← Chapters

အခန်း (၆၈)

Vol. 6 Ch. 68

အခန်း (၆၈)

Vol. 6 Ch. 68

လုနန်သည် ထိုနေရာတွင် လဲလျောင်းနေရင်း စတွေးမိလာသည်။ သဘာဝကျကျ တွေးကြည့်မည်ဆိုပါက သူမ မောပန်းနေလျှင် ဖေးကျီအန်းက ပို၍ပင် မောပန်းနေရမည် မဟုတ်လော။

သူမ ဆက်မလုပ်နိုင်လျှင် သူက ဘယ်လိုလုပ်နိုင်မည်နည်း။

သို့သော် ယခု မေးခွန်းမှာ ဖေးကျီအန်းသည် ဘာကြောင့် ဤမျှလောက် တက်ကြွနေရသနည်း။ တကယ်တော့ သူက အားအင်ပြည့်ဝနေပုံ ပေါက်နေသည် မဟုတ်လော။

ထိုသည်က သမင်သွေး၏ အာနိသင်ကြောင့် ဖြစ်နိုင်လား။

ထိုအရာကြောင့်သာ ဖြစ်ရမည်ဟု လုနန်က ကျိုးကြောင်းဆင်ခြင်လိုက်သည်။ ဖေးကျီအန်းသည် အဘိုးကြီး ဝမ် နှင့်အတူ အလွန်အကျွံ သောက်ခဲ့ပြီး အချိန်အကြာကြီး ထိန်းချုပ်ထားပြီးနောက် ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။ သူက အခြေအနေကောင်းနေမည်မှာ သဘာဝကျသည် မဟုတ်ပါလား။

လုနန်သည် ဖေးကျီအန်းကို ဆက်လုပ်ခွင့်ပေးရန် သူမကိုယ်သူမ ယုံကြည်အောင် ဖျောင်းဖျလိုက်သည်။ သူမသည် မငြင်းဆန်ဘဲ နောက်တစ်ချီအတွက် သူနှင့်အတူ မလိုက်ချင်၊ လိုက်ချင်ဖြင့် လိုက်ပါသွားခဲ့သည်။

အခြားရွေးချယ်စရာ မရှိခဲ့ပေ။ သူမသည် အစောပိုင်းက မှားယွင်းသောစကားတစ်ခွန်း ပြောခဲ့ပြီး ဖေးကျီအန်း၏ မာနကို ပြန်တည်ဆောက်ပေးရန် လိုအပ်သည်။ ထို့အပြင် သူတို့သည် ဤကဲ့သို့သော အတွေ့အကြုံများကို အမြဲတမ်း ရရှိမည်မဟုတ်ပေ၊ ဟုတ်တယ်မလား။ ဖြစ်နိုင်တာက သူတို့ အမြန်လေးလုပ်ပြီး အဆုံးသတ်လိုက်လို့ ရနိုင်လိမ့်မည်။

အရာအားလုံး ပြီးဆုံးသွားသောအခါ လုနန် သက်ပြင်းချလိုက်မိသည်။ ဤတစ်ကြိမ်တော့ လုံလောက်ပြီ မဟုတ်လား။

သူမသည် ဖေးကျီအန်းကို တွန်းဖယ်ကာ ရေချိုးရန် စဉ်းစားလိုက်သော်လည်း သူက သူမကို တင်းကျပ်စွာ ဖိထားလိုက်သည်။

“မလှုပ်နဲ့၊ ခဏလေးစောင့်။”

လုနန် - “……” ထိုကြောက်မက်ဖွယ်ကောင်းသော စကားစုကို နောက်တစ်ကြိမ် ကြားရပြန်ပြီ၊ သူမက ထိုစကားကို တကယ်ကို မုန်းတီးသည်။ စောင့်ရမှာလား။ လုံးဝ မဖြစ်နိုင်ဘူး။

လုံးဝမစောင့်နိုင်ဘူး။ ထိုစိတ်ဖြင့် လုနန်သည် လူးလွန့်လိုက်သည်...

နောက်တစ်ခါ လာပြန်ပြီ!!

လုနန် တောင့်တင်းသွားသည်။ သူမ သမင်သွေးကို မုန်းတီးသွား၏။

ဤတစ်ကြိမ်တွင် ဖေးကျီအန်းက သူမကို ပင့်မြှောက်လိုက်ပြီး ပုံစံအသစ်၊ အတွေ့အကြုံအသစ်များ၊ ခံစားချက်အသစ်များကို ယူဆောင်လာတာ… အလွန်ပြင်းထန်လှသည်။

ဝေဝါးသော စိတ်အခြေအနေတွင် လုနန်သည် အစပိုင်းက သူမပြောခဲ့သော စကားကို ပြန်သတိရလိုက်သည်။

အိုး… အကယ်၍ ဖေးကျီအန်းသာ စွမ်းဆောင်နိုင်ခဲ့လျှင် သူမ သေသွားလိမ့်မည်။

သူမ မှန်ခဲ့သည်။ ဖေးကျီအန်းက မစွမ်းဆောင်နိုင်ခဲ့လို့ ကောင်းကင်ဘုံကို ကျေးဇူးတင်မိသည်။

နောက်ဆုံးတွင် အရာအားလုံး ပြီးဆုံးသွားသောအခါ "မစွမ်းဆောင်နိုင်သော" ဖေးကျီအန်းသည် လုနန်ကို လွှတ်ပေးလိုက်သည်။ သူသည် ကုတင်စောင်းတွင် ထိုင်ကာ သူမကို ညင်သာစွာ ပွေ့ဖက်ထားသည်။ သူက မေးလိုက်သည်။

“ရေချိုးချင်လား။”

လုနန် ငိုက်မျဉ်းစွာ ခေါင်းညိတ်သဘောတူလိုက်သည်။ သူမသည် သူမ၏ အရေပြားပေါ်တွင် စေးကပ်နေသော ခံစားချက်ကို ဆေးကြောချင်သော်လည်း သူမ မလှုပ်ရှားနိုင်ခဲ့ပေ။ သူမ၏ ခန္ဓာကိုယ်သည် နာကျင်ကိုက်ခဲပြီး ထုံကျင်နေသည်။ ထို့ကြောင့် သူမသည် ဖေးကျီအန်းကို ရေချိုးခန်းသို့ ပွေ့ချီသွားခွင့်ပြုလိုက်သည်။ သူမက သူ့ကို ယုံကြည်ခြင်းကြောင့် မဟုတ်ဘဲ သူမတွင် အခြားရွေးချယ်စရာ မရှိသောကြောင့်သာ ဖြစ်သည်။

ရေချိုးနေစဉ်အတွင်း ဖေးကျီအန်းသည် အလွန်လိမ္မာစွာ ပြုမူနေသောကြောင့် လုနန်၏ စိတ်ကို သက်သာရာရစေသည်။ သမင်သွေး၏ အာနိသင်များက နောက်ဆုံးတွင် ပျယ်သွားပုံရသည်။

သူတို့ ရေချိုးပြီးနောက် ဖေးကျီအန်းသည် လုနန်ကို ကုတင်သို့ ပြန်ပွေ့ချီသွားသည်။ အိပ်ရာခင်းများက ညစ်ပတ်နေသောကြောင့် သူက အပေါ်ဆုံးအလွှာကို ဖယ်ရှားပြီး သူမကို ချပေးလိုက်သည်။

လုနန်သည် တစ်နေ့က သူမ မူးယစ်ခဲ့သည်ကို ရုတ်တရက် သတိရလိုက်သည်နှင့် သိမြင်မှုတစ်ခုက လျှပ်ပြက်သကဲ့သို့ ဖြစ်ပေါ်လာခဲ့သည်။ နောက်တစ်နေ့မနက်တွင် အန်တီဝူသည် သူမ၏ အိပ်ခန်းထဲသို့ အိပ်ရာခင်းများ လဲလှယ်ပေးရန် ဝင်လာပြီး ကုတင်ပေါ်တွင် တစ်စုံတစ်ခုကို ရှာဖွေခဲ့သည်။ သို့သော် ဘာမှမတွေ့သောအခါ သူမသည် အလွန်အမင်း စိတ်ပျက်သွားပုံရပြီး စိတ်ပျက်စွာဖြင့် ခေါင်းခါခဲ့သည်။

“…” မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူးမလား။

လုနန် စကားမပြောနိုင်ဖြစ်သွားရသည်။ မွေးစားအမေ၊ မွေးစားအမေက တကယ်ပဲ ၁၉၆၀ ခုနှစ်တွေက ရှေးရိုးစွဲလူတစ်ယောက်လား။

ဖေးကျီအန်းသည် အရင်က ခြံဝင်းထဲတွင် လုပ်ခဲ့သကဲ့သို့ လုနန်၏ မျက်လုံးများကို သူ၏ လက်များဖြင့် ညင်သာစွာ ဖုံးအုပ်လိုက်သည်။

“အိပ်တော့။”

လုနန်၏ မျက်တောင်များက သူ၏ လက်ဖဝါးများထဲတွင် တဖျပ်ဖျပ်ခတ်နေသည်။ သူသည် ဤကစားနည်းကို ကစားရသည်ကို ကြိုက်နှစ်သက်သွားပုံရသည်။ လုနန်သည် ကလေးဆန်သော ဤလူကြီးကို စိတ်ထဲမှ အပြစ်တင်လိုက်သည်။

အိပ်မပျော်မီ အရာအားလုံးကို အလွန်အကျွံစဉ်းစားတတ်သော ထူးချွန်သူ လုနန်သည် ထိုနေ့က ဖြစ်ရပ်များကို အကျဉ်းချုပ်မပြောဘဲ မနေနိုင်ခဲ့ပေ။ သူမသည် ဖေးကျီအန်းကို သမင်သွေး ထပ်မသောက်ရန် ညင်သာစွာ အကြံပေးလိုက်သည်။

“ရှင် တခြားကိစ္စတွေမှာတော့ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးလို့ရတယ်၊ ဒါပေမဲ့ အချစ်ရေးကိစ္စမှာတော့ အလွန်အကျွံမလုပ်ပါနဲ့။ ရှင့်ရဲ့ ခန္ဓာကိုယ်က မခံနိုင်ဘဲ နောက်ဆုံးမှာ ပြောင်းပြန်အကျိုးသက်ရောက်မှု ဖြစ်သွားနိုင်တယ်။”

ဖေးကျီအန်း၏ ခံစားချက်များကို ထောက်ထားသောအားဖြင့် မည်သူ၏ ခန္ဓာကိုယ်က မခံနိုင်မည်ကို သူမက အတိအကျ မပြောခဲ့ပေ။ သို့သော် လယ်ကွင်းထဲတွင် ကြိုးစားပမ်းစားလုပ်ကိုင်ခြင်းက မြေကိုမသေစေဘဲ အလုပ်သမားကိုသာ သေစေနိုင်သည်ကို သူမ သိသည်။ ဖေးကျီအန်းသည် သူမ ဘာကိုဆိုလိုသည်ကို နားလည်ရန် လုံလောက်အောင် ထက်မြက်သူဖြစ်သည်။

ဖေးကျီအန်းသည် မျက်မှောင်ကြုတ်လိုက်မိသည်။ ဒီတော့ ညက ဖြစ်ခဲ့သမျှ အရာအားလုံးပြီးနောက်မှာတောင် သူမက ဒီလိုပဲ ခံစားနေရတုန်းပဲလား။

ဟမ့်။

သူက လှည့်၍ လုနန်ကို နောက်တစ်ကြိမ် ဖိချလိုက်သည်။

“ဟုတ်လား။ ဒါက အနာဂတ်နဲ့ဆိုင်ပြီး ပစ္စုပ္ပန်နဲ့ မပတ်သက်ဘူးဆိုတော့၊ အခုလက်ရှိကိုပဲ အာရုံစိုက်လို့ရမလား။”

လုနန် - “…”! ? ငါ့ရဲ့ပါးစပ်က ပျက်နေတာ! ဘာလို့ ငါ့ပါးစပ်ကို ပိတ်ပြီး အေးအေးဆေးဆေး အိပ်မနေနိုင်ရတာလဲ။

'သမင်သွေး၊ နင့်ကို ငါမုန်းတယ်! ငါ မနက်ဖြန် နင့်ကို အကုန်လွှင့်ပစ်မယ်!'

ဖေးကျီအန်းသည် ပြင်းထန်သော ထိုးနှက်ချက်တစ်ချက်နှင့်အတူ လုနန်အား အခြားမည်သည့်အရာကိုမျှ စဉ်းစားရန် အချိန်မပေးခဲ့ပေ။

လရောင်သည် သူ၏ ကြွက်သားအဖုအထစ်များဖြင့် ပြည့်နေသော ကျောပြင်ပေါ်တွင် တဝဲလည်လည် ကျရောက်နေပြီး သူ့ချောမောသော မျက်နှာမှ ချွေးတစ်စက်သည် သူ၏အောက်မှ ကျောက်စိမ်းကဲ့သို့ ချောမွေ့သော အမျိုးသမီး၏ အရေပြားပေါ်သို့ လျှောကျသွားသည်။

ဤတစ်ကြိမ်တွင် ဖေးကျီအန်းသည် ယခင်ကကဲ့သို့ နက်ရှိုင်းသည်အထိ အားပြင်းစွာ မထိုးသွင်းခဲ့ပေ။ ထိုအစား သူသည် လုနန်အား စိတ်လှုပ်ရှားမှုနှင့် အားကိုးရာမဲ့မှု နှစ်မျိုးလုံးကို ခံစားရစေရန် ညင်သာသော လှုပ်ရှားမှုများကို အသုံးပြု၍ အချိန်ယူ စနောက်နေခဲ့သည်။

လုနန်သည် မောပန်းနွမ်းနယ်နေသော်လည်း သူမ အိပ်ပျော်သွားတော့မည်ဟု ခံစားရတိုင်း ဖေးကျီအန်းသည် ပိုနက်ရှိုင်းအောင် ထိုးသွင်းကာ သူမအတွင်းမှ တောင့်တမှုများကို နိုးထစေခဲ့သည်။

အဆုံးတွင် လုနန်သည် သူမ မည်သို့ အိပ်ပျော်သွားသည်ကိုပင် မမှတ်မိနိုင်တော့ပေ။ သူမ၏ စိတ်ထဲတွင် နောင်တများဖြင့် ပြည့်နှက်နေခဲ့သည်။

နောက်တစ်နေ့ လုနန် မျက်လုံးဖွင့်လိုက်သောအခါ အပြင်ဘက်ကောင်းကင်သည်လည်း မှောင်နေဆဲဖြစ်သည်။ 'မိုးမလင်းသေးဘူးလား။'

သူမသည် နံရံပေါ်မှ နာရီကို ကြည့်လိုက်ရာ ညနေ ငါးနာရီပင် ရှိနေပြီဖြစ်သောကြောင့် အံ့အားသင့်သွားသည်။

လုနန် - “…” သူမ ငိုချင်သော်လည်း မျက်ရည်မထွက်နိုင်ခဲ့ပေ။

သူမ၏ ခန္ဓာကိုယ်သည် ရိုက်နှက်ခံထားရသကဲ့သို့ ခံစားနေရပြီး မထနိုင်လောက်အောင် ဖြစ်နေသည်။ နာကျင်ကိုက်ခဲနေရုံသာမက ထူးဆန်းသော ထုံကျင်မှုကိုလည်း ခံစားနေရသည်။ အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့်ပင် သူမ၏ ကျောရိုးတစ်လျှောက် စိမ့်ခနဲ ခံစားလိုက်ရသည်။

လုနန်သည် စိတ်ထဲမှ “ဖာ့ခ်” ဟု အော်လိုက်သည်။ သဘောတူညီချက်က ဘာဖြစ်သွားတာလဲ။

သမင်သွေး၏ အာနိသင်က တကယ်ပဲ အံ့မခန်းလောက်အောင် ကောင်းနေသည်လား။ ထိုသမင်သွေးက မစွမ်းဆောင်နိုင်သော ယောက်ျားတစ်ယောက်ကို တစ်ညလုံး စွမ်းဆောင်နိုင်စေတာလား။

အကယ်၍ လုနန်သည် ယခင်က ဖေးကျီအန်း၏ စွမ်းဆောင်ရည်ကို သံသယရှိခဲ့ပါက ယခုအခါ သူမသည် ယုံကြည်ရုံသာမက ဖေးကျီအန်းသည် အမှန်တကယ် မစွမ်းဆောင်နိုင်ကြောင်းကို လက်ခံရတော့မည်ဖြစ်သည်။

သူသည် မစွမ်းဆောင်နိုင်သူသာ ဖြစ်ရမည်။

လုနန် အံကြိတ်လိုက်မိသည်။ အကယ်၍ သူသာ စွမ်းဆောင်နိုင်ခဲ့လျှင် သူမ လုနန်သည် ကံဆိုးမိုးမှောင်ကျသွားလိမ့်မည်။

အိုး၊ သူမက ဒီလိုတစ်ညလုံးကို ဘယ်လိုများ ခံနိုင်ရည်ရှိမှာလဲ။

ဖေးကျီအန်းကို ရှေ့ဆက်လုပ်ရန် ရဲရဲဝံ့ဝံ့ ပြောခဲ့သည့် သူမ၏ အစောပိုင်းက သတ္တိကို ပြန်စဉ်းစားမိသောအခါ သူမသည် အတိတ်သို့ အချိန်ခရီးသွားကာ ထိုမဆင်မခြင်နိုင်သော သူမ၏ ကိုယ်ပွားကို ရိုက်နှက်ချင်စိတ် ပြင်းပြစွာ ခံစားလိုက်ရသည်။

တံခါးခေါက်သံက သူမ၏ အတွေးများကို ဖြတ်တောက်လိုက်သည်။ လုနန်သည် သူမ၏ လည်ပင်းကို အားနည်းစွာ အသံလာရာဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“ဝင်ခဲ့ပါ…”

အန်တီဝူသည် တံခါးကို တွန်းဖွင့်ကာဝင်လာပြီး သူမ၏ မျက်နှာသည် ပျော်ရွှင်မှုဖြင့် ဝင်းပနေကာ လုနန်၏ ပင်ပန်းနွမ်းနယ်ပြီး အသက်မဲ့နေသော မျက်နှာအမူအရာနှင့် သိသိသာသာ ကွာခြားနေသည်။

အန်တီဝူက ရယ်ချင်စိတ်ကို ထိန်းချုပ်ရင်း ခွက်ကို လုနန် ရှေ့သို့ ချပေးကာ ပြောလိုက်သည်။

“သမီး မကြာခင် နိုးတော့မယ်လို့ ထင်သားပဲ။ သမီးအားပြန်ပြည့်အောင်လို့ သမင်သွေးစွပ်ပြုတ်တစ်ခွက် လုပ်လာတယ်။ မြန်မြန်သောက်လိုက်။”

“သမင်သွေး” ဟူသော စကားကို ကြားလိုက်ရသည်နှင့် လုနန်၏ မျက်နှာသည် ရွံရှာမှုဖြင့် ရှုံ့မဲ့သွားသည်။ သူမသည် ကုတင်ပေါ်တွင် ထထိုင်ရန် ရုန်းကန်နေရပြီး အန်တီဝူ၏ လက်ထဲမှ စွပ်ပြုတ်ကို ရန်သူတစ်ယောက်ကဲ့သို့ စိုက်ကြည့်နေသည်။

လုနန်၏ နှေးကွေးသော လှုပ်ရှားမှုများကို အထင်မကြီးသော အန်တီဝူသည် သမင်သွေးစွပ်ပြုတ်ကို သူမလက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။

“သောက်လိုက်စမ်းပါ။ သမီးအတွက် အခန်းသန့်ရှင်းရေးလုပ်ပေးမယ်။”

“!” လုနန် ထိတ်လန့်သွားခဲ့သည်။

“မဟုတ်ဘူး မွေးစားအမေ၊ မွေးစားအမေ သန့်ရှင်းရေးလုပ်စရာမလိုပါဘူး။ သမီးဘာသာ လုပ်နိုင်ပါတယ်။”

အန်တီဝူက မျက်စောင်းထိုးကာ အဝတ်ခြင်းတောင်းထဲမှ ညစ်ပတ်နေသော အိပ်ရာခင်းများကို ဆွဲထုတ်ပြီးနောက် စိတ်ကျေနပ်စွာ ခေါင်းညိတ်ကာ သူမ၏ စိုးရိမ်ပူပန်မှုများကို ဘေးဖယ်ထားလိုက်သည်။

“သမီးက ဘာလုပ်နိုင်မှာလဲ။ ထတောင်ထနိုင်လို့လား။”

လုနန်သည် အန်တီဝူ၏ တည့်တိုးပွင့်လင်းမှုကို ရင်ဆိုင်ရပြီးနောက် ရှက်ဖွယ်ကောင်းသော အခိုက်အတန့်ကို ဖြတ်သန်းရသောအခါ စိတ်ပျက်အားငယ်မှုများက လွှမ်းမိုးသွားသည်။

အန်တီဝူ စိတ်ကျေနပ်သွားသောအခါ သူမသည် အနာဂတ်အကြောင်း ဆွေးနွေးရန် လှည့်လိုက်သည်။

“ရှောင်ဟွိုက်က တစ်ယောက်တည်းပဲ။ မင်းတို့နှစ်ယောက် မြန်မြန် သူ့ကို အဖော်ရအောင် ညီလေးတစ်ယောက်လောက် မွေးပေးသင့်တယ်…”

(ဖေးကျန့် - ? ဒါဆို ကျွန်တော်က ထွက်သွားရမှာလား။)

အန်တီဝူသည် လုနန်၏ မကောင်းသော မျက်နှာအမူအရာကို သတိပြုမိပြီး ခဏရပ်တန့်သွားသည်။

“ညီမလေးတစ်ယောက်လည်း ကောင်းတာပါပဲ။ ဒါဆိုရင် သူနဲ့ ရှောင်ဟွိုက် သံယောဇဥ် ပိုတွယ်သွားတာပေါ့”

ဤစကားကို ကြားလိုက်ရသောအခါ လုနန်သည် တစ်ခုခုမှားနေသည်ကို သိလိုက်ရသည်။ သူမသည် လုံးဝ ကိုယ်ဝန်မဆောင်ချင်ပေ။ သူမတွင် ကျောင်းကို စောပြီးအောင် တက်ရန် အစီအစဉ်များရှိသောကြောင့် ယခု ကိုယ်ဝန်ဆောင်ရန် မည်သို့ တတ်နိုင်မည်နည်း။

ထို့အပြင် ဤခေတ်တွင် ဆေးဘက်ဆိုင်ရာစံနှုန်းများ အလွန်နိမ့်ကျနေသောကြောင့် သူမ မီးဖွားရခက်ခဲပါက ဘယ်လိုလုပ်မည်နည်း။ သူမ၏ အသက်လေး ဘာဖြစ်သွားမည်နည်း။

လုနန်သည် သူမ၏ ဆံပင်ကို လက်ချောင်းများဖြင့် ထိုးဖွလိုက်ပြီး ညက ဖေးကျီအန်းကို သူမအတွင်း၌ မပြီးဆုံးစေရန် တားဆီးနိုင်လောက်အောင် သတိရှိခဲ့သည်ကို ပြန်လည်သတိရလိုက်သည်။ သို့သော် ညဉ့်နက်လာပြီး သူမ၏ အာရုံများ ဝေဝါးလာသောအခါ သူမသည် သူ့ကို အကြိမ်တိုင်း ခွင့်ပြုမိခဲ့သည်။ ဒါတွေပြီးနောက် ရေချိုးခန်းသွားခြင်းသည် အိပ်မက်ဆိုးတစ်ခုပင် ဖြစ်ခဲ့သည်။ 'အမယ်လေး မဖြစ်ဘူး၊ သူမ ဒုက္ခမရောက်နိုင်ဘူး မဟုတ်လား။'

လုနန်ကို အနည်းငယ် သက်သာရာရစေသည့် တစ်ခုတည်းသောအရာမှာ ညက သူမ၏ မျိုးဥကြွေချိန်မဟုတ်သောကြောင့် အခွင့်အလမ်းများ နည်းပါးသွားခြင်းပင်ဖြစ်သည်။

“နေလို့မကောင်းသေးဘူးလား။”

ထိုနေ့ညနေ ဖေးကျီအန်း ပြန်လာသောအခါ လုနန်သည် ကုတင်ပေါ်မှ မထနိုင်သေးပေ။ သူက သူမကို မေးလိုက်သည်။

လုနန်က မေးလိုက်သည်။ “ကျွန်မ နေလို့ ကောင်းလား မကောင်းလား ရှင် မသိဘူးလား။”

ထို့နောက် သူမသည် ညကအကြောင်းကို စဉ်းစားမိသည်။ သူမ ဘယ်လောက်ပဲ ငိုယိုပြီး သူ့ကို နှေးခိုင်း၊ ရပ်ခိုင်းဖို့ တောင်းပန်ခဲ့ပါစေ၊ ဖေးကျီအန်းက မရပ်ရုံသာမက…

သူမသည် ထိုအကြောင်းကို ပိုစဉ်းစားလေ ပိုစိတ်ဆိုးလေ ဖြစ်လာသည်။ လုနန်သည် မကျေမနပ်ဖြစ်ကာ ဖေးကျီအန်းကို ကျောခိုင်း၍ ဖြည်းညင်းစွာ လှည့်လိုက်ပြီး သူနှင့် စကားမပြောချင်တော့ပေ။

သူမ၏ နောက်ရှိ ဖေးကျီအန်းထံမှ နက်ရှိုင်းပြီး ဆွဲဆောင်မှုရှိသော ရယ်သံတစ်ချက် ထွက်ပေါ်လာသည်။

မကြာမီ လက်ကြီးတစ်ဖက်သည် လုနန်၏ ခါးဆီသို့ ရောက်လာသည်။ ဖေးကျီအန်းသည် တစ်ခုခု ထပ်လုပ်တော့မည်ဟု ထင်ကာ သူမသည် တုန်လှုပ်သွားပြီး ရုန်းထွက်ရန် ကြိုးစားလိုက်သည်။ သို့သော် ထိုလက်သည် သူမ၏ အကြောများကို စတင်နှိပ်နယ်ပေးပြီး သူမ၏ ခါးအောက်ပိုင်းရှိ နာကျင်ကိုက်ခဲမှုနှင့် ထုံကျင်မှုများကို သက်သာစေရန် သင့်တော်သော ဖိအားဖြင့် နှိပ်နယ်ပေးခဲ့သည်။

အင်း၊ အနည်းဆုံးတော့ သူ့မှာ အသိစိတ်အချို့ ရှိသေးတာပဲ။

လုနန်သည် အနည်းငယ် သက်သာရာရသွားသည်။ ဖေးကျီအန်းသည် လူကြီးလူကောင်းတစ်ယောက်ကဲ့သို့ ပြုမူသောအခါ သူသည် ထူးကဲသော စိတ်ရှည်သည်းခံမှုဖြင့် ခေတ်သစ် လျိုရှဟွေ့*တစ်ဦးနှင့် နှိုင်းယှဉ်နိုင်သည်။ သူ့ကို မဆွပေးသရွေ့ ဘာမှ မှားယွင်းသွားမည် မဟုတ်ပေ။

(လျိုရှဟွေ့ - တရုတ်သမိုင်းတွင် သူ၏ စိတ်ဓာတ်နှင့် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်သဖြင့် နာမည်ကြီးသူ။ သူ၏ နာမည်ကျော်သော ဇာတ်လမ်းမှာ မိန်းကလေးတစ်ယောက်သည် အနွေးဓာတ်လိုချင်သဖြင့် သူ၏ ပေါင်ပေါ်တွင် ထိုင်နေစဥ်ပင် ဘာဆိုဘာမျှ မတုံပြန်ဘဲ အေးဆေးစွာနေနိုင်ခဲ့သော် ဇာတ်လမ်းဖြစ်သည်။ ထိုဇာတ်လမ်းကြောင့် တရုတ်စာပေတွင် သူ့ကို စိတ်သဘောထားကောင်းမွန်ပြီး အလွန်စိတ်ရှည်သည်းခံသော ဂုဏ်ပုဒ်ကို ရစေခဲ့သည်။ ဒီစာကြောင်းတွင် ဖေးကျီအန်းသည် သူ၏ လူကြီးလူကောင်းဆန်သော အပြုအမူနှင့် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်မှုကြောင့် လျိုရှဟွေ့နှင့် နှိုင်းယှဥ် ခံနေရခြင်းဖြစ်သည်။)

“…” ဒါဆို ငါ ဘာလို့ ညက အဲ့စကားကို ပြောခဲ့ရတာလဲ?

သေချာပေါက်ပင် ထိုညတွင် လုနန်သည် ကောင်းစွာအိပ်ပျော်ခဲ့သည်။ ညလယ်တွင် သူမနိုးလာသောအခါ ဖေးကျီအန်းသည် သူမ၏ ခါးကို နှိပ်နယ်ပေးနေဆဲဖြစ်သော်လည်း သူ၏ လက်တစ်ဖက်သည် အနည်းငယ် ပို၍ ရင်းနှီးကျွမ်းဝင်လာနေပြီဖြစ်သည်။

အားလပ်ရက်ပြီးနောက် ညီအစ်ကိုလေးယောက်၏ လုံခြုံရေးအစောင့်များအဖြစ် ဘဝသည် နောက်ဆုံး၌ အဆုံးသတ်သွားခဲ့သည်။ လုနန်သည် သူမ၏ ကတိအတိုင်း အကဲဖြတ်ချက်များကို ကြော်ငြာသင်ပုန်းပေါ်တွင် ကပ်ထားခဲ့သည်။

ကံကောင်းစွာဖြင့် သူတို့အားလုံးသည် ထိုမှတ်ချက်များကို နောက်ဆုံးတွင် သူတို့၏ ဖခင်မြင်တွေ့ရမည်ကို ကြိုတင်မျှော်လင့်ထားကြပြီး ပြိုင်ဆိုင်မှု အရှိန်အဟုန်ထဲ ရေပါနေစဉ် သူတို့အားလုံးသည် ပါးနပ်သော သဘောတူညီချက်တစ်ခုကို ရရှိခဲ့ကြသည်- မည်သူမျှ အခြားသူများထက် ကြယ်နီပိုမရကြပေ။ နှိုင်းယှဉ်စရာမရှိလျှင် ထိခိုက်မှုမရှိနိုင်ဘဲ လူတိုင်းအတွက် အနိုင်ရသည့် အခြေအနေဖြစ်သည်!

လုနန်သည် သူတို့၏ အကြံအစည်လေးများကို သတိပြုမိသော်လည်း သူတို့လေးယောက်လုံးသည် ကောင်းမွန်စွာ ပြုမူနေထိုင်ခဲ့သောကြောင့် သူမသည် ထိုအရာကို လျစ်လျူရှုရန် ဆုံးဖြတ်ပြီး ထောက်ပြခြင်းမပြုခဲ့ပေ။

သတင်းကောင်းတစ်ခုလည်း ရှိသည်- လုနန် ရာသီလာခဲ့ပြီ။ ဆိုလိုသည်မှာ သူမ ကိုယ်ဝန်မရှိခြင်းပင်ဖြစ်သည်။

ထိုနေ့တွင် ကိုယ်ဝန်မရှိခြင်းကို ဂုဏ်ပြုရန် သူမသည် သူမကိုယ်တိုင်နှင့် ဖေးကျန့်အတွက် စာကျက်ရန် တစ်နာရီပို၍ စီစဉ်ပေးခဲ့သည်။

ဖေးကျန့် - “…” ကျေးဇူးတင်ပါတယ်!

လုနန်သည် ရာသီလာသောအခါ စိတ်သက်သာရာရသွားခဲ့သည်။ သူ အသားစ စားပြီးကတည်းက ဖေးကျီအန်း၏ လက်များသည် ညဘက် သူမ၏ ခါးပေါ်တွင် ငြိမ်ငြိမ်နေခြင်း မရှိတော့ပေ။ ထိုအစား ထိုလက်တို့သည် အောက်ဘက်သို့ စတင်လှည့်လည်လာခဲ့သည်။ လုနန်သည် သူ ထိန်းချုပ်မှုလွတ်ကာ သမင်သွေး ထပ်သောက်မိမည်ကို စိုးရိမ်သောကြောင့် အိပ်ချင်ယောင်ဆောင်နေပြီး သူမ၏ နှလုံးသည် တဒိတ်ဒိတ်ခုန်နေသည်။ အကယ်၍ ထိုသို့ဖြစ်ခဲ့လျှင် သူမသည် တကယ်ကို အသက်ဆုံးရှုံးသွားပေလိမ့်မည်။

“အသက်ဆုံးရှုံးသွားမည်” ဆိုသည်မှာ သူမသည် ပန်းတစ်ပွင့်ကဲ့သို့ ညှိုးနွမ်းသွားမည်ကို ဆိုလိုသည်။

သမင်သွေးခြောက်များကို လုနန်က သေတ္တာတစ်လုံးထဲတွင် သော့ခတ်သိမ်းဆည်းထားလိုက်သေးသည်။

လယ်တောတွင် ဖေးကျီအန်းနှင့် ပရောပရီလုပ်ခဲ့သည့် သူမ၏ အစောပိုင်းက ရဲရင့်မှုအတွက်မူ လုနန်သည် ထိုအရာကို သူမ၏ စိတ်ထဲမှ ဖယ်ရှားလိုက်ပြီဖြစ်သည်။ သူမတွင် ဆန္ဒမရှိတော့ဘဲ အေးချမ်းစွာ နေလိုစိတ်သာ ရှိတော့သည်။

အာမင်၊ ဝေါမိတောဖော၊ အနန္တသက်တော်ရှင်ဘုရား… တပည့်တော်မကို ကောင်းချီးပေးတော်မူပါ။

လုနန် စိတ်အေးချမ်းနေချိန်တွင် ဖေးကျန့်သည် ဒုက္ခနှင့် ရင်ဆိုင်နေရသည်။

ဖေးကျန့်သည် ကျောင်းတွင် သူ၏ အခန်းဖော်နှင့် ရန်ဖြစ်ခဲ့သည်။

ထိုအချိန်တွင် လုနန်သည် စာကြည့်တိုက်တွင် စာကျက်နေစဉ် ချန်းထိုထိုသည် စိတ်လှုပ်ရှားစွာဖြင့် အပြေးအလွှားဝင်လာပြီး ဖြစ်ပျက်ခဲ့သည်များကို ပြောပြခဲ့သည်။

ယခု ဖေးကျန့်နှင့် သူ ရန်ဖြစ်ခဲ့သော အတန်းဖော်သည် ပညာရေးရာရုံးခန်းတွင် ဆုံးမခံနေရသည်။ အဖြစ်အပျက်တွင် လုနန် ပါဝင်ပတ်သက်နေသောကြောင့် သူမကိုလည်း ရုံးခန်းသို့ ခေါ်ဆောင်ခြင်းခံခဲ့ရသည်။

လုနန် - “???” သူမက သူ့ဘာသာသူ နေနေတာကို ဒီကိစ္စက သူမနဲ့ ဘယ်လို ပတ်သက်နိုင်မှာလဲ။

All Chapters