← Chapters

အခန်း (၄၃၄+၄၃၅)

Vol. 28 Ch. 434+435

အခန်း (၄၃၄+၄၃၅)

Vol. 28 Ch. 434+435

Chapter 434

ပြင်းထန်သောတိုက်ပွဲ ၃

ဒက် ဒက် ဒက် ဒကါ

ဖီးနစ်၏ မြို့တွင်း စောင့်ကြည့်ရေးစခန်းများသည် ဆက်သွယ်ရေးမှတစ်ဆင့် အရေးပေါ်အစီရင်ခံစာများကို အချိန်နှင့်တပြေးညီ ပေးပို့နေသည်။ စက္ကန့်ပိုင်းအတွင်း မြေကျင်းပေါက်များအနီးရှိ လမ်းတစ်ဒါဇင်ခန့်တွင် သေနတ်သံများ ပေါက်ကွဲထွက်လာပြီး လမ်းကြားများ၊ ရင်ပြင်များနှင့် အခြားနေရာများသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ မီးစာတစ်ခုကို ပစ်ချလိုက်သကဲ့သို့ စီလန်မြို့တစ်ဝက်လောက်သည် ရှုပ်ထွေးမှုနှင့် မီးတောက်များထဲ၌ နစ်မြုပ်သွားသည်။

အုန်း အုန်း

ဝီး ဝီး

ပေါက်ကွဲမှုများ၊ လေပြင်းများ၊ ရောင်ခြည်များ၊ ထိတ်လန့်တုန်လှုပ်ဖွယ် လှိုင်းလုံးများ၊ ဒုံးကျည်များနှင့် လျှပ်စစ်စွမ်းအင်လှိုင်းများသည် ဧရိယာတိုင်းတွင် ပေါက်ကွဲထွက်လာသည်၊၊ အဆောက်အအုံများပေါက်ကွဲပြီး အများပြည်သူထုတ်လွှင့်မှုလိုင်းများသည် ရှုပ်ထွေးမှုထဲသို့ ရောက်ရှိသွားသည်—သေနတ်သံများသာ ပြည့်နှက်နေသည်။

“Arctic Wind မဟာမိတ်အဖွဲ့ရဲ့ နေရာဆီကို သွားကြမယ်”

“အရမ်းများတယ်… အရမ်း များလွန်းတယ်”

ဒက် ဒက် ဒက် ဒက်

“အကုန်သတ်ပစ်ကြစမ်း”

“နှင်းမွန်းစတားတွေဟ”

“အဲဒီယာဉ်တန်းကို မေ့လိုက်—ပြန်ဆုတ် ပြန်ဆုတ်”

“မြန်မြန်… မြန်မြန်… ညလမ်းလျှောက်သူတွေ ရောက်လာပြီ—အတူတူ တိုက်ကြစို့”

“နေရာကို ထိန်းထား”

“လမ်းပိတ်နေတယ်… တစ်ယောက်ယောက် ကူညီကြပါဦး…. ကျွန်တော်တို့ ရှုနန်လမ်းမှာ ရှိနေတယ်”

“ကာဗာပေး…. နောက်ဆုတ် နောက်ဆုတ်”

“အား...”

မြောက်ဘက် ရထားလမ်းဆုံ၌ ကမ္ဘာပျက်ရထားဒါဇင်ပေါင်းများစွာသည် မီးဖွင့်ပြီး အော်တိုအမြောက်များကို အဆက်မပြတ် ပစ်ခတ် နေကြသည်။ မွန်းစတားအုပ်ကြီးသည် လမ်းများစွာမှ သွန်ကျလာစဉ် လက်နက်ကြီးများသည် ကမ္ဘာစစ်ဖြစ်နေသည်အလား ပြင်းထန်သောပစ်အားတစ်ခုကို ဖန်တီးခဲ့သည်—အလွန်ပြင်းထန်သဖြင့် လမ်းပေါ်ရှိ နှင်းများကိုပင် အငွေ့ပျံသွားစေသည်။

“သူတို့ကို ထိန်းချုပ်ထား”

“ဝေဟင် ပစ်မှတ်တွေ လာနေတယ်—လေကြောင်းရန်ကာကွယ်ရေး အမြောက်တွေကို အသင့်ပြင်ထား”

“သူတို့ကို ရထားလမ်းဆုံကို ဖောက်မဝင်စေနဲ့”

ဝူးဝူးဝူးဝူး

စွမ်းအားလှိုင်း လက်နက်များသည် ခရီးသည်ဘူတာရုံ ရင်ပြင်ကို ရှင်းလင်းသွားစေကာ ရေခဲနေသောတိုင်များသည် အလွှာလိုက် ကွဲကြေသွားပြီး ကမ္ဘာပျက်ရထားအများအပြား၏ ခေါင်မိုးများပေါ်တွင် တပ်ဆင်ထားသော မီးတောက်စက်များမှ မီးလျှံများ ထွက်ပေါ်လာကာ ဘူတာရုံတစ်ခုလုံးကို အလင်းပေးလိုက်သည်။

မြေကျင်းပေါက်များထဲမှ အတောင်ပံပါသော သတ္တဝါများသည် လှိုင်းလုံးများလို ထွက်ပေါ်လာပြီး ၎င်းတို့၏ ကြီးမားသော အတောင်ပံများကို ဖြန့်ကာ ယာဉ်တန်းများဆီသို့ ထိုးဆင်းလာကြသည်။ လေထဲ၌ အမြောက်ဆန်များဖြင့် ဆုတ်ဖြဲခံရသော်လည်း ၎င်းတို့၏ ပြုတ်ကျလာသော အလောင်းများသည် ယာဉ်တစ်စီးကို ကြေမွသွားစေခဲ့သည်။

ဂျိန်း ဂျိန်း

မိုးခြိမ်းသံနှင့် တိုက်ပွဲမှ ပစ်ခတ်သံများသည် စီလန်မြို့ကို လွှမ်းမိုးလိုက်ပြီး ရပ်ကွက်တိုင်း၌ ပြင်းထန်သော တိုက်ပွဲများပေါ်ပေါက်လာသည်—အမြောက်များနှင့် သေနတ်များသည် အဆုံးမရှိ ပစ်ခတ်နေကြသည်၊၊

သို့သော် အနောက်ဘက် ကုန်စည်ပို့ဆောင်ရေး သတ္တုမိုင်းဘူတာ၌မူ ထူးဆန်းစွာ တိတ်ဆိတ်နေသည်။

အနန္တ ရထား၊ နဂါးတောင် ၁ နှင့် မဟာမိတ်ယာဉ်တန်းများမှ အဖွဲ့များသည် အသင့်အနေအထားရှိနေကြပြီး အဝေးရှိ မြို့တော်မှ တိုက်ပွဲအသံများ ပြင်းထန်နေမှုကြောင့် အာရုံကြောတိုင်း တင်းမာနေသည်။

လင်းရှန်သည် သူ၏ စွမ်းအားမြှင့်ဝတ်စုံကို ဝတ်ဆင်လျက် သယ်ယူပို့ဆောင်ရေး ကွန်တိန်နာတစ်ခု၏ အပေါ်တွင် ရပ်နေသည် မျက်လုံးများသည် မြို့ကို မကြည့်ဘဲ အနီးရှိ ဖန်းလန်တောင်ပေါ်တွင် စူးစိုက်ကြည့်နေသည်၊၊

ဂျိန်း

“လင်းရှန်”

ချန်ဆီရွှမ်သည်လည်း စွမ်းအားဝတ်စုံကို ဝတ်ဆင်ထားပြီး ရထားလမ်းအနီးရှိ အမြင့်ဆုံး အဆောက်အအုံတစ်ခု၏ အမိုးပေါ်တွင် ထိုင်နေသည်။ Meteor-3 ရိုင်ဖယ်ကို ကိုင်ဆောင်လျက် တောင်ထိပ်ကို ထောက်လှမ်းနေသည်၊၊ သူမ၏ ဘေးတွင် မြောင်လုသည် ကာဗာပေးရန် အသင့်ရှိနေသည်။

“သူတို့ လာနေပြီ—တောင်ပေါ်ကနေ”

ညလုံးပေါက် ဘွိုင်လာအိုးများ ကို မီးထိုးပြီးနောက် လုရှင်းချန်သည် သူ၏ ပခုံးများ ကို ဆန့်လိုက်ပြီး ရထား၏ ရှေ့ဆုံးသို့ တက်လာသည်။ သူ၏ မျက်လုံးများသည် မီးလျှံများဖြင့် အနီရောင်တောက်ပနေသည်။

သူတို့၏ အထက်တွင် ကီကီသည် လေထဲတွင် ပျံဝဲနေပြီး စွမ်းအားကို စုစည်းထားသည်။ ရှားရှားသည် ဆယ်လီဖြင့် ရှေ့ဆုံးတွင် ရပ်နေသည်။ ထိန်းချုပ်ခန်းအတွင်း၌ လူဆိုးမလေးတစ်ယောက်သည် ပီကေဝါးနေသည်၊၊ သူမသည် စိတ်လှုပ်ရှားနေသော မျက်နှာထားရှိသော်လည်း အာရုံစူးစိုက်ရန် ကြိုးစားနေသည်။

တာလို့နှင့် ရှုချင်းတို့သည် ပလက်ဖောင်းအောက်မှနေ၍ လင်းရှန်ကို ကာဗာပေးထားသည်၊၊

နဂါးတောင် ၁ တွင် အားဖေး၊ ရှောင်ချင်းနှင့် လုယောင်တို့သည် တိုက်ပွဲအတွက် အသင့်ရှိနေကြသည်။

“ဒီခွေးကောင်တွေ... သူတို့ တကယ်ပဲ တောင်ပေါ်ကနေ လာကြတာပဲ”

ရှီတိယွမ်က ကြိမ်းဝါးလိုက်ပြီး သူ၏ တည်ရှိမှုက ကြမ်းတမ်းသော အော်ရာကို ထုတ်လွှင့်နေသည်။

“အဲဒါတင် မဟုတ်ဘူး”

လင်းရှန်၏ ဆက်သွယ်ရေးစနစ်တွင် ဝတ်စုံ၏ ရေဒါသည် ဖန်းလန်တောင်တစ်လျှောက် တုန်ခါမှုများ ပို၍ ပြင်းထန်လာသည်ကို ဖမ်းယူရရှိသည်။

“သတိထားကြ—ဒါက နှင်းပြိုတာပဲ ”

ဝေါ ဝေါ

တစ်ခဏချင်းအတွင်း တောင်ထိပ်က ပေါက်ကွဲထွက်လာသည်—ဧရာမ အဖြူရောင်နှင်းထုကြီးတစ်ခုက ကျယ်လောင်သောအသံဖြင့် အောက်သို့ ဆင်းသက်လာသည်။ ပေတစ်ထောင်ခန့် မြင့်ပြီး နှင်းတစ္ဆေသန်းပေါင်းများစွာကို သယ်ဆောင်လာကာ ၎င်းတို့ဆီသို့ ဝင်တိုက်ရန် ချဉ်းကပ်လာသည်။

ပြိုကျလာသောနှင်းထုအတွင်း၌ နှင်းမွန်းစတားများသည် လှိုင်းလုံးများအဖြစ် တွားဆင်းလာကာ အလင်းများ တဖျတ်ဖျတ်လက်နေသည်။

အောက်ရှိ လူတိုင်းသည် ထိတ်လန့်တုန်လှုပ်သွားကြသည်။

“မင်းတို့ရဲ့ နေရာကို ထိန်းထား… စခန်းကို ကာကွယ်ကြ… လုံလောက်တဲ့ အကွာအဝေးရောက်မှ တိုက်ခိုက်ကြ—ဖွဲ့စည်းပုံ မပျက်စေနဲ့”

လင်းရှန်၏ မျက်လုံးများက စူးရှနေပြီး သူ၏ မေးရိုးများက တင်းမာနေသည်။ ယခုအချိန်တွင် ထွက်ပြေးရန် ကြိုးစားခြင်းသည် သေလမ်းသာ ရှိပေမည်—ရန်သူများကြား ပိတ်မိကာ သူတို့သည် ပျက်စီးသွားလိမ့်မည်။

နံရံများ အပြင်ဘက်တွင် ငရဲဖြစ်နေသည်—လွတ်မြောက်ရာလမ်း မရှိပေ။ ဤအဆုံးမဲ့ညတွင် သူတို့၌ တစ်ခုတည်းသာ ရွေးချယ်စရာ ရှိသည်- ကာကွယ်ရေးလိုင်းများကို ထိန်းထားပြီး ရှင်သန်ရန်ပင်…

ဝူးဝူးဝူးဝူး

ထိုအချိန်တွင် အနန္တ ရထား ၊ နဂါးတောင် ၁ နှင့် မဟာမိတ်ယာဉ်တန်းများပေါ်ရှိ တပ်ဆင်ထားသော လက်နက်တိုင်း သည် ဖန်းလန်တောင်နှင့် သတ္တုမိုင်းဘူတာဆီသို့ လှည့်လိုက်ကြသည်။

“အနီးကပ်တိုက်ခိုက်ရေး ယူနစ်များ အားလုံး—အကာကွယ်လိုင်းကို ဖောက်ဝင်လာတဲ့ ရန်သူတွေကိုပဲ ကိုင်တွယ်ပါ… အပြင်ကို မထွက်ကြနဲ့… ရထားတွေနဲ့ ယာဉ်တန်းတွေက ကာဗာအနေနဲ့ ထိခိုက်မှုတွေကို ခံယူပါစေ”

“သဘောတူတယ်” ဦးလေးဝူက ပြန်ဖြေသည်။

“ကောင်းပါပြီ” လီယီနှင့် လျန်လေးတို့လည်း အော်လိုက်ကြသည်။

“နားလည်ပါပြီ ကပ္ပတိန်လင်း”

လော့ယန်က ပြောသည်။

“ကျွန်တော်တို့ ထိန်းထားနိုင်ပါတယ်”

Northwind ယာဉ်တန်း၏ အကြီးစားအခြေစိုက်ယာဉ်မှ ခေါင်းဆောင် ရှန်းယောင်ကလည်း တင်းမာစွာ တုံ့ပြန်သည်။

“အားလုံးပဲ—ဒီညက ကြမ်းတမ်းလိမ့်မယ်”

ရှီတိယွမ်သည် ဆက်သွယ်ရေးစနစ်မှတစ်ဆင့် အော်ပြောလိုက်သည်။

“ကီကီ၊ မီးတောက်”

လင်းရှန်သည် နှင်းထုပြိုဆင်းမှုနှင့် ဟိန်းဟောက်သံများ နီးကပ်လာသည်နှင့် အော်ခေါ်လိုက်သည်။

“တိုက်ပွဲဝင်ဖွဲ့စည်းပုံစံစမယ်”

“ဟမ့်… စောင့်နေတာ ကြာပြီ”

လုရှင်းချန် ဟိန်းဟောက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ မီးလျှံများ ထွက်ပေါ်လာပြီး ရှေ့သို့ ခုန်တက်ကာ သတ္တုမိုင်းဘူတာရှေ့တွင် ဆင်းသက်ပြီး ကြီးမားသော မီးတောက်တစ်ခုကို ထုတ်လွှတ်လိုက်သည်။

“နတ်ဘုရားမီးတောက်နယ်မြေ”

လုရှင်းချန်သည် ပြင်းထန်သော စွမ်းအားကို ထုတ်ကာ—အပူဖိသိပ်ပေါက်ကွဲမှုကို အသုံးပြု၍ ၁၀ ပေကျော် ရှိသော တောက်လောင်နေသော မီးလုံးတစ်လုံးကို ဖွဲ့စည်းနေသည်။ အပူချိန်မြင့်မားသော အနီရောင်မီးလျှံများသည် မီတာဒါဇင်ပေါင်းများစွာအတွင်းရှိ နှင်းများကို အငွေ့ပျံသွားစေပြီး နေမင်းငယ်တစ်ခုကို ဖန်တီးလိုက်သည်။

“နတ်ဘုရားနယ်မြေက မီးလျှံတွေကို ဆင့်ခေါ်ပါတယ်”

သို့သော် မီးတောက်သည် မွန်းစတားများက်ု ပြောနေခြင်း မဟုတ်ပေ—သူသည် ကီကီကို ပြောနေခြင်း ဖြစ်သည်။

ဝှီး—

မျက်လုံများ၌ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားဖြင့် တောက်ပနေသော ကီကီသည် မိုင်းတွင်းအပေါ်တွင် မြင့်မားစွာ ပျံတတ်လာပြီး သူမ၏ လက်များကို ဖြန့်လိုက်သည်။ ကြီးမားသော စိတ်စွမ်းအင်နယ်ပယ်သည် အပြင်ဘက်သို့ ပေါက်ကွဲထွက်လာပြီး ဆီးနှင်းမုန်တိုင်းကို ပြန့်ကျဲစေလေသည်။

လုရှင်းချန်၏ ထိုးတက်လာသော အပူရှိန်ကို အသုံးပြု၍ သူမ၏ စိတ်စွမ်းအင်နယ်ပယ်ကို လှည့်ပတ်စေကာ ကြီးမားသော မီးမုန်တိုင်းတစ်ခုကို ဖွဲ့စည်းလိုက်သည်။ တောက်လောင်နေသော မီးလုံးကို ဝဲကတော့ထဲသို့ ဆွဲယူသွားသည်—မီတာရာချီကျယ်ပြီး မီတာရာချီမြင့်သော မီးတောက်များ တောက်လောင်နေသော မုန်တိုင်းတစ်ခု ဖြစ်လာသည်၊၊

“ဒါပဲလေ—နတ်ဘုရားမီးလျှံမုန်တိုင်း”

လုရှင်းချန်သည် လေဝဲကို အားဖြည့်ရန်အတွက် မီးတောက်များကို အပေါ်သို့ ဆက်လက်အားဖြည့်ပေးနေသည်၊၊

ကီကီသည် အံကြိတ်ထားပြီး အော်ဟစ်လိုက်ကာ မီးလျှံမုန်တိုင်းကို ပြိုကျလာသောနှင်းထုဆီသို့ ဖြည်းညှင်းစွာ တွန်းပို့လိုက်သည်။

Chapter 435

ပြင်းထန်သောတိုက်ပွဲ ၅

တစ်ခဏချင်းအတွင်း ပူလောင်သော လှိုင်းလုံးများသည် အေးခဲနေသောလေကို နောက်သို့ ဆုတ်ခွာသွားစေပြီး အပူရှိန်သည် ယာဉ်တန်းရှိ လူတိုင်း၏ မျက်နှာကို ဟပ်သွားသည်။ မီးလျှံမုန်တိုင်းသည် တောင်ကို ဆုတ်ဖြဲသွားပြီး သံမဏိမိုင်းလှည်းများကိုပင် မြှောက်တင်လိုက်ကာ နှင်းထုပြိုဆင်းမှုနှင့် မွန်းစတားအုပ်ကြီးတို့ကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်၊၊

ဘန်း ဘန်း ဝုန်း ဝေါ ဝေါ

ပေါက်ကွဲမှုသည် နားကွဲလုမတတ် ဖြစ်နေသည်—နှင်းထုပြိုဆင်းမှုသည် ထိတွေ့မှုအပြီးတွင် အငွေ့ပျံသွားသည်။ မီးခိုးနက်များနှင့် ရေနွေးငွေ့များသည် ကောင်းကင်သို့ ထိုးတက်လာပြီး ဟိန်းဟောက်သံများသည် အလွန်ပြင်းထန်လာကာ လေထုပင် တုန်ခါသွားသည်။

ဘန်း

ပြိုကျလာသော နှင်းများသည် ကြီးမားသောပေါက်ကွဲမှုဖြင့် တစ်စစီဖြစ်သွားပြီး တောက်ပသော နှင်းများနှင့် ပြာမှုန့်များအဖြစ် ပြောင်းလဲကာ ကောင်းကင်ပေါ်မှ ကျလာသည်၊၊ သို့သော် အများစုကို မီးမုန်တိုင်းက ဝါးမျိုလိုက်ပြီး ရထားလမ်းအနီးရှိ ကုန်စည်ပို့ဆောင်ရေး ဂိုဒေါင်များနှင့် ကွန်တိန်နာပလက်ဖောင်းများ၏ တစ်ဖက်စီသို့ ပစ်လွှတ်လိုက်သည်။

လင်းရှန်သည် သူ၏ လက်မောင်းကို မြှောက်လိုက်ပြီး ပေါက်ကွဲမှုဒဏ်ကို ပိတ်ဆို့ရန်အတွက် ဝတ်စုံမှ အကာကွယ်စွမ်းအားကို ဖြန့်ကျက်လိုက်သည်။ ထိုအချိန်တွင် နှင်းထုပြိုဆင်းမှု၏ အင်အားအပြည့်အဝကို ရပ်တန့်ခဲ့ပြီး ဖြစ်သည်—သို့သော် ဆီးနှင်းမုန်တိုင်းသည် မြင်ကွင်း အားလုံးကို ဖုံးအုပ်ထားသည်။

ဘူတာရုံတစ်ခုလုံး သည် ထူထပ်သော အဖြူရောင်ဖုန်မှုန့်များထဲသို့ နစ်မြုပ်သွားပြီး ကမ္ဘာကြီးသည် အရိပ်များသာ ကျန်ရှိတော့သည်။

ဝှီး ဝှီး ဝှီး—

လူတိုင်း မုန်တိုင်းဒဏ်ကို တောင့်ခံပြီး ရပ်နေကြစဉ် ချဉ်းကပ်လာသော မွန်းစတားအုပ်ကြီး၏ အသံသည် ပို၍ ကျယ်လောင်လာသည်။ ထို့နောက် မှုန်ဝါးနေသော မိုင်းအတွင်းမှ—များပြားလှသော အနက်ရောင် ပုံသဏ္ဍာန်များသည် လျင်မြန်စွာ ပေါ်ထွက်လာသည်။

အပေါ်မှ ပိတ်နေသော နှင်းမြူအတွင်း၌—ကြီးမားသော အတောင်ပံများက ကောင်းကင်၌ ထွက်ပေါ်လာသည်၊၊

ဘန်း

Meteor-3 ရိုင်ဖယ်၏ မိုးခြိမ်းသံအလား စတင်ပစ်ခတ်သံက တန်ပြန်တိုက်ခိုက်မှုကို စတင်ရန် ပထမဆုံး လှုံဆော်သတိပေးလိုက်ခြင်းဖြစာသည်၊၊

အနန္တရထား၏ အပေါ်တွင် မြောင်လုသည် ပြင်းထန်သော ဆီးနှင်းမုန်တိုင်းမှ ချန်ဆီရွှမ်ကို ကာကွယ်ပေးထားသည်။ တည်ငြိမ်ပြီး အေးစက်သော မျက်လုံးများဖြင့် ချန်ဆီရွှမ်သည် သူမ၏ သေနတ်ကို မြှင့်လိုက်ပြီး ထူထပ်နေသော နှင်းမြူထဲမှ ချဉ်းကပ်လာသော ကြီးမားသော အတောင်ပံပါ မွန်းစတားတစ်ကောင်ကို ပစ်ချကာ ချေမှုန်းလိုက်သည်၊၊

စွမ်းအမြင့် သံချပ်ကာဖောက်ကျည်သည် ဆီးနှင်းမုန်တိုင်းကို ဖြတ်သွားပြီး ထိုသတ္တဝါ လုံးဝ မပေါ်ထွက်လာမီမှာပင် ၎င်း၏ ဦးခေါင်းခွံကို ကွဲကြေသွားစေသည်—အသားနှင့် အရိုးအပိုင်းအစများသည် ကြောက်မက်ဖွယ်ကောင်းစွာ အပြင်ဘက်သို့ ပေါက်ကွဲထွက်သွားသည်၊၊

ဝူး—

နောက်တစ်ခဏတွင် အနန္တ ရထား၏ အပေါ်ရှိ G3 သံလိုက်အမြောက်နှင့် 1130 CIWS တို့သည် တစ်ပြိုင်တည်း ၎င်းတို့၏ တပ်ဆင်ထားသော နေရာများပေါ်တွင် လှည့်ပတ်လာသည်။ ပစ်အားထိန်းချုပ်ရေး ရေဒါများသည် ပစ်မှတ်များကို သော့ခတ်လိုက်သည်။

ဒူး ဝီး ဝီး ဒက် ဒက် ဒက် ဘွန်း ဘွန်း

နဂါးတောင် ၁ နှင့် မဟာမိတ်ယာဉ်တန်းများ မှ ကြီးမားသော အမြောက်များနှင့် စက်သေနတ်များသည် စွမ်းအင်မြင့် ပစ်အားဖြင့် စတင် ပစ်ခတ်လိုက်ကြသည်၊၊

တစ်ချိန်တည်းမှာပင် အနန္တရထား၊ နဂါးတောင် ၁ နှင့် ယာဉ်တန်းများ၏ YJ-03 လေကြောင်းရန်ကာကွယ်ရေး အမြောက်များသည် မရပ်မနား စွမ်းအားဖြင့် ပေါက်ကွဲထွက်လာပြီး ကောင်းကင်သို့ ဆက်တိုက် ပစ်ခတ်မှုများ ကို ပစ်လွှတ်လိုက်သည်၊၊

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

တစ်ခဏချင်းအတွင်း ကောင်းကင်သည် မီးရှူးမီးပန်းပွဲတော်တစ်ခုအလား လင်းလက်လာသည်—ပေါက်ကွဲမှုများသည် အနိမ့်ပိုင်း ဝေဟင်မှ အမြင့်ဆုံးကောင်းကင်ယံအထိ မျက်စိကျိန်းစက်ဖွယ် အဆက်မပြတ် ပေါက်ကွဲနေသည်၊၊

“သူတို့ ရောက်လာပြီ”

ရထားဘူတာရုံ ၏ ရှေ့ဆုံး ၌ ရှားရှားသည် သူမ၏ မီးနတ်ဘုရား မီကာအတွင်း၌ ထိုင်လျက် သူမ၏ ပီကေဝါးခြင်းကိုပင် ရပ်တန့် လိုက်သည်။ သူမကိုယ်တိုင်ပင် မသိလိုက်ပဲ အသက်အောင့်ထားမိနေသည်—သူမ၏ မြင်ကွင်းကို မီးခိုးနှင့် နှင်းများက ဖုံးအုပ်ထားပြီး ရှာဖွေရေးမီးများသည် မြူများကို လုံးဝ မဖောက်ထွင်းနိုင်သော်လည်း— မီကာ၏ ရေဒါပေါ်တွင် ရှေ့ဘက်စက်ဝိုင်းသည် လျင်မြန်စွာ ပိတ်ဆို့လာသော ပစ်မှတ်များဖြင့် ပြည့်နှက်နေသည်။

“လာစမ်းပါ”

မီကာ၏ လက်မောင်း ထိန်းချုပ်မောင်းတံများကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လျက် သူမသည် ၎င်းတို့ကို မြှင့်တင်လိုက်သည်။ ဘယ်ဘက်လက်မောင်း: အော်တိုအမြောက်… ညာဘက်လက်မောင်း: အဓိက သေနတ်… ဗဟိုလျှပ်စစ်စွမ်းအင် ကြိမ်နှုန်းမြှင့်စက်ကို လင်းရှန်က စွမ်းအားမြင့်ဗားရှင်းအဖြစ် အဆင့်မြှင့်တင်ပေးခဲ့ပြီး ဖြစ်သည်—၎င်း၏ ကာကွယ်ရေး စွမ်းဆောင်ရည်ကို အဆင့်တစ်ဆင့် တိုးမြှင့်ထားသည်။

ဝူး~

ဂယား

အော်ဟစ်သံများ ပိုမို နီးကပ်လာသည်။ နှင်းကန့်လန့်ကာအောက်မှ ပေါက်ကွဲထွက်လာသော ပထမဆုံး အတားအဆီးမှာ နေမင်းယာဉ်တန်းမှ ဖြန့်ကျက်ထားသော ဗို့အားမြင့် အိုင်းယွန်းနံရံများဖြစ်သည်။ အလျားလိုက် အိုင်းယွန်းရောင်ခြည်များသည် တောက်ပသောအပြာရောင် လင်းလက်လာပြီး တိုးဝင်လာသော နှင်းတစ္ဆေများ အစုအဝေးကို ချက်ချင်း ဆုတ်ဖြဲလိုက်သည်။

သို့သော် အရေအတွက်မှာ များလွန်းနေသည်။ စက္ကန့်ပိုင်းအတွင်း မဟာမိတ်ယာဉ်တန်းများ၏ အဆင့်မြှင့်တင်ထားသော စွမ်းအင်သိုလှောင်စက်မှ ဗို့အားသည် သိသိသာသာ ကျဆင်းသွားသည်။ ရေတွက်မရနိုင်သော နှင်းတစ္ဆေများသည် ၎င်းတို့၏ ပျက်စီးနေသော မျိုးနွယ်တူများ၏ အကြွင်းအကျန်များ အပေါ်မှ နင်းဖြတ်ကာ ရထားဘူတာရုံဆီသို့ ခုန်ဝင်လာသည်။

“ပစ်ကြ”

ဘန်း ဘန်း ဘန်း ဘန်း ဒက် ဒက် ဒက် ဒက်

အမှောင်ရောင် ပုံသဏ္ဍာန်များ နီးကပ်လာသည်နှင့် ရထားနှင့် ယာဉ်တန်းများသည် အပြည့်အဝ ပစ်ခတ်မှု ကို ထုတ်လွှတ်လိုက်သည်။ ထူထပ်သော သတ္တုစီးကြောင်းများသည် တိုးဝင်လာသော ဒီရေလှိုင်းကို အပိုင်းပိုင်းဆုတ်ဖြဲလိုက်ပြီး တိုက်ခိုက်မှုကို ရပ်တန့်စေသည်—စက္ကန့်ပိုင်းမျှသာ… နောက်ဘက်မှ နှင်းတစ္ဆေများ ပို၍များပြားစွာ ဖန်းလန်တောင်မှ ရေတံခွန်တစ်ခုအလား စီးဆင်းလာသည်၊၊

ဂါး ဂယား ဘန်း ဘန်း ဝှစ် ဝှစ်

အရေပြားထူပြီး ခံနိုင်ရည်မြင့်မားသော နှင်းမွန်းစတားများသည် ကျည်ဆန်များကို ဖြတ်ကျော်ကာ ရှေ့သို့ တိုးဝင်လာပြီး အချို့သည် တစ်စစီ မပေါက်ကွဲမီ တိုက်ခိုက်ရန်ကြိုးစားနေကြသည်— ၎င်းတို့ကျသွားသည်နှင့် နောက်ဘက်မှ တိုးဝင်လာသော အခြားကောင်များက အစားထိုး ဝင်ရောက်လာသည်။

အထက်ကောင်းကင်တွင် အတောင်ပံပါသော နှင်းမွန်းစတားများသည် အဆုံးမရှိ ထိုးဆင်းလာသည်။ တိုက်ခိုက်ဖိနှိပ်မှု၏ ပထမဆုံး လှိုင်းလုံးအပြီးတွင် ကြီးမားသော အကောင်အနည်းငယ်သည် ပစ်ခတ်နေသည့် ကျည်ဆန်များကြားမှ ဖြတ်ကျော်သွားပြီး ယာဉ်တန်းကို ဖောက်ထွင်းကာ ရထားခေါင်မိုးဆီသို့ နီးကပ် လာသည်။

ထိုအချိန်တွင် တာလို့၊ လုချန်၊ ရှုချင်း၊ ရှီတိယွမ်၊ နန်ကျင်း၊ ရှောင်ချင်း၊ လုယောင်နှင့် ယာဉ်တန်းများမှ အထူးရွေးချယ်ထားသော အနီးကပ်တိုက်ခိုက်ရေးသမား အများအပြားသည် ခုန်ထွက်လာပြီး အကာကွယ်လိုင်းများကို ဖောက်ဝင်လာသော သတ္တဝါများကို တိုက်ခိုက်လိုက်သည်၊၊

ဖန်း

ကြီးမားသော ခွန်အားဖြင့် နန်ကျင်းသည် လေထဲသို့ ခုန်တက်လိုက်သည်။ သူမ၏ ပထမဆုံး လက်သီးချက်သည် အတောင်ပံပါသော သတ္တဝါတစ်ကောင်၏ အတောင်ပံကို နောက်သို့ ကွေးသွားစေသည်။ သူမ၏ ဒုတိယလက်သီးချက်က ၎င်း၏ ဦးခေါင်းခွံတစ်ဝက်ကို အတွင်းသို့ ခွက်ဝင်သွားစေပြီး နှင်းများနှင့် ဖုန်မှုန့်များကို ပေါက်ကွဲထွက်စေကာ အောက်သို့ ထိုးချလိုက်သည်။

“ဒီလိုပဲ အလုပ်ဖြစ်မှာ မဟုတ်ဘူး—ပစ်အားလွတ်သွားတဲ့နေရာတွေကို သတိထားကြ”

သူမသည် ဆက်သွယ်ရေးစနစ် မှတစ်ဆင့် အော်ဟစ်သည်။

ထိုအခိုက် လော့ယန်သည် ထရပ်ကားခေါင်မိုးပေါ်သို့ ခုန်တက်လိုက်ပြီး သူ၏ လက်ချောင်းထိပ်ဖြင့် ချိန်လိုက်သည်နှင့် သူ၏ မျက်လုံးများ လင်းလက်သွားသည်—ဘွန်း… အပြာရောင် အိုင်းယွန်းလှိုင်းပေါက်ကွဲမှုများသည် ကောင်းကင်တွင် ဆက်တိုက်ထွက်ပေါ်လာသည်။ အခြားတစ်ဖက်တွင် အားဖေးသည် သူ၏ နေကာမျက်မှန်ကို ချွတ်လိုက်ပြီး သူ၏ မျက်လုံးများမှ အနီရောင် လေဆာရောင်ခြည်နှစ်ခုကို ပစ်လွှတ်လိုက်ကာ ဆင်းသက်လာသော အတောင်ပံပါ သတ္တဝါဆိုးအများအပြားကို ဖြတ်တောက်လိုက်သည်။

လီကွမ်းဝမ်နှင့် လျန်လေးတို့သည် ရှားရှား ၏ မီးနတ်ဘုရားမီကာဘေးတွင် နေရာယူထားကြသည်—တစ်ဦးက ထိတ်လန့်တုန်လှုပ်ဖွယ် လက်သီးချက်များကို အသုံးပြုပြီး အခြားတစ်ဦးက တစ်ကိုယ်လုံးကို လုံးဝ သတ္တုအဖြစ်ပြောင်းလဲထားကာ—အနီးကပ်တိုက်ခိုက်မှုများဖြင့် မွန်းစတားများကို ဟန့်တားထားလေသည်။

All Chapters