← Chapters

အခန်း (၃၁၉၉-၃၂၀၀)

Vol. 212 Ch. 3199-3200

အခန်း (၃၁၉၉-၃၂၀၀)

Vol. 212 Ch. 3199-3200

အခန်း ၃၁၉၉ - ချေမှုန်းသုတ်သင်ခြင်း

ထိုအလင်းရောင်၏ ရိုက်ခတ်မှုမှာ ငရဲဖိနှိမ်မီးဖိုနှင့် သိုင်းတာအိုပင်မခန္ဓာက ကြေမွပျက်စီးသွားပြီး သူ၏ သိုင်းစိတ်ဝိညာဉ်က အဲ့ဒါကို ခုခံနိုင်မည် မဟုတ်ပေ။ သို့သော်လည်း သူက ငရဲဖိနှိမ်မီးဖိုကို ဆင့်ခေါ်လိုက်သည့်ခဏမှာပင် သိုင်းတာအိုပင်မခန္ဓာက ဤရလဒ်ကို မျှော်လင့်ထားပြီးသားဖြစ်သည်။ ထို့ကြောင့် သူ၏ သိုင်းစိတ်ဝိညာဉ်က လှစ်ခနဲပြေးထွက်ပြီး တမလွန်ဘုံရတနာကြေးမုံထဲသို့ ဝင်ရောက်သွား၏။

သူ၏ သိုင်းစိတ်ဝိညာဉ်က ဖျက်ဆီးမခံရသရွေ့ သူ့မှာ တစ်ကျော့ပြန်လာခွင့် ရှိနေသေး၏။

ဒဏ္ဍာရီအရ တမလွန်ဘုံရတနာကြေးမုံသည် ငရဲအရှင်၏ လက်နက်ဖြစ်သည်။ သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းလာပြီးလျှင်တောင် သူသည် အဲ့ဒါကို သန့်စင်ပြီး သူ့ကိုယ်ပိုင်အဖြစ် အသုံးချနိုင်ခြင်း မရှိပေ။

တမလွန်ဘုံရတနာကြေးမုံမှာ ပိုမိုကြီးမားသော နောက်ခံတစ်ခု ရှိနေနိုင်သည်ဟု သိုင်းတာအိုပင်မခန္ဓာက ထင်မြင်ယူဆမိသည်။

ဒါ့အပြင် တမလွန်ဘုံရတနာကြေးမုံ၏ အနက်ပိုင်းထဲမှာ အသိစိတ်တစ်ခုက ပုန်းလျှိုးနေ၏။ ၎င်းသည် ဤရတနာ၏ လက်နက်စိတ်ဝိညာဉ် ဖြစ်နိုင်သည်။

ယခုအချိန်မှာ သိုင်းတာအိုပင်မခန္ဓာ၏ သိုင်းစိတ်ဝိညာဉ်သည် တမလွန်ဘုံရတနာကြေးမုံထဲတွင် ဝင်ရောက်ပုန်းကွယ်နေသည်မှာ သူသည် ဤရတနာကို အသုံးချပြီး သူ၏ အော်ရာကို ဖျောက်ဖျက်ကာ မဟာကမ္ဘာတစ်ထောင်လောကမှလာသော အန္တရာယ်ကို ရှောင်လွှဲချင်သောကြောင့်ဖြစ်၏။

ကံဆိုးစွာနှင့်ပင် ထိုအလင်းရောင်၏ အသိစိတ်က အလွန်တရာ ထက်ရှပြီး သူ့နောက်သို့ ဆက်လက်၍ လိုက်ပါလာ၏။

သိုင်းတာအိုပင်မခန္ဓာ၏ သိုင်းစိတ်ဝိညာဉ်က မလွတ်မြောက်နိုင်ပေ။

သူသည် အလင်းရောင်၏ လိုက်လံတိုက်ခိုက်မှုကနေ လွတ်မြောက်နိုင်စရာ အကြောင်းမရှိတော့ချေ။ ယခုအချိန်မှာ သူ၏ မျှော်လင့်ချက်များကို တမလွန်ဘုံရတနာကြေးမုံ၏ အနက်ပိုင်းထဲရှိ အသိစိတ်အပေါ် ပုံအပ်ဖို့သာ ရှိတော့သည်။

ယခု သူက တမလွန်ဘုံရတနာကြေးမုံထဲသို့ ဝင်ရောက်နေပြီး အလင်းရောင်က သူ့ကိုသတ်ဖြတ်ချင်သည်ဆိုလျှင် ၎င်းသည် တမလွန်ဘုံရတနာကြေးမုံကို အရင်ဖျက်ဆီးရပေမည်။

တမလွန်ဘုံရတနာကြေးမုံ အနက်ပိုင်းထဲရှိ လက်နက်စိတ်ဝိညာဉ်ကလည်း အန္တရာယ်ကို အာရုံခံမိသွားပုံရသည်။

တမလွန်ဘုံရတနာကြေးမုံ၏ အနက်ပိုင်းထဲမှာ နီရဲနေသော အစက်တစ်စက်က ရုတ်တရက် အမှောင်ထဲမှာ ပေါ်ထွက်လာ၏။

၎င်းက သွေးစက်တစ်စက်ဖြစ်သည်ကို သိုင်းတာအိုပင်မခန္ဓာက ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်သည်။

ဝုန်း…

သူက ထပ်မံ၍ မစဉ်းစားရသေးခင် မဟာကမ္ဘာတစ်ထောင်လောကမှ အလင်းရောင်က တမလွန်ဘုံရတနာကြေးမုံပေါ်သို့ ကျယ်လောင်သော မြည်သံနှင့်အတူ ဆင်းသက်လာခဲ့ပြီဖြစ်ပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို အဆက်မပြတ် တုန်ခါသွားစေ၏။

ဘေးပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော ကြယ်များက ကြေမွပျက်စီးပြီး ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားသည်။

တမလွန်ဘုံရတနာကြေးမုံသည် အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပြီဖြစ်ပြီး အလင်းရောင်၏ ရိုက်ခတ်မှုကနေ လျင်မြန်စွာ ကျဆင်းကာ အချိန်မရွေး ကြေမွပျက်စီးသွားနိုင်သည်။

တမလွန်ဘုံရတနာကြေးမုံထဲမှာ ပုန်းလျှိုးနေရင်း သိုင်းတာအိုပင်မခန္ဓာက တုန်ခါမှုဖြင့် မူးဝေသွားလေသည်။

သို့သော်လည်း စောစောက အလင်းရောင်၏ စွမ်းအားအများစုကို တမလွန်ဘုံရတနာကြေးမုံက ဖြေရှင်းပေးခဲ့ခြင်း မဟုတ်သည်ကို သူက ခပ်ရေးရေး အာရုံခံမိနိုင်၏။ ထိုအစား ၎င်းကို တမလွန်ဘုံရတနာကြေးမုံထဲရှိ သွေးစက်က ပိတ်ဆို့တားဆီးပေးခဲ့ခြင်းဖြစ်သည်။

တမလွန်ဘုံရတနာကြေးမုံသည် မဟာဧကရာဇ်လက်နက်တစ်ခုသာဖြစ်နိုင်ပြီး ၎င်းသည် ငရဲဖိနှိမ်မီးဖိုကဲ့သို့ နတ်ဘုရားလက်နက်များနှင့် သိပ်မကွာလောက်ပေ။

သွေးစက်၏ တည်ရှိမှုကသာ တမလွန်ဘုံရတနာကြေးမုံကို သိသာထင်ရှားစွာ ပြောင်းလဲသွားစေခဲ့ခြင်းဖြစ်သည်။

ဤကဲ့သို့ ကြောက်စရာကောင်းသော စွမ်းအားတစ်ခု ပါဝင်နေရန် ဤသွေးကို ဘယ်သက်ရှိက ပိုင်ဆိုင်တာလဲ။

သွေးစက်တစ်စက်သည် အလင်းရောင်မှာပါဝင်သော စွမ်းအားထက်ဝက်ကျော်ကို ပိတ်ဆို့တားဆီးပေးခဲ့သည်။ အလင်းရောင်က သုံးဘုံလောက၏ အဟန့်အတားကို ဖြတ်ကျော်လာပြီးနောက် ခွန်အားများစွာ မကျန်ရှိသော်လည်း ၎င်းသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ အရာရာတိုင်းကို ဖျက်ဆီးပစ်ဖို့ လုံလောက်နေသည်။

“အား…”

ဒေါသထွက်၍ မချင့်မရဲနှင့် မကျေမချမ်းဖြစ်နေသော အော်ဟစ်သံတစ်သံက သွေးစက်ထဲကနေ ထွက်ပေါ်လာ၏။

ထိုအော်ဟစ်သံသည် သိုင်းတာအိုပင်မခန္ဓာ၏ အမြုတေစိတ်ဝိညာဉ်ကို ပိုမိုနာကျင်သွားစေ၏။

၎င်းသည် အော်ဟစ်သံတစ်သံသာ ဖြစ်သော်လည်း သူ၏ ဝေဝါးနေသော အသိစိတ်ထဲမှာ သူသည် မရေမတွက်နိုင်သော သက်ရှိများ၏ ရောထွေးနေသော အသံများကို ကြားနေရသည်။

သူသည် အက်ကွဲနေသော တမလွန်ဘုံရတနာကြေးမုံနှင့်အတူ အထိန်းအကွပ်မဲ့စွာဖြင့် လျင်မြန်စွာ ကျဆင်းနေသည်ကိုသာ သိုင်းတာအိုပင်မခန္ဓာက အာရုံခံမိနိုင်သည်။

သူသည် သူ၏ အသိစိတ်တချို့ကို တဖြည်းဖြည်း ပြန်လည်ရရှိလာစဉ် သူက မဟာအဝီစိမှာ ရောက်ရှိနေပြီကို နားလည်သိရှိသွား၏။

မဟာကမ္ဘာတစ်ထောင်လောကမှလာသော အလင်းရောင်က ယခုအချိန်ထိ လက်မလျှော့သေးပေ။ သိုင်းတာအိုပင်မခန္ဓာ မသေဆုံးသေးသရွေ့ ၎င်းက သူ့ကို လုံးလုံးလျားလျား သတ်ဖြတ်ဖို့အတွက် အဆက်မပြတ် လိုက်လံတိုက်ခိုက်နေမည့်အတိုင်းပင်။

ဝုန်း…

အလင်းရောင်က ထျဲဝေတောင်ပေါ်သို့ ဆင်းသက်လာပြီး ၎င်းကို ချက်ချင်းပင် ဖြိုချပစ်လိုက်၏။ ကြောက်စရာကောင်းသော စွမ်းအားက မဟာအဝီစိကို ချိုးဖျက်၍ ရပ်တန့်တားဆီးမရနိုင်သော စွမ်းပကားနှင့်အတူ အနက်ပိုင်းထဲသို့ ထိုးဖောက်ဝင်ရောက်လာ၏။

နှစ်ပေါင်းမရေမတွက်နိုင်အောင် မိစ္ဆာအရှင်ကဲ့သို့ ပညာရှင်များပင်လျှင် မဟာဧကရာဇ်အနန္တ၏ အသွေးအသားဖြင့် တည်ဆောက်ထားသော ဤငရဲကို မည်သည့်အရာမှ မပြုလုပ်နိုင်ခဲ့ပေ။

သို့သော်လည်း ၎င်းသည် မဟာကမ္ဘာတစ်ထောင်လောကမှ စွမ်းအားဖြင့် သည်ဘက်မျိုးဆက်တွင် အလွယ်တကူ ထိုးဖောက်ခံလိုက်ရ၏။

ဝုန်းခနဲမြည်သံနှင့်အတူ တမလွန်ဘုံရတနာကြေးမုံသည် ထိုစွမ်းအားကို ခံနိုင်ရည်မရှိဘဲ လုံးလုံးလျားလျား ကြေမွပျက်စီးသွား၏။

ဖောက်…

တမလွန်ဘုံရတနာကြေးမုံထဲရှိ သွေးစက်က ရုတ်တရက်ပေါက်ကွဲထွက်ပြီး အလင်းရောင်၏ရှေ့ကနေ ပိတ်ဆို့တားဆီးလိုက်၏။ သိုင်းတာအိုပင်မခန္ဓာသည် စဉ်းစားနေဖို့ အချိန်မရဘဲ ထိုအခွင့်အလမ်းကို ချိန်ဆကာ မဟာအဝီစိရှိ ရေတွင်းပျက်ထဲသို့ ထွက်ပြေးလိုက်၏။

ရေတွင်းပျက်သည် ငရဲကမ္ဘာကို ဦးတည်နေ၏။

သွေးစက်သည် အလင်းရောင်မှာပါဝင်သော စွမ်းအားကို သေချာပေါက် ခုခံထားနိုင်လိမ့်မည်မဟုတ်ဘဲ အလွန်ဆုံး အချိန်ခဏသာ ဆွဲပေးထားနိုင်ပေလိမ့်မည်။

သိုင်းတာအိုပင်မခန္ဓာသည် ဤကြန့်ကြာမှုကို အသုံးချကာ ငရဲကမ္ဘာသို့ ထွက်ပြေးတိမ်းရှောင်ချင်၏။

တကယ်တော့ ငရဲကမ္ဘာက ထိုအလင်းရောင်ကို ခုခံပေးထားနိုင်မည် မဟုတ်ပေ။

သိုင်းတာအိုပင်မခန္ဓာတွေးမိသည့် ထွက်ပြေးရာလမ်းကြောင်းမှာ တမလွန်မြစ်ဖြစ်သည်။

အတိအကျဆိုရလျှင် တမလွန်မြစ်၏ အနက်ရှိုင်းဆုံး အစိတ်အပိုင်းဖြစ်သည်။

တမလွန်မြစ်၏ အနက်ပိုင်းထဲမှာ မဟာကြောက်မက်ဖွယ်ရာ ရှိသည်ဟု တျဲယွဲ့က တစ်ခါပြောခဲ့ဖူးသည်။

သူသည် ဧကရာဇ်တစ်ပိုင်းအဆင့်မှာ ရှိခဲ့စဉ်က ကျင့်ကြံဖို့အတွက် တမလွန်မြစ်သို့ ရောက်ရှိလာခဲ့ပြီး တမလွန်မြစ်၏ အနက်ပိုင်းထဲရှိ လျှို့ဝှက်ချက်များကို ရှာဖွေဖော်ထုတ်ရန် တမလွန်မြစ်ကို ဖြတ်ကျော်ဖို့ ကြိုးစားခဲ့ဖူးသည်။

သူသည် ဝေးသထက်ဝေးဝေး လျှောက်လှမ်းလာခဲ့စဉ် တမလွန်မြစ်၏ အနက်ပိုင်းထဲမှ ကြောက်မက်ဖွယ်ရာကို သူကလည်း ခံစားမိခဲ့၏။

နောက်ပိုင်းမှာ မကောင်းဆိုးဝါးဆန်သော လေပြင်းတစ်ချက် ရုတ်တရက် တိုက်ခတ်လာပြီး သိုင်းပိုင်နက်နယ်မြေထဲမှာ ကျင့်ကြံထားသည့် အန္တိမမီးတောက်ခြောက်ခုက ချက်ချင်းပင် ငြိမ်းသေသွားခဲ့သည်။

သူ၏ သိုင်းစိတ်ဝိညာဉ်မီးကပင်လျှင် ယိမ်းထိုးကာ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားခဲ့၏။

တစ်ချိန်တည်းမှာပင် သိုင်းတာအိုပင်မခန္ဓာ၏ ရင်ထဲမှာ ထိန်းချုပ်မရနိုင်သော အကြောက်တရားတစ်ခု ပေါ်ထွက်လာပြီး သူက ခေါင်းနားပန်းကြီးခဲ့ရ၏။

ထိုအချိန်တုန်းက မဟာအရိုင်းကမ္ဘာမှ အခြေအနေက သေရေးရှင်ရေးဖြစ်နေပြီး သိုင်းတာအိုပင်မခန္ဓာသည် ထိုအန္တရာယ်ကို မစွန့်စားရဲခဲ့ပေ။ ထို့ကြောင့် သူသည် စူးစမ်းရှာဖွေမှုကို လက်လျှော့ပြီး လမ်းတစ်ဝက်ကနေ ပြန်လှည့်လာခဲ့ရ၏။

ယခုအချိန်မှာ မဟာကမ္ဘာတစ်ထောင်လောကမှ ကပ်ဘေးက သူ့နောက်သို့ အဆက်မပြတ် လိုက်ပါလာနေ၏။

သိုင်းတာအိုပင်မခန္ဓာက ဆက်လက်၍ ဂရုမစိုက်နိုင်တော့ပေ။

ထိုအလင်းရောင်ကို ခုခံနိုင်ကောင်း ခုခံနိုင်မည့် သူစဉ်းစားမိသည့် တစ်ခုတည်းသောနေရာမှာ တမလွန်မြစ်၏ အနက်ပိုင်းဖြစ်လေသည်။

တစ်ခဏချင်းမှာပင် သိုင်းတာအိုပင်မခန္ဓာက ငရဲကမ္ဘာသို့ ဆင်းသက်ရောက်ရှိလာ၏။

သူ၏ သိုင်းစိတ်ဝိညာဉ်က တရိပ်ရိပ်ဖြတ်ပြေးပြီး တမလွန်မြစ်၏ အထက်ကို ရောက်ရှိဆင်းသက်လာ၏။

သိုင်းတာအိုပင်မခန္ဓာသည် တမလွန်မြစ်၏ အနက်ပိုင်းထဲကိုကြည့်ပြီး တွေဝေတုံ့ဆိုင်းခြင်း မရှိသလောက်နီးပါးဖြင့် ရှေ့သို့ပြေးတက်သွား၏။

သူသည် တမလွန်မြစ်ရှိရာနေရာသို့ ရောက်ရှိလာသည့်အချိန်မှာ သူက ဆက်လက်၍ တည်နေရာမခုန်ကူးနိုင်တော့ပေ။

ဓမ္မတာအိုများအားလုံးသည် ဤနေရာမှာ သူတို့၏ သက်ရောက်မှုကို ဆုံးရှုံးသွားပုံရသည်။

အလင်းရောင်က ယခုအချိန်ထိ လက်မလျှော့သေးဘဲ တမလွန်ဘုံရတနာကြေးမုံထဲရှိ သွေးကို ခြေမွှဖျက်ဆီးကာ ငရဲကမ္ဘာသို့ လိုက်လာနေပြီကို သူက အာရုံခံမိနိုင်၏။

ငရဲကမ္ဘာသည် မကောင်းဆိုးဝါးဆန်၍ မှောင်မည်းနေပြီး တမလွန်ချီဖြင့် ပြည့်နှက်နေ၏။

သိုင်းတာအိုပင်မခန္ဓာ၏ သိုင်းစိတ်ဝိညာဉ်သည် တမလွန်မြစ်၏အထက်သို့ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီဖြစ်၏။ ပုံမှန်အခြေအနေမှာဆိုလျှင် ငရဲစိမ့်စမ်းကိုးခု၏ အဟန့်အတားနှင့်အတူ ၎င်းသည် သူ၏ အငွေ့အသက်များအားလုံးကို ဖျောက်ဖျက်ပေးဖို့ လုံလောက်ပေလိမ့်မည်။

သို့သော်လည်း အလင်းရောင်မှာ အသိဉာဏ်တချို့ ရှိနေပုံရသည်။ ခဏမျှ ရပ်တန့်ပြီးနောက် ၎င်းသည် ငရဲအဝါရောင်စိမ့်စမ်းကို ချိုးဖျက်ကာ ရေစီးကြောင်းများကို ဆန်တက်၍ တမလွန်မြစ်၏အထက် သိုင်းတာအိုပင်မခန္ဓာရှိရာသို့ ဆက်လိုက်လာ၏။

သိုင်းတာအိုပင်မခန္ဓာသည် မည်သည့်နေရာကို ရောက်ရှိသည်ဖြစ်စေ လွတ်မြောက်နိုင်စရာ အကြောင်းမရှိတော့ပေ။

အလင်းတန်းက သူ့ကို ချေမှုန်းသုတ်သင်ပစ်ချင်နေ၏။

သိုင်းတာအိုပင်မခန္ဓာမှာ အားနည်းလာသော သိုင်းစိတ်ဝိညာဉ်တစ်ခုသာ ကျန်တော့လေသည်။

သူသည် တမလွန်မြစ်၏ အနက်ပိုင်းထဲသို့ ဝင်ရောက်လာစဉ် သူခံစားနေရသည့် ဖိအားက တိုးလာပြီး သူ၏ အကြောက်တရားက နက်ရှိုင်းလာ၏။

သူ၏ သိုင်းစိတ်ဝိညာဉ်သည် ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ယခင်တုန်းကထက် များစွာသာလွန်လာ၏။

သို့သော်လည်း သူသည် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲအပြီးမှာ စွမ်းအင်မြောက်များစွာကို သုံးစွဲခဲ့ရ၏။ ယခုအချိန်မှာ သူ၏ သိုင်းစိတ်ဝိညာဉ်က အားနည်းနေသော မီးတောက်များနှင့်အတူ အရှိန်အဟုန် ကုန်ဆုံးသွားသည့် မြားတစ်စင်း ဖြစ်လာခဲ့လေပြီ။

နောက်ထပ် မကောင်းဆိုးဝါးဆန်သော လေပြင်းက တမလွန်မြစ်၏ အနက်ပိုင်းထဲကနေ တိုက်ခတ်လာမည်ဆိုလျှင် သိုင်းစိတ်ဝိညာဉ်မီးက နေရာမှာတင် ငြိမ်းသေသွားရပေလိမ့်မည်။

ထိုသို့ဆိုလျှင်တောင် သိုင်းတာအိုပင်မခန္ဓာက မရပ်တန့်လိုက်ပေ။

သူ့မှာ ထိုအလောင်းအစားတစ်ခုသာ ပြုလုပ်စရာ ရှိတော့သည်။

တမလွန်မြစ်၏ အနက်ပိုင်းထဲမှာ အရာရာတိုင်းက ဘာမှန်းမသိရပေ။

သူ့မှာ အသက်ရှင်သန်ဖို့အတွက် အခွင့်အရေးတစ်ခု ရှိကောင်းရှိနေနိုင်သေးသည်။

သူက ရပ်တန့်လိုက်မည်ဆိုလျှင် အလင်းရောင်က သူ့ကို မည်သည့်အခွင့်အရေးမှ မပေးဘဲ နေရာမှာတင် သေချာပေါက် သတ်ဖြတ်ပစ်ပေလိမ့်မည်။

သို့သော်လည်း အလင်းရောင်၏ အလျင်အဟုန်နှင့်ယှဉ်လျှင် သိုင်းတာအိုပင်မခန္ဓာ၏ သိုင်းစိတ်ဝိညာဉ်က အရမ်းကို နှေးကွေးနေ၏။

သူ၏ နောက်ဘက်မှာရှိသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သိပ်သည်းအားကောင်းလာသည်။

ဤအတိုင်းသာ ဆက်လက်၍ ပြေးနေမည်ဆိုလျှင် သူက တမလွန်မြစ်၏ အနက်ပိုင်းထဲသို့ မရောက်ရှိနိုင်ခင် အလင်းရောင်က သူ့ကိုသတ်ဖြတ်ပစ်ပေလိမ့်မည်။

အခန်း ၃၂၀၀ - သွေးပင်လယ်

အလင်းရောင်က တမလွန်မြစ်၏ အထက်ကို လိုက်လာခဲ့သည်။ ရန်စခံလိုက်ရသည့်အလား အစက တည်ငြိမ်၍မှောင်မည်းနေသောမြစ်က ရုတ်တရက် ဆူနာမီလှိုင်းတစ်ခုကဲ့သို့ တလိပ်လိပ်ထိုးတက်လာပြီး ၎င်းက အလင်းရောင်ကို ဆွဲယူနှစ်မြှုပ်ပစ်ချင်နေသည့်အလားပင်။

တမလွန်မြစ်မှာ အင်အားကြီးမားသောစွမ်းပကားတစ်ခု ပါဝင်နေပြီး ၎င်းသည် ကောင်းကင်ဘုံခုံရုံးမှ တာအိုအမှတ်အသားများကိုပင် ဖျက်ဆီးပစ်နိုင်ခဲ့သည်။ သို့သော်ယခု တလိပ်လိပ်ထိုးတက်လာသောမြစ်ရေက အလင်းရောင်ကို မဝါးမျိုနိုင်ပေ။ သို့သော်လည်း ကြီးမားသောလှိုင်းလုံးများ၏ အဟန့်အတားနှင့်ရင်ဆိုင်ရချိန်မှာ အလင်းရောင်၏ အလျင်မဟုန်က သိသိသာသာလျော့ကျသွားပြီး သိုင်းတာအိုပင်မခန္ဓာသည် အန္တရာယ်ကနေ ယာယီအားဖြင့် လွတ်မြောက်သွား၏။

သိုင်းတာအိုပင်မခန္ဓာ၏ သိုင်းစိတ်ဝိညာဉ်က တမလွန်မြစ်၏ အနက်ပိုင်းထဲသို့ ဝင်ရောက်လာစဉ် တမလွန်မြစ်၏ အနက်ပိုင်းထဲကနေ အရင်းခံလာသည့် အကြောက်တရားခံစားချက်က ပိုမိုသိပ်သည်းအားကောင်းလာ၏။

ရှေ့တည့်တည့်မှာရှိသော ရေပြင်မျဉ်းကြောင်းမှာ သိုင်းတာအိုပင်မခန္ဓာသည် မီးတောက်လုံးကို နောက်တစ်ဖန်မြင်တွေ့လိုက်ရ၏။ သို့သော်လည်း ဤတစ်ခေါက်မှာ ယိုယွင်းပျက်စီးနေသော ရှေးဟောင်းသင်္ဘောကို မီးတောက်လုံး၏ ဘေးမှာ မမြင်တွေ့ရတော့ပေ။

ယိုယွင်းပျက်စီးနေသောရှေးဟောင်းသင်္ဘောကို သူနောက်ဆုံးတွေ့မြင်ခဲ့စဉ်က ၎င်းသည် အဝေးတစ်နေရာမြစ်ထဲမှာ မလှုပ်မယှက် ပေါလောမျောနေ၏။

ထိုအချိန်တုန်းက သူက စဉ်းစားရခက်နေခဲ့သည်။ တမလွန်မြစ်သည် အဆက်မပြတ်စီးဆင်းနေပြီး လမ်းလေးသွယ်သို့ ဝင်ရောက်နေ၏။ ယိုယွင်းပျက်စီး၍ ထူးဆန်းသောသင်္ဘောသည် ဘာကြောင့်စီးဆင်းနေသော မြစ်ရေနောက်ကို မလိုက်ပါဘဲ နေရာမှာတင် ရပ်တန့်နေခဲ့ရတာလဲ။

သို့သော်လည်း ဤတစ်ခေါက်မှာ ယိုယွင်းပျက်စီးနေသော ရှေးဟောင်းသင်္ဘောက ပျောက်ကွယ်သွား၏။

သိုင်းတာအိုပင်မခန္ဓာသည် အဲဒါနှင့်ပတ်သက်၍ များစွာစဉ်းစားနေဖို့ အချိန်မရပေ။ သူ့နောက်မှာရှိသောအန္တရာယ်က ယခုအချိန်ထိ မပျောက်ပျက်သေးပေ။

သူ၏ ကိုယ်ကာယခန္ဓာနှင့်အတူ အထွတ်အထိပ်အခြေအနေမှာရှိနေလျှင်ပင် တမလွန်မြစ်ကိုဖြတ်ကျော်ခြင်းက စွမ်းအင်မြောက်မြားစွာသုံးစွဲရပြီး အန္တရာယ်များဖြင့် ပြည့်နှက်နေ၏။

ယခုအချိန်မှာ သူ့တွင် သိုင်းစိတ်ဝိညာဉ်တစ်ခုသာလျှင် ကျန်တော့လေသည်။

သူသည် ကြီးမားသည့်တိုက်ပွဲတစ်ခုကို မကြာသေးခင်ကမှ ဆင်နွှဲထားပြီး အလွန်တရာအားနည်းနေ၏။ သူက ဤနေရာအထိ လမ်းတစ်လျှောက်ထွက်ပြေးလာခဲ့စဉ်မှာ သူက သူ၏ လမ်းဆုံးကို ရောက်နှင့်နေလေပြီ။ သူသည် မီးတောက်လုံးအနားသို့လည်း လုံးဝမချဉ်းကပ်ရဲပေ။

အနည်းငယ်သောပျက်စီးထိခိုက်မှုကပင် သူ၏ သိုင်းစိတ်ဝိညာဉ်ကို လုံးလုံးလျားလျား ငြိမ်းသေသွားစေနိုင်သည်။

အချိန်ကြာလာသည်နှင့်အမျှ သိုင်းတာအိုပင်မခန္ဓာ၏ သိုင်းစိတ်ဝိညာဉ်မီးတောက်က ပိုမိုအားနည်းကာ မှေးမှိန်လာ၏။

သူ၏ အသိစိတ်က စတင်ဝေဝါးလာပြီး အလိုအလျောက်တုံ့ပြန်မှုတစ်ခုသာလျှင် ကျန်တော့ကာ ဆက်လက်၍ ထွက်ပြေးနေ၏။

မသိလိုက်မသိဘာသာအချိန်တစ်ခုကြာသွားပြီးနောက် သိုင်းတာအိုပင်မခန္ဓာသည် သူ့ထံသို့ တလိပ်လိပ်တိုးဝင်လာသည့် သိပ်သည်းပြင်းထန်သော မကျေမချမ်းမှုနှင့် အမျက်ဒေါသခံစားမှုတစ်ခုကို ရုတ်တရက်ရရှိလိုက်၏။

၎င်းက သူ့ကို မွန်းကျပ်စေလုနီးပါးပင်။ သူက သူ၏ ခြေလှမ်းကို အလိုလိုရပ်တန့်ပြီး သူ၏ နောက်ဆုံးလက်ကျန်အသိစိတ်တစ်စကို ထိန်းသိမ်းကာ လှမ်းကြည့်လိုက်၏။

တွေ့မြင်ရသောအရာက သူ့ကိုတုန်လှုပ်သွားစေသည်။ သိုင်းစိတ်ဝိညာဉ်မီးက မှိတ်တုတ်မှိတ်တုတ်ဖြစ်လာပြီး ငြိမ်းသေလုမတတ်ပင်။

သူ၏ အောက်ဘက်မှာ တမလွန်မြစ်ရေက အဆက်မပြတ်စီးဆင်းနေဆဲဖြစ်၏။

သို့သော်လည်း သူ၏ ရှေ့တည့်တည့်မှာ သိပ်သည်းပြင်းထန်သောသွေးချီနှင့်အတူ အဆုံးမဲ့သွေးပင်လယ်တစ်စင်းရှိနေသည်။

အရင်တုန်းက မီးတောက်လုံးကို သူတွေ့မြင်ခဲ့စဉ်က မီးတောက်လုံး၏ အနီးနားမြစ်ရေပြင်က နီရဲနေသည်ကို သူက သတိထားမိခဲ့သည်။

အစကတော့ အဲဒါသည် မီးတောက်များ၏ ရောင်ပြန်ဟပ်မှုကြောင့်ဖြစ်မည်ဟု သူကတွေးထင်ခဲ့၏။ ထိုအခိုက်အတန့်မှသာ အစကတည်းက ရှေ့တည့်တည့်မှာ သွေးပင်လယ်တစ်စင်းရှိနေခဲ့သည်ကို သူက နားလည်သဘောပေါက်သွားသည်။

ပို၍ပင် ကြောက်စရာကောင်းသည့်အရာမှာ သွေးပင်လယ်ကနေ ထုတ်ဖော်လိုက်သော မချင့်မရဲအမျက်ဒေါသနှင့် မကျေမချမ်းဖြစ်နေသော စိတ်ခံစားချက်များက သူနှင့်ရင်းနှီးမှုရှိနေသည်ဟု ထင်ရလေသည်။

၎င်းသည် တမလွန်ဘုံရတနာကြေးမုံထဲရှိ သွေးစက်ထဲမှ စိတ်ခံစားချက်များနှင့် အလွန်တရာဆင်တူနေ၏။

ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာက ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားသည်။

တမလွန်ဘုံရတနာကြေးမုံထဲရှိသွေးစက်သည် သူ့ရှေ့မှ သွေးပင်လယ်ထဲကနေ ဆင်းသက်လာခြင်းဖြစ်နိုင်သည်။

သွေးစက်တစ်စက်ကပင် ဤမျှအထိ စွမ်းအားကြီးမားနေခဲ့သည်ဆိုလျှင် အကန့်အသတ်မဲ့သောသွေးပင်လယ်ထဲမှာ မည်မျှကြောက်စရာကောင်းသည့်စွမ်းအားများ ပါဝင်နေမလဲ။

သွေးပင်လယ်က မည်ကဲ့သို့ဖြစ်ပေါ်လာတာလဲ။

သိုင်းတာအိုပင်မခန္ဓာသည် တစ်ခါက နှစ်တစ်ရာကျော်ကြာအောင် တမလွန်မြစ်ထဲမှာ မျောနေခဲ့၏။ သူသည် လမ်းလေးသွယ်ကို ဖြတ်ကျော်ခဲ့ပြီး နောက်ဆုံးမှာ မူလနေရာသို့ ပြန်လည်ရောက်ရှိလာခဲ့၏။

တစ်နည်းအားဖြင့်ဆိုသော် တမလွန်မြစ်၏ တည်ရှိမှုသည် အစစ်အမှန်ရင်းမြစ်မရှိဘဲ လှည့်ပတ်စီးဆင်းနေသည့် မြစ်တစ်စင်းကဲ့သို့ဖြစ်၏။

ထိုအချိန်တုန်းက သိုင်းတာအိုပင်မခန္ဓာက စဉ်းစားရခက်နေခဲ့၏။

ထိုသို့ဆိုလျှင် တမလွန်မြစ်၏ အလယ်ဗဟိုမှာ ဘာရှိနေတာလဲ။

ဤနေရာမှာ မည်သည့်အရင်းအမြစ်မှမရှိလျှင် တမလွန်မြစ်၏ စွမ်းအားက ဘယ်နေရာကနေ ရောက်ရှိလာတာလဲ။

ထိုအခိုက်အတန့်မှာ အရာအားလုံးအတွက် အဖြေတစ်ခုရရှိလာပုံရသည်။

တိုတောင်းသောထိုအချိန်မှာ သူ၏ နောက်ဘက်မှာရှိသောအလင်းရောင်က တမလွန်မြစ်၏ အဟန့်အတားကို ချိုးဖျက်ကာ ချဉ်းကပ်လာနေပြီဖြစ်၏။

တမလွန်မြစ်ကပင်လျှင် ထိုအလင်းကို ပိတ်ဆို့မတားဆီးနိုင်ပေ။

ရှေ့တည့်တည့်ရှိ အဆုံးမဲ့သွေးပင်လယ်နှင့်ပတ်သက်၍လည်း မည်သည့်အရာကိုမှ မသိရပေ။

သိုင်းတာအိုပင်မခန္ဓာသည် သွေးပင်လယ်မှာ တမလွန်မြစ်ထက် များစွာသာလွန်သည့် အလွန်တရာကြောက်စရာကောင်းသောစွမ်းအားတစ်ခုပါဝင်နေသည်ကို အာရုံခံမိနိုင်၏။

သူ၏ အလွန်တရာအားနည်းနေသော သိုင်းစိတ်ဝိညာဉ်သည် သွေးပင်လယ်ထဲသို့ ဝင်ရောက်ပြီး သွေးချီဖြင့် လွှမ်းခြုံခံရမည်ဆိုလျှင် ၎င်းသည် နေရာမှာပင်ငြိမ်းသေကာ သူက သေသွားရပေလိမ့်မည်။ သိုင်းတာအိုပင်မခန္ဓာက နောက်ဘက်ကိုလှည့်ကြည့်လိုက်၏။

သူ့မှာ မည်သည့်ထွက်ပေါက်မှ မရှိတော့ပေ။

သိုင်းတာအိုပင်မခန္ဓာက တွေဝေတုံ့ဆိုင်းမနေတော့ဘဲ ရှေ့တည့်တည့်မှာရှိသော သွေးပင်လယ်ရှိရာသို့ မျှောချလိုက်၏။

ရှဲ…

သူက သွေးပင်လယ်အထက်သို့ရောက်ရှိလာသည့်ခဏမှာပင် အဆုံးမဲ့သွေးချီက တလိပ်လိပ်ထိုးတက်လာပြီး တရှဲရှဲမြည်သံနှင့်အတူ သူ၏ သိုင်းစိတ်ဝိညာဉ်ကို လွှမ်းခြုံသွား၏။

သိုင်းစိတ်ဝိညာဉ်က အဆက်မပြတ်မှိတ်တုတ်မှိတ်တုတ်ဖြစ်ပြီး မီးတောက်များက ပိုမိုသေးငယ်သည်ထက် သေးငယ်လာ၏။ သိပ်မကြာခင် သူတို့က လုံးလုံးလျားလျား ငြိမ်းသေသွားသည်။

သိုင်းတာအိုပင်မခန္ဓာ၏ ဝိညာဉ်က သွေးပင်လယ်ထဲသို့ကျဆင်းပြီး သူ၏ အသိစိတ်က အဆက်မပြတ်နစ်မြုပ်သွား၏။

သိုင်းတာအိုပင်မခန္ဓာက ပြီးဆုံးသွားပြီကို သူက နားလည်သဘောပေါက်လိုက်သည်။

သူ၏ ဝိညာဉ်က ဖျက်ဆီးခံလိုက်ရ၏။

သူ၏ အသိစိတ် မပျောက်ကွယ်ခင် နောက်ဆုံးအခိုက်အတန့်မှာ သူက ရုတ်တရက်တစ်စုံတစ်ရာကို တွေးမိသွားခဲ့သည်။

သူ့ရှေ့မှာရှိသော သွေးပင်လယ်က တည်ငြိမ်ပြီး မလှုပ်မယှက်ရှိနေခဲ့သည်ဆိုမှတော့ အရင်တုန်းက သူတွေ့မြင်ခဲ့ရသည့် ယိုယွင်းပျက်စီးနေသည့် ရှေးဟောင်းသင်္ဘောက ဘာ့ကြောင့်ပျောက်ကွယ်သွားတာလဲ။

သူက နောက်ဆုံးအဖြေကို မစဉ်းစားနိုင်ခင် သူ၏ အသိစိတ်ကို ဆုံးရှုံးလိုက်ရ၏။

မဟာကမ္ဘာတစ်ထောင်လောကမှလာသည့် အလင်းရောင်က တမလွန်မြစ်ရေလှိုင်းများကို ဖြတ်ကျော်ပြီး သွေးပင်လယ်ရှိရာသို့ လိုက်လာခဲ့၏။ သို့သော်လည်း ၎င်းက ရုတ်တရက်ရပ်တန့်သွားသည်။

အလင်းရောင်သည် တွေဝေရှုပ်ထွေးသွားပုံရပြီး သူ၏ ပစ်မှတ်ကို ရှာမတွေ့နိုင်တော့ပေ။

၎င်းက နေရာတစ်ဝိုက်မှာ လှည့်ပတ်နေသော်လည်း မည်သည့်အရာကိုမှ ရှာမတွေ့သေးပေ။

တမလွန်မြစ်နှင့်သွေးပင်လယ်၏ အဆက်မပြတ်ဆေးကြောသန့်စင်မှုအောက်မှာ အလင်းရောင်က တဖြည်းဖြည်းမှေးမှိန်ပြီး နောက်ဆုံးမှာပျက်ပြယ်ကာ သွေးပင်လယ်နှင့် ပေါင်းစည်းသွား၏။

ဝေါ…

ထိုစဉ်မှာပင် ရေသံတစ်သံထွက်ပေါ်လာ၏။

ဝဲဂယက်များက အစကတည်ငြိမ်နေသော သွေးပင်လယ်မှာ ရုတ်တရက်ပေါ်ထွက်လာသည်။

အလွန်တရာရိုးရှင်းပြီး ပိန်းပိတ်အောင်နက်မှောင်နေသည့် ယိုယွင်းပျက်စီးနေသော ရှေးဟောင်းသင်္ဘောတစ်စင်းက သွေးမြူခိုးများ၏ အနက်ပိုင်းထဲကနေ သွေးပင်လယ်ကိုဖြတ်ပြီး ဖြည်းဖြည်းချင်းရွက်လွှင့်လာ၏။

သိုင်းတာအိုပင်မခန္ဓာ၏ သိုင်းစိတ်ဝိညာဉ်ချုပ်ငြိမ်းသွားရာနေရာသို့ ရောက်ရှိလာပြီးနောက် ယိုယွင်းနေသော ရှေးဟောင်းသင်္ဘောက ရုတ်တရက်ရပ်တန့်သွားသည်။

ထို့နောက်ချက်ချင်းပင် နက်မှောင်နေသော သင်္ဘောထဲကနေ ပုံရိပ်တစ်ခုက ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လိုက်၏။၊

ထိုပုံရိပ်က သူ၏ ခန္ဓာကိုယ်ကို ကွေးညွှတ်ပြီး သင်္ဘောထဲမှာ ဆောင့်ကြောင့်ထိုင်ကာ ယိုယွင်းပျက်စီးနေသောသင်္ဘောနှင့် ပေါင်းစည်းလုနီးပါးပင်။ ၎င်းက မလှုပ်မယှက်ရှိနေမည်ဆိုလျှင် သူတို့ကိုခွဲခြားဖို့ မဖြစ်နိုင်သလောက်ပင်။

ထိုပုံရိပ်က ခပ်ပွပွအနက်ရောင်ဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထားပြီး သူ၏ ဆံပင်များက ဖရိုဖရဲဖြစ်နေ၏။ သူ၏ ကျိုးတိုးကျဲတဲအနက်ရောင်ဆံပင်များက သူ့မျက်နှာတစ်ခုလုံးကို ဖုံးအုပ်ထားပြီး သူ၏ ဖြူဖပ်ဖြူရော်အသားအရည်ကို ခပ်ရေးရေး တွေ့မြင်နိုင်သည်။ သို့သော်လည်း သူ၏ အတိအကျရုပ်ရည်သွင်ပြင်ကို မတွေ့မြင်နိုင်ဘဲ သူက လူတစ်ယောက်လား သို့မဟုတ် တစ္ဆေတစ်ကောင်လား မသိရပေ။

ထိုပုံရိပ်က သွေးပင်လယ်ထဲရှိ သိုင်းတာအိုပင်မခန္ဓာ၏ ဝိညာဉ်ကို ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်၏။

“ဟီးဟီး…”

ထူးဆန်းသောရယ်မောသံက အနက်ရောင်ဆံပင်များကြားကနေ ထွက်ပေါ်လာသည်။

ရုတ်တရက်ဆိုသလို အနက်ရောင်ဝတ်အမျိုးသားသည် သူ၏ လက်ကို သာမန်ကာလျှံကာဝေ့ယမ်းလိုက်ပြီး သူ၏ ကျယ်ပြန့်သောဝတ်ရုံလက်စက သွေးပင်လယ်ထဲသို့ကျဆင်းသွား၏။ သူက သိုင်းတာအိုပင်မခန္ဓာ၏ ဝိညာဉ်ကို သဲ့ယူပြီး ၎င်းကို ရှေးဟောင်းသင်္ဘောပေါ် ညင်သာစွာချပေးလိုက်၏။

ထို့နောက် အနက်ရောင်ဝတ်အမျိုးသားက သွေးပင်လယ်ထဲမှာလွင့်မျောနေသောမီးတောက်လုံးကို လက်ယပ်ခေါ်ပြီး နီရဲနေသော မီးတောက်တစ်စကို ဆွဲထုတ်ကာ သိုင်းတာအိုပင်မခန္ဓာ၏ ဝိညာဉ်ပေါ်သို့ တင်ပေးလိုက်၏။

ရွှစ်…

အစက ငြိမ်းသေသွားသော သိုင်းစိတ်ဝိညာဉ်မီးက နောက်တစ်ဖန်တောက်လောင်လာသည်။

၎င်းသည် အလွန်တရာအားနည်းနေဆဲဖြစ်သော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ ဝိညာဉ်က ၎င်း၏ အသက်ဓာတ်အားကို တဖြည်းဖြည်းပြန်လည်ရယူနေ၏။

အနက်ရောင်ဝတ်အမျိုးသားက တစ်ဘက်သို့လှည့်လိုက်ပြီး သူ၏ အနက်ရောင်ဆံပင်က သူ၏ မျက်နှာကို ဖုံးအုပ်သွား၏။ သူ၏ မပီမသအကြည့်သည် သူ၏ ကျိုးတိုးကျဲတဲအနက်ရောင်ဆံပင်များကို ဖြတ်ကျော်ပြီး သိုင်းတာအိုပင်မခန္ဓာပေါ်သို့ ဆင်းသက်လာ၏။

သူက စေ့စေ့စပ်စပ်အကဲခတ်ကြည့်နေသည့်အလားပင်။

သူ၏ အကြည့်က ထူးဆန်းနေပြီး ဖော်မပြတတ်အောင်ပင်။

ခဏနေပြီးနောက် အနက်ရောင်ဝတ်အမျိုးသားက သူ၏ အကြည့်ကို ရုပ်သိမ်းလိုက်၏။ တစ်စုံတစ်ရာပြုလုပ်ခြင်းမရှိဘဲ သူ၏ အောက်ဘက်ရှိ ယိုယွင်းပျက်စီးနေသော ရှေးဟောင်းသင်္ဘောက ယိမ်းထိုးသွား၏။

သိုင်းတာအိုပင်မခန္ဓာကို တင်ဆောင်ပြီး သူတို့သည် သွေးပင်လယ်၏ အနက်ပိုင်းထဲသို့ ဝင်ရောက်ကာ သွေးမြူခိုးများကြား တဖြည်းဖြည်းပျောက်ကွယ်သွားသည်။

မည်သည့်အရာမှ မဖြစ်ပျက်ခဲ့သည့်အလား တမလွန်မြစ်က နောက်တစ်ဖန် ပြန်လည်တည်ငြိမ်သွားလေသည်။

All Chapters