← Chapters

ကပ်ဘေးဆိုးကြီးနီးလာပြီ ၊ ဝမ်ယုကုန်းမြေတိုက်ကြီးမှ သတင်းစကား

Vol. 12 Ch. 150

ကပ်ဘေးဆိုးကြီးနီးလာပြီ ၊ ဝမ်ယုကုန်းမြေတိုက်ကြီးမှ သတင်းစကား

Vol. 12 Ch. 150

ယွင်ကျုံးစံအိမ်သခင်ကြီးမှာ ဘာပြောရမှန်းမသိဖြစ်သွား၏။

သူသည် လုံးဝနားမလည်နိုင်ဖြစ်နေခဲ့သည်။

စကားထစ်ခြင်းနှင့်နဂါးဘုရင်သည် မည်သို့သက်ဆိုင်နေသနည်း။

သူ့အား‌ကြောင်တောင်တောင်နှင့် ပြန်ကြည့်နေသော စံအိမ်သခင်ကြီးကို မြင်သောအခါ ကျိယွမ်က သက်ပြင်းချမိသည်။

" အင်း...ကျုပ်တို့လူငယ်တွေနဲ့ အဖိုးကြီးတွေကြားမှာ မျိုးဆက်ကွာဟမှုက ရှိနေတာပဲ

ခင်ဗျားနားမလည်တာ မဆန်းပါဘူး။"

သူက သဘောပေါက်သွားသည့်အလား

ခေါင်းတစ်ဆက်ဆတ် ညိတ်လိုက်၏။

စံအိမ်သခင်ကြီးမှာ ပို၍ရှုပ်ထွေးသွားသော်လည်း သူကအလိုက်သင့်ပြောလိုက်သည်။

"အကြီးအကဲက နောက်ပြောင်တတ်တာကိုး"

ခရမ်းရောင်နန်းတော်အဆင့်များကို ကြက်သတ်သလိုသတ်နေသော သွေးဝတ်စုံဓားနတ်ဘုရားက သူ့ထက်ပင်အသက်ကြီးနေသော်လည်း သူ့ကိုယ်သူ လူငယ်တစ်ယောက်အလား ပြောဆိုနေ၏။

စံအိမ်သခင်က ကျိယွမ်၏ရှေ့မှ ဟုန်တုကိုကြည့်ကာ ညင်သာစွာတောင်းဆိုလာသည်။

"အကြီးအကဲအနေနဲ့ ကျွန်တော့်ကို မျက်နှာသာပေးပြီး ဒီလူငယ်လေးကို အသက်ချမ်းသာပေးလို့ မရနိုင်ဘူးလား"

ယခုအချိန်မှာတော့ ဟုန်တု၏မျက်လုံးများထဲတွင် ပြောမပြနိုင်လောက်သော ကြောက်ရွံ့စိတ်များ ဖုံးလွှမ်းနေလေပြီ။

သူ၏ရှေ့မှ သွေးဝတ်ရုံဝတ်ထားသောလူငယ်သည် သွေးဝတ်စုံဓားနတ်ဘုရား ဖြစ်နေသည်ကို သူက မယုံကြည်ချင်သော်လည်း စံအိမ်သခင်ကြီးကိုယ်တိုင်က သက်သေဖြစ်နေ၏။

သူက အိမ်မက်များထဲ၌ပင် သတ်ချင်နေခဲ့သည့် သူအလွန်မုန်းတီးသော သူကို တွေ့နေရသော်လည်း မကျေမနပ်ပင် မဖြစ်ရဲဘဲ ခန္ဓာကိုယ်သည် တဆတ်ဆတ်တုန်ရီနေခဲ့သည်။

သွေးဝတ်စုံဓားနတ်ဘုရားသည် အလွန်ကြောက်စရာကောင်းသော လူသတ်သမားတစ်ဦးမဟုတ်ပါလား။

"ခင်ဗျားကို ဘာလို့ မျက်နှာသာပေးရမှာလဲ။ သူက ကျုပ်ကို သတ်ချင်လို့ ကျုပ်ကသတ်လိုက်တာမျိုးလေ။ ဒါက သဘာဝပဲ"

ကျိယွမ်က ဟုန်တုကို တစ်ချက်ကြည့်ပြီး ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

ဟုန်တု၏ အနီးတဝိုက်တွင်ရှိနေသော ပါရမီရှင်များအားလုံးသည် ရေခဲတွင်းထဲ ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့သည် ဟုန်တုကို ကူးစက်တတ်သော ကပ်ရောဂါတစ်ခုကဲ့သို့ မြင်ပြီး သူ့ထံမှ လျင်မြန်စွာ ဆုတ်ခွာသွားကြလေ၏။

"အကြီးအကဲက ဟုန်တုကို သတ်လိုက်မယ်ဆိုရင် အလင်းနန်းတော်နဲ့ ပြေလည်ဖို့ ခက်ခဲသွားပါလိမ့်မယ်"

စံအိမ်သခင်ကြီးက သတိပေးလိုက်သည်။

"ဒီ ပါရမီရှင်တိုက်ပွဲက အရမ်းအရေးကြီးပြီး အလင်းနန်းတော်အနေနဲ့ ထိပ်ဆုံး ၂၀ ထဲကိုဝင်ရောက်ဖို့အတွက် ဟုန်တုက

တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်ပါတယ်"

ကျိယွမ်က မျက်မှောင်ကျုံ့သွားကာ မေးလိုက်သည်။

"ဪ...သူက အလင်းနန်းတော်ကလား။ ပြီးတော့ သူတို့အတွက် အဲဒီလောက်အရေးပါတယ်ပေါ့"

ကျိယွမ်က ဟုန်တုအား ကြည့်ကာ ခေါင်းညိတ်သည်။

ဒီကောင့်ကို ရင်နှီးသလိုလိုဖြစ်နေတာ မဆန်းဘူးပဲ၊သူက မျှော်လင့်ခြင်းလမင်းတွေရဲ့ မျိုးဆက်သစ်ဖြစ်နေတာကိုး။

စံအိမ်သခင်ကြီးက ဟုန်တု၏အရေးပါပုံကို ဆက်၍ ရှင်းပြသည်။

"ခရမ်းရောင်နန်းတော်အဆင့်တစ်ယောက်ထက်တောင်မှ ပိုအရေးပါပြီး... နန်းတော်သခင်တစ်ဦးနဲ့တောင် နှိုင်းယှဉ်နိုင်ပါတယ်"

သူသည် ဟုန်တုကို အမှန်တကယ်ပင် ကယ်တင်ချင်ပုံရသည်။

သူ၏စကားကြောင့် ကျိယွမ်က ဟုန်တုအား ခြေဆုံးခေါင်းဆုံး တစ်ခေါက်ပြန်ကြည့်လေသည်။

ဒီကောင်က သာမန်ပါပဲ။အလင်းနန်းတော်ကလူတွေက သူမရှိရင် ပုံမှန်မရှင်သန်နိုင်ကြဘူးလား။သူက ဘာများကောင်းနေလို့ပါလိမ့်။

ထို့နောက် ကျိယွမ်၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

"ဒါဆိုရင် သူ့ကိုပိုတောင်မှ သတ်သင့်သွားပြီ"

စကားနှင့်အတူ သူကဟုန်တုထံသို့ နဖူးတောက်သလို လက်ကိုတောက်ထုတ်လိုကိရာ ကြောာက်စရာကောင်းသော အော်ရာတစ်ခုသည် ဟုန်တုထံသို့ ရိပ်ခနဲပျံသန်းသွားလေ၏။

"အကြီးအကဲ..."

စံအိမ်သခင်ကြီးက မျက်နှာပျက်သွား

ဝင်ရောက်တားဆီးရန် ကြိုးစားခဲ့သည်။

သိူ့သော် သူနှင့် သွေးဝတ်စုံဓား

ဘုရားကြားရှိ ခွန်အားကွာဟမှုသည် အလွန်ကြီးမားခဲ့ပြီး တိုက်ခိုက်မှုကို သူတားဆီးနိုင်ခြင်းမရှိခဲ့ပေ။

သူ အတင်းကြိုးစားခဲ့လျှင် သူပါ ဒဏ်ရာရရှိသွားရုံသာ ရှိလေ၏။

စွမ်းအင်လှိုင်းက ဟုန်တုအား ထိမှန်သွားပြီး သူ၏တစ်ကိုယ်လုံးတောင့်တင်းသွားသည်။

ထို့နောက် သူ၏ခန္ဓာကိုယ်သည် ပျော့ခွေကျသွားပြီး အသက်မဲ့စွာမြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

စံအိမ်သခင်ကြီး၏ မျက်နှာသည် သိသိသာသာ ပျက်ယွင်းသွားလေ၏။

ခန်းမထဲမှ ပါရမီရှင်များအားလုံး

သည်လည်း ထိတ်လန့်သွားကြသည်။

သွေးဝတ်စုံဓားနတ်ဘုရားသည်

အကြောင်းပြချက်မဲ့သူ ဖြစ်သည်။

သူသည် ဟုန်တုကို တကယ်ကြီး သတ်လိုက်တာလား။

လူကြီးက ကလေးကိုအနိုင်ကျင့်တယ်လို့ ကဲ့ရဲ့ကြမှာ လုံးဝဂရုမစိုက်ဘူးပေါ့။

ဟွမ်တု၏အလောင်းကို စိတ်မသက်သာသလိုကြည့်ကာ စံအိမ်သခင်ကြီးက သက်ပြင်းချ၏။

"အကြီးအကဲက အလင်းနန်းတော်နဲ့ အခုလိုဆက်ဆံရေးတင်းမာအောင်လုပ်လို့ ဘာများအကျိုးရှိပါလိမ့်"

ကျိယွမ်ကတော့ စံအိမ်သခင်ကြီး၏စကားကိုမတုန့်ပြန်ဘဲ လက်များကိုဖုန်ခါသလိုသပ်ကာ ဆိုးသွမ်းအင်မော်တယ်ကို ကြည့်လိုက်သည်။

"နောက်တစ်ယောက် ကျသွားပြီဆိုတော့ မင်းရဲ့ပါရမီရှင်စာရင်းထဲက အဆင့်က တစ်ဆင့်တက်သွားပြီ။ စာရင်းကြီးနဲ့ မင်းရဲ့လက်ရှိအဆင့်က တော်တော်များဝေးနေလား၊ နောက်ထပ် လေး ငါး ဆယ်ယောက် လောက် ငါ သတ်ပေးရမလား"

သူ၏စကားကို ကြားသောအခါ ခန်းမထဲတွင်ရှိနေသော ပါရမီရှင်များမှာ မျက်နှာများ ဖြူဖတ်ဖြူရော်ဖြစ်ကာ နောက်သို့ အနည်းငယ် ဆုတ်သွားခဲ့ကြသည်။

သွေးဝတ်စုံဓားနတ်ဘုရားက ရူးများရူးနေသလား။

သူရဲ့အဆင့်အတန်းကိုမှ အားမနာ။

ဆိုးသွမ်းအင်မော်တယ်ကတော့ လုံးဝ တောင့်တင်းနေခဲ့သည်။ သူသည် ငိုတာထက် ဆိုးရွားသော အပြုံးတစ်ခုကို အတင်းအကျပ် ပြုံးပြကာ ကမန်းကတန်းငြင်းလေသည်။

"မ... မလိုအပ်ပါဘူး"

နံဘေးတွင်ရပ်နေသော ကောကျင်းသည်လည်း တုပ်တုပ်မျှမလှုပ်ဝံ့ပါ။

သူ၏ညီဖြစ်သူအား မည်သို့ဖြစ်ကုန်လေသနည်းဟု မေးချင်နေသော်လည်း နေရာမှမတစ်လက်မှပင် မရွေ့လျားဝံ့ချေ။

ထိုအချိန်တွင် စံအိမ်သခင်ကြီးသည်

ကျိယွမ်ကို ကြည့်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။

"တကယ်တော့၊အလင်းနန်းတော်က အကြီးအကဲကို ပြောပေးဖို့ တောင်းဆိုခဲ့တဲ့ နောက်ထပ် သတင်းစကားတစ်ခု ရှိပါတယ်"

"ခင်ဗျားက အလင်းနန်းတော်ရဲ့ လက်ပါးစေလား"

သတ်ဖြတ်လိုစိတ်လှိုင်းတစ်ခုသည် ကျိယွမ်ထံမှ ရုတ်တရက်ထွက်ပေါ်လာ၏။

အမှန်တကယ်တွင် သူကဒေါသမထွက်ပါ။သူ၏ရှေ့မှအဘိုးအိုသည် မျှော်လင့်ခြင်းလမင်းဖြစ်ပြီး အလွန်တန်ဖိုးရှိသည်မဟုတ်ပါလား။

သတ်ဖြတ်ခြင်းဖြင့် သူကအရှုံးမရှိနိုင်ပေ။

"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး"

စံအိမ်သခင်က ပြာပြာသလဲငြင်းလိုက်သည်။ အန္တရာယ်ကို အာရုံခံမိသောကြောင့် သူ၏ နဖူးပေါ်တွင် ချွေးများပင် စို့လာခဲ့သည်။

"ကျွန်တော်က အလင်နန်းတော်နဲ့ ဘာမှမပတ်သက်ပါဘူး"

ထိုစကားကြောင့် ကျိယွမ်ထံမှထွက်ပေါ်နေသော သတ်ဖြတ်လိုစိတ်များ မှေးမှိန်သွားခဲ့သည်။

သူက စံအိမ်သခင်အား မသတ်လိုက်ရသည်ကိုပင် နှမြောသလိုမျိုး ကြည့်နေသဖြင့် စံအိမ်သခင်ကြီးမှာ ကျောချမ်းသလိုလိုပင် ခံစားရ၏။

သို့သော် သူကအားတင်းကာ တောင်းဆိုလိုက်သည်။

"အကြီးအကဲ ၊ ကျွန်တော်တို့ နှစ်ယောက်တည်း စကားပြောလို့ ရမလား"

အချို့အရာများကို လူအများရှေ့တွင် ထုတ်ဖော်မပြောဘဲထားခြင်းက အကောင်းဆုံးဖြစ်သည်။

"ရတယ်လေ"

ကျိယွမ်က ခေါင်းညိတ်ပြလိုက်ပြီး ဆိုးသွမ်းအင်မော်တယ်ကို ကြည့်လိုက်သည်။

"နဂါးနဲ့ငါးအက စရင်၊ ငါအတွက် သေသေချာချာလေး မှတ်တမ်းတင်ထားပေးပါ၊ ကျေးဇူးတင်ပါတယ်"

ထိုသို့ပြောပြီနောက် သူတို့နှစ်ဦးသည်

ထိတ်လန့်ကြောက်ရွံ့နေကြသော ပါရမီရှင်များကို ချန်ထားခဲ့ကာ ပျောက်ကွယ်သွားခဲ့ကြသည်။

ဆိုးသွမ်းအင်မော်တယ်မှာ ထိုင်ခုံပေါ်တွင် ပြန်ထိုင်ချလိုက်ရင်းမှ အလွန်ရှုပ်ထွေးနေခဲ့သည်။

ခန်းမထဲမှ အခြားသော ပါရမီရှင်များက သူ့ကို မနာလိုသော မျက်လုံးများဖြင့် ကြည့်နေကြ၏။

ထို့သို့သောနောက်ခံမျိုးကို မလိုချင်သောသူ မည်သူရှိမည်နည်း။

ကောကျင်းက လျှင်မြန်စွာ အသံပို့လွှတ်လိုက်သည်။

"ညီလေး ၊ ဒီသွေးဝတ်စုံဓားဘုရားနဲ့ အလင်းနန်းတော်ကြားမှာ ဘာတွေဖြစ်နေတာလဲ။ ငါတို့ မိုးကြိုးတိုက်ကြီးကို အမြန်ဆုံးပြန်ပြေးသင့်လား"

"အစ်ကိုကြီး... ကျွန်တော်လည်း တကယ်မသိပါဘူး"

ဆိုးသွမ်းအင်မော်တယ်က အလွန်ခေါင်းရှုပ်နေပုံဖြင့် ခေါင်းသာယမ်းပြလိုက်တော့သည်။

ထိုအချိန်တွင် ကျိယွမ်နှင့်စံအိမ်သခင်ကြီးတို့သည် လူသူကင်းမဲ့သော ဂူအိမ်တစ်ခုထဲသို့ ရောက်နေသည်။

သူက စံအိမ်သခင်ကြီးအားကြည့်ကာ မေးလိုက်သည်။

"ပြောပါ ၊ ဘာလဲ"

"ဆရာကြီးက ဟုန်တုကို မသတ်သင့်ခဲ့ပါဘူး။ အခုလိုလုပ်တာက အလင်းနန်းတော်ကို လုံးဝ စော်ကားလိုက်သလိုဖြစ်သွားတယ်"

စံအိမ်သခင်ကြီး၏ စကားကိုကျိယွမ်က အရေးမကြီးသလို ခေါင်းခါ၏။

"ငါက သူတို့ကို စော်ကားပြီးသားပါ"

အလင်းနန်းတော်ကြီးတစ်ခုလုံးကိုပင် ဖြိုခွင်းရန်စီစဥ်ထားပြီးသားမို့ ဟုန်တုလို တပည့်လေးတစ်ယောက်ကိုသတ်ခြင်းက စကားထဲပင်ထည့်ပြောစရာ မလိုတော့ပါ။

"ဒီတစ်ခါ ပါရမီရှင်တိုက်ပွဲမှာ အဆင့် ၂၀ ထဲကိုဝင်ဖို့က အလင်းနန်းတော်အတွက် ဘယ်လောက်အရေးကြီးသလဲဆိုတာ အကြီးအကဲ မသိသေးဘူးပဲ"

"ကမ္ဘာသစ်တစ်ခုထဲ ဝင်ခွင့်ရဖို့ပဲ မဟုတ်ဘူးလား"

ကျိယွမ်က အနည်းငယ်အံ့သြစွာ မေးသည်။

ထိုကိစ္စလောက်ကို အဘယ့်ကြောင့်တဖွဖွပြောနေရသလဲ သူနားမလည်ပါ။

စံအိမ်သခင်ကြီးက အံ့အားသင့်သွားပြီး ကျိယွမ်အား မရဲတရဲကြည့်လာ၏။

"အကြီးအကဲက ဒါကိုသိနေတယ်ဆိုရင် ဒီကိစ္စရဲ့ ဆိုလိုရင်းကိုလည်း မသိသင့်ဘူးလား"

" ဘာကို ဆိုလိုရင်းလဲ "

ကျိယွမ် ခေါင်းရှုပ်သွားရသည်။

"လျှို့ဝှက်ဆန်းကြယ်တွေ လုပ်မနေဘဲ တည့်တည့်ပြောစမ်းပါ "

စံအိမ်သခင်ကြီး၏ နှလုံးသားသည် မယုံနိုင်သလိုခံစားရပြီး တုန်လှုပ်သွားခဲ့သည်။

သွေးဝတ်စုံဓားဘုရားသည် အမှန်တကယ်ပင် မသိပုံရသည်။

သို့သော်... တိုက်ကြီးတစ်ခုစီမှ ထိပ်တန်း အာဏာပိုင်များ သို့မဟုတ် တရားဝင်ဖြစ်သော အဓိကအင်အားစုများသည် ဤအချက်ကို သိရှိထားသင့်သည် မဟုတ်ပါလား။

ဖြစ်နိုင်တာက။

သွေးဝတ်စုံဓားနတ်ဘုရားသည် မည်သည့်အဖွဲ့အစည်းနှင့်မှ မသက်ဆိုင်သော တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူ ဖြစ်နေမလား။

ထိုသို့တွေးမိသောအခါ စံအိမ်သခင်ကြီးက ကျိယွမ်အားပို၍ လေးစားသွားသည်။

မည်သည့်အထောက်အပံ့မှ မရှိဘဲ ဤအဆင့်သို့ရောက်ရန်မှာ ပါရမီတစ်မျိုးတည်းသာမက ပြင်းထန်သောဇွဲလုံ့လ ခွန်အားသတ္တိနှင့်ထိုးထွင်းဉာဏ်များလည်း လိုအပ်သည်မဟုတ်ပါလား။

သို့သော် သူသည် တုံ့ဆိုင်းနေခဲ့သည်။ထို့ကြောင့် သူက အရိပ်အမြွက်သာပြောပြလိုက်၏။

"အကြီးအကဲ ၊ ဒီကိစ္စက ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေနဲ့ ပတ်သက်နေတယ်။ ကျွန်တော် တကယ်ပဲ ပြောလို့မရပါဘူး။ ပြောရင် နေရာမှာတင် သေဆုံးသွားနိုင်တယ်။ ကျွန်တော် စကားလုံး ရှစ်လုံးပဲ ပြောနိုင်ပါတယ်၊ 'ကပ်ဘေးဆိုးကြီး နီးလာပြီ၊ စောစီးစွာ ပြင်ဆင်ပါ'"

"ဘေးဆိုးကြီးတစ်ခုလား"

ကျိယွမ် အံ့သြသွားလေသည်။

သို့သော် သူက တိတိကျကျ ဆက်မမေးခဲ့ပေ။

စံအိမ်သခင်ကြီး၏ မျက်နှာအမူအရာကို ကြည့်ခြင်းဖြင့် မေးနေလျှင်လည်း အကျိုးမရှိကြောင်း သူသိသည်။

စံအိမ်သခင်ကြီးက အနည်းငယ်ဆက်ရှင်းပြ၏။

"ဒီတစ်ခါရှာတွေ့ခဲ့တဲ့ ကမ္ဘာအသစ်ထဲကို ထိပ်ဆုံးပါရမီရှင် ၂၀ နဲ့အတူ သူတို့နဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေပါဝင်ခွင့်ရှိပြီး ကမ္ဘာအသစ်မှာ နယ်မြေချဲ့ထွင်ခွင့်ရမယ်လို့ အရှေ့ပိုင်းဒေသကြီးရဲ့ ယင်နတ်ဘုရားသုံးပါးက သတ်မှတ်ခဲ့တယ်"

"အရှေ့ပိုင်းဒေသမှာ ယင်နတ်ဘုရားသုံးပါးတည်းရှိတာလား"

ကျိယွမ်က လျှင်မြန်စွာမေးလိုက်သည်။

သူ၏မျက်လုံးများက စိတ်ဝင်စားမှုကြောင့် လင်းလက်လာခဲ့၏။

"ဒီလို လျှို့ဝှက်ချက်မျိုးကို ကျွန်တော် မသိနိုင်ပါဘူး"

စံအိမ်သခင်ကြီးက ခေါင်းခါလိုက်သည်။ သွေးဝတ်စုံဓားဘုရားသည် ထိုသို့ မေးလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ကျိယွမ်က တတ်ကြွစွာ ထပ်မေးပြန်သည်။

"ယင်နတ်ဘုရားတွေက ဘယ်လောက်အစွမ်းထက်လဲ ။ ခင်ဗျားတို့လိုအဆင့်တစ်သောင်းလောက်က ယင်နတ်ဘုရားတစ်ပါးကို သတ်နိုင်မလား"

"အဲ..."

စံအိမ်သခင်ကြီး မည်သို့ဖြေရမှန်းမသိဖြစ်သွား၏။သွေးဝတ်စုံဓားနတ်ဘုရားက အဘယ့်ကြောင့် မေးမှန်းမသိသော်လည်း သူကအရမ်းမဖြေရဲပါ။

"အကြီးအကဲ ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို အကျပ်မကိုင်ပါနဲ့။ ယင်နတ်ဘုရားတွေက... ဒီလောကမှာ နတ်ဘုရားတွေလိုပါပဲ။ အဲဒီ နယ်ပယ်ကို ကျွန်တော်တို့စဉ်းစားလို့တောင် မရနိုင်ပါဘူး၊ ဒါကြောင့် ဘယ်လို နှိုင်းယှဉ်ရမှန်း မသိပါဘူး"

"နေမင်းကြီးကို ကောင်းကင်ကဆွဲထုတ်ပြီး ယင်နတ်ဘုရားပေါ်ကို ပစ်ချလိုက်ရင်ရော။ အဲဒါက သူတို့ကို သတ်နိုင်မလား"

စံအိမ်သခင်ကြီးမှာ ထိတ်လန့်လွန်း၍ ချွေးများပင် ပျံလာ၏။

သွေးဝတ်စုံဓားဘုရားသည် ယင်နတ်ဘုရား များကို စိန်ခေါ်ရန် အဘယ်ကြောင့် ဤမျှ စွဲလမ်းနေရသနည်း။

ယင်နတ်ဘုရားဟူသော အသံကိုကြားသည်နှင့် သူကဓားတပြင်ပြင်ဖြစ်နေသည်ဟုပင် ခံစားရသည်။

သွေးဝတ်စုံဓားဘုရား၏ ခွန်အားသည် အလွန်အစွမ်းထက်ပြီး မြင့်တက်ခြင်းခန်းမ၏သခင်ကြီးနှင့်ပင် တန်းတူနီးပါး ဖြစ်နိုင်ကြောင်း သူလက်ခံပါသည်။

သို့သော် ယင်နတ်ဘုရားများနှင့်ခရမ်းရောင်နန်းတော်အဆင့်များသည် လုံးဝ ကွဲပြားသော အဆင့်များ ဖြစ်၏။

တစ်ဦးက မသေမျိုးဖြစ်ရန် ကျင့်ကြံနေဆဲအဆင့်ဖြစ်ပြီး အခြားတစ်ဦးကမူ ကောင်းကင်ဘုံမှသက်ရှိတစ်ပါးနှင့်တူနေပြီဖြစ်သည်။

သို့သော် မဖြေ၍လည်းမဖြစ်သောကြောင့် သူကဝေ့ဝေ့ဝါးဝါး ဖြေလိုက်ရသည်။

"သူတို့ကို ကြေမွသွားအောင် သတ်နိုင်လောက်မယ်ထင်ပါတယ်.."

ဤစကားကို ကြားသောအခါ ကျိယွမ်သည် စိတ်သက်သာရာရသွား၏။ထို့နောက် သူက လက်ရှိကိစ္စကို အာရုံရောက်သွားကာ မေးလိုက်သည်။

"ဒါနဲ့၊ ဒီကမ္ဘာသစ်က ဘာတဲ့လဲ။ အဲဒီက လူတွေကရော ဘယ်လောက် အစွမ်းထက်ကြသလဲ"

"ကမ္ဘာအသစ်ကို ဝမ်ယုကုန်းမြေတိုက်ကြီးလို့ခေါ်ပါတယ်၊ ဒါပေမဲ့ သိပ်ပြီးအစွမ်းမထက်ပါဘူး၊ အဲဒီမှာ အစွမ်းအထက်ဆုံးသူတွေက ကျွန်တော်တို့ ဆီက စိတ်ဝိညာဥ်အဆင့်လောက်ပဲရှိတာပါ။ ဒါကြောင့် အရှေ့ပိုင်းဒေသရဲ့ ထိပ်တန်းပါရမီရှင် ၂၀ က ဝမ်ယုကုန်းမြေတိုက်ကြီးကို အလွယ်တကူ သိမ်းပိုက်နိုင်ပါတယ်"

"ဝမ်ယုကုန်းမြေတိုက်ကြီးလို့ ပြောလိုက်တာလား"

တစ်ချိန်လုံး တည်ငြိမ်နေခဲ့သော ကျိယွမ် တုန်လှုပ်သွားလေသည်။သူက မယုံသလိုထပ်မေး၏။

"ခင်ဗျားပြောတာ ဘာနာမည်လဲ"

"ဝမ်ယုကုန်းမြေတိုက်ကြီးပါ"

ကျိယွမ်၏ မျက်လုံးများက လေးနက်သွားပြီး ငြိမ်သက်သွားသည်။

"ဝမ်ယုကုန်းမြေတိုက်ကြီးတဲ့လား"

ထိုကမ္ဘာ၏ နာမည်ကို လက်တွေ့ဘဝ၌ သူ ကြားရလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ဒါက ငါရဲ့ဂိမ်းထဲက နာမည်လေ။

ငါ့ရဲ့ကောင်းကင်ဘုံတာအိုအပိုင်းအစတွေကို ရရှိခဲ့တဲ့နေရာ။

ပြီးတော့ ဧကရီလေးကျင်းလီ......

သူ့ကိုအမြဲလေးစားချစ်ခင်ခဲ့သော ကလေးမလေးယွဲ့နု ။

ထိုအရာက မတော်တဆ နာမည်တူသွားခြင်းလား၊ သို့မဟုတ် နေရာတစ်ခုတည်းလား။

သူ၏ နှလုံးသားသည် သိသိသာသာ လှုပ်ရှားနေသော်လည်း သူသည် အေးဆေးတည်ငြိမ်ဟန်ဆောင်နေခဲ့သည်။

သူက စံအိမ်သခင်ကြီးအား မေးလိုက်သည်။

"ဝမ်ယုကုန်းမြေတိုက်ကြီးကို သွားဖို့ ကျုပ်ကရော အရည်အချင်းမမှီဘူးလား"

"အကြီးအကဲ ယင်နတ်ဘုရား သုံးပါး ဆုံးဖြတ်ထားတဲ့ ကိစ္စက ပြောင်းလဲလို့မရပါဘူး။ ဝမ်ယုကုန်းမြေတိုက်ကြီးကို ဝင်ခွင့်ရဖို့ဆိုရင် ပါရမီရှင်တိုက်ပွဲရဲ့ ထိပ်ဆုံးနှစ်ဆယ်ထဲမှာ ပါနေမှပဲ ရပါလိမ့်မယ်"

"အင်း၊ နားလည်ပြီ"

ကျိယွမ်၏ မျက်နှာကအလွန်တည်ငြိမ်နေသဖြင့် စံအိမ်သခင်ကြီးပင် တစ်မျိုးခံစားလာရသည်။

"ငါ သွားတော့မယ်"

ရုတ်တရက် လင်းလက်သွားပြီး သူကပျောက်ကွယ်သွားခဲ့သည်။

စံအိမ်သခင်ကြီးက ခါးသီးစွာပြုံးလျှက် ညည်းညူမိလိုက်သည်။

"ဒီပုံဆို သွေးဝတ်စုံဓားဘုရားနဲ့ အလင်းနန်းတော်ကြားက ရန်ငြိုးက ပြေလည်နိုင်မယ် မထင်တော့ဘူး"

....................

အလင်းနန်းတော်တွင် ဖြစ်သည်။

တတိယနန်းတော်သခင်ဇီလန်သည် ရိုသေလေးစားသောအမူအရာဖြင့် ရပ်နေခဲ့၏။

သို့သော်လည်း သူမ၏ မျက်လုံးများတွင် တစ်စုံတစ်ယောက်ကို သတ်ဖြတ်လိုစိတ်များကို မြင်နေရသည်။

"ပထမနန်းတော်သခင်၊ ဟုန်တုကို... သွေးဝတ်စုံဓားနတ်ဘုရားက သတ်ပစ်လိုက်ပါပြီ"

အလင်းရောင်ဖြင့် ဖုံးအုပ်ထားသဖြင့် ပထမနန်းတော်သခင်၏မျက်နှာကို မမြင်နိုင်ပေ။ အများအမြင်၌ နန်းတော်သခင်သည် အရပ်မြင့်မားသော အမျိုးသားကြီးတစ်ဦးဟုသာ သိနိုင်၏။

"ငါ သိပါတယ်"

ပထမနန်းတော်သခင်က အေးဆေးတည်ငြိမ်စွာ ပြန်ဖြေသည်။

"ငါ ရှင်းဟွာအဖွဲ့ရဲ့ အဖွဲ့ခွဲခေါင်းဆောင်ကနေတစ်ဆင့် သွေးဝတ်ရုံဓားဘုရားနဲ့ တွေ့ဆုံဖို့ စီစဉ်ပြီးသားပါ။ အဲဒီအချိန်ကြမှ သူနဲ့ သေချာ စကားပြောကြရလိမ့်မယ်"

တတိယနန်းတော်သခင်မဇီလန်၏လှပသောမျက်နှာက အလိုမကျဟန်ပေါ်လာ၏။

"အခုချိန်ထိ စကားတွေ ဆက်ပြောနေအုံးမှာလား"

သူမက ဒေါသနှင့်အတူ ထောက်ပြလိုက်သည်။

"သူက ဟုန်တုကို သတ်လိုက်ပြီး ကျွန်မတို့ရဲ့ ထွက်ပြေးစရာလမ်းကြောင်းတွေထဲက တစ်ခုကို ဖြတ်တောက်လိုက်တာပါ"

ထိုအရာက လုံးဝသည်းခံနိင်စရာမရှိတော့ပါ။အလင်းနန်းတော်နှင့် သွေးဝတ်စုံဓားနတ်ဘုရားတို့ထဲမှ တစ်ဦးသေမှသာ ယခုကိစ္စက ပြီးဆုံးလိမ့်မည်ဟု သူမခံယူထားသည်။

"ကပ်ဘေးဆိုးကြီး နီးလာပြီ၊ အရာအားလုံးကို အစီအစဉ်အတိုင်း လုပ်ဆောင်ရမယ်။ ဒီလို အသေးအမွှားကိစ္စတွေနဲ့ အချိန်ဖြုန်းလို့ မရတော့ဘူး။ ငါတို့ အလျှော့ပေးဖို့ လိုအပ်ရင်အလျှော့ပေးရမယ် ။ ဒါက မျက်နှာနည်းနည်း ပျက်ယွင်းသွားရုံပဲ"

ပထမနန်းတော်သခင်ကတော့ သူမနှင့် ဆန့်ကျင့်စွာ အလွန်အေးဆေးတည်ငြိမ်နေ၏။

"သွေးဝတ်စုံဓားဘုရားက ငါတို့ရဲ့ ရုံးချုပ်ထဲကို လမ်းလျှောက်မဝင်မချင်း၊ သူ့ကို ဝိုင်းပြီး သတ်ဖို့ လူအင်အားကို အလဟဿ ဖြုန်းတီးနေဖို့ မလိုဘူး။ ဘာလို့ အချည်းနှီးအလုပ်တစ်ခုကို လုပ်ရမှာလဲ။ ဒီကိစ္စက ဒီမှာပဲ ပြီးဆုံးသင့်တယ်"

အမှန်တကယ်တွင် သူကလည်း သွေးဝတ်ရုံဓားနတ်ဘုရားကို သတ်ချင်နေခဲ့သည်။

သွေးဝတ်စုံဓားဘုရားကသာ အလင်းနန်းတော်ဌာနချုပ်သို့ လာရောက်ခဲ့လျှင် ခရမ်းရောင်နန်းတော်အဆင့်များအပြင် နဂါးသရဖူ၏ အကူအညီဖြင့် သတ်ဖြတ်နိုင်ရန်မှာ သေချာသလောက်ပင်။

သို့သော် သွေးဝတ်စုံဓားဘုရားသည် လူမိုက်မဟုတ်ပါ။ထို့ကြောင့် ထောင်ချောက်ထဲသ်ု့ ဝင်လာမည်မဟုတ်ချေ။

ထို့ကြောင့် ပထမနန်းတော်သခင်သည် ယခုအချိန်အတွက် သွေးဝတ်စုံဓားဘုရားနှင့် လက်ဆွဲနှုတ်ဆက်ရန်သာ စဉ်းစားနိုင်ခဲ့သည်။

"ဒီကို ပြန်မလာခင်၊ငါကိုယ်တိုင် အဲဒီတစ်ယောက်ဆီ သွားရောက်ခဲ့တယ်။ သူက ငါတို့နန်းတော်က ဟုန်တုအစား နောက်ထပ် တပည့်တစ်ယောက်ကို ခေါ်ယူနိုင်တယ်လို့ ခွင့်ပြုပေးခဲ့တယ်။ငါ့အမြင်အရ ရွီထုံချန် ရဲ့ အရည်အချင်းက ဟုန်တုထက် အများကြီး သာလွန်တယ်။ သူက ထိပ်ဆုံး နှစ်ဆယ်ထဲကို သေချာပေါက် ဝင်နိုင်မှာပဲ၊ ဆယ်ယောက်ထဲကိုတောင် ဝင်နိုင်ချေရှိတယ်။"

"ဒါကြောင့် ငါတို့က ကျင်းယန်ဂိုဏ်းရဲ့နေရာကို ယူလိုက်တော့မယ် "

ပထမနန်းတော်သခင်က ပြတ်သားစွာ ပြောကာ ကျင်းယန်ဂိုဏ်း၏ကံကြမ္မာကို စကားတစ်ခွန်းဖြင့် တံဆိပ်ခတ်လိုက်သည်။

ကျင်းယန်ဂိုဏ်းက သဘောတူခြင်း မတူခြင်းကိုမူ သူ စိုးရိမ်ပူပန်ခြင်းမရှိခဲ့ပေ။

......................

နောက်တစ်နေ့တွင်...

သိသိသာသာထိတ်လန့်သောနှလုံးသားဖြင့် ရွှီထုန်ချန်သည် ကျိယွမ်၏ ဂူအပြင်ဘက်သို့ အားတင်းကာ ရောက်ရှိလာခဲ့သည်။

သူရောက်လာချိန်၌ ယခင်ကနှင့်မတူဘဲ ကျိယွမ်၏မိတ်ဆွေနှစ်ဦးရောက်ရှိနေပြီး စစ်တုရင်ထိုးနေကြသည်ကို တွေ့ရသည်။

ကျိယွမ်သည် အနက်ရောင်တုံးတစ်ခုကို ကိုင်ထားပြီး သူ၏ နောက်ထပ်ရွှေ့မည့် အကွက်ကို အကြီးအကျယ် စဉ်းစားနေလေ၏။

"တာ..တာအိုရောင်းရင်းကျိယွမ်...မတွေ့ရတာကြာပြီ"

ရွှီထုံချန်သည် ကျိယွမ်ကို ယခင်လိုနှုတ်ဆတ်လိုက်သော်လည်း သူ၏ ခြေထောက်များကတော့ မသိမသာ တုန်ယင်နေခဲ့သည်။

နေ့စဥ်နေ့တိုင်း သူနှင့်အတူ ကျင့်ကြံနေခဲ့သူက သတ်ဖြတ်ရာတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော သွေးဝတ်စုံဓားနတ်ဘုရား ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ခဲ့လိမ့်မည်နည်း။

ရွှီထုံချန်၏ ကြောက်သလိုလ်ု ရင်နှီးသလိုလိုဖြစ်နေသည့် ထူးဆန်းသောအပြုအမူသည် ကျန်းယာ၏ အာရုံကို ဖမ်းစားသွားပုံရသည်။

သူမသည် ရွှီထုံချန်ကို တစ်ချက်ကြည့်လိုက်ပြီး ကျိယွမ်ကို တစ်ခါပြန်ကြည့်ကာ တစ်စုံတစ်ခုကို စဉ်းစားနေခဲ့သည်။

ကျိယွမ်သည် ရွှီထုံချန်ကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်၏။

"လာထိုင်။ ဒီပွဲပြီးရင် မင်းနဲ့အတူ ကျင့်ကြံဖို့သွားတာပေါ့"

ရွှီထုံချန်သည် ကယောင်ကတမ်းနှင့်ခေါင်းညိတ်ကာ ကျိယွမ်၏ဘေးတွင် ထိုင်လိုက်သည်။

ထိုအချိန်၌ ကျိယွမ်၏တစ်ဖက်တွင်ရှိနေသော ကန်းဖူလူသည် သူ၏အဖြူရောင်တုံးကိုချလိုက်ပြီး ကျိယွမ်ကို ကျေနပ်စွာ ကြည့်လိုက်သည်။

"ညီလေး၊ ဒီပွဲလည်း မင်းရှုံးပြီ"

ကျိယွမ်သည် စစ်တုရင်ခုံကို ကြည့်လိုက်ပြီး စိတ်ပျက်စွာ ခေါင်းခါ၏။

"ငါက ပိုကီမွန်ဖမ်းတာလောက်ပဲ ကောင်းပုံရတယ်"

ဘေးတွင် ထိုင်နေသော ကျန်းယာသည် ညင်သာစွာ ပြုံးလိုက်သည်။

ကျိယွမ်နှင့် ကန်းဖူလူ နှစ်ဦးစလုံးသည် စစ်တုရင် ကစားရာတွင် အတော်လေး ညံ့ဖျင်းကြသည်ကို သူမသိသွားလေပြီမဟုတ်ပါလား။

ကန်းဖူလူက သူ့ကိုယ်သူဂုဏ်ယူစွာဖြင့် ကျိယွမ်အားနှစ်သိမ့်လိုက်ပြီးနောက် အချက်တစ်ခုကို သတိရသွားပြီး မေးလိုက်သည်။

"ညီလေး မင်း မနေ့က ငါးနဂါးစားသောက်ပွဲ ကို မတက်ဘူးလား။ ငါ မင်းကို မတွေ့မိပါဘူး"

"ကျွန်တော် တက်ခဲ့ပါတယ်"

ကျိယမ်က ထပ်ပြောလိုက်သည်။

"အဲဒီတုန်းက အစ်ကိုကြီးနဲ့အစ်မကြီးကျန်းယာက အတူတူရှိတာလေ၊ ရွှီထုန်ချန်လည်း အဲဒီမှာရှိတာပဲ"

ကန်းဖူလူက မျက်မှောင်ကျုံ့သွား၏။

"ထူးဆန်းတယ်။ ငါ မင်းကို ဘာလို့ မတွေ့ရတာလဲ"

ကန်းဖူလူက အံ့သြသွားနေသည်။ သူက ရွှီထုံချန်ဘက်သို့ လှည့်ကာ မေးကြည့်သည်။

"တာအိုရောင်ရင်း ရွှီ ရေ ၊ မင်း ငါ့ညီလေးကို တွေ့လိုက်လား"

မနေ့က သူသည် ငါးနဂါးစားသောက်ပွဲကို ကျန်းယာနှင့်အတူတက်ရောက်ခဲ့ပြီး ရွှီထုန်ချန်ကိုလည်း မျက်မှန်တန်းနေသဖြင့် စကားအနည်းငယ် ပြောဖြစ်ခဲ့ကြသည်။

"ကျွန်တော်... ကျွန်တော် တွေ့လိုက်ပါတယ်"

ရွှီထုန်ချန်က ကျိယွမ်ကို ခိုးကြည့်ရင်းမှ ထစ်ငေါ့စွာ ပြန်ဖြေသည်။သို့သော်သူက ထို့ထက်တော့ ပိုမပြောဝံ့ပါ။

"ဟုတ်လို့လား ၊ တာအိုရောင်းရင်းရွှီ .. မင်းက ငါ့ညီလေးကိုတွေ့တာတောင် ငါ့ကိုဘာလို့အသိမပေးခဲ့တာလဲ၊ သွေးဝတ်စုံဓားနတ်ဘုရားရဲ့ သတ်ဖြတ်လိုစိတ်ကြောင့် အရမ်းကြောက်လန့်နေခဲ့လို့လား"

ကန်းဖူလူ၏ အမူအရာသည် ပြင်းထန်လာပြီး ဆက်ပြောနေသည်။

"ဒီသွေးဝတ်စုံဓားဘုရား... သူနဲ့ ငါ နှစ်ယောက်လုံးက တိုင်းပြည်တစ်ရာက လာခဲ့ကြတာပဲ၊ သူ့ရဲ့အစွမ်းက တကယ်ကိုကြောက်စရာကောင်းတယ်၊ ဒါပေမဲ့

အဲဒီလို သွေးစွမ်းအင်မျိုးကို ကျင့်ကြံဖို့ သူ လူဘယ်လောက်များများကို သတ်ခဲ့သလဲ ငါ သိချင်မိတယ်။"

" ဒီလို ပြိုင်ဘက်ကင်းလူသတ်သမားမျိုးက တစ်ယောက်တည်းနေတာမျိုးကို သဘောကျတတ်တယ် ။ လူအများစုက သူ့အနားမှာ အကြာကြီး နေဖို့မသင့်တော်ဘူး ။ သွေးဝတ်ရုံဓားဘုရားက သူတို့ကို ဘယ်အချိန် သတ်ပစ်မလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ"

ရွှီထုန်ချန်မှာ ငိုချင်ရက်လက်တို့ဖြစ်သွားလေသည်။

သို့သော် သူသည် ကျိယွမ်အား တစ်ချက်ကြည့်ကာ နှုတ်ဆိတ်နေခဲ့ပြီး မည်သို့ တုံ့ပြန်ရမည်ကို မသိခဲ့ပေ။

ကျိယွမ်သည် ကန်းဖူလူကို ကြည့်ကာ ရှင်းပြသည်။

"အစ်ကိုကြီး၊ သွေးဝတ်စုံဓားနတ်ဘုရားက တကယ်တော့ ကောင်းတဲ့လူပါ။ သူက လူငယ်တွေကို သတ်ရတာ စိတ်မဝင်စားဘူး၊ သူက အဘိုးအိုတွေကိုပဲ သတ်ရတာ ကြိုက်တယ်"

ကန်းဖူလူသည် ကျိယွမ်ကို စိတ်ညစ်သလို မျက်လုံးပင့်ကာကြည်လိုက်သည်။

သူသည် သွေးဝတ်ရုံဓားနတ်ဘုရားက ပါရမီရှင်များကို ဘာမှမဟုတ်သကဲ့သို့ သတ်ပစ်သည်ကို မျက်စိဖြင့်တပ်အပ်မြင်ခဲ့ရသည်။

ကျိယွမ်လို သာမန်အခြေတည်အဆင့်လေးက သွေးဝတ်စုံဓားနတ်ဘုရားအကြောင်းကို ဘာနားလည်မည်နည်း။

"ကဲပါ.. မင်းတို့နှစ်ယောက် ကျင့်ကြံသင့်ပြီ၊ ညီလေး .. အချိန်ဖြုန်းမနေနဲ့ ၊ မင်းအနေနဲ့ ရသလောက်ကြိုးစားသင့်တယ်"

သူက ကျိယွမ်နှင့်ငြင်းခုန်ရန် ပျင်းရိနေသဖြင့် အကျိုးရှိမည်ကို ညွှန်ပြလိုက်သည်။

"ကောင်းပါပြီ"

ကျိယွမ်ကလည်း အချိန်ဖြုန်းရန် ဆန္ဒမရှိပါ။

ပြီးခဲ့သည့်တစ်ခေါက်က သူသည်စစ်မှန်နေမင်းမီးတောက်ထံမှ ပဲ့တင်ထပ်မှုကို ခံစားခဲ့ရသည်။

ဒီတစ်ခါတွင် သူသည်မီးတောက်ကို အပြည့်အဝ နားလည်သဘောပေါက်ရန်အားခဲထား၏။

ကျိယွမ်နောက်မှ ရွှီထုန်ချန်သည် ငြိမ်၍လ်ုက်လာလေသည်။

သူ၏ စိတ်နေစိတ်ထားသည် အရင်ရက်များနှင့် လုံးဝ ကွဲပြားနေခဲ့သည်။

ယခင်ကဆိုလျှင် သူသည် ကျိယွမ်ကို တန်းတူအဖြစ် ဆက်ဆံခဲ့သော်လည်း သူက ပါရမီရှင်အဆင့် ထိပ်ဆုံးသုံးဆယ်တွင်ပါဝင်နေသူတစ်ဦးဖြစ်သည့်အတွက် သူ၏မာနသည် ရံဖန်ရံခါ ပေါ်ထွက်လာတ်သည်။

သို့သော် ယခုအခါမှာတော့ ထိုမာနအားလုံးသည် ပျောက်ကွယ်သွားပြီး ထိုအစား လေးစားမှုနှင့် ကြောက်ရွံ့မှုသာပြည့်နေ၏ ။

" စစ်မှန်နေမင်းမီးတောက်ကို ထုတ်လိုက်ပါ။ ဒီတစ်ခါ ငါ ဒါကို နားလည်သဘောပေါက်ရမယ်"

ရွှီထုန်ချန်က တုန့်ဆိုင်းခြင်းမရှိဘဲ မီးတောက်ကို ဖန်တီးလိုက်၏။

ကျိယွမ်၏ အမူအရာသည် ချက်ချင်းလေးနက်သွားသည်။

သူ၏ရှေ့တွင်ရှိနေသော စစ်မှန်နေမင်းမီးတောက်က ရွှေရောင်အလင်းကို ထုတ်လွှတ်နေခဲ့သည်။

ကျိယွမ်သည် သူကိုယ်တိုင် နေမင်းထဲတွင် ရပ်နေသကဲ့သို့ ထိုမီးတောက်ကို စိုက်ကြည့်နေခဲ့သည်။

မီးတောက်အတွင်း၌ အရာအားလုံးကိုလောင်ကျွမ်းပစ်နိုင်သကဲ့သို့ အစွမ်းထက်သော မီးတောက်များက အမျက်ထွက်နေသလို ပြင်းထန်စွာလောင်ကျွမ်းနေခဲ့သည်။

ထိုမီးတောက်များသည် ကျိယွမ်ကို သတိပြုမိပုံရလာပြီး ပို၍ပင် ပြင်းပြင်းထန်ထန် လောင်ကျွမ်းကာ ပို၍ပင် စိတ်လှုပ်ရှားနေပုံရသည်။

မသိလျှင် စမောလေးတစ်ဦးက ရှုးဂါးဒယ်ဒီကြီးကို တွေ့လိုက်ရသကဲ့သို့ပင်။

"စစ်မှန်နေမင်းမီးတောက် မင်းကငါ့ရဲ့မီးတောက်တစ်ခုပဲ"

ကျိယွမ်သည် မီးတောက်အား စူးစိုက်ကြည့်ရင်းမှ ထိုစကားစုကိုသာ ထပ်ခါတလဲလဲ ရေရွတ်နေ၏။

ထိုအခိုက်မှာပင် စစ်မှန်နေမင်းမီးတောက်၏ မီးပွားတစ်ခုသည် ရုတ်တရက်ခုန်ထွက်လာပြီး ကျိယွမ်၏ လက်ထဲသို့ ပျံသန်းဝင်ရောက်သွားခဲ့သည်။

ကျိယွမ်၏ မျက်လုံးများသည် တောက်ပလာပြီး မီးလျှံတစ်ခုသည် သူ၏ မျက်စိသူငယ်အိမ်ထဲ၌ သိသိသာသာ လင်းလက်သွားလေသည်။

သူက ကျေနပ်စွာပြုံးလျက် တီးတိုးရေရွတ်လိုက်သည်။

"နောက်ဆုံးတော့ ငါမီးတောက်ကို နားလည်သဘောပေါက်သွားပြီ"

ဘေးတွင်ရပ်နေသော ရွှီထုံချန်သည် ပထမ၌ မယုံသလိုနှင့် တုန်လှုပ်သွားသော်လည်း ထိုသူသည် သွေးဝတ်စုံဓားနတ်ဘုရားဖြစ်ကြောင်းကို သတိရသောအခါ သူ၏အံ့သြမှုသည် အနည်းငယ် လျော့ပါးသွားခဲ့သည်။

သူက ကမန်းကတမ်းဂုဏ်ပြုလိုက်သည်။

"ဂုဏ်ယူပါတယ် အကြီးအကဲ၊ ဂုဏ်ယူပါတယ်"

အမှန်တကယ်တွင် ရွှီထုံချန်မှာလည်း စပ်စုနေခဲ့ခြင်းပင်။

မူလနတ်ဘုရားစွမ်းရည်ကို နားလည်သဘောပေါက်ပြီးသားဖြစ်သော ခရမ်းရောင်နန်းတော်အဆင့်တစ်ဦးသည် အဘယ့်ကြောင့် သူ၏စစ်မှန်နေမင်းမီးတောက်ကို လေ့လာရန် စိတ်ဝင်စားနေရသနည်း။

ထိုအရာကို ကျွမ်းကျင်သွားလျှင်ပင်၊ ၎င်းသည် အစွမ်းထက်သော သာမန်နတ်ဘုရားစွမ်းရည်တစ်ခုသာ ဖြစ်မည်ဖြစ်ပြီး စိတ်ဝိညာဥ်အဆင့်များကို သတ်ရန်အတွက်သာ အသုံးဝင်မည်ဖြစ်၏။ခရမ်းရောင်နန်းတော်အဆင့်များကို တိုက်ခိုက်သတ်ဖြတ်ရန် အသုံးမဝင်နိုင်ပေ။

ကျိယွမ်က အတွေးများနေပုံရသော ရွှီထုန်ချန်ကို ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

"မင်းအတွက် ခက်ခဲခဲ့ပေမယ့်၊ ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ ကိစ္စပါ"

သူ၏ဘေးတွင် ရပ်နေရုံဖြင့် ရွှီထုံချန်၏ မီးတောက်ကို ပို၍သန်မာလာစေရန် အားဖြည့်ပေးနိုင်ကြောင်း သူ ကောင်းစွာသိသည်။

ထိုသူသည် သူ့ကို လူအိုကြီးတစ်ဦးဟု ထင်နေပုံရလေသည်။

သို့သော် ကျိယွမ်သည် ဂရုမစိုက်ခဲ့ပေ။

"အကြီးအကဲ ၊ ဒါဆိုရင် ကျွန်တော့်ကို ခွင့်ပြုပါဦး"

ရွှီထုန်ချန်ကနှုတ်ဆတ်ပြီး ပြန်သွားခဲ့သည်။

ဂူအိမ်ထဲ၌တစ်ယောက်တည်းကျန်နေခဲ့သောအခါ ကျိယွမ်သည် ရှင်းဟွာကျောက်စိမ်းပြားထဲသို့ ဝင်လိုက်၏။

သူက ဧကရာဇ်လေးပါးအဖွဲ့ထဲသို့ မဝင်မီ သူ့အားလူသစ်တစ်ယောက်က စာပို့ထားသည်ကို တွေ့လိုက်ရ၏။

ဘယ်သူပါလိမ့်၊ ညီမလေး ကျန်းလင်းစုများလား။

သူဖွင့်ကြည့်လိုက်သောအခါ မီးလျှံဧကရာဇ်ထံမှ ဖြစ်နေ၏။

"မူလနတ်ဘုရား၊ မင်းတကယ်ပဲ အလင်းနန်းတော်ကို ဖျက်ဆီးတော့မှာလား"

"အင်း၊ အစီအစဉ်က စနေပြီလေ၊ ဘယ်လိုလုပ်ပြီး ၊ မပြီးဘဲ ထားခဲ့နိုင်မလဲ"

ကျိယွမ်က ထို့သို့ပြန်ဖြေရင်း မီးလျှံဧကရာဇ်က အဘယ့်ကြောင့်သူ့အား ယခုလို တကူးတကစာပို့လာရသည်ကို သိချင်နေသည်။

"အလင်းနန်းတော်က သာမန်အင်အားစုမဟုတ်ဘူး၊သူတို့က ယင်နတ်ဘုရားတစ်ပါးနဲ့ နက်ရှိုင်းတဲ့ဆက်စပ်မှုရှိနေတယ်"

မီးလျှံဧကရာဇ်က အရေးကြီးသည်ကို သတိပေးလာသည်။

"ဗုဒ္ဓကိုယ်တော်တိုင် လာခဲ့ရင်တောင် ငါ့ကို တားနိုင်မှာ မဟုတ်ဘူး"

ကျိယွမ်၏ ခေါင်းမာမှုကိုမြင်သောအခါ မီးလျှံဧကရာဇ်က ဆက်မပြောတော့ပေ။ သူက လက်လျှော့လိုက်ပြီး အခြားတစ်ခုအား ပြောင်းသွားသည်။

"မင်းနဲ့အလင်းနန်းတော်ရဲ့ပြဿနာက ရှင်းဟွာအဖွဲ့ရဲ့ အထက်လူကြီးတွေရဲ့ အာရုံကိုဖမ်းစားနိုင်သွားပြီ၊ရှင်းဟွာအဖွဲ့ခေါင်းဆောင်က မင်းရဲ့သွေးဝတိစုံဓားနတ်ဘုရားအကောင့်ကို သူငယ်ချင်းအပ်လာလိမ့်မယ် "

"ဟုတ်လား။ ငါ နောက်မှ စစ်ဆေးပြီး လက်ခံလိုက်ပါမယ်"

မည်သို့ပင်ဆိုစေ အဖွဲ့ခေါင်းဆောင်တစ်ယောက်ကို မျက်နှာသာပေးရမည်ကိုတော့ ကျိယွမ်နားလည်ပါသည်။

"မူလနတ်ဘုရား ... တကယ်လို့ အလင်းနန်းတော်က ယင်နတ်ဘုရားက မင်းနောက်ကိုလိုက်လာရင် ဖုန်ကျွင်းဆိုတဲ့နာမည်ကို ပြောလိုက်ပါ။ အဲဒါက မင်းကို ဘေးအန္တရာယ်ကြီးတစ်ခုကနေ ကယ်တင်နိုင်ပါလိမ့်မယ်"

မီးလျှံဧကရာဇ်က ကျိယွမ်အားသူတတ်နိုင်သမျှ ကူညီပေးခဲ့ခြင်းပင်။

အမှန်ဝန်ခံရလျှင် မီးလျှံဧကရာဇ်သည် မူလနတ်ဘုရားက အလင်းနန်းတော်ကို ဖျက်ဆီးနိုင်မည်ဟု မယုံကြည်ပါ။

သိူ့သော် မူလနတ်ဘုရား၏ ထူးဆန်းသောစိတ်နေစိတ်ထားနှင့် တဇွတ်ထိုးအကျင့်ကြောင့် အလင်းနန်းတော်၏နောက်ကွယ်မှ ယင်နတ်ဘုရား၏ ဒေါသကို ဆွသလိုဖြစ်သွားမည်ကိုတော့ သူစိုးရိမ်နေခဲ့သည်။

-------------

All Chapters