← Chapters

ကျိုးချန်း တပည့်လက်ခံခြင်း(၁)

Vol. 20 Ch. 258

ကျိုးချန်း တပည့်လက်ခံခြင်း(၁)

Vol. 20 Ch. 258

"အမှန်ပဲ...ဒါတွေက တွေ့ဆုံခြင်းလက်ဆောင် သက်သက်ပဲ... ငါတို့ရဲ့ကံကြမ္မာတွေက ကိုက်ညီတယ်လို့ အတည်ပြုနိုင်တာနဲ့ ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းပေါင်း သောင်းချီ သိန်းချီ သန်းချီ ဒါမှမဟုတ် သန်းရာကျော်အထိတောင် ပံ့ပိုးပေးဖို့က ငါ့အတွက် မခက်ခဲဘူး"

ကျန်းရွှမ်သည် သူ၏တပည့် ဖြစ်လာရန် စိတ်မဝင်စားသော်လည်း ကောင်းကင်ကံကြမ္မာ စွမ်းအင်အတွက်မူ အလွန် စိတ်အားထက်သန်နေပုံရသည်ကို မြင်တွေ့ချိန်၌ ကျိုးချန်းသည် စိတ်ပျက်မိသော်လည်း ထုတ်ဖော်ပြောဆိုလိုက်သည်။

"စွမ်းအင်တန်းပေါင်း သန်းရာကျော်လား..."

ကျန်းရွှမ်၏အသက်ရှူသံများ မြန်ဆန်လာခဲ့သည်။

ဤမျှထိများပြားသော စွမ်းအင်တန်းအရေအတွက်နှင့်ဆိုလျှင် သူ၏ 'ကောင်းကင်ဘုံသောကကံကြမ္မာ' သည် မျက်စိတစ်မှိတ်အတွင်း ဒုတိယအဆင့်သို့ ချိုးဖျက်ဝင်ရောက်သွားနိုင်သည်။ သူသည် တခြားကောင်းကင်ကံကြမ္မာများကိုလည်း သူ၏စိတ်ကြိုက် ကျင့်ကြံနိုင်မည်ဖြစ်ပြီး နောင်အနာဂတ်တွင် ဤအရာအတွက် မည်သို့မျှ စိုးရိမ်ပူပန်ရန် လိုအပ်တော့မည် မဟုတ်ပေ။

ထိုသို့ဆိုလျှင် တပည့်တစ်ယောက် ဖြစ်လာခြင်းသည်လည်း လုံးလုံးလျားလျား မဖြစ်နိုင်သည့် ကိစ္စတစ်ရပ် မဟုတ်တော့ချေ။

"အဘိုးကြီးကျိုး...မင်း ရှက်တတ်သေးရဲ့လား... ကောင်းကင်ကံကြမ္မာစွမ်းအင်တွေကို အပေးအယူ ပစ္စည်းတစ်ခုလို အသုံးချရဲတယ်... လူငယ်လေး သူ့ရဲ့စကားကို နားမထောင်နဲ့...ဒီဘက်ကိုလာပြီး ငါ့ဟာကို အရင် စမ်းကြည့်.... ငါတို့ရဲ့ ကံကြမ္မာတွေသာ ကိုက်ညီခဲ့ရင် ဒီအလင်းကွင်းထဲက ကောင်းကင်ကံကြမ္မာ စွမ်းအင်တွေ အားလုံးကို မင်း စုပ်ယူလို့ရတယ်"

ဖုန်းယွမ်ဖျင်သည် ညင်သာစွာ ပြုံးလိုက်ပြီး သူ၏လက်ညှိုးဖြင့် အလင်းကွင်းကို ခပ်ဖွဖွတောက်လိုက်သည်။ အားကောင်းသော ကောင်းကင်ကံကြမ္မာ စွမ်းအင်လှိုင်းတစ်ရပ်သည် ချက်ချင်းဆိုသိုပင် ထိုအရာထဲသို့ စီးဝင်သွားပြီး ယစ်မူးဖွယ်ရနံ့တစ်ခုကို ထုတ်လွှတ်နေခဲ့သည်။ တစ်ချက်ကြည့်ရုံဖြင့် ကျန်းရွှမ်သည် ထိုနေရာတွင် စွမ်းအင်တန်းပေါင်းတစ်သိန်းကျော် အနည်းဆုံး ရှိနေသည်ကို သိရှိလိုက်သည်။ ဤသည်မှာ ကျိုးချန်း၏ကမ်းလှမ်းမှုထက် ပို၍များပြားသည်မှာ သိသာထင်ရှားပေ၏။

"ငါ့ဟာကိုလည်း ဘာလို့ မစမ်းကြည့်တာလဲ...ငါ့ရဲ့တပည့် ဖြစ်လာခဲ့ရင် မင်း လိုချင်သလောက် ကောင်းကင်ကံကြမ္မာစွမ်းအင်တွေနဲ့ ဆေးပင်တွေကို မင်း ရစေရမယ်"

မြောင်ဟန်ရှန့်သည်လည်း သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ပြီး သူ၏အလင်းကွင်းထဲသို့ ကောင်းကင်ကံကြမ္မာ စွမ်းအင်တန်းပေါင်း သုံးလေးသိန်းခန့်ကို ထည့်သွင်းလိုက်သည်။

"ဒါက"

ထိပ်သီးပညာရှင်သုံးဦးလုံးသည် ဤမျှထိ လှိုက်လှဲစွာ ကြိုဆိုနေကြသည်ကို ကြည့်ရင်း ကျန်းရွှမ်သည် စိတ်ဒွိဟဖြစ်နေသော်လည်း နောက်ဆုံးတွင် ခေါင်းခါယမ်းလိုက်၏။

'ကောင်းကင်ဘုံ စာကြည့်တိုက်'ကို အသုံးပြု၍ သူသည် မည်သည့် ကောင်းကင်ကံကြမ္မာကိုမဆို မည်သူမျှ မသိရှိအောင် သင်ယူနိုင်သော်လည်း ထိုသို့ ပြုလုပ်ခြင်းသည် သူ သူတို့နှင့်အတူ လိုက်ပါသွားရမည်ဟု အဓိပ္ပာယ်ရပေမည်။ ထိုသို့ဆိုလျှင် သူ ခုန်းရှီကို ကယ်တင်ရန်မှာ မဖြစ်နိုင်တော့ချေ။

ထို့ထက်ပို၍ အရေးကြီးသည်မှာ ကျန်းရွှမ်သည် လျှို့ဝှက်ချက်များစွာကို သယ်ဆောင်ထားခြင်း ပင်။ ကာလတိုဆက်ဆံရေးများသည် အဆင်ပြေသော်လည်း သူသည် သူတို့နှင့် အချိန်ကြာမြင့်စွာ အတူရှိနေပါက ထုတ်ဖော်ခံရမည့် အန္တရာယ်လည်း ရှိနေသည်။

ကောင်းကင်ဘုံ စာကြည့်တိုက်အပြင် ဖရိုဖရဲကံကြမ္မာ ကျင့်ကြံသူတစ်ဦးဖြစ်သော သူ၏အထောက်အထားသည် အလွန်အန္တရာယ်များပေ၏။ အကယ်၍ ထိုကိစ္စသာ ထုတ်ဖော်ခံလိုက်ရပါက ဆရာနှင့်တပည့်ဆက်ဆံရေးသည်ပင် သူ့ကို ကာကွယ်ပေးနိုင်မည် မဟုတ်ချေ။

သူ၏ လက်ရှိစွမ်းအားဖြင့် သူသည် ရှစ်ယွင်ကျင်း သို့မဟုတ် ချန်ယွီဟွမ် ကဲ့သို့သော ထိပ်သီးကျင်ကြံသူများကို ခုခံတိုက်ခိုက်နိုင်သည်။ သို့ရာတွင် ဤလူသုံးဦးနှင့် ရင်ဆိုင်ရမည်ဆိုလျှင် သူတို့သည် သူ့ကို ကမ္ဘာသစ်အတွင်းသို့ပင် လိုက်လံဖမ်းဆီးကာ နေရာတွင်ပင် သတ်ဖြတ်နိုင်စွမ်းရှိပေ၏။

"စီနီယာသုံးယောက်ရဲ့စေတနာကို ကျွန်တော် အသိအမှတ်ပြုပါတယ်...ဒါပေမဲ့ စမ်းသပ်မှုကိုတော့ ကျွန်တော် ငြင်းပယ်ပါရစေ...ခင်ဗျားတို့ ကောင်းကင်ကံကြမ္မာတွေရဲ့ အသေးစိတ်ကို ကျွန်တော် သေချာမသိပေမဲ့ ခင်ဗျားတို့ ရှာဖွေနေတဲ့ ပါရမီရှင်တွေက သူတို့ထဲမှာ ရှိနေတယ်လို့ ကျွန်တော် သံသယဝင်မိတယ်"

ကျန်းရွှမ်က သူ၏နောက်မှ တပည့်များထံသို့ ညွှန်ပြလိုက်သည်။

သူသည် ဤလူသုံးဦး မည်သည်ကြောင့် တပည့်ရှာဖွေရန် ရောက်ရှိလာသည်ကို မသိချေ။ သို့ရာတွင် ဤသည်မှာ ယခင်က ကျောက်ယာ ဝမ်ယင်းနှင့်ကျန်းယန်တို့ ဖြစ်ပျက်ခဲ့သည့်အတိုင်း ဖြစ်နိုင်ခြေရှိသည်။ သူ့တပည့်များ၏ အကဲဖြတ်ခံမှုအတွင်းမှ ပါရမီများသည် တစ်စုံတစ်ယောက်၏အာရုံစိုက်မှုကို ခံခဲ့ရခြင်း ဖြစ်ပေမည်။

"သူတို့ထဲမှာလား..."

ကျန်းရွှမ်၏ငြင်းပယ်မှုကို ကြားပြီးနောက် သူသည် တခြားလူများထံသို့ ညွှန်ပြနေသည်ကို မြင်တွေ့ချိန်၌ မြောင်ဟန်ရှန့်က မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ အကြည့်သည် ကျန်းရွှမ် ညွှန်ပြသော လူစုထံသို့ ကျရောက်သွားပေ၏။

သူတို့အားလုံးသည် အသက် နှစ်ဆယ့်နှစ် သို့မဟုတ် နှစ်ဆယ့်သုံးခန့် ရှိကြပြီး အားအကောင်းဆုံးတစ်ဦးသည် ဓမ္မရုပ်သွင်ထင်ဟပ်ခြင်းနယ်ပယ်တွင် ရှိနေသည်။ ယန်ဆန်းရှစ်ဆန်းကဲ့သို့သော တစ်စုံတစ်ယောက်နှင့် နှိုင်းယှဉ်လျှင် သူတို့၏ပါရမီများသည် များစွာပို၍ညံ့ဖျင်းပုံရသည်။

"ဟုတ်ကဲ့"

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

"ခင်ဗျားတို့ မယုံရင် စမ်းကြည့်နိုင်ပါတယ်"

"ကောင်းပြီလေ"

ကျန်းရွှမ်က စိတ်မဝင်စားသည့်အပြင် တခြားလူများထံသို့ပင် ညွှန်ပြနေသည်ကို မြင်ချိန်၌ မြောင်ဟန်ရှန့်သည် စိတ်မကျေမနပ် ဖြစ်သွားသော်လည်း ခေါင်းညိတ်လိုက်၏။ သူသည် သူ၏လက်ဝါးကို ညင်သာစွာ တွန်းထုတ်လိုက်ရာ အလင်းကွင်းသည် လက်ရှိနေရာတွင် ရှိနေသူတိုင်းကို လွှမ်းခြုံသွားသည်အထိ ကြီးမားကျယ်ပြန့်သွားခဲ့သည်။

"မင်းတို့ တစ်ယောက်ချင်းစီက မင်းတို့ရဲ့ ကောင်းကင်ကံကြမ္မာကို အသက်သွင်းလိုက်ကြစမ်း....ဒါက ငါ့ရဲ့ကံကြမ္မာနဲ့ ပဲ့တင်ထပ်ခဲ့ရင် မင်းတို့က ဒီအလင်းကွင်းရဲ့စွမ်းအင်တွေကို စုပ်ယူနိုင်လိမ့်မယ်"

မြောင်ဟန်ရှန့်က ညွှန်ကြားလိုက်သည်။

အလင်းကွင်းကို လူများအားလုံးကို လွှမ်းခြုံစေခြင်းသည် သူ့အတွက်ပင်လျှင် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်ပေ၏။ ဤအကြောင်းအရင်းကြောင့် အစောပိုင်းက သူ ထိုသို့ မလုပ်ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် သူသည် တစ်ကြိမ် မျက်နှာပျက်ခဲ့ပြီး ဖြစ်ရာ နောက်ထပ် အရှက်ကွဲမှုတစ်ခုကို သူ ခံနိုင်ရည်မရှိတော့ချေ။

"နားလည်ပါပြီ"

သူ၏ညွှန်ကြားချက်များကို ကြားချိန်၌ လော့ယိုရှင်းနှင့်တခြားလူများသည် ခေါင်းညိတ်လိုက်ကြပြီး သူတို့၏သက်ဆိုင်ရာ ကောင်းကင်ကံကြမ္မာများကို အသက်သွင်းလိုက်ကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အလင်းကွင်းသည် ဝေ့ရူရန်ထံသို့ ကျရောက်သွားပြီး သူမ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

"ဒါ...ဒါက..."

မြောင်ဟန်ရှန့်၏ခန္ဓာကိုယ် တုန်ရီသွားပြီး သူ၏ မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားသည်။

ကျန်းရွှမ် ပြောသည်မှာ အမှန်ဖြစ်ပုံပင်။ သူ၏တပည့်သည် အမှန်တကယ်ကို ဤလူအုပ်စုအတွင်း၌ ရှိနေခဲ့သည်။

သူသည် စွမ်းအင်ကို စုပ်ယူနေသော ပုံရိပ်ထံသို့ အလျင်အမြန် လှည့်ကြည့်လိုက်သည်။ ဤသည်မှာ အသက်နှစ်ဆယ်ကျော်အရွယ်ရှိကာ အေးစက်သောအမူအယာနှင့် အနည်းငယ် ပိန်ပါးသော ခန္ဓာကိုယ်ရှိသည့် အမျိုးသမီးငယ်တစ်ဦးပင်။

"ဒါ...ဒါက အဆိပ်သူတော်စင်ခန္ဓာကိုယ်..."

သူ မြင်တွေ့လိုက်ရသည်ကို နားလည်သဘောပေါက်သွားချိန်၌ မြောင်ဟန်ရှန့်၏ မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားပြီး စိတ်လှုပ်ရှားမှုကြောင့် သူ၏ခန္ဓာကိုယ် တုန်ရီသွားခဲ့သည်။

သူမသည် အဆိပ်ကောင်းကင်ကံကြမ္မာ ကို နားလည်သဘောပေါက်နိုင်ခဲ့သည်မှာ အံ့အားသင့်ဖွယ် မရှိတော့ချေ။ သူမသည် အဆိပ်သူတော်စင် ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံကို ပိုင်ဆိုင်ထားခြင်း ဖြစ်နေသည်။ ဤသည်မှာ သူကိုယ်တိုင် လိုချင်တပ်မက်ခဲ့ရသော ပါရမီတစ်ခု ပင်။

တခြားလူများသည် အဆိပ်ကောင်းကင်ကံကြမ္မာကို ကျင့်ကြံရာတွင် သတိထားရသော်လည်း သူမကမူ အဆိပ်များကို နေ့စဥ် အစားအစာများကဲ့သို့ သဘောထားနိုင်သည်။

"ငါ့ရဲ့တပည့်ဖြစ်ဖို့ ထိုက်တန်ပါပေတယ်...ဒီလိုမျိုး ထူးကဲတဲ့ပါရမီနဲ့ ထူးခြားတဲ့ ရုပ်ရည်...ဟား ဟား ဟား..."

မြောင်ဟန်ရှန့်က အားရပါးရ အော်ဟစ်ရယ်မောလိုက်သည်။

ဤအမျိုးသမီးငယ်သည် ပါရမီရှိရုံသာမက အလွန်ချောမောလှပသဖြင့် အမှန်တကယ်ကို အထင်ကြီးဖွယ်ကောင်းသည်။

"ငါ့အလှည့်"

နောက်ကျကျန်ရစ်ရန်ကို မလိုလားသဖြင့် ဖုန်းယွမ်ဖျင်သည် သူ၏အလင်းကွင်းကို ချဲ့ကားလိုက်ပြီး ထိုလူအုပ်စုကို ထပ်မံ၍လွှမ်းခြုံလိုက်၏။

နောက်ထပ်အချိန်တခဏတွင် အလင်းကွင်း၏ စွမ်းအင်သည် လူငယ်တစ်ဦးထံသို့ တိုးဝင်သွားခဲ့သည်။

"ကောင်းတယ်...အရမ်းကောင်းတယ်..."

ဖုန်းယွမ်ဖျင်က စိတ်ကျေနပ်စွာဖြင့် ရယ်မောလိုက်သည်။

စိတ်ဝိညာဉ်ကောင်းကင်ကံကြမ္မာနှင့် ကိုက်ညီသောလူသည် အလွန်အသက်ကြီးနေမည် သို့မဟုတ် ပါရမီ ကင်းမဲ့နေမည်ကို သူ စိုးရိမ်နေခဲ့သော်လည်း ယခုချိန်၌မူ သူ ပျော်ရွှင်၍ မဆုံးတော့ပေ။

"မင်းရဲ့နာမည် ဘယ်လိုခေါ်လဲ"

သူ၏စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ဘဲ ဖုန်းယွမ်ဖျင်က အလျင်အမြန် မေးမြန်းလိုက်သည်။

"ကျွန်တော်ရဲ့နာမည်က လုချုံးပါ"

လူငယ်လေးက သူ၏လက်ကိုပူးဆုပ်၍ အရိုအသေပြုရင်း တုံ့ပြန်အဖြေပေးသည်။

သူသည် ကျန်းရွှမ်၏ တိတ်တဆိတ်နေတတ်သော တပည့်များအနက်မှ တစ်ဦးဖြစ်သည့် လုချုံးပင်။

"ကောင်းပြီလေ"

ဖုန်းယွမ်ဖျင်က ခေါင်းညိတ်လိုက်သည်။

"မင်းက ငါ့ရဲ့နောက်ကို လိုက်ပြီး ငါ့ရဲ့ လမ်းညွှန်မှုအောက်မှာ လေ့ကျင့်ဖို့ ဆန္ဒရှိလား"

လုချုံးက ကျန်းရွှမ်ကို လှမ်းကြည့်လိုက်ရာ သူ၏ဆရာက မသိမသာခေါင်းညိတ်ပြသည်ကို မြင်တွေ့လိုက်ရသည်။ ထိုအချိန်ကျမှသာ သူသည် ဦးညွှတ်အရိုအသေပြုပြီး တုံ့ပြန်အဖြေပေးလိုက်၏။

"ကျွန်တော်က ဆန္ဒရှိပါတယ်"

"ကောင်းလိုက်တာ...အရမ်း ကောင်းတယ်"

ဖုန်းယွမ်ဖျင်က ရယ်ပြုံးလိုက်ပြီး ကျိုးချန်းဘက်သို့ လှည့်ကြည့်လိုက်သည်။

"အဘိုးကြီးကျိုး... ငါတို့က တပည့်တွေကို ရှာတွေ့သွားပြီ...သူတို့တစ်ယောက်ချင်းစီမှာ သာလွန်ထူးကဲတဲ့ ပါရမီနဲ့ ထူးချွန်တဲ့ အရည်အချင်းတွေ ရှိကြတယ်...အခု မင်းအလှည့်ပဲ"

"ငါ့ရဲ့တပည့်က သူတို့ထဲမှာ သေချာပေါက် ရှိနေရမယ်"

အလျှော့မပေးလိုသဖြင့် ကျိုးချန်းက နှာမှုတ်လိုက်သည်။

"ငါ သူ့ကို ရှာတွေ့တာနဲ့ ငါ့ရဲ့ ကိုယ်ပိုင်သားသမီးတစ်ယောက်လို သဘောထားမယ်"

"မင်းရဲ့သားသမီး တစ်ယောက်လိုလား"

မြောင်ဟန်ရှန့်က ခေါင်းညိတ်လိုက်သည်။

"မင်းက နည်းနည်းလေးတောင် မပြောင်းလဲဘူးပဲ...ကောင်းပြီလေ....ဘယ်သူက မင်းရဲ့တပည့် ဖြစ်လာလောက်အောင် ကံကောင်းမလဲဆိုတာ ကြည့်ကြတာပေါ့"

ကျိုးချန်းသည် သူ၏ အလင်းကွင်းကို ရှေ့သို့ တွန်းပို့လိုက်ပြီး တခြားသူများကဲ့သို့ပင် လူအုပ်စုတစ်စုလုံစကို လွှမ်းခြုံလိုက်၏။

"အမ်...ဘာမှ မဖြစ်ဘူးလား"

အချိန်တခဏမျှ ကြာပြီးနောက် အလင်းကွင်းသည် လှုပ်ရှားခြင်းမရှိဘဲ ကံကြမ္မာပဲ့တင်ထပ်သည့် အရိပ်အယောင်မျိုး တစိုးတစိမျှ ထွက်ပေါ်မလာချေ။

ကျိုးချန်း ကြက်သေသေသွားသည်။

ဤသည်မှာ မည်သည်ကြောင့် ဖြစ်နိုင်မည်နည်း။

တခြားလူများ၏ အလင်းကွင်းများသည် ဤအတိုင်း စုပ်ယူခံလိုက်ရသည်မဟုတ်လော...

သူ၏တပည့်သည် ဤလူအုပ်စုအတွင်း၌ ရှိမနေသလော...

"ငါ့ရဲ့ ချစ်လှစွာသော တပည့်လေး.... မင်း ဘယ်မှာလဲ"

စိတ်ရှုပ်ထွေးမှုကို ခံစားရင်း ကျိုးချန်းက တီးတိုးရေရွတ်လိုက်သည်။ သူ အလင်းကွင်းကို ထပ်မံ၍ချဲ့ကားရန် စဥ်းစားနေစဥ်မှာပင် မြင်းကြီးတစ်ကောင် နောက်ဘက်မှ လျှောက်လှမ်းဝင်လာသည်ကို သူ သတိပြုမိလိုက်သည်။ ထိုမြင်းသည် ခေါင်းမော့ပြီး အသက်ပြင်းပြင်း ရှိုက်လိုက်၏။

ဝှစ်....

မျက်စိတစ်မှိတ်အတွင်းမှာပင် အလင်းကွင်းတစ်ခုလုံး၏စွမ်းအင်များသည် မြင်း၏ဝါးမျိုခြင်းကို ခံလိုက်ရတော့သည်။

All Chapters