← Chapters

အခန်း (၁၂၃+၁၂၄)

Vol. 11 Ch. 123+124

အခန်း (၁၂၃+၁၂၄)

Vol. 11 Ch. 123+124

အပိုင်း ၁၂၃

ဖေးကျီအန်းသည် တုံ့ဆိုင်းနေပြီး သူကိုင်ထားသော စာအုပ်ကို ဖွင့်ကာ ကဗျာကို တရုတ်ဘာသာသို့ ပြန်ဆိုထားသော စာမျက်နှာသို့ လှန်လိုက်သည်။

လုနန်သည် ခေါင်းအုံးပေါ်တွင် အနားယူရင်း မျက်လုံးမှိတ်ကာ မေးလိုက်သည်။ “ဘာလို့ မဖတ်တာလဲ”

“ကျွန်မ ဖတ်ပြရမလား။ ထားပါတော့လေ၊ ရှင်က ကျွန်မ ကဗျာရွတ်တာကို အမြဲတမ်းကြားချင်ခဲ့တာပဲ”

“မင်းကို ငါပေးမယ် လူသူကင်းမဲ့တဲ့လမ်းတွေ၊ မျှော်လင့်ချက်မဲ့တဲ့ နေဝင်ချိန်၊ တောကန္တာရထဲက လမင်း…”

လုနန်၏ အသံသည် နူးညံ့ပြီး သာယာနေသည်။ သူမ ကဗျာရွတ်ဆိုသည်ကို နားထောင်ရခြင်းသည် ဖေးကျီအန်းအတွက် ပျော်ရွှင်မှုတစ်ခုဖြစ်ပြီး သူသည် သူမ၏ စကားလုံးများတွင် ပါဝင်သော သိမ်မွေ့သော စိတ်ခံစားမှုများကို တိတ်တဆိတ် ခံစားနေမိသည်။

ထိုစာကြောင်းများကို ရေးသားစဉ် ကဗျာဆရာသည် မည်သို့သော ခံစားချက်များ ရှိနေခဲ့မည်နည်း။

သူမ ကဗျာကို အဆုံးသတ်သောအခါ လုနန်သည် မျက်လုံးဖွင့်ကာ ဖေးကျီအန်းကို ပြုံးပြပြီး မေးလိုက်သည်။

“ဘယ်လိုခံစားရလဲ”

ဖေးကျီအန်း ပြန်ဖြေလိုက်သည်။ “အရမ်းလှတယ်”

လုနန် သမ်းဝေလိုက်သည်။ “ဒါဆို ကောင်းတာပေါ့”

“ကုတင်ပေါ် လာတော့၊ ရှောင်ရှ အိပ်ပျော်သွားပြီ”

ဤစကားကို ကြားသောအခါ ဖေးကျီအန်းသည် ကုတင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ရှောင်ရှသည် လုနန်၏ ဘေးတွင် အိပ်ပျော်နေသော်လည်း သူမ၏ မျက်နှာသည် လုနန်၏ အဝတ်အစားများထဲတွင် နစ်မြုပ်နေပြီး နို့စို့နေခဲ့သည်။

ဖေးကျီအန်းသည် အိပ်နေစဉ် သူမကို မတော်တဆ ဖိမိမည်ကို စိုးရိမ်၍ တိုးတိုးလေး မေးလိုက်သည်။

“သူ့ကို ကလေးပုခက်ထဲထည့်ထားရမလား”

လုနန် အံ့ဩဟန်ဖြင့် မျက်ခုံးပင့်လိုက်သည်။ သူသည် ခုနက သူမ၏ ခန္ဓာကိုယ်ကို မကြည့်ဝံ့ခဲ့သော်လည်း ဤမျှတိုတောင်းသော အချိန်အတွင်း သူသည် တည့်တည့် ကြည့်နိုင်နေပြီဖြစ်သည်။

လုနန်သည် မေးစေ့ကိုမှီကာ အခြေအနေကို ပျော်ရွှင်စွာ ခံစားရင်း ပြောလိုက်သည်။

“ရှင်ပဲ လာချီလိုက်ပါလား”

“ကျွန်မ သူ့ကို ချီလိုက်တိုင်း သူ အမြဲငိုတယ်။ ရှင်က သူ့ကို ချော့သိပ်လေ့ရှိတယ်၊ ရှင့်မှတ်ဉာဏ်ပျောက်သွားတာတောင် ရှင့်အရည်အချင်းတွေက မမှေးမှိန်သွားသင့်ဘူး”

ဖေးကျီအန်းသည် သူမကို ကြည့်ပြီး သူတို့၏ သမီးကို ဂရုတစိုက် ပွေ့ချီကာ ကလေးပုခက်ထဲသို့ ထည့်လိုက်သည်။

ဖေးကျီအန်းအား လက်လွှဲပြီးသည်နှင့် လုနန်သည် ရေနံဆီမီးခွက်ကို မှုတ်ပြီး လုံးဝလှဲချလိုက်သည်။

ဖေးကျီအန်း - “…”

လုနန်သည် ဖေးကျီအန်း ကုတင်ပေါ်တက်ရန် ရှက်နေမည်ဟု ထင်ကာ သူ့ကို လှောင်ရယ်ရန် ကုတင်ပေါ်တွင် လှဲနေခဲ့သည်။ သို့သော် သူသည် တည်ငြိမ်စွာ သူ၏ အဝတ်အစားများကို ချွတ်လိုက်ပြီး သူမဘေးတွင် ပက်လက်အနေအထားဖြင့် လှဲချလိုက်သည်။

ယခင်က မည်သည့်ကိစ္စများမဆို သူမ၏ စိတ်ကူးသက်သက်သာ ဖြစ်ပုံရသည်။

လုနန်သည် နှုတ်ခမ်းကို တွန့်လိုက်ပြီး သူမ၏ မျက်လုံးများသည် အမှောင်ထဲတွင် လှည့်ပတ်ကြည့်ရှုနေသည်။

ခဏအကြာတွင် သူမသည် ဖေးကျီအန်း ဘက်သို့ လှည့်ကာ တဖြည်းဖြည်း နီးကပ်သွားပြီး သူမ၏ လက်လေးဖြင့် သူ၏ လည်စေ့ကို စနောက်ကာ ထိုးလိုက်သည်။

“အစ်ကို၊ အိပ်ပျော်နေပြီလား”

ဖေးကျီအန်းသည် မျက်လုံးဖွင့်လိုက်ပြီး သူမ၏ လက်ကို ဆွဲဖယ်ကာ လုနန်ကို လှည့်ကြည့်လိုက်သည်။

လရောင်သည် အခန်းကို ထွန်းလင်းစေပြီး လုနန်၏ အပြစ်ကင်းစင်စွာ ပုတ်ခတ်နေသော မျက်လုံးများ၊ ရှည်လျားသွယ်လျသော မျက်တောင်များနှင့် ဆွဲဆောင်မှုရှိသော ပန်းရောင်နှုတ်ခမ်းများကို ပေါ်လွင်စေသည်။

ဖေးကျီအန်းသည် သူမ၏ တောက်ပသော မျက်လုံးများကို သူ၏ လက်ဖြင့် ဖုံးအုပ်လိုက်ပြီး ပြောလိုက်သည်။

“မနောက်ဘဲ အိပ်တော့”

လုနန် အံ့ဩသွားသည်။ ဤလုပ်ရပ်နှင့် လေသံသည် မှတ်ဉာဏ်မပျောက်သေးသော ဖေးကျီအန်းကို အလွန်အမှတ်ရစေသည်။

သူမ၏ စိတ်ကို ပြန်ထိန်းလိုက်ပြီး သူ့ကို ဆက်စနောက်နေခဲ့သည်။

သူမသည် ကိုင်းညွှတ်လိုက်ပြီး သူမ ခေါင်းကို ဖေးကျီအန်း ရင်ဘတ်ပေါ်တွင် တင်ကာ အနည်းငယ် မကျေမနပ်ဟန်ဖြင့် ပြောလိုက်သည်။

“ဒါပေမဲ့ ကျွန်မတို့က လင်မယားတွေလေ။ လင်မယားတွေ လုပ်သင့်တာကို လုပ်ရမှာပေါ့”

လုနန်၏ လက်ချောင်းများသည် ဖေးကျီအန်း၏ ရင်ဘတ်ပေါ်တွင် စက်ဝိုင်းများ ဆွဲနေရင်း အလေးပေးပြောလိုက်သည်။

“အိမ်ထောင်ရေး တာဝန်”

ဖေးကျီအန်း တိတ်ဆိတ်သွားသည်။ သူက သူမကို မတားဆီးသည်ကို သတိပြုမိသောအခါ လုနန်သည် ပို၍ ရဲတင်းလာပြီး သူမ၏ လက်များသည် အောက်ဘက်သို့ တဖြည်းဖြည်း စူးစမ်းသွားသည်။

သို့သော် ဖေးကျီအန်းသည် သူမ၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်ပြီး သူ၏ လည်ချောင်းလှုပ်ရှားသွားကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။

“မင်း လိုချင်လို့လား…?”

“ဟုတ်တယ်”

လုနန် ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။ “ကျွန်မတို့က အိမ်ထောင်သက်ရင့်နေပြီပဲ။ ဘာလို့ ဒီလောက်ရှက်နေရမှာလဲ”

ဖေးကျီအန်း ခပ်ဖွဖွ သက်ပြင်းချလိုက်ပြီး လှည့်ကာ လုနန်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။ လက်တစ်ဖက်က ပြဿနာရှာသော လုနန်၏ လက်ကို ဆက်ကိုင်ထားပြီး နောက်လက်တစ်ဖက်က လုနန်၏ ပါးကို ညင်သာစွာ ပွတ်သပ်လိုက်သည်။

“မင်း သေချာလို့လား”

လုနန်က မျှော်လင့်တကြီးဖြင့် ပြောလိုက်သည်။ “အင်း၊ သေချာတယ်။ ရှေ့ဆက်လိုက်တော့”

ဖေးကျီအန်း၏ လက်ကြီးသည် လုနန်၏ မျက်နှာမှ အောက်သို့ လျှောကျသွားပြီး သူမ၏ အဝတ်အစားအောက်သို့ လျှိုဝင်သွားသည်။ ရေခဲတမျှအေးစက်သော လက်ချောင်းထိပ်များသည် သူမ၏ အသားအရေကို ပွတ်သပ်သွားသည်။ သူသည် သူမ၏ နူးညံ့သော ကောက်ကြောင်းများသို့ ရောက်ရှိသွားချိန်တွင် လုနန် သည် အော်ဟစ်လိုက်သည်။

“အစ်ကို! ရှင် ဘာလုပ်နေတာလဲ”

လုနန်သည် ဖေးကျီအန်း၏ လက်ကြီးကို ဆုပ်ကိုင်ကာ သူမ၏ အဝတ်အစားထဲမှ ဆွဲထုတ်လိုက်ပြီး သူ့အနားသို့ ပိုတိုးသွားသည်။

“အစ်ကို၊ ရှင် ဘာတွေစဉ်းစားနေတာလဲ။ ကျွန်မက အိပ်ရာဝင် အနမ်းလေးပဲ လိုချင်တာ”

ထိုသို့ပြောရင်း သူမသည် သူ၏ ပါးပေါ်သို့ “မွ” ဟု အသံမြည်အောင် အမြန်နမ်းလိုက်သည်။

ဖေးကျီအန်း - “…”

သူ အသံတိုးတိုးဖြင့် မေးလိုက်သည်။ “ဒါက လင်မယားတွေ လုပ်တာလား”

“ဟုတ်တာပေါ့။ ဪ ရှင် မှတ်ဉာဏ်ပျောက်ပြီး ဒါကို မမှတ်မိတော့တာကို ကျွန်မ မေ့သွားတယ်။ ရှင် အထင်မလွဲအောင် ကျွန်မ ပိုကောင်းကောင်း ရှင်းပြခဲ့သင့်တယ်”

လုနန် အလေးအနက်ထား ပြန်ဖြေသည်။ “ကျွန်မ နောက်တစ်ခါ မမေ့တော့ပါဘူး။ နောက်တစ်ခါ အရာအားလုံးကို ရှင်းရှင်းလင်းလင်း ရှင်းပြဖို့ သေချာလုပ်ပါ့မယ်”

“ကောင်းသောညပါ၊ အစ်ကို။ ရှင် အခု အိပ်လို့ရပြီ”

ထိုသို့ပြောပြီးနောက် လုနန်သည် ဖေးကျီအန်း၏ လက်ကြီးကို ရုတ်တရက် ဆွဲဖယ်လိုက်ပြီး သူ့ကို ပြတ်သားစွာ ကျောခိုင်းလိုက်သည်။

“ကျောခိုင်းပြီး ရက်စက်တယ်” ဟူသော စကားလေးလုံးကို ကွက်ကွက်ကွင်းကွင်း ပုံဖော်ပြလိုက်သည်။

ဖေးကျီအန်း ဒေါသတကြီး ရယ်လိုက်မိသည်။

ဖေးကျီအန်း ဒေါသ ကြာကြာမထွက်ခဲ့ပေ။ သူ စိတ်ငြိမ်သွားပြီး အိပ်ပျော်ခါနီးတွင် လုနန်သည် သူ၏ လက်မောင်းများထဲသို့ လူးလှိမ့်ဝင်လာပြီး သူ့ကို မှီတွယ်နေခဲ့သည်။ သူမသည် သူမခေါင်းကို သူ့လက်မောင်းပေါ်တွင် သက်သောင့်သက်သာရှိသော အနေအထားရှာကာ တင်လိုက်ပြီး ငြိမ်းချမ်းစွာ အိပ်မောကျသွားခဲ့သည်။

ဖေးကျီအန်းသည် သူ၏ လက်မောင်းကို ခဏတာ မြှောက်ထားခဲ့သော်လည်း လုနန် အမှန်တကယ် အိပ်ပျော်သွားသည်ကို အတည်ပြုပြီးသောအခါ သူ၏ လက်မောင်းကို ဖြည်းညှင်းစွာ ချပြီး သူမကို ပွေ့ဖက်ထားလိုက်သည်။

ညသန်းခေါင်ယံတွင် ရှောင်ရှသည် ရုတ်တရက် နိုးလာပြီး ငိုတော့သည်။ လုနန်သည် အိပ်ချင်မူးတူးဖြင့် ထထိုင်ရန် ကြိုးစားသော်လည်း တစ်စုံတစ်ခု မှားယွင်းနေသည်ကို သဘောပေါက်လိုက်သည်။ သူမ တစ်ယောက်တည်း မဟုတ်ပေ။ ဖေးကျီအန်း ပြန်ရောက်နေပြီဖြစ်သည်။

လုနန်သည် သူ့ကို ညင်သာစွာ တွန်းရင်း တိုက်တွန်းလိုက်သည်။ “ကလေးကို သွားကြည့်လိုက်။ စိုနေရင် အနှီးလဲပေး။ လဲပြီးရင် သူ့ကို ဒီဘက်ခေါ်လာခဲ့။ သူ့ကို ညဘက် နို့တိုက်ရမယ်”

ဖေးကျီအန်းသည် ထထိုင်လိုက်ပြီး ကုတင်ပေါ်မှဆင်းကာ ရေနံဆီမီးခွက်ကို ထွန်းညှိလိုက်သည်။ သူသည် ရှောင်ရှ၏ အနှီးကို စစ်ဆေးကြည့်ရာ နွေးထွေးသော အထိအတွေ့ကို ခံစားမိလိုက်သည်။ မီးခွက်၏ မှိန်ဖျော့သော အလင်းရောင်အောက်တွင် သူသည် သူမ၏ အနှီးကို လဲပေးလိုက်သည်။

ထို့နောက် သူသည် ကလေးကို လုနန်၏ ဘေးတွင် ညင်သာစွာ ချပေးလိုက်သည်။

မျက်လုံးမှိတ်ထားရင်း လုနန်သည် ရှောင်ရှကို နို့တိုက်ကျွေးနေပြီး သူမကို အိပ်ပျော်အောင် ချော့သိပ်ရန် ညင်သာစွာ ပုတ်ပေးနေခဲ့သည်။ ရှောင်ရှသည် သူမ၏ မိခင်အနားသို့ ပိုတိုးကပ်ကာ နို့စို့ရင်း တဖြည်းဖြည်း အငိုရပ်သွားခဲ့သည်။

ဖေးကျီအန်းသည် မှိန်ဖျော့သော ရေနံဆီမီးခွက်အောက်တွင် မိခင်နှင့်သမီးကို အချိန်အတော်ကြာ တိတ်ဆိတ်စွာ ကြည့်နေပြီး အချိန်ကို တွက်ချက်နေမိသည်။ သူ စစ်မြေပြင်သို့ သွားသောအခါ သူမသည် ကလေးမွေးပြီးတာ လအနည်းငယ်မျှသာ ရှိသေးသည်။ သူမက ကလေးကို နေ့တိုင်း အစာကျွေးပြီး ပြုစုစောင့်ရှောက်ခဲ့ရကာ ညဘက်တွင်လည်း ကလေးကို နို့တိုက်ရန် ထရသော်လည်း ကလေး၏ ဖခင်ဖြစ်သူကမူ အနားတွင် မရှိခဲ့ပေ။

သူသည် ကုတင်ပေါ်သို့ ပြန်လှဲချလိုက်ပြီး လုနန် ကိုယ်စား ရှောင်ရှကို ညင်သာစွာ ပုတ်ပေးကာ ကလေးကို အိပ်ပျော်အောင် ချော့သိပ်နေခဲ့သည်။

နောက်တစ်နေ့မနက်တွင် လုနန် အိပ်ခန်းထဲ၌ နိုးလာသောအခါ ရှောင်ရှနှင့် ဖေးကျီအန်း နှစ်ဦးစလုံး ပျောက်ဆုံးနေသည်ကို တွေ့လိုက်ရသည်။ သူမသည် ထလိုက်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။

ဧည့်ခန်းထဲတွင် ဖေးကျီအန်းသည် ထမင်းစားပွဲတွင် ထိုင်ကာ သတင်းစာဖတ်နေပြီး ဖေးကျန့်နှင့် ရှန့်ကျီမင်းတို့က ရှောင်ရှနှင့် ကစားနေကြသည်။ ကုရှောင်ဟွိုက်သည် ကလေးပုခက်ကို ဝိုင်းရံထားပြီး သူ၏ အစ်ကိုများကဲ့သို့ ပုခက်ကို စောင့်ကြည့်ရန် ကြိုးစားနေသော်လည်း သူသည် ခြေဖျားထောက်ရပ်သည့်တိုင် ပုခက်ပေါ်မှ ကျော်၍ မမြင်နိုင်လောက်အောင် အရပ်ပုလွန်းနေသည်။

ဖေးကျန့်သည် သူ့မြင်နိုင်ရန် ကောက်ချီပေးလိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။

မိသားစု၏ မြင်ကွင်းသည် အလွန်လိုက်ဖက်ညီနေသဖြင့် လုနန်သည် သူမ အိပ်ပျော်နေစဉ် ဘာများဖြစ်ပျက်ခဲ့သလဲဟု တွေးမိနေသည်။

အန်တီဝူသည် မီးဖိုချောင်မှ မနက်စာနှင့်အတူ ဝင်လာပြီး သူမနိုးနေသည်ကို မြင်သောအခါ လုနန်ကို အော်ခေါ်လိုက်သည်။ “အဲ့မှာ ဘာရပ်လုပ်နေတာလဲ။ မနက်စာ လာစားတော့”

လုနန်သည် သူ့ကို အဓိပ္ပာယ်ပါသော မျက်ရိပ်ပြလိုက်ရင်း ညွှန်ကြားလိုက်သည်။

“ကျွန်မ အရင် မျက်နှာသစ်ပြီး ခဏနေ ဆင်းလာခဲ့မယ်။ ဖေးကျန့်၊ ငါ့ကို ပန်းရေလောင်းတာ လာကူဦး”

ဖေးကျန့်သည် နားလည်သော်လည်း သူနှင့်အတူ ပျော်ရွှင်နေသော ရှောင်ရှကို ထားခဲ့ရန် စိတ်မပါပေ။ သူ ထွက်သွားပါက ရှန့်ကျီမင်က သူ့ထက်သာအောင် လုပ်မည်ကို သူသိသောကြောင့် နှုတ်ခမ်းစူကာ လုနန် နောက်သို့ လိုက်ထွက်သွားခဲ့သည်။

ဖေးကျီအန်းသည် သတင်းစာကို ချလိုက်ပြီး သူတို့နှစ်ဦး ထွက်သွားသည်ကို ကြည့်ရင်း မျက်ခုံးအနည်းငယ် တွန့်ချိုးသွားသည်။

လုနန်သည် မျက်နှာသစ်၊ သွားတိုက်ရန် ဝါးရေစင်သို့ လျှောက်သွားခဲ့သည်။ ဖေးကျန့်သည် အနားသို့ ရောက်လာပြီး မေးလိုက်သည်။ “ကျွန်တော့်ကို ဘာခိုင်းစရာရှိလို့လဲ”

လုနန် ပြန်ဖြေလိုက်သည်။ “ဘာတွေဖြစ်နေတာလဲ။ မင်းတို့…”

သူမသည် မှန်ကန်သော စကားလုံးများကို ရှာဖွေရန် ရုန်းကန်နေရင်း ဖေးကျန့်နှင့် ကြောင်တောင်တောင် အကြည့်ချင်း ဖလှယ်နေမိသည်။

ဖေးကျန့် သည် သူမ၏ ဆိုလိုရင်းကို လျင်မြန်စွာ နားလည်သွားသည်။ ခဏတာ စဉ်းစားပြီးနောက် သူ သက်ပြင်းချကာ ပြောလိုက်သည်။

“ဒါက သားအကြီးဆုံးဖြစ်တဲ့ ကျွန်တော်က အရမ်းသိတတ်ပြီး မိသားစုအတွက် အရမ်းပေးဆပ်နေလို့ ဖြစ်မယ်”

လုနန် - “…”

“မင်း အတည်ပြောလို့ရမလား” လုနန်က စိတ်မရှည်စွာ ပြောလိုက်သည်။

“ကျွန်တော် တကယ် အတည်ပြောနေတာ။ မနေ့ညက ခင်ဗျား အဖေ့ကို ကျွန်တော်တို့ မိသားစုဆက်ဆံရေးအကြောင်း အသေးစိတ်ပြောပြဖို့ အချိန်မရလောက်ဘူးထင်လို့ ကျွန်တော် မနက်စောစော မေးဖြေအစီအစဥ်လေးတစ်ခု စီစဉ်ပြီး အဖေ့ကို ကျွန်တော်တို့မိသားစု ဖွဲ့စည်းဖြစ်ပေါ်လာပုံကို အသေးစိတ် ရှင်းပြခဲ့တယ်။ ကျွန်တော့်အတွက် မလွယ်ဘူး”

ဖေးကျန့်က အပြစ်ကင်းစင်စွာ ပြောလိုက်သည်။ “ပြောစမ်းပါ၊ ကျွန်တော်က မိသားစုအတွက် အကျိုးပြုနေတာ မဟုတ်ဘူးလား။ ကျွန်တော် ကျွန်တော့်ရဲ့ အိပ်ချိန်တွေကိုတောင် စတေးခဲ့ရတာ”

လုနန်က စပ်စုစွာ မေးလိုက်သည်။ “မင်းအဖေရဲ့ တုံ့ပြန်မှုက ဘယ်လိုလဲ”

ဖေးကျန့်သည် ပခုံးတွန့်ကာ လုနန်ကို မထီမဲ့မြင်ပြုသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ “ခင်ဗျား သူ့ကို ကောင်းကောင်းမသိဘူးလား။ သူက သူ့ရှေ့မှာ တောင်ပြိုကျရင်တောင် မျက်တောင်တစ်ချက်မခတ်ဘဲ ရင်ဆိုင်နိုင်တယ်။ ခင်ဗျား သူ ဘာတွေးနေလဲ သိချင်ရင်တော့ နောက်ဘဝအထိ စောင့်ရလိမ့်မယ်”

ဒီလိုပြောပြီးနောက် ဖေးကျန့်သည် လွမ်းဆွေးစွာ သက်ပြင်းချလိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့်‌ လည်ချောင်းရှင်းကာ ဂုဏ်ယူစွာ ကြေညာလိုက်သည်။

“အဟမ်း၊ ရဲဘော် လုနန်၊ ခင်ဗျား ဒါကို မသိလောက်သေးဘူးထင်တယ်။ ဒါပေမဲ့ အခု အဖေ အယုံကြည်ရဆုံးလူက ခင်ဗျား မဟုတ်ဘဲ ကျွန်တော်ပဲ။ ဒါကြောင့် ခင်ဗျား ကျွန်တော့်ကို ပိုကောင်းကောင်းဆက်ဆံသင့်တယ်။ ကျွန်တော့် သူ့ရှေ့မှာ ခင်ဗျားအကြောင်း ကောင်းကောင်းပြောပေးနိုင်တယ် သိလား”

လုနန် - “…” အာ ဒီငတုံးလေး၊ သုံးရက်လောက် အရိုက်မခံရရင် ပြဿနာပြန်ရှာတော့တာပဲ။

သူမသည် ဖေးကျန့်၏ နောက်ကျောကို ညွှန်ပြကာ မေးလိုက်သည်။ “ကျီအန်း? ရှင် ဘယ်တုန်းက ဒီရောက်နေတာလဲ”

ဖေးကျန့်သည် လန့်သွားပြီး လှည့်အော်လိုက်သည်။ “အဖေ၊ ကျွန်တော်မှားပါတယ်…”

သို့သော် သူ့နောက်တွင် ဘာမျှမရှိဘဲ လစ်ဟာနေကာ အေးစက်သည့်လေသာ တိုက်ခတ်နေသည်။

သူသည် ဒေါသတကြီးဖြင့် ပြန်လှည့်လာခဲ့သည်။ “လုနန်! ခင်ဗျား ဒီလို ကလေးဆန်တဲ့ ပရိယာယ်တွေကို ဘယ်နှစ်ခါ သုံးဦးမှာလဲ”

လုနန်က ပျင်းရိစွာ ပြန်ဖြေခဲ့သည်။ “ပရိယာယ်က ဟောင်းလည်း အရေးမကြီးဘူး။ အသုံးဝင်နေသရွေ့ပေါ့”

“ရဲဘော် ရှောင်ဖေး” လုနန်က လေသံဆွဲကာ ပြောလိုက်သည်။ “မင်းရဲ့ အမည်ခံမိခင်အနေနဲ့ ငါ့ကို လေးစားသမှုနဲ့ သင့်တော်တဲ့ ဘာသာစကားသုံးပြီး ဆက်ဆံဖို့ ငါမျှော်လင့်တယ်။ ခုနက မင်းရဲ့ အပြုအမူကိုပဲ ကြည့်ဦး”

ဖေးကျန့်သည် စိတ်ဆိုးကာ ကိုယ်တစ်ခြမ်းလှည့်ရင်း လုနန်ကို တစ်ချက်ကြည့်ကာ သူ့နောက်ကိုလည်း တစ်ချက်ကြည့်နေပြီး “ဝံပုလွေလာပြီ” ဇာတ်လမ်းမျိုး ဖြစ်မည်ကို စိုးရိမ်နေသည်။ ဒါက ပထမဆုံးအကြိမ် ဖြစ်ပွားခြင်းမဟုတ်ပေ။ သူသည် အန္တရာယ် ကင်းလွတ်သွားပြီဟု ထင်ကာ လုနန်ကို ဆက်ရန်စ‌ နေသော်လည်း ဒီတစ်ကြိမ်တွင်မူ ဝံပုလွေ အမှန်တကယ် ရောက်လာခဲ့သည်။

“ဒါက တကယ် ကျေးဇူးကို ရန်နဲ့ဆပ်တာပဲ။ ကျွန်တော် မနက်စောစောစီးစီး မိသားစု အရေးတွေအကြောင်း နှစ်နာရီကြာအောင် ပြောခဲ့ရတယ်။ အဖေ စိတ်အနှောင့်အယှက်ဖြစ်လား မဖြစ်လားတော့မသိဘူး.. ကျွန်တော့်လည်ချောင်းကတော့ ပူလောင်နေပြီ။ ပြီးတော့ ကျွန်တော် ခင်ဗျားအကြောင်း ကောင်းတာတွေ အများကြီးပြောခဲ့တယ်။ ဒါက ခင်ဗျား ကျွန်တော့်ကို ပြန်တုံ့ပြန်တဲ့ပုံစံလား”

“ဟုတ်တာပေါ့” လုနန်က ဖေးကျန့်၏ ပခုံးကို ပုတ်ရန် ခြေဖျားထောက်ရင်း ပြောလိုက်သည်။ သူသည် ယခုနှစ်တွင် တော်တော်လေး အရပ်ရှည်လာခဲ့သည်။ နောက်နှစ်အနည်းငယ်ကြာလျှင် သူမ သူ၏ ပခုံးကို မှီရန် ခက်ခဲသွားနိုင်သည်။

“ကောင်းမှုတွေက အသိအမှတ်ပြုခံရဖို့ ထိုက်တန်ပါတယ်။ မင်း ကိုယ်ပိုင်တယောတစ်လက် အမြဲလိုချင်ခဲ့တာ မဟုတ်လား။ ငါ မြို့တော်မှာတုန်းက မင်းနဲ့ ရှောင်ဟွိုက် အတွက် တစ်ယောက်ယောက်ကို လုပ်ခိုင်းခဲ့တယ်…”

ဖေးကျန့်သည် အမှန်တကယ်ပင် ကောင်းမှုတစ်ခု ပြုလုပ်ခဲ့ပြီး အနည်းဆုံးတော့ လုနန်ကို သူမ အလွန်မုန်းတီးသော အ‌နေရခက်စေသည့် အခြေအနေနှင့် ရင်မဆိုင်ရဘဲ နိုးထလာစေခဲ့သည်။

“ဘယ်မှာလဲ။ မြန်မြန်ပြစမ်းပါ” ဖေးကျန့်သည် စိတ်လှုပ်ရှားစွာ အော်လိုက်သည်။

သူသည် လုနန်၏ တယောကို အချိန်အတော်ကြာ မျက်စိကျနေခဲ့သော်လည်း သူမသည် ထိုတယောကို အလွန်တန်ဖိုးထားသောကြောင့် သူ တီးခတ်ပုံညံ့ဖျင်းသည်ဟု ဆိုကာ ရှားရှားပါးပါးသာ ထုတ်ပြလေ့ရှိသည်။

တရားမျှတစွာပြောရလျှင် ဖေးကျန့်သည် နစ်နာသည်ဟု ခံစားရသည်။ သူသည် ဂီတဌာနမှ သူ၏ အတန်းဖော်များကို မေးမြန်းခဲ့ပြီး တယောတီးသည့် ပထမနှစ်အတွင်း လူတိုင်းသည် သစ်သားလွှတိုက်နေသကဲ့သို့ အသံထွက်ကြသည်။ အနည်းဆုံးတော့ သူသည် တချို့နုတ်များကို တီးခတ်နိုင်ပြီး ဒါကပင် တော်တော်လေး အရည်အချင်းရှိနေပြီဖြစ်သည်။

လုနန်၏ မျက်နှာအမူအရာသည် ပို၍ တည်ကြည်လာသည်။ “အိမ်မှာပဲ တီး။ အပြင်မှာ ဘယ်သူ့ကိုမှ မပြောနဲ့, နားလည်လား။ ငါ မင်းကို မပေးခင် နောက်နှစ်အနည်းငယ်စောင့်ဖို့ စီစဉ်ထားခဲ့တာ”

“မတီးဘူး၊ မတီးဘူး” ဖေးကျန့်သည် အလွန်ပါးနပ်သူဖြစ်ပြီး သူ၏ဖခင် တောင်ပိုင်းသို့ ဦးတည်သွားခြင်းနှင့် သူထွက်ခွာလာစဉ် မြို့တော်ရှိ တိုးပွားလာသော မငြိမ်သက်မှုများကို လျင်မြန်စွာ ဆက်စပ်မိလိုက်သည်။ သူသည် နိုင်ငံရေးကိစ္စများနှင့်ပတ်သက်လျှင် အတွေ့အကြုံမရှိသူ မဟုတ်ပေ။

“ကျွန်တော် အပြင်ကို ယူမသွားဘူးလို့ ကတိပေးပါတယ်”

လုနန် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူက အမှန်တကယ်ပင် အဓိကဇာတ်လိုက် ပီသလှ၏။

ဖေးကျန့်သည် ရုတ်တရက် မော့ကြည့်လိုက်ပြီး သူ၏ အဘိုးကြီး တံခါးဝတွင် အမှန်တကယ် ရပ်နေသည်ကို မြင်သောအခါ အံ့ဩတုန်လှုပ်သွားကာ ပျော်ရွှင်ခြင်းနှင့် လန့်ဖျပ်ခြင်း နှစ်မျိုးစလုံး ခံစားလိုက်ရသည်။

“အဖေ?”

သူနှင့် လုနန် ဒုက္ခမရောက်ဘဲ သူ၏ဖခင် ရုတ်တရက် ပေါ်လာမည်ကို နောက်ဆုံးတွင် မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သည့်အတွက် သူ ဝမ်းသာမိသည်။

သူ၏ ဖခင်သည် ယခုအခါ သူ့ကို အယုံကြည်ဆုံးဟု ပြောသော်လည်း ဖေးကျန့်သည် မသေချာသလို ခံစားနေရသည်။ လုနန်နှင့် ပတ်သက်လာလျှင် သူသည် သာမန်အသိတရားကို အားကိုး၍မရပေ။

အခြားအရာများကို မပြောဘဲထားဦး။ မှတ်ဉာဏ်ပျောက်နေသည်မှာ ထင်ရှားသော သူ၏ အဘိုးကြီးသည် ပထမဆုံးတွေ့ဆုံမှုတွင် လုနန်ကို ကုန်းပိုးနိုင်ခဲ့သည်ဆိုသောအချက်မှာပင် အံ့ဩစရာကောင်းလှသည်။ ဒါက လူများဖြင့် စည်ကားလှသော နေရာဖြစ်သည့် ဆေးရုံတွင် ဖြစ်သည်။

သူ့ကို အံ့ဩစေသည်မှာ အဘိုးကြီးသည် အမှန်တကယ် ပေါ်လာခြင်းပင်… သူ လုနန်ကို ရန်စတိုင်း အဘိုးကြီးသည် အချိန်ကိုက် ပေါ်လာတတ်သည်မှာ အဘယ်ကြောင့်နည်း။

၁၉၆၀ ခုနှစ်က အမျိုးသားဇာတ်လိုက်၏ မေမေလေးအဖြစ် ကူးပြောင်းသွားခြင်း

အပိုင်း ၁၂၄

ဖေးကျန့်သည် သူ၏ဖခင် မကောင်းပြောသည်ကို မကြားလိုက်ရဟု သေချာသော်လည်း စိတ်အေးရစေရန် မေးလိုက်သည်။

“အဖေ ဒီကိုရောက်နေတာ ဘယ်လောက်ကြာပြီလဲ”

ဖေးကျီအန်းက ပြောလိုက်သည်။ “မကြာသေးပါဘူး။ မင်း ခုနကပဲ ငါ့ကို ခေါ်လိုက်တာ မဟုတ်ဘူးလား”

“ဘယ်တုန်းကလဲ…” ဖေးကျန့်သည် တုံ့ဆိုင်းသွားပြီး လုနန် သူ့ကို လှည့်စားစဉ်က အိမ်ဘက်သို့ “အဖေ, ကျွန်တော်မှားပါတယ်” ဟု အမှန်တကယ် အော်ခဲ့သည်ကို သဘောပေါက်သွားသည်။

“ဟားဟား” ဖေးကျန့်သည် အ‌နေရခက်စွာ ရယ်လိုက်ပြီး သူ၏ ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။ “ကျွန်တော်က လုနန် ကိုယ်စား ခေါ်ပေးတာပါ။ သူ အဖေ့ အကူအညီလိုလို့ ကျွန်တော် အဖေတို့နှစ်ယောက်ကြား ဝင်မရှုပ်တော့ဘူး”

ဤကဲ့သို့ပြောရင်း သူသည် ဖေးကျီအန်းကို လျင်မြန်စွာ ကျော်ဖြတ်ကာ အိမ်ထဲသို့ အမြန်ပြန်ဝင်သွားပြီး ဖေးကျီအန်းနှင့် လုနန်တို့ကို အတူတကွ ထားခဲ့သည်။

ဖေးကျီအန်းသည် လျှောက်လာပြီး ပန်းပွင့်နေသော သစ်ပင်အောက်တွင် တိတ်ဆိတ်စွာ ရပ်နေလိုက်သည်။

လုနန် လက်ပိုက်ကာ မေးလိုက်သည်။ “အစ်ကို၊ ရှင် ဖေးကျန့် အစား ကျွန်မကို အပင်ရေလောင်းဖို့ ကူညီပေးမလို့လား”

“ဘာလဲ” ဖေးကျီအန်းက မေးလိုက်သည်။

လုနန် - “ပန်းရေလောင်းရမှာ။ ဖေးကျန့် ထွက်ပြေးသွားပြီ။ အခု ကျွန်မကို ကူညီနိုင်တာ ရှင်တစ်ယောက်ပဲရှိတော့တယ်”

“ကြည့်၊ ရေပိုက်က ဟိုမှာ။ တို့ခြံက ကျယ်ပြီး ထောင့်တိုင်းမှာ ပန်းတွေအများကြီးရှိတယ်။ ရှင် သတိထားရမယ်။ ဘယ်နေရာမှ မလွတ်စေနဲ့။ ပန်းတွေ ရေမလုံလောက်လို့ သေသွားရင် ကျွန်မ အရမ်းဝမ်းနည်းမှာ”

“ဒါပေမဲ့ ရေအရမ်းများများလည်း မလောင်းနဲ့။ သူတို့ ရေနစ်သေသွားရင်လည်း ကျွန်မ စိတ်မကောင်းဖြစ်မှာပဲ”

ဤအခြေအနေရောက်သည်အထိ ဖေးကျီအန်း သည် လုနန်က သူ့ကို တမင်တကာ စနောက်နေသည်ကို မသိသေးပါက သူသည် တုံးအသူတစ်ယောက် ဖြစ်ရပေမည်။

သို့သော် သူ ဒေါသမထွက်ခဲ့ပေ။ လုနန်၏ နေရာတွင် မည်သူမဆို ကလေးမွေးပြီးစဖြစ်ပါက သူမ၏ ခင်ပွန်းသည် သူတို့၏ အတိတ်အကြောင်း ဘာမျှမမှတ်မိပါက စိတ်ခံစားမှု ပြင်းထန်နေမည်သာဖြစ်သည်။

“ကောင်းပြီ” ဖေးကျီအန်းသည် မြေပြင်မှ ရေပိုက်ကို ကောက်ကိုင်လိုက်ပြီး လုနန်၏ ညွှန်ကြားချက်များကို ဂရုတစိုက်လိုက်နာကာ ပန်းများကို ရေစလောင်းလိုက်သည်။

“အဲ့လိုပဲ၊ ဟုတ်တယ်၊ အဲ့နေရာပဲ! ရေဖွားလေးတွေပဲ ဖြန်းတာဖြစ်အောင် သေချာလုပ်၊ အမြစ်တွေ မပုပ်စေနဲ့…” လုနန်သည် ခုံပုလေးပေါ်တွင် ထိုင်ကာ ဖေးကျီအန်းကို ကြီးကြပ်ကွပ်ကဲနေသော သူဌေးတစ်ဦးကဲ့သို့ ညွှန်ကြားနေသည်။

တစ်နည်းအားဖြင့် ဖေးကျီအန်၏ မှတ်ဉာဏ်ပျောက်ဆုံးခြင်းသည် ထိုမျှမဆိုးပေ။ အနည်းဆုံးတော့ သူ မှတ်ဉာဏ်မပျောက်ဆုံးမီက သူမသည် ဤမျှရဲတင်းစွာ ပြုမူရန် သို့မဟုတ် သူ့ကို ဒီလို အနိုင်ကျင့်ရန် ဘယ်တော့မှ မဝံ့ရဲခဲ့ပေ။

တံခါးဝတွင် ခေါင်းသုံးလုံး ပေါ်လာသည်။ အငယ်ဆုံးမှာ အောက်ဆုံးတွင်ရှိပြီး ဖေးကျန့်က အလယ်တွင်ရှိကာ၊ ရှန့်ကျီမင်က အပေါ်ဆုံးတွင် ရှိနေသည်။

ရှောင်ဟွိုက်သည် သူ၏ခေါင်းကိုကုတ်ကာ ဖေးကျန့်ကို မော့ကြည့်လိုက်သည်။ “အစ်ကို၊ ကျွန်တော်တို့တွေ ဘာလို့ ချောင်းကြည့်နေတာလဲ”

ဖေးကျန့်သည် သူ့ကို တိတ်တိတ်နေရန် အချက်ပြကာ တိုးတိုးလေး ပြောလိုက်သည်။ “မင်းက ငတုံးလေးပဲ၊ မိသွားရင် ဒုက္ခရောက်မှာမို့လို့ပေါ့။ သတိထား၊ မဟုတ်ရင် မင်းအမေက မင်းဖင်ကိုရိုက်လိမ့်မယ်”

“ဖင်ကိုရိုက်” ဟူသော စကားလုံးကို ကြားသောအခါ ကုရှောင်ဟွိုက်သည် အလိုအလျောက် သူ၏ တင်ပါးကို ဖုံးအုပ်လိုက်သော်လည်း လျင်မြန်စွာ သဘောပေါက်သွားသည်။

“အစ်ကို၊ အစ်ကို လျှောက်ပြောနေတာ။ မေမေက ကျွန်တော့်ကို ဘယ်တော့မှ မရိုက်ဘူး”

ရှန့်ကျီမင်သည် ဖေးကျန့်၏ နောက်မှ ရှောင်ဟွိုက်၏ ခေါင်းလေးကို ပွတ်သပ်ပေးရင်း ပြောလိုက်သည်။ “မင်းအစ်ကိုက လျှောက်ပြောနေတာ။ ဘယ်သူက ရှောင်ဟွိုက်ကို ရိုက်ရက်မှာလဲ။ ရှောင်ဟွိုက်က ဒီလောက်လိမ္မာတာကို”

“ဟုတ်တယ်” ကုရှောင်ဟွိုက်သည် အလေးအနက်ထား ခေါင်းညိတ်လိုက်သည်။ “အစ်ကို၊ အဖေက အစ်ကို့ကို ဖင်ကိုရိုက်မှာ ကြောက်လို့လား”

ကုရှောင်ဟွိုက်၏ မမျှော်လင့်ထားသော စကားများကြောင့် ရှန့်ကျီမင်နှင့် ဖေးကျန့်တို့သည် သူ့ကို အံ့ဩတကြီး ငုံ့ကြည့်လိုက်ကြသည်။ ဒီကောင်လေး ပိုပြီး ပါးနပ်လာတာပဲ!?

ထိုအခိုက်တွင် ရှန့်ကျီမင် မော့ကြည့်လိုက်ရာ အန်တီဝူ သည် သူတို့သုံးဦးနောက်မှ လိုက်လာပြီး တံခါးဝမှ ခေါင်းပြူထွက်လာကာ သူ့အပေါ်တွင် ထပ်လျက်ဖြစ်နေသည်။

“ဘာတွေ ကြည့်နေကြတာလဲ”

ရှန့်ကျီမင်/ဖေးကျန့် - “…”

ဖေးကျန့်သည် အသံတိုးတိုးဖြင့် ကန့်ကွက်လိုက်သည်။ “အဘွားဝူ၊ အဲ့လို ခြောက်ရင် လူတစ်ယောက် နှလုံးရပ်သွားနိုင်တယ်”

“ဪ၊ မင်းအဖေ နန်နန်အမိန့်ပေးသမျှ လိုက်လုပ်နေရတာကို ကြည့်စမ်း။ မင်းတို့ တိတ်တိတ်လေးပဲ ချောင်းကြည့်ရဲတာ မဆန်းပါဘူး” အန်တီဝူသည် နှုတ်ခမ်းသပ်လိုက်သည်။

ဖေးကျန့် - “…အဘွားဝူ၊ အဘွားလည်း ချောင်းကြည့်နေတာပဲ မဟုတ်ဘူးလား”

အန်တီဝူသည် တိတ်ဆိတ်သွားပြီး မကြာမီ သူတို့လေးဦးစလုံး တိတ်ဆိတ်စွာနေပြီး ဆက်ချောင်းကြည့်ရန် သဘောတူလိုက်ကြသည်။

တစ်ဖက်တွင် ဖေးကျီအန်းသည် ဥယျာဉ်ထဲရှိ ပန်းအားလုံးကို နောက်ဆုံးတွင် ရေလောင်းပြီးစီးသွားသည်။ လုနန်သည် အစပိုင်းတွင် အပြစ်ရှာလိုသော်လည်း ဖေးကျီအန်းသည် အလွန်ကောင်းမွန်စွာ လုပ်ဆောင်ခဲ့ပြီး သေးသေးလေးကအစ ဖာထေးလုပ်ကိုင်နိုင်ခဲ့သောကြောင့် သူမ ဝေဖန်ရန် နေရာမကျန်တော့ပေ။

သူမသည် စိတ်မကျေမနပ်ဖြစ်စွာဖြင့် ပြောလိုက်သည်။

“ကဲ၊ ရှင် ပြီးသွားပြီ”

ဖေးကျီအန်းသည် လက်ဆေးရန် ထိုင်ချလျက်ရှိသည်။ သူမ၏ မကျေနပ်သော လေသံကို ကြားသောအခါ သူသည် လက်ဆေးရင်း ပြောလိုက်သည်။

“အထက်လူကြီးတွေက ကို့ယ့်ကို နာမကျန်းခွင့် ပေးထားတယ်”

ဒါက သူမ သူ့ကို ခဏတာမျှ ဆက်အနှောင့်အယှက်ပေးနိုင်သည်ဟု ဆိုလိုသည်လား။

လုနန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူမ စကားပြောတော့မည့်အချိန်တွင် ဖေးကျီအန်းက ထပ်ပြောလိုက်သည်။

“ဒါက ကိုယ့်မှတ်ဉာဏ်ကို ပြန်လည်ရယူဖို့ အခွင့်အရေးကောင်းပဲ။ ကိုယ်တို့တွေ အတိတ်ကို ပြန်လည်အသက်သွင်းဖို့ သဘောတူထားတာ မဟုတ်ဘူးလား။ ဒါက သင့်တော်ပါတယ်”

လုနန် - “…” ငါ လိုချင်တာက အေးအေးဆေးဆေးနေဖို့ပဲ။

“ဖူး” ဖေးကျန့်သည် သူ၏ ရယ်သံကို မထိန်းနိုင်တော့ပေ။

“ဟားဟား၊ လုနန်ရဲ့ မျက်နှာအမူအရာကို ကြည့်စမ်း! အခြေအနေတွေ ပြောင်းပြန်ဖြစ်သွားပြီ။ နောက်ဆုံးတော့ သူ့အလှည့်… အား! အဘွားဝူ ဘာလို့ ကျွန်တော့်ကို ရိုက်တာလဲ”

အန်တီဝူက ပြောလိုက်သည်။ “မင်း ငါ ဒီမှာရှိတာကို သိသေးတာပဲ။ ဒီကောင်စုတ်လေးက နန်နန်ကို လှောင်ရဲတယ်။ ဒါကြောင့် အဘွားက မင်းကို ရိုက်ရမှာပေါ့”

ဖေးကျန့်သည် ယနေ့ထက်ပို၍ စကားမပြောနိုင်ဖြစ်ခဲ့ဖူးသည်မရှိပေ။ “အဘွားလည်း ကျွန်တော့်အဖေ အရူးလုပ်ခံရတာကို ကြည့်ဖို့ ဒီမှာရှိနေတာ မဟုတ်ဘူးလား”

အန်တီဝူက ပြောလိုက်သည်။ “ဟုတ်တယ်လေ၊ မင်း သတ္တိရှိရင် မင်းလည်း ငါ့ကို ရိုက်ကြည့်ပါလား”

ဖေးကျန့် - “…”

“စကားမပြောနဲ့တော့။ သူတို့ ဝင်လာတော့မယ်၊ မြန်မြန်တပ်ဆုတ်ကြ” ရှန့်ကျီမင်က ဉာဏ်နီဉာဏ်နက်များစွာ ပြောလိုက်သည်။

သူစကားဆုံးသည်နှင့် ခေါင်းသုံးလုံးသည် ချက်ချင်း ပျောက်ကွယ်သွားပြီး ကုရှောင်ဟွိုက်၏ ခေါင်းလေးသာ ကျန်နေခဲ့သည်။ ဖေးကျန့်သည် ပြန်လာပြီး ကုရှောင်ဟွိုက်ကို ချီမကာ ထွက်သွားခဲ့သည်။

ဖေးကျီအန်းနှင့် လုနန်တို့ ဧည့်ခန်းသို့ ပြန်ရောက်သောအခါ အန်တီဝူ၊ ဖေးကျန့်နှင့် ရှန့်ကျီမင်တို့သည် တည့်မတ်စွာ ထိုင်နေကြပြီး ရှောင်ဟွိုက်ပင် သူ၏ ခုံလေးတွင် သပ်သပ်ရပ်ရပ် ထိုင်နေခဲ့သည်။

တစ်စုံတစ်ခုတော့ မှားနေသည်။

လုနန် သံသယဝင်သွားမိသည်။

အန်တီဝူ - “မြန်မြန်စားကြတော့။ တို့တတွေ မင်းတို့ကို စောင့်နေတာ”

လုနန်သည် သံသယဝင်စွာဖြင့် သူမ၏ မနက်စာကို စားသောက်ပြီးစီးခဲ့သည်။

စားသောက်ပြီးနောက် ဖေးကျီအန်းသည် အပေါ်ထပ်သို့ တက်၍ ရှင်းလင်းရန် သွားပြီး လုနန်လည်း သူ့နောက်သို့ လိုက်သွားခဲ့သည်။

သူတို့ ယခင်က ရင်းနှီးခဲ့ကြသော်လည်း သူတို့၏ ဆက်ဆံရေးတွင် မမြင်နိုင်သည့် နေရာများ ရှိနေသေးသည်။ လုနန်သည် သူမ၏ လျှို့ဝှက်သေတ္တာကို တန်ဖိုးထားပြီး ဖေးကျီအန်းကို အတွင်းရှိ ရတနာများကို ကြည့်ခွင့်ကို ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့သကဲ့သို့ပင် ဖြစ်သည်။

ဖေးကျီအန်းတွင်လည်း သူ၏ ကိုယ်ပိုင် လျှို့ဝှက်ချက်များ ရှိသည်။ လုနန်သည် သူက သူမ၏ ကိုယ်ရေးကိုယ်တာကို လေးစားဖို့ မျှော်လင့်သောကြောင့် သူမသည် သူ၏ လျှို့ဝှက်ချက်များကို တမင်တကာ စူးစမ်းမည်မဟုတ်ပေ။

သို့သော် ယခုမူ ဖေးကျီအန်းက သူမကို အတူခေါ်လာသောကြောင့် ဒါသည် ချိုးဖောက်မှုတစ်ခုဟု သူမ မထင်တော့ပေ။

ဖေးကျီအန်း၏ ကိုယ်ပိုင်ပစ္စည်းများအားလုံးကို သံသေတ္တာတစ်လုံးထဲတွင် သိမ်းဆည်းထားသည်။ လုနန် သံသေတ္တာကို မြင်သောအခါ မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

“ရှင် မှတ်ဉာဏ်ပျောက်နေတာ။ စကားဝှက်ကို မှတ်မိသေးလို့လား”

နောက်တစ်စက္ကန့်တွင် “ကလစ်” ဟူသောအသံနှင့်အတူ သံသေတ္တာတံခါး ပွင့်သွားခဲ့သည်။

လုနန် - “……” ဝင်နှောင့်အယှက်ပေးမိတာ တောင်းပန်ပါတယ်။

ဖေးကျီအန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ “စကားဝှက် မရှိဘူး”

လုနန်သည် ထိုအကြောင်းအရာကို ဆက်ပြောရန် စိတ်မဝင်စားတော့ဘဲ လျင်မြန်စွာ ပြောလိုက်သည်။ “အတွင်းမှာ ဘာတွေရှိလဲ ကြည့်ရအောင်”

ပြီးတော့ တစ်ချိန်တည်းမှာပဲ သူမရဲ့ စပ်စုချင်စိတ်ကို ဖြေဖျောက်လိုက်မည်။

အပေါ်ဆုံးတွင် စာနှစ်ပုံ ရှိပြီး တစ်ခုချင်းစီတွင် မတူညီသော လက်မှတ်များ ထိုးထားသည်။ လုနန်၏ စူးရှသော မျက်လုံးများသည် ကုဝေကောထံမှ စာအချို့ကို မြင်လိုက်ရသည်။

အလယ်အလွှာတွင် ဖိုင်အိတ်တစ်လုံး ရှိနေသည်။ ဖေးကျီအန်းသည် ဖိုင်အိတ်ကို ဖွင့်လိုက်ရာ သူ၏ ကိုယ်ရေးကိုယ်တာ စာရွက်စာတမ်းများနှင့် ဘွဲ့လက်မှတ်ကို တွေ့လိုက်ရသည်။

လုနန်သည် ဖေးကျီအန်း၏ ဘွဲ့လက်မှတ်ကို လှန်ကြည့်ရင်း သူသည် ငယ်ရွယ်စဉ်က ယခုထက်ပင် ပို၍ ခန့်ညားပြီး ဖေးကျန့်ကို အသာစီးရကာ ရှန့်ကျီမင်ကို ကျော်လွန်သွားသည်ကို သတိပြုမိလိုက်သည်။ သူသည် စစ်ဒေသ၏ အခန့်ညားဆုံးအမျိုးသားဟူသော ဘွဲ့နှင့် အမှန်တကယ် ထိုက်တန်ပေသည်။

ကံမကောင်းစွာဖြင့် သူမသည် ငယ်ရွယ်သော ဖေးကျီအန်းနှင့် ချိန်းတွေ့ရန် အခွင့်အရေး ဘယ်တော့မှ မရခဲ့ဘဲ ဓာတ်ပုံဟောင်းများမှ တစ်ဆင့်သာ စိတ်ကူးယဉ်နိုင်ခဲ့သည်။

ဖေးကျီအန်းသည် စာများကြားမှ အနည်းငယ် ဝါကျင့်နေသော စက္ကူတစ်ရွက်ကို ကောက်ယူလိုက်သည်။ ၎င်းသည် တော်တော်လေးဟောင်းနွမ်းနေပုံရပြီး လှပသော လက်ရေးဆက်ဖြင့် “ရှန်းကျစ်” ဟု ရေးထားသည်။

လုနန် ငုံ့ကြည့်လိုက်သည်။ “ရှင် မှတ်မိလား။ ရှင့်နာမည်က ရှန်းကျစ်”

ဖေးကျီအန်း ခေါင်းညိတ်လိုက်သည်။ “ရှန်းကျစ်လား”

“ဒါက ကဗျာတစ်ပုဒ်ထဲက စာကြောင်းတစ်ကြောင်းနဲ့ ကိုက်ညီတယ်။ လက်ရေးအရကြည့်ရရင် ကိုယ့်မိသားစုထဲက အမျိုးသမီးကြီးတစ်ယောက်က ကိုယ့်ကို ဒီနာမည်ပေးခဲ့ပုံရတယ်”

လုနန်သည် ကဗျာကို ညင်သာစွာ ရွတ်ဆိုလိုက်သည်။ “တန်ဖိုးကြီးတဲ့ အန်စာတုံးနဲ့ ပဲနီလေးတွေ၊ လွမ်းဆွတ်ခြင်းရဲ့ နာကျင်မှုကို မင်းသိရဲ့လား”

ဖေးကျီအန်းသည် လုနန်၏ လျင်မြန်သော တုံ့ပြန်မှုကြောင့် အံ့ဩသွားသည်။ “ကိုယ် မင်းကို အရင်က ပြောပြဖူးလို့လား”

လုနန် ပြုံးလိုက်သည်။ “ကျွန်မ သိတယ်”

“ဘာကို သိတာလဲ” ဖေးကျီအန်းက မေးလိုက်သည်။

လုနန် သူ၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ “ဘာမှမဟုတ်ပါဘူး။ တစ်ယောက်ယောက်က ကျွန်မကို မေးခွန်းတစ်ခုမေးတော့ ကျွန်မ ပြန်ဖြေဖို့ အချိန်အတော်ကြာခဲ့တယ်”

ဖေးကျီအန်း တိတ်ဆိတ်သွားခဲ့သည်။

“စစ်ဘက်ဆိုင်ရာ ဆုတံဆိပ်တွေ အများကြီးပဲ” လုနန်က ပြောပြီးနောက် သူမ၏ ခေါင်းကို လှည့်လိုက်သည်။ သူမသည် သံသေတ္တာ၏ အောက်ဆုံးရှိ စစ်ဘက်ဆိုင်ရာ ဆုတံဆိပ်များကြောင့် စွဲဆောင်ခံလိုက်ရပြီး ကလေးတစ်ယောက်ကဲ့သို့ ရေတွက်ကြည့်လိုက်၏။

“တစ်၊ နှစ်၊ သုံး…”

ရေတွက်ပြီးနောက် သူမသည် ဆုတံဆိပ်များကို သူမ၏ လက်မောင်းများထဲသို့ ဆွဲယူလိုက်ပြီး ဖေးကျီအန်းကို လုံးဝလျစ်လျူရှုလိုက်သည်။

ဖေးကျီအန်းသည် ဝါကျင့်နေသော စက္ကူကို ဘေးဖယ်ထားလိုက်ပြီး ပစ္စည်းများကို ဆက်ကြည့်နေခဲ့သည်။

ရုတ်တရက် သူ တောင့်တင်းသွားသည်။

ထိုသည်က သူနာပြုယူနီဖောင်းဝတ်ထားသော ငယ်ရွယ်သည့် လုနန်၏ ဓာတ်ပုံတစ်ပုံဖြစ်ပြီး သူမ၏ ရင်ဘတ်တွင် အနီရောင်ပန်းကြီးတစ်ပွင့်ကို ဂုဏ်ယူစွာ တပ်ဆင်ထားကာ ကင်မရာကို တောက်ပစွာ ပြုံးပြနေခဲ့သည်။

ဖေးကျီအန်း ဓာတ်ပုံကို လှန်ကြည့်လိုက်သည်။ နောက်ကျော၏ အောက်ဆုံးတွင် သူ၏ လက်ရေးဖြင့် “၁၉** ခုနှစ်၊ * လပိုင်း၊ ဖေးကျီအန်း” ဟူသော စာလုံးများ ရေးထားသည်။

တွက်ချက်ကြည့်သောအခါ သူ ရေးခဲ့သည့်နှစ်တွင် လုနန်သည် ဆယ့်ခြောက်နှစ်သာ ရှိသေးသည်ကို သူ သဘောပေါက်လိုက်သည်။

သူ လုနန်ကို ရုတ်တရက် မော့ကြည့်လိုက်သည်။ ဖေးကျန့်က သူနှင့် လုနန်တို့သည် လွန်ခဲ့သော တစ်နှစ်ကမှ အတူရှိခဲ့ကြပြီး ထိုမတိုင်မီက တစ်ယောက်နှင့်တစ်ယောက် မသိခဲ့ကြဟု ပြောခဲ့သည်။ အကယ်၍ ဒါက အမှန်ဖြစ်ပါက သူမ တစ်ဆယ့်ခြောက်နှစ်အရွယ်က ဓာတ်ပုံကို သူ ဘာ်လိုလုပ်ရရှိနိုင်မည်နည်း။

ဘယ်လို အမျိုးသားက အမျိုးသမီးတစ်ဦး၏ ဓာတ်ပုံကို သိမ်းဆည်းထားပြီး နောက်ကျောဘက်တွင် သူ၏ အမည်ကို ရေးထိုးထားမည်နည်း။ ဘယ်လိုအကြောင်းပြချက်များ ရှိနိုင်မည်နည်း။

လုနန်သည် ဖေးကျီအန်း သူမကို စိုက်ကြည့်နေသည်ကို သတိပြုမိပြီး သူမ၏ မျက်နှာကို ထိတွေ့ကာ စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

“ကျွန်မမျက်နှာပေါ်မှာ ထူးဆန်းတာတစ်ခုခု ရှိနေလို့လား။ ဘာလို့ ကျွန်မကို အဲ့လိုကြည့်နေတာလဲ”

ဖေးကျီအန်းသည် ဓာတ်ပုံကို တည်ငြိမ်စွာ မှောက်ချလိုက်သည်။ “မင်းမျက်နှာပေါ်မှာ ဖုန်နည်းနည်းပေနေတယ်”

“ဘယ်မှာလဲ” လုနန်သည် ဖေးကျီအန်းဆီသို့ ပိုနီးကပ်စွာ ငုံ့ကြည့်လိုက်သည်။

ဖေးကျီအန်းသည် လုနန်၏ ပါးကိုသုတ်ပေးရန် လက်လှမ်းလိုက်ပြီးနောက် သူ၏လက်ကို ပြန်ရုပ်သိမ်းလိုက်ကာ ပြောလိုက်သည်။

“အားလုံးပြီးပြီ”

သို့သော် လုနန်သည် နောက်မဆုတ်သွားခဲ့ပေ။ ထိုအစား သူမသည် မျက်လုံးများကို နောက်ပြောင်လိုသည့်ဟန်ဖြင့် လှည့်လိုက်သည်။ ဖေးကျီအန်းသည် ထိုမြေခွေးမလေး နောက်ထပ် မကောင်းသော အတွေးတစ်ခုရနေသည်ကို သိလိုက်သောကြောင့် သူသည် ခပ်သောသောဖြင့် စောင့်ဆိုင်းနေလိုက်သည်။

“အစ်ကို... တို့တွေ စာကြည့်ခန်းထဲမှာ ခိုးကြောင်ခိုးဝှက်လုပ်ဖို့ ကြိုးစားခဲ့ဖူးမယ်ထင်လား” လုနန်သည် ကြမ်းပြင်မှာ လက်ထောက်ထားရာမှ ဖေးကျီအန်းထံသို့ ပိုနီးကပ်စွာ တိုးကပ်လိုက်ပြီး ဖြူစင်သန့်ရှင်းကာ ဆွဲဆောင်မှုရှိသော အပြစ်ကင်းသည့်အကြည့်ဖြင့် မအပ်စပ်သော စကားများကို ပြောဆိုလိုက်သည်။

ဖေးကျီအန်း၏ မျက်လုံးများထဲမှ အပြုံးသည် လင်းလက်တောက်ပသွားပြီးနောက် ပျောက်ကွယ်သွားကာ သူက စိတ်အေးလက်အေးပုံစံဖြင့် မည်သို့မျှ စိတ်လှုပ်ရှားခြင်းမရှိဘဲ တည်ငြိမ်နေခဲ့သည်။

ဒါကိုမြင်သောအခါ လုနန် မကျေမနပ်ဖြစ်သွားခဲ့သည်။ သူမ၏ နူးညံ့သောလက်များသည် သူ့ကို စတင် ကျီစယ်ခဲ့ပြီး နောက်ဆုံးတွင် သူမသည် ဖေးကျီအန်း၏ ပေါင်ပေါ်တွင် နေရာယူလိုက်ကာ သူ့အား လက်နှစ်ဖက်ဖြင့် ပွေ့ဖက်ထားလိုက်သည်။

ဖေးကျီအန်းသည် သူမ၏ စနောက်နေမှုများကို ခွင့်ပြုထားပြီး တည်ငြိမ်စွာပြောလိုက်သည်။ “လင်မယားဝတ္တရား ကျေပွန်ချင်လို့လား”

လုနန် အံ့အားသင့်သွားခဲ့သည်။ သူမသည် မနေ့ညကမှ “အိမ်ထောင်ရေးဝတ္တရား” ကို နမ်းခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပြီး ယခု ဖေးကျီအန်းက ထိုစကားကို သူမအား ပြန်လည်အသုံးချနေသည်။ ဒီလို အခြေအနေမျိုးက နမ်းရုံသက်သက်ကိုသာ ရည်ရွယ်နေတာမို့လို့လား။

ပြီးခဲ့သည့်ညက ဖြစ်ပျက်ခဲ့သောအရာများပြီးနောက် ဖေးကျီအန်းက လွယ်လွယ်ကူကူ အလိမ်မခံတော့မည့်ပုံပင်။

သူမ၏ အကြံအစည်လေး ပျက်သွားသောကြောင့် လုနန်သည် စိတ်ထဲတွင် မကျေမနပ်ဖြစ်သွားပြီး ဖေးကျီအန်း၏ ရင်ခွင်ထဲမှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။

သူမ ရုန်းထွက်တော့မည့် အရိပ်အယောင်ပြလိုက်သည့်အခိုက်တွင် ဖေးကျီအန်းသည် သူမ၏ ခါးကို သေချာ ဖက်ထားလိုက်ရာ သူမ မလှုပ်ရှားနိုင်တော့ပေ။

ဖေးကျီအန်းသည် တည်ငြိမ်သော အမူအရာဖြင့် ပြောလိုက်သည်။ “မင်းလိုချင်တာ ဒါဆိုရင် ကိုယ်လိုက်လျောပေးလို့ရတယ်”

သူစကားပြောပြီးသည်နှင့် လုနန်၏ ခေါင်းအထက်ရှိ အလင်းရောင်ကို ပိတ်ဆို့ကာ အရိပ်တစ်ခု ကျရောက်လာခဲ့သည်။

လုနန်သည် ယခင်က ဖေးကျီအန်း၏ ပေါင်ပေါ်သို့ တက်ထိုင်ခဲ့ပြီး ယခုအခါတွင် သူမသည် လွယ်ကူစွာ ချုပ်နှောင်ခံထားရကာ လွတ်မြောက်နိုင်ခြင်း မရှိတော့ပေ။ သူမတွင် ဖေးကျီအန်း၏ အနမ်းကို လက်ခံရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ဘဲ သူမ၏ ဆုံးဖြတ်ချက်အတွက် နောင်တရနေမိသည်။

သူမ မလွတ်မြောက်နိုင်တော့သည့်အတွက်ကြောင့် ထိုအရာကို ပျော်ရွှင်စွာ ခံစားလိုက်လျှင် ပိုကောင်းမည်။

သူတို့သည် အချိန်အတော်ကြာ ခွဲခွာနေခဲ့ရပြီး လုနန်သည် ဖေးကျီအန်း၏ ရနံ့ကို လွမ်းဆွတ်နေခဲ့သည်။ ချစ်သူများ၏ ရင်းနှီးကျွမ်းဝင်မှုသည် ဖက်ခြင်း၊ နမ်းခြင်းကိစ္စမျှသာဖြစ်သည်။ ဤအနမ်းသည် နူးညံ့ပြီး ကြာရှည်ကာ နှစ်ဦးစလုံးကို ၎င်း၏ နွေးထွေးမှုထဲတွင် လွှမ်းခြုံထားခဲ့သည်။

ဖေးကျီအန်းသည် အစပိုင်းတွင် ဓာတ်ပုံအဟောင်းကို ဖွက်ထားစဉ် လုနန်၏ အာရုံကိုလွှဲရန် အနမ်းကိုအသုံးပြုရန် ရည်ရွယ်ခဲ့သည်။ သူမ မမြင်နိုင်သောနေရာတွင် သူသည် ဓာတ်ပုံကို ဖိုင်အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။

သူမျှော်လင့်မထားခဲ့သောအရာမှာ အနမ်းသည် တဖြည်းဖြည်း ထိန်းချုပ်မရ ဖြစ်လာလိမ့်မည်ဟူသောအချက်ပင်။

လုနန်သည် မူးယစ်ဆေးတစ်ခုနှင့်တူသည်။ သင်တစ်ကြိမ် စွဲလမ်းသွားသည်နှင့် သင့်ကိုယ်သင် မထိန်းချုပ်နိုင်တော့ဘဲ ပို၍ လိုချင်လာလိမ့်မည်။

ထိုအချိန်တွင် အငွေ့အသက်သည် ယစ်မူးဖွယ်ကောင်းနေခဲ့ပြီး အခြေအနေများသည် ပိုရင်းနှီးလာခဲ့သည်။

ထိုအခိုက်တွင် တံခါးခေါက်သံထွက်ပေါ်လာပြီး ဖေးကျန့်၏ အသံထွက်ပေါ်လာခဲ့သည်။

“အဖေ၊ လုနန်၊ ကျွန်တော်ဆွေးနွေးစရာတစ်ခုရှိလို့ ဝင်လာပြီနော်”

လုနန် - “!”

မျက်တစ်ခတ်အတွင်း လုနန်သည် ဖေးကျီအန်းကို တွန်းထုတ်လိုက်ပြီး သူ့ပေါ်မှ လိမ့်ဆင်းကာ ကြမ်းပြင်ပေါ်သို့ ရောက်သွားခဲ့သည်။

All Chapters