← Chapters

နာမည် ကျော်ကြားမှုက လောကကို တုန်လှုပ်စေခြင်း၊ ဓားနှင့် ဓားမ တိုက်ပွဲ (၃)

Vol. 11 Ch. 151

နာမည် ကျော်ကြားမှုက လောကကို တုန်လှုပ်စေခြင်း၊ ဓားနှင့် ဓားမ တိုက်ပွဲ (၃)

Vol. 11 Ch. 151

~ ဒါက အတော်လေးကို တွေ့ရလေ့ ရှိသော အခြေအနေ တစ်ခု ဖြစ်ပါ၏။

လူတချို့သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အပြိုင်အဆိုင် ကြိုးပမ်းကြသော်လည်း... ထိုအရာများကို မထီမဲ့မြင်ပြုသော အခြားသူများလည်း ရှိနေပါသေးသည်။

'မဟာယန်' က ဤ 'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' ကို ထုတ်ပြန်ခြင်းမှာ အုပ်ချုပ်မှု ပိုမိုကောင်းမွန်စေရန် ဖြစ်သဖြင့်... သူတို့၏ အခြေခံအုတ်မြစ်အားလုံးကို ချပြရန် မဖြစ်နိုင်သည်မှာ သဘာဝကျလှသည်။ ခြိမ်းခြောက် ဟန့်တားမှုတစ်ခုအဖြစ် အသုံးတော်ခံရန် အစိတ်အပိုင်းအချို့ကိုသာ ပြသလိုက်ခြင်းသည် လုံလောက်နေလေ၏။

သို့သော်လည်း... နင်ချီကတော့ စိတ်ထဲမှ တွေးလိုက်မိသည်။ ထို ဖုံးကွယ်ထားသောသူများကို ထည့်သွင်းစဉ်းစားလျှင်တောင်မှ... ဤလောကကြီးထဲတွင် 'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' မှ ထိပ်ဆုံးသုံးယောက်နှင့် ယှဉ်ပြိုင်နိုင်သူ အရေအတွက်မှာ အလွန်တရာ နည်းပါးလိမ့်ဦးမည်ဟု သူ ခံစားမိလေ၏။

'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' ကို လူတိုင်း ကြည့်ရှုပြီးနောက်

တွင်တော့... အားလုံး အံ့အားတသင့် ဖြစ်သွားကြတော့သည်။

ဟဲယန်က ပြုံးလျက် ဆိုလာပါသည်။

"ကျွန်တော်တို့ရဲ့ အရည်အချင်းတွေကတော့ 'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' ထဲ ဝင်ဖို့ မျှော်လင့်ချက် မရှိလောက်တော့ပါဘူး... ဒါပေမယ့် ဆရာကတော့ အနာဂတ်မှာ သေချာပေါက် ဝင်မှာပဲ။ ကိုးလေး (နင်ချီ) နဲ့ ဆယ်လေး (ကျွမ်းချန်) တို့ ကြီးပြင်းလာတဲ့အခါ... သူတို့လည်း သေချာပေါက် ဝင်နိုင်ကြမှာပါ...။ အဲ့ဒီအချိန်ကျရင်...ကျွန်တော်တို့ 'အစစ်အမှန်သိုင်းဂိုဏ်း' မှာ 'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' ဝင် ပြိုင်ဘက်ကင်း ကျွမ်းကျင်သူ လေးယောက်တောင် ရှိလာမှာ... လောကကြီး တစ်ခုလုံးကို တုန်လှုပ်သွားစေလောက်တယ်ဗျ.."

လူတိုင်း၏ ရင်ထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားကြ၏။

တာအိုဆရာလုံရှန်းက ရယ်မောလိုက်ရင်း... ဟဲယန်၏ခေါင်းကို ပေတံဖြင့် ခပ်ဖွဖွ ခေါက်လိုက်လေသည်။

"ကိုယ့်ကိုယ်ကိုယ် အထင်မသေးကြနဲ့...။ မင်းတို့ ညီအစ်ကိုတွေရဲ့ အရည်အချင်းတွေကလည်း မညံ့ပါဘူး... အနာဂတ်ကို ဘယ်သူကမှ ကြိုတင် ဟောကိန်းထုတ်နိုင်တာမှ မဟုတ်တာ။ တကယ်လို့ မင်းတို့မှာ ထူးခြားတဲ့ အခွင့်အရေးကောင်းတွေ ကြုံလာခဲ့ရင်... ကောင်းကင်ဘုံကို တစ်မဟုတ်ချင်း တက်လှမ်းနိုင်တဲ့ အခွင့်အရေးမျိုးလည်း ရှိကောင်းရှိနိုင်တာပဲ...။ အခုအချိန်လေးနဲ့ အနာဂတ်ကို ဘယ်လိုလုပ် ဆုံးဖြတ်လို့ ရနိုင်မှာလဲ"

ဟဲယန်က သူ 'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' ထဲ မဝင်နိုင်ဟု မိမိကိုယ်ကို သရော်လိုက်သော်လည်း... သူ၏ ဆရာဖြစ်သူ တာအိုဆရာလုံရှန်းကတော့ သူ့ကို အားပေးစကား ဆိုလိုက်ခြင်း ဖြစ်လေသည်။

တပည့်အားလုံးက လေးစားစွာဖြင့် အရိုအသေပြုလိုက်ကြပြီး... လေးလေးနက်နက် ဆိုကြသည်။

"တပည့်တို့ မှတ်သားထားလိုက်ပါ့မယ် ဆရာ.."

...

'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' အသစ် ထွက်ပေါ်လာခြင်းသည် 'မဟာယန်' တစ်ခွင်လုံးတွင် မုန်တိုင်း တစ်ခုကို နှိုးဆော်လိုက်သကဲ့သို့ ဖြစ်သွားခဲ့၏။ အကြောင်းမှာ... ဤသည်မှာ သုံးနှစ်လျှင် တစ်ကြိမ်သာ ကျင်းပသော အခမ်းနားဆုံး အဖြစ်အပျက်ကြီး တစ်ခု ဖြစ်နေသောကြောင့်တည်း။

မရေမတွက်နိုင်သော လူတို့သည် စိတ်အားထက်သန်စွာ စောင့်မျှော်နေခဲ့ကြပြီး... အဆင့်စာရင်း မထွက်ပေါ်မီ ကာလအတန်ကြာ

ကတည်းကပင်... အစွမ်းထက် ကျွမ်းကျင်သူများ၏ အဆင့် သတ်မှတ်မှု အပြောင်းအလဲကို လောင်းကစား လုပ်ငန်းများအဖြစ် စတင်ဖွင့်လှစ် လောင်းကစား ပြုလုပ်နေကြသည်အထိ ဖြစ်သည်။

ထိပ်ဆုံးအဆင့်မှ ကျွမ်းကျင်သူများသည် လုံလောက်သော အာရုံစိုက်မှုကို ရရှိကြသည်မှာ သဘာဝကျပါသည်။ သို့သော်... အခြားသော လူတစ်ယောက် ရှိသေး၏။ ထိုသူမှာလည်း အာရုံစိုက်မှုများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။

ထိုသူကား... 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ပင်တည်း။

ဤတစ်ကြိမ်ထုတ်ဝေမှုတွင်... ယခင် အဆင့်စာရင်းမှ အစွမ်းထက် ပုဂ္ဂိုလ် တစ်ဦးကို အစားထိုးကာ အဆင့် စာရင်းဝင် ဖြစ်လာသူမှာ သူတစ်ဦးတည်းသာ ရှိလေသည်။

လူများစွာသည် သူ့အပေါ်တွင် လောင်းကြေးများ စတင် ထပ်နေကြပြီး ဖြစ်ရာ... သူ့အပေါ် အာရုံစိုက်မှု အတိုင်းအတာသည် ထိပ်ဆုံး အယောက်နှစ်ဆယ်မှ ကျွမ်းကျင်သူများထက် မနိမ့်ကျခဲ့ပေ။

ထို့အပြင်... သူ၏ အဆင့်အတန်းမှာ အနည်းငယ် ထူးခြားနေခဲ့သည်။

အကြောင်းမှာ... 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' သည် 'ဓားသမား' တစ်ဦး ဖြစ်နေသောကြောင့် ဖြစ်၏။

'မဟာယန်' တွင် 'ဓား' (Sword) နှင့် 'ဓားမ' (Blade/Saber) တို့၏ ပြိုင်ဆိုင်မှုသည် အစဉ်အမြဲ ပြင်းထန်ခဲ့သည်။ ဓားသမားများ ဖြစ်စေ... ဓားမသမားများ ဖြစ်စေ... တစ်ဖက်နှင့်တစ်ဖက် ပြိုင်ဘက်ကင်း ရပ်တည်လိုကြသည်။ အောက်ခြေမှ အပေါ်ဆုံးအထိ... နေရာတိုင်းတွင် နှိုင်းယှဉ်မှုများက ရှောင်လွှဲ၍ မရနိုင်...။

နေရာအနှံ့အပြားမှ ဓားသမားများနှင့် ဓားမသမားများ၏ အရေအတွက်...၊ ကျော်ကြားသော ဓားသိုင်းပညာများနှင့် ဓားမကွက်များ...၊ 'မူလအမြုတေ နယ်ပယ်' နှင့် 'ကောင်းကင်ဘုံ

လူသားနယ်ပယ်' မှ ဓားသိုင်းပညာရှင်များနှင့် ဓားမပညာရှင်များအထိ... အရာအားလုံးကို ထည့်သွင်း

စဉ်းစားကြလေသည်။

'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' သည် ဓားသမားများနှင့် ဓားမသမားများ နှစ်ဖက်လုံး၏ အဓိက အာရုံစိုက်ရာ ဖြစ်နေခဲ့သည်။

တစ်နည်းဆိုရသော်... 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ၏ အဆင့်စာရင်းဝင်လာမှုသည် ဤနှစ်ဖက်ကြားက တုံ့ဆိုင်းငြိမ်သက်နေသော အခြေအနေကို ချိုးဖျက်လိုက်သကဲ့သို့ ဖြစ်သွားခဲ့၏။

ကမ္ဘာတစ်ဝှမ်းလုံးရှိ ပြည်နယ်အသီးသီးတွင် ပူလောင်သော ဆွေးနွေးငြင်းခုံသံများဖြင့် ဆူညံသွားတော့သည်။

ဓားသမားများ မှာ အလွန်တရာ ဝမ်းမြောက်ရွှင်လန်းပြီး စိတ်လှုပ်ရှားနေကြသည်။

"'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' အဆင့်စာရင်း ဝင်သွားပြီကွ.. အခု အဆင့် (၃၆)... ဆိုတော့ 'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' မှာ ငါတို့ ဓားသမားတွေက ဆယ်နေရာ ယူထားနိုင်ပြီ... မင်းတို့ ဓားမသမား တွေက ရှစ်နေရာတည်းပဲ ရှိတာ... ငါတို့နဲ့ ယှဉ်ရင် အများကြီး နိမ့်ကျသွားပြီ.."

"ဓားသမားတွေကသာ အသာဆုံးကွ... အနည်းဆုံးတော့ 'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' အသစ် မထွက်လာခင်အထိတော့... ဒါက အမှန်တရားပဲ.."

သူတို့၏ မျက်နှာများပေါ်တွင် ကျေနပ်ပီတိဖြစ်သော အပြုံးများဖြင့် ပြည့်နှက်နေလေ၏။

သို့သော်... ဓားမသမားများကလည်း အရှုံးပေးရန် ဆန္ဒမရှိကြပါ။

"ဓားသမားတွေက အသာဆုံး ဟုတ်လား။ အဲ့စကားကို 'ဓားမ မိစ္ဆာ' အကြီးအကဲ ကြားအောင် သွားပြောရဲလား။ 'ဓားမ မိစ္ဆာ' အကြီးအကဲက 'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' မှာ အဆင့် ၃ နေရာကို ယူထားတာ... အရာအားလုံးကို အပေါ်စီးက ကြည့်နေနိုင်

လောက်တယ်ကွ.."

ဤသည်ကား ဓားမသမားများ၏ ယုံကြည်ချက် ဖြစ်သည်။ ‘ဓားမ မိစ္ဆာ’ ရှိနေခြင်းသည် သူတို့၏ စကားလုံးတိုင်းကို ပြိုင်ဘက်ကင်းသော ယုံကြည်မှုများဖြင့် ပြည့်စေခဲ့၏။

"'နေကိုလိုက်သော ဓားဘုရင်'က အဆင့် ၅ မှာ ရှိတယ်... ‘ဓားမ မိစ္ဆာ’ထက် သေချာပေါက် နိမ့်ကျနေတာမှ မဟုတ်တာ... သူတို့နှစ်ယောက် ဓားချင်း မယှဉ်ဖူးသေးလို့ပဲ။ ဒါ့အပြင်... ‘ဓားမ မိစ္ဆာ' အကြီးအကဲက နည်းနည်းလေး ပိုသန်မာတယ် ဆိုဦးတော့... အဲ့ဒါက 'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' မှာ ငါတို့ အရေအတွက်က မင်းတို့ထက် နှစ်ယောက် ပိုများနေပြီး... အလုံးစုံ အဆင့်ရပ်တည်မှုတွေကလည်း ပိုမြင့်နေတယ်ဆိုတဲ့ အမှန်တရားကို ပြောင်းလဲပစ်နိုင်မှာ မဟုတ်ဘူး.."

ထိုစကားများကြောင့်... ဓားမသမားများမှာ ဆွံ့အသွားကြပြီး အနည်းငယ် စိတ်ရှုပ်ထွေးသွားကြသည်။ ဤသည်မှာ သူတို့ မငြင်းနိုင်သော အမှန်တရား တစ်ခု ဖြစ်နေ၏။

သို့သော် ချက်ချင်းပင် တစ်စုံတစ်ယောက်က မိမိကိုယ်ကို အားတင်းကာ ထပြောလိုက်သည်။

"ဟွန့်.. 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' က သန်မာတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ 'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' က အမြဲတမ်း မှန်တယ်လို့မှ ပြောလို့မရတာ။ သူက 'မိုးကြိုး တုန်ဟီး ဓားမ အရှင်’ထက် သေချာပေါက် ပိုသန်မာတယ်လို့ ပြောနိုင်လို့လား။ မမေ့နဲ့လေ... 'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' ဝင် အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက်ကို မင်း အနိုင်တိုက်နိုင်ရင်... မင်းက သူ့နေရာကို အစားထိုး ဝင်ရောက်နိုင်တယ်... အရင်တုန်းက ဓားမ မိစ္ဆာ' အကြီးအကဲ လုပ်ခဲ့သလိုပေါ့ကွာ.."

ဓားသမားများမှာ ချက်ချင်းပင် ဒေါသထွက်သွားကြသည်။

"ကလိမ်ကကျစ် စကားတွေ လာပြောမနေနဲ့.. ဒါဆိုလည်း 'မိုးကြိုး တုန်ဟီး ဓားမ အရှင်'ကို 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ကို သွားစိန်ခေါ်ခိုင်းလိုက်လေကွာ.. မင်းတို့ကတော့ အခေါင်းတလားကို ကိုယ်တိုင် မြင်မှ ယုံမယ့်ကောင်တွေပဲ.."

တစ်ခဏအတွင်းမှာပင်... ဓားသမားများနှင့် ဓားမသမားများကြားက ရုန်းရင်းဆန်ခတ်မှုသည် ပို၍ ကျယ်လောင်လာတော့သည်။

ပြည်နယ်များနှင့် ဒေသအသီးသီးတွင်... ငြင်းခုံသံများ၊ အငြင်းပွားမှုများကို နေရာတိုင်း ကြားနေရပြီး... အချို့နေရာများတွင်မူ လူချင်း ရန်ပွဲများအထိပင် ဖြစ်ပွားလာခဲ့သည်။

'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' သည် အမှန်တကယ်တွင်မူ ဤပြဿနာကို စတင်လိုက်သော မီးပွား တစ်ခုမျှသာ ဖြစ်၏။

အဓိက အရင်းခံ

အကြောင်းတရားမှာကား... ရှည်လျားစွာ တည်ရှိနေခဲ့ပြီးသော 'ဓား' နှင့် 'ဓားမ' တို့၏ ပြိုင်ဆိုင်မှုကြီးသာ ဖြစ်လေသည်။

လူတိုင်းက မိမိတို့၏ လက်နက်သည် ဤလောကတွင် ပြိုင်ဘက်ကင်း ဖြစ်စေရန် မျှော်လင့်ကြသည်။ ထက်မြက်သူများက အစွမ်းခွန်အားသည် မိမိကိုယ်တိုင်၌သာ တည်ရှိပြီး လက်နက်နှင့် မသက်ဆိုင်ကြောင်း နားလည်ကြသော်လည်း... တစ်ခါတစ်ရံတွင် အများစု၏ လမ်းကြောင်းသည် အကျိုးအကြောင်းဆီလျော်မှု မရှိဘဲ အနည်းငယ် အတ္တကြီးတတ်

ကြလေသည်။

အစွမ်းထက် ပုဂ္ဂိုလ်များပင်လျှင် ဤရေစီးကြောင်းထဲသို့ မလွှဲမရှောင်သာ တိုက်စား မျောပါသွားတတ်ကြ၏။

ပဋိပက္ခကို မီးထိုးပေးရသည်ကို ပျော်မွေ့ပြီး ဘာကိုမှ မကြောက်သော ဘေးမှ ရပ်ကြည့်သူ အချို့ ပေါင်းထည့်လိုက်သည့်အခါ... ထိုအငြင်းပွားမှုသည် တစ်နေ့ထက် တစ်နေ့ ပို၍ ပြင်းထန်ကာ မြင့်တက်လာတော့သည်။

အချို့လူများမှာ 'မိုးကြိုး တုန်ဟီး ဓားမ အရှင်'ထံသို့ အမှန်တကယ် ချဉ်းကပ်သွားခဲ့ကြလေသည်...။

...

ယခု အခိုက်အတန့်တွင် 'တောင်ပိုင်းနယ်စပ် သူတော်စင်မလေး' သည် အသစ်ထွက်ရှိလာသော 'မဟာယန် ကောင်းကင်ဘုံအဆင့်စာရင်း' ကို စိတ်ဝင်တစား ဖတ်ရှုနေခဲ့ပြီး... သူမ၏ မျက်ဝန်းများထဲတွင် အံ့အားသင့်မှု အရိပ်အယောင်များ ပေါ်ပေါက်နေခဲ့သည်။

"ဒီ 'မဟာယန်' မှာ တကယ်ကို အစွမ်းထက် ပုဂ္ဂိုလ်တွေ ပေါများနေတာပဲ...။ တကယ်လို့ လောကကြီးမှာရှိတဲ့ သိုင်းဂိုဏ်းအားလုံးကသာ 'မဟာယန်' နဲ့ ပူးပေါင်းလိုက်မယ်ဆိုရင်... 'မဟာယန်' က စကြဝဠာတစ်ခုလုံးကို ငြိမ်းချမ်းအောင် လုပ်ပြီး လောကကြီးကို ပေါင်းစည်းသွားလောက်ပြီလို့ ကျွန်မ ထင်တယ်...။ အဲ့ဒီအခါကျရင်... ကျွန်မတို့တွေက သူတို့ရှေ့မှာ လုံးလုံး ခေါင်းငုံ့ အညံ့ခံရတာ... ဒါမှမဟုတ် 'တောင်တစ်သိန်း' ရဲ့ တောနက်ထဲကို ဆုတ်ခွာသွားရတာပဲ လုပ်နိုင်တော့မှာပဲ..."

အစဉ်အမြဲ မာနကြီးလေ့ ရှိသော 'မြွေအဘွား' ပင်လျှင် ဤတစ်ကြိမ်တွင်တော့ သဘောတူစွာ ခေါင်းညိတ်လိုက်မိသည်။

သူမသာ ဤ 'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' တွင် ပါဝင်ရမည်ဆိုလျှင်... သူမ၏ အဆင့်မှာ အလွန်မြင့်မားဖွယ် မရှိဟု ထင်မိ၏။

"ဒါက ကျွန်မတို့အတွက် အခွင့်အရေး ဖြစ်နိုင်ပါတယ်...သူတော်စင်မလေး။ 'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' ထွက်လာတာနဲ့... လောကကြီးရဲ့ အာရုံစိုက်မှုအားလုံးက ဒီအပေါ်မှာပဲ စုပုံနေလိမ့်မယ်။ အခုချိန်မှာ ကျွန်မတို့ ချုပ်တည်းထားခဲ့ရတဲ့ ခြေရာလက်ရာတချို့ကို လုံးဝ ဖျောက်ဖျက်ပစ်ပြီး... အင်အားတွေ ပြန်စုစည်းလို့ ရပါပြီ။ 'ချင်ပြည်နယ်' မှာ 'သွေးဘုရင် ကူ'ကို ဆက်ပြီး မွေးမြူဖို့ မလိုအပ်တော့ဘူး ဆိုဦးတောင်... အနည်းဆုံးတော့ အဲ့ဒီမှာ စောင့်ကြည့်သူ တချို့ ချန်ထားခဲ့သင့်ပါတယ်..." 'မြွေအဘွား' ၏ အသံမှာ အနည်းငယ် အက်ကွဲနေလေသည်။

'တောင်ပိုင်းနယ်စပ် သူတော်စင်မလေး' က ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။

"ကျွန်မလည်း အဲ့ဒီအတိုင်းပဲ တွေးထားတာပါ...။ ဒီလောက် အချိန်ကြာကြီး ငြိမ်သက်နေခဲ့ပြီးမှတော့... လှုပ်ရှားရမယ့် အချိန် တန်ပါပြီ။ မကြာသေးခင်က... 'မိစ္ဆာဂိုဏ်း'က အကြီးအကျယ် ဆုတ်ခွာသွားခဲ့တယ်... ကျွန်မတို့ သူတို့ရဲ့ အရေးမပါတဲ့ ကင်းစခန်း တချို့ကိုပဲ ရှာတွေ့ခဲ့ရပေမဲ့... ဒီရန်ငြိုးကိုတော့ အနှေးနဲ့ အမြန် ပြန်လည် ပေးဆပ်စေရမှာပါ…”

All Chapters