← Chapters

အခန်း (၄၃၀+၄၃၁)

Vol. 28 Ch. 430+431

အခန်း (၄၃၀+၄၃၁)

Vol. 28 Ch. 430+431

Chapter 430

ကောင်းကင်ပေါ်မှာ ၄

“ဆရာ… ပို့လိုက်တဲ့ စာတမ်း—ဟုတ်တယ်၊ CERN အမှောင်ဒြပ်ထုထောက်လှမ်းရေး စီမံကိန်းစာတမ်းကို ကျွန်တော် တွေ့ပြီ... ဆရာ ပြောတာကို အခုတော့ နားလည်ပြီ။ ဒါပေမဲ့—ကျေးဇူးပြုပြီး ဒီကို လာဖို့ မကြိုးစားပါနဲ့ဦး… ဆရာ့ ဒဏ်ရာတွေနဲ့ လှုပ်ရှားလို့ မဖြစ်ဘူး”

သူ ပြောနေရင်း ယုဟန်၏ အဖွဲ့သို့ “အာကာသဟင်းလင်းပြင်ကို ဖြတ်ကျော်နိုင်သော အက်စီယွန်လှုံ့ဆော်နိုင်မှုဆိုင်ရာ ဇီဝဗေဒအမြင်” အမည်ရှိ သုတေသနစာတမ်းတစ်စောင်ကို အပ်လုဒ်လုပ်လိုက်သည်။

“ဒါတွေက အားအပျော့စား အပြန်အလှန်တုံ့ပြန်သော ဒြပ်ထုအမှုန်တွေဆိုရင်... တင်ပြပုံက...”

“အခု ပြဿနာက ထူးဆန်းတဲ့သတ္တဝါတွေအားလုံး အစီအစဉ်ဆွဲထားသလို လုံးလုံးလျားလျား ရပ်တန့်နေတာပဲ”

သန့်ရှင်းသော သုတေသနဝတ်စုံကို ဝတ်ဆင်ထားသော်လည်း ဖုန်မှုန့်များပေနေသေးသော ယုဟန်သည် အချက်အလက်များကို စိုက်ကြည့်နေသည်။

“အဆင့်မြင့် သတ္တဝါတစ်ကောင်ရဲ့ အမိန့်ကြောင့် ဖြစ်မယ်လို့ ငါတို့ သံသယရှိရမလားပဲ”

ဒါက ယခင်က အင်ပါယာပရောဂျက်မှ သုတေသနများနှင့် ကိုက်ညီနေသည်။ နှင်းတစ္ဆေများ၏ ထူးဆန်းသော အပြုအမူက ယုဟန်ကို အလွန် စိတ်မသက်မသာဖြစ်စေခဲ့သည်။

ဝေ့ကီရှုလည်း ဖြူဖျော့သွားသည်။ သူ တုံ့ပြန်နိုင်ခြင်းမရှိမီ တင်းကျန်းရီနှင့် သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ စောင့်ကြည့်ခန်းမှ ပြန်လာသည်။

“ကွင်းဆင်းစမ်းသပ်ဖို့ ပြင်ဆင်ပါ”

“ခဏလေး” ဝေ့ကီရှုက သူ၏ ဆက်သွယ်ရေးကိရိယာကို ထပ်နှိပ်လိုက်သည်။

“တပ်မှူးဟီ ဒီမှာ ရောက်နေပြီ”

ရှပ်ရှပ်

သူ့စကားမဆုံးမီ လူအုပ်မှ ခြေသံများ၏ လှိုင်းလုံးသည် အပြင်ဘက်မှ ပဲ့တင်ထပ်လာသည်။

ဟီကျန်းသည် ရှောင်ဟယ်နှင့်အတူ ဝင်လာသည်။ နှစ်ဦးစလုံးသည် မည်းမှောင်သောမျက်နှာအမူယာများရှိနေသည်။ သူသည် သိပ္ပံပညာရှင် သုံးဦးကို စိုက်ကြည့်ကာ ပြောသည်၊၊

“အားလုံးပဲ… ကျုပ်တို့ရဲ့ လေကြောင်းကင်းလှည့်အဖွဲ့က ဒီနေရာရဲ့ အနောက်မြောက်ဘက် ၃၄ ကီလိုမီတာအကွာမှာ တွင်းနက်ပိုးကောင်ရဲ့ အလောင်းကို ခုနကပဲ တွေ့လိုက်ရတယ်”

“ဟင်”

“ဘာကို ဆိုလိုတာလဲ”

လူတိုင်း တင်းမာသွားသည်။

ဟီကျန်းသည် အချိန်မဖြုန်းဘဲ ၎င်း၏ လက်အောက်ငယ်သားတစ်ဦးကို ၎င်း၏ တတ်ဘလက်မှ ဗီဒီယိုကို ဓာတ်ခွဲခန်း၏ ပင်မမျက်နှာပြင်သို့ ချိတ်ဆက်ရန် အချက်ပြလိုက်သည်။

ဗီဒီယိုတွင် တောင်တစ်လုံး အရွယ်အစားရှိ ဧရာမ အနက်ရောင် ပိုးကောင်သည် ဆီးနှင်းလွင်ပြင်များပေါ်တွင် လှုပ်ရှားမှုမရှိဘဲ အလျားလိုက်ရှိနေသည်ကို ပြသနေသည်။ ၎င်း၏ ခန္ဓာကိုယ်တွင် ဧရာမလက်သည်းများဖြင့် ဆုတ်ဖြဲခံရသကဲ့သို့ ကြီးမားသော အပေါက်တစ်ဒါဇင်ကျော် ရှိနေလေသည်၊၊

ဟီကျန်း၏ အသံသည် ပြင်းထန်နေသည်။

“သေနေပြီ… ဆီးနှင်းဖုံးအုပ်မှုပေါ် အခြေခံကြည့်ရင် ဒါက လွန်ခဲ့တဲ့ နာရီအနည်းငယ်ကမှ ဖြစ်ခဲ့တာလို့ ယူဆတယ်၊၊ ကျုပ်တို့ မြေပြင်အဖွဲ့က နမူနာတွေ စုဆောင်းဖို့ သွားနေပြီ။ လေကြောင်းကင်းလှည့်အဖွဲ့က နောက်ထပ် ထောက်လှမ်းရေးသတင်းနဲ့ မကြာခင် ရောက်လာလိမ့်မယ်—”

“ခဏလေး”

ရုတ်တရက် ယုဟန်က အော်လိုက်သည်။ သူသည် ရှေ့သို့ ကတုန်ကယင်ဖြင့် လျှောက်သွားပြီး မျက်နှာပြင်ကို စိုက်ကြည့်နေသည်။ သူ၏ ပါးစပ်သည် ပွင့်လိုက် ပိတ်လိုက် ဖြစ်နေပြီး ခဏတာ စကားမပြောနိုင်ပဲ နောက်ဆုံးတွင် ဝမ်းနည်းနေသော အသံဖြင့်-

“ဒါက ဒီနေ့ ဓာတ်ခွဲခန်းကို တိုက်ခိုက်တဲ့ ပိုးကောင် မဟုတ်ဘူး… ဒါက ယူနစ် ၀၁နဲ့ ချန်ဝေတို့ ဒရာကာမာရေခဲချောက်ကမ်းပါးမှာ သတ်ခဲ့တဲ့ အကောင်ပဲ”

“ဘာ”

ဟီကျန်းနှင့် ရှောင်ဟယ်တို့ နှစ်ဦးစလုံး ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။

“သေချာလား”

“လုံးဝ သေချာတယ်”

ယုဟန်သည် မျက်နှာပြင်ပေါ်ရှိ နေရာတစ်ခုကို လက်ညှိုးထိုးပြသည်။

“ဒါက ပိုသေးတယ်။ ကြည့်—ဒီ ဓားဒဏ်ရာက ယူနစ် ၀၁ရဲ့ ကြိမ်နှုန်းမြင့် ချိန်းဓားသွားကနေ လာတာ။ ကျုပ်တို့ ဒရာကာမာကနေ ဆုတ်ခွာတုန်းက ကပ္ပတိန်လင်းက မွန်းစတားတွေကို ဆွဲဆောင်ဖို့အတွက် အလောင်းပေါ်မှာ ဖောက်ခွဲရေးပစ္စည်းတွေ ထောင်ခဲ့တယ်။ အဲ့ဒီပေါက်ကွဲဒဏ်ရာ အမှတ်အသားတွေ အခုထိ ရှိနေတုန်းပဲ… ကျုပ် ကျိန်ရဲတယ်… ဒါက ဒီနေ့တိုက်ခိုက်ခဲ့တဲ့ ပိုးကောင်မဟုတ်ဘူး”

ဝေ့ကီရှုက ရှေ့သို့ တိုးလာသည်။ သူ၏ မျက်မှန်သည် နှာခေါင်းအောက်သို့ လျှောကျနေသည်။ သူသည် ဗီဒီယို၏ အစွန်းကို လက်ညှိုးထိုးပြသည်။

“ဒီနေရာကို ကြည့်—ဆီးနှင်းတွေ ဖုံးနေပေမယ့် ရှင်းရှင်းလင်းလင်း မြောင်းတစ်ခု ရှိတယ်။ ဒီကောင်... မြေအောက်က လာတာမဟုတ်ဘူး”

သူသည် စိတ်ရှုပ်ထွေးစွာဖြင့် အဖွဲ့ဘက်သို့ လှည့်လိုက်သည်။

“ဒီလိုပုံစံမျိုး... တစ်ခုခုက ဒီကို ဆွဲလာခဲ့သလိုပဲ”

လူတိုင်း၏ မျက်နှာများ ပြောင်းလဲသွားသည်။

ဟီကျန်းသည် ဗီဒီယိုကို စိုက်ကြည့်နေပြီး သူ၏အသံနိမ့်သွားသည်။

“ခင်ဗျား ပြောနေတာက တစ်စုံတစ်ရာက ဒီဧရာမပိုးကောင်ကို စီလန်ရဲ့ အပြင်ဘက်အထိ ရွှေ့ပြောင်းလာခဲ့တယ်ဆိုတာလား”

“ဘာအတွက်လဲ” ရှောင်ဟယ် မျက်နှာပျက်သွားကာမေးလိုက်သည်။

“ကျုပ်တို့ရဲ့ အာရုံကို ဖမ်းစားဖို့လား”

“ကျုပ် ဒီအကြောင်းကို ကွပ်ကဲရေးဌာနဆီ အမြန်ဆုံး အစီရင်ခံဖို့ လိုတယ်”

“ဆရာ”

စစ်သားတစ်ဦး အခန်းထဲသို့ ဝင်လာသည်။

“တပ်မှူး၊ လေကြောင်းကင်းလှည့်အဖွဲ့ရဲ့ လင်းယုန်အဖွဲ့ ရောက်လာပြီ”

“ဝူချန်ကို ဝင်လာခိုင်းလိုက်”

“ဟုတ်ကဲ့ ဆရာ”

“ရှောင်ဟယ်”

“ရှိပါတယ်”

“မုန့်ချန်ကန်းကို သတင်းပို့လိုက်… မြောက်ပိုင်း ကာကွယ်ရေးနယ်မြေကို အားဖြည့်ဖို့ တပ်ရင်း ၅ ကို ဖြန့်ကျက်လိုက်ပါ။ ဒီလိုမျိုး တစ်ခုခု မြောက်ဘက်မှာ ပေါ်လာရင် ငါတို့ မပေါ့ဆသင့်ဘူး”

“ဟုတ်ကဲ့၊ ဆရာ” ရှောင်ဟယ်သည် အလေးပြုကာ ထွက်သွားသည်။

ဓာတ်ခွဲခန်းအတွင်း၌ သုတေသီ ဒါဇင်ပေါင်းများစွာ အငြင်းပွားနေကြသည်။

“ဘာလို့ အဲ့ဒီကောင်ကို ဒီကို ဆွဲလာရတာလဲ။ ဒီနေရာနဲ့ ဒရာကာမာ ရေခဲချောက်ကမ်းပါးက ကီလိုမီတာ ၇၀၀ အကွာဝေးမှာ ရှိတယ်” ယုဟန်က ရေရွတ်လိုက်သည်။

ဝေ့ကီရှုက သူ၏ ရှုပ်ပွနေသော ဆံပင်များကို ကုတ်လိုက်ကာ

“ဒီပိုးကောင်တွေက ဘယ်လောက်တောင် ရှိနေတာလဲ”

“အခုတိုင်းဆို… နှစ်ကောင်ပဲ…ဒါပေမဲ့...”

“မြောက်ဘက်က ငါတို့ရဲ့ အဓိက ရွှေ့ပြောင်းရေးလမ်းကြောင်းပဲ” သုတေသီတစ်ဦးက ပြောသည်။

“ဒါနဲ့ ဆက်စပ်မှု ရှိနိုင်မလား”

“လမ်းပိတ်ထားတာလား… မဖြစ်နိုင်ဘူး...”

တင်းကျန်းရီသည် တိတ်ဆိတ်စွာ ဗီဒီယိုကို စိုက်ကြည့်နေသည်။

“ပါမောက္ခ”

ထိုအချိန်တွင် လေကြောင်း ပိုင်းလော့တ်ယူနီဖောင်းဝတ်ထားသော စစ်သားတစ်ဦး ဓာတ်ခွဲခန်းထဲသို့ လမ်းလျှောက်ဝင်လာသည်။

ဟီကျန်းက ချက်ချင်း အော်ပြောလိုက်သည်၊၊

“ဝူချန် သုတေသနအဖွဲ့ကို အခြေအနေရှင်းပြလိုက်”

“ဟုတ်ကဲ့၊ ဆရာ”

ဆီးနှင်းများ ဖုံးလွှမ်းနေသော ဝူချန်သည် အမိန့်ရရခြင်း အလျင်အမြန် ပြေးလာခဲ့ခြင်းဖြစ်သည်။ သူ စကားပြောရန် ပြင်ဆင်နေစဉ် ရုတ်တရက် အသံတစ်သံက ဖြတ်ပြောလိုက်သည်။

“ခဏလေး”

တင်းကျန်းရီက အသံမြှင့်ပြောလိုက်သည်။

“ဟေး”

ဝေ့ကီရှုက ရုတ်တရက် ထအော်လိုက်ပြီး ဓာတ်ခွဲခန်းစားပွဲပေါ် တင်ထားသည့် သွေးကပ်ဘေးပန်းကို လက်ညှိုးထိုးပြသည်။

“တုံ့ပြန်နေပြီ”

ယုဟန်၏ မေးရိုးများ ပြုတ်ကျလုမတတ်ဖြစ်သွားသည်။ သူ့တစ်ဦးတည်း မဟုတ်ပေ—ဓာတ်ခွဲခန်းရှိ လူတိုင်းသည် ထူးဆန်းသော၊ အနက်ရောင်ပန်းဆီသို့ မျက်လုံးများ လှည့်သွားကြသည်။ မဲနက်သော ပွင့်ချပ်များအတွင်းမှ တောက်ပသော သွေးနီရောင် အလင်းတစ်ခုသည် စိတ်မသက်သာစရာကောင်းသော ကြောက်မက်ဖွယ်စွမ်းအင်ဖြင့် စတင် တောက်ပနေသည်။

ဟီကျန်းနှင် စုံစမ်းစစ်ဆေးရေးတပ်ရင်းမှ စစ်သားများပင် စိတ်ဝင်စားစွာဖြင့် ပိုမိုနီးကပ်လာကြသည်။

“နောက်ဆုံးတော့ လင်းလာပြီ”

“ဒါပေမယ့်... အလင်းက နည်းနည်း များမနေဘူးလား”

“ဘာတွေ ဖြစ်နေတာလဲ”

“ပါမောက္ခတင်း… ခင်ဗျားရဲ့ သုတေသနမှတ်စုတွေမှာ...”

“ဒါက ဘာကို ဆိုလိုတာလဲ”

တင်းကျန်းရီသည် ဝူချန်ဘက်သို့ လှည့်လိုက်ကာ သူမ၏ အမူအရာက ထက်ရှလာသည်-

“အခြေနေမကောင်းဘူး... ဒါက အဆင့် ၅ အမှတ်သားပဲ”

၁၈:၀၀ နာရီ၊၊

ဝူးးးး

ဝူးးးး

မြို့တော် အရှေ့ဘက်၊ စုံစမ်းစစ်ဆေးရေးတပ်ရင်း ဌာနချုပ်။

အနီရောင် သတိပေးဥဩသံများ မြည်ဟည်းလာသည်။ စစ်တပ်ယူနစ်များ၊ ကျည်ကာထရပ်ကားများ၊ မီကာတပ်ရင်းများသည် စတင်လှုပ်ရှားလာသည်၊၊ ကျိုးယု၊ ဟီကျန်း၊ ဝမ်ကျိုးနှင့် အခြားသူများသည် အခြေစိုက်စခန်းကို ဖြတ်၍ လျင်မြန်စွာ လျှောက်လှမ်းနေကြသည်။ သူတို့၏ မျက်နှာများသည် ပြင်းထန်သော ဆုံးဖြတ်ချက်ဖြင့် မှောင်မိုက်နေသည်။

“မြို့တစ်ခုလုံးကို အရေးပေါ်ထုတ်ပြန်လိုက်— တိုက်ပွဲကြီးအတွက် ပြင်ဆင်ကြ”

“လေကြောင်းတပ်ဖွဲ့တွေကို ညမရောက်ခင် လေထဲ ပို့ထား—စီလန်မြို့အပေါ်မှာ နေရာယူထားဖို့ ပြောလိုက်”

“ဟီကျန်း… ပြင်းထန်တဲ့ ဖိအားက မြောက်ဘက်နဲ့ အရှေ့ဘက်ဧရိယာတွေမှာ ရှိလိမ့်မယ်။ မင်းနဲ့ ငါက တစ်ခုစီထိန်းထားမယ်”

“ရပြီ” ဟီကျန်းက ခေါင်းညိတ်သည်။

Chapter 431

ကောင်းကင်ပေါ်မှာ ၅

“ကျွန်တော် မြောက်ဘက်ကို ယူမယ်။ လေကြောင်းကင်းလှည့်တပ်ဖွဲ့တွေ အားလုံးမှာ အမှတ်သားတွေရှိတယ်။ ဝူချန်ရဲ့ အဖွဲ့က မြောက်ဘက်တောင်စောင်းမှာ ဆင်းသက်ဖို့ စေတနာ့ဝန်ထမ်း လုပ်ခဲ့တယ်—အဲ့ဒါက ပစ်အားထောက်ပံ့မှုအတွက် အကောင်းဆုံး နေရာပဲ”

ကျိုးယု မျက်မှောင်ကြုတ်သွားသည်။ ၎င်းသည် လက်တွေ့အားဖြင့် အသေခံမစ်ရှင်ဖြစ်ကြောင်း သူ သိပေသည်။

“နောက်ထပ် မစ်ဆိုင်းဒုံးကျည်တုံ့ပြန်ရေးအဖွဲ့ နှစ်ဖွဲ့ကို မြောက်ဘက်ကို ပို့လိုက်… အမြောက်တပ်ရင်းကို မချွေတာနဲ့တော့လို့ ပြောလိုက်—ဝူချန်ရဲ့အဖွဲ့ ရှင်သန်ဖို့ ငါတို့ တတ်နိုင်သမျှ လုပ်ရမယ်”

“နားလည်ပါပြီ” ဟီကျန်းက အေးစက်ခိုင်မာသော အသံဖြင့် ပြောသည်။

“ဝမ်ကျိုး… ညလမ်းလျှောက်သူအဖွဲ့အစည်းတစ်ခုလုံးနဲ့ သယ်ယူပို့ဆောင်ရေးယူနစ်ကို မြို့ရဲ့ အထောက်အကူပြုနေရာအားလုံးမှာ အသင့်အနေအထားမှာ ရှိနေပါစေ… ညရောက်ပြီးရင် အတွင်းပိုင်းမှာ မမျှော်လင့်တဲ့ ကိစ္စတွေ ပေါ်လာရင် သူတို့ကို အရင် ရှင်းပစ်ရမယ်”

“ဖီးနစ်ယာဉ်တန်းနဲ့ ညှိနှိုင်းပါ။ ဧရိယာရှင်းလင်းရေးကို သူတို့ ကိုင်တွယ်ခိုင်းလိုက်… ပြန့်ကျဲနေတဲ့ ထိတ်လန့်မှုကနေ အတွင်းပိုင်းသန္ဓေပြောင်းခြင်းတွေ ဖြစ်လာမှာကို ငါတို့ တားဆီးရမယ်”

သူတို့ လျှောက်နေရင်း ကျိုးယုသည် ဝမ်ကျိုးကို အလေးအနက် ပြောလိုက်သည်။

“မြို့ထဲမှာ စွမ်းအားရှင်တွေနဲ့ မျိုးရိုးဗီဇပြောင်းလဲသူတွေ အလွန်များနေတယ်။ အတွင်းပိုင်း ပေါက်ကွဲမှု ဖြစ်ရင် ထိခိုက်ပျက်စီးမှုက ဆိုးရွားလိမ့်မယ်။ မင်းနဲ့ ယာဉ်တန်းကိုယ်စားလှယ်တွေက ပူးပေါင်းကာကွယ်ရေးကို တာဝန်ယူရမယ်”

“နားလည်ပါပြီ” ပြောပြီးနောက် ဝမ်ကျိုးသည် လှည့်၍ လေထဲသို့ ပျံတက်သွားသည်။

ထိုအတောအတွင်း ကျိုးယုနှင့် ဟီကျန်းတို့သည် ကင်းလှည့်လေယာဉ်ငယ်နှစ်စီးပေါ် တက်ကာ အမှောင်တိုက်ဖျက်ရေး ရှေ့တန်းသို့ ပျံသန်းသွားကြသည်။

သံမဏိမြို့ရိုးများ၏ အပေါ်ဆုံးတွင် Great Wall-50 သံလိုက်အမြောက် မျှော်စင်များသည် အသင့်အနေအထားတွင် ရှိနေသည်။ ပေါင်းစပ်ထားသော သံမဏိလွှာ ကာကွယ်ရေးစနစ်—လေယာဉ်ပစ် ဒုံးကျည်များ၊ လျှပ်စစ်သံလိုက် အမြောက်များနှင့် CIWS မျှော်စင်များ—အားလုံး စွမ်းအင်အကုန် ဖွင့်ထားသည်။ ဖီးနစ်တောင်တန်း၏ တစ်ဝက်အလယ်တွင်ရှိသော ရေဒါမျှော်စင်သည် ယခုအခါ တိုက်ပွဲဝင်အနေထားဖြင့် အပြည့်အဝလည်ပတ်နေသည်။

ဗူးးးး

မြောက်ဘက် လေဆိပ်တွင် ကွင်းပြင်တစ်ခုလုံး အချက်ပြမီးများဖြင့် တောက်ပနေသည်။ ဒရက်နော့အမျိုးအစား လေကြောင်းသယ်ယူပို့ဆောင်ရေးယာဥ်သည် တန်ပေါင်းထောင်ချီ အလေးချိန်ရှိပြီး ဆီးနှင်းများကို ဖြိုခွဲကာ နားကွဲမတတ် အသံဖြင့် ပျံတက်သွားသည်။ Warhawk-Class ချေမှုန်းရေးလေသ‌ေင်္ဘာများ၊ Lighting-2 တိုက်လေယာဉ်များနှင့် H50 ဗုံးကြဲလေယာဉ်များ အားလုံး ပုံစံဖွဲ့စည်းနေကြသည်။

ကလန် ကလန်—

Irion Guard-3 တိုက်ခိုက်ရေးယူနစ်များ၊ Defender-2 များ၊ Defender-3 အပေါ့စားစက်ရုပ်များ၊ T8-Z Vulcan များနှင့် ဖျက်ဆီးသူအဆင့် လက်နက်ကြီးစက်ရုပ်များ အပါအဝင် မော်ဒယ်အားလုံး၏ စစ်ဘက်ဆိုင်ရာ မီကာများကို ရှေ့တန်းနေရာများသို့ သယ်ယူပို့ဆောင်နေသည်။ စုံစမ်းစစ်ဆေးရေးတပ်ရင်း (၇) မှ စစ်သားပေါင်း ၁၂,၀၀၀ ကျော်သည် ယခုအခါ အပြည့်အဝ ဖြန့်ကျက်ထားသည်။

မြို့တော်အတွင်း၌ ယာဉ်တန်း တစ်ထောင်ကျော်သည် ဖီးနစ်၏ အနီရောင်သတိပေးချက်အောက်တွင် အသင့်အနေအထားဖြင့် ရှိနေကြသည်။ ယခင်က မြေအောက်တွင် နေရာချထားသော မိုနီကာ၏ ဘုရင်မ မိုနီကာ ရထားသည်ပင် ပွင့်လင်းသော ကုန်တင်ရထားလမ်းများသို့ ရွှေ့လာခဲ့ပြီး လက်နက်စနစ်အားလုံး စွမ်းအင်ဖွင့်ထားသည်။ မိုနီကာသည် ရထားတွဲ ၁ တွင် မှောင်မည်းသော မျက်နှာဖြင့် ထိုင်လျက် ရေဒါမျက်နှာပြင်ကို စိုက်ကြည့်နေပြီး ဆက်သွယ်ရေးကိရိယာများမှတစ်ဆင့် ချီလီနှင့် ညှိနှိုင်းနေသည်။

မြောက်ပိုင်း ခရီးသည်တင် ပလက်ဖောင်းတွင် ရထားဒါဇင်ပေါင်းများစွာသည် ရထားလမ်းများပေါ်တွင် ကာကွယ်ရေး နယ်နိမိတ်တစ်ခု ဖွဲ့စည်းထားပြီးဖြစ်သည်။ ခေါင်မိုးများတွင် စက်သေနတ်များ၊ AA မျှော်စင်များနှင့် လက်နက်ကြီးမျှော်စင်များ ထူထပ်စွာ စီတန်းနေပြီး အားလုံး ကျည်အပြည့်ဖြည့်ထားကြသည်၊၊

အဆင့် ၅ အမှတ်သားသတင်း ပျံ့နှံ့သွားသည်နှင့် အနန္တရထားနှင့် နဂါးတောင် ၁ တို့၏ အဖွဲ့ဝင်များအားလုံး တင်းမာသွားကြသည်။

“မိနစ် နှစ်ဆယ် ကျန်သေးတယ်”

ကုန်တင်စခန်းတွင် လင်းရှန်သည် ယာယီပြုပြင်ရေးတဲကို သိမ်းလိုက်ပြီးနောက် နဂါးတောင် ၁ နှင့် အနန္တရထားကြားတွင် ရပ်ထားသော မဟာလင်းယုန်ယာဉ်တန်း၏ ယာဉ်များသို့ ဆက်သွယ်ရေးလိုင်းတစ်ခု ဖွင့်လိုက်သည်။

“မြို့ထဲမှာ ငါတို့ ရွှေ့လို့ မရဘူး။ ငါတို့ နေရာကိုပဲ ထိန်းထားမယ်။ ငါတို့ရဲ့ ဦးစားပေးက အနောက်ပိုင်းနဲ့ ဖီးနစ်တောင်တန်းပဲ။ လေထုထဲက မွန်းစတားတွေ ဖြစ်နိုင်ခြေ မြင့်မားတယ်—လေယာဉ်ပစ် ကာကွယ်ရေးစနစ်တွေအပေါ် အာရုံစိုက်ကြပါ”

“ကောင်းပါပြီ ကပ္ပတိန်လင်း”

မဟာလင်းယုန်၊ နေမင်း၊ အဝေးပြေးနှင့် Northwind မဟာမိတ်ယာဉ်တန်းများ—စုစုပေါင်း ယာဉ်အစီးရေ ၁၅၀ ကျော်… အများစုမှာ ကြီးမားသော ယာဉ်များဖြစ်သည်၊၊ ၎င်းတို့သည့် ထောင့်မှန်စတုဂံပုံ ရထားကဲ့သို့သော ကာကွယ်ရေး ပုံသဏ္ဌာန်အဖြစ် ဖွဲ့စည်းထားသည်။ ကြီးမားသောယာဉ်များကို ပတ်ပတ်လည်တွင် နေရာချထားပြီး ပိုသေးသည့် ယာဉ်များကို ကာကွယ်ပေးထားကာ လင်းရှန်၏ ယန္တရားစွမ်းရည်ဖြင့် လေယာဉ်ပစ်စနစ်အားလုံးကို တပ်ဆင်ကာ ချိန်ညှိခဲ့သည်။

သူတို့ မမျှော်လင့်ထားသည်က... အသစ်ရရှိထားသော လက်နက်များနှင့် ကျည်ဆန်များသည် တစ်နာရီမပြည့်မီ အသုံးပြုရတော့မည် ဖြစ်သည်။

“ညီလေးလင်း... အဆင့် ၅ အမှတ်သားက တကယ်ပဲ အဲ့ဒီလောက် အန္တရာယ်များလား”

ရှီတိယွမ်၏ အသံသည် ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် ထွက်ပေါ်လာသည်။ နဂါးတောင် ၁ တစ်ခုလုံး တိုက်ပွဲဝင်အနေထားဖြင့် အသင့်ဖြစ်နေကြသည်။

“ကျုပ်တို့ မြို့ထဲ မဝင်ခင်က ရင်ဆိုင်ခဲ့ရတဲ့ တိုက်ခိုက်မှုထက် ပိုဆိုးနိုင်တယ်” လင်းရှန်က ချက်ချင်း ပြန်ဖြေသည်။

“ခဗျားတို့ ယူပေအာကာသဆိပ်ကမ်းက လာခဲ့ကြတယ် မဟုတ်လား— အခုလည်း အဲ့အတိုင်းပဲ”

ရှီတိယွမ်၏ မျက်နှာ မှောင်မိုက်သွားသည်။

“လခွီး... ငါတို့ နားရတာ နှစ်ရက်ပဲ ရှိသေးတယ်လေကွာ”

အခြေအနေ မည်မျှ ပြင်းထန်သည်ကို သိသွားသဖြင့် ရှီတိယွမ်သည် နန်ကျင်းနှင့် လုယောင်တို့ကို အစားအစာများ ဖြန့်ဝေရန် အမိန့်ပေးနေရင်း ကျိန်ဆဲလိုက်သည်။ ဤအမှောင်ညသည် ၁၉ နာရီနီးပါး ကြာမြင့်မည်ဟု မျှော်လင့်ရပြီး လူအများအပြား ပါဝင်နေသောကြောင့် တိုက်ပွဲအလယ်တွင် ပြိုလဲခြင်းကို ရှောင်ရှားရန် ထောက်ပံ့ရေးပစ္စည်းများကို ကြိုတင်စီမံခန့်ခွဲရမည်။

“တုံးဇီ၊ ဝမ်ကျုံး၊ ချွမ်းယွဲ့—မင်းတို့ အပူပေးစနစ်တွေကို မင်းတို့အသက်လိုပဲ သဘောထားပြီး စောင့်ကြည့်… အဲ့ဒါတွေ ပျက်သွားရင် ငါတို့ အားလုံး သေပြီ”

“ယုလျန်ရှင်း၊ ကျူးအန်းရန်၊ မင်မင်—မင်းတို့နဲ့ ရှောင်ချင်းက ခေါင်မိုးမျှော်စင်တွေပေါ်က ခြိမ်းခြောက်မှုမှန်သမျှကို ရှင်းပစ်… အားဖေး… မင်း အရုပ်ကြီးတွေပေါ်မှာ နေလိုက်…ကြားလား ”

မဟာမိတ်ယာဉ်တန်းများဘက်တွင် နေမင်းယာဥ်တန်းသည် ဗို့အားမြင့် အိုင်းယွန်းအကာကွယ်နံရံကို စတင် အသုံးပြုနေပြီဖြစ်သည်။ အာမင်နှင့် လိုလိုတို့သည် ၎င်းတို့၏ ဝတ်စုံများဖြင့် အသင့်အနေအထားတွင် ရှိနေသည်။ ယာဉ်တန်းတိုင်း သတိအပြည့်ရှိနေကြသည်၊၊

လင်းရှန်သည် သူ၏ သွေးနီရောင်ဖီးနစ်တံဆိပ်မှတစ်ဆင့် ယာဉ်တန်းခေါင်းဆောင်များနှင့် ဆက်သွယ်နေပြီး ဟီကျန်းနှင့် ကျိုးယုတို့ထံမှ ထောက်လှမ်းရေးသတင်းများကို လက်ခံရရှိနေသည်။

သူသည် အဆင့် ၅ အမှတ်သား အချက်အလက်အားလုံးကို ပုံဖော်နိုင်ရန် ဖီးနစ်ထံ ပေးပို့ခဲ့သည်။

တစ်ချိန်တည်းမှာပင် သူသည် တင်းကျန်းရီကို ဆက်သွယ်ရန် ကြိုးစားနေခဲ့သည်။ သို့သော် မြို့တော်၏ ရှေ့တန်းအမျိုးမျိုးက ဆက်သွယ်ရေးလှိုင်းများကို ပိတ်ဆို့ထားသောကြောင့် သူမ၏ အသံ မထွက်ပေါ်လာမီ အချိန်ယူခဲ့ရသည်။

“လင်းရှန်”

“တိုက်ခိုက်မှုဖြစ်လာရင် အမှတ်သားရှိတဲ့ လူတွေကိုပဲ ပစ်မှတ်ထားမှာ မဟုတ်ဘူး—မင်းတို့ ဓာတ်ခွဲခန်းတွေလည်း အတိုက်ခံရနိုင်တယ်” ချိတ်ဆက်မှု တည်ငြိမ်သည်နှင့် လင်းရှန်က သတိပေးလိုက်သည်။

“ကျွန်မ နားလည်ပါတယ်… စုံစမ်းစစ်ဆေးရေးတပ်ရင်းက ကျွန်မတို့ကို ပြောင်းရွှေ့ဖို့ ကူညီနေပါပြီ။ ဓာတ်ခွဲခန်းအားလုံး အခု ရွေ့လျားယာဥ်တွေထဲမှာ ရှိတယ်”

“ကောင်းပြီ”

“လင်းရှန်…. ရှင် ဒရာကာမာရေခဲချိုင့်ဝှမ်းကနေ ရွှေ့ပြောင်းတုန်းက အဲ့ဒီအနက်ရောင် ပိုးကောင်ရဲ့ အလောင်းနဲ့ ထိတွေ့ဖူးလား”

“မရှိခဲ့ဘူး။ ဒါပေမဲ့ ကီကီတော့ ထိဖူးတယ်… ဘာလို့လဲ”

“ဒါဆို အမှောင်အမှတ်သားက ပိုးကောင်ရဲ့ အကြွင်းအကျန်တွေကနေ စတင်ခဲ့တာ မဟုတ်ဘူး။ အစောပိုင်း မိနစ်သုံးဆယ်တုန်းက မြေပြင်ပြန်လည်ရယူရေးအဖွဲ့ ပြန်လာတယ်။ ကျွန်မတို့ သွေးကပ်ဘေးပန်းနဲ့ စမ်းသပ်ခဲ့တယ်… အမှတ်သား မတွေ့ရဘူး”

“...မင်း ဘာကို ဆိုလိုတာလဲ”

တင်းကျန်းရီ၏ အသံသည် အေးဆေးတည်ငြိမ်လွန်းသဖြင့် စိတ်မသက်မသာ ဖြစ်စေလေသည်-

“ကျွန်မ ထင်တာတော့ အဆင့် ၅ အမှတ်သား လာတဲ့နေရာက...”

“ကောင်းကင်ပေါ်မှာ”

All Chapters