အခန်း (၈၇)
Vol. 8 Ch. 87
ဟော်ရှောင်းလင်သည် လုနန်ကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်ပြီး လုနန်က အမှန်တကယ် ရိုးအခြင်းလား သို့မဟုတ် ဟန်ဆောင်နေခြင်းလား မသေချာဖြစ်သွားသည်။ သူမသည် ဖေးကျန့်နှင့် ကောင်းမွန်စွာ ဆက်ဆံနေလျှင်ပင် အနည်းငယ်တော့ ပါးနပ်သင့်သည်ဟု တွေးမိသည်။
ဖေးကျီအန်းတွင် သားအကြီးဆုံးအဖြစ် ဖေးကျန့် ရှိနေပြီး ဖေးကျန့်သည် အသုံးမကျသူတစ်ယောက် မဟုတ်ပေ။ သူသည် ငယ်ရွယ်စဉ်မှာပင် ပေကျင်းတက္ကသိုလ်သို့ ဝင်ခွင့်ရခဲ့ပြီး အလားအလာကောင်းသော အနာဂတ်ရှိသည်။ ယောက်ျားတစ်ယောက်အနေဖြင့် သူသည် လုနန် တွင် သားရှိသည်ဖြစ်စေ၊ သမီးရှိသည်ဖြစ်စေ ဂရုစိုက်မည်မဟုတ်သည်မှာ သေချာသည်။
ဟော်ရှောင်းလင်က လုနန်ကို သွယ်ဝိုက်သောနည်းဖြင့် အရိပ်အမြွက်ပြောလိုက်သည်။ "ဒါပေမဲ့ မင်း နောက်ထပ်သားတစ်ယောက်တော့ ရှိထားသင့်တယ်"
"မင်းနဲ့ ဖေးကျန့် ရင်းနှီးတာကို ငါသိပါတယ်၊ ဒါပေမဲ့ သူက မင်းရဲ့သားအရင်းမှ မဟုတ်တာ။ အခုချိန်မှာ သူက နာခံတတ်ပေမဲ့ အမြဲတမ်းရော နာခံပါ့မလား။ ပွင့်ပွင့်လင်းလင်းပြောရရင် ဖေးကျန့် ကြီးလာပြီး သူ့ရဲ့ကိုယ်ပိုင်အတွေးအခေါ်တွေ ရှိလာတဲ့အခါ သူ့အမေအရင်းရဲ့ သွေးထိုးလှုံ့ဆော်မှုလေးတစ်ခုက မင်းအပေါ်ထားတဲ့ သူ့ရဲ့သဘောထားကို ပြောင်းလဲသွားစေနိုင်တယ်"
"အဘိုးကြီး ဖေးကို သားတစ်ယောက်မွေးပေးတာက ပိုပြီးစိတ်ချရတယ်။ အဲ့ဒီလိုဆိုရင် အနည်းဆုံးတော့ ဖေး မိသားစုရဲ့ ပိုင်ဆိုင်မှုတစ်ဝက်က နင့်ဆီမှာ ကျန်နေမှာပေါ့"
သူမ၏ ကျေးဇူးကန်းသော မွေးစားသားနှစ်ယောက်ကဲ့သို့ပင် ကျောက်ရှင်းက တစ်ကြိမ် သတိပေးစမ်းသပ်လိုက်ပြီးနောက် သူတို့နှစ်ယောက်လုံး၏ သဘောထားများ ပြောင်းလဲသွားခဲ့သည်။ အကျိုးအမြတ်ရှိသည့်အခါ သူတို့က "မေမေ" ဟု ချိုသာစွာခေါ်သော်လည်း အကျိုးအမြတ်မရှိသည့်အခါတွင်မူ ကျောခိုင်းပြီး သူမက သူတို့အပေါ် ရက်စက်သည်ဟု ပြောဆိုကြသည်။ လူအများက မိထွေးများကို မကြာခဏ အထင်လွဲကြသောကြောင့် သူမ၏ ဂုဏ်သတင်းကို ညှိုးနွမ်းစေခဲ့သည်။
လုနန်သည် ဟော်ရှောင်းလင်၏ အဆိုးမြင် စိတ်ခံစားချက်များကို နားထောင်နေရခြင်းသည် အချိန်ဖြုန်းခြင်းသက်သက်ဟု ခံစားရသောကြောင့် စကားမပြောနိုင်တော့ပေ။
အဘယ်ကြောင့် သားသမီးများကို ကိရိယာတန်ဆာပလာများကဲ့သို့ ရွေးချယ်ဆက်ဆံသင့်သနည်း။
ဖေးကျန့်သည် သူမ မွေးထားသောသားမဟုတ်သော်လည်း သူမကို သူ့အမေရင်းအဖြစ် ရှုမြင်ရန် တစ်ခါမျှ မမျှော်လင့်ခဲ့ပေ။ ဖေးကျန့်က မိဘကျေးဇူးဆပ်မည်ဆိုလျှင် ဖေးကျီအန်းကိုသာ ဆပ်မည်ဖြစ်ပြီး၊ ကျေးဇူးမဆပ်လျှင်လည်း ဖေးကျီအန်းကိုသာ ဖြစ်ပေလိမ့်မည်။
သူမသည် ဖေးကျန့်၏ သူမအပေါ်ထားသော သဘောထားကို လုံးဝဂရုမစိုက်ပေ။
ထို့အပြင် လုနန်တွင် သူမ၏ သားအရင်း ရှိသည်မဟုတ်ဘူးလား။ အဘယ်ကြောင့် မိဘကျေးဇူးကို ဆပ်ရန် အခြားသူတစ်ဦး၏ သားကို လိုအပ်ရမည်နည်း။
သူမ သားအရင်း ရှိနေလျှင်ပင် လုနန်သည် သူ့ကို အသက်ကြီးလာသည့်အခါ အားကိုးရာအဖြစ် တစ်ခါမျှ မမြင်ခဲ့ပေ။ သူမတွင် ငွေနှင့်အိမ် ရှိသည်။
သူမ၏ သားသမီးများက သူမကို စောင့်ရှောက်ရန်မလိုအပ်သလို၊ ကြီးကျယ်သော အောင်မြင်မှုများ ရရှိရန်လည်း ဖိအားပေးမည်မဟုတ်ပေ။
သူမကိုယ်တိုင်က အပူအပင်ကင်းမဲ့သူတစ်ယောက်ဖြစ်ချင်သည်။ သူမကိုယ်တိုင် မကြိုးစားဘဲ သားသမီးများကို အဘယ်ကြောင့် ကြိုးစားရန် မျှော်လင့်ရမည်နည်း။
သူတို့ကြိုးစားရမည့် တစ်ခုတည်းသောအကြောင်းရင်းမှာ သူတို့၏ ကိုယ်ပိုင်ဘဝများအတွက် တာဝန်ယူရန်ဖြစ်သည်။ လုနန်၏ သားသမီးများအပေါ် အကြီးမားဆုံးသော မျှော်လင့်ချက်မှာ သူတို့ ဘေးကင်းစွာကြီးပြင်းပြီး ပျော်ရွှင်စွာ နေထိုင်နိုင်ရန်ဖြစ်သည်။
သို့သော်လည်း လူတို့သည် နောက်ဆုံး၌ အနာဂတ်အကြောင်း မကောင်းကြံစည်တွေးတောခြင်းဖြင့် နေထိုင်ကြသည်မဟုတ်ဘဲ ပစ္စုပ္ပန်၌သာ နေထိုင်ကြသည်။ သူမသိသည်မှာ ဖေးကျန့်သည် ယခုအခါ အဆင်ပြေနေပြီး အနာဂတ်တွင် သူ မည်သို့ပင်ဖြစ်စေ စိတ်ရင်းမှန်ဖြင့်ဆက်ဆံသော နှလုံးသားတစ်ခုကို သူမ သစ္စာမဖောက်နိုင်ခြင်းပင်ဖြစ်သည်။
ဟော်ရှောင်းလင်၏ မှတ်ချက်စကားများသည် အလွန်အပေါ်ယံဆန်ပြီး မသင့်တော်လှပေ။ ထိုစကားများသည် စဉ်းစားဆင်ခြင်မှုမရှိခြင်း သို့မဟုတ် တမင်ရည်ရွယ်၍ ရန်စခြင်းပင် ဖြစ်နိုင်သည်။ လုနန်၏ ဆုံးဖြတ်ချက်အရ ဤအမျိုးသမီးသည် စဉ်းစားဆင်ခြင်မှုမရှိသူတစ်ဦးပင်။
လုနန်သည် သူမနှင့် ဟော်ရှောင်းလင်တို့ အတွေးအခေါ်ချင်းမတူသည်ကို သေချာနေသည်။ သူမသည် ဟောါရှောင်းလင်၏ စိတ်ခံစားချက်ကို ထောက်ထားရန် သို့မဟုတ် သူမကဲ့သို့သောသူနှင့် ငြင်းခုံရန် စိတ်မဝင်စားပေ။ မည်သို့ပင်ဖြစ်စေ သူမသည် ထွက်သွားတော့မည်ဖြစ်ပြီး အတန်ကြာ ပြန်လာမည်မဟုတ်သောကြောင့် မည်သူ့ကိုမဆို စိတ်ခုအောင်လုပ်ရန် မကြောက်ပေ။
"အစ်မဟော်၊ ရှောင်မင်းက ဘာလို့ ကိုးဆယ့်ကိုးနှစ်အထိ အသက်ရှည်လဲဆိုတာ သိလား"
ဟော်ရှောင်းလင်သည် နားမလည်စွာဖြင့် အလိုလျောက်ပြန်မေးလိုက်သည်။
"ဘာလို့လဲ"
"ဘာလို့လဲဆိုတော့ ရှောင်မင်းက သူများကိစ္စကို ဘယ်တော့မှ ဝင်မစွက်ဖက်လို့ပဲ။ ကျွန်မကို စိတ်ပူပေးတာ ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်မ တကယ်မလိုအပ်ပါဘူး။ အစ်မ ကိုယ့်ကိစ္စကိုယ်ပဲ အာရုံစိုက်သင့်တယ်"
ထိုစကားပုံသည် ဟောင်းနွမ်းနေနိုင်သော်လည်း ထိရောက်မှုရှိသည်။
အကယ်၍ လူတို့သည် "ငါနဲ့ ဘာဆိုင်လို့လဲ" နှင့် "မင်းနဲ့ ဘာဆိုင်လို့လဲ" ဟူသော စကားစုများကို အမြဲသတိရနိုင်မည်ဆိုပါက သူတို့၏ စိုးရိမ်ပူပန်မှုများ၏ ကိုးဆယ့်ကိုးရာခိုင်နှုန်းသည် ပြေလည်သွားမည်ဖြစ်သည်။
ဟော်ရှောင်းလင်က မတ်တပ်ထရပ်လိုက်ပြီး မျက်နှာမှာ ဖြူဖျော့သွားသည်။
"နင်! လုနန်၊ ကျေးဇူးကန်းမနေနဲ့။ ငါက နင့်ကို ကူညီမလို့ကြိုးစားနေတာကို နင်က ငါ့ကို လျှာရှည်တယ်လို့ ပြောရလား..."
"ကျောက်ရှင်းက နင့်ကိုလာကြည့်ဖို့ ငါ့ကိုခိုင်းလို့သာပေါ့၊ မဟုတ်ရင် ငါက လာချင်တယ်များ ထင်နေလား"
လုနန် - "..." ဤစကားသည် ရင်းနှီးနေသလို ခံစားလိုက်ရသည်။ သူမသည် လွန်ခဲ့သောတစ်ကြိမ်ကလည်း အလားတူစကားကို ပြောခဲ့ဖူးပုံရသည်။
ထပ်ပြီးတော့ အဲ့ဒီ့ကျောက်ရှင်းပင်၊ သူမသည် တကယ့်ကို ခြောက်လှန့်နေလျက်ရှိ၏။
ဟောရှောင်းလင် ထွက်သွားပြီးနောက်၊ အန်တီဝူသည် မီးဖိုချောင်ထဲမှ ငှက်သိုက်ပေါင်းတစ်ပန်းကန်နှင့်အတူ ထွက်လာပြီး လုနန်ဆီသို့ ကမ်းပေးလိုက်သည်။ စကားပြောဆိုမှုများကို ကြားလိုက်ရသဖြင့် သူမသည် မျက်မှောင်ကြုတ်ကာ ညင်သာစွာ ဆူလိုက်သည်။
"အဲ့ဒီ ဟော်ရှောင်းလင်က စကားပြောတာ အရမ်းမဆင်မခြင်နိုင်တာပဲ။ သမီးကိုယ်ဝန်ရှိနေတာကို သိရဲ့သားနဲ့ သမီးက သမီးလေး လွယ်ထားတယ်လို့ ထပ်ခါထပ်ခါပြောနေတယ်။ ပြီးတော့ သမီးနဲ့ ဖေးကျန့် ကြားမှာ သွေးခွဲဖို့လည်း ကြိုးစားသေးတယ်။ နောက်ဆိုရင် သူ့ကို အိမ်ထဲပေးမဝင်တော့တာပဲ ကောင်းမယ်လို့ ထင်တယ်"
ခေတ္တရပ်ပြီးနောက် သူမသည် လုနန်၏ မျက်နှာအမူအရာကို ဂရုတစိုက်ကြည့်ကာ နှစ်သိမ့်လိုက်သည်။
"သမီးလေးတွေက ကောင်းပါတယ်။ သမီးလေးဆိုတာ အမေတစ်ယောက်ရဲ့ ဂွမ်းကပ်အနွေးထည်လေးလိုပဲ"
လုနန် သက်ပြင်းချလိုက်သည်။ "မွေးစားအမေ၊ ကျွန်မကို နှစ်သိမ့်စရာမလိုပါဘူး။ ကျွန်မ တကယ်ကို သမီးလေးတွေကို ကြိုက်တယ်ဆိုတာ အမေ မမြင်ဘူးလား"
"ဪ၊ နင် အခုလိုပြောမှပဲ ငါလည်း စိတ်အေးသွားတော့တယ်"
အန်တီဝူက လုနန်၏ အမူအရာကို သေချာစွာလေ့လာကြည့်လိုက်သည်။ သူမ၏ မျက်နှာအမူအရာသည် အေးဆေးပြီး စိတ်ရင်းမှန်ဖြင့် ပြောဆိုနေသည်ကို မြင်သောအခါ အန်တီဝူသည် နောက်ဆုံးတွင် စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။ သူမသည် ရက်ပေါင်းများစွာ စိုးရိမ်ပူပန်မှုများကို မြိုသိပ်ထားခဲ့ရသည်။
အန်တီဝူသည် လုနန်ကို ကျန်းမာသော သားယောက်ျားလေးတစ်ဦး ရစေချင်သော်လည်း လုနန်သည် သမီးမိန်းကလေးတစ်ဦး လွယ်ထားရဖွယ်ရှိကြောင်း သတိပြုမိပြီးနောက်၊ လုနန်က သားတစ်ယောက်မျှော်လင့်ပြီး သမီးတစ်ယောက်ရခြင်းကို မကြိုက်မည်ကို စိုးရိမ်လာခဲ့သည်။
ထိုညနေခင်းတွင် လုနန်သည် မှန်တင်ခုံရှေ့၌ထိုင်ကာ သူမဗိုက်ကို ပွေ့ပိုက်ရင်း မှန်ထဲမှ သူမ၏ ပုံရိပ်ကို အားရကျေနပ်စွာ ရှုစားနေကာ သူမ၏ သမီးငယ်လေးသည် အမှန်ပင် သူမ၏ "ဂွမ်းကပ်အနွေးထည်လေး" ဖြစ်လာမည်ဟူသော အတွေးဖြင့် ပျော်ရွှင်နေမိသည်။
ရုတ်တရက် အတွေးတစ်ခုဝင်လာပြီး ဝါးကုလားထိုင်တွင် ထိုင်နေသော ဖေးကျီအန်းကို လှမ်းကြည့်လိုက်သည်။ သူမသည် ထပြီး သူပေါင်ပေါ်သို့ ပစ်ထိုင်ချကာ ညူတူတူဖြင့် မေးလိုက်သည်။
"ကျွန်မကိုပြော၊ ရှင် တကယ်ပဲ သမီးလေးတွေကို ကြိုက်ရဲ့လား"
ကိုယ်ဝန်ဆောင်စဉ်အတွင်း လုနန်သည် ပိုချွဲနွဲ့လာရုံသာမက သူမ၏ စိတ်နေစိတ်ထားမှာလည်း ပိုဆိုးလာခဲ့သည်။
ဖေးကျီအန်းသည် လုနန်ကို သေချာထိန်းကိုင်ရင်း သူ့ထိုင်နေဟန်ကို ပြင်လိုက်သည်။ သူ သူမ၏ မေးခွန်းကြောင့် အံ့အားသင့်သွားသည်။ သူ့လေ့လာတွေ့ရှိချက်များအရ လုနန်သည် သူ သားယောက်ျားလေးကြိုက်သည်ဖြစ်စေ၊ မိန်းကလေးကြိုက်သည်ဖြစ်စေ ဂရုမစိုက်သလို ပုံပေါ်နေခဲ့သည်။ သူ၏ ကြိုက်နှစ်သက်မှုများသည် အရေးမပါပုံရသည်။
သို့ဆိုလျှင် အဘယ်ကြောင့် သူမ ရုတ်တရက် စိတ်ဝင်စားလာရသနည်း။ တစ်စုံတစ်ယောက်က သူမကို တစ်ခုခုပြောလိုက်သည်လား။
ဖေးကျီအန်းက အလေးအနက်ထား၍ ပြန်ဖြေလိုက်သည်။
"ကိုယ် သမီးမိန်းကလေးတွေကို ကြိုက်တယ်"
လုနန်သည် ထိုအဖြေကို မကျေနပ်သေးဘဲ ဆက်မေးခဲြသည်။ "ရှင့်အထင် သမီးမိန်းကလေးတွေက လူကောင်းတစ်ယောက်ကိုရှာပြီး နာခံစွာနဲ့ လက်ထပ်သင့်တယ်လို့ ထင်လား"
ဖေးကျီအန်း စဉ်းစားလိုက်သည်။ သူ့မသိစိတ်ထဲတွင် အလားတူယုံကြည်ချက်တစ်ခု ရှိနေခဲ့ပြီး၊ ထိုအကြောင်းကို သူ နက်နက်နဲနဲ မစဉ်းစားဖူးသောကြောင့် ဖြစ်နိုင်သည်။ သူသည် သူ့အတွေးများကို ပြန်လည်သုံးသပ်နေမိသည်။
"ကိုယ်တို့ရဲ့ သမီးလေးက သူ နေချင်သလို နေလို့ရတယ်" ခေတ္တစဉ်းစားပြီးနောက် ဖေးကျီအန်းက ပြန်ဖြေခဲ့သည်။
လုနန်သည် ဤအဖြေကို လုံးဝကျေနပ်သည်ဟု မပြောနိုင်ပေ။ သူမသည် ချေပစရာအချက်တစ်ခု ရှာမတွေ့သောကြောင့် အလိုမကျသေးစွာ ခေါင်းညိတ်လိုက်သည်။
" ရှင့်စကားကို မှတ်ထားနော်။ အနာဂတ်မှာ ကျွန်မတို့သမီးလေးကို ပြင်ပအခြေအနေတွေကြောင့် လွှမ်းမိုးမခံရအောင် သင်ပေးသင့်တယ်"
"ကောင်းပြီ၊ ကိုယ် မှတ်ထားပါ့မယ်"ဖေးကျီအန်းက ရယ်မောလိုက်သော်လည်း အလေးအနက်ထား၍ ကတိပေးလိုက်သည်။
သူသည် သူမကို ချီကာ အိပ်ရာပေါ်သို့ ချပေးလိုက်သော်လည်း သူချလိုက်သည်နှင့် လုနန်သည် အံ့အားသင့်စွာ အော်လိုက်သည်။ သူမသည် ရင်ဘတ်ပေါ်မှ စိုစွတ်နေသောအကွက်တစ်ခုကို သတိပြုမိပြီး မည်သို့ဖြစ်သွားသည်ကို နားမလည်နိုင်ဖြစ်နေသည်။
ဖေးကျီအန်းက အရင်တုံ့ပြန်လိုက်သည်။ သူသည် အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်ပြီး ပြောလိုက်သည်။
"ကိုယ် မင်းအတွက် ညအိပ်ဝတ်စုံအသစ် သွားယူပေးမယ်"
လုနန် ကြက်သေသေသွားသည်။ 'သူမ... သူမ နို့ရည်ထွက်သွားတာလား။ ငါးလမှာပဲလား။ ဒါက ပုံမှန်ရော ဟုတ်ရဲ့လား။'
နောက်ထပ်နို့ရည်များ စိမ့်ထွက်လာပြီးနောက် လုနန် အလွန်ရှက်သွားသည်။ သူမ သမီးလေး၏ ပညာရေးအတွက် စိုးရိမ်ပူပန်နေသော အတွေးအားလုံးသည်လည်း လွင့်ပြယ်သွားတော့သည်။
ဖေးကျီအန်းက အကြံပေးလိုက်သည်။ "အဝတ်အစားလဲလိုက်ပြီး ချွတ်လိုက်တဲ့အင်္ကျီနဲ့ သုတ်လိုက်"
သူသည် သန့်ရှင်းသော အဝတ်အစားတစ်စုံကို ကမ်းပေးလိုက်ရာ လုနန်သည် ရှက်ကိုးရှက်ကန်းဖြင့် ယူလိုက်ပြီး ညွှန်ကြားသည့်အတိုင်း အသုံးပြုပြီးသားအင်္ကျီဖြင့် ထိုနေရာကို သုတ်လိုက်သည်။
ပတ်ဝန်းကျင်လေထုသည် အနည်းငယ် သက်ဝင်ရင်းနှီးလာသည်။ လုနန်သည် ပွပွချောင်ချောင် ညအိပ်ဝတ်စုံကို ဖြည်းညင်းစွာ ဝတ်ဆင်လိုက်ပြီး ရုတ်တရက် သူမ၏ ဆန္ဒများ တိုးပွားလာသည်။ ကိုယ်ဝန်ရှိလာကတည်းက သူမ၏ အက်စထရိုဂျင်ပမာဏသည် အဆမတန်မြင့်တက်လာပြီး သူမ၏ တောင့်တမှုများကို တိုးပွားစေခဲ့သည်။ ယခင်က ဖေးကျီအန်းသည် စတင်လေ့ရှိသော်လည်း မကြာသေးမီက သူမက ဦးဆောင်သူဖြစ်လာသည်။
အစပိုင်းတွင် ဖေးကျီအန်းသည် လန့်ဖျပ်သွားပြီး ကလေးကို ထိခိုက်မည်စိုးရိမ်ခဲ့သည်။ လုနန်၏ အကြိမ်များစွာ သွေးဆောင်မှုများရှိသော်လည်း သူသည် ခိုင်မာစွာတွန်းလှန်ခဲ့ရာ သူမကို စိတ်ပျက်စေပြီး နောက်ဆုံးတွင် သူ့ကို စာကြည့်ခန်းတွင် သွားအိပ်ခိုင်းခဲ့သည်။
နောက်တစ်နေ့တွင် ဖေးကျီအန်းသည် တစ်စုံတစ်ယောက်ကို မေးမြန်းခဲ့ပြီး သူပြန်လာသောအခါ လုနန်ကို ပထမသုံးလအတွင်း ဆက်ဆံ၍မရကြောင်းနှင့် သုံးလပြည့်ပြီးမှသာ ဆက်ဆံနိုင်ကြောင်း အလေးအနက် ပြောပြခဲ့သည်။
လုနန် - "..." ဖေးကျီအန်း ထိုမေးခွန်းကို မည်သူ့ဆီ မေးနေသည်ကို သူမ အလွန်သိချင်နေမိသည်။
အမှန်စင်စစ် စတုတ္ထလသို့ရောက်မှသာ ဖေးကျီအန်း သည် သူမကို ပြန်ထိတွေ့လာခဲ့သည်။ ထိုအချိန်တစ်လျှောက်လုံး သူသည် သူမအား မည်သည့်မသက်မသာမှုမှ မဖြစ်စေရန် စိုးရိမ်သောကြောင့် သူမ၏ တုံ့ပြန်မှုများကို အာရုံစိုက်နေခဲ့သည်။
လေထုသည် ဖိအားများဖြင့် ထူထဲလာသည်နှင့်အမျှ လုနန်သည် ဖေးကျီအန်းကို မော့ကြည့်ကာ သူ့အင်္ကျီလက်ကို ဆွဲလိုက်သည်။ ဤသည်မှာ သူတို့၏ မကြာသေးမီက မပြောဘဲနားလည်သော အမူအရာဖြစ်လာခဲ့သည်။ သူမသည် တစ်စုံတစ်ခုလိုချင်သော်လည်း ရှက်နေသည့်အခါတိုင်း သူ့ကို တိတ်တဆိတ် စိုက်ကြည့်လေ့ရှိသည်။
ဖေးကျီအန်းသည် သူမ၏ အရိပ်အကဲကို နားလည်သည်။ သူသည် လုနန်၏ ဖြူဖွေးသောပါးပြင်ကို ညင်သာစွာပွတ်သပ်ပြီး သူမ၏ နူးညံ့သောနှုတ်ခမ်းများကို ငုံ့နမ်းကာ ထိုအခိုက်အတန့်တွင် မိန်းမောသွားခဲ့သည်။
သူမ၏ ဗိုက်မှာ ကြီးထွားလာပြီဖြစ်သောကြောင့် ဖေးကျီအန်းသည် သူမကို နူးညံ့သိမ်မွေ့သော လှုပ်ရှားမှုများဖြင့် ပွေ့ဖက်ရင်း ဂရုတစိုက် ဖက်တွယ်ထားသည်။
ပြီးဆုံးသွားသောအခါ လုနန်သည် အိပ်ရာပေါ်တွင် လှဲနေပြီး မလှုပ်ချင်တော့ပေ။ ဖေးကျီအန်းသည် ရေဇလုံတစ်လုံးယူလာပြီး သူမကို သန့်စင်ပေးကာ သန့်ရှင်းသောညအိပ်ဝတ်စုံအသစ်ကို ဂရုတစိုက်ဝတ်ဆင်ပေးပြီးနောက် သူမကို သူ့ရင်ခွင်ထဲသို့ ညင်သာစွာဆွဲသွင်းကာ တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။
ဖေးကျီအန်းသည် နောက်တစ်နေ့နံနက်တွင် အစောကြီးနိုးလာခဲ့ပြီး မီးဖိုချောင်သို့ သွားနေသော အန်တီဝူကို တားလိုက်ကာ မနေ့က တစ်စုံတစ်ယောက် လာခဲ့လားဟု မေးလိုက်သည်။
အန်တီဝူက ညည်းညူရင်း ပြောလိုက်သည်။
“ဟုတ်တယ်၊ ဘေးအိမ်က ဟော်ရှောင်းလင် ရောက်လာပြီး နန်နန် ရှေ့မှာ မဖွယ်မရာစကားတွေ လာပြောတယ်၊ ပြဿနာရှာဖို့ ကြိုးစားနေတာ။ ကျွန်မထင်တာတော့ သူက မကောင်းကြံနေတာပဲ။ ပြီးတော့ ဟိုကျောက်ရှင်း လေ၊ ဟော်ရှောင်းလင်က ပြောသွားတာ ဒီတစ်ခါလာဖို့ သူမကိုခိုင်းလိုက်တာ ကျောက်ရှင်းတဲ့။”
ဖေးကျီအန်း၏ မျက်နှာထားသည် တင်းမာသွားပြီး ခေါင်းညိတ်ပြလိုက်သည်။
“ကျွန်တော် နားလည်ပါပြီ။ သ်မ မနေ့ညက အိပ်တာ နောက်ကျတယ်။ သူမကို နှိုးဖို့ နည်းနည်းလောက် စောင့်ပေးပါဦး။”
အန်တီဝူက သဘောတူလိုက်ပြီးနောက် မေးလိုက်သည်။
“မနက်စာ မစားတော့ဘူးလား။”
“မစားတော့ဘူး၊ ကျွန်တော့်မှာ အရေးကြီးကိစ္စတစ်ခု ကိုင်တွယ်စရာရှိလို့။” ဖေးကျီအန်းက လှည့်ထွက်သွားရင်း ပြန်ဖြေလိုက်သည်။
ဖေးကျီအန်း ထွက်သွားပြီးနောက် ဖေးကျန့်သည် ကျောင်းသွားရန် အိပ်ရာမှထလာခဲ့သည်။ အောက်ထပ်သို့ လှမ်းကြည့်လိုက်သောအခါ ဖေးကျီအန်းကို မတွေ့ရချေ။
“အဘွား ဝူ၊ အဖေ သွားပြီလား။”
ဆန်ပြုတ်ပန်းကန်တစ်လုံးကို သယ်လာသော အန်တီဝူ က ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်၊ သူ အခုလေးတင်ပဲ ထွက်သွားတာ။ မနက်စာတောင်မစားဘူး။ အရေးကြီးကိစ္စရှိတယ်လို့ ပြောသွားတယ်။”
ဖေးကျန့် ရယ်ပြီး ပေါ့ပေါ့ပါးပါးပင် လှေကားလက်ရန်းပေါ်သို့ ခုန်တက်ကာ အလွယ်တကူ လျှောဆင်းလိုက်သည်။
အန်တီဝူ လန့်သွားခဲ့သည်။
“အမလေး ငါ့မြေးလေးရယ်၊ ပြုတ်ကျမှာ မကြောက်ဘူးလား။ ဘယ်လိုလုပ်ပြီး ဒီလောက်အန္တရာယ်များတဲ့အလုပ်ကို လုပ်ရတာလဲ။”
ဖေးကျန့်က လက်တစ်ဖက်ကို ဝှေ့ယမ်းကာ လျှောချလိုက်သည်။
“ရပါတယ် အဘွားဝူရာ၊ စိတ်မပူပါနဲ့၊ ကျွန်တော် ဒါကို လေ့ကျင့်လာတာ နှစ်တွေအများကြီးရှိပြီ၊ ပြုတ်ကျမှာမဟုတ်ဘူး။”
စိတ်မအေးနိုင်သေးသော အန်တီဝူသည် မကျေမနပ်ဖြင့် ခေါင်းခါလိုက်သည်။
“မင်း ဒီလိုဆက်လုပ်နေမယ်ဆိုရင်တော့ မင်းအဖေကို ငါတိုင်ပြောရတော့မယ်။”
ဖေးကျီအန်းသည် ဖေးကျန့်၏ အားနည်းချက်ဖြစ်သည်။ အန်တီဝူက ဖေးကျီအန်းကို တိုင်ပြောမည်ဟု ကြားသောအခါ သူသည် အမြန် တောင်းပန်လိုက်သည်။
“ကျေးဇူးပြုပြီး မတိုင်ပါနဲ့ အဘွားဝူ ရယ်။ ကျွန်တော်တို့က မဟာမိတ်တွေလေ၊ ကျွန်တော့်ကို သစ္စာဖောက်လို့မရဘူးနော်။”
“မင်း နောက်တစ်ခါ အန္တရာယ်များတဲ့အလုပ်တွေ မလုပ်တော့ဘူးလို့ ကတိပေးရင် ငါ တစ်ခွန်းမှမပြောဘူး။” အန်တီဝူက ဖေးကျန့်၏ ကတိကိုတောင်းရင်း ပြတ်သားစွာ ပြန်ပြောလိုက်သည်။
ဖေးကျန့်သည် မထောင်ချင် ထောင်ချင်ဖြင့် လက်သုံးချောင်းကိုထောင်ကာ သစ္စာဆိုလိုက်သည်။
“ကျွန်တော် အဘွားဝူ ရှေ့မှာ အန္တရာယ်များတဲ့အလုပ်တွေ ဘယ်တော့မှ မလုပ်တော့ပါဘူးလို့ ကတိပေးပါတယ်။”
သူမ မမြင်ကွယ်ရာမှာပဲ လုပ်တော့မယ်ဟု သူစိတ်ထဲတွင် တွေးလိုက်သည်။
သို့သော် အန်တီဝူသည် အလွယ်တကူ အလိမ်မခံပေ။
“မလည်မရှုပ်လေး၊ ငါ့ကို လှည့်ဖို့ ကြိုးစားနေတယ်ပေါ့လေ။ ငါ့နောက်ကလိုက်ဆို- ကျွန်တော် နောက်တစ်ခါ လှေကားလက်ရန်းပေါ်ကနေ လျှောမဆင်းတော့ပါဘူး။ အခုပြောစမ်း!”
ဖေးကျန့် - “…” ဒါက ဘာဖြစ်နေတာလဲ။ အဘွားကြီးတစ်ယောက်က ဘယ်လိုဖြစ်ပြီး ဒီလောက် ပါးနပ်နေရတာလဲ။
အရှုံးပေးသော သက်ပြင်းတစ်ချက်ကို ချလိုက်ပြီးနောက် ဖေးကျန့်သည် ထပ်ခါတလဲလဲ ဆိုလိုက်ရသည်။
“ကျွန်တော် ဘယ်တော့မှ… လှေကားလက်ရန်းပေါ်ကနေ… လျှောမဆင်း…”
“ဖေးကျန့်၊ မင်းဆီလာတဲ့စာ ရောက်နေပြီ၊ ငါ မင်းအတွက် ယူလာခဲ့တယ်!”
အိမ်အပြင်ဘက်မှ ကျန့်ခိုင်ပင်း၏ အသံထွက်လာခဲ့သည်။
“ကျွန်တော် ပစ္စည်းတစ်ခု သွားယူလိုက်ဦးမယ်။”
ဖေးကျန့်သည် အိမ်ထဲမှ အပြေးအလွှား ထွက်သွားခဲ့သည်။
အန်တီဝူသည် ထွက်ပြေးသွားသော သူ့ကိုကြည့်ရင်း ခေါင်းခါလိုက်သည်။
“ဒီကလေးကတော့လေ။”