← Chapters

အခန်း (၆၅)

Vol. 7 Ch. 65

အခန်း (၆၅)

Vol. 7 Ch. 65

ဆယ့်ခုနစ်အရွယ် ယွမ်လော့ရီမှာ မကြာခဏ မှန်ထဲရှိ သူမ၏ ပုံရိပ်ကို စိုက်ကြည့်နေတတ်၏။

ဝိုင်းစက်နေသည့် မျက်လုံးများ၊ ဖြူဖွေးသည့် အသားအရေ၊ သွယ်လျသည့် နှာခေါင်းနှင့်​ အစိတ်အပိုင်းတိုင်းလှပနေပြီး သူမ၏လှပသည့် မျက်နှာပုံစံမှာ ကျော့ရှင်းကာ ဆွဲဆောင်မှုရှိနေသည်။

သူမကြည့်နေရင်း ရှင်းပြ၍ မရနိုင်သည့် ဝမ်းနည်းမှုမျိုးကြောင့် မျက်ရည်ဝဲလာပြီး မျက်နှာပေါ်တွင် မျက်ရည်များ ကျလာကာ ပြတ်သွားသည့် ကြိုးများပေါ်မှ စီးကျလာသည့် ပုလဲများကဲ့သို့ပင်။

သူမကို ကြည့်ရသည်မှာ ပျော်ရွှင်မှုကို မခံစားနိုင်တော့သည့် ပုံပေါက်၏။

ညတိုင်း အိပ်ရာပေါ်တွင် လှဲနေပြီး မျက်နှာကျက်အား စိုက်ကြည့်ကာ သူမ၏ ခေါင်းမှာ လေးလံနေပြီး အချိန်အတော်ကြာသည်အထိပင် အိပ်မပျော်နိုင်ဘဲ ခပ်တိုးတိုးပြောနေသည့် စကားသံများမှာ သူမ၏ နားထဲတွင် တဝဲလည်လည်ဖြစ်နေသည်။

“သူက မကောင်းဆိုးဝါးမပဲ”

“သူက ညဏ်ကောင်းပေမဲ့ သူ့ရဲ့ ဆက်ဆံရေးက ဆိုးလွန်းပြီး စိတ်ပျက်စရာကောင်းလွန်းတယ်၊ သူငယ်ချင်း တစ်ယောက်မှလည်း မရှိဘူးလေ”

“သူက လေကိုတောင် စကားပြောနေတာ ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ၊ သူနဲ့ ဝေးဝေးမှာ နေကြရအောင်”

အထက်ကျောင်းသူဘဝ၌ အပယ်ခံဖြစ်ခဲ့ရခြင်းမှာ သူမကို အရာနှစ်ခုအား သဘောပေါက်သွားစေခဲ့သည်။

ပထမတစ်ခုမှာ သူမသည်လည်း သာမန်လူမဟုတ်ပေ။

ဒုတိယတစ်ခုမှာ သာမန်လူများနှင့် အဆက်အဆံလုပ်ရသည်မှာ နာကျင်လွန်းလှသည်။

နားချိန်၌ ကျန်းမြောင်သည် ယွမ်လော့ရီပေါ်သို့ သုံးကြိမ်မြောက် ရေခွက်တိုက်ချချိန်၌ တောင်များကို တိုက်ချပစ်လိုက်သည့် ဆူနာမီလှိုင်းလုံးကြီးများကဲ့သို့ ဒေါသစိတ်မှာ သူမကို ဖုံးလွှမ်းသွားကာ တားမရနိုင်ပေ။

သူမအား စိတ်အနှောင့်အယှက်ပေးသော ထိုရူးသွပ်နေသည့် မိန်းကလေးက တန်ရာတန်ကြေး ပြန်ပေးဆပ်စေရမည်။

ယွမ်လော့ရီ ရောက်လာချိန်၌ ကျောင်းသားများက ကြောက်ရွံ့ကာ အော်ဟစ်နေကြကြီး စားပွဲများနှင့် ထိုင်ခုံများမှာ လဲကုန်ကြကာ အတန်းပိုင်ဆရာမမှာမူ စင်ပေါ်၌ ရပ်ရင်း အလွန်ပင် ကြောက်ရွံ့နေ၏။

ကျန်းမြောင်မှာမူ ကြမ်းပြင်ပေါ်တွင် လဲနေကာ သူမ၏ သွေးထွက်နေသည့် နဖူးကို ကိုင်ထားပြီး ကျယ်လောင်စွာ ငိုယိုနေသည်။

သူမ၏ ပါးစပ်မှာ ပိတ်လိုက်ဖွင့်လိုက် ဖြစ်နေပြီး ရင်ဘတ်မှာ အပြင်းအထန် လှုပ်ရှားနေကာ သူမ တစ်ခုခုကို ပြောနေသကဲ့သို့ ဖြစ်နေသော်လည်း ယွမ်လော့ရီ စိတ်မဝင်စားပေ။

ဘယ်သူက ဒီလိုစိတ်ညစ်စရာကောင်းတဲ့သူ ပြောတာကို ဂရုစိုက်နေရမှာလဲ။

ဆိုးရွားသော ကိစ္စလေးများအား ထပ်ကာထပ်ကာလုပ်နေခြင်း ဖြစ်သော်ငြား ကိစ္စသေးသေးလေးများပင် ပေါင်းလိုက်ချိန်တွင် ကြီးမားသည့် အရာကြီးဖြစ်သွားကာ မရေတွက်နိုင်သည့် အသက်များအား နုတ်ယူသွားနိုင်၏။

ထို့ကြောင့် သူတို့ကို ရှင်းပစ်ရမည်။

စိတ်ငြိမ်သွားပြီးနောက် သူမ၏ ပုံမှန်မဟုတ်သည့် အမူအရာ​များ ပြောင်းလဲလာခဲ့သည်။ ယွမ်လော့ရီသည် သဘာဝမကျစွာပင် တည်ငြိမ်လွန်းနေကာ စိတ်ခံစားချက်များအားလုံး ရုတ်တရက် ခြောက်သွေ့သွားပြီး သူမ၏ မျက်လုံးများမှာ အေးစက်၍ အသက်မဲ့သွား၏။

ယခင်ကဆိုလျှင် ယွမ်လော့ရီတစ်ယောက် နဖူးတွင် သွေးများစွာ ထွက်နေသည့် ကျန်းမြောင်အတွက် စာနာစိတ် ရှိလိမ့်မည်။

သို့ပေမဲ့ ယခုတွင်တော့ ယွမ်လော့ရီမှာ ဘာမျှမခံစားရပေ။

သူမလက်ထဲတွင် သုံးထောင့်ချွန်တြိဂံကိုကိုင်ထားကာ ထိုပေါ်ရှိ သွေးစက်များအား ကြည့်လိုက်သည်။ စောနလေးတင် ယွမ်လော့ရီ ထိုပေတံအား ဓါးတစ်ချောင်းကဲ့သို့ အသုံးပြု၍ ကျန်းမြောင်၏ ခေါင်းကို အားဖြင့် ထိုးခဲ့၏။

ထိုတောက်ပသည့် အနီရောင်များမှာ လှပလွန်းသဖြင့် သူမ ပျော်ရွှင်ခဲ့၏။

သူဘာလို့ အရင်တုန်းက ကြောက်ခဲ့မိတာလဲ။

ဒီလို လှပတဲ့ အနီရောင်မျိုးက ပိုရှိသင့်တယ်။ အဲဒါက သူ၏ ဆွဲဆောင်မှုကို ပိုပေါ်လွင်စေပြီး ပိုများလာစေဖို့ရာ လုပ်နည်းမှာ ကျန်းမြောင်၏ ခေါင်းအား အကြိမ်အနည်းငယ် ထပ်ထိုးလိုက်ဖို့ပင်။

သွယ်လျကာ ဖြူဖွေးသည် လက်ချောင်းများဖြင့် သူမ၏ ရှည်လျားသည့် အနက်ရောင်ဆံပင်အား အနောက်သို့သပ်လိုက်ကာ အနည်းငယ် ရွဲ့သွားသည့် ကော်လံအား ဖြန့်ပြီး ဖုန်ပေနေသည့် စကတ်အား ခါ​လိုက်သည်။

ယွမ်လော့ရီသည် ဂုဏ်ယူစွာဖြင့် ပြုံးလိုက်ပြီး လှပဂုဏ်ယူနေပုံရကာ တောက်ပနေ၏။

သွေးပေနေသည့် သုံးထောင့်ချွန်တြိဂံကို ကိုင်ထားရင်း မုဆိုးက သားကောင်ကို သတ်တော့မည်ဟု အသိပေးနေသလိုပင် ကျော့ရှင်းတိတ်ဆိတ်စွာဖြင့်​ သူမအရှေ့ရှိ ကျန်းမြောင်ထံသို့ လှမ်းလာခဲ့သည်။

ထိုကောင်မလေးမှာ ကြောက်ရွံ့မှုကြောင့် တုန်ယင်နေပြီး သွေးများက သူမ လက်ချောင်းများပေါ် စီးကျလာကာ အသတ်ခံရဖို့စောင့်နေသည့် သိုးတစ်ကောင် ကဲ့သို့ပင်။

ဟုတ်တယ် ဒါက သူ့ရဲ့ နှိမ့်ချနေတဲ့ ပုံစံပဲ။

“ခရက်”

ယွမ်လော့ရီမှာ မရေတွက်နိုင်သည့် ကွဲအက်သံများကို ကြားလိုက်ရပြီး ဖန်ခွက်ကွဲသံ သို့မဟုတ် အစေ့များ မြေပြင်ပေါ်သို့ ထိုးထွက်လာသည့် အသံမျိုးဖြစ်၏။

တစ်ခုခုမှာ ကွဲကြေသွားကာ ယွမ်လော့ရီသည် အစက သူမကိုယ်သူမ ပြိုကွဲသွားသည်ဟု ထင်ခဲ့သည်။

ယခုတွင် သူမနားလည်သွားခဲ့၏။ ဤသည်မှာ သူမကို ချုပ်နှောင်ထားခဲ့သည့် ပိုးအိမ်၏ ကွဲကြေသံဖြစ်သည်။ ကြာရှည်စွာ တိမ်မြုပ်နေခဲ့ရသည့် ဆိုးသွမ်းမှု​ ထွက်ပေါ်လာဖို့ရာ စိတ်အားထက်သန်နေခဲ့၏။

ကြက်သွေးရောင်လိပ်ပြာမှာ သူ၏ အတောင်ပံ့များကို ဖြန့်၍ ပျံသန်းချိန်တွင် သူမ အတောမသတ်နိုင်သည့် စွမ်းအားများ ရရှိပေမည်။

သူမ သွေးမုန်တိုင်းများနှင့် သတ်ဖြတ်မှုများကြားထဲ၌ ပျော်ရွှင်စွာ ကခုန်နေမည်ဖြစ်၏။ သူမ၏ လှုပ်ရှားမှုများမှာ ကျော့ရှင်းလွန်း၍ တစ်တိုင်းပြည်လုံးပင် မှတ်မိနိုင်ကြပေမည်။ လှပသည့် အရိပ်မှာလည်း ယိမ်းထိုးနေပြီး ရန်သူများကိုပင် ကျရှုံးသွားစေကာ သူမ၏ စကတ်မှာလည်း ဝဲနေပြီး အကြမ်းဖက်မှုများ စတင်ခဲ့သည်။

ရုတ်တရက် ယွမ်လော့ရီ၏ ခေါင်းထဲတွင် ဝေးကွာနေပြီး အစစ်အမှန်မဟုတ်သည့် အသံတစ်ခုမှာ ပဲ့တင်ထပ်နေရင်းဖြင့် ရုတ်တရက် ပျောက်ကွယ်သွားခဲ့၏။

“လော့ရီ ကိုကိုရဲ့ ညီမလေး၊ အမှောင်ထုက ညီမလေးကို မလွှမ်းမိုးသွားစေပါနဲ့”

“ဒီနေရာကနေ ထွက်မသွားပါနဲ့”

“ညီမလေးက ကိုကို့ဘဝရဲ့ တစ်ခုတည်းသော အလှတရားလေးပါ၊ အဲဒါကြောင့် ကိုကို့အတွက် အလင်းဘက်မှာပဲ နေပေးပါ”

ထိုရှင်းပြ၍ မရနိုင်သည့် ဝမ်းနည်းမှုမှာ ထပ်ထွက်ပေါ်လာပြီး မျက်ရည်များ ထိန်းမနိုင်သိမ်းမရ ကျလာကာ ယွမ်လော့ရီ လက်ထဲရှိ သွေးပေနေသော ပေတံမှာလည်း ကျသွားခဲ့သည်။

“ဒုတ်”

ကြမ်းပြင်ပေါ်သို့ ပေတံကျသွားခြင်းကြောင့် ဖုန်အနည်းငယ်ထသွားကာ လုံးဝမကျသွားခင်အထိ အကြိမ်အနည်းငယ် ခုန်နေခဲ့သေး၏။

ချောက်ထဲသို့ မဆင်းခင် နောက်ဆုံးတစ်လက်မတွင် ယွမ်လော့ရီသည် သူမ၏ ခြေလှမ်းများအား ထိန်းလိုက်ကာ အလင်းတွင် ရပ်နေပြီး အောက်မကျသွားခဲ့ပေ။

သို့ပေမဲ့ အေးစက်မှုပျောက်ဆုံးသွားခြင်းကြောင့် အပြစ်ရှိသည့် စိတ်မှာ အစားထိုး ဝင်ရောက်လာခဲ့သည်။

သူမ၏ နာကျင်နေသည့် ခေါင်းအား လက်နှစ်ဖက်ဖြင့် ကိုင်ကာ ယွမ်လော့ရီမှာ တုန်ယင်နေပြီး ထိုင်ချလိုက်သည်။ သူမ၏ အတွေးများမှာ ဂယောင်ခြောက်ချားဖြစ်နေပြီး နောင်တရမှု၊ ဝမ်းနည်းမှု၊ ကိုယ့်ကိုယ်ကိုယ်ရွံ့ရှာများနှင့် ပြည့်နေ၏။

“ခရက်”

ကွဲအက်သံများမှာ ဆက်ထွက်လာနေသည်။

ပိုးအိမ်မှာ သူ၏ နဂိုပုံစံ ပြန်ဖြစ်သွားပြီး ဆိုးသွမ်းသည့် ကြက်သွေးရောင်လိပ်ပြာမှာလည်း ပြန်လည် ချုပ်နှောင်ခံလိုက်ရသည်။ ဤတစ်ကြိမ်တွင်တော့ ကွဲအက်သံမှာ အတွင်းမှ အပြင်သို့ ရွေ့လျားသွားကာ ဤသည်မှာ ယွမ်လော့ရီကိုယ်တိုင် ကွဲအက်သွားခြင်းဖြစ်၏။

အရမ်းနာကျင်တယ်။

တကယ်ကို အရမ်းနာကျင်တယ်။

သူမ စတင်အော်ဟစ်လာခဲ့သည်။

ကျောင်း၌ ခေတ္တထိန်းချုပ်မှု ပျောက်သွားခြင်းမှာ ယွမ်လော့ရီအား အရေးကြီးသည့် အချက်တစ်ခုကို သဘောပေါက်သွားစေခဲ့သည်။

မကောင်းဆိုးဝါးက အခန်းထဲမှာပဲ အပိတ်ခံထားရသင့်တယ်၊ သူ ဘယ်တော့မှ အပြင်မထွက်ချင်တော့ဘူး။

ထိုကြောင့် သူမ ကျောင်းထွက်ခဲ့သည်။

တံခါးကို ပိတ်ကာ ခန်းစီးများကို ချထားပြီး သူမ လူတိုင်းနှင့် အဆက်အသွယ်လုပ်ဖို့ ငြင်းဆိုခဲ့၏။ နာကျင်မှုများကို ကြံ့ကြံ့ခံနေရကာ မျက်ရည်များမှာလည်း ဆက်တိုက်ကျနေပြီး သူမ တဖြေးဖြေးပြိုကွဲသွားသည့် အသံကို နားထောင်နေခဲ့သည်။

သူမမှာ ယွမ်မိသားစု၏ အထူးဆန်းဆုံး ကလေးဖြစ်၏။ ပုံမှန်ဟုတ်ခြင်း၊ မဟုတ်ခြင်း ကြားတွင် ရပ်နေကာ အဖြူလည်းမဟုတ်၊ အနက်လည်း မဟုတ်သော်လည်း ပုံမှန် မဟုတ်သည့် မီးခိုးရောင်ဖြစ်သည်။

သူမ၏ အတန်းဖော်များမှာ သာမန်လူများ ဖြစ်သော်ညား ယွမ်လော့ရီ သူမတို့နှင့် ရောနှောမနေနိုင်ချေ။

သူမ၏ မိသားစုက သာမန်မဟုတ်သော်လည်း ယွမ်လော့ရီ သူတို့နှင့်လည်း မနေနိုင်ပေ။

အထီးကျန်ခြင်း တစ်ခုတည်းကသာ သူမကို အဖော်ပြုပေးခဲ့သည်။

“ဒေါက် ဒေါက် ဒေါက်”

“ကိုကို့ရဲ့ ညီမလေးရေ တံခါးဖွင့်ပါဦး၊ ဒုတိယအစ်ကိုက ညီမလေးအတွက် အရသာရှိတဲ့ စားစရာတွေ ယူလာပေးတယ်”

“ကိုကို့ကို အခုထိ မတွေ့ချင်သေးဘူးလား”

“ကောင်းပြီလေ အဲဒါဆို ကိုကို သွားတော့မယ်နော်၊ ကိုကိုဒီရက်ပိုင်း အမှုကိစ္စတွေနဲ့ အလုပ်များနေတာမလို့ နှစ်လ၊သုံးလလောက် ပြန်လာဖြစ်မှာ မဟုတ်ဘူး”

“ညီမလေးကိုယ် ညီမလေး ဒီလို မပိတ်လှောင်ထားပါနဲ့ ညီမလေးကလည်း ယွမ်မိသားစုက ကလေးပဲလေ၊ ညီမလေးရဲ့ အမှောင်ဘက်ခြမ်းကို မကြောက်နေပါနဲ့ ဒီတိုင်းလေးပဲ နေသွားလိုက်၊ ညီမလေး နေသားကျသွားလိမ့်မယ်”

“ညီမလေးရဲ့ တံခါးရှေ့မှာ သကြားလုံးတွေ ထည့်ထားတဲ့ ပုံးရှိတယ် ကြောင်နားရွက် မြောင် မြောင် တံဆိပ်က ညီမလေး အကြိုက်ဆုံး အရသာပဲ၊ ဘယ်သူ ဒီမှာထားခဲ့တာလဲ”

“အာ ထားပါ ကိုကိုယူလာတဲ့ မုန့်တွေလည်း ဒီမှာပဲ ထားလိုက်မယ်နော် ညီမလေး စားချင်တဲ့ အချိန်စားလိုက်ပါ၊ ကိုကို သွားပြီနော်”

ဒုတိယအစ်ကို ယွမ်ဖာ့၏ ခြေသံမှာ တဖြေးဖြေးချင်း ပျောက်ကွယ်သွားခဲ့သည်။

ယွမ်လော့ရီသညိ နံရံကို မှီထားကာ အေးစက်သည့် ကြမ်းပြင်ပေါ်တွင် ထိုင်ဖို့ရာ လျှောချလိုက်ပြီး သူမ၏ အသက်မဲ့နေသည့် မျက်လုံးများမှာ ဘာကိုမှ မကြည့်နေပေ။

သူမ၏ အစ်ကိုများမှာ လုံးဝမူမမှန်ကြကာ ယွမ်လော့ရီ၏ နာကျင်မှုကို နားမလည်နိုင်ကြပေ။ သူတို့သည် ယွမ်လော့ရီ အနည်းငယ် နားလိုက်ရုံနှင့် သက်သာသွားမည့် အဖျားတစ်မျိုးဟုပင် ထင်နေကြ၏။

သို့ပေမဲ့ သူပို၍ အဆင်ပြေလာမည် မဟုတ်သည်ကို ယွမ်လော့ရီ သိ၏။

သူမ အဆုံးမရှိသည့် အထီးကျန်မှုတွင် နှစ်မြုပ်နေကာ သူမကိုယ် သူမ ဖျက်ဆီးခြင်းဆီသို့ တစ်လှမ်းချင်းစီ လှမ်းနေခဲ့သည်။

ယခု ယခင်ကမ္ဘာ့ရှိ သစ်ပင်များစိမ်းစိုနေသည့် သင်္ချိုင်းထဲ၌ နေဝင်နေသည်မှာ နီရဲနေပြီး ဆယ့်တစ်နှစ်အရွယ် ယွမ်လော့ရီမှာလည်း သူမ၏ မှတ်ညဏ်အစိတ်အပိုင်းကို အကုန်အပြီးထိ ကြည့်လိုက်၏။

သူမလက်ကို ရင်ဘတ်ပေါ်သို့ အလျင်အမြန် အလိုလိုတင်မိသွားကာ ငိုက်နေသည့် ပိုးအိမ်အား နိုးထသွားမိမှာ ကြောက်သကဲ့သို့ဖြစ်၏။

ဤသည်မှာ သူမ၏ အမှောင်ခြမ်းဖြစ်ပြီး သူမ ရင်ဆိုင်ရမည့် နတ်ဆိုးဖြစ်သည်။

ဒုတိယအစ်ကို ယွမ်ဖာ့မှ သူ၏ ကန့်လန့်ကာချ၍ နှုတ်ဆက်နေသည့် ပုံစံကို ထိန်းထားရင်း သူမထံသို့ သေနတ်ကိုကမ်းပေးလိုက်ရင်း ယွမ်လော့ရီ၏ မျက်လုံးများကို တည့်တည့် စိုက်ကြည့်နေ၏။

“ကိုကို့ကို သတ်လိုက်”

All Chapters