← Chapters

တစ်လောကလုံး ဆွေးနွေးငြင်းခုံခြင်း၊ မိစ္ဆာဂိုဏ်း၏ လျှို့ဝှက် လှုပ်ရှားမှုများ (၂)

Vol. 11 Ch. 162

တစ်လောကလုံး ဆွေးနွေးငြင်းခုံခြင်း၊ မိစ္ဆာဂိုဏ်း၏ လျှို့ဝှက် လှုပ်ရှားမှုများ (၂)

Vol. 11 Ch. 162

~ထိုအခါ သူ့စကားအား အစိမ်းရောင် ဝတ်စုံနှင့် အမျိုးသမီးက သဘောတူညီဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

"ထျန်းရှင်း ပြောတာ အချက်ကျသားပဲ...။ 'သရဲ မျက်နှာဖုံး' ... ကျွန်မ ထင်တာကတော့... 'အစစ်အမှန်သိုင်းဂိုဏ်း' ကိစ္စကို ယာယီ ခေါက်ထားသင့်ပြီ...။ ဒီတစ်ခါ 'စီနီယာ ထျန်းကျန့်' ဆိုတဲ့ တစ်ယောက်က 'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' ကို စိုက်ထူသွားတယ်...။ ဓားသမားတွေ အများကြီးကို ဆွဲဆောင်နေပြီ...။ နောင်တစ်ချိန် 'အစစ်အမှန်သိုင်းဂိုဏ်း' ကို ဖြိုချဖို့ဆိုတာ လွယ်တော့မှာ မဟုတ်ဘူး...။ ပြီးတော့... တကယ်တမ်း ပြောရရင်...ကျွန်မတို့နဲ့ သူတို့ကြားမှာ နက်နက်ရှိုင်းရှိုင်း ရန်ငြိုးကြီးကြီးမားမားမှ မရှိတာ...။ ဒီလောက် အားစိုက်ထုတ်ရတာနဲ့ မတန်ပါဘူး..."

ထိုစဉ် ချက်ချင်းပင်... အကြီးအကဲတစ်ဦးက "ဒုတိယ ဂိုဏ်းချုပ် သုံးဦးခင်ဗျာ...။ ဖြစ်နိုင်ရင်... ကျွန်‌တော်တို့ တခြား ချဉ်းကပ်မှုတစ်ခုကို စဉ်းစားကြည့်လို့ မရဘူးလား..."

ဟု အဆိုပြုလာသည်။

အကြီးအကဲသည် 'သရဲ မျက်နှာဖုံး' ကို ရိပ်ခနဲ တစ်ချက် လှမ်းကြည့်လိုက်ပြီး ပြုံးလိုက်သည်။

"ကြားရတာတော့... ဒုတိယ ဂိုဏ်းချုပ် 'သရဲ မျက်နှာဖုံး' ရဲ့ လက်အောက်မှာ... ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ရှိနေတယ်ဆို...။ သူက 'သွေးမိစ္ဆာကန်' ထဲ ဝင်သွားပြီး... တော်တော်လေး လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့တယ်...။ 'သူတော်စင် မျိုးဆက်' တစ်ပါးရဲ့ အမူအရာကိုတောင် ပြသနေတယ်တဲ့...။ သူက 'အစစ်အမှန်သိုင်းဂိုဏ်း' ကနေ လာခဲ့တာဆိုတော့... 'အစစ်အမှန်သိုင်းဂိုဏ်း' ကို ကျွန်‌တော်တို့ လက်အောက်ကို ဝင်လာအောင်... သူ့ကို ကြိုးစားခိုင်းကြည့်ရင် မကောင်းဘူးလား..."

"တကယ်လို့သာ... ဒါက ဖြစ်နိုင်ခဲ့ရင်... ကျွန်‌တော်တို့မှာ ရန်သူတစ်ယောက် လျော့သွားရုံတင် မဟုတ်ဘဲ... အင်အားကြီးမားတဲ့ သွေးသစ် အရင်းအမြစ်တစ်ခုကိုပါ ရရှိလာမှာပါ..."

ဒု ဂိုဏ်းချုပ် သုံးဦး၏ မျက်နှာအမူအရာများ အမျိုးမျိုး ပြောင်းလဲသွားကြသည်...။

အကြောင်းမှာ... ဤ အကြီးအကဲသည် 'ချင်ယွင်' ကို ရည်ညွှန်းနေမှန်း သူတို့အားလုံး သိနေသောကြောင့် ဖြစ်၏။

'သွေးမိစ္ဆာကန်' ထဲမှ 'ချင်ယွင်' ၏ ပြောင်းလဲမှုသည် မမျှော်လင့်ဘဲ ချောမွေ့ခဲ့ပြီး... အတော်လေး လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့ရာ... 'မဟာ အကြီးအကဲ' ကိုပင် နိုးကြားသွားစေခဲ့သည်...။

'မဟာ အကြီးအကဲ' က... 'ချင်ယွင်' အား စွမ်းအားများ ရယူနိုင်ရန်... ထိုကန်၏ ပိုမို နက်ရှိုင်းရာသို့ ဆင်းသက်ရန် အထူးခွင့်ပြုချက် ပေးခဲ့လေသည်။

'သရဲ မျက်နှာဖုံး' က ဖြည်းညှင်းစွာ ခေါင်းခါလိုက်ပြီး ဆိုသည်။

"ဒီအစီအစဉ် အလုပ်ဖြစ်နိုင်ခြေက တော်တော် နည်းလွန်းတယ်...။ 'ချင်ယွင်' က... တစ်ချိန်က 'အစစ်အမှန်သိုင်းဂိုဏ်း' ကို ပုန်ကန်ခဲ့တဲ့ ကောင်လေးပဲ..."

အစိမ်းရောင် ဝတ်စုံနှင့် အမျိုးသမီးက... သူမ၏ သွယ်လျသော လက်ချောင်းလေးများကို တစ်ချက် ကြည့်လိုက်ပြီး ဆိုလာသည်။

"သူက သစ္စာဖောက် ဆိုပေမဲ့... ဆရာနဲ့ တပည့်ကြားက ဆက်ဆံရေးဆိုတာ... အဖေနဲ့ သားလိုပဲ နက်ရှိုင်းပါတယ်...။ ကျွန်မ လေ့လာမိသလောက်တော့... 'တာအိုဆရာလုံရှန်း' က... သူ့ရဲ့ ဒီတပည့်ဟောင်းအပေါ်ထားတဲ့ သံယောဇဉ်က... လုံးဝ နှလုံးသားမရှိလောက်အောင်တော့ မဟုတ်လောက်ပါဘူး...။ 'ချင်ယွင်'... 'သွေးမိစ္ဆာကန်' ထဲက ထွက်လာတဲ့အခါ... ကြိုးစားကြည့်ရုံနဲ့ မထိခိုက်ပါဘူး..."

'သရဲ မျက်နှာဖုံး' သည် ထိုလှပသော အမျိုးသမီးကို စကားတစ်ခွန်းမှ မဆိုဘဲ စိုက်ကြည့်နေခဲ့သည်...။

သို့သော်... လူတိုင်း သူ၏ မကျေနပ်မှုကို မြင်နိုင်ကြသည်...။

အကြောင်းမှာ... မည်သို့ပင် ဆိုစေကာမူ... 'ချင်ယွင်' သည် သူ၏ လူ ဖြစ်သောကြောင့်တည်း။

အသက်ရှူချိန် အနည်းငယ်ကြာပြီးနောက်... သူ ရုတ်တရက် ချေပလိုက်သည်။

"ဒုတိယ ဂိုဏ်းချုပ် လင်...။ ကျုပ်တို့ တူမ... 'ရူဟွာ'လေးက... အခုဆို အံ့မခန်းလောက်အောင် လှပနေပြီး... 'သူတော်စင်မ' တစ်ပါးရဲ့ အမူအရာကိုတောင် ပိုင်ဆိုင်နေပြီလို့ ကျုပ် ကြားတယ်...။ ခင်ဗျားက 'ချင်ယွင်' ကို ဒီလောက်တောင် အထင်ကြီးနေမှတော့... သူနဲ့ 'ချင်ယွင်' ကို ပေါင်းဖက်ခွင့် ပေးလိုက်ရင် မကောင်းဘူးလား...။ ဖြစ်နိုင်တာက... ဒါက ကျုပ်တို့ရဲ့ 'မြင့်မြတ် ဂိုဏ်း' အတွက်... ကြီးကျယ်ခမ်းနားတဲ့ ဇာတ်လမ်း တစ်ပုဒ်ရဲ့ အစပျိုးမှု ဖြစ်လာနိုင်တာပေါ့..."

ထိုစကားအား ကြားလိုက်ရသောအခါ လင်ရွှယ်ရွှမ် ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး... သူမ အေးစက်စွာ နှာမှုတ်လိုက်သည်။

"ရူဟွာလား.. အဲ့ဒီ မိုက်မဲတဲ့ ကောင်မလေးက... 'သူတော်စင်မ' ဆိုတဲ့ ဘွဲ့ထူးကို မခံနိုင်ပါဘူး...။ မကြာသေးခင်ကတည်းက... သူ ဘယ်နေရာတွေ လျှောက်ပြေးနေမှန်း ဘယ်သူ သိနိုင်မှာလဲ..."

သို့သော်... သူမသည် အနည်းငယ် လှုပ်ရှားသွားပုံရပြီး... ဂရုတစိုက် စဉ်းစားနေခဲ့သည်။

"ဒါပေမဲ့... 'ချင်ယွင်' ... 'သွေးမိစ္ဆာကန်' ထဲက ထွက်လာပြီးရင်တော့... သူတို့နှစ်ယောက်ကို နည်းနည်းလောက် အပြန်အလှန် မိတ်ဖွဲ့ခိုင်းလို့တော့ ရနိုင်ပါတယ်..."

ထိုအခါ 'သရဲ မျက်နှာဖုံး' မှာ ချက်ချင်းပင် ဟက်ဟက်ပက်ပက် ရယ်မောလိုက်တော့သည်။

အလယ်တွင်... ရှန်ထျန်းရှင်းသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး... ဖြတ်ပြောလိုက်သည်။

"မကြာသေးခင်က... နောက်ထပ် အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိသေးတယ်..."

လူတိုင်း၏ မျက်နှာအမူအရာများ တည်ကြည်သွားကြပြီး... ရှန်ထျန်းရှင်း မည်သည့်အရာကို ဆိုလိုသည်ကို သဘောပေါက်သွားကြသည်။

"'တောင်ပိုင်းနယ်စပ် မဟာမိတ်' ကောင်တွေ... အရူးထနေကြတယ်...။ သူတို့က ကျုပ်တို့ရဲ့ ခံတပ်စခန်း တော်တော်များများကို ဆက်တိုက် ဝင်တိုက်နေကြတာ...။ ကျုပ်တို့တောင် နည်းနည်း အငိုက်မိသွားတယ်...။ အထူးသဖြင့်... 'အဖြူရောင် ပြည်နယ်' က... တောင်ပိုင်းနယ်စပ်နားမှာ... ဌာနခွဲတစ်ခု... လုံးဝ

ရှင်းသုတ်ခံလိုက်ရတယ်...။ ပြီးတော့... 'ကောင်းကင်ဘုံ လူသားနယ်ပယ်' အဆင့် အကြီးအကဲ တစ်ယောက်ပါ... အသတ်ခံလိုက်ရတယ်..."

တစ်ခဏအတွင်းမှာပင်... လူတိုင်း ဒေါသထွက်သွားကြတော့သည်။

'...ဘာ... 'ကောင်းကင်ဘုံလူသား' အဆင့် အကြီးအကဲ...။ သေ... သေသွားတယ် ဟုတ်လား...'

သူတို့ ဤအကြောင်းကို ယခင်က ကြားသိခဲ့ဖူးသော်လည်း... 'ကောင်းကင်ဘုံလူသားနယ်ပယ်' အဆင့် အကြီးအကဲတစ်ဦးပါ အသတ်ခံခဲ့ရသည်ကိုမူ မသိရှိခဲ့ကြပေ။

လင်ရွှယ်ရွှမ်၏ မျက်လုံးများတွင် သေစေနိုင်သော အလင်းရောင်များ ဝင်းလက်သွားသည်။

"'တောင်ပိုင်းနယ်စပ် မဟာမိတ်' ကောင်တွေက...ငါတို့နဲ့ တကယ် စစ်တိုက်ချင်နေကြတာလား...။ အဲ့ဒီ... နတ်တစ္ဆေလို သတ္တဝါကောင်တွေက... မဟာမိတ် ဖွဲ့လိုက်ရုံနဲ့...ငါတို့ရဲ့ 'မြင့်မြတ်သော ဂိုဏ်း' ကို စိန်ခေါ်လို့ရပြီလို့ တကယ် ထင်နေကြတာလား...။ 'မဟာယန်' ကောင်တွေ အကျိုးအမြတ် ရသွားမှာကိုသာ မကြောက်ရင်... လာခဲ့လိုက်လေ..."

ထိုအခိုက်...'သရဲ မျက်နှာဖုံး' က တွေးတွေးဆဆဖြင့်... အနည်းငယ် သံသယဝင်ဟန်ဖြင့် ဆိုသည်။

"ဒါ... တစ်ခုခု နားလည်မှု လွဲနေတာများ ဖြစ်နိုင်မလား...။ ငါတို့ရဲ့ 'မြင့်မြတ်သော ဂိုဏ်း' က... 'တောင်ပိုင်းနယ်စပ် မဟာမိတ်' နဲ့ ဘယ်တုန်းကမှ ပဋိပက္ခ မရှိခဲ့ဖူးဘူးလေ...။ နှစ်ဖက်စလုံးက 'တောင်တစ်သိန်း' ထဲကနေ ခြေလှမ်း ထွက်ချင်နေကြတာ...။ ကြားရတာတော့... ဟိုမှာ နေထိုင်ရတဲ့ အခြေအနေတွေက ပိုပိုပြီး ကြမ်းတမ်းလာနေတယ်တဲ့...။ ‘'ဆန်းပြား သားရဲ' တွေကလည်း ခဏ၊ခဏ ဆူပူသောင်းကျန်းနေကြတော့... အစွန်အဖျား နေရာတွေတောင်... အရင်ကထက် မလုံခြုံတော့ဘူး ဆိုပဲ..."

"အကြောင်းပြချက်က ဘာပဲဖြစ်နေ ဖြစ်နေ...။ နားလည်မှု လွဲတာပဲ ဆိုဦးတော့...။ ငါတို့ အရင်ဆုံး သူတို့ကို နှိမ်နင်းထားဖို့ လိုတယ်...။ အဲ့ဒီနောက်မှပဲ... ထိုင်ပြီး စကားပြောလို့ ရမှာ..."

ရှန်ထျန်းရှင်းသည် နေရာမှ ထရပ်လိုက်ပြီး... သူ၏ ငွေရောင် မျက်လုံးများမှာ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။

"ဒါဆိုလည်း... တိုက်ကြတာပေါ့..."

လူတိုင်း ဒေါသများ ပေါက်ကွဲထွက်လာကြသည်။

'...'မဟာယန်' ကောင်တွေ ကြီးစိုးနေတာကိုတောင်... ငါတို့ သည်းခံနေရတာ...။ အခု... 'တောင်ပိုင်းနယ်စပ် မဟာမိတ်' ကောင်တွေကပါ... ငါတို့ကို လာပြီး ရန်စရဲတယ် ဟုတ်လား...'

အုပ်စုသည် တညီတညွတ်တည်း သဘောတူညီချက် ရရှိသွားခဲ့ပြီး... အမျိုးမျိုးသော တန်ပြန် ကာကွယ်ရေး နည်းလမ်းများကို စတင် ဆွေးနွေးကြတော့သည်။

...

မည်သူမျှ သတိမထားမိဘဲ... တိတ်တဆိတ်ပင်..

'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ၏ ဂယက်ရိုက်မှု အကြားတွင်... 'တောင်ပိုင်းနယ်စပ် မဟာမိတ်' နှင့် 'မိစ္ဆာဂိုဏ်း' တို့သည်... အမျိုးမျိုးသော လျှို့ဝှက် လှုပ်ရှားမှုများကို စတင် ကြုံတွေ့လာခဲ့ကြသည်...။

ဒါက... အနည်းငယ် စိတ်ရှုပ်ထွေးသွားသော 'မဟာယန်' နန်းတော်အား... အဘယ့်ကြောင့် ဤ အင်အားစု နှစ်ခု ရုတ်တရက် ထိပ်တိုက် တွေ့နေကြသည်ကို အံ့ဩသွားစေခဲ့သည်...။

သို့သော်... သူတို့အတွက်မူ... ဤသည်မှာ ကောင်းသော အရာတစ်ခု ဖြစ်သဖြင့်... ဘေးမှ ထိုင်ကြည့်ရင်း ပျော်ရွှင်နေခဲ့ကြပြီး... ရံဖန်ရံခါတွင်ပင် မီးလောင်ရာ လေပင့် ပေးခဲ့ကြသေးသည်။

ဤအရာအားလုံးကို အစပျိုးခဲ့သူမှာမူ... 'တာအိုရှာဖွေခြင်း ကျောင်းတော်' တွင် သူ၏ နေ့ရက်များကို အေးအေးလူလူ ဖြတ်သန်းနေခဲ့လေသည်။

ထို ကြီးကျယ်သော တိုက်ပွဲကြီး ပြီးဆုံးသွားပြီးနောက်... နင်ချီသည် ရှားရှားပါးပါး ငြိမ်းချမ်း တိတ်ဆိတ်မှုကို ခံစားနေခဲ့ရသည်။

မည်သူမျှ သူ့ကို လာမနှောင့်ယှက်ကြပေ...။

'ဓားတာအို' လေ့ကျင့်သော 'အစစ်အမှန်သိုင်းဂိုဏ်း' တပည့်များအားလုံး... 'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' ကို နားလည် သဘောပေါက်ရန် စွဲလန်းနေကြသောကြောင့် ဖြစ်၏။

လော့ဝမ်ထျန်းက စည်းမျဉ်းအမျိုးမျိုး သတ်မှတ်ပြီးနောက်... ၎င်းကို 'အစစ်အမှန်သိုင်းဂိုဏ်း' ၏ အပြင်ဘက်မှ သိုင်းသမားများထံသို့ တဖြည်းဖြည်း ဖွင့်လှစ်ပေးခဲ့သည်...။

ဓားသမားများကို ဦးစားပေးသော်လည်း... အခြား သိုင်းသမားများကိုလည်း နားလည် သဘောပေါက်ခွင့် ပေးခဲ့ပါသည်…။

သို့သော်... နေရာ အရေအတွက်မှာမူ ပိုနည်းပါ၏။

နင်ချီသည် ကြိမ်ကုလားထိုင်

တစ်လုံးပေါ်တွင် လှဲလျောင်းနေခဲ့သည်...။ သူ၏ ဘေးမှ 'ဉာဏ်အလင်း လက်ဖက်ပင်' မှာ... ‘သွေးကျောက်စိမ်း ဆေးလုံး’ အရည်၏ ရေလောင်းမှုအောက်တွင်... ရှင်သန် ကြီးထွားလာခဲ့ပြီး... ပေါင်လယ်ခန့် အမြင့်သို့ တဖြည်းဖြည်း ကြီးထွားလာခဲ့လေပြီ။

သူကိုယ်တိုင်မှာမူ... 'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' ၏ 'ဓားစိတ်ဆန္ဒ' နှင့် ဆက်သွယ်နေခဲ့ပြီး... မကြာသေးမီ ရက်များအတွင်း... ထိုကျောက်စာတိုင်ထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက် လေ့လာခဲ့သူများ ချန်ထားခဲ့သော အမှတ်အသားများကို အာရုံခံစားနေခဲ့သည်။

တိုးတက်မှု အနည်းငယ်သာ ရရှိခဲ့သော်လည်း... အချိန်တိုအတွင်း ဖြစ်ပျက်ခဲ့သည်ကို ထောက်ရှု၍... နင်ချီသည် အတော်လေး မျှော်လင့်ချက် ထားနေမိသည်...။

အနည်းဆုံးတော့... ဤနည်းလမ်းသည် အလုပ်ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့သည်...။

လူတစ်ဦးတည်း၏ ဉာဏ်ပညာသည် ဘယ်သောအခါမှ နှိုင်းယှဉ်နိုင်မည် မဟုတ်သော်လည်း... လူပေါင်း သောင်းသောင်းထောင်ထောင်၏ စုပေါင်း ကြိုးပမ်းမှုများကမူ... သူ၏ 'ဓားတာအို' ကို... မကြုံစဖူးသော အမြင့်တစ်နေရာသို့... ယုံမှားဖွယ်မရှိ... မြှင့်တင်ပေးနိုင်ပေလိမ့်မည်။

"...မကြာသေးခင်က တိုက်ပွဲမှာ... 'အစစ်အမှန်သိုင်း' အမွေအနှစ်ကနေ ချေးယူ အသုံးချလိုက်တာတွေက... ထူးထူးခြားခြား ထိရောက်ခဲ့ပြီး... ဒီလောက် ပြတ်ပြတ်သားသား နိုင်ပွဲ ရအောင် လုပ်နိုင်ခဲ့တာပဲ..."

နင်ချီသည် 'မိုးကြိုး တုန်ဟီး ဓားမ အရှင်'ကို အနိုင်ယူခဲ့သော ဓားချက်အပေါ် ပြန်လည် သုံးသပ်နေခဲ့သည်။ 'ကောင်းကင်ဘုံဓား ပြောင်းလဲခြင်း ကိုးမျိုး' သည် သူ့ကို သိသာထင်ရှားသော အတွင်းအမြင်များ ပေးစွမ်းခဲ့၏။

"ဖြစ်နိုင်တာက... 'ကောင်းကင်ဘုံ ဓားနည်းစနစ်' ကို... ဓာအခင်းအကျင်းတွေနဲ့ ပေါင်းစပ်ပြီး... ထပ်ပြီး ပြီးပြည့်စုံအောင် လုပ်လို့ရနိုင်လောက်တယ်..."

နင်ချီ၏ စိတ်ထဲတွင် စိတ်ကူးစိတ်သန်း မီးပွားတစ်ခု လင်းလက်သွားခဲ့သည်...။ သူသည် ယခင်က အစွမ်းထက်သော ဓားအခင်းအကျင်း အချို့ကို ဖန်တီးခဲ့ဖူးပါသည်...။

ဥပမာ... 'ကောင်းကင်ဘုံချီ' 'မြေမိစ္ဆာ' (ဝါ) ‘’ကောင်းကင်တာရာ မြေအသူရာ ဓားအခင်းအကျင်း’ မျိုး ဖြစ်ပြီး... ၎င်းသည် 'ကောင်းကင်ဘုံလူသား မဟာအခမ်းအနား'တွင်... 'ကောင်းကင်ဘုံလူသားနယ်ပယ်' မှ ကျွမ်းကျင်သူ အများအပြားကို မှင်တက်သွားစေခဲ့သည်...။

ဤ ဓားအခင်းအကျင်းဖြင့်... 'အစစ်အမှန်သိုင်းဂိုဏ်း' တပည့်များသည်... 'ချင်ပြည်နယ်' တွင် အတော်အတန် နာမည်တစ်ခု ရရှိထားပြီး ဖြစ်လေသည်။

All Chapters