← Chapters

အခန်း (၄၂၈+၄၂၉)

Vol. 28 Ch. 428+429

အခန်း (၄၂၈+၄၂၉)

Vol. 28 Ch. 428+429

Chapter 428

ကောင်းကင်ပေါ်မှာ ၂

စိတ်အတွင်းမှ လေးလံထိုင်းမှိုင်းမှုကို ဖယ်ထုတ်ပြီးနောက် သူသည် အပူပေးဝတ်စုံနှင့် စွမ်းအားမြှင့်ဝတ်စုံကို ဝတ်ဆင်လိုက်သည်။ ညမရောက်မီ ရထားတွဲ ၅ ပေါ်တွင် နောက်ထပ် Type-1130 အော်တိုစက်အမြောက်တစ်ခု တည်ဆောက်ရန် စီစဉ်ထားသည်။ သူ၏ ယန္တရားထုတ်လုပ်မှုအဆင့်သည် အဆင့် ၅ တွင် ရှိနေပြီဖြစ်ရာ တည်ဆောက်ရန် နှစ်နာရီမှ သုံးနာရီ ကြာမည်ဟု ခန့်မှန်းရသည်။ ကျည်အချို့ ပြင်ဆင်ရန်ပင် အချိန်ကျန်ပေဦးမည်။

အလိုအလျောက် ကျည်ခွံဖိစက်ကိရိယာကို စောင့်ဆိုင်းရဦးမည်။ ၎င်းတို့သည် ယခုအချိန်တွင် ဦးစားပေးလက်နက်များဖြစ်သည်။ သူတို့ ဤညကို ကျော်ဖြတ်နိုင်ပါက သံလိုက်အမြောက်နှင့် စွမ်းအားသံချပ်ကာကို အဆင့်မြှင့်တင်ရမည်။

အချိန်အနည်းငယ်သာ ရရှိတော့သည်။

ကျွီ၊၊

လင်းရှန် အခန်းတံခါးကို ဖွင့်လိုက်သောအခါ အနီးရှိအလုပ်စားပွဲပေါ်တွင် သစ်တော်သီးဟင်းချိုပန်းကန်လုံးတစ်လုံးကို တွေ့လိုက်သည်။ အေးနေသော်လည်း သူသည် အလွန်ပင်ပန်းကာ ရေငတ်နေသဖြင့် ဂရုမစိုက်နိုင်တော့ဘဲ တစ်ကျိုက်တည်း မော့ချလိုက်သည်။ အအေးဓာတ်က သူ့ခန္ဓာကိုယ်ကို ဖောက်ထွင်းဝင်ရောက်သွားပြီး တုန်ယင်သွားစေသော်လည်း သူသည် ပို၍ နိုးကြားလာသည်ဟု ခံစားရသည်။

ထို့နောက် သူသည် ထုတ်လုပ်မှု စတင်ရန် နောက်တွဲသို့ လျင်မြန်စွာ လျှောက်သွားသည်။

သူ ရောက်သည်နှင့် ဆက်သွယ်ရေးကိရိယာမှ အသံများ ထွက်ပေါ်လာသည်။

“လင်းရှန်… နိုးနေပြီလား”

“အင်း… မင်း ဘယ်မှာလဲ”

“ဘူတာမှာ လူတွေ ခုနကပဲ ရောက်လာတယ်… ဦးလေးဝူနဲ့ တခြားသူတွေ”

လင်းရှန်သည် ရပ်တန့်သွားကာ လှည့်၍ ထွက်ပေါက်သို့ အလျင်အမြန် သွားလိုက်သည်။

ယာယီအလုပ်ရုံမှ ထွက်လာသောအခါ အနန္တရထားနှင့် နဂါးတောင် ၁ အကြားရှိ လွတ်နေသော နေရာသည် ယာဉ်တစ်ရာကျော်ဖြင့် ပြည့်ကျပ်နေသည်ကို သူ တွေ့လိုက်ရသည်။ အများစုမှာ ထရပ်ကားကြီးများနှင့် ပြုပြင်မွမ်းမံထားသော အင်ဂျင်နီယာယာဉ်များ ဖြစ်ကြသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် လင်းရှန်သည် မဟာလင်းယုန်ယာဉ်တန်းနှင့် အဝေးပြေးယာဉ်တန်းတို့မှ ယာဥ်များဖြစ်ကြောင်း မှတ်မိသွားသည်။ သို့သော် သူ မမှတ်မိသည့် နှင်းတောစီးယာဉ်များဖြင့် အဖွဲ့သစ်တစ်ခုလည်း ရှိနေသည်။

“ကပ္ပတိန်လင်း”

ဆီးနှင်းများကြားမှ အထူစားအင်္ကျီဝတ်ထားသော လူငယ်တစ်ဦးက အော်ခေါ်လိုက်သည်။ လင်းရှန်သည် သူသည် နေမင်းယာဉ်တန်းမှ လော့ယန် ဖြစ်ကြောင်း တွေ့လိုက်ရသည်။

“ကပ္ပတိန်လင်း”

တစ်ချိန်တည်းမှာပင် ရင်းနှီးသော မျက်နှာများဖြစ်ကြသည့် ဝူကျင်းဟိုင်၊ လျောင်မင်၊ လျန်လေး၊ လီယီတို့က သူ့ကို နွေးထွေးစွာ နှုတ်ဆက်လိုက်ကြသည်။ ချန်ဆီရွှမ်နှင့် ရှုချင်းတို့သည် အနီးအနားတွင် ရှိနေပြီး သူတို့နှင့် စကားပြောနေကြသည်၊၊

“ခဗျားတို့ ဘယ်တုန်းက ရောက်တာလဲ”

လင်းရှန်က အံ့သြစွာ မေးလိုက်သည်။

“တစ်နာရီလောက် ရှိပြီ”

ဝူကျင်းဟိုင်က နှင်းခဲများ ဖုံးနေသော မုတ်ဆိတ်မွေးများကို သပ်ကာ ပြန်ဖြေလိုက်သည်။

“မြို့ထဲ ရောက်တာနဲ့ မေးမြန်းပြီး ဒီကို တိုက်ရိုက်လာခဲ့တာ”

“မြို့ထဲမှာ လူအရမ်းများတယ်”

ပြင်းထန်သော အသက်ရှုသံ ထွက်နေသော လျောင်မင်က ပြောလိုက်သည်။

“မိတ်ဆွေဟောင်းတွေ ရှိတဲ့ နေရာကို ရှာရတာပေါ့”

“ကပ္ပတိန်လင်း”

လီယီက ခေါ်လိုက်သည်။ သူမ၏ မျက်နှာသည် အအေးဒဏ်ကြောင့် နီရဲနေပြီး ကိုယ်ဝန်ဆောင်ဝမ်းဗိုက်ကို လက်နှစ်ဖက်ဖြင့် ထိန်းထားသည်။

“မြို့ကို တိုက်ခိုက်ခံနေရတယ်လို့ ကြားတယ်။ ကျွန်မတို့ ရွှေ့ပြောင်းရမှာလား”

သူမ၏ နောက်တွင် သန်မာထွားကြိုင်းသော လျန်လေးသည် လေပြင်းများကို ကာကွယ်ပေးထားသည်။

လော့ယန်နှင့် အခြားလူငယ်များသည် လင်းရှန်ကို တွေ့ရုံနှင့် စိတ်သက်သာရာ ရနေပုံရသည်။ သူတို့ မြို့တော်သို့ ရောက်ရှိရန် အလွန်ပင်ပန်းခဲ့သည်မှာ ထင်ရှားပေသည်။

သူတို့ကို မြင်လိုက်ရသောအခါ လင်းရှန်လည်း ပြုံးကာ ပြန်ဖြေသည်၊၊

“မဖြစ်သေးပါဘူး… ဒါပေမဲ့ စိတ်မချရတော့ဘူး။ စီလန်ကို အပြည့်အဝသတိပေးထားပြီ”

“ကောင်းပြီ… မိတ်ဆွေတစ်ယောက်နဲ့ မိတ်ဆက်ပေးရဦးမယ်”

ဝူကျင်းဟိုင်က မုတ်ဆိတ်မွေးနှင့် အမျိုးသားတစ်ဦးကို လက်ညှိုးထိုးပြကာ ပြောသည်။

“ဒါက ရှန်းယောင်ပါ။ Northwind အသက်ရှင်ကျန်ရစ်သူ မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်ပါ”

“ကပ္ပတိန်လင်း” ရှန်းယောင်က အားရပါးရ လက်ဆွဲနှုတ်ဆက်သည်။

“ကျုပ်တို့က ရှီလင်က လာတာ။ ကျုပ်နဲ့ ဝူက အရင်ထဲက မိတ်ဆွေတွေပဲ… ခင်ဗျား သူ့ကို ယုံရင် ကျုပ်ကိုလည်း ယုံလို့ရတယ်။ ကျုပ်မှာ အင်အားအလုံလောက်ရှိတဲ့ အဖွဲ့ရှိတယ်။ ခင်ဗျားရဲ့ ဦးဆောင်မှုကို လိုက်နာပါ့မယ်”

“Northwind မဟာမိတ်ဆိုတော့… North Pole မဟာမိတ်နဲ့ ဆက်စပ်မှုရှိတာလား”

လင်းရှန်က မျက်ခုံးပင့်ကာ မေးသည်။

“ဟားဟားဟား… မရှိပါဘူး။ နာမည်ချင်း ဆင်လို့ပါ” ရှန်းယောင်က ရယ်ရင်း ပြောသည်။

“ကျုပ်တို့က အနောက်ဘက်က မဟာကုန်းပြင်မြင့်ကို ဖြတ်ကျော်လာတဲ့ ယာဉ်တန်းတွေရဲ့ ပူးပေါင်းအဖွဲ့ပါ”

“သူတို့လည်း ဒုက္ခတွေ အများကြီး ကြုံခဲ့ရတယ်”

ချန်ဆီရွှမ်က ပြောသည်။

“ကျွန်မ သူတို့ကို လက်ရှိအခြေအနေ အကြောင်း ပြောပြထားပြီးပြီ။ စွမ်းရည်စမ်းသပ်မှုကတော့...”

“ဆက်လုပ်နေတုန်းပဲ” လင်းရှန်က ခေါင်းညိတ်သည်။

“ညလမ်းလျှောက်သူတွေက စမ်းသပ်တာကို မရပ်သေးဘူး…. ခဗျားတို့ အချိန်ရပါသေးတယ်”

တိုက်ခိုက်မှုများနှင့် ပိတ်ဆို့မှုများကြားတွင်ပင် ဘုရားကျောင်းရင်ပြင်တွင် စွမ်းရည်စမ်းသပ်မှုကို ဖီးနစ်၏ အထောက်အကူပြုစခန်းများအားလုံးနှင့်အတူ ဆက်လက်လုပ်ဆောင်နေခဲ့သည်။ ၎င်းသည် အသစ်ရောက်ရှိလာသူများနှင့် ရှိပြီးသား ယာဉ်တန်းများအတွက် အရေးကြီးသော ကိစ္စဖြစ်သည်။

ဝူကျင်းဟိုင်နှင့် အခြားသူများ၏ မျက်နှာများ ဝင်းပသွားသည်။

“ထောက်ပံ့ရေးပစ္စည်းတွေနဲ့ လက်နက်တွေတောင် ရနိုင်တယ်လို့ ကြားတယ်။ အမှောင်မလာခင် အခုပဲ သွားကြမယ်လေ”

လူတိုင်း သဘောတူကြပြီး လျင်မြန်စွာ ထွက်ခွာရန် ပြင်ဆင်ကြသည်။

လင်းရှန်က ထပ်ပြောသည်၊၊

“ကောင်းမွန်တဲ့ စွမ်းရည်တွေ—စိတ်စွမ်းအားရှင်တွေ ဒါမှမဟုတ် မျိုးရိုးဗီဇပြောင်းလဲသူ—ရှိတဲ့ လူတိုင်းကို စမ်းသပ်ဖို့ သေချာလုပ်ကြပါ။ ခဗျားတို့ တောင်းဆိုနိုင်တဲ့ ထောက်ပံ့ရေးပစ္စည်း များလေလေ ပိုကောင်းလေလေပဲ။ ကျုပ်က ခဗျားတို့ ယာဉ်တွေကို စောင့်ကြည့်ပေးထားမယ်”

“ကျေးဇူးပါ ကပ္ပတိန်လင်း”

“ကျေးဇူးတင်ပါတယ်”

“ကျေးဇူးပါ လင်း” ရှန်းယောင်က ရိုးသားစွာ ထပ်ပြောသည်။

“ကျုပ်တို့ အခုပဲ ထွက်တော့မယ်”

“ကျေးဇူးတင်ပါတယ်”

လော့ယန်နှင့် အခြားလူငယ်တိုက်ခိုက်ရေးသမားများက စိတ်လှုပ်ရှားစွာ ပါဝင်ကြသည်။ သူတို့အများစုမှာ စိတ်စွမ်းအားရှင်များ သို့မဟုတ် မျိုးရိုးဗီဇပြောင်းလဲသူအမျိုးအစားများ ဖြစ်ကြပြီး လင်းရှန်ကဲ့သို့ပင် ဆုလာဘ်ပစ္စည်းများထက် လေ့လာခြင်းကို ပို၍ အလေးထားကြသည်။

“ညမရောက်ခင် သွားကြပါ”

လင်းရှန်က ပြောသည်။

“ဖီးနစ်ရဲ့ စာအုပ်တွေကိုလည်း ဖတ်သင့်တယ်”

“ကောင်းပြီလေ… သွားကြစို့”

ယာဉ်တန်းခေါင်းဆောင်များသည် သူတို့၏လူများကို လျင်မြန်စွာ စုစည်းလိုက်ကြသည်။ စမ်းသပ်ခြင်းသည် လမ်းညွှန်မှုသာမက ရှားပါးသော ဆုလာဘ်များကိုပါ ပေးနိုင်သည်။ ဤကဲ့သို့သော အခွင့်အရေးမျိုး နောက်တစ်ကြိမ် မလာနိုင်ပေ။

အဖွဲ့များ ထွက်ခွာသွားသောအခါ လင်းရှန်သည် ချန်ဆီရွှမ်နှင့် ရှုချင်းဘက်သို့ လှည့်လိုက်သည်။

“ငါတို့လည်း အလုပ်လုပ်ကြစို့…. ဆရာမချန်က အနားယူလိုက်ပါ… ရှုချင်း၊ မင်းနဲ့ တာလို့က ငါ့ကို ကျည်ဆန်တွေ ပြင်ဆင်တဲ့နေရာမှာ ကူညီပေးပါ”

“အင်း” ချန်ဆီရွှမ်က ခေါင်းညိတ်သည်။

ရထားပေါ် ပြန်ရောက်သောအခါ လူတိုင်း အလျင်အမြန် လှုပ်ရှားလိုက်ကြသည်။ ခဏတာ အနားယူပြီးနောက် ပင်ပန်းနွမ်းနယ်မှုများ ပျောက်ကွယ်သွားပြီး အာရုံစူးစိုက်မှုဖြင့် အစားထိုးလိုက်သည်။ ယမန်နေ့က ပေါ့ပေါ့ပါးပါး အခိုက်အတန့်များ ပျောက်ကွယ်သွားသည်။ ယခုအချိန်တွင် အနန္တရထားအဖွဲ့ဝင်များသည် တတ်ကြွစွာ အလုပ်လုပ်နေကြသည်။

ဘေးဘက်နှစ်ဖက်ရှိ သံချပ်ကာများကို အပြည့်အဝ တပ်ဆင်ထားပြီးဖြစ်သည်။ လင်းရှန်သည် တာလို့ကို အနောက်ဘက်အင်ဂျင်စနစ်အားလုံး… ဝေလုံ-အဆင့် ရထားခေါင်းတွဲကိုပါ အပြည့်အဝ စစ်ဆေးရန် ဦးဆောင်စေခဲ့သည်။

ပရိုတိုအမျိုးစားသံချပ်ကာ ပုံကြမ်းများကို ကျေးဇူးတက်ရပေမည်၊၊ သံပြားများသည် သာမန် သံမဏိဇယားကွက်များနှင့် ကမ္ဘာတစ်ဝက်လောက် ကွာခြားနေသည်။ ယခုအခါ ၎င်းသည် ငွေမှင်ရောင် အနာဂတ်စစ်ယန္တရားတစ်ခုအလား ထင်မှတ်ရသည်။

ထို့အပြင် လင်းရှန်သည် ရထားတွဲတိုင်း၏ ဘေးဘက်နှစ်ဖက်တွင် Arc+ ကြိမ်နှုန်းမြှင့်စက်များကို တပ်ဆင်ခဲ့သည်။ စွမ်းအင် စားသုံးမှုကြီးမားသော်လည်း သူ တစ်ခုမှ မချန်ခဲ့ပေ—ဤသည်မှာ သူ လျှပ်စစ်စနစ်ကို အဆင့်မြှင့်တင်ခဲ့ရသည့် အကြောင်းရင်းလည်းဖြစ်သည်။

ရထားတစ်ခုလုံး မောင်းနှင်ခြင်း၊ အပူပေးခြင်း၊ စွမ်းအင်၊ ရေ၊ လျှပ်စစ်ဓားသွား သံချပ်ကာစနစ်၊ Arc+ ကြိမ်နှုန်းမြှင့်စက်များ နှင့် လျှပ်စစ်သံလိုက်အမြောက်စနစ်များဖြင့် အနန္တရထား၏ စွမ်းအင်လိုအပ်ချက်များသည် အတိုင်းအဆမရှိ မြင့်မားနေသည်။

ပြုပြင်မွမ်းမံခြင်း မရှိပါက ၎င်းတို့အားလုံးကို ဆက်၍ လည်ပတ်နိုင်မည် မဟုတ်ပေ။

ထို့နောက် ခေါင်မိုးလက်နက်စခန်းများအလှည့် ရောက်လာသည်။ ရထားတွဲ ၁၂ နှင့် ရထားတွဲ ၅ တို့တွင် 1130 CIWS တစ်ခုစီ တပ်ဆင်ထားပြီး ရထားတွဲ ၂ တွင် G3 လျှပ်စစ်သံလိုက်အမြောက်ကို တပ်ဆင်ထားသည်။ ထို့အပြင် YJ-03 လေယာဉ်ပစ်အမြောက် ငါးလက်ကို ရထားတစ်ခုလုံးတွင် ဖြန့်ကျက်ထားသည်။ ဤလေယာဉ်ပစ် အမြောက်များသည် ၎င်းတို့၏ ပစ်ခတ်မှုလမ်းကြောင်းကို ချိန်ညှိပြီးသည်နှင့် လေထုထဲရှိ သတ္တဝါများကို ပစ်ခတ်နိုင်သည်သာမက မြေပြင်ပစ်မှတ်များသို့ တိုက်ရိုက်ပစ်ခတ်ရန်အတွက်လည်း ပြောင်းများကို လျှောချနိုင်သည်။

Chapter 429

ကောင်းကင်ပေါ်မှာ ၃

ရထားတွဲ ၁၁ ကို အသုံးဝင်သော ရထားတွဲအဖြစ် လုံးဝ ပြုပြင်မွမ်းမံထားသည်။ ယခင်က အတွင်း၌ သိမ်းဆည်းထားသော ယာဉ်ငယ်များစွာကို လင်းရှန်က ပစ္စည်းများအတွက် ဖြုတ်တပ်စင်တာပို့ထားပြီးဖြစ်သည်။ ၎င်းတို့သည် အေးခဲနေသော တောနက်ထဲတွင် အသုံးမဝင်တော့ပေ။ ယခု ရထားတွဲသည် လုံးဝ အလိုအလျောက် စက်ရုံတစ်ခု ဖြစ်လာသည်။ ခေါင်မိုးကို လုံးဝ ဖွင့်နိုင်ပြီး ဝင်ရိုး ၆ခု စက်ရုပ်လက်တံသည် မီးနတ်ဘုရား မီကာကို စက္ကန့် ၂၀ အတွင်း ၎င်း၏ စခန်းမှ အသင့်အနေထားလုပ်နိုင်သည်။ အခြားချိန်များတွင် စနစ်သည် အစိတ်အပိုင်းဖြုတ်တပ်ခြင်း၊ လက်နက်တပ်ဆင်ခြင်း၊ ကျည်ဆန်တင်ဆောင်ခြင်း၊ အားသွင်းခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်း ကိုင်တွယ်နိုင်သည်။

လင်းရှန်သည် အနာဂတ် မီကာများအားလုံးကို ဤနေရာတွင် သိမ်းဆည်းရန်နှင့် ၎င်းကို သီးသန့် မီကာ ဖြန့်ကျက်ရေး ရထားတွဲအဖြစ် ပြောင်းလဲရန် စီစဉ်ထားသည်။

PX-05 စက်ရုပ်နှစ်ခုအနက် တစ်ခုကို နောက်ဘက် ဝေလုံ-အဆင့် ဆွဲအားရထားခေါင်းတွင် အဝေးထိန်းချုပ်မှုနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအတွက် အမြဲတမ်း နေရာချထားသည်။

ကျန်တစ်ခုမှာ ရထားတွဲ ၁၁ နှင့် ၁၂ အကြားတွင် ရွေ့လျားနေပြီး တစ်ခါတစ်ရံတွင် အပြင်ဘက်လုပ်ငန်းများအတွက် ထွက်သွားသည်။

ဤအင်ဂျင်နီယာ ပြုပြင်ထိန်းသိမ်းရေး စက်ရုပ်များသည် လင်းရှန်အတွက် အလွန် အသုံးဝင်သည်။ ၎င်းတို့တွင် ပျံသန်းရန် ဟောလ်တွန်းအားပေးစနစ်များ တပ်ဆင်ထားသည်သာမက တိကျမှန်ကန်သော ဂဟေဆော်ခြင်း၊ ပြုပြင်ခြင်းနှင့် အခြားလုပ်ငန်းများကို ကိုင်တွယ်ကာ ခက်ခဲကြမ်းတမ်းသော ပတ်ဝန်းကျင်များနှင့် အလွယ်တကူ လိုက်လျောညီထွေဖြစ်စေသည်။ ထို့အပြင် ၎င်းတို့သည် တာရှည်ခံသည်။ လင်းရှန်သည် ၎င်းတို့အား အလွန်အကျွံ အသုံးမပြုခဲ့ကြောင်း သိရှိခဲ့သည်—အများအားဖြင့် ၎င်းတို့ကို ၁၁၃၀ ကို ထိန်းသိမ်းရန်နှင့် ကျည်ခါးပတ်များ ပြန်ဖြည့်ရန်သာ အသုံးပြုခဲ့သည်။ သူသည် ၎င်းတို့ထဲမှ ပိုမိုများပြားစွာ တည်ဆောက်ရန် ယခု စီစဉ်ထားသည်။

စက်ရုပ်ထုတ်လုပ်မှုကို အနည်းငယ် ချိန်ညှိခြင်းနှင့် ကီကီ၏ မော်ဂျူးအဆင့်မြှင့်တင်မှုများဖြင့် ၎င်းတို့သည် ပိုမိုကျယ်ပြန့်သော အလုပ်များကို လွှဲပြောင်းယူနိုင်သည်။

လက်နက်ကြီးစခန်းများနှင့် ပြင်ပလုပ်ငန်းများကို စက်ရုပ်များထံ လုံးလုံး လွှဲပြောင်းပေးနိုင်သည်—ရထားပေါ်ရှိ ခရီးသည်များအတွက် ပိုမို ဘေးကင်းပေသည်။

နောက်ဆုံးတွင် အနန္တရထား၏ သတင်းအချက်အလက်စနစ် ရှိပေသည်။ အဆင့်မြှင့်တင်ထားသော စောင့်ကြည့်စနစ်သည် ရထားတစ်ခုလုံးတွင် ၃၆၀ ဒီဂရီ စောင့်ကြည့်မှုကို ပေးနိုင်သည်။ ခေါင်မိုးပေါ်ရှိ ရှာဖွေရေးရေဒါနှင့် ရှေ့ဘက်ရှိ အဆင့်လိုက် အလင်းရေဒါတို့သည် ယခုအခါ ချိတ်ဆက်ထားသည်—လင်းရှန်သည် ကြီးမားသော ဖုတ်ကောင်များ လှိုင်းလုံးများကို ကိုင်တွယ်ရန် အထူးဒီဇိုင်းထုတ်ထားသော စနစ်ဖြစ်သည်။ ၎င်းသည် ပစ်မှတ်ကို လျင်မြန်စွာ လော့ချခြင်းနှင့် စစ်မြေပြင် အခြေအနေကို သိရှိစေသည်။ တစ်ခုတည်းသော ပြဿနာမှာ ရထား၏ လက်ရှိ ကွန်ပျူတာစနစ်သည် မလိုက်နိုင်ခြင်းဖြစ်သည်—၎င်းတွင် ပစ်အားထိန်းချုပ်မှု တွက်ချက်မှုများနှင့် မွန်းစတားများကို နှိမ်နင်းခြင်းကို အပြည့်အဝ အလိုအလျောက်လုပ်ဆောင်ရန် Aiဖြင့် စီမံဆောင်ရွက်နိုင်သည့် စွမ်းအား နည်းပါးနေသေးသည်။

ရထားအတွင်း၌ အဖွဲ့သားများ အလုပ်များနေကြသည်။ လို့ရှားရှားသည် ဆယ်လီကို ကျည်ဆန်များ ပြန်လည်ဖြည့်တင်းခြင်း ပြီးဆုံးသွားခဲ့သည်။ သူမ၏ မီးနတ်ဘုရား မီကာ၏ မူလပုံစံသည် ကြောက်မက်ဖွယ်ကောင်းသော်လည်း သူမ၏ လက်ထဲတွင် နှစ်သက်ဖွယ် အရုပ်တစ်ခုအလားပင်၊၊ ရင်ဘတ် သံချပ်ကာပေါ်တွင် “ဆယ်လီ” ဟု ရေးထားပြီး၊ ဘယ်ဘက်လက်မောင်းတွင် “အစုလိုက်အပြုံလိုက် ဖျက်ဆီးခြင်း”၊ ညာဘက်လက်မောင်းတွင် “အကုန်သတ်ပစ်မည်” ဟု ရေးထားသည်။ အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ထိုကဲ့သို့သော ဆေးခြယ်မှုကို ပြုလုပ်နေစဉ် မည်ကဲ့သို့သော စိတ်ခံစားမှုမျိုး ရှိနေသည်ကို စဉ်းစားရန် ခက်ခဲလှပေသည်။

….

ရထားတွဲ ၁၂

လင်းရှန်သည် ကျည်ဆန်များ ဖန်တီးကာ ရထားတွဲအသီးသီးသို့ ဖြန့်ဝေပေးနေသည်။ ကီကီသည် အနီးတွင် PX-05 စက်ရုပ်အတွက် ထိန်းချုပ်မော်ဂျူးများ လဲလှယ်နေသည်။ သူမ မမေးဘဲ မနေနိုင်တော့ပေ-

“လင်းရှန်… အဲ့ဒီပိုးကောင်ကြီးရဲ့ တကယ့်ရည်ရွယ်ချက်က မှန်းမရဘူး… ဘာလို့ ရုတ်တရက်ကြီး သုတေသနအဆောက်အအုံကို တိုက်ခိုက်ရတာလဲ”

“အဖြစ်နိုင်ဆုံး တရားခံက သွေးကပ်ဘေးပန်းပဲ” လင်းရှန်က ပြောသည်။

“ဒါပေမဲ့ အဓိပ္ပာယ် မရှိဘူး… အဲ့ဒါက ငါတို့နဲ့ ရထားပေါ်မှာ ဒီလောက်ကြာအောင် ရှိနေခဲ့တာ—ဘာလို့ ငါတို့ သိပ္ပံအဖွဲ့ကို လွှဲပြောင်းပေးပြီးမှသာ ခြေရာခံပြီး တိုက်ခိုက်မှာလဲ”

သူသည် ထူးဆန်းသော ကုဗတုံး၏ ပိတ်ဆို့နိုင်စွမ်းရော တစ်စိတ်တစ်ပိုင်း ပါဝင်သလားဟုလည်း စဉ်းစားခဲ့သော်လည်း ထိုသို့ဖြစ်နိုင်ခြေ နည်းပါးသည်ဟု ခံစားရသည်။ မည်သို့ပင်ဆိုစေ၊ သွေးကပ်ဘေးပန်းကို မြေအောက်မြို့တော် နံပါတ် ၉ မှ ပထမဆုံးအကြိမ် ထုတ်ယူလာခဲ့စဉ်က ထူးဆန်းသော ကုဗတုံးသည် ရထားပေါ်တွင် မရှိသေးပေ။

သို့သော် တင်းကျန်းရီသည် မိုးရေမြို့မှ အယောင်ဆောင် ထိုးဖောက်ဝင်ရောက်မှုအကြောင်း ဖော်ပြခဲ့ပြီး လင်းရှန် တစ်ခုခုကို ခံစားမိနေသည်— ဂန္ဓမာနက်ငရဲပန်း သို့မဟုတ် သွေးကပ်ဘေးပန်းသည် ထူးဆန်းသည့် သတ္တဝါများအပေါ် အလွန်တိကျသော သက်ရောက်မှု ရှိသည်။

သို့သော်လည်း လင်းရှန်သည် ဗဟိုလမ်းမပေါ်ရှိ တွင်းနက် ပိုးကောင်၏ မကြာသေးမီက ချုံခိုတိုက်ခိုက်မှုသည် သွေးကပ်ဘေးပန်းကြောင့်သာ ဖြစ်မည်ဟု မထင်မှတ်ပေ။

ကီကီသည် အလုပ်လုပ်နေရင်း မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်၊၊

“မွန်းစတားတွေက ကျွန်မတို့က အမှောင်အမှတ်သားကို ရှာတွေ့မှာကို တကယ် ကြောက်နေတာလား။ နည်းနည်း...”

“ဘယ်လိုပဲဖြစ်ဖြစ်… ဒါရိုက်တာကျိုး ပြောတာ မှန်တယ်”

လင်းရှန်သည် စည်းချက်ကျကျ မြည်သံများဖြင့် ပူပူနွေးနွေး ၇.၆၂ မီလီမီတာ ကျည်ဆန်များကို ကျည်သေတ္တာများထဲသို့ ပုံသွင်းကာ စုပုံနေခဲ့သည်။

“မြောက်ဘက်က လေဆိပ်ရဲ့ လေကြောင်းတိုက်ခိုက်ရေးတပ်ဖွဲ့၊ စစ်တမ်းကောက်ယူရေးအဖွဲ့ရဲ့ အရှေ့အခြေစိုက်စခန်း၊ လက်နက်တိုက်နဲ့ စင်ထရယ်လမ်းမပေါ်က အသက်ရှင်ကျန်ရစ်သူ ထောင်ပေါင်းများစွာ ရှိနေတယ်။ ဒါပေမဲ့ ပိုးကောင်က ဓာတ်ခွဲခန်းကိုပဲ အတိအကျ တိုက်ခိုက်ခဲ့တယ်”

“ဒါက—အဲ့ဒီမှာ ရှိတဲ့ ဘာပဲဖြစ်ဖြစ် လေတပ်၊ လက်နက်တွေ ဒါမှမဟုတ် အရပ်သားတွေထက် ပိုအရေးကြီးတယ်”

သူသည် တင်းကျန်းရီကို ဆက်သွယ်ရန် သူ၏ ဆက်သွယ်ရေးကိရိယာကို နှိပ်လိုက်သည်။

ဂျစ် ဂျစ်—

“လင်းရှန်… ကျွန်မရှိတယ်”

ဓာတ်ခွဲခန်းအတွင်းမှ စကားပြောသံများ၏ နောက်ခံနှင့်အတူ တင်းကျန်းရီ၏ အသံက လျင်မြန်စွာ ထွက်ပေါ်လာသည်။

သုတေသနအဖွဲ့တစ်ခုလုံးသည် လုံခြုံရေးအတွက် စီလန်အားကစားကွင်းသို့ ပြောင်းရွှေ့ထားသည်—ဤအကြောင်းကို ဖီးနစ်နှင့် ရွေးချယ်ထားသော ပူးပေါင်းယာဉ်တန်း အနည်းငယ်ပဲ သိကြလေသည်။

“စမ်းသပ်မှု ၂၁ စတင်ပြီ။ စောင့်ကြည့် ပစ်မှတ် လဲလှယ်နေသည်...”

“မီးထိုးထား—ထောက်လှမ်းကိရိယာ သူ့ဘာသာ စစ်ဆေးနေသည်”

“ပါမောက္ခတင်း၊ ဒီဘက်ကို ကြည့်ပေးပါဦး...”

လင်းရှန်သည် အသက်ရှူသွင်းလိုက်သည်။

“အခြေအနေ ဘယ်လိုလဲ”

“အဖွဲ့လိုက် စောင့်ကြည့်စမ်းသပ်မှုကနေ ရလဒ် မရသေးဘူး”

တင်းကျန်းရီက အေးဆေးတည်ငြိမ်စွာ ပြန်ဖြေသည်။

“သွေးကပ်ဘေးပန်းက အခုထိ မတုံ့ပြန်သေးဘူး။ ကျွန်မတို့ နောက်ဆုံးစမ်းသပ်မှုကို စနေပြီ။ ဖီးနစ်ရဲ့ အထူးတပ်ဖွဲ့နဲ့ ညလမ်းလျှောက်သူအဖွဲ့ နှစ်ခုစလုံး လွှတ်ထားပေးတယ်…. ကျွန်မတို့ တကယ့်ကွင်းဆင်းစမ်းသပ်မှုအတွက် ပြင်ဆင်နေကြပြီ”

လင်းရှန် မျက်မှောင်ကြုတ်လိုက်သည်။ အဖွဲ့လိုက် စမ်းသပ်မှု ကျရှုံးခဲ့သည်လား။

ဒါဟာ အဓိပ္ပာယ် မရှိဘူး။ ယခင်က အားအနည်းဆုံး အဆင့်မှာပင် နှင်းတစ္ဆေ အနည်းငယ်ပေါ်လာရုံမျှဖြင့် သွေးကပ်ဘေးပန်းတွင် အနီရောင်တောက်ပမှုကို ဖြစ်ပေါ်စေခဲ့သည်။ ယူလီယာစတိုင်းတောင်၌ နှင်းတစ္ဆေလှိုင်းလုံးများအတွင်း အမှောင် အမှတ်သားသည် အဆင့် ၄ သို့ ခုန်တက်သွားပုံကို သူ မှတ်မိနေသေးသည်။ ဒါပေမဲ့ ယခု… ဘာမှ မရှိဘူးလား။

၁၇:၄၀ နာရီ။ ညရောက်ရန် မိနစ် ၄၀ သာ လိုတော့သည်။

စီလန်အားကစားကွင်းရှိ ယာယီစခန်းတွင် စစ်တမ်းကောက်ယူရေးအဖွဲ့သည် ဧရိယာကို တင်းကျပ်စွာ ပိတ်ဆို့ထားသည်။ အာရုံခံစားမှုမြင့်မားသော မြေငလျင်ထောက်လှမ်းကိရိယာများ အပြည့်အဝလည်ပတ်နေသည်။ ကောင်းကင်ရေဒါများသည် အရူးအမူး လည်ပတ်နေသည်။ ညလမ်းလျှောက်သူအဖွဲ့မှ ကျင်းထျန်နှင့် စစ်တမ်းကောက်ယူရေးအဖွဲ့မှ ရှောင်ဟယ်တို့သည် နယ်နိမိတ်ကို အခိုင်မာထိန်းသိမ်းထားသည်။

ဓာတ်ခွဲခန်းတွင် နှင်းတစ္ဆေများကို အထူးသတ္တုစပ်လှောင်အိမ်များအတွင်း အလင်းရောင်မရှိသော အခန်းများတွင် ထိန်းထားသည်။ ထိုသတ္တဝါများသည် တိုးညင်းစွာ ဟိန်းဟောက်သံများ ပြုလုပ်နေကြသည်။ ဘေးချင်းကပ် ထိန်းချုပ်စမ်းသပ်မှု ဒါဇင်ပေါင်းများစွာကို ပြုလုပ်နေသည်။ တင်းကျန်းရီ၏ လက်ထောက်သည် သွေးကပ်ဘေးပန်းကို စမ်းသပ်ရန် ဓာတ်ခွဲခန်းများအကြား သယ်ကာ ရွေ့လျားနေသည်၊၊

“အလုပ်မဖြစ်ဘူး… အခုထိ ဘာမှ မတုံ့ပြန်သေးဘူး”

ဝေ့ကီရှုသည် ပင်ပန်းနွမ်းနယ်မှုနှင့် စိတ်ပျက်အားငယ်မှုကြောင့် ဒေါသပေါက်ကွဲလုနီးပါးဖြစ်နေပြီး အံကြိတ်ထားလေသည်၊၊

ကိုယ့်ကိုယ်ကိုယ် ပြန်လည် ထိန်းချုပ်ရန် ကြိုးစားရင်း ဆေးကုသဆောင်တွင် အနားယူနေသည့် ပါမောက္ခကောင်းစီချန်းကို ဆက်သွယ်လိုက်သည်။

All Chapters