← Chapters

အခန်း (၃၁၉၇-၃၁၉၈)

Vol. 212 Ch. 3197-3198

အခန်း (၃၁၉၇-၃၁၉၈)

Vol. 212 Ch. 3197-3198

အခန်း ၃၁၉၇ - တောက်လောင်လာခြင်း

အမှုဆောင်တမန်တော်ဆန်းကြယ်ကောင်းကင်ဘုံနှင့် ဆန်းကြယ်ကောင်းကင်ဘုံသခင်လေး၏ သေဆုံးမှုများသည် ဓားကမ္ဘာနှင့် ထျန်ဟွမ်ကမ္ဘာရင်ဆိုင်နေရသောအန္တရာယ်ကို ဖြေရှင်းမပေးနိုင်ပေ။

၎င်းသည် ကောင်းကင်ဘုံခုံရုံး၏ စိတ်ပိုင်းဆိုင်ရာအပေါ် ထိုးနှက်ချက်တစ်ခု ဖြစ်သွားရုံသာပင်။ သို့သော်လည်း ထိုအပြုအမူသည် ကောင်းကင်ဘုံခုံရုံးစစ်တပ်ကို လုံးလုံးလျားလျားဒေါသထွက်သွားစေပြီး သူတို့၏ တိုက်ခိုက်မှုများက ပို၍ပင် ရူးသွပ်ပေါက်ကွဲထွက်ပေါ်လာ၏။

တိုက်ပွဲနယ်မြေမှာ သေဆုံးရသော ဧကရာဇ်ပညာရှင်များက ပို၍ပို၍ များပြားလာသည်။

သာမန်ဧကရာဇ်များသာလျှင်မဟုတ်ဘဲ အန္တိမဧကရာဇ်များလည်း စတင်သေဆုံးလာ၏။ တကယ်ဆို အထွတ်အထိပ်ဧကရာဇ်တချို့ပင် ရုန်းရင်းဆန်ခတ်ဝိုင်းပတ်ပိတ်ဆို့မှုများမှာ သေဆုံးသွားရသည်။

မဟာအရိုင်းကမ္ဘာမှ သားရဲဧကရာဇ်နတ်ဆင်ကလည်း သေဆုံးသွားသည်။

ညှို့ငင်ဖမ်းစားတတ်သော သားရဲဧကရီအမြီးကိုးချောင်းလည်း သေဆုံးသွား၏။

ဧကရာဇ်အဆင့်တိုက်ပွဲက ပို၍ပင် ချောက်ချားစရာကောင်းလာခဲ့သည်။

ဧကရာဇ်များ၏ အဖိုးတန်သွေးများက ကြယ်တာရာကောင်းကင်ကို နီစွေးသွားစေ၏။

ယခင်က ဆူဇီမိုသည် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ဧကရာဇ်ဆိုးယုတ်၏ ဓမ္မတာအိုကို ထုတ်ဖော်ခဲ့မိသည်။ သူ့အမြုတေစိတ်ဝိညာဉ်၏ စွမ်းအားက ကုန်ခန်းသလောက်ဖြစ်သွားပြီး သူကလည်း အလွန်တရာအားနည်းနေ၏။

ဓားကမ္ဘာက အန္တရာယ်ကျရောက်နေသည်။

ထျန်ဟွမ်ကမ္ဘာကလည်း အန္တရာယ်ကျရောက်နေ၏။

ထိုအချိန်မှာ နီညိုရောင်မျောက်ဝံကမ္ဘာ၊ ခွန်ဖန်းကမ္ဘာ၊ ပန်းကမ္ဘာ၊ နဂါးကမ္ဘာနှင့် အခြားသောကမ္ဘာများစွာသည် ကောင်းကင်ဘုံခုံရုံးစစ်တပ်၏ အတောမသတ်သတ်ဖြတ်မှုများကို ကြိတ်မှိတ်ခံစားရပေတော့မည်။

ကောင်းကင်ဘုံခုံရုံးမှ အထွတ်အထိပ်ဧကရာဇ်တစ်ဦးက စီးပိုးခြယ်လှယ်စွာတိုက်ခိုက်ပြီး နောက်ထပ် ဧကရာဇ်ပညာရှင်တစ်ဦးကို သတ်ဖြတ်လိုက်သည်။ သူက မောက်မာဝင့်ကြွားစွာဖြင့် လှောင်ရယ်လိုက်၏။

“အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက မင်းတို့ပုရွက်ဆိတ်တွေက ကောင်းကင်ဘုံခုံရုံးကို ဆန့်ကျင်ချင်ကြတယ်ပေါ့လေ”

“ကောင်းကင်ဘုံခုံရုံးက အောင်နိုင်ဖို့အတွက် မွေးဖွားလာတာ… မင်းတို့တွေက သေချာပေါက်ရှုံးနိမ့်ရမှာပဲ”

“မင်းတို့ ခြံမွေးတိရိစ္ဆာန်တစ်အုပ်စုက မင်းတို့ရဲ့လှောင်ချိုင့်ထဲကနေ ရုန်းထွက်ချင်တယ်ပေါ့လေ… ဒါက မင်းတို့ပေးဆပ်ရမယ့် တန်ဖိုးပဲ”

သံသရဖူဆောင်းအဖိုးအို၏ ဆံပင်များက ဖိုသီဖတ်သီဖြစ်နေပြီး သူက ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ သူသည် သူ့လက်ထဲရှိဓားကို ထောင်ပြီး အော်ပြောလိုက်၏။

“မင်းတို့တွေက ဓားကမ္ဘာနဲ့ ထျန်ဟွမ်ကမ္ဘာကို ဒီနေ့ဖျက်ဆီးနိုင်မယ်ဆိုရင်တောင် အနာဂတ်မှာ ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲကို ဆင်နွှဲမယ့်သူတွေက ထပ်ပြီးပေါ်ထွက်လာဦးမှာပဲ… တစ်နေ့မှာ သူတို့တွေက ကောင်းကင်ဘုံခုံရုံးကို သေချာပေါက်ဖျက်ဆီးပစ်လိမ့်မယ်”

ဧကရာဇ်မြောက်ပိုင်းခွန်ကလည်း ဟိန်းဟောက်ကာ အော်ပြောလိုက်၏။

“ငါတို့ရဲ့စီးဆင်းသွားတဲ့သွေးတွေက အချည်းနှီးမဖြစ်စေရဘူး”

“ဟားဟား…”

ကောင်းကင်ဘုံခုံရုံးမှ ဧကရာဇ်တစ်ဦးက ဟားတိုက်ရယ်မောလိုက်၏။

“ကောင်းကင်ဘုံခုံရုံးက ရှေ့ကို ထွက်လာတဲ့ဘယ်သူ့ကိုမဆို ဖျက်ဆီးပစ်မယ်… ငါတို့တွေက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို ဖျက်ဆီးပစ်ရမယ်ဆိုရင်တောင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ နောက်ထပ်သက်ရှိတွေမကျန်တော့တဲ့အထိ ငါတို့သတ်ဖြတ်ပစ်မယ်”

“အဲဒါဆိုရင် မင်းတို့ရဲ့သွေးက အချည်းနှီးစီးဆင်းသွားမှာ မဟုတ်ဘူးလား”

ကောင်းကင်ဘုံခုံရုံးမှ နောက်ထပ်ဧကရာဇ်တစ်ဦးကလည်း လှောင်ရယ်လိုက်၏။

“မင်းတို့ရဲ့ ကမ္ဘာတချို့နဲ့ ဟိုမိုက်မဲတဲ့အပြစ်သားစိတ်ဝိညာဉ်တွေကလွဲရင် ကျယ်ပြောတဲ့ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ တခြားဘယ်သူက ကောင်းကင်ဘုံကို ဆန့်ကျင်ရဲလို့လဲ”

“ငါဆန့်ကျင်ရဲတယ်”

နေကာသစ်ပင်ကမ္ဘာဘက်ကနေ လူတစ်ယောက်က ပျံသန်းလာ၏။

သူသည် မီးတောက်များလွှမ်းခြုံထားသည့် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ တိုက်ပွဲနယ်မြေကို ဖြတ်ကျော်လာ၏။

ထိုသူက နေကာသစ်ပင်လောကအရှင်ဖြစ်သည်။

သူ၏ နောက်ဘက်မှာ ပြတ်သားသောအကြည့်များနှင့် အတူထပ်ကြပ်မကွာလိုက်ပါလာသော နေကာသစ်ပင်ကမ္ဘာမှ ဧကရာဇ်ပညာရှင်တချို့ရှိနေ၏။

အရင်တုန်းက နေကာသစ်ပင်ကမ္ဘာသည် ဧကရာဇ်အထီးကျန်သိုင်းသခင်၏ ပေါ်ထွက်လာမှုကြောင့် ချမ်းသာရာရခဲ့၏။

နေကာသစ်ပင်ကမ္ဘာက ဤကျေးဇူးကို အမြဲတမ်းမှတ်သားထားလေသည်။

“ငါ့ကိုပါ ထည့်တွက်လိုက်”

လူရိုင်းကမ္ဘာရှိရာဘက်ကနေ ကျယ်လောင်သောအော်ဟစ်သံ ထွက်ပေါ်လာ၏။

လူရိုင်းလောကအရှင်က လေထဲသို့ခုန်တက်ပြီး သူ့လက်ထဲရှိပုဆိန်နှစ်လက်နှင့် ပြတ်သားသောအမူအရာနှင့်အတူ ကြယ်တာရာကောင်းကင်တိုက်ပွဲနယ်မြေသို့ ဝင်ရောက်လာ၏။

“ငါလည်းပါမယ်ဟေ့…”

ကောင်းကင်ဘုံခုနှစ်စင်ကြယ်ကမ္ဘာမှ ဧကရာဇ်ပညာရှင်တစ်ဦးကလည်း ရှေ့သို့ထွက်လာ၏။

“ငါလည်းပါမယ်”

“ငါ့ကိုပါထည့်တွက်လိုက်…”

“ငါတို့လည်းလာပြီဟေ့..”

အသံများက တစ်သံပြီးတစ်သံ ထွက်ပေါ်လာပြီး လောကတစ်ခွင် ပဲ့တင်ထပ်သွားစေ၏။

ဧကရာဇ်ပညာရှင်များသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ အမျိုးမျိုးသောကမ္ဘာများကနေ တစ်ယောက်ပြီးတစ်ယောက်ပျံတက်လာပြီး တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ တိုက်ပွဲနယ်မြေရှိရာသို့ ဝင်ရောက်လာကြ၏။

ကမ္ဘာတချို့မှာ ဧကရာဇ်တစ်ဦးသာလျှင် ရှိကြလေသည်။ ထိုသို့ဆိုလျှင်တောင် ထိုဧကရာဇ်များက တွေဝေတုံ့ဆိုင်းမနေကြတော့ပေ။

ကမ္ဘာတချို့မှာ ဧကရာဇ်ပညာရှင်တချို့သည် မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းနိုင်မည့်အခွင့်အရေးကို စောင့်ဆိုင်းရင်း နှစ်ပေါင်းသန်းချီကြာအောင် ငြိမ်သက်နေခဲ့ကြ၏။

သို့သော်လည်း ထိုအခိုက်အတန့်မှာ သူတို့သည် ဤအခွင့်အရေးကို လက်လွှတ်ပြီး တိုက်ပွဲနယ်မြေသို့ဝင်ရောက်ဖို့ ရွေးချယ်လိုက်ကြ၏။

သူတို့၏ အသက်ဓာတ်ကို လောင်ကျွမ်းစေခဲ့သော လူအိုကြီးနှစ်ဦး၊ မျောက်ဝံအိုကြီး၏ တိုက်ပွဲဝင်ဝိညာဉ်၊ လင်းကျန့်၊ သားရဲဧကရီအမြီးကိုးချောင်း၊ သားရဲဧကရာဇ်နတ်ဆင်နှင့် အခြားဧကရာဇ်များ၏ သေဆုံးမှုများသည် နောက်ဆုံးမှာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရှိ ဧကရာဇ်များထံ နှစ်ပေါင်းများစွာငြိမ်သက်နေခဲ့သော တိုက်ပွဲဝင်စိတ်ဝိညာဉ်ကို နှိုးဆွပေးနိုင်ခဲ့သည်။

လူတိုင်းကို ထောက်ကန်ပေးခဲ့သည့် ထိုသူများက နှင်းတောထဲမှာ သေဆုံးပြီး အေးခဲသွားသော်လည်း တောက်လောင်လာသော မီးတောက်များက နောက်ဆုံးမှာ လောကကို ထိန်ထိန်လင်းသွားစေခဲ့ပြီဖြစ်သည်။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ လေထဲသို့ပျံတက်လာသော ပညာရှင်များက ပို၍ပို၍ များပြားလာပြီး အနိုင်မခံအရှုံးမပေးသော စိတ်စွမ်းအားနှင့်အတူ ရှေ့သို့တက်လှမ်းလာကြ၏။

ဤမြင်ကွင်းက တကယ့်ကို ကြီးကျယ်ခမ်းနားနေ၏။

အသံများက စိတ်အားထက်သန်မှုနှင့် ပြည့်နှက်နေပြီး ပဲ့တင်ထပ်မြည်ဟည်းနေသည်။

လူများစွာက ဥက္ကာခဲများကဲ့သို့ မိုးကောင်းကင်ထက်ကနေ ဖြတ်ကျော်လာ၏။

ကောင်းကင်ဘုံခုံရုံးမှ ဧကရာဇ်များ၏ အမူအရာများက သုန်မှုန်တည်တံ့သွားကြသည်။

အဲဒါသည် ဓားကမ္ဘာ၊ ထျန်ဟွမ်ကမ္ဘာနှင့် နီညိုရောင်မျောက်ဝံကမ္ဘာများမှ ဧကရာဇ်များသာဆိုလျှင် သူတို့က အရေအတွက်မများဘဲ ခြိမ်းခြောက်မှုများစွာမရှိပေ။

သို့သော်လည်း အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ဧကရာဇ်ပညာရှင်များ အတူပူးပေါင်းလာမည်ဆိုလျှင် အဲဒါသည် လျစ်လျူရှု၍ မရနိုင်သော အင်အားတစ်ရပ်ဖြစ်လာပေလိမ့်မည်။

ကောင်းကင်ဘုံခုံရုံးတိုက်ပွဲနယ်မြေမှာ…။

မဟာဧကရာဇ်များကြားတိုက်ပွဲက ဆက်လက်ဖြစ်ပွားနေ၏။

သို့သော်လည်း နှစ်ဦးနှစ်ဖက်စလုံးသည် သူတို့ကိုယ်ကာယများ၏ အကန့်အသတ်များထိ ရောက်ရှိနေပြီဖြစ်ပြီး ခွန်အားများစွာမကျန်ရှိကြတော့ပေ။ သူတို့သည် သူတို့၏ တာအိုနှလုံးသားနှင့် စိတ်စွမ်းအားအပေါ် မှီခိုနေကြ၏။

နောက်ဆုံးဘယ်သူအနိုင်ရမလဲဆိုသည်က ဘယ်သူ၏ စိတ်စွမ်းအားက ပိုမိုသန်မာသလဲဆိုသည့်အပေါ် မူတည်နေပေလိမ့်မည်။

အပြာရောင်ကောင်းကင်ဘုံနှင့် ဆန်းကြယ်ကောင်းကင်ဘုံအရှင်တို့က သိုင်းတာအိုပင်မခန္ဓာ၏ ဖိနှိမ်မှုအောက်မှာ သူတို့၏ အကန့်အသတ်များထိ ရောက်ရှိနေကြပြီဖြစ်သည်။

သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးနှစ်ဖက်ပင် ဆုတ်ပြဲနေပြီး ဖြူဖွေးနေသော လက်ဆစ်အရိုးများ ထွက်ပေါ်နေ၏။

သို့သော်လည်း သူသည် မည်သည့်နာကျင်မှုကိုမှ ခံစားရသည့်ပုံမရှိပေ။ သူက သူ၏ လက်နှစ်ဖက်ကို မြှောက်ပြီး အပြာရောင်ကောင်းကင်ဘုံအရှင်နှင့် ဆန်းကြယ်ကောင်းကင်ဘုံအရှင်ကို အဆက်မပြတ်တိုက်ခိုက်နေ၏။ သူက ပင်ပန်းနွမ်းလျမှုကို မသိရှိသည့်အလားပင်။

ဝုန်း…

နောက်ဆုံးမှာတော့ ကျယ်လောင်သော မြည်ဟည်းသံတစ်သံ ထွက်ပေါ်လာ၏။

ဆန်းကြယ်ကောင်းကင်ဘုံအရှင်၏ ကျောထက်ရှိ လိပ်ကျောခွံက သိုင်းတာအိုပင်မခန္ဓာ၏ ထိုးချက်ဖြင့် နောက်ဆုံးမှာကြေမွသွား၏။

မရေမတွက်နိုင်သော လိပ်ကျောခွံအပိုင်းအစများက ဆန်းကြယ်ကောင်းကင်ဘုံအရှင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီး သူ၏ ခန္ဓာကိုယ်က စကာပေါက်ဖြစ်ကာ သွေးများက တရဟောစီးကျလာ၏။

“အား…”

ဆန်းကြယ်ကောင်းကင်ဘုံအရှင်က စူးစူးဝါးဝါးအော်ဟစ်လိုက်၏။

သူသည် မဟူရာကုန်းလိပ်အထွတ်အမြတ်တောကောင်မျိုးနွယ်ဖြစ်ပြီး ပြိုင်ဘက်ကင်းခံစစ်အားကို ပိုင်ဆိုင်ထားသည်။

သူသည် မဟာကမ္ဘာတစ်ထောင်လောကကနေ ဆင်းသက်ပြီး ကောင်းကင်ဘုံခုံရုံးသို့ ဝင်ရောက်လာပြီးကတည်းက ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲအတော်များများကို ဆင်နွှဲခဲ့ပြီးလျှင်တောင် သူသည် ဤမျှအထိ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ခြင်းမရှိပေ။

တကယ်တော့ သိုင်းတာအိုပင်မခန္ဓာကလည်း လွယ်ကူစွာ ပြုလုပ်နိုင်ခဲ့သည် မဟုတ်ပေ။

လိပ်ကျော်ခွံမှာ သိပ်သည်းပြင်းထန်သောကန်အားပါဝင်နေပြီး သူ၏ လက်ကို ကျိုးကြေသွားစေ၏။

သိုင်းတာအိုပင်မခန္ဓာ၏ သွေးချီက ကြီးမားစွာကုန်ဆုံးသွားခဲ့သည်။ ဤကဲ့သို့တိုက်ပွဲတစ်ခုမှာ သူ့အနေဖြင့် သူ၏လက်ကို ပြန်ပေါက်စေဖို့ မဖြစ်နိုင်ပေ။

သို့သော်လည်း သူက တိုက်ခိုက်ခြင်းကို မရပ်တန့်လိုက်ပေ။ သူ၏ လက်က ကျိုးကြေမွသွားလျှင်တောင် သူ၏ မျက်လုံးထဲမှာ မည်သည့်ဝဲဂယက်မှဖြာထွက်မလာဘဲ ခရမ်းရောင်မီးတောက်များက လောင်ကျွမ်းနေ၏။

“သတ်…”

သိုင်းတာအိုပင်မခန္ဓာက ဟိန်းဟောက်လိုက်ပြီး ရှေ့သို့ခြေတစ်လှမ်းယူလိုက်၏။

ဘန်း…

ကောင်းကင်ထည်သွားခြေလှမ်း…။

လိပ်ကျော်ခွံ၏ ကာကွယ်မှုမရှိဘဲ ဆန်ကြယ်ကောင်းကင်ဘုံအရှင်၏ ခန္ဓာကိုယ်ပေါ်တွင် ကြီးမားသော သွေးနီရောင်ချိုင့်ခွက်တစ်ခု ကျန်ရစ်ခဲ့သေလည်။ ထိုခြေနင်းချက်သည် ဆန်းကြယ်ကောင်းကင်ဘုံအရှင်ကို နှစ်ပိုင်းပြတ်ကျစေလုနီးပါးပင်။

ဘုန်း…

သိုင်းတာအိုပင်မခန္ဓာက ဒုတိယမြောက်ခြေလှမ်းကို ယူလိုက်၏။

ဆန်းကြယ်ကောင်းကင်ဘုံအရှင်၏ ဦးခေါင်းသည် သိုင်းတာအိုပင်မခန္ဓာ၏ နင်းချေမှုဖြင့် ချက်ချင်းပင် ကြေမွပျက်စီးသွားပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က ဖျက်ဆီးခံလိုက်ရ၏။

ဆန်းကြယ်ကောင်းကင်ဘုံအရှင်က သေဆုံးသွားလေပြီ။

ထိုအခိုက်အတန့်မှာ ကောင်းကင်ဘုံခုံရုံး၏ တာအိုအမှတ်အသားများသည် တမလွန်မြစ်ရေကြောင့် ချေဖျက်ခံရလုနီးပါးပင်။

ဆန်းကြယ်ကောင်းကင်ဘုံအရှင်ကို သတ်ဖြတ်ပြီးနောက် သူက ပြန်လည်ရှင်သန်နိုင်မည်ဆိုလျှင်ပင် သူက မဟာကမ္ဘာတစ်‌ထောင်လောကသို့ ဝင်ရောက်သွားလိမ့်မည်ဖြစ်ပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို ပြန်လာနိုင်တော့မည်မဟုတ်ပေ။

စောစောကတိုက်ပွဲမှာ တမလွန်မြစ်ရေ၏ စီးဆင်းမှုကြောင့် ငရဲဂိတ်တံခါးကိုးချပ်က ကြေမွပျက်စီးသွားပြီဖြစ်သည်။

အဝီစိဂိတ်တံခါးက အတော်အတန်ပုံမပျက်ကျန်ရှိနေသေးသော်လည်း သိုင်းတာအိုပင်မခန္ဓာမှာ ၎င်းကို ဆင့်ခေါ်ဖို့ ခွန်အားနှင့် အမြုတေစိတ်ဝိညာဉ်စွမ်းအား ဆက်လက်၍မရှိတော့ပေ။

အပြာရောင်ကောင်းကင်ဘုံအရှင်သည် အခြေအနေမကောင်းတော့သည်ကို တွေ့မြင်သောအခါ သူ၏ ဒဏ်ရာအပြင်းအထန်ရရှိထားသော ခန္ဓာကိုယ်ကို တရွတ်ဆွဲပြီး လှည့်ထွက်ပြေးလိုက်၏။

လက်တစ်ဖက်ပြတ် သိုင်းတာအိုပင်မခန္ဓာနှင့် ရင်ဆိုင်ရလျှင်ပင် သူက တိုက်ခိုက်ရဲခြင်း မရှိတော့ပေ။

ဤတိုက်ပွဲမှာ အပြာရောင်ကောင်းကင်ဘုံအရှင်သည် သတ်ဖြတ်မှုများအားလုံးကို မြင်တွေ့ပြီးနောက် လိပ်ပြာလွင့်မတတ်ကြောက်လန့်လာ၏။

သိုင်းတာအိုပင်မခန္ဓာက ပို၍ပင်မြန်ဆန်နေသည်။ သူက ခြေလှမ်းအနည်းငယ်ဆက်တိုက်လှမ်းပြီး အပြာရောင်ကောင်းကင်ဘုံအရှင်ကို လိုက်မီသွား၏။ သူက သူ၏ တစ်ဖက်တည်းသောလက်ကို ဆန့်ထုတ်ပြီး အပြာရောင်ကောင်းကင်ဘုံအရှင်၏ နဂါးအမြီးကို ဆုပ်ကိုင်ကာ သူ၏ ခွန်အားကို ပို့လွှတ်လိုက်၏။

ရွှစ်…

သိုင်းတာအိုပင်မခန္ဓာသည် အပြာရောင်ကောင်းကင်ဘုံအရှင်၏ ခန္ဓာကိုယ်ကို ဆွဲမြှောက်ပြီး‌ လေထုထဲမှာ လှည့်ပတ်ဝေ့ယမ်းပြီး ကောင်းကင်ဘုံခုံရုံးနှင့် ပြင်းထန်စွာကိုင်ရိုက်ချလိုက်၏။

ဘုန်း…

ကမ္ဘာတုန်လောက်ဖွယ်ရာမြည်ဟည်းသံနှင့်အတူ နဂါးသွေးများ ရောထွေးနေသည့် ဖုန်လုံးများက အဘက်ဘက်ကို ဖြန့်ကြက်သွား၏။

အပြာရောင်ကောင်းကင်ဘုံအရှင်သည် ဝမ်းနည်းဖွယ်ရာအော်ဟစ်လိုက်ပြီး သူ၏ နဂါးခန္ဓာကိုယ်က သတိလက်လွတ်ဖြင့် တဆတ်ဆတ်လှုပ်နေ၏။

သူသည် အစကတည်းက သူ၏ လမ်းဆုံးကို ရောက်နှင့်နေပြီဖြစ်သည်။ ပြင်းထန်သောကိုင်ရိုက်မှုက သူ၏ ခန္ဓာကိုယ်ထဲရှိ အရိုးများထက်ဝက်ကျော်ကို ကျိုးကြေမွသွားစေ၏။

အပြာရောင်ကောင်းကင်ဘုံအရှင်သည် သွေးချောင်းများဆိုးပြီး သူ၏ စိတ်က ငေးငိုင်စွာဖြင့် ဗလာကျင်းသွား၏။

သူမတုံ့ပြန်နိုင်ခင် အရိပ်တစ်ခုက သူ့အပေါ်ကို လွှမ်းခြုံလာခဲ့သည်။

သိုင်းတာအိုပင်မခန္ဓာက လေထဲကနေဆင်းသက်ပြီး သူ့ကိုပြင်းထန်စွာ ဆောင့်နင်းချလိုက်၏။

ဖောင်း…

သူ၏ နဂါးဦးခေါင်းက ကြေမွသွားပြီး သွေးများက ပန်းထွက်ကာ ဦးနှောက်များက ပြန့်ကျဲသွား၏။

အပြာရောင်ကောင်းကင်ဘုံအရှင်ကလည်း သေဆုံးသွားပြီဖြစ်သည်။

အခန်း ၃၁၉၈ - ကပ်ဘေးဆင်းသက်ရောက်ရှိလာခြင်း

ကောင်းကင်ဘုံခုံရုံး၏ အရှင်ခြောက်ပါးထဲနောက်ထပ်နှစ်ပါးက ထပ်မံ၍ သေဆုံးသွားသည်။

တိုက်ပွဲ၏ ဤအခြေအနေအရောက်မှာ အခြေအနေက လုံလုံးလျားလျားတိမ်းစောင်းလာခဲ့ပြီဖြစ်သည်။

ကောင်းကင်ဘုံခုံရုံးမှ ကျန်ရှိနေသော အရှင်လေးပါးသည် ထိုသည်ကိုတွေ့မြင်သောအခါ တုန်လှုပ်သွားကြ၏။

ကောင်းကင်ဘုံခုံရုံးက ဆက်လက်၍ တောင့်မခံနိုင်တော့ဘူးဆိုတာကို သူတို့က နားလည်သဘောပေါက်သွားကြသည်။

လက်တစ်ဖက်ပြတ် သိုင်းတာအိုပင်မခန္ဓာက သွေးများဖြင့်စိုရွှဲနေပြီး သူ၏ မျက်လုံးထဲရှိ ခရမ်းရောင်မီးတောက်များက ပိုမိုတောက်ပစွာလောင်ကျွမ်းလာ၏။ သူက သိပ်သည်းပြင်းထန်သောအော်ရာတစ်ခုနှင့်အတူ ကောင်းကင်ဘုံခုံရုံးမှ အရှင်လေးပါးရှိရာသို့ လျှောက်လှမ်းလာ၏။

သူရောက်မလာခင် ချောက်ချားစရာကောင်းသော အော်ရာတစ်ခုက တလိပ်လိပ်တိုးဝင်လာ၏။ သိုင်းတာအိုပင်မခန္ဓာသည် ကောင်းကင်ဘုံခုံရုံးမှ အရှင်သုံးပါးကို ဆက်တိုက်သတ်ဖြတ်ထားသည့်အရှိန်အဝါကို သယ်ဆောင်လာ၏။ ဘယ်သူက သူ့ကို ရင်ဆိုင်နိုင်မှာလဲ။

သိုင်းတာအိုပင်မခန္ဓာသည် တျဲယွဲ့၏ ဘေးသို့ ရောက်ရှိလာပြီး သူ၏တစ်ဖက်တည်းသောလက်ကိုမြှောက်ကာ တမလွန်ဘုံအရှင်ကို ပစ်ထိုးလိုက်၏။

တျဲယွဲ့ကလည်း တစ်ချိန်တည်းမှာတိုက်ခိုက်ပြီး သူမ၏ နုနယ်သောလက်ဖဝါးဖြင့် ဖြတ်ရိုက်ချလိုက်၏။

ဘန်း… ဘုန်း…

တမလွန်ဘုံအရှင်သည် တျဲယွဲ့တစ်ယောက်တည်းနှင့်ရင်ဆိုင်ရာမှာပင် မည်သည့်အသာစီးမှမရရှိနိုင်ခဲ့ပေ။

ယခု သိုင်းတာအိုပင်မခန္ဓာနှင့် သူမ၏ ပူးပေါင်းတိုက်ခိုက်မှုကို သူက ဘယ်လိုလုပ်ခုခံနိုင်ပါ့မလဲ။

ဖြောင်း…

နီရဲ‌နေသော သွေးမြူတစ်ခုက တမလွန်ဘုံအရှင်၏ ခန္ဓာကိုယ်ကနေ ပေါက်ကွဲထွက်ပေါ်လာ၏။ သူ၏ အဝတ်စများက စုတ်ပြတ်သတ်သွားပြီး သူ၏ ခန္ဓာကိုယ်က တုန်လှုပ်စရာကောင်းသောပုံစံဖြင့် အက်ကွဲကြောင်းများဖြင့် ပြည့်နှက်သွား၏။

သိုင်းတာအိုပင်မခန္ဓာနှင့် တျဲယွဲ့သည် ရှေ့သို့နောက်တစ်ဖန်တက်လှမ်းပြီး အဆက်မပြတ်တိုက်ခိုက်လိုက်၏။ သူတို့၏ ပူးပေါင်းတိုက်ခိုက်မှုအောက်မှာ အသက်ဆယ်ရှိုက်စာမပြည့်ခင် တမလွန်ဘုံကောင်းကင်ဘုံအရှင်၏ ဦးခေါင်းက တျဲယွဲ့ထံမှ လက်ဝါးရိုက်ချက်တစ်ချက်ဖြင့်ကြေမွသွားပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က ဖျက်ဆီးခံလိုက်ရ၏။

တမလွန်ကောင်းကင်ဘုံအရှင်က သေဆုံးသွားပြီဖြစ်သည်။

ကောင်းကင်ဘုံခုံရုံးမှ ကျန်ရှိနေသော အရှင်သုံးဦးက ထိုသည်ကိုတွေ့မြင်သောအခါ အခြေအနေက သူတို့အတွက် မျှော်လင့်ချက်မရှိတော့သည်ကို နားလည်သွားခဲ့ပြီဖြစ်သည်။

သို့သော်လည်း သူတို့က သိပ်ပြီးကြောက်လန့်မနေပေ။

သူတို့က သေရမည်ဆိုလျှင်ပင် မဟာကမ္ဘာတစ်ထောင်လောကမှာ ပြန်လည်ရှင်သန်ပေလိမ့်မည်။

သို့သော်လည်း ကောင်းကင်ဘုံခုံရုံးက ရှုံးနိမ့်သွားမည်ဆိုလျှင် မိစ္ဆာအရှင်၊ ဧကရီဆိုးယုတ်နှင့် ဗြဟ္မာတစ္ဆေမိခင်တို့ကလည်း မဟာကမ္ဘာတစ်ထောင်လာကသို့ ပြန်လည်ရောက်ရှိလာပေလိမ့်မည်။ ထိုသည်က သူတို့အတွက် ကြီးမားသည့် ပြဿနာတစ်ခုဖြစ်ပေလိမ့်မည်။ သိုင်းတာအိုပင်မခန္ဓာနှင့်တျဲယွဲ့က တစ်ဘက်သို့လှည့်ပြီး ဧကရီဆိုးယုတ်၏ ဘေးသို့ ရောက်ရှိလာ၏။

အသက်သုံးရှိုက်စာမှာ သူတို့သည် မီးပဒေသာကောင်းကင်ဘုံအရှင်ကို သတ်ဖြတ်လိုက်၏။

“မိစ္ဆာအရှင်… ဧကရီဆိုးယုတ်… တစ္ဆေမိခင်”

ကောင်းကင်ဘုံခုံရုံး၏ ရှုံးနိမ့်မှုက သေချာသွားပြီဖြစ်သော်လည်း စွမ်းအားကောင်းကင်ဘုံအရှင်က အကြောက်အလန့်ကင်းမဲ့နေဆဲဖြစ်ပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။

“ငါ မင်းတို့တွေကို မဟာကမ္ဘာတစ်ထောင်လောကကနေ စောင့်နေမယ်”

ခဏမျှရပ်တန့်ပြီးနောက် စွမ်းအားကောင်းကင်ဘုံအရှင်၏ အကြည့်က သိုင်းတာအိုပင်မခန္ဓာထံ ဆင်းသက်ရောက်ရှိသွားပြီး သူက အေးစက်စွာပြောလိုက်၏။

“အထီးကျန်သိုင်းသခင်… မင်းရောပဲ”

သိုင်းတာအိုပင်မခန္ဓာက ပြန်ဖြေခြင်းမရှိဘဲ ပို၍ပင် ပြင်းထန်ကြမ်းတမ်းစွာ တိုက်ခိုက်လိုက်သည်။

သူ့အတွက် ကျန်ရှိနေသောအချိန်က လျော့ကျလာနေ၏။

အန္တရာယ်ဆင်းသက်မလာခင် ကောင်းကင်ဘုံခုံရုံးမှ ကျန်ရှိနေသော အရှင်နှစ်ပါးကို သူရှင်းထုတ်ပစ်ရပေမည်။

စွမ်းအားကောင်းကင်ဘုံအရှင်နှင့် ဆောင်းဦးကောင်းကင်ဘုံအရှင်သည် အခြားသူများ၏ အကူအညီမရှိဘဲ တောင့်မခံနိုင်တော့ဘဲ သိုင်းတာအိုပင်မခန္ဓာနှင့် အခြားသူများ၏ ပူးပေါင်းတိုက်ခိုက်မှုမှာ သိပ်မကြာခင် သေဆုံးသွားကြသည်။

နောက်ဆုံးမှာတော့ ကောင်းကင်ဘုံခုံရုံးက သည်ဘက်မျိုးဆက်မှာ ဖျက်ဆီးခံလိုက်ရ၏။

မိစ္ဆာအရှင်က သည်းထန်စွာမောဟိုက်နေပြီး မိုးကောင်းကင်ထက်ကို မော့ကြည့်လိုက်၏။ သူ၏ စိတ်နေစရိုက်နှင့်ပင်လျှင် သူ၏ မျက်လုံးအနက်ပိုင်းထဲမှာ စိတ်လှုပ်ရှားမှုအငွေ့အသက်တစ်ခု ပေါ်ထွက်လာ၏။

ဤမျှအထိ နှစ်ပေါင်းများစွာကြာအောင် ခါးသီးစွာစောင့်ဆိုင်းပြီးနောက် သူတို့သည် နောက်ဆုံးမှာ မဟာကမ္ဘာတစ်ထောင်လောကသို့ ပြန်လည်ရောက်ရှိနိုင်တော့မည်ဖြစ်သည်။

တိုက်ပွဲပြီးဆုံးသွားပြီးနောက် တျဲယွဲ့သည် စိတ်သက်သာစွာသက်ပြင်ချပြီး သိုင်းတာအိုပင်မခန္ဓာကို အလိုလိုကြည့်လိုက်၏။

ထိုအခိုက်အတန့်မှာ သိုင်းတာအိုပင်မခန္ဓာက သုန်မှုန်တည်တံ့နေ၏။

တျဲယွဲ့က တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး သိုင်းတာအိုပင်မခန္ဓာရှိရာသို့ လျှောက်လှမ်းလာချင်၏။

“မလာနဲ့”

သိုင်းတာအိုပင်မခန္ဓာက ခပ်ဆတ်ဆတ်အော်ငေါက်လိုက်ပြီး တျဲယွဲ့ထံကနေ အလျင်အမြန်ဆုတ်ခွာသွား၏။

ထိုစဉ်မှာပင် မိစ္ဆာအရှင်၊ ဧကရီဆိုးယုတ်၊ ဗြဟ္မာတစ္ဆေမိခင်နှင့် တျဲယွဲ့ပင်လျှင် တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး သူတို့၏ အမူအရာများ ပြောင်းလဲသွားကြသည်။

ကောင်းကင်ဘုံခုံရုံး၏ အထက်မှာ မဟာကမ္ဘာတစ်ထောင်လောကရှိရာဘက်ကနေ မနှိုင်းယှဉ်သာအောင်ကြောက်စရာကောင်းသော ဖိအားတစ်ခုဆင်းသက်လာနေသည်ကို သူတို့က ခံစားမိလိုက်ကြ၏။

ထိုစွမ်းပကားက သူတို့စဉ်းစားနိုင်သည်ထက် များစွာကျော်လွန်နေနိုင်သည်။

ဖြောင်း…

ကျယ်လောင်သောမြည်သံထွက်ပေါ်လာ၏။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကတစ်ခုလုံးသည် ထိုစွမ်းပကားကို ခံနိုင်ရည်မရှိဘဲ လဲပြိုကျတော့မည့်အလား ယိမ်းထိုးကာတုန်ခါလာ၏။

ဝုန်း…

နောက်ထပ်ကျယ်လောင်သောမြည်ဟည်းသံထွက်ပေါ်လာ၏။

ကြောက်စရာကောင်းသောစွမ်းအားတစ်ခုက ကောင်းကင်ဘုံခုံရုံးအထက် ကောင်းကင်ကို ထိုးဖောက်ပြီး ဧရာမအပေါက်တစ်ပေါက်ဖြစ်ပေါ်လာစေ၏။

ဟာ…

မိစ္ဆာအရှင်၊ ဧကရီဆိုးယုတ်နှင့် ဗြဟ္မာတစ္ဆေမိခင်တို့၏ အမူအရာများက ရုတ်ချည်းပြောင်းလဲသွားကြ၏။

ကောင်းကင်ဘုံ၏ ထိုအစိတ်အပိုင်းသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနှင့် မဟာကမ္ဘာတစ်ထောင်လောကကြား နိယာမအဟန့်အတားဖြစ်သည်။

သို့သော်ယခု ထိုစွမ်းအားသည် နိယာမအဟန့်အတားကို ချိုးဖျက်လာခဲ့သည်။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ ကောင်းကင်ထက်မှာ ကြီးမားသောအပေါက်တစ်ပေါက်ဖြစ်ပေါ်လာ၏။

သုံးဘုံလောကကို ဖျက်ဆီးပစ်လုနီးပါး ကြီးမားသည့်တိုက်ပွဲတစ်ခု မဟာကမ္ဘာတစ်ထောင်လောကမှာ ဖြစ်ပွားခဲ့စဉ်က ၎င်းသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနှင့် မဟာကမ္ဘာတစ်ထောင်လောကကြား နိယာမအဟန့်အတားကို ကြေမွပျက်စီးစေပြီး သူတို့ကို မဟာကမ္ဘာတစ်ထောင်လောကသို့ ကျဆင်းလာစေခဲ့၏။

ခေတ်တချို့ကြာပြီးနောက် နိယာမအဟန့်အတားသည် နဂိုမူလအခြေအနေကို ပြန်လည်မရရှိသေးသော်လည်း အနည်းနှင့်အများ ပြုပြင်ပြီးသွားခဲ့ပြီဖြစ်သည်။

သို့သော်ယခု နိယာမအဟန့်အတားက နောက်တစ်ဖန်ထိုးဖောက်ခံလိုက်ရသည်။

၎င်းသည် ထိုစဉ်တုန်းက တိုက်ပွဲလို ဖျက်ဆီးခံရခြင်းမဟုတ်သော်လည်း ထိုစွမ်းအား၏ ကြောက်မက်ဖွယ်ရာကောင်းမှုက မိစ္ဆာအရှင်နှင့် အခြားနှစ်ယောက်ကို တုန်လှုပ်သွားစေဖို့ လုံလောက်နေသည်။

နိယာမအဟန့်အတားကို ချိုဖျက်လိုက်သည့်စွမ်းအားသည် အခြားသောလောကတစ်ခုကနေ ရောက်ရှိလာပြီး စွမ်းအင်အမြောက်အမြားကို သုံးစွဲခဲ့ရ၏။ သို့သော်လည်း ကောင်းကင်ဘုံခုံရုံးသို့ ဆင်းသက်လာပြီးလျှင်တောင် ၎င်းမှာ ရပ်တန့်တားဆီးမရနိုင်သော စွမ်းပကားတစ်ခုပါဝင်နေဆဲဖြစ်သည်။

ကျိန်းစပ်နေသောအလင်းတစ်ခုက သိုင်းတာအိုပင်မခန္ဓာရှိရာသို့ ပစ်လွင့်ကျဆင်းလာပြီး သူ့ကို ဤလောကကနေ ဖျောက်ဖျက်ပစ်ချင်သည့်အလား မရဏအော်ရာတစ်ခုကို ယူဆောင်လာ၏။

မိစ္ဆာအရှင်၊ ဧကရီဆိုးယုတ်နှင့် ဗြဟ္မာတစ္ဆေမိခင်တို့က ရောပါငြိစွန်းခံရမည်ကိုစိုးရိမ်ပြီး အလိုလိုနောက်ဆုတ်လိုက်ကြ၏။

ထိုစွမ်းအားက အရမ်းကိုသန်မာလွန်းနေသည်။

သူတို့က သူ၏ နေရာမှာရှိမည်ဆိုလျှင်ပင် ထိုစွမ်းအားကို ခုခံနိုင်ကြလိမ့်မည်မဟုတ်ပေ။

တျဲယွဲ့က ရှေ့သို့သို့အလိုလိုတက်လှမ်းချင်သော်လည်း နောက်ကျသွားခဲ့ပြီဖြစ်သည်။

သိုင်းတာအိုပင်မခန္ဓာက မရှောင်လွှဲနိုင်ပေ။

သူက ခြေကုန်လက်ပန်းကျနေပြီး သူ့မှာ တိုက်ခိုက်ရည်ခွန်အားများစွာ မကျန်ရှိတော့သည်ကို မပြောနှင့် သူ၏ အထွတ်အထိပ်အခြေအနေမှာ ရှိနေမည်ဆိုလျှင်ပင် သူက ထိုအလင်းရောင်ကို ရှောင်တိမ်းနိုင်မည် မဟုတ်ပေ။

အလင်းရောင်မှာ သူ၏ ကျင့်ကြံမှုနယ်ပယ်ထက် များစွာသာလွန်သော အန္တိမဓမ္မတာအိုတစ်ခုပါဝင်နေ၏။

ဒါ့အပြင် ၎င်းသည် သူ၏ အော်ရာကို မမှိတ်မသုန်ပစ်မှတ်ထားနေပြီး သူက လုံးဝမရှောင်တိမ်းနိုင်ပေ။

တဖျတ်ဖျတ်တလက်လက်အလင်းက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရှိ မရေမတွက်နိုင်သောပညာရှင်များ၏ အကြည်များကို ဆွဲဆောင်မိသွားသည်။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ တိုက်ပွဲနယ်မြေမှာ ခဏမျှရပ်တန့်သွား၏။

ဧကရာဇ်ပညာရှင်များသည် ရင်တထိတ်ထိတ်ခံစားလာရပြီး အလိုလိုလှည့်ကြည့်လိုက်ကြ၏။ အလင်းတစ်ခုက မိုးကောင်းကင်ကို ချိုးဖျက်ပြီး မြူခိုးများကို လွင့်ပျယ်စေကာ သိုင်းတာအိုပင်မခန္ဓာ၏ ဦးခေါင်းထက်သို့ ဆင်းသက်လာနေသည်ကို သူတို့က တွေ့မြင်လိုက်ရ၏။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ပညာရှင်များစွာသည် ဖြစ်ပျက်လာသည့်အရာကို မသိရှိကြပေ။

သို့သော်လည်း ထိုအလင်းရောင်မှာ ကြောက်စရာကောင်းသောစွမ်းအားတစ်ခုပါဝင်နေသည်ကို သူတို့အားလုံး ခံစားမိနိုင်ကြသည်။

ထိုစွမ်းအားက အရာရာတိုင်းကို ဖျက်ဆီးပစ်နိုင်လုနီးပါးပင်။

သိုင်းတာအိုပင်မခန္ဓာသည် သေရမည်ကို စောင့်ဆိုင်းနေဖို့ စိတ်ကူးမရှိပေ။

သူ့မှာ မျှော်လင့်ချက်ပါးပါးကလေးသာရှိမည်ဆိုလျှင်ပင် သူက သူ့မှာရှိသမျှအကုန် ထုတ်ဖော်ပေလိမ့်မည်။

သိုင်းတာအိုပင်မခန္ဓာသည် မည်သို့ပင်ဆိုစေ ဆူဇီမိုအတွက် အလွန်တရာထူးခြားသော အဓိပ္ပါယ်တစ်ခုရှိနေ၏။

အလင်းရောင်ဆင်းသက်လာစဉ်မှာပင် သိုင်းတာအိုပင်မခန္ဓာက သူ၏ လက်တစ်ဖက်ဖြင့် ငရဲဖိနှိမ်မီးဖိုကို ကိုင်မြှောက်ပြီး သူ၏ ဦးခေါင်းထက် လွှဲယမ်းလိုက်၏။

ဝုန်း…

ကျယ်လောင်သောမြည်ဟည်းသံထွက်ပေါ်လာ၏။

လူတိုင်း၏ ရှေ့မှောက်မှာ မဖျက်ဆီးနိုင်သောမဟာဧကရာဇ်လက်နက်က အလင်းရောင်ကြောင့် ချက်ချင်းပင် ကြေမွပျက်စီးသွားသည်။

ခွန်အားကွာဟချက်က အရမ်းကိုကြီးမားနေ၏။

၎င်းကို ရပ်တန့်တားဆီး၍ မရနိုင်ပေ။

ငရဲဖိနှိမ်မီးဖို၏ အပိုင်းအစများစွာက သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်ထဲသို့ဝင်ရောက်ပြီး သူ့ကိုစကာပေါက်ဖြစ်သွားစေ၏။

သူ၏ တစ်ဖက်တည်းသောလက်က ချက်ချင်းပင် ကြေမွပျက်စီးပြီး သွေးမြူတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

အလင်းရောင်က ရပ်တန့်မသွားဘဲ ဆက်လက်၍ ဆင်းသက်လာ၏။ သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်က ချက်ချင်းပင်ပေါက်ကွဲထွက်ပြီး အသားစများက ဖိတ်စင်ပြန့်ကျဲသွား၏။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရှိ မျိုးနွယ်စုတစ်သောင်းသက်ရှိများအားလုံးသည် တုန်လှုပ်မှုနှင့် မယုံကြည်နိုင်မှုနှင့်အတူ သူတို့၏ မျက်လုံးများ ပြူးကျယ်နေကြသည်။

အတိအကျဘာတွေဖြစ်နေတာလဲ။

မဟာဧကရီသွေးလိပ်ပြာ၊ မိစ္ဆာအရှင်၊ ဧကရီဆိုးယုတ်နှင့် ဗြဟ္မာတစ္ဆေမိခင်တို့သာ ကောင်းကင်ဘုံခုံရုံးမှာ ကျန်ရှိတော့သည်။ ကောင်းကင်ဘုံခုံရုံးမှအရှင်များ၏ မည်သည့်အရိပ်အယောင်ကိုမှ ထပ်မံ၍ မတွေ့မြင်ရတော့ပေ။

သူတို့သည် သည်ဘက်မျိုးဆက်မှာ ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲကို အနိုင်ရရှိသွားပြီဖြစ်သည့်အလားပင်။

သို့သော်လည်း ထိုအလင်းရောင်က ဘာသဘောလဲ။

မဟာဧကရာဇ်အထီးကျန်သိုင်းသခင်က သေသွားပြီလား။

၎င်းကို ကောင်းကင်ဘုံ၏ ဒဏ်ခတ်မှုဟု ခေါ်ဆိုနိုင်မလား။

သူတို့သည် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ အောင်မြင်မည်ဆိုလျှင်ပင် သူတို့သည် ကြီးမားသောတန်ဖိုးတစ်ခုကို ပေးဆပ်ရလိမ့်မည်ဟု ကောင်းကင်ဘုံက သူတို့ကို သတိပေးနေခြင်းဖြစ်နိုင်မလား။

ငရဲဖိနှိမ်မီးဖိုနှင့် သိုင်းတာအိုပင်မခန္ဓာကို ဆက်တိုက်ဖျက်ဆီးပြီးနောက် အလင်းရောင်က ပျက်ပြယ်မသွားပေ။

ကျယ်ပြောသောသွေးမြူခိုးများကြားမှာ မထင်မရှားညိုမှောင်နေသော ရှေးဟောင်းကြေးမုံတစ်ချပ်က ကြယ်တာရာကောင်းကင်ထဲသို့ လွင့်စင်ကျဆင်းပြီး ရုန်းရင်းဆန်ခတ်တိုက်ပွဲနယ်မြေမှာ အဲဒါကို သတိထားမိသည့်သူမရှိသလောက်နီးပါးပင်။ သို့သော်လည်း အလင်းရောင်သည် ခဏမျှရပ်တန့်ပြီးနောက် ညိုမှောင်နေသောရှေးဟောင်းကြေးမုံနောက်သို့ ဆက်လက်၍ လိုက်ပါကာ တိုက်ခိုက်နေ၏။

All Chapters