လုနန် နိုးလာသောအခါ သူမသည် အိမ်ထောင်သည်တစ်ယောက် ဖြစ်နေရုံသာမက ၁၆ နှစ်အရွယ် လင်ပါသားတစ်ယောက်နှင့် ၂ နှစ်အရွယ် သားအရင်းတစ်ယောက်ပါ ရှိနေတာကို တွေ့လိုက်ရသည်။ သူမ၏ ခင်ပွန်းသည် အသက် ၃၆ နှစ်ရှိပြီး ရာထူးကြီးကာ သူ့ရဲ့အလုပ်အပေါ်မှာပဲ စိတ်နှစ်ထားသူ ဖြစ်သည်။ သူမတို့နှစ်ယောက်ကြားမှာ အသက် ၁၄ နှစ် ကွာသည်။ ဒါတင်မကသေးပေ။ သူမဟာ ၁၉၆၀ ပြည့်နှစ်ဝန်းကျင်က ဝတ္ထုတစ်ပုဒ်ထဲကို ကူးပြောင်းရောက်ရှိလာခဲ့ပြီး အမျိုးသားဇာတ်လိုက်ရဲ့ အသက်တို၊ ခံနိုင်ရည်အားနည်းပြီး ငယ်ရွယ်သော မိထွေး ဖြစ်နေ၏။ သူမသည် ဇာတ်လမ်းထဲက နောက်ခံဇာတ်ကောင်သက်သက်မျှသာ ဖြစ်သည်။ လုနန် - "ငါ စောစောစီးစီး သေလို့မဖြစ်ဘူး။ ပထမဆုံး အသက်ရှင်ဖို့ကိုပဲ အာရုံစိုက်ရမယ်။" လိပ်ပေါင်းဟင်းရည်၊ ကြက်မောက်သီး ကြာစေ့ ကြက်ပေါင်း ဟင်းရည်၊ နှင်းမှိုကြာစေ့ ဂိုဂျီဘယ်ရီ ဟင်းရည်၊ လင်ကျီ့ ကြက်မဲပေါင်းရည်... လုနန်ဟာ သူမကိုယ်သူမ အသက်ရှင်သန်ဖို့အတွက် အမျိုးမျိုးသော ကျန်းမာရေးနှင့် ပတ်သက်သည့် ဆေးပေါင်းရည်တွေကို ပြင်ဆင်ရင်း အလုပ်ရှုပ်နေချိန် အမျိုးသားဇာတ်လိုက်နှင့် သူ့အဖေတို့က သူမကို ကြည့်နေသောပုံစံက တဖြည်းဖြည်း ထူးဆန်းလာတာကို သတိပြုမိလာတော့သည်။ အမျိုးသား ဇာတ်လိုက် - "ကျွန်တော့်အဖေက အစွမ်းအစ မရှိဘူးထင်တယ်။" အမျိုးသားဇာတ်လိုက်၏ ဖခင် - "...??"

