အခန်း (၁၈၉၅+၁၈၉၆)
Vol. 130 Ch. 1895+1896
အခန်း(၁၈၉၅)
လျှို့ဝှက်နယ်မြေတစ်ခုလုံးကို ကြယ်တာရာကဲ့သို့ လင်းထိန်စေသော အထွတ်အထိပ် နတ်အလင်းတန်းကို ကြည့်ကာ ကျန်းချန် အံ့အားသင့်သွားခဲ့သည်။
ဤရက်များတွင် သူက မဟာမြေရိုင်း တံဆိပ်ပြားများကို အစွမ်းကုန်လုယူခဲ့ပြီး လက်ရှိအချိန်တွင် မဟာမြေရိုင်း တံဆိပ်ပြား သုံးဆယ်ကိုသာ ရရှိထားသေး၏။
“မမျှော်လင့်ဘဲ တစ်ယောက်ယောက်က အထွတ်အထိပ် နတ်အလင်းတန်းကို စုစည်းနိုင်ခဲ့ပြီ.. ဒီလူက ပထမနေရာ အတွက် ရေပန်းအစားဆုံး ဖြစ်တဲ့ မဟာမြေရိုင်းနတ်ဂိုဏ်းက မိုကျင့်လဲ့များ ဖြစ်နေမလား”
မိုကျင့်လဲ့သည် မဟာမြေရိုင်းပါရမီရှင် စာရင်းထဲတွင် ထိပ်ဆုံး ဆယ်ဦးထဲမှ တစ်ဦး ဖြစ်သည်။
ထို့အပြင် မဟာမြေရိုင်းနတ်ဂိုဏ်း၏ အစွမ်းကုန် ပြုစုပျိုးထောင်ခြင်းကို ခံခဲ့ရသည့် ပြိုင်ဘက်ကင်းပါရမီရှင် တစ်ဦးလည်း ဖြစ်သည်။
ဆိုရလျှင် ဤနှစ်အတွက် ပထမ နေရာတွင် မိုကျင့်လဲ့ထက် ပိုမို ရေပန်းစားသူ တစ်ယောက်မှ မရှိခဲ့ပေ။
ထို့ကြောင့်လည်း အထွတ်အထိပ်နတ်အလင်း ထွက်ပေါ်လာသည်နှင့် ကျန်းချန် ကဲ့သို့ပင် ပြိုင်ပွဲဝင် ၉၀ရာခိုင်နှုန်းကျော်သည် မိုကျင့်လဲ့ဟုပင် ခန့်မှန်းခဲ့ကြသည်။
“အထွတ်အထိပ် နတ်အလင်းတန်းက မပျောက်ကွယ်ဘဲ ရှိနေတာလား”
အချိန်အတော်ကြာ မပျောက်ကွယ်သေးသည့် အထွတ်အထိပ်နတ်အလင်းတန်းကို ကြည့်ကာ ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ဤအထွတ်အထိပ် နတ်အလင်းတန်းသည် မပျောက်ကွယ်ရုံသာမက ၎င်းကို စုစည်းထားသူနှင့်အတူ ရွေ့လျားနေပုံရ၏။
“စိတ်ဝင်စားစရာပဲ”
ထိုအခြေအနေကို သတိပြုမိလျှင် ကျန်းချန်သည် တအံ့တသြ ရေရွတ်လိုက်သည်။
အထွတ်အထိပ် နတ်အလင်းတန်းသည် နေရာပြ ကိရိယာ တစ်ခုလို ဖြစ်နေခဲ့ပြီး အထွတ်အထိပ် နတ်အလင်းတန်းကို စုစည်းသူအား ထင်ထင်ရှားရှား မြင်တွေ့စေရန် အပြည့်အဝ ပြသပေးလိမ့်မည် ဖြစ်၏။
ထို့အပြင် အထွတ်အထိပ် နတ်အလင်းတန်းသည် ကျင့်ကြံသူ၏ အဆင့်အတန်းနှင့် ခွန်အားကို ကိုယ်စားပြုသည့် သင်္ကေတလည်း ဖြစ်သည်။
မဟာမြေရိုင်းနယ်မြေရှိ အထွတ်အထိပ် ပါရမီရှင်များသာလျှင် အထွတ်အထိပ် နတ်အလင်းတန်းကို စုစည်းကာ အသက်သွင်းနိုင်ကြ၏။
အားနည်းသူများသည် အထွတ်အထိပ် နတ်အလင်းတန်းကို မြင်လျှင် ဝေးဝေးကနေ ရှောင်ရှားကြသည်။
မိမိတို့၏ ခွန်အားကို ယုံကြည်စိတ်ချမှု ရှိသော ပါရမီရှင် အချို့သည် အထွတ်အထိပ် နတ်အလင်းတန်း စုစည်းသူကို အလွယ်တကူ ရှာဖွေနိုင်ကြပြီး ၎င်းတို့ကို အနိုင်ယူကာ အစားထိုးနိုင်ခွင့်ရှိသည်။
အထွတ်အထိပ် နတ်အလင်းတန်းကို အချိန်အတော်ကြာ ကြည့်ရှုပြီးနောက်တွင် ကျန်းချန်သည် အထွတ်အထိပ် နတ်အလင်းတန်း စုစည်းနိုင်သူကို သွားရောက် ရှာဖွေရန် ရည်ရွယ်ချက်မရှိခဲ့ပေ။
မတော်တဆမှုများ မရှိသရွေ့ အထွတ်အထိပ် နတ်အလင်းကို စုစည်းသူသည် မိုကျင့်လဲ့ ဖြစ်နိုင်ခြေ အများဆုံး ဖြစ်သည်။
မိုကျင့်လဲ့သည် မဟာမြေရိုင်းနတ်ဂိုဏ်း၏ လူငယ်မျိုးဆက်ထဲတွင် နံပါတ်(၁)ပါရမီရှင် ဖြစ်သည့်အပြင် နတ်ဘုရင်အင်အားစု၏ နောက်ခံရှိ၍ ခွန်အား အလွန်တရာ နက်ရှိုင်းသည်။
ထိုကဲ့သို့သော ပြိုင်ဘက်ကင်းပါရမီရှင်နှင့် ရင်ဆိုင်ရလျှင် ကျန်းချန်သည် အနိုင်ယူရန် သေချာမှုမရှိခဲ့ပေ။
သူ့အနေဖြင့် မိုကျင့်လဲကို အနိုင်ရခဲ့လျှင်ပင် ကြီးလေးသော အဖိုးအခကို ပေးဆပ်ရနိုင်ဖွယ် ရှိသည်။
မိုကျင့်လဲ့နှင့် တိုက်ခိုက်ပြီး သူရော မိုကျင့်လဲ့ပါ ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့လျှင် တခြားသူများအတွက် အခွင့်ယူစရာလည်း ဖြစ်သွားနိုင်သည် မဟုတ်ပါလော။
“ငါ အခုလုပ်သင့်တာက မဟာမြေရိုင်း တံဆိပ်ပြား ခြောက်ခုကို အမြန်ဆုံး လုယက်ပြီး အထွတ်အထိပ် နတ်အလင်းတန်းကို စုစည်းကြည့်ဖို့ပဲ”
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် တောက်ပသွားခဲ့သည်။
ထို့နောက်တွင် သူက အထွတ်အထိပ် နတ်အလင်းတန်းကို လျစ်လျူရှုလိုက်ကာ နောက်ထပ် လုယူရန်အတွက် ပစ်မှတ်အသစ်ကို ဆက်လက် ရှာဖွေခဲ့သည်။
-----------------
အဆုံးမဲ့ တောင်တန်းများနှင့် သစ်တောများ အထက်ရှိ လေထုထဲတွင် ကျန်းချန်သည် သူ၏ အရှိန်အဝါကို လုံးဝ ဖုံးကွယ်မထားဘဲ ပျံသန်းနေခဲ့သည်။
ရုတ်တရက် အောက်ဘက်ရှိ သစ်တောအုပ်ထဲမှ လူသုံးဦးသည် ကောင်းကင်ပေါ်သို့ ပျံသန်းလာခဲ့ပြီး အဆုံးသတ်တွင် ကျန်းချန်၏ရှေ့ မီတာ၁၀၀ အကွာတွင် ရပ်နေခဲ့ကြ၏။
ထိုသုံးဦးစလုံးသည် ရင်ဘတ်တွင် ချင်းမင် ဟူသော စာသားကို ပန်းထိုးထားသည့် အပြာရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားကြသည်။
“ချင်းမင်ဓားဂိုဏ်းက တပည့်တွေပါလား”
ကျန်းချန်က ထိုသုံးဦး၏ ဝတ်စုံကို မြင်သည်နှင့် မည်သည့်အင်အားစုမှ ဖြစ်မှန်း ချက်ချင်းဆိုသလို ဆုံးဖြတ်နိုင်ခဲ့သည်။
ထိုသုံးယောက်သည် ချင်းမင်ဓားဂိုဏ်းမှ ဖြစ်နိုင်ခြေ အရမ်းများ၏။
ချင်းမင်ဓားဂိုဏ်းသည် မဟာမြေရိုင်းနယ်မြေ၏ ထိပ်တန်း နယ်မြေနတ်ဘုရား အင်အားစု ဖြစ်ပြီး ဓားလမ်းစဥ်ကို အဓိကထား ကျင့်ကြံသည့် ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်သည်။
ချင်းမင်ဓားဂိုဏ်း၏ ခွန်အားသည် မဟာမြေရိုင်းနတ်ဂိုဏ်း ပြီးလျှင် ဒုတိယနေရာ၌ ရှိ၏။
“ကောင်လေး.. မဟာမြေရိုင်း တံဆိပ်ပြားကို လိမ်လိမ်မာမာပေးလိုက်စမ်း.. ဒါဆိုရင် မင်းအသက်ကို ချမ်းသာပေးမယ်”
ဓားကဲ့သို့ ထက်ရှသော မျက်ခုံးကို ပိုင်ဆိုင်ထားသည့် ခေါင်းဆောင်လူငယ်သည် ကျန်းချန်ကို မထီမဲ့မြင်ကြည့်ကာ ကြုံးဝါးလိုက်သည်။
သူ၏ အေးစက်စက်လေသံက လေထုထဲတွင် တိုက်ရိုက်ပဲ့တင်ထပ်သွားခဲ့သည်။
ကျန်းချန်က အပိုစကားများ ပြောရန် စိတ်မဝင်စားဘဲ လက်ညှိုးထိပ်ကနေ ဓားစွမ်းအင်ဖြင့် ပစ်ခတ်လိုက်သည်။
“ဝုန်း..”
ရွှေရောင်ဓားစွမ်းအင်က နေရာလွတ်ကို တစ်မဟုတ်ချင်း ဖြတ်ကျော်သွားခဲ့ပြီး ဓားမျက်ခုံးပိုင်ရှင် လူငယ် ဆီသို့ ဦးတည်သွားခဲ့သည်။
ကျန်းချန်၏ ကြောက်မက်ဖွယ်ရာ ကောင်းသော တိုက်ခိုက်မှုကို ခံစားမိလျှင် ဓားမျက်ခုံးပိုင်ရှင် လူငယ်၏ မျက်နှာ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ဤရွှေရောင်ဓားအလင်းသည် သူ့ကို သေခြင်းတရား၏ အရိပ်အငွေ့အား မသိစိတ်က ခံစားမိစေခဲ့သည်။
ထိုကြောင့် ဓားမျက်ခုံးပိုင်ရှင်လူငယ်က တုံ့ဆိုင်းမနေရဲတော့ဘဲ လမ်းစဥ် ၆မျိုး၏ ကမ္ဘာ့စွမ်းအားကို အကန့်အသတ် အထိ ချက်ချင်းဆိုသလို လှုံ့ဆော်ကာ စိမ်းပြာရောင် ကောင်းကင်နတ်ဘုရားကမ္ဘာကို ထုတ်ဖော်၍ ကျန်းချန်၏ ရွှေရောင်ဓားအလင်းကို ရင်ဆိုင်လိုက်သည်။
သူ၏ စိမ်းပြာရောင် ကောင်းကင် နတ်ဘုရား ကမ္ဘာ ထဲတွင် အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းသည့် လေ၊ မီး၊မိုးကြိုး၊ လျှပ်စီးနှင့် ဓားစွမ်းအင်းများ ရောယှက်နေခဲ့၏။
သို့သော်လည်း စိမ်းပြာရောင် ကောင်းကင်နတ်ဘုရား ကမ္ဘာသည် ကျန်းချန်၏ ရွှေရောင် ဓားအလင်းရှေ့တွင် စက္ကူစုတ်ကဲ့သို့ ဖြစ်သွားခဲ့ပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် အမှုန့်အဖြစ် ပြောင်းလဲသွားခဲ့သည်။
အဆုံးသတ်တွင် ရွှေရောင်ဓားအလင်းသည် ဓားမျက်ခုံးပိုင်ရှင် လူငယ်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
“ဝုန်း..”
ဓားမျက်ခုံးပိုင်ရှင် လူငယ်၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး မီတာထောင်ပေါင်း များစွာ အကွာအဝေး အထိ ချက်ချင်းဆိုသလို လွင့်စင်သွားခဲ့၏။
“ဝေ့ါ..”
ဓားမျက်ခုံးပိုင်ရှင် လူငယ်က ပါးစပ်ကနေ သွေးတစ်ပွက်ကို အန်ထုတ်လိုက်၏။
“ဒီကောင်လေးက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သန်မာနေရတာလဲ”
ဆန့်ကျင်ဘက်မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို ကြည့်ကာ ဓားမျက်ခုံးပိုင်ရှင် လူငယ်က ထိတ်လန့်နေခဲ့သည်။
သူက ကောင်းကင်နတ်ဘုရား ကမ္ဘာကို ထုတ်ဖော်ခဲ့သည့်တိုင် တစ်ဖက်လူသည် လက်ညှိုးတစ်ချောင်းကို အသုံးပြု၍ သူ့ကို ဒဏ်ရာ အပြင်းအထန် ရရှိစေခဲ့သည်။
သူသာ အလျင်အမြန် တုံ့ပြန်နိုင်ခြင်း မရှိခဲ့လျှင် ထိုလက်ညှိုးသည် သူ့ကို သတ်ဖြတ်နိုင်ဖွယ် ရှိသည်။
“ဒီကောင်က တကယ်ကို အစွမ်းထက်တာပဲ”
သူတို့ ချင်းမင်ဓားဂိုဏ်းမှ မဟုတ်ဘဲ ဤမဟာမြေရိုင်း နယ်မြေတွင် ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသော ဓားသိုင်းပါရမီရှင် တစ်ဦး ရှိနေပါသလော။
သိထားရမည့်အချက်မှာ သူက ချင်းမင်ဓားဂိုဏ်း၏ ထိပ်ဆုံးသုံးဦးစာရင်းဝင် ဓားပါရမီရှင်တစ်ဦး ဖြစ်သည်။
ချင်းမင်ဓားဂိုဏ်း တစ်ခုလုံးတွင် ဓားသိုင်းနှင့် ပတ်သက်လျှင် သူ့ကို အနိုင်ယူနိုင်သူမှာ နှစ်ဦးမျှသာ ရှိ၏။
သို့သော်လည်း သူ့ရှေ့မှ ကောင်လေးသည် လက်ညှိုးလေးကို ဆန့်ထုတ်လိုက်ရုံဖြင့် သူ့ကို အသာအယာ အနိုင်ယူသွားခဲ့သည်။
ဤကဲ့သို့သော ခွန်အားမျိုးသည် သူတို့ ချင်းမင်ဓားဂိုဏ်း၏ နံပါတ်(၁) ပါရမီရှင် လုချန်ချင်းနှင့် ယှဥ်လျှင်ပင် မနိမ့်ကျလောက်ပေ။
ဓားမျက်ခုံးပိုင်ရှင် လူငယ် ထိတ်လန့်နေသော အချိန်မှာပင် နောက်ထပ် ဓားစွမ်းအားတစ်ခုသည် သူ၏ ညာဘက်တွင် တိတ်တဆိတ် ပေါ်လာခဲ့သည်။
ထိုဓားစွမ်းအားက သာမန်ဟုသာ ထင်ရသော်လည်း ပတ်ဝန်းကျင်ရှိ နေရာလွတ်ကိုပင် ချုပ်နှောင်ထားနိုင်သည့် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအင်ကို သယ်ဆောင်လာခဲ့၏။
“မသတ်ပါနဲ့”
ဓားမျက်ခုံးပိုင်ရှင် လူငယ်က ထိတ်လန့်တကြား ရေရွတ်လိုက်သည်။
သို့သော်လည်း သူ၏ စကားအဆုံးမှာပင် ဓားစွမ်းအင်သည် သူ၏ မျက်ခုံးနှစ်ခု အလယ်ကို ထိုးဖောက် ဝင်ရောက်သွားခဲ့၏။
ချက်ချင်းဆိုသလိုပင် ဓားမျက်ခုံးလူငယ်၏ ခန္ဓာကိုယ်က ပေါက်ကွဲကာ အမှုန့် ဖြစ်သွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်လျှင် ကျန်ရှိနေသည့် ချင်းမင်ဓားဂိုဏ်းမှ တပည့်နှစ်ယောက်သည် တစ္ဆေသရဲကို မြင်လိုက်ရသကဲ့သို့ သူတို့၏ မျက်လုံးကိုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေခဲ့ကြသည်။
သူတို့ ချင်းမင်ဓားဂိုဏ်း၏ လူငယ်မျိုးဆက် ထဲတွင် တတိယနေရာ၌ ရှိသည့် ဓားပါရမီရှင်သည် ဤကဲ့သို့ပင် သေဆုံးသွားပါသလော။
ထိုအချိန်တွင် အလွန်တရာ ကြောက်လန့်သော ခံစားချက်များသည် သူတို့နှစ်ယောက်၏ ရင်ထဲတွင် ချက်ချင်းဆိုသလို ပြည့်နှက်သွားခဲ့သည်။
အခန်း(၁၈၉၅)ပြီး၏။
အခန်း(၁၈၉၆)
“မင်း မင်းက ငါတို့ ချင်းမင်ဓားဂိုဏ်းက လူကို သတ်ရဲတယ်လား”
ချင်းမင်ဓားဂိုဏ်းမှ တပည့်နှစ်ဦးက မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် အထိတ်တလန့် ရေရွတ်လိုက်သည်။
သူတို့၏ မျက်ဝန်းများတွင် မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
သူတို့၏ အဖော်ကို အနက်ရောင်ဝတ်စုံဝတ် လူငယ်က သတ်ပစ်ရဲလောက်သည်အထိ ရက်စက်လိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲ၏ ပထမအဆင့်တွင် သတ်ဖြတ်ခြင်းကို တားမြစ်မထားသော်လည်း လူတိုင်းနီးပါးသည် မဟာမြေရိုင်းတံဆိပ်ပြား အတွက်သာ တိုက်ခိုက်ကြပြီး မည်သူ့ကိုမှ သတ်ဖြတ်လေ့မရှိချေ။
အဘယ်ကြောင့်ဆိုသော် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲတွင် ပါဝင်သူများသည် မဟာမြေရိုင်းနယ်မြေရှိ နယ်မြေနတ်ဘုရား အင်အားစုမှ ထိပ်တန်းတပည့်များ ဖြစ်သောကြောင့်ပင်။
ထိပ်တန်းတပည့်များသည် မည်သည့် နယ်မြေနတ်ဘုရား အင်အားစုအတွက် မဆို ခွန်အား၏ အရင်းအမြစ်များ ဖြစ်ကြသည်။
ထို့ကြောင့် နယ်မြေနတ်ဘုရား အင်အားစုများ၏ ထိပ်တန်းတပည့်များကို သတ်ဖြတ်ခြင်းသည် နောက်ကွယ်ရှိ နယ်မြေနတ်ဘုရား အင်အားစု၏ ရန်ငြိုးထားခြင်းကို ခံရနိုင်ဖွယ် ရှိ၏။
ယေဘုယျအားဖြင့် အင်အားစုနှစ်စု ကြားတွင် နက်ရှိုင်းသော ရန်ငြိုးရန်စများ မရှိသရွေ့ သူသေကိုယ်သေ တိုက်ခိုက်လေ့ မရှိကြပေ။
ယင်းက မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲ၏ ပုံသေစည်းမျဥ်း တစ်ခုလိုပင် ဖြစ်လာခဲ့သည်။
အထူးသဖြင့် သူတို့ ချင်းမင်ဓားဂိုဏ်းသည် အခြားသော မဟာမြေရိုင်းနယ်မြေရှိ ထိပ်တန်း အင်အားစုများထက် ပိုမိုအားကောင်း၍ အခြားသော အင်အားစုများသည် သူတို့ ချင်းမင်ဓားဂိုဏ်းမှ လူကို သတ်ဖြတ်ရဲခြင်းမရှိပေ။
အဘယ်ကြောင့်ဆိုသော် ချင်းမင်ဓားဂိုဏ်း၏ ဒေါသကို ရင်မဆိုင်နိုင်သောကြောင့်ပင်။
သို့သော်လည်း သူတို့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် သူတို့ ချင်းမင်ဓားဂိုဏ်း၏ ထိပ်ဆုံးသုံးယောက် စာရင်းထဲတွင် တတိယနေရာ၌ ရှိသည့် ပါရမီရှင်ကို သတ်ဖြတ်လိုက်ချေပြီ။
ထိုနှစ်ယောက် လွတ်မြောက်သွားနိုင်လျှင် ဖြစ်ပေါ်လာနိုင်မည့် အခြေအနေများကို ကျန်းချန်သည်လည်း မှန်းဆမိခဲ့သည်။
ထို့ကြောင့် သူက နောင်ဖြစ်လာမည့် ပြဿနာများကို ရှောင်ရှားရန် အတွက် အမြစ်ပါမကျန် ရှင်းလင်းရလိမ့်မည် မဟုတ်ပါလား။
ယင်းသို့မဟုတ်ဘဲ ထိုနှစ်ယောက်သာ အသက်ရှင်လျက် ထွက်သွားခဲ့လျှင် ချင်းမင်ဓားဂိုဏ်းသည် သူ့အတွက် ပြဿနာများစွာ ဖြစ်လာနိုင်ပေသည်။
“လူခွဲပြီး ထွက်ပြေးစို့”
ကျန်းချန်က သူတို့ကို တိုက်ခိုက်တော့မည်အား မြင်လျှင် ချင်းမင်ဓားဂိုဏ်းမှ တပည့်နှစ်ဦးသည် ဝိညာဥ်လွင့်မတတ် ထိတ်လန့်သွားခဲ့ကြသည်။
သူတို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး နောက်တွင် ဆန့်ကျင်ဘက် လမ်းကြောင်းများဆီသို့ ထွက်ပြေးသွားခဲ့ကြသည်။
ကျန်းချန်က မဲ့ပြုံးပြုံးလိုက်ပြီး ညာဘက်ကို ထွက်ပြေးသွားသည့် ချင်းမင်ဓားဂိုဏ်းမှ တပည့်ထံ ရည်ရွယ်ကာ လက်ဝါးရိုက်ချက်တစ်ချက်ကို ထုတ်ဖော်လိုက်သည်။
“ဝုန်း..”
သူ၏ လက်ဝါးရိုက်ချက်ကြောင့် ချင်းမင်ဓားဂိုဏ်းမှ တပည့်၏ ခန္ဓာကိုယ်သည် ပေါက်ကွဲထွက်သွားခဲ့၏။
ထို့နောက်တွင် ကျန်းချန်က ဘယ်ဘက်လမ်းကြောင်း ဆီသို့ ထွက်ပြေးသွားသော ပုံရိပ်အား လှမ်းကြည့်လိုက်ပြီး လက်ညှိုးထိပ်ကနေ ဓားစွမ်းအင်ကို ထုတ်ဖော်လိုက်ရာ သူ၏ ဓားစွမ်းအင်သည် မီတာထောင်ချီ အကွာအဝေးကို ချက်ချင်းဆိုသလို ထိုးဖောက်သွားခဲ့ပြီး ချင်းမင်ဓားဂိုဏ်း၏ တပည့်ကိုယ်ပေါ်သို့ သက်ရောက်သွားခဲ့သည်။
ချင်းမင်ဓားဂိုဏ်းမှ တပည့်သည် သူ၏ ဓားစွမ်းအားဖြင့် ထိမှန်ခံလိုက်ရသော်လည်း ချက်ချင်းဆိုသလိုပင် ခန္ဓာကိုယ် တစ်ခုလုံးကို လျှို့ဝှက်ဆန်းကြယ်သော အပြာရောင်အလင်းဖြင့် လွှမ်းခြုံကာ လျှပ်တစ်ပြက် ပျောက်ကွယ်သွားခဲ့သည်။
“ဒီကောင့်ဆီမှာ အသက်ကယ်ဝှက်ဖဲ ရှိနေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး”
ချင်းမင်ဓားဂိုဏ်းမှ တပည့် ထွက်ပြေးသွားသည်ကို မြင်လျှင် ကျန်းချန်သည် အနည်းငယ် အံ့အားသင့်သွားခဲ့၏။
ချင်းမင်ဓားဂိုဏ်းမှ တပည့်သည် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် ကျင့်ကြံသူသာ ဖြစ်၍ သူ၏ ဓားစွမ်းအင်က ထိုတပည့်၏ အသက်ကို ယူဆောင်ရန် လုံလောက်သည်ဟု ကျန်းချန် ထင်မြင်ခဲ့သည်။
သို့သော်လည်း ချင်းမင်ဓားဂိုဏ်းမှ တပည့်သည် မထင်မှတ်ဘဲ အသက်ကယ် နည်းလမ်း ထုတ်သုံးကာ ထွက်ပြေးသွားခဲ့သည်။
မည်သို့ပင် ဖြစ်စေကာမူ သူတိုက်ခိုက်လိုက်သော ဓားစွမ်းအင်သည် ပြိုင်ဘက်ကို ထိမှန်သွားပြီ ဖြစ်ရာ ထွက်ပြေးသွားခဲ့သည့်တိုင် အသက်ရှင်နိုင်မည်ဟု သူမထင်ပေ။
“နောက်ဆို ပေါ့ဆလို့ မဖြစ်တော့ဘူး ထင်တယ်”
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး မဟာမြေရိုင်း တံဆိပ်ပြားများကို စုဆောင်းလိုက်သည်။
သူက ခေါင်းဆောင်လူငယ် ထံကနေ မဟာမြေရိုင်း တံဆိပ်ပြား ငါးခုကို ရရှိခဲ့သည်။
နောက်ထပ် ချင်းမင်ဓားဂိုဏ်း၏ တပည့်တစ်ဦးထံကလည်း မဟာမြေရိုင်း တံဆိပ်ပြား နှစ်ခုကို ရရှိခဲ့၏။
“အထွတ်အထိပ် နတ်အလင်းတန်းကို စုစည်းနိုင်ပြီ ထင်တယ်”
ကျန်းချန်က စိတ်ကျေနပ်စွာ ရေရွတ်လိုက်ပြီး တံဆိပ်ပြားပေါ်ရှိ သင်္ကေတထဲမှ စွမ်းအားကို သူ၏ တံဆိပ်ပြားထဲ ပေါင်းထည့်လိုက်သည်။
ချက်ချင်းဆိုသလိုပင် မဟာမြေရိုင်း တံဆိပ်ပြားထံကနေ တောက်ပသော အထွတ်အထိပ် နတ်အလင်းတန်းသည် ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့သည်။
လျှို့ဝှက်နယ်မြေ တစ်ခုလုံးရှိ ပါရမီရှင် အားလုံးသည် အထွတ်အထိပ် နတ်အလင်း အသစ်ကို တွေ့ရှိလိုက်ရ၍ အံ့အားသင့်သွားကြသည်။
ပထမဆုံး အထွတ်အထိပ် နတ်အလင်းတန်း ပေါ်ပေါက်ပြီး သိပ်မကြာမီမှာပင် ဒုတိယမြောက် အထွတ်အထိပ် နတ်အလင်းတန်းက ပေါ်ထွက်လာလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။
“ဒုတိယမြောက် အထွတ်အထိပ် နတ်အလင်းတန်း ပေါ်ထွက်လာပါလား”
ခန္ဓာကိုယ်ကနေ အထွတ်အထိပ် နတ်အလင်းတန်း ထွက်ပေါ်နေသည့် လူငယ်တစ်ဦးက ကောင်းကင်ပေါ်သို့ လှမ်းကြည့်ကာ တအံ့တသြ ရေရွတ်လိုက်သည်။
သူ၏ မိုးကြိုးလျှပ်စီးများ လင်းလက်နေသည့် မျက်ဝန်းတွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့၏။
ထိုလူငယ်သည် မဟာမြေရိုင်းနတ်ဂိုဏ်း၏ ပြိုင်ဘက်ကင်းပါရမီရှင် မိုကျင့်လဲ့ ဖြစ်ပြီး အထွတ်အထိပ် နတ်အလင်းကို ပထမဆုံး စုစည်းနိုင်ခဲ့သည့် ပုဂ္ဂိုလ်လည်း ဖြစ်သည်။
“ဒုတိယမြောက် အထွတ်အထိပ် နတ်အလင်းကို စုစည်းနိုင်ခဲ့တဲ့သူက ချင်းမင်ဓားဂိုဏ်းက လုချန်ချင်းများလား ဒါမှမဟုတ် တာအိုပုစ္ဆာဂိုဏ်းက ကျူစစ်ကျွင်းများလား”
မိုကျင့်လဲ့က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။
ဤတစ်ကြိမ် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲတွင် မိုကျင့်လဲ့သည် ထိုနှစ်ဦးကိုသာ သူ၏ ပြိုင်ဘက်အဖြစ် သတ်မှတ်ထားခဲ့သည်။
သူ၏ ခန့်မှန်းချက်သာ မမှားခဲ့လျှင် ဒုတိယမြောက်အထွတ်အထိပ် နတ်အလင်းကို စုစည်းခဲ့သူသည် ထိုနှစ်ဦးထဲမှ တစ်ဦးသာလျှင် ဖြစ်နိုင်ဖွယ် ရှိ၏။
“ဘယ်သူပဲဖြစ်ဖြစ် ငါ့ဆီကနေတော့ ဘယ်သူမှ လုယူရဲမှာမဟုတ်ဘူး”
မိုကျင့်လဲ့က မဲ့ပြုံးပြုံးကာ ရေရွတ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် ဒုတိယမြောက် အထွတ်အထိပ် နတ်အလင်းတန်းကို လျစ်လျူရှုကာ သူရောက်ရှိနေသည့် နေရာကို ဆက်လက် စူးစမ်းခဲ့သည်။
မိုကျင့်လဲ့သည် အထွတ်အထိပ် နတ်အလင်းတန်း စုစည်းနိုင်သူကို ပြဿနာရှာရန် ရည်ရွယ်ချက် မရှိခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ဤအဆင့်သည် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲ၏ ပထမအဆင့်သာ ဖြစ်၍ အခြားတစ်ဖက်နှင့် သူသေကိုယ်သေ တိုက်ခိုက်ရန် မလိုအပ်သောကြောင့်ပင်။
ထို့အပြင် လုပ်ဆောင်စရာကိစ္စ တစ်ခု ကျန်ရှိနေသေးသောကြောင့် ဤကိစ္စအတွက်ဖြင့် အချိန်ဖြုန်းနေမည် မဟုတ်ချေ။
“ထူးဆန်းတယ်.. ဆရာက ဒီစန်းယိုနယ်မြေမှာ ပုံမှန်မဟုတ်တဲ့ အပြောင်းအလဲတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ပြောခဲ့ပေမဲ့ အဲဒါက ဘာလဲဆိုတာ ငါအခုထိ ရှာမတွေ့သေးဘူး”
မိုကျင့်လဲ့၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့သည်။
ထို့နောက်တွင် သူက တောင်တန်း၏ နက်ရှိုင်းသောနေရာ ဆီသို့ လျင်မြန်စွာ ရွေ့လျားသွားခဲ့သည်။
----------------
တစ်ချိန်တည်းမှာပင် ချောက်ကမ်းပါး တစ်ခု၏ အနားတွင် ချင်းမင်ဓားဂိုဏ်းမှ တပည့်ခြောက်ဦး၊ ခုနစ်ဦးခန့်သည် စုဝေးနေခဲ့ကြသည်။
၎င်းတို့၏ ခေါင်းဆောင်သည် ဓားမျက်ခုံးနှင့် ကြယ်မျက်လုံးများရှိသော အမျိုးသားတစ်ဦး ဖြစ်ပြီး မျက်ဝန်းတွင်လည်း စိမ်းပြာရောင် ဓားအလင်းများ လင်းလက်နေခဲ့ကာ ခန္ဓာကိုယ်တစ်ခုလုံးတွင် နက်ရှိုင်းသော အရှိန်အဝါများ ထွက်ပေါ်နေခဲ့၏။
ထိုလူငယ်က တခြားသူ မဟုတ်ဘဲ ချင်းမင်ဓားဂိုဏ်း၏ လူငယ်မျိုးဆက် ထဲတွင် နံပါတ်(၁) ပါရမီရှင် ဖြစ်သည့် လုချန်ချင်းပင် ဖြစ်သည်။
လုချန်ချင်းက ဓားလမ်းစဥ် အထူးခန္ဓာကိုယ်ဖြင့် မွေးဖွားလာသူ ဖြစ်ပြီး မဟာမြေရိုင်း ပါရမီရှင် စာရင်းတွင် အဆင့်၁၁ နေရာ၌ ရှိသည်။
ဆိုရလျှင် ဤမဟာမြေရိုင်း ပါရမီရှင် သိုင်းပြိုင်ပွဲတွင် လုချန်ချင်းသည် မိုကျင့်လဲ့၏ နောက်တွင် ဒုတိယလိုက်သော ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်ပြီး မိုကျင့်လဲ့ကို ယှဥ်ပြိုင်နိုင်သည့် လူအနည်းငယ်ထဲမှ တစ်ဦးလည်း ဖြစ်၏။
“လခွမ်း.. တာအိုဂိုဏ်းက ကျူစစ်ကျွင်းက အထွတ်အထိပ်နတ်အလင်းတန်းကို ငါ့ထက်တောင် မြန်မြန်ဆန်ဆန် စုစည်းနိုင်ခဲ့တာပဲ”
ကောင်းကင်ပေါ်သို့ ထိုးတက်လာသော ဒုတိယမြောက် အထွတ်အထိပ် နတ်အလင်းတန်းကို မြင်လျှင် လုချန်ချင်း၏ အမူအရာသည် အနည်းငယ် သုန်မှုန်သွားခဲ့သည်။
ချင်းမင်ဓားဂိုဏ်း၏ နံပါတ်(၁)ပါရမီရှင် အနေဖြင့် လုချန်ချင်းသည် သူ၏ ခွန်အားနှင့် ပါရမီ အပေါ်တွင် ယုံကြည်မှုအပြည့် ရှိသူ တစ်ဦး ဖြစ်သည်။
ထို့ကြောင့် ဤတစ်ကြိမ် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲတွင် လုချန်ချင်း၏ ပန်းတိုင်သည် ပထမနေရာကို ရယူရန် ဖြစ်၏။
ထိုအကြောင်းကြောင့်လည်း လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ပြီးနောက်တွင် လုချန်ချင်းသည် အထွတ်အထိပ် နတ်အလင်းတန်းကို ပထမဆုံး စုစည်းနိုင်ရန်အတွက် မဟာမြေရိုင်းတံဆိပ်ပြာများကို အရူးအမူး လုယူခဲ့သည်။
သို့ရာတွင် မမျှော်လင့်ဘဲ မဟာမြေရိုင်းနတ်ဂိုဏ်းမှ မိုကျင့်လဲ့ကို အနိုင်မရရှိခဲ့သည့်အပြင် တာအိုပုစ္ဆာဂိုဏ်းမှ ကျူစစ်ကျွင်းသည်ပင် သူ့ထက် ခြေတစ်လှမ်း သာလွန်နေခဲ့၏။
လုချန်ချင်းက ကောင်းကင်ယံရှိ အထွတ်အထိပ် နတ်အလင်းတန်း နှစ်ခုကို ကြည့်ကာ အတော်လေး စိတ်မကြည်မလင် ဖြစ်နေခဲ့သည်။
အခန်း(၁၈၉၆)ပြီး၏။