အခန်း (၄၂၄+၄၂၅)
Vol. 28 Ch. 424+425
Chapter 424
အရုဏ်မတက်မီ တိုက်ခိုက်ခြင်း ၄
“ဒါရိုက်တာကျိုး၊ တပ်မှူးဟီ—ဒီနေရာမှာ ဘာတွေ ဖြစ်ပျက်ခဲ့လဲဆိုတာ ကျုပ်တို့ သိလို့ ရမလား”
လင်းရှန်၏ အကြည့်က တင်းကျန်းရီ၏ လက်ထဲရှိ သွေးကပ်ဘေးပန်းသို့ ရောက်သွားပြီး အနည်းငယ် စိတ်သက်သာရာရသွားသလို ခံစားလိုက်ရသည်။
“ပိုးကောင်တစ်ကောင်က သုတေသနအဆောက်အအုံကို တိုက်ခိုက်ခဲ့တယ်… ထွက်ပြေးမသွားခင် အများကြီးတော့ မတိုက်ခိုက်ခဲ့ဘူး။ သူ့ရဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မသိရသေးဘူး”
ဟီကျန်းက ပြန်ဖြေသည်၊၊
“ဒီအနံ့—ဒါ အဲ့အကောင်ပဲ”
ရှီတိယွမ်နှင့်အတူ ရောက်လာသော အားဖေးက ရုတ်တရက် ပြောလိုက်သည်။ သူ့အသံက တိုးသော်လည်း လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်သည်။
“သူက ထူးဆန်းသတ္တဝါတွေကို အာရုံခံနိုင်တာလား။ အမှောင်ကြည့်စွမ်းရည်လား”
ညလမ်းလျှောက်သူအဖွဲ့ခွဲဖြစ်သော စတားဖိုင်းယားအဖွဲ့၏ ခေါင်းဆောင် ဝမ်ကျိုးက မျက်မှောင်ကြုတ်လိုက်သည်။ ဖီးနစ်၏ အချက်အလက်များအရ အားဖေးတွင် သန္ဓေပြောင်း မျက်လုံး-လေဆာ အမျိုးအစား စွမ်းရည်ရှိသည်ကို သူ သိသော်လည်း ဤကဲ့သို့ အာရုံခံနိုင်စွမ်းကို မမျှော်လင့်ထားခဲ့ပေ။
“ဟုတ်တယ်..သူက ထူးဆန်းသတ္တဝါတွေရဲ့ တည်ရှိမှုကို အာရုံခံနိုင်တယ်—လူတွေပေါ်မှာ ရှိနေတဲ့ အရာတွေပေါ့” ရှီတိယွမ်က ချဉ်းကပ်လာပြီး အားလုံးနှင့် လက်ဆွဲနှုတ်ဆက်ကာ အချက်အလက်ကို တိုက်ရိုက်ရှင်းပြသည်။
“ဆူညံသံကို ကျုပ်တို့ ကြားခဲ့ရတယ်။ ကျုပ်တို့ကို ပြောပါ—ဖီးနစ်က ဘာတွေလိုအပ်နေလဲ”
“နဂါးတောင် ၁ ရှီတိယွမ်…. ကြက်သွေးရောင်ဖီးနစ်တံဆိပ် ပိုင်ရှင်”
ဝမ်ကျိုးက သူ့ကို ကျိုးယုနှင့် မိတ်ဆက်ပေးလိုက်သည်။
“ဂျိုကာ ယာဉ်တန်း… ချီလီ”
ကျိုးယုက ခေါင်းညိတ်လိုက်ပြီးနောက် ကျန်သူများကို ညွှန်ပြကာ မိတ်ဆက်ပေးရင်း
“ဒါက Arctic Wind မဟာမိတ်က ကပ္ပတိန်ဟန်ကျွမ့်၊ ဒုကပ္ပတိန်လေစိမ်း၊ စကြဝဠာယာဉ်တန်းက ကပ္ပတိန်ချင်ရွှမ်မင်၊ သူ့လက်ထောက် အားလောင်… စစ်သည်တော်ယာဉ်တန်းက ကပ္ပတိန်ကျန်းထျန်ဖန်း… အလင်းမဟာမိတ်က ကပ္ပတိန်ချန်ရှောင်တို့ပဲ… သူတို့ နည်းနည်းစောပြီး ရောက်လာတယ်။ ရင်းနှီးအောင် လုပ်ထားကြ—ရွှေ့ပြောင်းမှု တစ်ခု လုပ်ရတော့မှာဖြစ်ပြီး ခင်ဗျားတို့ရဲ့ အကူအညီ လိုအပ်လိမ့်မယ်”
“တွေ့ရတာ ဝမ်းသာပါတယ်”
ဟန်ကျွမ့်က လင်းရှန်ကို စူးစိုက်ကြည့်ပြီးနောက် ရှေ့သို့ တက်လာကာ လက်ဆွဲနှုတ်ဆက်သည်။ လင်းရှန်ကလည်း ပြန်နှုတ်ဆက်လိုက်သည်။
၎င်းတို့အားလုံးသည် ဖီးနစ်တံဆိပ် ပိုင်ရှင်များဖြစ်သည်—ဆိုလိုသည်မှာ ၎င်းတို့၏ ယာဉ်တန်းများသည် စီလန်မြို့ရှိ အသန်မာဆုံးများထဲမှ တစ်ခုဖြစ်ပြီး ဖီးနစ်က အသိအမှတ်ပြုထားသည်။ အကျပ်အတည်းကာလတွင် ၎င်းတို့သည် ရန်သူများကို တိုက်ထုတ်ရာတွင် မဟာမိတ်များဖြစ်ကြသည်။
“အများကြီး ပြောနေစရာမလိုတော့ဘူး” ကျိုးယုသည် ကြီးမားသောတွင်းနက်ကို လက်ညှိုးထိုးပြသည်။
“A-Class ထူးဆန်းသတ္တဝါက မြို့တွင်းကို တိုက်ခိုက်ခဲ့တယ်။ ခေါင်းဆောင်ယုက ဒါဟာ ဒရာကာမာ ရေခဲတောင်ကြားမှာ ခင်ဗျားတို့ ရင်ဆိုင်ခဲ့ရတဲ့ အကောင်ပဲလို့ ပြောတယ်”
“ဟုတ်တယ်” ဖုန်မှုန့်များ ဖုံးနေဆဲဖြစ်သည့် ယုဟန်က သူ့ကိုယ်သူ သန့်ရှင်းဖို့တောင် စိတ်မဝင်စားနိုင်သေးပေ၊၊
“လင်းရှန်နဲ့ အားဖေးတို့ သူ့ကို တိုက်ခိုက်ခဲ့တဲ့ ဒဏ်ရာတွေကို ကျုပ် မြင်ခဲ့ရတယ်—ဒါ သေချာပေါက် တစ်ကောင်တည်းပဲ”
သူလက်သီးဆုပ်ထားသည်၊၊ တုန်ယင်နေသော လက်သီးများက သူ မည်မျှ တုန်လှုပ်နေသည်ကို ရှင်းရှင်းလင်းလင်း ပြသနေသည်။
“A-Class တစ်ကောင်က သုတေသနဓါတ်ခွဲခန်းကို ဝင်တိုက်ဖို့ ကီလိုမီတာရာနဲ့ချီ လိုက်လာတာလား” လေစိမ်း၏ ဘယ်ဘက်ယန္တရားမျက်လုံးသည် ပျက်စီးနေသော အဆောက်အအုံကို စကင်ဖတ်ရင်း မှိန်ဖျော့စွာ လင်းလာသည်။
“ဒါက ဘာကို ဆိုလိုတာလဲ”
“သူ ထွက်ပြေးသွားတာလား” သူ့ဘေးတွင် လက်ထောက်နှစ်ဦး ခြံရံထားသော ကျန်သူများထက် ပိုငယ်ပုံရသည့် စစ်သည်တော်ယာဉ်တန်းမှ ကျန်းထျန်းဖန်က မေးသည်။
“ထိခိုက်မှုက ဘယ်လောက်များလဲ” အလင်းမဟာမိတ်မှ ချန်ရှောင်က မေးလိုက်သည်။
ဟန်ကျွမ့်၏ အကြည့်က လင်းရှန်၊ ရှီတိယွမ်နှင့် အခြားသူများဆီသို့ လှည့်သွားပြီးနောက် ကျိုးယုဆီသို့ ကျရောက်သွားသည်။
“ဖီးနစ်ရဲ့ သုတေသနအဖွဲ့က ပရောဂျက်တစ်ခုကို အရှိန်မြှင့်နေတယ်လို့ ကျုပ်တို့ ကြားတယ်။ အမှောင်သတ္တဝါတွေရဲ့ အပြုအမူပုံစံတွေနဲ့ ပတ်သက်တဲ့ တစ်ခုခုပေါ့။ ဒါ အမှန်ပဲလား”
ကျိုးယုက ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်။ ကျုပ်တို့ သုတေသနအဖွဲ့က အမှောင်အမှတ်သားလို့ ခေါ်တဲ့ ထူးခြားတဲ့ တိုက်ခိုက်မှုပုံစံကို လေ့လာနေတာပဲ။ အခြေခံအားဖြင့် ထူးဆန်းသတ္တဝါတွေက ကျုပ်တို့ မထောက်လှမ်းနိုင်တဲ့ အမှတ်သားတစ်ခုနဲ့ အသက်ရှင်ကျန်ရစ်သူတွေကို မှတ်သားပြီး သူတို့ကို လိုက်ရှာဖို့ အသုံးပြုတာလို့ ယူဆတယ်။ ဒီအမှတ်သားတွေက စုပုံနိုင်တယ်—ဒါကြောင့် တစ်ယောက်ယောက်က ပိုကြာကြာ ထွက်ပြေးလေ… သူတို့က ပိုများများ တိုက်ခိုက်ခံရလေပဲ။ ဒါက အမှောင်ထဲမှာ မီးပုံလုပ်လိုက်တာနဲ့တူတယ်—ဒါက မွန်းစတားတွေကို ဆွဲဆောင်တယ်”
သူသည် သူ့နောက်မှ သိပ္ပံပညာရှင်အဖွဲ့ကို လှည့်ကြည့်လိုက်သည်။
“ဒါက အကြမ်းဖျင်း သဘောတရားပဲ။ အဘိုးကြီးကောင်းက ဒဏ်ရာရသွားတယ်လို့ ငါ သတင်းရခဲ့တယ်။ ဝေ့ကီရှု… မင်း ရှင်းပြလိုက်”
ဝေ့ကီရှုသည် သူ၏ မျက်မှန်ကို ပြင်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောသည်။
“အရင် အချက်အလက်တွေအပေါ် အခြေခံပြီး ကျွန်တော်တို့ရဲ့ လက်ရှိ ပစ္စည်းတွေနဲ့ အဖွဲ့ကို အသုံးပြုပြီး ရလဒ်တွေကို ပြောင်းပြန် တွက်ချက်နိုင်ရမှာပါ။ ဒါပေမဲ့ ထူးဆန်းတဲ့ အပိုင်းကတော့—ကျွန်တော်တို့ အမှတ်သားတစ်ခုမှ မတွေ့ခဲ့ရဘူး။ သွေးကပ်ဘေးပန်းကို အသုံးပြုပြီး နမူနာတွေကို စမ်းသပ်မှုတွေ လုပ်ခဲ့ပေမယ့်... ဘာမှ မရှိဘူး”
ထိုစကားကို ကြားသောအခါ လင်းရှန်နှင့် ကီကီတို့၏ မျက်နှာအမူယာပြောင်းလဲသွားသည်။ လင်းရှန်က မြို့ထဲသို့ သူတို့ ဝင်ရောက်လာခြင်းက တိုက်ပွဲနှင့် သူ၏ ဆွဲငင်အားမှန်ဘီလူးဖြင့် သူတို့၏ အမှတ်သားများကို ရှင်းလင်းသွားပြီဟု ယူဆခဲ့ပြီး၊ အတွင်းထဲမှ အခြားသူများသည် အမှတ်သားများ ရှိနေသေးသည်—ပတ်ပတ်လည်ရှိ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ (၇) ၏ တိုက်ခိုက်မှုကြောင့်သာ လုံခြုံနေခဲ့သည်ဟု ယူဆခဲ့သည်။
ဒါပေမဲ့ အခုက… မြို့ထဲမှာ အမှတ်သားတစ်ခုမှ မရှိဘူးလား။
နေရာအနှံ့အပြားက အသက်ရှင်ကျန်ရစ်သူ ထောင်ပေါင်းများစွာနဲ့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ဝေ့ကီရှုနှင့် ယုဟန်တို့သည် ဆက်မပြောမီ မသေချာသော အကြည့်များကို ဖလှယ်လိုက်ကြသည်။ “ဒါက မယုံနိုင်လောက်အောင် ထူးခြားနေတယ်။ ပါမောက္ခကောင်း၊ ခေါင်းဆောင်ယု၊ ပါမောက္ခတင်းနဲ့ ကျွန်တော်တို့ တစ်ဦးချင်းစီက မတူညီတဲ့ နည်းလမ်းတွေနဲ့ ဇီဝဗေဒဆိုင်ရာ လှုံ့ဆော်မှုတွေကို အသုံးပြုပြီး စမ်းသပ်မှုတွေ လုပ်ခဲ့တယ်။ ဒါပေမဲ့ ရလဒ်တွေက...”
“စမ်းသပ်မှုက မှားယွင်းနေတာလား။ ဒါမှမဟုတ် အစကတည်းက အယူအဆက မှားနေတာလား” စကြာဝဠာယာဉ်တန်းမှ တုံးတိတိပြောတတ်သော ချင်ရွှမ်မင်က လက်ပိုက်ပြီး ရပ်နေရာမှ ဖြတ်ပြောလိုက်သည်။
“မဟုတ်ဘူး”
ဝေ့ကီရှုနှင့် ယုဟန်တို့ နှစ်ဦးစလုံးက တစ်ပြိုင်နက်တည်း တုံ့ပြန်လိုက်သည်။
ဝေ့ကီရှုက တင်းကျန်းရီကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခိုင်မာစွာဖြင့် ပြောသည်။
“ပါမောက္ခတင်းရဲ့ သုတေသနကို ကျွန်တော်တို့ သေချာ ပြန်လည်သုံးသပ်ခဲ့ပြီးပြီ—ခန့်မှန်းချက်တွေနဲ့ လေ့လာတွေ့ရှိချက်တွေအားလုံး လိုက်လျောညီထွေ ဖြစ်နေတယ်။ သူတို့က ကိုယ့်ကိုယ်ကို စမ်းသပ်ခံအဖြစ်တောင် အသုံးပြုပြီး မတူညီတဲ့ ထူးဆန်းသတ္တဝါတွေရဲ့ တိုက်ခိုက်မှုတွေကို ခံနိုင်ရည်ရှိအောင် လုပ်ခဲ့တယ်။ တွက်ချက်မှုတွေက မယုံနိုင်လောက်အောင် တိကျပါတယ်—မှားယွင်းဖို့ အခွင့်အရေး မရှိပါဘူး”
ထို့နောက် ကျန်းထျန်းဖန်က မေးလိုက်သည်။ “သွေးကပ်ဘေးပန်းကို ထောက်လှမ်းဖို့ သုံးတာလား… အဲ့ဒါကို တကယ်ပဲ ယုံကြည်လို့ရလား”
“ကျုပ်တို့ ယာဉ်တန်းက ထွက်ပြေးလာတဲ့ ခရီးစဉ်တစ်လျှောက်လုံးမှာ တိုက်ခိုက်မှုအဆင့်တွေကို အဲ့ဒီလိုပဲ ရှာဖွေတွေ့ရှိခဲ့တာပဲ” လင်းရှန်က အသံမြှင့်ကာ တုံ့ပြန်လိုက်သည်။
“ဒါကြောင့် ဟုတ်တယ်—ကျုပ်တို့က ဒါကို ယုံကြည်ပါတယ်”
“ကောင်းပြီလေ” ကျန်းထျန်းဖန်က ခေါင်းညိတ်လိုက်သည်။
“ဒါပေမဲ့ သွေးကပ်ဘေးပန်းက အမှတ်သားမတွေ့ဘူးဆိုရင်—ဘာလို့ A-Class သတ္တဝါက ဒီနေရာကို တိုက်ခိုက်တာလဲ”
“အမှတ်သားက အမျိုးအစား တစ်ခုထက်မက ရှိနေတာ ဖြစ်နိုင်တယ်။ ဒါတောင်မှ မြို့ထဲမှာ အရင်က ဖြစ်ခဲ့တဲ့ ရှင်းပြလို့မရတဲ့ တိုက်ခိုက်မှုတွေ ရှိသေးတယ်” ချန်ရှောင်က ထပ်ပြောသည်။
သူ၏ ယာဉ်တန်းသည်လည်း ထူးဆန်းသည့် သတ္တဝါများ၏ တိုက်ခိုက်မှုများကို ရင်ဆိုင်ခဲ့ရပြီး လူအသေအပျောက်များ ရှိခဲ့သည်—ပူးပေါင်းကြိုးပမ်းအားထုတ်မှုဖြင့်သာ ပြန်တိုက်ထုတ်နိုင်ခဲ့သည်။
“ဟေး… ကျွန်မတို့က အကြောင်းရင်းကိုတောင် မဖော်ထုတ်နိုင်သေးဘူး—ဘယ်လိုလုပ် ရှင်က ဒါကို ရှင်းပြလို့ မရဘူးလို့ သေချာနေတာလဲ”
ကီကီက ပြန်ပြောသည်။
“မဟုတ်ဘူး၊ မဟုတ်ဘူး” ဝေ့ကီရှုက ချက်ချင်း ဝင်ရှင်းပြသည်။
“ထူးဆန်းတဲ့ သတ္တဝါတစ်ကောင်ကို သတ်လိုက်တာက အမှတ်သားကို အားနည်းစေနိုင်တယ် ဒါမှမဟုတ် ဖယ်ရှားပစ်နိုင်တယ်။ အခု ပြဿနာကတော့...”
Chapter 425
အရုဏ်မတက်မီ တိုက်ခိုက်ခြင်း ၅
“ကျွန်မတို့ရဲ့ အရင် ရင်ဆိုင်တွေ့ဆုံမှုတွေ အားလုံးက ရှင်းလင်းတဲ့ အမှတ်သားအယူဆကို မှန်နေကြောင်း ပြသခဲ့တယ်။ နှင်းတစ္ဆေအုပ်ကြီးတွေ အပါဝင်ပေါ့… ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ မြို့ထဲကို ဝင်ရောက်ပြီးနောက်မှာ အမှတ်သားတွေ အားလုံး ပျောက်ကွယ်သွားတယ်။ ဒါက အရမ်းထူးခြားတဲ့ အခြေအနေပဲ… ကျွန်မတို့က နမူနာ အစုလိုက်အပြုံလိုက်ကို စမ်းသပ်မှုတွေ လုပ်ဖို့ လိုအပ်တယ်—နောက်ဆုံး မြို့ပြင်မှာတောင် စမ်းသပ်မှုတွေ လုပ်ဖို့ စဉ်းစားရလိမ့်မယ်—မွန်းစတားတွေရဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက်ကို နားလည်နိုင်ဖို့ပါ”
တင်းကျန်းရီက ထပ်ပြောသည်။
ထိုသို့ဖြင့် ထိုအဖွဲ့သည် တင်းမာပြီး ရှုပ်ထွေးသော ငြင်းခုံမှုထဲသို့ ချက်ချင်း ရောက်ရှိသွားသည်။
လင်းရှန်သည် ခေါင်းထဲ မူးလာသလို ခံစားလိုက်ရသည်။ သူ လုံးဝ မောပန်းနွမ်းနယ်နေသည်၊၊ တစ်ညလုံး အလုပ်လုပ်ပြီး အနားယူတော့မည့် ဆဲဆဲမှာပဲ အန္တရာယ်အခြေနေက ရောက်လာသည်။ အခုတော့ ကြီးမားတဲ့ တွင်းနက်ဝရှေ့မှာ ရပ်နေပြီး ပုံပျက်ပန်းပျက် ဖြစ်နေတဲ့ ယုဟန်ကို ကြည့်နေရလေသည်၊၊ သူက တခြား သုတေသီအဖွဲ့ဝင်တွေရဲ့ အခြေအနေကိုတောင် မသိရဘူး။
ပြီးတော့ အဲ့ဒီမွန်းစတား ပေါ်လာတဲ့ ပုံစံက—အရမ်း ထူးဆန်းလွန်း၍ လင်းရှန်ကို လုံးဝ အင်အားမရှိသလို ခံစားရစေသည်။
ဘာလို့လဲ… အကြောင်းပြချက်က ဘာလဲ…
တင်းကျန်းရီရဲ့ သုတေသနမှာ တစ်ခုခုမှားနေတာလား… မဖြစ်နိုင်ပေ… သူမရဲ့ သီအိုရီသာမရှိရင် အနန္တရထားသည် စီလန်မြို့ကိုတောင် ရောက်လာမည် မဟုတ်ပေ။
ယခုအချိန်တွင် လင်းရှန်သည် ပဟေဠိဆန်သောမြူခိုးထဲမှာ ပိတ်မိနေသလို ခံစားရသည်။
သူ့ဘေးမှာ ချီလီက နက်ရှိုင်းစွာ မျက်မှောင်ကြုတ်နေသည့် လင်းရှန်ကို တိတ်တဆိတ် လှမ်းကြည့်လိုက်သည်။ လင်းရှန်က အမှောင်အမှတ်သား သီအိုရီကို ဒရာကာမာရေခဲချိုင့်ဝှမ်းမှာတုန်းက သူ့ကို ပြောပြခဲ့ဖူးသည်။ ထိုအရာကို အပြည့်အဝ သက်သေပြလို့ မရနိုင်ပေမယ့် လင်းရှန်ရဲ့ ရွှေ့ပြောင်းရေး ဗျူဟာနဲ့ ထူးဆန်းသည့် သတ္တဝါလှိုင်းကို တိုက်ထုတ်ဖို့ ရထားတွေရဲ့ ပေါင်းစပ်ညှိနှိုင်းမှုဟာ ဒီအယူအဆအပေါ်မှာ ရှင်းရှင်းလင်းလင်း အခြေခံထားသည်။ ထိုအချက်တွင်တော့ ချီလီက သူ့ကို ခိုင်မာစွာ ထောက်ခံလေသည်။
“ကျုပ်တို့က အခု တိုက်ခိုက်မှုအကြောင်း ပြောနေကြတာ မဟုတ်ဘူးလား”
ချီလီက လက်ရှိ ငြင်းခုံမှုကို ရုတ်တရက် ဖြတ်ပြောလိုက်သည်။ သူသည် ရှေ့ရှိ ကြီးမားသော တွင်းပေါက်ဝကို လက်ညှိုးထိုးပြသည်။
“မွန်းစတားကြီးတစ်ကောင်က ဓါတ်ခွဲခန်းကို တိုက်ခိုက်တာ—အကြောင်းရင်း တစ်ခုတော့ ရှိရမှာပေါ့၊ မဟုတ်ဘူးလား”
“ဒီနေရာမှာ ထူးဆန်းတဲ့ သတ္တဝါတွေ ရှိနေလို့များလား။ ခဗျားတို့က သုတေသနအတွက် အများကြီး အသုံးပြုနေတယ်လို့ ခုနက ပြောခဲ့တာ မဟုတ်ဘူးလား” စကြာဝဠာယာဉ်တန်းမှ ချင်ရွှမ်မင်က လက်နှစ်ဖက်ပိုက်လျက် ပြောသည်။
“မဖြစ်နိုင်ဘူး”
စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့၏ တပ်မှူး ဟီကျန်းက ရှေ့သို့ တက်လာသည်။
“ကျုပ်တို့ ဖမ်းထားတဲ့ အကောင်တွေမှ အများကြီးပဲ၊၊ လက်နက်သုတေသနဌာနမှာတင် လက်နက်နဲ့ ကာကွယ်ရေး ပစ္စည်းတွေ စမ်းသပ်ဖို့အတွက် အများကြီး အသုံးပြုတယ်။ သူတို့ကို ဒီနေရာမှာတင် မဟုတ်ဘဲ ဇုန်တွေခွဲပြီး သိုလှောင်ထားတယ်”
ထိုစကားကြောင့် နန်ကျင်းလည်း ဝင်ပြောလိုက်သည်၊၊ “ဒါဆို အကြောင်းရင်းက ဘာလဲ။ စက်မှုတက္ကသိုလ်က မြို့ရဲ့ အလယ်ဗဟိုမှာ ရှိတယ်။ မွန်းစတားတစ်ကောင်က စမ်းသပ်မှု အဆောက်အအုံကို ဒီလောက် တိတိကျကျကြီး တိုက်ခိုက်ဖို့ဆိုတာ... လုံးဝ တိုက်ဆိုင်မှုသက်သက် မဖြစ်နိုင်ဘူး”
“ကျွန်တော် ထင်တာကတော့—”
“တော်ပြီ”
ထိုဆွေးနွေးမှုကို ရုတ်တရက် ထက်ရှသောအသံတစ်ခုက ဖြတ်တောက်လိုက်သည်—ကျိုးယု… သူ၏ မျက်လုံးများသည် နန်ကျင်းကို စူးစိုက်ကြည့်နေသည်။
“မင်းပြောတာ လုံးဝ မှန်တယ်။ အဲ့ဒီလို မွန်းစတားတစ်ကောင်က ဓါတ်ခွဲခန်းကို ရမ်းသမ်းတိုက်ခိုက်စရာ အကြောင်းမရှိဘူး...”
ထို့နောက် သူ၏ အကြည့်က တင်းကျန်းရီ၊ ဝေ့ကီရှုနှင့် ဒဏ်ရာရထားသော ယုဟန်တို့ဆီသို့ ဝေ့ဝဲသွားပြီးနောက် အမိန့်တစ်ခုကို ထုတ်လိုက်သည်။
“ဟီကျန်း၊ ဝမ်ကျိုး”
“ကျုပ်တို့ရှိပါတယ်” သူတို့နှစ်ဦးစလုံး တုံ့ပြန်ကြသည်။
ဖုန်မှုန့်များ ဖုံးလွှမ်းနေသည့် သိပ္ပံပညာရှင်များကို ကြည့်ပြီး ကျိုးယန်က သူ့အမိန့်ကို မဆိုင်းမတွပဲ ပေးလိုက်သည်–
“သုတေသနအဖွဲ့ကို လုံခြုံတဲ့ ဇုန်တစ်ခုဆီ ချက်ချင်း ရွှေ့ပြောင်းပါ။ အစောင့်အရှောက်တွေ ထပ်တိုးခန့်ထားပြီး ညလမ်းလျှောက်သူတွေက ၂၄/၇ ကာကွယ်မှုပေးပါ။ ဟီကျန်း—ရှောင်ဟယ်ကို အစောင့်အရှောက် တာဝန်ပေးလိုက်ပါ။ သုတေသနအဖွဲ့က လိုအပ်တာ ဘာပဲရှိရှိ… မဖြစ်နိုင်တာ မရှိစေနဲ့၊၊ ကျုပ်တို့ရဲ့ ရန်သူတွေဆီက တုံ့ပြန်မှု ပိုအားကောင်းလေ… ကျုပ်တို့က မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်နေတယ်ဆိုတာ သိထားရမယ်…. တပ်ဖွဲ့တစ်ခုလုံးက သုတေသနအဖွဲ့ကို အပြည့်အဝ ထောက်ပံ့မှု ပေးရမယ်”
“ကောင်းပါပြီ ဆရာ”
ဟီကျန်းနှင့် ဝမ်ကျိုးတို့က ချက်ချင်း လိုက်နာခဲ့သည်၊၊
လင်းရှန်၏ မျက်လုံးများသည် ရှင်းလင်းသွားကာ တောက်ပလာသည်။ ကျိုးယု၏ စကားများသည် ကြွေကျနေသော အရွက်များကို ရှင်းလင်းပေးသည့် လေပြင်းတစ်ချက်ကဲ့သို့ ဖြစ်နေသည်—အရာအားလုံးသည် ရုတ်တရက် အဓိပ္ပာယ်ရှိလာသည်။
ကျိုးယုသည် ဟီကျန်းနှင့် ဝမ်ကျိုးကိုသာ ပြောနေခြင်း မဟုတ်ပေ။ သူသည် လင်းရှန်နှင့် ဟန်ကျွမ့်တို့ကဲ့သို့ အသက်ရှင်ကျန်ရစ်သူ ယာဉ်တန်းခေါင်းဆောင်များနှင့် သိပ္ပံပညာရှင်များကိုလည်း ပြောနေခြင်း ဖြစ်သည်။ သူသည် ရှင်းလင်းသော သတင်းစကားတစ်ခု ပေးပို့နေသည်– ဖီးနစ်သည် သုတေသနအဖွဲ့၏ ဆုံးဖြတ်ချက်ကို အပြည့်အဝ ယုံကြည်ပြီး ထောက်ခံပေသည်။
တစ်ချိန်တည်းမှာပင် သူ၏ အကဲဖြတ်မှုသည် ထက်မြက်ပြီး ပြတ်သားသည်။
မြို့တစ်ခုလုံးတွင် အမှတ်သားများ မတွေ့ရသောကြောင့် သီအိုရီသည် တရားမဝင်ဟု မဆိုလိုပေ။ သို့သော် ထူးဆန်းသည့် သတ္တဝါသည် ဓါတ်ခွဲခန်းကို ပစ်မှတ်ထားခဲ့သည်—ဘာကြောင့်လဲ။
ကျိုးယု၏ အမြင်တွင် မတော်တဆမှုများ မရှိပေ။ ဖြစ်နိုင်ခြေ နှစ်ခုသာ ရှိသည်–
* သုတေသနအဖွဲ့၏ လုပ်ငန်းသည် မတော်တဆ ထိုသတ္တဝါ၏ အာရုံကို ဖမ်းစားမိခဲ့ခြင်း။
* သူတို့၏ တွေ့ရှိချက်များသည် ထူးဆန်းသည့် သတ္တဝါများအတွက် စစ်မှန်သော ခြိမ်းခြောက်မှု ဖြစ်နေခြင်း။
မည်သို့ပင်ဖြစ်စေ… ၎င်းသည် သူတို့၏ သုတေသနသည် အလုပ်ဖြစ်နေကာ သူတို့ မှန်နေသည်ဟု ဆိုလိုနေသည်။
ကျိုးယု၏ အမိန့်များကို ကြားလိုက်ရသည့် အခြားသူများ၏ စိတ်ထဲတွင် မြူခိုးများ ရှင်းလင်းသွားသလို ခံစားလိုက်ရသည်။
သူ၏ အမိန့်များကို ထုတ်ပြန်ပြီးနောက် ကျိုးယုသည် ဝင်ရောက်လာသော အသက်ရှင်ကျန်ရစ်သူ ယာဉ်တန်းခေါင်းဆောင်များစွာဆီသို့ လှည့်လိုက်သည်။
“အခြေအနေက အရေးပေါ်နေပြီ။ တခြားအရာတွေကို ဆွေးနွေးနေဖို့ အချိန်မရှိဘူး။ သိပ္ပံပညာကို ကျွမ်းကျင်သူတွေဆီမှာ ထားလိုက်ပါ။ ကျုပ်တို့ လုပ်နိုင်တာက သုတေသနအဖွဲ့ကို ယုံကြည်ဖို့ပဲ… မြို့က မလုံခြုံတော့ဘူး… ကျုပ်က ခဗျားတို့ရဲ့ အကူအညီကို တခြားနေရာတွေမှာ လိုအပ်လိမ့်မယ်”
“ပြဿနာမရှိပါဘူး… ခဗျားက ဒီမြို့ရဲ့ ဗိုလ်ချုပ်ပဲ။ ကျုပ်တို့က ခဗျားရဲ့ ဦးဆောင်မှုကို လိုက်နာပါ့မယ်” ရှီတိယွမ်က သူ့ရင်ဘတ်ကို ပုတ်လိုက်ပြီး ပြောသည်။
“ခေါင်းဆောင်ကျိုး Arctic Wind မဟာမိတ်က ဖီးနစ်နဲ့ အတူရပ်တည်နေပါတယ်” ဟန်ကျွမ့်ကလည်း ပြောလိုက်သည်၊၊
ကျိုးယုက ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ နောက်ထပ် စကားများပြောရန် မလိုအပ်တော့ပေ။ သူ၏ အသံသည် တာဝန်များ ခွဲဝေပေးချိန်တွင် ပြင်းထန်လာသည်။
“အခုကစပြီး မြို့ကို အပြည့်ဝသတိအနေထားမှာ ရှိစေချင်တယ်၊၊ ဗဟိုလမ်းမမှာ စုဝေးနေတဲ့ ယာဉ်တန်းအားလုံးက ဖီးနစ်ရဲ့ ရွှေ့ပြောင်းရေး အစီအစဉ်ကို လိုက်နာပြီး ပိတ်ဆို့မှုတွေ မဖြစ်အောင် ဖြန့်ကျက်ရမယ်… ခင်ဗျားတို့ ယာဉ်တန်းခေါင်းဆောင်တွေက အရင်ဆုံးလှုပ်ရှားပေးကြပါ”
“ဒုတိယအချက်အနေနဲ့ ကျုပ်တို့ရဲ့ ပြင်ပ ကာကွယ်ရေးတွေအပေါ် ဖိအားတိုးလာတာကို ပြင်ဆင်ဖို့အတွက် စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ အားလုံးကို ရှေ့တန်းကို ပို့လိုက်ပြီ”
သူသည် နှင်းဖုံးနေသော လမ်းများပေါ်ရှိ စစ်သားများဆီသို့ တစ်ချက်ကြည့်လိုက်သည်။
“ဒီညလိုမျိုး တစ်ခုခုထပ်ဖြစ်ရင် ရှေ့တန်းကို လုံးဝ ပွင့်သွားစေနိုင်တယ်။ ဒါကြောင့် ခင်ဗျားတို့က မြို့တွင်းပိုင်းကို ထိန်းထားဖို့ တာဝန်ရှိတယ်”
“နားလည်ပါတယ်” ဟန်ကျွမ့်က တည်ငြိမ်စွာဖြင့် ပြောသည်။
“ကျုပ်တို့က အရှေ့ဘက်ကို စောင့်ကြည့်မယ်… Arctic Wind မဟာမိတ်က ပူးတွဲယာဉ်တန်းရဲ့ အစိတ်အပိုင်းတွေနဲ့ အတူတပ်စွဲထားပါ့မယ်။ ကျုပ် အခုပဲ ကာကွယ်ရေးတွေအစီစဥ်ချလိုက်မယ်”