သွားတော့သည်။
ဂျူနီယာညီလေးဖြစ်သူက သူ၏သူငယ်ချင်းသည် အနည်းငယ်ထူးဆန်းပြီး အခြားသူများနှင့်မတူကြောင်း အသိပေးခဲ့ဖူးသည်ကိုသတိရလာ၏။
ဒါကနည်းနည်း မတူတာမှ မဟုတ်တော့တာ။ ထမင်းလွတ်ဟင်းလွတ်ကို ရူးနေတာကြီးလေ။ သူကသာ ပုံမှန်ဆိုရင် တစ်ယောက်တည်းနဲ့ အကုန်လုံးကို ရန်စရဲပါ့မလား။
"မင်းတို့အားလုံး သူ့အတွက် လက်စားချေဖို့ လာတာဆိုရင်တော့ မင်းတို့အားလုံး ငါ့ရဲ့ ရန်သူတွေ ဖြစ်လာပြီ။ အဲဒါဆိုရင် ငါက... မင်းတို့အားလုံးကို သတ်ရလိမ့်မယ်"
ကျိယွမ်က အရေးမပါသောကိစ္စတစ်ခုလို ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီး ဆိုးသွမ်းအင်မော်တယ်ကိုပင် လှမ်းကြည့်လိုက်၏။
"ငါ သူတို့အားလုံးကို သတ်လိုက်ရင် ပါရမီရှင်စာရင်းကြီးမှာ မင်းပါလာနိုင်မယ်လို့ထင်လား"
ဆိုးသွမ်းအင်မော်တယ်သည် စိုးရိမ်သောကများကြောင့် စကားပြောရန်ပင် မေ့လျော့နေ၏။သူက ခေါင်းညိတ်ခေါင်းခါရန်ပင် သတိမရတော့ပါ။ ကျိယွမ်ကိုသာ ကြောင်လျှင်ကြည့်နေသည်။
စားပွဲတွင်အတူထိုင်နေသည့် ကျောက်ပုယီကတော့ ကျိယွမ်နှင့် ဝေးရာသို့ သတိထားစွာ ရွှေ့သွားခဲ့သည်။
ဤလူသည် စိတ်ပိုင်းဆိုင်ရာပြဿနာများ ရှိနေသည်မှာ ထင်ရှားနေပြီး စွဲလမ်းမှုဂိုဏ်းမှ တပည့်တစ်ဦး ဖြစ်နိုင်သည်ဟု သူယူဆလိုက်၏။
ဟုန်တု၏ မျက်နှာကတော့ ယခုအခါ ရစရာမရှိအောင် အလွန်မှောင်မဲနေလေပြီ။
သူ၏ ဘေးတွင်ရှိသော ရွှီထုန်ချန်က ငြိမ်မနေနိုင်တော့ဘဲ အမြန်ဝင်ကာ ကြိမ်းမောင်းသည်။
"သူ ဘယ်သူလဲဆိုတာ မင်း သိလား။ သူက အရှေ့ပိုင်းဒေသ ပါရမီရှင်စာရင်းမှာ အဆင့်၂၇ ရှိတယ်။မင်းရန်စလို့ရတဲ့သူမျိုးမဟုတ်ဘူး၊နားလည်လား"
သူက ကျိယွမ်အား ဤနည်းဖြင့်သတိပေးလိုက်ပြီး မည်သူ့ကိုမှ မထီမဲ့မြင်မပြုရန်နှင့် လူတိုင်း၏ ဒေါသကိုမနှိုးဆွရန် မျှော်လင့်နေသည်။
ဒီလောက်ဆိုရင်သူ့သဘောပေါက်လောက်ပါတယ်၊ ငါလည်း အခြားအကြံမရှိတော့ဘူး။
ကံမကောင်းစွာဖြင့် ကျိယွမ်က သဘောပေါက်ပုံမရပါ။သူက ပျင်းရိစွာ ပြန်ဖြေခဲ့သည်။
"အခုက သူ့ကို ငါ ရန်စနေတာ မဟုတ်ဘူး၊ သူက ငါ့ကို ရန်စနေတာ၊ ထားလိုက်တော့ ငါက အပြစ်မဲ့သူတွေကို သတ်တဲ့သူ မဟုတ်ပါဘူး။ အခုမင်းတို့ထွက်သွားပြီး ဒီကိစ္စနဲ့ဘာမှမဆိုင်သလိုနေလိုက်။ အလောင်းကို ငါပြန်ရှင်းလင်းပေးမယ်၊ ဒါကြောင့် မင်းတို့ကို အနှောင့်အယှက် ပေးမှာမဟုတ်ဘူး။"
"စိတ်မပူပါနဲ့၊ ငါက အလောင်းတွေကို ကိုင်တွယ်တဲ့ အတွေ့အကြုံ အများကြီးရှိပါတယ်"
ပြောနေရင်းမှ ကျိယွမ်သည် အလောင်းပျော်ဆေးရည်တစ်ပုလင်းကို ထုတ်ယူပြီး လူတိုင်းရှေ့တွင် ကျိန်ဖန်ရှင်း၏ ခန္ဓာကိုယ်ပေါ်သို့ ပေါ့ပေါ့ပါးပါး လောင်းချလိုက်၏။
ထိုသို့ လောင်းချနေရင်း အတိတ်ကိုပြန်တွေးမိကာ ကျိယွမ်က သက်ပြင်းချလိုက်သည်။
တကယ်တော့ ခွန်အားသည်သာ လူတစ်ဦး၏ အကြီးမားဆုံးအလှတရားနှင့် ယုံကြည်မှု ဖြစ်သည်။
တစ်ချိန်ကဆိုလျှင် ယွီလင်လုံအပေါ် အလောင်းပျော်ရည်ကို အသုံးပြုခဲ့စဉ်က သူသည် ထိတ်လန့်နေပြီး လျှို့ဝှက်စွာ လုပ်ဆောင်ခဲ့ရ၏။
ယခုတွင် သူသည် လူတိုင်းရှေ့တွင် ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နိုင်ခဲ့သည်။
ဤအရာက ခွန်အားကြောင့်ပင် မဟုတ်ပါလား။
ပရိသတ်၏ မျက်နှာအမူအရာများသည် ပို၍ ထူးခြားလာခဲ့သည်။
ဟုန်တုက အလွန်အေးစက်နေသော မျက်နှာထားဖြင့် ရေရွတ်လိုက်သည်။
"မင်း ဒီနေ့ ငါးနဂါးပွဲတော်ကနေ လမ်းလျှောက် ထွက်သွားနိုင်ရင် ငါ ဟုန်တုက ပါရမီအချိန်စာရင်းမှာ ပါဝင်ဖို့ မထိုက်တန်တော့ဘူး"
သူ၏စကားဆုံးသောအခါ ကျိယွမ်သည် စားပွဲဝိုင်းမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
လူတိုင်း အံ့အားသင့်စွာဖြင့် ကျိယွမ်၏ထိုင်ခုံကိုကြည့်ပြီး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
သူ ဘယ်ရောက်သွားတာလဲ။
သူ ထွက်ပြေးသွားတာလား။
ပါရမီရှင်များသည် ချီယွမ်၏ အရှိန်အဟုန်ကို အံ့ဩရင်း တုန်လှုပ်သွားခဲ့ကြ၏။
လူတိုင်း၏ မျက်စိရှေ့မှနေ၍ ထိုသို့ပျောက်ကွယ်သွားနိုင်ခြင်းသည် သူ၏ခွန်အားကမည်မျှကြီးမားကြောင်းကို ဖော်ပြနေသည်မဟုတ်ပါလား။။
သူ့ရဲ့ခွန်အားက ပါရမီရှင်စာရင်းမှာ ထိပ်တန်း၂၀လောက် ရှိလိမ့်မယ်။
ဟုတ်တယ်။ဒီလိုခွန်အားမျိုး....မလွယ်ဘူးနတကယ်..မလွယ်ဘူး။
ဟုန်တုကပို၍ ဒေါသထွက်သွားတော့သည်။
"မင်းက ပါရမီရှင်စာရင်းရဲ့ ထိပ်ဆုံး ၂၀ မှာ ရှိနေရင်တောင် ငါဟုန်တုက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး"
ဟုန်တုသည် လစ်လပ်နေသော ထိုင်ခုံကို ကြည့်ပြီးနောက် သူ၏အကြည့်သည်
ဆိုးသွမ်းအင်မော်တယ်နှင့် ကောကျင်းတို့အပေါ် သို့ ဝေ့ဝဲသွားခဲ့ပြီး သူ၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေခဲ့သည်။
ကောကျင်း၏မျက်နှာက ဇီးရွက်လောက်သာ ကျန်တော့လေသည်။
ထိုအချိန်တွင် ပျင်းရိသော အသံတစ်ခု ထွက်ပေါ်လာ၏။
"မင်းပြောသလို နဂါးနဲ့ငါစားသောက်ပွဲကနေ ငါလမ်းလျှောက်ထွက်သွားပြီးပြီ။ အခုပြန်တောင်ရောက်နေပြီ ။ဒီလောက်ဆိုရင် မင်းကိုမင်း ပါရမီရှင်စာရင်းကနေ ဖယ်ပေးသင့်နေပြီမဟုတ်လား။ မင်းတစ်ယောက်လျော့သွားတာလည်း ကောင်းပါတယ်။။
ဒါဆိုရင် ငါ့ညီအစ်ကိုက ပါရမီရှင်စာရင်းကြီးမှာ ပါလာနိုင်ဖို့ အခွင့်အရေးများသွားတာပေါ့။
ထင်မှတ်မထားဘဲ ကျိယွမ်သည် အားလုံးရှေ့၌ ပြန်ပေါ်လာခဲ့၏။ထို့အပြင် သူ၏ စကားများကြောင့် အားလုံးသည် ဆိုးသွမ်းအင်မော်တယ်ကိုလှမ်းကြည့်ရင်း အနည်းငယ် တုန်လှုပ်သွားကြသည်။
ထို့အတူ ခန်းမထဲတွင်လည်း ခေတ္တမျှ တိတ်ဆိတ်သွားခဲ့သည်။
အားလုံးသည် ကျိယွမ်ကိုကြည့်ကာ မယုံနိုင်သလိုဖြစ်နေကြသည်။
ဒီကောင်က... နည်းနည်းထူးဆန်းမနေဘူးလား။
ထူးဆန်းနေတာမဟုတ်ဘူး ပုံမှန်မဟုတ်တာဖြစ်မယ်။
ဆိုးသွမ်းအင်မော်တယ်မှာ ခံစားချက်မျိုးစုံကြောင့် မျက်ရည်များပင်ကျချင်လာ၏။
ငါ့ဘဝလေးတော့ဒီနေရာမှာဆုံးသတ်တော့မယ်။
ဟုန်တု၏မျက်နှာက အဆုံးစွန်အထိအေးစက်သွားခဲ့သည်။
"ဒီနေ့ မင်း သေရလိမ့်မယ်"
သူက ကျိယွမ်ကိုရုတ်တရက်တိုက်ခိုက်လိုက်လေ၏။
အခြားသူများက နောက်ဆုတ်သွားကြပြီး ပွဲကြီးပွဲကောင်းတော့ လာလေပြီဟုတွေးမိသွားကြသည်။
သို့သော် ဟုန်တုက သူ၏လှုပ်ရှားမှုကို စတင်လိုက်သည်နှင့် ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"ရပ်"
ပြင်းထန်သော စွမ်းအင်အရှိန်အဝါတစ်ခုသည် ငါးနဂါးပွဲတော် တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး ထိုနေရာရှိပါရမီရှင်များအားလုံး၏ ကျင့်ကြံမှုများပင် ရုတ်တရက် မတည်မငြိမ် ဖြစ်သွားခဲ့ကြသည်။
သူတို့သည် သူတို့၏ ဝိညာဉ်စွမ်းအင် လည်ပတ်မှုသည် နှေးကွေးသွားသကဲ့သို့ ခံစားမိခဲ့ကြပြီး ပါရမီရှင်များဘဝမှ သာမန်လူများအဖြစ်သို့ လျော့ကျသွားသကဲ့သို့ပင် ခံစားလိုက်ရ၏။
"ခရမ်းရောင်နန်းတော်လား"
ပါရမီရှင်များအားလုံးကြောက်ရွံ့တုန်လှုပ်သွားကြသည်။။
ခရမ်းရောင်နန်းတော်အဆင့်တစ်ယောက်က နဂါးနဲ့ငါစားသောက်ပွဲသို့ အဘယ်ကြောင့်ရောက်လာခဲ့သနည်း။
ပါရမီရှင်အားလုံးက အသစ်ရောက်လာသောသူကို ကြည့်လိုက်တော့အခါ မျက်လုံးများပြုးသွားကြသည်။
သူက ယွင်ကျုံးစံအိမ်ရဲ့ သခင်ကြီးမဟုတ်လား။
စံအိမ်သခင်ကြီးသည် ခရမ်းရောင်နန်းတော်အလယ်လက်အဆင့်ရှိသူဖြစ်ကာ တိမ်တိုက်မြို့၏ ထိပ်တန်းဖြစ်သည်။
ပါရမီရှင်များအားလုံးက စံအိမ်သခင်ကြီးကို လေးစားသောအကြည့်များဖြင့် ကြည့်မိကြသည်။
ပါရမီရှင်စာရင်းကြီးထဲမှ ထိပ်တန်းအယောက် တစ်ရာသည်အနာဂတ်၌ ခရမ်းရောင်နန်းတော်အရှင်များဖြစ်လာလိမ့်မည်ဟု အာမခံချက်ရှိသော်လည်း ထိုအဆင့်သို့ရောက်ရန် နှစ်ပေါင်းထောင်ချီ၍ ကြာမြင့်ဦးမည်ဖြစ်သည်။
ယခုအချိန်တွင် ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူတစ်ဦးသည် သူတို့အထက်တွင် အလွန်ကြီးမားသော ခွန်အားရှိသည့်၊ လက်လှမ်းမမီနိုင်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေဆဲသာရှိသည်။
ယွင်ကျုံးစံအိမ်သခင်ကြီးသည် ခန်းမထဲသို့ရောက်ရှိလာပြီးနောက် ကျိယွမ်ကို လေးစားသော အကြည့်ဖြင့် ကြည့်လိုက်၏။
"သွေးဝတ်စုံဓားနတ်ဘုရား အကြီးအကဲ၊ ဒီလူငယ်တွေနဲ့ စကားပြောနေစရာ မလိုပါဘူး"
သူ၏စကားကြောင့် အခန်းထဲရှိ ပါရမီရှင်များသည် မျက်လုံးများပြူးနေရာမှ ပါးစပ်များပါ ပြဲကုန်၏။
သူတို့အားလုံးသည် ကြောက်လန့်စွာဖြင့် ကျိယွမ်ကို ကြည့်မိကြကုန်သည်။
သူက သွေးဝတ်စုံဓားနတ်ဘုရား အစစ်လား။
ဓားနတ်ဘုရားကို အတုခိုးပြီးတော့ ဝတ်ဆင်လာတာမဟုတ်ဘူးလား။။
ကျိယွမ်၏စားပွဲတွင် အတူထိုင်ခဲ့ဖူးသည့် အမျိုးသမီးသည် လုံးဝကို ထိတ်လန့်သွားခဲ့၏။
ကောကျင်းသည်လည်း ကြောင်အသွားခဲ့ပြီး သူ၏ စိတ်ထဲ၌ ကစဉ့်ကလျား ဖြစ်နေသည်ဟု ခံစားခဲ့ရသည်။
ရွှီထုန်ချန်သည်လည်း ထိုနည်းတူ တုန်လှုပ်သွားခဲ့၏။
သူနေတိုင်းတွေ့နေခဲ့ရသော ကျိယွမ်သည် သွေးဝတ်စုံဓားနတ်ဘုရား ဖြစ်သည်တဲ့လား။
သူကထိတ်လန့်နေရင်းမှ တစ်စုံတစ်ခုကိုတွေးမိသွားကာ ခံစားရခက်သွားလေသည်။
ငါ့ရဲ့ ဆရာက တကယ်တော့ ငါ့သူငယ်ချင်းရဲ့ အစေခံအိုကြီး ဖြစ်နေတာတဲ့လား။
ဆက်ဆံရေးများသည် ရုတ်တရက် အလွန်ရှုပ်ထွေးသွားသည်ဟု သူခံစားရသည်။
လူအများက သူ့ကိုလေးစားခြင်းကြောက်ရွံ့ခြင်းများနှင့် ဝိုင်း၍ကြည့်နေသည်ကိုမြင်သောအခါ ကျိယွမ်စိတ်ထဲတွင် ဝမ်းသာပီတိများလွမ်းခြုံသွားခဲ့သည်။
သူက စံအိမ်သခင်ကြီးဘက်သို့လှည့်ကာပြုံးပြလိုက်၏။
" ပြောစရာရှိရင် ဆက်တိုက်ပြောပါ၊ စကားထစ်တဲ့သူတွေကို နဂါးဘုရင်ကဖမ်းခေါ်သွားတတ်တယ်။"
---------------------